အချိန်ကျပါပြီ သခင်မ
                                              သူ့ လူ(ကာရိုလိုင်းနား)
ပြည်သူတွေအပေါ် ပြုခဲ့သမျှ ခေါင်းဆောင်တွေရဲ့  အမှားအတွက်
မေ့ပျောက်ပစ်ကာ မထားသင့်ဘူးဆိုတာ သိပေမဲ့လဲ
ခွင့်လွှတ်ခြင်းတရားတွေကို ဆုပ်ကိုင်ကာထားတဲ့ သခင်မကို
အားလုံးက မြတ်နိုးစွာ လေးစားဆဲပါ။
လုပ်ငန်းမပြနိုင်တဲ့ နိုင်ငံရေးဒဿနသမားတွေကြောင့်
ဦးတည်ကာလျှောက်နေတဲ့ ငြိမ်းချမ်းတဲ့  ပန်းတိုင်ကို
လှမ်းကိုင်လု  နီးနေတဲ့ ချိန်အခါကြတော့မှ
တွေဝေကာ နောက်ပြန်ဆုတ်မသွားလိုက်ပါနဲ့ ။
ဒဏ်ရာတွေ ရရှိထားကြတဲ့ ပြည်သူတွေဘဝ
ကုစားကာ ပေးနိုင်သူတစ်ယောက် ပြပါဆိုရင်
အစဉ်ထာဝရ  သခင်မကိုသာပါပဲ။
မြန်မာတို့ ရဲ့  ခေါင်းဆောင်သာမက
ကမ္ဘာ့ခေါင်းဆောင်တွေအဆင့်တောင်  ကျော်လွန်နေတဲ့
သခင်မပိုင်ထားတဲ့ အရည်အသွေးတွေကို
ဇရာအိုသဘာဝကြောင့်
အလိုလိုဆွေးမြေ့ကာ  ကုန်ဆုံး မသွားစေချင်ပါဘူး။
သခင်မဟာ 
ကြမ်းတမ်းလှတဲ့ နိုင်ငံရေးကန္တာရထဲမှာ
ကြိုးစားပွင့်လန်းလာတဲ့  ပန်းဆိုသော်လဲ
လှပတင့်ဆန်းဘိရုံတင်သာ  မက
ရနံ့ ကလဲ သင်းပြန့် ကာ မွှေးကြိုင်နေတာပါလို့ ဆိုရင်
လွန်လိမ့်မည်တော့ မထင်။
ပြောင်းလဲမှုမြန်တဲ့ နေပြည်တော်ရဲ့ ရာသီဥတုဒဏ်
ကြံ့ကြံ့ခံနိုင်တယ် ဆိုရင်
သခင်မရဲ့ ပြည်သူပြည်သား 
မင်္ဂလာများ တိုးပွားစေဖို့  အတွက်
ကျက်သရေတွေ  မဲ့နေတဲ့ လွှတ်တော်ခန်းမကြီးထဲမှာ
နေရာတစ်ခု  ယူထားဖို့ ရန်
အချိန်တန်ပါပြီ  သခင်မ။
၉၀ ရလဒ် လက်တွေ့မကျတော့ဟု ဒေါ်အောင်ဆန်းစုကြည်​ ပြော
ဘာတတ်နိုင်သေးလဲ
အရှင်ဂမ္ဘီရ ၊ ကိုမင်းကိုနိုင် နှင့် နိုင်ငံရေးအကျင်းသားအချို့  အင်းစိန်ထောင်မှ နယ်ထောင်များသို့  ထပ်မံရွှေ့ ပြောင်း ကြောင်း VOA မှ သတင်းရရှိပါတယ် ။
ထောင်ပြောင်းခံရသူ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေး
2011-11-18
ထောင်ပြောင်းခံကြရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို မိသားစုတွေက ဒီကနေ့ တွေ့ဖို့ ကြိုးစားပေမဲ့ တွေ့ခွင့်မပေးတဲ့ အပြင် ထောင်ပြောင်းကြောင်း အတည်ပြု ပြောကြားတာ မရှိဘူးလို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။
(Map: AAPP)
မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်များ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ နာမည်ဆိုးဖြင့် ကမ္ဘာကျော်သော အင်းစိန်ထောင်ကို အနီရောင် အမှတ်အသား ပြထားပါသည်။ (Map: AAPP)
မနေ့က ကျိုင်းတုံ အကျဉ်းထောင် ကနေ ရန်ကုန်ကို ပို့လိုက်တယ် ဆိုတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို တွေ့ဆုံဖို့ မိသားစုက ဒီကနေ့ အင်းစိန် အကျဉ်းထောင်ကို သွားစုံစမ်းတဲ့ အခါမှာ ထောင်အာဏာပိုင်တွေကသာ သတင်းမရှိဘူးလို့ ဆိုပေမဲ့ အပြင်မှာ သတင်းတွေထွက်နေကြောင်း၊ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိရတဲ့အတွက် ခံစားရကြောင်း နှမတစ်ဝမ်းကွဲတော်သူက ပြောပါတယ်။ အလားတူပဲ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ပူတာအိုထောင် ကနေ တောင်ငူထောင် ရွှေ့ပြောင်းလိုက်တဲ့ သတင်း ထွက်နေပေမဲ့ ထောင်ပြောင်းတာကို မိသားစုကိုလည်း အကြောင်း မကြား၊ စာနယ်ဇင်းတွေ ကိုလည်း ရေးခွင့် မပေးတာကြောင့် မျှော်လင့်ချက် မရှိသလောက် ဖြစ်နေကြောင်း SNLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုင်းလိတ်က အာရ်အက်ဖ်အေကို ပြောပါတယ်။ ဒါ့အပြင် X2O သင်္ကြန် မဏ္ဍပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ စွပ်စွဲ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကိုစည်သူဇေယျကို အင်းစိန်ကနေ ဟင်္သာတထောင်ကို ပြောင်းရွှေ့လိုက်တဲ့ အတွက် ထောင်ဝင်စာ သွားတွေ့ရတာ အခက်အခဲတွေ များသွားကြောင်း မိခင်ဖြစ်သူ ဒေါ်ရီရီတင့်က ပြောပါတယ်။
အောက်ဈေး
အောက်ဈေး 
ဈေးကစားခဲ့တယ် လို့ များ ထင်ရက်တယ် 
တရက်ထဲပဲ၊
ဒီတရက်ထဲပဲ အကြီးအကျယ် အရှုံးကြီး ရှုံးတာ။ 
ဘ၀တွေနဲ့  ပုံအော ထပ်လောင်းခဲ့တာ
ယုံကြည်စရာ ဒီ့ထက် 
ဘာရှိအုန်းမှာလဲ။
သူ့ ချိန်ခွင်က ပျံကျဈေးခေါင်းရုံးကထက် သမာဧိ ရှိပုံ။ 
ရဲရဲပစ် ယုံ ရာခိုင်နှုန်းပြည့် ယုံ။ 
အတိုးကြီးကြီးနဲ့  ပေါင်နှံထားတဲ့ 
ကံဇာတာတွေကိုရော ပြန်ရနိုင်မလား။ 
ဈာပနပြီးရင် အမွေလုမနေပါနဲ့ 
သေသော်မှတည့် အော်ကောင်း၏ပါပဲ။ ။
(မောင်လွမ်းဏီ )
၁၈ - ၁၁ - ၂၀၁၁
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရန် နှင့် ရွေးကောက်ပွဲဝင်ရောက်ရန် ဆုံးဖြတ်ချက်ချမှတ်ခြင်း အပေါ် အမြင်သဘောထား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရန် နှင့် ရွေးကောက်ပွဲဝင်ရောက်ရန် ဆုံးဖြတ်ချက်ချမှတ်ခြင်း အပေါ် အမြင်သဘောထား
            ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လက်ရှိ တိုင်း ပြည်နှင့် ပြည်သူလူထု အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဖြစ်စဉ်တခုအနေဖြင့် မှတ်ယူသည်။
            သို့သော် ယနေ့ကာလ အခြေအနေအရပ်ရပ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်း တွင် အတိုက်အခံ အင်အားစုများအားလုံး ပူးပေါင်းပါဝင်လာ စေရေးအတွက် ကြံ့ဖွံ့အစိုးရ၏ သိမ်းသွင်း စည်းရုံးနေမှု နည်းပရိယာယ်များသာဖြစ်နေသေးသည်။
            ဤအခြေအနေအောက်တွင် -
-           နိုင်ငံရေးအကျဉ်သားများကို ဆက်လက် ထိမ်းသိမ်းထားခြင်း၊ နိုင်ငံရေး အကျဉ်းသားများ တည်ရှိ နေမှုကို ဆက်လက် ငြင်းပယ်နေဆဲဖြစ်ခြင်း၊
-           တိုင်းရင်းသားဒေသအသီးသီးသို့ ပြင်းထန်သောထိုးစစ်များဆင်နွှဲနေခြင်း၊ တပြည်လုံး အတိုင်း အတာဆောင်သော အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် လက်မခံ ခြင်း၊
-           လူ့အခွင့်အရေး ချိုးဖေါက်မှုများ အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် ဆက်လက် ကျူးလွန် နေခြင်း၊
-           လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်၊ စုဝေးခွင့်များအပါအ၀င် အခြေခံ ဒီမိုကရေစီအခွင့် အရေးများ  ပိတ်ပင်ထားဆဲဖြစ်ခြင်း၊
-           နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးပွဲအဆင့်သို့ မရောက်သေးခြင်း၊ ကျယ်ပြန့်သော နိုင်ငံရေး သဘော ထားအမြင်များကို စုစည်းပြီး ဖြစ်ပေါ်လာသော ဖြစ်စဉ်မဟုတ်သေးခြင်း၊
-           ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုအသီးသီးတို့ ၏ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေမှုများကို နိုင်ငံရေး အရ အသိအမှတ်ပြုမှု မရှိသေးခြင်း၊
-           လွတ်လပ်ပြီး တရားမျှတသော ရွှေးကောက်ပွဲများကို ကျင်းပနိုင်သော နိုင်ငံရေး အခင်းအကျင်း မရှိသေးခြင်း - စသည့် အခြေအနေအရပ်ရပ်ကြောင့်
            ယနေ့ကာလ ဖြစ်ထွန်းနေမှုများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု နိုင်ငံရေးဖြစ်စဉ်များ ဖြစ်ထွန်းရေး အတွက် ယုံကြည် စိတ်ချနိုင်သော အခင်းအကျင်းများ မဟုတ်သေးဟု မှတ်ယူသည်။ ထို့ကြောင့် အဓိပ္ပါယ် ပြည့်ဝသော နိုင်ငံရေးဖြစ်ထွန်းမှုများ ဖြစ်မဖြစ်ကို အလေးထား စောင့်ကြည့်သွားရန် လိုအပ်သည်ဟု ရှုမြင် သည်။
            ဤအခြေအနေအောက်တွင် နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ တပြည်လုံး အတိုင်း အတာဆောင်သော အပစ်အခတ်ရပ်စဲမှုများ ဖြစ်ထွန်းလာစေရေးနှင့် နိုင်ငံရေးအရ တန်းတူရည်တူရှိသော တွေ့ဆုံ ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရေးတို့အတွက် ဘက်ပေါင်းစုံမှ ဆက်လက်တိုက်ပွဲဝင်သွားရန် ဆောင်ရွက်သွား ရမည်ဟု ခံယူသည်။
ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)။
ရက်စွဲ။                ။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ လ ( ၁၈ ) ရက်။
အမေရိကန် မြန်မာ ဆက်ဆံရေး တရုတ် စိုးရိမ်ဖို့ မလိုဟု အမေရိကန် အရာရှိပြော
RFA
မြန်မာ၊ တရုတ်နှင့် အမေရိကန် ပြည်ထောင်စု အလံများ။
2011-11-18
အမေရိကန် အစိုးရနဲ့  မြန်မာ အစိုးရ အကြား ဆက်ဆံရေး တိုးမြှင့်မှုဟာ တရုတ်နိုင်ငံကို အနီးကပ် စောင့်ကြည့်ဖို့  ရည်ရွယ်ချက် မရှိတဲ့ အတွက် တိုးတက်မှု တစ်ရပ် အဖြစ် တရုတ် အစိုးရ ရှုမြင် ကြိုဆိုသင့်တယ်လို့  အမေရိကန် အစိုးရက ဒီကနေ့  ပြောလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး Hillary Clinton ကို မြန်မာနိုင်ငံကို စေလွှတ်မယ်လို့  သမ္မတ ဘာရက် အိုဘားမားက ကြေညာလိုက်တဲ့နောက် အမေရိကန် အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူတွေက အခုလို ပြောတာပါ။ တစ်ဆက်တည်းမှာပဲ မြန်မာနဲ့ အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်တဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး တရုတ် အစိုးရကိုလည်း တိုင်ပင် ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။ အမည် မဖေါ်လိုတဲ့ အမေရိကန် အစိုးရ အရာရှိ တစ်ဦးကတော့ မြန်မာ အမေရိကန် ဆက်ဆံရေး တိုးမြှင့်တဲ့ ကိစ္စဟာ မြန်မာနိုင်ငံ အရေး ဖြစ်ပြီး တရုတ်နိုင်ငံ အရေး မဟုတ်ဘူးလို့ ပြောပါတယ်။ မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးနဲ့  နိုင်ငံတကာ အ၀န်းအ၀ိုင်းမှာ ပါဝင်လာနိုင်ရေးကို တရုတ် အစိုးရ အနေနဲ့  လိုလားသင့်ပါတယ်လို့ ဆိုပါတယ်။ နိုင်ငံရေး အကဲခတ်သူတွေ ကတော့ တရုတ်ရဲ့အိမ်နီးချင်း နိုင်ငံတွေ အပေါ် အမေရိကန် သြဇာ လွှမ်းမိုးလာမဲ့ အရေးကို တရုတ် အစိုးရ စိုးရိမ်မှု ကြီးမားလာတယ်လို့  ရှုမြင် သုံးသပ်နေကြပါတယ်။
အိမ်စေ့တော့မည် ဝိုင်းစည်ပြီ
 သောကြာ, 18 နိုဝင်ဘာ 2011
NLD မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မြန်မာနိုင်ငံမှာ တရားဝင်ပါတီတစ်ခုအနေနဲ့ ပြန်လည် မှတ်ပုံတင်ပြီး နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်သွားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ပြည်နယ်နဲ့တိုင်း အသီးသီးက ဗဟိုဦးစီးအဖွဲ့ဝင်တွေ ဒီကနေ့ NLD ရုံးချုပ်မှာ စည်းဝေးပြီး အားလုံးသဘောတူ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ ခုလို NLD ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကျန်တဲ့ နိုင်ငံရေးပါတီတွေကရော ဘယ်လို သဘောထားပါသလဲ။ ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က စုံစမ်းပြီး အပြည့်အစုံ တင်ပြထားပါတယ်။
“ဒါဟာ ကျမတို့ပါတီရဲ့ အနာဂတ်အတွက် လုပ်နေတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒီမိုကရေစီလှုပ်ရှားမှု တခုတည်းရဲ့ အနာဂတ်အတွက်လည်း ကျမတို့လုပ်နေတာမဟုတ်ပါဘူး။ ကျမတို့နိုင်ငံရဲ့ အနာဂတ်အတွက် လုပ်နေတာဆိုတာကိုတော့ စွဲစွဲမြဲမြဲ ခေါင်းထဲမှာ ထားစေချင်ပါတယ်။”
ဒါကတာ့ ဒီကနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီအဖွဲ့ဝင်တွေရဲ့ ဆွေးနွေးပွဲမစခင်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့တာဖြစ်ပါတယ်။ ပြည်နယ်တဲ့တိုင်း ၁၄ ခုက ကိုယ်စားလှယ်ပေါင်း ၁၀၆ ယောက် တက်ရောက်ကြတဲ့ အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့အညီ မှတ်ပုံတင်မယ်၊ နောင်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမယ်လို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ သဘောထား ဆုံးဖြတ်အပြီး ကြားဖြတ် ရွေးကောက်ပွဲကျရင် ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောခဲ့ပါတယ်။
“ပထမအသုတ်မှာ ကျမတို့ စမ်းပြီးတော့ ထည့်လိုက်တာလို့ ပြောလို့ရပါတယ်။ စမ်းပြီးတော့ထည့်လိုက်တာ ဆိုတာ ကျမတို့အတွက် စမ်းတာမဟုတ်ဘူးနော်။ ပြည်သူကလည်း ကျမတို့ကို စမ်းမှာပဲ။ အစတုန်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထပ်တလဲလဲ ပြောခဲ့တယ်။ ရွေးကောက် ခံခဲ့ရတယ်။ သို့သော်လည်း ဘာမှလုပ်ပိုင်ခွင့် မရခဲ့ဘူး။ အခု လုပ်ပိုင်ခွင့် ပိစိကွေးလေး ရတဲ့အချိန်မှာ ဘယ်လောက် လုပ်နိုင်သလဲ ဆိုတာကို ပြည်သူက ကြည့်နေမှာဖြစ်တယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်ကိုကြည့်ပြီးတော့ နိုင်ငံရေး လိုအပ်ချက်ကိုကြည့်ပြီးတော့ ကျမတို့ ဆုံးဖြတ်ပြီးတော့ သွားရမှာပါ။”
ခုလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်မယ်လို့ ဆုံးဖြတ်တာကို လက်ရှိအာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကြိုဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်စုကြည်က ဒီမိုကရေစီရရှိနိုင်ရေးကို ပိုပြီး လုပ်နိုင်မှာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ အမျိုးသား လွှတ်တော်ရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးခင်ရွှေက ခုလို မှတ်ချက်ပေးပါတယ်။
“welcome လုပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားဝင် ရွေးကောက်ပွဲဝင်၊ ၀င်ပြီးတော့ လွှတ်တောထဲ ဒါမှမဟုတ် နိုင်ငံတော်အစိုးရအဖွဲ့ထဲ ပါဝင်ပြောတာကတော့ အကောင်းဆုံးပဲ။ သာမှန်လူတစ်ယောက် လုပ်နိုင်တာထက်ကို အန်ကယ်တို့က ပိုလုပ်နိုင်တယ်။ အန်ကယ်တို့ထက်ကို သူ ပိုလုပ်နိုင်ပါတယ်။ ဒီမိုကရေစီ ရသွားအောင်လို့။”
အန်ကယ်တို့အနေနဲ့က ဒါ ပြိုင်ဘက်ပါတီတစ်ခု တိုးလာတယ်လို့ သတ်မှတ်ပါလား။ -
“ပြိုင်ဘက်ရယ်လို့ မဟုတ်ပါဘူး။ လုပ်ဖော်ကိုင်ဖက်လိုပဲ သတ်မှတ်မှာပဲ။”
၂၀၁၀ ရွေးကောက်ပွဲမှာ ဒုတိယအများဆုံး မဲအနိုင်ရခဲ့တဲ့ တစည ပါတီကလည်း ကြိုဆိုတယ်၊ ၀မ်းသာတယ်လို့ ပြောပေမဲ့ NLD ပါတီကို နိုင်ငံရေးလောကထဲမှာ ပြိုင်ဘက်ပါတီတစ်ခုလို သဘောထားတယ်လို့ တစည ပါတီ ပြောခွင့်ရသူ ဦးဟန်ရွှေက ဆိုပါတယ်။
“ဘာလို့လဲဆိုတော့ NLD ပါတီအနေနဲ့ကလည်း ပါတီကြီးတစ်ခုပါ။ တတိုင်းပြည်လုံးကို ကိုယ်စားပြုပြီးတော့ ဖွဲ့စည်းထားနိုင်တဲ့ ပါတီတစ်ခုဖြစ်ပါတယ်။ ကျနော်တို့ပါတီအနေနဲ့ကတော့ တတိုင်းပြည်လုံးကို ကိုယ်စားပြုတဲ့ ဖွဲ့စည်းထားတဲ့ပါတီ ဖြစ်ပါတယ်။ နောက်တခါ NLD ပါတီနဲ့လည်းပဲ ပြီးခဲ့တဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ပြည်သူလူထု ထောက်ခံမှု အများကြီးရခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ကလည်းပဲ ဒီကနေ့ နိုင်ငံတော်မှာသွားနေတဲ့ လမ်းကြောင်းဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခရီးလမ်းမှာ အတူတကွ လျှောက်လှမ်းဖော်တွေ အနေနဲ့ပဲ ကျနော်တို့ သဘောထားပါတယ်။ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို အားလုံး ပြိုင်ပြီးတော့လုပ်ကြမယ့် ပြိုင်ဘက်ပါတီလို့ ကျနော်တို့ သဘောထားပါတယ်။”
လက်ရှိလွှတ်တော်မှာ ကိုယ်စားလှယ်တတိယအများဆုံး ကိုယ်စားပြုနေတဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တဲ့အတွက် လွှတ်တော်ထဲမှာ ဒီမိုကရေစီအင်အားစုတွေ အင်အားရှိလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ NDF ပြောခွင့်ရသူ ဦးခင်မောင်ဆွေ ပြောတာက -
“မှတ်ပုံတင်တာကိုလည်း ကြိုဆိုတယ်၊ မှတ်ပုံတင်ပြီးတဲ့အခါမှာ ရွေးကောက်ပွဲကိုလည်း အင်နဲ့အားနဲ့ပေါ့ဗျာ။ ၄၈ နေရာရှိတဲ့အထဲမှာ ၄၈ နေရာလုံး ၀င်နိုင်အောင် ကြိုးစားသွာမယ် ဆိုလို့ရှိရင် ကျနော်တို့ လွှတ်တော်ထဲမှာ မျက်နှာငယ်နေတဲ့ အင်အားစုတွေက အားရှိတာပေါ့ဗျာ။”
NLD နဲ့ ပြန်ပြီး ပူးပေါင်းမှာပါလားလို့ ဦးခင်မောင်ဆွေကို မေးတော့ -
“ကျနော်တို့ဘက်ကတော့ သိပ်ပြီးတော့ ငြင်းစရာအကြောင်း မရှိပါဘူး။ သူကသာ လိုလားတယ်ဆိုရင် ကျနော်တို့က ကမ်းတဲ့လက်တွေကို ဆက်ပြီးတော့ လှမ်းသွားမှာပါ။”
၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပါတီပြီးရင် မဲဒုတိယအများဆုံး အနိုင်ရခဲ့သလို လက်ရှိမှာ ခေါင်းဆောင်တွေ အကျဉ်းကျနေလို့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း မဝင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီရဲ့ သဘောထားသိရဖို့လည်း ပြောခွင့်ရသူ ဦးစိုင်းလိတ်ကို မေးကြည့်ပါတယ်။
“အခု NLD အနေနဲ့ မှတ်ပုံဆက်တင်တယ်၊ ရွေးကောက်ပွဲ ၀င်မယ်ဆိုတာကလည်း သူ့ရဲ့ ရပ်တည်ရေးအတွက် အရေးကြီးသလို ဒီမိုကရေစီ ရရာရကြောင်းအတွက်လည်း ကြိုးစားမှုတရပ်လို့ပဲ၊ မတူတာတွေကို ခွဲလုပ်ပြီး ဆက်လက်ပြီးတော့ မဟာမိတ်ပြုသွားဖို့ပဲ ရှိပါတယ်။”
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ကရော NLD မှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲဝင်မယ့် အတွက် ဘယ်လိုဖြစ်သွားမှာပါလဲ။
“အန်ကယ်တို့ကလည်း CRPP ရဲ့ အနေအထား ရှေ့ဆက်သွားမယ့် အန်ကယ်တို့ရဲ့ လုပ်ငန်း ရည်ရွယ်ချက် ဒါတွေကို ပြန်သုံးသပ်ဖို့ရှိပါတယ်။”
CRPP ပြောခွင့်ရ ဦးအေးသာအောင် ဖြစ်ပါတယ်။
ဝန်ကြီးကလင်တန် မြန်မာပြည်သွားမည်
 သောကြာ, 18 နိုဝင်ဘာ 2011
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက အရှေ့အာရှထိပ်သီးညီလာခံကို တက်ရောက်နေတဲ့ အမေရိကန်သမ္မတ ဘရက် အိုဘားမား(Barack Obama) က ရှေ့လ ဒီဇင်ဘာလမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hilary Clinton) ကို မြန်မာနိုင်ငံကို စေလွှတ်မယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။
အခုအချိန်ထိ စစ်ဘက်က ကြီးစိုးထားတဲ့ မြန်မာအစိုးရဆီကနေ တိုးတက်မှုတွေ မှိန်ပျပျ မြင်တွေ့လာရတာကို တုံ့ပြန်တဲ့အနေနဲ့ အခုလို ၀န်ကြီး ကလင်တန်ကို စေလွှတ်တာလို့ သမ္မတအိုဘားမားက ပြောပါတယ်။
မြန်မာသမ္မတဦးသိန်းစိန်နဲ့ ပြည်ထောင်စုလွှတ်တော်တို့ဟာ ပြုပြင်ပြောင်းလဲရေးကို ရှေ့ရှုတဲ့ခြေလှမ်းတွေကို လှမ်းခဲ့ပြီးတော့ မြန်မာအစိုးရနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု စတင်ခဲ့သလို တချို့သောနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာတွေ သတင်းမီဒီယာတွေအပေါ် တင်းကျပ်ထားတာကို လျှော့ပေးတာတွေနဲ့ မြန်မာ့နိုင်ငံရေးဝန်းကျင်ကို ဖွင့်ပေးနိုင်တဲ့ ဥပဒေတွေကို ပြဌာန်းပေးတာတွေ ရှိခဲ့တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေးစနစ်ကို ပိတ်ဆို့ထားဆဲဖြစ်နေတာ တိုင်းရင်းသား လူနည်းစုတွေအပေါ် ပြုမူဆောင်ရွက်နေတာ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်သေးဘဲထားတာနဲ့ မြောက်ကိုးရီးယားနဲ့ ဆက်ဆံနေတာတွေအတွက် မိမိ တို့ကတော့ စိုးရိမ်ပူပန်နေဆဲ ဖြစ်တယ်လို့ သမ္မတအိုဘားမားက မြန်မာအစိုးရကို အထူးပြု ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ တိုးတက်ဖြစ်ထွန်းမှုတွေ ဖြစ်ရေးအတွက် သမိုင်းက ပေးအပ်လာတဲ့ အခွင့်ကောင်းတရပ်ကို အမေရိကန်ပြည်ထောင်စုက ထိန်းသိမ်းထား လိုပြီးတော့ မြန်မာအစိုးရဟာ ဒီမိုကရေစီရေး ပြုပြင်မှုလမ်းကြောင်းကို ဆက်ပြီး လျှောက်လှမ်းနေသရွေ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးအသစ်တရပ်ကို ပုံဖော်နိုင်လိမ့်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးလိုတယ်လို့ သမ္မတအိုဘားမားက ပြောကြားသွားခဲ့ပါတယ်။
သူ့အနေနဲ့ ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစောပိုင်းက ဖုန်းဆက်စကားပြောတဲ့အခါမှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်စေဖို့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံမှုကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံကြောင်းလည်း သမ္မတအိုဘားမားက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့်အရေးအခြေအနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး စတာတွေ တိုးတက်မှုဖြစ်ပေါ်ရရှိရေးအတွက် အမေရိကန်ပြည်ထောင်စုက ကူညီပံ့ပိုးနိုင်ရေး အချက်အလက်တွေကို နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က မြန်မာနိုင်ငံမှာ စူးစမ်းရှာဖွေလိမ့်မယ်လို့လည်း သမ္မတအိုဘားးမားက ပြောကြားသွားခဲ့ပါတယ်။
ရှင်းရဲလား - ရိုးသားရင် ?
ကျုတ်သိပ်စိတ်ဆိုးနေတယ် ။ အနုမြူဗုံးသာ ကျုတ်လက်ထဲရှိရင် ကျုတ်ကိုယ်မှာချည်ပြီး နေပြည်တော်ဆိုလား အဲဒီမှာ သွားချလိုက်ချင်တယ် ။ ဘယ့်နှယ့်ဗျာ ပြောနေကြတာက - - - အာစီယံမှာ မြန်မာကို နေရာကောင်းပေးတယ်ဆိုဘဲ - ဒါသူတို့ ကိစ္စ ၊ လူ့ သိက္ခာဆိုတာ မသိတတ်တဲ့သူတွေအကြောင်းမပြောချင်ဘူး ။ နောက်တခု - NLD မှတ်ပုံတင်တာ မတင်တာ NLD ပါတီခေါင်းဆောင်တွေရဲ့ တိုင်းပြည်အပေါ်ထားတဲ့စေတနာ ဗျ - ကျုတ်ဘာမှဝင်မပြောချင်ဘူး ။ ဒါပေမဲ့ဗျာ -
ကိုယ့်လယ် ကိုယ့်ယာတောင်အစိုးမရတဲ့ ဓါးပြသာသာ အုပ်ချုပ်မှုအောက်ကပြည်သူ့ ဘဝ ၊ ကိုယ့်ညီအစ်ကိုရောင်းရင်းမောင်နှစ်မတွေနယ်မြေတွေမှာ မတရားအနိုင်ကြင့် မုဒိန်းကျင့် လူသတ်ခံနေရတဲ့ဘဝတွေ ၊ ယုံကြည်ချက်ကလေးပြောမိယုံနဲ့  ဘာမှန်းမသိတဲ့ပုဒ်မတွေနဲ့  ထောင်ချခံရတဲ့ ကျုတ်တို့ သူရဲကောင်းတွေရဲ့ဘဝတွေ ။ ဒါတွေကိုကြ ဘာမှလှည့်မကြည် - အာစီယံတွေ ၊ NLD မှတ်ပုံတင်ရေးတွေပြောနေကြတယ် ။ ဘာလဲဗျ လူ့ အခွင့်အရေး ။  ခင်ဗျားတို့ လုံးဝမတရားဘူး ။
ခါးတမာ
ပြည်သူကို ရိုးရိုးသားသားဆက်ဆံပါ ။
ထောင်ပြောင်းရွေ့ရုံမက လွှတ်ပေးသင့်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ တောင်းဆို
2011-11-17
ထိန်းသိမ်းခံထားရတဲ့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ တကွ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့ရုံ မဟုတ်ဘဲ ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်ကြောင်း (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
(RFA)
ဒီမိုကရေစီ အင်အားစုများ၏ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ နှစ်ပတ်လည်နေ့ ဖြစ်သော ၂ဝဝ၇ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ပါဝင်ဆင်နွှဲနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ပါသည်။
မြန်မာအစိုးရက တောင်းဆိုထားတဲ့၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ ရာထူးကို အာဆီယံ ခေါင်းဆောင်တွေက ပေးအပ်လိုက်တာဟာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ လွှတ်ပေးလိမ့်မယ်ဆိုတဲ့ ယုံကြည် မျှော်လင့်ချက်ကြောင့် ဖြစ်ကြောင်း၊ အစိုးရအနေနဲ့ တည်ငြိမ်မှုကို အကြောင်းပြပြီး နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက် ထိန်းသိမ်း မထားသင့်တော့ကြောင်း (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့ဝင် ကိုစိုးထွန်းက ပြောပါတယ်။ ဦးသိန်းစိန် အစိုးရ အနေနဲ့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို အမြန်ဆုံး လွှတ်ပေးပြီး လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပြုဖို့သင့်တယ်လို့လည်း (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုစိုးထွန်းက ပြောပါတယ်။
မာထီယန်အရံဂြိုဟ်ပေါ်မှ မြေဆီလွှာရယူမည့် အာကာသယာဉ်
Friday, 18 November 2011 00:00
လွှတ်တင် ဖွယ်ရှိ အင်္ဂါဂြိုဟ် ၏ အရံဂြိုဟ် ဖြစ်သည့် မာ ထီယန် ပေါ်မှ ဖုန်မှုန့်များ ကို လေ့လာနိုင် ရန် အတွက် ရုရှား အာကာ သယာဉ် Phobos- Grunt ကို လွှတ်တင်ဖွယ်ရှိကြောင်း သိရှိရ သည်။ အဆိုပါယာဉ်သည် မာထီယန်ပေါ် သို့ဆင်းသက်ပြီး မြေဆီလွှာအချို့ကို သယ် ဆောင်၍ ကမ္ဘာမြေဆီသို့ ပြန်လာမည်ဟု ဆိုသည်။Phobos-Grunt သည် ၄င်း၏ ခရီး စဉ်နှင့်အတူ လုပ်ငန်း ၂ခုကို ဆောင်ရွက် မည်ဖြစ်သည်။ ပထမလုပ်ငန်းမှာ တရုတ် နိုင်ငံ၏ပထမဆုံး အင်္ဂါဂြိုဟ်လေ့လာရေး ယာဉ် yinghuo ဂြိုဟ်တုကို အင်္ဂါဂြိုဟ်ပတ် လမ်းကြောင်း၌ထားရှိမည်ဖြစ်ပြီး ဇီဝဗေဒ ဆိုင်ရာ စမ်းသပ်လေ့လာရေး Phobos LIFE ဓာတ်ခွဲခန်းကို အသုံးပြုလေ့လာရေးလုပ်ငန်း ဖြစ်သည်။ Phobos LIFE သည် အာကာသ ထဲ၌ ၃ နှစ်ကြာမျှ အချိန်ယူလေ့လာမည် ဖြစ်သည်။ ရှေးခေတ်က သက်ရှိများသည် ကမ္ဘာနှင့် အင်္ဂါဂြိုဟ်ကြားရှိ ဥက္ကာခဲများ ပေါ် လှည့်လည်သွားလာပြီး အာကာသထဲ ၌ ဆက်လက်ရှင်သန်နေပုံကို လေ့လာနိုင် မည်ဟု ဆိုသည်။ အင်္ဂါဂြိုဟ်အာကာသ ခရီးစဉ်မစ်ရှင်များ၏လုပ်ငန်းများမှာ ထွေ ပြားပြီး အများစုမှာအောင်မြင်မှုမရှိကြောင်း တွေ့ရသည်။
ဦးဂမ္ဘီရ အပါအ၀င် နိုင်ငံရေး အကျဉ်းသားအချို့ အင်းစိန်ထောင်သို့ ခေါ်ဆောင်
မန္တလေးသံဃာတော်များ၏ပြည်တွင်းငြိမ်းချမ်းရေးတောင်းဆိုမှုကိုဝန်းရံထောက်ခံသော သဘောထားထုတ်ပြန်ချက်
0 Comments - 17 Nov 2011
AKSYU Statement Nov-16 2011(function() { var scribd = document.createElement("script"); scribd.type = "text/javascript"; scribd.async = true; scribd.src = "http://www.scribd.com/javascripts/embed_code/inject.js"; var s = document.getElementsByTagName("script")[0]; s.parentNode.insertBefore(scribd, s); })();...
More Link
ကြာသာပတေးနေ့၊ နိုဝင်ဘာလ ၁၇၊ ၂၀၁၁
လေယာဉ်ဖြင့် ကလေးထောင်နှင့် ကျောက်ဖြူထောင်များမှ ခေါ်ဆောင်လာသည့် ထောင်ပြောင်း နိုင်ငံရေး အကျဉ်းသားများအား ယနေ့ညနေ ၆ နာရီ ၃၈ မိနစ်တွင် မင်္ဂလာဒုံလေဆိပ်မှ တဆင့် အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားသည်ကို တွေ့ရသည်။
ခေါ်ဆောင်လာသည့် နိုင်ငံရေး အကျဉ်းသားများအနက် ရွှေဝါရောင်သံဃာ့အရေး အခင်း ဦးဆောင်သူ ဦးဂမ္ဘီရ ၊ ဂွမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးညီပု၊ ကျောက်ဖြူထောင်မှ ကိုသူရိန်အောင် တို့ပါဝင်သည်ကို အတည်ပြုနိုင်သော်လည်း အခြား နိုင်ငံရေး အကျဉ်းသား ပါရှိသည် မပါရှိသည်ကိုမူ အတည်မပြုနိုင်သေးပါ။
ဦးဂမ္ဘီရ နှင့် အခြားနိုင်ငံရေး အကျဉ်းသားတို့ကို သယ်ဆောင်လာသည့် လုံခြုံရေး ယာဉ်တန်း မင်္ဂလာဒုံလေဆိပ်မှ အင်းစိန်ထောင်သို့ ထွက်ခွာစဉ် (ဓါတ်ပုံ -YPI)
ဦးဂမ္ဘီရအား ကလေးမြို့ထောင်မှ ရွှေ့ပြောင်းမည်ဆိုသည့် သတင်းထွက်ပေါ်ပြီးနောက် ၎င်း၏ မယ်တော် ဒေါ်ရေးက ကလေးမြို့ လေဆိပ်တွင်သွားရောက် စောင့်ဆိုင်းသော်လည်း ၀င်ခွင့်မရပဲ လုံခြုံရေး တင်းကြပ်စွာဖြင့် မွန်းလွဲ ၄ နာရီဝန်းကျင်တွင် လေယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့သည်။
မိခင်ဖြစ်သူ ဒေါ်ရေးက “ မတွေ့ လိုက်ရဘူး၊ လေဆိပ်ထဲ ၀င်ခွင့်မပေးဘူး၊ လှမ်းလည်းမမြင်လိုက်ရဘူး၊ သူ့ပစ္စည်းတွေကိုတော့ ကားတစီးနဲ့ သယ်လာတာသိလိုက်တယ်” ဟုပြောသည်။
နိုင်ငံရေး အကျဉ်းသားများ လေယာဉ်ဖြင့် ခေါ်ဆောင်လာမည့် သတင်းကြောင့် ရန်ကုန်မင်္ဂလာဒုံ လေဆိပ်၌ သတင်းထောက်များနှင့် မိတ်ဆွေ ရဲဘောရဲဘက်များ သွားရောက်စောင့်ဆိုင်းနေကြသော်လည်း ပြောင်းရွှေ့လာသူများအား ရဲ လုံခြုံရေး တင်းကျပ်စွာဖြင့် ညနေ ၆ နာရီခွဲသာသာတွင် ခေါ်ဆောင်သွားကြောင်းသာ မြင်တွေ့လိုက်ရသည်။
ရန်ကုန် အင်းစိန်ထောင်သို့ ခေါ်ဆောင်လာသည့် နိုင်ငံရေး အကျဉ်းသားများအား အင်းစိန်တွင်ပင် ထားရှိမည် သို့မဟုတ် အခြားနယ်ထောင် တခုသို့ပို့ဆောင်မည်ဆိုသည်ကို အတည်မပြုနိုင်သေးပါ။ ကျိုင်းတုံထောင်တွင် အကျဉ်းကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကိုမူ သရက်ထောင်သို့ ပြောင်းရွှေ့ရန် ရှိပြီးမနက်ဖြန်တွင် ကျိုင်းတုံထောင်မှ ခေါ်ဆောင်လာမည်ဟု ယူဆကြောင်း မိသားစုဝင်များကပြောသည်။
ယနေ့ စတင်လိုက်သည့် နိုင်ငံရေး အကျဉ်းသားများအား ထောင်ပြောင်းရွှေ့ခြင်းတွင် သရက်ထောင်မှ မနီလာသိန်း (သာယာဝတီထောင် သို့) ၊ ပူတာအိုထောင်မှ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး (တောင်ငူထောင်သို့) တို့ပါဝင်သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ က အတည်ပြုပြောဆိုသည်။
လွန်ခဲ့သည့် သီတင်းပတ်က ပြန်ကြားရေး ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်း ဘန်ကောက်မြို့၌ ဗွီအိုအေ မြန်မာဋ္ဌာနနှင့် တွေ့ဆုံစဉ် နယ်ဝေးရောက်နေသည့် နိုင်ငံရေး အကျဉ်းသားများအား မိသားစုနှင့် နီးရာ အကျဉ်းထောင်များသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။
ယခုလို ထောင်ပြောင်းရွှေ့မှု ပြုလုပ်ချိန်သည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် အာဆီယံ ထိပ်သီးညီလာခံ ကျင်းပချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ မြန်မာနိုင်ငံ၌ နိုင်ငံရေး အကျဉ်းသား ၁၆၀၀ ကျော် ရှိနေသေးသည်ဟု ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားကူညီစောင့်ရှောက်ရေး အဖွဲ့က ထုတ်ပြန်ထားသလို၊ အစိုးရ ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကမူ အောက်တိုဘာ ၁၂ ရက်နေ့ လွှတ်ပေးပြီးနောက် ၃၀၀ ၀န်းကျင်သာရှိတော့သည်ဟု ယင်းအဖွဲ့၏ အိတ်ဖွင့်ပေးစာတွင်ဖေါ်ပြထားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သီးခြားကောက်ယူထားသည့် စာရင်းအရမူ နိုင်ငံရေး အကျဉ်းသား ၅၉၀ ကျော်သာရှိသည်ဟု ယခုပတ် တနင်္လာနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ။
Yangon PressInternational
ပြည်သူ့ရင်ခွင် ရွေးစေချင်
လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေဟာ အတိုက်အခံအင်အားစုများအတွင်းမှာ သဘောထားကွဲပြားမှု အကြီး အကျယ်ဖြစ်ပေါ်နေပါတယ်။ ဒီတစ်ခါသဘောထားကွဲပြားမှုဟာ ၁၉၈၈ နောက်ပိုင်းမှာ အကြီးဆုံးသဘော ထားကွဲမှုဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလသဘောထားကွဲမှုထက် ပိုကြီးမားတဲ့ကွဲပြားမှုဖြစ်ဖို့ အလားအလာ ဖြစ်နေပါတယ်။ စစ်အုပ်စုက လိုင်းတစ်ခုချလိုက်တိုင်း အတိုက်အခံအင်အားစုများဘက်မှာ ထိုသို့ဖြစ်နေကျဖြစ် ပေမယ့် ဒီတစ်ခါကွဲပြားမှုဖြစ်ခဲ့ရင်တော့ မြန်မာ့နိုင်ငံရေးသမိုင်းအတွက် အရေးကြီးတဲ့ဖြစ်စဉ်တခုဖြစ်ပါလိမ့်မယ်။ အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုဝိုင်းရံရေး၊ အန်အယ်လ်ဒီကိုဝိုင်းရံရေးဆိုတဲ့မူကို တလျှောက်လုံး ကိုင်စွဲလာခဲ့တဲ့ နိုင်ငံရေးအင်အားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်လ်ဒီတို့ကိုယ်တိုင် သဘောထားကွဲပြားမှုဖြစ်လာနိုင်တာကြောင့်ပါပဲ။
ကွဲပြားမှုရဲ့အခြေခံ                               အန်အယ်လ်ဒီအနေနဲ့ပါတီမှတ်ပုံတင်ရေး၊ရွေးကောက်ပွဲဝင်ရေးကိစ္စမှာ ဘယ်လိုအခြေအနေမျိုးမှ ပြုလုပ်သင့် တယ်ဆိုတာနဲ့ပတ်သက်ပြီး သဘောထားကွဲကြတာဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကိုမပြုပြင်ဘဲ ရွေး ကောက်ပွဲဥပဒေကိုသာပြင်ပေးတဲ့အချက်အပေါ်မှာပဲ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရန်ဖြစ်နိုင်ချေရှိ သည်ဟု အန်အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူက သဘောထားပေးလာပြီး အချို့သောအတိုက်အခံအင်အားစုများ ကပါ ထောက်ခံလာတဲ့အပေါ်မှာ ကျန်အတိုက်အခံနိုင်ငံရေးအင်အားစုများက ၂၀၀၈ အခြေခံဥပဒေထဲက ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့ အချက်တွေကိုမပြုပြင်ဘဲ ပါတီမှတ်ပုံတင်၍ရွေးကောက်ပွဲဝင်ရန်မသင့်ဟူ၍ မှတ်ချက်ပေးလာသောကြောင့်ဖြစ်ပါတယ်။
အတိုက်အခံအင်အားစုများအနေဖြင့်လည်း မှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်းကို ဆန့်ကျင်ကန့်ကွက် နေခြင်းမဟုတ်ဘဲ ၂၀၀၈ အခြေခံဥပဒေပြုပြင်ရေးကိုသာ တောင်းဆိုခြင်းဖြစ်ပါတယ်။
အားလုံးပြုပြင်ပေးစရာမလို                                                                                                                      ၂၀၀၈ အခြေခံဥပဒေပြုပြင်ရေးဆိုတာလည်း အားလုံးပြုပြင်စရာမလိုပါ။ အတိုက်အခံအင်အားစုများတောင်းဆို ထားသည်က ၂၀၀၈ အခြေခံဥပဒေထဲက ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့အချက်များကို ပြုပြင်ပေးရန်သာဖြစ်ပါ တယ်။ ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့အချက်ဟာ ၂၀ ခန့်ရှိသော်လည်း အရေးကြီးပြုပြင်ပေးရမယ့်အချက်ဟာ ချကြည့်လိုက်ရင် ၇ ချက် ၈ ချက်ခန့်သာရှိပါမယ်။ ထိုအရေးကြီးတဲ့ အချက်တွေမပြုပြင်ပေးဘဲ ကျန်အချက် ၂၀၀ လောက်ကိုပြုပြင်ပေးလည်း ထူးခြားမည် မဟုတ်ပါ။ ထို ၇ ချက် ၈ ချက်လုံးကို မပြုပြင်ပေးနိုင်ပါကလည်း အဓိကကျတဲ့ ၃ ချက်လောက်ကိုပြင်ပေးရုံနဲ့ အားလုံးကျေနပ်လက်ခံနိင်တဲ့ အခြေအနေတရပ်ကို ဖန်တီး နိုင်မှာဖြစ်တယ်လို့ စာရေးသူအနေနဲ့ ယုံကြည်ပါတယ်။
အခန်း(၁၂)၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းခေါင်းစဉ်အောက်က ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)နဲ့(ခ)ကို ပြုပြင် ပေးရန်ဖြစ်ပါတယ်။ အဲဒီမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်များကို ပြင်ဆင်လိုလျင် ပြည်ထောင်စုလွှတ်တော်  ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်လက်ခံပြီးနောက် ဆိုတာမှာ ရာခိုင်နှုန်း လျော့ချပေးဖို့ဖြစ်ပါတယ်။
သို့မှသာ လွှတ်တော်အတွင်းကနေ အခြေခံဥပဒေပြင်ရေးကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ သို့မဟုတ်ပါက လွှတ် တော်တွင်းကနေ ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့နိုင်ငံရေးဟာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပါလိမ့်မယ်။
အခန်း(၅)၊ အုပ်ချုပ်ရေး၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဖွဲ့စည်းခြင်းခေါင်းစဉ်အောက်က ပုဒ်မ ၂၀၁ ကိုပြုပြင်ပေးရန် ဖြစ်ပါတယ်။ ကာ∕လုံ ကောင်စီ (၁၁) ဦးမှာ စစ်တပ်က အမြဲတမ်း (၆) ဦးနဲ့အသာစီး ယူထားတာကို လျော့ပေးဖို့ ဖြစ်ပါတယ်။
သို့မှသာ ကာ/လုံရဲ့လုပ်ပိုင်ခွင့်နဲ့ တဆိတ်ရှိ စစ်တပ်က (အခြေခံဥပဒေအရ) အာဏာသိမ်းခြင်းကို ကာကွယ်နိုင် မှာ ဖြစ်ပါတယ်။
အခန်း(၁)၊ နိုင်ငံတော်အခြေခံမူများခေါင်းစဉ်အောက်က ပုဒ်မ(၂၀)၊ ပုဒ်မခွဲ(ဃ) နဲ့ အခန်း(၇)၊ တပ်မတော်ခေါင်း စဉ်အောက်က ပုဒ်မ(၃၄၀) ကိုဖျက်သိမ်းပစ်ရန်(သို့)ပြုပြင်ပေးရန်ဖြစ်ပါတယ်။ ထိုပုဒ်မ ၂ ခုဟာ အတူတူဖြစ်တဲ့ အတွက် ပေါင်းရေးရခြင်းဖြစ်ပါတယ်။
ပုဒ်မ(၂၀)၊ ပုဒ်မခွဲ(ဃ)။       ။ တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင် ရေးအတွက် စီမံဆောင်ရွက်ပိုင်ခွင့်ရှိသည်။
ပုဒ်မ(၃၄၀)။   ။ တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင် ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။တပ်မ တော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်ရမည်။
ပေါ်တာဆွဲခြင်းနဲ့ အဓမ္မစစ်သားစုဆောင်းခြင်းတွေကို တရားဝင်ပြုလုပ်နိုင်ဖို့ပြဌာန်းထားတာဖြစ်ပါတယ်။ လိုအပ် လာရင် အတိုက်အခံနိုင်ငံရေးအင်အားစုတွေကို ထိုအခြေခံဥပဒေများအသုံးချပြီး ချေမှုန်းလာနိုင်ပါတယ်။
ထိုပုဒ်မ ၂ ခုကို ဖျက်သိမ်း(သို့)ပြုပြင်ပေးခြင်းဟာ ပြည်သူလူထုနဲ့နိုင်ငံရေးလှုပ်ရှားတက်ကြွသူများကို လူ့အခွင့် အရေးချိုးဖောက်မှုခံရမယ့်အန္တရာယ်က ကာကွယ်ပေးခြင်းပဲဖြစ်ပါတယ်။
ထိုအချက်တွေပြုပြင်ပြောင်းလဲခဲ့မှသာ လွှတ်တော်တွင်းနိုင်ငံရေးဟာ အဓိပ္ပါယ်ရှိမှာပါ။
အလျော့အတင်း                                                                                                                          တွေ့ဆုံဆွေးနွေးရေးဆိုတာ နှစ်ဖက်အပေးအယူ အလျော့အတင်းလုပ်ရတာပဲဖြစ်ပါတယ်။ တကယ့်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုဆိုတာ အင်္ဂလိပ်အက္ခရာ (V) ပုံသဏ္ဍန် နှစ်ဖက်စလုံးဟာ လျော့ချလာပြီး ဆုံချက်တခုမှာ ဆုံတွေ့ကြပြီး အဖြေရလာတာမျိုးပါ။ တဖက်ကအားကြီးပြီး တဖက်ကအားလျော့နေတဲ့အခြေအနေမျိုးမှာ ဖြစ် ပေါ်လာတဲ့ တွေ့ဆုံဆွေးနွေးမှုဟာ အပေးအယူမျှမျှတတဖြစ်လာဖို့ဆိုတာကတော့ မလွယ်ပါဘူး။ ဒီလိုအခြေအ နေမျိုးမှာ အားကောင်းတဲ့ဘက်က တွေ့ဆုံဆွေးနွေးဖို့ကမ်းလှမ်းလာတဲ့အခါ အားလျော့တဲ့ဘက်က ဘာလုပ် သင့်သလဲဆိုတဲ့ရွေးချယ်မှုဟာ ကိုယ့်အင်အားစုများအကွဲကွဲအပြားပြားမဖြစ်ဖို့ အတတ်နိုင်ဆုံးရွေးချယ်နိုင်မှ အကောင်းဆုံးဖြစ်မှာ ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးဟာ အပေးအယူ အလျော့အတင်းလုပ်ရတယ်ဆိုတာကို အားလုံးနားလည်ထားပေမယ့် ဘာပေးလို့ ဘာရသလဲဆိုတာကလည်း  အဓိကကျတဲ့အကြောင်းအရာ ဖြစ်ပါ တယ်။ ပြည်သူလူထုအတွက် ကိုယ်စားပြုသူဟာ ကိုယ့်အတွက်၊ ကိုယ့်ပါတီအတွက်ဆိုတာထက် အများအကျိုး အတွက်မို့ ပိုအရေးကြီးပါတယ်။ 
မူမူချင်း                                                                                                                                        နိုင်ငံရေးအကျဉ်းသားများအားလုံးချွင်းချက်မရှိလွှတ်ပေးခြင်းနဲ့ တနိုင်ငံလုံးအတိုင်းအတာအရ အပစ်အခတ်ရပ်စဲ ခြင်းဖြင့် လက်ရှိအစိုးရအနေနဲ့ တကယ်ပြုပြင်ပြောင်းလဲလိုတယ်ဆိုတာကို လက်တွေ့ပြသနိုင်တယ်လို့ အတိုက် အခံများဘက်က ခံယူထားပါတယ်။ အာဏာ၊ စစ်တပ်နဲ့ တိုင်းပြည်ရဲ့သယံဇာတအဝဝကို အပြည့်အဝချုပ်ကိုင် ထားနိုင်တဲ့ စစ်အုပ်စုအနေနဲ့ထိုသို့လုပ်ပေးလိုက်ရုံနဲ့ အခြေအနေပျက်ယွင်းသွားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ စစ် အုပ်စုဟာ နိုင်ငံရေးအကျဉ်းသားများကို ဓားစာခံသဘောမျိုး အပေးအယူလုပ်နေပါတယ်။ ဒါဟာ လူကို မူနဲ့အလဲ အလှယ်လုပ်ဖို့ ကြံစည်တာပဲဖြစ်ပါတယ်။ နိုင်ငံရေးသဘောအရတော့ မူကိုမူနဲ့သာ အပေးအယူလုပ်ရမှာဖြစ်ပါ တယ်။ ထောင်ကျနေသူဘယ်သူမဆို လွတ်ချင်တာသဘာဝပါပဲ။ ဒါပေမဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေ သူ နိုင်ငံရေးအကျဉ်းသားများကတော့ ယုံကြည်ချက်နဲ့ လွတ်လပ်မှုကိုလဲမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆို တော့ ဒါဟာသူတို့ကျင့်တဲ့ ကိုယ်ကျင့်တရား၊ သူတို့ရဲ့ဂုဏ်သိက္ခာဖြစ်နေလို့ပါပဲ။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်နဲ့တော့ တိုင်းပြည်ကိုတသက် စစ်ကျွန်ပြုမယ့် ၂၀၀၈ အခြေခံဥပဒေကို တရားဝင်အသိ အမှတ်ပြုလက်ခံတာမျိုးမဖြစ်စေသင့်ပါဘူး။ ထိုကဲ့သို့လုပ်ခြင်းဟာ မူကိုမူနဲ့အပေးအယူလုပ်တာမဟုတ်ဘဲ လူနဲ့မူကိုအပေးအယူလုပ်တာပဲ ဖြစ်ပါတယ်။ လက်ရှိနိုင်ငံရေးအကျဉ်းသားများမှာလည်း ၂၀၀၈ အခြေခံဥပဒေ ဆိုတာကိုမကြည့်ဘဲ လွှတ်တော်တွင်းနိုင်ငံရေးနည်းကိုသာ ယုံကြည်သူများရှိပါတယ်။ ထို့အတူ ၂၀၀၈ အခြေခံ ဥပဒေအောက်ကနေ တိုင်းပြည်အတွက်ဘာမှလုပ်လို့ရမှာမဟုတ်ဘူးလို့ ယုံကြည်သူများလည်းရှိပါတယ်။ ထိုသူ များဆန္ဒကိုလည်း အလေးထားသင့်တယ်လို့ထင်ပါတယ်။ သူတို့ဟာ ကိုယ်ပိုင်ဘဝလွတ်လပ်မှုတစ်ခုတည်း အတွက် စွန့်လွှတ်အနစ်နာခံခဲ့ကြတာမဟုတ်ပါဘူး။ မိမိရဲ့လွတ်လပ်မှု၊ ဘဝတိုးတက်မှုတွေကို ယုံကြည်ချက် အတွက် စတေးခဲ့ကြသူတွေပါ။ သူတို့ဟာ မူမူချင်းသာ အပေးအယူလုပ်တဲ့နိုင်ငံရေးကိုပဲ ယုံကြည်သူများ ဖြစ်ပါလိမ့်မယ်။
တထစ်ပြီးတထစ်                                                                                                                               ၁၉၈၈ ကနေကြည့်ရင် အစဦးဆုံး ကြားဖြတ်အစိုးရဖြစ်မြောက်ရေးကနေ ရွေးကောက်ပွဲဖြတ်သန်းရေး၊ လွှတ် တော်ခေါ်ယူရေး၊ ၉၀ ရလဒ်အသိအမှတ်ပြုရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ၂၀၀၈ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး စသည်နဲ့ တထစ်ပြီးတထစ်လျော့လာလိုက်တာ ဘာမှမကျန်တော့ပါဘူး။ ခုတော့နောက်ဆုံးတထစ်ရောက်နေပါ ပြီ။ လျော့ပြီးရင် ပြန်တက်နိုင်ပါတော့မလားဆိုတာ စိုးရိမ်စရာပါပဲ။ နောက်တထစ်ဟာ ချောက်ပဲရှိပါတော့တယ်။
သားတရားစီရင်ခန်း                                                                                                            တချို့ကတော့ မဟောသဓသုခမိန်ရဲ့ သားတရားစီရင်ခန်းနဲ့ ဥပမာပေးကြပါတယ်။ အမေအရင်းက ကိုယ့်သား လေးခံစားရတဲ့ဝေဒနာကြောင့် အတင်းမဆွဲတော့ဘဲ အလျော့ပေးလိုက်တာပါ။ ဇာတ်တော်မှာတော့ မဟောသဓ ရှိနေတော့ အမေအရင်းဟာ သားလေးကိုမဆုံးရှူံးဘဲ ပြန်ရခဲ့ပါတယ်။ ဒီဇာတ်တော်ကို ဖြန့်ကျက်စဉ်းစားကြည့်ရင် တကယ်လို့ မဟောသဓသာမရှိခဲ့ရင် သားလေးဘာဖြစ်မှာလဲ။ နောက် တဖက်ကဆွဲနေတဲ့သူဟာ ဘီလူးမ ဖြစ်မှန်း အမေရင်းက အစကတည်းကသိနေရင်ကော သားလေးအစားခံရမှာသေချာသိနေတဲ့အတွက် လွှတ်ပေး ပါ့မလားဆိုတာ စိတ်ဝင်စားစရာပါ။
အနုတ်လက္ခဏာ                                                                                                                စစ်အုပ်စုဟာ သူတို့ရဲ့ လက်ရှိဟန်ပြအစိုးရနဲ့လွှတ်တော်ကို နိုင်ငံတကာက အပြည့်အဝလက်ခံ အသိအမှတ် ပြုရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကို အမြစ်ပြတ်ချေမှုန်းနိင်ရေးအတွက် ဒေါ်အောင်ဆန်းစု ကြည်ကို အသုံးချရန်ကြိုးစားနေခြင်းဖြစ်ပါတယ်။  သူတို့လိုချင်တဲ့ အတိုင်းအတာကိုရောက်ပါက ထိုနေရာမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို လက်တွဲဖြုတ်ချန်ထားခဲ့မှာဖြစ်ပါတယ်။သူတို့အားရအောင် ဒီမိုကရေစီအင်အားစု များအား အပြင်းအထန်အတိုက်အခံလုပ်ဝေဖန်ခဲ့သော အေးလွင်တို့အုပ်စုကိုလည်း ထိုသို့အသုံးချခဲ့ပြီုးချန် ထားခဲ့ပြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုယုံကြည်ကိုးစားခံရမှုနဲ့ ပုဂ္ဂိုလ်ရေးအခန်းကဏ္ဍဟာ ကြီးမားလှသည်မှန်သော်လည်း လက်တွေ့ကျသော ပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ်မလာပါက  အယောင်ပြလုပ် ငန်းစဉ်များတွင် မျောပါနေသည်ဟူသောအမြင်ဟာ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများမှာ ဖြစ်ပေါ်လာနိုင် ပါတယ်။ ထိုအခါမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအင်အားစုများအကြား ကွာဟမှုဖြစ်လာနိုင်ပြီး ညီညွတ်ရေးထိခိုက်လာနိုင်သလို ဒေါ်အောင်ဆန်းစုကြည်အား ဝိုင်းရံမှုဟာလည်း လျော့ကျလာနိုင်ပါတယ်။ ဆယ်ရေးတရေး ကိုးရေးတစ်ရာ ထိုကဲ့သို့သာဖြစ်ခဲ့ပါက ဒီမိုကရေစီအင်အားစုများဘက်မှာ အနုတ် လက္ခဏာပြပြီး စစ်အုပ်စုအတွက်တော့ အမြတ်ထွက်မှာကျိန်းသေပဲဖြစ်ပါတယ်။ နိုင်ငံရေးအင်အားစုများ အနေဖြင့်လည်း ဆယ်စုနှစ်များနှင့်ချီ၍ ဖြတ်သန်းလာခဲ့ရသော အတွေ့အကြုံများ၊ သင်ခန်းစာများအရ နိုင်ငံရဲ့ကံကြမ္မာအဝဝကို မည်သို့သော ပုဂ္ဂိုလ်ဦးတယောက်၊ အဖွဲ့အစည်းတစုတဖွဲ့တည်းကိုမှ ပုံအပ်ထား နိုင်မည်မဟုတ်ပါ။
ထပ်မံစော်ကားရတဲ့ပြည်သူ့ဆန္ဒ                                                                                                ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဆိုတာ မြန်မာပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့အန်အယ်လ်ဒီကို ထောက်ခံ ရုံသက်သက်၊ သတင်းစာထဲမှာဖော်ပြခံရရုံသက်သက် မဲပေးခဲ့ကြတာမဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ဖျက် သိမ်းရေးမှာ မဲမကွဲဖို့လိုအပ်တယ်ဆိုတာသိတဲ့ပြည်သူတွေက တနိုင်ငံလုံးအတိုင်းအတာနဲ့ အသိစိတ်ဓာတ်ရှိရှိ လှုပ်ရှားခဲ့ကြတဲ့ နိုင်ငံရေးလှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ တတိုင်းပြည်လုံးဆိုင်ရာပြည်သူ့နိုင်ငံရေးလှုပ်ရှားမှုကြီးကို ဂရုမစိုက်မျက်ကွယ်ပြုခဲ့တဲ့စစ်ဗိုလ်ချုပ်တွေဟာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပါတယ်လို့ လက်တွေ့မပါ လေလုံးသက်သက်နဲ့ လွှတ်တော်ထဲမှာကြေညာတာဟာ ဒီလောက်လေးပြောပေးလိုက်ရင်ပဲ ကျေနပ်နှစ်သိမ့်သွားကြမယ့် ငတုံးငအတွေပါဆိုတဲ့ အထင်သေး  အမြင်သေး ထပ်မံစော်ကားမှုပဲ ဖြစ်ပါတယ်။
ဒီရလဒ်ကို စစ်အာဏာရှင်တွေလက်ခံလာရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့၊ အကျဉ်းကျခဲ့ ရတဲ့၊ ဘဝပျက်ခဲ့ရတဲ့၊ မိသားစုပြိုကွဲခဲ့ရတဲ့သူတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ်။ ဒီအပေါ်မှာ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့ အစည်းပဲဖြစ်ဖြစ် လွယ်လွယ်လေးတော့ သဘောမထားသင့်ပါဘူး။( ၉၀ ရလဒ်ကို မဖြစ်မနေ အကောင်အထည် ဖော်ရမယ်လို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ စစ်အုပ်စုက လက်နက်အားကိုးနဲ့ ဂုဏ်သိက္ခာမဲ့စွာတဖက်သတ်လုပ် ဆောင်မှုကြောင့် အကောင်အထည်မဖော်နိုင်ခဲ့တာကို ရိုးသားစွာဝန်ခံဖို့ပါပဲ။)
အရှိအရှိအတိုင်း                                                                                                               ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီတွေနဲ့ ယခုအခါ အန်အယ်လ်ဒီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကပါ အရှိကိုအ ရှိအတိုင်းလက်ခံရမယ်လို့ပြောလာပါတယ်။ ဘာကိုဆိုလိုချင်ပါသလဲ။ စစ်အုပ်စုကို ငါတို့မနိုင်တော့ဘူး။ သူတို့က အစစသာနေပြီလို့ပြောချင်တာလား။ ဘယ်သူလက်ခံလက်မခံ စစ်အုပ်စုက ဦးသိန်းစိန်အစိုးရအနေနဲ့ အာဏာ ကိုချုပ်ကိုင်ထားပြီလို့ပြောချင်တာလား။ ဒီလိုသာအရှိကိုအရှိအတိုင်းလက်ခံရကြေးဆိုရင် ဦးနေဝင်းရဲ့မဆလ  အစိုးရကို ဖြုတ်ချခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးလည်း ဖြစ်ပေါ်လာစရာမရှိဘူး။ ဒါဆိုရင် အန်အယ်လ်ဒီ ဆိုတာလည်းပေါ်လာစရာမရှိပါဘူး။
တိုင်းပြည်ကိုစစ်ကျွန်ပြုမယ့် ၂၀၀၈ ဥပဒေဟာလည်း တကယ့်အရှိတရားပဲဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြောင်ပြောင်တင်းတင်းမဲလိမ်ပြီး မတရားတက်လာတဲ့အစိုးရဆိုတာလည်း အရှိတရားပဲဖြစ်တယ်။ ခုချိန်ထိ တိုင်းရင်းသားဒေသတွေမှာ စစ်ရေးနဲ့ဖိနှိပ်နေတာလည်း အရှိတရားပဲဖြစ်တယ်။ ထောင်အသီးသီးမှာ နိုင်ငံရေး အကျဉ်းသားတွေကို ခုချိန်ထိချုပ်နှောင်ထားတာလည်း အရှိတရားပဲဖြစ်တယ်။ ဒါတွေကိုလည်း အရှိအရှိအတိုင်း လက်ခံပြီး ဘာလုပ်သင့်သလဲလို့ဆုံးဖြတ်ချက်ချရမှာဟာလည်း တကယ့်တာဝန်တရပ်ဖြစ်ပါတယ်။
၁၈၊နိုဝင်ဘာ                                                                                                                         ၀၁၁ ခုနှစ်ရဲ့ လာမယ့် နိုဝင်ဘာ ၁၈ မှာ အန်အယ်လ်ဒီဟာ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးနဲ့ ရွေးကောက် ပွဲဝင်ရေး၊ မဝင်ရေးကို ဆုံးဖြတ်တော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့သမိုင်းမှာ ၁၈၊နိုင်ဝင်ဘာဟာ ဘယ်လို အဓိပ္ပါယ်သတ်မှတ်ချက်မျိုးနဲ့ကျန်ခဲ့မယ်ဆိုတာကို အတိုက်အခံများဘက်ကကော၊ စစ်အုပ်စုဘက်ကပါ သိချင် ဇောနဲ့စောင့်နေကြပါတယ်။ မေးခွန်းကတော့ အန်အယ်လ်ဒီ ဘာလဲ၊ ဘယ်လဲ?
ရင်ထဲကဗကသ                                                                                                                 ဗမာနိုင်ငံလုံးဆိုင်ရာ  ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဆိုတဲ့အမည်ဟာ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် အဆက် ဆက် ကြောက်ရွံ့ခဲ့ရတဲ့၊ မနှစ်မြို့ခဲ့ရတဲ့ အမည်ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီ တက်လာကတည်းက ဗကသဟာ မြေအောက်အဖွဲ့အစည်းဖြစ်ခဲ့တာပါ။ ၁၉၈၈၊ သြဂုတ် (၂၈) မှာ ဗကသဟာ ထင်ထင်ရှားရှားပြန်ပေါ်လာခဲ့ပါတယ်။ ၂၀၀၇ မှာ မျိုးဆက်သစ်တွေက လက်ဆင့်ကမ်းခဲ့ကြတယ်။ စစ်အာဏာ ရှင်တွေအနေနဲ့ဘယ်လောက်ပဲ နှိပ်ကွပ် နှိပ်ကွပ်၊ ဘယ်လောက်ပဲ ဖိနှိပ် ဖိနှိပ် ခုချိန်ထိပျောက်ပျက်မသွားခဲ့ ပါဘူး။ ဘာကြောင့်ပါလဲ?   ဗကသဟာ အာဏာရှင်တွေ အသိအမှတ်ပြုရေးထက် ပြည်သူတွေရင်ထဲက အသိအမှတ်ပြုရေးကိုသာ ဦးထိပ်ထားခဲ့လို့ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကြိုကာလ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို အတိုက်အခံအင်အားစုများနဲ့ ပြည်သူလူထုက လှိုက်လှိုက်လှဲလှဲထောက်ခံကြိုဆိုခဲ့ကြပါတယ်။ အန်အယ်လ်ဒီရဲ့ ပြတ်သားတဲ့နိုင်ငံရေးလမ်း ကြောင်းလို့လည်း ကိုးစားခဲ့ကြပါတယ်။ ပြည်သူလူထုနဲ့ နိုင်ငံရေးအင်အားစုများက ထောက်ခံရပ်တည်ခဲ့ကြလို့ လည်း စစ်အုပ်စုအနေနဲ့အန်အယ်လ်ဒီကို အပြီးတိုင်ပယ်ဖျက်လိုသော်လည်း မပယ်ဖျက်နိုင်ဖြစ်ခဲ့ရတာပါ။ အန်အယ်လ်ဒီဟာ မှတ်ပုံမတင်သော်လည်း ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ရပ်တည်နိုင်ခဲ့ပါတယ်။
ပါတီမှတ်ပုံတင်ခြင်းနဲ့ ရွေးကောက်ပွဲဝင်ခြင်းဟာ ၂၀၀၈ အခြေခံဥပဒေကို လက်ခံခြင်းပဲဖြစ်ပါတယ်။ ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့အချက်တွေကို မပြုပြင်နိုင်ဘဲလက်ခံခြင်းဟာ တိုင်းပြည်အပေါ်စစ်ကျွန်ပြုမယ့် စစ်အုပ်စုရဲ့သဘောထားနဲ့ အတူတူပဲဖြစ်သွားပါလိမ့်မယ်။
စစ်အုပ်စုကအသိအမှတ်ပြုမှ ရပ်တည်ရတဲ့ အန်အယ်လ်ဒီဆိုတာထက် ပြည်သူတွေရင်ထဲက အန်အယ်လ်ဒီသာ ဖြစ်စေလိုပါတယ်။
ကိုမိုးကောင်း
၁၆၊ နိုဝင်ဘာ၊ ၂၀၁၁။
မြန်မာ နိုင်ငံ သို့  ကူးစက် လာနိုင်သည့် အမေရိကန် လူထု အုံကြွ မှု စတင်
 Story Unfold | LIVE
111117051001-occupy-day-of-action-buisnessman-story-top သမင်မွေးရင်း ကျားစား ရင်း ၊ ဖောင်စီးရင်း ရေငတ် ဖြစ်ရတဲ့ အမေရိကန် ပြည်သူ တွေဟာ
ဓနရှင် ? အရင်း ရှင် တွေ နဲ့  သူ တို့  ကို ကျောထောက် နောက် ခံ ပေးထား တဲ့ နိုင်ငံရေး သမား
တွေ ကို ဆန့် ကျင် ဖို့  အတွက် ဒီနေ့ မနက် အစော ပိုင်း က စပြီး နိုင်ငံ တ၀ှမ်း မှာ ဆန္ဒပြ ပွဲ တွေ
စတင် နေပြီ ဖြစ်ပါတယ်။
နယူးယောက် မြို့ တော် မှာ တော့ နာမည် ကျော်ငွေကြေး ဈေး ကွက်ဖြစ် တဲ့ ဝေါလ်စထရိ
လမ်းမ ကို ပိတ် ဆို့  ပြီး ဆန္ဒပြ ရာ မှာ ဆန္ဒပြ သူ အနည်း ဆုံး ၇၅ ဦး အဖမ်း ခံရ ပြီး OCW
ရဲ့  အဓိက ဘူမိနက်သန် ဖြစ် တဲ့ ဇူကိုတီ ပန်းခြံ ဆန္ဒပြသူ တွေ ကို မြို့ တော်ဝန် မိုက်ကယ်
ဘလွန်း ဘတ် ရဲ့  ပျူ စော ထီး တပ် က အကြမ်းဖက် တိုက် ခိုက် တယ် လို့  OCW ဖေ့ဘွတ်
စာ မျက် နှာ မှာ ဖော်ပြ ထား ပါတယ်။
မနေ့ က ဆီအာတလ် မှာ အသက် ၈၄ နှစ် အရွယ် ရှိ  ဆန္ဒပြ မှု မှာ ပါဝင် တဲ့ အငြိမ်းစား
ကျောင်း ဆရာ မ တစ်ဦး ကို ရဲတပ် ဖွဲ့  က ငရုတ် ကောင်း မှုန့်  မှုတ် ဆေး ဗူး တွေ နဲ့ 
ပက်ဖျန်း တိုက် ခိုက် ရာ မှာ ဆိုးဆိုးရွားရွား ဒဏ် ရာရရှိ ခဲ့ တဲ့ အတွက် ဆန္ဒပြ သူ တွေ
ပိုပြီး ဒေါသ ထွက် ခဲ့ ပါတယ်။
ငရုတ်ကောင်း မှုန့်  ဖြင့် မျက် စေ့ နှစ် လုံး စုံလုံး ကန်း တော့ မည် အထိ တိုက် ခိုက် ခံရသည့် အသက် ၈၄ နှစ် အရွယ် ကျောင်းဆရာမ
လောစ်ဇင်ဂျလိစ် နဲ့  ချီကာဂို မြို့ တွေ မှာ ဆန္ဒ ပြ မှု တွေ ပို အားကောင်းလာ ပြီး အချို့  နေရာ
တွေ မှာ တော့ ပို့ ဆောင် ဆက်သွယ်ရေး လိုင်း တွေ ပြတ်တောက် ကာ ရဲတပ် ဖွဲ့  က အကြမ်း
ဖက် ဖမ်း ဆီး မှု တွေ ရှိလာပါတယ်။
ဒီနေ့ မနက် အမေရိကန် တစ်လွှား က အုံကြွ မှု တွေ နဲ့  ပတ်သက် ပြီး ရန်ကုန် မြို့  က နာမည်
ကျော် ရုပ်ရှင် ဒါရိုက်တာ တစ်ဦးက ” အမေရိကန် မှာ ဖြစ်ရင် တော့ မြန်မာ ပြည်မှာ ဖြစ်ပြီ ပဲ
မြန်မာ တွေ က အမေရိကန် ဆို အရမ်း အား ကျတာ အမေရိကန် လုပ်တာ အကုန် လိုက် လုပ်
မှာ ပဲ ဟု FNG သို့  သုံးသပ် ပြောကြား ပါတယ်။
နောက်ဆုံး ရ သတင်း များ အရ အမေရိကန် တစ်လွှား က ကောလိပ် နဲ့  တက္ကသိုလ် ကျောင်းသား
တွေ ကလည်း ဆန္ဒပြ ပွဲ ကို ပူးပေါင်း လိုက်ပြီး ၊ LA မှာ တော့ အဓိက ကျ တဲ့ လမ်း ဆုံး ငါးခု
လောက် ကို ဆန္ဒ ပြ သူ တွေ က သိမ်းပိုက် ထား လိုက် ပြီ ဖြစ်ပါတယ်။
http://www.occupystream.com/
သဘောထားကွေ့ ကောက်သူများရဲ့ ဘိုးတော်ကြီး စာတွေဖတ်ပြီးရယ်နေသည် ။
ဘာဆက်လုပ်ကြမလဲ ?
CRPP ဆက်လက် ရပ်တည်ရေး မရေမရာ
ချင်းမိုင် (မဇ္ဈိမ) ။       ။ ကြားဖြတ်ရွေးကောက်ပွဲ နီးလာချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား များအကြား ပူးပေါင်းဆောင်ရွက်ရန် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အပေါ် အခြေခံ ဖွဲ့စည်းထားသည့် လွှတ်တော် ကိုယ်စားပြု ကော်မတီ-CRPP ဆက်လက် ရပ်တည်ရေးမှာ မရေမရာ ဖြစ်နေကြောင်း အဖွဲ့ဝင် တိုင်းရင်းသားပါတီ
ခေါင်းဆောင်များက ပြောသည်။
CRPP ကို နိုင်ငံရေးအရ ဦးဆောင်နေသည့် NLD ပါတီက နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပါတီမှတ်ပုံ ပြန်တင်မည်ဟု ဆုံးဖြတ်ပါက “CRPP ရဲ့ အနေအထားကလည်း ပုံစံပြောင်းရမယ့် သဘောရှိတယ်။” ဟု CRPP အဖွဲ့ဝင်တခု ဖြစ်
သော မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့မှ ဦးနိုင်ငွေသိန်းက ပြောသည်။
8 crpp members
၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အပေါ် အခြေခံ ဖွဲ့စည်းထားသည့် လွှတ်တော် ကိုယ်စားပြု ကော်မတီ-CRPP အဖွဲ့ဝင်များ
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ
အမတ်များဖြင့် လွှတ်တော် ခေါ်ယူနိုင်
ရေး ဟူသော ရည်ရွယ် ချက်နှင့် NLD
နှင့် ရှမ်း၊ မွန်၊ ရခိုင်၊ ဇိုမီး၊ ကိုးကန့် တိုင်းရင်းသားပါတီများ၊ တသီးပုဂ္ဂလ
အမတ်များဖြင့် CRPP ကို ၁၉၉၈ ခု စက်တင်ဘာတွင် ဖွဲ့စည်း ခဲ့သည်။
ဇိုမီး အမျိုးသား ကွန်ကရက်ပါတီ ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က CRPP ကို “တခြား
သင့်တော်တဲ့ နာမည် ယူပြီးတော့ ပြောင်း
ရင် ပြောင်းမယ်။ ဒီမဟာမိတ် အဖွဲ့တွေတော့ ဆက်ပြီးတော့ သွားမှာပါ။” ဟု ဆိုသည်။
နိုဝင်ဘာ ၁၅ ရက်နေ့က NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးနိုင်ငွေသိန်း၊ ဦးပူကျင့်ရှင်းထန်၊ ရှမ်း SNLD မှ ဦးစိုင်းရွှေကြူး၊ ရခိုင်ပါတီမှ ဦးအေးသာအောင်၊ CRPP အဖွဲ့ဝင် တသီးပုဂ္ဂလ ဦးသိန်းဖေနှင့် အမျိုးသား ဒီမိုကရေစီ ပါတီမှ ဦးစိုးဝင်းတို့ တွေ့ဆုံကြစဉ်ကလည်း CRPP သက်တမ်း ၁၃ နှစ် ကျော် အတွင်း မပြီးသေးသည့် လုပ်ငန်းများကို ဆက်လက် လက်တွဲကြိုးစားသွားရန် သဘောထားပေးကြသည်။
“မှတ်ပုံတင်တဲ့ပါတီ ရှိကောင်းရှိမယ်၊ နောက်ကျမှတင်တဲ့ ပါတီလည်းရှိမယ်။ မတင်တဲ့ ပါတီတွေလည်း ရှိမယ်။
နိုင်ငံရေး ရည်မှန်းချက်က အတူတူပဲလေ။ ပြည်တွင်းစစ်ရပ်ဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ဖို့၊ စစ်မှန်တဲ့
ပြည်ထောင်စု ဖော်ဆောင်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးဆိုတာ တူတယ်။” ဟု ဦးအေးသာအောင်က ပြောသည်။
CRPP ကို အမည်အသစ်ဖြင့် ပြန်လည်စုဖွဲ့မှုတခု လုပ်ရတော့မည်ကို တိုင်းရင်းသား ခေါင်းဆောင်များက တညီတည်း သဘောတူကြသော်လည်း တိကျသည့် အဖြေကိုမူ ပြောဆိုနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေကြသည်။
ကိုးကန့်ပါတီက မပါတော့သဖြင့် တိုင်းရင်းသားသီးသန့် ပါတီ ၁၁ ဖွဲ့သာ ကျန်တော့သည့် စည်းလုံးညီညွှတ်သော တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့ United Nationalities Alliance (UNA) နှင့် NLD ပူးပေါင်း လူပ်ရှားနိုင်မည့် နည်းလမ်းကို ရှာဖွေရန် ဦးနိုင်ငွေသိန်းက စိတ်ကူးရှိနေသည်။ UNA ၌ CRPP အဖွဲ့ဝင်ပါတီ လေးခု ပါဝင်သည်။
“UNA နဲ့ NLD ပူးပေါင်းဆောင်ရွက်ဖို့ ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတာ ကျနော်တို့ ပြန်ကြည့်ရမယ်လို့။ CRPP ကလည်း အခြေအနေ မပေးတော့ဘူး ဖြစ်သွားရင် အဲဒါ ပြန်ပူးပေါင်း ဖွဲ့စည်းရေးပေါ့။ စဉ်းစားထားတာ။” ဟု ဦးနိုင်ငွေသိန်းက ပြောသည်။
UNA ကို ၁၉၉ဝ ခုတွင် ဒုတိယ မဲအများဆုံးရသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က ဦးဆောင် ခဲ့သည်။ သို့သော် ပါတီ ဥက္ကဋ္ဌ ခွန်ထွန်းဦးနှင့် အတွင်းရေးမှူး စိုင်းညွန့်လွင်တို့ အကျဉ်းကျနေရာမှ ပြန်လွတ်လာမှသာ SNLD က မှတ်ပုံပြန်တင်၊ မတင် ဆွေးနွေးမှာ ဖြစ်သည်။
ဦးပူကျင့်ရှင်းထန်ကမူ “UNA က ဒီခေါင်းဆောင်တွေ မရှိဘဲနဲ့၊ သူတို့ လိုအင်ဆန္ဒကို မသိဘဲနဲ့ ကျန်တဲ့ လူတွေကို
ပြောဖို့က မသင့်တော်သေးဘူး ထင်လို့။ အစိုးရ တာဝန်ရှိ လူတွေရဲ့ စကားအရဆို နှစ်မကုန်ခင် လွတ်မယ့် သဘော ရှိနေတယ်။” ဟု ပြောသည်။
UNA ပါတီဝင်များမှာ ကျန်ပါတီများမှာ ၁၉၉၂ ခုနှစ်တွင် မှတ်ပုံတင် ပြန်ရုပ်သိမ်းခြင်း၊ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက် ပွဲ အတွက် ပါတီမှတ်ပုံ ပြန်မတင်ခြင်းတို့ကြောင့် တရားမဝင်ဘဲ ဖြစ်နေသည်။
တိုင်းရင်းသားပါတီ အားလုံးသည် ပါတီမှတ်ပုံမတင်ထားသဖြင့် နိုင်ငံရေး လုပ်ငန်းများကို တရားဝင် လှုပ်ရှားနိုင်ရေး အတွက် အခက်အခဲဖြစ်နေသဖြင့် ပါတီကြီးများ ဖြစ်သည့် NLD နှင့် SNLD တို့၏ အခြေအနေကို စောင့်ကြည့်နေကြ
ကြောင်း ဦးပူကျင့်ရှင်းထန်က ပြောသည်။
ထို့ပြင် ရွေးကောက်ပွဲ ဥပဒေအရ မှတ်ပုံတင်ပါက အနည်းဆုံး သုံး နေရာဝင်ပြိုင်ရမည် ဖြစ်သော်လည်း လစ်လပ်
နေရာ ၄၈ နေရာတွင် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များ မပါဝင်သဖြင့် ဇိုမီးပါတီနှင့် ရခိုင်ပါတီတို့ အခက်တွေ့
နေကြောင်း သူက ဆိုသည်။
crpptable
ပြည်သူလူထုသို့ ဒေါ်အောင်ဆန်းစုကြည် ပြော ကြား
ပြည်သူတွေအတွက်အကောင်းဆုံးလုပ်ပေးမည့်အစိုးရသည် ပြည်သူတွေ၏ သြဇာအာဏာအောက်တွင်ရှိသည့်အစိုးရပဲဖြစ်ကြောင်း ပြည်သူလူထုသို့ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီကျော်က ပြောကြားခဲ့သည်။ 
ကိုမင်းကိုနိုင်ကို ရန်ကုန်ရွှေ့
ကြာသပတေး, 17 နိုဝင်ဘာ 2011
ရှမ်းပြည်နယ်၊ ကျိုင်းတုံထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ဒီကနေ့ နေ့ခင်းက ကျိုင်းတုံကနေ ရန်ကုန်မြို့ကို လေယာဉ်နဲ့ ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။
အစုံဘဲလေ ဘိန်းရောင်းသူလဲပါတယ် ( ၂ )
ကလေးထောင်မှ အရှင်ဂမ္ဘီရကို အင်းစိန်ထောင်ပြောင်းဟု မိခင်ပြော
မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၆ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၂ မိနစ်
ပေါ်မှာစိုးလို့ ဖုံးထားတယ်
အမြင်ကောင်းရုံလေးပါ
ဗုဒ္ဓဟူး, 16 နိုဝင်ဘာ 2011
FREE BURMA FEDERATION
ထုတ်ပြန်ကြေညာချက် (ဒီမှာကုတ်ပါ)
ပါတီမှတ်ပုံတင်သင့်/မတင်သင့်ကိစ္စနှင့်ပတ်သက်၍
ပါတီမှတ်ပုံတင်သင့်/မတင်သင့်ကိစ္စနှင့်ပတ်သက်၍ အလေးထားကြရမည့်
 NLD ဆုံးဖြတ်ချက်၊ ဝေဖန်ထောက်ပြချက်နှင့်
လမ်းညွှန်မှာကြားချက်များ
ကောင်ကလေး မတ်တပ်ရပ်သင်နေပြီ
မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗီယက်နမ်နိုင်ငံ ၀န်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေး
2011-11-15
ချန်မထားနဲ့  ဒို့ လဲပါတယ် ဖုရားသားဆိုတာ အမှန်ကို ကိုးကွယ်တယ် ။
အင်္ဂါ, 15 နိုဝင်ဘာ 2011
အဆိုး​ဆုံး​လည်း​ ရင်ဆိုင်သွား​ဖို့​အသင့်​ပါပဲ (ဆန္ဒပြသံဃာ​တော်တပါး​နှင့်​ ​မေး​မြန်း​ချက်)
နောက်မဆုတ်တတ်တဲ့ ပြည့်သူ့  ဖုန်းဖုန်း
လာတော့မယ် နောက်တယောက်
ဒိလိုမျိုးဖြစ်မှာကြောက်ရင်
ဒါတွေကို ချက်ချင်းပေး
၁။ မြန်မာပြည်အမြန်ငြိမ်းချမ်းပါစေ (Peace Here Right Now)
၂။ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ် (Free All Political Prisoners)
၃။ လွတ်လပ်မှုကိုပေးပါ (We Want Freedom)
၎။ ပြည်တွင်းစစ် ချက်ချင်းရပ် (Stop Civil War Now)
ဒီကိစ္စ ခွင့်ပြုချက်ယူစရာလည်းမလို ခွင့်တောင်းစရာလည်းမလိုဘူး ပြည်သူပါရင်ပြီးတယ်
ဒီကနေ့  ဒီအချိန် ဒီအခါ မှာ ဒီလိုဆန္ဒပြတာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ် ။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း တနှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲ(အသံဖိုင်)
0 Comments - 15 Nov 2011
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း အသံဖိုင် သတင်းစာဆရာများရဲ့ မေးမြန်းမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ဖြေကြားမှု အသံဖိုင်http://burmatoday.net...
More Link
ငလျင်ဘေးကူညီကြတဲ့ ဗမာတွေရဲ့ စိတ်ဓါတ်
0 Comments - 15 Nov 2011
ဂျပန်ရောက် မြန်မာနိုင်ငံသားများ စုပေါင်းပြီး ဆူနာမီ ငလျင်ဘေးသင့်ဒေသတွင် အကြီးမားဆုံး ပျက်စီးဆုံးရှုံးခဲ့သောMIYAKI ခရိုင်၊ yamaku chi မြို့ များမှာလုပ်အားပေး အပါအဝင် ၊ အဲ့ဒီဒေသက ဒုက္ခသည်တွေကလူသားချင်းစာနာထောက်ထားပြီး မြင့်မြတ်သောစိတ်ထားဖြင့် ကုသိုလ်သွားပြုကာ အားလုံးပေါင်း 28 ယောက်လိုက်ပါခဲ့ကြပါတယ်။မြန်မာ့ဒီမိုကရေစီ အဖွဲ့ အစည်း အသီးသီးမှ လုပ်အားပေး လိုစိတ်ဖြင့်ပူးပေါင်း စီစဉ်ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်.။ မြန်မာ့အရေးကို ထောက်ပံ့ကူညီနေသော ဂျပန်လူမ...
More
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၆၊ ၂၀၁၁
ဆန္ဒပြသံဃာတော် ငါးပါး မစိုးရိမ်တိုက်ဟောင်းကျောင်းကို ရောက်ရှိ
ငါးပါးတင်မက သံဃာအကုန်မှောက်ကြမည့် နောက်ဆုံးတိုက်ပွဲ
ပြည်သူစိတ်မချမ်းသာ သံဃာမနေသာ
အင်္ဂါ, 15 နိုဝင်ဘာ 2011
သံဃာတော်တွေဆန္ဒပြရာ လူရာဂဏန်းရှိတဲ့သူတွေ စုဝေး
အပြောင်းအလဲတွေရှိပေမဲ့ နိုင်ငံရေးတိုးတက်အောင်လုပ်ဖို့ ဒေါ်စုတိုက်တွန်း
တနင်္လာ, 14 နိုဝင်ဘာ 2011
အကျိုးမရှိရင် ကြိုးညှိမနေနဲ့ ကွာ
နိုင်ငံရေးအကျဉ်းသား (ကိုမင်းကိုနိုင် ၊ ကိုကိုကြီး ၊ အရှင်ဂဏ္ဘီရ အစရှိသည် ဖြင့် - - -  )တွေလွှတ်ပေးမလားလို့  အခုစောင့်ကြည့်နေတယ် ။ မပေါ်လာဘူး ။ ည နှစ်နာရီခွဲ သုံးနာရီလောက် တခါ ကွန်ပြူတာဖွင့်ပြီး ထကြည့်မိပြန်တယ် ။ မပေါ်လာသေးဘူး ။ မနက်လင်းတော့ မျက်နှာတောင်မသစ်ရသေးဘူး ကြည့်မိပြန်တယ် ။ စိတ်ပျက်တာဘဲ အဖတ်တင်တယ် ။ ကိုယ့်ခေါင်းကို ပြန်ခေါက်မိတယ် ။ (ကျနော့် (တို့ ) နောက်မှနေ ကြိတ်ရယ်နေသူတွေဘယ်နှစ်ယောက်လောက်များရှိနေမလဲမသိ) ဘာထူးခြားသလဲ ။ ဘာမှမထူး ။ ဒါဆို ဘာလို့ ဒီသတင်း သတင်းဌာနတွေမှာပါ လာလဲ ။ ကျနော်ကရော ဘာလို့ ဒီလောက် အားတက်သရော စောင့်မျှော်နေရသလဲ ။ အဖြေရှိတယ် ငြင်းမရတဲ့ အဖြေ ။ ကျနော်တို့ မှာ အကောင်းမြင် ဝါဒရှိတယ် ။ ကောင်းလားနိုး မျှော်လင့်ချက်ရှိနေကြတယ် ။ ဒါပေသိ ဒီအမြင် ၊ ဒ်ီအတွေးအခေါ် တွေကို အမြဲလို ဖျက်ဆီးခံနေရတာက သူတို့ ကြောင့် ၊ ကြံဖွတ်စစ်အစိုးရကြောင့် ။ အမြဲလိုလဲ လိမ် တယ် ၊ လူထု ထင်ယောင်ထင်မှားဖြစ်အောင် လဲလုပ်လေ့လုပ်ထရှိတယ် ။ သူတို့ ဖြစ်ချင်တာ ၊ လုပ်ချင်တာ ပြည်သူ့ အကျိုးမပါရင်နေပါစေ သူတို့  နေရာမပျက်ရင်ပြီးရော နာမည်ပျက်ချင်ပျက်ပါစေ ဇွတ်လုပ် လေ့လုပ်ထရှိပါတယ် ။ ယခုလဲ လူကြီးလူကောင်းမဆန်တဲ့ လုပ်ရပ် “နိုင်ငံရေးအကျဉ်းသားနဲ့  NLD မှတ်ပုံတင်ရေး အလဲအလှယ်လုပ်ဖို “့ ။ တနှစ်တင်းတင်းပြည့်ပြီးပါပြီ ။ မြန်မာပြည်သူတို့  အကောင်းဆုံးကို မျှော်လင်ပြီး အဆိုးဆုံးဘဝအချေအနေမှ အမြန်ဆုံးကင်းဝေးကြပါစေ ။
ချောကလက်၏ လူသိမများသေးသော ကျန်းမာရေး အကျိုးကျေးဇူး
ချောကလက်မှာ Phenols လို့ခေါ်တဲ့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပေါကြွယ်ဝစွာ ပါဝင်နေပါတယ်။
WITH OR WITHOUT YOU ( U2)
ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ရပ်ဆိုင်းဖို့ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်း
2011-11-13
မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းဖို့အတွက် နိုင်ငံရေး ပါတီ အသီးသီးမှာ ပါဝင်ဆောင်ရွက်နေ တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက Vision of Peace ဆိုတဲ့ ငြိမ်းချမ်းရေးအဖွဲ့တဖွဲ့ကို မနေ့က ဖွဲ့စည်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုဝန်းရံပေးပါ
စနေနေ့၊ နိုဝင်ဘာလ ၁၂၊ ၂၀၁၁
-( မောင်မောင်ဝမ်း)
အလှအပခံစားတတ်တဲ့ ကိုပေါ်
စနေနေ့၊ နိုဝင်ဘာလ ၁၂၊ ၂၀၁၁
(မောင်ဝံသ)
ဒီနေ့ ၁၂ နိုဝင်ဘာ ၂၀၁၁ စနေနေ့။ ၁၂ ၁၁ ၁၁။
အစာငတ်ခံ ဆန္ဒပြ နိုင်ငံရေး အကျဉ်းသား ၂ ဦး ဆေးရုံတင်ထားရ
2011-11-12
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အင်းစိန် အကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသား တွေထဲက ၂ ဦးကို ဆေးရုံတင်ထား
NLD ရွေးကောက်ပွဲဝင်ရေးအပေါ် ဦးဝင်းတင်အမြင်
စနေ, 12 နိုဝင်ဘာ 2011
လက်နက်ကိုင်များနှင့် တွေ့ဆုံရန် NLD ဆန္ဒရှိသော်လည်း အခက်တွေ့
ကိုပေါက် | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၁ မိနစ်
အိမ်ဦးခန်းကဖုရားစင်
အခုတလော လမ်းလျှောက်ရတာ ဖိနပ်ထဲ ခဲဝင်နေသလိုမျိုး ခိုးလို့ ခုလုနဲ့ ၊ ရာသီဥတုအပြောင်းအလွဲကြောင့်လာ ဇရာဘဲထောင်းလာလို့ လား၊ အမြင်တွေတောင် အနီးအဝေး မမှန်ချင်တော့ဘူး။
ကြာခဲ့ပါပြီ- - - -
ကချင်ပြီးတော့ ထားဝယ်ကရင်လာမယ်နော်
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်းရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၄) ထိန်းချုပ် ဒေသကို မြန်မာ အစိုးရက တပ်အင်အားများစွာတိုးချဲ့ထားသည်။
ပြန်မလှည့်တော့ဘူး - ခင်မောင်တိုး
ကျုံးသွင်းခံရသော ဆင်ကြီးတကောင်
NLD မှတ်ပုံတင်ရေး တိုင်းနဲ့ ပြည်နယ်အမြင်
ကြာသပတေး, 10 နိုဝင်ဘာ 2011
တောင်ကြီးအလွမ်း
တန်ဆောင်မုန်းလကို ရောက်ရင် အဝေးမှာ ရောက်နေကြတဲ့ တောင်ကြီးသူ၊ တောင်ကြီးသားတွေရဲ့
စောပါသေးတယ် လို့ ဆိုနေ -
မြန်မာကို ဥက္ကဋ္ဌနေရာပေးဖို့ စောသေးတယ်လို့ AIPMC ပြောကြား
2011-11-08
မြန်မာကို အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ နေရာပေးရေး ဆုံးဖြတ်ချက်ကို အချိန်ယူဖို့ မြန်မာ့အရေး ဆောင်ရွက် နေတဲ့ အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့ AIPMC က ပြောပါတယ်။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သို့ - (အလျှင်အမြန်)
Sunday, November 6, 2011
  ရဲဘော်မျိုးထွဋ် (ကိုကိုးကျွန်းပြန်) ပြည်သူ့ရဲဘော်ခေါင်းဆောင်ဟောင်း
ယနေ့ကာလ အပစ်အခတ် ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် မကဒတ ၏ သဘောထား
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး
(ကျောင်းသားတပ်မတော်)
မြန်မာသံအမတ်ကြီးရဲ့နောက်ကြောင်း စုံစမ်းပေးဖို့ တောင်အာဖရိက အတိုက်အခံအဖွဲ့ တောင်းဆို
2011-11-08
တောင်အာဖရိက နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအသစ် ဗိုလ်မှူးချုပ်ဟောင်း မြင့်နောင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု နောက်ကြောင်းတွေ စုံစမ်းဖော်ထုတ်ပေးဖို့
ပါတီမှတ်ပုံတင်ရေး NLD နဲ့ တိုင်းရင်းသားတွေ ဆွေးနွေးမည်
 အင်္ဂါ, 08 နိုဝင်ဘာ 2011
၈၈ သံပုရာသီး ၊ မုန့် ဟင်းခါး နှင့် ၁၁ ကြားဖြတ် ရွေးကောက်ပွဲ
အစာလည်းဆေး ဆေးလဲအစာ
ကန်စွန်းပင် နှင့် တိုင်းရင်းဆေး
ဒါတွေလဲကျန်နေသေးတယ် - - -
မြန်မာနိုင်ငံမှာ နိုင်ငံရေး တိုးတက်ဖို့ EU မျှော်လင့်
 တနင်္လာ, 07 နိုဝင်ဘာ 2011
Myanmar pro-democracy leader Aung San Suu Kyi, center, chats with European Union Ambassador to Myanmar David Lipman, left, and Myanmar President's Economic Adviser U Myint during a workshop on the dev
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသံတမန် (၀ဲ)၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (လယ်) နဲ့ မြန်မာသမ္မတ စီးပွားရေးအကြံပေး ဦးမြင့် တို့ ဘဏ္ဍာငွေကြေးပိုင်း ပြုပြင်ပြောင်းလဲရေးနဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်နေကြစဉ် (နိုဝင်ဘာလ ၇၊ ၂၀၁၁)
ကိုနေဖုန်လတ်
အရေးကြီး နိုင်ငံရေးအကျဉ်းသားများ အမြန်လွတ်စေလိုကြောင်း နေဘုန်းလတ် ပြော
အမေရိကန်အဆင့်မြင့်အရာရှိ ၂ ဦးရဲ့ မြန်မာပြည်ခရီး
 စနေ, 05 နိုဝင်ဘာ 2011
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရသစ်ရဲ့ခေါင်းဆောင်တွေ၊ မြန်မာစစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေနဲ့ အပြုသဘောဆောင် ဆွေးနွေးမှုတွေ ကျင်းပနိုင်ခဲ့တယ်လို့
GET UP STAND UP
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုသည် အကျိုးရှိကြောင်း အမေရိကန်သံအဖွဲပြော
Published on November 4, 2011 by ရွှေအောင်
နှစ်ဘက်တွေ့ဆုံဆွေးနွေးမှုတွေဟာ အကျိုးရှိတဲ့ အကြောင်းနဲ့ ​ရှေ့ဆက်ပြီး​ ​တွေ့ဆုံ​ 
၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ဖျောက်ဖျက်မရနိုင်
၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ဖျောက်ဖျက်မရနိုင်လို့ ပြည်ထောင်စုလွှတ်တော် နာယကပြော
ထောင်တွင်း အစာငတ်ခံဆန္ဒပြမှု မဖြေရှင်းပေးသည့်အတွက် လူ့အခွင့်အရေး ကော်မရှင်ကို တိုင်မည်
Friday, November 4, 2011
အင်းစိန်ထောင်မှာ နာရီပေါင်း ၂၀၀ ကျော်ကြာအောင် အစာငတ်ခံ ဆန္ဒပြနေတဲ့
အမေရိကန်တွေလာရောက်မှု အစိုးရဘက်က အကောင်းမြင်
 ကြာသပတေး, 03 နိုဝင်ဘာ 2011
မြစ်ဆုံရေကာတာ ရပ်ဆိုင်းပြီးနောက် ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းအရှိန်မြှင့်လုပ်ဆောင်လာ
: Speed up Kyaukphyu-Kunming pipe line projet
(Yangon PressInternational )
ငါတို့ရွာက အဖွါးအိုရဲ့ဆန္ဒ
Wednesday, November 2, 2011
သွေးခွဲအုပ်ချုပ်နေပါတယ်
တိုင်းရင်းသားတွေကို ခွဲခြား ဆက်ဆံနေတယ်လို့ ENC စွပ်စွဲ
အင်းစိန်းထောင်က အစာငတ်ခံဆန္ဒပြသူ အများစု ဆက်ပြီး ဆန္ဒပြနေဆဲ
2011-11-02
အင်းစိန်ထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူ ၁၅ ဦး အနက် ၂ ဦးက သပိတ်လှန်လိုက်ပြီး ကျန်ဆန္ဒပြသူတွေက ဆက်ပြီး သပိတ် တိုက်ပွဲဝင်နေတယ်လို့ သတင်းရပါတယ်။
မြန်မာမှတ်တမ်းတင် ရုပ်ရှင်သစ် နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြမည်
အင်္ဂါ, 01 နိုဝင်ဘာ 2011
ရေဘေးအကူအညီတွေ လိုအပ်နေဆဲ
2011-11-01
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်က မြန်မာနိုင်ငံ အထက်ပိုင်း မကွေးတိုင်း ပခုက္ကူ ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ ရေဘေးအတွက် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ အင်နဲ့ အားနဲ့ ဆောင်ရွက်နေပေမဲ့ အကူအညီ မရောက်နိုင်သေးတဲ့ နေရာတွေလည်း အများကြီး ရှိသေးတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက် နေသူတွေက ပြောပါတယ်။
သရက်ထောင်အတွင်း မတရား ရိုက်နှက်မှုများ ရှိနေခြင်းသည် ထောင်အာဏာပိုင်များ၏ အဓမ္မဆောင်ရွက်မှုများ ဖြစ်သည်
Torture in Tha Yet Prison
အစာငတ်ခံဆန္ဒပြခြင်း
" ဒီနေ့တနေ့လုံး အစာငတ်ခံ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ငါစဉ်းစားနေခဲ့တယ်။ လူအများက ခန္ဓာကိုယ် အကြောင်းကို အပြောများကြတယ်။ ဒါပေမယ့် မယုံကြည်ကြဘူး "
ဘော်ဘီဆဲင်ဒ် (၁၉၈၁ ခုနှစ်)
NLD
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် သတင်းစာရှင်းလင်းပွဲ ဖိတ်ကြားလွှာ