ဂုဏ်ယူအလေးပြုပါတယ် မသွဲ့ သွဲ့ ဝင်း အောင်မြင်ပါစေ -

 မုံရွာမြို့ ဆန္ဒပြပွဲကို ည ၉နာရီ ၃၀ မိနစ်တွင် ရပ်နားလိုက်ပြီး အဖမ်းခံထားရသောတောင် ၁၂ဦးမလွတ်မခြင်း ဗကသ(မုံရွာ)မှ ဦးဆောင်၍ မတရားဖမ်းခံရသူများလွတ်မြောက်ရေး ဆက်လိုက်တိုက်ပွဲဝင် ဆန္ဒထုတ်ဖေါ်သွားမည်ဖြစ်ပါသည်။ ပြည်သူတရပ်လုံးမှမတရားဥပဒေမဲ့လယ်ယာမြေ
သိမ်းဆည်းခံရသည့်အပြင် ဖမ်းဆီးချုပ်နှောင်ခံထားရသော တောင်သူ ၁၂ဦးလွတ်မြောက်ရေးအတွက် ပူပေါင်းပါဝင်ကြပါရန်ပန်ကြားအပ်ပါသည်။
လူပဲဖမ်းလို့ရမယ် တောင်ကိုမသိမ်းနဲ့
ကြေးနီတောင်စီမံကိန်းက ဗိုလ်ပြုတ်အောင်ကျော်ကျော် ဆိုသူက ဒီလိုရိုက်ပြီး သူ့အဖေတွေကိုပြတယ်လေ
ရွာမြို့နယ်ရဲတပ်ဖွဲ့မှူး-ဦးကြူအင်းက ဆန္ဒထုတ်ဖော်သူတွေ ရဲ့လက်ထဲမှာ ကိုင်ဆောင်ထားသော စာတမ်းကိုလည်း လုယူပြီးဆုတ်ဖြဲခဲ့တယ်လို့ဆိုပါ တယ်။ဆုတ်ဖြဲခံရသော လက်ကိုင်စာတမ်း။
မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ပိတ်လှောင်ခံထားရသည့် မသွဲ့သွဲ့ဝင်းအား ၁၂ နာရီ ခန့်တွင် နန်ချွန်ဆိပ်ကမ်းတွင် ဖမ်းဆီးသွား
10-9-2012နေ့ မုံရွာမြို့အမှတ်၁စခန်းရှေ့၌ဖမ်းစီးခံထားရသောအမျိုးသမီး၁၂ဦးအားလွှတ်ပေးရန် ငြိမ်းချမ်းစွာ
ဆန္ဒဖော်ထုတ်နေကြသော ရွာသူ/ရွာသားများ
အနောက်ဘက်ကမ်းကိုပြန်မလား ? မပြန်ဘူးလား ? မပြန်ရင်ဖမ်းမယ် ဟု မသွဲ့သွဲ့ဝင်းအားမေးနေစဉ်တွေ့ရသောပုံ။ ရဲမှူးကြူအင်းနှင့် မသွဲ့သွဲ့ဝင်း။

စက်တင်ဘာလ ၁၀ရက်နေ့၌ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကျေးရွာ၌ ကြေးနီစီမံကိန်းအတွက် လယ်ယာမြေများ မတရားအသိမ်း ခံရခြင်းကြောင့် မုံရွာမြို့နယ်ရှိ ဆုတောင်းပြည့်ဘုရားတွင် လာရောက်ဝတ်ပြုဆုတောင်းသူ တောင်သူလယ်သမားများထဲမှ ၁၂ဦးအား မုံရွာမြို့နယ် အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ယင်းလှုပ်ရှားမှု ၌ ပါဝင်သူ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဒေါင်းမာန်ဟုန်မှ




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: