မိမိခံယူချက်ဖြစ်တဲ့ ရည်ရွယ်ရာလမ်း ရည်ရွယ်ရာပန်းတိုင်ဆီသို့ လျှောက်လှမ်းကြတဲ့အခါဝယ်
by Ko Baloi on Saturday, December 3, 2011 at 2:43pm
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ၉၂ နှစ်ပြည့်မွေးနေ့မှာ မြန်မာ့ဒီမိုကရေစီရေး ဆုတောင်းပေး
Published on December 3, 2011 by ပီတာအောင်
တိုင်းရင်းသားတွေ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းပြီ
2011-12-03
ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC က ပြည်ထောင်စု တပ်မတော်တရပ် ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။အစိုးရနှင့် ရှမ်း (တောင်) တို့ အပစ်ခတ်ရပ် လက်မှတ်ထိုး
ကျော်ခ | သောကြာနေ့၊ ဒီဇင်ဘာလ ၀၂ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၇ မိနစ်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီးကလင်တန် ပူးတွဲသတင်းစာရှင်းလင်းပွဲ
သောကြာ, 02 ဒီဇင်ဘာ 2011
By မစုမြတ်မွန်
အမေရိကန်သမ္မတအိုဘားမား(Barack Obama) မှ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့သောစာ
Secretary of State Hillary Clinton personally delivered a letter from President Barack Obama to Myanmar's leading democracy campaigner Aung San Suu Kyi Thursday. Here is the letter in full as released by the State Department:
Aung San Suu Kyi
Rangoon, Burma
Daw Aung San Suu Kyi:
It was a pleasure and an honor to speak with you recently. As I said during our conversation, I have long admired your brave and unwavering struggle for democracy, and I consider our conversation a highlight of my recent visit to Asia.
I am pleased that the Burmese government has taken several encouraging steps in the direction of democracy and reform. Secretary of State Clinton's visit will explore how the United States can support efforts to foster political opening and respect for universal human rights, as well as demonstrate the seriousness of our commitment to helping the people of Burma achieve their democratic aspirations.
I thank you for your welcome of the Secretary's visit, and look forward to speaking to you again. Thank you for the inspiration you provide all of us around the world who share the values of democracy, human rights, and justice. We stand by you now and always.
Sincerely,
Barack Obama
(ဒေါင်းမာန်ဟုန်မှကူးယူသည်)

အမေရိကန်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ နောက်ကြောင်းကို မပြန်နိုင်တော့ပါဘူး - လို့ ဆိုဘဲဟ
Published on November 30, 2011 by နေသွင်
ရွေးကောက်ပွဲတွင် ကျောင်းသားအုပ်စုအတွက် ၅ နေရာသတ်မှတ်ပေးမည်
Published on November 29, 2011 by ရွှေအောင်
အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်တဲ့အခါ ကျောင်းသား ကိုယ်စားလှယ်ငါးဦးအတွက် မဲဆန္ဒနယ် ၅ နေရာပေးဖို့ လျာထားတယ်လို့ သိရပါတယ်။
ကိုမောင်မောင်စိုးကွယ်လွန်
ကိုမောင်မောင်စိုး (တပ်ရင်း-၂၁၀ စောထစခန်း-A.B.S.D.F) သည်
ယမန်နေ့ည(၁၀း၀၀)နာရီတွင် fort Wayne (Indiana) ၌ bronchitis အဆုပ်ရောဂါဖြင့်ကွယ်လွန်သွားပါကြောင်း ၀မ်းနည်းကြေကွဲစွာဖြင့် ရဲဘော်အပေါင်းတို့ အား အကြောင်းကြားအပ်ပါသည်။
“ကိုမောင်မောင်စိုး ကောင်းရာသုဂတိလားပါစေ။”
(We Fight We Win မှယူပါတယ်)
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ သမိုင်းတွင် ခရီးစဉ်
ကိုဝိုင်း | အင်္ဂါနေ့၊ နိုဝင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၁၆ မိနစ်
ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမား ဒေါ်အောင်ဆန်းစုကြည်
ဝါရှင်တန်အခြေစိုက် Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမား ၁၀၀ ရွေးချယ်ရာတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်း ဖော်ပြလိုက်သည်။
မြန်မာပြည်က အနုပညာရှင်များ လွတ်လပ်စွာထုတ်ဖေါ်ပြသခွင့် မရှိကြောင်း The Independent မှာ ဝေဖန်
အင်္ဂါနေ့၊ နိုဝင်ဘာလ ၂၉၊ ၂၀၁၁
ဆီးချို ရောဂါရှင်များ ကိုလက်စထရော ကျစေရန်
ဆီးချိုရောဂါ ရှိသူများတွင် သွေးကြောတွင်း သကြားဓာတ်နှင့် အဆီဓာတ် (ကိုလက်စရော) ပမာဏ မြင့်တက် နေတတ်ကြ သည်။
သွေးတွင်း ကိုလက်စရော မြင့်မားခြင်းသည် သွေးတိုးရောဂါနှင့် နှလုံးသွေးကြော ကျဉ်း ရောဂါများ နှင့် ဆက် စပ်နေ၍ ဆီးချိုဝေဒနာရှင်များတွင် ဤရောဂါများကို ကာကွယ်ရန် လွယ်ကူသော ကိုလက်စရော ချပေးနိုင်သည့် အစား အစာ အချို့ကို ဖော်ပြလိုက်ပါသည်။
အုတ် (Oat)
၎င်းသည် ကိုယ်တွင်း အဆီဓာတ်ကို စုပ်ယူနိုင်သည်။ အာဟာရလည်း ကြွယ်ဝသည်။
သစ်ကြားသီး
၎င်းတွင် Vitamin E ကြွယ်ဝ၍ ခန္ဓာကိုယ်ကို ဥပါဒ်ပေးနိုင်သောအဆီ ဓာတ်ကို ထုတ်လုပ်ခြင်းမှ ဟန့်တားနိုင် သည်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူသည် အသည်းမှ အဆီထုတ်လုပ်မှုကို လျှော့ကျစေသည်။ အမျှဓာတ် အသီးအရွက် များများ စားခြင်းဖြင့် အူလမ်းကြောင်းတစ်လျှောက် အဆီစုပ်ယူ မှုကို လျှော့ကျစေသည်။
ပန်းသီး
ပန်းသီးအခွံတွင် ပါဝင်သော ဓာတုဗေဒဒြပ်တစ်မျိုးသည် သွေးကြော နံရံအတွင်းအဆီစုပုံခြင်းမှ ကာကွယ်နိုင် သောကြောင့် သွေးကြောကျဉ်းခြင်းကို လျှော့ကျစေသည်။
ပဲအမျိုးမျိုး
ပဲတွင် ပျော်ဝင် စုတ်ယူနိုင်သော အမျှင်ဓာတ် ပါရှိ၍ ၄င်းက အသည်းတွင်း အဆီဓာတ် ထုတ်လုပ်မှုကို ဟန့်တားနိုင် သည်။ ပဲပိစပ် ၄င်းသည် သွေးတွင်း ကိုလက် စရော ပမာဏကို ချေဖျက်နိုင်စွမ်းရှိသည်။
အာဏာရှင် သတ်မှတ်တဲ့ ဆူပူမှု့ 
Aung Htun
88 အာဏာသိမ်း စစ်ခေါင်းဆောင် စောမောင် ကနေစ တွက်ယင် ၂၃ နှစ် လုံးလုံး စစ်ကောင်စီရဲ့  စစ်အုပ်ချုပ်ရေး အောက်မှာပဲ ပိပြားဝတ်တွား ခစားခဲ့ရတဲ့  အခြေအနေတွေ နဲ့  ရပ်တည်ခဲ့ ရတယ်လို ဆိုယင်မှားမည် မထင်ပါ။ စစ်ကောင်စီ ဆိုတဲ့  နေရာမှာ သမတ တို့  ပါလီမာန်တို့  ဆိုတဲ အခေါ်အဝေါ်ပြောင်းလဲမှု့ ကိုလိုချင်လာတဲ့  အတွက် လုပ်ဆောင်ရမဲ့  အချက်အလက်တွေ ကို အန်ဝင်ဂွင်ကျ လိုက်လုပ်ယင်းမှ ပါလာတဲ့  အထိုက်အလျှောက် လွတ်လပ်ခွင့် ကို ခံစားခွင့်ရတဲ့  နိုင်ငံသားများနည်းတူ ပျော်ရွှင်ရပါသည်။ သို့ သော်လည်း အေးချမ်းသာယာသည့်  ဘ၀ တခုအတွက် အာမာ့ခံချက် မရှိသည့်  စစ်အာဏာရှင် ကြိုးကိုင် ဟန်ပြ ဒီမိုကရေစီစနစ်အောက် မှ လွတ်လပ်ရေး ရပြီဟု အော်နေလိုတော့  မပြီးပါ " အေးချမ်းမှု့ မရှိ၍ အေးချမ်းမှု့ ကို အေးချမ်းသောနည်းဖြင့် တောင်းခံခြင်းကို ဆူပူသည်" ဟု အယူရှိနေသော အာဏာရှင်များကို ဆက်လက်တော်လှန်နေရမည် မှာ သမိုင်းတာဝန်တရပ်ပင်ဖြစ်သည်။
အရှုံးတွေ ထွေးပွေ့ အမုန်းတရားတွေ တိုးဆင့်နေတဲ့ အကျိုးမဲ့နေသော မြန်မာနိုင်ငံ ပြည်တွင်းစစ်
by Ko Baloi on Saturday, November 26, 2011 at 4:45am
Depression (စိတ်ကျရောဂါ)
ပြောရမလားတော့မသိဘူး။တက်သစ်စ လူငယ်တွေမှာ တစ်ခုခုဆို "ငါတော့ Depression ၀င်နေပြီထင်တယ်ကွာ"" စိတ်ညစ်လိုက်တာ...” "ငါကဘာမှအသုံးမကျတဲ့လူပါ..သေတာမှကောင်းဦးမယ်" စတဲ့စကားတွေက အတော်ပဲ ရေပန်းစားလာပါတယ်။ ပါးစပ်က ပြောရုံပြောရင်တော့ ပြဿနာမရှိဘူးပေါ့ဗျာ။
အဓိက ပြဿနာကတော့ စိတ်ညစ်စိတ်ပျက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်ဖို့မကြိုးစားတော့ပဲ မလုပ်သင့်တာတွေ လုပ်မိတဲ့အခါပါပဲ။ လူငယ်ဆိုတဲ့အသက်အရွယ်မှာ ကိုယ်စိတ်ထင်တာ ဖြစ်ချင်တာကို တဇွတ်ထိုးလုပ်တတ်တဲ့ ဥာဉ်လေးတွေရှိနေတတ်တော့ စိတ်ညစ်လာတဲ့အခါ မလုပ်သင့်တာတွေလုပ်မိရင်း မလိုလားအပ်တဲ့ အကျိုးဆက်တွေဖြစ်လာတတ်ပါတယ်။
ဒီလို ပြောနေလို့ ကျွန်တော်က လူကြီးလားဆိုတော့ မဟုတ်ပါဘူး ..ကျွန်တော်ကိုယ်တိုင်လဲ ဒီလူငယ်တွေထဲက လူငယ်တစ်ယောက်ပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ညစ်စရာတွေ စိတ်ပျက်စရာတွေကြောင့် တဇွတ်ထိုးလုပ်မိရင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာတွေကိုမြင်မိတဲ့အခါ ..လူငယ်အချင်းချင်းတကယ်ကိုနှမျောမိပါတယ်၊ အခိုက်အတန့်ခဏလေးမှာ ပေါ်လာတဲ့ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ ကိုယ့်စိတ်ညစ်တာတွေ အဆုံးသတ်သွားမယ်ဆိုပြီး ဘ၀ကိုအဆုံးသတ်သွားတာတွေတွေ့ရင် ခံစားရတဲ့လူက သူ့ခံစားချက်နဲ့သူဆိုပေမယ့် ကိုယ့်အနေနဲ့ကမဖြစ်သင့်ဘူးဆိုပြီး ရင်လဲနာမိတယ်၊ဒေါသလဲထွက်မိတယ်ပေါ့ဗျာ။ ဒါနဲ့ဒီစာလေးကို ရေးဖြစ်သွားတာပါ။
လူတွေကို ဒုက္ခပေးလေ့ရှိတဲ့ စိတ်ကျရောဂါ (သို့) Depression
စိတ်ကျရောဂါဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ နှစ်ခုစလုံးပါဝင်ပတ်သတ်နေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ စိတ်ကျရောဂါ (Depression) တစ်ခုထဲကတင် တခြားသော စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြသနာ အတော်များများကိုဖြစ်စေနိုင်ပါတယ်။ စိတ်ကျရောဂါ (Depression) ကြောင့် ကိုယ်ရဲ့ လုပ်နေကျ လုပ်ငန်းဆောင်တာတွေမှာ နှောင့်နှေးမှုတွေဖြစ်လာတတ်တယ်၊ အရမ်းဆိုးလာတဲ့အခါမျိုးမှာ လောကမှာ နေရတာ အဓိပ္ပါယ်မရှိဘူးလို့ထင်လာတဲ့အထိ ဖြစ်လာစေပါတယ်။ စိတ်ကျရောဂါဟာ သာမန် နေမကောင်းဖြစ် ဆေးသောက် ပျောက်သွားတဲ့ရောဂါမျိုးမဟုတ်ပါဘူး သူက အချိန်ယူပြိး ကုရတဲ့ရောဂါမျိုးဖြစ်ပါတယ်။
ဘယ်လိုရောဂါလက္ခဏာမျိုးတွေ တွေ့ရတတ်လဲ?

(1) အမြဲဝမ်းနည်းပြီး မပျော်မရွှင်ဖြစ်နေတတ်ခြင်း
(2) ပြဿနာ အသေးအမွှားကိုပင် စိတ်တိုင်းမကျ စိတ်ညစ်ညူးနေတတ်ခြင်း
(3) လုပ်နေကျ လုပ်ငန်းဆောင်တာများတွင် စိတ်ဝင(3) လုပ်နေကျ လုပ်ငန်းဆောင်တာများတွင် စိတ်ဝင်စားမှုလျော့နည်းလာခြင်း
(4) အိပ်မပျော်ခြင်း (သို့) အအိပ်လွန်ခြင်း
(5) အစားသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန် သိသိသာသာကျသွားခြင်း
(6) စကားပြောဆိုခြင်း၊လှုပ်ရှားခြင်း၊တွေးခေါ်ခြင်းများ နှေးကွေးလာခြင်း
(7) ဆုံးဖြတ်နိုင်စွမ်းများ ကျဆင်းလာခြင်း
(8) ပင်ပန်းလွယ်ခြင်း၊ ခွန်အားများကုန်ခန်းနေသည်ဟု ခံစားရခြင်း
(9) မိမိကိုယ်ကိုယ် တန်ဖိုးမရှိဘူး အသုံးမကျဘူး ဟု ခံစားလာရခြင်း
(10) ပြင်းထန်စွာခေါင်းကိုက်ခြင်း ကိုယ်လက်နာခြင်းများ ခံစားလာရခြင်း
(11) ဘ၀ကို အဆုံးသတ်ပစ်ဖို့ မကြာခဏတွေးတောပြောဆိုလာခြင်း စတဲ့ လက္ခဏာတွေ ကို ခံစားလာရတတ်ပါတယ်။ ဒီလက္ခဏာတွေက ယေဘုယျအားဖြင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေဖြစ်ပါတယ်။
ဘာကြောင့် စိတ်ကျရောဂါ(Depression) ဖြစ်ရလဲ?
စိတ်ကျရောဂါဟာ ဘယ်အရင်းအမြစ်ကြောင့်ဖြစ်ရတယ်ဆိုတာ သေချာ မသိရသေးပါဘူး။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ ရောဂါတွေတော်တော်များများမှာတော့ ဦးနှောက်ထဲမှာရှိတဲ့ ဓာတုဗေဒဖြစ်စဉ်တွေ ပြောင်းလဲတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲ မှုတွေဖြစ်လာတတ်ပါတယ်။ နောက်တစ်ချက်ကတော့ ဟော်မုန်းပြောင်းလဲမှုတွေကြောင့်ပါ့။ တစ်ချို့ thyroid ဟော်မုန်း မညီမျှတဲ့အခါ အမျိုးသမီးတွေ သွေးဆုံးချိန်(Menopause)တွေမှာလဲ စိတ်ကျရောဂါကိုဖြစ်စေနိုင်ပါတယ်။ နောက်ထပ် အရေးပါတဲ့တစ်ချက်ကတော့ ရုတ်တရတ် ချစ်ခင်ရတဲ့လူ အားကိုးအားထားပြုရတဲ့လူတွေကို ဆုံးရှုံးသွားရတဲ့အခါ၊ ကိုယ့်အတွက် အသက်တမျှ အရေးပါတဲ့အရာတွေကို လက်လွှတ်ဆုံးရှုံးရတဲ့အခါ ရည်မှန်းချက်ကြီးကြီးထားပြီးမှ အကုန်ပျက်စီးသွားရတာ ဖျက်ဆီးခံရတာ စတဲ့ လက်ရှိဘ၀အခြေအနေ ပြောင်းလဲမှုတွေကလဲ စိတ်ကျ ရောဂါကိုဖြစ်စေနိုင်ပါတယ်။
စိတ်ကျရောဂါ (Depression) ဟာ ဘယ်လိုလူတွေမှာဖြစ်နိုင်သလဲ?
Depression ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ် အဓိက အားဖြင့်တော့ အသက်နှစ်ဆယ် နောက်ပိုင်းတွေမှာ အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာ စိတ်ကျရောဂါ ဖြစ်နိုင်စွမ်းက အမျိုးသားတွေထက် နှစ်ဆပိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးထု တော်တော်များများဟာ စိတ်ခံစားမှုလွယ်တတ်ကြလို့ပါ။ ဖြစ်တတ်တဲ့ အခြေအနေတွေကတော့…..
(1) ကိုယ့်မိသားစုဝင်ထဲမှာ ဒါမှမဟုတ်နီးစပ်ရာမှာ စိတ်ကျရောဂါ ခံစားနေရတဲ့လူရှိခြင်း
(2) အမျိုးသမီး ဖြစ်နေခြင်း
(3) ငယ်ရွယ်စဉ်အခါက စိတ်အနာတရဖြစ်ခဲ့ဖူးခြင်း
(4) မိသားစုဝင်ထဲမှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင် သွားခဲ့သူများရှိခဲ့ဖူးခြင်း
(5) စိတ်ဖိစီးမှုများသော ပတ်ဝန်းကျင်တွင်ရှင်သန်နေရခြင်း
(6) လူမှုဆက်ဆံရေးတွင် အားနည်းခြင်းနှင့် အပေါင်းအသင်းမိတ်ဆွေနည်းပါးခြင်း
(7) ကုသရန်ခက်ခဲသော ရောဂါများခံစားနေရခြင်း
(8) အရက် (သို့မဟုတ်) ဆေးစွဲနေခြင်း
(9) အလွန်အမင်း ဆင်းရဲချို့တဲ့လာခြင်း
(10) မိမိသောက်သုံးနေသော ဆေးများမှ ဘေးထွက်ဆိုးကျိုးအနေနဲ့ စိတ်ကျရောဂါ ခံစားလာရခြင်း တို့ပဲ ဖြစ်ပါတယ်။
စိတ်ကျရောဂါရဲ့ နောက်ဆက်တွဲ ပြသနာများ
(1) မူးယစ်ဆေးဝါးများ စွဲလာခြင်း
(2) အလွန်အမင်းစိတ်ပူပန်ခြင်း စိတ်ဖိစီးတစ်နေ့တစ်ခြားများလာခြင်း
(3) နှလုံးရောဂါနှင့် အခြားသော ရောဂါများဖြစ်လာခြင်း
(4) မိသားစုနှင့်ပတ်ဝန်းကျင်တွင် မကြာခဏ အချင်းများခြင်း
(5) မိမိချစ်သူခင်သူများနှင့် တဖြည်းဖြည်းဝေးကွာလာခြင်း
(6) တစ်ယောက်တည်းအထီးကျန်တတ်လာခြင်းနဲ့
(7) ဘ၀ကိုအဆုံးသတ်သည် အထိ ဖြစ်ခြင်း စတဲ့ ပြဿနာတွေအထိ ဆိုးရွာလာနိုင်ပါတယ်။
စိတ်ကျရောဂါ မဖြစ်အောင် ဘယ်လိုနေထိုင်ကြမလဲ?
Depression မဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာရယ် ဖြစ်လာရင်တော့ ဘယ်လိုမျိုးကိုယ့်ကိုယ်ကိုယ်ပြုပြင်နေထိုင်သင့်တယ်ဆိုတာတွေက စိတ်ကျရောဂါကို အတတ်နိုင်ဆုံးနဲ့အဆိုးဆုံးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကတော့ မိမိကိုယ်တိုင် ခံစားလာရတဲ့အခါ ဒါမှမဟုတ် မိမိပတ်ဝန်းကျင်မှာ တစ်စုံတစ်ယောက်က စိတ်ကျရောဂါလိုမျိုးခံစားလာရတဲ့အခါမျိုးတွေမှာ အဆိုးရွားဆုံးဖြစ်မလာအောင် ထိန်းချုပ်ကူညီပေးဖို့အတွက် အထောက်အကူပြုမှာဖြစ်ပါတယ်။
(1) ကိုယ်လုပ်ကိုင်နေတဲ့အလုပ်နဲ့ နေထိုင်မှု ဘ၀ပုံစံညီမျှအောင်ကို ညှိယူပါ ( work-life balance)
(2) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ စိတ်ပိုင်းဆိုင်ရာ အနားပေးမှုတွေကို မကြာခဏ ပြုလုပ်ပေးပါ။ ဒါတွေက ကိုယ့်မှာစိတ်ကျရောဂါဖြစ်နေရင်တောင် ရောဂါလက္ခဏာနဲ့ ခံစားနေရတာတွေကို သက်သာသွားစေပါတယ်။
(3) အရက်သောက်ခြင်း အိပ်ဆေးများအလွန်အမင်းသောက်သုံးခြင်း၊ ဆေးဝါးသုံးစွဲခြင်းများကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။
(4) အိပ်ရေး၀၀အိပ်ပါ။ စိတ်ညစ်ညူးလာတဲ့အခါ စိတ်ပျက်လာတဲ့အခါတွေမှာ အိပ်မရတာမျိုးတွေဖြစ်တတ်ပါတယ်။ အဲ့ဒီအခါမျိုးတွေ အိပ်ဆေးတွေ မူးယစ်ဆေးဝါးတွေရဲ့အကူအညီကို ယူပြီးအိပ်ပျော်အောင်ကြိုးစားတာထက် ပုံမှန်အတိုင်း အိပ်နိုင်အောင် ကိုယ့်ကိုယ်ကိုယ် ကြိုးစားယူကြည့်ပါ၊ ဥပမာ မအိပ်ခင် စိတ်ငြိမ်အောင် တရားထိုင်ခြင်း၊ နွားနို့သောက်ခြင်း အစရှိတာလေးတွေနဲ့ မိမိစိတ်ညစ်ညူးမှုကို ထိန်းချုပ်နိုင်အောင် နဲ့အိပ်စက်ချိန်ကိုမထိခိုက်အောင်ကြိုးစားကြည့်ပါ။
(5) မိမိအားလပ်တဲ့အချိန်လေးတွေမှာ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ မိမိနှစ်သက်တဲ့ အားကစားတစ်ခုခု ပြုလုပ်ခြင်း အစရှိတဲ့ အလေ့အကျင့်လေးများရအောင် မိမိကိုယ်ကိုယ် ပြုပြင်ပေးပါ။
(6) စိတ်ညစ်လာတဲ့ အထီးကျန်တယ်လို့ခံစား၇တဲ့အခါ သူငယ်ချင်းတွေ မိမိခင်မင်ရင်းနှီးသူတွေနဲ့ မကြာခဏစကားပြောပေးပါ။ မိမိမှာရှိတဲ့အခက်အခဲတွေကို တိုင်ပင်ကြည့်ပါ။ ဒီနည်းဟာ စိတ်ကျရောဂါမှာ အတော်လေးအထောက်အကူပြုတဲ့နည်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ကျရောဂါခံစားနေရတဲ့လူတွေတော်တော်များများဟာ အပြင်ပန်းက ကြည့်ရင် သီးသန့်ဆန်နေတတ်ပေမယ့် သူတို့ရဲ့စိတ်ထဲမှာ သူတို့ကို ဂရုစိုက်မဲ့ ခံစားချက်ကိုနားလည်ပေးမဲ့ ခင်မင်ရင်းနှီးတဲ့လူတွေကိုတောင့်တနေမိတတ်ပါတယ်။
(7) ကိုယ်နဲ့ လိုက်လျောညီထွေရှိမဲ့ ကိုယ်တကယ်လုပ်ဆောင်နိုင်မဲ့ ရည်မှန်းချက်မျိုးထားပြီးလုပ်ဆောင်ပါ။ မိမိမလုပ်နိုင်တဲ့အရာကို မျှော်မှန်းမိတဲ့အခါ အလိုဆန္ဒကြီးမားလာပြီး မရတဲ့အခါမှာ စိတ်ကျရောဂါ ကိုဖြစ်စေနိုင်ပါတယ်။
(8) ဒေါသထွက်လာတာ စိတ်ညစ်လာတာ ၀မ်းနည်းလာတတ်တဲ့အခါမျိုးတွေမှာဆိုရင် စာအနေနဲ့ချရေးပစ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်တိုင်ရေး ဒိုင်ယာရီလိုပုံစံမျိုးပဲဖြစ်ဖြစ် ထားကြည့်ပြိးရေးကြည့်ပါ။ ဒါဟာ စိတ်ထွက်ပေါက်ရစေတဲ့နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။
(9) တစ်ယောက်တည်း သီးသန့်ခွဲထွက်နေတာမျိုးမလုပ်ပါနဲ့။ နီးစပ်ရာ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် မိသားစုနဲ့ပဲ အမြဲ နီးနီးကပ်ကပ် နေပါ။ အခက်အခဲတွေကို တိုင်ပင်ပြီး အတူတူဖြေရှင်းပါ။
(10) အစားအသောက်မှန်မှန်စားခြင်း၊ အိပ်ချိန်မှန်မှန်အိပ်ခြင်း၊ နဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့်ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သေချာ ဂရုစိုက်ပါ။
(11) အချိန်ကို စီစဉ်ကျနစွာ ခွဲဝေသုံးစွဲတတ်တဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားကြည့်ပါ။ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့အရာတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ။
(12) စိတ်ညစ်ညူးနေတဲ့အခါမျိုးတွေ စိတ်ဓာတ်ကျနေတဲ့ အခါမျိုးတွေမှာ မိမိဘ၀အတွက်အရေးကြီးမဲ့ ဆုံးဖြတ်ချက်မျိုးတွေ လုပ်ခြင်းကို ရှောင်ကြဉ်ပါ။စိတ်ဓာတ်ကျနေတဲ့အချိန်မှာ လူတစ်ယောက်ဟာ ပုံမှန် အမှားအမှန်ကို ခွဲခြားဆုံးဖြတ်နိုင်စွမ်းမရှိတော့ပါဘူး။ အဲ့ဒီအချိန် ဆုံးဖြတ်ချက်ဟာ မှားယွင်းနေတတ်ကြပါတယ်။
စိတ်ကျရောဂါဆိုတာ ကိုယ်ကြုံတွေ့နေရတဲ့ပတ်ဝန်းကျင်နဲ့ ဘ၀အခြေအနေပေါ် မူတည်ပြီးဖြစ်ပေါ်လာတတ်တဲ့ အရာဆိုတော့ ကာကွယ်ထားလို့မရပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့စိတ်ဖိစီးမှုကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သိတဲ့အခါ၊ စိတ်ဓာတ်ကျနေချိန် ထပ်ပြီိးဆိုးရွားမလာအောင် ထိန်းချုပ်နည်းလေးတွေ လုပ်သင့်လုပ်ထိုက်တာလေးတွေ ကိုယ့်ဦးနှောက်ထဲမှာ မှတ်မိနေတတ်တဲ့အခါမှာ ဆိုးရွားမလာအောင် ထိန်းထားရာကနေ တဖြည်းဖြည်းပျောက်သွားအောင်အထိ ကုသလို့ရပါတယ်။
လူဆိုတာကိုယ်တိုင်လက်တွေ့ကြုံနေရတာမဟုတ်တဲ့အခါကျရင် သိပ်ပြီးစိတ်မ၀င်စားကြပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီစာလေးကို ဖတ်ပြီးတဲ့အခါ … မိမိကိုယ်တိုင်ပဲဖြစ်ဖြစ် မိမိပတ်ဝန်းကျင်က လူတွေပဲဖြစ်ဖြစ် စိတ်ကျရောဂါခံစားလာရတဲ့အခါ ဒါမှမဟုတ် ခံစားနေရတယ်လို့ သတိပြုမိတဲ့အခါ အဆိုးရွားဆုံးအခြေအနေထိမဖြစ်အောင် ၀ိုင်းဝန်းကာကွယ်ပေးနိုင်ကြပါစေ။
စူးရှအိမ် (12:15am, 27/11/2011, Sunday)

အာဇာနည်တွေ နေတဲ့ တိုင်းပြည်
နိုင်ငံရေးအကျဉ်းသား ကိုဒီငြိမ်းလင်း လွတ်ငြိမ်းချမ်းသာခွင့် မမျှော်လင့်
2011-11-27
မုံရွာထောင်မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ် ထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ၂ဝဝ၇ မျိုးဆက်ခေါင်းဆောင် ကိုဒီငြိမ်းလင်းက အစိုးရအနေနဲ့ သူ့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပြီး လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ လွှတ်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက် မရှိကြောင်း မိခင်ဖြစ်သူက အာအက်ဖ်အေကို ပြောပြပါတယ်။RFA
ဒီမိုကရေစီ လှုပ်ရှားမှုကြောင့် နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရသော ဖခင် ကိုဇော်ဇော်မင်း (ဝဲ) နှင့် သား မောင်ဒီငြိမ်းလင်း (ယာ)တို့ ဖြစ်ပါသည်။ (Image: RFA)
“လွတ်မယ်ပြောတိုင်း မျှော်လင့်ချက်တွေ သိပ်ပြီး မထားနဲ့ပေါ့။ နောက် အခြေအနေတွေ ဘယ်လောက်ပဲ အကောင်းဘက်ကို ဦးတည်နေနေ အချိန်မရွေး အဆိုးဘက်ကို ရောက်သွားနိုင်တယ်ပေါ့။ ယုံကြည်ချက်ကြောင့် နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ သမ္မတက ပြောထားတယ်လေ။ အဲဒါကြောင့် ပြန်လွတ်ဖို့ဆိုတာ လတ်တလော မဖြစ်နိုင်သေးဘူးပေါ့”
မုံရွာထောင်မှာ ရှိနေတဲ့ သားဖြစ်သူ ကိုဒီငြိမ်းလင်းကို ပြီးခဲ့တဲ့ သီတင်းပတ်က ထောင်ဝင်စာတွေ့ခွင့် ရခဲ့တယ်လို့ မိခင်ဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ပြောပါတယ်။ တဆက်တည်းမှာပဲ တောင်ငူထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရတဲ့ ခင်ပွန်းဖြစ်သူ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဇော်ဇော်မင်းကိုလည်း ထောင်ဝင်စာတွေ့ခွင့် ရတယ်လို့ ဆိုပါတယ်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါတီ ပြန်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မယ့် ဆုံးဖြတ်ချက်တွေအတွက် သူ့အနေနဲ့ နားလည်ထောက်ခံကြောင်း ဦးဇော်ဇော်မင်းက ပြောလိုက်တယ်လို့ ဇနီးဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ပြောပါတယ်။
ဒီအတောအတွင်း ထောင်ဒဏ် ၆၅ နှစ်ကျော် ချမှတ်ခံထားရတဲ့ ကသာအကျဉ်းထောင်ရောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုအံ့ဘွယ်ကျော်ရဲ့ ဒီကနေ့ ကျရောက်တဲ့ (၄၅) နှစ်မြောက် မွေးနေ့အခမ်းအနားကို မိသားစုနဲ့အတူ ၈၈ မျိုးဆက်ကျောင်းသားတွေ စုပေါင်းကျင်းပခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမြတ်သူက ပြောပါတယ်။
“ကိုဘွယ်ကြီးကို ချစ်တဲ့ မိသားစုတွေက လာပြီး ကိုဘွယ်ကြီးအတွက် လာပြီး အားပေးတဲ့သဘောပေါ့။ မွေးနေ့ရှင် မပါတဲ့ မွေးနေ့ပွဲတွေ ကျင်းပရတာဆိုတော့ စိတ်လည်း မကောင်းကြဘူးပေါ့”
ကိုအံ့ဘွယ်ကျော် နေအိမ်မှာကျင်းပတဲ့ မွေးနေ့ပွဲကို နိုင်ငံရေးအကျဉ်းသား မိသားစုတွေလည်း တက်ရောက် အားပေးခဲ့တယ်လို့ ကိုမြတ်သူက ပြောပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.
မြန်မာ့အရေး အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ နည်းလမ်း NLD ဆွေးနွေးမည်
2011-11-27
မြန်မာနိုင်ငံကို လာရောက်မယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီဇင်ဘာလ ၂ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ သွားရောက် တွေ့ဆုံမယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အာအက်ဖ်အေကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။AFP
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ပြုလုပ်သည့် အာရှ ထိပ်သီး ဆွေးနွေးပွဲတွင် သမ္မတ အိုဘားမားက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က မိန့်ခွန်း ပြောဆိုနေစဉ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးမှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖြစ်မယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
“ကျနော်တို့ NLD နဲ့ ဆွေးနွေးတဲ့နေရာမှာတော့ မြန်မာနိုင်ငံနဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေး တိုးတက်လာတာနဲ့အညီ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်ဖို့၊ ဒါတွေ ပါမှာပေါ့”
အခုလာမယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဆင့် မြန်မာနိုင်ငံ ခရီးစဉ်ဟာ နှစ်ပေါင်း ၅ဝ အတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်သမ္မတ အိုဘားမားက သူ့ရဲ့ အထူးလေယာဉ်ပေါ်ကနေ တယ်လီဖုန်းနဲ့ မိနစ် ၂ဝ ကျော် စကား ပြောဆိုပြီးတဲ့နောက် မစ္စက်ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို သမ္မတကိုယ်တိုင် ကြေညာခဲ့ပါတယ်။
အခုလို အမေရိကန် ပြည်ထောင်စုက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် အားရ ကျေနပ်မိကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကောင်စီက သတင်း ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ် ထူထောင်ရေးအတွက် အပြုသဘောဆောင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်စေလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန် အစိုးရကတော့ ဒီခရီးစဉ်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမို ကောင်းမွန်လာမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု ကိုတော့ ရုပ်သိမ်းပေးဦးမှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။

မြန်မာနိုင်ငံ အတွင်း အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ နှင့် စပ်လျှင်းသော သဘောထားထုတ်ပြန်ကြေညာချက်
မြန်မာနိုင်ငံ အတွင်း အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ နှင့် စပ်လျှင်းသော သဘောထားထုတ်ပြန်ကြေညာချက်
စာအမှတ် ။ ။ မလအ/ အဖဝ/ ၀၅ / ၁၁
နေ့စွဲ ။ ။ ၂၄. ၁၁. ၂၀၁၁
ယနေ့ မြန်မာ့နိုင်ငံ အတွင်း အဖက်ဖက်မှ အစပြု ဖြစ်ထွန်းတိုးတက်ပြောင်းလွဲမှု့ များ ရှိနေခြင်းအပေါ် ၌ မြန်မာနိုင်ငံလူထုလှုပ်ရှားမှု့ အင်အားစု(မလအ) မှ ထောက္ခံကြိုဆိုသည်။ သို့ သော်လည်း နိုင်ငံဦးဆောင် အဖွဲ့ ၏ အကြီးအကဲး တာဝန်ယူထားသူ မှ နိုင်ငံရေးအကျဉ်းသား (၀ါ) ယုံကြည်ချက်ကြောင့်  အကျဉ်းကျခံနေရသူ မရှိဟု စာနယ်ဇင်း သတင်းဌာနများ သို့ ထုတ်ဖေါ်ပြောဆိုမှု့  အပေါ်တွင် ပြင်းထန်စွာကန့် ကွက်ရှုတ်ချလိုက်သည်။
အနာဂါတ် တွင် နိုင်ငံသားများ၏ အဓိကလိုအပ်ချက်ဖြစ်သော လူ့ အခွင့်အရေးကို လေးစားလိုက်နာသည့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများအား ဖိနှိပ်သည့်  ဥပဒေများကို ဖျယ်ရှားပြောင်းလွဲပြီး ပြည်သူတို့ ၏ ငြိမ်းချမ်းမှု့ ကို ရှေ့ ရှု့ ဆောင်ရွက်ရန် အထူးလိုအပ်ပေသည်။ အစိုးရသစ် ၏ ပြည်သူ့ အသံနားထောင်နေပါသည်ဟု ဆိုခဲ့ သော စကားရပ် အရ ပြည်သူတို့ လိုလားတောင်းတနေသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် အထူးလိုအပ်ချက်တရပ်ဖြစ်နေသည်။ တိုင်းပြည်ပြန်လည် ထူထောင်ရေး နှင့်  ပြည်သူအကျိုးသည်ပိုးရန် အထူးလိုအပ်သောသူများပင်ဖြစ်ကြော င်း ပြည်သူများမှ အလေးအနက်ယုံကြည်ထားသည်ဟု မလအ မှ သုံးသတ်သည်။ သို့ ပါသောကြောင့် အကျဉ်းထောင် အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသော နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ နိုင်ငံဦးဆောင်အဖွဲ ၏ အကြီးအကဲး ပုဂ္ဂိုလ်မှ တာဝန်ခံထားသည့် အတိုင်း အမြန်ပြန်လည် လွတ်ပေးရန် အလေးအနက်တောင်းဆိုသည်။
မလအ သည်မြန်မာနိုင်ငံ အတွင်း စစ်မှန်သောဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးလာနိုင်ရေး နှင့် ထာဝရရှင်သန်နိုင်စေရေး အတွက် ပြည်သူလူထု နှင့်  အတူဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း နှင့်  နောင်တွင် မည်သို့ သော အကြောင်းပြချက်ဖြင့် ဖြစ်စေ နိုင်ငံတော်အား စစ်အာဏာသိမ်းခြင်း နှင့်  စစ်အာဏာရှင်စနစ် ဖြင့်ပြန်လည် အုပ်ချုပ်ခြင်းကို ခုခံတော်လှန်သွားမည့် အဖွဲ့ ဖြစ်ကြောင်း ဤနေရာမှ အတိအလင်း ထုတ်ပြန် ကြေညာသည်။

ငါတို့ လယ်ယာ ပြန်ပေးပါ ။
ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသမှာ လွန်ခဲ့သော ၁၉၉၀ ခုနှစ်မှ ယနေ့ အထိ လယ် ယာမြေ အဓမ္မ သိမ်းဆည်းခံ၇ မှု တွေနဲ့ ပါတ်သက်ပြီး တအင်းကျောင်းသားနဲ့  လူငယ်များအစည်းအရုံး TSYO မှ လေ့လာစစ်တမ်း ကောက်ယူမှု ကို အစီရင်ခံသာတစောင် ထုတ်ပြန်လိုက်ပါတယ် ။ ၁၉၉၉ ဝန်းကျင် လောက်မှ နေပြီး ယခုအချိန်အထိ ပလောင်ဒေသအတွင်း လယ်ယာမြေ လေးသောင်းကျော် သိမ်းဆည်းခံခဲ့ရတယ် လို့  အစီရင်ခံစာရေးသူ မိုင်းပါင်လက BBC ကိုပြောပါတယ် ။
နိုင်ငံရေးအကျဉ်းသားကိစ္စ တွန့်တိုမနေသင့်ကြောင်း ဇာဂနာပြောကြား
2011-11-22
နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ အခုလို အပြောင်းအလဲ လုပ်ဆောင်နေပြီလို့ ပြောဆိုနေတဲ့ ကာလမှာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားရပ်နဲ့ ပတ်သက်ပြီး စဉ်းလဲတွန့်တို မနေသင့်ဘူးလို့ ဟာသသရုပ်ဆောင် ဦးသူရ ခေါ် လူရွှင်တော် ကိုဇာဂနာက မနေ့က ပြောဆိုလိုက်ပါတယ်။Zaganar Photos Album
ဟာသ သရုပ်ဆောင် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇာဂနာနှင့် အဖွဲ့က သာယာဝတီ အကျဉ်းထောင်မှာ အကျဉ်းကျနေသည့် နိုင်ငံရေး အကျဉ်းသား (၃၄) ဦးအတွက် လှူဒါန်းသည့် ကျပ်ငွေ ၃ သိန်း ၄ သောင်းနှင့် အလှူပစ္စည်းများကို သာယာဝတီ ထောင်ပိုင်ကြီးက လက်ခံ ရယူနေစဉ်။ Zaganar Photos Album
ထောင်ကလွတ်ဖို့ ကိုမင်းကိုနိုင် မျှော်လင့်ထားပုံမရ
2011-11-22
ပြီးခဲ့တဲ့ရက်ပိုင်းက ကျိုင်းတုံ ထောင်ကနေ သရက်ထောင်ကို ရွှေ့ပြောင်းခံရတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ထောင်ကလွတ်ဖို့ မျှော်လင့်ထားပုံ မရကြောင်း မိသားစုဝင်တွေက ပြောဆိုတယ်လို့ သိရပါတယ်။RFA
၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်ကိုနိုင် က သူ့၏နေအိမ်တွင် သတင်းစာရှင်းလင်ပွဲ ပြုလုပ်ခဲ့ပြီး သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့စဉ် ရိုက်ကူးထားသော ပုံဖြစ်ပါသည်။
မနေ့က သရက်ထောင်မှာ မိသားစုနဲ့ မိနစ် ၂၀ ကြာ ထောင်ဝင်စာ တွေ့ခွင့်ရခဲ့တယ်လို့ မိသားစုနဲ့အတူ လိုက်ပါသွားတဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ကိုမြတ်သူက အာရ်အက်ဖ်အေကို ပြောပါတယ်။ ထောင်ဒဏ် ၆၅ နှစ်ကျော် ချမှတ်ခံထားရတဲ့ ကိုမင်းကိုနိုင်ဟာ ကျိုင်းတုံ အကျဉ်းထောင်မှာ ကျန်းမာရေး ချို့တဲ့ခဲ့ပါတယ်။ အခုလက်ရှိ အခြေအနေမှာလည်း လမ်းလျှောက်တဲ့အခါ လူကောင်းတစ်ယောက်လို မလျှောက်နိုင်ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ကိုမင်းကိုနိုင်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် အရှိန်အဟုန်မြှင့် လှုပ်ရှားသွားမယ်လို့ သိရပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.
ကုလသမဂ္ဂဆုံးဖြတ်ချက် လူရော ခွေးရော လေးစားဖို့ လို
တနင်္လာ, 21 နိုဝင်ဘာ 2011
မြန်မာ့လူ့အခွင့်အရေး ဆုံးဖြတ်ချက် ကုလအတည်ပြု
အမှတ် (၃)ပြည်သူ့ပြောက်ကျားတပ်ဦး
ကြေညာချက် အမှတ် (၃)
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက် မြန်အောင်ရေနံမြေနှင့် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ လ ၂၀ ရက်နေ့ မြန်အောင်မြို့ရှိ ကြံ့ဖွံ့ရုံးအား ဖောက်ခွဲတိုက်ခိုက်မှုများသည် မိမိတို့ ပြည်သူ့ ပြောက်ကျားတပ်ဦး (PGF) ၏ တိုက်ပွဲဝင်မှုတခုဖြစ်သည်။
၁။ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးရေး၊
၂။ ကချင်ပြည်နယ်အပါအဝင်တိုင်းရင်းသားဒေသများအတွင်း လုပ်ဆောင်နေသောထိုးစစ်များ ချက်ချင်းရပ်ဆိုင်းပြီး တတိုင်းပြည်လုံးထိုးစစ်များရပ်စဲရေး၊
၃။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ တန်းတူရည်တူဖြေရှင်းရေး-
တို့ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရန် တောင်းဆိုလိုက်သည်။
ပြည်သူ့ ပြောက်ကျားတပ်ဦး
ရက်စွဲ ။ ။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်။
စသူလဲစနေပြီ
စစ်တပ်ကြိုးဆွဲတာ မခံသည့် အီဂျစ်ပြည်သူများ
တနင်္လာ, 21 နိုဝင်ဘာ 2011
အီဂျစ် အဓိကရုဏ်း သေဆုံးသူ ၂၀ ကျော်အထိရှိ
ဦးခွန်ထွန်းဦးနှင့် ကိုမင်းကိုနိုင် ကို မိသားစုတွေ့ခွင့်ရ
Published on November 21, 2011 by နော်နိုရင်း
အခုလ ၁၆ ရက်နေ့တုန်းက ထောင်ပြောင်းရွှေ့ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတချို့ကို မိသားစုဝင်တွေက ဒီနေ့ ထောင်ဝင်စာ သွားရောက် တွေ့ဆုံပါတယ်။
အသက် ကြီးသူများ အဆီ များများ ပါသည့် ငါးကို စားသင့်
အသက်အရွယ် ကြီးရင့်သူ များသည် အဆီပေါသည့် ငါးကို အများဆုံး စားသင့်ကြောင်း အစာ အာဟာရဆိုင်ရာ ပညာရှင် များက ဆိုသည်။ အဆီ ပေါသည့် ငါးများတွင် ဖက်တီး အက်ဆစ်ဓာတ် အများအပြား ပါဝင် သဖြင့် မကြာခဏ စားသုံးပါက အသက်အရွယ် ကြီးရင့်၍ အိုမင်းရင့်ရော်လာမှုကို အထိုက် အလျောက် လျော့နည်းစေ နိုင်သည်ဟု ဆို ကြသည်။
ထို့အပြင် လူ့ဦးနှောက်အတွင်း သွေးစီးဆင်းမှုကို ပိုမိုဖြစ်ထွန်းစေသဖြင့် အသက်အရွယ်ကြီးရင့်မှုကြောင့် ခံစားရသည့် Dementiaခေါ် သတိမေ့လျော့ တတ်ခြင်း၊ ငယ်မူပြန်ခြင်း စသည့် ဝေဒနာများကို သက်သာစေသည်ဟု သုတေသီများက ပြောသည်။ “လူကြီးတွေ အဆီများတဲ့ ငါးကို မှန်မှန်စားရင် သတိမေ့တဲ့ရောဂါ၊ စိတ်ပိုင်း ဆိုင်ရာ ချို့ယွင်းပြီး ငယ်မူပြန်တဲ့ရောဂါ စတာတွေကို သက်သာစေပါတယ်။ ဦးနှောက်အတွင်း သွေးစီးဆင်းမှု ပိုလာပြီး လူကြီးရောဂါမျိုးစုံကို ကာကွယ်ပေးနိုင် တယ်”ဟု သုတေသီတစ်ဦးက ပြောသည်။
အမျိုးသားအောင်ပွဲ နေ့ နှင့် ကျွန်တော်(ဇော်ဂျီ)
နွေဦးကျက်သရေ ………နှင့် ကျွန်တော် (ရသ စာတမ်းငယ်များ) စာအုပ်မှ
အမျိုးသားနေ့ သည် မောင်းကဲ့သို့ ဟည်း၍ စည်ကဲ့သို့ ဟိန်းခဲ့သည်။ တစ်နှစ်လျှင်ခြေတစ်လှမ်း တစ်လှမ်းလှမ်း၍ နှစ်ဆယ့် ခုနှစ်လှမ်းဖြင့် လွတ်လပ်ရေးကို လက်ရသိမ်းပိုက်ခဲ့သည်။
၁၉၂၁ ခုနှစ်တွင် ပထမ ခြေလှမ်းကို လှမ်း၍ ချီတက်ခဲ့သည်။
ဒါဆိုဘာလုပ်မလဲ
ဒါဆိုဘာလုပ်မလဲ
အကျဉ်းအကြပ်ကာလမှာ
ဒီမေးခွန်းဟာ သိပ်လေးနက်တယ် ။
ဒါဆိုဘာလုပ်မလဲ
လေးဘက်နံရံတွေကြားက လူတယောက်
ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေတယ် ။
ဒါဆိုဘာလုပ်မလဲ
ကျိုးနေတဲ့ ကလောင်သွားကိုကိုင်ရင်း
ကဗျာဆရာ စဉ်းစားနေတယ် ။ ။
ဒါဆိုဘာလုပ်မလဲ
မျက်လုံးတထောင်အောက်က
ခြေလှန်းတစုံ ရှေ့ တိုးမှာလား နောက်သို့ လား ။ ။
ဒါဆိုဘာလုပ်မလဲ
စွန့် အ နားမကြားသူတွေရဲ့ကြားမှာ
လွပ်လပ်ချင်းငတ်မွတ်သူတယောက်
လျှာအဖြတ်ခံ ထိသွားတယ် ။ ။
ခါးတမာ (Nov 18, 2011)
Subscribe to:
Posts (Atom)