နှလုံးအိမ်အတွင်းက တိုက်ပွဲ

အကျဉ်းကျသံဃာတွေအရေး ဆောင်ရွက်သူ ပြည်သူ့ဂုဏ်ရည်ဆုရ

ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံရသည့် ဒေါ်ရှု။
ဓာတ်ပုံ 2011.citizenofburma.org
ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံရသည့် ဒေါ်ရှု။
မြန်မာနိုင်ငံသားတွေကို လူမှုထူးချွန်ဆု ချီးမြှင့်တဲ့ ၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုကို ဒေါ်ရှုက ဆွတ်ခူး ရရှိသွားပါတယ်။ သူဟာ မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ သံဃာတွေနဲ့ သီလရှင်တွေရဲ့ အရေးကို ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူတွေအတွက် လူမှုရေး လုပ်ငန်းတွေကို အနစ်နာခံပြီးတော့ လုပ်ဆောင်ပေးနေကြသူတွေ၊ နိုင်ငံသားတွေအတွက် စံပြဖြစ်မယ့် သူတွေကို အများက ၀ိုင်းဝန်း မဲထည့်ကြပြီး ဒီဆုကို ရွေးချယ်ရာမှာ ဒီနှစ်အတွက် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၄၀ က မဲပေါင်း ၂၅၀,၀၀၀ ကျော် ရရှိပြီး အဲဒီအထဲက မဲအများဆုံး ၄၄% ရှိသူက ဆုချီးမြှင့်ခံရတာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုက မြို့ ၁၅ မြို့နဲ့ ဗြိတိန်နိုင်ငံတို့မှာ နေထိုင်တဲ့ မြန်မာမိသားစုတွေ စုပေါင်းပြီး ပြည်သူ့ဂုဏ်ရည် အသင်းကို ဖွဲ့စည်းထားပြီး လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲကို မနှစ် ဧပြီလမှာ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပခဲ့ပြီး နာရေးကူညီမှု အသင်းက ဦးကျော်သူက ဆုရရှိခဲ့ပါတယ်။
ဒီနှစ် ဆုပေးပွဲ အခမ်းအနားကိုတော့ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပတာဖြစ်ပြီး နောက်နှစ်ကျရင် နယူးယောက်ခ်မြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားအခွင့်အရေး အရှင်ဂမ္ဘီရ ဦးဆောင်တောင်းဆို

2011-05-15
စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်ရောက် နိုင်ငံရေးအကျဉ်းသားတွေက ထောင်တွင်း ဆေးကုသခွင့် ကောင်းကောင်းမွန်မွန် ရရှိဖို့နဲ့ တခြား နေထိုင်မှု အခွင့်အလမ်းတွေ ရဖို့ မြန်မာ အစိုးရသစ်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တင်ပြ တောင်းဆိုလိုက်ပါတယ်။
RFA
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ရုံးခန်းတွင် ချိတ်ဆွဲထားသော မြန်မာနိုင်ငံအတွင်း အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများပုံ ဖြစ်ပါသည်။ (Photo: RFA)
ဒီ တောင်းဆိုစာကို ကလေးမြို့အကျဉ်းထောင်မှာ ထောင်ဒဏ် ကျခံနေရတဲ့ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ခေါင်းဆောင် အရှင်ဂမ္ဘီရ က ပြီးခဲ့တဲ့ရက်က ထောင်ဝင်စာ သွားရောက်တွေ့ဆုံတဲ့ အမဖြစ်သူ မခင်သူဌေး က တဆင့် ထောင်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ပေးလိုက်တာလို့ သိရပါတယ်။

တောင်းဆိုချက်မှာ အကျဉ်းထောင်အတွင်း ကျန်းမာရေး ပြုစုစောင့်ရှောက်မှု အခြေအနေတွေ၊ လူမှုရေးဆိုင်ရာ အချက်တွေအပြင် အကျဉ်းထောင်လက်စွဲ စာအုပ်ပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီ နိုင်ငံရေးအကျဉ်းသား အခွင့်အရေးတွေ ရရှိဖို့ စသဖြင့် အချက် (၆) ချက် ပါဝင်တယ်လို့ မခင်သူဌေးက RFA ကို ပြောပါတယ်။

ဒီစာကို ပြီးခဲ့တဲ့ မေလ (၁၁) ရက်နေ့မှာ ထောင်အာဏာပိုင်တွေကို တင်ပြလိုက်တာ ဖြစ်ပြီး မိတ္တူကို သမ္မတ ဦးသိန်းစိန် အပါအဝင်၊ ဒု-သမ္မတတွေ၊ အကျဉ်းဦးစီးဌာန၊ အာဆီယံ လူ့အခွင့်အရေး ကော်မရှင်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် နဲ့ အာရှ လူ့အခွင့်အရေး ကော်မတီတို့ကို ပို့ပေးဖို့ နိုင်ငံရေး အကျဉ်းသားတွေက ပန်ကြားလိုက်တယ်လို့ ဆိုပါတယ်။

အခုလို တောင်းဆိုရတဲ့ အဓိက အကြောင်းရင်းကတော့ ကလေးမြို့ အကျဉ်းထောင်မှာ အမြဲတမ်း တာဝန်ယူ စောင့်ရှောက်တဲ့ ထောင်ဆရာဝန် မရှိတဲ့အတွက် အကျဉ်းသားတွေ အခက်အခဲ ရှိနေတာကြောင့်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နိုင်ငံရေးအကျဉ်းသား ဦးညီပုနဲ့ ဦးတင်ယု ကို အပြင် ထောင်ဆေးရုံ ထုတ်ပြီး ဆေးကုရခဲ့ရတယ်လို့ သိရပါတယ်။

အသေးစိတ်ကို RFA သတင်းထောက် ဦးရဲထက်က သတင်းပေးပို့ထားပါတယ်။
နိုင်ငံရေးအကျင်းသား ချက်ချင်းလွှတ်

မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက မြန်မာအစိုးရ ထိန်းချုပ်ရာ နယ်မြေထဲအထိ ၀င်ရောက် တိုက်ခိုက်မှုတွေ လုပ်အပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ မွန်ပြည်နယ် မုဒုံမြို့ထဲက အစိုးရ အဆောက်အဦးတခုကို ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေ မနေ့က ၀င်တိုက်ခဲ့သလို ဒီကနေ့လည်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ နယ်စပ်ဒေသက လက်နက်ကိုင် ပဋိပက္ခတွေရဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲက နေပူခံစခန်း၊ အောက်ဗိုလ်တဲစခန်းနဲ့ မြန်မာစစ်တပ် ခမရ ၂၃၀၊ ခမရ ၁၃၁ တပ်တွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်တွေနဲ့ KNU ပူးပေါင်းတပ်တွေဟာ မေလ ၁၅ ရက်နေ့ မနက်မှာပဲ ကော့ကရိတ်မြို့နယ်ထဲက တမိုင်ကုန်းနဲ့ ချောင်းတောင်ဆိုတဲ့ နေရာတွေမှာရှိတဲ့ စစ်တပ်ရဲ့ စခန်းတွေကို ထပ်မံ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ DKBA တပ်မှူး ဗိုလ်မှူး စောဆန်းအောင် ပြောပြတာက…
“ကျနော်တို့ ဒီနေ့ ကော့ကရိတ် တမိုင်ကုန်းမှာ စစ်တပ်တခုရှိတယ်၊ လွန်ခဲ့တဲ့နေ့မှာတော့ မနက် ၅ နာရီခွဲကစပြီး ကော့ကရိတ် နေပူခံစခန်း၊ တောင်ခြေက အောက်ဗိုလ်တဲ၊ ၂၃၀၊ ၁၃၁ တပ်တွေကို ကျနော်တို့ တပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်တယ်။”
မနေ့ကဖြစ်ခဲ့တဲ့ မွန်ပြည်နယ် မုဒုံမြို့နယ်က ကြေးနန်း ဆက်သွယ်ရေးရုံးကို ၀င်ရောက် တိုက်ခိုက်မှုဟာလည်း DKBA နဲ့ KNU မဟာမိတ် တပ်ဖွဲ့တွေရဲ့လက်ချက် ဖြစ်ကြောင်းတွေကိုလည်း ပြောသွားပါတယ်။
“မုဒုံမြို့ကို ၀င်ရောက်တိုက်ခိုက်တာ ကျနော်တို့ရဲ့ တပ်မဟာ ၆ ဗျူဟာမှူးနဲ့ တပ်ရင်း ၁၆၊ တပ်ရင်း ၁၇ တို့ အသီးသီး အောင်နိုင်ကျော်ကြား စစ်ဆင်ရေး စီမံချက်ကို ကျနော်တို့ ရေးဆွဲထားတယ်။ လက်ရှိ အောင်နိုင်ကျော်ကြား စစ်ဆင်ရေးအရ ဆိုရင် ကျနော်တို့က ၀င်ရောက်တိုက်ခိုက်နိုင်တဲ့ အဆင့်ကို ကျနော်တို့ ၀င်ရောက်တိုက်ခိုက်မယ်။ လက်ရှိလည်း မွန်ပြည်နယ် မုဒုံသော်လည်းကောင်း၊ မော်လမြိုင်သော်လည်းကောင်း၊ ဘိတ်၊ ထားဝယ်၊ တနင်္သာရီတိုင်း အသီးသီးပေါ့လေ။”
မနေ့က မုဒုံမြို့က ပစ်ခတ်မှုမှာတော့ ရဲတပ်သားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ DKBA ကတော့ တိုင်းရင်းသားတွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ မလုပ်သရွေ့ ဆက်လက် တိုက်ခိုက်မှုတွေ ရှိနေဦးမှာဖြစ်ကြောင်း၊ တိုင်းရင်သားတွေရဲ့ ဒေသတွေမှာ မြန်မာအစိုးရ တပ်တွေက အကြမ်းဖက် တိုက်ခိုက်မှု၊ ဒေသခံ ကျေးရွာသားတွေကို ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ ပေါ်တာဆွဲမှု၊ တောင်ယာတွေကို ဖျက်ဆီးမှုတွေ ရှိနေတယ်လို့လည်း စွပ်စွဲ ပြောဆိုနေပါတယ်။ မေလ ၁၁ ရက်နေ့ကတော့ တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ မြ၀တီကားလမ်းကို မနက်ပိုင်းကနေ နေ့လယ်အထိ အာဏာပိုင်တွေဘက်က ယာယီ ပိတ်လိုက်ရပြီး အခြေအနေ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။
ဒီလထဲမှာ ဖြစ်နေတဲ့ မွန်ပြည်နယ် မုဒုံမြို့နယ်က ပစ်ခတ်မှုနဲ့ ကရင်ပြည်နယ်တွင်းက ပစ်ခတ်မှုတွေဟာ အစိုးရ ထိန်းချုပ်ရာနေရာ ဖြစ်တာကြောင့် ပြည်သူတွေကတော့ စိုးရိမ် ထိတ်လန့်မှုတွေ ရှိနေပါတယ်။
DKBA အဖွဲ့ဟာ ၁၉၉၅ ခုနှစ်မှာ မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ နယ်ခြားစောင့်တပ် လုပ်ခိုင်းတာကစလို့ တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။ ရွေးကောက်ပွဲကာလမှာ မဲမသမာမှုလုပ်တယ်၊ ပြည်သူတွေကို အတင်းအကျပ် မဲထည့်ခိုင်းတယ်ဆိုပြီး ရွေးကောက်ပွဲလုပ်တဲ့ နောက်တနေ့မှာပဲ မြန်မာအစိုးရ တပ်တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒီကနေ့ တိုက်ပွဲတွေ ဖြစ်နေရတဲ့အထိ တင်းမာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်

မြန်မာအစိုးရစစ်တပ်မှ တပ်ရင်းမှူးတဦးတိုက်ပွဲကျ

ရှမ်းပြည်ရောက်မြန်မာအစိုးရတပ်များ
ဗိုလ်မှုးကြီး ရွက်ဆစ် ဦးဆောင်တဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်းရဲ့ တပ်ဖွဲ့က ရှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ်ဘက် ကို မေလ ၉ ရက်နေ့ က တက် လာတဲ့ မြန်မာ အစိုးရ စစ်တပ် ကို ချုံခို တိုက်ခိုက် ခဲ့လို့ မြန်မာအစိုးရ စစ်တပ်ဘက် က တပ်ရင်းမှူး အပါအ၀င် တခြား အရာရှိ ငယ် ၁၀ယောက် ထက်မနည်း သေဆုံး သွား ပါတယ်။
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနာချုပ် (စကခ) ၇ လက် အောက်ခံ ခြေမြန် တပ်ရင်း(ခမရ) ၄၂၂ က တပ်ရင်းမှူး ဦးဆောင်တဲ့ စစ် ကြောင်း တစ်ကြောင်း က တောင်ကြီး-လွိုင်လင် ကနေ မိုင်းကိုင်မြို့နယ်ဘက်ကို ထော်လာဂျီ တွေ နဲ့ တက်လာခဲ့ရာမှာ ရှမ်းပြည် တပ်မတော် SSA က ချုံခို တိုက်ခိုက် ခဲ့ တဲ့ အတွက် မြန်မာ အစိုးရ စစ်တပ်ဘက် က တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး သိန်းဦးအပါ၀င် အရာရှိ အရာခံတွေ နဲ့ စုစုပေါင်း ၉ ယောက် သေဆုံးသွားပြီး ၁၅ ယောက် ဒဏ်ရာ ရ သွားတယ် လို့ SSA ရဲ့လက်ထောက် ပြောခွင့်ရသူ စိုင်းဆိုင်းမိန်း က ဘီဘီစီ ကို ပြောပါတယ်။
အဲဒီ သေဆုံးသွားတဲ့သူတွေ ကတော့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသိန်းဦး၊ အရာခံဗိုလ် စိုးမင်း၊ တပ်ကြပ်ကြီး ထွန်းအောင်၊ တပ်ကြပ်ကြီး သိန်းလှိုင်၊ တပ်ကြပ် ထွန်းထွန်း လွင်၊ တပ်ကြပ် ကျော်စိုးမင်း၊ တပ်ကြပ် ထွန်းခိုင်၊ ရဲဘော်ကိုဇော် နှင့် ရဲဘော် မျိုးဇော်ဦး တို့ပဲ ဖြစ်ပါတယ်။
အခုလို မြန်မာအစိုးရ စစ်တပ်ကို စောင့်ပြီး တိုက်ခိုက်တဲ့ SSA တပ် ရဲ့အင်အား က ၈၀ လောက် ရှိတယ် လို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ အပြန်အလှန် ၁ နာရီလောက် ပစ်ခတ် ကြတယ် လို့ သိရ ပါတယ်။
ဒီမိုင်းကိုင်မြို့နယ်မှာ ရှမ်းပြည်တပ်မတော် တောင်ပိုင်း နဲ့ မြန်မာအစိုးရ စစ်တပ်တို့ မကြာခဏ တိုက်ပွဲ ဖြစ်လေ့ ရှိတဲ့ ဒေသ ပဲ ဖြစ်ပါတယ်။

Monday, 9 May 2011


လူထု တိုက်ပွဲ စမယ်

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့  ပြည်တွင်းမှာ လူထုလှုပ်ရှားမှု စမယ်။ 
THAT's IT 'ASEAN'! THAT's IT!
 
HACKED BY Min Ko Ko @ Blue Hacker @ Hacker625@gmail.com
Fucking Myanmar Government, Fucking ASEAN, Fucking Neighbour Countries.
We will Fucked you All.
Warning! Don't try to get our land.
We are D3 Hacker Group form Myanmar. Contact: hacker625@gmail.com, http://myeik.darkbb.com/

အာဆီယံ အသင်းဟာ အကြမ်းဖက်သမားများ ခိုလှုံဖို့ အကာအကွယ်ပေး
ASEAN: Nations that harbor state sponsored terrorist regime.

မြန်မာနိုင်ငံအတွင်း နအဖ စစ်အုပ်စု ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တံတိုင်းကြီး သဖွယ် အကာအကွယ်ပေး အသုံးပြုခံ နေတဲ့ အာဆီယံအသင်းကြီးရဲ့ အင်တာနက် ၀က်ဘ်ဆိုက် ကို မြန်မာ ဟက်ကာ လူငယ်တစ်ဦး က ၀င်ရောက် တိုက်ခိုက်ဖျက်ဆီးလိုက်ပါပြီ။ ဒါဟာ အာဆီယံ ခေါင်းဆောင်းတွေ ကို သင်ခန်းစာ အဖြစ်ပေးလိုက်တာပါ။ အာဆီယံ အသင်းကြီ ဟာ နအဖ စစ်အုပ်စုခေါင်းဆောင်တွေရဲ့ အသုံးချမှု ကို အနှစ် ၂၀ ကျော် ခံခဲ့တာကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ပြစ်တင်ဝေဖန်မှု ကို နှစ်စဉ် ရင်ဆိုင်ဖြေရှင်းခဲ့ရတယ်။

လူသတ်မုဒိမ်းကျင့်နေတဲ့ အကြမ်းဖက် ရာဇ၀တ်ကောင်  ကို အာဆီယံ အသင်းကြီး က အကာအကွယ်ပေးနေတာလား၊ အကြမ်းဖက် ရာဇ၀တ်ကောင် က အာဆီယံ အသင်းကြီးကို တံတိုင်း သဖွယ် အသုံးချနေတာလား ဆိုတာ နိုင်ငံတကာ အစိုးရတွေက မေးခွန်းထုတ်နေကြတယ်။

နိုင်ငံတကာ သံတမန် အသိုင်းအ၀ိုင်း နှင့် လူ့အခွင့်အရေးအဖွဲ့အစည်းတွေ ကတော့ ဒေသ အတွင်း လူသတ်မုဒိမ်းကျင့် နေတဲ့ ရာဇ၀တ်ကောင် အကြမ်းဖက် သမား ကို အာဆီယံ အသင်းကြီး က အကာအကွယ် ပေးနေတာလား၊ အကြမ်းဖက် ရာဇ၀တ်ကောင် က အာဆီယံ အသင်းကြီးကို တံတိုင်း သဖွယ် အသုံးချနေ တာလား ဆိုတာ မေးခွန်းထုတ်နေကြတယ်။ တကယ်တော့ အာဆီယံ အသင်းဟာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အကြမ်းဖက်သမားများကို ခိုလှုံဖို့ အကာအကွယ် ပေးနေတာကြောင့် မြန်မာပြည်သူတွေ အတွက် ဘာ ကောင်းကျိုးမှ ဖြစ်လာမှာ မဟုတ်သလို၊ ဒေသအတွင်း ဒီမိုကရေစီ အရေးကို ပါ ထိခိုက်လာစေနေတယ်။

အာဆီယံအစည်းအဝေးလုပ်နေချိန်မှာ နိုင်ငံရေးရည်ရွယ်ချက်တွေပါတဲ့စာသားတွေနဲ့ မြန်မာဟက်ကာ တဦးက အာဆီယံ ၀က်ဘ်ဆိုက်တခုကို ဟက်လိုက်ပါတယ်။ အောက်ကလင့်မှာ သွားရောက်ကြည့်ရှု နိုင်ပါတယ်။

စွန့်လွှတ်စွန့်စားစိတ်ဓာတ်ရှိတယ်။ တော်တော်သတ္တိရှိတယ်လို့ ပြောရမှာပါပဲ။ လက်ရှိအစိုးရနဲ့ အာဆီယံနိုင်ငံတွေကိုပါ သူကဝေဖန်ထားပါတယ်။
64နှစ်ပြည့်ပြီပြည်တွင်းငြိမ်းချမ်းမှုမရသေး

မြန်မာ ဥက္ကဋ္ဌဖြစ်ရင် အာဆီယံအပေါ် ယုံကြည်မှု လျော့ပါးနိုင်

၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ ကျင်းပနေစဉ်။
ဓာတ်ပုံ ASSOCIATED PRESS
၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ ကျင်းပနေစဉ်။ မေ ၈၊ ၂၀၁၁။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကို လက်ခံသွားမယ်ဆိုရင် နိုင်ငံတကာ အသိုင်းအ၀န်းက ယုံကြည်လက်ခံနိုင်မယ့် အဖွဲ့အစည်းတခု အဖြစ်ကနေ ယုံကြည်မှု လျော့ပါးနိုင်တယ်လို့ ဒေသတွင်း လွှတ်တော်အမတ် အဖွဲ့က သတိပေးလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံရဲ့ ထိပ်သီး အစည်းအဝေးပွဲအတွင်း မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်အတွက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားဖို့ လက်ခံမယ် ဆိုတဲ့အပေါ် အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့က ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
အသင်းဝင်နိုင်ငံ တနိုင်ငံအဖြစ် အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရှေ့လာမယ့် ၂၀၁၄ ခုကျရင် မြန်မာနိုင်ငံကို ပေးအပ်သွားဖို့ ၂ ရက်ကြာ ထိပ်သီးအစည်းအဝေးပွဲမှာ အသင်းခေါင်းဆောင်တွေက သဘောတူထားကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေး တိုးတက်မှုတွေ မရှိဘူးဆိုပြီး နိုင်ငံတကာ အသိုင်းအ၀န်းက ဝေဖန်တာ ခံနေရတဲ့ အသင်းဝင်နိုင်ငံ တခုကို အခုလို တာဝန်ပေးတာဟာ အာဆီယံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်လို့ မြင်နေကြတာပါ။ မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (AIPMC) က အင်ဒိုနီးရှား ကိုယ်စားလှယ် တဦးဖြစ်တဲ့ အဂွန် ပူထရီ အက်စ်ထရစ် (Agung Putri Astrid) ကတော့ ဒါဟာ အသင်းအတွက် လမ်းဆုံလမ်းခွ တခုပဲလို့ ဆိုပါတယ်။
“၂၀၁၅ ခုနှစ်မှာ ဒေသတွင်း တခုတည်းသော လူမှုအသိုင်းအ၀န်း တခုကို ဖန်တီးသွားမယ့် အဖွဲ့အစည်းတခု အနေနဲ့ အာဆီယံဟာ အများက လက်ခံယုံကြည်နိုင်တဲ့ အဖွဲ့အစည်း တခုအဖြစ် နိုင်ငံတကာ အသိုင်းအ၀န်းကို ပြသနိုင်ဖို့ အခုအချိန်ဟာ အင်မတန်မှကို အရေးကြီးတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။”
အာဆီယံ လူမှုအသိုင်းအ၀န်း ထူထောင်တဲ့ နေရာမှာ ဒေသတွင်းက လူ့အခွင့်အရေးတွေကို အကာအကွယ် ပေးသွားဖို့တွေလည်း ပါဝင်တာမို့ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဆိုးဆိုးရွားရွား ပြုမူနေတဲ့အတွက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေခိုက် ဒေသတွင်းမှာ တိုးတက်အောင် လုပ်နိုင်ပါ့မလား ဆိုတာဟာလည်း မေးခွန်းထုတ်စရာ ဖြစ်မယ်လို့ ပြောပါတယ်။ ဒီအတွက်လည်း AIPMC အဖွဲ့က အသင်းဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံကို မပေးဖို့ တောင်းဆိုရတာလို့ မစ်စ် အက်စ်ထရစ်က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘဲ ၂၀၁၄ ခုနှစ်မှာ အာဆီယံအသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်လာမယ်ဆိုရင် အာဆီယံဥက္ကဋ္ဌ အနေနဲ့ ပထမဆုံး လုပ်ရမယ့် တာဝန်ကို သူကိုယ်တိုင်က ချိုးဖောက်ထားသလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့်လည်း အာဆီယံအပေါ် လက်ခံယုံကြည်နိုင်မှုတွေ ကျဆင်းနိုင်ပါတယ်။ ဒါကြောင့်လည်း အာဆီယံ အနေနဲ့ ဒါကို ပြန်လည်စဉ်းစားဖို့ ကျမတို့က တောင်းဆိုနေရတာပါ။”
တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ အစိုးရသစ်တရပ် ပေါ်ပေါက်လာပေမဲ့ အခြေအနေတွေဟာ တိုးတက်မှု မရှိဘူးလို့လည်း ပြောပါတယ်။ တချိန်တည်းမှာပဲ ဒီလို ဥက္ကဋ္ဌ ဖြစ်လာမယ်ဆိုရင် နိုင်ငံတကာ အသိုင်းအ၀န်းက မြန်မာနိုင်ငံနဲ့ ပိုပြီး ထိတွေ့ဆက်ဆံမှုတွေ ကူးလူးဆက်ဆံမှုတွေနဲ့ အခြေအနေတွေကို ပိုပြီး ထဲထဲဝင်ဝင် သိမြင်ခွင့်ရမယ်လို့ မြင်သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း AIPMC အင်ဒိုနီးရှားနိုင်ငံ တာဝန်ခံ မစ်စ် အက်စ်ထရစ်ကတော့ ဒါကို သဘောမတူဘူးလို့ ပြောပါတယ်။
“ဥက္ကဋ္ဌဖြစ်လာတယ် ဆိုတာဟာ အစိုးရတရပ်ကို ဒေသတွင်းမှာ ဦးဆောင်သွားဖို့ တာဝန်ကို ပေးအပ်လိုက်တာဖြစ်တယ် ဆိုတာကို နားလည် သဘောပေါက်ဖို့ လိုပါတယ်။ ဒါကြောင့်လည်း ဥက္ကဋ္ဌဆိုတဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ လိုပါတယ်။ နိုင်ငံတနိုင်ငံ အနေနဲ့ ဥက္ကဋ္ဌ ဖြစ်လာတယ်ဆိုရင် ဒီနိုင်ငံရဲ့ ဆုံးဖြတ်ချက်တွေကို ကျန်နိုင်ငံတွေက လိုက်လုပ်ကြရတာ ဖြစ်ပါတယ်။ ဒါဟာ အာဆီယံအသင်း ခေါင်းဆောင်တွေကြား လက်ခံထားကြတဲ့ ပုံစံတခုပဲ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံထက် ဥက္ကဋ္ဌ အရည်အချင်း ပြည့်ဝတဲ့ နိုင်ငံတွေလည်း အသင်းဝင် ၁၀ နိုင်ငံထဲမှာ ရှိနေတာမို့ ဒီတာဝန်ကို အလှည့်ကျော် လွှဲပြောင်း ပေးသင့်တယ်လို့လည်း မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့က မစ်စ် အက်စ်ထရစ်က ပြောသွားခဲ့တာပါ။ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်တုန်းက အာဆီယံရဲ့ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဟာ ပထမဆုံးအကြိမ် အလှည့်ကျစဉ်မှာတုန်းကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ၊ နိုင်ငံရေး တိုးတက်မှု မရှိတာတွေအပေါ် ဝေဖန်ပြစ်တင် ခံရမှုတွေနဲ့အတူ ဒီတာဝန်ကို မယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တပ်တွင်းအပြောင်းအလဲ စတင်လုပ်ဆောင်


 
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ရယူပြီး သည့်နောက် စစ်တပ်အတွင်း ရာထူးအပြောင်းအလဲများ စတင်ပြုလုပ်နေကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဘက်အသိုင်းအ၀န်းမှ သိရသည်။

General-Min-Aung-Hlaing-Mar-30-11
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Getty Images)
အဆိုပါ ရာထူးအပြောင်းအရွေ့များကို မေလ ၅ ရက်နေ့က စတင်ပြုလုပ်ခြင်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေး ဦးစီးချုပ်ရာထူးမှ အနားယူပြီးနောက် ပထဆုံးအကြိမ်အဖြစ် ပြုလုပ်သည့် တပ်တွင်း ရာထူးအပြောင်းအရွှေ့များဖြစ်သည်ဟု စစ်ဘက်နှင့် နီးစပ်သူတဦးက ဆိုသည်။

“ကာချုပ်က လူဟောင်းတွေထဲက မကြိုက်တဲ့သူတချို့ကို ဖယ်ပြီး ကြိုက်တဲ့သူတွေကို ဆွဲတင်ဖို့လုပ်တာပါ။ ဘယ်လောက်တော်တော် မကြိုက်ရင် နေရာမရှိဘူး၊ စစ်တပ်မှာ ဖြစ်ရိုးဖြစ်စဉ်ပဲ” ဟု ၎င်းက ဆိုသည်။

ယခုပြောင်းရွေ့မှုတွင် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ မပါဝင်ဘဲ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) မှူးများနှင့် ခြေမြန် တပ်မဌာနချုပ် တပ်မမှူးများကိုသာ အပြောင်းအလဲလုပ်ကြောင်း သိရသည်။

ယခုပြောင်းရွှေ့မှုတွင် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ အခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) မှူး ဗိုလ်မှူးကြီး အောင်ရဲဝင်းအား  ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်အခြေစိုက် စကခ (၁ဂ)၊ အမှတ်(၁၈) စကခမှူး ဗိုလ်မှူးကြီး မင်းဇော်အား တပ်မတော် သူနာပြုတက္ကသိုလ် ကျောင်းအုပ်ကြီး တာဝန်၊  ရခိုင်ပြည်နယ် ကျောက်တော်မြို့ အခြေစိုက် အမှတ်( ၉) စကခမှူး ဗိုလ်မှူးချုပ် တင်ဆွေဝင်းအား စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ရှမ်းပြည်တောင်ပိုင်း ကလော မြို့အခြေစိုက် တပ်မ ၅၅ တပ်မမှူးကို အမှတ် (၉) စကခ၊ ရှမ်းပြည်မြောက်ပိုင်း  သိန္ဓီအခြေစိုက် အမှတ် (၁၆) စကခမှူး ဗိုလ်မှူးကြီး ၀င်းသိန်းအား နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ် စခန်းရုံးတို့သို့ အသီးသီးပြောင်းရွေ့လိုက်သည်။

တခြားသော စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်မှူးများကိုလည်း ဆက်လက်ပြောင်း ရွှေ့မည်ဖြစ်ကြောင်းလည်း သိရသည်။

ယခု စစ်တက္ကသိုလ်သို့ ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ရသူ ဗိုလ်မှူးချုပ် တင်ဆွေဝင်းသည် တိုင်းမှူးရာထူး တိုးမြှင့်ခံရမည်ဟု စစ်တပ်အတွင်း သတင်းထွက်ပေါ်နေသူဖြစ်ပြီး ယခင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး တာဝန်ယူသွားသည့်  ဗိုလ်မှူးချုပ် မြတ်ထွန်းဦးသည်လည်း  ရှမ်းပြည်နယ်တွင် မကြာမီက ဖွင့်လှစ်ခဲ့သည့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းရွှေ့တိုးမြှင့်ခြင်းခံရသည်။ 

ယခုအပြောင်းအရွှေ့တွင် ပြောင်းရွှေ့ခြင်းခံရသူများသည် ပြီးခဲ့သည့်နှစ် သြဂုတ်လကမှ စတင်ပြီး ယင်းရာထူးတာဝန်များကို စတင် ထမ်းဆောင်သူများ ဖြစ်သည်။

စစ်ရေး လေ့လာသူများ အဆိုအရ ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းကလည်း စစ်တပ်ရာထူး အပြောင်းအရွှေ့များကို အကြီးအကျယ် ပြုလုပ်ခဲ့သေးကြောင်း၊ ထို့နောက် ၉ လအကြာ ယခုတကြိမ် ထပ်မံပြုလုပ်ခြင်းသည် သမားရိုးကျ ပုံမှန်ပြုလုပ်ခြင်း မဟုတ်သည့်အတွက် ယခုတပ်တွင်း အပြောင်းအလဲများကို စောင့်ကြည့်ရန် လိုကြောင်း ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူနေစဉ် ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းကလည်း စစ်ဘက်ထိပ်တန်း စစ်ဗိုလ်ချုပ်များကို ရာထူးမှ အနားယူစေပြီး စကခမှူးများ၊ တိုင်းမှူးများ၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး နေရာများအထိ ရာထူးအပြောင်းအလဲများကို အကြီးအကျယ်ပြုလုပ်ခဲ့သည်။

ပြီးခဲသည့် မတ်လ ၃၀ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာသိမ်း စစ်ကောင်စီကို ဖျက်သိမ်းပြီး ကာကွယ်ရေး ဦးစီးချုပ်ရာထူးကိုလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သို့ လွှဲအပ်ခဲ့သည်။

ထိုသို့ လွှဲပြောင်းပေးအပ်မှုများကြောင့် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ရာထူးတာဝန်မှ အနားယူသွားပြီဟု ထင်ကြေးပေး ပြောဆိုမှုများ ရှိနေသော်လည်း စစ်တပ်နှင့် ပတ်သက်၍ ဆက်လက်ချုပ်ကိုင်ထား ဆဲဖြစ်သည်ဟု အတည်မပြုနိုင်သေးသော စစ်ဘက်အသိုင်း အ၀န်းသတင်းများအရ သိရသည်။
RFA တနင်္ဂနွေစကားဝိုင်း (နိုင်ငံရေးအကျဉ်းသားကိစ္စ)

အာဆီယံ ဥက္ကဋ္ဌနေရာ မြန်မာကို မပေးဖို့ လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

2011-05-07
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်လာဖို့နဲ့ ဒီမိုကရေစီ ကူးပြောင်း ရေး ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ မရှိရင် မြန်မာအစိုးရ တောင်းဆိုထားတဲ့ ၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးကို မပေးဖို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က အာဆီယံအဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။
(Photo: AFP)
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ မြို့တော်ရှိ အာဆီယံ အတွင်းရေးမှူးအဖွဲ့ရုံး အဆောက်အအုံရှေ့တွင် မတ်လ ၂၉ ရက်က အာဆီယံ အစိုးရအဖွဲ့များ၏ လူ့အခွင့်အရေး ကော်မရှင် အစည်းအဝေး ကျင်းပနေစဉ် အရှေ့တောင် အာရှနိုင်ငံများမှ လူမှုအဖွဲ့အစည်း ၆၉ ခု ပေါင်းစည်းကာ အင်ဒိုနီးရှား၊ မြန်မာနှင့် ဖိလိပိုင်နိုင်ငံတို့မှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကန့်ကွက်ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
HRW ရဲ့ အာရှရေးရာ ဒုတိယ ညွန်ကြားရေးမှူး Elain Pearson က- မြန်မာကို အလှည့်ကျဥက္ကဋ္ဌနေရာ ပေးရင် အာဆီယံအဖွဲ့ဟာ နိုင်ငံတကာအလယ်မှာ ဟာသပြက်လုံးတခုလို ဖြစ်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌ ရာထူးနဲ့ ဂုဏ်ပြုမယ်ဆိုရင် ဒေသ တခုလုံးအတွက် စိတ်ပျက်စရာ လုပ်ရပ်ကြီးတခု ဖြစ်သွားပါမယ်။ မြန်မာအစိုးရကို ဥက္ကဋ္ဌ ထားမယ်ဆိုရင် အာဆီယံအဖွဲ့ကို နိုင်ငံတကာ ရယ်ပွဲ ဖွဲ့စရာ ဟာသအဖွဲ့ကြီးအဖြစ် ဂုဏ်သိက္ခာကျ၊ အဆင့်နိမ့်သွားအောင် ခွင့်ပြုရာကျမယ် ဆိုတဲ့အချက်ကို အာဆီယံခေါင်းဆောင်တွေ အနေနဲ့ စဉ်းစားဆုံးဖြတ်ဖို့ လိုပါတယ်”

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့တာ မှန်ပေမယ့် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးမှာ ဒီထက် ပိုလုပ်စရာတွေ အများကြီး ရှိသေးတယ်လို့လည်း မနေ့က နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးအတွက် အဆင့်သင့် ဖြစ်နေပြီဆိုတာ ပြသဖို့ အစိုးရသစ် အနေနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ခြင်း ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ တာဝန်ယူမှုရှိတဲ့ အစိုးရတရပ် ဖြစ်တယ်ဆိုတာ နိုင်ငံတကာနဲ့ ပူးပေါင်းပြသဖို့၊ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်တခု လုပ်ဆောင်ဖို့ လိုပါတယ်လို့လည်း Ms. Pearson က ပြောပါတယ်။
ဝန်ခံချက်

Saturday, May 07, 2011

မြန်မာကို အာဆီယံ ဥက္ကဋ္ဌမပေးရန် ပြည်သူ့ဖိုရမ်တောင်းဆို

ဖနိဒါ | ကြာသပတေးနေ့၊ မေလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၅ မိနစ်(ပေးပို့ သူ-ဗမာသွေး)
ချင်းမိုင်(မဇ္စျိမ) ။ ။ မြန်မာစစ်အစိုးရသည် အကျဉ်းသားအရေး၊ နယ်စပ်ဒုက္ခသည်များအရေး မဖြေရှင်းဘဲ လူ့အခွင့်အရေး ချိုးဖောက်နေသေးသဖြင့် ဥက္ကဋ္ဌ တာဝန်မပေးရန် အာဆီယံအသင်းကြီးထံ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် အာဆီယံ ပြည်သူ့ဖိုရမ်အဖွဲ့က ကြာသပတေးနေ့က တောင်းဆိုလိုက်သည်။

“ဒုက္ခသည်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေတယ်။ နောက်တခါ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့အတွက် မြန်မာအစိုးရကို အာဆီယံရဲ့ ပေါ်လစီက ဒီထက်ပိုပြီး ပြင်းထန်ဖို့၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို အာဆီယံနိုင်ငံတွေ ထောက်ခံဖို့၊ ၂ဝ၁၄မှာ အာဆီယံ ဥက္ကဋ္ဌ လျှောက်တဲ့ဟာ လက်မခံဖို့ လှုံ့ဆော်မှုတွေရှိတယ်”ဟု လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) HREIB မှ တာဝန်ခံ ဦးအောင်မျိုးမင်းက ပြောသည်။

အာဆီယံ ၁၀ နိုင်ငံမှ ဒေသတွင်း အရပ်ဖက် လူမှုအဖွဲ့အစည်း ACSC နှင့် အာဆီယံ ပြည်သူ့ဖိုရမ် APF ကိုယ်စားလှယ်ပေါင်း ၁၃၀၀ဝ ကျော် ဂျကာတာမြို့တွင် ယခုလ ၃ ရက်မှစ၍ ၃ ရက်ကြာ ဆွေးနွေးဖလှယ်ခဲ့သည်။

မြန်မာအစိုးရဘက်က တက်ရောက်သူများမှာ သမ္မတ ဦးသိန်းစိန် မကြာသေးမီက နိုင်ငံရေး အကြံပေးအဖြစ် ခန့်အပ်လိုက်သော ဦးကိုကိုလှိုင်၊ ဒေါက်တာနေဇင်လတ်နှင့် ဦးရဲတင့်တို့ အပါအဝင် ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ဖြစ်သည်။

ထိုင်းအခြေစိုက် ဒီမိုကရေစီအင်အားစုအဖွဲ့များမှ အမျိုးသမီးသမဂ္ဂ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ အေအေပီပီ၊ လူ့အခွင့်အရေး ပညာပေးဌာန(မြန်မာနိုင်ငံ) စသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၈ ဦးခန့် တက်ရောက် ဆွေးနွေးနေသည်။

အာဆီယံ ခေါင်းဆောင်များနှင့် တွေ့ဆုံမည့် ပြည်သူ့ကိုယ်စားလှယ် ၁၀ ဦးကို ရွေးချယ်လိုက်သော်လည်း အမည်စာရင်း မသိရသေးပေ။ ကိုယ်စားလှယ်များ ၇ ရက်နေ့တွင် အာဆီယံခေါင်းဆောင်များနှင့် သီးသန့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

နေပြည်တော် ကိုယ်စားလှယ်များက ဒီမိုကရက်တစ် အင်အားစု ကိုယ်စားလှယ်များကို ရွေးချယ်ရန် လက်မခံသဖြင့် အရပ်ဖက် လူ့အဖွဲ့အစည်းကို ကိုယ်စားမပြုသူများကို မထောက်ခံခဲ့ကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။

“ဒေသတွင်း ဦးဆောင်မှု မပြောနဲ့ ပြည်တွင်းမှာ ရှိနေတဲ့ လူ့အခွင့်အရေး အခြေအနေတွေ၊ အုပ်ချုပ်မှု စနစ်တွေကို ပိုကောင်းအောင် မလုပ်နိုင်တဲ့ အခြေအနေ ဖြစ်နေတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတုန်းဘဲ၊ ဒုက္ခသည်တွေ နယ်စပ်တလျှောက်မှာ ရှိနေတုန်း၊ အမှန်တကယ် တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်ဘဲ လွှတ်တော်ကနေဘဲ ဥပဒေတွေ ထုတ်ပြန်နေတဲ့အတွက် နအဖကို အာဆီယံ ဥက္ကဋ္ဌ တာဝန်ပေးရေးလုံးဝ လက်မခံဘူး”ဟု ဦးအောင်မျိုးမင်းက ပြောသည်။

ထိုတောင်းဆိုချက်ကို လာမည့် ၇ ရက်နေ့ အာဆီယံခေါင်းဆောင်ထံ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှား သမ္မတ ဒေါက်တာဆူဆီလို ယူဒိုယိုနို၏ ဖိတ်ခေါ်ချက်အရ ဦးသိန်းစိန်၏ ပထမဆုံးသမ္မတခရီးစဉ် ယနေ့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း တရုတ် ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း လာမည့် ၇ ရက် ၈ ရက်နေ့များ၌ ဂျကာတာမြို့တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ရှိသည်။

အာဆီယံ ပါလီမန် အမတ်များအသင်း (Asean Inter-Parliamentary Myanmar Caucus- AIPMC) ၏ ထုတ်ပြန်ချက်တွင် ၂ဝ၁၄ အတွက် မြန်မာက အာဆီယံ ဥက္ကဋ္ဌနေရာ တောင်းဆိုထားမှုအပေါ် နိုင်ငံအတွင်း အမှန်တကယ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုများ ဖြစ်ပေါ်လာသည့်တိုင် ဆက်ငြင်းပယ်ကြရန် တိုက်တွန်းထားသည်။ ၂ဝ၁၅ အာဆီယံလူမှုအဖွဲ့အစည်း ထူထောင်ရာတွင် အဟန့်အတားဖြစ်စေမည်ဟုလည်း ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးနှင့် စစ်ဗိုလ်ချုပ်ဟောင်းများ တွေ့ဆုံ

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဥက္ကဌရာထူးနှင့် ကာကွယ်ရေး ဦးစီးချုပ် ရာထူးများမှ အနားယူသွားပြီ ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အငြိမ်းစား စစ်ဗိုလ်ချုပ်ဟောင်း ၅ ဦးကို နေပြည်တော်ရှိ နေအိမ်သို့ ခေါ်ယူတွေ့ဆုံခဲ့သည်ဟု သိရသည်။

Senior-Gen-Than-Shwe-Jan-04-2011
နေပြည်တော်၌ ကျင်းပသော ပြီးခဲ့သည့် ဇန်န၀ါရီ ၄ ရက် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာ စားပွဲတွင် တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - AP)
တပါတီ အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်းလက်ထက် ၀န်ကြီးနှင့် တိုင်းမှူးများ ဖြစ်ခဲ့ကြသည့် စက်မှုဝန်ကြီး ဗိုလ်မှူးချုပ် တင့်ဆွေ၊ အရှေ့ပိုင်းတိုင်း စစ်ဆင်ရေးမှူး ဗိုလ်ချုပ် လှဦး၊ သတ္တုတွင်းဝန်ကြီး ဗိုလ်မှူးချုပ် သန်းတင်၊ ဗိုလ်ချုပ် ခင်မောင်ကျော်နှင့် ဒု ဗိုလ်ချုပ်ကြီးဟောင်း ချစ်ဆွေတို့ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ခေါ်ယူတွေ့ဆုံသည်ဟု တွေ့ဆုံခဲ့သော ဗိုလ်ချုပ်ဟောင်း တဦး၏ မိသားစုဝင် တဦးက ပြောသည်။

ယင်း ဗိုလ်ချုပ်ဟောင်း ၅ ဦးထဲမှ အများစုသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တပ်မတော် အရာရှိငယ် အဖြစ် တာဝန်ထမ်းဆောင်စဉ်တွင် အထက်အရာရှိများ ဖြစ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံချိန်၌ နိုင်ငံတော်အာဏာကို ဆက်ပြီးချုပ်ကိုင်ထားမည် မဟုတ်ကြောင်းနှင့် တချိန်တွင် မိသားစုအား အန္တရာယ်ပြုလာမည်ကို စိုးရိမ်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောကြားခဲ့သည်ဟု ဗိုလ်ချုပ် သန်းတင်၏ မိသားစုဝင် တဦးက ပြောပြသည်။

“သူက နိုင်ငံအုပ်ချုပ်ရေးကို ဘာမှဝင်ပြီး မစွက်တော့ပါဘူးပေါ့။ ပြီးတော့ လက်ရှိဝန်ကြီးတွေ ရွေးတုန်းကလည်း ဦးသိန်းစိန် စိတ်ကြိုက် ရွေးခိုင်းတယ်။ နည်းနည်းပဲဝင်ပြီး အကြံပေးတယ်ပေါ့။ နောက်တချက်က သူမရှိတော့ချိန်မှာ သူ့မိသားစုကို ပြန်ပြီး တရားစွဲ၊ ထောင်ချ၊ ကြိုးစင်တင်မှာ တွေကို သူတော်တော် ကြောက်နေပုံရတယ်”ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာကို ဆက်လက်ချုပ်ကိုင်ထားခြင်းမရှိဟုဆိုသော်လည်း ယနေ့အချိန်အထိ အစိုးရရုံးများနှင့် ရပ်ကွက် အုပ်ချုပ်ရေးရုံးများတွင် ၎င်း၏ ဓာတ်ပုံများကို ဆက်လက် ချိတ်ဆွဲထားဆဲဖြစ်သည်ကိုတွေ့ရသည်။

ဗိုလ်ချုပ်မှူးကြီးကတော် ဒေါ်ကြိုင်ကြိုင်မှာ ယခင် အာဏာတရားဝင် ရယူထားစဉ်က ကဲ့သို့ပင် ဗေဒင် ဆရာများ၊ နတ်ဆရာများကို အားကိုးအားထား ပြုလုပ်နေဆဲဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သူတဦးက ပြောပြသည်။

“မင်္ဂလာဒုံ ပုလဲမြို့သစ်မှာ သန္တာရွှေ ၀ယ်ထားတဲ့ခြံနဲ့တိုက်ရှိတယ်။ အဲဒီမှာ အရင်က ကတုံးမရိတ်ဘဲ သင်္ကန်းတွေဝတ်ထားတဲ့ ဘုန်းကြီးလိုလို၊ ရသေ့လိုလိုလူတွေရှိတယ်။ တိရစ္ဆာ    န်ခေါင်းတွေပုံ ခံထားတဲ့ဘုရားတွေလည်း ရှိတယ်။ နတ်ပွဲတွေလည်း ခဏခဏ ပေး တယ်။ အခုထက်ထိလည်း အဲဒီလူတွေရှိတုန်းပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နတ်ပွဲပေးတာတွေ့ရတယ်”ဟု ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် တွင်နေထိုင်သူ တဦးက ပြောသည်။

နအဖ ကောင်စီ၏ ဒုတိယ ဥက္ကဌ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးမှာ သင်္ကြန်အပြီး နှစ်ဆန်း တရက် နေ့မှစပြီး ၎င်း၏ ဇာတိမြို့ဖြစ်သည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် ဘုန်းကြီးဝတ်နေပြီး ယနေ့အထိပြန်မထွက်သေးကြောင်း သိရသည်။

“အဲဒီရွာမှာသူက ဘုန်းကြီးကျောင်းနဲ့ တရားရိပ်သာတွေ သူ့မိဘရဲ့ အိမ်နေရာတွေကို သူလှူထားတာ။ လောလောဆယ်တော့ အဲဒီ မှာပဲ တရားအားထုတ်နေတယ်လို့ပြောတယ်။ လက်နက်ကိုင် လုံခြုံရေးတွေတော့ မရှိဘူး။ ဒါပေမယ့် အရပ်ဝတ်နဲ့လုံခြုံရေး လေးငါးယောက်ကတော့ ဘုန်းကြီးကျောင်းနားမှာ အမြဲစောင့်နေတယ်။ တခါတလေ လာနေကြမဟုတ်တဲ့သူဆို မေးတယ်”ဟု ပုလဲမြို့ သစ် တွင်နေထိုင်သူ က ပြောသည်။

  ဘင်လဒင်ကသေတာ ပျောက်သွားတာ။ သန်းရွှေက သေတာမဟုတ်ဘူး ဖျောက်သွားတာ သတိရှိကြ!

မူဆလင်နိုင်ငံများတွင် ဘင်လာဒင် အပေါ် ထောက်ခံမှု ကျဆင်း

Wednesday, 04 May 2011 02:39 မောက္ခ နိုင်ငံတကာသတင်း(ပေးပို့ သူ-ဗမာသွေး)
အမေရိကန် အထူးတပ်ဖွဲ့က အိုစမာ ဘင်လာဒင်ကို ပါကစ္စတန်မှာ သတ်ပစ်နိုင်ခဲ့မှုအပေါ် အမေရိကန်များ ဂုဏ်ယူ ၀မ်းသာမဆုံး ဖြစ်နေချိန်တွင် ပါလက်စတိုင်း ဒေသနဲ့ ကာတာနိုင်ငံတို့မှာ ဘင်လာဒင်သတ်ဖြတ်မှုအပေါ် ဆန့်ကျင် ဆန္ဒမှုများ ရှိခဲ့သည်။

သို့သော် အမေရိကန်တို့ အမုန်းဆုံး အလိုရှိဆုံး၊ ကမ္ဘာ့အဆိုးရွားဆုံး အစွန်းရောက် အစ္စလာမ် အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကို မူဆလင်နိုင်ငံများတွင်ပင် လူကြိုက်များမှု ကျဆင်းနေသည်ဟု စစ်တမ်းတစ်ခုက ဖော်ပြသည်။
ဝါရှင်တန်အခြေစိုက် လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Pew Research Center ရဲ့ အိုစမာ မသေခင် နောက်ဆုံး ပြုလုပ်တဲ့ စစ်တမ်းအရ ‘အယ်လ်ကိုင်ဒါ ခေါင်းဆောင်ဟာ ကမ္ဘာ့အရေး အတွက် မှန်ကန်တဲ့ အရာတွေ လုပ်ဆောင်နေတယ်လို့ သင်ယုံကြည်ပါသလား’ ဆိုတဲ့ မေးခွန်းအပေါ် ပါလက်စတိုင်းတွေရဲ့ တုံ့ပြန်ချက်မှာ သုံးပုံတစ်ပုံကသာ ယုံကြည်ထောက်ခံ သည်ဟု ဖြေကြသည်။ ၂၀၀၃ ခုနှစ်တွင် ၄င်းမေးခွန်းအပေါ် ပါလက်စတိုင်း ၇၀ ရာခိုင်နှုန်းအထိ ထောက်ခံခဲ့ကြပြီး၊ ယခု အများကြီး ကျဆင်းသွားခဲ့သည်။



အလားတူ နိုက်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ အီဂျစ်၊ ပါကစ္စတန်၊ ဂျော်ဒန်၊ တူရကီ၊ လက်ဘနွန် မူဆလင်နိုင်ငံများတွင်လည်း အိုစမာ ဘင်လာဒင် အပေါ် ထောက်ခံမှု ကျဆင်းသွားခဲ့သည်။ ထိုသို့ လူထု သဘောထားအမြင် ပြောင်းလဲသွားရခြင်း အဓိက အကြောင်းမှာ ဘာလီကျွန်း၊ ဂျော်ဒန်၊ အီရတ် စတဲ့ နေရာများတွင် အယ်လ်ကိုင်ဒါများရဲ့ ဆိုးရွားတဲ့ ဖောက်ခွဲမှုများ၊ အကြမ်းဖက်မှုများကြောင့် ဖြစ်သည်ဟု ဖော်ပြသည်။

၂၀၁၁ အတွက် စစ်တမ်းကို Pew Research Center က ဆက်လက် ကောက်ခံလျက် ရှိပြီး ဘင်လာဒင် အပေါ် လူကြိုက်များမှု ကျဆင်းဖို့ ရှိနေသည်ဟု ဆိုသည်။
တောင်ဇောင်း ကခွေးကျ ကျ မဲ့ အောင်သောင်း ရဲ့ အရူးချီးပန်းစကား
(သိချင်ရင်ကလစ်ကြည့်)

နိုင်ငံရေးအကျဉ်းသား လွှတ်ရေး နာရေးကူညီမှုအသင်း တောင်းဆို

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ အရှိန်အဟုန် မြင့်တက်လာနေချိန်မှာပဲ နာရေးကူညီမှု အသင်းကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စ အစိုးရထံ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။ အခုလို လှုပ်ရှား တောင်းဆိုမှုတွေ အရှိန်မြင့်လာနေပေမဲ့ အစိုးရဘက်က တစုံတရာ တုံ့ပြန်ခြင်း မရှိတာဟာ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စနဲ့ ပတ်သက်ပြီး ထိပ်ပိုင်း ခေါင်းဆောင်တွေကြား ညှိနှိုင်းလို့ မရနိုင်သေးတဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။


အသစ်တက်လာတဲ့ မြန်မာ အရပ်သား အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုမှုတွေကို မြန်မာနှစ်ဆန်း ၁ ရက်နေ့က စတင်လိုက်ချိန်ကစပြီး ဒီနေ့အထိ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားမှုတွေက ပြည်တွင်းမှာ ရှိနေပါတယ်။ လူထုအခြေပြု လူငယ်ကွန်ရက်တွေကနေ စတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုတွေကို NLD ပါတီကလည်း အပြည့်အ၀ ပူးပေါင်း ပါဝင်ခဲ့သလို စာပေအနုပညာရှင်တွေကအစ ၀ိုင်းဝန်းပြီး တောင်းဆိုမှုတွေထဲ ပါဝင်ခဲ့ကြပြီး အခု နာရေးကူညီမှု အသင်းကြီးကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် အစိုးရကို လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပါတယ်။

ပြည်တွင်းစစ် ရပ်စဲဖို့နဲ့ နိုင်ငံရေး ပြဿနာတွေ ကင်းပြီး ငြိမ်းချမ်းတဲ့ နိုင်ငံတခု ဖြစ်လာဖို့ လိုလားတဲ့ ဒီအဖွဲ့ကြီး အနေနဲ့ တရားမျှတပြီး မှန်ကန်စွာ တောင်းဆိုတဲ့ ဒီလှုပ်ရှားမှုတွေ အတွင်းမှာ အဖွဲ့သားတွေ အားလုံး ပူးပေါင်းပါဝင်ဖို့ ဆုံးဖြတ် သဘောတူညီခဲ့ကြတယ်လို့ နာရေးကူညီမှု အသင်းရဲ့ ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ကျော်သူက ပြောပါတယ်။

“ကျနော်တို့ အသင်းက အသင်းသားတွေ၊ အသင်းသူတွေ အားလုံးကနေပြီးတော့ သူတို့ဆန္ဒအလျောက် လက်မှတ်ဝိုင်းထိုးတာကို ကျနော် တင်လိုက်တာပါ။ အားလုံး ၁၀၈ ယောက် ရပါတယ်။ ဆက်ပြီးတော့လည်း ထိုးနေကြတုန်းပါပဲ။ ဒါက နောက်တသုတ် ထပ်တင်ရမှာပါ။ နေပြည်တော်တော့ တိုက်ရိုက် အဆက်အသွယ် မရှိဘူး။ အဲဒါကြောင့် NLD အဖွဲ့ကိုပဲ ကျနော်တို့ သွားပြီး ပေးထားပါတယ်။ နိုင်ငံရေး အကျဉ်းသားတင် မကဘူး၊ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်စေချင်တဲ့အတွက် ကျနော်တို့ အဲဒီလက်မှတ်ကို ထိုးတာ။”
နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုကျော်သူ ပြောသွားတာ ဖြစ်ပါတယ်။

စစ်အစိုးရကနေ အရပ်သား အစိုးရအဖြစ် စတင် တာဝန်ပြောင်းယူချိန် မတ်လကစလို့ လွတ်ငြိမ်းချမ်းသာခွင့်တွေ လာနိုင်တယ်ဆိုပြီး အားလုံးက တွက်ထားပါတယ်။ တယောက်နဲ့တယောက် အပြန်အလှန် အခြေအနေတွေ မေးမြန်းကြ၊ စုံစမ်းကြတာမျိုးတွေနဲ့ အတူ အစိုးရဘက်ကလည်း လိုက်လျောမှုတွေ ရှိလာနိုင်ပါတယ်ဆိုတဲ့ မျှော်လင့်ချက်တွေက အားလုံးမှာ ရှိနေပါတယ်လို့ တောင်ကြီးထောင်မှာ နှစ်ရှည်ထောင်ဒဏ် အချခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ ညီမ မသန္တာယုက ဆိုပါတယ်။
“ဖြစ်နိုင်မလားပေါ့၊ တယောက်နဲ့တယောက် ဒီလိုပဲ မျှော်လင့်ပြီး နေနေကြတာပဲ။ မျှော်တာတော့ မျှော်နေကြတာပဲပေါ့၊ အကုန်လုံးက။ တခြားတွေ ဘာတွေ ညာတွေတော့ မသိပါဘူး၊ ကိုယ့်လူလွတ်တာပဲ လိုချင်တာပေါ့နော်။ အခု ဒီမှာ ပြောနေကြတာ လွတ်နိုင်တယ် ဘာညာ ဆိုကတည်းက ကိုယ်က အဲဒါကို မျှော်လင့်နေတာပေါ့။ အစိုးရသစ် ဆိုတော့လည်း ပိုမျှော်လင့်တာပေါ့။”
ဒီမျှော်လင့်ချက်တွေကို ဖြစ်လာစေတဲ့ နောက်ထပ် အကြောင်းရင်းတွေကတော့ အင်ဒိုနီးရှားနိုင်ငံမှာ စတင် ကျင်းပနေပြီဖြစ်တဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွေကြောင့်လည်း ပါပါတယ်။ ဒီဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန် တက်မှာမို့ အာဆီယံ နိုင်ငံတွေကြားမှာ မြန်မာ့အရေး ပြောဆိုမှုတွေ၊ ဖိအားပေးမှုတွေ ရှိလာနိုင်တဲ့အပေါ် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပါတယ်ဆိုတဲ့ အကြောင်းနဲ့ တုံ့ပြန်နိုင်ဖို့တွေ ရှိတယ်ဆိုတဲ့ တွက်ချက်မှုတွေကြောင့်လည်း ပါဝင်ပါတယ်။

ဒါကြောင့် မနေ့ကနဲ့ ဒီနေ့တွေမှာတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာနိုင်တယ်ဆိုတဲ့ ထင်မြင်ချက်တွေနဲ့ အင်းစိန်ထောင်ရှေ့မှာ သတင်းသမားတွေ စောင့်ဆိုင်းခဲ့ပေမဲ့ ဒီနေ့အချိန်ထိတော့ ဘာသတင်းမှ မထူးလာသေးပါဘူး။
“မနက်မိုးလင်းကတော့ ရဲရယ်၊ ပေါ်ပေါ်ထင်ထင် သွားနေတဲ့ SB တယောက် လာမေးတယ်။ အခုညနေပိုင်းမှာ ဘာမှမရှိဘူး။ နောက် မီဒီယာတွေ ရှိတယ်။ မီဒီယာတွေက ဟိုနားတစု၊ ဒီနားတစုနဲ့ ရှိတယ်။ နိုင်ငံရေး အကျဉ်းသား မိသားစုတွေကတော့ တယောက်တလေတော့ သတင်းကြားလို့ လာမေးတာတို့၊ မေးပြီး ပြန်သွားတာပေါ့။ ဒီ့ပြင် မရှိပါဘူး။”
ဒီနေ့ အင်းစိန်ထောင်ရှေ့က အခြေအနေ ဖြစ်ပါတယ်။

ဒီလို အနေအထားတွေ အားလုံးကို ကြည့်ခြင်းအားဖြင့် အစိုးရသစ်ထဲက ထိပ်တန်း ခေါင်းဆောင်ပိုင်းတွေထဲမှာရော၊ အာဏာကနေ အနားယူသွားပြီလို့ ပြောနေတဲ့ စစ်ထိပ်တန်း ခေါင်းဆောင်ပိုင်းကြီးတွေ ကြားမှာပါ သဘောတူညီချက်တွေ မရနိုင်သေးတဲ့ အချက်တွေကြောင့် ဖြစ်နိုင်တယ်လို့ နှစ်ရှည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်တဲ့ ဦးဝင်းထိန်က သုံးသပ်ပါတယ်။
“General Amnesty ခေါ်တဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် လာလိမ့်မယ်လို့ ထင်ခဲ့တာ။ အခု အချိန်က လနဲ့ချီ ကြာသွားပြီ။ အခုထက်ထိ မလာဘူးဆိုတော့ ကျနော်ကိုယ်တိုင်လည်း အံ့အားသင့်တယ်။ တဘက်ကလည်း စဉ်းစားကြည့်တော့ သူတို့ဘက်က ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ အဖွဲ့ကို လွှတ်ပေးသင့်သလား၊ လွှတ်မပေးသင့်ဘူးလား သူတို့ စဉ်းစားပြီး အတွေးခေါင်နေသလား၊ ဒါတချက်။
“နောက်တချက်က မင်းကိုနိုင်တို့ ကိုကိုကြီးတို့ဆိုတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ၆၅ နှစ် ချထားတော့ သူတို့ကလည်း ထွက်လာရင် နိုင်ငံရေးအရ လှုပ်ရှားမှု ဆက်လုပ်မယ်ဆိုတော့၊ သူတို့ အစိုးရကလည်း နိုင်ငံတကာက လှိုက်လှိုက်လှဲလှဲ မကြိုဆိုသေးတဲ့ အခါကြတော့ စိုးရိမ်ပြီး ထိန်းထားသလားတော့ မသိဘူး။ တွေးမိတာပဲ။ အခု မလာဘူး ဆိုတဲ့အခါကြတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့အထဲမှာရော အရင်က အာဏာကိုင်ထားတဲ့သူတွေ ကြားထဲမှာရော ညှိနှိုင်းလို့ ရဟန်မတူဘူး ဆိုပြီးတော့ ဖြစ်နေတယ်လို့ ကျနော် ထင်ပါတယ်။”
နှစ်ရှည် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ခဲ့တဲ့ ဦးဝင်းထိန် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးမှုတွေနဲ့ အကျဉ်းချခံထားရသူပေါင်း ၂,၀၀၀ ကျော် ရှိနေပြီး နှစ်ရှည်ထောင်ဒဏ်တွေနဲ့ မြို့ပြနဲ့ ဝေးလံလှတဲ့ နယ်ထောင်တွေမှာ ဖမ်းဆီးချုပ်နှောင် ခံထားရတာ ရှိသလို ကျန်းမာရေး အခြေအနေ ဆိုးရွားသူတွေ၊ ထောင်ဝင်စာ ပုံမှန်မရကြတဲ့ ပြဿနာတွေအပြင် လွတ်ရက်ပြည့်ပေမဲ့လည်း အခုချိန်ထိ ဆက်လက် ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း ရှိနေပါတယ်။

(VOA)

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံ သွားမည်

E-mail Print
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ယခုလအတွင်း တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်မည်ဟု စစ်ဘက်အသိုင်းအ၀န်းမှ သိရသည်။

20701-Than_shwe_beijing
ယမန်နှစ် စက်တင်ဘာလက တရုတ်နိုင်ငံခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် အတူတွေ့ရသော ထိုစဉ်က ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဘယ်စွန်) (ဓာတ်ပုံ - AP)
ယခုခရီးစဉ်သည် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြောင်းလဲတာဝန်ယူပြီး နောက် ပထမဆုံး ခရီးစဉ်ဖြစ်ပြီး နယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့် တိုင်းရင်းသား အရေးကိစ္စများကို ဆွေးနွေးလိမ့်မည်ဟု စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက ဆက်လက်၍ “ဦးစီးချုပ်အသစ် တယောက်အနေနဲ့ အစဉ်အလာအရ သွားတာအပြင် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ကိစ္စတွေလည်း ဆွေးနွေးလိမ့်မယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လကုန်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သို့ လွှဲပြောင်း ပေးခဲ့သည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သေးသည်။

ကာကွယ်ရေး ဦးစီးချုပ်အသစ်၏ တရုတ်နိုင်ငံသို့ သွားရောက်မည့်ခရီးစဉ် ထွက်ပေါ်လာချိန်သည် နယ်စပ်ဒေသရှိ ‘၀’ ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA )၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မိုင်းလား အဖွဲ့များနှင့် နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး တင်းမာမှုများရှိနေပြီး  ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA – N) နှင့် တိုက်ပွားများ ဖြစ်ပွားနေချိန်နှင့် တိုက်ဆိုင်နေသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် နယ်စပ်ဒေသရှိ တိုင်းရင်းသားများ အရေးနှင့် ပတ်သက်လျှင် သဘောထားတင်းမာသူ တဦးအဖြစ် တပ်အတွင်းသတင်းများအရ သိရပြီး ကစထမှူးအဖြစ် တရုတ်နယ်စပ်တွင် တာဝန်ယူစဉ် ၂၀၀၉ ခုနှစ် စက်တင်ဘာလ အတွင်းက ကိုးကန့်အပစ်ရပ်အဖွဲ့ (MNDAA) ကို တိုက်ခိုက်ပြီး ခေါင်းဆောင် ဖုန်ကျားရှင်ကို ဖြုတ်ချခဲ့သည်။

မကြာသေးမီက အာဏာလွှဲပြောင်းရယူခဲ့သည့် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်ကလည်း ပြည်ထောင်စု အစိုးရ၏ အာဏာစက်သည် နယ်စပ် အစွန်အဖျားထိ ရောက်ရှိရန် အရေးကြီးကြောင်း၊ သို့မှသာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ ပီပြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်လ ၂၃ ရက်နေ့က ပြုလုပ်သည် အစိုးရအစည်းအဝေးတွင် ပြောဆိုခဲ့သည်။

သို့သော် လေ့လာသူများ အဆိုအရ သမ္မတသစ် ဦးသိန်းစိန်အစိုးရသည် မြန်မာနိုင်ငံရေးတွင် အဓိကျသည့် ပြဿနာတခုဖြစ်သည့် တိုင်းရင်းသားများအရေးနှင့် ပတ်သက်၍ ဆွေးနွေးအဖြေရှာရန် လိုလားခြင်း မရှိဘဲ လက်နက်ဖြင့် ဖြေရှင်းမည်ဟု ထင်မြင်ကြောင်း ပြောဆိုသည်။

အပြန်အလှန်အားဖြင့် တရုတ်စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရှီချိုင်ဟုန်သည်လည်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည်ဟု သိရသည်။
ဘင်လဒင်ရဲ့ နောက်ဆုံးနေ့  (သို့ ) ချို့ပြုတ်ရူးကြီသန်ရွှေရဲ့ ပြေးစရာမြေပြောက်သောနေ့ 
http://burmatoday.net/news2005/2011/201105/110503_bty_bur_osama.swf
ကလစ်ပေးပါ။

ဒေါ်စု၏ ကမ္ဘာတွင်းသို့ ခေတ္တ ဝင်ရောက်ခြင်း

Friday, April 29, 2011Via Ko Yeyintnge blog.
by Aung Moe Win on Friday, April 22, 2011 at 2:02am
မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ သူရဲကောင်းဖြစ်တဲ့ သူဟာ စားပွဲပေါ် သူ့လက်တွေကို ခပ်ဖွဖွ ယှက်ထားပြီး အေးအေးဆေးဆေး ထိုင်နေတာပါ။ ...
(Laila de Champfleury သည် သူတို့၏ နိုင်ငံတကာ နိုင်ငံရေး ကောလိပ်သင်ရိုး သင်ခန်းစာအတွက် မြန်မာနိုင်ငံသို့ ဧပြီလဆန်းတွင် သွာရောက်လေ့လာခဲ့ကြသော ဒိန်းမတ်ကျောင်းသား ၁၁ ဦးမှ တဦးဖြစ်ပါသည်။ ထိုအဖွဲ့တွင် ဆရာနှစ်ဦးလည်း အတူလိုက်ပါသွားခဲ့သည်။ မဇ္ဈိမ အင်္ဂလိပ်ပိုင်းအတွက် Laila de Champfleury ရေးသားသော Stepping into the world of Aung San Suu Kyi ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။)

ရန်ကုန် (မဇ္ဈိမ)။ ။ အမကြီးဟာ တော်လှန်ရေးသမားတဦး မဟုတ်ပါ။ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ သူရဲကောင်းဖြစ်တဲ့ သူဟာ စားပွဲပေါ် သူ့လက်တွေကို ခပ်ဖွဖွ ယှက်ထားပြီး အေးအေးဆေးဆေး ထိုင်နေတာပါ။ မြန်မာပြည်ရဲ့ ဆိုးရွားကြမ်းတမ်းလှတဲ့ ဒီမိုကရေစီခရီးနဲ့ သူ့ရဲ့ နိုင်ငံရေး အကြောင်း ဆွေးနွေးဖို့ ရောက်လာကြတဲ့ ဧည့်သည်တွေကို စကားထိုင်ပြောနေပါတယ်။

တော်လှန်ရေးဆိုတာ `ရင်ခုန်စရာ သိပ်မကောင်းလှပါ´ လို့ သူထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အံ့အားသင့်စရာ ပြောကြားလိုက်ပါတယ်။
သူဟာ မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်ပြီး အာဏာအမြစ်တွယ်နေတဲ့ စစ်တပ်ကို ကန်ကျောက်မောင်းထုတ်ဖို့ ကြိုးပမ်းနေကြတဲ့ မြန်မာ့ဒီမိုကရေစီတော်လှန်ရေးရဲ့ ကိုယ်စားပြု အမှတ်အသားပါ။ သူ့ကို တိုင်းပြည်ထဲမှာ အမ၊ အန်တီ၊ ဟိုအမျိုးသမီးကြီးလို့ပဲ ပြောဆိုသုံးနှုံးကြတယ်။ ဒါပေမဲ့ ကျမတို့နဲ့ စကားပြောနေတုန်း သူ့ဖခင် လက်ထက်ကလိုပဲ အကြမ်းဖက် တော်လှန်ရေး အပြောင်းအလဲမှာ သူ့ရဲ့ အဘိဓာန်မှာ မရှိတော့ပါ။

ကျမတို့အုပ်စုမှာ သူ့ထံလာတွေ့နေကျ လာရိုးလာစဉ် အဖွဲ့မဟုတ်ပါ။ ဆရာနှစ်ယောက် အတူလိုက်ပါလာတဲ့ ဒိန်းမတ်နိုင်ငံမှ ၁၁ ဦးပါ ကျောင်းသားအဖွဲ့လေးသာ ဖြစ်ပါတယ်။ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်မှာ သင်ခဲ့ရတဲ့ နိုင်ငံတကာ နိုင်ငံရေးဘာသာရပ်အတွက် `ကြားလပ်နှစ်´ ကို ပြန်လည်ဖြည့်ဆီးဖို့ ပဋိပက္ခတို့နဲ့ ပြည့်နှက်နေတဲ့ မြေ၊ အပြုံးပိုင်ရှင်လူထု၊ ရွှေရောင်ဝင်းဝင်း ဘုရားတွေ၊ ဖိနှိပ်ချုပ်ချယ်တဲ့ စစ်အစိုးရ စသဖြင့် ဖြစ်မျိုးစုံလင်လှတဲ့ `အကိုကြီး´ တို့ နိုင်ငံကို လာရောက်ခဲ့ကြခြင်းပါ။

ကျမတို့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးအတွင်း ထိုင်နေခဲ့တဲ့ နေ့ကတော့ ဧပြီလဆန်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချိန်တွေက အလွန်တန်ဖိုးရှိလှပါတယ်။ ပုံမှန်အားဖြင့် ဟောဒီ ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင်ဟာ ဒီချုပ်အဖွဲ့ဝင်တွေနဲ့ အစည်းအဝေးတွေ လုပ်နေတတ်တယ်၊ အရေးကြီးတဲ့ ဧည့်သည်တွေကို လက်ခံတွေ့ဆုံတတ်တယ်၊ သတင်းထောက်တွေကို ရံဖန်ရံခါ လက်ခံတွေ့ဆုံတတ်တယ်။ လူတိုင်းက သူ့ကို တွေ့ချင်ကြပါတယ်။ ဒါပေမဲ့ သူ့ကို တွေ့ဆုံမေးမြန်းခွင့် ရဖို့ကတော့ သာမန်အားဖြင့် ခက်ခဲပါတယ်။ ဒိန်းမတ်လူမျိုး သတင်းထောက်တယောက်ဆို သူနဲ့ တွေ့ခွင့်ရဖို့ ၂ နှစ်လောက် စောင့်ခဲ့ရပြီး၊ တွေ့မယ့်တွေ့ရတော့လည်း ခဏပဲ တွေ့ခဲ့ရတယ်လို့ ကျမတို့ ကြားဖူးထားပါတယ်။

ဒီတော့ ကျမတို့ ခဏခဏ ဖတ်ဖူးထားတဲ့ ဒီမိုကရေစီ သူရဲကောင်း ခေါင်းဆောင် တယောက်နဲ့ ဒီချုပ် ဗဟိုဌာနချုပ် ရုံးခန်းကျဉ်းလေးအတွင်း မျက်နှာချင်းဆိုင် တွေ့ခွင့်ရနေတာကို တွေ့ရတဲ့အခါ ကိုယ့်ကိုယ်ကို အလွန် အံ့သြနေမိပါတော့တယ်။ ဖြစ်နိုင်တာက ကျမတို့ ဆရာ၊ ဆရာမတွေရဲ့ ဒိန်းမတ်ရောက် သြဇာအာဏာရှိတဲ့ မြန်မာ အတိုက်အခံတွေနဲ့ အဆက်အသွယ် ကောင်းမွန်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ ကျမတို့ အထင်ပဲ ဖြစ်ပါတယ်။

နောက်ဆုံး မိနစ် စက္ကန့်အထိ သူနဲ့ တကယ်တမ်း တွေ့ခွင့် ရမရဆိုတာ ရင်မောစရာ ကိစ္စကြီး ဖြစ်နေခဲ့ပါတယ်။

ပါတီဌာနချုပ်ရုံးမှာ ပြည့်ကျပ်ပြွတ်သိပ်နေပြီး အဆန်းတကြယ် အဆင် တန်ဆာများလည်း မရှိပါ။ ဒီထဲကို ဝင်လိုက်ရတာ လမ်းပေါ်ကနေ တခြားကမ္ဘာတခုထဲ ရောက်သွားသလိုပါပဲ။ ရုံးခန်းတွေထဲမှာ စာရွက်ထပ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေပဲ ရှိပါတယ်။ ရုံးထဲကို ဝင်လိုက်ရတာ ဘာနဲ့တူသလဲဆိုတော့ အရင်ကလည်း တခါမှ မဖွင့်ဖူးသေး၊ အထဲမှာလည်း ဘာရှိမှန်း မသိရတဲ့ ရှေးဟောင်းလျှို့ဝှက် သေတ္တာတလုံးကို ဖွင့်နေရသလိုပါပဲ။ ကျမတို့အဖွဲ့ကို အပေါ်ထပ်တက်ကြဖို့ လက်ညှိးထိုးပြကြပါတယ်။ ဒီတော့လည်း မြေအောက်လုပ်ငန်း အငွေ့အသက်တွေကို ရလာပြန်ပါတယ်။ အခန်းထဲမှာရှိတဲ့ သစ်သား စားပွဲတလုံးဘေးမှာ ကျမတို့ ဝိုင်းထိုင်လိုက်ကြပါတယ်။ ဒီအချိန်ထိ အမကြီးကို တွေ့မှတွေ့ရပါ့မလားလို့ တထင့်ထင့် ဖြစ်နေရတုန်းပါ။

ထိုင်ရင်း သူများ ဒီဘက်က ဝင်လာမှာလားလို့ တွေးပြီး အခန်းတဖက်က ခပ်ဟဟလေး ဖြစ်နေတဲ့ တံခါးကို ကြည့်နေမိပါတယ်။ အခန်းထဲမှာ အားလုံး လည်တဆန့်ဆန့် ဖြစ်နေကြတုန်း တဖက်က အခန်းထဲကို သူ့သက်တော်စောင့်တွေနဲ့အတူ ဝင်သွားတာကို စက္ကန့်ပိုင်းလေးလောက် ဗြုန်းကနဲ ကျမ မြင်လိုက်ရပါတယ်။ သူ ဒီအဆောက်အအုံထဲမှာ ကျမတို့နဲ့ အတူရှိနေပါပြီ။ ဒီတခါတော့ ဘယ်လိုမှ မမှားနိုင်တော့ပါဘူး။ ၅ မိနစ်လောက်ကြာတော့ ကျမတို့ရှိတဲ့ အခန်းထဲကို သူဝင်လာပါတယ်။ ကျမတို့အားလုံးပဲ ဗြုန်းကနဲ မတ်တပ်ထရပ်လိုက်ကြပါတယ်။ သူက ရယ်ရယ်မောမော၊ ရင်းရင်းနှီးနှီးပဲ `ထိုင်ကြပါ၊ ထိုင်ကြပါ´ လို့ ကျမတို့ကို ပြောပါတယ်။

စားပွဲတဖက်စွန်းက ထိုင်ခုံမှာ သူက လက်ပိုက်လို့ ခပ်မတ်မတ် ထိုင်နေပါတယ်။ ကျမစိတ်ကူးထဲမှာ ပုံဖော်ထားတဲ့ အတိုင်းပါပဲ၊ သူဟာ မိန်းမပီပီသသ ကြက်သရေရှိသူဖြစ်ပြီး ခေါင်းမှာလည်း ပန်းတွေ ပန်ထားပါတယ်။ သူ့ကိုကြည့်ရတာ စိတ်သဘောထားနူးညံ့ပြီး ကြင်နာပုံရပေမယ့် အတွင်းစိတ်သဏ္ဍာန်မှာ တင်းမာပြတ်သားသူ ဆိုတာကိုလည်း အလွယ်တကူပဲ တွေ့မြင်နိုင်ပါတယ်။

ဒိန်းမတ်တုန်းကတော့ တွေ့ရရင် ဘာမေးမလဲဆိုပြီး မေးခွန်းတွေ ကြိုးစားပမ်းစား ပြင်ဆင်လာခဲ့ကြပါတယ်။ ကျမတို့က နိုင်ငံတကာ နိုင်ငံရေးမှာ ဗမာပြည်ရဲ့ ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံရေး လမ်းကြောင်းကိုပဲ လေ့လာခဲ့ကြတာ ဆိုတော့ သိပ်မကြာခင်ပဲ ကျမတို့လိုချင်တဲ့ မေးခွန်းတွေ အကုန်လုံးဟာ ဒီမိုကရေစီ အကြောင်းချည်း ဖြစ်နေတာကို တွေ့ရပါတော့တယ်။

`ဒီမိုကရေစီဆိုတာ အနောက်မှာတော့ အသားကျနေတဲ့ စကားလုံး၊ မင်းတို့လည်း သိပ်ပြီး လေးလေးနက်နက် ရှိလှမယ်မထင်ဘူး။ ဒီမိုကရေစီရဲ့ တန်ဖိုးကို သေသေချာချာ သဘောပေါက်ကြလိမ့်မယ်တောင် မထင်ဘူး´ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

ပြီးတော့မှ သူက ကျမတို့အကြောင်း ဦးလှည့်လာပြီး `၂ဝဝ၇ ခုနှစ်က ဒိန်းမတ်မှာ ကျင်းပခဲ့တဲ့ နောက်ဆုံး ရွေးကောက်ပွဲမှာ ကျမတို့ထဲက ဘယ်နှယောက် မဲပေးခဲ့သလဲလို့ မေးလာပါတယ်။ ကျမတို့ထဲက အတော်များများ လက်ထောင်ကြပါတယ်။ ၃ ယောက်ကတော့ သူတို့ မဲသွားမပေးဘူးလို့ ဝန်ခံကြပါတယ်။ ၂ ယောက်ကတော့ ငယ်သေးလို့ အဲဒီအချိန်က မဲပေးခွင့်မရခဲ့ကြပါ။

ဒီတော့မှ ကျမတို့အမကြီးက ကျမတို့တတွေ ရန်ကုန်နဲ့ မန္တလေးမှာရှိတုန်း မြန်မာလူမျိုးတွေနဲ့ စကားပြောခဲ့ကြတာတွေအကြောင်း ဆက်ပြောပါတယ်။ ကျမတို့ခရီးစဉ်တလျှောက် တွေ့ခဲ့ကြသူတွေအားလုံး အပြုံးကိုယ်စီနဲ့ ဖော်ဖော်ရွေရွေ ရှိခဲ့ကြသလောက် အတွင်းစိတ်ထဲမှာ တခုခုကို ကြောက်ရွံ့နေတာ ကိုလည်း တွေ့ခဲ့ရပါတယ်။ ကမ္ဘာလှည့် ခရီးသွားတဦးသာ ဆိုရင်တော့ ဒီကိစ္စကို သတိထားမိမယ် မဟုတ်ပါဘူး။ ဒါပေမဲ့ သတင်းထောက် တယောက်နဲ့ တွေ့တုန်းကတော့ သူက သတင်းထောက်ပီပီ အတော် သတိထားပြောတယ်။ အစိုးရက လူတိုင်းကို စောင့်ကြည့်နေတာ၊ ဆင်ဆာဆိုတာလည်း စစ်အစိုးရက သူ မီဒီယာထဲ ပါစေချင်တာကိုပဲ ခွင့်ပြုတာလို့ ပြောပါတယ်။

`ကျမတို့ တိုင်းပြည်မှာ ဥပဒေ စိုးမိုးမှုဆိုတာလည်း မရှိတော့ လုံခြုံမှု ဆိုတာလည်း မရှိဘူး´ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဝင်မပြိုင်ခဲ့တာလည်း ဒီကိစ္စက အကြောင်းတချက် ဖြစ်ပါတယ်။ စစ်အစိုးရကို တရားဝင်အောင် လုပ်ပေးပြီး စစ်တပ်ကို အချိန်မရွေး အာဏာသိမ်းနိုင်ခွင့် ပြုထားတဲ့ ဖွဲ့စည်းပုံကို လက်မခံနိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်။

တိုင်းရင်းသား အဖွဲ့တွေနဲ့ အစိုးရအကြား ပဋိပက္ခတွေ ဖြစ်ပွားနေရတာရဲ့ အကြောင်းရင်းတရပ်မှာလည်း အခွင့်အရေး မညီမျှမှုကြောင့်လို့ သူက ထောက်ပြပါတယ်။

`တိုင်းရင်းသားတွေက ဖက်ဒရယ်ပိုကျတဲ့ ဖွဲ့စည်းပုံမျိုးကို လိုချင်ကြတာ။ ဒါကြောင့်ပဲ ပြဿနာတွေ ဖြစ်နေရတာ။ ဒီမတရားမှုတွေ ဒီမှာပဲ ရပ်ဖို့တော်ပြီ။ တိုင်းရင်းသားတွေ ဒုက္ခသည်တွေအဖြစ်နဲ့ တချိန်လုံး ပြေးချည်းနေကြရတာ။ ကိုယ့်တိုင်းပြည်ထဲမှာပဲ ညှဉ်းပန်းနှိပ်စက်ခံပြီး တချိန်လုံး ကြောက်ကြောက်လန့်လန့်နဲ့ နေနေကြရတာ။ ဒါတွေအားလုံး ပြောင်းမှဖြစ်မယ်။ ပြောင်းဖို့ဆိုတာလည်း အခွင့်အရေး တန်းတူညီမျှခံစားခွင့် ရှိပါတယ်ဆိုတာ သူတို့ကိုယ်တိုင် ခံစားသိရှိရမှ ဖြစ်မယ်´။

ကျမတို့အတန်းက ကျောင်းသားတွေ တစုတဝေး မြန်မာပြည်ထဲမှာ သွားလာနေရတော့ ဒိန်းမတ်က စာသင်ခန်းထဲမှာ ကျမတို့သင်ခဲ့ရတဲ့ ပြဿနာပေါင်းစုံ၊ အခြေအနေ အဖြစ်ပေါင်းစုံကို မျက်ဝါးထင်ထင် မြင်ခွင့်ရတယ်။ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေတွေကို ပြောနိုင်တဲ့သူ၊ ဘာတွေလိုချင်တယ်၊ ဘာတွေဖြစ်ချင်တယ်၊ ဘယ်လိုလုပ်လိုက်ရင် ဒါတွေ အောင်မြင်လာလိမ့်မယ်ဆိုတာတွေ ပြောနိုင်မယ့် သူမျိုးကို ကျမတို့ကလည်း တွေ့ချင်ပါတယ်။

ကျမ စိတ်ဝင်စားတဲ့ ကိစ္စက လူ့အခွင့်အရေးနဲ့ ဥပဒေ စိုးမိုးမှုကိစ္စပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်မှာ ဥပဒေ စိုးမိုးမှု မရှိတဲ့အကြောင်း ပြောလာတော့ ကျမလည်း စိတ်ဝင်စားလာပါတယ်။

တကယ်တော့ လူတွေ လုံခြုံတယ်လို့ ခံစားမိစေတဲ့ ကိစ္စမှာ ဥပဒေက နောက်ဆုံးမှ စဉ်းစားမိတဲ့ ကိစ္စပါ။ ကိုယ်တိုင်ကြုံမှ၊ ခံရမှ သိတဲ့ ကိစ္စပါ။ ကိုယ့်အခွင့်အရေးတရပ်ရပ် ချိုးဖောက်ခံရမှ သတိရတဲ့ အရာပါ။ ဒီကိစ္စကပဲ ပုံမှန်လည်ပတ်နေတဲ့ လူ့အဖွဲ့အစည်းတရပ်အတွက် အခြေခံအခွင့်အရေးတွေကို ပေးအပ်နေတာပါ။

ရန်ကုန်မှာရှိတဲ့ မြန်မာတက်ကြွလှုပ်ရှားသူ လူငယ်တယောက်နဲ့ စကားပြောဖြစ်ခဲ့တာကို ကျမ ပြန်သတိရလာပါတယ်။ သူက ကျမကို ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ဘယ်လိုနားလည်သလဲလို့ မေးလာပါတယ်။ ကျမကလည်း လွတ်လပ်စွာ ပြောခွင့်ရှိတာ၊ ကိုယ့်အတွက် ရွေးချယ်ခွင့်ရှိတာ၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ရှိတာ၊ စသဖြင့် ပြောလိုက်ပါတယ်။ ဒီတော့ သူက ဒါတွေအားလုံးဟာ ဒီမိုကရေစီအတွက် အရေးကြီးကြတာချည်းဆိုတာ သူလက်ခံပါတယ်တဲ့။ ဒါပေမဲ့ သူ့အမြင်အရ အရေးအကြီးဆုံးကိစ္စက အာဏာကို ပိုင်းခြားထားခြင်း ဖြစ်ပါတယ်တဲ့။ တရားစီရင်ရေးအာဏာနဲ့ စီမံခန့်ခွဲရေးအာဏာ တနည်းအားဖြင့် အစိုးရအာဏာကို ခွဲခြားထားဖို့ဖြစ်တယ်လို့ ပြေလာပါတယ်။ ဒါသူ့ဆန္ဒဖြစ်ပြီး မြန်မာပြည်မှာ တနေ့ကျရင် ဖြစ်ထွန်းလာမယ်လို့ ထင်ပါတယ်။

အစိုးရက ဆုံးဖြတ်နိုင်ခွင့် အာဏာကို ဘယ်လိုချုပ်ကိုင်ထားတယ်ဆိုတာ အမကြီးက ကျမတို့ကို သာဓကတခု ပြောပြပါတယ်။ `ဒီချုပ်အဖွဲ့ဝင်တဦးဦး နိုင်ငံရေးမှုနဲ့ တရားရုံးရောက်သွားပြီဆို ဒီအမှုက သေချာပေါက် ရှုံးတော့မှာပဲ။ ဒါကို အစကတည်းက ကျမတို့လည်း သိတယ်။ ဒါကြောင့် ကျမတို့ အမြဲပြောနေတာ။ တရားရုံး မရောက်ခင်ကတည်းက ဘယ်လောက်ချမယ်၊ ဘယ်လိုကိုင်တွယ်မယ်ဆိုတာ ကြိုပြီး အမြဲဆုံးဖြတ်ထားပြီးသား၊ ဒါတွေ အကုန်လုပ်ပြီးမှ ရုံးရောက်တာ´ ဟု သူက ပြောပါတယ်။

ဒီလိုဖြစ်ပေမယ့် ဒီချုပ်အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ စာရိတ္တကို ကာကွယ်ဖို့ ရှေ့နေတော့ ထားကြတယ်လို့ သူက ဆိုပါတယ်။ သူတို့ဟာ အပြစ်မရှိဘဲ မတရားစွပ်စွဲ ချုပ်နှောင်ခံရသူတွေဖြစ်ပြီး၊ အတွေးအခေါ် အယူအဆတခုခုကို ယုံကြည်ပြီး ဒီအယူအဆအတိုင်း နေခဲ့လုပ်ခဲ့တာကလွဲလို့ ဘာပြစ်မှုကိုမှ မကျူးလွန်ခဲ့ကြကြောင်းနဲ့ သူတို့ရှေ့ မားမားမတ်မတ် ရပ်ပြောပေးမယ့် သူကိုပဲ လိုချင်တာဖြစ်ကြောင်း ပြောပြပါတယ်။

`ကိုယ့်ကိုထိလာမှ ဥပဒေဆိုတာကို သတိရတာ။ ဒီလိုမဟုတ်ရင် ကျမတို့လည်း အသေးစိတ်မသိပါဘူး။ ဒီတော့ ဒီအမှုတွေက ကျမတို့ကို ကျမတို့အခွင့်အရေးတွေ ဘာတွေရှိတယ်ဆိုတာ သင်ပြပေးနေတာပဲ။ ဒီအခွင့်အရေးတွေ တရားရုံးတွေမှာ ဘယ်လိုချိုးဖောက်ခံနေရတယ်ဆိုတာတွေ သိလာတာပဲ။ ဥပဒေက အကာအကွယ် မပေးနိုင်ရင် ဘယ်သူမှ လုံခြုံမှာ မဟုတ်ဘူး။´

သူ့ကို ပိတ်ဆို့အရေးယူမှုနဲ့ပတ်သက်ပြီး မေးတာတွေ သိပ်များလွန်းလို့ အမ စိတ်ပျက်နေတယ်ဆိုတာ ကျမတို့ ကြားထားလို့ ဒီမေးခွန်း သူ့ကိုမမေးတော့ပါဘူး။ အပြောင်းအလဲအတွက် သူရဲ့ ကိုယ်ပိုင်ကြိုးပမ်းချက်တွေကိုပဲ မေးမြန်းဖြစ်ပါတယ်။

`မြန်မာပြည်ကလူတွေက သူတို့လိုချင်တဲ့ အပြောင်းအလဲအတွက် ကျမနဲ့ ကျမတို့ ပါတီအပေါ်ပဲ မကြာခဏ အားကိုးကြတယ်။ ဒီလိုအပြောင်းအလဲမျိုးဖြစ်ဖို့ သူတို့ကိုယ်တိုင် လုပ်နိုင်တယ်ဆိုတာ သိအောင်လုပ်ဖို့က အရေးအကြီးဆုံးပဲ´ ဟု သူက ပြောပါတယ်။

ဒီချုပ်ပါတီကို နိုင်ငံရေးပါတီတခုအဖြစ် ဆက်ရှိနေဖို့ သူသန္နိဋ္ဌာန်ချထားကြောင်းပါ ပြောပါတယ်။ အာဏာပိုင်တွေက ပါတီကို ဖျက်သိမ်းဖို့ ကြိုးပမ်းနေပေမယ့် မြန်မာပြည်မှာ ဒီမိုကရေစီရရှိရေးအတွက် ပါတီရှိနေရမှာလို့ သူက ဆိုပါတယ်။

တိုင်းပြည်ကို ထင်ရှားတဲ့ ခေါင်းဆောင်တဦးထဲက ရှေ့ဆောင်နေတာဟာ ဒီမိုကရေစီအတွက် မကောင်းကြောင်း၊ အနည်းဆုံးတော့ ရွေးချယ်စရာအဖြစ် အဲဒီလို ထင်ရှားထက်မြက်တဲ့ ခေါင်းဆောင် အနည်းစုလေးတော့ ရှိနေရမှာဖြစ်ကြောင်း၊ ဒါမှ နိုင်ငံရေးသမားတွေအနေနဲ့ သူတို့အလုပ်အပေါ် ပိုအလေးထား အာရုံစိုက်လာနိုင်မှာဖြစ်ကြောင်း သူက ကျမတို့ကို ရှင်းရှင်းလင်းလင်း ပြောဆိုပြပါတယ်။

ဒီချုပ်ရဲ့ မူဝါဒတွေအကြောင်းနဲ့ ပတ်သက်ရင်တော့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ၊ မူဝါဒ ရပ်တည်ချက်တွေအကြောင်း သူ့ဆီက တိတိကျကျ အဖြေတခုရဖို့ ခက်ပါတယ်။ သူတို့ကိုယ်သူတို့ လက်ဝဲလား၊ လက်ျာလားဆိုတာကိုတောင် မသေချာပါဘူး။

`ဒီမိုကရေစီမှ မရှိတဲ့နောက် လက်ဝဲလည်း မစဉ်းစားနိုင်ဘူး၊ လက်ျာလည်း မစဉ်းစားနိုင်ဘူး။ အစိုးရက အစစတာဝန်ယူစောင့်ရှောက်တဲ့ welfare state လိုဟာမျိုး လုပ်မလား၊ မလုပ်ဘူးလားဆိုတာလည်း မတွေးအားဘူး´ ဟု သူက ပြောပါတယ်။

ဒီချုပ်အနေဖြင့်မူ အလယ်ဗဟိုဝါဒီ ပါတီတရပ်ဖြစ်လိုကြောင်း သူက ပြောပါတယ်။ ကလေးတွေအတွက် အခမဲ့ပညာရေး၊ လူထုအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ စံကျတဲ့ အိပ်မက်တရပ်ရှိကြောင်းနဲ့ ဒါပေမဲ့ ဒီခရီးကို ရောက်ဖို့ အဝေးကြီးလျှောက်လှမ်းရဦးမယ်လို့ ဆိုပါတယ်။

မြန်မာပြည်တွင်း တက်ကြွလှုပ်ရှားသူတွေကို ကျမတို့ မေးခဲ့တဲ့ မေးခွန်းတခုမှာ မြန်မာပြည် အပြောင်းအလဲအတွက် ဘယ်နည်းလမ်းကို သုံးမလဲ၊ တော်လှန်ရေးလား၊ တခြား တနည်းနည်းလား ဆိုတဲ့ မေးခွန်းတွေပါ။ ဒီမေးခွန်းကိုပဲ မြန်မာပြည်အပြောင်းအလဲအတွက် အထိမ်းအမှတ် အမှတ်အသားဖြစ်နေသူ ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းဖြစ်ခဲ့ပါတယ်။

`ကျမက တော်လှန်ရေးတွေအတွက် ဆော်သြတိုက်တွန်းနေသူတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သိပ်ရင်ခုန်စရာ မကောင်းလို့ပါဘဲ´ လို့ သူက ပြန်ဖြေပါတယ်။ `တချို့က ထင်ကြတယ်။ ဒါ မြန်မြန်ထက်ထက် အဖြေထွက်တဲ့ဟာလို့။ ဒါပေမဲ့ ဒီလမ်းကိုရွေးရင် ရသွားတဲ့ ဒဏ်ရာတွေက အတော်နက်ရှိုင်းပါတယ်။ ဒီ အနာတွေက ကျက်ဖို့လည်း ခက်ပါတယ်။ တခါတရံ အပေါ်ယံကြည့်လိုက်ရင်တော့ အပြောင်းအလဲ ဖြစ်လာသလိုပါပဲ။ တကယ်တော့ ဒီလမ်းက ဘယ်သူမှ အပြောင်းအလဲ ဖြစ်လာမယ်လို့ မထင်တဲ့ လမ်းပါ။ ဒီလမ်းကြောင့် ရခဲ့တဲ့ ဒဏ်ရာတွေက ဒီလောက်ကာလရှည်ကြာတဲ့အထိ မပျောက်သေးပါဘူး။ အပြောင်းအလဲအတွက် အကောင်းဆုံးနည်းလမ်းက နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း အဖြေရှာတာပဲဖြစ်တယ်လို့ ကျမ ယုံကြည်ပါတယ်´။

သူ့ရဲ့ တုံ့ပြန်မှုမှာ အံ့အားသင့်စရာကောင်းသလို နားလည်နိုင်တဲ့ အချက်လည်း ဖြစ်ပါတယ်။ သူတွေ့ကြုံခဲ့ရသမျှကလည်း အကြိမ်ကြိမ် အကျယ်ချုပ်ချခံရခြင်း၊ ၂ဝဝ၃ ခုနှစ်အတွင်း သူခရီးသွားနေတုန်း ရက်ရက်စက်စက် တိုက်ခိုက်ခံခဲ့ရခြင်း၊ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကာလအတွင်း သေကြေခဲ့ရတာတွေဟာ တော်လှန်ရေးရဲ့ ထိရောက်မှုအပေါ် ထင်ထင်ရှားရှား မေးခွန်းထုတ်နေတဲ့ အချက်တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အီဂျစ်မဟုတ်၊ တူနီးရှားမဟုတ်၊ လစ်ဗျားလည်း မဟုတ်ပါ။ ယုတ်စွအဆုံး ကိုလိုနီဗြိတိသျှတို့ကို တော်လှန်တိုက်ခိုက်ခဲ့တဲ့ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းခေတ် မြန်မာနိုင်ငံလည်း မဟုတ်ပါ။ သူ့ဖခင်ဟာ လွတ်လပ်ရေးမရမီလေးမှာ သေနတ်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်။

`မြန်မာနိုင်ငံနဲ့ အီဂျစ် မတူဘူးဆိုတာ၊ အများကြီး ကွာခြားတယ်ဆိုတာ ခဏခဏ ပြောနေရတယ်´ လို့ သူက ပြောပါတယ်။ ကိုင်ရိုမြို့မှာ ဆန္ဒပြသူတွေဟာ အနှိမ်နင်းမခံရခင်အထိ ကာလရှည်ကြာ ဆန္ဒပြနိုင်ခဲ့တယ်။ မြန်မာပြည်မှာတော့ အဲလိုမဟုတ်။ ချက်ချင်းလိုပဲ `သွေးထွက်သံယို နှိမ်နင်းခံရတယ်´။ `ဒီတော့ လူတွေရဲ့ စိတ်ထဲမှာ အကြီးအကျယ် ဒဏ်ရာရသွားတာ။ ဒါတွေက ပျောက်ဖို့ အချိန်အတော်ယူရမယ်။ ဒီအတွေ့အကြုံအဖြစ် ဆိုးကြီးတွေကို မေ့နိုင်အောင် အတော်ကြာမယ်´။

နှစ်နာရီလောက်ကြာသွားပြီမို့ ကျမတို့သွားဖို့လည်း အချိန်တန်ပါပြီ။ အခုလို စကားပြောဖြစ်ခဲ့တာကိုပဲ အံ့သြနေမိပါတယ်။ ဒီအတွင်း တခုခုဖြစ်သွားနိုင်တယ်ဆိုတာကိုလည်း ကျမတို့ စဉ်းစားနေမိပါတယ်။ သူ့ကို အိမ်ထဲက ချက်ချင်းဆွဲထုတ်သွားပြီး အကျယ်ချုပ်တဖန် ချလိုက်နိုင်တယ်။ ဒါမှမဟုတ် အိမ်အဝမှာ စောင့်နေတဲ့ အိမ်ထဲ ဝင်ခွင့်မပေးခဲ့တာလည်း ဖြစ်နိုင်တာပါပဲ။ ဒါမှမဟုတ် ကျမတို့လို ကျောင်းသားတအုပ်ကို မတွေ့ဘဲ ကျမတို့ထက် ပိုအရေးကြီးတဲ့ ကိစ္စတခုခုကို လုပ်စရာရှိနေတာလည်း ဖြစ်နိုင်ပါတယ်။

စိတ်ဝင်စားစရာ ကောင်းတာက ကျမတို့ကို အလေးအနက်ထား တွေ့ဆုံဆွေးနွေးခဲ့ပါ။ သူ့ကိုတွေ့ဖို့အရေး ကျမတို့မှာ စိတ်တွေလှုပ်ရှားပြီး စိုးရိမ်တကြီး ဖြစ်နေခဲ့ကြတယ်။ ဒီခံစားချက်မှာ နှစ်ဖက်အပြန်အလှန်လည်း ဖြစ်ပုံရပါတယ်။ ကျမတို့အုပ်စုထဲက တယောက်ယောက်က မေးခွန်းမေးလိုက်တိုင်း မေးခွန်းမေးတဲ့သူကို သေချာကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ အလေးအနက်ထား နားထောင်တာ တွေ့ရပါတယ်။ ပြီးတော့မှ ဖြေတာဆိုတော့ သူ့ရဲ့ လေးနက်မှု၊ ရိုးသားမှုကို ဖော်ပြနေပါတယ်။

တွေ့ဆုံဆွေးနွေးပွဲပြီးတော့ သူ့ကို လက်ဆောင်ပေးရာ နာမည်ကြီး ဒိန်းမတ်စာရေးဆရာ ဟန်းခရစ်ရှန်အင်ဒါဆင် ရေးတဲ့ နတ်သမီးပုံပြင်စာအုပ်လည်း ပါပါတယ်။ ဒါကို သူအတော်ဝမ်းသာပါတယ်။ သူငယ်ငယ်က ဒီစာအုပ်ထဲက ရေသူမလေးပုံပါတဲ့ လက်ဆောင်တခုကို သူ့မိခင်က ပေးခဲ့ဖူးကြောင်းလည်း ပြောပါတယ်။

ပြီးနောက် ကျမတို့က အသားအရောင်ခွဲခြားရေးကာလ တောင်အာဖရိက လွတ်မြောက်ရေး တိုက်ပွဲဝင် တေးသီချင်းဟောင်း တပုဒ်ကို စုပေါင်းသီဆိုကြပါတယ်။ အာဖရိကလူမျိုးတွေ ဒီသီချင်းကို သီဆိုနိုင်ခဲ့တာမှာ အာဏာရ ဘိုးအားလူမျိုးတွေ နားမလည်တဲ့ တိုင်းရင်းသား ဇူးလူးဘာသာနဲ့ သီဆိုခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ကျမတို့အားလုံးကို တယောက်ချင်းစီ လက်ဆွဲနှုတ်ဆက်ပါတယ်။ ပြီးတော့ ကျမတို့အားလုံး ရုံးခန်းထဲကနေ စိတ်လှုပ်ရှား ကြည်နူးစွာ ထွက်လာခဲ့ကြပါတော့တယ်။

အပြင်ဘက်ထွက်လာတော့ ဒီလိုတွေ့ဆုံဆွေးနွေးမှုမျိုးကို မြန်မာနိုင်ငံမှာ လျှို့ဝှက်ထားလို့ မရဘူးဆိုတာ ကျမတို့ သိလာပါတော့တယ်။ လူ ၄ ယောက်က ကျမတို့ကို ဓာတ်ပုံတွေ ရိုက်နေပါတယ်။ ဒီဓာတ်ပုံတွေနဲ့ သူတို့ ဘာလုပ်ကြမယ်ဆိုတာ ကျမတို့ ဘယ်တော့မှ သိမှာလည်း မဟုတ်ပါဘူး။ ဒါသည်ပင် အစိုးရရဲ့ အကြောက်လွန်နေပုံနဲ့ မြန်မာပြည်သူတွေ လွတ်လပ်တဲ့ မြန်မာနိုင်ငံမှာ နေလိုစိတ် ပြင်းပြနေတာကို ထင်ထင်ရှားရှား ပြသနေတဲ့ အချက်လည်း ဖြစ်ပါတယ်။

(Laila de Champfleury သည် သူတို့၏ နိုင်ငံတကာ နိုင်ငံရေး ကောလိပ်သင်ရိုး သင်ခန်းစာအတွက် မြန်မာနိုင်ငံသို့ ဧပြီလဆန်းတွင် သွာရောက်လေ့လာခဲ့ကြသော ဒိန်းမတ်ကျောင်းသား ၁၁ ဦးမှ တဦးဖြစ်ပါသည်။ ထိုအဖွဲ့တွင် ဆရာနှစ်ဦးလည်း အတူလိုက်ပါသွားခဲ့သည်။ မဇ္ဈိမ အင်္ဂလိပ်ပိုင်းအတွက် Laila de Champfleury ရေးသားသော Stepping into the world of Aung San Suu Kyi ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။)
အနုပညာသည်လူထု့ အတွက်ဖြစ်ရမည်။
http://www.mizzimaburmese.com/news/regional/7482-2011-05-04-06-19-35.html ကလစ်ပါ။
နိုင်ငံရေး အကျဉ်းသားအချို့ မကြာမီလွှတ်မည်ဟု သတင်းများထွက်ပေါ်လာပြန်ပြီ
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၄၊ ၂၀၁၁
ထောင်ဂဏန်း အရေအတွက်ရှိသည့် နိုင်ငံရေး အကျဉ်းသားများထဲမှ အရေအတွက်အချို့ကို မကြာမီလွှတ်ပေးနိုင်ဖွယ်ရှိသည်ဟု အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ ပြောသည်။
ယခုရက်ပိုင်းအတွင်း အကျဉ်းဦးစီးဌာနတွင် နိုင်ငံရေး အကျဉ်းသားများ၏ စာရင်းများ ပြုစုလျက်ရှိနေပြီး ထိုသို့သော လုပ်ဆောင်ချက်မှာ အကျဉ်းသားလွှတ်ပေးရန် ပြင်ဆင်သည့် လက္ခဏာဖြစ်သည်ဟု အဆိုပါ သတင်းရပ်ကွက်မှ ပြောသည်။
လွန်ခဲ့သည့် မတ်လ ၃၀ ရက်နေ့တွင် နအဖ စစ်အစိုးရအဖွဲ့မှ ကြံ့ဖွံ့ပါတီခေါင်းဆောင် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့သစ်သို့ အာဏာလွှဲပြောင်းပေးအပြီး နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် ပြည်တွင်းရှိ နိုင်ငံရေးလှုပ်ရှားသူများနှင့် နိုင်ငံတကာ အစိုးရအဖွဲ့များက တိုက်တွန်းလျက်ရှိသည်။ သို့ရာတွင် အသစ်တက်လာသည့် ကြံ့ဖွံ့ပါတီဝင်များကြီးစိုးသည့် အစိုးရအဖွဲ့အနေဖြင့် ယခုအချိန်ထိ နိုင်ငံရေး အကျဉ်းသားများကိစ္စကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပေ။
နိုင်ငံရေး အကျဉ်းသားဟောင်း တဦးက ဝေဖန်ပြောဆိုရာမှာ
“သူတို့လွှတ်ပေးမယ် ဆိုရင်တောင် အားလုံးလွှတ်ပေးလိမ့်မယ်လို့ မမျှော်လင့်ဘူး၊ လွတ်နီးတဲ့သူ၊ ပြင်ပကမ္ဘာကို ပြလို့ကောင်းမယ့်သူမျိုးကို လွှတ်မယ်ထင်တယ်။ အဲဒါကြောင့် ရွေးချယ်ပြီးလွှတ်ဖို့ စီစဉ်နေတာထင်တယ်”
ဟု ပြောသည်။
မြန်မာနိုင်ငံတွင်  စစ်အစိုးရနှင့် နိုင်ငံရေး သဘောထားကွဲလွဲသူ၊ လှုပ်ရှားသူများအား ဖမ်းဆီးပြီး  နှစ်ရှည် ထောင်ဒဏ်ချမှတ်ခြင်း၊ မိသားစုဖြင့်ဝေးရာ နယ်အကျဉ်းထောင်များသို့ ဖြန့်ခွဲပို့ခြင်းများ ပြုလုပ်လျက်ရှိသည်။
ယခုလက်ရှိ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၁၀၀ ၀န်းကျင်ရှိသည်ဟု နိုင်ငံရေး အကျဉ်းသား ကာကွယ်စောင့်ရှောက်ရေး အသင်း AAPP ၏ထုတ်ပြန်ချက်အရ သိရှိရသည်။

မြန်မာ့အရေး ကုလ စုံစမ်းကော်မရှင်ဖွဲ့ရန် အမေရိကန် ဦးဆောင်ဖို့ တိုက်တွန်း

မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိမရှိ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂမှာ ကော်မရှင်တခု ဖွဲ့စည်းရေး အမေရိကန် လွှတ်တော်အမတ် တချို့က တိုက်တွန်းလိုက်တယ်လို့ ၀ါရှင်တန်ဒီစီ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ U.S. Campaign for Burma အဖွဲ့က ပြောပါတယ်။
မြန်မာပြည်နဲ့ ပတ်သက်ပြီး အရေးယူ ဆောင်ရွက်မှု အသစ်လုပ်ဖို့ သမ္မတ အိုဘားမားကို အမေရိကန် အထက်လွှတ်တော် အမတ်တွေ ပြီးခဲ့တဲ့လက တိုက်တွန်းခဲ့တာ ရှိပါတယ်။
အဲဒီလမ်းကြောင်းအတိုင်း အောက်လွှတ်တော်အမတ် ၃၁ ဦးက အခုဆက်ပြီး တိုက်တွန်းမှုတွေ လုပ်လာတာလို့ U.S. Campaign for Burma အဖွဲ့က မနေ့က သတင်းကြေညာချက် ထုတ်ပါတယ်။
မြန်မာနဲ့ မြောက်ကိုရီးယား ၂ နိုင်ငံ အကြားမှာ ဆက်ဆံရေးတွေ တိုးလာနေတယ်လို့ ပြောဆိုမှုတွေ ရှိနေတာနဲ့ ပတ်သက်ပြီး အောက်လွှတ်တော်ကို ပြောဆိုဖို့ သမ္မတ အိုဘားမားကို အထက်လွှတ်တော် အမတ်တွေက တိုက်တွန်းခဲ့တာပါ။
မြန်မာအစိုးရရဲ့ အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတခု လုပ်ဆောင်ရေး အမေရိကန်က ဦးဆောင်ပြီး လုပ်ဖို့ သမ္မတ အိုဘားမားကို တိုက်တွန်းခဲ့ကြတာပါ။
အောက်လွှတ်တော်အမတ် ၃၁ ဦး မနေ့တုန်းက သမ္မတကို တိုက်တွန်းခဲ့ကြတဲ့ အထဲမှာလည်း မြန်မာပြည်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂမှာ စုံစမ်းစစ်ဆေးမှု ကော်မရှင်တခု ထူထောင်ရေး အမေရိကန်က နောက်တကြိမ် ထပ်ပြီး တွန်းအားပေးဖို့ တိုက်တွန်းခဲ့ကြတာပါ။
စစ်တပ်ဘက်က လွှမ်းမိုးထားတဲ့ မြန်မာအစိုးရဟာ ကမ္ဘာပေါ်မှာ ပြည်သူတွေကို အဖိနှိပ်ဆုံး အစိုးရတွေထဲက တခုဖြစ်ပြီး အဓမ္မ လုပ်အားပေး ခိုင်းတာတွေ၊ လူနည်းစု တိုင်းရင်းသားတွေကို တိုက်ခိုက်နေတာတွေနဲ့ အာဏာပိုင်တွေကို ဝေဖန်တဲ့ သူတွေကို ဖမ်းဆီးတာ၊ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာတွေကို လုပ်ဆောင်နေတယ်လို့လည်း ထောက်ပြထားပါတယ်။
အမျိုးသား ရင်ကြားစေ့ရေး ဆိုရာဝယ်http://www.scribd.com/doc/54562823
အထက်ကလင့်ကိုကလစ်ပေးပါ။
လူကိုခွေးကိုက်တာ ၈ နှစ် ပြည့်ပြီးပြီ

Black Friday Massacre - Burma by Mujahbarrukah
Friday, April 29, 2011

ဒီပဲယင်းလုပ်ကြံမှုကြီးအပြီး ဆွေးနွေးပွဲကတိတွေလိုက်နာဖို့ စစ်အစိုးရဖက်က ပျက်ကွက်ခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြောပြီ

ဧပြီ ၂၉၊ ၂၀၁၁ - အာရ်အက်ဖ်အေရေဒီယို ကောက်နုတ်ချက်
၂၀၀၃ မေလ(၃၀)ရက်နေ့မှာ ဖြစ်ပွါးခဲ့တဲ့ ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး၊ အဲဒီအရေးအခင်း နောက်ပိုင်း၊ ၂၀၀၄ ခုနှစ် မေလ အမျိုးသားညီလာခံ ပြန်မစမီကာလအတွင်း စစ်အစိုးရအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆွေးနွေးရရှိခဲ့တဲ့ သဘောတူညီချက်တွေကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပထမဦးဆုံးအကြိမ် ထုတ်ဖေါ် ပြောဆိုလိုက်ပါတယ်။

  ဒီပဲယင်းအဖြစ်အပျက်အပြီး စစ်အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ NLD ခေါင်းဆောင်တွေအကြား  လှို့ဝှက် ဆွေးနွေးပွဲတွေ အကြိမ်တော်တော်များများ ရှိခဲ့ပါတယ်။ ထိခိုက်နစ်နာသူတွေကို ထိုက်သင့်တဲ့ နစ်နာကြေးပေးရေး အပါအ၀င် အချက်(၄)ချက်ကို အာဏာပိုင်တွေက သဘောတူညီခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
  “ ဒီပဲယင်း ကိစ္စအပြီးမှာ အာဏာပိုင်တွေနဲ့ တွေ့ဆုံစကားပြော သဘောတူညီမှုယူခဲ့တဲ့ အချက်တွေက  -
  ၁။  ဒီပဲယင်း အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးရန်။
၂။ အဲဒီဖြစ်စဉ်မှာ ထိခိုက်နစ်နာခဲ့သူတွေကို ထိုက်သင့်တဲ့ နစ်နာကြေးပေးရန်။
၃။ နောင်အခါမှာ ဒီလိုအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ဖို့  နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန်။
၎။  ဒီပဲယင်းနဲ့ ပတ်သက်လို့ အဖမ်းဆီးခံနေရသူတွေအားလုံးကို ပြန်လွှတ်ပေးရန်  …
ဆိုတာတွေဖြစ်ပါတယ်။”
  ဒီပဲယင်းအရေးခင်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်  ကိုယ်တိုင်ပြောကြားချက်တွေကို မကြားရသေးတဲ့အတွက် ပြောဆိုဝေဖန်မှုတချို့ပေါ်ပေါက်နေစဉ်အတွင်း RFA က အပတ်စဉ် ထုတ်လွှင့်နေ့တဲ့ လူထုနဲ့ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် သောတရှင်တဦးက မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားလိုက်တာ ဖြစ်ပါတယ်။
  ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရနဲ့ အဲဒီလိုသဘောတူညီချက်တွေ ရရှိပြီးကာမှ အာဏာပိုင်တွေဖက်က ကတိဖျက်ခဲ့လို့ အမျိုးသားညီလာခံ တက်ရောက်ရေး အပါအ၀င် သဘောတူညီမှုအားလုံး ပျက်ပြားခဲ့ရတယ်လို့လဲ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။
 “NLD ဘက်ကတော့ မိမိတို့ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို အမျိုးသားညီလာခံလွှတ်ဖို့  သဘောတူလိုက်ပါတယ်။  ဒီအချက်အားလုံးကို နှစ်ဦးနှစ်ဖက်လက်ခံပြီးမှ အမျိုးသားညီလာခံ စ ဖို့ ရက် အနည်းငယ်လေးအလိုမှာ အန်တီ့ကို မလွှတ်ပေးဘူး ပြောတာကစပြီး သဘောတူညီချက်တွေရော ဆွေးနွေးတာတွေရော ပျက်သွားပါတယ် …”
၂၀၀၃ ခုနှစ် မေလက အထက်မြန်မာပြည် စည်းရုံးရေးခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာအနီး မှာ အာဏာပိုင်တွေရဲ့သြဇာခံလို့ လူအများကယုံကြည်ယူဆကြတဲ့ ဒုတ် ဓါး လက်နက်ကိုင် လူရမ်းကား အမြောက်အများက ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား NLD အဖွဲ့ဝင်တွေကို ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ရာမှာ လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ယဉ်မောင်းသူရဲ့ကျွမ်းကျင်မှုကြောင့် အဲဒီတိုက်ခိုက်မှုက မိမိလွတ်မြောက်ခဲ့ကြောင်း  RFA ကိုပြောပါတယ်။
 “အတိုချုံးပြောရမယ် ဆိုရင်တော့ ကားမောင်းတဲ့လူငယ်က အင်မတန်မှ ကျွမ်းကျင်လို့ ဘယ်သူလို့ မှန်းရခက်တဲ့သူတွေက လမ်းကိုအတား အဆီးတွေနဲ့ ပိတ်ဆို့ဖို့ကြိုးစားနေတဲ့အထဲက နေပြီးတော့ ဖေါက်ထွက်နိုင်ခဲ့တာဖြစ်ပါတယ်။”
  အခက်အခဲတွေ မည်မျှရှိပေမယ့်လည်း နောက်မျိုးဆက်သစ်တွေရဲ့အကျိုးအတွက် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အောင်မြင်တဲ့အထိ မဆုတ်မရွံ့ ဆက်လက် ဆောင်ရွက်မှာဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။  ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး အပြည့်အစုံကို RFA က ဒီအပတ် ထုတ်လွှင့်မယ့် “လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာ  နားဆင်ရမှာ ဖြစ်ပါတယ်။
(ရေဒီယိုအသံလွှင့်ချက်ကို ကောက်နုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ဓာတ်ပုံက ၂၀၀၃ ခုနှစ်အတွင်းက သန်းရွှေနဲ့ ဒေါ်စုတို့ တွေ့ဆုံခဲ့စဉ်က မှတ်တမ်းတခုဖြစ်ပါတယ်။ မိုးမခက အဆိုပါ အင်န်အယ်ဒီနဲ့ စစ်အစိုးရ တွေ့ဆုံမှုများ၊ ပျက်ပြယ်မှုများကို သတင်းအယ်ဒီတာတဦးနဲ့ မိုးမခအင်တာဗျူးမှာ တင်ဆက်ခဲ့ဖူးပါတယ်။ သည်နေရာတွေမှာ ကြည့်ပါ။ =
http://moemaka.com/index.php?option=com_content&task=view&id=7701&Itemid=87 ယခုတော့ ဒေါ်စုကိုယ်တိုင်က အတည်ပြုပြောဆိုလိုက်ပါပြီ။ )

ဗိုလ်ရှုတ်ရှုးကြီးသန်းရွှေအတွက် ဝမ်းနှုတ်ဆေးသပ်သပ်မလိုပါ ဒီပုံကိုသာပြလိုက်ပါ။ဗင်လဒင်ကိုရှင်းရာမှာသုံးခဲ့တဲ့ မရဏယဉ်ပျံ
 MH-60 အမျိုးစားဟယ်လီကော်ပတာ။
ဒီအိမ်ကြီးထဲကငကြောင်ကြီးဘင်လဒင်တော့နားသွားပြီ ကြတ်ပြေးရွာစုတ်ကငပေါကြီးသန်းရွှေဘဲကျန်တော့တယ်။
လဒင်ပြီးရင် သန်းရွှေအလှည့် ။ အိုဗားမားနှင့်အစိုးရအဖွဲ့ စဉ်စားနေစဉ်။
R F A ထဲက P C F B ရဲ့ လှုပ်ရှားမှု။
သန်းရွှေမဖတ်ရဲသောသတင်းတစ်ပုဒ်

မှောင်မိုက်နေတဲ့ညမှာ အမေရိကန် ရဟတ်ယာဉ်တွေဟာ နံရံမြင့်ကြီးတွေ ကာရံထားတဲ့နေရာတခုကို ချဉ်းကပ်ခဲ့ပါတယ်။ အကြောင်းကတော့ ကမ္ဘာ.အစိုးရွားဆုံး အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကို ဖမ်းဖို့ (၀ါ) သတ်ဖို့ပါ။

ထိုသို့ချဉ်းကပ်ပြီး မိနစ် ၄၀ မပြည့်ခင်မှာပဲ ဘင်လာဒင်ဟာ အပေါင်းအပါ ၄ ဦးနဲ့အတူ သေဆုံးခဲ့ရပါတယ်။ 2011 စက်တင်ဘာ 11 အမေရိကန် ကုန်သွယ်ရေးအဆောက်အအုံ အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း လိုက်လံနိမ်နှင်းနေတဲ့

အယ်ကေးဒါးခေါင်းဆောင် ဘင်လာဒင်ကို သယ်ဆောင်လာနိင်ခဲ့ပါတယ်။

သမ္မတ အိုဘားမားက အိမ်ဖြူတော်မှ တနင်္ဂနွေညမှာ အောင်မြင်စွာ ၀င်ဆီးနိုင်ခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။ အစိုးရထိပ်တန်းအရာရှိများကလည်း ဘင်လာဒင်ပုန်းနေတယ်လို့ လွန်ခဲ့တဲ့ ၅ နှစ်ကတည်း ယူဆထားတဲ့နေရာကို ၀င်ရောက်တိုက်ခိုက်ပုံများကို ထပ်မံ ထုတ်ပြန်လိုက်ကြပါတယ်။

နေရာက အဘူဒါဘီ မှာပါ။ ပါကစ္စတန်နိုင်ငံ မြို.တော် အစ္စလမ်မာဘတ် မြို.နဲ့ ၃၁ မိုင်အကွာမှာရှိပါတယ်။ တောင်ကုန်းတွေထူ ထပ်တဲ့နေရာတခုဖြစ်ပြီး လူတွေသိပ်မနေတဲ့နေရာတခုပါ။ နေထိုင်သူအများစုဟာ စစ်မှုထမ်းတွေသာဖြစ်ကြပါတယ်။

အမေရိကန် ရေတပ်မတော်သာ မပါဝင်ခဲ့ရင် ဒီမစ်ရှင်ဟာ အောင်မြင်နိုင်မှာမဟုတ်ဘူးလို့လည်း ကာကွယ်ရေး ၀န်ကြီးဌာန အကြီးတန်းအရာရှိတွေက ဆိုပါတယ်။

နှစ်အတန်ကြာ ထောက်လှမ်းမှုတွေုလုပ်ပြီးနောက် ဘင်လာဒင်ရဲ့ အဘူဒါဘီက နေရာကို နောက်ယောင်ခံနိုင်ခဲ့ကြတယ်။

နေရာက လမ်းကအလွန်ဆိုးပြီး သွားဖို့အလွန်ခက်တဲ့ သီးခြားနေရာတခုဖြစ်နေခဲ့တယ်။ နှစ်အနည်းငယ်အတွင်း နေထိုင်သူတွေ ပိုမိုများပြားလာပေမဲ့လည်း လမ်းကဆိုးနေဆဲပဲ။ လမ်းကရှည်လျှား ပြီး အလုံခြုံဆုံးနေရာလိုဖြစ်နေတယ်လို့ ပြောပြပါတယ်။



လှုပ်ရှားမှုကို သောင်္ကြာနေ့မှာ စတင်ဖို့ သမ္မတအိုဘားမားက အမိန့်ပေးခဲ့ပါတယ်။ ပထမတံတိုင်းက ၁၈ ပေမြင့်ပြီး ထိပ်မှာ သံဆူးကြိုးတွေတပ်ဆင်ထားပြီး လုံခြုံရေးဂိတ် ၂ခုနဲ့အတူ အတွင်းမှာလည်းအခြားတံတိုင်းတွေရှိသေးတယ် လို့ အမေရိကန် အကြီးတန်း အရာရှိတွေကပြောပါတယ်။ ပင်မအဆောက်အဦးက ၃ထပ်အဆောက်အဦး ဖြစ်ပြီး ခြံဝင်းအပြင်ဘက်ကို မျက်နှာမူထားတဲ့ ပြူတင်းပေါက် အနည်းငယ်သာတပ်ဆင်ထားတယ်။ တတိယထပဟာ ၇ ပေရှိ သီးခြားနံရံတခုရှိနေတယ်။

လအနည်းငယ် ထောက်လှမ်းမှုတွေုလုပ်ပြီးနောက် သေခြာဆောက်လုပ်ထားတဲ့ ဒီလိုအဆောက်အဦးဟာ အဆင့်မြင့် အကြမ်းဖက်မှု အတွက်သာ ဖြစ်မယ်၊ သေချာတာကတော့ ဘင်လာဒင်ရဲ့နေရာပဲ ဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အရာရှိတွေ သတိထားမိတာက တယ်လီဖုန်းမရှိ အင်တာနက်လည်းမရှိဘူး၊ အခြားနေထိုင်သူတွေလိုပဲ အမှိုက်မီးရှို.တာ ၊ ဈေးဝယ်ထွက် တာလောက်ပဲ ရှိတယ်ဆိုတာပါပဲ။အမေရိကန်ဒေါ်လာ ၁ သန်းမကတန်လိမ့်မယ်လို့ခန့်မှန်းကြပါတယ်။

မစ်ရှင် နာမည်ကို (the U.S. operation a surgical raid) လို့ခေါ်ပြီး အဖွဲ.ငယ်အဖြစ်သာ ဖွဲ.စည်းပြီး ဆုံးရှုံးမှုနည်းပါးရန် စီမံခဲ့ပါတယ်။ စတင်ဝင်ရောက်တိုက်ခိုက်စဉ် ခုခံမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဘင်လာဒင်ရဲ့လူ၃ဦးရဲ့ ပြစ်ခတ်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဆုံးမှာတော့  လူသားဒိုင်း အဖြစ်အသုံးပြုခံခဲ့ရတဲ့ အမျိုးသမီးတဦး အပါအ၀င် ခြံဝန်းထဲမှ တိုက်ခိုက်သူလေးဦးကို အသေပြစ်သတ်နိုင်ခဲ့တယ်။ ဘင်လာဒင်ကိုတော့ ဦးခေါင်းကို မှန်အောင်ပြစ်နိုင်ခဲ့တယ်။

ဝင်ရောက်တိုက်ခိုက်စဉ် ရဟတ်ယာဉ်တစီး စက်ချို.ယွင်းလို့ ပျက်စီးခဲ့တာလောက်ပဲရှိပြီး အိုဘားမားနဲ့ အကြီးတန်း အရာရှိတွေကတော့ ၄င်းတို့ဘက်မှ ထိခိုက်ဒဏ်ရာ ရမှုမရှိခဲ့ဘူးလို့ဆိုပါတယ်။

ဘင်လာဒင် ဟုတ်မဟုတ် သေချာအောင် နည်းလမ်းအတော်များများ အသုံးပြုစစ်ဆေးခဲ့ပြီး ထိုအထဲမှ မျက်နှာ အနေအထားကိုလည်း တိုက်ဆိုင် စစ်ဆေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအကြီးတန်း အရာရှိက ခန္ဓာကိုယ်နဲ့ မျက်နှာဟာ တိုက်ဆိုင် စစ်ဆေးနိုင်တဲ့ အနေအထားရရှိခဲ့တာကြောင့်ပါလို့ ဆိုပါတယ်။

ဘင်လာဒင်ရဲ့ ရုပ်အလောင်းကို ပင်လယ်ရေမျက်နှာပြင်အောက်မှာ အစ္စလာမ် ထုံစံအရ သင်္ဂြိလ်ပြီးပြီလို့ ပြောပါတယ်။

ဘင်လာဒင်ရှိနိုင်မည့်နေရာကို စုံစမ်းဖို့ 2011 အစပိုင်းမှာ စတင်ခဲ့ပြီး ဖေဖော်ဝါရီ လလယ်မှာ နေရာအတိအကျ အထောက်အထားတွေကို အတည်ပြုနိုင်ခဲ့ကြပါတယ်။

အစီအစဉ်တွေ တိုးမြှင့် လုပ်ဆောင်နိုင်ဖို့အတွက် အိုဘားမားကိုစောင့်နေခဲ့ရပါတယ်။ ဘာလို့လည်းဆိုတော့ အိုဘားမားက ၅နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးကို မတ်လလယ်မှ ဧပြီလကုန်ထိ တက်ရောက်နေခဲ့ရလို့ပါ။

အစည်းအဝေးက 28.04.2011 နေ့မှာပြီးခဲ့လို့ နောက်တနေ့ 29.04.2011 နေ့ကမှ မစ်ရှင်အတွက် အမိန့်ထုတ်နိုင်ခဲ့တယ်။

အဓိကသော့ချက်ကတော့ ဘင်လာဒင်ရဲ့ လူယုံတယောက်နဲ့ပါတ်သက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က ထောက်လှမ်းရေးတွေဟာ ထိုလူယုံနဲ့သူ့ညီ နေရာကိုခြေရာခံနိုင်ခဲ့ပြီး 2010 သြဂုတ်လရောက်မှ အဘူဒါဘီ ဘင်လာဒင်ရဲ့နေရာကို ရှာဖွေနိုင်ခဲ့ပါတယ်။

အမေရိကန် အကြီးတန်းအရာရှိတယောက်က အဲ့ဒီ ညီအကို နေတဲ့ နေရာကိုတွေ.တော့ ကျွန်တော်တို့ တော်တော်ကို အံသြသွားတယ်၊ အရမ်းသီးခြားဖြစ်နေတဲ့ ခြံဝန်းကြီးပဲ။ ခြံဝန်းကြီးက မြေပြင်ကျယ်ကြီးမှာ

ဆောက်ထားပြီး အိမ်က ထိုဒေသကအရပ်သားတွေ နေအိမ်ထက် ၈ဆလောက် ကြီးတယ်ဗျာလို့ဆိုပါတယ်။

ထောက်လှမ်းရေးဆန်းစစ်မှုက ဒီလို တမင်ဒီဇိုင်းဆွဲထားဟာ အလွန်ထူဆန်းတဲ့လက်ခဏာရှိသူတဦးဦး နေဖို့ပဲဖြစ်နိုင်တယ်လို့ မှတ်ချက်ချခဲ့တယ်။ ကျွမ်းကျင်သူတွေရဲ့ ဘင်လာဒင်ရဲ့နေရာလို့ပဲ ယူဆမှုတွေနဲ့လည်းတထပ်တည်းဖြစ်နေခဲ့ပါတယ်။

လုံခြုံရေးကြောင့် မစ်ရှင် မစခင် ပါကစ်စတန်အပါအ၀င် ဘယ်နိုင်ငံကိုမှ အသိမပေးခဲ့ဘူး၊ အဖွဲ.ငယ်လေးနဲ့ပဲ လှုပ်ရှားခဲ့ပြီး အမေရိကန် အစိုးရပိုင်း အရာရှိတွေလောက်သာ ကြိုတင်သိရှိခဲ့တယ်လို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပါကစ်စတန် ထောက်လှမ်းရေး အကြီးတန်းအရာရှိကတော့ ပါကစ်စတန်ထောက်လှမ်းရေးတွေလည်း ထိုနေရာ တ၀ိုက်မှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ရုတ်တရက် ဖြေရှင်းဖို့ နည်းလမ်းမရှိ ဖြစ်နေသေးလို့ပါလို.ဆိုပါတယ်။
စာအမှတ်။ ။ မလအ/ အဖ၀ ၁၉/ ၀၀၉/ ၆/ ၂၀၁၁
နေ့စွဲ။ ။ မေလ (၂) ရက်နေ့၊ ၂၀၁၁ ခုနှစ်
သုးံ နစှေ် မြာက် နာဂစ် နစှ ပ် တလ် ညေ် န့ ကြေငြာချက်
(၂၀၀၈) ခုနှစ်၊ မေလ (၂) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်မှ စတင်ဖြစ်ပေါ်ခဲ့သည့် တနာရီလျှင်
(၁၉၂) ကီလိုမီတာအင်အားရှိသော နာဂစ်မုန်တိုင်းကြီးသည် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းသို့ အဓိက
ဝင်ရောက်ခ့ပဲါသည်။ မုန်တိုင်းကြောင့် လူဦးရေ တသိန်းကျော် အသက်ဆုံးရှုံးပြီး၊ အိမ်ထောင်စုပေါင်း
သိန်းနှင့်ချီ၍ အိုးမ့အဲိမ်မဲ့ ဖြစ်ခဲ့ရသည်။ မုန်တိုင်း၏ နောက်ကွယ်တွင် သန့်ရှင်းသော သောက်သုံးရေ
မရရှိမှု၊ ကူးစက်ရောဂါဆိုးများ ပျံ့နှံ့မှု၊ နှစ်ပေါင်းများစွာ တည်ဆောက်ထားသော လူမှုရေး၊ စီးပွားရေး
အခြေအနေများ ပြိုလဲမှု စသည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှု များစွာကိုလဲ
ကြုံတွေ့ ခြဲ့ကရသည်။
ယင်းက့သဲို့ နာဂစ်မုန်တိုင်းဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရသော ပြည်သူများအတွက် လိုအပ်သည့်
အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများအား စစ်အာဏာရှင်တို့မှ ချက်ချင်းဖော်ဆောင်ပေးခြင်း မရှိပဲ
လျစ်လျူရှုထားခြဲ့ကသည်။ နိုင်ငံတကာအကူအညီများကို ပိတ်ပင်တားဆီးမှုများရှိခဲ့ပြီး၊ အလှူရှင်အမည်
ပြောင်းလဲခြင်း၊ ခိုးယူရောင်းစားခြင်းများ ပြုလုပ်ခဲ့သည်။ လူသားချင်းစာနာပြီး အကူအညီပေးသူများနှင့်
ပုပ်ပွနေသည့် လူသေအလောင်းများအား မြေမြုပ်သဂြိုလ်ပေးသည့် အဖွဲ့အစည်းများအား နှောင့်ယှက်
ဖမ်းဆီးမှုများ ပြုလုပ်ခ့သဲ ည်။
တိုင်းပြည်၏ အရေးပေါ်ကာလ အခြေအနေကို အခွင့်ကောင်းယူ၍၊ ၄င်းတို့ ရေးဆွဲထားသော ဖွဲ့စည်းပုံ
အခြေခံဥပဒေအား အတည်ပြုကာ နိုင်ငံရေးအမြတ်ထုတ်မှုများလည်း ပြုလုပ်ခဲ့သည်။ ပြည်သူလူထု၏
အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် အရေးပေါ်ကာလတွင် ကယ်ဆယ်ရေး
လုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ရှိသော နိုင်ငံတော်အစိုးရ အမည်ခံ နအဖ စစ်အုပ်စု၏ အဆိုပါ
လုပ်ရပ်များသည် လူစိတက် င်းမြဲ့ပီး၊ လူသားမဆန်သော လုပ်ရပ်များဖြစ်ကြောင်း ကျွန်ုပ်တို့ မြန်မာနိုင်ငံ
လူထုလှုပ်ရှားမှု အင်အားစုများမှ လေးနက်စွာယုံကြည်သည်ဖြစ်ရာ လူသားမဆန်သည့် နအဖအစိုးရ
(လက်ရှိ-အသင်ွပြောင်းကြံ့ဖံွ့ အစိုးရ) ၏ လုပ်ရပ်ကို ကျွန်ူပ်တို့ (မလအ)မှ ပြင်းထန်စွာရှုတ်ချသည်။
သို့ဖြစ်ရာ ယနေ့ (၂၀၁၁) ခုနှစ် မေလ (၂) ရက်နေ့တွင် ကျရောက်လာသည့် သုံးနှစ်မြောက်
နာဂစ်နှစ်ပတ်လည်နေ့တွင် နာဂစ်မုန်တိုင်းကြောင့် သေဆုံးသွားသူများ ကောင်းရာသုဂတိသို့ လားပါစေ
ကြောင်း ဘာသာပေါင်းစုံ ဆုတောင်းမေတ္တာပို့သ၍၊ ကျန်ရစ်သူ မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်း
ကြေကွဲမိပါကြောင်း ကျွန်ုပ်တို့ မြန်မာနိုင်ငံ လူထုလှုပ်ရှားမှုအင်အားစုများမှ အသိပေး ကြေငြာအပ်ပါ
သည်။
မြန်မာနိုင်ငံလူထုလှုပ်ရှားမှုအင်အားစုများ
(၁) ဒိန်းမတ် (၂) နော်ဝေး (၃) နယ်သာလန် (၄) အင်္ဂလန် (၅) ကနေဒါ (၆)အမေရိကန်