နေ့စွဲ။ ။ မေလ (၁) ရက်နေ့ ၊ ၂၀၁၁ ခုနှစ်
အလုပ်သမားများသို့ ပန်ကြားလွှာ
လေးစားအပ်ပါသော ကာယ၊ ဥာဏအလုပ်သမား အပေါင်းတို့- 
ယနေ့ကျရောက်လာမယ့် ၂၀၁၁ခုနှစ်၊ မေလ (၁) ရက်နေ့ဟာ ကမ္ဘာ့အလုပ်သမားနေ့ ဖြစ်ပါတယ်။ မန်မာ့သမိုင်းတလျှောက်မှာ ကာယ၊ ဥာဏ အလုပ်သမားကြီးများရဲ့ အခန်းကဏ္ဍဟာ အင်မတန်ပင် ကြီးကျယ်မြင့်မြတ်လှပါတယ်။ ကိုလိုနီနယ်ချဲ့ကို ရင်ဆိုင်အန်တုခြဲ့ကတဲ့ ရေနံမြေ သပိတ်ခေါင်းဆောင် သခင်ဖိုးလှကြီးနဲ့ ရေနံမြေလုပ်သားတွေဟာ မြန်မာ့လွတ်လပ်ရေးရဲ့ မီးရှူးတန်ဆောင်တွေ ဖြစ်ခဲ့ပါတယ်။ (၁၉၇၄) ခုနှစ်မှာ မီးရထားအလုပ်သမားတွေ စတင်ခဲ့တဲ့ သပိတ်တိုက်ပွဲတွေဟာ မြန်မာနိုင်ငံတ၀ှမ်းလုံးက အလုပ်သမားတွေ ဆီကို ကူးစက်ပျံ့နှံ့သွားခြဲ့ပီး စစ်အာဏာရှင်တွေ တုန်လှုပ်ချောက်ချားစေတဲ့ ဇွန် (၆) ရက် အရေးတော်ပုံကြီးကို ဖြစ်ပွားစေခဲ့ပါတယ်။
ဒီအရေးတော်ပုံကြီးမှာ အသက်ပေးလှူသွားခြဲ့ကတဲ့ သမိုင်းချည်ထည်စက်ရုံနဲ့ ဆင်မလိုက် သင်္ဘောကျင်းက အလုပ်သမားကြီးတွေဟာ ဆန်လုံလောက်စွာရရှိရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ နေအိမ်ရရှိရေး၊ လုပ်ခလစာ တိုးမြင့်ရေး နဲ့ အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရေး ကို တောင်းဆိုခြဲ့ကသူတွေ ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က နိုင်ငံတိုင်းမှာ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့် ရကြပါတယ်။ အလုပ်သမားတွေရဲ့ နစ်နာနေတဲ့ အခွင့်အရေးတွေနဲ့ ဘ၀အာမခံချက် ရရှိရေးအတွက် အလုပ်သမားသမဂ္ဂတွေက ဦးဆောင်ပြီး၊ ကြိုးပမ်းဆောင်ရွက်ကြပါတယ်။ ဒါကြောင့်လဲ မြန်မာပြည်က စစ်အာဏာရှင်တွေဟာ လွတ်လပ်သော အလုပ်သမားသမဂ္ဂတွေ ပေါ်ပေါက်များပြားလာမှာကို ကြောက်ရွံ့ စိုးထိတ်ပြီး၊ မြန်မာနိုင်ငံက အလုပ်သမား လူတန်းစား တရပ်လုံးကို စစ်ဖိနပ်အောက်မှာ ပြားပြားဝပ်နေအောင် ဖိနှိပ်ထားကြပါတယ်။
ကာယ၊ ဥာဏ အလုပ်သမားကြီးတွေတင် မကပါဘူး။ အခုဆိုရင် မြန်မာပြည်သူတရပ်လုံးဟာ စစ်ကျွန်ဘ၀မှာ ဘ၀တွေ ပျက်နေကြရပြီး၊ အနာဂတ် ရည်မှန်းချက်ပန်းတိုင်တွေ ပျောက်ကွယ်နေကြရပါတယ်။ လုပ်ငန်းခွင်တွေ မှာလဲ စစ်အာဏာရှင် လက်ကိုင်ဒုတ်တွေရဲ့ ခေါင်းပုံဖြတ် အနိုင်ကျင့်မှုတွေကို ခါးစီး ခံနေကြရတဲ့အပြင်၊ ထိုက်သင့်တဲ့ လုပ်ခလစာတေကွို ပြည့်ပြည့်၀၀ မရကြတာကြောင့် လုပ်ငန်း ခင်ွက အပြန်မှာ ကိုယ့်သားသမီးငယ် လေးတွေ ဖျားနာနေတာ တွေ့ရရင်တောင် ဆေးရုံ၊ ဆေးခန်းတွေဆီ ခေါ်မသွားနိုင်ကြတဲ့ အဖြစ်ဆိုးတွေကို
နှစ်ပေါင်းများစွာ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။ အလုပ်သမားကြီးတွေရဲ့ ချွေးစက်တွေဟာ ကိုယ့်မိသားစု၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံအတွက် ကောင်းကျိုးမဖြစ်စေပဲ စစ်အာဏာရှင်တွေရဲ့ သားစဉ် မြေးဆက်တွေ ခံစား၊
စံစားဖို့ ဖြစ်နေတာကို ကာယ၊ ဥာဏအလုပ်သမား လူထုလူတန်းစားတရပ်လုံး အသိပင် ဖြစ်ပါတယ်။
ဒါကြောင့် ခေတ်သမိုင်း အဆက်ဆက်မှာ တော်လှန်ရေးတပ်ဦးကနေ ဦးဆောင်ပါဝင်ခ့တဲ့ဲ အစဉ်အလာနဲ့ အညီ မြန်မာတမျိုးသားလုံး စစ်ကျွန်ဘ၀က လွတ်မြောက်ရေးအတွက် လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂအစုအဖွဲ့များ ဖွဲ့စည်းတည်ထောင်ပြီး၊ အာဏာရှင်စနစ်ဆိုးကြီး ချုပ်ငြိမ်းစေရေးအတွက် ဦးဆောင်ပါဝင်တိုက်ပွဲဝင်ကြပါရန် မေလ (၁)ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့အလုပ်သမားနေ့မှာ လေးစားစွာ နှိုးဆော်ပန်ကြားအပ်ပါတယ်။
မြန်မာနိုင်ငံ လူထုလှုပ်ရှားမှု အင်အားစုများ
မြို့ပြသူပုန် မှတ်စုများ
ခင်မမမျိုး (မြန်မာပြည်လွတ်မြောက်ရေး အဖွဲ့ချုပ်)
မြို့ပြသူပုန်ဆိုတာ
မြို့ပြသူပုန်ဆိုတာ တောထဲတောင်ထဲမှာ အခြေစိုက် တော်လှန်နေကြသူတွေလိုပဲ
ဖိနှိပ်တဲ့ အာဏာရှင်တွေကို တိုက်ပွဲဝင် တော်လှန်နေသူတွေပဲ ဖြစ်ပါတယ်။
တခုပဲ ကွာတာက operation area ဖြစ်တဲ့ လှုပ်ရှားနယ်မြေ ပါပဲ။
မြို့ပြသူပုန်ရဲ့ တော်လှန်ရေး လှုပ်ရှားနယ်မြေက မြို့ကြီးတွေပဲ ဖြစ်ပါတယ်။
သူပုန်တို့၏ ထူးခြားသော ၀ိသေသများ
သူပုန်တွေဆိုတာ ဖိနှိပ်တဲ့ အာဏာရှင်တွေကို
အဖိနှိပ်ခံ ပြည်သူလူထုဘက်က ရပ်တည်တော်လှန်ပေးသူတွေဖြစ်တယ်။
လူထုကို ထိခိုက်အောင် မလုပ်ဘူး။ ပစ်မှတ်က ဖိနှိပ်တဲ့ အာဏာရှင်တွေနဲ့
အာဏာရှင်ယန္တရား ဒေါက်တိုင်တွေပဲ ဖြစ်တယ်။
သူပုန်တွေမှာ နိုင်ငံရေး ရည်မှန်းချက်ရှိတယ်။
ရည်မှန်းချက်တာဝန်
မြို့ပြသူပုန်တယောက်ရဲ့ အဓိက ရည်မှန်းချက်တာဝန်ကတော့
ရန်သူစစ်အာဏာရှင်တွေနဲ့ စစ်အာဏာရှင် ဒေါက်တိုင်တွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ
ဖရိုဖရဲဖြစ်စေမှု၊ အက်ကြောင်းထစေမှု၊ လူထုနဲ့ တော်လှန်ရေး ပေါင်းစပ်နိုင်အောင်
ပြင်ဆင်တည်ဆောက်မှုတွေနဲ့ အာဏာရှင်ယန္တရားကို ဖြိုလဲပစ်နိုင်ဖို့ပဲ ဖြစ်တယ်။
လိုအပ်ချက်များ
အရေးကြီးဆုံး လိုအပ်ချက်ကတော့ ကိုယ်ရည်ကိုယ်သွေး ပါပဲ။ သူပုန်လုပ်မယ့်လူ
တယောက်ဟာ သတ္တိရှိရမယ်၊ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းရှိရမယ်၊ နယ်မြေကျွမ်းအောင်
လေ့လာထားရမယ်၊ ကိုယ်လှုပ်ရှားရမယ့် နယ်မြေက ကိုယ့်ဇာတိမြေ မဟုတ်တဲ့အခါ
အစစအရာရာ ကြိုတင်ပြင်ဆင်ရမယ်။ ဒီနယ်ရဲ့ ဓလေ့ထုံးစံ၊ လုပ်ရိုးလုပ်စဉ်တွေ၊
နယ်မြေခံလူထု အခြေအနေတွေ၊ နယ်မြေထဲက ရန်သူ့လူအ၀င်အထွက်
အနေအထားတွေ၊ ရန်သူ့သတင်းပေးတွေကိုပါ တတ်နိုင်သမျှ လေ့လာထားရမယ်။
 နေရာရွေးချယ်မှု
မြို့ပြသူပုန်တယောက်မှာ ဆက်သွယ်ရေးကိရိယာ၊ လက်နက်ခဲယမ်း အားနည်းတယ်။
အလွယ်တကူ သယ်ယူရွှေ့ပြောင်းလို့လဲ မရဘူး။ ဒါကြောင့် ကိုယ်နေထိုင်တဲ့ နေရာနဲ့
ပတ်သက်ပြီး အ၀င်လမ်း၊ အထွက်လမ်းတွေကို သေချာ ဂရုတစိုက် ရွေးချယ်ရမယ်။
ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးဖို့ အခွင့်အလမ်း နည်းပါးတဲ့ နေရာမျိုး၊ ရန်သူုကို
ကိုယ့်ဘက်ကကြိုပြီး လက်ဦးမှု ယူနိုင်မယ့် နေရာမျိုးကို ရွေးချယ်ဖို့ လိုအပ်တယ်။
ဆုံးဖြတ်ချက်ချမှတ်နိုင်မှု
မြို့ပြသူပုန်တယောက်ဟာ အရေးကြုံချိန်မှာ အထက်က ညွန်ကြားချက်ကို စောင့်လို့
မရဘူး။ ကိုယ်ကြုံနေရတဲ့ ပြဿနာ အခက်အခဲတွေကို ကိုယ့်ဘာသာကိုယ်
အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကြိုးစားကြရတယ်။ ဒီအတွက်
ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ အတွေးအခေါ်တွေနဲ့ လျင်လျင်မြန်မြန် လှုပ်ရှားနိုင်မှုက
အရေးကြီးတယ်။ ဆုံးဖြတ်ချက် ချရမှာကို မကြောက်ရဘူး။ ရန်သူနဲ့ ရင်ဆိုင်ဆုံမိတဲ့အခါ
မတွေဝေရဘူး။ အခြေအနေပေါ် မူတည်ပြီး သူပစ်ကိုယ်ပစ် လုပ်ရတာလဲ ရှိချင်ရှိမှာပဲ။
အဆိုးဆုံးအခြေအနေတွေနဲ့ ကြုံရတဲ့အခါ သွေးအေးဖို့ လိုတယ်။
စိတ်ဓာတ်ခိုင်မာမှု
သူပုန်တယောက်ဟာ အအိပ်အစားကိစ္စတွေမှာ ဂျီးမများရဘူး။
ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် နေနိုင်ရမယ်။ ရန်သူက မရိပ်မိခင်မှာ
တခြားအသက်မွေးဝမ်းကျောင်းတွေ ရှေ့ကပြပြီး နေတတ်ဖို့ လိုအပ်သလို
ရန်သူက ရိပ်မိသွားချိန်တွေမှာ ပုန်းအောင်းနေထိုင်နည်းတွေလဲ သိရမယ်။
ပင်ပန်းတာ၊ ဆာလောင်မွတ်သိပ်တာ၊ ရာသီဥတုဒဏ်၊ နေထိုင်မကောင်းဖြစ်တဲ့
ဒဏ်တွေမှာလဲ စိတ်ဓာတ်ကို အကျမခံပဲ ကျားကန်နိုင်ရမယ်။
သူပုန်တယောက်အတွက် အရေးကြီးဆုံးက စိတ်ဓာတ်ခိုင်မာမှုပဲ။
လေ့လာသင်ယူထားသင့်သော နည်းပညာများ
ရေကူးခြင်း၊ တောလမ်းခရီးသွားခြင်း၊ ကားမောင်းခြင်း၊ ကားစက်ပြင်ခြင်း၊
ရေဒီယိုအသုံးပြုခြင်း၊ တယ်လီဖုန်းအသုံးပြုခြင်း၊ မြေပုံဖတ်ခြင်း၊ ဓာတုဗေဒနှင့်
အီလက်ထရောနစ် နည်းပညာ အခြေခံများ၊ စာကူးနည်း၊ စာရိုက်နည်းများ၊ တံဆိပ်တုံး
လုပ်နည်းများ၊ ရှေးဦးသူနာပြု၊ ဆေးဝါးအခြေခံ၊ ကွန်ပျူတာ နည်းပညာ၊
ဆက်သွယ်ရေးနည်းပညာ စတာတွေကို လေ့လာသင်ယူထားသင့်တယ်။
လက်ဦးမှု ရယူခြင်း
အခြေအနေက ကိုယ့်လက်ထဲမှာ ရှိနေရမယ်။ ရန်သူ့လက်ထဲ မရှိရဘူး။ ရန်သူ့
အင်အားကို ကိုယ်သိရမယ်၊ ရန်သူ့နေရာကို ကိုယ်သိရမယ်။ ဒါပေမယ့် ကိုယ့်ကို
ရန်သူမသိအောင် တတ်နိုင်သမျှ ဖုန်းကွယ်နေရမယ်။ ကိုယ့်နေရာကို ရန်သူမသိစေရဘူး။
ကိုယ့်အင်အားကို ရန်သူ မသိစေရဘူး။ ဘာပဲလုပ်လုပ် လုံခြုံရေးကို နံပါတ်တစ် အနေနဲ့
စိတ်ထဲမှာ ထားရမယ်။ သတင်းမှားတွေ ပေးရမယ်။ ဗယ်ခြောက်ညာလှမ်းတွေ
လုပ်ရမယ်။ နယ်မြေကျွမ်းကျင်ဖို့ လိုအပ်တယ်။
စီမံချက်များ
ကိုယ်တာဝန်ယူရတဲ့ အခြေအနေ၊ နယ်မြေ၊ တာဝန်အကြီးအငယ်၊ အမာလိုင်း၊
အပျော့လိုင်းအရ စီမံချက်တွေ ကွာခြားမှုရှိနိုင်တယ်။ အာဏာရှင်ဆန့်ကျင်ရေးမှာ
အကြမ်းမဖက် လူထုတိုက်ပွဲပဲ လုပ်မှာလား၊ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်
တော်လှန်ရေးကို ပေါင်းစပ်တိုက်ပွဲဝင်မှာလား ဆိုတဲ့ အချက်ပေါ်မှာ မူတည်ပြီး
လုပ်နည်း လုပ်ဟန်တွေ ကွဲပြားမှု ရှိနိုင်တယ်။
လူထုတိုက်ပွဲ လမ်းကြောင်းရွေးချယ်မှု
လူထုအစည်းအဝေးတွေ လုပ်တဲ့အခါ escape plan ရှိဖို့လိုအပ်တယ်။ ချီတက်တဲ့
လမ်းကြောင်းကို ရွေးတဲ့အခါ ဘယ်လိုနေရာမျိုးမှာ ထောင်ချောက် ဆင်ခံရနိုင်တယ်။
ဘယ်လိုနေရာမျိုးမှာ အာဏာရှင် လက်ကိုင်ဒုတ်တွေ စုဝေး ထားနိုင်တယ် ဆိုတာတွေ
ကြိုတင်ပြင်ဆင်ပြီးမှ စစ်ကြောင်းတွေ လွှတ်သင့်တယ်။ မလွှတ်ခင် ကတည်းက
စစ်ကြောင်းချီတက်ရာ လမ်းတလျှောက်က အားနည်းချက်ရှိနေနိုင်တဲ့ နေရာတွေကို
ကိုယ့်ရှေ့ပြေးတွေ ကြိုလွှတ်ထားသင့်တယ်။
လုံခြုံရေးသတိ
အဖိနှိပ်ခံ ပြည်သူတွေဘက်က ရပ်တည်ပြီး ဖိနှိပ်တဲ့ အာဏာရှင်ကို တော်လှန်နေတဲ့
တော်လှန်ရေးသမားတယောက်ဟာ ကိုယ့်ရဲ့ လုံခြုံရေးသတိ အားနည်းမှုကြောင့်
ကိုယ့်ရဲဘော်တွေနဲ့ ကိုယ့်ကို ထောက်ခံနေတဲ့ ပြည်သူတွေ ဒုက္ခမရောက်အောင်
အတတ်နိုင်ဆုံး စောင့်ထိန်းနိုင်ရမယ်။ စကားသိပ်များတဲ့ လူတွေ ကိုယ့်ကလာဘ်စည်းထဲ
ရောက်လာရင် သတိပြုဖို့ လိုအပ်တယ်။ လျှို့ဝှက်ရမယ့် လုပ်ငန်းဆောင်တာတွေကို
လုပ်နေတဲ့ လူတွေဟာ မြေပေါ်နိုင်ငံရေးမှာ အစည်းအဝေးတွေ၊ စည်းရုံးရေးတွေ
ထင်ထင်ပေါ်ပေါ် လုပ်နေရသူတွေနဲ့ သီးခြားခွဲပြီး တာဝန်ထမ်းဆောင်ရမယ်။
မြေပေါ်-မြေအောက် ကွာခြားချက်
မြေအောက်တော်လှန်ရေးမှာ လူအများက ကိုယ်လုပ်နေတာတွေကို မသိလေလေ၊
ကိုယ့်အတွက် လုပ်စရာ အခွင့်အလမ်း ပိုများလေလေပဲ။ မြေပေါ်နိုင်ငံရေးကျတော့
လူအများက ကိုယ်လုပ်နေတာကို သိလေလေ၊ ကိုယ့်ကို ၀န်းရံမယ့်လူ များလေလေ၊
လုပ်ငန်းဆောင်တာတွေ ပိုအောင်မြင်လေလေပဲ။ ဒါကြောင့် မြေပေါ်နဲ့မြေအောက်ကို
လိုင်းမပူးပါနဲ့ ဆိုတာကို မြေအောက်ယူဂျီ စည်းကမ်းအနေနဲ့ သတ်မှတ်ထား ကြတာ
ဖြစ်တယ်။ မြေအောက်သူပုန် တယောက်ဟာ တကိုပွဲတွေ ဆင်နြွှဲပီးရင်တောင်
မလိုအပ်ပဲနဲ့ ကိုယ့်လက်ချက်ဆိုတာ လူသိမခံရဘူး။
မြို့ပြသူပုန် စည်းကမ်း
လိုင်းတွေ မပူးရဘူး။ မလိုအပ်ပဲ စကားအများကြီး မပြောရဘူး။ လိပ်စာစာအုပ်တွေ၊
တယ်လီဖုန်းမှတ်တမ်းတွေကို အသုံးပြုပြီးတာနဲ့ ချက်ချင်းဖျက်ဆီးပစ်လိုက်ရမယ်။
စာရွက်စာတမ်းတွေ မသိမ်းဆည်းထားရဘူး။ လူနာမည်တွေ၊ ကိုယ်ရေးမှတ်တမ်းတွေ၊
လိပ်စာတွေ၊ မြေပုံကြမ်းတွေ၊ စီမံချက်တွေကို ဦးနှောက်ထဲ စွဲနေအောင် မှတ်ပြီးတာနဲ့
ဆက်စပ်တဲ့ စာရွက်စာတမ်း မှန်သမျှ ဖျက်ဆီးပစ်လိုက်ရမယ်။
ရန်သူကို အထင်မသေးပါနဲ့
ရန်သူရဲ့ ထောက်လှမ်းရေး ဆိုတာက အချိန်တွေ၊ ငွေတွေနဲ့ ရင်းပြီး စနစ်တကျ
လေ့ကျင့်ပေးခံထားရတာဖြစ်တယ်။ ဒါကို အထင်ကြီးနေရင်လဲ ကိုယ့်ဘက်က
တွန့်ဆုတ်တတ်တယ်။ အထင်သေးပြန်ရင်လဲ ကိုယ့်ဘက်က ပေါ့ဆတတ်တယ်။
ဒါကြောင့် အထင်ကြီးစရာ မလိုဘူး။ ဒါပေမယ့် အထင်သေးလို့လဲ မရဘူး။
သဲလွန်စ၊ သတင်းအစအန မရသွားအောင် အထူး သတိထားရမယ်။
ကြွားတာကို ရှောင်ပါ
မြို့ပြသူပုန်ဆိုတာ မြေအောက်တော်လှန်ရေး အသွင်နဲ့ လှုပ်ရှားသူတွေ ဖြစ်တယ်။
ကိုယ်တကယ် ဘာတွေ လုပ်နေလဲဆိုတာ လုတွေ မသိလေ၊ ကိုယ့်အတွက် လုပ်စရာ
အခွင့်အလမ်းတွေ ပိုများနေလေလေပဲ။ ဒီအချက်ကို မလိုက်နာပဲ ကိုယ့်ကို
လူအထင်ကြီးတာ ခံစေချင်လွန်းလို့ ကိုယ်ဘာလုပ်လိုက်တယ်ဆိုတာကို
လိုက်ကြွားတာဟာ သိပ်ကြောက်ဖို့ ကောင်းတယ်။ မိမိကိုယ်တိုင်ကိုသာမက
ပတ်သက်တဲ့ လူတွေကိုပါ ဒုက္ခဖြစ်စေတတ်တယ်။
တပ်ဦးကျွံခြင်း သတိပြု
တော်လှန်ရေးဆိုတာ လူတဦး တယောက်တည်း၊ တဖွဲ့တည်းနဲ့လုပ်လို့မရဘူး။ တော်လှန်ရေး
အင်အားစုတွေအားလုံး စုပေါင်းလုပ်မှသာ အောင်မြင်မှာ ဖြစ်တယ်။ လူထုရဲ့ရေချိန်၊ တော်လှန်ရေးရဲ့
ပကတိအခြေအနေ စတာတွေကို စနစ်တကျ တွက်ချက်လုပ်ရတယ်။ ဒါကို ထည့်သွင်းစဉ်းစားခြင်း
မပြုတဲ့ တော်လှန်ရေး ခေါင်းဆောင်တယောက်၊ အစုအဖွဲ့တခု စတာတွေဟာ သူအောင်မြင်မယ်လို့
ထင်တဲ့ လုပ်ငန်းဆောင်တာတွေကို အများနဲ့ မညှိနှိုင်းပဲ တွန်းလုပ်တတ်လေ့ရှိတယ်။ အဲဒီအခါမှာ
အခြေအနေနဲ့အညီ ချိန်ကိုက်မထွက်လာပဲ ကျွံထွက်သွားတဲ့ လှုပ်ရှားမှုတွေ ဖြစ်လာပြီး၊
ရန်သူကို သွားဆွပေးလိုက်သလို ဖြစ်လာတတ်တယ်။။ ရန်သူက တကယ်စစ်ဆင်လာတဲ့
အခါကျတော့ ပြင်ဆင်ပြီးသား မဖြစ်တဲ့အတွက် တော်လှန်ရေးတခုလုံး ချေမှုန်းခံရတတ်တယ်။
ကိုယ့်အင်အားအမှန်ကို သိဖို့လိုအပ်တယ်
ကိုယ့်အင်အားကို ရှိတာထက် ပိုပြီး မြင်လာတဲ့အခါ ရှိတဲ့ လူအင်အား၊
ငွေအင်အားထက် အဆမတန် ပိုပြီး သာလွန်တဲ့ လုပ်ငန်းဆောင်တာကြီးတွေကို
လုပ်မိတတ်တယ်။ တော်လှန်ရေးကို ထောက်ခံသူတိုင်း တော်လှန်ရေးသမား ဖြစ်လာတာ
မဟုတ်ပါ။ ထောက်ခံသူအင်အားကို တော်လှန်ရေးတပ်အင်အားလို့ တွက်ဆမိရင်
လက်တွေ့တိုက်ပွဲမှာ အခက်အခဲတွေ့တတ်တယ်။
စိတ်လိုက်မာန်ပါ တိုက်ပွဲဖော်ဆောင်ခြင်းကို ရှောင်ပါ
စောင့်သင့်တဲ့ အချိန်အခါ၊ အခွင့်အလမ်းကို မစောင့်နိုင်ပဲ စိတ်မရှည်ဖြစ်ပြီး၊ ရန်သူကို
အလျင်အမြန် ထိပ်တိုက်သွားရင်ဆိုင် မိတာမျိုးတွေ ရှိတတ်တယ်။ အဲဒီအခါမျိုးမှာ
အရှုံးနဲ့ ရင်ဆိုင်ရတတ်တယ်။ တော်လှန်ရေးသမားကောင်းဆိုတာ အချိန်အခါ၊
အခွင့်အလမ်းကို စိတ်ရှည်ရှည်နဲ့ စောင့်နိုင်ရတယ်။ မိုက်ရူးရဲ မဆန်ရဘူး။
စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်တွေ ချလိုက်တာနဲ့ အန္တရာယ်တွေနဲ့ ကြုံရနိုင်တယ်။
ဒေါသထွက်နေချိန်မှာ ရန်သူကို ထိပ်တိုက်မရင်ဆိုင်ပါနဲ့
လူတိုင်းဟာ ဒေါသထွက်နေချိန်ဆို အမှားတွေ လုပ်မိတတ်တယ်။ ဒေါသစိတ်နဲ့
ရမ်းမိတတ်တယ်။ ရန်သူရဲ့ ဟာကွက်တွေကို မမြင်ဘူး။ ဘာအလုပ်ပဲ လုပ်လုပ်
သွေးအေးအေးနဲ့ အစီအစဉ်တကျ လုပ်တတ်သူကသာ ယမ်းပုံမီးကျ
စိတ်မထိန်းနိုင်ပဲ ပေါက်ကွဲတတ်သူတွေကို အနိုင်ယူနိုင်တယ်။ ရန်သူကို ဒေါသစိတ်နဲ့
ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်ကြဉ်ဖို့ လိုအပ်တယ်။
စီမံချက်ချမှတ် ဆောင်ရွက်ပါ
ဗျူဟာ အခင်းအကျင်း၊ စီမံချက်မရှိတဲ့ လှုပ်ရှားမှုတွေဟာ မိုးပေါ်ကို
သေနတ်ထောင်ပစ်တာနဲ့ တူပါတယ်။ ခွန်အားစိုက်ထုတ်ခြင်းနဲ့ အထောက်အကူ
ပစ္စည်း အသုံးပြုခြင်း ရှိတိုင်း အောင်ပွဲရနိုင်တာ မဟုတ်ပါ။ အောင်ပွဲကို ဦးတည်စေမယ့်၊
ပစ်မှတ်ကို ထိစေမယ့် ဗျူဟာအခင်းအကျင်းနဲ့ စီမံချက်တွေ ရှိဖို့ လိုအပ်ပါတယ်။
စိတ်ဓာတ်လက်နက်ကသာ အခရာ
အာဏာရှင်ဘက်တော်သားတွေဟာ ကိုယ့်ထက် သာလွန်တဲ့ လက်နက်တွေကို
ကိုင်ထားနိုင်မှာ အသေအချာပဲ။ ဒါပေမယ့် စိတ်ဓာတ်လက်နက်မှာတော့ ဘယ်တော့မှ
သူပုန်တွေကို မမှီပါ။ သူပုန်တယောက်ရဲ့ အရာရာကို စွန့်ထားရဲတဲ့ စိတ်ဓာတ်ဟာ
အာဏာရှင်ဘက်တော်သားတွေရဲ့ ကြေးစားစိတ်တွေထက် အဆမတန် ပိုမြင့်မြတ်တယ်။
ပိုထက်မြက်တယ်။ စိတ်ဓာတ်လက်နက်ကို မချသေးသရွေ့၊ ရန်သူကို မရှုံးပါ။
မတရားမှုသည် ဥပဒေ ဖြစ်လာသောအခါ
တော်လှန်ပုန်ကန်ခြင်းသည်
တာဝန်တရပ် ဖြစ်လာသည်
ငြိမ်းချမ်းရေး၊ ပဋိပက္ခနှင့် အကြမ်းဖက်မှု
နိဒါန်း
စစ်ပွဲတွေ၊ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေဟာ ကမ္ဘာ့လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးနဲ့ လူအများရဲ့ လုံခြုံရေးကို ထိခိုက်နေခဲ့တာ နစှ်ပေါင်းများစွာ ရှေိ နခ့ပဲါပြီ။ ကမ္ဘာ့လူ့အဖွဲ့အစည်းမှာ ပါဝင်တဲ့ နိုငင်ံတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ အကြမ်းဖက်မှု (violence) အသွင်သဏ္ဍာန်မျိုးစုံကို ပဋိပက္ခ (conflicts) တွေကို ဖြေရှင်းဖို့အတွက် အသုံးပြုကြပါတယ်။ လူမျိုးစုကွဲပြားမှု၊ ဘာသာရေးအယူအဆကွဲပြားမှု၊ နိုင်ငံရေးအမြင်ကွဲပြားမှုစတဲ့ ကွဲပြားခြားနားမှုတွေ အကြားမှာ အတူတကွ ယှဉ်တွဲနေထိုင်မှုကို ဦးစားပေးခြင်းမရှိပဲ၊ ပဋိပက္ခတွေ ဖြစ်လာအောင် အကြမ်းဖက်မှု နည်းမျိုးစုံနဲ့ ရင်ဆိုင်ဖြေရှင်းမှုတွေ ပြုလုပ်ကြပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးကို တောင်းဆိုမှုတွေ ပေါ်ထွက်နေချိန်မှာပဲ ဆင်းရဲနွမ်းပါးမှု၊ တန်းတူညီမျှခြင်း မရှိမှု၊ ဗိုလ်ကျစိုးမိုးမှု၊ လူ့အခငွ့်အရေးချိုးဖောက်မှု၊ နိုင်ငံတော်အကြမ်းဖက်မှု (state terrorism) စတာတွေကြောင့် ပေါ်ထွက်လာတဲ့ ပဋိပက္ခတွေကလဲ အများအပြား ရှိနေဆဲပါပဲ။
ငြိမ်းချမ်းရေးဆိုရာဝယ် ငြိမ်းချမ်းရေးဆိုတာကို စစ်ပွဲတွေမရှိတာ၊ စစ်ပွဲတွေအဆုံးသတ်တာလို့ လူအများက သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးမှာ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံပေါ် မူတည်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်များစွာရှိပါတယ်။ အတူတကွယှဉ်တွဲနေထိုင်မှု၊ အတွင်းစိတ်သဘော တည်ငြိမ်အေးချမ်းမှု၊ ထိပ်တိုက်ရင်ဆိုင်အင်အားသုံးမှုများ ကင်းဝေးမှု စတာတွေဟာ ငြိမ်းချမ်းရေးရဲ့ အနှစ်သာရတွေပဲ ဖြစ်ပါတယ်။ အနောက်တိုင်းအတေွး အခေါ်တွေကနေ မြစ်ဖျားခံလာတဲ့ ငြိမ်း ချမ်းရေးသိပံ္ပကတော့ စစ်ပွဲတွေမဖြစ်လာအောင် ကာကွယ်ရေးနဲ့ စစ်ပွဲတွေအဆုံးသတ်ရေးကို အာရုံစိုက်ခ့ပဲါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လေ့လာသုတေသနပြုမှုတွေဟာ တစတစနဲ့
စစ်ပွဲတွေသာမကတော့ပဲ၊ ငြိမ်းချမ်းစွာ တည်ရှိသော အနေအထား (state of peace) ကို ထိခိုက်စေတဲ့ အကြောင်းအရာတွေကိုပါ ချဲ့ထွင်လာခ့ပဲါတယ်။
၂၀ ရာစု ကာလ ကမ္ဘာတ၀ှမ်းမှာ ပေါ်ပေါက်လာတဲ့ အမျိုးသမီးလှုပ်ရှားမှုတွေကြောင့် လူတဦးချင်းစီပေါ်မှာ သက်ရောက်နေတဲ့ အကြမ်းဖက်မှု (violence) ကိုလဲ ငြိမ်းချမ်းရေး လေ့လာသူများက ထည့်သွင်းလေ့လာမှုတွေ ပြုလုပ်လာကြပါတယ်။
အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက အမျိုးသမီးများကို တိုက်ခိုက်နေသော စစ်ပွဲတွေလို့ သတ်မှတ်ယူဆရတဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို မရပ်စဲနိုင်ရင် ငြိမ်းချမ်းရေးရှိမှာ မဟုတ်ဘူးလို့ပြောဆိုခဲ့ကြပါတယ်။ လူတဦးနဲ့တဦးအကြားမှာ ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေအပြင် မိမိကိုယ်ကို ထိခိုက်စေခြင်းနဲ့ သေကြောင်းကြံမှု ပြုလုပ်ခြင်းတွေဟာလဲ အတွင်းစိတ်ငြိမ်းချမ်းမှု (‘inner peace’) မရှိခြင်းကြောင့်လို့ ယူဆပြီး၊ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်လာကြပါတယ်။ ငြိမ်းချမ်းရေးသုတေသီတဦးဖြစ်တဲ့ Johan Galtung က ဆေးပညာနယ်ပယ်မှာ ရောဂါဘယဆိုတာကို ကျန်းမာရေးရဲ့ ဆန်းကျင်ဘက်အနေနဲ့ သတ်မှတ်ချက်ကို နမူနာ ယူပြီး၊ ငြိမ်းချမ်းရေးသုတေသန နယ်ပယ်မှာ အကြမ်းဖက်မှု ဆိုတာ ငြိမ်းချမ်းရေးရဲ့ ဆန့်ကျင်ဘက်အနေနဲ့ သတ်မှတ်ခဲ့ပါတယ်။
ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှုရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့အတွက် လူ့အဖွဲ့အစည်းအတွင်းမှာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့တည်ရှိနေတဲ့ အကြမ်းဖက်မှုတွေကို လျှော့ချနိုင်မှသာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်လို့ ထင်မြင်ယူဆမှုတွေရှိပါတယ်။ အကြမ်းဖက်မှုတွေ လျှော့ချမှု ဆိုတာမှာ စစ်ပွဲတွေမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကနေ စပြီး၊ လူနှစ်ဦးအကြားမှာ ရှိနေတဲ့ အမုန်းတရားတွေ၊ ဒေါသတွေ၊ အာဃာတ တွေကို လျှော့ချမှုအထိ အကျုံးဝင်ပါတယ်။ ဒီလိုလူ့အဖွဲ့အစည်းရဲ့ အလွှာအသီးသီးမှာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို လျှော့ချတာကို ‘negative peace‘ လို့ ခေါ်ဆိုသတ်မှတ်ကြပါတယ်။ ဥပမာ- အိမ်တွင်းအကြမ်းဖက်မှုပြုလုပ်တဲ့ အိမ်ထောင်ဘက်ကိုကွာ ရှင်းတာ၊ လူအများသေစေတတ်တဲ့ နယူးကလီးယား လက်နက်တွေကို လျှော့ချထိန်းချုပ်တာနဲ့ လူအချင်းချင်းကျေးကျွန်အဖြစ် အနိုင်ကျင့်စေခိုင်းမှုတွေကို ပယ်ဖျက်ခြင်း စတာတွေ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဆိုတာကို ဒီလို negative peace, positive peace တွေအနေနဲ့ သတ်မှတ်မှုတွေ ရှိပေမယ့်၊ ဒီလိုသတ်မှတ်မှုတွေဟာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့သာ ဆိုင်ပြီး၊ ပဋိပက္ခတွေ ပေါ်ထွက်လာတာနဲ့ state of peaceကွယ်ပျောက်သွားနိုင်ကြောင်း Galtung က ဆိုထားခဲ့ပြီး၊ ငြိမ်းချမ်းရေးဆိုတာ ပဋိပက္ခတွေကို အကြမ်းမဖက်သော အပြုအမူနဲ့ကိုင်တွယ်ဖြေရှင်းနိုင်သော စွမ်းရည်ရှိခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ နည်းများစွာရှိပါတယ်။ ဒီအထဲမှာ အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေကတော့ ပြဿနာတွေ ဖြေရှင်းဖို့အတွက် ပေးဆပ်ရမှုများတဲ့ ဖြေရှင်းနည်းတွေပါပဲ။ အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေကြောင့် လူပေါင်းများစွာရဲ့ အသက်တွေ၊ ဘ၀တွေ ပျက်စီးရုံမကပဲ၊ နောက်ဆက်တွဲအနေနဲ့ စိတ်ဒဏ်ရာတွေပါ လူ့အဖွဲ့အစည်းအတွင်းမှာ ကျန်ခဲ့စေပါတယ်။ ဒါကြောင့် ပဋိပက္ခတွေကို ကိုယ်ချင်းစာနာမှု၊ တီထွင်ဆန်းသစ်မှု၊ အကြမ်းမဖက်မှု စတာတွေအပေါ်မှာ အခြေခံပြီး ကိုင်တွယ်ဖြေရှင်းနိုင်မှသာ ငြိမ်းချမ်းရေးရနိုင်မှာ ဖြစ်တယ်လို့ ပညာရှင်တွေက ရေးသားတင်ပြခဲ့ကြပါတယ်။ ပဋိပက္ခဆိုရာဝယ် ငြိမ်းချမ်းရေးသိပ္ပံပညာရပ်က ပဋိပက္ခဆိုတာ ဆိုးဝါးမှု၊ အကြမ်းဖက်မှု မဟုတ်ပဲ လူတွေရဲ့ဘ၀၊ လူမှုဆက်ဆံရေးနဲ့ လူသားဖွံ့ဖြိုး တိုးတက်မှုမှာ ပမှုံန်ဖြစ်ပွားနေတဲ့ အရာဖြစ်တယ်လို့ ရှုမြင်သုံးသပ်ပါတယ်။ လူတိုင်း၊ အဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်းမှာ ရည်မှန်းချက်ပန်းတိုင်တွေ ရှိပြီး၊ ဒီရည်မှန်းချက်ပန်းတိုင်တွေ အကြားမှာ မတူညီကွဲပြားမှုတွေ၊ သဟဇာတမရှိမှုတွေ ဖြစ်လာတ့အဲ ခါ ပဋိပက္ခတွေ ဖြစ်လာနငိုပါတယ်။ ဒီလို ပဋိပက္ခတွေဟာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်တည်နေတတ်ပြီး လူတယောက်ရဲ့ စိတ်ထဲမှာ ဒွိဟဖြစ်နေခြင်း (intra-personal conflict)၊ လူနှစ်ဦးအကြား ပဋိပက္ခ (interpersonal conflict) ၊ အုပ်စုတွင်း ပဋိပက္ခ (intra-group conflict)၊ အုပ်စုများအကြားမှ ပဋိပက္ခ (intergroup conflict), နိုင်ငံတွင်းပဋိပက္ခ (national (intra-state) conflicts) နဲ့ နိုင်ငံများအကြားမှ ပဋိပက္ခ ( international (interstate) conflicts) ဆိုပြီး၊ အမျိုးမျိုးကွဲပြားပါတယ်။
ပဋိပက္ခတွေ ဖြစ်လာရတဲ့ အကြောင်းရင်းတေမွှာ ဒီလို ကွဲပြားခြားနားပြီး၊ သဟဇာတမဖြစ်တဲ့ ရည်မှန်း ချက်ပန်းတိုင်တွေ (Content or contradiction) အပြင်၊ သက်ဆိုင်သူတွေရဲ့ အမြင်သဘောထား (Attitude) နဲ့ ပြုမူဆောင်ရွက်ပုံ (Behaviour) တွေလဲ ပါဝင်တယ်လို့ သတ်မှတ်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး၊ ပဋိပက္ခအေဘီစီ သုံးနာညီတြိဂံ ပေါ်ထွက်လာပါတယ်။ ပဋိပက္ခတွေတိုင်းမှာ အေဘီစီ အချက်တြွေဖစ်တဲ့ Attitude, Behaviour and Content ဆိုတာတွေရှိနေပြီး၊ ဒီသုံးမျိုးက ဆက်စပ်နေပါတယ်။ ဒီအချက်သုံးခုကို လေ့လာခြင်းအားဖြင့် ပဋိပက္ခတွေအပေါ်မှာ နားလည်မှု ပိုရှိပြီး၊ ဒီလိုပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကိုလဲ ရှာဖွေလာနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ- အားလပ်ရက်တရက်မှာ ယောက်ျားဖြစ်သူက အိမ်မှာ စာဖတ်ချင်ပြီး၊ မိန်းမဖြစ်သူက ဈေးဝယ်ထွက်လိုတဲ့အခါ သူတို့ဆီမှာ မတူညီကွဲပြားတဲ့ content or contradiction တွေ ရှိနေပါပြီ။ ဒီအခါမှာ တဦးတဘက်ကဖြစ်စေ၊ နှစ်ဦးစလုံးကဖြစ်စေ သူတို့ရဲ့ မိသားစုဆက်ဆံရေးကို အားလပ်ရက်အသုံးချမှု အမြင်သဘောထား (attitude) တွေထက် ပိုပြီး တန်ဖိုးထားရင် (သို့မဟုတ်) တဘက်နဲ့တဘက် လိုအပ်ချက်တွေနဲ့ ပြုမူဆောင်ရွက်ပုံ (behaviour) တွေကို နားလည်မှုပေးနိုင်ရင်၊ ဒီမိသားစုမှာ ကွဲပြားမှုတွေကို ဖြေရှင်းနိုင်မယ့် shared strategy ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပဋိပက္ခဆိုတာ ပြဿနာမဟုတ်ပဲ ဒါကိုရှုမြင်သုံးသပ်ပုံနဲံ ကိုင်တွယ်ဖြေရှင်းပုံကသာ ပြဿနာဖြစ်ကြောင်းပညာရှင်တွေက မီး မောင်းထိုး ဖော်ပြခြဲ့ကပါတယ်။ အထက်က ဖော်ပြထားတဲ့ ဥပမာမှာ ယောက်ျားဖြစ်သူက 'မင်းသွားချင်တိုင်း အမြဲလိုက်မပို့ပေးနိုင်ဘူး၊ မင်းဘာသာသွား၊ ငါစာဖတ်စရာရှိတယ်'လို့ ပြောပြီး၊ မိန်းမဖြစ်သူကလဲ 'ရှင်ဟာမိန်းမတွေရဲ့ လိုအပ်ချက်ကို မလိုက်လျောပေးနိုင်တဲ့ ယောက်ျားပဲ။ ရှင်ပို့ပေးမှ သွားရမှာ မဟုတ်ဘူး။ ကျွန်မဘာသာတက္ကဆီနဲ့ သွားမယ်' ဆိုပြီး၊ အပြန်အလှန်အော်ဟစ်မှုတွေ ဖြစ်ပွားလာခဲ့ပြီ ဆိုပါစို့။ ဒီလို conflict escalationဖြစ်ပွားလာမှုဟာ 'ငါမှန်တယ်၊ သူမှားတယ်'ဆိုတဲ့ အမြင်သဘောထား (attitudes) နဲ့ တဘက်နဲ့တဘက် အော်ဟစ်မှု၊စပ်ွစွေဲ ပြာဆိုမှုတွေ ပြုလုပ်တဲ့ အပြုအမူ (behaviour) တွေကြောင့် ပဲ ဖြစ်ပါတယ်။ ဒီလို အမြင်သဘောထားနဲ့ အပြုအမူတွေအပေါ်မှာ အခြေတည်ပြီး၊ ပဋိပက္ခတွေ ကြီးထွားလာချိန်မှာ မိန်းမဖြစ်သူက တက္ကဆီနဲ့ အပြင်ထွက်သွားခဲ့လို့ တဘက်နဲ့ တဘက်စွပ်စွဲမှုတွေ၊ ရန်ပွဲတွေ မဖြစ်လာရင်တောင် ဒါဟာ ပြီးဆုံးသွားတဲ့ ပဋိပက္ခလို့ မဆိုနိုင်ပါဘူး။
တိုက်ဆိုင်ချိန်မှာ အချိန်မရွေး ပြန်လည်ပေါ်ထွက်လာနိုင်ပါတယ်။
ပဋိပက္ခအရေးလေ့လာသူ Keltner ရဲ့ ‘struggle spectrum’ အရ ပဋိပက္ခတွေ ဆင့်ကဲဖြစ်ပေါ်မှုတွေမှာ
အဆင့်ခြောက်ဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့ ကွဲပြားမှုဖြစ်ပြီး၊ ဒုတိယအဆင့်ကတော့ သဘောတူညီချက် မရမှုပါ။
အဲဒီအခါမှာ အငြင်းပွားမှု အဆင့်ကို တက်သွားပြီး၊ သူမှန်တယ်-ငါမှန်တယ်နဲ့ ပြောဆိုမှုတွေ ဖြစ်လာပါတယ်။ နောက်ဆုံးမှာ
စွပ်စွဲပြောဆိုမှုတွေ ရှိလာပြီး၊ ရန်ပွဲအသွင် ရောက်သွားတတ်ပါတယ်။ ဒီလို ပဋိပက္ခအဆင့်တွေတိုင်းမှာ ဦးတည်ရာ
နှစ်ခုရှိပါတယ်။ တခုကတော့ ပဋိပက္ခတွေ ပိုမိုကြီးထွားလာခြင်း (conflict escalation) ဖြစ်ပြီး၊ ဒုတိယဦးတည်ရာကတော့
ပဋိပက္ခရေချိန် လျော့ကျလာခြင်း (conflict de-escalation) ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပေါ်မှု အဆင့်တွေမှာ
ပိုမိုကြီးထွားလာခြင်း၊ လျော့ကျလာခြင်းက လူတွေရဲ့ အမြင်သဘောထားတွေနဲ့ ကိုင်တွယ်ဖြေရှင်းမှုပေါ်မှာ မူတည်ပါတယ်။
လူမှုစိတ်ပညာနဲ့ လူမှုမနုဿဗေဒပညာရပ်တွေမှာ ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ အမြင်သဘောထားနဲ့ ပြုမူ
ဆောင်ရွက်ပုံတွေကို လေ့လာဖော်ထုတ် ထားပါတယ်။ အမြင်ကျဉ်းမြောင်းခြင်း၊ ခြိမ်းချောက်ခြင်း၊ အင်အားသုံးဖြေရှင်းခြင်း၊
အနိုင်ကျင့်ဗိုလ်ကျခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ တယူသန်ခြင်း၊ လူမျိုးကြီးဝါဒ ကျင့်သုံးခြင်း၊ ဘာသာရေး၊ လူမျိုးရေးအယူအဆ
အစွန်းရောက်ခြင်း စတာတွေဟာ ပဋိပက္ခတွေကို ကြီးထွားစေနိုင်ပြီး၊ လူသားဆန်မှု၊ သည်းခံခွင့်လွှတ်မှု၊ လူ့သိက္ခာကို
တန်ဖိုးထားမှု၊ ရိုးသားမှု၊ အပြန်အလှန်လေးစားမှု၊ တွေ့ဆုံဆွေးနွေးမှု စတာတွေကတော့ ပဋိပက္ခတွေကို လျော့ကျစေ
နိုင်ပါတယ်။ ဒါကြောင့် ပဋိပက္ခတွေဟာ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေနဲ့ မတူညီပါဘူး။ ပဋိပက္ခတွေက ပုံမှန်ဖြစ်ပွားနေတဲ့
အရာတွေဖြစ်ပြီး၊ အေဘီစီ အချက်တြွေဖစ်တဲ့ Attitude, Behaviour and Content သုံးခုပေါင်းစပ်ပါဝင်ပြီး၊ စစ်ပွဲတွေကတော့
ပြုမူဆောင်ရွက်ပုံ (Behaviour) နဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် စစ်ပွဲတွေကို ပြုမူဆောင်ရွက်ပုံအား ပြောင်းလဲခြင်း
(behaviour change) နဲ့ အဆုံးသတ်လို့ရပါတယ်။ ပဋိပက္ခတွေကိုတော့ ပြုမူဆောင်ရွက်ပုံ ပြောင်းလဲရုံနဲ့ ဖြေရှင်းလို့
မရနိုင်ပါဘူး။ ပဋိပက္ခကို ဖြစ်ပွားစေတဲ့ အကြောင်းတရားတွေ၊ မတူညီတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ပဋိပက္ခဖြစ်ပွားမှုအဆင့်
လျော့ကျစေနိုင်တဲ့ အမြင်သဘောထားတွေကိုင်စွဲပြီး၊ ခြိမ်းချောက်အင်အားသုံး အနိုင်ကျင့်ဗိုလ်ကျခြင်း မပါသော
ပြုမူဆောင်ရွက်ပုံတွေနဲ့ ဖြေရှင်းနိုင်ဖို့ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူတွေအားလုံးက ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
အကြမ်းဖက်မှု (violence) ဆိုရာဝယ်
အကြမ်းဖက်မှုဆိုတာ ထိခိုက်မှုတစုံတရာကို ဖြစ်ပွားစေတဲ့ အင်အားအသုံးပြုမှု ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး
အဖွဲ့ကြီးကတော့ အကြမ်းဖက်မှုဆိုတာ မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားသူတယောက်ကိုဖြစ်စေ၊ အခြားလူအုပ်စု (သို့မဟုတ်)
လူ့အဖွဲ့အစည်းကို ဖြစ်စေ ထိခိုက်ဒဏ်ရာရစေမှု၊ သေဆုံးစေမှု၊ စိတ်ဒဏ်ရာရစေမှု၊ ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးစေမှုတို့ကို
ဖြစ်ပွားစေသည့် အင်အားအသုံးပြုမှုလို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ အကြမ်းဖက်မှုသဏ္ဍာန်တွေမှာ လူတဦးနဲ့တဦး
လက်သီးနဲ့ထိုးကြိတ်တာ၊ တုတ်နဲ့ ရိုက်နှက်တာတွေကနေ သေစေနိုင်တဲ့ လက်နက်ခဲယမ်းတွေကို အသုံးပြုပြီး
တိုက်ခိုက်တာတွေအထိ ပါဝင်ပါတယ်။ လူအများက အကြမ်းဖက်မှုလို့ ဆိုလိုက်ရင် ဗုံးခွဲတာတွေ၊
လေယာဉ်ပြန်ပေးဆွဲတာတွေကိုပဲ ဆက်စပ်တွေးမိသွားတတ်ကြပါတယ်။ ဒါတွေက အကြမ်းဖက်မှု အမျိုးအစားတမျိုးဖြစ်တဲ့
terrorism နဲ့ ပတ်သက်တာတွေ ဖြစ်ပါတယ်။ (ဒီနေရာမှာ violence နဲ့ terrorism နှစ်မျိုးစလုံးကို အကြမ်းဖက်မှု၊
အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ဘာသာပြန်ကြတာကြောင့်လဲ သဘောတရားတွေ ရောထွေးနေတာ ဖြစ်ပါတယ်။ terrorism
က အကြမ်းဖက်မှုရဲ့ အမျိုးအစား တမျိုးသာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုမှာ မတရားဖိနှိပ်ခံရမှုကို လက်နက်ကိုင်ပြီး
ခုခံတော်လှန်ရတဲ့ တော်လှန်စစ်လို လိုအပ်ချက်အရ ပေါ်ထွက်လာတဲ့ necessary forms of violence ဆိုတာမျိုးတွေ
ရှိသလို၊ အပြစမ့်ဲ ပြည်သူတေကွို စာနာထောက်ထားခြင်းကင်းစွာနဲ့ မလိုအပ်ပဲ တိုက်ခိုက်မှုတွေဖြစ်တဲ့ terrorism လို
unnecessary forms of violence တွေလဲ ရှိပါတယ်)
ငြိမ်းချမ်းရေးသိပ္ပံပညာရပ်မှာ အကြမ်းဖက်မှု (violence) ဆိုတာကို တိုက်ရိုက်အကြမ်းဖက်မှု (Direct Violence)၊
(Structural Violence) နဲ့ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှု (Cultural Violence) ဆိုပြီး သုံးမျိုးခွဲခြားထားပါတယ်။
တိုက်ရိုက်အကြမ်းဖက်မှုက ထိုးကြိတ်ရိုက်နှက်မှုတွေ၊ လူသတ်မှုတွေ၊ မုဒိန်းကျင့်မှုတွေ၊ သေနတ်တွေ၊ ဗုံးတွေ၊ စစ်ပွဲတွေနဲ့
သက်ဆိုင်ပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုမှာ လူသားတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရပ်တည်မှု၊ ကိုယ်စိတ်နှစ်ပါး
ကျန်းမာမှု၊ လွတ်လပ်မှု စတာတွေကို ထိခိုက်စေနိုင်တဲ့ ကြိုတင်ရည်ရွယ်ထားသော အင်အားအသုံးပြုမှု ပါဝင်ပါတယ်။
တိုက်ရိုက်အကြမ်းဖက်မှုကြောင့် နှစ်စဉ်လူသား (၁.၆) သန်းခန့် သေဆုံးတယ်လို့ သုတေသနပညာရှင်တွေက စစ်တမ်း
ကောက်ယူဖော်ပြထားခြဲ့ကပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုဟာ ကျူးလွန်သူတွေ၊ သားကောင်တွေ၊ မိသားစုဝင်ကိုသာမက
လူ့အဖွဲ့အစည်း၊ စီးပွားရေးအခြေအနေနဲ့ သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်စေပါတယ်။
ထိုးကြိတ်ရိုက်နှက်မှုတွေ၊ လက်နက်ပစ္စည်းတွေ အသုံးပြုတဲ့ တိုက်ရိုက်အကြမ်းဖက်မှုတွေကသာ လူသားတွေရဲ့ အခြေခံ
လိုအပ်ချက်တွေကို ထိခိုက်စေနိုင်တာ မဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံမှာ ရှိနေတဲ့ လူမှုစီးပွား နဲ့ နိုင်ငံရေး သဏ္ဍာန် (socioeconomic
and political structures) တွေကလဲ လူသားတွေရဲ့ ရှင်သန်ရပ်တည်မှုကို ထိခိုက်စေနိုင်ပါတယ်။ Structural
violence တွေဟာ လူ့အဖွဲ့အစည်းရဲ့ အဆင့်တိုင်းမှာ ရှိပြီး၊ လူမှုစီးပွား အခွင့်အရေးတွေ ချိုးဖောက်ခံရခြင်းနဲ့
သက်ဆိုင်ပါတယ်။ လုံခြုံစိတ်ချရမှုကင်းမြဲ့ပီး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ရခြင်းဟာလဲ
အကြမ်းဖက်ခံရခြင်းပဲ ဖြစ်ပါတယ်။ လူမှုစီးပွားနဲ့ နိုင်ငံရေးသဏ္ဍာန်တွေမှာ မြှုပ်နှံထားတဲ့ structural violence တွေကို
hidden repression အနေနဲ့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။ လူမှုရေး တန်းတူညီမျှခြင်း မရှိမှု၊ လူတန်းစားအလွှာ
ကွာဟချက်ကြီးမှု၊ ကျားမခွဲခြားသတ်မှတ်မှု၊ အတင်းအကြပ်စစ်မှုထမ်းဥပဒေများ ပြဌာန်းမှု၊ ပညာရေး-ကျန်းမာရေး
ဝန်ဆောင်မှုအားနည်းမှု၊ အလုပ်အကိုင်ရရှိရေး၊ ရာထူးတိုးမြှင့်ရေးစတာတွေမှာ တူညီသောအခွင့်အလမ်း မရှိမှု စတာတွေဟာ
သက်ဆိုင်ရာ တိုင်းပြည်မှာ structural violence ရှိနေတဲ့ သွင်ပြင်လက္ခဏာတွေပဲ ဖြစ်ပါတယ်။ Structural violence ရှိနေတဲ့
တိုင်းပြည်မှာ ဆင်းရဲနွမ်းပါးမှုနဲ့ လူအများဘ၀အနာဂတ် ပျောက်ဆုံးမှုတွေ ကြုံတွေ့လာရတတ်ပါတယ်။
အသက်ရှင်ရပ်တည်နေရပေမယ့် ကိုယ်စိတ်နှစ်ပါး ကျန်းမာမှု မရှိပဲ၊ လွတ်လပ်မှုတွေ ပျောက်ဆုံးနေတာဟာ exploitative or
repressive structures တွေရဲ့ အကြမ်းဖက်မှုကို ခံစားရလို့ဖြစ်ပါတယ်။
နောက်ထပ် အကြမ်းဖက်မှုတခုကတော့ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှု (cultural violence) ဖြစ်ပါတယ်။
ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှု ရှိခြင်းဆိုတာ ယဉ်ကျေးမှု မတူညီသော အုပ်စုတွေ အချင်းချင်း တိုက်ခိုက်နေတာကို
ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလိုတိုက်ခိုက်နေရင်တော့ ဒါက တိုက်ရိုက်အကြမ်းဖက်မှု ခေါင်းစီးအောက် ရောက်သွားမှာပါ။
ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုဆိုတာက တိုက်ရိုက်အကြမ်းဖက်မှုနဲ့ structural violence နှစ်မျိုးကို
အားပေးထောက်ခံခြင်း (သို့မဟုတ်) လက်ခံစေခြင်းရှိတဲ့ ဘာသာရေးယုံကြည်ချက်၊ နိုင်ငံရေးအတွေးအခေါ်၊ အနုပညာ၊
သိပ္ပံပညာနဲ့ ဘာသာစကားတွေ ရှိနေခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ- ရန်သူကို တိရစ္ဆာန်တွေ၊ ရောဂါဘယဆိုးတွေနဲ့
နှိုင်းယှဉ်တတ်မှု၊ ပဋိပက္ခတွေ ဖြစ်ပွားချိန်မှာ ငါနဲ့မတူ ငါ့ရန်သူလို သဘောထားတတ်မှု၊ သူတပါးကို ခွဲခြားဆက်ဆံတတ်မှု၊
အာဏာအလွဲ သုံးစားပြုတတ်မှု၊ မတရားဖိနှိပ်ခံရခြင်းကို မိမိတို့ အားနည်းချက်ဟု ယူဆပြီး လက်ခံမှု စတာတွေ ဖြစ်ပါတယ်။
အကြမ်းဖက်မှု အမျိုးအစားသုံးမျိုးဟာ ပဋိပက္ခ အေဘီစီသုံးနာညီ တြိဂံပါ အချက်တွေနဲ့ ဆက်နွယ်မှုရှိပါတယ်။ structural
violence ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဟာ လက်နက်ကိုင်တော်လှန်ရေးကို ဦးတည်သွားစေတဲ့
အခြေခံအကြောင်းတရားတွေ ဖြစ်လာတတ်ပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုဟာ ပြုမူဆောင်ရွက်မှုတွေကို
သက်ရောက်စေနိုင်ပြီး၊ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုက အမြင်သဘောထားတွေကို သက်ရောက်စေတတ်ပါတယ်။
ဒါကြောင့် ပဋိပက္ခတေကွို ဖြေရှင်းတ့အဲ ခါ၊ ပြုမေူ ဆာင်ရွက်မှုတွေကို ပြောင်းလဲပြီး တိုက်ရိုက်အကြမ်းဖက်မှုကို
အဆုံးသတ်ခြင်း၊ structure ဆိုင်ရာ ဖိနှိပ်ချုပ်ခြယ်မှု၊ မတရားမှုတွေကို ဖယ်ရှားပြီး structural violence ကို
အဆုံးသတ်ခြင်းနဲ့ အမြင်သဘောထားတွေကို ပြောင်းလဲပြီး ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုကို အဆုံးသတ်ခြင်းတွေကို
ဘက်စုံထောင့်စုံ ပြုလုပ်ဖို့ လိုပါတယ်။
ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှုရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ဒီသဘောတရားကို လက်ခံပြီး၊ ငြိမ်းချမ်းရေး
ဆောင်ကျဉ်းဖို့ ကြိုးပမ်းသူတွေက အကြမ်းမဖက်သော အတွေးအခေါ်၊ အမြင်သဘောထားတွေ ပျံ့နှံ့လာဖို့
ကြိုးပမ်းလုပ်ဆောင်လေ့ရှိကြပါတယ်။ သို့ပေမယ့် ပြုမူဆောင်ရွက်ပုံ (behaviour) တွေကို ပြောင်းလဲဖို့ ကြိုးပမ်းမှုမရှိပဲ၊
အမြင်သဘောထား (attitudes) တွေ ပြောင်းလဲရုံနဲ့ မဖြစ်နိုင်ပါဘူး။ Behaviour change ကို အကြမ်းမဖက်သော အပြုအမူ
ဖြစ်လာစေဖို့ ဆိုတာမှာကလဲ လုံခြုံရေးရှိတယ်လို့ ခံစားရမှု (sense of security) ရှိမှ ဖြစ်ပါတယ်။ ညဘက်အပြင်ထွက်ရင်
မလုံခြုံနိုင်ဘူးလို့ ခံစားရလို့ လက်နက်ဆောင်သွားတတ်သူများရဲ့ behaviour ကို အကြမ်းမဖက်သော အမြင်
သဘောထားတွေ ဖြန့်ဖြူးပေးရုံနဲ့ ပြောင်းလဲလို့ မရနိုင်ပါဘူး။ လက်နက်ဆောင်သွားဖို့ မလိုအပ်တော့တဲ့ sense of security
ရှိလာမှသာ လက်နက်နဲ့ အကြမ်းဖက်မှု မလုပ်ဘူးဆိုတဲ့ ပြုမူဆောင်ရွက်ပုံ ပြောင်းလဲခြင်း ရှိလာမှာပါ။
ဒီလိုပါပဲ။ ကျားဆိုးတကောင်ရဲ့ ခြိမ်းချောက်မှုရှိနေတဲ့ ရွာတရွာမှာ တုတ်၊ ဓား လက်နက် ကိုင်ဆောင်ထားခြင်းကိုလဲ
အကြမ်းမဖက် အတွေးအခေါ်၊ အမြင်သဘောထားတွေ ဖြန့်ဖြူးပေးပြီး၊ လက်နက်ကိုင်စွဲခြင်း ရပ်တန့်ဖို့ လုပ်လို့မရပါ။ အမြင်
သဘောထားနဲ့ ပြုမူဆောင်ရွက်မှုက အကြမ်းမဖက်ခြင်း အသွင်ဆောင် လာသည်ပဲထား၊ ကျားဆိုးအန္တရာယ်ကတော့
ကင်းဝေးမှာ မဟုတ်ပါ။ ကျားသနားမှ နွားချမ်းသာမယ့် ဘ၀ ရောက်သွားကြရုံပဲ ရှိမှာပါ။ အဲဒီအခါမှာ လူတွေကလဲ နွားတွေ
မဟုတ်တ့အဲ တွက် ကျားဆိုးအန္တရာယ်ကို ခခုံကာကွယ်ဖို့ တုတ်၊ ဓား လက်နက်တွေ ပြန်လည်ကိုင်ဆောင်လာဦးမှာပဲ
ဖြစ်ပါတယ်။ ဒါကို ပညာရှင်တွေက အကြမ်းဖက်မှုသံသရာစက်ဝန်း (cycle of violence) လို့ သတ်မှတ်ခေါ်ဆိုကြပါတယ်။
ဒါကြောင့် ကျားဆိုးနဲ့ တူတဲ့ အန္တရာယ်ကို ဖယ်ရှားပြီး၊ sense of security ရှိလာချိန်ကျမှသာ အကြမ်းမဖက်သော
အမြင်သဘောထားများ ဖြန့်ဖြူးမှု၊ အကြမ်းဖက်သဏ္ဍာန် ပြုမူဆောင်ရွက်တတ်မှုနဲ့ ပဋိပက္ခပြဿနာများကို
အကြမ်းမဖက်သော နည်းလမ်းများဖြင့် ဖြေရှင်းနိုင်သော စွမ်းရည်ရှိလာမှုတို့နဲ့ ရေရှည်ခံငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ
ဖြစ်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှုတွေ လျော့နည်းပြီး၊ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊
သေွး စည်းမှု၊ ရေရှည်ဖံွ့ ဖြိုးတိုးတက်မှု၊ တွေ့ ဆုံဆွေးနွေးမှုနဲ့ အခြေခံ လူသားလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မှု
စတာတွေအပေါ်မှာ အခြေတည်တဲ့ state of harmony ပေါ်ထွက်လာခြင်းပဲ ဖြစ်ပါတယ်။ ဒီအတွက် ပြုမူဆောင်ရွက်မှုတွေကို
ပြောင်းလဲပြီး တိုက်ရိုက်အကြမ်းဖက်မှုကို အဆုံးသတ်ခြင်း၊ structure ဆိုင်ရာ ဖိနှိပ်ချုပ်ခြယ်မှု၊ မတရားမှုတွေကို ဖယ်ရှားပြီး
structural violence ကို အဆုံးသတ်ခြင်းနဲ့ အမြင်သဘောထားတွေကို ပြောင်းလဲပြီး ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုကို
အဆုံးသတ်ခြင်းတွေကို ဘက်စုံထောင့်စုံ ပြုလုပ်ဖို့ လိုပါတယ်။ အကြမ်းဖက်မှုတွေ လျော့နည်းဖို့ ဆိုတာ အကြမ်းမဖက်မှု
အမြင်သဘောထားတွေ၊ ပြုမူဆောင်ရွက်မှုတွေ ရှိလာရုံနဲ့ မလုံလောက်ပါဘူး။ sense of security ရှိစေမယ့် political and
socio-economic structures တွေ ရှိဖို့လိုအပ်ပါတယ်။ structural violence ရှိနေရင် လူသားလုံခြုံရေး (Human Security)
ကို ထိခိုက်စေတဲ့အတွက် ရေရှည်ခံ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် structural violence
ဖြစ်ထွန်းစေတဲ့ နိုင်ငံရေး-လူမှုစီးပွားရေး စနစ်တွေကို ဖယ်ရှားပြီးမှသာ ရေရှည်ခံ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ
ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၂၈၊ ၄၊ ၂၀၁၁)
ရည်ညွန်းကိုးကား။
Brock-Utne B (1997). Linking the micro and macro in peace and development studies. In Turpin J and Kurtz
L (eds). The web of violence: from interpersonal to global. Chicago, University of Illinois Press.
Farmer P (2005). Pathologies of power: health, human rights, and the new war on the poor. Berkeley CA,
University of California Press.
Galtung J (1996). Peace by peaceful means: peace and conflict, development and civilisation. London,
Prio/Sage.
Galtung J (2002). What is peace studies? In Johansen J, Vambheim V (eds). Three papers by Johan Galtung.
Tromsø, Centre for Peace Studies, University of Tromsø.
Galtung J (2004). Transcend and transform: an introduction to conflict work. London, Pluto Press.
Keltner J (1997). The management of struggle: elements of dispute resolution through negotiation,
mediation and arbitration. Cresskill, NJ, Hampton Press.
WHO (2002). World report on violence and health. Geneva, WHO.
ခေတ်မှီတိုးတက်တဲ့ဒို့ ကမ္ဘာ
 တခါက အလွန်ခေတ်မှီသောဂြိုလ်တခုမှ ဂြိုလ်သားတစ်စု မြေကမ္ဘာသို့ရောက်လာပြီး လူသားတွေရဲ့  တိုးတက်မှုကို လေ့လာစမ်းသပ်ကြတယ်။ ပထမ အမေရိကန်အစိုးရအဖွဲ့  အစည်းအဝေးထိုင်နေတဲ့ အခန်း ထဲကို အမျိုးမတူထူးခြားတဲ့ သတ္ထုလုံးနှစ်လုံးကိုပြစ်ထဲ့ထားပြီး တံခါးပိတ်ထားတယ်။ တပတ်ကြာတော့ တံခါးဖွင့်လိုက်တဲ့အခါ စင်္ကြာဝဋာတခုလုံးကိုဆက်သွယ်နိုင်မဲ့  ကွန်ပြူတာတွေထွက်လာတယ်။  ဂြိုလ်သားတွေဟာ ဝမ်းသာကျေနပ်သွားပြီး  “ဒီလူတွေ တော်တယ် တချိန်မှာ ငါတို့လို စင်္ကြာဝဋာ ကို ဦးဆောင်လိပ့်မယ်”။  နောက်တစ်ခါ တရုပ်အစိုးရအဖွဲ့  အစည်းအဝေး ထိုင်နေတုန်း အဲဒီ သတ္ထုလုံးနှစ်လုံးကိုပြစ်ထဲ့ထားပြန်တယ်။ တစ်ပတ်ကြာတော့ တံခါးဖွင့်လိုက်တဲ့အခါ ရွှေတွေ ငွေတွေ အပြုံလိုက်ထွက်လာ ပြန်တယ်။ ဂြိုလ်သားတွေ လဲဝမ်းသာကျေနပ်သွားပြီး     “ဒီလူတွေလဲ တော်တယ် နောင်တချိန်မှာ စင်္ကြာဝဋာ ကြီးရဲ့ စီးပွားရေး ကိုချုတ်ကိုင်လိမ့်မယ်”။ ဒီလိုနဲ့  ဗိုလ်ပြုတ်သိန်းစိန်ရဲ့ မြန်မာအစိုးရအဖွဲ့  အစည်းအဝေး ထိုင်နေတုန်း အဲဒီလို ဘဲ စမ်းသပ်ပြန်တယ်။ ဒီတခါတော့ ဂြိုလ်သားတွေ ချက်ချင်းဘဲ သူတို့  ဂြိုလ် ကို အမြန်ဆုံး ပြန်ပြေး ကြပါတော့ တယ်။ ဘာကြောင်လဲ ဆို တော့ အစုလိုက် အပြုံလိုက် ထွက်ပြေးလာတဲ့ ဒုက္ခသယ်တွေကို သူတို့  ဂြိုလ်ကိုခေါ်မသွားနိုင်လို့ ပါ။
ပြည်တွင်းလူငယ်လှုပ်ရှားမှု။
NLD လူငယ်တွေနဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများဟာ ၂၇.၄.၂၀၁၁ ရက်နေ့နဲ့ ၂၈.၄.၂၀၁၁ ရက်နေ့များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏လမ်းညွှန်မှုဖြင့် ရုံးချုပ်တွင်ပြုလုပ်သော ( နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ၊ ပြည်တွင်းစစ်ရပ်စဲရေး ၊ နိုင်ငံတကာသို့အသီးသီးရောက်ရှိနေသော မြန်မာ့ဒုက္ခသည်များ အား အမိနိုင်ငံသို့ ပြန်လည်ခိုလှုံခွင့်ရရှိရန် နှင့် နိုင်ငံရေးပြဿနာများအားနိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ) စသည့် တောင်းဆိုလွှာများအား ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်အသီးသီးတွင်လည်းကောင်း ၊ ခရီးသည်တင်ယာဉ်လိုင်းများပေါ်တွင် လည်းကောင်း ၊ ဈေးအသီးသီးတွင်လည်းကောင်း ပြည်သူလူထုသိရှိစေရန် လိုက်လံဝေငှခဲ့ပါသည် ။ ပြည်သူလူထုကလည်းစိတ်ပါဝင်စားစွာမေးမြန်းခြင်းများကိုလည်း ကြုံဆုံရပါသည် ။ နိုင်ငံတော်သမ္မတထံသို့ပေးပို့မည်ဖြစ်သော ထိုတောင်းဆိုလွှာ စာရွက်ပိုင်းများနှင့်တကွ ပြည်သူလူထု၏လက်မှတ်များကိုလည်း လက်ခံရရှိပါသည်။ နောက်ရက်များတွင်လည်း ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသတင်းကောင်းဖြန့် လိုက်ပါတယ်။
ငါ့ထိုင်ခုံဘယ်သူရွှေ့တာလည်း
အုတ်ခုံပေါ်ကလူတွေကကြည့်နေတာလား။တွေးနေတာလား။
ယုံပါအချစ်ရယ် မပြောချင်သူပါ
သြော်- ဆိုပေမယ့်......
ငါးစာကိုမြင်ပြီး
ငါးမျှားချိတ်ကို
မမြင်တဲ့ငါး၊
တံစို့ထိုးမီးကင်ခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်..........
မြွေဟောက်တွေကို
အလမ္မာယ်ပြတတ်တဲ့
မြွေဆရာ၊
မြွေပွေးကိုက်ခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်.......
တောဝက်တွေကို
လင့်စင်ပေါ်ကနေမပစ်ပဲ
မြေပေါ်ဆင်းပစ်ချင်တဲ့ မုဆိုး၊
တောဝက်ပက်ခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်.......
ကျားခြေရာနောက်
တကောက်ကောက်လိုက်ရင်း
နောက်ကို လှည့်မကြည့်တဲ့
တောရိုင်းမုဆိုး၊
ကျားကိုက်ခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်......
ကျုံးမသွင်းပဲ
ဆင်ဖမ်းချင်တဲ့
ဆင်မုဆိုး၊
တောဆင်ရိုင်းနင်းခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်......
မီးအန္တရာယ် မသိပဲ
မီးနဲ့ကစားချင်တဲ့
လူမမယ်ကလေး၊
မီးလောင်ခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်......
အရင်းပဲ ရှိပြီး
ဈေးကွက်မမြင်တတ်တဲ့
စီးပွားရေးသမား၊
ဒေ၀ါလီခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်........
သေနတ်မပါပဲ
တိုက်ပွဲကြားသွားချင်တဲ့
စွန့်စားရေးသမား၊
ကျည်သင့်ခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်......
တောင်ထိပ်ကိုသွားချင်ပြီး
လမ်းမရှာတတ်တဲ့
တောင်တက်သမား၊
လမ်းထွင်ရင်း
တောင်ပေါ်မရောက်တော့တာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်.........
ဖွက်ထားတဲ့
လက်ကို မမြင်ပဲ
ကြောင်ကလေးကို
ပွေ့ချီချင်တဲ့သူ၊
ကြောင်ကုတ်ခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်....
လူတကာကို
အယုံလွယ်၊
အကောင်းမြင်တတ်သူ၊
နောက်ကျော ဓါးထိုးခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်......
ဓါးကိုင်နည်းမသိပဲ
ဓါးနဲ့ ကြက်သွန်လှီးတဲ့သူ၊
ဓါးရှခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်......
ဘရိတ်ပေါက်နေတဲ့ကားကိုမှ
လီဘာနင်းပြီး
အရှိန်မြှင့်ချင်တဲ့
ကားဆရာ၊
ကားတိုက်မှုဖြစ်တာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်......
ရေမကူးတတ်ပဲ
ရေထဲဆင်းချင်သူ၊
ရေနစ်သေရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်.....
လှုပ်လိုက်တဲ့ လက်တိုင်းကို
လက်ဆွဲနှုတ်ဆက်ဖို့လို့
ထင်မြင်တတ်သူ၊
ရင်ဝ ဓါးစိုက်ခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်။
သြော်- ဆိုပေမယ့်၊ ဆိုပေမယ့်....
ခင်မမမျိုး (၃၊ ၈၊ ၂၀၁၁)
ယုံပါအချစ်ရယ် မပြောချင်သူပါ
စိန်စီသောလမ်းထက် ဆီ
မင်းကို ရွှေလက်နဲ့တွဲပြီး အကိုခေါ်ခဲ့တယ်၊
မင်းပျော်မှာပါ ဘာကြောင့်လည်းဆိုရင်
ငါဟာ....မင်းကို
ငါ့ရဲ့ အချစ်ရဆုံးအမေ ဒိုင်ယာနာလိုဖြစ်သွားမှာ
အရမ်းစိုးရိမ်ကဲမိနေလို့ပါပဲ...ကိတ်။
မျိုးဂုဏ်မြင့်ပေမယ့်
မျိုးခြင်းထပ်မှ မြတ်မယ်ဆိုတဲ့အသိစိတ်
ငါ့ဆီမှာ စိုးစဉ်းမှ မရှိရိုးအမှန်ပါ...ကိတ်။
လူဟာ...လူပါပဲ
အနိမ့်အမြင့် မခွဲခြားတတ်တဲ့ ငါ့ရဲ့စိတ်အစဉ်ကို
မင်းသိမှာပါ...
ငါမင်းကို ဘယ်လောက်အထိချစ်သလဲဆိုတာ
ဧပရယ်...ဟာ
ငါ့အချစ်ကို သက်သေထူလိုက်တာပဲ...ကိတ်။
ငါ...ပျော်နေပါတယ် မင်းနဲ့လက်ထပ်ရမှာကို
ငါ့...ဆုံးဖြတ်ချက်ကိုလည်း
ငါ...ဂုဏ်ယူကျေနပ်မိနေတယ်...ကိတ်။
မင်္ဂလာဦး...ညမှာ
အနမ်းဖွဖွလေး မင်းကိုပေးပြီး
ငါမင်းကို ဘယ်လောက်ထိချစ်သလဲ...ဆိုတာ
ယုံပါအချစ်ရယ်....မပြောချင်သူပါ။
အမေ့သား(ဒိန်းမတ်)
ဝီလီယံနဲ့ ကိတ် မင်္ဂလာဦးနေ့မှသည်...ပျော်ရွှင်ချမ်းမြေ့စွာ
သက်ဆုံးတိုင် ကိုယ်၏ ကျမ္မာခြင်း စိတ်၏ ချမ်းသာခြင်းဖြင့်
အန္တရာယ်ကင်း ဘေးရှင်းပြီး အိုအောင် မင်းအောင်နဲ့
ချစ်ချစ်ခင်ခင် ပေါင်းသင်းနိုင်ကြပါစေ...။
ကိုဗလိုင်(ခ)အောင်စိုး(ဒိန်းမတ်)
တပ်မတော်သို့ပန်ကြားလွှာ
(၆၆) ကြိမ်မြောက်တော်လှန်ရေးနေ့ သဝဏ်လွှာ
Nanotechnology အကြောင်း တစေ့တစောင်း
Nanotechnology အကြောင်း တစေ့တစောင်း
၂၁ရာစု ကမ္ဘာ့နည်းပညာလောကမှာ နယူးကလီးယား နည်းပညာနဲ့ အပြိုင် နာမည်ကြီးလာတဲ့ နည်းပညာ ဆန်းတခုကတော့ နာနိုနည်းပညာ (Nanotechnology) ပဲ ဖြစ်ပါတယ်။ ဒီနည်းပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေမှာ အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာကြပါတယ်။ Venture Capital Investor ဖြစ်တဲ့ Steve Jurvetson က နာနိုနည်းပညာဟာ စက်မှုတော်လှန်ရေးလှိုင်းလုံးတခု ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုလာခဲ့ပါတယ်။
နာနိုနည်းပညာ ဆိုရာဝယ်
နာနိုနည်းပညာဆိုတာ အလွန်သေးငယ်တဲ့ အရာဝတ္ထုများဆိုင်ရာ နည်းပညာ ဖြစ်ပါတယ်။ တစ်နာနိုမီတာဟာ အက်တမ် ၅ခုရဲ့ အကျယ်အ၀န်းခန့်သာ ရှိပြီး၊ 10-9 m နဲ့ ညီမျှပါတယ်။ DNA strand တခုဟာ နှစ်နာနိုမီတာရှိပြီး၊ သွေးနီဥဆဲလ်ရဲ့ အကျယ်အ၀န်းက ၇၀၀၀ နာနိုမီတာ ရှိပါတယ်။ လူ့ဆံပင်ရဲ့ ဆံချည်မျှင်ဟာ ၈ သိန်းနာနိုမီတာနဲ့ ညီမျှပြီး၊ ပရွက်ဆိတ်တကောင်ရဲ့ အရွယ်အစားဟာ ငါးသန်းနာနိုမီတာနဲ့ ညီမျှပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိ၊ သက်မဲ့ အရာဝတ္ထုတွေအားလုံးဟာ အက်တမ်နဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် နာနို နည်းပညာကို အသုံးပြုပြီး၊ အက်တမ်လေးတွေနဲ့ အရာဝတ္ထုတွေကို ဖွဲ့စည်းတည်ဆောက်လို့ ရပါတယ်။
နာနိုနည်းပညာ၏ ကောင်းကျိုး၊ ဆိုးကျိုးများ
နာနိုအရွယ်အစား ရိုဘော့တွေဖြစ်တဲ့ နာနိုဘော့တွေကို တည်ဆောက်လာနိုင်ခဲ့ရင် လူ့လောကအတွက် အကျိုးကျေးဇူးရှိစေမယ်လို့လဲ သိပ္ပံပညာရှင်တွေက ခန့်မှန်းသတ်မှတ်ထားကြပါတယ်။ ဥပမာ- မော်လီကျူးအနည်းငယ်သာ ပါဝင်တဲ့ ဆေးဘက်ဆိုင်ရာ နာနိုဘော့တွေကို တည်ဆောက်လာနိုင်ခဲ့ရင် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးတာတွေ၊ သွေးကြောမျှင် လေးတွေကို ပြင်ဆင်တာတွေနဲ့ တစ်ရှုးတွေ တည်ဆောက်မှုတွေကို ပြုလုပ်နိုင်မယ်လို့ တွက်ဆပြီး သုတေသနတွေ ပြုလုပ်နေကြပါတယ်။
အခုဆိုရင် နာနိုနည်းပညာကို အသုံးပြုပြီး ရေသန့်စင်စနစ် တီထွင်ဖို့ သုတေသနပြုမှုတွေ၊ အစားအစာတွေရဲ့ အရသာနဲ့ ပါဝင်မှုတွေကို လိုအပ်သလို ပြောင်းလဲနိုင်ဖို့ သုတေသနပြုမှုတွေ၊ ကာကွယ်ဆေးနဲ့ ရောဂါကုသရေး နည်းပညာသစ် ရှာဖွေရေးအတွက် သုတေသနပြုမှုတွေ အများအပြား ရှိနေပါပြီ။ Estrasorb လို့ အမည်ရှိတဲ့ skin lotion ဟာ ကမ္ဘာ့ဆေးဝါးဈေးကွက်ထဲကို ပထမဆုံး ၀င်ရောက်လာတဲ့ နာနိုနည်းပညာ အသုံးပြုဆေးဝါးဖြစ်ပါတယ်။
နာနိုနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်လာအောင် သုတေသန ပြုခြင်းအားဖြင့် နေရောင်ခြည်ဆဲလ်တွေကို ထုတ်လုပ်လာနိုင်မယ်လို့ ယူဆပြီး အကောင်အထည်ဖော်နေကြတဲ့ သုတေသန စီမံကိန်းတွေလဲ ရှိပါတယ်။ ရေနံယိုစိမ့်မှုတွေ ဖြစ်ပွားတဲ့အခါ oil spill ထဲမှာပါဝင်တဲ့ အက်တမ်တွေကို သဘာဝပတ်ဝန်းကျင်ကို ထိခိုင်မှုမရှိအောင် နာနိုပိုက်လိုင်းလေးတွေနဲ့ ပြောင်းလဲ ပြုပြင်နိုင်ရေးအတွက် ကြိုးပမ်းနေကြတဲ့ သုတေသန စီမံကိန်းတွေလဲ ရှိပါတယ်။
ရောဂါရှာဖွေကုသရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် နာနိုနည်းပညာရဲ့ အကျိုးကျေးဇူးတွေကို လေ့လာသုတေသနပြုနေဆဲမှာပဲ၊ ဈေးကွက်ထဲရောက်လာတဲ့ နာနိုနည်းပညာအသုံးပြု ကုန်ပစ္စည်းတွေဖြစ်တဲ့ နေရောင်ကာမှန်တွေ၊ spray ဗီတာမင်တွေနဲ့ wrinkle-resistant fabric တွေရဲ့ အကျိုးကျေးဇူးတွေကိုလဲ စားသုံးသူအချို့ ခံစားနေကြရပါပြီ။
သို့ပေမယ့်လဲ လုံခြုံရေး ဆန်းစစ်လေ့လာသူ ပညာရှင်အချို့ကတော့ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ သတင်းနဲ့ နည်းပညာ၊ စွမ်းအင်၊ ဆေးဝါးပစ္စည်း၊ ထောက်လှမ်းရေးကိရိယာနဲ့ စစ်လက်နက်ပစ္စည်း ဆန်းသစ်တီထွင်ရေး တို့အတွက် အကျိုးကျေးဇူးတွေ ဆောင်ကျဉ်းပေးနိုင်တဲ့ နာနိုနည်းပညာဟာ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းချောက်လာနိုင်ကြောင်း ထင်မြင်ယူဆကြပါတယ်။
စစ်လက်နက်ပစ္စည်းတွေကို နာနိုနည်းပညာအသုံးပြုပြီး ထုတ်လုပ်မှုဟာ ကုန်ကျစရိတ်သက်သာပြီး၊ မြန်ဆန်လာနိုင်ပါတယ်။ လက်နက်တွေရဲ့ အရွယ်အစား ပမာဏကလဲ သေးငယ်တဲ့အတွက် အသုံးပြုရတာ ပိုမိုလွယ်ကူလာနိုင်ပါတယ်။ ဥပမာ- ကွန်ပျူတာနည်းပညာနဲ့ sensor နည်းပညာတွေကို နာနိုနည်းပညာနဲ့ ပေါင်းစပ်တီထွင်ထားတဲ့ smart bullets တွေဟာ ပစ်မှတ်ကို တိတိကျကျ ဖော်ထုတ်တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။
ဓာတုလက်နက်နဲ့ ဇီဝလက်နက် ထုတ်လုပ်မှုတွေမှာလဲ အထောက်အကူဖြစ်လာနိုင်ပါတယ်။ autonomous fighting systems တွေကို တီထွင် ဆန်းသစ်မှုတွေလဲ ရှိလာနိုင်ပါတယ်။ စစ်မြေပြင်က စစ်သားတွေရဲ့ ကျန်းမာရေးအခြေအနေကို ၀တ်ထားတဲ့ စစ်ယူနီဖောင်းတွေကနေတဆင့် သေးငယ်တဲ့ sensors တွေကို အသုံးပြုပြီး စစ်ဆေးကြည့်ရှုနိုင်တဲ့ သုတေသနစီမံကိန်းတွေနဲ့ ပင်ပန်းနွမ်းနယ်မှု၊ ထိခိုက်ဒဏ်ရာရမှုတွေကို စစ်ယူနီဖောင်းတွေကတဆင့် exterior support ပြုလုပ်ပေးနိုင်ဖို့ လိုအပ်တဲ့ သုတေသနစီမံကိန်းတွေလဲ စတင်နေပြီ ဖြစ်ပါတယ်။
အကြမ်းဖက် တိုက်ခိုက်ရေး သမားတွေဆီမှာ nano-weapons of mass destruction တွေ ရောက်ရှိသွားမယ့်အရေးကလဲ စိုးရိမ်ဖွယ်ရာ ဖြစ်လာပါတယ်။ ဒီထက်ပိုပြီး ကြောက်မယ်ဖွယ်ရာ ကောင်းတဲ့ အရေးကတော့ အစားအစာ လုံခြုံရေးပဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး၊ နိုင်ငံတကာ လုံခြုံရေး လေ့လာသူများ ပါဝင်တဲ့ ETC အုပ်စုက နာနိုနည်းပညာဟာ စိုက်ပျိုးရေးကဏ္ဍ၊ ထုတ်လုပ်ရေးကဏ္ဍ တွေကနေ တဆင့် အစားအစာ၊ စားသုံးမှု သဏ္ဍာန်တွေကိုပါ သက်ရောက်မှု ရှိလာစေနိုင်ကြောင်း တင်ပြထားခဲ့ပါတယ်။
ဒီလိုနာနို နည်းပညာရဲ့ ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်နိုင်မှုတွေ ကြီးမားလာတာနဲ့အမျှ နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်တွေရဲ့ နာနိုနည်းပညာအပေါ် အာရုံစိုက်မှုတွေကလဲ ကြီးထွားလာပါတော့တယ်။
နာနိုနည်းပညာအား အာရုံစိုက်ခြင်း
ကနဦးအစမှာ နာနိုနည်းပညာကို အင်အားကြီးနိုင်ငံတွေကသာ အာရုံစိုက်ကြပေမယ့်၊ နောက်ပိုင်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကပါ အာရုံစိုက်လာကြပါတယ်။ အဓိက အကြောင်းရင်းကတော့ နာနိုနည်းပညာဟာ nano-divide လို့ခေါ်တဲ့ နာနိုနည်းပညာကို ပိုင်ဆိုင်တဲ့ တိုင်းပြည်တွေနဲ့ မပိုင်ဆိုင်တဲ့ တိုင်းပြည်တွေအကြား ကွာခြားမှုကို ဖြစ်လာစေနိုင်လို့ပါပဲ။ အကျိုးအမြတ်များစေနိုင်တဲ့ ကုန်ပစ္စည်းတွေကို နာနိုနည်းပညာအသုံးပြုနိုင်တဲ့ နိုင်ငံတွေက ထုတ်လုပ်ပြီး၊ ကမ္ဘာ့ဈေးကွက်ကို လက်ဝါးကြီးအုပ်မှုတွေ ဖြစ်ပွားလာနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်လာကြပါတယ်။
အထူးသဖြင့် နာနိုနည်းပညာနဲ့ ဆက်နွယ်တဲ့ စက်မှုတော်လှန်ရေးသာ ပေါ်ထွက်လာခဲ့ရင် ကုန်ကြမ်းပစ္စည်းတွေကို နာနိုနည်းပညာနဲ့ တည်ဆောက်လာနိုင်မှာ ဖြစ်တဲ့အတွက် ကမ္ဘာ့ commodity market ကြီးတခုလုံး ဖရိုဖရဲ ဖြစ်သွားနိုင်ပြီး၊ နည်းပညာမရှိတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာစေနိုင်ကြောင်း စိုးရိမ်ပူပန်မှုတွေ ပေါ်ထွက်လာပါတယ်။ တောင်အာဖရိကနိုင်ငံမှာဆိုရင် မြေအောက်သယံဇာတပစ္စည်းတွေဖြစ်တဲ့ ရွှေနဲ့ တိုင်တေနီယမ်သတ္တုတွေကို နာနိုနည်းပညာအသုံးပြုပြီး တန်ဖိုးမြှင့်တင်နိုင်မယ့် သုတေသန စီမံကိန်းတွေကို အကောင်အထည်ဖော်နေကြပြီ ဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေဟာ သဘာဝသယံဇာတပစ္စည်းတွေနဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ အပေါ်မှာ မူတည်နေတဲ့ တိုင်းပြည်တွေမှာလဲ နာနိုနည်းပညာ လေ့လာမှုတွေ၊ သုတေသန စီမံကိန်း အကောင်အထည် ဖော်ဆောင်မှုတွေ ပြုလုပ်လာကြပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ သဘာဝသယံဇာတ အရင်းအမြစ်အပေါ်မှာ မူတည်တယ်ဆိုတဲ့ အချက်ကို နည်းပညာနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြင်းဆိုခဲ့တဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ အများအပြား ရှိခဲ့ပါတယ်။
နာနိုနည်းပညာ တော်လှန်ရေး အောင်မြင်သွားခဲ့ရင်တော့ သဘာဝသယံဇာတ အရင်းအမြစ် ပိုင်ဆိုင်မှုရဲ့ competitive advantage ဟာ လျော့ကျပျက်ပြယ်သွားတော့မှာ ဖြစ်ပါတယ်။ နာနိုနည်းပညာ တော်လှန်ရေးဟာ ကမ္ဘာ့စီးပွားရေး ချိန်ခွင်လျှာကိုသာမက ကမ္ဘာ့စစ်ရေး၊ နိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲတွေကိုပါ ဦးတည်သွားနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။ နာနိုလက်နက် အပြိုင်အဆိုင် ထုတ်လုပ်မှု (nano arms race) လဲ ဖြစ်ပွားလာနိုင်ပါတယ်။
နိဂုံး
နည်းပညာတိုင်းမှာ ကောင်းကျိုး၊ ဆိုးကျိုးတွေ ဒွန်တွဲနေပါတယ်။ ကောင်းကျိုးတွေကို အကောင်းဆုံး ရယူခံစားနိုင်အောင် ကြိုးပမ်းပြီး၊ ဆိုးကျိုးတွေ နည်းနိုင်သမျှနည်းအောင် ပြုလုပ်ဖို့ကိုတော့ လူသားတွေကသာ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာရဲ့ အခြေအနေကို မျက်ချေမပြတ် အာရုံစိုက်ခြင်း၊ သင့်လျော်သော မူဝါဒများ၊ စီမံကိန်းများ ချမှတ်ခြင်းစတဲ့ pre-cautionary approach ကို အသုံးပြုပြီး နာနိုနည်းပညာရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆိုးကျိုးသက်ရောက် နိုင်မှုတွေကို လျှော့ချနိုင်ပါတယ်။ နည်းပညာကို တလွဲဆံပင်ကောင်း အသုံးပြုပြီး၊ လူသားတွေရဲ့ လုံခြုံရေးကို ခြိမ်းချောက်လာမယ့် ဆိုးကျိုးတွေကိုလဲ justice approach နဲ့ တားဆီးလျှော့ချနိုင်အောင် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
ခင်မမမျိုး (၂၀၊ ၄၊ ၂၀၁၁)
ရည်ညွှ့န်းကိုးကား။ ။
ETC Group (2004) “26 Governments Tiptoe Toward Global Nano Governance: Grey Governance?”, 30 June 2004
4th Nanoforum General Report: “Benefits, Risks, Ethical, Legal and Social Aspects of Nanotechnology”, first published in June 2004, updated October2005
Ministry of Defence, UK (2003) 'Nanotechnology: Its Impact on Defence and the MoD'
Petersen J.L. & Egan D.M. (2002) ‘Small Security: Nanotechnology and Future Defense’, Defense Horizons 8
ဂရိ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှု
"စစ်အာဏာရှင်တွေကို စစ်အရာရှိတွေ ကိုယ်တိုင်က ဆန့်ကျင်လိုက်တာ ဖြစ်တဲ့အတွက်
ဂရိနိုင်ငံတွင်းက တော်လှန်ရေး လှုပ်ရှားမှုတွေရဲ့ အရှိန်အဟုန်ကို တိုးမြှင့်ပေးလိုက်နိုင်ခဲ့ပါတယ်။
တိုးမြင့်လာတဲ့ နိုင်ငံရေး ရေချိန်နဲ့အတူ တိုက်ပွဲဖော်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို သတိပြုမိတာကြောင့်
နိုဝင်ဘာ လရောက်တော့ ကျောင်းသား၊ ကျောင်းသူတွေ လက်တွဲပြီး အာဏာရှင်ကို သပိတ်မှောက်ကြ ပါတော့တယ်"
ရှေးခေတ် ဂရိလူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေကို အမျိုးသားတွေထက် နိမ့်ကျသူများအဖြစ်သာ ယူဆထားခဲ့ကြပါတယ်။ အမျိုးသမီးတွေဟာ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးရာတွေမှာ ဘာမှ အရေးကြီးသူတွေ မဟုတ်ဘူးလို့ ထင်မြင်ခဲ့ကြပါတယ်။ အမျိုးသမီးတွေဟာ ဂုဏ်ရည်မြင့်မားပြီး လေးစားဖွယ်ရာ ကောင်းတဲ့ အမျိုးသားတွေကို ဖြည့်ဆည်းပေးသူများအဖြစ်သာ လူ့အဖွဲ့အစည်းက သတ်မှတ်ထားခဲ့ပါတယ်။ ဒီလိုထုံးတမ်းစဉ်လာတွေ ရှိတဲ့ ဂရိလူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေဟာ သီးခြားကိုယ်ပိုင် ရပ်တည်ခွင့် မရှိပါဘူး။ ဘ၀တသက်တာလုံး ဖခင်တွေ၊ အိမ်ထောင်ဘက်တွေနဲ့ သားယောက်ျားလေးတွေအပေါ်မှာပဲ မှီခိုနေကြရပါတယ်။
ရှေးခေတ်ဂရိနိုင်ငံမှာ အမျိုးသမီးတွေရဲ့ လုပ်ငန်းတာဝန်ဆိုတာ ကလေးမွေးဖွားတာ၊ အစားအစာ ချက်ပြုတ်တာနဲ့ အိမ်မှုကိစ္စတွေ ပြုလုပ်တာ ဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ လုပ်ငန်းတာဝန် ဆိုတာ ကတော့ နိုင်ငံရေးရာ တွေးခေါ်စဉ်းစားတာ၊ အကြံပေးတာ၊ စစ်မက်ဖြစ်ပွားချိန်မှာ တိုက်ပွဲဝင်တာတွေနဲ့ မိသားစုကို ကာကွယ်စောင့်ရှောက်တာတွေ ဖြစ်ပါတယ်။ ရှေးခေတ်ဂရိပြည်က အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်ကန့်ကွက်မှုတွေ မလုပ်ရဲကြပါဘူး။ အိမ်ထောင်ဘက် လင်ယောက်ျားတွေကို မရိုသေရင် နတ်ဘုရားတွေက စိတ်ဆိုးပြီး ပြစ်ဒဏ်ခတ်တယ်ဆိုတဲ့ အယူအဆတွေကလဲ လူ့အဖွဲ့အစည်းထဲမှာ အမြစ်တွယ်နေပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ ရိုက်နှက်ညှဉ်းပမ်းမှုတွေ၊ နတ်ဘုရားတွေက ပေးမယ့် ပြစ်ဒဏ်တွေကို ကြောက်ရွံ့ပြီး ဘ၀တလျှောက်လုံး အမျိုးသားတွေထက် နိမ့်ကျသူတွေအဖြစ်ပဲ ခံယူကျင့်သုံးနေခဲ့ကြပါတယ်။
ဒါပေမယ့်လဲ (၁၉) ရာစုရောက်တော့ ဂရိလူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးသမီး စာရေးဆရာတွေ အများအပြား ပေါ်ပေါက်လာပါတယ်။ အမျိုးသမီး စာရေးဆရာတွေဖြစ်တဲ့ Artemis၊ Thaleia၊ Eurydice တို့ဟာ အမျိုးသမီးတွေရဲ့ ပညာရေး၊ လူမှုရေး အခြေအနေ နိမ့်ကျမှုတွေကို မီးမောင်းထိုး ဖော်ပြလာကြပါတယ်။ (၁၈၈၇) ခုနှစ်ရောက်တော့ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားသူ Calliope Parren က ဦးဆောင်ပြီး အမျိုးသမီးများ ဆိုတဲ့ သတင်းစာကို စတင်ထုတ်ဝေပါတော့တယ်။ အကြောက်တရားတွေ လွှမ်းမိုးနေတဲ့ လူ့အဖွဲ့အစည်းတခုအတွင်းမှာ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို အကောင်အထည်ဖော်တဲ့အခါ ကလောင်လက်နက်ဟာ အရေးကြီးလှပါတယ်။ လှုပ်ရှားမှုကြီးရဲ့ အခြေခံသဘောတရားတွေ၊ စည်းမျဉ်းတွေ၊ လုပ်ငန်းဆောင်တာတွေ၊ အတွေးအခေါ်တွေကို လူထုထဲမှာ ကနဦး ချပြဖို့ လိုပါတယ်။ ဒီလို ချပြပြီး အတွေးအခေါ် အုတ်မြစ်ချပြီးမှ ဖော်ဆောင်တဲ့ လှုပ်ရှားမှုတွေဟာ ကောက်ရိုးမီးတောက်ပမာ ၀ုန်းခနဲ ထတောက်တဲ့ လှုပ်ရှားမှုတွေထက် ပိုပြီး အောင်မြင်တတ်ပါတယ်။ ဂရိအမျိုးသမီးအခွင့်အလမ်း လှုပ်ရှားသူတွေဟာ ဒီကလောင်လက်နက်ကို အသုံးပြုပြီး အမျိုးသမီး အခွင့်အလမ်း လှုပ်ရှားမှုကြီးကို စတင်ခဲ့ကြပါတယ်။
အတွေးအခေါ် အုတ်မြစ်ချပြီး လှုပ်ရှားတဲ့ လှုပ်ရှားမှု ဖြစ်တာကြောင့် ဂရိအမျိုးသမီး အခွင့်အလမ်း လှုပ်ရှားမှုဟာ တစတစ ကျယ်ပြန့်လာခဲ့ပြီး၊ မျိုးဆက်သစ် အမျိုးသမီးအခွင့်အလမ်း ခေါင်းဆောင်အများအပြားကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ (၁၉၂၀) ခုနှစ်ရောက်တော့ အမျိုးသမီး ဂီတဆရာမတဦးဖြစ်တဲ့ Theodoropoulou က အမျိုးသမီး အခွင့်အရေးလှုပ်ရှားမှု အဖွဲ့ချုပ်ကို စတင်တည်ထောင်ခဲ့ပါတယ်။ ၁၉၃၀ ကာလတွေရောက်တော့ စစ်အာဏာရှင် Ioannis Metaxas ရဲ့ လက်အောက်မှာ အမျိုးသမီး အခွင့်အလမ်း လှုပ်ရှားမှုတွေကို တားဆီးပိတ်ပင်ခံခဲ့ရပါတယ်။ ဒါပေမယ့်လဲ ဂရိအမျိုးသမီးတွေဟာ ဒုတိယကမ္ဘာစစ်ကာလ တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ကျရာနေရာကနေ တက်တက်ကြွကြွ တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ပြီးကာလ ရောက်တော့ ဂရိလူ့အဖွဲ့အစည်းမှာ ပြုပြင်ပြောင်းလဲမှုတွေ အများအပြား ပေါ်ထွက်လာပါတယ်။ မြို့ပြ လူနေမှုအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်လာမှု၊ စက်မှုနိုင်ငံတော်သစ် တည်ဆောက်လာမှု၊ လူလတ်တန်းစား လူဦးရေ များပြားလာမှုတွေနဲ့အတူ အမျိုးသမီးမဲပေးခွင့် အခွင့်အလမ်းတွေလဲ ရရှိလာပါတယ်။
ဒါပေမယ့်လဲ (၁၉၆၇) ခုနှစ်ရောက်တော့ ဂရိနိုင်ငံမှာ Papadopoulos စစ်အာဏာသိမ်းမှု ဖြစ်ပွားပါတော့တယ်။ စစ်အာဏာရှင်တွေဟာ အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်မှုနဲ့ လှုပ်ရှားသွားလာမှုတွေကိုပါ ကန့်သတ်ချုပ်ချယ်ခဲ့ကြပါတယ်။ ကျောင်းသားပွဲတော်တွေမှာ ကျောင်းသားတွေနဲ့ ယှဉ်တွဲပြီး ကျောင်းသူတွေ ပါဝင်ဆင်နွှဲခွင့်ကိုပါ တားမြစ်ပိတ်ပင်ခဲ့ကြပါတယ်။ အာဏာသိမ်းစကာလမှာ လူအများစုဝေးခွင့်၊ လွတ်လပ်စွာ ဟောပြောခွင့်တွေကို ပိတ်ပင်ထား တာကြောင့် အမျိုးသမီး အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေ ခေတ္တရပ်တန့်သွားပေမယ့်၊ အချိန်အနည်းငယ်အတွင်းမှာပဲ မြေအောက်လှုပ်ရှားမှု ကွန်ယက်တွေကို ပြန်လည်ဖွဲ့စည်း နိုင်ခဲ့ကြပါတယ်။ အဲဒီအချိန်ကာလတွေမှာ တနိုင်ငံလုံးစစ်ကျွန်ဘ၀ကို ကျရောက်နေချိန်ဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ပြီးမှသာ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အလမ်းတွေ ရရှိလာနိုင်မယ်ဆိုတဲ့ အချက်ကို ဂရိအမျိုးသမီး ခေါင်းဆောင်တွေနဲ့ ကျောင်းသူတွေက သိနားလည်ခဲ့ကြပါတယ်။ ဒါကြောင့်လဲ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။
(၁၉၇၃)ခုနှစ်ရောက်တော့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးက အရှိန်ကောင်း လာခဲ့ပါတယ်။ မေလမှာ ဂရိရေတပ်မတော်က အရာရှိတွေဟာ နိုင်ငံတကာ စစ်ရေး ပူးတွဲလေ့ကျင့်မှု လုပ်နေရာကနေ ဂရိနိုင်ငံကို မပြန်တော့ပဲ ရေတပ်သင်္ဘောကို ရောမကို ဦးတည် ခုတ်မောင်းသွားခဲ့ပါတယ်။ အနီးဆုံး လေဆိပ်ကနေ တယ်လီဖုန်းနဲ့ နိုင်ငံတကာ သတင်းစာနယ်ဇင်းတွေကို အကြောင်းကြားပြီး ဂရိစစ်အာဏာရှင်တွေရဲ့ လူထုအပေါ် ဖိနှိပ်မှုတွေကို ဖော်ထုတ်ဆန့်ကျင်လိုက်ကြပါတယ်။ စစ်အာဏာရှင်တွေကို စစ်အရာရှိတွေ ကိုယ်တိုင်က ဆန့်ကျင်လိုက်တာ ဖြစ်တဲ့အတွက် ဒီဖြစ်ရပ်ဟာ တကမ္ဘာလုံးကို ပျံ့နှံ့သွားပြီး ဂရိနိုင်ငံတွင်းက တော်လှန်ရေး လှုပ်ရှားမှုတွေရဲ့ အရှိန်အဟုန်ကို တိုးမြှင့်ပေးလိုက်နိုင်ခဲ့ပါတယ်။ တိုးမြင့်လာတဲ့ နိုင်ငံရေး ရေချိန်နဲ့အတူ တိုက်ပွဲဖော်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို သတိပြုမိတာကြောင့် နိုဝင်ဘာ လရောက်တော့ ကျောင်းသား၊ ကျောင်းသူတွေ လက်တွဲပြီး အာဏာရှင်ကို သပိတ်မှောက်ကြ ပါတော့တယ်။ ကျောင်းသားလှုပ်ရှားမှုတွေကို အာဏာရှင်တွေက သတ်ဖြတ်နှိမ်နင်းတာကြောင့် ဂရိစစ်တပ်တွင်းက အရာရှိတွေကိုယ်တိုင်က စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်ကြတော့ပဲ (၁၉၇၄) ခုနှစ်ရောက်တော့ အာဏာရှင်စနစ်ကြီး ပြိုလဲသွားခဲ့ပါတယ်။
ဂရိအမျိုးသမီး တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသူအများအပြားဟာ အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ကြရပါတယ်။ ဒါပေမယ့်လဲ ဂရိအမျိုးသမီး တွေဟာ ဇွဲလုံ့လ မလျှော့ပဲ အဆုံးသတ်အောင်ပွဲရတဲ့အထိ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အမျိုးသမီး အခွင့်အလမ်း လှုပ်ရှားမှုလမ်းကြောင်းကိုလဲ မသွေမဖည် ဆုပ်ကိုင်ထားခဲ့ကြပြီး အာဏာရှင်စနစ်ကို ဖယ်ရှားပြီး နောက်ပိုင်းကာလရောက်တော့ မပြီးဆုံး သေးတဲ့ လှုပ်ရှားမှုတွေကို ဆက်လက်အကောင်အထည် ဖော်ခဲ့ကြပါတယ်။ ဂရိအမျိုးသမီးတွေရဲ့ ဇွဲလုံ့လနဲ့ နောက်မဆုတ်စတမ်း တိုက်ပွဲဝင်ရဲတဲ့ အားမာန်တွေကြောင့် ၁၉၈၃ ခုနှစ်မှာ ကျားမ တန်းတူညီမျှခွင့်ကို အသိအမှတ်ပြုတဲ့ မြေယာဥပဒေသစ် ထွက်ပေါ်လာပါတယ်။ တန်းတူညီမျှ လုပ်အားခ ရရှိရေး၊ ပညာသင်ခွင့် အခွင့်အလမ်း ရရှိရေး လှုပ်ရှားမှုတွေကိုလဲ အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ (၁၉၈၁) ခုနှစ်ကနေ စတင်ဖွဲ့စည်းခဲ့တဲ့ ဂရိအစိုးရ အုပ်ချုပ်ရေးယန္တရား အဆက်ဆက်မှာလဲ အမျိုးသမီး ၀န်ကြီးတဦး အနည်းဆုံးပါဝင်ပြီး၊ အမျိုးသမီး ဒုတိယ၀န်ကြီးများစွာ ပါဝင်ခဲ့ကြပါတယ်။ နိုင်ငံရေးပါတီတွေမှာလဲ အမျိုးသမီး ခေါင်းဆောင်အများအပြား ပေါ်ထွက်လာခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ ဂရိကွန်မြူနစ်ပါတီကို အမျိုးသမီးခေါင်းဆောင်က ဦးဆောင်ခဲ့ပါတယ်။
အမျိုးသမီးတွေဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာတွေနဲ့ ပတ်သက်ပြီး အရေးကြီးသူတွေ မဟုတ်ဘူးလို့ သတ်မှတ်ခဲ့ကြတဲ့ ဂရိလူ့အဖွဲ့အစည်းအတွင်းမှာ အခုဆိုရင် အမျိုးသမီး နိုင်ငံရေးခေါင်းဆောင်တွေ၊ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်တွေ၊ အမျိုးသမီး ပညာရှင်တွေ၊ အမျိုးသမီး အရပ်ဘက်လူ့အဖွဲ့အစည်းခေါင်းဆောင်တွေ အများအပြားပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ နိုင်ငံရေး ပညာရှင် Laura Cram က ဒီလိုပြောင်းလဲမှုတွေဟာ အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစနစ် ထွန်းကားရေး တိုက်ပွဲတွေမှာ အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်းတိုက်ပွဲဝင်ရဲတဲ့ ရဲစွမ်းသတ္တိနဲ့ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှု လမ်းကြောင်းကို လက်ဆင့်ကမ်းပခုံးပြောင်းပြီး မဆုတ်မနစ် ကိုင်စွဲခဲ့ကြတဲ့ ဇွဲလုံ့လတွေကြောင့် ဖြစ်တယ်လို့ ဆိုထားပါကြောင်း တင်ပြလိုက်ရပါတယ်။
ခင်မမမျိုး (၂၀၀၉)
(၂၀၀၉ ခုနှစ်တွင် ဒီမိုကရက်တစ် မြန်မာ့အသံ၊ အမျိုးသမီး အခွင့်အလမ်း အစီအစဉ်တွင် ထုတ်လွှင့်ခဲ့သော အသံလွှင့်ဆောင်းပါး ဖြစ်ပါသည်)
ကမ္ဘာ့အလုပ်ကမားနေ့ ပန်ကြားလွှာ!
အလုပ်သမားများသို့ ပန်ကြားလွှာ
လေးစားအပ်ပါသော ကာယ၊ ဥာဏအလုပ်သမား အပေါင်းတို့-
ယနေ့ကျရောက်လာမယ့် ၂၀၁၁ခုနှစ်၊ မေလ (၁) ရက်နေ့ဟာ ကမ္ဘာ့အလုပ်သမားနေ့ ဖြစ်ပါတယ်။
မြန်မာ့သမိုင်းတလျှောက်မှာ ကာယ၊ ဥာဏ အလုပ်သမားကြီးများရဲ့ အခန်းကဏ္ဍဟာ အင်မတန်ပင်
ကြီးကျယ်မြင့်မြတ်လှပါတယ်။ ကိုလိုနီနယ်ချဲ့ကို ရင်ဆိုင်အန်တုခြဲ့ကတဲ့ ရေနံမြေ သပိတ်ခေါင်းဆောင်
သခင်ဖိုးလှကြီးနဲ့ ရေနံမြေလုပ်သားတွေဟာ မြန်မာ့လွတ်လပ်ရေးရဲ့ မီးရှူးတန်ဆောင်တွေ ဖြစ်ခဲ့ပါတယ်။ (၁၉၇၄)
ခုနှစ်မှာ မီးရထားအလုပ်သမားတွေ စတင်ခဲ့တဲ့ သပိတ်တိုက်ပွဲတွေဟာ မြန်မာနိုင်ငံတ၀ှမ်းလုံးက အလုပ်သမားတွေ
ဆီကို ကူးစက်ပျံ့နှံ့သွားခြဲ့ပီး စစ်အာဏာရှင်တွေ တုန်လှုပ်ချောက်ချားစေတဲ့ ဇွန် (၆) ရက် အရေးတော်ပုံကြီးကို
ဖြစ်ပွားစေခဲ့ပါတယ်။
ဒီအရေးတော်ပုံကြီးမှာ အသက်ပေးလှူသွားခြဲ့ကတဲ့ သမိုင်းချည်ထည်စက်ရုံနဲ့ ဆင်မလိုက် သင်္ဘောကျင်းက
အလုပ်သမားကြီးတွေဟာ ဆန်လုံလောက်စွာရရှိရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး၊ လုပ်ငန်းခွင်အန္တရာယ်
ကင်းရှင်းရေး၊ နေအိမ်ရရှိရေး၊ လုပ်ခလစာ တိုးမြင့်ရေး နဲ့ အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရေး
ကို တောင်းဆိုခြဲ့ကသူတွေ ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က နိုင်ငံတိုင်းမှာ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့်
ရကြပါတယ်။ အလုပ်သမားတွေရဲ့ နစ်နာနေတဲ့ အခွင့်အရေးတွေနဲ့ ဘ၀အာမခံချက် ရရှိရေးအတွက်
အလုပ်သမားသမဂ္ဂတွေက ဦးဆောင်ပြီး၊ ကြိုးပမ်းဆောင်ရွက်ကြပါတယ်။ ဒါကြောင့်လဲ မြန်မာပြည်က
စစ်အာဏာရှင်တွေဟာ လွတ်လပ်သော အလုပ်သမားသမဂ္ဂတွေ ပေါ်ပေါက်များပြားလာမှာကို ကြောက်ရွံ့
စိုးထိတ်ပြီး၊ မြန်မာနိုင်ငံက အလုပ်သမား လူတန်းစား တရပ်လုံးကို စစ်ဖိနပ်အောက်မှာ ပြားပြားဝပ်နေအောင်
ဖိနှိပ်ထား ကြပါတယ်။
ကာယ၊ ဥာဏ အလုပ်သမားကြီးတွေတင် မကပါဘူး။ အခုဆိုရင် မြန်မာပြည်သူတရပ်လုံးဟာ စစ်ကျွန်ဘ၀မှာ
ဘ၀တွေ ပျက်နေကြရပြီး၊ အနာဂတ် ရည်မှန်းချက်ပန်းတိုင်တွေ ပျောက်ကွယ်နေကြရပါတယ်။
လုပ်ငန်းခွင်တွေမှာလဲ စစ်အာဏာရှင် လက်ကိုင်ဒုတ်တွေရဲ့ ခေါင်းပုံဖြတ် အနိုင်ကျင့်မှုတွေကို ခါးစီး
ခံနေကြရတ့အဲ ပြင်၊ ထိုက်သင့်တဲ့ လုပ်ခလစာတေကွို ပြည့်ပြည့်၀၀ မရကြတာကြောင့် လုပ်ငန်းခင်ွက အပြန်မှာ
ကိုယ့်သားသမီးငယ် လေးတွေ ဖျားနာနေတာ တွေ့ရရင်တောင် ဆေးရုံ၊ ဆေးခန်းတွေဆီ ခေါ်မသွားနိုင်ကြတဲ့
အဖြစ်ဆိုးတွေကို နှစ်ပေါင်းများစွာ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။ အလုပ်သမားကြီးတွေရဲ့ ချွေးစက်တွေဟာ
ကိုယ့်မိသားစု၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံအတွက် ကောင်းကျိုးမဖြစ်စေပဲ စစ်အာဏာရှင်တွေရဲ့ သားစဉ်
မြေးဆက်တွေ ခံစား၊စံစားဖို့ ဖြစ်နေတာကို ကာယ၊ ဥာဏအလုပ်သမား လူထုလူတန်းစားတရပ်လုံး အသိပင်
ဖြစ်ပါတယ်။
ဒါကြောင့် ခေတ်သမိုင်း အဆက်ဆက်မှာ တော်လှန်ရေးတပ်ဦးကနေ ဦးဆောင်ပါဝင်ခ့တဲ့ဲ အစဉ်အလာနဲ့ အညီ
မြန်မာတမျိုးသားလုံး စစ်ကျွန်ဘ၀က လွတ်မြောက်ရေးအတွက် လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂအစုအဖွဲ့များ
ဖွဲ့စည်းတည်ထောင်ပြီး၊ အာဏာရှင်စနစ်ဆိုးကြီး ချုပ်ငြိမ်းစေရေးအတွက် ဦးဆောင်ပါဝင်တိုက်ပွဲဝင်ကြပါရန် မေလ
(၁)ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့အလုပ်သမားနေ့မှာ လေးစားစွာ နှိုးဆော်ပန်ကြားအပ်ပါတယ်။
မြန်မာနိုင်ငံ လူထုလှုပ်ရှားမှု အင်အားစုများ
အဖွဲ့ ဝင် ၉နိုင်ငံပါဝင်သော မြန်မာနိုင်ငံ လူထုလှုပ်ရှားမှု အဖွဲ့ မှ ဖြန့် ဝေ ပါတယ်။