ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားချက်

အမှတ်(၂) စစ်လက်နက်ပစ္စည်းစက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေရသူ ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားချက်

စစ်လက်နက်ပစ္စည်းတွေထဲမှာ မီးသေနတ် Flame Thrower ဆိုတာ ရှိတယ်။ ပေနှစ်ဆယ်လောက်ထိ မီးညွှန့်ပန်းထွက်တဲ့ သေနတ် မျိုးပေါ့။ ဒါပေမယ့် အဲဒီလက်နက် အမျိုးအစားက စစ်မြေပြင်မှာတောင် သာမာန်လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်းလို့ မရတဲ့ (ဥပမာ- ဘန်ကာ၊ ကတုက်ကျင်း ဒါမှမဟုတ် အဆောက်အဦးတွင်းမှာ နေရာယူထားတဲ့) ရန်သူ့တပ်ဖွဲ့ဝင်တွေကို ချေမှုန်းရာမှာသာ အသုံးပြုပိုင်ခွင့်ရှိပြီး ကွင်းပြင်မှာ ချီတက်လာတဲ့ တပ်ဖွဲ့တွေကို ရင်ဆိုင်ရာမှာ အသုံးပြုပိုင်ခွင့် မရှိဘူး။ လူမဆန်တဲ့ လက်နက်မို့လို့ ဂျီနီဗာကွန်ဗင်းရှင်းအရ တားမြစ်ထားတယ်။ ပစ်မှတ်တွေကို မီးလောင်ပျက်စီးစေတဲ့ နောက်ထပ်ဗုံးတမျိုးက မီးစုံးဗုံး Incendiary rounds တွေပဲ။ Napalm နပမ်းဗုံးလို့လဲ ခေါ်တယ်။ အထဲမှာဓါတုဆေးရည် ဒါမှမဟုတ် အမှုန်တွေထည့်ထားပြီး ပစ်မှတ်ပေါ်မှာ စွဲကပ်နေတဲ့ အဲဒီ ဓါတုပစ္စည်းတွေ မကုန်မချင်း မီးလောင် စေတယ်။ ဘာနဲ့မှ ငြိမ်းလို့ မရဘူး။ တစ်ကိုယ်လုံး မီးစွဲနေတဲ့ ခလေးမလေး လမ်းတလျှောက် ငိုယိုပြေးထွက်လာတာကို သတင်းထောက်တွေ ဗီဒီယိုမှတ်တမ်းတင်လိုက်နိုင်လို့ ဗီယက်နမ်စစ်မှာ ယန်းကီးတွေ ရှုံးပိုင်းပိုင်း လိုက်ရတာလည်း မှတ်မိကြမှာပေါ့။ အခု ဆန္ဒပြသံဃာတော်တွေကို အစိုးရက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ နေရာမှာလည်း မီးလောင်ပြီး ဒဏ်ရာရကြတယ်လို့ သတင်းတွေ ကြားနေရတယ်။ မျက်ရည်ယို ဗုံးဆိုတာက မီးလောင်ဗုံးမှမဟုတ်ပဲ။ ဆန္ဒပြအရပ်သားတွေကို ထိခိုက်အနာတရမဖြစ်စေပဲနဲ့ လူစုခွဲနိုင်ရုံ ရည်ရွယ် တီထွင်ထားတဲ့ မီးခိုးဗုံးအမျိုးအစားသာဖြစ်တယ်။ အခု အစိုးရ ရဲတပ်ဖွဲ့ကသာ ဆန္ဒပြလူထုကို မီးလောင်စေတဲ့ လက်နက်နဲ့ တိုက်ခိုက်ခဲ့ကြောင်းမှန်ရင် နိုင်ငံတကာ ရာဇ၀တ်မှုအကြီး ကြီးတစ်ခု ကျူးလွန်လိုက်ပြီလို့ပဲ ပြောရမယ်။



NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

၅ ရက်အတွင်း အရေးမယူပါက ပတ္တနိက္ကုဇနကံ ဆောင်မည်ဟု ဦးဝီရသူ မိန့်ကြား


နယူးဒေလီ (မဇ္ဈိမ) ။        ။ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအား ကန့်ကွက် သပိတ်မှောက်နေကြသော ရဟန်းသံဃာများအား နိုဝင်ဘာလ ၂၉ ရက် မနက်က အကြမ်းဖက် ဖြိုခွင်းမှုနှင့် ပတ်သက်သည့်တရားခံများအား နိုင်ငံတော်အစိုးရမှအမြန်ဆုံးအရေးယူဆောင်ရွက်ခြင်းမရှိပါက ပတ္တနိက္ကုဇနကံဆောင်မည်ဟု ဆရာတော် ဦးဝီရသူ က မိန့်ကြားလိုက်သည်။

ကြာသပတေးနေ့ အကြမ်းဖက်မှုအား ရှုတ်ချသည့် ထိုင်သပိတ် ဆန္ဒပြပွဲကို သောကြာနေ့ မွန်းလွဲ ၁ နာရီက မန္တလေး မြို့ရှိ အိမ်တော်ရာ ဘုရား၊ မြောက်ဖက်မုခ်တွင် သံဃာ အပါး ၂ဝဝ ခန့်က ဆင်နွှဲနေစဉ် ဦးဆောင် ကိုယ်တော်တပါးဖြစ်သည့် မစိုးရိမ်တိုက်သစ် နာယက ဆရာတော် ဦးဝီရသူ က မိန့်ကြားလိုက်ခြင်းဖြစ်သည်။

“တရားခံ အစစ်ကို အမြန်ဆုံး အရေးယူပေးပါ၊ အမြန်ဆုံး အရေးယူ မပေးဘူးဆိုရင် ဒီအစိုးရဟာ စစ်အစိုးရလိုပဲ သံဃာထုတရပ်လုံးရဲ့ ပတ္တနိက္ကုဇန ကံကို ခံရမယ်လို့ ဦးဉ္စင်း ပြောချင်တယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။

မန္တလေးမြို့ လေးပြင်လေးရပ် သံဃာများနှင့် အမရပူရ၊ ဘဝအလင်း၊ မဟာဂန္တာရုံ စသည့် ကျောင်းတိုက်များမှ သံဃာများက တောင်းဆိုချက် ၄ ရပ် ချမှတ်ထားရာတွင် လက်ပံတောင်း အကြမ်းဖက်မှုနှင့်ပတ်သက်၍ “နိုင်ငံတာ် အစိုးရမှ သံဃာတော်များအား တရားဝင် ဝန်ချတောင်းပန်ရမည်။

အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပါတ်သက်၍ တာဝန် အရှိဆုံး အစိုးရမှ ပြည်သူများ ကျေနပ်လက်ခံနိုင်သည်အထိ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ယူဖြေရှင်းပေးရမည်” ဟု ပါရှိပြီး ဒဏ်ရာရရှိသွားသည့် သံဃာများနှင့် လုပုဂ္ဂိုလ်များအတွက်ု “ပြည့်စုံလုံလောက်သည့် ကျန်းမာရေး
စောင့်ရှောက်မှုနှင့် တစုံတရာ နစ်နာမှုမရှိအောင် ဖြေရှင်းဆောင်ရွက် ပေးရမည်” ဟုလည်း တောင်းဆိုထားသည်။

ထို့အပြင် “ဓါတုလက်နက်ကို ဘယ်သူက အသုံးပြုဖို့ ဘယ်သူက ခွင့်ပြုတယ်၊
အမိန်ပေးတယ် ဆိုတာကို အမြန်ဆုံးဖော်ထုတ်ပေးရမည်လို့
တောင်းဆိုထားပါတယ်။

၅ ရက် စောင့်ကြည့်ပြီးရင်တော့ တောင်းဆိုတာတွေ မလိုက်လျောဘူး
ဆိုရင် တနည်းနည်းနဲ့ ထပ်ပြီး တုံ့ပြန်သွားမယ်” ဟု ဆရာတော်
ဦးဝီရသူ က မိန့်ကြားသည်။

ထိုင်သပိတ် ဆန္ဒပြပွဲတွင် သံဃာများအပြင် ပြည်သူ ၂၀၀ ခန့်က
လည်း ဝန်းရံ ပါဝင်ကြောင်း သိရသည်။

မီးလောင်ဒဏ်ရာများဖြင့် သံဃာတော်များ၏ ဓာတ်ပုံများ၊ သာသနာ့
အလံများ လွှင့်တင်ကာ ဆန္ဒပြနေကြကြောင်း အိမ်တော်ရာ
ကျောင်းတိုက်သို့ သွားရောက်သတင်းရယူနေသည့် မဇ္ဈိမ
သတင်းထောက် ကိုလွင် က ပြောသည်။

လက်ပံတောင်း ကြေးနီစီမံကိန်းတွင် သံဃာတော်များ ဝင်ရောက်ပါဝင်လာရခြင်းမှာ လယ်တီဆရာတော်ဘုရားကြီး၏ သမိုင်းဝင် အမွေအနှစ်အား ထိန်းသိမ်းစောင့်ရှောက်ရန် အဓိက ရည်ရွယ်ရင်းဖြစ်ပြီး သပိတ်မှောက်ပြည်သူများနှင့် စီမံကိန်း ကုမ္ပဏီတို့ နှစ်ဖက်လုံးမှ အကြမ်းဖက်ခြင်းများ မပြုမိစေရန် စောင့်ရှောက်ဖို့ ပါဝင်လာရခြင်း ဖြစ်ကြောင်း လည်း ဆရာတော်က ရှင်းပြသည်။

ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေသော ကုမ္ပဏီများနှင့် ဒေသခံများအကြား ပြဿနာများကို
ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ဆောင်ရွက်ပေးမည့် အပေါ်လည်း ကြိုဆိုကြောင်း ဆက်လက်မိန့်ကြားသည်။

“ဦးပဉ္စင်းကတော့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်း ခရီးစဉ်ကို တအားကြီးကို ဝမ်းသာအားရ ကြိုဆိုတယ်။ တခြားတခြားသော သြဇာတိက္ခမ ရှိတဲ့ ပါတီတွေ အဖွဲ့အစည်းတွေလည်း ဒကာမကြီး ဒေါ်အောင်ဆန်း စုကြည်တို့၊ ဒကာမကြီး ဒေါ်ခင်စန်းလှိုင် တို့လို ဝိုင်းဝန်းပါဝင် ဆောင်ရွက်စေချင်တယ်လေ” ဟု ဦးဝီရသူ က ဆိုသည်။

ကြာသပတေးနေ့နံနက် အကြမ်းဖက်မှုကြောင့် သံဃာအပါး ၅ဝ ကျော်မှာ မုံရွာဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရပြီး ဒဏ်ရာပိုမိုပြင်းထန်သော ကိုယ်တော် နှစ်ပါးမှာ မန္တလေးသို့ ပင့်ဆောင်၍ ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း သိရှိရသည်။

မန္တလေးမြို့၊ အိမ်တော်ရာ ဘုရား၊ မြောက်ဖက်မုခ်တွင် နိုဝင်ဘာလ ၃ဝ ရက်နေ့၊ မွန်းလွဲ ၁ နာရီမှ စတင်၍ သံဃာအပါး ၂ဝဝ ခန့်က ထိုင်သပိတ်ဆင်နွှဲနေကြစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်း လက်ပံတောင်း သပိတ်မှောက် သံဃာတော်များအား အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ဝန်ချတောင်းပန်ရန်နှင့် ၅ ရက်အတွင်း တရားခံများကို ဖော်ထုတ်အရေးယူရန် တောင်းဆိုထားသည်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ယုံကြည်ချက်၊ မျှော်လင့်ချက်တွေ အားလုံး မီးလောင်သွားတာ။

သစ်သားတုံးတွေ မီးလောင်တာမဟုတ်ဘူး
အရေပြားတွေ မီးလောင်တာ

အရေပြားသက်သက် မီးလောင်တာမဟုတ်ဘူး

လူတွေ မီးလောင်တာ


လူချည်းသက်သက် မီးလောင်တာမဟုတ်ဘူး
ဝါဖန့်သော သင်္ကန်းစတွေ မီးလောင်တာ

သင်္ကန်းစတွေချည်း မီးလောင်တာမဟုတ်ဘူး
ရဟန်းသံဃာတွေ မီးလောင်တာ

ရဟန်းသံဃာတွေချည်း မီးလောင်တာမဟုတ်ဘူး
သာသနာတော်တစ်ခုလုံး မီးလောင်တာ
နှလုံးသားတစ်ခုလုံး မီးလောင်တာ
ပြည်သူလူထုတစ်ခုလုံး မီးလောင်တာ
စနစ်အတုကြီးတစ်ခုလုံး မီးလောင်တာ
လူ့အခွင့်အရေးတစ်ခုလုံး မီးလောင်တာ
မရွံ့မရဲထားနေကြတဲ့ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေ အားလုံး မီးလောင်သွားတာ။ ။

Credit To ThuRa ThaWah

ဓါတ်ပုံ Burma VJ Media Network





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

လက်ပန်းတန်းတောင် သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုအပေါ် ဦးကျော်သူ [နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ] ၏ တုံ့ပြန်မှုသဘောထား

လက်ပန်းတန်းတောင် သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုအပေါ်
ဦးကျော်သူ [နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ] ၏ တုံ့ပြန်မှုသဘောထား
----------------------------------------------------------------------
"ရုပ်ပျက် ဆင်းပျက် ကိုင်တွယ်မှု ကိစ္စလို့ မြင်ပါတယ်။
ဒီလိုကိုင်တွယ်တာဟာ ရက်စက်ရာ ရောက်လွန်းတယ်။

"ကိုယ်ပြုသောကံ ကိုယ့်ထံပြန်လာမယ်လို့ပဲ ပြောချင်ပါတယ်။

လောကမှာ ကောင်းတာပဲလုပ်လုပ် ဆိုးတာပဲလုပ်လုပ် ကိုယ့်ဆီပြန်လာမယ်။ ဒီလိုကိစ္စမျိုးတွေဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့ ကမ္ဘာမှာမြင်လို့ မကောင်းတဲ့ မြင်ကွင်းတွေဖြစ်တယ်"


ဦးကျော်သူ [နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ]





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

မြန်မာနိုင်ငံဆိုင်ရာ မဟနဆရာတော်များနဲ့ အစိုးရအဖွဲ့စည်းများမေးခွန်းထုတ်ပြီ

 
မြန်မာနိုင်ငံမှာ သာသနာရေးကို တိုးတက်ပြန့်ပွားအောင် အထူးရေးပါတယ်ဆိုတဲ့ မဟနဆရာတော်များ။

တပည့်တော်ဟာ တကယ့်ဗုဒ္ဓဘာသာကို ပြင်းပြင်းထန်ထန်ကျင့်ပါတယ်ဆိုတ
ဲ့ ဝန်ကြီးအောင်မင်း။

အမျိုးဘာသာ သာသနာကို စောင့်ရှောက်ပါတယ်ဆိုတဲ့ သမ္မတကြီးဦးသိန်းစိန်တိုဟာ ဒီရဟန်းတော်များရဲ့ လက်ရှိသေရာပါဒဏ်ရာဖြစ်သွားတဲ့ လူနာများကို သွားရောက်အားပေးခြင်းမရှိပါဘူး။

အစိုးရဝန်ထမ်းနဲ့ အရာရှိများ ဒီလို ရဟန်းတော်များ အတိဒုက္ခရောက်နေတာ လာရောက်ပြီး တောင်းပန်ဖို့နေနေသာသာ သမ္မတရုံ မှုးဇော်ဖေးဘုတ်ကလည်း အခုလို နိုင်နင်းလိုက်တာဟာ ဥပဒေနဲ့အညီလုပ်လိုက်တာဖြစ်တယ်လု
ိ့ရေးသားထားပါတယ်။

ဒီလို သေရာပါအောင် ဒဏ်ရာနေတဲ့ ရဟန်းရှင်လူတွေကို အစိုးရအဖွဲ့စည်းမဟုတ်တဲ့ ဆရာတော် ဦးဥာဏိဿရ၊ ဦးကျော်သူစတဲ့ လူတွေ သွားရောက် ဆေးပေးမှု့တွေလုပ်ခဲ့ပါတယ်။

လွတ်တော်ထဲမှာ တက်ရောက်နေတဲ့ အထဲက ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်း
ပဲ သွားရောက်အားပေးခဲ့တာဖြစ်ပါတယ်။

အခြားလွတ်တော်အမတ်များ ဘယ်ကိုသွားနေပါလဲ..............
...................

ဒီလွတ်တော်တက်နေတဲ့ လူတွေက လူထုကို တကယ် အကာကွယ်ပေးနိုင်သလား

တကယ်တမ်းနိုင်ငံရေးနဲ့ ဖြစ်ရင်ဘုန်းကံနဲပါးပြီးဆင်းရဲ့
သားရဟန်းတွေက ရှေ့တန်းက
သေပြရတယ်ဆိုတာကို ပြည်သူများ မေ့မထားစေလိုပါ။

(ထောက်စူး)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

လက်ပံတောင်းတောင် မီးလောင်ဗုံးကိစ္စ အဓိကတရားခံ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို


လက်ပံတောင်းတောင် မီးလောင်ဗုံးကိစ္စ အဓိကတရားခံ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို(အရေးကြီး လက်ဆင့်ကမ်း Share ပေးရန်)

တန်ဆောင်မုန်းလပြည့်နေ့ညက ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား ငြိမ်းချမ်းစွာဆန္ဒပြနေသော ရဟန်းသံဃာအပါအ၀င် ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းမှုပုံစံဖြစ်ပေါ်သည့်ကိစ္စတွင် အဓိကတာဝန်အရှိဆုံးလူမှာ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုဖြစ်ကြောင်းသိရှိရသည်။ အစိုးရအဖွဲ့ သမ္မတရုံးမှ လက်ပံတောင်းတောင်ကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနအား ဖြိုခွဲရှင်းလင်းရန် တာဝန်ပေးအပ်ထားသော်လည်း ရဲတပ်ဖွဲ့ဝင်များ၏ လုပ်နည်းကိုင်နည်း မကျွမ်းကျင်မှု နည်းစနစ် မသေချာမှု နှင့် ကြိုတင်ပြင်ဆင်လေ့ကျင့်ခြင်းများ အားနည်းခဲ့သောကြောင့် အရုပ်ဆိုးအကျည်းတန်သည့် အကြမ်းဖက်နှိမ်နှင်းမှုပုံစံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြသူများအား ဖြိုခွဲရှင်လင်းရာတွင် လုပ်ကိုင်နည်းအဆင့်ဆင့်ဖြစ်သည့် (၁)ဆန္ဒပြသူများအား မိုက်ခ် များ အော်လံများဖြင့် သတိပေးခြင်း (၂) အတွင်းစည်းအပြင်စည်းတားခြင်း (၃) ထပ်မံသတိပေးခြင်း (၄) အင်အားပြင်းရေပိုက်အသုံးပြုပြီး လူစုခွဲခြင်း (၅) မျက်ရည်ယိုဗုံးများ၊ မီးခိုးဗုံးများခွဲပြီး လူစုခွဲခြင်း (၆) အဓိကခေါင်းဆောင်များကို ဖမ်းဆီးခြင်း (၇) ဒါဏ်ရာရရှိသူများအား သက်ဆိုင်ရာဆေးကုသမှုပေးခြင်း (၈) လူစုခွဲလုပ်ငန်းပြီးဆုံးခြင်းဟူ၍ အကျဉ်းဖျင်းအဆင့်များရှိပါသည်။ အဆင့် (၄) အထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သော်လည်း အဆင့်(၅) စတင်ချိန်တွင် စမ်းသပ်လေ့ကျင့်ထားခြင်းမရှိသော ဖော့စ်ဖောရပ်စ်ပါဝင်သော မီးခိုးဗုံးများဖြင့် ပစ်ခတ်ခဲ့ရာမှ အဆိုပါဖော့စ်ဖောရပ်စ်မှာ လေနှင့်ဓါတ်ပြုပြီး ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ဓါတ်ပေါင်းများကို မီးလောင်ကျွမ်းစေသဖြင့် အဆင့်(၄)တွင် ရေဖျန်းခံထားရသော လူ၊ ရွက်ဖျင်တဲများနှင့် ပစ္စည်းများကို မီးလောင်ကျွမ်းခြင်း ဖြစ်ပေါ်ခဲ့ရသည်။ အဆိုပါ အဆင့်(၅)တွင် မမျှော်လင့်ဘဲ မီးတောက်မီးလျှံများ ဖြစ်ပေါ်ခဲ့သဖြင့် ဘာဆက်လုပ်ရမည်မသိဘဲ ကြောင်ငေးကြည့်နေခဲ့ရကြောင်းကို အဆိုပါဖြစ်စဉ်တွင် ပါဝင်သည့် အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးက PDK နှင့် ဖုန်းဆက်သွယ်ရာတွင် ပြောကြားခဲ့သည်။ အဆိုပါ ရဲအရာရှိက မိမိတို့မှာ ရခိုင်ပြည်နယ်ဖြစ်စဉ်တွင် အသုံးပြုခဲ့သော မီးခိုးဗုံးများဟုသာ ယူဆသဖြင့် ဆန္ဒပြနှိမ်နှင်းရေးအဆင့်များအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မမျှော်လင့်ဘဲ မီးများထလောင်ခဲ့သဖြင့် ကြောင်ငေးကြည့်နေရပြီး နောက်ပိုင်းအဆင့်များကို အောင်မြင်စွာမဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့မီးများလောင်ကျွမ်းသဖြင့် သံဃာတော်များ ဒဏ်ရာအနာတရ ရခဲ့မှုများရှိသည်ကို သိရှိရသဖြင့် ၀မ်းနည်းရပါကြောင်း ပြောဆိုသွားသည်။ သို့ဖြစ်၍ လက်ပံတောင်းတောင် ဆန္ဒပြမှု လူစုခွဲရေးစီမံချက်သည် အထက်မှ အောက်ခြေအဆင့်အထိ ကောင်းမွန်စွာ ကြီးကြပ်ကွပ်ကဲနိုင်မှုမရှိခြင်း၊ အောက်ခြေတွင် အသုံးပြုသော လက်နက်ပစ္စည်းများအကြောင်း မသိရှိပဲ လွဲမှားစွာအသုံးပြုခဲ့မိခြင်း၊ အဓိကရုန်းနှိမ်နှင်းရေးနည်းလမ်းများကို အခြေအနေနှင့်အညီ သင့်တော်အောင် အမိန့်မပေးနိုင်ခြင်းများကြောင့် အရုပ်ဆိုးအကျည်းတန်ခဲ့ရပြီး လုပ်ပိုင်ခွင့်ရှိသူနှင့်ပစ်မိန့်ပေးသူ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုမှာ တာဝန်ရှိကြောင်း တင်ပြလိုက်ပါသည်။

Post by: People Development for Knowledge
Photo by: မြ၀တီ
လက်ပံတောင်းတောင် မီးလောင်ဗုံးကိစ္စ အဓိကတရားခံ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို(အရေးကြီး လက်ဆင့်ကမ်း Share ပေးရန်)

တန်ဆောင်မုန်းလပြည့်နေ့ညက ဖြစ်ပွားခဲ့သော
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား ငြိမ်းချမ်းစွာဆန္ဒပြနေသော ရဟန်းသံဃာအပါအ၀င် ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းမှုပုံစံဖြစ်ပေါ်သည့်ကိစ္စတွင် အဓိကတာဝန်အရှိဆုံးလူမှာ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုဖြစ်ကြောင်းသိရှိရသည်။ အစိုးရအဖွဲ့ သမ္မတရုံးမှ လက်ပံတောင်းတောင်ကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနအား ဖြိုခွဲရှင်းလင်းရန် တာဝန်ပေးအပ်ထားသော်လည်း ရဲတပ်ဖွဲ့ဝင်များ၏ လုပ်နည်းကိုင်နည်း မကျွမ်းကျင်မှု နည်းစနစ် မသေချာမှု နှင့် ကြိုတင်ပြင်ဆင်လေ့ကျင့်ခြင်းများ အားနည်းခဲ့သောကြောင့် အရုပ်ဆိုးအကျည်းတန်သည့် အကြမ်းဖက်နှိမ်နှင်းမှုပုံစံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြသူများအား ဖြိုခွဲရှင်လင်းရာတွင် လုပ်ကိုင်နည်းအဆင့်ဆင့်ဖြစ်သည့် (၁)ဆန္ဒပြသူများအား မိုက်ခ် များ အော်လံများဖြင့် သတိပေးခြင်း (၂) အတွင်းစည်းအပြင်စည်းတားခြင်း (၃) ထပ်မံသတိပေးခြင်း (၄) အင်အားပြင်းရေပိုက်အသုံးပြုပြီး လူစုခွဲခြင်း (၅) မျက်ရည်ယိုဗုံးများ၊ မီးခိုးဗုံးများခွဲပြီး လူစုခွဲခြင်း (၆) အဓိကခေါင်းဆောင်များကို ဖမ်းဆီးခြင်း (၇) ဒါဏ်ရာရရှိသူများအား သက်ဆိုင်ရာဆေးကုသမှုပေးခြင်း (၈) လူစုခွဲလုပ်ငန်းပြီးဆုံးခြင်းဟူ၍ အကျဉ်းဖျင်းအဆင့်များရှိပါသည်။ အဆင့် (၄) အထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သော်လည်း အဆင့်(၅) စတင်ချိန်တွင် စမ်းသပ်လေ့ကျင့်ထားခြင်းမရှိသော ဖော့စ်ဖောရပ်စ်ပါဝင်သော မီးခိုးဗုံးများဖြင့် ပစ်ခတ်ခဲ့ရာမှ အဆိုပါဖော့စ်ဖောရပ်စ်မှာ လေနှင့်ဓါတ်ပြုပြီး ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ဓါတ်ပေါင်းများကို မီးလောင်ကျွမ်းစေသဖြင့် အဆင့်(၄)တွင် ရေဖျန်းခံထားရသော လူ၊ ရွက်ဖျင်တဲများနှင့် ပစ္စည်းများကို မီးလောင်ကျွမ်းခြင်း ဖြစ်ပေါ်ခဲ့ရသည်။ အဆိုပါ အဆင့်(၅)တွင် မမျှော်လင့်ဘဲ မီးတောက်မီးလျှံများ ဖြစ်ပေါ်ခဲ့သဖြင့် ဘာဆက်လုပ်ရမည်မသိဘဲ ကြောင်ငေးကြည့်နေခဲ့ရကြောင်းကို အဆိုပါဖြစ်စဉ်တွင် ပါဝင်သည့် အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးက PDK နှင့် ဖုန်းဆက်သွယ်ရာတွင် ပြောကြားခဲ့သည်။ အဆိုပါ ရဲအရာရှိက မိမိတို့မှာ ရခိုင်ပြည်နယ်ဖြစ်စဉ်တွင် အသုံးပြုခဲ့သော မီးခိုးဗုံးများဟုသာ ယူဆသဖြင့် ဆန္ဒပြနှိမ်နှင်းရေးအဆင့်များအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မမျှော်လင့်ဘဲ မီးများထလောင်ခဲ့သဖြင့် ကြောင်ငေးကြည့်နေရပြီး နောက်ပိုင်းအဆင့်များကို အောင်မြင်စွာမဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့မီးများလောင်ကျွမ်းသဖြင့် သံဃာတော်များ ဒဏ်ရာအနာတရ ရခဲ့မှုများရှိသည်ကို သိရှိရသဖြင့် ၀မ်းနည်းရပါကြောင်း ပြောဆိုသွားသည်။ သို့ဖြစ်၍ လက်ပံတောင်းတောင် ဆန္ဒပြမှု လူစုခွဲရေးစီမံချက်သည် အထက်မှ အောက်ခြေအဆင့်အထိ ကောင်းမွန်စွာ ကြီးကြပ်ကွပ်ကဲနိုင်မှုမရှိခြင်း၊ အောက်ခြေတွင် အသုံးပြုသော လက်နက်ပစ္စည်းများအကြောင်း မသိရှိပဲ လွဲမှားစွာအသုံးပြုခဲ့မိခြင်း၊ အဓိကရုန်းနှိမ်နှင်းရေးနည်းလမ်းများကို အခြေအနေနှင့်အညီ သင့်တော်အောင် အမိန့်မပေးနိုင်ခြင်းများကြောင့် အရုပ်ဆိုးအကျည်းတန်ခဲ့ရပြီး လုပ်ပိုင်ခွင့်ရှိသူနှင့်ပစ်မိန့်ပေးသူ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုမှာ တာဝန်ရှိကြောင်း တင်ပြလိုက်ပါသည်။

Post by: People Development for Knowledge
Photo by: မြ၀တီ




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

တောင်အာဖရိကမှာ Boipatong massacre ကြီး၊ ဖြစ်ပွားခဲ့စဉ်က



တောင်အာဖရိကမှာ Boipatong massacre ကြီး၊ ဖြစ်ပွားခဲ့စဉ်က (ဆောင်းပါးကောက်နှုတ်ချက်)


တောင်အာဖရိကမှာ မင်ဒဲလားနဲ့ လူဖြူအစိုးရအကြား စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် အကောင်အထည် ဖော်နေဆဲကာလဖြစ်တဲ့ (၁၉၉၂) ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့မှာ Boipatong massacre ကြီး ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနေ့မှာ သမိုင်းဝင် တောင်အာဖရိက လူထုအရေးတော်ပုံကြီးတခုဖြစ်တဲ့ Soweto uprising နှစ်ပတ်လည် အခမ်းအနားကို တောင်အာဖရိကအမျိုးသားကွန်ဂရက် (အေအင်စီ) က ဦးစီးပြီး ကျင်းပခဲ့ပါတယ်။ စေ့စပ် ဆွေးနွေးရေး ဖြစ်စဉ်ကို အကောင်အထည်ဖော်ဆောင်ခြင်းဆိုတာ ပြီးဆုံးသွားခဲ့တဲ့ အတိတ်ကို ပြည်ဖုံးကားချခြင်း မဟုတ်ပါ။ ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာတွေအတွက် အပြန်အလှန် ခွင့်လွှတ်နားလည်မှုယူပြီး၊ အနာဂတ်မှာ တိုင်းပြည်ကောင်းကျိုး ရရှိရေးအတွက် မတူညီသောသဘောထားအမြင်များကို ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်းသာ ဖြစ်ပါတယ်။


ဒါကြောင့် တောင်အာဖရိက နိုင်ငံရေးဦးဆောင်ပါတီဖြစ်တဲ့ အေအင်စီက စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ကို အကောင် အထည် ဖော်နေဆဲမှာပဲ အတိတ်က ဖြစ်ပွားခဲ့တဲ့ လူထုအရေးတော်ပုံများရဲ့ နှစ်ပတ်လည် အခမ်းအနားများကိုလဲ ဆက်လက်ကျင်းပခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် ဒီလိုအခမ်းအနားကျင်းပမှုအပေါ်မှာ အစိုးရဘက်က ခေါင်းမာသူအချို့နဲ့ Inkatha Freedom Party (IFP) တို့က အခွင့်ကောင်းယူခဲ့ကြပါတယ်။ Inkatha Freedom Party (IFP) ဆိုတာက အေအင်စီအဖွဲ့ဝင်ဟောင်း Mangosuthu Buthelezi က မင်ဒဲလား မလွတ်မြောက်လာမီခင်ကတည်းက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အေအင်စီကနေ ခွဲထွက်ပြီး တည်ထောင်ထားတဲ့အဖွဲ့ဖြစ်ပါတယ်။ Boipatong မှာရှိတဲ့ IFP တက်ကြွလှုပ်ရှားသူတွေက နှစ်ပတ်လည် အခမ်းအနားကျင်းပနေတဲ့ အေအင်စီအဖွဲ့ဝင်များကို တိုက်ခိုက်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်များအပါအ၀င် အေအင်စီအဖွဲ့ဝင် (၃၉) ဦး သေဆုံးသွားပါတယ်။ Boipatong massacre ဖြစ်ပွားပြီးချိန်မှာ ဒီလိုတိုက်ခိုက်တဲ့ IFP ကို အစိုးရက လက်နက်နဲ့ ငွေကြေးထောက်ပံ့နေတယ်လို့ သတင်းတွေ ပေါ်ထွက်လာတာကြောင့် အေအင်စီအဖွဲ့ဝင်များနဲ့ IFP အဖွဲ့ဝင်များအကြားမှာ တင်းမာမှုတွေက ပိုပြီး ပြင်းထန်လာပါတယ်။


လူထုခေါင်းဆောင် မင်ဒဲလားက အစိုးရတာဝန်ရှိသူတွေကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့ ဒီ Boipatong massacreကို လက်ပိုက်ကြည့်မနေခဲ့ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်းများကို ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲပြင်ဆင်ပြဌာန်းရန်၊ ညင်သာသော ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်ပေါ်လာရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်ရန်နှင့် တိုင်းပြည်၏ ပထမဦးဆုံးသော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရေးအတွက် ပြင်ဆင်ရန်ဦးတည်ချက်များနဲ့ ကျင်းပနေတဲ့ ညီလာခံကြီးဖြစ်တဲ့ Convention for a Democratic South Africa (CODESA) ထဲကနေ အေအင်စီကို ချက်ချင်းဆွဲထုတ်လိုက်ပြီး၊ သူ့ပြည်သူတွေကို လုံခြုံရေးပေးဖို့နဲ့ အစိုးရကိုယ်တိုင်ကျူးလွန်တဲ့ ဒီအကြမ်းဖက်ကို စုံစမ်းအရေးယူပေးဖို့ နိုင်ငံတကာကို တောင်းဆိုခဲ့ပါတယ်။ မင်ဒဲလားရဲ့ တောင်းဆိုမှုကြောင့် ကမ္ဘာ့ကုလသမဂ္ဂက မစ်ရှင် ဖွဲ့ပြီး စုံစမ်းမှု ပြုလုပ်ခဲ့ပါတယ်။ ယူအင်မစ်ရှင်ဟာ နိုင်ငံတွင်းမှာ National Peace Accord က ဖွဲ့စည်းထားတဲ့ Goldstone Commission လို့ လူသိများသော စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ အတူ တွဲဖက်ပြီး၊ အများပြည်သူကို အကြမ်းဖက်မှုနဲ့ နှောင့်ယှက်မှုတွေကို စုံစမ်းပါတယ်။ အစိုးရအာဏာပိုင်ရဲ့ ဘက်တော်သားတွေ ပါဝင်နေကြောင်း တွေ့ရှိခဲ့ပြီး၊ ကော်မရှင်အစီရင်ခံ ထုတ်ပြန်ခဲ့တာကြောင့် အစိုးရရဲ့ အာဏာအလွဲ သုံးစားလုပ်မှုတွေကို လျှော့ချနိုင်လာနိုင်ပါတယ်။


ခင်မမမျိုး


(၂၀၁၁ခုနှစ်၊ အောက်တိုဘာလတွင် စာရေးသူ ရေးသားဖြန့်ဝေခဲ့သော "တောင်အာဖရိက စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်" စာတမ်းမှ ပြန်လည်ကောက်နှုတ်တင်ပြခြင်း ဖြစ်ပါသည်)
 





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

“လက်ပံတောင်း နောက်ဆက်တွဲ အစိုးရတွင်း ဂယက်”

 “လက်ပံတောင်း နောက်ဆက်တွဲ အစိုးရတွင်း ဂယက်”

သမ္မတရုံးနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းတွေဆီက ပေါက်ကြားလာတဲ့ သတင်းအပိုင်းအစလေးပါ။

လက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်လို့ သပိတ်စခန်းတွေ ဖယ်ရှားဖို့ သမ္မတရုံးက ညွှန်ကြားချက် ထုတ်လိုက်တာ ဖြစ်ပေမယ့် အောက်ခြေပိုင်းက အပေါ်က ခိုင်းတာထက် ပိုပြီး ပြင်းပြင်းထန်ထန် လုပ်တယ်လို့လည်း သတင်းတွေ ထွက်လာပါတယ်။

တာဝန်အရှိဆုံးသူက သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းလို့လည်း အစိုးရနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။ အကြောင်းကတော့ လက်ပံတောင်းဒေသကို ဦးအောင်မင်း သွားရောက်ခဲ့ပြီး သပိတ်ခေါင်းဆောင် မသွဲ့သွဲ့ဝင်း အပါအ၀င် ဆန္ဒပြ ခေါင်းဆောင်တချို့နဲ့ စကားအခြေအတင် ဖြစ်ခဲ့တာကြောင့်လို့လည်း ဆိုပါတယ်။

တဖက်မှာလည်း စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေး (ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သာအေး) ကလည်း ယခင်ကတည်းက လက်ပံတောင်းတောင် သပိတ်မှောက်တဲ့ သူတွေကို ပြင်းပြင်းထန်ထန် အရေးယူချင်ပေမယ့် သမ္မတရုံး အမိန့်မရလို့ မလုပ်ခဲ့ရတာဖြစ်ပြီး တကယ်လည်း အရေးယူပါလို့ အမိန့်ရလာတဲ့အခါ လိုအပ်တာထက် ပိုပြီးတော့ ကြမ်းကြမ်းတမ်းတမ်း ဖြိုခွဲပစ်လိုက်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

လက်ရှိ လက်ပံတောင်းတောင်ကိစ္စ ကိုင်တွယ်မှုကြောင့် သမ္မတရုံးမှာလည်း အတော် ပျားပန်းခတ်ဖြစ်နေတယ်လို့ သိရပါတယ်။ အစည်းအဝေးတွေ ဆက်တိုက်လုပ်ပြီး ဘယ်လို ဖြေရှင်းရမလဲဆိုတာကို ခေါင်းချင်းဆိုင် အဖြေရှာနေကြတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ ကိစ္စနဲ့ပတ်သက်တဲ့ သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ပထမ ထုတ်ပြန်ထားတဲ့ ကြေညာချက်ကိုလည်း နာရီပိုင်းအတွင်း ပြန်လည် ရုပ်သိမ်းသွားတာ သတိထားမိကြမယ် ထင်ပါတယ်။

သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက နုတ်ထွက်စာ တင်ဖို့လည်းရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ သမ္မတ ဦးသိန်းစိန်ကတော့ သူတည်ဆောက်ထားသမျှ ယုံကြည်မှုတွေနဲ့ ပတ်သက်လို့ မျက်နှာပျက်ခဲ့ရလို့ အတော် စိတ်ဆင်းရဲနေတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင်ကိစ္စ နဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးကို ဖယ်ရှားမလားဆိုတဲ့သုံးသပ်ချက်တွေရှိသလိုဒီလိုဖယ်ရှားခြင်းဖြင့်လည်း ဒေါသထွက်နေတဲ့ ပြည်သူကို
 နှစ်သိမ့်ပေးနိုင်မလားဆိုတဲ့ သတင်းတွေကလည်း သမ္မတရုံးနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းမှာ အတော်ကို ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့ သတင်းတွေဖြစ်ပါတယ်။

လက်ပံတောင်း လုံခြုံရေး ရဲများ (ဓာတ်ပုံ - မုန်ရာ/ဧရာဝတီ)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ဒါမှ အမေ့သမီး !


 
လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားလို့ အကြိမ်ကြိမ် ခေါ်ယူစစ်ဆေးခံ၊ အကျဉ်းကျခံရတဲ့ မသွဲ့သွဲ့ဝင်း။  လူအများကျလောက်အောင် မူယာမာယာ စကားပြောကောင်းလှတဲ့ ပလီစိချောက်ချက် ဝန်ကြီးအောင်မင်းကို ကောင်းကောင်း ပညာပေးလိုက်နိုင်ခဲ့တဲ့ မသွဲ့သွဲ့ဝင်းက သူချစ်တဲ့မေစုကို အားကိုးတကြီး ပွေ့ဖက်ထားစဉ်။

 (30-11-2012) — with Jar Moon. Facebook မ




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

သီတဂူဆရာတော် ဦးဥာဏိဿရ

 
 သီတဂူဆရာတော် ဦးဥာဏိဿရ သည်နိုဝင်ဘာလ ၃၀ ရက်နံနက် ၉နာရီခွဲခန့် မှ နံနက်
၁၀ နာရီခန့် အထိ မုံရွာပြည်သူ့ ဆေးရုံကြီး ၀င်းအတွင်းရှိ စိန်ကြည် သံဃာ့ ဆေးရုံ ကြီးတွင်
ဆေးကုသမှုခံယူနေသော သံဃာတော်များ ကို လာရောက်ကြည့် ရှုကာ အားပေးစကား
ပြောသွားကြောင်းသိရှိရပါသည်
"ဆရာတော် ကြီးက ဒဏ်ရာရတဲ့  သံဃာတော်တွေကို အားပေးစကားပြောသွားတယ်။လိုရင်းတိုရှင်း ပါဠိ စကားပြောသွားတယ်။အဲဒါက မှတ်သားစရာကောင်းတယ်။

လူမိုက်တို့ဟာ ကံအရှိန်ရှိနေသေးသ၍ မကောင်းမှုကို ပျားသကာလို ချိုမြိန်နေတုန်းပါပဲလို့ အဓိပ္မာယ် ရတဲ့  ပါဠိစကားပါပဲ။ သံဃာတော်တွေရဲ့ဒဏ်ရာတွေကို ကြည့်ရှုပြီးတော့  ယမမင်းပေးတဲ့  ရေနဲ့ ပက်ဖျန်းခံခဲ့ရတာလို့  မိန့်ကြားခဲ့ပါတယ်။" ဟူ၍ မုံရွာပြည်သူ့ ဆေးရုံကြီးဝင်းအတွင်းရှိ စိန်ကြည် သံဃာ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော သံဃာတစ်ပါးဖြစ်သည့်
အရှင် အာစာရမှ မိန့် ကြားခဲ့သည်။ ELeven Media Group    Facebook မှ
 

 ဒီသင်္ကန်းကို သေချာသိမ်းထားပါ ။ ကမ္ဘာကျော်မဲ့ သင်္ကန်းတွေ ဖြစ်ပါတယ် ။ ငါ့မှာတောင် ဒီလို သင်္ကန်းမရှိဘူး တန်ဖိုးဖြတ်လို့မရဘူးဟု မိန့်တော်မူကာ မီးကျွမ်းနေတဲ့ သင်္ကန်းတွေကို သေချာစွာ ကြည့်ရှု့နေတော်မူပုံ။

သတင်းနှင့် ဓာတ်ပုံ - သလ္လာဝတီတိုင်မ်း





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

မှတ်ကျောက်

 
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

လက်ပန်းတောင်းအရေး စုံစမ်းစစ်ဆေးဖို့ ဒေါ်စုတောင်းဆို

 
 စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒ ထုတ်ဖေါ်ကြတဲ့ သပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့သောကြာနေ့မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ် ကန့်ကွက်နေကြတဲ့ ဒေသခံလူထုနဲ့ အတူ သံဃာတော်တွေကိုပါ လုံခြုံရေးတပ်ဖွဲ့က ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့တာနဲ့ပတ်သက်ပြီး မုံရွာမြို့မှာ ကျင်းပခဲ့တဲ့ လူထုနဲ့တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်း စုကြည်ကအခုလို ပြောဆိုလိုက်တာပါ။

“ဘယ့်လို့ကြောင့် ဒီ့လောက်တောင်မှ ကြမ်းကြမ်းတမ်းတမ်း လုပ်ရတာလဲလို့ ကျမတို့ပြည်သူတွေ မေးပိုင်ခွင့်ရှိတယ်လို့ ကျမယုံကြည်ပါတယ်။ ကျမကလည်း ဒီမေးခွန်းကို မေးတာဟာ ပြဿနာရှာချင်လို့ မေးတာမဟုတ်ဘူး။ ပြဿနာရှင်းချင်လို့ မေးတာ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုလုပ်ခဲ့တာလဲ။ ကျမပွင့်ပွင့်လင်းလင်း ပြောမယ်နော်။ ဒီလောက်ဟာ လုံးဝ မလိုအပ်ဘူး။ ဒါပေမဲ့ ကျမ ဒီလိုပြောလို့ ကျမ ပြည်သူတွေကို စိတ်ဆွပေးချင်တာမဟုတ်ဘူးနော်။ ကျမ စိတ်ဆွပြီးတော့ စည်းရုံးတဲ့အလုပ်ကို ဘယ်တော့မှ မလုပ်ဘူး။ ကျမတို့ ပြည်သူတွေအနေနဲ့ စဉ်းစဉ်းစားစားနဲ့ ဆုံးဖြတ်နိုင်အောင်လို့  ဒါကြောင့် ကျမ တင်ပြတာပါ။”

ဒေါ်အောင်ဆန်းစုကြည် မုံရွာလူထုကို ပြောဆိုသွားတာပါ။ ဆန္ဒထုတ်ဖေါ်သူတဦး ကတော့ ပြည်သူလူထုအကျိုးကိုငဲ့ကွက်ပြီး ဒီလက်ပန်းတောင်စီမံကိန်းကို ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းခဲ့သလို ဖျက်သိမ်းစေလိုကြောင်း၊ ဒါပေမဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ အတတ်နိုင်ဆုံး ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း၊ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြတာတွေ ရပ်ဆိုင်းစေလိုတယ်ဆိုရင် သူတို့အနေနဲ့ ရပ်ဆိုင်းပေးမှာဖြစ်တယ်လို့ Reuters သတင်းဋ္ဌာနကို ပြောပြသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး စုံစမ်းရေးကော်မရှင် အမြန်ဆုံး ဖွဲ့စည်းဖို့ အစိုးရကို တိုက်တွန်းသွားမှာ ဖြစ်ကြောင်းနဲ့ သပိတ်စခန်းတွေကို ဖြိုခွဲခဲ့တဲ့ တာဝန်ရှိသူတွေအနေနဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေကို ၀န်ချတောင်းပန်ဖို့ တိုက်တွန်းထားကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုလိုက်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း) 




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

အတုဟာ၊ အတုပဲဟေ့ (ကဗျာ)

 

ရွှေအကြောင်း

ဖယောင်းသက်သေ၊

ဒီမိုကရေစီ အကြောင်း

လူထုလှုပ်ရှားမှုသက်သေ။


အတုဟာ

အတုပဲဟေ့၊

ဘယ်တော့မှ

စစ်မလာဘူး။


ခင်မမမျိုး (၂၉၊ ၁၁၊ ၂၀၁၂)





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ကြယ်စုများပျောက်ဆုံးခြင်းနှင့်မွေးဖွားခြင်း

 


လက်ပံတောင်းတောင်ဆိုတာ
ကြေးနီပဲထွက်တာမဟုတ်ဘူး
အာဇာနည်တွေလဲထွက်တယ်။

ကြည့်လိုက်ကြ

တန်ဆောင်မုန်းလကပြည့်ပြီး
ကမ္ဘာကြီးကို အလင်းပေးထားပေမယ့်
ငရို့ ဆီကအမှောင်ကို ထွန်းညှိပေးခဲ့တာ
လက်ပန်တောင်းတောင်မှာလောင်သွားတ
ဲ့
သံဃာ့အာဇာနည်တွေရဲ့အရေပြားတွေပဲ


သူတို့မှာ

သဝဏ်လွှာမလို
လက်ခုပ်သံမလို
ပန်းစည်းမလို
စင်မြင့်မလို
ဆုတံဆိပ်တွေမလိုဘူး။

အို -- ဖုံးထားတာတွေဖွင့်ကြည့်လိုက်

အသွင်ကူးပြောင်းရေးမှာ တကယ်ကူးပြောင်းသွားတဲ့အသွင်တွေက
တချိန်တုန်းက လင်းလက်ဖူးတဲ့ကြယ်တွေသာ။


(လင်းနွေးအိမ်) နိုဝင်ဘာလ ၂၉ ရက် ၂၀၁၂။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ကိုယ့်အမေကိုယ် မုဒိန်းကျင့်မဲ့ ရဲ

မနေ့မနက် ၈ နာရီခန့် ရဲတပ်ဖွဲ့လက်နက်ကိုင်မျာ နှင့် ကျနော်တို့ ပြည်သူများ အခြေအတင်စကားပြောဖြစ်ခိုက်၊ ကျနော်တို့က အခုလို လူ သံဃာတော် တို့ကို မီးလောင်ဗုံးဖြင့် ပစ်ခတ်ခြင်းကို လုံးဝ မလုပ်သင့်ကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားခိုက် ရဲ တပွင့် နှင့် အရာရှိက ခပ်ရင့် ရင့် ပြန်ပြောသည်။ ငါတို့ က အထက်က ခိုင်းတဲ့ အတိုင်း လုပ်မှာပဲ။ ဘာမှ
လာမပြောနဲ့ ဆိုသည်။

ထိုအခါ ကျနော်လည်း စိတ် ပေါက်ပေါက်ဖြင့် စကား တခွန်း ပြန်အော် ပြောလိုက်သည်။

အဲဒိ အထက်က လူက မင် အမေ ကို မင်း ပြန် မုဒိမ်း ကျင့် စမ်းကွာ ဆို ခင်ဗျား တို့ အမိန့် အတိုင်း လိုက်လုပ်မှာလား ............

လူထု အကြားမှ တောက်ခေါက်သံများ ထွက်လာသည်။

ထို အခါ ထို ရဲ အရာရှိ မျက်နှာလှည့်သွားပြီး ကျောပေးနေပါတော့သည်။





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ဖိတ်ကြားအပ်ပါတယ်



လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း (လုံးဝ) ဖျက်သိမ်းရေး
နိုင်ငံသားတိုင်း ( လူတဦးချင်း )မှာတာဝန်ရှိတယ် တိုက်ပွဲတွင်ပူးပေါင်းပါဝင်
ကြပါ။

လက်ပန်တောင်ကြေးနီစီမံကိန်း(လုံးဝ)ဖျက်သိမ်းရေးကိုဆန္ဒပြပွဲတွင်သံဃာတော်များနှင့်ပြည်သူများကို
မြန်မာနိုင်ငံရဲတပ်ဖွဲ့က မီးခိုးဗုံးများဖြင့်ဖြိုးခ
ွင်းခဲ့ခြင်းအား ကန့်ကွက်ဆန္ဒပြပွဲကိုအောက်ပါအတိုင်း
ကျင်းပမည်ဖြစ်ပါသောကြောင့်ပ
ူးပေါင်းပါဝင်ကြပါရန်-
နေ့ရက်။ ။၂၀၁၂-နိုဝင်ဘာလ(၃၀)ရက်။(သေ
ာကြာနေ့)
အချိန်။ ။ ညနေ-၃-နာရီ မှ ၄-နာရီအထိ။
နေရာ။ ။ရှင်နာဂ၀ါ-မြန်မာသံရုံးရှေ
့ ။
ဂျပန် တိုကျို ။


သတင်း ကိုမျိုးဦး
http://tunwai-states.blogspot.jp/2012/11/blog-post_2426.html





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအား ရပ်ဆိုင်းပေးရန် မကဒတ က တောင်းဆိုလိုက်ခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်
တပ်ဦး
(ကျောင်းသားတပ်မတော်)

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအား ရပ်ဆိုင်းပေးရန် မကဒတ က တောင်းဆိုလိုက်ခြင်း
 
(၁) လူထုဆန္ဒသဘောထားမပါသော ပွင့်လင်းမြင်သာမှုမရှိသော သဘာဝပတ်ဝန်းကျင်နှင့် Aခြေခံ
လူထုဘ၀ထိခိုက်ပျက်ဆီးနေသော လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းရန်အလေးအနက်တောင်းဆိုသည်။
 
(၂) ၂၀၁၂ခုနှစ် နိုဝင်ဘာလ (၂၉) ရက်နေ.တွင် အာဏာပိုင်များဖက်က သံဃာနှင့်လူထု၏ ငြိမ်းချမ်းစွာ
ဆန္ဒဖော်ထုတ်မှုများအား အကြမ်းဖက်ဖြိုခွင်းမှုကို လုံးဝကန့်ကွက်ရှုံ့ချသည်။
 
(၃) ယင်းအကြမ်းဖက်ဖြိုခွဲမှုတွင် ပါဝင်ပါတ်သက်ခဲ့သည့်တာဝန်ရှိသူများအားအရေးယူပေးရန်တောင်းဆိုသည်။
 
(၄) ထို့ပြင် လူထုဆန္ဒသဘောထားနှင့်အညီ သီးခြားလွတ်လပ်သော ကော်မရှင်တရပ်ဖွဲ့စည်းပေး၍ အစီရင်ခံ
စာတစောင်အား လူထုတရပ်လုံးထံ တင်ပြပေးရန် တောင်းဆိုသည်။
 
(၅) ယင်းအကြမ်းဖက်ဖြိုခွဲမှုတွင် ဒဏ်ရာရခဲ့သူများ၊ထိခိုက်နစ်နာသူများအတွက် ဆေးဝါးကုသမှုများနှင့်
ထိုက်သင့်သော လျော်ကြေးပေးမှုများ ပြုလုပ်ပေးရန် တောင်းဆိုသည်။
 
(၆) လက်ပန်းတောင်းတောင်လှုပ်ရှားမှုတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသူများအား ချက်ချင်းပြန်လွှတ်ပေးရန်
တောင်းဆိုသည်။

ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)
နေ့စွဲ။ ။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်

လက်ပန်းတောင်းတောင်သပိတ် အခြေအနေတင်းမာဆဲ

 လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး သပိတ်စခန်းရှိရာ ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ သတင်းယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုသိန်းထိုက်ဦး။ (နိုဝင်ဘာ ၂၈၊ ၂၀၁၂)။
 သောတရှင်များခင်ဗျာ။ ကျနော်တို့ရဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုသိန်းထိုက်ဦးဟာ မုံရွာမြို့နဲ့ မလှမ်းမကမ်း သပိတ်စခန်းတခုမှာ ရောက်နေပါတယ်။ အခု နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှု အခြေအနေကို ကိုသိန်းထိုက်ဦးက သူရောက်နေတဲ့ သပိတ်စခန်းနဲ့ မလှမ်းမကမ်းကနေ တိုက်ရိုက်ပြောပြတာကို ကြားကြရပါမယ်။

မေး။ ။ ကိုသိန်းထိုက်ဦးရေ အခုရောက်နေတဲ့နေရာက သပိတ်စခန်းနဲ့ မလှမ်းမကမ်း ပုဒ်မ ၁၄၄ ထုတ်ထားတဲ့နေရာဆိုတော့ အခု နောက်ဆုံး တွေ့ရ သိရတဲ့အခြေအနေတွေကို တွေ့ရ မြင်ရသမျှ ကျနော်တို့ ပရိသတ် မျက်စိထဲ မြင်အောင် ပြောပြပါအုံးခင်ဗျ။


ဖြေ။ ။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး တောင်းဆိုနေတဲ့ သပိတ်စခန်းတွေ ဖွင့်ထားတဲ့ နေရာ ၆ ခုရှိတဲ့ နေရာတွေကို လုံခြုံရေးတပ်ဖွဲ့တွေ ရောက်နေပါတယ်။ လုံခြုံရေး တပ်ဖွဲ့ ဝင် ကား ၇ စီးလောက် ကျနော် တွေ့နေရပါတယ်။ ဦးတည်ပြီးတော့ သွားနေပါတယ်။ သူတို့ဟာ ဝမ်ပေါင် ကုမ္ပဏီကလည်း သပိတ်စခန်းမှ ဆန္ဒပြသူတွေ ရှိတဲ့နေရာကို လာပြီးတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဘယ် ညာ နင်းနေတာမျိုး၊ နောက်ပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်ကိုပဲ သပိတ်စခန်း ဖြိုခွဲပေးဖို့၊ သပိတ်စခန်းကို ဖျက်သိမ်းပေးဖို့ တောင်းဆို တာမျိုးတွေပေါ့နော်။ အဲဒါတွေကိုပဲ ထပ်တလဲလဲ ကြေညာနေပါတယ်။


"အဓိက-ကတော့ ဒီ ကြေးနီ သတ္ထုတွင်း တူးဖော်ရေး လုပ်ငန်းကို အကြောင်းပြပြီးတော့ ဆူပူအောင် လှုံ့ဆော်သူတွေဆိုပြီးတော့ ထပ်တလဲလဲသုံးတာဖြစ်တဲ့ အတွက်ကြောင့် အင်အားသုံး ဖြေရှင်းမယ့် သဘောမျိုး ရည်ညွှန်းပြောဆိုတာမျိုးတွေ အခြေအနေတွေက တွေ့နေရပါတယ်ခင်ဗျ။


"အခု ကျနော်ရောက်နေတဲ့အချိန်မှာ တော်တော်လည်း မှောင်နေပါပြီခင်ဗျ။ လမ်းမှာတော့ သူတို့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဖို့ စကားပြောစင်တွေ၊ NLD အလံ ထောင်ထားတဲ့နေရာတွေ ကျနော်တို့ တွေ့တယ်။ နောက်ပြီးတော့ ဝမ်ပေါင် တရုတ်ကုမ္ပဏီရဲ့ရှေ့မှာ သပိတ်စခန်းဖွင့်ပြီးတော့ သံဃာတော်တွေလည်း တော်တော်များများတွေ့ပါတယ်။ အခု ကျနော်နဲ့ ကိုကျော်ကျော်သိန်းနဲ့ မပြောခင် မိနစ်ပိုင်းကပဲ မုံရွာက သံဃာတော်တွေ ထပ်ပြီးတော့ ရောက်လာပါတယ်ခင်ဗျ။ ကျနော် တွေ့နေရတာကတော့ သံဃာတော် အပါး၂၀၀ လောက် ရှိပါတယ်။ ဒေသခံတွေလည်း တော်တော်များပါတယ်ခင်ဗျ။"


မေး။ ။ သပိတ်မှောက်သူတွေ- ဒေသခံတွေရော၊ ဆန္ဒပြသူတွေရောဆိုရင် စုစုပေါင်း လူဦးရေ ဘယ်လောက်ရှိနေမယ်လို့ ခန့်မှန်းရလဲ။


ဖြေ။ ။ ကျနော်တွေ့ရသလောက်တော့ ၃၀၀ ကျော်လောက် ရှိပါလိမ့်မယ်ခင်ဗျ။ ဒါပေမဲ့ သူတို့ နေရာတွေကို ဖြန့်ထားတယ်လို့ ပြောပါတယ်။ ကျန်တဲ့အင်အားစုတွေလည်း အများကြီး ရှိနေသေးတယ် ဆိုပြီးတော့ ဆန္ဒပြသူတွေက ပြောပါတယ်ခင်ဗျ။ ဒါပေမဲ့ နေရာတွေကို ခွဲပြီးတော့ ဖွင့်ထားတယ်လို့ ပြောပါတယ်။ ကျန်တဲ့အင်အားစုတွေလည်း အများကြီးရှိသေးတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ အခု ကျနော် ရောက်နေတဲ့နေရာကတော့ သူတို့ရဲ့အဓိက သပိတ်စခန်းပေါ့နော်။


မေး။ ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်က သပိတ်စခန်းကို လာမယ်လို့ ပြောတယ်။ အခု ကိုသိန်းထိုက်ဦးရောက်နေတဲ့ သပိတ်စခန်းကို ဒေါ်အောင်ဆန်းစုကြည် လာမှာလား၊ ဘယ်နေ့ ဘယ်အချိန် ရောက်မယ်လို့ သိထားပါသလဲခင်ဗျ။


ဖြေ။ ။ ကျနော်တို့ သိသလောက်တော့ မနက်ဖြန် နေ့ခင်းပိုင်းမှာ လာပြီးတော့ ဒေသခံတွေနဲ့ တွေ့မယ်လို့ သိထားပါတယ်ခင်ဗျ။ အသေးစိတ်ကတော့ NLD အဖွဲ့ဝင်တွေက တရားဝင် ထုတ်ပြန် တာမျိုးတော့ မရှိပါဘူး။ အခုဆိုလို့ရှိရင် ဒေသခံတွေက ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတော့ ကြိုဆိုရေးအတွက် တော်တော်လေး ပြင်ဆင်ထားကြတာကို တွေ့ရပါတယ်ခင်ဗျ။


မေး။ ။ ဒီသပိတ်စခန်းတွေနဲ့ပတ်သက်ပြီးတော့ မနေ့ကနဲ့ ညဘက် နိုင်ငံပိုင် မီဒီယာကနေပြီးတော့ သပိတ်စခန်းတွေကိုဖျက်သိမ်းဖို့ အတွက်ဆိုပြီးတော့ သူတို့ အမိန့်ထုတ်ပြီး ကြေညာပါတယ်။ ပြည် ထဲရေး ဝန်ကြီးဌာနကပေါ့နော်။ မဖျက်သိမ်းရင် တည်ဆဲဥပဒေတွေအရ အရေးယူမယ်လို့လည်း ပဲ ပြောထားပါတယ်။ ဒီနေ့ သတင်းစာတွေထဲမှာလည်းပဲ ပါပါတယ်။ ကိုသိန်းထိုက်ဦး ဒီနေ့ သပိတ် စခန်းမှာ ကိုယ်တိုင် ရောက်နေတယ်ဆိုတော့ အဲဒီကြေညာချက်ထွက်ပြီး နောက်ပိုင်း ဆန္ဒပြနေ သူ တွေရဲ့ စိတ်ခံစားမှု၊ တွေ့ရတဲ့အခြေအနေ၊ ရှေ့ကို ဘယ်လိုဆက်သွားမယ်ဆိုတဲ့ အနေအထားမျိုး ဘာတွေများ ကိုသိန်းထိုက်ဦး လေ့လာတွေ့ရှိရပါသလဲ။


ဖြေ။ ။ ဟုတ်ကဲ့။ ဒီလို သတိပေးချက် ထွက်လာတဲ့အတွက် အင်အားသုံးပြီးတော့ ဖြေရှင်းတာမျိုး၊ သပိတ်စခန်းတွေကို အတင်းအကျပ် ဖယ်ရှားတာမျိုး လုပ်မယ်ဆိုရင် ဘယ်လို တုံ့ပြန်မလဲဆိုပြီးတော့ ဆန္ဒပြ ဆရာတော်တပါးဖြစ်တဲ့ ဆရာတော် ဦးဇဝနကို ကျနော်က မေးမြန်းကြည့်တော့ ဆရာတော်က အခုလို မိန့်ကြားပါတယ်ခင်ဗျ။


“သူတို့ အင်အားသုံးပြီးတော့ အကြမ်းဖက်ပြီးတော့ နှိမ်နင်းမယ်ဆိုရင် ဦးဇင်းတို့အနေနဲ့ မေတ္တာတရား ရှေ့ထားပြီးတော့ သူတို့ရဲ့ရှေ့မှာပဲ ဦးဇင်းတို့က ထိုင်ပြီးတော့ မေတ္တာပွားပေးမယ် ပေါ့နော်။ ရိုက်ချင် လည်းရိုက်၊ နှက်ချင်လည်းနှက်- ဆွဲချင်လည်းဆွဲပေါ့။ ဦးဇင်းတို့က မေတ္တာတရားနဲ့ပဲ တုံ့ပြန်မှာပါ။ ကျန်တာဘာမှ အကြမ်းဖက်တဲ့နည်း မသုံးပါဘူး။


ဖြေ။ ။ ဒါကတော့ ဆရာတော် ဦးဇဝန မိန့်ကြားသွားတာပါခင်ဗျ။


မေး။ ။ အခုနက ကျနော်တို့ ပြောခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အမိန့်ပေါ့လေ။ အဲဒီအမိန့်နဲ့ပတ်သက်ပြီးတော့ရော ဆန္ဒပြသူတွေဘက်က ဘယ်လို တုံ့ပြန်သဘောထားမျိုး ကြားရပါသလဲ။


ဖြေ။ ။ ဆန္ဒပြသူတယောက်ဖြစ်တဲ့ မသွဲ့သွဲ့ဝင်းကို ကျနော် မေးကြည့်ပါတယ်ခင်ဗျ။ သူတို့ဘက်က သဘောထားကို သူက အခုလို ပြောပါတယ်။


“ပြည်ထဲရေးဝန်ကြီးဌာနအပေါ်မှာတော့ ကျမတို့က လုံးဝ ကျေနပ်မှုမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အာဏာပိုင်နဲ့ ဝမ်ပေါင်ကုမ္ပဏီနဲ့ပေါင်းပြီးတော့ ကျမတို့အပေါ်ကို မတရားအနိုင်ကျင့်နေတာ။ အဲဒီအချိန်ကာလမှာ ဒီ ပြည်ထဲရေးဝန်ကြီးတွေကနေပြီး ကျမတို့ ဒေသခံတွေမှာ ဘယ်လောက် ဆုံးရှုံးနစ်နာမှုရှိသလဲ၊ ဘယ်လောက်ထိအောင် ခံစားရသလဲ၊ ဘယ်လောက်ကြီးအထိ ဖြစ်ပျက် နေ သလဲ၊ ဘယ်လိုကြောင့်မို့လို့ မဖြစ်နိုင်တာတွေကို ပြောနေတာတွေလဲဆိုတာတွေကို ဘာတခုမှ တစုံတရာ မမေးလာဘဲနဲ့ ကျမတို့ ဒေသခံတွေအပေါ်ကို တဖက်စီးနင်း ဥပဒေတွေ ထုတ်နေတာ ကိုတော့ ကျမတို့ ဒေသခံတွေ၊ သပိတ်မှောက်တဲ့လူတွေအတွက်ကတော့ ကျေနပ်မှု တစုံတရာ လုံးဝမရှိဘူး။”


မေး။ ။ ကိုသိန်းထိုက်ဦးအနေနဲ့ လုံခြုံရေးတာဝန်ရှိသူကိုသော်လည်းကောင်း၊ ကုမ္ပဏီတာဝန်ရှိသူကို သော်လည်းကောင်း၊ မြန်မာဦးပိုင်ကိုသော်လည်းကောင်း တာဝန်ရှိသူ တဦးဦးနဲ့ တွေ့ဆုံခွင့်၊ မေးမြန်းခွင့်ရော ရပါသလားခင်ဗျ။


ဖြေ။ ။ လောလောဆယ်တော့ ကျနော် တွေ့ခွင့်မရသေးဘူးခင်ဗျ။ တွေ့ခွင့်ရဖို့တော့ ကြိုးစားနေတယ်။ ကျနော် ရောက်နေတာ အခု ဝမ်ပေါင်ကုမ္ပဏီရဲ့ရှေ့မှာလေ။ သူတို့က ညနေငါးနာရီလောက်က စပြီးတော့ သူတို့လည်း ပိုစတာကြီးတွေ ပြန်ပြီးတော့ ချိတ်ထားတယ်။ အဲဒါကတော့ တရားဥပဒေ စိုးမိုးမှုက ရင်းနှီးမြှုပ်နှံမှုရဲ့အသက်ဖြစ်တယ်။ တရားဥပဒေစိုးမိုးမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင် အကာအကွယ်ပေးရမယ်ဆိုပြီးတော့ ပိုစတာကြီးတွေချိတ်ပြီးတော့ ကုမ္ပဏီရှေ့ကနေ တုံ့ပြန် ထားပါတယ် ခင်ဗျ။ နောက်ပြီးတော့ ဒီစီမံကိန်းနဲ့ပတ်သက်လို့ အကဲဖြတ်တဲ့ ကော်မီတီ တရပ် ဖွဲ့စည်းပြီးတော့ ဒီရလဒ်အပေါ်မှာ သမ္မတက ဆုံးဖြတ်တဲ့အခါမျိုးမှာ ဧရာဝတီမြစ်ဆုံလို ဆုံးဖြတ်ချက် ချတာမျိုး ဖြစ်မှာကို စိုးရိမ်တယ်ဆိုပြီးတော့ ကုမ္ပဏီဘက်က တုံ့ပြန်ပြောဆိုတာမျိုးတွေ လည်း ပြည်တွင်းထုတ် ဂျာနယ်တွေမှာ တွေ့ရပါတယ်။


ဒီ ကြေးနီသတ္ထုတွင်းတူးဖော်ရေး စီမံကိန်း ရပ်တန့်မယ်၊ မရပ်တန့်ဘူးဆိုတာကတော့ ဘယ်သူမှ ကံသေ၊ ကံမ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့လည်း ဒေသခံတွေကတော့ သူတို့ဒေသမှာ သမိုင်းကြောင်းအရ ရှိနေတဲ့၊ ပထဝီဝင် အနေအထားအရ ရှိနေတဲ့တောင်ကြီးတွေ၊ တရုတ်နဲ့ဖက်စပ်ကုမ္ပဏီ တူးဖော်ရေးလုပ်ငန်းတွေကြောင့် ပျောက်ပျက်သွားမှာကို သူတို့ စိုးရိမ်နေကြပါတယ်ခင်ဗျ။ 


မုံရွာနဲ့မလှမ်းမကမ်း ကြေးနီတောင်စီမံကိန်း ဆန့်ကျင်ရေးသပိတ်စခန်းဆီရောက်နေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို ဆက်သွယ်မေးမြန်းခဲ့တာပါ။ သပိတ်စခန်းရဲ့နောက်ဆုံး အခြေအနေ ကတော့ လုံခြုံရေးတပ်ဖွဲ့တွေ ရောက်လာပြီး ဆန္ဒပြသူတွေကို အော်ဟစ်သတိပေး တာတွေ၊ ခြိမ်းခြောက်တာတွေ ရှိနေတာကြောင့် နောက်ပိုင်း အခြေအနေတွေ ဘယ်လို ဖြစ်လာမယ် ဆိုတာကိုတော့ အတိအကျ မသိနိုင်သေးပါဘူးခင်ဗျာ။ 

ကိုသိန်းထိုက်ဦး ကိုကျော်ကျော်သိန်း 28.11.2012




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

မြန်မာ့ သဘာဝ အလှ







ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

လက်ပန်းတောင်း သပိတ်စခန်းတွေဖျက်ဖို့ အမိန့်ထုတ်

 လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး ဖွင့်ထားသည့် သပိတ်စခန်းများ အနက်မှ တခု။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေးအတွက် သပိတ်စခန်းတွေကို ည ၁၂ နာရီ ကျော် ရင် အဆုံးသတ်ပေးဖို့ အာဏာပိုင်တွေဘက်က ကြေညာပြီးတဲ့နောက်မှာတော့ လက်ပန်းတောင်းတောင် ကျော်ရွာဘက်က သံဃာအများစုရှိတဲ့သပိတ်စခန်းမှာ ရဲတပ်ရင်းတွေနဲ့ သံဃာတွေ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ရဲတပ်ရင်းတွေဘက်က ခေတ္တနောက် ဆုတ်သွားခဲ့တယ်လို့ စုံစမ်း သိရှိရ ပါတယ်။ လက်ပန်းတောင်းတောင် ဒေသရဲ့ နောက်ဆုံး အခြေ အနေကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး ဆန္ဒပြနေတဲ့ သပိတ်စခန်းတွေက သံဃာတွေနဲ့ အာဏာပိုင်တွေဟာ နိုဝင်ဘာလ ၂၇ ရက်နေ့ ညဦးပိုင်းက တင်းမာမှုတွေ ရှိနေခဲ့တာပါ။ သပိတ်စခန်း ထဲက မြန်မာနိုင်ငံဝိဇ္ဇာနဲ့သိပံ္ပ ကျောင်းသားများကွန်ယက်က  ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုသော်ဇင်ပြောပြတာက-

“သူတို့က ကျနော်တို့ရဲ့ အင်အားအနည်းဆုံးဖြစ်တဲ့ ကျော်ရွာဘေးဘက်ကနေပြီးတော့ ထိုးဖောက် ဝင်ရောက်လာတယ်။ ရဲအင်အား ၁၀၀ လောက်ရှိတယ်။ တုတ်တွေ၊ ဒိုင်းတွေနဲ့ပေါ့နော်။ အဲဒီဂိတ်မှာက ဘုန်းကြီးတွေချည့်ပဲရှိတယ်။ သံဃာတွေအကုန်လုံးက တန်းစီထိုင်လိုက်ကြပြီးတော့ သူတို့ မေတ္တာ သုတ်တွေရွတ်တယ်။ ပရိတ်တွေရွတ်တယ်။ ရွတ်ပီးတော့ သူတို့က လုံးဝ မဖယ်ပေးဘူး။ သူတို့ဘေး နားက ကွေ့ပြီးတော့ သွား၊ မသွားရင်လည်း သူတို့ကို ရိုက်ပြီးတော့ သွားရင်သွား ဆိုတဲ့ ပုံစံမျိုး လုပ်နေတယ်။ တခုပဲစိုးရိမ်တယ်။ သူတို့ ရဲတပ်ရင်းအနေနဲ့ တပ် ဆုတ်ပြီးတော့ စစ်တပ်အနေနဲ့ ဝင်လာ မလားဆိုပြီး စိုးရိမ်တာတခု ရှိတယ်။ သူတို့ကလည်း ရများရမလားဆိုပြီး ခြိမ်းခြောက်ကြည့် တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ရွှေ့ပြောင်းခံရတဲ့ ရွာလေးရွာထဲက ဇီးတော ချမ်းမြ ၀တ်ီကျောင်းတိုက်က ဆရာတော် ဦးအာလောက-ကတော့ ၁၂ နာရီကျော်မှာ ရဲတပ်ရင်းတွေ ပြန်ဆုတ် သွားတဲ့ သဘောမျိုး တွေ့ရကြောင်း အခုလို ပြောပြပါတယ်။

“အခုလောလောဆယ်တော့ သပိတ်စခန်းတွေ အားလုံး ငြိမ်သွားတယ်ဗျ။ ၁၂ နာရီလည်း ကျော် သွားပြီ။ ၁၁ နာရီ မကျော်ခင်ကတော့ လော်စပီကာတွေနဲ့အော်တာပေါ့ဗျာ။ ၁၂ နာရီအတွင်းမှာ ထွက်ခွာပေးဖို့၊ လူစုခွဲဖို့ လာပြီး လော်စပီကာနဲ့ အော်သွားတယ်ဗျ။ ကျော်ရွာဘက်က ဂိတ်မှာတော့ သူတို့ရဲအင်အားနဲ့ သံဃာတွေနဲ့ ထိပ်တိုက်တိုးပြီးတော့ လာတိုးတယ်ပေါ့ဗျာ။ ဝမ်ပေါင်ရှိတဲ့ ဘက် ကိုတော့ သူတို့ လော်စပီကာနဲ့ အော်နေတယ်ဗျ။ ၁၂ နာရီနောက်ပိုင်းမှာတော့ လှုပ်ရှားမှုအားလုံး ငြိမ်သက်သွားပါတယ်။ ရဲတွေက လောလောဆယ်တော့ မမြင်ရဘူးဗျ။ တချို့နေရာမှာတော့ ခြုံပုတ်တွေ ဘာတွေထဲတော့ တွေ့ရတယ်လို့ ပြောကြတယ်။ နောက်ဆုတ်သွားတယ်ဆိုပြီး အကြံထုတ်တယ်နဲ့ တူပါတယ်ဗျာ။ ဒီလို အကြမ်းဖက်တဲ့ ပုံစံမျိုးနဲ့တော့ဗျာ-တောနေလူတန်းစားတွေကို မလုပ်ဖို့ရန် ဦးဇင်းတို့လည်း ပြောချင်ပါတယ်။”

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ မုံရွာခရိုင်၊ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေမှာ ဖွင့်ထားတဲ့ သပိတ်စခန်းတွေကို  ၂၇ ရက် နေ့ည ၁၂ နာရီမှာ နောက်ဆုံးထား ဖယ်ရှားပေးဖို့နဲ့ ဖယ်ရှားခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်ဆိုပြီး မြန်မာ့ အသံကနေ ၂၇ ရက်နေ့ည ၈ နာရီ သတင်းမှာ ထုတ်ပြန်ကြေညာသွားပါတယ်။ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီရှေ့က ပင်မ သပိတ်စခန်းမှာ တာဝန်ယူနေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုသောင်းထိုက် ကလည်း နောက်ဆုံးအခြေအနေတွေကို ပြောပြပါတယ်။

“တောင်ကြားထဲမှာရှိတဲ့ စခန်းကတော့ ဘယ်လိုမှ ဆုတ်လို့ မရဘူး။ ဘာလို့လဲဆိုတော့  အဲဒီစခန်းရှိတဲ့ အတွက် အပေါ်က သူတို့ လုပ်ငန်းခွင် လုပ်လို့မရအောင် တားနေတာဆိုတော့ အဲဒီစခန်းကို လုံးဝ အကျခံလို့ မရဘူး။ အဲဒါကြောင့် အဲဒီစခန်းကတော့ အမာခံ ထားရမယ်။ နောက် ဒီစခန်းကလည်း ပင်မစခန်းဖြစ်တဲ့အတွက် နောက်ကို ဆုတ်လို့ မရဘူး။ အပေါ်ကစခန်းမရှိရင် သူတို့ လုပ်ငန်း ပြန် လည်ပတ်လို့ ရတယ်လေ။ အဲဒါကြောင့် သူတို့က အပေါ်ကစခန်းကိုပဲ အဓိကထားပြီး မဲနေတာပေါ့။ အပေါ်စခန်းကို လိုချင်နေတာပေါ့။ ရဲအင်အားက ပထမနေ့က ခန့်မှန်းခြေကတော့ ၅၀၀ လောက် ရှိတယ်။ ဒီနေ့မှာတော့ မသိနိုင်ဘူးလေ။ ကင်းပုန်းတွေ ဘာတွေလည်းယူထားတယ်။ သုံးရက်ရှိပြီ ဆက်တိုက် ရဲအင်အား တနေ့ကို ကား နှစ်စီး၊ နှစ်စီးနဲ့ ပုံမှန်ပို့ပေးနေတယ်။ ဒီတောင်ကြားထဲကိုပေါ့။

တောင်ကြားထဲမှာရှိတဲ့ လယ်တီကျောင်းကိုတော့ သူတို့ ရဲအင်အားနဲ့ ဝိုင်းထားတယ်ပေါ့။ လက်ပန်းတောင်းတောင်မှာရှိတဲ့ ဒေသခံတွေက စီမံကိန်းကြီး မရပ်သေးသရွေ့ကတော့ သူတို့ နောက်ဆုတ်မှာ မဟုတ်ဘူး၊ သပိတ်စခန်းတွေကိုလည်း သူတို့ စွန့်ခွာသွားမှာ မဟုတ်ဘူး။”

၂၆ ရက်နေ့က ရန်ကုန်၊ ဆူလေစေတီအနီးမှာ ဆန္ဒပြခဲ့ကြတဲ့ ဗကသများအဖွဲ့ချုပ် က ကျောင်းသားတွေနဲ့ ကွန်ယက်အသီးသီးက လူငယ် ၆ ဦးကို ပုဒ်မ ၁၈၊ ခွင့်ပြုမိန့်မရပဲဆန္ဒပြမှု၊ ပုဒ်မ ၅၀၅ (ခ) ဆူပူမှုနဲ့ အင်းစိန်းထောင်ကို ပို့လိုက်ပြီးတဲ့နောက်မှာ ဗကသများအဖွဲချုပ်နဲ့ ကွန်ယက် က ကျောင်းသားတွေဟာ ဒုတိယနေ့အဖြစ် ဆက်ပြီး ဆန္ဒပြနေကြပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုဝင်ဘာလ ၂၉ ရက်နေ့မှာ လက်ပန်းတောင်းတောင် စီမံကိန်းကို သွားကြည့် ဖို့ ရှိနေခဲ့တာပါ။ ဆရာတော် ဦးအာလောက- ကတော့ နစ်နာမှုတွေရှိနေတဲ့ လူထုဘက်က ရပ်တည်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို မိန့်ကြား လိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို တတ်နိုင်သောအားဖြင့် ဒီမှာ တောသူတောင်သားတွေ အင်မတန်မှ ဒုက္ခရောက်နေတဲ့အချိန်မှာ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူထုခေါင်းဆောင် ဆိုသည့် အတိုင်း လူထုဘက်ကနေပြီးတော့ ကာကွယ်တားဆီးပေးဖို့ ဦးဇင်းတို့အနေနဲ့ ပြောချင်ပါတယ်။ ညှိနှိုင်းတိုင်ပင် ဆွေးနွေးဖို့ဆိုရင်တော့ လုံးဝ မဖြစ်နိုင်တဲ့အရာပဲ ဖြစ်ပါလိမ့်မယ်။ ညှိနှိုင်းလို့ မဖြစ်နိုင်တဲ့ အကြောင်းရင်းက ဒါဟာ လယ်ယာတွေ ဆုံးရှုံးတယ်ဆိုကတည်းက ဒါဟာ အင်မတန်မှ ထိခိုက်နိုင် ပါတယ်ဗျာ။ ဘိုးဘွားစဉ်ဆက်ကနေ လုပ်ကိုင်လာတဲ့ တောင်သူ လယ်ယာတွေကို အခုလူတွေ လက်ထက်ကျမှ ဆုံးရှုံးရမယ်ဆိုရင် အင်မတန်မှ ထိခိုက် နစ်နာပါတယ်။”

လက်ပန်းတောင်းစိမံကိန်းကို ရပ်ဖိုအတွက် ဒေသခံတွေက ဆနပြခွင့်ကို ပြိးခဲ့၎လကျော်ကစပြိး ၈ကြိမ်ထက်မနည်းတင်ပြခဲ့ပေမဲ့ အာဏာပိုင်တွေဘက်က ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး တင်းကြပ်ထားခဲ့ပြီး ခွင်ပြုမိန့်တောင်းခံတာတွေကို ပယ်ချခဲ့ပါတယ်။ သြဂုတ်လနောက်ပိုင်းမှာ သိမ်းဆည်းခံရတဲ့ လယ်မြေ ဧက ၇,၈၀၀ ကျော်နဲ့ ရွေပြောင်းခံရတဲံ့ရွာ်တွေအတွက် ဒေသခံတွေက နည်းအမျိုးမျိုး ဆန္ဒဖော်ထုတ် ခဲ့ကြတာပါ။

စီမံကိန်းလုပ်နေတဲ့ မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီ လီမိတက်နဲ့ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့ကတော့ စီမံကိန်းဟာ ရပ်တန့်လို့ မရတဲ့ အကြောင်း သတင်းစာရှင်းလင်းပွဲတွေ လုပ်ပြီး ပြောခဲ့ပါတယ်။ ဒီ အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကတော့ စီမံကိန်းကိုရပ်ပစ်ဖို့ ဒေသခံတွေနဲ့ သံဃာတော်တွေ၊ ကျောင်းသားတွေဟာ သပိတ်စခန်း ၆ ခု ဖွင့်လိုက်ခဲ့ကြတာ ဖြစ်ပါတယ်ရှင်။
 မအေးအေးမာ (VOA)



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ဖက်ဆစ် သန်းရွှေ တို့ ကို ထောက်ပံ့ကြေးပေးဖို့ ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုတာကြည့်ခြင်းအားဖြင့် ဖက်ဆစ်အလိုတော်ရိ လွှတ်တော်လို့ ယနေ့မှစ၍ ခေါ်ဝေါ်လို့ရပြီ..

 
ယခင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ယခင် နိုင်ငံတော်တာဝန်ရှိ ပုဂ္ဂိုလ်များ၊ စစ်ဖက်မှအရပ်ဖက်သို့ ကူးပြောင်းခဲ့သည့် ပြည်ထောင်စုအဆင့်ရှိ ပုဂ္ဂိုလ်များနှင့် လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံတော်တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အိမ်အကူ လုပ်သားများ အတွက် ထောက်ပံ့ကြေးတောင်းခံမှု ကို ပြည်ထောင်စုလွှတ်တော် မှ ခွင့်ပြုပေးခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦး က ပြောကြားသည်။

အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိမ်အကူအလုပ်သမားများဖြစ်သည့် ထမင်းချက်ငါးဦး၊ အိမ်အကူငါးဦးနှင့် ဥယျာဉ်လုပ်သားငါးဦးတို့ အတွက် တစ်လကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်းလေးသိန်းခွဲ တစ်နှစ်ကျပ် ၅၄ သိန်းအား လည်းကောင်း၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး အိမ်ရှိ
အိမ်အကူလုပ်သားလေးဦးအတွက် တစ်နှစ်စာလစာငွေ ကျပ် ၄၃ သိန်းနှင့် လက်ရှိနိုင်ငံတော် တာဝန်ထမ်းဆောင်လျက်ရှိသော ပြည်ထောင်စု အဆင့်ရှိ ပုဂ္ဂိုလ်(၁၀၂)ဦး၊ နေပြည်တော်ကောင်စီဝင် ၁၁ ဦး၊ စစ်ဖက်မှအရပ်ဖက်သို့ ကူးပြောင်းခဲ့သည့် နိုင်ငံတော်တာဝန်ရှိ ပုဂ္ဂိုလ် ၆၇ ဦးတို့၏ အိမ်အကူ လုပ်သား(၄၁၇)ဦးအတွက် တစ်ဦးလျှင် တစ်လကျပ်သုံးသောင်းနှုန်းဖြင့် ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးခဲ့သည်။

ယခင်က အငြိမ်းစားနိုင်ငံတော်အကြီးအကဲများနှင့် လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံတာဝန်ရှိ ပုဂ္ဂိုလ်များ၏ အိမ်အကူလုပ်သားများ အတွက် ငွေကျပ်သန်းပေါင်း ၃၁၅.၀၁၀ သန်းကို ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးခဲ့သော်လည်း မလောက်ငသည့်အတွက် ၎င်းပုဂ္ဂိုလ်များ၏ အိမ်အကူ လုပ်သားများအား လစာပေးနိုင်ရန် ၁၉၇.၀၅၂ သန်းကို ထပ်မံတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ နိုင်ငံတော်တာဝန်ရှိပုဂ္ဂိုလ်များ၏အိမ်အကူလုပ်သားများအတွက် ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့သော်
လည်း လက်ရှိနိုင်ငံတော်တာဝန် ထမ်းဆောင်လျက်ရှိသော သမ္မတဦးသိန်းစိန်နှင့် ဒုတိယသမ္မတများမှာ ယင်းခံစားခွင့်များကို ခံစားခွင့်မရှိကြောင်း လွှတ်တော်ကအတည်ပြုခဲ့သည်။

Yangon chronicle




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

မျက်စိကို စစ်ဆေးသင့်သော ထိပ်တန်း အကြောင်းပြချက် လေးရပ်



by nang kha yea on 19.11.2012
လူအများစုက မျက်စိစစ်ဆေးမှုရဲ့ အရေးပါပုံကို သိနားလည်တာမျိုး မရှိကြပါဘူး။  ဒါကြောင့် လူတွေက ကိုယ်ခန္ဓာ ကျန်းမာရေးအတွက် တစ်နှစ်တစ်ကြိမ် စစ်ဆေးမှုနဲ့ သွား၊ ခံတွင်း ကျန်းမာရေးအတွက် ခြောက်လတစ်ကြိမ် စစ်ဆေးမှုတွေကို ပြုလုပ်သလိုမျိုး မျက်စိကျန်းမာရေး အတွက်လည်း ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။ ဒါကြောင့် မျက်စိကို တစ်နှစ်တစ်ကြိမ် စစ်ဆေးမှု ပြုလုပ်သင့်တဲ့ အကြောင်းရင်း လေးရပ်ကို ဖော်ပြလိုက်ပါတယ်။

( ၁) အမြင်အာရုံ ပုံမှန်ရှိရဲ့လား

 မျက်စိအမြင်က ပုံမှန် ရှိ၊ မရှိ သိနိုင်ဖို့ရာအတွက် ပုံမှန် စမ်းသပ် စစ်ဆေးမှုကို ခံယူဖို့ အရေးကြီးပါတယ်။ စိတ်ပျက်စရာ ကောင်းလောက်အောင် ခေါင်းကိုက်တာ၊ တစ်ကိုယ်လုံး ညောင်းညာ နုံးချည့်နေတာ၊ ဇက်ကြောတက်နေတာ စတာတွေ အားလုံးက အမြင်အာရုံကို ပုံမှန်ဖြစ်အောင် ဂရုစိုက်ဖို့ လိုအပ်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် တစ်နေ့မှာ ကွန်ပျူတာ သုံးချိန် နှစ်နာရီကျော်ပြီး အသုံးပြုတဲ့အချိန်မှာ မျက်စိကို လုံးဝအနားမပေးဘဲ မရပ်မနား သုံးတာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီဝေဒနာကိုတော့ ကွန်ပျူတာနှင့် အမြင်ဆိုင်ရာ ရောဂါစု (Computer Vision Syndrome) လို့ ခေါ်ပါတယ်။ ဒီရောဂါစုကို ခံစားရရင် ခေါင်းကိုက်တာ၊ အာရုံစူးစိုက်ရခက်တာ၊ နှစ်ထပ်မြင်တာ၊ မျက်စိ ပူစပ်ပူလောင်ဖြစ်တာ၊ အမြင်ဝေဝါးတာ၊ အလင်းရောင်ကို ခံနိုင်ရည်နည်းတာနဲ့ လည်ပင်းနဲ့ ပခုံးနာတာတွေ ဖြစ်နိုင်ပါတယ်။ ဒီဝေဒနာက ကွန်ပျူတာသုံးချိန် နာရီဝက်ကြာတိုင်း မျက်လုံးကို တစ်မိနစ်ခန့် စုံမှိတ်ပေးတာနဲ့ သက်သာနိုင်ပါတယ်။

(၂) မျက်စိရောဂါများ ရှိနေသလား
 ပြင်းထန်တဲ့ မျက်စိရောဂါအများစုက ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ရေတိမ်အများစုဟာ မျက်စိအမြင်ဆုံးရှုံးမှုကို ဖြစ်စေနိုင်တဲ့ အသံတိတ် မျက်စိရောဂါ ဖြစ်ပါတယ်။ မက်ကူလာ ယိုယွင်းပျက်စီးတာနဲ့ အတွင်းတိမ်ရောဂါတွေက တဖြည်းဖြည်းနဲ့ ဖြစ်လာပေမယ့် အမြင်အာရုံ ပြောင်းလဲလာတာကို သတိမမူမိတာမျိုး ဖြစ်တတ်ပါတယ်။ ဆီးချိုသွေးချိုရောဂါကြောင့် မျက်စိထိခိုက်မှုက ဆီးချိုရောဂါရှိသူတွေမှာ အဖြစ်များပါတယ်။ မျက်စိရောဂါတွေကို စောစောသိအောင် ရှာဖွေစစ်ဆေးတာက အမြင်အာရုံ ကျန်းမာနေဖို့အတွက် အရေးပါပါတယ်။

(၃) ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာရှိနေသလား

 ကလေးတွေမှာ အမြင်အာရုံ ပြဿနာတွေဖြစ်ရင် လေ့လာနိုင်စွမ်းနဲ့ စာပေဖတ်ရှုနိုင်စွမ်းမှာ အခက်အခဲတွေ တွေ့ရတတ်ပါတယ်။ ကြာလာတဲ့အခါ ကလေးတွေရဲ့ မျက်စိဖွံ့ဖြိုးမှုက ပုံမှန်မဟုတ်တော့ဘဲ ပျင်းတွဲမျက်စိ (Lazy Eye) ဒါမှမဟုတ် မျက်စိစွေတာ ဖြစ်သွားနိုင်ပါတယ်။ ဒီလို မျက်စိဝေဒနာတွေကို အသက်ငယ်ငယ်အရွယ်မှာ ကုသမှုခံယူဖို့ လိုပါတယ်။ တကယ်လို့ စောစောကုသမှု မခံယူရင် တာရှည်အမြင်ဆုံးရှုံးမှုကို ဖြစ်စေနိုင်လို့ပါ။

(၄) နည်းပညာသစ် တိုးတက်နေပြီလား
 မျက်စိဆရာဝန်နဲ့ ပြသဖို့လိုတဲ့ နောက်ထပ်အကြောင်းရင်းက မျက်မှန်၊ မျက်ကပ်မှန်၊ နေကာမျက်မှန်တွေနဲ့ ပတ်သက်ပြီး ခေတ်မီ နည်းပညာတွေအကြောင်းကို သိနားလည်အောင် ဖြစ်ပါတယ်။ မျက်မှန်နဲ့ ပတ်သက်ပြီး အစင်းရာမထင်တဲ့၊ အလင်းမပြန်တဲ့ မှန်အမျိုးအစားတွေ ပေါ်နေပြီလား၊ နေကာမျက်မှန်နဲ့ ပတ်သက်ပြီး နေဒဏ်ကိုလည်း အပြည့်အဝ ကာကွယ်မှုပေးနိုင်ကာ နောက်ဆုံးပေါ်ဖက်ရှင် ရှိနေပြီလား ဆိုတာကို ဆရာဝန်ကို မေးမြန်းနိုင်ပါသည်။

ကြယ်စင်Ref: Good Health
source >>> http://www.yatanarpon.com.mm/news/news-37576
shared by >>>http://natureenergycare.blogspot.com/2012/11/blog-post_875.html

ဌာနေပြန် ရွှေတွင်းအလုပ်သမားတွေ အခက်တွေ့နေ

2012-11-27
အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက်နဲ့ ရမည်းသင်းမြို့ကိုပြန်သွားကြတဲ့ မိုးထိမိုးမိ ရွှေတွင်းလုပ်သားတွေကို အာဏာပိုင်တွေက မူလ သဘောတူထားတဲ့နေရာကို ပို့ဆောင်မပေးဘဲ ရမည်းသင်းနဲ့ ဝေးလံတဲ့နေရာက ရွာတစ်ရွာမှာထားလိုက်ပြီး လုံခြုံရေးတပ်ဖွဲ့တွေ အစောင့်ချထားလိုက်ကြောင်း သိရပါတယ်။

Photo: RFA/Sai Htun Aung Lwin
နေပြည်တော်ထိ လမ်းလျှောက်ဆန္ဒပြနေတဲ့ မိုးထိမိုးမိရွှေလုပ်သားများကို ရန်ကုန် မန္တလေးလမ်းမပေါ်တွင် တွေ့မြင်ရစဉ်
မနေ့က နိုဝင်ဘာလ ၂၆ရက်နေ့က  ရွှေတွင်းလုပ်သားကိုယ်စားလှယ် ၅ဦးနဲ့ သူတို့ရဲ့ ရှေ့နေဦးဌေးတို့ကို  အမှတ် ၂ သတ္တုတွင်းဌာန ညွှန်ကြားရေးမှုး ဦးဆောင်တဲ့ အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ နှစ်ဖက်သဘောတူညီချက်တွေအရ အလုပ်သမားတွေ၊ သတ္တုတွင်းဝန်ကြီးဌာန ကိုယ်စားလှယ်တွေနဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေဟာ လာမယ့် ဒီဇင်ဘာ ၃ရက်နေ့ ဆွေးနွေးညှိနှိုင်းပြီး ပြဿနာဖြေရှင်းကြဖို့နဲ့ လောလောဆယ်မှာတော့ ရမည်းသင်းမြို့က ရန်ကြီးအောင်ကျောင်းတိုက် မှာ နေရာချထားပြီး စောင့်ဆိုင်းဖို့ သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့် ဒီသဘောတူညီချက်ကို အာဏာပိုင်တွေဘက်က ဖောက်ဖျက်ပြီး သူတို့ကို မြို့နဲ့ဝေးတဲ့ ပျဉ်းမတောရွာကို ပို့ဆောင်ခဲ့တာလို့ ရွှေတွင်းလုပ်သားတစ်ဦးက RFA ကို ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ  နိုဝင်ဘာ ၂၃ရက်နေ့က တောင်ငူခရိုင် ရေနီမြို့အနီးမှာ ဖမ်းဆီးခံခဲ့ရတဲ့ မိုးထိမိုးမိရွှေတွင်း အလုပ်သမားခေါင်းဆောင် ၄ဦးကို လာမယ့် နိုဝင်ဘာ ၃ဝရက်နေ့မှာ ရုံးထုတ်စစ်ဆေးမှာဖြစ်ပြီး၊ အလုပ်သမား ခေါင်းဆောင် ၂ဦးဟာ ဖမ်းဆီးစဉ်က လုံထိန်းတွေရဲ့ ရိုက်နှက်မှုခံရတာကြောင့် တောင်ငူထောင်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။

မိုးထိမိုးမိ ရွှေလုပ်သားတွေဟာ နိုဝင်ဘာ ၈ရက်နေ့ကစပြီး ရန်ကုန်မြို့ကနေ နေပြည်တော်ကို လမ်းလျှောက်ချီတက်လာခဲ့ကြရာ နိုဝင်ဘာ ၂၃ရက်နေ့ တောင်ငူခရိုင် ရေတာရှည်မြို့အရောက်မှာ အာဏာပိုင်တွေရဲ့တားဆီးခြင်းကိုခံခဲ့ရပါတယ်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ကြေးနီစီမံကိန်းရပ်တန့်ရေး ဦးဆောင်သူတွေ အဖမ်းအဆီးရှိဆဲ

 
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ရန်ကုန်မှာ ဆန္ဒပြခဲ့ကြသူ အနည်းဆုံး ၆ ဦး ဖမ်းဆီးခံခဲ့ရပြီးတော့ ဒီလူတွေကို ဆန္ဒပြမှု၊ ဆူပူမှုပုဒ်မတွေနဲ့ အရေးယူဖို့ အာဏာပိုင်တွေဘက်က ပြင်ဆင်နေကြပါတယ်။ မနေ့က လက်ပန်းတောင်းတောင် ဒေသခံတွေ၊ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေကနေ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ တရုတ်သံရုံးနဲ့ မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီလီမီတက် ရုံးချုပ်ရှေ့မှာ ချီတက်ဆန္ဒပြဖို့ စီစဉ်ခဲ့ပေမဲ့ အဲဒီ စီစဉ်ခဲ့သူတွေထဲက တချို့ ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် ရန်ကုန်ဆူးလေဘုရားအနီး ဗန္ဓုလပန်းခြံ တဝိုက်မှာ ဆန္ဒပြခဲ့ကြတာပါ။ ဒီကနေ့မှာတော့ နောက်ထပ် ဆန္ဒပြမှုတွေ မဖြစ်အောင်လို့ အာဏာပိုင်တွေက ဟန့်တားတဲ့အနေနဲ့ ကျန်တဲ့ ဦးဆောင်သူတချို့ကို လိုက်လံ ဖမ်းဆီးနေ တာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပို့ထားပါတယ်။

လက်ပန်းတောင်းကြေးနီစီမံကိန်းရပ်တန့်ရေး တောင်းဆိုဆန္ဒပြကြတဲ့ ကျောင်းသားလူငယ်တွေ ကွန်ယက်အသီးသီးက တက်ကြွလှုပ်ရှားသူတွေထဲက  ၆ ဦးကို အာဏာပိုင်တွေက မနေ့ကနဲ့ ဒီနေမနက်တွေမှာ ဖမ်းဆီးပြီး နောက် ပုဒ်မ ၁၈၊ ခွင်ပြုမိန့်မရဘဲ စီတန်းလှည့်လည်မှု၊ ပုဒ်မ ၅၀၅ (ခ) ဆူပူမှု ပုဒ်မတွေနဲ့ အင်းစိန်ထောင်ကိုပို့လိုက်ကြောင်း ဖမ်းဝရမ်း ထုတ်ခံထားရ တဲ့ ကျောင်းသားခေါင်းဆောင် ကိုဟန်ဝင်းအောင်က ပြောပါတယ်။

“ဒီဆန္ဒပြပွဲ ပြီးသွားတဲ့အချိန်ကစပြီးတော့ ကျနော်ထွက်တဲ့အချိန်ကစပြီးတော့ ကျနော့်ကား ကို ထောက်လှမ်းရေးက တောက်လျှောက်လိုက်တယ်။ ရွှေတိဂုံဘုရားမှာ မျက်ခြေပြတ်ကျန်ခဲ့ပြီးတော့ လိုက်မဖမ်းနိုင်ဘူး။ ဒါပေမဲ့ တောက် လျှောက် ကျနော်ရှိမယ်ထင်တဲ့ နေရာတွေကို သူတို့ လိုက်လံ ရှာဖွေနေတယ်။ အဲဒီညက စပြီး ဖမ်းလိုက်တာ- မနော်အုံးလှရယ်၊ ဒေါ်ရှမ်းမရယ်၊ ဦးမျိုးချစ်ရယ်၊ ကိုရဲမင်း၊ ကိုဝေဠုရယ်၊ ကိုညီညီ (NLD) ရယ်၊ စုစုပေါင်း ခြောက်ယောက်ကို ပန်းပဲတန်း၊ ကျောက် တံတား စခန်းနှစ်ခုမှာ ခွဲချုပ်ထားပြီးတော့ ဒီကနေ့ညနေ (၃) နာရီ၊ (၁၅) မိနစ်မှာ အင်းစိန်ထောင်ကို ပို့လိုက်တယ်။ ပန်းပဲတန်းရဲစခန်းနဲ့ ကျောက်တံတားရဲစခန်းက အဲဒီလူတွေကို ပုဒ်မ (၁၈) နဲ့ ပုဒ်မ ၅၀၅ (ခ) နှစ်ခုတပ်ပြီး အင်းစိန်ထောင်ကို ပို့လိုက်တယ်။”

သူတို့လှုပ်ရှားမှုမှာပါတဲ့ အဓိက (၁၀) ဦးကို ဖမ်းဆီးဖို့ ရှိနေတဲ့အကြောင်း၊ တိမ်းရှောင်နေရတာတွေ ရှိပေမဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဆက်ပြောသွားပါတယ်။
“ဒီငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုမှာ ပါနေတဲ့သူတွေ ဖမ်းဆီးခံရတဲ့ အချိန်မျိုးမှာ ထပ်မံပြီးတော့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ဆန္ဒပြပွဲတွေ ရှိနေတာက တော်တော်လေး ကို စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်လာတယ်။ ဒါပေမဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဘယ်လိုပဲ ဖမ်းဆီးမှုတွေ ရှိပါစေ၊ ဆက်လက်ပြီး ရဟန်းသံဃာတော်တွေ ဦးဆောင်ပြီး အခု လေးနာရီခွဲလောက်မှာ စပြီးတော့ အခု ဆူးလေတဝိုက်မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ဖို့ စတင် စီစဉ်နေတယ်။ စီစဉ်နေတဲ့အချိန်မှာပဲ အရပ်ဝတ် ထောက်လှမ်းရေးတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် အယောက် (၃၀) ကျော်၊ (၄၀) နီးပါးဟာ အမျိုးသမီး လုံခြုံရေး အဖွဲ့ဝင်တွေပါ ပါပြီးတော့ ဖြန့် ကျက် နေရာယူထားတဲ့ အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြမှုအသွင်ကို သူတို့က လက်မခံဘဲ အဓိကရုဏ်းဖြစ်အောင်ဆိုတဲ့ ပုံစံမျိုးကို ဖန်တီးပေးနေတဲ့ အတွက် ဒီနေ့ညနေ သံဃာတော်တွေနဲ့ ပြည်သူတွေ ဆန္ဒပြဖို့ အစီအစဉ်ဟာ အခု ညနေ လေးနာရီဝန်းကျင်အထိ မစတင်နိုင်သေးဘဲ အခြေအနေကို စောင့်ကြည့်နေရတဲ့ အနေအထားမှာပဲ ရှိသေးတယ်။”

ခွင့်ပြုမိန့်တောင်းပြီး ဆန္ဒပြဖို့အတွက် အာဏာပိုင်တွေကို ခွင့်ပြုချက်တောင်းတဲ့အခါတိုင်းမှာ ခွင့်ပြုမိန့်မပေးတာ၊ လူဦးရေ ကန့်သတ်တာတွေ လုပ်လေ့ရှိပြီး ဆန္ဒပြမှုတွေကိုတော့ ခွင့်ပြုချင်တာမျိုးကိုပဲ မြို့နယ် ရဲတပ်ဖွဲမှူးတွေက ခွင့်ပြုကြလေ့ ရှိပါတယ်။ ဒီတော့ နောက်ပိုင်းမှာ ဆန္ဒထုတ်ဖော်သူတွေဟာ ခွင့်ပြုမိန့်မတောင်းတော့ဘဲ မိမိတို့ ဆန္ဒအတိုင်း ထုတ်ဖော်တာတွေ လုပ်လာတဲ့အတွက် မြန်မာအစိုးရသစ် တက်လာပြီးနောက်ပိုင်းမှာ ပုဒ်မ ၁၈ နဲ့ တရားစွဲတာတွေ များလာပြီး တရားစွဲမှုတွေကို ရဲစခန်းမှူးတွေက တရားလိုလုပ်ပြီး တရာစွဲဆိုလာခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ခွင့်ပြုမိန့်နဲ့ ဆန္ဒပြတဲ့အခါမှာလည်း အင်အားနည်းတာမျိုးကိုသာ ခွင့်ပြုတာကြောင့်  တစု တဝေးတည်း လှုပ်ရှားမှုမဖြစ်အောင် အာဏာပိုင်တွေက ကန့်သတ်တဲ့ပုံစံမျိုးတွေ ဖြစ်လာပါတယ်။ ဒီလို တစုတဝေးတည်းမဟုတ်ဘဲ ဆန္ဒထုတ်ဖော်တဲ့အခါမှာ အထူးသဖြင့် ဆန္ဒပြမှုရဲ့ အကျိုး သက်ရောက်မှုက အားကောင်းမှုတွေ ဖြစ်မလာဘဲ တောင်းဆိုချက်တွေမရဘဲ အချိန်ရက်ရှည်လာမှု၊ အာရုံစိုက်မှုမရလာတဲ့အတွက် အလုပ်သမား လယ်သမားတွေက သူတို့ နစ်နာမှုတွေ ဖြစ်ရတယ်လို့ဆိုပါတယ်ရှင်။ မအေးအေးမာ (VOA)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ကားလ်မာ့က်စ် မိတ်ဆက်



ကားလ်မာ့က်စ် မိတ်ဆက် (ဘာသာပြန်) (အပိုင်း-၁)

အခန်း (၁)

ကားလ်မာ့က်စ်၏ ဘ၀နှင့် လွှမ်းမိုးနိုင်စွမ်းရည်

ကားလ်မာ့က်စ်ဆိုသူရဲ့ လူသားတွေအပေါ် လွှမ်းမိုးနိုင်စွမ်းရည်ဟာ ဘာသာရေး figure တွေရဲ့ လွှမ်းမိုးနိုင်တဲ့ စွမ်းပကားလိုပဲ အင်အားအလွန်ကြီးမားခဲ့ပါတယ်။ (၂၀) ရာစုခေတ်ကာလရဲ့ တ၀က် ကျော်မှာ လူဆယ်ယောက်အနက် လေးယောက်ဟာ မာ့က်စ်ဝါဒီလို့ ကိုယ့်ဘာသာကိုယ် သတ်မှတ် ခဲ့ကြပါတယ်။ အချို့နိုင်ငံတွေမှာဆိုရင် မာ့က်စ်ရဲ့ ရေးသားချက်တွေကို အမှန်တရားနဲ့ လုပ်ပိုင်ခွင့် အာဏာ တို့ရဲ့ အဆုံးစွန်မြစ်ဖျားခံတဲ့ အရာအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ မာ့က်စ်ရဲ့ ပုံရိပ်တွေက နေရာတိုင်းမှာ ရှိနေခဲ့ပါတယ်။ လူသန်းပေါင်းများစွာရဲ့ ဘ၀တွေကို ကားလ်မာ့က်စ်က လွှမ်းမိုး သက်ရောက်နိုင်စွမ်း ရှိခဲ့ပါတယ်။

ကွန်မြူနစ်လူ့အဖွဲ့အစည်းတွေကိုပဲ ကားလ်မာ့က်စ်က လွှမ်းမိုးနိုင်ခဲ့တာ မဟုတ်ပါဘူး။ မာ့က်စ်ဝါဒီ တော်လှန်ရေးသမားတွေရဲ့ လှုပ်ရှားမှုတွေကြောင့် ကွန်ဆာဗေးတစ် အစိုးရတွေဟာလဲ သူတို့ ယုံကြည်တဲ့ လမ်းစဉ်အတိုင်း အတိအကျ မလျှောက်လှမ်းနိုင်တော့ပဲ လူမှုဘ၀ ပြုပြင်ပြောင်းလဲရေး တွေကို လုပ်ဆောင်ပေးလာကြရပါတယ်။ တခါတရံမှာ ကွန်ဆာဗေးတစ်များရဲ့ မာ့က်စ်ဝါဒကို ကြောက်လန့်တကြား တုန့်ပြန်မှုတွေကြောင့် ဆိုးကျိုးတွေ ဖြစ်စေခဲ့ပါတယ်။ မူဆိုလီနီနဲ့ ဟစ်တလာကို အာဏာရအောင် တွန်းတင်ပေးခဲ့ကြတာက ကွန်ဆာဗေးတစ်တွေပဲ ဖြစ်ပါတယ်။ ကွန်ဆာဗေးတစ်တွေက အမျိုးသားရေးဝါဒကို ဇောင်းပေးခြင်းအားဖြင့် မာ့က်စ်ဝါဒီတွေရဲ့ ခြိမ်းချောက်မှုတွေကို တွန်းလှန်နိုင်မယ် လို့ ယူဆခဲ့ကြပါတယ်။ ပြည်တွင်းမှာ တော်လှန်မယ့် အနေအထား မရှိရင်တောင် ပြည်ပမှာ မာ့က်စ်ဝါဒီ ရန်သူရှိနေခဲ့ရင် အစိုးရတွေက ဒါကိုအကြောင်းပြပြီး စစ်အသုံးစရိတ် တိုးမြှင့်တာတွေ၊ အမျိုးသား လုံခြုံရေးကို အကြောင်းပြပြီး တဦးချင်းအခွင့်အရေးတွေကို ကန့်သတ်ထိန်းချုပ်တာတွေ ပြုလုပ်တတ် ကြပါတယ်။

လက်တွေ့နိုင်ငံရေးမှာ အသာထားလို့ နိုင်ငံရေးအတွေးအခေါ် ကဏ္ဍတခုကိုပဲ ကြည့်မယ်ဆိုရင်တောင် မာ့က်စ်ရဲ့ လွှမ်းမိုးနိုင်စွမ်းရည်က ကြီးမားလှပါတယ်။ မာ့က်စ်ရဲ့ စီးပွားရေးနဲ့ လူမှုရေး အတွေးအခေါ် တွေကို တစုံတရာ မှီငြမ်းကိုးကားထားခြင်းမရှိတဲ့ လူ့အဖွဲ့အစည်းဆိုတာကို စဉ်းစားပြီး လက်ညှိုး ထိုးပြနိုင်သူ ရှိပါသလားလို့ မေးရမလိုဖြစ်ကြောင်း ပညာရှင်တွေက ဆိုထားကြပါတယ်။

မာ့က်စ်ရဲ့အတွေးအခေါ်တွေဟာ ခေတ်သစ်လူမှုဗေဒပညာရပ်ကို ထွန်းကားစေခဲ့ပါတယ်။ သမိုင်းပညာ လေ့လာရေးကို ပြောင်းလဲစေခဲ့တယ်။ ဒဿနိကဗေဒ၊ စာပေယဉ်ကျေးမှုနဲ့ အနုပညာကိုလဲ လွှမ်းမိုး ထားခဲ့ပါတယ်။ ဒီလိုရှုထောင့်က ကြည့်မယ်ဆိုရင် မလွဲမသွေ လက်ခံကြရမယ့်အချက်က ကျွန်ုပ်တို့ အားလုံးဟာ မာ့က်စ်ဝါဒီတွေလို့တောင် ဆိုရမလိုပဲ ဖြစ်နေပါတယ်။ ဒီလောက်ထိ သက်ရောက်မှု ကြီးမားခဲ့တဲ့ အတွေးအခေါ်တွေဟာ ဘာတွေလဲ။ ဒါတွေကို ဒီစာအုပ်မှာ ရေးသားဖော်ပြသွားပါမယ်။ ပထမဦးဆုံးအနေနဲ့ ဒီအတွေးအခေါ်တွေ ရှိခဲ့တဲ့ လူတယောက်အကြောင်းကို လေ့လာကြည့်ကြ ရအောင်ပါ။

ကားလ်မာ့က်စ်ကို (၁၈၁၈) ခုနှစ်မှာ ဂျာမဏီနိုင်ငံ၊ ရိုင်းလန်ဒေသက Trier မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ မိဘတွေဖြစ်တဲ့ Heinrich နဲ့ Henrietto တို့ဟာ ဂျူးလူမျိုးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ Heinrich ရဲ့ ရှေ့နေအသက်မွေးဝမ်းကျောင်းမှုကို ပိုမိုလွယ်ကူစေတဲ့ ပရိုတက်စတင့်ဘာသာကို ကိုးကွယ်ခဲ့ပါတယ်။ မိသားစုဟာ အရမ်းချမ်းသာကြွယ်ဝသူတွေ မဟုတ်ပေမယ့် ချောင်ချောင် လည်လည်နဲ့ ပြည့်ပြည့်စုံစုံ ရှိခဲ့ပါတယ်။ ဘာသာရေး၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ကတော့ လစ်ဘရယ် အမြင် ရှိခဲ့ပါတယ်။

အသက် (၁၇)နှစ်မှာ Bonn တက္ကသိုလ်မှာ ဥပေဒေပညာရပ်ကို သွားရောက်သင်ယူချိန်မှာတော့ မာ့က်စ်ရဲ့ ပညာရေးဘ၀ခရီးက စတင်ဆိုးရွားလာခဲ့ပါတယ်။ တနှစ်အတွင်းမှာတင် အရက်သေစာ လွန်ကျွံစွာ သောက်သုံးမှုနဲ့ ထောင်ကျခဲ့ပါတယ်။ သူ့ရဲ့ ငယ်ရည်စားဖြစ်တဲ့ Jenny Von Westphalen ကို အချစ်ကဗျာတွေ ရေးသားပေးပို့ခဲ့ပါတယ်။ သူ့အဖေကတော့ ဒီလိုဖြစ်ပျက်နေတာတွေကို နှစ်သက်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ပိုပြီးစည်းကမ်းကြီးတဲ့ ဘာလင်တက္ကသိုလ်ကို ကျောင်းပြောင်းတက် စေခဲ့ပါတယ်။

ဘာလင်ရောက်တော့ မာ့က်စ်ရဲ့ စိတ်ဝင်စားမှုတွေက ပိုပြီးပညာရှင်ဆန်လာပါတယ်။ သူ့ရဲ့လေ့လာမှု နယ်ပယ်က ဥပဒေဘက်ကနေ ဒဿနိကဗေဒကို ပြောင်းလဲသွားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သူ့ဖခင်က အထင်ကြီးခြင်း မရှိခဲ့ပါဘူး။ ဒီလိုနဲ့ သူ့ဖခင်သေဆုံးသွားချိန်မှာတော့ မိသားစုမှာ ဖခင်ရဲ့ ၀င်ငွေ မရှိတော့တာကြောင့် မာ့က်စ်ရဲ့ ပညာရေးခရီးအတွက် အခက်အခဲတွေ ဖြစ်လာပါတယ်။ မာ့က်စ်အနေနဲ့ သူ့ဘ၀ရှေ့ရေးကို လေးလေးနက်နက် စတင်စဉ်းစားလာရပါတော့တယ်။ တက္ကသိုလ်မှာ ကထိက အလုပ်ရဖို့အတွက် ဒေါက်တာဘွဲ့စာတမ်းကို စတင်ပြုစုလာခဲ့ပါတယ်။

မာ့က်စ်ရဲ့ စာတမ်းက Democritus နဲ့ Epicurus ဒဿနိကဗေဒတွေထဲက ကွဲလွဲချက်တွေကို လေ့လာခဲ့တဲ့ စာတမ်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီရှေးပဝေသဏီ အငြင်းပွားမှုတွေနဲ့ Hegel ရဲ့ ဒဿနိကဗေဒ ဖွင့်ဆိုချက် အငြင်းပွားမှုတွေအကြားက ပြိုင်ဆိုင်မှုတွေကို တွေ့ရှိလာခဲ့ပါတယ်။ ဒီအချိန်ကာလတွေမှာတုန်းက Hegel ရဲ့ ဒဿနိကဗေဒဟာ ဂျာမန်အတွေးအခေါ်တွေထဲက ကွဲပြားခြားနားနေတဲ့ နိုင်ငံရေးအမြင်တွေရဲ့ ဆုံမှတ်နယ်ပယ်ဖြစ်နေခဲ့ပါတယ်။

သူ့ရဲ့ဒေါက်တာဘွဲ့ စာတမ်းကို (၁၈၄၁) ခုနှစ်မှာ တင်ခဲ့ပြီး၊ လက်ခံခဲ့ကြပေမယ့် ဘယ်တက္ကသိုလ်ကမှ ကထိက အလုပ်ကို ပေးအပ်ခြင်းမရှိခဲ့ပါဘူး။ ဒီအချိန်မှာပဲ မတ်စ်ကလဲ ဂျာနယ်လစ်ဇင်ကို စတင် စိတ်ဝင်စားလာခဲ့ပါတယ်။ အသစ်ထုတ်ဝေလာတဲ့ Rheinische Zeitung ဆိုတဲ့ လစ်ဘရယ် သတင်းစာတစောင်မှာ လူမှုရေး၊ နိုင်ငံရေးနဲ့ ဒဿနိကရေးရာ ဆောင်းပါးများကို စတင်ရေးသားလာ ခဲ့ပါတယ်။ သူ့ရဲ့ ဆောင်းပါးတွေကို လူအများက ဖတ်ရှုအားပေးခဲ့ကြပြီး၊ သတင်းစာတိုက်နဲ့ မာ့က်စ်တို့အကြားမှာ ဆက်ဆံရေးပိုပြီး ခိုင်မာလာခဲ့ပါတယ်။ (၁၈၄၂) ခုနှစ်မှာ သတင်းစာအယ်ဒီတာ နှုတ်ထွက်သွားချိန်မှာတော့ မာ့က်စ်က အယ်ဒီတာ ဖြစ်လာပါတော့တယ်။

ဒါပေမယ့်လဲ မာ့က်စ်ရဲ့ အယ်ဒီတာဘ၀က သက်တမ်းမရှည်ခဲ့ပါဘူး။ သတင်းစာကို လူတွေရဲ့ စိတ်ဝင်စားမှု ကြီးထွားလာတာနဲ့အမျှ ပါရှန်းအစိုးရရဲ့ ဆင်ဆာကလဲ ကြီးမားလာခဲ့ပါတယ်။ Mosella Valley က wine-growers တွေရဲ့ ဆင်းရဲနွမ်းပါးမှုတွေအကြောင်း ရေးသားထားတဲ့ မာ့က်စ်ရဲ့ ဆောင်းပါးတွေက သက်ရောက်မှုကြီးမားကြောင်း စဉ်းစားလာကြပြီး၊ သတင်းစာကို ဖိနှိပ်မှုတွေ လုပ်လာကြပါတယ်။

အာဏာပိုင်တွေက ဒီလိုလုပ်လာတာကို မတ်စ်ကတော့ ၀မ်းနည်းခြင်းမရှိခဲ့ပါဘူး။ အလုပ်မရှိတော့ချိန်မှာ အာဏာပိုင်တွေက သူ့ရဲ့လွတ်လပ်ခွင့်ကို ပြန်လည်ပေးအပ်လိုက်ခြင်းဖြစ်တယ်လို့တောင် သူငယ်ချင်း ဖြစ်သူဆီ စာရေးသားခဲ့ပါသေးတယ်။ အယ်ဒီတာတာဝန်တွေ မထမ်းဆောင်ရတော့တဲ့အတွက် Hegel ရဲ့ နိုင်ငံရေးဒဿနိကဗေဒကို critical study စတင်ပြုလုပ်ခဲ့ပါတယ်။ နောက်ထပ်သူတွေးနေတာ တခုကလဲ ရှိခဲ့ပါသေးတယ်။ ခုနစ်နှစ်ကြာစေ့စပ်ထားတဲ့ သူ့ချစ်သူ Jenny ကို လက်ထပ်ဖို့အရေးပါ။ ပြီးတော့ သူ့ရဲ့အတွေးအခေါ်တွေကို လွတ်လပ်စွာဖော်ပြခွင့်မပေးတဲ့ ဂျာမဏီနိုင်ငံကနေ သူထွက်ခွာလိုပါတယ်။

ဒါပေမယ့်လဲ ပြဿနာက လက်ထပ်ဖို့အတွက် ငွေလိုပါတယ်။ ဒီလိုအခြေအနေမှာပဲ လူငယ်စာရေးဆရာ တယောက်အဖြစ် နာမည်ကောင်းရှိနေတဲ့ သူ့ကို German-French Annals က တွဲဖက်အယ်ဒီတာအဖြစ် လုပ်ဆောင်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒီအလုပ်ကနေ လက်ထပ်ဖို့လုံလောက်တဲ့ ငွေကြေးကို ရရှိခဲ့ရုံမက ဘယ်ကိုသွားမလဲဆိုတဲ့ အဖြေကိုပါ ရရှိသွားခဲ့ပါတယ်။ စာစောင်သစ်ထုတ်ဝေရန် ပြင်ဆင်မှုက ပြင်သစ်နဲ့ ဂျာမန်ဟာစာရေးဆရာတွေကိုသာမက စာဖတ်ပရိသတ်တွေကိုပါ ဆွဲဆောင်နိုင်ခဲ့ပါတယ်။

(၁၈၄၃) ခုနှစ်မာ ကားလ်မတ်စ်နဲ့ Jenny တို့ ပြင်သစ်ကို ရောက်ရှိသွားခဲ့ပါတယ်။ ရောက်ပြီးမကြာမီမှာပဲ တိုးတက်တဲ့အတွေးအခေါ်ကို လက်ခံကြတဲ့ radical တွေ၊ ဆိုရှယ်လစ်တွေနဲ့ ရင်းနှီးကျွမ်းကျင် သွားခဲ့ပါတယ်။ Annals မှာ မတ်စ်က ဆောင်းပါးနှစ်ပုဒ် ရေးခဲ့ပါတယ်။ သို့ပေမယ့်လဲ စာစောင် သက်တမ်းက သတင်းစာသက်တမ်းထက်တောင် ပိုပြီးသက်တမ်းတိုခဲ့ပါသေးတယ်။ ပထမစာစောင် ထုတ်လိုက်စဉ်မှာပဲ ပြင်သစ်က စာရေးဆရာတွေ စတင်ပြီး ရှောင်တိမ်းရပါတော့တယ်။ Prussia ကိုပို့တဲ့ စာစောင်တွေကိုလဲ အစိုးရက သိမ်းဆည်းလိုက်ပါတယ်။ ပထမစာစောင်ထဲမှာပါတဲ့ ကွန်မြူနစ်နဲ့ တော်လှန်ရေး အတွေးအခေါ်တွေကြောင့် ပါရှန်းအစိုးရက အယ်ဒီတာတွေကို ဖမ်းဝရမ်း ထုတ်ပါတော့ တယ်။

ဒါကြောင့် မာ့က်စ် ဂျာမဏီကို ပြန်သွားလို့ မရတော့ပါဘူး။ နိုင်ငံရေးဒုက္ခသည် ဖြစ်သွားပါတယ်။ ကံအားလျော်စွာပဲ Rhenish Gazette ရဲ့ ရှယ်ယာဝင်တွေဆီက ငွေကြေးများစွာ ရခဲ့တဲ့အတွက် အလုပ် လုပ်ရန်မလိုပဲ နေနိုင်ခဲ့ပါတယ်။

(၁၈၄၄) ခုနှစ်တလျှောက်လုံးမှာ သူ့ရဲ့ ဒဿနိက ရပ်တည်ချက်အတွက် လေ့လာမှုတွေ လုပ်ခဲ့ပါတယ်။ မာ့က်စ်ရဲ့ ဒဿနိကဗေဒက နိုင်ငံရေး၊ ဘောဂဗေဒနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ အလုပ်အကိုင်တွေက သမိုင်းကြောင်းဆိုင်ရာ processes သဘောတရားတွေ ပါဝင်နေတာကြောင့် အလွန်ကျယ်ပြန့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်မှာတော့ မာ့က်စ်က သူ့ဘာသာသူ ကွန်မြူနစ်လို့ သတ်မှတ်ခေါ်တွင်နေနိုင်ပြီ ဖြစ်ပါတယ်။ အဲဒီခေတ်ကာလ ပဲရစ်မှာ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တွေ အများအပြားရှိနေတာ ဖြစ်တဲ့အတွက် ဒါကလဲ သိပ်ပြီး ထူးခြားဆန်းကျယ်မှု မဟုတ်ခဲ့ပါဘူး။

ဒီအချိန်မှာပဲ မာ့က်စ်နဲ့အိန်ဂယ်တို့အကြားက ခင်မင်ရင်းနှီးမှုက စတင်လာခဲ့ပါတယ်။ Friedrich Engels ဆိုသူက အင်္ဂလန်၊ မန်ချက်စတာမှာ ချည်ထည်စက်ရုံ ပိုင်ဆိုင်ထားတဲ့ ဂျာမန်စက်မှု လုပ်ငန်းရှင် တဦးရဲ့သား ဖြစ်ပါတယ်။ ဒါပေမယ့် မာ့က်စ်ပါဝင်ပတ်သက်ခဲ့တဲ့ German Intellectual Circles နဲ့ အတူတူပဲ ဆက်နွယ်မှုတွေ ရှိခဲ့တဲ့ အိန်ဂယ်ကတော့ revolutionary socialist ဖြစ်နေခဲ့ပါတယ်။

မာ့က်စ်ရဲ့ ဘောဂဗေဒ အတွေးအခေါ်တွေ အပေါ် နက်ရှိုင်းစွာ သက်ရောက်မှုရှိခဲ့တဲ့ Annals ထဲမှာ အိန်ဂယ်ရဲ့ ဆောင်းပါးတခု ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် အိန်ဂယ် ပါရီမြို့ကို အလည်ရောက်သွားချိန်မှာ မာ့က်စ်နဲ့တွေ့ဆုံဖြစ်သွားတာဟာ အံ့သြဖွယ်ရာတော့ မဟုတ်ပါဘူး။ မကြာခင်မှာပဲ လက်ကမ်းစာစောင် တခုကို ပူးတွဲလုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ အိန်ဂယ်က လမ်းကမ်းစာစောင်ပဲဖြစ်မယ်လို့ ယူဆခဲ့ပါတယ်။ ဒါကြောင့် (၁၅) မျက်နှာရှိတဲ့ စာတမ်းကိုရေးပြီး၊ ပဲရစ်က မထွက်ခွာခင်မှာ မာ့က်စ်ရဲ့ လက်ထဲမှာ ထားခဲ့ပါတယ်။ ဒီလက်ကမ်းစာစောင်ဟာ The Holy Family ဆိုတဲ့ အမည်နဲ့ (၁၈၄၅) ခုနှစ်မှာ ပေါ်ထွက်လာခဲ့ပါတယ်။ စာမျက်နှာ (၃၀၀) ကျော်ရှိပြီး၊ ဒါဟာ မာ့က်စ်ရဲ့ ပထမဆုံး စာအုပ်ဖြစ်လာ ခဲ့ပါတယ်။

အဲဒီအချိန်မှာ ပါရှန်းအစိုးရဟာ ပဲရစ်မှာ ရောက်နေတဲ့ ဂျာမန်ကွန်မြူနစ်တွေနဲ့ ပတ်သက်ပြီး တစုံတရာ လုပ်ဆောင်ဖို့ ဖိအားပေးခဲ့ပါတယ်။ ဒါကြောင့် expulsion order ထွက်လာပြီး၊ မာ့က်စ်ရဲ့ မိသားစု (ဇနီးနဲ့ သမီးဖြစ်သူ) တို့ဟာ ဘရပ်ဆဲလ်ကို ပြောင်းရွှေ့ခဲ့ရပါတယ်။

ဘရပ်ဆဲလ်မှာ နေထိုင်ခွင့်ရဖို့အတွက် နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခြင်း မပြုကြောင်း ကတိပေး ခဲ့ရပါတယ်။ ဒါပေမယ့်လဲ သိပ်မကြာပါဘူး။ နိုင်ငံတကာက ကွန်မြူနစ်တွေအကြား ရင်းနှီးဆက်နွယ်မှုတွေ ရှိလာရေးအတွက် communist correspondence committee ကို စည်းရုံးဖွဲ့စည်းခဲ့တာကြောင့် ကတိကို ချိုးဖောက်လိုက်သလို ဖြစ်သွားပါတယ်။ ဒါပေမယ့်လဲ ဘရပ်ဆဲလ်မှာ သုံးနှစ်ကြာအောင် နေထိုင်နိုင်ခဲ့ပါတယ်။ ဘောဂဗေဒနဲ့ နိုင်ငံရေးကို critical analysis လုပ်တဲ့ စာအုပ်တအုပ် ရေးသားဖို့ အတွက် ထုတ်ဝေသူနဲ့ စာချုပ်ချုပ်ပါတယ်။ စာချုပ်အရ (၁၈၄၅) ခုနှစ်၊ နွေရာသီမှာ စာအုပ်ကို အပြီး ရေးရမှာ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ နောက်ပိုင်းမှာ အရင်းကျမ်း (Capital) အဖြစ် ပေါ်ထွက်လာမယ့် စာအုပ် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အချိန်မှီ မပြီးတာကြောင့် စာချုပ်ပျက်ပြယ်သွားခဲ့ပါတယ်။ စာအုပ်ရေးသားစဉ် ကာလတလျှောက်မှာ မာ့က်စ်မိသားစုရဲ့ စားဝတ်နေရေးအတွက် အိန်ဂယ်က ငွေရေးကြေးရေး အကူအညီများစွာ ပေးအပ်ခဲ့ပါတယ်။

မာ့က်စ်နဲ့ အိန်ဂယ်တို့ နှစ်ယောက်အကြားက ရင်းနှီးမှုကလဲ ကြီးထွားလာခဲ့ပါတယ်။ အိန်ဂယ်က ဘရပ်ဆဲလ်ကို ရောက်လာခဲ့ပြီး၊ အင်္ဂလန်ကို နှစ်ယောက်အတူ သွားခဲ့ကြပါတယ်။ စက်မှုခေတ်သစ်ရဲ့ ဗဟိုချက်မ ဖြစ်နေတဲ့ မန်ချက်စတာမှာ ဘောဂဗေဒကို ခြောက်ပတ်ခန့် လေ့လာခဲ့ကြပါတယ်။ (ဒီအချိန်မှာ မာ့က်စ်ရဲ့ဇနီး Jenny ကတော့ ဒုတိယသမီးငယ် လော်ရာကို မွေးဖွားနေပါပြီ။)

မန်ချက်စတာက ပြန်ရောက်ချိန်မှာ ဘောဂဗေဒနဲ့ ပတ်သက်တဲ့ စာအုပ်ရေးသားမှုကို မာ့က်စ်က ရွှေ့ဆိုင်းခဲ့ပါတယ်။ သူ့ရဲ့ positive theory ကို မချမှတ်ခင်မှာ ဂျာမန်ဒဿနိကဗေဒနဲ့ ဆိုရှယ်လစ် အသိုင်းအ၀ိုင်းအတွင်းက အတွေးအခေါ်တွေကို demolish လုပ်ဖို့ လိုအပ်ကြောင်း မာ့က်စ်က ယူဆ ခဲ့ပါတယ်။ ဒါကြောင့် The German Ideology ကို ရေးသားပြုစုခဲ့ပါတယ်။ ဒီစာအုပ်ကို ထုတ်ဝေသူ ခုနစ်ယောက်က ထုတ်ဝေဖို့ ငြင်းဆိုခဲ့ပြီး၊ နောက်ဆုံးမှာ ထုတ်ဝေဖို့ စိတ်ကူးကို စွန့်လွှတ်ခဲ့ရပါတယ်။

ဒီနှစ်ကာလတွေမှာ The German Ideology ကိုရေးသားခြင်း အပြင်၊ အခြားအတွေးအခေါ်များကို တိုက်ခိုက်ရေးသားမှုတွေလဲ ပြုလုပ်ခဲ့ပါတယ်။ ပြင်သစ်ဆိုရှယ်လစ် Proudhon ကို တိုက်ခိုက်တဲ့ စာတွေကိုလဲ ရေးသားခဲ့ပါတယ်။ သီအိုရီအရ "superstitious attitude to authority” ကို ဆန့်ကျင်ခဲ့ပေမယ့် မာ့က်စ်ဟာ သူ့အတွေးအခေါ်တွေရဲ့ အရေးကြီးမှုကို တန်ဖိုးထားပြီး၊ ကွဲပြားတဲ့ အတွေးအခေါ်တွေကို လက်ခံနိုင်စွမ်း သိပ်မရှိခဲ့ပါဘူး။ ဒါကြောင့် communist correspondence committee နဲ့ နောင်မှာပေါ်ပေါက်လာတဲ့ communist league တို့အတွင်းမှာ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

(၁၈၄၇) ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပတဲ့ communist league ရဲ့ ကွန်ဂရက်ကို လန်ဒန်မှာ သွားတက်ချိန်မှာတော့ မာ့က်စ်ဟာ သူ့ရဲ့ အတွေးအခေါ်တွေကို ကွန်မြူနစ်လှုပ်ရှားမှုတွေရဲ့ အခြေခံ ဖြစ်လာအောင် လုပ်ဆောင်နိုင်တဲ့ အခွင့်အရေး ရသွားခဲ့ပါတယ်။ ရှည်လျားထွေပြားတဲ့ ဆွေးနွေးမှုတွေ အပြီးမှာ ကွန်မြူနစ်ဝါဒအရှိန်မြင့်လာအောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ သူ့ရဲ့ အမြင်တွေကို အများ လက်ခံလာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ communist league ရဲ့ doctrines တွေကို ရိုးရှင်းတဲ့ ဘာသာစကားနဲ့ ရေးသားဖို့ တာဝန်ပေးအပ်ခံခဲ့ရပါတယ်။ ရလဒ်ကတော့ (၁၈၄၈) ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပေါ်ထွက်လာခဲ့တဲ့ The Communist Manifesto ပါပဲ။ ဒါဟာ မာ့က်စ်ဝါဒ ပေါ်ထွက်လာခြင်းရဲ့ ကနဦးအစ ဆိုရင်လဲ မမှားပါဘူး။

(ဆက်လက်ဖော်ပြပါမည်)

မူရင်းစာအုပ်အမည် - Marx: A Very Short Introduction
စာအုပ်ရေးသားသူ - Peter Singer
စာအုပ်ထုတ်ဝေနှစ် - ၁၉၈၀ (ပထမအကြိမ်)၊ ၁၉၉၆ (ပြန်လည်ထုတ်ဝေနှစ်)
ဘာသာပြန်သူ - ခင်မမမျိုး (၂၆၊ ၁၁၊ ၂၀၁၂)

ဒုတိယပိုင်းသို့ 

ကားလ်မာ့က်စ် မိတ်ဆက် (ဘာသာပြန်)အခန်း (၂)



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။