ဆီးချိုအန္တရာယ် ဖြစ်စေနိုင်သည့် လျှို့ဝှက်ချက်ကို ကာကွယ်နိုင်ရန်



ဝါရှင်တန်တက္ကသိုလ်မှ လေ့လာမှုအသစ်အရ ဆီးချိုရောဂါဖြစ်တာဟာ သင်ရဲ့ မုန့်ချိုအိတ် အားနည်းလို့ မဟုတ်ဘဲ အူအတွင်း နာတာရှည် ရောင်ရမ်းမှုကြောင့်ပါလို့ သိရပါတယ်။ ရောင်ရမ်းမှုဖြစ်စဉ်ဟာ သွေ
းကြောအတွင်း တောမီးလောင်သလို

ပျံ့နှံ့သွားနိုင်တဲ့အတွက် သင့်ခန္ဓာကိုယ်မှ သကြားတွေကို လောင်စာအဖြစ် လောင်ကျွမ်းနိုင်တဲ့ စွမ်းရည်တွေ လျော့ကျသွားကာ သွေးတွင်းသကြားဓာတ်တေ
ွ မြင့်တက်လာပြီး ဆီးချိုရောဂါ ဖြစ်လာနိုင်ပါတယ်။
အစာခြေလမ်းကြောင်းအတွင်း ရောင်ရမ်းမှုတွေ လျော့သွားအောင် အောက်ပါတို့ကို ပြုလုပ်ပါ။


၁။ ပြောင်းဖူးပေါက်ပေါက် စားပါ


အသားဟင်းတွေ စားမယ့်အစား ပဲ၊ တိုဟူးနဲ့ အခွံမာသီးလိုမျိုး အပင်ထွက် ပရိုတင်းတွေနဲ့ ကောက်နှံတစ်ခုလုံး ပါဝင်စာကို စားသုံးတာကြောင့် အစာခြေလမ်းကြောင်းအတွင်း ရောင်ရမ်းမှုဖြစ်စဉ် ၃၈ ရာခိုင်နှုန်း လျော့ကျသွားနိုင်တယ်လို့ လေ့လာမှုအသစ်အရ တွေ့ရှိခဲ့ပါတယ်။ ဒီအစာတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်ပြီး အူအတွင်း ရောင်ရမ်းမှု ပစ္စည်းထုတ်လုပ်မှုကို ပိတ်ပင်နိုင်တယ်လို့ သိရပါတယ်။ ပြောင်ဖူးပေါက်ပေါက်၊ ဆန်လုံးညို၊ အုတ်စပါး၊ ကောက်နှံတစ်ခုလုံးနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့် အစရှိတာတွေကို တစ်နေ့သုံးကြိမ် စားပေးပါ။ တစ်ပတ်ကို အနည်းဆုံးနှစ်ရက် သက်သတ်လွတ်စားပါ။


၂။ အစိမ်းရောင် ပန်းဂေါ်ဖီ (ဘရိုကိုလီ) စားပါ


ဘရိုကိုလီ၊ ငရုတ်သီးစိမ်းအပွ၊ သခွားသီး၊ ကန်စွန်းဥ၊ ဆီးသီးနဲ့ ဘယ်ရီသီးလိုမျိုး သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဆလီးစလစ်အက်ဆစ်တွေ များစွာ ပါဝင်ပါတယ်။ အဲဒီဒြပ်ပေါင်းဟာ အက်စပရင်မှာ ပါဝင်တဲ့ ရောင်ရမ်းမှု တားမြစ်တဲ့ အစွမ်းထက်ပစ္စည်းနဲ့ တူညီပါတယ်။ လေ့လာမှုတွေအရ အဲဒီအစားအစာတွေကို နေ့စဉ်ခွက်တစ်ခွက်စာ စားသုံးတာကြောင့် ဝမ်းဗိုက်အတွင်း ရောင်ရမ်းမှုဖြစ်စဉ် ၁၆ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ သိရပါတယ်။


၃။ ဟင်းခတ်အမွှေးအကြိုင် အသုံးပြုပါ


ဟင်းခတ်အမွှေးအကြိုင်နဲ့ ဆေးဖက်ဝင်အပင်တွေမှာ ပါဝင်တဲ့ အစွမ်းထက်ရောင်ရမ်းမှုလျော့ပစ္စည်းနဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ သင်ရဲ့ အစာခြေလမ်းကြောင်း၊ ကြွက်သား၊ မုန့်ချိုအိတ်နဲ့ တခြားတစ်သျှူးတွေမှာ ရောင်ရမ်းမှုဖြစ်စေတဲ့ မော်လီကျူးတွေကို အလျင်အမြန် ဖြိုခွဲနိုင်ပါတယ်။ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ ဟင်းခတ်အမွှေးအကြိုင်ကို လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာ သင်နေ့စဉ် စားသုံးတဲ့ဟင်းထဲ ထည့်ချက်တာကြောင့် တစ်ပတ်အတွင်း ရောင်ရမ်းမှုအဆင့် ၆၃ ရာခိုင်နှုန်း ကျဆင်းတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ပင်စိမ်းရွက်၊ နံနံပင်၊ နနွင်း၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်း၊ ပူဒီနာ၊ ချင်း၊ လေးညှင်းပွင့်၊ ဇီရာ၊ သစ်ကြံပိုးခေါက် အစရှိတာတွေဟာ အစွမ်းထက် ဟင်းခတ်အမွှေးအကြိုင်တွေပါ။


၎။ Multi-Vitamins နှင့် ဗီတာမင်စီမှီဝဲပါ


နေ့စဉ် Multi-Vitamins ကို ဗီတာမင်စီ ၁၀၀၀ မီလီဂရမ်နဲ့အတူ မှီဝဲရင် အစာခြေလမ်းကြောင်းအတွင်း ရောင်ရမ်းမှုဖြစ်စဉ် ၂၄ ရာခိုင်နှုန်းကို ရှင်းထုတ်နိုင်တယ်လို့ သုတေသီတွေက အကြံပေးထားပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှုဖြစ်စဉ်ကြောင့် ပျက်စီးသွားတဲ့ တစ်သျှူးတွေကိုလည်း ပြန်လည် ပြုပြင်နိုင်ပါတယ်။ သင်ဟာ အိမ်ပြင်မထွက်ဘဲ နေရောင်နဲ့ ထိတွေ့မှု မရှိသူဖြစ်နေရင် ဗီတာမင်ဒီကို မှီဝဲပါ။ နေ့စဉ် နေရောင်ခြည်နဲ့ထိတွေ့မှုကို ၁၅ မိနစ်ထက် နည်းပါးစွာ ရရှိသူတွေဟာ ဗီတာမင်ဒီကို နေ့စဉ် ၁၀၀၀ IU မှီဝဲတာကြောင့် အူအတွင်းရောင်ရမ်းမှုဖြစ်စဉ် ထက်ဝက်ခန့် လျော့ကျသွားနိုင်ပါတယ်လို့ သုတေသီတွေက အကြံပြုထားကြပါတယ်။


၅။ လေထုညစ်ညမ်းမှုကို ရှောင်ပါ


ညစ်ညမ်းနေတဲ့ လေတွေကို ရှူသွင်းနေရတာကြောင့် သင့်အဆုတ်မှ သွေးဖြူဥတွေကို ထိခိုက်စေပြီး သူတို့မှ ရောင်ရမ်းမှုဒြပ်ပေါင်းတွေ အမြောက်အမြား ထွက်ရှိလာနိုင်ပါတယ်လို့ အိုဟိုင်းအိုး တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ ဒါကြောင့် သင့်ပတ်ဝန်းကျင်မှာ မြူခိုးမှုန်တွေ ရှိနေခဲ့ရင် ပြတင်းပေါက်တွေ ပိတ်ထားပြီး Aircon ဖွင့်ထားပါ။ အိမ်ပြင်ထွက်ရင်လည်း ကားအသွားအလာ နည်းပါးတဲ့အချိန်ဖြစ်တဲ့ မနက်စောစော ဒါမှမဟုတ် ညနေနောက်ပိုင်းမှ သွားပါ။


Tip - ရောင်ရမ်းမှုဖြစ်စဉ်များသည့် လက္ခဏာများ

အောက်ပါဝေဒနာတွေ ခံစားရရင်သင့် ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုဖြစ်စဉ်တွေ များပြားနေပါပြီ။


- ကြွက်သား ဒါမှမဟုတ် အဆစ်ကိုက်ခဲခြင်း အစာချင်ခြင်းတပ်ခြင်း

- စိတ်နေစိတ်ထား ပြောင်းလဲခြင်း

- အရေပြားမှာ အဖုအပိမ့်ထွက်ခြင်း

- ဝက်ခြံပေါက်ခြင်း ဒါမှမဟုတ် မှိုပိုးဝင်ခြင်း

- အစာမကြေခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း ဒါမှမဟုတ် ဗိုက်နာခြင်း

- လေပွခြင်း

- ပင်ပန်းနွမ်းနယ်ခြင်း

- အနည်းဆုံး တစ်ပတ်တစ်ကြိမ် ခေါင်းကိုက်တတ်ခြင်း


ဒေါက်တာခင်မိုးမိုး

(ပေးပို့ သူ ဦးညွန့် လှ - ဒေါ်မော်လီ တို့ အားကျေးဇူးတင်ပါတယ်)

No comments: