ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
ဇေယျာသော် (သို့ မဟုတ်) ခေသူမဟုတ်
ဟစ်ဟော့ပ် အဆိုတော် တဖြစ်လဲ
လွှတ်တော်အမတ် အသစ် စက်စက် ဇေယျာသော်ရဲ့ ပြင်သစ်နိုင်ငံ ပဲရစ် မှာ
ပြောခဲ့တဲ့ မိန့်ခွန်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဥရောပ
ခရီးစဉ် အတူသွားစဉ် အခုလို ပြောကြားခဲ့တာပါ။
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
ပြန်ရောက်လာပြီလေ -
အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ဥရောပခရီးစဉ်
ပြီးဆုံးပြီ ဖြစ်တဲ့အတွက် ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀း၃၀ နာရီခွဲ
အချိန်တွင် TG 303 ထိုင်းအဲယားဝေးလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့
ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ပြည်သူလူထုများမှ လေဆိပ် ဝဲယာ
လမ်းမတလျှောက် လှိုက်လှဲစွာ စောင့်ကြိုနှုတ်ဆက်ခဲ့ကြပါသည်။ အလားတူပင်
ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ရှေ့တွင်လည်း ပြည်သူလူထုမှ
လာရောက်စောင့်ဆိုင်း ကြိုဆိုခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူလူထုအား
ပြန်လည် နှုတ်ဆက်ခဲ့ပါသည်။
Burma VJ
Burma VJ
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
အင်းလေးနှင့် ဂျပန် ဘီဝါကန်ညီအစ်မ ရေကန်အဖြစ် ထူထောင်ရန် စီစဉ်နေ
29 Jun 2012 |By Popular News
အင်းလေးကန် (ဗမာပြည်) |
ဂျပန်နိုင်ငံရှိ ဘီဝါ(BiWa) ရေ ကန်သည် မြန်မာနိုင်ငံရှိ အင်းလေး ကန်နှင့်ပုံသဏ္ဍန်ဆင်တူသည့်အပြင် နှစ်စဉ် ထိုရေကန်သို့ ကမ္ဘာလှည့် ခရီးသည်အများအပြား လာရောက် ကြကြောင်း၊ ထိုရေကန်နှင့် အင်း လေးကန်တို့အား ညီအစ်မ ရေကန် အဖြစ် ထူထောင်လိုက်ပါက ထိုရေ ကန်နှစ်ခု၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ဂျပန် နိုင်ငံ၏အကူအညီများစွာ ရရှိလာ မည်ဖြစ်ကြောင်း၊ လတ်တလော အားဖြင့် အင်းလေးကန်နှင့် ဘီဝါရေ ကန်တို့အား ညီအစ်မရေကန်အဖြစ် ထူထောင်နိုင်ရေးအတွက် ဂျပန်နိုင်ငံ ရှိ ဘီဝါရေကန်အုပ်ချုပ်ရေးမှူးနှင့် မြန်မာနိုင်ငံပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောဝန်ကြီးဌာနသို့ တင်ပြအကြောင်း ကြားသွားမည်ဖြစ် ကြောင်း ၄င်းက ဆိုသည်။
ဘီဝါကန် (ဂျန်ပန်ပြည်) |
လက်ရှိ၌ အင်းလေးကန်ထိန်း သိမ်းရေးအတွက် UNDP မှ ကန် ဒေါ်လာ နှစ်သန်းခြောက်သောင်း သုံးစွဲ၍ ပြုပြင်ထိန်းသိမ်းရေးများ ဆောင်ရွက်လျက်ရှိသည့်အပြင် သဘာဝပတ်ဝန်းကျင်နှင့် သစ် တောဝန်ကြီးဌာနမှလည်း ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်လျက် ရှိသော်လည်း အားရကျေနပ်စရာ အနေအထား မရှိသေးဟု အင်း လေးကန်ထိန်းသိမ်းရေးဆောင်ရွက် နေသည့် ဆည်မြောင်းအရာရှိတစ် ဦးနှင့်FREDA မှဦးအုန်းတို့ထံမှ သိရသည်။
သူရ၊ မိုးငယ်
ဦးနှောက်ကို ပျက်စီးစေသော အကြောင်း (၁၀) ချက်
(၁) မနက်စာ မစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားတတ်ပိုနည်းတတ်ပါတယ်။ အဲ့ဒါရဲ့အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အဟာရ မရတော့ဘဲ ဦးနှောက်ရဲ့စွမ်းရည်ကို ကျဆင်းစေပါတယ်။
(၂) လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထပ်ပိုစားသောက်ခြင်း အားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါကျစေပါတယ်။
(၃) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါကိုပါ) ဖြစ်စေနိုင်ပါတယ်။
(၄) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓါတ်နဲ့ အဟာရတွေ စုတ်ယူမှုကို အဟန့်အတားဖြစ်စေပြီး အဟာရ ချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောက်အယှက်ဖြစ်စေပါတယ်။
(၅) လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခနာမှာ အောက်ဆီဂျင်ကို အများဆုံး အသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ် ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှုလျှော့ နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။
(၆) အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ ဆဲလ်တွေ သေဆုံးတဲ့နှုန်းမြင့်မားလာစေပါတယ်။
(၇) အိပ်ချိန်မှာ ခေါင်းကိုဖုံးအုပ်ထားခြင်း
ခေါင်းကိုဖုံးအုပ်ပြီး အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကိုတိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုလျှော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။
(၈) ကျမ်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကိုအသုံးပြုခြင်း
ကျမ်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာ လုပ်တာမျိုး၊ စာကျက်စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။
(၉) စိတ်ဝင်စားတတ်ကြွစွာ စဉ်းစားတွေးခေါ်မှု မရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကိုလေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဦးနှောက်ကိုတတ်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံစေပါတယ်။
(၁၀) စကားနည်းခြင်း
အသိဥာဏ် အတွေးအခေါ်ပါတဲ့စကားစမြည်ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့စွမ်းရည်ကိုတိုးတတ်စေပါတယ်။
စုလေးငယ်
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားတတ်ပိုနည်းတတ်ပါတယ်။ အဲ့ဒါရဲ့အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အဟာရ မရတော့ဘဲ ဦးနှောက်ရဲ့စွမ်းရည်ကို ကျဆင်းစေပါတယ်။
(၂) လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထပ်ပိုစားသောက်ခြင်း အားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါကျစေပါတယ်။
(၃) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါကိုပါ) ဖြစ်စေနိုင်ပါတယ်။
(၄) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓါတ်နဲ့ အဟာရတွေ စုတ်ယူမှုကို အဟန့်အတားဖြစ်စေပြီး အဟာရ ချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောက်အယှက်ဖြစ်စေပါတယ်။
(၅) လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခနာမှာ အောက်ဆီဂျင်ကို အများဆုံး အသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ် ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှုလျှော့ နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။
(၆) အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ ဆဲလ်တွေ သေဆုံးတဲ့နှုန်းမြင့်မားလာစေပါတယ်။
(၇) အိပ်ချိန်မှာ ခေါင်းကိုဖုံးအုပ်ထားခြင်း
ခေါင်းကိုဖုံးအုပ်ပြီး အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကိုတိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုလျှော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။
(၈) ကျမ်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကိုအသုံးပြုခြင်း
ကျမ်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာ လုပ်တာမျိုး၊ စာကျက်စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။
(၉) စိတ်ဝင်စားတတ်ကြွစွာ စဉ်းစားတွေးခေါ်မှု မရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကိုလေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဦးနှောက်ကိုတတ်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံစေပါတယ်။
(၁၀) စကားနည်းခြင်း
အသိဥာဏ် အတွေးအခေါ်ပါတဲ့စကားစမြည်ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့စွမ်းရည်ကိုတိုးတတ်စေပါတယ်။
စုလေးငယ်
— with Hmue Zaw. (Face Book မှ)
နိုဗဲလ်ဆုရှင် ဒို့မိခင်
နိုဗဲလ်ဆုရှင် ဒို့မိခင်
တီးခတ်စီစဉ်သူ ကိုဝင်းကျော် GTX
ဖြစ်ပြီး ရေးစပ်သူမှာ သံစဉ် ကိုဝင်းကျော်နှင့် ကိုနေမျိုးဇင် တို့
တွဲဖက်ရေးစပ်သီဖွဲ့ ထားခြင်းဖြစ်ပါသည်။ သီဆိုသူမှာ မြန်မာ့လူမှုဘဝ
ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ညှိနှိုင်းဆောင်ရွက်သူ (ဗိုလ်ကြီးဟောင်း)
ကိုနေမျိုးဇင် ဖြစ်ပါသည်။ မြန်မာ့ဂုဏ်ဆောင် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လှည်းနေလှေအောင်း မြင်းဇောင်းမကျန်
သောင်းဖြညီညီ ကြိုပါမည့် အကြောင်း ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။
ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် လူထုခေါင်းဆောင်သည် ..... အောင်ပန်းလွှင့်လို့ ဒို့များ အမိမြေ ပြန်လာခဲ့ပါပြီ။ ညီညာဖျဖျ ကြိုဆိုကြမည်။ တူယှဉ်ကာဆုံမည်။ နိုင်ငံရေး စနစ်သစ် အသွင်ပြောင်းခဲ့ပြီး နိုဗဲလ် ဆုရှင်သည် .......မျှော်မှန်းချင့်လို့ နိုင်ငံသစ်ဆီ သူချီတက်လေပြီ၊ မြန်မာ အမျိုးသားတို့ ဂုဏ်ယူကြသည်။ ညီညာစွာ ကြိုမည် ချစ်သည်။ ဟေ့ ဟေ့ လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ....လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ....လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ........လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့တွေကြိုကြမည် ။ ...............ပေးပို့ သူ ဖန်တီးရှင် နေမျိုးဇင်
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
အဓမ္မလယ်ယာမြေအသိမ်းခံရသော တောင်သူလယ်သမားများ တွေ့ဆုံဆွေးနွေးခြင်းနှင့် ညှိနှိုင်းဆုံးဖြတ်ချက်များ ချမှတ်ခြင်း
မိတ္ထီလာမြို့
ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းထုတ်ပြန်ခြင်း
၁၃၇၄-ခုနှစ် ပထမ၀ါဆိုလဆန်း(၁၀)ရက်
၂၀၁၂-ခုနှစ် ဇွန်လ(၂၈)ရက်
အဓမ္မလယ်ယာမြေအသိမ်းခံရသော
တောင်သူလယ်သမားများ တွေ့ဆုံဆွေးနွေးခြင်းနှင့်
ညှိနှိုင်းဆုံးဖြတ်ချက်များ
ချမှတ်ခြင်း
မိတ္ထီလာခရိုင်အတွင်းရှိ
မိတ္ထီလာ ၊ မလှိုင် ၊ ၀မ်းတွင်း ၊ သာစည် မြို့နယ်များမှ လယ်ယာမြေများကို အတင်းအဓမ္မ ရယူသိမ်းပိုက်ခြင်းခံခဲ့ကြရသော
လယ်သ္မားများသည် ယနေ့ ၂၈-၆-၂၀၁၂ ရက်နေ့တွင် မိတ္ထီလာမြို့ ပြည်သူ့ အကျိုးဆောင်ကွန်ယက်
ရုံးခန်း၌ တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ကြသည်။
မိတ္ထီလာမြို့နယ်
ကံကောင်းကျေးရွာမှ အမြန်လမ်းမကြီး ဖောက်လုပ်စဉ်က ၊ မိတ္ထီလာ အမှတ်-၉၆၇ GE တပ်မှ လုပ်ငန်းလုပ်ကိုင်နေစဉ်
ခေတ္တသိမ်းယူခဲ့သောမြေများကို ၊ ယခုလမ်းမကြီး ဖောက်လုပ်ပြီးစီး၍ တောင်သူများ လက်သို့
ပြန်လည်ပေးအပ်ရမည်ကို မပေးအပ်ဘဲ ၀န်ကြီး၏လမ်းညွှန်ချက်ဟုဆိုကာ ဆောက်လုပ်ရေးဝန်ကြီး ဋ္ဌာနမှ
မြို့ပြအငယ်တန်းအင်ဂျင်နီယာ(၁) ဦးစိန်ဝင်းဆိုသူက ပြန်လည်ပေးအပ်ရမည့် တောင်သူများ၏
လယ်မြေ များကို ခြံစည်းရိုးခတ်ကာရံမှုများ ပြုလုပ်နေသည့် ကိစ္စ။
မလှိုင်မြို့နယ်
၊ ဖက်ကုန်းအုပ်စု သရက္ကံကျေးရွာနှင့် ၀မ်းတွင်းမြို့နယ် ပန်းကြိုင်အုပ်စု အိုးပြွန်ကန်ကျေးရွာမှ
လယ်ယာမြေများမှာ အမြန်လမ်းမကြီးဖောက်လုပ်စဉ်က လမ်းဧရိယာများအဖြစ် ယာမြေများကို အသိမ်းခံကြရ
သည့်အပြင် လမ်းဘေးဝဲယာတလျှောက်လုံး လမ်းအတွက်ဂန့်ဂါးမြေများကို အကုတ်ခံရခြင်း ၊ လမ်းအတွက်
မလိုအပ်သော မြေပျော့များကို ယာမြေများပေါ်သို့ လာပုံခံရခြင်းနှင့် လမ်းဖောက်လုပ်နေစဉ်ကာလဖြစ်၍
လမ်းအတွက် လျော်ငွေမရဘဲ အသိမ်းခံရခြင်းမှ ကျန်ရှိသောမြေများကို ၃-နှစ်ခန့်လုပ်စားခွင့်မရရှိဘဲ
၎င်းမြေများ ကို ပလပ်မြေဟုသတ်မှတ်ပြီး ကွင်းအမှတ် ၃၈၁ ၊ ၃၈၂ ကို ဦးခင်မောင်ဌေး+ဒေါ်ခင်မာကြူ
ပိုင်ဆိုင်သော ကောင်းကင်ကုမ္ပဏီက မတရားသိမ်းယူပြီး စိုက်ပျိုးလက်စ သီးနှံများကို ဖျက်ဆီးခံရခြင်းကိစ္စ။
သာစည်မြို့နယ် ၊
ကျွဲတပ်ဆုံအုပ်စု ၊ မုံပင်ဆုံကျေးရွာမှ ကိုယ်တိုင်ဓါးမဦးချ ခုတ်ထွင်ရှင်းလင်းပိုင်ဆိုင်ခဲ့သော
(ယ္ခုအသက် ၈၀ ကျော်) ဦးအောင်မြ၏ မြေဧက ၄၀ကျော်ကျော်ကို လွန်ခဲ့သောအနှစ် ၂၀-ကာလ ကတည်းက
တောကြပ်ဦးအောင်မောင်းကြည်က မတရားသိမ်းယူခဲ့ပြီး ၎င်းဦးအောင်မြပိုင်ဆိုင်ခဲ့သော မြေပေါ်တွင်
နေအိမ် ဆိုင်ခန်းများ ဆောက်လုပ်နေထိုင်ခြင်း ၊ ဘောစကိုင်းပင်ထင်းများကို ခုတ်၍ရောင်းချခြင်း
၊ နွား ဆိတ် စားကျက် မြေအဖြစ် အသုံးချခွင့်ကို အခကြေးငွေဖြင့် ငှားရမ်းခြင်း ၊ ၎င်းဦးအောင်မြပိုင်မြေပေါ်မှ
ကျောက်များထုတ်၍ ရောင်းချခြင်းနှင့် အစွန်အဖျားမှ ကျန်နေသေးသော မြေကွက်လပ်လေးပေါ်တွင်
ဦးအောင်မြ၏သားမက် ကိုရဲတင့်က နှမ်းစိုက်ပျိုးပြီး သီးစားခအဖြစ် ဆီတပုံး ဦးအောင်မောင်းကြည်သို့
ပေးအပ်ခဲ့ရမှုများအပေါ် မကျေနပ်ကြောင်းနှင့် မိမိတို့ပိုင်မြေကို မိမိတို့ပြန်လည်ရယူနိုင်ရေးအတွက်
ကိုရဲတင့်က လာရောက်တင်ပြ ဆွေးနွေးပြီး အကူအညီတောင်းခံသည့်ကိစ္စ။
ဆွေးနွေးပွဲကို
အထက်ပါကျေးရွာအသီးသီးမှ တောင်သူကိုယ်စားလှယ်များ ၂၅ဦး တက်ရောက်ခဲ့ကြပြီး မိမိတို့၏
အတွေ့အကြုံ အသိအမြင်များ ဖလှယ်ကြပါသည်။ ယနေ့ဆွေးနွေးပွဲမှ ဆုံးဖြတ်ချက် ၂-ချက်ချမှတ်ခဲ့ကြသည်။
ဆုံးဖြတ်ချက်(၁) = တရားဥပဒေမဲ့ အဓမ္မသိမ်းယူခြင်းခံရသော
လယ်ယာမြေကိစ္စများနှင့် ပါတ်သက်၍
သမ္မတကြီး ဦးသိန်းစိန်ထံ
အမြန်ဆုံးဖြေရှင်းပေးရန် တင်ပြတိုင်ကြားသွားမည်ဖြစ်ကြောင်း
ဆုံးဖြတ်သည်။
ဆုံးဖြတ်ချက်(၂) = မိတ္ထီလာခရိုင်အတွင်းရှိ
မတရားသိမ်းယူခြင်းခံနေကြရသော လယ်ယာမြေများပြန်လည်ရရှိ
ရေးလှုပ်ရှားမှုများကို ခရိုင်တစ်ခုလုံးအနေဖြင့်
တညီတညွတ်တည်း စုပေါင်းလုပ်ဆောင်သွား
မည်ဖြစ်ကြောင်း ဆုံးဖြတ်သည်။
အထက်ပါ တောင်သူလယ်သမားတွေ့ဆုံဆွေးနွေးပွဲသို့
ဇွန်လ ၁၁-ရက်နေ့က နေပြည်တော်သို့ ခရီးရှည်ချီတက် ဆန္ဒပြခဲ့ကြသော ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ
ရွှေလုပ်ကွက်မှ အဖွဲ့ခေါင်းဆောင် ဦးသက်လွင် နှင့် ဇုန်ခေါင်းဆောင် ၄-ဦးတို့ကလည်း တက်ရောက်လာကြပြီး
ယင်းတို့၏အတွေ့အကြုံများနှင့် နှိုင်းယှဉ်၍ တောင်သူများကို အားပေးစကားများ ပြောကြားခဲ့သည်။
မိတ္ထီလာမြို့ ၊
ပြည်သူ့အကျိုးဆောင် ကွန်ယက်အနေဖြင့် မိမိတို့၏ တိုင်းရင်းသားလုပ်ငန်းရှင်များ ၊ မြေယာပိုင်ရှင်
တောင်သူလယ်သ္မားဦးကြီးများကို ဓမ္မစစ်ပိုင်ဆိုင်မှုများ အမှန်အကန်ရရှိရေး ၊ လယ်သ္မားထု
အလုပ်သ္မားထု တရပ်လုံး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရေး ၊ မိမိအခွင့်အရေးကို မိမိရယူနိုင်ရေး
၊ အခြေခံလူနေမှု အဆင့်အတန်းများ မြင့်မားတိုးတက်လာအောင် လုပ်ဆောင်နိုင်ရေးတို့အတွက်
ပြည်သူလူထုကြီးဘက်မှရပ်ကာ ၀န်းရံအားပေး ကူညီဆောင်ရွက်အားပေးသွားမည်ဖြစ်ကြောင်း နှင့်
နိုင်ငံတော်သမ္မတကြီးနှင့်တကွ ကမ္ဘာ့အဖွဲ့ အစည်းအသီးသီးနှင့် ပြည်သူအများသိရှိကြရန် တင်ပြလိုက်ခြင်းဖြစ်ပါသည်။
မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၂၈.၆.၂၀၁၂)
ဆက်သွယ်ရန်လိပ်စာ
4u.jokerman@gmail.com
freedom.of.kaungmyatlay@gmail.com
dhrmp.22@gmail.com
09-2059904
09-43155796
09-444012426
freedom.of.kaungmyatlay@gmail.com
dhrmp.22@gmail.com
09-2059904
09-43155796
09-444012426
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
မြန်မာပြည်ပို့မည့် လက်နက်များ မယ်ဆိုင်၌ ဖမ်းမိ
သန်းထိုက်ဦး|
June
28, 2012 | (ဧရာဝတီ)
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင် ခရိုင် မယ်ဆိုင်မြို့၌ရှိသော ထိုင်းနိုင်ငံသား နိုင်စ၀ါ ကျိုင်းကရောက် ၏ နေအိမ်ကို ထိုင်းရဲများက သ တင်း အရ ၀င်ရောက် ရှာဖွေ၍ ဖမ်းဆီးခြင်း ဖြစ်သည်။
သက်သေခံ ပစ္စည်းများ အဖြစ် ဖမ်းဆီးရမိသော လက်နက်များထဲတွင် အာပီဂျီ လောင်ချာ ၁၂ လက်၊ အေကေ ၄၇ မောင်း ပြန် ရိုင်ဖယ် ၁၇ လက်၊ အမ် ၁၆ မောင်းပြန် ရိုင်ဖယ် ၆ လက်၊ အမ် ၇၉ လောင်ချာ ၁၂ လက်နှင့် အာပီဂျီ ဗုံးသီး ၉ လုံး တို့ကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်း သတင်းများက ဖော်ပြကြသည်။
လက်နက်များကို ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) တပ်ဖွဲ့မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် နီးစပ်သည့် ခမ်းဆိုသူထံမှ ရရှိ ခြင်း ဖြစ်သည်ဟု အဖမ်းခံရသူက ထွက်ဆိုကြောင်း ဒေးလီးနယူးစ် သတင်းဌာန(dailynews) အင်တာနက် စာမျက်နှာတွင် ဇွန်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။
ယင်း ခမ်းဆိုသူကို ၎င်း၏ နေအိမ်သို့ ထိုင်း အာဏာပိုင်များက သွားရောက်ဖမ်းဆီးခဲ့ရာ ထွက်ပြေး လွတ်မြောက်သွားကြောင်း လည်း ထိုင်း သတင်းက ဆိုသည်။
ယခု လက်နက် ခဲယမ်းများကို မူးယစ်ဆေးဝါးနှင့် လဲလှယ်ရန် အတွက် ဖြစ်နိုင်ကြောင်း ထိုင်း အာဏာပိုင် ရဲအရာရှိ တဦးကို ကိုးကား၍ ဒေးလီနယူးစ် သတင်းဌာနတွင် ရေးသားထားသည်။
SSA-S မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်းကမူ ယင်း လက်နက်များ ဖမ်းဆီးမှုသည် ၎င်းတို့နှင့် ပတ်သက်ခြင်း မရှိကြောင်း ဧရာဝတီ သို့ ပြောသည်။
“ရှမ်းပြည်ထဲမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေများတယ်၊ ကျနော်တို့နဲ့ မပတ်သက်ဘူး၊ ဒီကိစ္စက ဘယ်ဘက်ကို သယ်သွား မှာလဲ မသိပါဘူး၊ သတင်းထဲမှာ ကျနော်တို့ရဲ့ခေါင်းဆောင်ကြီး နာမည်ကို ထည့်သုံးထားတယ်ဆိုတော့ မသင့်တော်တဲ့အကြောင်း ဒေးလီး နယူးစ် သတင်းစာကြီးကို ပြောခဲ့ပြီးပါပြီ”ဟု ၎င်းက ဆိုသည်။
သတင်းထဲတွင်လည်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နာမည်ကို ထည့်သုံးထားပြီး အသေးစိတ် အချက်အလက်များ ရေးသား ပြောပြ ထားခြင်း မရှိကြောင်းလည်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ရှင်းပြသည်။
ထိုင်းနိုင်ငံ
ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့ကလည်း ၅ ရက်အတွင်း လက်နက်မျိုးစုံ အလက် ၂၃၄ လက်ကို
ဘန်ကောက်မြို့တွင်း သွားလာနေသော ကားများကို ရှောင်တခင် စစ်ဆေးရာမှ
ဖမ်းဆီးရမိခဲ့ကြောင်း ယမန်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ယင်းလက်နက်များကို
ပြသ ရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ၌ ဖော်ပြသည်။
၂၀၁၁ ခုနှစ်
ဖေဖော်ဝါရီလ အတွင်းတွင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အတွက် လက်နက်
ရောင်းဝယ် ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား၂ ဦးကို လက်နက်များနှင့်
အတူ မယ်ဆိုင်မြို့တွင်ပင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။
ထိုစဉ်က သက်သေခံ
ပစ္စည်းများအဖြစ် ရောင်းချထားပြီးသား ၉ မမ ပစ္စတို သေတ္တာ ၅၆ သေတ္တာ၊ သေနတ်ပြောင်းရှည်
၂ လက်နှင့် M 60 သေနတ် ကျည်ဆန် အတောင့် ၂၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။
တာချီလိတ် နှင့်
မယ်ဆိုင် မြို့သည် အစိုးရ စစ်တပ်၊ ရဲ၊ လူဝင်မှု ကြီးကြပ်ရေးဌာန (လ၀က)၊ အကောက်အခွန်၊
ငြိမ်းချမ်းရေး ယူ ထားသည့် အဖွဲ့ ၀င်များ၊ မူးယစ်ဆေးဝါး ရောင်းဝယ်
လုပ်ကိုင်နေသူများ ကျင်လည် ကျက်စားနေသော မြို့ဖြစ်ကြောင်း သိရသည်။သူရ ဦးရွှေမန်းနဲ့ ၈၈မျိုးဆက် ကျောင်းသားများ တွေ့ဆုံမည်
RFA
2012-06-28
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ၈၈ မျိုးဆက် ကျောင်း သားများအဖွဲ့တို့ တွေ့ဆုံဖို့ ရှိတယ်လို့ သတင်းရရှိပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာ ကိုကိုကြီးက RFA ကို အခုလိုပြောပါတယ်။
"ကျွန်တော်တို့ အနေနဲ့ကပေါ့လေ၊ ဒီမှာ
နိုင်ငံပြုပြင်ပြောင်းလဲနေတဲ့ အချိန်မှာ ဒီအားလုံးပေါ့၊
ထိတွေ့ဆက်ဆံဖို့လိုတယ် ဆိုတဲ့ သဘောထားက ရှိပြီးသားပါ"
တွေ့ဆုံပွဲ ဘယ်တော့လုပ်မယ်၊ ဘာတွေပြောဆိုဖို့ ရှိတယ်ဆိုတဲ့ အသေးစိတ်
အစီအစဉ်ကို ထုတ်ဖော်ပြောဆိုမှု မရှိပါဘူး။ ဒီလိုတွေ့ဖြစ်ခဲ့ရင် ဒါဟာ
ကိုမင်းကိုနိုင်၊ ကိုကိုကြီး ဦးဆောင်တဲ့ ၈၈ မျိုးဆက်
ကျောင်းသားများအဖွဲ့နဲ့ သူရ ဦးရွှေမန်းတို့ရဲ့ ပထမဆုံး တွေ့ဆုံမှု
ဖြစ်ပါတယ်။မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် သက်ဆိုင်သူ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အားလုံးပါဝင်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရကို လွန်ခဲ့တဲ့နှစ်တွေ ကတည်းက တိုက်တွန်းထားသလို၊ မြန်မာအစိုးရဘက် ကလည်း တိုင်းရင်းသားအဖွဲ့တွေ၊ ပြည်ပအခြေစိုက်အဖွဲ့တွေနဲ့ တွေ့ဆုံနေတာတွေ ရှိပါတယ်။
ပြီးခဲ့တဲ့ ရက်ကလည်း မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီတို့ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့က ပြည်ပရောက်အဖွဲ့တွေနဲ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံခဲ့ပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၉၀၀ ၀န်းကျင်အထိ ခုန်တက်
နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၉၀၀ ၀န်းကျင်အထိ ခုန်တက်ပြီး အက်ဖ်အီးစီ ပြင်ပငွေလဲနှုန်း တစ်ယူနစ် ကျပ် ၉၀၀ အထက်ရောက်ရှိ ဗဟိုဘဏ်ဈေးနှုန်းနှင့် ပြင်ပငွေလဲနှုန်း ကွာဟချက် ပိုမိုများပြားလာ |
Wednesday, 27 June 2012 21:42 | ||||||||||||||||||||||||||||||||||||||||||||||||||||||||
၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်နေ့နောက်ပိုင်းမှစ၍ ဆက်တိုက်မြင့်တက်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် ဇွန်လနှောင်းပိုင်းတွင် ပိုမိုမြင့်တက်လာခဲ့ပြီး ဇွန် ၂၇ရက်နေ့၌ ဗဟိုဘဏ် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ ၈၆၇ကျပ်၊ သိမ်ဖြူငွေလဲကောင်တာ ဈေးနှုန်းမှာ ၀ယ်ဈေး-၈၆၅ကျပ်၊ ရောင်းဈေး-၈၇၄ကျပ်(မွန်းလွဲ ၁၂နာရီခွဲဈေး)ဖြစ်ပြီး ပြင်ပဈေးကွက် ပေါက်ဈေးသည် ၀ယ်ဈေး ၈၉၀ကျပ်၊ ရောင်းဈေး ၈၉၂ကျပ်ထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။ သိမ်ဖြူငွေလဲကောင်တာတစ်ခုမှ တာဝန်ရှိသူက''အခု ကားသွင်းဖို့ လာဝယ်တဲ့သူက များတယ်။ သူတို့က တစ်ယောက်ကို ငါးထောင်လောက် ၀ယ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာငွေက သုံးလေးသောင်းလောက်ပဲ ရှိတယ်။ အဲဒီတော့ ငါးယောက် ခြောက်ယောက်လောက် ၀ယ်တာနဲ့ ငွေကပြတ်သွားပြီ။ ငွေလာရောင်းတဲ့သူကျတော့ တစ်ဦးမှ တစ်ရာ နှစ်ရာလောက် လာရောင်းတာ။ ဒါကြောင့် လုံလုံလောက်လောက် မရောင်းနိုင်ဘူး''ဟု ပြောကြားပါသည်။ ''အက်ဖ်အီးစီဈေးတက်တာ အဓိကအချက်ကတော့ ကားသွင်းတဲ့သူတွေကို ကညန ယာဉ်မှတ်ပုံတင်ကြေးကောက်ရင် အက်ဖ်အီးစီနဲ့ပဲ သွင်းခိုင်းလို့။ အက်ဖ်အီးစီမဟုတ်လဲ အက်ဖ်အီးစီလဲနှုန်းနဲ့ကိုက်ပြီး သွင်းခိုင်းတော့ အက်ဖ်အီးစီဖျက်သိမ်းမယ်လို့ သတင်းမထွက်ခင် ကိုင်ထားတဲ့သူတွေက ကစားလို့ ကောင်းသွားတာပေါ့။ ကားတင်သွင်းတဲ့သူတွေကို အက်ဖ်အီးစီနဲ့မကောက်ပဲ အမေရိကန် ဒေါ်လာလဲနှုန်းနဲ့တွက်ပြီး ကောက်သင့်တယ်။ ကညနကို ပေးသွင်းရတဲ့ ပမာဏကလည်း မနည်းဘူးလေ။ အခုလည်း ကားတင်သွင်းတဲ့သူတွေ ပေးသွင်းတာ ပမာဏ တော်တော်များများ ရနေတာပဲ၊ ဒေါ်လာလဲနှုန်းနဲ့ပဲ ပေးသွင်းဖို့ ပြောင်းသင့်တယ်။ မဟုတ်ရင် ဒီအချက်ပေါ်မှာကစားပြီး အက်ဖ်အီးစီဈေး ဆွဲတင်ကြမှာပေါ့''ဟု ကားတင်သွင်းသူတစ်ဦးဖြစ်သည့် ကိုထွဋ်ကလည်း ပြောပြခဲ့သည်။ ယခုဖြစ်ပေါ်လာသော နိုင်ငံခြားငွေလဲနှုန်းနှင့် အက်ဖ်အီးစီ ငွေလဲနှုန်းသည် မြန်မာနိုင်ငံခြားငွေလဲနှုန်း ကျပ် ၉၀၀ အောက် စတင်ကျဆင်းသည့် ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလာဈေးနှုန်းကို ပထမဦးဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။
|
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
ကချင် စစ်ဘေးရှောင်များကို တရုတ်ကူညီပေးနေဟုဆို
ရန်ကုန် (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် တရုတ်ပြည်သို့ ထွက်ပြေးခိုလှုံလာသည့်မြန်မာနိုင်ငံသားများကို အကူအညီများပေးနေပြီး မြန်မာနိုင်ငံဘက်သို့ အဓမ္မပြန်လွှတ်ခြင်းမရှိဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က ပြောဆိုလိုက်သည်။
အင်္ဂါနေ့က ထုတ်ပြန်လိုက်သော အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ၏ ကချင် စစ်ပြေး ဒုက္ခသည်များဆိုင်ရာ အစီရင်ခံစာ တစောင်ဖြစ်သည့် ‘ယူနန်ပြည်မှာ အထီးကျန်’ Isolated in Yunnan အား အခြေခံသည့် သတင်းများကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်း တုန့်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။ဒုက္ခသည်များကို တရုတ်နိုင်ငံမှ လက်မခံဘဲ စစ်မက်ဖြစ်ပွားရာဒေသများသို့ ပြန်လည်စေလွှတ်နေသည်ဟု HRW
ရေးသားချက်များကို ငြင်းဆိုခဲ့ပြီး တိုက်ပွဲများ လျော့ပါးသွား၍ မြန်မာနိုင်ငံ ဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်သွားသူတို့ မှာလည်း ဒုက္ခသည်များ မဟုတ်ကြဟု အင်္ဂါနေ့က Hong Lei ၏ ပြောဆိုချက်ကို ကားကား၍ People Daily တွင်
ရေးသားထားခြင်း ဖြစ်သည်။
HRW ၏ စာမျက်နှာ ၆၈ ပါ ထိုအစီရင်ခံစာတွင် စစ်ပြေးဒုက္ခသည် ၇,ဝဝဝ မှ ၁ဝ,ဝဝဝ ခန့်သည် စစ်ဘေးစစ်ဒဏ်နှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဘေးမှ လွတ်မြောက်ရန် တရုတ်နိုင်ငံ ယူနန်ဒေသသို့ ထွက်ပြေးခဲ့ရပြီး အခက်အခဲများ စွာနှင့် ကြုံတွေ့နေရသည်ဟု ဆိုသည်ဟု HRW အာရှတိုက်ရေးရာဌာနမှ လက်ထောက် ဒါရိုက်တာ Phill Roberson က ပြောသည်။
“ကျနော်တို့ရဲ့ မှတ်တမ်းတွေအရ အနည်းဆုံး ဒုက္ခသည် ၃၀၀ လောက်ကို စစ်မက်ဖြစ်ပွါးနေတဲ့ နေရာကို အတင်းအဓမ္မ
ပြန်ပို့ခဲ့တာကို တွေ့ရတယ်” ဟု ဆိုသည်။
၂၀၁၁ ခုနှစ် ဇွန်လမှ စတင်ကာ ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် မြန်မာ အစိုးရတပ်တို့ အကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့၍ ထွက်ပြေး တိမ်းရှောင်နေရသူပေါင်းမှာ ၈ဝ,ဝဝဝ ခန့်ရှိကြောင်း ဒုက္ခသည် အကူအညီပေးရေး အဖွဲ့များက ခန့်မှန်းပြောဆိုကြသည်။
မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၇ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၅၅ မိနစ်
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
နယ်စပ်လူထုအကျိုး မယ်တော်ဆေးခန်း ပြည်တွင်းနဲ့ ပူးပေါင်း ဆောင်ရွက်လို
အင်္ဂါ, 26 ဇွန် 2012
By Nyein Khet
ဓာတ်ပုံ ASSOCIATED PRESS
နှစ်ပေါင်း ၂၀ကျော် ကာလအတွင်း ပြည်ပခရီးစဉ်တွေ သွားလာနိုင်ပြီးတော့
လွှတ်တော် နိုင်ငံရေး မှာလည်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနိုင်တဲ့အထိ
အပြောင်းအလဲတွေ ရှိလာနေတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ
အတိုက်အခံနိုင်ငံရေးအဖွဲ့တွေနဲ့လည်း အစိုးရက ငြိမ်းချမ်းရေးရဖို့
ကြိုးပမ်းနေတာပါ။ ဒီကနေ့မှာဆိုရင်တော့ ပြည်ထောင်စုငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထား ဝန်ကြီး ဦးအောင်မင်း
ဦးဆောင်တဲ့ အဖွဲ့ဟာ မယ်တော်ဆေးခန်းအပါအ၀င် အဖွဲ့ ၅ဖွဲ့နဲ့
တွေ့ဆုံခဲ့ပါတယ်။
ဒီလို တွေ့ဆုံချိန်မှာ ဦးအောင်မင်းက အစိုးရ မလုပ်နိုင်တဲ့ ကျန်းမာရေး ကိစ္စ တွေကို ဆောင်ရွက်နေတဲ့ အတွက် မယ်တော်ဆေးခန်းကို လိုအပ်တဲ့ အကူအညီတွေ ပေးအပ် မယ်ဆိုတဲ့ အကြောင်းနဲ့ မယ်တော် ဆေးခန်း ဘက်ကလည်း ကျန်းမာရေး ပညာရေး လူမှုရေး လုပ်ငန်း တွေကို ပြည်တွင်းမှာ ရှိတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ ဆက်ဆွေးနွေးမယ်ဆိုတဲ့အကြောင်း ပြောသွားခဲ့သလို နယ်စပ် မှာတော့ မယ်တော်ဆေးခန်းဘက်က ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ အတွက် ၀န်ဆောင်မှုတွေ ဆက်ပြီး ပေးသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအခြေနေကို ထိုင်းနယ်စပ်ကနေ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ဟာ ထိုင်းမြန်မာနယ်စပ်မှာ ဖွန်လ ၂၆ ရက်နေ့က ပညာရေး ကျန်းမာရေး လူမှုရေး လုပ်ငန်းတွေကို ဦးစီးဆောင်ရွက်နေတဲ့ မယ်တော်ဆေးခန်းအပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်တဲ့ ကေအန်ယူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ ဒီမိုကရက်တစ် တပ်ဦး ကျောင်းသား တပ်မတော် ၊ ဒီမိုကရက်တစ် အင်အားစု တွေနဲ့ တွေဆုံခဲ့တာပါ။ ဒီလိုတွေ့ဆုံချိန်မှာ နယ်စပ်က အခြေ အနေတွေ ကို ပြောပြဖြစ်ခဲ့သလို ပြည်တွင်းနဲ့ ဆက်စပ်လုပ်ဆောင်မယ့် ကိစ္စတွေကို ဆက်ပြီး ဆွေးနွေးဖို့တွေ ရှိနေတယ်လို့ မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင် က ပြောပါတယ်။
ABSDF ဒု-ဥက္ကဋ္ဌ ကိုမျိုးဝင်း ပြောပြတာကတော့
(VOA)ဒီလို တွေ့ဆုံချိန်မှာ ဦးအောင်မင်းက အစိုးရ မလုပ်နိုင်တဲ့ ကျန်းမာရေး ကိစ္စ တွေကို ဆောင်ရွက်နေတဲ့ အတွက် မယ်တော်ဆေးခန်းကို လိုအပ်တဲ့ အကူအညီတွေ ပေးအပ် မယ်ဆိုတဲ့ အကြောင်းနဲ့ မယ်တော် ဆေးခန်း ဘက်ကလည်း ကျန်းမာရေး ပညာရေး လူမှုရေး လုပ်ငန်း တွေကို ပြည်တွင်းမှာ ရှိတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ ဆက်ဆွေးနွေးမယ်ဆိုတဲ့အကြောင်း ပြောသွားခဲ့သလို နယ်စပ် မှာတော့ မယ်တော်ဆေးခန်းဘက်က ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ အတွက် ၀န်ဆောင်မှုတွေ ဆက်ပြီး ပေးသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအခြေနေကို ထိုင်းနယ်စပ်ကနေ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ဟာ ထိုင်းမြန်မာနယ်စပ်မှာ ဖွန်လ ၂၆ ရက်နေ့က ပညာရေး ကျန်းမာရေး လူမှုရေး လုပ်ငန်းတွေကို ဦးစီးဆောင်ရွက်နေတဲ့ မယ်တော်ဆေးခန်းအပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်တဲ့ ကေအန်ယူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ ဒီမိုကရက်တစ် တပ်ဦး ကျောင်းသား တပ်မတော် ၊ ဒီမိုကရက်တစ် အင်အားစု တွေနဲ့ တွေဆုံခဲ့တာပါ။ ဒီလိုတွေ့ဆုံချိန်မှာ နယ်စပ်က အခြေ အနေတွေ ကို ပြောပြဖြစ်ခဲ့သလို ပြည်တွင်းနဲ့ ဆက်စပ်လုပ်ဆောင်မယ့် ကိစ္စတွေကို ဆက်ပြီး ဆွေးနွေးဖို့တွေ ရှိနေတယ်လို့ မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင် က ပြောပါတယ်။
“ အဓိကကတော့ ဒီကျမတို့ နယ်စပ်မှာ ရှိနေတဲ့ ကျန်းမာရေး ပညာရေးနဲ့
ဒီကလေးအခွင့်အရေး အဖွဲ့အစည်းတွေ ရဲ့ လက်ရှိလုပ်ငန်းတွေကို ကျမတို့
တင်ပြပေးတယ်၊ ပြီးတော့ လာမယ့်အချိန်တွေမှာ ထိုင်းနိုင်ငံထဲမှာ ရှိနေတဲ့
ကျန်းမာရေး ပညာရေး လူမှုရေး အခြေခံအဖွဲ့တွေနဲ့ ပြည်တွင်းထဲမှာ ရှိတဲ့
အဖွဲ့တွေ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်အောင်အတွက်ကို
ဆက်လက်ပြီးတော့ ဆွေးနွေးသွားမယ်ပေါ့”
ဝန်ကြီး ဦးအောင်မင်းဟာ ကျန်းမာရေးကိစ္စတွေနဲ့ ပတ်သက်လို့
ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မယ် ဆိုတဲ့ အကြောင်းကိုလည်း
ဒေါက်တာစင်သီယာမောင် ကို အခုလို ပြောသွားပါတယ်။
“အစိုးရက မလုပ်ပေးဘူး၊ ဒါကြောင့်မို့လို့ ဆရာမကြီးက လုပ်ပေးတယ်၊
အစိုးရကိုယ်စားလည်း ဆရာမကြီး ကို ကျေးဇူးတင်တဲ့အကြောင်း၊
သမ္မတကြီးကိုယ်စားလည်း ကျေးဇူးတင်တဲ့အကြောင်း၊ ကျနော် ပြောပြတာပါ၊ ဒီတော့
ဆရာမကြီးတို့ ဖြစ်စေချင်တာ အရင်တုန်းက စနစ်က ခွင့်မပြုလို့ လုပ်မပေး
နိုင်ပေမဲ့ အခု စနစ်က ခွင့်ပြုတယ်၊ ဆရာမကြီးက ဒီဘက်မှာလာပြီးတော့
မြန်မာနိုင်ငံက တိုင်းရင်းသားတွေ ကို လာလုပ်ပေးနေ တဲ့အတွက် ဆရာမကြီးကို
ကျေးဇူးတင်ရမယ်၊ ဆရာမကြီးလုပ်တဲ့အလုပ်က တကယ်တော့ ကျနော်တို့ နိုင်ငံ
မှာဆိုရင် တော်ရုံတန်ရုံလူ မလုပ်နိုင်ပါဘူး။ ဒါကြောင့်မို့ ကျနော်တို့က
အားပေးတယ်၊ ၀ိုင်းကူပေးမယ်၊ လိုအပ် တာတွေ အကုန်လုံးပေါ့၊ ဖြည့်ဆည်းပေးမယ်၊
အဲဒါလေးကို ကျနော်က တွေ့ရင်ပြောမယ်ဆိုပြီးတော့ လာတာ ပါပဲ။ အဲဒီတော့
ဆရာမကြီးတို့ ကျောပိုးအိတ်အဖွဲ့ ဆိုတာကလည်း သိပ်လိုအပ်တာပဲ၊ ဒီကိစ္စက
Primary Health Care ပဲ”
ပြည်တွင်းမှာ ရှိနေတဲ့ နယ်လှည့် ကျောပိုးအိတ် အဖွဲ့လိုမျိုး
တိုင်းရင်သားဒေသတွေမှာ ဆေးဝါး ကုသမှု တွေ ကို မြန်မာအစိုးရဘက်က
လက်ခံသွားမယ်ဆိုရင် နောက်ပိုင်းမှာ ကျန်းမာရေး ကိစ္စတွေ ပူးပေါင်း လုပ်ဆောင်
သွားမှာ ဖြစ်သလို မယ်တော်ဆေးခန်းအနေနဲ့ကတော့ ထိုင်းမြန်မာနယ်စပ်မှာပဲ
ရွှေ့ပြောင်း အလုပ်သမား တွေအတွက် ၀န်ဆောင်မူတွေ ဆက်ပေးသွားမှာဖြစ်တယ်လို့
ဒေါက်တာ စင်သီယာမောင် က ဆိုပါတယ်။
“လက်ရှိ တိုင်းရင်းသားဒေသအလိုက် ကျန်းမာရေးလုပ်ငန်းတွေ အဖွဲ့အစည်းတွေ
အများကြီး ရှိတယ်၊ အဓိက လက်ရှိ ပြည်တွင်းထဲမှာ ရှိနေတဲ့ နယ်လှည့်
ကျောပိုးအိတ် ကျန်းမာရေး လုပ်သား အဖွဲ့တွေ၊ ပြီးတော့ ကျမတို့ ကျန်းမာရေး
ဝန်ထမ်းတွေကို တရားဝင် အသိအမှတ်ပြုတဲ့အဆင့် ရှိသွားပြီဆိုရင် ကျမတို့
နယ်စပ်မှာ ရှိနေတဲ့ တခြားသော အဖွဲ့အစည်းတွေကလည်း ဒီကျန်းမာရေးကိစ္စကို
ပူးပေါင်း ဆောင်ရွက်မှုထဲမှာ တဆက်တည်း ပါသွားမှာပေါ့၊ ထိုင်းနိုင်ငံထဲမှာ
ရှိတဲ့ လုပ်ငန်းအစီအစဉ်ကတော့ လက်ရှိ မြန်မာပြည်သားတွေ နယ်စပ်ဖြတ်ကျော်ပြီး
ဒီမှာ ဆေးလာကုရတဲ့အခြေနေ ရှိတာတို့၊ နောက် ရွှေ့ပြောင်းလူထုတွေရဲ့
လိုအပ်ချက်ရှိတာတို့မှာတော့ ကျမတို့ ဆေးခန်းအနေနဲ့ ၀န်ဆောင်မှုတွေ
ဆက်ဆောင်ရွက်ပေးသွားမှာပါ”
ဇွန်လ ၂၆ရက်နေ့ ဆွေးနွေးပွဲကို ဒီမိုကရက်တစ်အင်အားစုတွေ ပါဝင်တဲ့
တပ်ပါင်းစုတခုဖြစ်တဲ့ မြန်မာ နိုင်ငံ ဒီမိုကရက်တစ်အင်အားစု နဲ့
ကရင်အမျိုးသားအစည်းအရုံး KNU ၊ NLD လွတ်မြောက်နယ်မြေ၊ မယ်တော် ဆေးခန်း နဲ့
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသား
တပ်မတော် တိုနဲ့ လည်း ဆွေးနွေးခဲ့ကြပါတယ်။ ကျောင်းသားတပ်မတော် ABSDF ကတော့
ဧပြီလ အတွင်း ၀န်းကြီးဦးအောင်သောင်း နဲ့ အပစ်ရပ်ရေး၊ ဆွေးနွေးဖို့
ရှိပေမဲ့ အစီအစဉ် ပျက်ခဲ့တာကြောင့် အခုမှ ပြန် ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။ABSDF ဒု-ဥက္ကဋ္ဌ ကိုမျိုးဝင်း ပြောပြတာကတော့
"ပြီးခဲ့တဲ့ကာလမှာ ကျနော်တို့နဲ့ ဦးအောင်သောင်း ဦးဆောင်တဲ့
ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တို့ လုပ်ငန်း စဉ်တွေ တွေ့ဆုံ ဆွေးနွေး
အဖြေရှာနိုင်ဖို့အတွက် သီးသန့် ဆောင်ရွက် ဖြစ်ခဲ့တာပါ။ အခု ကာလ မှာတော့
အဖွဲ့မှူးပြောင်းပြီးတဲ့နောက်မှာ ဦးအောင်မင်းကလည်းပဲ ဆွေးနွေးရေးအဖွဲ့မှာ
ဒု-ဥက္ကဋ္ဌတယောက်အနေနဲ့ တာဝန်ယူလာတယ်ဆိုတဲ့ အခြေခံအပေါ်မှာ တဖွဲ့တည်း
ဖြစ်သွားတယ် ဆိုတဲ့ အနေအထားပေါ်မှာ မူတည်ပြီးတော့မှ ပြီးခဲ့တဲ့ကာလ
ဆောင်ရွက်မှုတွေအပေါ် အခြေခံပြီး ရှေ့ဆက် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို
အမြင်တွေ ဖလှယ်တဲ့ အနေအထားပါ။ သူကတော့ ဒီကနေ့ကာလ တိုင်းပြည်မှာ ဖြစ်နေ တဲ့
ပြဿနာတွေကို ဘယ်လို အဖြေရှာမလဲ၊ ပြီးတော့ အဓိက အခြေခံအားဖြင့်တော့
ကျနော်တို့ ကျောင်းသား တပ်မတော် ABSDF နဲ့ ပတ်သက်ပြီးတော့မှ လက်ရှိ ပြန်လည်
အသစ် ဖွဲ့စည်း လိုက်တဲ့ အဖွဲ့အစည်းရဲ့ သဘောထားက ဘယ်လို ရှိလဲ၊ အဲဒီအပေါ်မှာ
ပြီးခဲ့တဲ့ ကာလ ဆောင်ရွက်ထား တဲ့ ဆောင်ရွက်မှုတွေကို ဘယ်လို ပုံသဏ္ဍန်နဲ့
ဆက်လက်ပြီး ဘယ်လို ဖော်ဆောင်သွားမလဲ ဆိုတာကို၊ အဓိက
နည်းလမ်းပိုင်းဆိုင်ရာတွေ ကျနော်တို့ တင်ပြခဲ့ပါတယ်”
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ
မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ဟာ ဇွန်လ ၂၇ ရက်နေ့မှာလည်း
မဲတော်ဆေးခန်းကို သွားရောက် လည်ပတ်ဖို့ ရှိတယ် လို့ သိရပြီး
ညနေပိုင်းမှာတော့ NLD လွတ်မြောက်နယ်မြေ ၊ KNU တို့ နဲ့ ဆက်လက်ပြီး
ဆွေးနွေးမှုတွေ လုပ်နေ ဆဲ ဖြစ်ပါတယ်။
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
ဒေါ်အောင်ဆန်းစုကြည်နှင့် အောင်ဆန်းဦး အမွေဆိုင်အိမ်ကိစ္စနှင့်ပတ်သက်၍ ကျနော့်အမြင်
မြန်မာ့ဗုဓ္ဒဘာသာဝင်တွေရဲ့ ထုံးတမ်းအစဉ်အလာအရ မိဘအမွေဆိုတာ ရသင့်ရထိုက်မှသာ ခံစားစံစားရပါသည်။ အခုဖြစ်ပွါးနေတဲ့
ဒေါ်အောင်ဆန်းစုကြည်နှင့် အောင်ဆန်းဦးတို့၏ အမွေဆိုင်အိမ်ကိစ္စသည်၊ အောင်ဆန်းဦးမှ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်
ချုပ်နှင့် ထိမ်းသိမ်းခဲ့စဉ်ကတည်းက
ရန်သူ့အလိုအကျ အကွက်ကျကျစီစဉ်ခဲ့ပြီး နိုင်ငံရေးအရထိုးနှက်တိုက်ခြဲ့ ခင်းပင်ဖြစ်သည်။
ဆလိုင်းတင်မောင်ဦး ကျဆုံးတဲ့နေ့ အခမ်းအနား ရန်ကုန်မှာကျင်းပ
2012-06-26
မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်းမှာ ထင်ရှားတဲ့ ကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးတဲ့နေ့ကို “မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများနေ့” အဖြစ် သတ်မှတ်ဖို့ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေး မျိုးဆက်တွေက ဒီကနေ့ အဆိုပြု လိုက်ကြပါတယ်။အခွန်ထမ်းပြည်သူများအား အတင်းအဓမ္မ ဖယ်ရှားခြင်း
ဒဂုံမြို့သစ်မြောက်ပိုင်း
ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းထုတ်ပြန်ခြင်း
၁၃၇၄ ခုနှစ် ပထမဝါဆိုလဆန်း(၇) ရက်
၂၀၁၂ ခုနှစ် ဇွန်လ(၂၅) ရက်
၂၀၁၂ ခုနှစ် ဇွန်လ(၂၅) ရက်
အခွန်ထမ်းပြည်သူများအား
အတင်းအဓမ္မ ဖယ်ရှားခြင်း
ဒဂုံမြို့သစ်မြောက်ပိုင်း
၅၀ ရပ်ကွက် ကျန်စစ်သားပတ်လမ်း ဘေးနားတွင်တည်ရှိသော ထားဝယ်ချောင် သချိုင်္င်းကုန်း အနီးတွင်မှီတင်းနေထိုင်ကြသော
မိသားစုဦးရေမှာ ၆၂ ဦးရှိပြီး အိမ်ထောင်စု ၁၁ နေထိုင်လျှက်ရှိပါသည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်
ကာလက ယခုနေရာသည် လှည်းကူးအပိုင်ဖြစ်ခဲ့ပြီး ၁၉၈၈ အာဏာသိမ်းအစိုးရတက်လာပြီးနောက် ယင်းလှည်းကူး
အပိုင်သည် ဒဂုံမြို့သစ်မြောက်ပိုင်း အပိုင် ဖြစ်သွားခဲ့သည် ။ ထိုနေရာကို ယနေ့မနက်
( ၂၅.၆.၂၀၁၂) ငါးနာရီလောက်တွင် လုံထိန်း ၊ ရဲတပ်ဖွဲ့ နှင့် စည်ပင်အင်အား ၄၀၀ ကျော်
၊ SB ၂၀ ကျော်တို့ဖြင့် ၎င်းနေရာတွင် နေထိုင်လျှက်ရှိသောပြည်သူများ၏ နေအိမ်များကို ဖျက်ဆီး
ဖယ်ရှားကာ ၎င်းတို့နေထိုင်လျှက်ရှိသောနေရာကို ဝါးခြံစည်းရိုးများ ခတ်ကာ ကာရံသွားခဲ့ပါသည်။
ထိုနေရာတွင် နေထိုင်လျှက်ရှိသော လူဦးရေမှာ ၆၂ ဦးရှိပြီး အိမ်ထောင်စု ၁၁ စုရှိကြောင်းသိရှိရသည်။
ထိုသူများသည် နှစ်ပေါင်း ၂၀ ကျော်ကြာအောင် ထိုနေရာတွင် အစိုးရအား အခွန်ပေးဆောင်ကာ နေထိုင်လျှက်ရှိပြီးမှ
ယခုအခါ ဖယ်ရှားခြင်းခံရသဖြင့် နေစရာ အိုးမဲ့အိမ်မဲ့ဖြစ်နေရပါသည်။ အစိုးရအား အခွန်ပေးဆောင်ထားသည့်
ပြေစာများလည်း ရှိကြပါသည် ။ ထိုနေရာတွင်နေထိုင်သော မိသားစုများအား ဖျက်သိမ်းဖို့ကြိုတင်
အကြောင်း ကြားသော်လည်း ထိုနေရာတွင်နေထိုင်လျှက်ရှိသော လူဦးရေ ၆၂ ဦးအတွက် အစိုးရမှ
နေရာအစားထိုး ပြန်လည်ချထားပေးခြင်း (သို့) အခွန်ထမ်းဆောင်ထားသော ပြည်သူများအား ပြန်လှန်နားလည်တုံ့ပြန်မှု
တစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်းမရှိပဲ ယခုကဲ့သို့ အခွန်ထမ်း ပြည်သူများအား အတင်းအဓမ္မဖယ်ရှားခြင်းသည်
ပြည်သူလူထု၏ ဆန္ဒမဲများဖြင့်တက်လာသည်ဟု ဆိုသောအရပ်သားအစိုးရလက်ထက်မျိုးတွင် မပြုလုပ်သင့်ပေ။
ထိုနေရာတွင်နေထိုင်လျှက်ရှိသော ပြည်သူများမှ ၎င်းတို့အတွက် ထိုနေရာကိုဖယ်ရှားပါက နေထိုင်ရန်အတွက်
အခက်ခဲရှိကြောင်း သက်ဆိုင်ရာအာဏာပိုင်အဆင့်ဆင့်သို့ သုံးကြိမ်သုံးခါတိုင်တိုင် အသနားခံစာတင်ခဲ့ပါသည်။
သူတို့သည် သက်ဆိုင်ရာမှ အခွန်ပေးဆောင်ပါဟုဆိုသောကြောင့် အခွန်ပေးဆောင်ပြီးနေထိုင်ခဲ့သော်လည်း
ယခုလိုမျိုး ဖယ်ရှားခြင်းသည် ၎င်းတို့ဘဝအတွက်များစွာ နစ်နာကြောင်း ပြောဆိုခဲ့ပါသည်။ ၎င်းတို့အား
ဖယ်ရှားပြီး နောက် ထိုမိသားစုများကိုအစားထိုးနေရာပြန်လည်ချထားပေးခြင်းမရှိပဲ ပြီးစလွယ်
စွန့်ပစ်ထားခဲ့ ပါသည်။ ထိုမိသားစုများသည် ၎င်း အနီးနားတွင် အမိုးအကာတစ်စုံတစ်ရာမရှိပဲ
ပြန်လည်နေထိုင် နေကြပါသည်။ စားသောက်ဖို့အတွက်ပင် ၎င်းတို့မှာယခုအခါ အခက်ခဲများဖြင့်ရင်ဆိုင်နေရပါသည်
။ ထိုအိမ်ထောင်စုများ နေထိုင်ရာ နေရာများကို ဝါးခြံစည်းရိုးများဖြင့် ပတ်ပတ်လည် ကာရံသွားပါသည်။
အစိုးရအနေဖြင့် ထိုကဲ့သို့ အတိဒုက္ခရောက်နေသောပြည်သူများကို လူသားချင်းစာနာထောက်ထားသော
အားဖြင့် ၎င်းမိသားစုများ အဆင်ပြေသွားစေရန်အတွက် ကူညီဆောင်ရွက် ပေးပါရန်တိုက်တွန်းလိုက်ပါသည်။
ယခုအခါ ၎င်းကိစ္စအား ပြည်သူ့အကျိုးဆောင်ကွန်ယက်များနှင့် ကျောင်းသား ကွန်ယက်များဖြစ်ကြသော
နိုင်ငံရေးအကျဉ်းသား မိသားစုများအကျိုးဆောင်ကွန်ယက် ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး
အမျိုးသမီး အကျိုးဆောင်ကွန်ယက် (ဒေါ်နော်အုံးလှ
နှင့်အဖွဲ့) ၊ မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကျောင်းသားများ ကွန်ယက် နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း
ပြည်သူ့အကျိုးဆောင်ကွန်ယက် တို့မှ အတိဒုက္ခရောက်နေသော ပြည်သူများဘက်မှ ရပ်တည်ကာ ဝိုင်းရံအားပေး
ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နှင့် ကမ္ဘာအဖွဲ့အစည်းအသီးသီးနှင့် ပြည်သူများ သိရှိကူညီပေးပါရန်
ယခုလို ဖော်ထုတ်တင်ပြလိုက်ခြင်းဖြစ်ပါသည်။
ဒဂုံမြို့သစ်မြောက်ပိုင်း ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၂၅.၆.၂၀၁၂)
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
ကိုမင်းကိုနိုင် လယ်သမားတွေနဲ့ တွေ့ဆုံ
Published On: Mon, Jun 25th, 2012
ရန်ကုန်တိုင်း
ဒဂုံဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင်း ကျေးရွာမှာရှိတဲ့ ကွင်းအမှတ်
(၁၁၂၆-ခ)က လယ်ယာမြေတွေကို ပင်လယ်ကိုးသွယ် ကုမ္မဏီနဲ့ အာဏာပိုင်တွေ
ပူးပေါင်းပြီး သိမ်းယူခဲ့တာကြောင့်
ဒေသခံ လယ်သမားတွေမှာ အခက် တွေ့နေကြတယ် ဆိုလို့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ဒဂုံဆိပ်ကမ်း မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာ မျိုးအောင် ဦးဆောင်
တဲ့ NLD အဖွဲ့ဝင်တွေနဲ့ ရှေ့နေ ကိုဖိုးဖြူ အပါအဝင် လူဦးရေ ၅၀ လောက်က ဒေသခံ လယ်သမားတွေကို ဇွန်လ ၂၂ ရက်နေ့က သွားရောက် တွေ့ဆုံ ခဲ့ပါတယ်။ ကိုမင်းကိုနိုင်က ဒီ လယ်မြေ ပြဿနာကို
အမှန်တရားအတိုင်း ထုတ်ဖော် ပေးမယ်ဆိုတာကို ဒေသခံ လယ်သမားတွေအား ပြောဆိုခဲ့သလို ရှေ့နေ ကိုဖိုးဖြူကလည်း လယ်ယာမြေ ဥပဒေတွေနဲ့ ပတ်သက်လို့ ရှင်းပြ ပြောဆို သွားခဲ့ပါတယ်။
Burma VJ
ဒေသခံ လယ်သမားတွေမှာ အခက် တွေ့နေကြတယ် ဆိုလို့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ဒဂုံဆိပ်ကမ်း မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာ မျိုးအောင် ဦးဆောင်
တဲ့ NLD အဖွဲ့ဝင်တွေနဲ့ ရှေ့နေ ကိုဖိုးဖြူ အပါအဝင် လူဦးရေ ၅၀ လောက်က ဒေသခံ လယ်သမားတွေကို ဇွန်လ ၂၂ ရက်နေ့က သွားရောက် တွေ့ဆုံ ခဲ့ပါတယ်။ ကိုမင်းကိုနိုင်က ဒီ လယ်မြေ ပြဿနာကို
အမှန်တရားအတိုင်း ထုတ်ဖော် ပေးမယ်ဆိုတာကို ဒေသခံ လယ်သမားတွေအား ပြောဆိုခဲ့သလို ရှေ့နေ ကိုဖိုးဖြူကလည်း လယ်ယာမြေ ဥပဒေတွေနဲ့ ပတ်သက်လို့ ရှင်းပြ ပြောဆို သွားခဲ့ပါတယ်။
Burma VJ
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
လက်ကိုင်ဖုန်း သေနတ် ပေါ်ပေါက်နေ သဖြင့် တင်းကြပ်စွာ စစ်ဆေးနေ
25 Jun 2012 |By Popular News
တွင် စနစ်တကျ စစ်ဆေး အရေး ယူ ဆောင်ရွက်သွား ရန် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရ အဖွဲ့မှ ညွှန်ကြားထားကြောင်းသိရ သည်။
ပြီးခဲ့သည့် ဧပြီလမှစ၍ လက် ကိုင်ဖုန်းသေနတ်များ ပေါ်ပေါက် နေကြောင်း သတင်းရရှိသဖြင့် လေ ဆိပ် နှင့်သင်္ဘောဆိပ်ရှိ နိုင်ငံခြား အဝင်အထွက်ဂိတ်များတွင် စနစ် တကျရှာဖွေစစ်ဆေးရန်လေကြောင်း ဦးစီး ဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာ ဏာပိုင်သို့ အကြောင်းကြားထား ကြောင်း သိရ သည်။”ပြည်ပ အဝင် အ ထွက်တွေက ပုံမှန်စစ်ဆေးနေတာပဲ။ ခုချိန်ထိ တော့ လက်ကိုင်ဖုန်းသေနတ်တွေ တော့ ဖမ်း မိတယ်လို့ မကြားရဘူး။ တော်တော်များများကို အသေးစိတ် စစ်ရတာ။ နည်းပညာရော ပစ္စည်းပါ တိုးတက်လာ တဲ့ခေတ်ဆိုတော့ အတိုင်းထက်အလွန် စစ်ရတယ်။ ပြီးတော့ ဟိုဘက်နိုင်ငံမှာလည်း အစစ်အဆေးမရှိဘဲ ဒီကိုရောက် မလာနိုင်ပါဘူး”ဟု လေဆိပ်ရှိ စစ် ဆေးရေးအရာရှိတစ်ဦး ကဆိုသည်။
ရန်ကုန်တိုင်း ဒေသ ကြီးအတွင်း တွင် လေဆိပ်၊ ရေဆိပ်များသာ မက မြို့တွင်း ကား လမ်းကြောများ တွင်လည်း ရှောင်တခင် ရှာဖွေစစ် ဆေးခြင်း၊ ပိတ်ဆို့စစ်ဆေးခြင်းများ လုပ်ဆောင်လျက်ရှိပြီး ဓား၊ စကေ ဘာ၊ နံချပ်ကူစသည့် လူကိုအန္တ ရာယ် ဖြစ်စေ နိုင်သော ကိရိယာများ ကိုင်ဆောင်ခြင်းရှိ၊ မရှိအသေးစိတ် စစ်ဆေးလျက်ရှိ ကြောင်း၊ ယင်းကဲ့ သို့ ပစ္စည်းများ တွေ့ရှိပါက လက် နက်ဥပဒေအရ ထိရောက်စွာအရေး ယူရန်စီမံချက် ချထားကြောင်း သိရ သည်။ PN-039
ငရုတ်သီးရောင်းသူ
ငရုတ်သီးရောင်းသူတွေမှာ
ဒီလိုအခက်အခဲမျိုး ရှိကောင်းရှိလိမ့်မယ်။ အဲဒီအခက်အခဲက ငရုတ်သီးရောင်းသူကို
"ငရုတ်သီးက စပ်လား?"လို့ ဝယ်သူတွေမေးကြတဲ့ မေးခွန်းဖြစ်တယ်။
ငရုတ်သီးရောင်းသူက
"စပ်တယ်"လို့ ပြန်ဖြေရင် ငရုတ်သီးဝယ်သူ အစပ်မကြိုက်ခဲ့ရင်
မဝယ်ဘဲထွက်သွားတော့မယ်။ "မစပ်ဘူး"လို့ ဖြေပြန်ရင်လည်း ဝယ်သူက
အစပ်ကြိုက်သူဆိုရင် ဒီအရောင်းအဝယ်က မဖြစ်တော့ဘူး။
ဒီလိုအခက်အခဲကို ဖြေရှင်းတဲ့နည်းက
အားလုံးသိကြတဲ့နည်းဖြစ်တယ်။ ငရုတ်သီးကို နှစ်ပုံခွဲလိုက်မယ်။ တစ်ပုံကစပ်တယ်၊
တစ်ပုံကမစပ်ဘူးဆိုပြီး ရောင်းရင် ဝယ်သူက သူ့စိတ်ကြိုက်တစ်ပုံရွေးလိမ့်မယ်။ ဒါက
အများသိတဲ့ စာအုပ်ထဲမှာရေးထားတဲ့နည်းဖြစ်တယ်။
တစ်နေ့မှာ ကျွန်တော်အားနေတာနဲ့
ငရုတ်သီးရောင်းသူဘေးမှာထိုင် ဒီအခက်အခဲကို သူဘယ်လိုဖြေရှင်းမလဲဆိုပြီး စောင့်ကြည့်ခဲ့တယ်။
ပြီးတော့ ဝယ်သူမရှိတဲ့အခိုက် ရောင်းသူကို လူတတ်ကြီးလုပ်ပြီး
ကျွန်တော်သွားပြောလိုက်သေးတယ်။
"အစ်မကြီး.. ငရုတ်သီးကို
နှစ်ပုံပုံလိုက်လေ... ဝယ်သူက စပ်တာလိုချင်တယ်ဆိုရင် ဟိုတစ်ပုံကိုထိုးပြလိုက်၊
မစပ်တာလိုချင်ရင် ဒီတစ်ပုံကိုထိုးပြလိုက်လုပ်ပေါ့"
ကျွန်တော်ပြောတာကို
ရောင်းသူကနားထောင်ပြီး ရယ်တယ်.. ပြီးတော့ "မလိုပါဘူး.. "လို့ဆိုတယ်။
အဲဒီမှာ ငရုတ်သီးဝယ်သူတစ်ယောက် ရောက်လာတယ်။ ထုံးစံအတိုင်း "အစ်မကြီး..
အစ်မကြီးရဲ့ငရုတ်သီးက စပ်လား?"လို့မေးတယ်။
ရောင်းသူအမျိုးသမီးက
"အရောင်တောက်တာ စပ်တယ်၊ အရောင်ဖျော့တာ မစပ်ဘူး"လို့ဆိုတယ်။ ဝယ်သူက
သူကြိုက်တာကို ရွေးဝယ်ပြီး ထွက်သွားခဲ့တယ်။
ဒီကနေ့က ဘာနေ့လို့ဆိုရမလဲ.. လူတိုင်းက
အရောင်ဖျော့တဲ့မစပ်ဘူးဆိုတဲ့ ငရုတ်သီးကိုပဲ ရွေးဝယ်ခဲ့ကြတယ်။ တအောင့်ကြာတော့
အရောင်ဖျော့ငရုတ်သီးတွေ မရှိသလောက်ဖြစ်သွားတယ်။ အဲဒီမှာ ကျွန်တော်က
"ကျန်တဲ့ငရုတ်သီးတွေကို နှစ်ပုံခွဲလိုက်ပါ။ မဟုတ်ရင်
ရောင်းရခက်လိမ့်မယ်"လို့ ပြောတော့ ရောင်းသူက ပြုံးပြုံးရယ်ရယ်နဲ့
ခေါင်းခါပြပြီး "မလိုပါဘူး.."လို့ဆိုပြန်တယ်။
ဝယ်သူတစ်ယောက် ရောက်လာပြန်တယ်။
"ငရုတ်သီး စပ်လား?"
ရောင်းသူက ကိုယ့်ငရုတ်သီးကိုကြည့်ပြီး
"အတောင့်ရှည်က စပ်တယ်။ အတိုက မစပ်ဘူး"လို့ဆိုတယ်။
အဲဒီလိုနဲ့ရောင်းရင်
ငရုတ်သီးအတောင့်တိုတွေပဲ ကျန်ခဲ့တော့တယ်။ နီနီရဲရဲ ငရုတ်သီးတောင့်တိုတွေကို
ကြည့်ပြီး ကျွန်တော် ဘာမှမပြောခဲ့တော့ဘူး။ အင်း.. ဒီတစ်ကြိမ်တော့
သူဘာလုပ်လိမ့်မလဲလို့ပဲ စောင့်ကြည့်နေခဲ့တယ်။
နောက်ဝယ်သူတစ်ယောက်ရောက်လာလို့
ငရုတ်သီးစပ်လားလို့ မေးတဲ့အခါ ရောင်းသူက "အခွံပျော့တာက စပ်တယ်။ မာတာက
မစပ်ဘူး"လို့ဆိုတယ်။ ရောင်းသူကို ကျွန်တော်စိတ်ထဲချီးကျူးမိတယ်။
တစ်နေကုန်နေလှန်းခံထားရတဲ့ ငရုတ်သီးတချို့က ရေဓာတ်ခြောက်ပြီး ပျော့နေခဲ့ပြီ။
ငရုတ်သီးတွေရောင်းကုန်သွားတော့
ငရုတ်သီးရောင်းသူက ထွက်မသွားခင် ကျွန်တော့်ကို စကားတစ်ခွန်းပြောခဲ့တယ်။
"ရှင်ပြောတဲ့
ငရုတ်သီးရောင်းနည်းကို လူတိုင်းသိတယ်။ အဲ.. ကျွန်မရဲ့နည်းကိုတော့
ကျွန်မကိုယ်တိုင်ပဲသိတယ်"
ဘဝထဲက အသိဉာဏ်တွေကို
စာအဖြစ်ရေးဖွဲသီကုံးနိုင်ကြတယ်။ ဒါပေမယ့် စာအုပ်ထဲက အသိဉာဏ်အတိုင်း ဘဝမှာ လွယ်လွယ်ကူကူ
ရှင်သန်လို့မရနိုင်ခဲ့ဘူး။ အကြောင်းက ဘဝဆိုတာ လှုပ်ရှားသက်ဝင်နေရတဲ့အရာမို့ဖြစ်တယ်။
ငရုတ်သီးရောင်းသူကြောင့်........
အသိဉာဏ်ထဲမှာ
စိတ်ကြီးဝင်ခြင်းတွေ ရောစပ်မနေပါစေနဲ့။ စိတ်ကြီးဝင်ခြင်းထဲမှာလည်း အသိဉာဏ်တွေ
ကင်းမဲ့မနေပါစေနဲ့... ဆိုတဲ့အသိကို
ကျွန်တော်ရလိုက်တော့တယ်။
မူရင်း --- http://ibook.idv.tw/enews/enews391-420/enews415.html
နိုင်းနိုင်းစနေ
ဘာသာပြန်သည်။
Subscribe to:
Posts (Atom)