သူ့ အမြင် နဲ့  သူ့ အထင်

ကျနော့် အထင်- ကျနော့် အမြင် သုံးသပ်ထားတဲ့ နိုင်ငံရေးရှုထောင့်သည် မှန်ချင်လည်းမှန်မည်- မှားချင်လည်း မှားနိုင်သည်။
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် စစ်အာဏာရှင်များ လွှမ်းမိုးအုပ်ချုပ်လာခြင်းကြောင့်....စစ်အာဏာရှင်စနစ်ဆိုးကို တွန်းလှန်ဖြိုဖျက်ရန်အတွက် အကြမ်းမဖက်သည့် နှလုံးရည်တိုက်ပွဲနှင့် အကြမ်းဖက်သည့် လက်နက်ကိုင်လမ်းစဉ်ပေါ်ပေါက်လာခဲ့ရသည်..။
လက်ရှိ- နိုင်ငံရေးအကျဉ်းသားတွေအားလုံးသည်       လက်နက်ကိုင်သည်ဖြစ်စေ- လက်နက်မကိုင်သည်ဖြစ်စေ၊ အကြမ်းဖက်သည်ဖြစ်စေ-  အကြမ်းမဖက်သည်ဖြစ်စေ   နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို         နှောက်ယှက်ဖျက်ဆီးမယ့်သူတွေမဟုတ်ဘူး
ဆိုတာ....ယ္ခင်- အာဏာရှင်    ခေတ်အဆက်ဆက်     စစ်အစိုးရတွေလည်းသိကြသလို...ယ္ခု-လက်ရှိ- အစိုးရလည်း  ကောင်းကောင်းသိရှိပါသည်၊ လွယ်လွယ်ပြောရင် လူတိုင်းသိပါသည်။ အာဏာရှင်တွေဟာ    သူတို့စိတ်ထဲတွင် စွဲထင်နေတာက  အရပ်သားအစိုးရထဲအဏာရောက်ရှိသွားရင်...အရင်က သူတို့တတွေလုပ်ခဲ့ကြတဲ့    အမှားပေါင်းများစွာတို့ကို    ခံခဲ့ကြရတဲ့ သူတွေဖက်ကလမ်းပေါ်တက်
ဆန္ဒပြတောင်းဆိုမှုတွေလုပ်ပြီး   ရုံးတင်တရားစွဲဆိုကာ    အပြစ်ပေးအရေးယူခံရမှာကို     အာဏာရှင်တွေ   စိုးရိမ်ထိပ်လှန့်ကြောက်ရွံ့နေခြင်းကြောင့်    အာဏာလွှဲမပြောင်းပေးပဲ    အာဏာကို ဆက်လက် ဆုပ်ကိုင်ထားခြင်ဖြစ်တယ်လို့    ကျနော်အနေနဲ့ ထင်မြင်ယူဆမိပါသည်။ အာဏာရှင်တွေသည်     တပါးသူတွေအပေါ်    ရက်ရက်စက်စက်    သတ်ဖြတ်၊   ဖမ်းးဆီးနှိပ့်စက်ရဲတဲ့       သတ္တိရှိသော်
ငြားလည်း...ကိုယ်ခံရမည်ဆိုသော်  သွေးပျက်မတတ်အောင်ထိပ့်လန့်ကြောက်ရွံ့တတ်ကြပါသည်။
လက်ရှိ- ဦးသိန်းစိန်အစိုးရတက်လာချိန်တွင်  ဗိုလ်ချုပ်တစ်ဦးက   NLD ကို   အာဏာလွှဲပြောင်းပေးခဲ့ရင်...သူတို့တတွေကို    NLD က
တရားစွဲဆိုခြင်းပြုလုပ်မှာဖြစ်လို့ အာဏာမလွှဲပြောင်းပေးခဲ့တာလို့...မီဒီယာကတဆင့် ပြောဆိုဘူးပါတယ်။ ဒါကို- NLD က ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မဟုတ်မမှန်ကြောင်း မီဒီယာကနေတဆင့် ပြန်လည်ပြောကြားဘူးပါတယ်။ ကဲ...ဒါတွေထားလိုက်ပါ..။
လက်ရှိ- အစိုးရကော- ယ္ခင်- အစိုးရတွေပါ အကြောက်ဆုံးကတော့  ပြည်သူတွေနဲ့   နိုင်ငံရေးလှုပ်ရှားနေသူတွေကိုပါပဲ၊ ဒီလူတွေဟာ သူတို့ရဲ့      အကြောက်ရဆုံးရန်သူတွေဆိုတာ    သူတို့ကောင်းကောင်းကြီးသိပါတယ်..။    ဒီလူတွေဟာ       သူတို့ကိုဖြုတ်ချနိုင်ပြီး၊
သူတို့ကို ခုံရုံးတင်တရားစွဲဆို အပြစ်ပေးအရေးယူမှုတွေပြုလုပ်လာနိုင်မယ့်သူတွေဆိုတာ သူတို့တတွေ ကျိန်းသေ သိထားကြပါတယ်၊ ဒါတွေဟာ တချိန်က ဟုတ်ကောင်း- ဟုတ်နိုင်ပါသည်၊။ ယနေ့- မြန်မာနိုင်ငံရေးအခင်းအကျင်းသည် အရင်က နိုင်ငံရေး အခင်းအကျင်းနဲ့ မတူတော့ပါ..။ ယနေ့- မြန်မာနိုင်ငံရေးအခင်းအကျင်းသည် ပြီးခဲ့သည့် အမှားများကို ပြန်လည်ကလှည့်စားချေလိုပြီး    အမုန်းတရားတွေထပ်ဆင့်တိုးပွါးလိုသော      နိုင်ငံရေးအခင်းအကျင်းလည်း မဟုတ်တော့ပါ..။ ပြီးခဲ့သည်များကို    သင်ခန်းစာရယူပြီး    အမုန်းမပွါးသော
သင်ပုန်းချေရေးဆိုသည့် လမ်းကြောင်းပေါ်သို့ ဦးတည်နေပြီးဆိုလျှင်...မှားမည်မထင်။ သည်နေရာတွင် သင်ပုန်းချေရေးလမ်းကြောင်းသို့ခေါင်းဆောင်များက     ခရီးဆက်ကြမည်ဆိုလျှင်....စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးကို    အချိန်ကာလတခုသတ်မှတ်ပြီး  အချိန်မဆွဲပဲ အမြန်ဆုံးအကောင်အထည်ဖော်ကြိုးပမ်းရန်လိုသလို....လက်နက်ကိုင်သည်ဖြစ်စေ- မကိုင်သည်ဖြစ်စေ      အပစ်မဲ့    နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံးချွတ်ယွင်းချက်မရှိ       လွတ်ပေးရပါလိမ့်မည်။ ဒီနေရာမှာ  စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးကို ၃ ပွင့်ဆိုင်ဆွေးနွေးကြလျှင်....မည်သူကိုမှ အပစ်မပြောခြင်း ခေါင်းစဉ်အောက်မှာ ဆွေးနွေးရန်လိုသည်။ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို
အချိန်အကန့်အသတ်မရှိဆွေးနွေးခြင်းကို ပြည်သူတွေအနေနဲ့  လက်ခံမည်မဟုတ်။ အရေးကြီးသည့် မည်သည့်တွေ့ဆုံဆွေးနွေးရေးမျိုး
မဆို  အချိန်အကန့်သတ်ထားရှိရန်လိုအပ်သည်။ တွေ့ဆုံဆွေးနွေးကြသည့်အခါ    နှစ်ဖက်ခေါင်းဆောင်များမှ တိုင်းပြည်နဲ့ လူမျိုးအပေါ် ထားရှိတဲ့ တူညီတဲ့စေတနာမှန်ရှိဖို့လည်း သည်နေရာမှာအရေးကြီးပါသည်။
ယနေ့ဆိုလျှင်....နိုင်ငံရေး- စစ်ရေးပဋိပက္ခတွေဟာ ရေရှည်လာသည်နှင့်အမျှ....ရေရှည် နိုင်ငံရေး-စစ်ရေးပဋိပက္ခတွေဟာ တိုင်းပြည်နဲ့လူမျိုးအတွက်ဘာအကျိုးမှမရှိဘူးဆိုတာ နှစ်ဦး-နှစ်ဖက်ခေါင်းဆောင်များက   ပိုမိုသိရှိလာကြပြီဖြစ်သည်။ အဆုံးမရှိသော စစ်ပွဲ- ဖြေရှင်း၍မရနိုင်သည့်   နိုင်ငံရေးပဋိပက္ခ ဟူသည်မရှိ..။    အခုဆိုလျှင်- သူ့ကိုလည်း      ကိုကအပြုတ်မတိုက်နိုင်သလို....ကိုယ့်ကိုလည်း
သူ-အပြုတ်မတိုက်နိုင်တော့ဘူးဆိုတာ    ရေရှည်- စစ်ရေးပဋိပက္ခနဲ့ ရေရှည်- နိုင်ငံရေးပဋိပက္ခက စကားဆိုနေတာကြာနေပါပြီ။ဒါကြောင့်...ယနေ့ မြန်မာနိုင်ငံရေးအခင်းအကျဉ်းတွေဟာလည်း ပြောင်းလဲလို့လာပါပြီ၊ တွေ့ဆုံဆွေနွေးခြင်းနဲ့ ငြိမ်းချမ်းစွာ နိုင်ငံရေးစားပွဲ
ဝိုင်းပေါ်တွင် ဖြေရှင်းကြဖို့ကိုသာ နိုင်ငံရေးခေါင်းဆာင်များနှင့်     လက်နက်ကိုင်   တိုင်းရင်းသားခေါင်းဆောင်များက စိုင်းပြင်းနေကြပါပြီး၊ဒါဟာ- နိုင်ငံရေးအရဖြစ်ပေါ်နေသည့်ပြဿနာများကို နိုင်ငံရေးစာပွဲဝိုင်းတွင် ဖြေရှင်းရန်...မီးမောင်ထိုးပြနေခြင်းဖြစ်သည်..။
ဒီနေရာမှာ လက်ရှိ- အစိုးရအနေနှင့် ယုံယုံကြည်ကြည်နဲ့ နိုင်ငံရေးစာပွဲဝိုင်းကို တက်လှမ်းဖို့အရေးကြီးပါတယ်။ လက်ရှိ- အစိုးရမှ နိုင်ငံရေး
စားပွဲဝိုင်းကို ယုံယုံကြည်ကြည်နဲ့ တက်လှမ်းနိုင်ဖို့အတွက်...ကျနော်တို့ဘက်က    အာမခံချက်တွေ ပေးနိုင်ရပါ့မယ်။ ဥပမာ။ ။ သူတို့ဘဝ လုံခြုံမှုရှိဖို့အတွက် ဖြစ်ပျက်ခဲ့သည်အားလုံးကို သင်ပုန်းချေပြီး     အပြစ်ပေးအရေးယူဆောင်ရွက်မှု     မလုပ်ဘူးဆိုတဲ့ အာမခံချက်တွေ
ပေးနိုင်ရမယ်၊။ သင်ပုန်းချေ- မချေ ဖို့အတွက် ဒီနေရာမှာ ကျနော်တို့တတွေ တခုပြုလုပ်ရမှာက မှတ်ပုံတင်နံပါတ်နဲ့ အတူ လက်မှတ်တွေရေးထိုးထားတဲ့  လူထုစစ်တမ်းတွေကို  တစ်နိုင်ငံလုံးအတိုင်းတာအရ    ကောက်ခံရပါလိမ့်မယ်၊    အဓိကကတော့- ၁၉၆၂ ခုနှစ်ကစပြီးကျဆုံးသွားသူတွေရဲ့    မိသားစုအသိုင်းဝိုင်း၊    ထိခိုက်ဒဏ်ရာရခဲ့သူတွေ၊ နိုင်ငံရေးအကျဉ်သားတွေနဲ့    လွတ်မြောက်လာကြပြီးဖြစ်တဲ့နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေး-ခေါင်းဆောင်တွေနဲ့     စစ်ရေး လူမျိုးစုခေါင်းဆောင်တွေရဲ့     သဘောထားအမှန်တွေကို စစ်တမ်းအရင်ကောက်ခံပြီး၊ ၎င်း-တို့ရဲ့ အမြင်သဘောထားတွေကို     လူထုကိုချပြပြီမှသာ...နောက်တဆင့်  လူထုစစ်တမ်းအမှန်တွေကို   တိတိ
ကျကျကောက်ခံဖို့ လိုပါလိမ့်မယ်၊။
ဘာကြောင့်- ဒီလိုစစ်တမ်းတွေကောက်ခံရသလဲဆိုရင်    ကမ္ဘာမှာ အာဏာရှင်တွေ ဘယ်လိုဇတ်သိမ်းပြီး၊ ဘယ်လို- မရှုမလှနဲ့ နိဂုံးချုပ်သွားသလဲဆိုတာ       အာဏာရှင်တွေဖြစ်ခဲ့ကြတဲ့     သူတို့တတွေ    ကောင်းကောင်းကြီးသိထားကြလို့ပါပဲ..။ ဒါကြောင့် ၁၉၉၃ ခုနှစ်
အမျိုးသားညီလာခံမှာ  စစ်တပ်ဟာ အနာဂတ်မြန်မာနိုင်ငံရေးမှာ  ဦးဆောင်အခန်းကဏ္ဍကနေ ပါဝင်နေမယ်ဆိုတာ  အတိအလင်းပြောဆိုထားပြီး....ကနေ့- စစ်ဗိုလ် တစ်မတ်သားပါတဲ့ နာဂစ်ဖွဲ့စည်းပုံ အခုလိုပေါ်ပေါက်လာခဲ့ရတာပါ။  
မီဒီယာကနေတဆင့်  နှုတ်စကားနဲ့ ဂတိပြုပြီးသင်ပုန်းချေလို့မရပါဘူး၊     တကယ်- သင်ပုန်းချေ-မချေဆိုတာ   လူထုစစ်တမ်းတခုတော့ကောက်ခံဖို့ လိုအပ်လိမ့်မယ်လို့     ကျနော့်အနေနဲ့ ယူဆပါတယ်။  အမှန်တကယ်သင်ပုန်းချေလျှင်....ကျနော်တို့တတွေ  သဘောထား
ကြီးကြဖို့လိုကြောင်း....ကျနော့အမြင်ကျနော့်အထင် နိုင်ငံရေးရှုမြင်သုံးသပ်ချက်ကို ရေးသားတင်ပြလိုက်ပါသည်..။

အမေ့သား (ကွန်ဗလိုင် - ဒိန်းမတ်)

Interview with U Win Tin – တင်ရေး၊ ၀င်ရေး၊ ပြင်ရေး၊ ထူထောင်ရေး (NLD နဲ့ ၈၈ မျိုးဆက်)



 တင်ရေး၊ ၀င်ရေး၊ ပြင်ရေး၊ ထူထောင်ရေး (NLD နဲ့ ၈၈ မျိုးဆက်)
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဒီဇင်ဘာ ၁၅၊ ၂၀၁၁
ဒီတပတ် ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံစဉ်မှာ မေးဖြစ်တဲ့ မေးခွန်းတွေကတော့ လက်ရှိပြည်တွင်းမှာ ရွေးကောက်ပွဲ ၀င်ရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊ မှတ်ပုံတင်ပြီး ပါတီပြန်လည်ထူထောင်ရေး စတဲ့ ကိစ္စများအပေါ်မှာ ၈၈ မျိုးဆက်များ၊ ကျောင်းသားများ၊ တိုင်းရင်းသားများ၊ သံဃာတော်များနဲ့ ပါတီဝင်များ၊ ပါတီထောက်ခံသူများနဲ့ ဒေါ်အောင်ဆန်းစုကြည်ထောက်ခံသူများရဲ့ အမျိုးမျိုးသော သဘောထားများ၊ လုပ်ထုံးလုပ်နည်းများ ပြောဆို ထင်မြင်ချက်များနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ပါတယ်။
မေး။    ။         ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်ပြီးတော့ အင်န်အယ်ဒီပါတီက ရွေးကောက်ပွဲဝင်ဖို့ လုပ်တယ်၊ အဲသည်အပေါ်မှာ အမျိုးမျိုးအဖုံဖုံသော သဘောထားတွေပေါ်ထွက်လာတယ်။ မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲဝင်မယ်။ ဒါကို လက်ခံကြိုဆိုကြတယ်။ တချို့ကတော့ နိုင်ငံရေးအကျဉ်းသားတွေ၊ ရဟန်းသံဃာတော် မလွတ်မြောက်သေးတဲ့အခြေအနေမှာ ဒါကို စဉ်းစားစေချင်တယ်။ တချိုကတော့လည်း ပါတီနဲ့အတူ ရွေးကောက်ပွဲဝင်ဖို့ ၈၈ မျိုးဆက်တွေ၊ ကျောင်းသားတွေအတွက် နေရာပေးပါ။ သူတို့ကို အရေအတွက်တခုပေးပြီး အတူတူ ‘တင်’ ကြ၊ ‘၀င်’ ကြပါလို့ ပြောတယ်လို့ ဆိုတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ဆရာတို့က ဘယ်လိုမြင်တွေ့နေရသလဲ။
ဖြေ။     ။ အင်န်အယ်ဒီမှာက ရွှေဂုံတိုင်ရပ်တည်ချက်ရှိတယ်။ ၂၀၀၉ ဧပြီမှာ ထုတ်ပြန်ခဲ့တာ။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါ။ ခုနောက်ပိုင်းမှာ လွတ်မြောက်လာသူတွေ ရှိသော်လည်း   မလွတ်မြောက်သေးတဲ့သူတွေ ရှိနေတယ်၊ ကျန်နေတယ်။ နောက်တခုက ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုတာ။ အဲသည်တုန်းက အနယ်နယ်က အင်န်အယ်ဒီခေါင်းဆောင်တွေ ၁၀၀ ကျော် စည်းဝေးပြီးတော့ ဆုံးဖြတ်ထားခဲ့တာ။ ဒါက “လွှတ် / ပြင် / ၀င်” လို့ ပြောမလား။ ” ပြင် / ၀င်” လို့ ပြောမလား။ လွှတ်ပေးရမယ်၊ ပြင်ဆင်ရမယ်။ ဒါမှ ရွေးကောက်ပွဲဝင်နိုင်မယ်ပေါ့။ ဒါပေမယ့် အခုဟာက ၀င်မယ်လို့ ဆုံးဖြတ်လိုက်တော့ …”၀င် / ပြင်” ဖြစ်သွားပြီ။ ဒီတော့ ပြင်/၀င်ဖက်ကနေပြီး ၀င်/ပြင်ကို မေးခွန်းထုတ်တာတွေ၊ စကားပြောဆိုတာတွေ ရှိနေတာပေါ့လေ။ အရင်က လွှတ်တော်တွေကို သပိတ်မှောက်မယ်လို့ ဆိုတဲ့ သဘောထားတွေ ရှိကြတယ်။ နောက်တော့ လွှတ်တော်ထဲဝင်ပြီး ဆောင်ရွက်လုပ်ကိုင်ကြမယ်ဆိုတဲ့ သဘောထားတွေ ဖြစ်လာကြတယ်။ ဒါက နိုင်ငံရေးရဲ့ ဖြစ်မြဲထုံးစံပဲ။ (Process)။ နောင်ကျရင်တော့ သမိုင်းမှာ ပြေလည်ရင်လည်း ပြေလည်သွားနိုင်မယ်။ မပြေလည်ရင်လည်း ဒီကိစ္စဟာ သမိုင်းမှာ မှားတယ်၊ မှန်တယ်ဆိုတာ ဆက်ပြီး ဆွေးနွေးစရာ အရှည်သဖြင့်တခုလည်း ဖြစ်သွားနိုင်တယ်။ 
မေး။    ။ အဲသည်မှာ သဘောတခုက လက်ရှိနိုင်ငံရေးအခြေအနေ အကြပ်အတည်းရဲ့ ပကတိကို ကြည့်ပြီး ‘၀င်/ပြင်’ သင့်သလား၊ ‘ပြင်/၀င်’ သင့်သလားဆိုတဲ့ အချိန်ကျ မကျကို ဆွေးနွေးနေကြတာမဟုတ်လား ဆရာ။ အခုဟာက အင်န်အယ်ဒီပါတီကိုယ်တိုင်က တခဲနက်တည်း ‘၀င်/ပြင်’ ကို ရွေးချယ်ထားပြီးပြီပဲ။
ဖြေ။     ။ ကျနော်တို့ ပတ်ဝန်းကျင်မှာ ပြောနေကြတာက ‘၀င်/ပြင်’ ဖက်ကဆိုရင်ပေါ့ကွာ။  အခုဆိုရင် အနှစ် ၂၀ ရှိပြီ။ ဘာဖြစ်လို့ အချိန်ကို စောင့်နေကြဦးမှာလဲ။ နောက်ပြီးတော့ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လွတ်မြောက်နေတယ်။ ကိုယ်တိုင်ဦးဆောင်မှု ပေးနေတယ်။ သူ့ရဲ့ ခေါင်းဆောင်မှုနဲ့ စည်းရုံးနိုင်မှု အင်အားကိုလည်း ထည့်တွက်သင့်တယ်။ ဒါမျိုးတွေ ပြောကြတယ်။ လွှတ်တော်ထဲမှာ တတိယအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ၊ တပ်မတော်သားတွေ၊ ကြံ့ဖွံ့ပါတီဝင်တွေ၊ တစညလိုမျိုး ပါတီတွေက ကိုယ်စားလှယ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောထားချင်း ထပ်တူထပ်မျှဖြစ်လာပြီး ၂၀၀၈ အခြေခံဥပဒေထဲက ဒီမိုကရေစီနည်းလမ်းမကျတဲ့ အချက်အလက်တွေကို ပြင်ဆင်ပြဋ္ဌာန်းမှုတွေ လုပ်ဆောင်လာနိုင်မယ်လို့ ပြောလာကြတာတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားကို ပွားယူနိုင်တယ်လို့ ပြောဆိုကြတာတွေ ကြားရတယ်။ မူလက ၁၀၊ ၂၀ လောက်ကနေ ၁၀၀၊ ၂၀၀ အဆဆ ပွားသွားမယ်လို့ ပြောကြတယ်။
မေး။    ။ အဲဒါက ‘၀င်/ပြင်’ တွေဖက်က ပြောတာပေါ့ဆရာရယ်။ နိုင်ငံရေးအကျဉ်းသားတွေ၊ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ၊ သံဃာ့တော်တွေ၊ သံဃာ့ခေါင်းဆောင်တွေ လွတ်မြောက်ခြင်း မရှိတဲ့အတွက် ပြည်သူတွေကို ချုပ်နှောင်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို အဓိကထား ပြင်ဆင်ဖို့ လိုအပ်တယ်။ အဲဒါပြီးမှ ရွေးကောက်ပွဲဝင်သင့်တယ်ပေါ့လေ။ ‘ပြင်/၀င်’တွေ ဖက်က ပြောဆိုတာတွေ၊ နောက်ပြီးတော့ အခုတလောမှာ ၈၈ မျိုးဆက်တွေ၊ ဗကသကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ သံဃာ့တပ်ပေါင်းစုတို့ကလည်း နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မြောက်သေးလို့ သူတို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီရဲ့ ရွေးကောက်ပွဲအပေါ်သဘောထားကို မကန့်ကွက်ဘူး၊ လေးစားတယ်။ သူတို့အနေနဲ့ သူတို့နံမယ်သုံးပြီးတော့ မ၀င်ဘူးလို့ ထုတ်ပြန်တာတွေ ရှိလာတယ်လေ။ အဲဒါတွေကို ဆရာတို့ ဘယ်လိုမျိုး ရင်ဆိုင်နေရသလဲ။
ဖြေ။     ။ ၈၈မျိုးဆက်တွေ၊ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေ၊ ရဟန်းသံဃာတွေနဲ့ လူထုလူတန်းစားအသီးသီးရဲ့ ခေါင်းဆောင်တွေ၊ စွန့်လွှတ်အနစ်နာခံသူတွေ အများအပြားဟာ ထောင်ထဲမှာ ဖမ်းချုပ်ခံထားရဆဲဖြစ်တယ်။ သူတို့တွေရဲ့ အင်အားတွေ ဆောင်ရွက်မှုတွေ အားနည်းနေချိန်မှာ ရွေးကောက်ပွဲကို အပြင်ကလူတွေ ၀င်ကြရင် ဒီမိုကရေစီအင်အားစုတွေအချင်းချင်းတွေကြားမှာ သဘောထားတွေ ကွဲကြတာ၊ ညီညွတ်မှုတွေ ထိခိုက်ကုန်တာတွေ ဖြစ်နိုင်တယ်။ လှုပ်ရှားမှုတွေ ရုန်းကန်မှုတွေမှာ အားလျော့သွားနိုင်တယ်။ အချင်းချင်းတွေကြားမှာ လမ်းခွဲကြီး တခုလို ဖြစ်သွားမယ်။ နောင်ကျရင် လွှတ်တော်ထဲက ဒီမိုကရေစီအင်အားစုတွေကို အာဏာရှင်တွေက လက်ကိုင်တုတ်သဖွယ် သုံးပြီးတော့ အပြင်ကဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားသူတွေကို တိုက်ခိုက် နှိမ်နင်းတာတွေ လုပ်လာမယ်လို့လည်း ပြောဆိုကြ၊ ထင်မြင်ချက်ပေးကြတာတွေလည်း ရှိပါတယ်။ သူတို့ပြောတာကလည်း မှားတယ်လို့ ပြောလို့မရဘူးလေ။ လက်ခံပြီး နားထောင်ပေးရပါတယ်။ ဒါကလည်း ကျနော်တို့ရဲ့ ၂၀၀၉ ရွှေဂုံတိုင်ကြေငြာချက်ထဲက ‘လွှတ်/ ပြင်/ ၀င်’ ဆိုတဲ့ သဘောမျိုးပဲလို့ ပြောရင်ရပါတယ်။
မေး။    ။ အခုထွက်ပေါ်လာတဲ့ သဘောထားတွေနဲ့အတူ ဆရာတို့ရဲ့ပါတီပြင်ပမှာ ဘယ်လိုမျိုး နိုင်ငံရေးအင်အားတွေပေါ်ပေါက်လာတယ်လို့ တွေ့ရသလဲ။
ဖြေ။     ။ ကျနော့်အမြင်ပြောရရင် “၈၈မျိုးဆက်” လို့ပြောရမယ့် နိုင်ငံရေးအင်အားစု ထွက်ပေါ်လာတယ်လို့ ပြောချင်တယ်။ ယခုထက်ထိ အကျဉ်းထောင်ထဲမှာ ဖမ်းချုပ်ခံထားရတဲ့ ၈လေးလုံးတွေ၊ အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ၈၈တွေ၊ ပြီးတော့ အဲသည် ၈၈မျိုးဆက်တွေကို လိုလားတဲ့ ထောက်ခံတဲ့ အင်အားစုတွေဆိုပြီး သိသိသာသာပေါ်ထွက်လာတယ်လို့ ပြောချင်ပါတယ်။ အဲသည် ၈၈မျိုးဆက်တွေထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့သူတွေ ရှိလာတယ်။ နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်တာကို လက်မခံဘူး၊ ဆန့်ကျင်တယ်ဆိုတဲ့ သဘောထားလည်း ထွက်လာတယ်။ ပြီးတော့ နောက်ဆုံးတခုကတော့ ရွေးကောက်ပွဲကို ၈၈အမည်ခံပြီး မ၀င်ဘူး၊ ရွေးကောက်ပွဲဝင်တာကိုလည်း ကန့်ကွက်ခြင်းမပြုဘူး၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီရဲ့ နိုင်ငံရေးအင်အားနဲ့ ရပ်တည်ချက်တွေကို ၀န်းရံပေးမယ်ဆိုတဲ့ သဘောထားလည်း ထွက်ပေါ်လာတယ်။ 
မေး။    ။ ဒါတွေ ထွက်လာတာက ဆရာကိုယ်တိုင် တွေ့ကြုံကြားသိနေရတာပေါ့။ သူများတွေ ပြောဆိုနေတာကို တဆင့်အကြားသက်သက်နဲ့ မဟုတ်ဘူးပေါ့။
ဖြေ။     ။ ကိုယ်တိုင်မြင်ရ၊ သိရတာတွေပါ။ ထောင်ထဲက သဘောထားတွေ ထွက်လာတယ်။ စာနဲ့ ပေနဲ့ ရေးသားကြတယ်။ ထောင်ပြင်က ၈၈ တွေကလည်း ပြောဆိုဆွေးနွေးကြတာတွေ လုပ်လာကြတယ်။ ဒေါ်စုကို ထောက်ခံတယ်၊ မထောက်ခံဘူး ဆိုတာမျိုးကအစ ပြောကြ တင်ပြကြ ဆွေးနွေးကြတာတွေ ရှိတာကို မြင်တွေ့နေရတယ်။ အဲသည်မှာ နောက်ဆုံး အများစုရဲ့ သဘောထားက ဘာဖြစ်လာသလဲဆိုတော့ ၈၈မျိုးဆက်တွေအနေနဲ့က သူတို့ရဲ့ ခေါင်းဆောင်တွေ၊ အခြားတိုင်းရင်းသားတွေ၊ သံဃာတော်တွေ၊ ကျောင်းသားလူငယ်တွေ ထောင်ထဲမှာ ရှိနေသေးသမျှမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီနဲ့ ချိတ်တွဲပြီးတော့ ရွေးကောက်ပွဲကို မ၀င်ကြဘူးဆိုတဲ့ သဘောထား ကျသွားတယ်။ လိုင်းပြတ်သွားတယ်ပေါ့ကွာ။ ဒါ့အပြင် နောက်ထပ်ပြတ်သွားတဲ့ လိုင်းတခုကတော့ ဘာပဲဖြစ်ဖြစ် အင်န်အယ်ဒီပါတီကိုတော့ ၀ိုင်းရံကြရမယ်ဆိုတာ အရေးကြီးတယ်။ အင်န်အယ်ဒီမှ ၀န်းရံပြီး အသွင်သဏ္ဍန်အမျိုးမျိုးရှိသော ဒီမိုကရေစီလုပ်ငန်းတွေမှာ ဆက်လက်လုပ်ဆောင်သွားကြမယ် ဆိုတာမျိုးဖြစ်လာတယ်။ တသီးပုဂ္ဂလအနေနဲ့ ပါတီနဲ့ ပူးပေါင်းပြီး လုပ်ကိုင်ကြတာတွေ၊ ရွေးကောက်ပွဲဝင်ကြတာတွေကိုလည်း ဘာမှ မှတ်ချက်ပေးစရာမလိုဘူးလို့လဲ သူတို့ဖက်က ရှင်းလင်းပေးလိုက်တယ်။ ဒါကတော့ ပြည်တွင်းမှာရှိနေတဲ့ ၈၈ မျိုးဆက်ဆိုတဲ့ နိုင်ငံရေးအင်အားစုရဲ့ ရပ်တည်ချက်၊ သဘောထားဖြစ်လာတာကို နောက်ဆုံးမှာ ထင်ထင်ရှားရှားတွေ့ရတယ်လို့ ပြောချင်တယ်။
မေး။    ။ ပြည်တွင်းမှာ ၈၈မျိုးဆက် နိုင်ငံရေးအင်အားစုအနေနဲ့က နောက်ဆုံးမှာ ‘၀င်/ပြင်’တွေ ‘ပြင်/၀င်’တွေ အခြားအချက်အလက်တွေ၊ ရွေးကောက်ပွဲတို့၊ ပါတီမှတ်ပုံတင်တာတို့ကို အဓိကထား ပြောဆို ဆွေးနွေးနေကြတာထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီကို အတိုက်အခံနိုင်ငံရေးအင်အားစုတခုအဖြစ် အားလုံးက ၀န်းရံမယ်ဆိုတာမျိုး ဆုံးဖြတ်ချက်ကျသွားတယ်လို့ ပြောရမှာပေါ့၊ ဟုတ်လား ဆရာ။
ဖြေ။     ။ အဲလိုမျိုး ဖြစ်ပေါ်လာတယ်လို့ ပြောရမယ် ထင်ပါတယ်။ အဲသည်လိုမျိုး အခြားသော ပြည်ပကဖြစ်စေ၊ ပြည်တွင်းကဖြစ်စေ၊ နိုင်ငံရေးအင်အားစုတွေမှာလည်းပဲ အလားတူသဘောထားမျိုး၊ ရပ်တည်ချက်မျိုး လိုင်းကျသွားမယ်၊ ဆုံးဖြတ်နိုင်ကြမယ်ဆိုရင်ဖြင့် အချင်းချင်းတွေကြားထဲမှာ ရှင်းရှင်းလင်းလင်းဖြစ်သွားကြမယ်။ ရှုပ်ထွေးမှုတွေ မဖြစ်ပေါ်တော့ဘူး။ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျဉ်းမှာလည်း ထိရောက်မှုတခုခုဖြစ်လာတော့မယ်လို့ ယူဆပါတယ်။
မေး။    ။ ဆရာကိုယ်တိုင်လည်း ရွှေဂုံတိုင်ကြေညာချက်ကို လက်ခံသူ၊ ထောက်ခံသူတဦးဖြစ်နေရက်နဲ့ အင်န်အယ်ဒီပါတီဝင်တဦးဖြစ်နေတဲ့အတွက် အများဆုံးဖြတ်ချက်ကို လက်ခံပြီးတော့ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေမှာ ၀င်ပြီး လုပ်ကိုင်ဆောင်ရွက်နေရတယ်လို့ ပြောရင်ရမလား ဆရာ။
ဖြေ။     ။ ပြောလို့ရပါတယ်။ အခုအချိန်မှာ ကျနော်တို့လည်း ရွေးကောက်ပွဲဝင်ရေး၊ ရွေးကောက်ပွဲအောင်နိုင်ရေးတွေ၊ ပါတီပြန်လည်ထူထောင်ရေးတွေမှာ ၀င်ရောက်လုပ်ကိုင်နေရတာကို တွေ့နိုင်ပါတယ်။ 
မေး။    ။ ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။ နောက်တရက်မှာတော့ ၈၈ မျိုးဆက်ဆိုတဲ့ နိုင်ငံရေးအင်အားစု လို့ ဆရာသုံးနှုန်းတာကို ဆက်ပြီး မေးမြန်းပါဦးမယ်။  

အစိုးရ အကူအညီအပေါ် သံသယဖြင့်ကြိုဆို

ပြည်တွင်းစစ်မှတ်တမ်းတချို့  (သတင်းစု)ကုတ်ပါ

 x x x x x x x x x x x x x x

 အစိုးရ အကူအညီအပေါ် သံသယဖြင့်ကြိုဆို

သန်းထိုက်ဦး on December 15, 2011 7:02 pm (ဧရာဝတီ)

ကချင် စစ်ပြေး ဒုက္ခသည်များ အတွက် အစိုးရအာဏာပိုင်များက ကူညီထောက်ပံ့ပေးမှုများနှင့် ပတ်သက်၍ ကချင် လူ့အခွင့် အရေး လှုပ်ရှားနေသူများနှင့်အကူအညီပေးနေသူများက သံသယဖြင့် ကြိုဆိုကြောင်း ပြောသည်။

ကချင် ဒုက္ခသည်များအတွက် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က အကူအညီ ပစ္စည်းများ ပေးအပ်နေစဉ် (ဓာတ်ပုံ - kachinnet.net)
ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်ရာ လိုင်ဇာဒေသရှိ ဒုက္ခသည်များအား အစိုးရအာဏာပိုင်များက ဆန်၊ အ၀တ်အစားနှင့် အိမ်သုံး ပစ္စည်းများကို ပေးအပ်ခြင်းဖြစ်ပြီး နိုင်ငံရေး အမြတ်ထုတ်မည်ကို စိုးရိမ်နေကြောင်းလည်း သိရသည်။
“အစိုးရကနေ အဲဒီလိုမျိုး လာပေးတယ် ဆိုတာတော့ ကောင်းတယ်၊ ဒါပေမယ့် သူတို့က စစ်ပွဲကို မရပ်ဘဲနဲ့ လာထောက်ပံ့ပေးတယ် ဆိုတော့ စဉ်စားစရာတွေ ဖြစ်လာတယ်၊ သူတို့ရဲ့ဗျူဟာက ဘယ်လိုရှိနေတယ်ဆိုတာ ကျမတို့ အနေနဲ့ တော်တော်လေးကို စိုးရိမ် မကင်းဖြစ်မိတယ်”ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး(KWAT) အဖွဲ့မှ မွန်နေလီက ဧရာဝတီသို့ ပြောသည်။
ဒုက္ခသည်များကို အကူအညီပေးရေးနှင့် ပတ်သက်၍ လတ်တလော အစိုးရနှင့် ကချင်လွတ်လပ်ရေး တပ်တော်(KIA) တပ်ဖွဲ့ဝင်များ ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်ဆိုင်းရန် အရေးကြီးကြောင်းလည်း ၎င်းက ဆိုသည်။
“အခုဆိုရင် စစ်ပွဲတွေ ပိုပြီးတော့ တင်းမာလာတဲ့ အခြေအနေမှာ ရှိနေတယ်၊ ထွက်ပြေးတဲ့ လူတွေလည်း တောက်လျှောက် ရှိနေ တယ်၊ အစိုးရက ကူညီတယ်ဆိုတဲ့ ဟာလည်း ဖူလုံတဲ့ အဆင့်အထိတော့ မရောက်နိုင်ဘူး၊ အဲဒီကိစ္စတွေ အပေါ်မှာ စိုးရိမ်မကင်းဖြစ် မိတယ်”ဟု မွန်နေလီက ဆက်ပြောသည်။
ကချင် စစ်ပြေး ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ခံ ကိုလာရစ်က“အစိုးရပဲ ပေပေး၊ ဘယ်အဖွဲ့ အစည်းကပဲ ပေပေး ဒုက္ခသည်တွေကို ကူညီပံ့ပိုးတာကတော့ ဘာမှ အပြစ်မရှိဘူး၊ အစိုးရက ဒုက္ခသည်တွေ အပေါ် နိုင်ငံရေး အမြတ်ထုတ်တာ မရှိဘူး ဆိုရင် ဘယ်သူပဲ ဖြစ်ဖြစ် ကူညီသင့်တယ်လို့ မြင်တယ်”ဟု ဆိုသည်။
မကြာခင်ရက်ပိုင်း အတွင်း၌ ရန်ကုန် အခြေစိုက် ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်(UNICEF)၊ နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၊ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ကွပ်ကဲမှုရုံး (UNOCHA)တို့က အစိုးရအာဏာပိုင်များ ပေးပို့လိုက်သည့် ထောက်ပံ့ရေးပစ္စည်းများ အပါအ၀င် ဒုက္ခသည် စခန်းများရှိ တာဝန် ရှိသူများထံ လာရောက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
KIO ထိန်းချုပ် ဒေသရှိ ဒုက္ခသည်များ အတွက် လာရောက်ပေးအပ်သော ကုလသမဂ္ဂ အဖွဲ့အစည်းမှ ပစ္စည်းများကို လက်ခံယူခဲ့ သော်လည်း အစိုးရအာဏာပိုင်များ၏ အကူအညီကို လက်ခံခြင်း မပြုဘဲ ယမန်နေ့က ပြန်လည်ပို့ဆောင်လိုက်ကြောင်း ကချင် လွတ် လပ်ရေးအဖွဲ့(KIO) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ပြောသည်။
“ဒီကိစ္စကတော့ အမှန်ပဲ ဘာကြောင့်လဲဆိုတော့ အခု တိုက်ပွဲတွေဟာ အစိုးရနဲ့ ဖြစ်နေတယ်၊ ဒီမှာ ရောက်လာတဲ့ ဒုက္ခသည်တွေက လည်း အစိုးရစစ်တပ်ရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အမျိုးမျိုးကို ကြောက်ရွံ့ထိတ်လန့်ပြီးတော့ ထွက်ပြေးလာတဲ့ဒုက္ခသည် တွေ ပါပဲ၊ ဒါကတော့ သူတို့အနေနဲ့ လာတဲ့ကိစ္စမှာ၊ ဒီလိုမျိုး အခြေအနေမှာ သူတို့ရဲ့ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့က ပံ့ပိုးတဲ့ ထောက်ပံ့ရေးပစ္စည်း တွေကို ကျနော်တို့ လက်မခံဘူး၊ ပြန်ပို့ လိုက်ပါပြီ”ဟု ၎င်းက ဆိုသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေး ဦး စီးဌာန၊ ကြက်ခြေနီ အသင်းမှ တာဝန်ရှိသူများက ထောက်ပံ့ ပေးပို့ခဲ့ကြောင်း ဦးလနန်က ပြောဆိုသည်။
KIA ထိန်းချုပ်ရာ လိုင်ဇာဒေသ တ၀ိုက်၌ လတ်တလော ဒုက္ခသည် ၃၄၀၀၀ ခန့်ရှိပြီး ၀ိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ မိုင်ဂျာယန် စသည်တို့တွင် ဒုက္ခသည် ၇၀၀၀ ခန့် ထပ်မံ တိုးပွားလာကြောင်း သိရသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း ကချင် ပြည်နယ်ရှိ မြို့နယ် ၁၁ မြို့နယ်တွင် ယာယီ ဒုက္ခသည် စခန်း ၅၉ ခု၌ လူ ၁၄၁၁၃ ဦး ပြည်နယ် အစိုးရ၏ အစီအစဉ်ဖြင့် စောင့်ရှောက်ထားပြီး အအေးဒဏ် ကာကွယ်နိုင်ရန် စောင်နှင့် အနွေးထည် လိုအပ်မှုများ ရှိနေသေးကြောင်း ထုတ်ပြန် ထားသည်။
KIA သည် ၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍ နှစ်ဘက် အပစ် အခတ် ရပ်စဲခဲ့သည်။
အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ် ဒေသများတွင် စစ်ရေးပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော် လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးနဲ့ ဒေါက်တာဒေါ်မေ၀င်းမြင့် ရွှေည၀ါဆရာတော် ဦးပညာသီဟကို လာရောက်တွေ့ဆုံ (ရုပ်သံ)

ရွှေညဝါဆရာ​တော် ဖိအား​ပေး​ခံရသည့်​ကိစ္စ ​ဒေါ်​အောင်ဆန်း​စုကြည် စိုး​ရိမ်

Published on December 15, 2011 by နေသွင်(DVB)

ရန်ကုန်တိုင်း ​၊​ ကြည့်​မြင်တိုင်မြို့​နယ် ​ရွှေညဝါဆရာ​တော်ကို ​ကျောင်း​က​နေ ဖယ်ရှား​ပြီး​ ​ကျောင်း​က သင်တန်း​တွေကိုလည်း​ ခွင့်​မပြု​တော့​တဲ့​အ​ကြောင်း​ သံဃာမဟာနာယကအဖွဲ့​က ညွန်ကြား​ထား​ပါတယ်။
ဒီကိစ္စနဲ့​ ပတ်သက်လို့​ ဆရာ​တော်အတွက် စိုး​ရိမ်တဲ့​ တပည့်​၊​ ဒကာ​တွေက ဒီ​နေ့​မနက်မှာ ဆရာ​တော့်​ကျောင်း​မှာ စုရုံး​ခဲ့​ကြပြီး​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဦး​တင်ဦး​ကလည်း​ အဖွဲ့​ချုပ် ကိုယ်စား​ သွား​ရောက် ညှိနှိုင်း​ခဲ့​ပါတယ်။
ဒေါ်​အောင်ဆန်း​စုကြည်ကိုယ်တိုင်း​လည်း​ ဒီကိစ္စနဲ့​ပတ်သက်လို့​ စိုး​ရိမ်မှုရှိ​နေတဲ့​အ​ကြောင်း​ အ​ကြောင်း​ ဦး​တင်ဦး​က ​ပြောပြပါတယ်။
ဒီသတင်း​ကို မ​နေ့​ညမှာ ကြား​သိရပြီး​တဲ့​နောက် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဗဟို​ကော်မတီဝင်​တွေ ဒီ​နေ့​ မနက်က ဗဟို​ကော်မတီအစည်း​အ​ဝေး​မှာ အ​ရေး​တကြီး​ဆွေး​နွေး​ခဲ့​တယ်လို့​ ပါတီ ဒုဥက္ကဋ္ဌ ဦး​တင်ဦး​က ​ပြောပါတယ်။
အစည်း​အ​ဝေး​ ကို ​ဒေါ်​အောင်ဆန်း​စုကြည်လည်း​ တက်​ရောက်ပြီး​ ပြဿနာကို ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​နဲ့​ ​ပြေလည်သွား​ဖို့​ နည်း​လမ်း​ရှာခဲ့​ဖို့​ သူ့​ကို တာဝန်​ပေး​လိုက်တဲ့​ အ​ကြောင်း​ ဒုဥက္ကဋ္ဌ ဦး​တင်ဦး​က ​ပြောပါတယ်။
“ကျ​နော်တို့​ သွား​ပြီး​တော့​ ​လျှောက်ထား​ချင်တာက​တော့​ သံဃာ့​မဟာနာယကအဖွဲ့​ ဥက္ကဋ္ဌဖြစ်တဲ့​ ဗန်း​မော်ဆရာ​တော်ဘုရား​ကြီး​ကိုလည်း​ ​လျှောက်ထား​ချင်တာ​ပေါ့​ဗျာ။ ဒါ​ပေမယ့်​ ခက်တာက သံဃာ့​မဟာနာယကအဖွဲ့​နဲ့​ကလည်း​ပဲ ကျ​နော်တို့​အဖို့​က သိပ်ပြီး​တော့​ မနီး​စပ်ဘူး​ခင်ဗျ။ တခါမှလည်း​ ကျ​နော်တို့​က ဆက်စပ်မှုလည်း​ ဆက်သွယ်မှုလည်း​ မရှိခဲ့​တော့​ ဒီလို​တော့​ ရှိတာ​ပေါ့​နော်။ သို့​သော်လည်း​ပဲ ကျ​နော်တို့​က​တော့​ သပိတ်အိုင်ဆရာ​တော် ဘုရား​နဲ့​က​တော့​ ဒကာမကြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​က​တော့​ အင်မတန်ကိုပဲ ဆရာဒကာလို ဖြစ်​နေပြီဗျ။ အဒါ​ကြောင့်​မို့​လို့​ အဲဒီဟာကို ​ဒေါ်​အောင်ဆန်း​စုကြည်က တာဝန်​ပေး​တယ်။ ဒီဥစ္စာကို ​အေး​အေး​ချမ်း​ချမ်း​ ​ပြေ​ပြေလည်လည် ​ဆောင်ရွက်နိုင်ဖြစ်​အောင် သပိတ်အိုင် ဆရာ​တော်ဘုရား​ကြီး​ကိုလည်း​ ချည်း​ကပ်ပြီး​တော့​ပေါ့​နော် လိုအပ်တာ​တွေ သူ့​ဆီက ဩဝါဒ​တွေခံယူပြီး​တော့​ ​ဆောင်ရွက်နိုင်​အောင် လုပ်ဖို့​ ကျ​နော် ဒီလို​တော့​လည်း​ စိတ်ကူး​ထား​တယ်ခင်ဗျ။”
ရွှေညဝါဆရာ​ တော်ကလည်း​ ဆရာရင်း​ဖြစ်တဲ့​ သံဃာ့​မဟာနယက ဥက္ကဋ္ဌ ဗန်း​မော်ဆရာ​တော် ဘုရား​ကြီး​ကို ​တွေ့​ဖို့​ရှိတဲ့​အ​ကြောင်း​၊​ သူ့​ကို မိန့်​ကြား​ခဲ့​တယ်လို့​ မနက်က ဆရာ​တော်ကို သွား​ဖူး​ခဲ့​တဲ့​ ဦး​တင်ဦး​က ​ပြောပါတယ်။
တပည့်​၊​ ဒကာ၊​ ဒကာမ​တွေ မပူကြဖို့​ ဆရာ​တော်က တဆင့်​ မှာကြား​ခဲ့​တဲ့​အ​ကြောင်း​လည်း​ ဦး​တင်ဦး​က အခုလို​ပြောပြပါတယ်။
“ဆရာ​ တော်ဘုရား​ကြီး​က ​အေး​အေး​ချမ်း​ချမ်း​ ​ဆောင်ရွက်သွား​မယ့်​အ​ကြောင်း​ပေါ့​။ ​ပြောလိုက်လို့​ရှိရင် အကုန်လုံး​ ​ပြေလည်သွား​ နိုင်ပါတယ်တဲ့​။ အဲဒီဟာကို ​ပြေလည်​အောင် အား​လုံး​က ညှိနှိုင်း​ဆောင်ရွက်ပြီး​မှ လုပ်ဖို့​ ​ကောင်း​ပါတယ်။ ဘယ်သူကမှ ဆန္ဒ​စောပြီး​တော့​ လုပ်တဲ့​ ကိစ္စမျိုး​ ဖြစ်လို့​ရှိရင် ​ကျောင်း​မှာရှိတဲ့​ သံဃာ​တော်အတွက်ကလည်း​ပဲ မ​ကောင်း​ပါဘူး​တဲ့​။ ​နောက်ပြီး​တော့​ ကိုး​ကွယ်​နေတဲ့​ ဒကာ ဒကာမ​တွေအတွက်လည်း​ အဆင်မ​ပြေရာ ဖြစ်မယ်တဲ့​ ​နောက်ပြီး​တော့​ ဆက်သွယ်လုပ်ကိုင်​နေတဲ့​ ကျ​နော်တို့​ အဖွဲ့​အစည်း​များ​အ​နေနဲ့​လည်း​ပဲ လုပ်ကိုင်​နေတဲ့​ တိုး​တက်​ကောင်း​မွန်​နေတာကိုလည်း​ အထစ်အ​ငေါ့​ဖြစ်မှာ စိုး​တယ်​ပေါ့​ဗျာ။ အဲဒါ​ကြောင့်​မို့​ အစစအရာရာ ပြည်လည်​အောင်အတွက် ဆန္ဒမ​စောဘဲနဲ့​ ​အေး​အေး​ဆေး​ဆေး​ တိုင်တိုင်ပင်ပင်လုပ်ရင် ​ပြေလည်နိုင်ပါတယ်တဲ့​ ကျ​နော့်​ကိုလည်း​ မှာလိုက်ပါတယ်။ အပြင်မှာ ရှိ​နေတဲ့​ ပြည်သူလူထု​တွေကိုလည်း​ပဲ ​အေး​အေး​ဆေး​ဆေး​လေး​နဲ့​ ​ပြေလည်ရာ​ပြေလည်​ကြောင်း​ ဖြစ်မယ့်​အ​ကြောင်း​၊​ ကျ​နော်ကပဲ သူတို့​ကို ဒါကို စိတ်ထဲမှာ ဘာမှစိုး​ရိမ်ပူပန်​ကြောင့်​ကြခြင်း​ မရှိ​အောင် ​နေကြပါ၊​ ​အေး​အေး​ဆေး​ဆေး​ပြန်ကြပါ ​နေကြပါဆိုတာကိုလည်း​ပဲ ​ပြောဆို​ပေး​ခဲ့​ပါဆိုလို့​ ကျ​နော်က ပြည်သူလူထုကို မှာကြား​ပေး​ခဲ့​ပါတယ်။”
မနက်က​တော့​ ကြည့်​မြင်တိုင် ​ရွှေညဝါ​ကျောင်း​တိုက်ကို သံဃာ့​မဟာနယက ဥက္ကဋ္ဌ ဗန်း​မော်ဆရာ​တော် ကြွ​ရောက်လာမယ်လို့​ သတင်း​ထွက်​နေတဲ့​အတွက် ရဟန်း​နှင့်​ လူနှစ်ရာဝန်း​ကျင် စုရုံး​ခဲ့​ကြတယ်လို့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ကိုကိုကြီး​ (စမ်း​ချောင်း​) က ​ပြောပါတယ်။
“ကျ​နော့်​ အမြင်က​တော့​ ဒီမိုက​ရေစီစနစ်ကို သွား​နေတယ်ဆိုတဲ့​ အ​နေအထား​နဲ့​ နည်း​နည်း​လေး​ လွဲ​ချော်​နေသလိုပဲဗျ။ အခုအချိန်မှာ ဆန္ဒပြခွင့်​ ဥပ​ဒေ​တောင် ပြဋ္ဌာန်း​ပြီး​ပြီဗျာ။ ဒီလိုမျိုး​ ဩဝါဒစကား​ ချီး​မြှင့်​လို့​ အ​ရေး​ယူတယ် ဆိုတာက​တော့​ နည်း​နည်း​လေး​ တခုခု​တော့​ လွှဲ​နေသလိုပဲ​ပေါ့​။ အဲဒါကို ပြန်စဉ်း​စား​သင့်​တယ်​ပေါ့​နော်။ အဲဒီအတွက်​ကြောင့်​လည်း​ ဒီ​လောက် ဖြစ်စရာ မလိုဘူး​လို့​ ကျ​နော်ထင်တယ်​ပေါ့​နော်။ အခုက​တော့​ အား​လုံး​က ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​နဲ့​ပဲ ​စောင့်​ကြည့်​နေတယ်။ ကိုယ်လုပ်စရာရှိတာကိုပဲ ဆက်ပြီး​တော့​ လုပ်​နေကြမယ် အဲဒီလိုပဲ မြင်ပါတယ်ခင်ဗျ။”
ရွှေညဝါ ဆရာ​တော်ကို သံဃာ့​မဟာနာယကပို့​လိုက်တဲ့​ ညွန်ကြား​စာမှာ တရား​ဟောခွင့်​ ပိတ်ပင်ခံထား​ရတဲ့​ ဆရာ​တော်ဟာ နိုဝင်ဘာလအတွင်း​က မန္တ​လေး​တိုင်း​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​မှာ တရား​ဟောတဲ့​အတွက် အ​ရေး​ယူတာလို့​ ​ဖော်ပြထား​ပါတယ်။
ဒီကိစ္စနဲ့​ပတ်သက်လို့​ မန္တ​လေး​တိုင်း​ အဖွဲ့​ချုပ်ကို ​မေး​မြန်း​တဲ့​အခါမှာ​တော့​ ဥက္ကဋ္ဌ ဦး​သိန်း​တန်က အခုလိုရှင်း​ပြပါတယ်။
“ဆရာ​တော် ကျ​နော်တို့​ဆီမှာ လာ​ပြောတာက​တော့​ ဝါး​ပင်​လေး​တွေအ​ကြောင်း​ကို သူ​ပြောသွား​တယ်။ ဝါး​ပင်များ​ဟာ ​လေယူရာ ယိမ်း​ပေမယ့်​ ဘယ်​လောက်ထိခိုင်မာတယ်ဆိုတဲ့​အ​ကြောင်း​၊​ စည်း​လုံး​ညီညွတ်မှုရှိတဲ့​အ​ကြောင်း​၊​ နိုင်ငံ​ရေး​ သိပ်မပါဘူး​ဗျ။ ​ပြောတဲ့​ ​ဟောတဲ့​အထဲမှာ ဘာတခုမှ ​ဘောင်လွတ်တာမပါဘူး​ဗျ။”
မ​နေ့​ည​ နေပိုင်း​က ဒီဗွီဘီက ​မေး​မြန်း​လျှောက်ထား​တဲ့​အချိန်မှာလည်း​ ​ရွှေညဝါဆရာ​တော်က ငြိမ်း​ချမ်း​ရေး​ကို လိုလား​တဲ့​ သံဃာတပါး​အ​နေနဲ့​ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​ပဲ ​ဖြေရှင်း​ချင်တဲ့​ ဆန္ဒရှိတယ်လို့​ မိန့်​ကြား​ခဲ့​ပါတယ်။

သံဃာ့မဟာနာယက ဆိုတာ ဘာလဲ

အခုတလော အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြန်မာပြည် စစ်အာဏာပိုင်တွေ၊ စစ်အာဏာရှင်တွေရဲ့ အသုံးချခံဖြစ်တဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကြီးအကြောင်း မေးကြ ပြောကြတာတွေကို စုစည်းပြီး တင်ပြပေးချင်လို့ ဒီစာကို ရေးလိုက်ပါတယ်။

၂၀၀၈ ခုနှစ် သံဃာ့မဟာနာယကအဖွဲ့ (၄)လပတ် အစည်းအဝေး တခုမှာ အချို့ရဟန်း သာမဏေများသည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ကြီးကြပ်မှုကို မခံယူသည့် တရားမဝင် သံဃာ့အဖွဲ့အစည်းများ ဖွဲ့စည်း ဆောင်ရွက်နေသည်လို့ လျှောက်ထားဖူးတယ်လို့ မှတ်သားဖူးပါတယ်။

သံဃာ့မဟာနာယကအဖွဲ့ကြီးကို မဆလ တပါတီအာဏာရှင် ဦးနေ၀င်းရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ ၁၃၄၂ ခုနှစ် နယုန်လ (၁၉၈၀ ပြည့်နှစ် မေလ) မှာ ဂိုဏ်းပေါင်းစုံက သံဃာတော် (၁၂၀၀) ကို ပင့်ဖိတ်ပြီး ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူကြီးအတွင်းမှာ စတင်ဖွဲ့စည်းခဲ့တာပါ။

သံဃာ့ကိုယ်စားလှယ် ၁၂၀၀ ထဲမှ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အပါး (၃၀၀) ကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီအထဲကမှ သံဃာ့မဟာနာယကဆရာတော် (၃၃) ပါး (နောက်ပိုင်း (၄၇) ပါး) ကို ထပ်မံရွေးချယ်ခဲ့ပြီး ရန်ကုန်မြို့မှာရုံးထိုင်စေခဲ့တာပါ။ အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဆောင်ရွက်ဖို့ပါ။

သံဃာ့နာယကအဖွဲ့ စတင်ဖွဲ့စည်းစဉ်က ထင်ရှားတဲ့ မန္တလေးက စာသင်တိုက်ကြီးအချို့က ဆရာတော်ကြီးတွေက သဘောမကျခဲ့တာ အမှန်ပါ။ သံဃာ့နာယက ဖွဲ့စည်းပြီးရင် စစ်အစိုးရက သံဃာ့နာယက အဖွဲ့ကို အသုံးချပြီး သံဃာတော်တွေကို ဖိနှိပ်လာလိမ့်မယ်ဆိုတာ မြင်တော်မူပါတယ်။ သာသနာရေးဌာနက အကောင်ကြီးကြီးတွေကိုယ်တိုင် ဆရာတော်ကြီးတွေထံ ချဉ်းကပ်ပြီး သံဃာ့နာယက အဖွဲ့အစည်းထဲဝင်ဖို့ စည်းရုံးဖူးပါတယ်။ ဆရာတော်ကြီးတွေက လက်မခံဘဲ သံဃနာယကအဖွဲ့နဲ့ ကင်းကင်းနေပြီး စာသင်စာချအလုပ်တွေကိုပဲ ကြိုးစားလုပ်ဆောင်နေခဲ့ကြပါတယ်။ အဲဒီလိုဆရာတော်ကြီးတွေကို နှစ်စဉ်ဆက်ကပ်နေကြ အဂ္ဂမဟာပဏ္ဍိတဘွဲ့တော်နဲ့ အဘိဓဇဘွဲ့တော် ရနိုင်တဲ့အရည်အချင်းတွေရှိပေမယ့် မပေးပဲ အာဏာပိုင်တွေက ချောင်ထိုးထားခဲ့ပါတယ်။ ဆရာတော်ကြီးတွေကတော့ အာဏာရှင်တွေနဲ့ မပတ်သက်ချင်လို့ ဘွဲ့တံဆိပ် မဆက်ကပ်လေ ကြိုက်လေပါ။

အခုဆိုရင် သံဃာ့နာယအဖွဲ့ ဖွဲ့တာ (၃၂) နှစ်ရှိပါပြီ။ (၃၂) တာ ကာလအတွင်း ဘာတွေဆောင်ရွက်ခဲ့သလဲ။ အကြမ်းဖျဉ်း ပြန်လည်ဆန်းစစ်ကြည့်ရအောင်။

(က) ဓမ္မ၀ါဒ အဓမ္မ၀ါဒဆိုင်ရာအဓိကရုဏ်းများ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေနဲ့ ဗုဒ္ဓသာသာသနာတော်အတွင်း ဓမ္မ အဓမ္မ ငြင်းခုံနေတဲ့ အဓိကရုဏ်း (၇) မျိုးကို ဖြေရှင်းခဲ့တာ တွေ့ရပါတယ်။

(၁) ကျောက်သင်္ဘောဝါဒ
(၂) လူသေလူဖြစ်ဝါဒ
(၃) ကျောက်ပုံတောရ၀ါဒ၊
(၄) ကြောင်ပန်းတောရ၀ါဒ၊
(၅) ဓမ္မနီတိဝါဒ၊
(၆) မိုးညိုဆရာတော်ဝါဒ(မြောက်ဥက္ကလာ)၊
(၇) ဦးမာလာဝါဒ(ရေတာရှည်) စတဲ့ မတူကွဲပြားတဲ့ဝါဒတွေကို ဓမ္ဓ၊ အဓမ္ဓ စိစစ်ပြီး ဆုံးဖြတ်ခဲ့တာ တွေ့ရပါတယ်။ သာသနာတော်မှာ သို့လော သို့လော ဖြစ်ပေါ်နေတဲ့ဝါဒတွေကို မှန်မှန်ကန်ကန် ဖြေရှင်းပေးတဲ့ အတွက် အထိုက်အလျောက် အဓမ္မ၀ါဒတွေ ငြိမ်သွားတဲ့အတွက် သာသနာတော်အတွက် အကျိုးရှိခဲ့တာအမှန်ပါ။

(ခ) ၀ိနည်းဆိုင်ရာအဓိကရုဏ်းများ
ရဟန်းတော်များနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ဝိနည်းဆိုင်ရာအဓိကရုဏ်းတွေ၊ ကျောင်းပိုင်ဆိုင်မှုများနဲ့ ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့ အဓိကရုဏ်းတွေကို ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် ဗဟို သံဃာ့မဟာနာယက အဖွဲ့အဆင့်ဆင့်က စီမံဆုံးဖြတ်ခဲ့ပါတယ်၊။

အဲဒီလို စီစဉ်ဆုံးဖြတ်ရာမှာ လက်မှတ်အတုတွေသုံးပြီး မမှန်မကန် ဘက်လိုက် ဆုံးဖြတ်ခဲ့မှုတွေ (ပြည်- ကျောင်းအမှု) လာဘ်စားမှုတွေ ရှိခဲ့တဲ့အတွက် သံဃာ့မဟာနာကအဖွဲ့အတွင်းမှာ သံသယတွေ အသံထွက်ခဲ့သလို လူအများရဲ့ ကဲ့ရဲ့မှု၊ အထင်အမြင်သေးခံရမှုတွေ ခံခဲ့ရပါတယ်။ အဲဒီအထဲက အဆိုးဆုံး နာမည်အပျက်ဆုံး အမှုကတော့ ကောလင်းမှာဖြစ်ပွားခဲ့တဲ့ ကျောင်းပိုင်ဆိုင်မှု အဓိကရုဏ်းမှာ သံဃာ့နာယကအဖွဲ့ရဲ့ လာဘ်စားမှုတွေ ပြည်သူကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တဲ့အတွက် ပျံလွန်တော်မူသွားပြီဖြစ်တဲ့ မင်းကွန်း တိပိဋကဓရဆရာတော်ကြီး ဦးဝိစိတ္တသာရဘိဝံသ ကတောင် “ဒါလား သံဃာ့မဟာနာယကအဖွဲ့” လို့ ရှုတ်ချ ပြစ်တင်ခဲ့ပါတယ်။

အရေးအခင်းကာလများနဲ့ သံဃာ့မဟာနာယက

(၁) ၁၉၈၈ ခုနှစ်မှာ အများသိကြတဲ့အတိုင်း ရှစ်လေးလုံးအရေးအခင်းကြီး ပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီ လူထုလှုပ်ရှားမှု အရေးအခင်းမှာ ငယ်ရွယ်တက်ကြွတဲ့ ရဟန်းငယ်များလည်း လူထုနဲ့အတူ ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ကြတာပါ။ အရေးအခင်းကာလမှာ သံဃာတော်တွေဟာ ပြည်သူလူထုတွေ ဘေးအန္တရာယ်ကင်းဖို့နဲ့ ရပ်ရွာအေးချမ်းသာယာရေးအတွက် တဘက်တလမ်းက ပါဝင် ဆောင်ရွက်ခဲ့ကြပါတယ်။

အရေးအခင်းဖြစ်နေချိန်မှာ ကမ်းနားလမ်း၊ ကုန်သွယ်ရေးရုံးပေါ်က စစ်သားတွေက ဆန္ဒပြလူအုပ်ထဲကို သေနတ်နဲ့ ပစ်ခတ်ဖို့ ကြိုးစားပါတယ်။ ရန်စဖို့ လုပ်ပါတယ်။ ဆန္ဒပြသူတွေ ဒေါသထွက်ပြီး ရုံးကို ၀ိုင်းပါတယ်။ ဆန္ဒပြနေတဲ့လူအုပ်က များနေတဲ့အတွက် စစ်သားတွေ ပြေးပေါက်မရှိ ပိတ်မိနေတာပါ။ စစ်သားတွေအတွက် အသက်အန္တရာယ်ရှိတာ သိလို့ တံခါးပေါက်တွေကို ဖွင့်ပြီး ဘုန်းကြီးတွေက အရင်ဝင်သွားပါတယ်။ အပေါ်ရောက်တော့ စစ်သားတွေကို အရပ်ဝတ် ဝတ်ခိုင်းပြီး အဲဒီစစ်သားတွေကို ဘုန်းကြီးတွေက ကယ်ထုတ်ခဲ့တာပါ။ စစ်သားတွေ အသက်ဘေးက လွတ်သွားတာဟာ ဘုန်းကြီးတွေ ကျေးဇူးပါ။

နောက် တောင်ဥက္ကလာဖက်မှာ အဆိပ်ခတ်တဲ့သူတွေကို ဆန္ဒပြလူစုက ဖမ်းမိလိုက်ပါတယ်။ ဆေးခပ်သူတွေကိုယ်တိုင်က ထောက်လှမ်းရေးက ဆေးထိုး ဆေးတိုက်ပြီး စေခိုင်းခံထားရလို့ ကြောင်တောင်တောင်တွေ ဖြစ်နေတာပါ။ ဘာမှလည်း မေးမြန်းလို့ မရ။ ဒေါသမထိန်းနိုင်လို့ လူတချို့ကို သတ်တောင် သတ်ပြီးနေပါပြီ၊ အဲဒီသတင်းကို ငွေကြာရံကျောင်းတိုက်က ဆရာတော်ကြားလို့ ကားနဲ့ အလျင်အမြန်ရောက်လာပြီး အဆိပ်ခတ်တဲ့လူတွေရဲ့ အသက်ကို အလှူခံခဲ့ပါတယ်။ လူဝတ်နဲ့နေရင် အသက်အန္တရာယ်ရှိလို့ ဒကာတွေကို သင်္ကန်းဝတ်ပေး၊ ဒကာမတွေကို သီလရှင်ဝတ်ပေးပြီး ကျောင်းတိုက်မှာ စောင့်ရှောက်ထားခဲ့တာပါ။ အဲဒီတုန်းက ပါဝင်ခဲ့သူတွေကို မေးကြည့်ရင် သိနိုင်ပါသေးတယ်။

အစိုးရစက်ရုံတွေ မီးဘေးက ကင်းဝေးအောင် ကယ်တင်ခဲ့တာတွေနဲ့ အခြား အဖြစ်အပျက်များစွာလည်း ရှိပါသေးတယ်။ တကယ်တော့ ဘုန်းကြီးတွေရော လူထုကရော လိုချင်တာက တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုပါ။ အဲလို ဆောင်ရွက်ခဲ့တဲ့သံဃာတွေကို စစ်အာဏာရှင်တွေက ဖမ်းဆီးပြီး အတင်းအဓမ္မ လူဝတ်လဲပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်။ စစ်အာဏာရှင်တွေ ပြောသလို အဲဒီသံဃာတွေဟာ ဘုန်းကြီး အယောင်ဆောင် သံဃာအတုတွေလား၊ အဖမ်းခံရတဲ့သံဃာတွေကို သံဃာ့နာယကဆရာတော်တွေက ဘာတွေ အကူအညီပေးခဲ့သလဲ။

(၂) ၁၉၉၀ ခုနှစ်တုန်းကလည်း မန္တလေး သံဃာ့ဆွမ်းလောင်းပွဲမှာ စစ်တပ်က ကြိုတင်သတိပေးခြင်း မရှိဘဲ ဆွမ်းခံနေတဲ့ သံဃာတန်းထဲကို အကြမ်းဖက်ခဲ့တဲ့အတွက် ရဟန်းသာမဏေ (၁၅) ပါး ခန့် ထိခိုက်ခဲ့ရတယ်။ (ပျံလွန်တော်မူခဲ့တယ်လို့ ဆိုပါတယ်၊ စာရင်းစုံစမ်းဆဲ)။

စစ်တပ်ရဲ့ တရားမဲ့လုပ်ရပ်တွေကို သံဃာထုက မကျေနပ်လို့ မန္တလေးသံဃာထုက ဦးဆောင်ပြီး စစ်တပ်ရဲ့ သာရေး၊ နာရေးကိစ္စတွေမှာ မပတ်သက်ဖို့ ပတ္တနိက္ကုဇ္ဇနကံ ဆောင်ခဲ့ပါတယ်။ ဒီလို ကံဆောင်ခဲ့တာကလည်း ဘုရားဟောကြားထားတဲ့ ဝိနည်းတော်နဲ့ အညီ ဆောင်ရွက်ခဲ့တာပါ။

အဲဒီလို ကံဆောင်မှုကြောင့် ရန်ကုန်နဲ့  မန္တလေးက ထင်ရှားတဲ့ဆရာတော်ကြီးအချို့ကို လူဝတ်လဲပြီး ထောင်ချခဲ့တာပါ။ ဒီလို အများလေးစားတဲ့ ထေရ်ကြီး ၀ါကြီးဆရာတော်တွေကိုလည်း သံဃာအတုအယောင်တွေ၊ သင်္ကန်းဝတ်တွေဆိုပြီး စွပ်စွဲခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီဆရာတော်ကြီးတွေ ထောင်ကထွက်တော့ အာဏာရှင်တွေကိုယ်တိုင် ဘွဲ့တံဆိပ်တွေကပ်ပြီး ကျောင်းတွေ ဆောက်ပေး၊ ဆန် ဆီ ဆား ဆေးလှူနဲ့ ပြားပြားဝပ် ရှိခိုးနေကြပြန်တယ်။ အမြင်ကပ်လောက်အောင် သွားလာ ဝင်ထွက်နေကြတာပါ။ ဘုန်းကြီး အတု၊ အစစ်ဖြစ်တာ စစ်တပ်က ဆုံးဖြတ်ရမှာလား၊ သံဃာ့နာယက က ဆုံးဖြတ်ရမှာလား။ အဲဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ သံဃာ့နာယကဆရာတော်တွေ သံဃာထုဖက်က ရပ်တည်ပေးခဲ့သလား။

(၃) ၂၀၀၇ စက်တင်ဘာအရေးအခင်း

(သံဃာ့နာယကလက်စွဲ၊ အပိုင်း (၅)၊ အခန်း (၂၈)၊ (စ) မှာ သို့ဖြစ်ပါ၍ သံဃာတော်များ တန်းစီလှည့်လည် လမ်းလျောက်၍လည်းကောင်း၊ မော်တော်ယာဉ်ဖြင့် လှည့်လည်၍လည်းကောင်း၊ ပရိတ်တော်ရွတ်ခြင်းသည် ဝိနည်းတော်နှင့် ဆန့်ကျင်မှု မရှိသည့်အပြင် မြတ်စွာဘုရားလက်ထက်တော်မှစ၍ ဆရာစဉ်ဆက် ဆောင်ရွက်ခဲ့သည့် အစဉ်အလာဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။ ညွှန်း = (ဒု၊ ၄၇ ပါး စုံညီ ဧကူန၀ီသတိမ အစီရင်ခံစာ စာမျက်နှာ ၂၅-၂၈။)
စက်တင်ဘာ (၅) ရက်နေ့က စခဲ့တဲ့ သံဃာတော်တွေ ငြိမ်းချမ်းစွာမေတ္တာပို့ လမ်းလျောက်ချီတက်ပွဲမှာ သံဃာငယ်တပါးကို ဓာတ်တိုင်မှာ ကြိုးနဲ့တုပ်ပြီး ဖမ်းဆီးရိုက်နှက်ခဲ့တာက စလို့ ရွှေဝါရောင်သံဃာ့အရေး စတင် ဖြစ်ပေါ်ခဲ့တယ်။ အရေးအခင်းကာလမှာ သံဃာ (၃၀၀၀) ကျော် အဖမ်းခံခဲ့ရပါတယ်။

အဲဒီတုန်းက ထင်ရှားတဲ့ အဖြစ်အပျက်တခုကတော့ ငွေကြာရံကျောင်းတိုက်ပါ။ ငွေကြာရံကျောင်းတိုက်ကို ညအချိန်မတော် စစ်တပ်က ၀ိုင်းပြီး ရိုက်နှက်ဖမ်းဆီးလို့ သံဃာတွေ သွေးမြေကျခဲ့တာ၊ ကျောင်းတွေ ဖျက်ဆီးခံရတာ၊ ဘုရားဆင်းတုတော်တွေ ဖျက်ဆီးခံခဲ့ရတာတွေဟာ ခုအချိန်ထိ မှတ်တမ်းတွေရှိနေသေးပါတယ်။ ငွေကြာရံကျောင်းဆိုတာ ၈၈ အရေးတော်ပုံတုန်းက စစ်တပ်အလိုတော်ရိတွေ၊ အကြမ်းဖက် ဖျက်ဆီးရေးသမားတွေကို အသက်အလှူခံပြီး ကယ်တင်ပေးခဲ့တဲ့ ကျောင်းဖြစ်တယ်ဆိုတာ မမေ့သင့်ပါ။ ထို့အပြင် ကျောင်းတိုက်တွေ ချိတ်ပိတ်ခံရတာ ကျောင်းပေါင်း (၆၀) ကျော် ရှိပါတယ်။

ထောင်ထဲမှာ သံဃာတော် ၂၀၀ ကျော်ကို ဖမ်းဆီး ထောင်ချထားဆဲ။ အဲဒီလို စစ်အာဏာရှင်တွေက ဘုန်းကြီးကျောင်းတွေ သံဃာတော်တွေကို အတင်းအဓမ္မ ဖျက်ဆီး နှိပ်စက်နေတာတွေကို သံဃာ့နာယကဆရာတော်တွေက တားဖူးပါသလား။ သံဃာတော်တွေ လွတ်မြောက်ဖို့ အာဏာရှင်တွေကို သြ၀ါဒတွေ ပေးဖူးပါသလား။

စစ်အာဏာရှင်တွေက ပြည်သူလူထုကို ဗိုလ်ကျ စိုးမိုး အနိုင်ကျင့်နေတာတွေကို ပြည်သူလှူတဲ့၊ ပြည်သူ့ဆွမ်းကို စားနေတဲ့ သံဃာ့နာယကဆရာတော်တွေက ထိုင်ကြည့်နေမှာလား။

ကိုယ့်ဒကာ၊ ဒကာမတွေ ဆင်းရဲဒုက္ခက လွတ်မြောက်အောင် ကူညီတာ အပြစ်ရှိလား။

အဓမ္မ၀ါဒတွေ ထွန်းကားနေတဲ့ မြန်မာပြည်မှာ ဓမ္မ၀ါဒတွေ ထွန်းကားအောင်လုပ်ဖို့က ရဟန်းသံဃာတော်တွေရဲ့ တာဝန်မဟုတ်ဘူးလား။ သံဃာတွေကို နှိပ်ကွပ်ဖို့ စစ်တပ်က အမိန့်တွေ ထုတ်ခိုင်းတိုင်း လက်မှတ်ထိုးပြီး ထုတ်ပြန်နေမှာလား။

မြတ်စွာဘုရားက လောကလူသားတွေရဲ့ ကောင်းကျိုးဆောင်ရွက်ဖို့ ကမ္ဘာသူ၊ ကမ္ဘာသား၊ အမျိုးအဆွေတွေရဲ့ အကျိုးကို ဆောင်ရွက်ဖို့ မိန့်မှာတော်မူခဲ့တာ မဟုတ်ဘူးလား။

အဲဒီလို ပြည်သူဘက်က ရပ်တည်တဲ့ အမှန်တရားဘက်က ရပ်တည်ခဲ့ကြတဲ့ သံဃာတော်တွေကို ဘာတခုမျှ အကူအညီ မပေးခဲ့တာကြောင့် ရဟန်းရှင်လူတွေရဲ့ ရင်ထဲမှာ သံဃာ့မဟာနာယကဆိုတာ စစ်တပ်လက်ကိုင်တုတ် ရုပ်သေးသံဃာ့အဖွဲ့အစည်း၊ သံဃာထုကို ကိုယ်စားမပြုတဲ့ အဖွဲ့အစည်းလို့ ယုံကြည်နေတာကတော့ ဘာမှအံ့သြစရာ အထူးအဆန်း မဟုတ်တော့ပါ။

ဆုံးဖြတ်ရမည့် (အမှု) သဘောကို နိုင်ထက်စီးနင်း အလျင်စလို ဆုံးဖြတ်ခြင်းကြောင့် တရားတော်အတိုင်းတည်သူ တရားသူကြီးမဟုတ်ပေ။ ပညာရှိသည် ဟုတ်မှန်သောအကြောင်း၊ မဟုတ်မှန်သောအကြောင်း နှစ်ပါးလုံးကို (စူးစမ်း မေးမြန်း၍) ဆုံးဖြတ်ရာ၏။ ။ (ဓမ္မပဒ)

အရှင်ပညာနန္ဒ
ဒီဇင်ဘာ ၁၅၊ ၂၀၁၁

ရွှေည၀ါ ဆရာတော်အားအရေးယူမှု ကိစ္စနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်စာရေးမည်

ရွှေည၀ါ ဆရာတော် သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားပေးရန် အချက်ပါဝင်သည့် နိုင်ငံတော် ဗဟို သံဃာ့နာယက အဖွဲ့မှ သတိပေးစာ ပို့ခံရသည့် ကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ယနေ့နံနက်ပိုင်းတွင် ကျင်းပပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုင်ငံတော် ဗဟိုသံဃာ့နာယက ...အဖွဲ့ထံစာရေးမည်ဟု ဆရာတော်၏ တကာအချို့ကပြောသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ယနေ့နံနက်ပိုင်းက ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဗဟိုအလုပ်အမှုဆောင်များ အန်အယ်ဒီရုံးချုပ်၌ စည်းဝေးခဲ့ကြပြီး ဆရာတော် အနေဖြင့် မန္တလေးတိုင်း အန်အယ်ဒီရုံးဖွင့်ပွဲတွင် တရားဟောရာမှ ယခုကဲ့သို့ဖြစ်ပွားရသဖြင့် စိတ်မကောင်းကြောင်းနှင့် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ထံသို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စာတစ်စောင် ရေးသားပေးပို့ရန် သဘောတူညီခဲ့ကြသည်ဟု မွန်းလွဲပိုင်းတွင် ဦးတင်ဦးက ဆရာတော်အား လာရောက်လျှောက်ထားခဲ့သည်။

ယခုလို ဒေါ်အောင်ဆန်းစုကြည်က စာတစောင်ရေးသားပေးပို့မည်ဖြစ် သကဲ့သို့ ဆရာတော် အနေဖြင့်လည်း နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ထံသို့ အသနားခံစာ တစောင် ပေးပို့ရန် မွန်းလွဲပိုင်းတွင် ရေးသားလျှက်ရှိသည်ဟု မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ဆရာတော်အားတွေ့ဆုံမေးမြန်းခွင့် ရခဲ့စဉ် ဆရာတော်က မိန့်ကြားလိုက်သည်။

၎င်းအနေဖြင့် ယခုလို အသနားခံစာ တင်ရန် အကြောင်းမရှိသော်လည်း အားလုံးက ၀ိုင်းဝန်းတိုက်တွန်းသဖြင့် ယခုလိုစာတင်ဖို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်းနှင့် ပြီးနောက် သူတို့ဘက်က မည်သို့ ဆုံးဖြတ်မည်ကို စောင့်ကြည့် ရမည်ဖြစ်ကာ အဆိုးဆုံးတွက်လည်း ပြင်ဆင်ထားကြောင်း လည်း ဆက်လက် မိန့်ကြားသည်။

မျက်နှာဖုံးစွတ်ထားလဲ အသံကတော့ ခွေးဟောင်သံပါဘဲ

Thursday, December 15, 2011

ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် လုံခြုံရေးယူ

ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် လုံခြုံရေးယူ
The Voice Weekly - ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ဒီဇင်ဘာလ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိခြင်း အနှစ် ၂၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခဲ့သည့် ကြည့်မြင်တိုင် သာဓုပရိယတ္တိစာသင်တိုက်ရှိ ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် ယနေ့ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆောင်ရွက်ထားသည်ဟု ကြည်မြင်တိုင်မြို့နယ် USDP ပါတီ မြို့နယ်အမှုဆောင်တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

ရွှေည၀ါဆရာတော်ကို မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် တရားဟောကြားခဲ့သဖြင့် ကြည့်မြင်တိုင် သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ့အဖွဲ့အစည်းအဆင့်အဆင့်၏ ဆုံးမညွှန်ကြားသည်ကို မနာခံသဖြင့် လူဝတ်လဲရန်၊ နိုင်ငံတော်သံဃာ့နာယကအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်သင်ကြားခြင်း မပြုလုပ်ရန် အချက်သုံးချက်ပါသည့် ဆဌအကြိမ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးဆုံးဖြတ်ချက်ဖြင့် နိုင်ငံတော်သံဃာ့မဟာ နာယကအဖွဲ့၏ ဒီဇင်ဘာလ ၁၂ ရက်နေ့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့သို့ ပေးပို့သော ထုတ်ပြန်ချက်အရ သိရသည်။

ရွှေည၀ါဆရာတော်ကို ကျောင်းတိုက်မှ နှင်သည့်စာ လက်ခံရ
Yangon Press International - ဒီဇင်ဘာ ၁၄၊ ၂၀၁၁ (YPI) ည ၉ နာရီ ၁၀ မိနစ်

၈၈ မျိုးဆက်ကျောင်းသားများ အထိမ်းအမှတ်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မိသားစုများ စုဝေးသည့် အခမ်းအနားများ ကျင်းပသည့် သာဓုပရိယတ္တိစာသင်တိုက်နှင့် ရွှေည၀ါပညာ့ဗိမာန်ကျောင်းတိုက် ဆရာတော်အား တိုင်းသံဃာ့နာယက ဥက္ကဋ္ဌမှ စာဖြင့် ညွှန်ကြားလိုက်သည်ဟု သိရသည်။

ရွှေည၀ါကျောင်းတိုက် ဆရာတော် ဦးပညာသီဟအား အရေးယူဆောင်ရွက်ရန်ကိစ္စဟု ခေါင်းစဉ်တပ်ထားသည့် စာတွင် ဆရာတော်အနေဖြင့် မန္တလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တရားဟောကြားသည့်ကိစ္စနှင့် စပ်လျဉ်း၍ ၂၀-၁၁-၂၀၁၁ ရက်နေ့တွင် ကျင်းပသည့် သံဃာ့နာယက ၄၇ ပါး စုံညီအစည်းအဝေးမှ ဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆုံးဖြတ်ချက်ကို မနာခံသဖြင့် ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်နှင့် ရွှေည၀ါကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ခြင်းမပြုရန် ဆိုသည့် အချက်သုံးချက်ကို ဖော်ပြထားသည်။

မည်သည့်နေ့ရက်တွင် ထွက်ခွာရန် ဖော်ပြထားခြင်းမရှိသော်လည်း မနက်ဖြန် နေ့ခင်း ၁ နာရီတွင် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရား ရွှေည၀ါပညာ့ဗိမာန်သို့ ကြွရောက်လာရန်ရှိသည်ဟုလည်း ကျောင်းတိုက်တွင် ရောက်ရှိနေသည့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုကိုကြီး (စမ်းချောင်း) က YPI သို့ ပြောသည်။

၎င်းက “ အဓိကကတော့ဗျာ ကျောင်းတိုက်က နှင်ထုတ်တာ၊ နောက် ဗုဒ္ဓတက္ကသိုလ်ကိုလည်း ဖွင့်ခွင့်မပေးဘူးလို့ ဆိုလိုတာပဲ” ဟု ပြောသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့က ကျင်းပသည့် အခမ်းအနားတွင်
သာဓုပရိယတ္တိစာသင်တိုက်မှ ရွှေည၀ါဆရာတော်အား မြင်တွေ့ရစဉ်

နှင်ထုတ်သည့် စာမိတ္တူအား သာသနာရေးဝန်ကြီးဋ္ဌာန၊ တိုင်းအုပ်ချုပ်ရေးမှူးများ၊ ခရိုင်အုပ်ချုပ်ချုပ်ရေးရုံး၊ သာသနာရေးဝန်ကြီးဋ္ဌာန ညွှန်ချုပ်များထံသို့ ပေးပို့ကြောင်း ဖော်ပြထားသည်။ စာထုတ်သည့် ရက်စွဲမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့စွဲဖြစ်သည်။

ရွှေည၀ါဆရာတော်သည် ယခုလဆန်း ၂ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန် လာရောက်စဉ် တွေ့ဆုံကြသည့် ပြည်တွင်း လူမှုရေး၊ နိုင်ငံရေးဆောင်ရွက်သူများအထဲ ပါဝင်သည့် တပါးတည်းသော သံဃာဖြစ်သည်။

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နိုင်ငံရေးအကျဉ်းသားများ စုဝေးသည့်ပွဲ၊ လစဉ် လဆန်း ၁ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားမိသားစုများ စုဝေးတွေ့ဆုံပွဲနှင့် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆု ရရှိသည့် နှစ် ၂၀ ပြည့် အခမ်းအနားများအား ယင်းကျောင်းတိုက်တွင် ကျင်းပခဲ့သည်။ ။

နိုင်ငံတော်သံဃာ့နာယကအဖွဲ့က တိုင်းသံဃာ့နာယကမှတဆင့် ဆရာတော်ထံ ပေးပို့လာသည့် စာ

ရွှေညဝါဆရာတော်အား နိုင်ငံတော်သံဃာ့နာယကအဖွဲ့မှ စွဲချက်တင်ထားသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင်
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ဟောကြားခဲ့သော တရားတော်အခွေ

အခက်အခဲမျိုးစုံ၊ လိမ်လည်မှုမျိုးစုံဖြင့် ကြုံခဲ့ရသည့် မြန်မာအလုပ်သမားများ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာ


Thursday, 15 December 2011 00:08
b37_23
ပြန်လည်ရောက်ရှိလာသည့် အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ဒီဇင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်
  တရုတ်နိုင်ငံတွင် အလုပ်သွား ရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများမှာ အခက်အခဲမျိုးစုံ၊ လိမ်ညာမှုမျိုးစုံဖြင့်ကြုံခဲ့ရပြီးနောက် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီလေကြောင်း ခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာ ကြောင်း သတင်းရရှိပါသည်။
တရုတ်နိုင်ငံမှ CZ 3055  လေယာဉ်ဖြင့် မြန်မာအလုပ်သမား ၅၃ ဦး ပါဝင်လာကြောင်း၊ ၅၈ ဦးဟု ဆိုရာ၌ နိုဝင်ဘာလ ၂၆ ရက်နေ့က မြန်မာ အလုပ်သမားနှစ်ဦးမှာ ပြန်လည်ရောက်ရှိနေခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် မြန်မာအလုပ်သမားသုံးဦးမှာလည်း နယ်စပ်မှတစ်ဆင့် အစောပိုင်းကတည်းက ပြန်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဖြစ်စဉ်မှာ မြန်မာအလုပ်သမားများကို တရုတ်နိုင်ငံရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ လစာမှာ တစ်လလျှင် မြန်မာငွေကျပ် သုံးသိန်းခွဲ၊ လေးသိန်းနီးပါးရရှိမည်ဖြစ်ကြောင်း၊ တစ်နေ့အလုပ်ချိန်  ၈ နာရီသာ ရှိမည်ဖြစ်ကြောင်း၊ ယင်းအချိန်ထက် ကျော်လွန်ပါက အချိန်ပိုကြေးရမည်ဖြစ်ကြောင်း စသည့် ကတိများနှင့် စာချုပ်ချုပ်ဆိုကာ ကြားပွဲစားမှခေါ်ယူခဲ့ရာ မြန်မာအလုပ်သမား ၅၈ ဦးမှ သုံးသုတ်ခွဲ၍ သွားရောက်လုပ်ကိုင်ခဲ့သည်။
တရုတ်နိုင်ငံရှိ ဖူချောင်ပြည် နယ်၊ Pudin မြို့နယ်၊ ကျန့်ခိုရွာ၌ရှိသော Taksum Electronic Factory   စက်ရုံတွင် မြန်မာအလုပ်သမားများကို အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံသား ကြားပွဲစားက ခေါ်ယူပေးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များ၏ တိုင်ကြားထားချက်များအရ သိရှိရသည်။ တရုတ်နိုင်ငံသို့ သွားရောက်လုပ်ကိုင်ခဲ့သည့် ၅၈ ဦးထဲတွင် ပါဝင်သူ ကိုအေးဖြိုးဝင်းက ''ကျွန်တော်က မော်လမြိုင်ကပါ။ နိုင်ငံခြားသွားလုပ်မလို့ စုံစမ်းတော့ မုဒုံကတစ်ယောက်က ရန်ကုန်က (ဦး---၊ဒေါ်---)တို့နဲ့ ဆက်သွယ်ပေးပါတယ်။ တရုတ်ကို သွားရမယ်။ အေးဂျင့်ခက ၁၂ သိန်းပေးရမယ်။ တစ်နေ့ကို ကိုယ့်အလုပ်ချိန် ၈ နာရီပဲ လုပ်ရမယ်။ overtime ရှိတယ်။ တစ်လကို တရုတ်ယွမ် ၃၀၀၀ မြန်မာငွေ သုံးသိန်းခွဲလောက်ရမယ်လို့ ပြောတာနဲ့ သွားဖို့လုပ်လိုက်တာပါ။ တကယ်တမ်း ဟိုလည်းရောက်ရော တစ်လကို ယွမ်(၁၈၀၀)၊ မနက် ၇ နာရီက ည ၇ နာရီအထိ ဆင်းရတယ်။ overtime မပေးဘူး။ ကျွန်တော်တို့က စက်တင်ဘာလ ၂၈ ရက်နေ့ကသွားတာ အားလုံး ၂၂ ယောက်၊ ကျွန်တော်တို့ကို တရုတ်အထိ ဦး--- က လိုက်ပို့ပေးတယ်။ ကျွန်တော်တို့ အရင်ရောက်နေတဲ့အဖွဲ့က ၁၈ ယောက်ဆိုတော့ စုစုပေါင်းအယောက် ၄၀ ပေါ့။ ကျွန်တော်တို့ရောက်သွားတဲ့ အချိန်ပထမအသုတ်က သူတွေနဲ့စက်ရုံနဲ့ ပြဿနာစတက်နေပြီ။ စက်ရုံကလည်း မင်းတို့မကျေနပ်ရင် မင်းတို့အေးဂျင့်ကိုပြော၊ ဒီစက်ရုံမှာ လုပ်သက်လေးနှစ်ရှိတဲ့ သူတောင် ယွမ် ၃၀၀၀ မရဘူး။ အဲဒီ့ပြဿနာဖြစ်နေတဲ့အချိန် အောက်တိုဘာလ ၂၉ ရက်နေ့မှာ နောက်ထပ် ၁၈ ရောက် ထပ်ရောက်လာတော့ အားလုံးစုစု ပေါင်း ၅၈ ယောက်၊ အဲဒီမှာ ဒေါ်---ပါ ပါလာတယ်။ သူကပြဿနာတွေ ပြေလည်အောင် ရှင်းပေးပါ့မယ်လို့ပြောပြီး  ရှောင်သွားတယ်။ အဲဒါနဲ့ ကျွန်တော်တို့ ဦး----ရဲ့ ပတ်(စ်)ပို့ နဲ့ဒေါ်----ရဲ့ သားကို--ရဲ့ ပတ်(စ်) ပို့ကိုသိမ်းလိုက်ပြီး တရုတ်ရဲကိုသွားတိုင်တော့ သူတို့ဆီမှာ workpermit ဆိုတာမရှိဘူး။ မင်းတို့က overstay တွေဖြစ်နေတယ်လို့ ပြောတော့မှ သိရတယ်။ အခုပြန်ရောက်လာတာက တရုတ်က တာဝန်ရှိသူတွေနဲ့ မြန်မာသံရုံးက စီမံဆောင်ရွက်ညှိနှိုင်းမှုတွေကြောင့် ပြန်လည်ရောက်ရှိလာတာပါ။ လေယာဉ်လက်မှတ်ခကိုတော့  တရုတ်ကုမ္ပဏီက စီစဉ်ပေးတယ်လို့ ပြောတယ်။ ကျွန်တော်က ကိုယ်ကုန်ကျထားတဲ့ငွေကိုတော့ ပြန်ရချင်ပါတယ်''ဟု ကိုယ်တွေ့ဖြစ်စဉ်များအား ပြန်လည်ပြောပြခဲ့သည်။
တရုတ်နိုင်ငံသို့ သွားရောက်လုပ်သည့်အဖွဲ့မှ တစ်ဦးဖြစ်သူ ကိုကျော်မင်း၏မိခင် ဒေါ်အေးအေးမြင့်၊ ပဲခူးမြို့၊ ဘုရားကြီးပေါက်တောရွာနေသူက ''အန်တီတို့က သားလေးကို နိုင်ငံခြားပို့ဖို့အတွက် ရှိတဲ့နွားလေးတွေရောင်း၊ လယ်လေးတွေပေါင်ပြီးတော့ ပို့ရတာပါ။ သားကအလုပ်လုပ်နေတာ ရက်ပိုင်းအတွင်းမှာပဲ အခက်အခဲတွေ အများကြီးဖြစ်နေတယ်လို့ ပြောတဲ့အခါမှာ တခြားနိုင်ငံမှာဆိုတော့ ကလေးတစ်ခုခုဖြစ်မှာကို စိုးရိမ်ခဲ့တယ်။ မြန်မာနိုင်ငံကို ပြန်ရောက်လာမှပဲ ရင်အေးရတယ်။ ဒါပေမယ့်ပေါင်နှံပြီး သွားရတဲ့ ပိုက်ဆံတွေ ဆုံးရှုံးတာပေါ့''ဟု ပြောကြားခဲ့သည်။ (Eleven Media Group) 

ရန်ကုန် ကြည့်မြင်တိုင်က ရွှေည၀ါဆရာတော်ကို ဖယ်ရှားပြီး၊ သူ့ ရဲ့ ကျောင်းကို ချိတ်ပိတ်ဖို့ ညွန်ကြား လိုက်ပါတယ်။


ရန်ကုန် ကြည့်မြင်တိုင်က ရွှေည၀ါဆရာတော်ကို ဖယ်ရှားပြီး၊ သူ့ ရဲ့ ကျောင်းကို ချိတ်ပိတ်ဖို့ ညွန်ကြား လိုက်ပါတယ်။ သာဓုကျောင်းတိုက်ကနေ ဆရာတော်ကို ဖယ်ရှားပြီး၊ ကျောင်းချိတ်ပိတ်ဖို့ တိုင်း သံဃာ နာယကအဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နေ့ စွဲနဲ့ ညွန်ကြားလိုက်တာပါ။ ဒီနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ မှာ လက်ခံရရှိတဲ့ စာအတွင်း ရွှေည၀ါဆရာတော် ဦးပညာသီဟက တရားဟောခွင့် ပိတ်ထားတာကို မလိုက်နာဘဲ၊ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ နိုဝင်ဘာကုန်က တရားဟောခဲ့လို့ အရေးယူတာလို့ ပါရှိပါတယ်။ ရွှေည၀ါကျောင်းတိုက်မှာ ၈၈၈၈ အခမ်းအနား၊ အမျိုးသားအောင်ပွဲတွေကို ခုသတင်းပတ်တွေထဲမှာ ပြုလုပ်ခဲ့အပြီး အခုလို ပိတ်ပင်ခံခဲ့ရတာပါ။
ရွှေည၀ါဆရာတော်ကို ညနေ ၆း၀၀ မှာ ကျောင်းတိုက်ထဲကနေထွက်ပေးရန် အာဏာပိုင်
များမှဖိအားစေခိုင်းနေသည်။
ဆက်သွယ်မေးမြန်းရန် ဖုန်းအမှတ်
၀၉၅၀၉၂၄၄၃(ရွှေည၀ါဆရာတော်)
၀၉၇၃၁၀၄၂၃၄(ကိုကိုကြီး စမ်းချောင်း)

တရုတ် တစ်နိုင်ငံ လုံး လူထု အုံကြွမှု စတင် ရန် နှိုးဆော်

_57312510_013517943-1

တရုတ် နိုင်ငံ တောင် ပိုင်း ဂွမ်ဒေါင် ပြည်နယ် မှာ  ဆောက်လုပ်ရေး လုပ်ငန်း တွေ အတွက် မြေ
အသိမ်းခံရတဲ့ သူ တစ်ဦးက သူ့  ကို နစ်နာ ကြေး ပေး ဖို့  စောဒက တက်ရာ မှာ သူ့ ကို ဖမ်းဆီး
ပြီး နှိပ်စက်ရာ က သေဆုံး ခဲ့ တဲ့ အတွက် ၀ူကန် မြို့ ခံ တွေ ရဲ့  ဆက်တိုက် ဆန္ဒပြ မှု တွေ ဖြစ်ပွား
နေပါတယ်။

ဗေဒင်မဟုတ်ဘူး လက်တွေ့ စမ်းနေတာ


Higgs Boson ရှိတဲ့ လက္ခဏာကို ဖော်ထုတ် တွေ့ ရှိ

Higgs Boson လို့ ခေါ်တဲ့ အနုမြူထက်သေးငယ်တဲ့ အမှုန်တမျိုး ရှိနိုင်တယ် လို့  ဂျီနီဗာမြို့  CERN သိပ္ပံ ဓါတ်ခွဲခန်းက ရူပဗေဒပညာရှင်တွေက ပြောပါတယ်။့ တကယ်ဘဲ ၄င်းအမှုန်တွေ ရှိခဲ့လျှင် ရုပ်ဝတ္ထု အချင်းချင်း ဆွဲငင်နေကြတယ်ဆိုတဲ့ ရူပဗေဒရဲ့ သဘောတရားတွေကို ကူညီဖြေရှင်းပေးနိုင်ပါလိမ့်မယ်။
 Higgs Boson တွေ အချင်းချင်း ထိတွေ့ မှုက ယနေ့  စင်္ကြာံဝလာကြီး ဖြစ်လာတာလို့  ရူပဗေဒ သဘောတရားက ယုံကြည်ပါတယ်။  ဒီတွေ့ ရှိချက်သာမှန်ကန်ခဲ့ရင် လက်ရှိသိပ္ပံလောကကြီးရဲ့ အဆတရာ မက ခုံပြန်ကျော်လွှား နိယာမအသစ်တွေ ပေါ်လာနိုင်ကြောင်း သိပ္ပံပညာရှင်တို့ က ခန့် မှန်းပြောဆိုကြပါတယ် ။

တစ် - နေရာယူ

အဆင်သင့်ဘဲဟေ့

ဒီဇင်ဘာညတညရဲ့ အလွမ်းဒိုင်ယာရီ

အပြင်မှာ နှင်းတွေ ကျနေဆဲပဲ အစ်ကို။ ညနေကတည်းက တဖွဲဖွဲကျနေတဲ့ နှင်းပွင့်လေးတွေက အခုထိ မရပ်သေးဘူး။ စာကြည့်စားပွဲလေးမှာထိုင်ရင်း ဘာစာကိုမှ ဖတ်လို့မရဖြစ်နေတဲ့ ညီမလေးရဲ့ အတွေးစဉ်လေးတွေကိုလဲ ရပ်လို့မရသေးဘူး။ အစ်ကို မှာထားခဲ့တဲ့အတိုင်းပဲ ညစဉ်တိုင်းမှာ စာတခုခုကို ကြိုးစားဖတ်ဖြစ်ပါတယ်အစ်ကိုရယ်။ ဒါပေမယ့် ဒီတညတော့ ညီမလေးကို ခွင့်လွှတ်ပေးပါနော်။ ဒီအချိန်တွေရောက်ရင် အစ်ကို့ကို ညီမလေး သိပ်သတိရမိတာပဲ။ အစ်ကို့ကို လွမ်းတဲ့စိတ်လေးတွေ လျော့ပါးစေဖို့ စာတွေ၊ အလုပ်တွေထဲမှာ ဘယ်လောက်ပဲ ဇွတ်နှစ်ထားပေမယ့် ညီမလေးရင်ထဲက အလွမ်းဓာတ်ခံလေးကတော့ ကျန်နေဆဲပဲ ထင်ပါရဲ့အစ်ကို။ ဒီနေ့၊ ဒီရက်တွေ၊ ဒီအချိန်တွေ၊ ဒီအခြေအနေလေးတွေ စုပေါင်းလိုက်တော့ ညီမလေးမျက်ဝန်းမှာ မျက်ရည်စလေးတွေ တွဲခိုလာရပြန်ပါပကော။


ဟိုးလွန်ခဲ့တဲ့ အတိတ်ကာလတခုဆီကို ညီမလေးအတွေးတွေ ရောက်သွားရပြန်ပြီ။ မှတ်မှတ်ရရ။ အဲဒီ ဒီဇင်ဘာမှာပေါ့။ အစ်ကို့ကို ညီမလေး ထားခဲ့ရတာ။ ခဏတာ ကျောခိုင်းထွက်ခဲ့ရတဲ့ ခရီးစဉ်လေးဟာ တဘ၀စာလို့သာ ကြိုသိခဲ့ရင်၊ ကြိုသိခဲ့ရင်-----------။

အဲဒီနေ့က နိုင်ငံခြား မသွားခင် တောင်ကြီးခဏပြန်လာပြီး ဖွားဖွားတို့နဲ့ အစ်ကို့ကို လာတွေ့တဲ့ ညီမလေးကို ဟဲဟိုးလေဆိပ်မှာ ပြန်ပို့ပေးပြီး နောက်မှာ စတီယာရင်ပေါ်ကို မျက်နှာအပ်နေတဲ့ အစ်ကို့ကို ဖွားဖွားက တော်တော်ခေါ်ယူရတယ်တဲ့။ “သား၊ မှီသေးတယ်။ သားတားပါလား“ လို့ သူ့မြေးလေးကို နိုင်ငံရပ်ခြား မထွက်စေချင်တဲ့ အဖွားက ပြောရှာတယ်တဲ့။ ဒါကို အစ်ကိုက ခေါင်းခါပြီး လေယာဉ်တက်သွားတဲ့အထိ ကား စက်မနှိုးပဲ စောင့်နေခဲ့တယ်တဲ့။ အစ်ကိုရယ်- အဲဒီနေ့နံနက်က ဘာလို့များ ညီမလေးရှေ့မှာ တက်တက်ကြွကြွနဲ့ နေပြနေခဲ့ရတာလဲ။ စာကြိုးစားဖို့ကိုပဲ ဘာလို့အထပ်ထပ် မှာနေခဲ့ရတာလဲ။ ဘ၀မှာ အခက်အခဲတွေတွေ့ရင် ရင်ဆိုင်နိုင်မယ့် ခွန်အားစကားလုံးတွေကိုပဲ ဘာလို့ ရွေးပြောနေခဲ့ရတာလဲ။

“ညီမလေး ဘွဲ့တခု မရရအောင် ယူပြရမယ်။ ဒီလို မတရားလုပ်နေတာ ခံရပေမယ့် ဘယ်လောက်ပဲပိတ်ပိတ် ရေလိုစီးနိုင်တယ်ဆိုတာ သက်သေပြရမယ်။ ညီမလေးရဲ့ ဘွဲ့ဝတ်စုံနဲ့ပုံကို အစ်ကိုမြင်ချင်တယ်“ တဲ့။
အစ်ကို ပြောခဲ့တဲ့ စကား။ ဒီတုန်းက ညီမလေးရဲ့ ပညာရေးလမ်းကြောင်းပေါ်မှာ မထင်မှတ်ပဲ ဖြစ်လာခဲ့တဲ့ အခက်အခဲတွေအတွက် အစ်ကို သိပ်ဒေါသဖြစ်ခဲ့တယ်နော်။

တကယ်တော့ ညီမလေးဟာ ပညာကို သိပ်မက်မော ခုံမင်တတ်သူတယောက်ဆိုတာ သူတို့တွေ ရိပ်မိခဲ့ကြပုံပါပဲ။ တက်နေတဲ့ ဆေးကျောင်းကို ကျောင်းပြီးအောင် တက်နိုင်ဖို့ကျတော့လဲ လုပ်သင့်တယ်ထင်လို့ လုပ်နေတာလေးတွေ၊ ဆက်စပ်နေမှုတွေကို ရပ်တန့်ပါမယ်လို့ ခံဝန်ချက် ထိုးရမယ်တဲ့။ ခံဝန်ချက် မထိုးနိုင်ဘူးဆိုတော့လဲ ဒါဆိုကျောင်းပြောင်းတဲ့။ ကျောင်းပြောင်းဖို့ လျှောက်လွှာတင်ရပြန်တယ်။ တကယ်ပြောင်းဖို့ လုပ်ပြန်တော့လဲ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာန မတူလို့စောင့်တဲ့။ ဒါကို စောင့်နေရင်း ကျူရှင်သင် ဂိုက်လုပ်ပြန်တော့လဲ လူတွေစုနေတာလား။ ဘယ်သူတွေကို သင်နေတာလဲလို့ လာမေးကြပြန်တယ်။ ဒီကြားထဲ ဘာအကြောင်းမှ မရှိပဲ နံနက် (၇)နာရီကို တံခါးလာခေါက်ပြီး ဧည့်ခန်းထဲ လာထိုင်နေတတ်သေးတယ်။ နံနက် ရှစ်နာရီ၊ ကိုးနာရီမှ ပြန်ထွက်သွားပြန်ရော။ အဲဒီတုန်းက ညီမလေးတယောက်တည်း နေနေတာက မန္တလေးမင်္ဂလာဈေး အပေါ်ထပ်က ကွန်ဒိုတိုက်ခန်းမှာဆိုတော့ အိမ်နီးချင်း အခန်းတွေက အများကြီးရယ်။ ပတ်ဝန်းကျင်အမြင် မသင့်တော်အောင် နည်းမျိုးစုံနဲ့ တမင်လုပ်နေမှန်းသိရက်နဲ့ ငြိမ်ခံနေခဲ့ရတဲ့ဘ၀။ ဒီတုန်းက ညီမလေး စိတ်ညစ်လွန်းလို့ စာရေးပြောတိုင်း အစ်ကိုက အားတင်းထားဖို့ ပြောနေကျ။ နောက်ဆုံး သည်းမခံနိုင်တဲ့ တနေ့မှာ အိမ်တံခါးလာခေါက်တဲ့ အဲဒီလူတွေထဲက တယောက်ကို “ရှင်တို့ ဖမ်းချင်လဲ ဖမ်းကြ။ ထောင်ကျကျ၊ တန်းကျကျ ဂရုမစိုက်ဘူး။ ဒီလို pressure တွေ လာပေးမနေနဲ့။ ရှင်တို့မျက်နှာတွေသာ ဆက်မြင်နေရရင် ကျွန်မလူသတ်မိလိမ့်မယ်နော်“ လို့ ပြန်ပြောဖြစ်ခဲ့တဲ့အထိ။

နောက်ဆုံး ဘာမှန်း မသိတဲ့ မရေမရာ အခြေအနေကို ကျောခိုင်းပြီး နိုင်ငံခြားက စစ်တဲ့ စာမေးပွဲတွေ ၀င်ဖြေဖြစ်တော့လဲ အစ်ကိုက ညီမလေးကို အမြဲအားပေးနေခဲ့တယ်နော်။ နှစ်နှစ်ခွဲသင်ရိုး ဘာသာနှစ်ဆယ်ကို ကိုးလနဲ့ ပြီးအောင် ဖြေနိုင်ခဲ့တာ မခံချင်စိတ်တွေနဲ့အတူ အစ်ကို့ရဲ့ အားပေးစကားတွေကြောင့်ပါ။ ဒီလိုနဲ့ ယူကေ ဒီပလိုတွေ ရလာတော့ မေမေက အင်္ဂလန်သွားဖို့ စီမံပေးတဲ့အခါ အစ်ကိုကလဲ ၀မ်းသာအားရ ထောက်ခံခဲ့တယ်နော်။ အဲဒီအချိန်မှာ အစ်ကို့ရဲ့ စကားတခွန်းပါပဲ အစ်ကိုရယ်။ ညီမလေးဘက်က အစ်ကိုနဲ့ ပတ်သက်ရင် အရာရာကို စွန့်စားဖို့ အသင့်ရှိနေခဲ့တာပါ။ ဒါပေမယ့် အစ်ကိုက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်တခုကို ပေးခဲ့တယ်။ ပညာရေးကို သိပ်တန်ဖိုးထားတဲ့ ညီမလေးကို ဘွဲ့လေး တခုပါ မရအောင် ပိတ်ပင်တားဆီး ကျားကွက်ရွှေ့နေတဲ့ လူတွေကို အင်္ဂလန်က ဘွဲ့တဘွဲ့ ယူလာပြလိုက်စမ်းပါ ညီမလေးရယ်တဲ့။

ဒီလိုနဲ့ ကျောင်းလျှောက်တော့ ညီမလေး ကျောင်းတကျောင်းကို ၀င်ခွင့်ရခဲ့တယ်တာ မှတ်မိနေတုန်းပဲ။ ဒီတုန်းကလေ၊ ကျောင်းကနေ ညီမလေးဆီကို ကျောင်းဝင်ခွင့်စာကို ဖက်စ်နဲ့ ပို့ပေးပြီး၊ စာရွက်နဲ့ စာကို ညီမလေးတို့ တောင်ကြီး လိပ်စာဆီ ပို့ပေးတော့ ဖွားဖွားတို့ဆီ အလည်ရောက်နေတဲ့ အစ်ကိုက “အရေးကြီးတယ်ဖွားဖွားရဲ့။ ကျွန်တော်သွားပို့မှရမှာ” ဆိုပြီး အ၀တ်တထည်၊ ကိုယ်တခုနဲ့ ရန်ကုန်ကားပေါ် တက်လိုက်လာခဲ့သေးတယ်နော်။ အစ်ကိုရယ်။ ဒီစာအိတ်ဟာ ညီမလေးတို့ သိထားခဲ့ကြတဲ့ တနှစ်ခွဲခွာခွင့် မဟုတ်ပဲ နှစ်ပေါင်းများစွာ ခွဲခွာခွင့် ဖြစ်လာမယ်ဆိုတာသာ ကြိုသိခဲ့ကြရင်------။

အဲဒီအခြေအနေတုန်းက ဖြစ်နေတဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်တော့မယ်ဆိုတဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို အစ်ကို ဘာလို့ယုံခဲ့ရတာလဲ။ ညီမလေးကိုကော ယုံဖို့ ဘာလို့ တိုက်တွန်းခဲ့ရတာလဲ။ စိတ်တထင့်ထင့်လေး ဖြစ်ပေမယ့် ညီမလေး မျက်စိမှိတ်ယုံခဲ့မိပါတယ်။ ဘယ်လောက်များ ယုံခဲ့သလဲဆိုရင် “ဒီမိုကရေစီရပြီးရင် အစ်ကိုက နိုင်ငံတော်တည်ဆောက်ရေး ကိစ္စတွေမှာ ဆက်လုပ်ပြီး ညီမလေးက မိသားစုတာဝန်တွေ ထမ်းမယ်“ ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ကျောင်းတကျောင်းရဲ့ ကျောင်းခွဲ ထောင်ခွင့်ယူပြီး ညီမလေးတို့ တောင်ကြီးမှာ ဖွင့်ဖို့အထိတောင် စာချုပ်ချုပ်ဖြစ်ခဲ့တဲ့အထိပါပဲ။

ဒီမျှော်လင့်ချက်တွေ အားလုံးဟာ မင်းသားခေါင်းစွပ်ထားတဲ့ မျက်နှာဖုံးကွာကျသွားတဲ့ ဒီပဲယင်းကာလ အလွန်ရောက်တော့ အားလုံးသဲထဲရေသွန်။ ယုံကြည်မိသူတွေရဲ့ အသက်တွေ၊ ဘ၀တွေ၊ သွေးတွေ၊ မျက်ရည်စက်တွေနဲ့ အရာရာ ပြိုလဲကျခဲ့ပါပကောလား။

အစ်ကိုရယ်။ အစ်ကို ဘယ်ရောက်နေတာလဲ။ အစ်ကိုပျောက်နေတဲ့ ကာလတွေမှာ ညီမလေး ဘ၀အချိုးအကွေ့တွေ အများကြီး ရင်ဆိုင်ခဲ့ရတယ်။ “ပျောက်သောသူ၊ ရှာရင်တွေ့“ ဆိုတဲ့ စကားပုံဟာ ညီမလေးတို့အတွက် ဘာလို့ မှားယွင်းနေရတာလဲ။ ကမ္ဘာကြီးမှာ နေ့စဉ်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ညီမလေးရဲ့ ရင်ခုန်သံကတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အစ်ကို့မျက်ဝန်းလေးကို စတွေ့စ အချိန်တုန်းကလိုပဲ-------။ ညီမလေး လျှောက်နေတဲ့ ခြေလှမ်းတွေကလဲ အစ်ကိုလျှောက်ခဲ့တဲ့ လမ်းလေးပေါ်မှာပဲ------။ ညီမလေးရဲ့ စိတ်ဓာတ်တွေကလဲ အစ်ကို့စိတ်ဓာတ်တွေလိုပဲ။

တခုတော့ ရှိတာပေါ့အစ်ကိုရယ်။ ဘ၀တွေ၊ အသက်တွေ၊ နှလုံးသားတွေနဲ့ ရင်းလိုက်ရဖူးတဲ့ ရန်သူကို ယုံစားမှုလေးတွေတော့ ပိုပြီးလျော့ပါးသွားခဲ့ပြီ ဆိုရမလား။ ယုံကြည်မှုတည်ဆောက်မှု ဆိုတာကလဲ နှစ်ဘက်စလုံးက ရိုးသားပွင့်လင်းမှုပေါ်မှာ အခြေခံမှ အောင်မြင်တဲ့အရာ ဆိုတာကိုတော့ ညီမလေး လက်ခံနားလည်နေတတ်ခဲ့ပြီ အစ်ကို။

အပြင်မှာ နှင်းတွေက ကျနေဆဲပဲ အစ်ကိုရယ်။ ညီမလေး မျက်ရည်စက်လေးတွေကလဲ ပါးပြင်ပေါ်မှာ စိုစွတ်နေဆဲပဲ။ အစ်ကို ဖတ်ခိုင်းခဲ့တဲ့ စာတွေကို နောက်ညတွေကျရင် ညီမလေး ဆက်ဖတ်မှာပါအစ်ကို။ ညီမလေးရဲ့ ဘွဲ့ဝတ်စုံလေးနဲ့ ဓာတ်ပုံကို အစ်ကို မြင်ချင်တယ်လို့ ဆိုခဲ့တယ်နော်။ ဒါပေမယ့် ပြရမယ့် အစ်ကိုက ဘယ်မှာလဲဟင်။ ဘွဲ့နှင်းသဘင်တွေဆီကို ညီမလေး ဘယ်လိုခွန်အားမျိုးတွေနဲ့ ခြေလှမ်းရမယ်မှန်း မသိလို့ ဘယ်ဘွဲ့နှင်းသဘင်မှ မတက်ခဲ့တဲ့ ညီမလေးကို သူငယ်ချင်းတွေက မေးကြတယ်။ နောက်ဆုံးပီအိတ်ခ်ျဒီကျမှ ဘွဲ့တက်ယူမယ်လို့ ဆုံးဖြတ်ထားလို့လားတဲ့။ အရာရာကို ရင်ဆိုင်ရဲခဲ့တဲ့ ညီမလေးဟာ ဒီဝတ်စုံဝတ်ပြီး အစ်ကို့ကို သတိရကြေကွဲရမယ့် အခြေအနေကို ရင်မဆိုင်ရဲလို့ပါ ဆိုတာသာ သူတို့တွေ သိကြရင်--------။


ခင်မမမျိုး

ခသုံးလုံးကြေမှ ထောင်ကလွှတ် နိုင်ငံရေးလုပ်ရမယ် ။

ခိုင်းတာလလုပ် ခံမပြောနဲ့  ခွေသွားမယ်

ရွှေမှန်ကင်းတို့  ထင်းဖြစ်နေရတဲ့ ဘဝ

singaporeစင်္ကာပူရောက် မြန်မာ အမျိုးသမီး တစ်ဦးလို့ ယူဆရသူ တစ်ဦးဟာ ယဉ်များအလွန် ကြပ်လေ့ရှိတဲ့ လမ်းပေါ်သို့ မိုးပျံလမ်းပေါ်မှ ခုန်ချခဲ့တာကြောင့် အခုဆေးရုံ တင်ထားရကြောင်း စင်္ကာပူ သတင်းစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။ မိုးပျံလမ်း Kallang-Paya Lebar နှင့် the Pan-Island အဝေးပြေးလမ်း Sims လမ်းမကြီးတို့ ဆုံရာနေရာသို့ ခုန်ချခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ အိမ်ပေါ်လုပ်နေသူ တစ်ဦး ဖြစ်မည်လို့ ခန့်မှန်းရပါတယ်။ ယင်းမိန်းကလေးဟာ ခုန်မချခင် Katong Shopping Centre ရှိ အိမ်အကူအလုပ်သမား ရှာဖွေပေးရေး အေဂျင်စီမှ ထွက်ပြေး လာတာဖြစ်ပါတယ်။ မျက်မြင်များ၏ ပြောပြချက်အရ သူမဟာ မိုးပျံလမ်းရဲ့ အစွန်းက ပန်းခင်းပေါ်မှာ မက်တက်ရပ်ပြီး လက်တွေကို ဆန့်တန်းကာ အောက်ကို ခုန်ချတာလို့ သိရပါတယ်။
တက်စီမောင်းသူ တစ်ဦးမှ မိန်းကလေးကို လမ်းဘေးဖယ်ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။ ၎င်းအမျိုး သမီးဟာ ပြုတ်ကျလာတဲ့ အချိန်မှာ သစ်ကိုင်း တစ်ကိုင်းပေါ်ကို တစ်ဆင့်ပြုတ်ကျပြီး သစ်ကိုင်းလည်း ကျိုးကျခဲ့ပါတယ်။ သစ်ကိုင်းပေါ်က တဆင့် ကျလာခဲ့တဲ့အတွက် အရှိန်အနဲငယ်ကို လျော့ပါးသွားစေခဲ့ပါတယ်။ သူဟာ လမ်းမဘေးက ကားတွေ လမ်းမကြီးပေါ်ကနေ အရေးပေါ်ဘေး ထိုးထားဖို့ နေရာလေးပေါ်ကို ပြုတ်ကျလာပြီး ညာဖက်လက်နဲ့ ဘယ်ဖက်ခြေထောက် ကျိုးသွားခဲ့ပါတယ်။ Tan Tock Seng ဆေးရုံကို သယ်ဆောင်သွားတဲ့အချိန်မှာ သူဟာ ဝေဒနာများ ခံစားနေရသော်လည်း သတိတော့ကောင်းစွာ ရနေခဲ့ပါတယ်။ သူ့ကိုအခု အရေးပေါ်ဆောင်မှာ ထားပြီး လုံးဝလှုပ် ရှားခွင့် မပေးထားပါဘူး။
အဲဒီလို မလုပ်ခင်မှာ သူဟာ သူ့ကိုယ်သူ အဆုံးစီရင်ချင်တယ်ဆိုတဲ့ အကြောင်းကို တစ်ခြား အိမ်အကူ အမျိုးသမီးတွေကို ပြောပြခဲ့ တယ်လို့သိရပါတယ်။ ဘာကြောင့်အဲသည် လိုဆန္ဒရှိနေတယ် ဆိုတာကိုတော့ မပြောခဲ့ပါဘူး။

စင်္ကာပူနိုင်ငံမှာ မြန်မာမိန်းကလေးများ အမြင့်မှ ခုန်ချပြီး သေကြောင်းကြံမှုဟာ အစဉ်အလာ တစ်ခုလို ဖြစ်လာနေပြီး မခိုင်သင်ဇာ နှင့် မယဉ်ငြိမ်းပွင့် ပြီးလျှင် ယခုမိန်းကလေးမှာ တတိယမြောက်ဖြစ်ပါတယ်။
(မူရင်းFNG News)

ထိုးစစ်မဆင်နဲ့  တိုက်စစ်ဆင် ပြောင်းနေပါပြီ

 တနင်္လာ, 12 ဒီဇင်ဘာ 2011

Hepatitis B (2) အသဲရောင် ဘီ ပိုး (၂)


Hepatitis B virus (HBV) အသဲရောင် ဘီပိုး ကူးစက်ခံနေရာသူပေါင်း သန်း ၃ဝဝ ရှိနိုင်တယ်။ အာရှ နဲ့ အာဖရိကမှာ ပိုများတယ်။ အဲဒီက တိုင်းပြည်တွေမှာ ပိုးရှိတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးကို ကူးကြတာ ပိုများတယ်။ အသဲကင်ဆာလဲ အဖြစ်များတဲ့ နေရာတွေ ဖြစ်တယ်။ ချမ်းသာတဲ့ နိုင်ငံတွေမှာတော့ ဆေးထိုးအပ်နဲ့ လိင်ဆက်ဆံတာကနေ ကူးကြတာ ပိုများတယ်။ လူငယ်ပိုင်းမှာဖြစ်တာ များတယ်။

ဘီပိုးက ကူးစရာလမ်းတခုခုကနေ သွေးထဲဝင်၊ နောက် အသဲကို ရောက်တာနဲ့ Replication ဗိုင်းရပ်စ်တွေ ပွါးများလာပြီး Surface material မျက်နှာပြင်-ပစ္စည်းတွေ ထုတ်တယ်။ သွေးထဲ ဝင်မယ်။ ပွါးများတာ များလာရင် သွေးထဲမှာ Load of virus (ဗိုင်းရပ်) အနည်း-အများ စစ်တော့ သိသိသာသာ တိုးနေတာ တွေ့လာမယ်။ ပွါးများတာ နည်းသေးရင် Virus core ဗိုင်းရပ်စ် အတွင်းသား ကိုသာ အသဲထဲမှာ စစ်လို့ရမယ်။ သွေးထဲမှာ မတွေ့ဘူး။

Hepatitis B tests စမ်းသပ်နည်းများ
1. Antigens (အင်တီဂျင်)၊
a. HBsAg (Hepatitis B surface antigen) က ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်-ပစ္စည်းကို စစ်တာ၊
b. HBeAg (Hepatitis B "e" Antigen) က ဗိုင်းရပ်စ် Core အတွင်းသားကို စစ်တာ၊
2. Antibodies to HBV infection (အင်တီဘော်ဒီ) ခုခံအားကို စစ်တာ၊
3. Viral DNA (ဒီအင်န်အေ) မျိုးဗီဇကို စစ်တာ။

ဘာတွေ့တာက ဘာကိုဆိုလိုသလဲ၊
• HBsAg အပေါင်းဖြစ်နေရင် Virus ပိုးရှိနေတယ်။ Active viral replication ပွါးများတာ တက်တက်ကြွကြွ ဖြစ်နေတယ်။ အသဲကိုလဲ ကူးနေတယ်။ သူများကိုလဲ ကူးစက်နိုင်တယ်။
• Anti-HBe ဆိုရင် Viral replication ပွါးများတာ နည်းသွားပြီ။ အသဲရောဂါ မြုံနေတယ်။ သူများကို သိပ်မကူးစက်နိုင်ဘူး။
• HBV-DNA ဆိုရင် Active viral replication ပွါးများတာ ကောင်းကောင်း ရှိနေတယ်။ အသဲမှာလဲ ရောဂါ ခံစားနေရတယ်။ သူများကိုလဲ ကူးစေမယ်။
• Anti-HBc (Core antibody) ဆိုရင် B ပိုးရှိသူနဲ့ ထိတွေ့မှုရှိခဲ့ပြီ။ သူ့ဆီကို Virus ကူးနေပြီလား-မကူးသေး ဘူးလားတော့ မသေခြာသေး။ ရောဂါကိုလဲ မပြီးသေးဘူး။ (မကာကွယ်နိုင်သေးဘူး)
• IgM anti-HBc ဆိုတာ လောလောဆယ် Hepatitis B နဲ့ ထိတွေမှု ရှိထားတယ်။

ဘာအတွက် ဘယ်နည်း စမ်းရသလဲ၊
• လတ်တလော ရောဂါပိုးဝင်နေတာကိုသိဘို့ (HBsAg), (anti-HBc), IgM နဲ့ တခါတလေ (HBeAg) တွေ စမ်းတယ်။
• နာတာရှည် အသဲရောင်နေတာကိုသိဘို့ HBsAg, (HBV) DNA နဲ့ တခါတလေ HBeAg တွေ စမ်းတယ်။
• နာတာရှည် အသဲရောင် နေတာနဲ့ ဆေးကုနေတာကို စောင့်ကြည့်ဘို့ HBsAg, (HBeAg), (anti-HBs) IgG, (anti-HBe) IgG နဲ့ HBV DNA တွေ စမ်းတယ်။
• ဘီပိုး အသဲရောင်ထားသူဟာ ခုခံအားစနစ် မကောင်းသူ ဖြစ်နေရင် (anti-HBc) total နဲ့ anti-HBs တွေ စမ်းတယ်။

စစ်နည်းတွေက ဘာလို့ အမျိုးမျိုးလုပ်ရသလဲ၊
1. Hepatitis B surface antigen (HBsAG) = ဗိုင်းရပ်စ် ရဲ့ မျက်နှာပြင် (ပရိုတင်း) ကို စမ်းတာ။ ရက်တိုရော နာတာရှည် ပိုးဝင်နေသူတွေမှာ တွေ့မယ်။ ပိုးဝင်တာကို အစောဆုံး သိတယ်။ လက္ခဏာတွေ မပေါ်ခင် ကတည်းက သိရတယ်။ နလံထချိန်မှာ သွေးထဲမယ် မတွေ့ရဘူး။ ဆေးကုသ ပေးနေသူမှာ မတော်တဆ ထိရှရင်၊ ကျား-ကျား လိင်တူဆက်ဆံသူ၊ ဝေဒနာသည် မဟုတ်ပေမဲ့ (ALT and AST) အသဲ-အင်ဇိုင်းတွေ များနေသူ၊ ကိုယ်ဝန်ဆောင်၊ HBV ပိုးရှိသူနဲ့ အတူနေရသူတွေကို စမ်းရတယ်။ ၆ လကနေ ၁ နှစ် တခါ စစ်ရတယ်။ သွေးလှူရှင်အားလုံးကို HBsAg စစ်ရတယ်။
2. Hepatitis B surface antibody (anti-HBs) ဗိုင်းရပ်စ် ရဲ့ မျက်နှာပြင်မှာရှိတဲ့ (ပရိုတင်း) ကို ခုခံတဲ့ (အင်တီဘော်ဒီ) ကို စမ်းတာ။ နလံထလာရင် သွေးထဲမှာ ဒါတွေ များလာမယ်။ အရင်က ပိုးဝင်ဘူးတာကို သိရမယ်။ ကာကွယ်ဆေး ထိုးထားသူလဲ တွေ့ရမယ်။ ကာကွယ်ဆေးထိုးဘို့ လို-မလိုသိစေမယ်။
3. Anti-hepatitis B core (anti-HBc), IgM = ခုခံတဲ့ (အင်တီဘော်ဒီ) ကို စမ်းတာ။ ပိုးဝင်ခံထားရတဲ့ အသဲ (ဆဲလ်) တွေမှာ တွေ့ရမယ်။ သွေးထဲမှာ မတွေ့နိုင်ဘူး။ ရက်တိုရော နာတာရှည်ပိုးဝင်တာကို စမ်းတယ်။ တခါရှိရင် တသက်တာ ရှိနေမယ်။
4. Hepatitis B e-antigen (HBeAG) = ဗိုင်းရပ်စ်ကနေ တက်တက်ကြွကြွ ထုတ်ပေးနေတဲ့ (ပရိုတင်း) သွေးထဲမှာ ရှိနေတာကို စမ်းတယ်။ သူများကို ကူးနိုင်ခြေကို သိရတယ်။ ဆေးကုနေတာရဲ့ ထိရောက်မှုကိုလဲ သိရတယ်။ တချို့ (ဗိုင်းရပ်စ်) အမျိုးအစားက e-antigen ကို မထွက်စေဘူး။ ၆ လကနေ ၁ နှစ် တခါစစ်ရတယ်။ ဆေးမကုခင်က HBeAg positive ဖြစ်ပြီး ဆေးကုနေရင်း Negative ဖြစ်လာရင် ဆေးကု ရပ်ထားမယ်။
5. Anti-hepatitis Be antibody (Anti-HBe) = Hepatitis Be antigen ကို ခုခံတဲ့ (အင်တီဘော်ဒီ) ကို စမ်းတယ်။ ရက်တိုကူးခံရသူ နလံထလာရင်တွေ့မယ်။ သူ့ကို Anti-HBc နဲ့ Anti-HBs တွေနဲ့ တွဲတွေ့နိုင်တယ်။ နာတာရှည် ဖြစ်နေသူကို ရောဂါ နဲ့ ကုသမှုတွေကို စောင့်ကြည့်တာမှာ အသုံးကျတယ်။
6. Hepatitis B DNA (HBV DNA) = Hepatitis B ရဲ့ Viral genetic material မျိုးဗီဇကိုစမ်းတာ။ လောလောဆယ် ပိုးရှိနေတာ၊ နာတာရှည်ဖြစ်လို့ ဆေးပေးနေသူတွေကို စောင့်ကြည့်စစ်ဆေးရာမှာ သုံးတယ်။ ဆေးက ထိရောက်ရင် ကျလာမယ်။ သွေးထဲမှာ (ဗိုင်းရပ်စ်) တွေ ဘယ်လောက်ရှိသလဲ အရေအတွက်ကို သိရတယ်။ များနေတယ်ဆိုတာ (ဗိုင်းရပ်စ်) က တက်တက်ကြွကြွ ပွါးများတာ လုပ်နေတယ်၊ အသဲလဲ ထိခိုက်စရာ ရှိနေပြီ။ အရေအတွက် (100 IU/ml) ထက်နည်းရင် သူများကို မကူးနိုင်သေးဘူး။ ဆေးကုနေသူဆိုရင် ဆေးကုတာ ထိရောက်တယ်ဆိုတာ ပြနေတယ်။ ရောဂါလက္ခဏာ မပြပေမဲ့လဲ အသဲကို ထိခိုက်လာနိုင်တယ်။ သူများကို ကူးစေနိုင်တယ်။
7. Hepatitis D (HDV) ဆိုတာ နောက် အသဲကူးစက်ရောဂါတမျိုး ဖြစ်တယ်။ ဒါပေမဲ့ Hepatits B ရှိနေသူကိုမှ ရစေတယ်။ ဒီ ၂ မျိုး ရနေတာ ရှိနိုင်တယ်။
8. အထောက်အကူ စစ်ဆေးတာတွေလဲ ရှိသေးတယ်။ AST, ALT နဲ့ Gamma-glutamyl transferase (GGT) ကို စစ်ရင် ရောဂါရဲ့ တိုးတက်မှုကို သိရတယ်။ Liver biopsy (ဘိုင်အော့ပ်စီ) နဲ့ ရောဂါသေခြာအောင်လဲ လုပ်တယ်။

ဆေးစစ်အဖြေတွေက ဘာတွေဖြစ်နိုင်သလဲ၊
• Early acute infection ဗိုင်းရပ်စ်ပိုး လတ်တလော အဝင်ခံရသူ = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) –ve, (Anti-HBc IgG+IgM) –ve, (HBeAg) +ve, (Anti-HBe) –ve
• Acute infection, usually with symptoms; contagious ရက်တို အသဲရောင်ရှိသူ၊ လက္ခဏာတွေ ရှိသူ၊ သူများကို ကူးစက်နိုင်သူ = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) –ve or +ve, (Anti-HBc IgG+IgM) -ve or +ve, (HBeAg) +ve, (Anti-HBe) –ve
• Late in the acute stage of infection (seroconversion) ရက်တို အသဲရောင်ဖြစ်နေသူ နောက်ပိုင်း = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) +ve, (Anti-HBc IgG+IgM) +ve, (HBeAg) -ve, (Anti-HBe) +ve
• Acute infection is resolving (convalescent) ရက်တို အသဲရောင် ပျောက်ကာစ = (HBsAg) -ve, (Anti-HBs) –ve, (Anti-HBc IgM) +ve, (Anti-HBc IgG+IgM) +ve, (HBeAg) -ve, (Anti-HBe) +ve
• Usually indicates an active chronic infection (liver damage likely) နာတာရှည်-အသဲရောင်၊ အသဲကို ထိခိုက်နေသူ = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) -ve, (Anti-HBc IgG+IgM) +ve, (HBeAg) +ve, (Anti-HBe) –ve
• Chronic infection but low risk of liver damage — carrier state နာတာရှည် အသဲရောင်၊ ဒါပေမဲ့ အသဲကို ထိခိုက်မှာ သိပ်မစိုးရိမ်ရသူ၊ သူများကို ကူးနိုင်သူ = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) -ve, (Anti-HBc IgG+IgM) +ve, (HBeAg) -ve, (Anti-HBe) +ve
• Infection resolved (recovery); immunity due to natural infection ပိုးဝင်ပြီးနောက် နလံထချိန်၊ ရောဂါပြီးလာချိန် = (HBsAg) -ve, (Anti-HBs) +ve, (Anti-HBc IgM) -ve, (Anti-HBc IgG+IgM) +ve, (HBeAg) -ve, (Anti-HBe) +ve
• Immunity due to vaccination ကာကွယ်ဆေး ထိုးထားလို့ ရောဂါကိုပြီးနေသူ = (HBsAg) -ve, (Anti-HBs) +ve, (Anti-HBc IgG+IgM) -ve

Acute hepatitis B ဘီပိုး စတင်ကူးစက်ခံရခြင်းရောဂါ၊
• အများစုဟာ ဘာမှ မခံစားရ၊ စမ်းလဲမတွေ့ ဖြစ်ကြတယ်။ HBsAg နဲ့ IgM-antiHBc စမ်းရင် တွေ့တယ်။
• ၁% ထက်နဲသူတွေမှာ Fulminant hepatitis အသဲ လုံးဝမကောင်းဖြစ်လာပြီး သေဆုံးနိုင်တယ်။ Liver transplantation အရေးပေါ် အသဲအစားထိုးရတယ်။
• ကြာလာရင် HBsAg မတွေ့တော့ဘဲ၊ Anti-HBs က တွေ့လာတယ်။ Termination of the infection ရောဂါဝင်တာ အဆုံးသတ်မှုကို ပြတယ်။
• Hepatitis B surface antigen (HBsAg) ရှိတယ်ဆိုတာ Virus infection ရှိနေပြီ၊ ဒါပေမဲ့ ကူးစက်နိုင်မယ်- မကူးနိုင်ဘူး မသေခြာသေး၊ အသဲ ပျက်စီးသလား-မပျက်ဘူးလား မသေခြာသေး။
• ဗိုင်းရပ်စ်တွေ ရှင်းသွားရင် Hepatitis B surface (anti-HBs) antibody (အင်တီဘော်ဒီ) ခံနိုင်စွမ်းတွေ ထွက်လာမယ်။ ရောဂါပြီးတဲ့သဘော ဖြစ်တယ်။
• Hepatitis B "e" antigen (HBeAg) တွေ့တာက Core of the virus ကိုစစ်တာဖြစ်တယ်။ ပွါးများတာတွေ များများဖြစ်နေတယ်။ HBeAg မရှိတော့ဘဲ Antibody to HBeAg တွေ့လာတယ်ဆိုတာ ပွါးများတာတွေက နည်းလာတယ်။ အသဲရောဂါလဲ သက်သာလာတယ်။ သူများကို ကူးဘို့လဲ နည်းလာတယ်။
• ရက်တို အသဲရောင်ဖြစ်နေတုံးမယ် တချိန်မှာ HBeAg တွေ့မယ်။ နောက်ပိုင်းဆိုရင် ပွါးများတာတွေ နည်းလာ၊ အသဲထိခိုက်တာ နည်းလာချိန်မှာ မတွေ့တော့ဘူး။

Chronic hepatitis B နာတာရှည် ဘီပိုးအသဲရောင်ရောဂါ၊
• Hepatitis B virus ကူးစက်ခံရပြီးနောက် အများစုမှာ Anti-HBs ပေါ်လာရင် ပိုးတွေ ရှင်းသွားမယ်။ ၅% လောက်ကတော့ အဲလိုမဟုတ်ဘူး။ HBsAg ဆက်ရှိနေပြီး၊ anti-HBs ဖြစ်မလာဘူး။ Anti-HBc လဲ ဆက် ရှိနေမယ်။
• နာတာရှည် ဖြစ်သူတွေဟာ အမျိုးမျိုး ဖြစ်လာနိုင်တယ်။ ရေရှည်ပိုးသယ်ပေးသူဖြစ်နေမယ်။ အသဲက ကောင်းနေမယ်။ ဖြစ်လဲနဲနဲသာ ဖြစ်မယ်။ Cirrhosis အသဲခြောက်တာ ဖြစ်လာနိုင်တယ်။
• နာတာရှည်အဆင့် အစပိုင်းမှာ Viral replication ပွါးများတာ ဖြစ်လာမယ်၊ Liver damage အသဲ ပျက်စီးလာမယ်။ HBeAg positivity ဖြစ်မယ်။ Elevated transaminases က အသဲပျက်စီးတာကို ညွှန်ပြနေတယ်။ တချို့ အဲလိုမဖြစ်ဘူး။ တချို့မှာ နှစ်တွေကြာမှ ဖြစ်တယ်။
• HBeAg ပျောက်သွားရင် အသဲကလဲ ငြိမ်နေမယ်။ ကူးစက်တာလဲ နည်းမယ်။ ဒီအဆင့်မှာ Virus DNA နဲ့ Liver cell DNA ပေါင်းစပ်နိုင်တယ်။ Hepatocellular carcinoma ဖြစ်လာရင် ပိုရှုတ်ထွေးလာမယ်။
• HBeAg ပျောက်၊ အသဲကလဲ ငြိမ်၊ ကူးစက်တာလဲ နည်းတဲ့အဆင့်ကနေ Reactivated ပြန်တက်ကြွ လာနိုင်တယ်။ တခါမကလဲ အဲလိုဖြစ်နိုင်တယ်။ သူ့ဖါသူလဲ အဲလိုဖြစ်နိုင်သလို တခြားရောဂါကြောင့် Immunosuppressant therapy ဆေးမျိုးတွေ ပေးနေရလို့လဲ ဖြစ်နိုင်တယ်။ အဲလိုသာဆို အသဲ ပိုပျက်စီးစေနိုင်တယ်။ ဒါ့ကြောင့် အသဲမကောင်းသူတွေကို Immunosuppressant therapy ပေးရင် အထူးသတိထားရတယ်။

HBsAg Positive ဆေးစစ်လို့ ပိုးတွေတဲ့ သူတွေကို ဘယ်လို ကုမလဲ၊
• ရောဂါရာဇဝင် မေးမယ်။ မိသားစု၊ အိမ်ထောင်ရေး၊ ဖို-မဆက်ဆံရေး၊ အသဲရောဂါ လက္ခဏာတွေ မေးမယ်။
• စမ်းသပ်-စစ်ဆေးမယ်။ အသဲကြီးနေသလား၊ အသားဝါနေသလား၊ ရေဖျင်းရှိနေသလား ကြည့်မယ်၊
• Bilirubin, Transaminases, Albumin, Prothrombin time အသဲအလုပ် စစ်မယ်။ ၆ လ တခါစစ်မယ်။
• Anti-HBc IgM စစ်မယ်။ ၆ လအတွင်း ဗိုင်းရပ်စ်ဝင်ခဲ့သလား သိရမယ်။ အပေါင်းဖြစ်ရင် ထပ်စစ်မယ်။
• HBeAg နဲ့ HBV-DNA စစ်မယ်။ Active viral replication ရှိ-မရှိသိမယ်။
• အသဲမကောင်းတာ တွေ့သူကို Liver biopsy လုပ်မယ်။
• အသဲမှာရောဂါရှိ၊ (HBeAg positivity) တွေ့လို့ Active viral replication ပွါးများတာလဲ ရှိသူကို ဆေးပေးမယ်။
• HBsAg သယ်ဆောင်နေသူတွေကို Hepatocellular carcinoma ကင်ဆာ ဖြစ်လာ-မလာ စောင်ကြည့် စစ်ဆေးနေမယ်။ Ultrasound and Alpha-fetoprotein estimation ကို ၆ လ တခါ လုပ်နေမယ်။
• လိင်ဆက်ဆံဘက် အားလုံးကို ကာကွယ်ဆေး ထိုးမယ်။
• နာတာရှည်သမားရဲ့ မိသားစုဝင်တွေ ရောဂါပြီးတာ မတွေ့ရရင် ကာကွယ်ဆေးထိုးမယ်။
• မိခင်က ပိုးရှိသူကမွေးတဲ့ကလေး ကာကွယ်ဆေးထိုးမယ်။ ဒါ့ပြင် Hepatitis B immune globulin (HBIG) ဆေးလဲ ပေးမယ်။

Conclusion အသဲရောင် ဘီ ပိုးရောဂါ အချူပ်
Hepatitis B virus infection အသဲရောင် ဘီ ပိုးရောဂါဆိုတာ အလွတ်ရှုတ်ထွေးပါတယ်။
1. Subclinical ဘာလက္ခဏာမှ မရှိတာ။
2. Clinical acute hepatitis လတ်တလော အသဲရောင်တာ နဲ့
3. Chronic hepatitis နာတာရှည်အသဲရောင်တာတွေ ဖြစ်စေနိုင်တယ်။ ငယ်ငယ်နဲ့ဖြစ်ရင် ဒါမျိုးပိုဖြစ်နိုင်တယ်။
a. သူကနေ အသဲ နဲနဲသာပျက်စီးတာ၊
b. Cirrhosis အသဲခြောက်တာနဲ့
c. Hepatocellular carcinoma အသဲကင်ဆာ ဖြစ်လာနိုင်တယ်။

ကူးစက်နိုင်လောက်သူတွေကို ကာကွယ်ဆေး ထိုးလို့ရနေပြီ။ နာတာရှည်ထဲက အသဲလဲထိခိုက်၊ ပွါးများတာလဲ ဖြစ်နေသူတွေထဲက သင့်တော်သူ လူနာတွေကို Interferon ဆေးပေးနိုင်နေပြီ။ တခြား ဗိုင်းရပ်စ်ဆေး Lamivudine ကိုလဲ စမ်းသပ်နေတယ်။ အောင်မြင်မှုတွေ ရှိနေတယ်။

1. ၁ နှစ်တကြိမ် AST, ALT, Alkaline phosphatase နဲ့ Liver function (Bilirubin, Albumin, Prothrombin time) တွေ လုပ်မယ်။ Gastroenterologist/Hepatologist အထူးကုဆရာဝန်နဲ့ မပြတ်ဆေးစစ်နေရမယ်။ အသဲ အခြေအနေကို စစ်မယ်။
2. ၆ လ တကြိမ် Alpha-Fetoprotein (AFP) လုပ်မယ်။ Hepatocellular carcinoma ရှိ-မရှိသိရမယ်။
3. ၆ လ တကြိမ် အသဲကို Ultrasound လုပ်မယ်။ အသဲကင်ဆာကို သေးသေးလေးကတည်းက သိရမယ်။
4. ၁ နှစ်တခါ HBsAg လုပ်မယ်။ ရောဂါသယ်ပို့သူဟုတ်-မဟုတ်သိမယ်။ ၁% ထက်နဲသူတွေက HBsAg ရှင်းသွားမယ်။ anti-HBs ပေါ်လာမယ်။
5. ၁ နှစ်တခါ HBeAg စစ်တာကို HBsAg positive ဖြစ်နေသူတွေကို လုပ်မယ်။ HBeAg positive (+) ဒါမှမဟုတ် AST>200 ရှိသူတွေ Liver biopsy (ဘိုင်အော့ပ်စီ) လုပ်မယ်။ Anti-viral treatment ဆေးကုမယ်။ အသဲပိုပျက်စီးလာသူ၊ အသဲကင်ဆာ သံသယရှိသူတွေလဲ ပါတယ်။
6. ရောဂါ သယ်ဆောင်နေသူ၊ သူ့ဇနီး-ခင်ပွန်း၊ မိသားစုဝင်တွေကို Hepatitis B စစ်ရမယ်။ လိုသူတွေ ကာကွယ်ဆေး ထိုးရမယ်။ သူတို့ရော Hepatitis B carrier ပိုးသယ်ဆောင်သူမှန်သမျှကိုပါ Hepatitis B ပညာပေးရမယ်။

Hepatitis A, B, C, D, E အသဲရောင် ရောဂါများ http://dts-medicaleducation.blogspot.com/2010/01/hepatitis-b-c-d-e.html
Hepatitis B (1) ဘီ ပိုး (၁) http://dts-medicaleducation.blogspot.com/2009/08/hepatitis-b.html
Hepatitis C စီ ပိုး http://dts-medicaleducation.blogspot.com/2009/07/hepatitis-c.html
Hepatitis C စီ ပိုး နောက်ဆက်တွဲ http://dts-medicaleducation.blogspot.com/2011/03/hepatitis-c.html

Dr. တင့်ဆွေ

မတွေဝေနဲ့  ခံရပေါင်းများးနေပြီ

အားကိုးတော့ ခါးကျိုးရချည့်ရဲ့

[By Ko Baloi ]

ကချင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်၊ ပြည်သူများ ထပ်မံတိမ်းရှောင်

Published on December 9, 2011 by နော်နိုရင်း (DVB)

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခြင်း နှစ် ၂ဝ ပြည့်

2011-12-10

ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို တက်လှမ်းနိုင်ရေးအတွက် ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြဖို့ ဒီကနေ့ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်

ငြိမ်းချမ်းရေးအတွက် - - - - - -

ငြိမ်းချမ်းရေးအတွက် လမ်းပေါ်ထွက်ရမယ် 

ငြိမ်းချမ်းရေးအတွက် ပါးစပ်တွေလှုပ်ရမယ် 

ငြိမ်းချမ်းရေးအတွက် လက်သီးတွေဆုပ်ရမယ် 

ဒို့ သွေးရင်းတွေ ဒုက္ခရောက်နေတယ် - - - - - -

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးလာအောင် တိုက်တွန်းဖို့ လူထုကို ဦးဝင်းတင် နှိုးဆော်

2011-12-09
ပြည်နယ် တိုင်းရင်းသားဒေသတွေမှာ စစ်ကြောင့် ဒုက္ခရောက်နေရသူတွေ အတွက် ပြည်မနေ လူထုက လူသားချင်းစာနာမှု အကူအညီတွေ ဝိုင်းဝန်း ပံ့ပိုးပေးကြဖို့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ဒီကနေ့ နှိုးဆော်လိုက်ပါတယ်။

ဒါတွေမလုပ်ဘဲ ဘာမှဖြစ်မလာ -

နိုင်ငံရေး အကျဉ်းသားတွေ ချွင်းချက်မရှိ လွှတ်မပေး ဘဲ-

ပြည်တွင်းငြိမ်းချမ်းရေး မလုပ်ဘဲ-

ပြည်ပရောက် အတိုက်အခံများကို အထွေထွေ လွပ်ငြိမ်းချမ်းသာခွင့် မပေးဘဲ-

ပြောင်းလွဲနေပါတယ် ပြောဆိုတာ ဘယ်ဖက်လက်မှ ညာဖက်လက်သို့  ပြောင်းချင်းသာဖြစ်သည် ။

ပြည်သူချစ်မှ ပြည်သူ့ တပ်မတော်ဖြစ်တယ် ( ကုတ်ပါ )

အာဏာရှင်ရဲ့လက်ကိုင်ဒုတ်မဟုတ်ကြောင်း ဆီးရီးယားစစ်သားတို့ ပြပြီ

တရားခံဘယ်သူလဲ ဟေ့ - -( ၂ ) (ကုတ်ပါ)

 

စစ်ကြောင့်ဒုက္ခရောက်နေသူတွေကို ကူညီစောင့်ရှောက်တာဟာ အလွန်မွန်မြတ်တဲ့ အလုပ်တခုပါ ။
ဒုက္ခသည်ဖြစ်မလာအောင် စစ်ကို ကာကွယ်ခြင်းက အမွန်မြတ်ဆုံး အလုပ် ။
သူများအကာ ဒုက္ခရောက်တုံးမှာ ကိုကရပ်ကြည့်မယ်ဆိုရင် ကိုယ်ဒုက္ခရောက်တဲ့ အချိန်ကြရင်လဲ သူများတွေကရပ်ကြည့်နေမှာဘဲ ။

ရုရှား၌ မြန်မာစစ်အရာရှိ ရာချီ၍ နျူကလီးယား ပညာသင်

By featured, လင်းသန့် on December 9, 2011

နိုင်ငံ့အရေးလုပ်မယ့်သူတွေ မကြာခင် လွတ်ဖွယ်ရှိ

 သောကြာ, 09 ဒီဇင်ဘာ 2011

ဘဝင် မမြင့်နဲ့ 

စစ်အဆိုး(စိုး)ရ ဒါမှမဟုတ် အာဏာရှင်ကို မုန်းလို့  သင့်ကိုထောက်ပံနေတာကို သင့်ကို ထောက်ခံနေတယ်လို့  ထင်မနေနဲ့ - စိတ်ကူးယဉ်တွေထဲက ရုန်းထွက်

သူ့စည်း ကိုယ့်စည်း

ကျွန်မအိမ်အနီးက မီးပွိုင့်ကလေးမှာ တနေ့တုန်းက ယာဉ်တိုက်မှု တခုဖြစ်ပါတယ်။ အလုပ်က အပြန်မှာ

ငါဘာကိုပူပင်နေတာလဲ ?

မြေအောက်အပူရှိန် မြင့်တက်ပါက ရွှံ့မီးတောင် ပေါက်ကွဲမှု ထပ်မံဖြစ်နိုင်

အာဏာရှင်ကို ဘယ်လိုဖယ်ရှားမလည်း

တိုင်းရင်းဆေး နိုင်ငံတကာထိုးဖောက်ရန် နှစ်ချက်လိုအပ်


ကိုဇော်လင်းထွန်း ရက်လည်ဆွမ်းကျွေးတွင် ဗကသများ အဖွဲ့ချုပ်မှ ဝမ်းနည်းကြောင်းနှင့် ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးပို့

ရိုက်စားညီနောင် ဂွင်မချောင်တော့

ချီးတွင်း

NLD Song

NLD song by Zarny Win
NLD မဲဆွယ်ပွဲအတွက် ဟစ်ပ်ဟော့ပ် သီချင်း တပုဒ်
Wednesday, December 07, 2011
ဇေယျာသော်၊
မြန်မာပြည် ဟစ်ပ်ဟော့ပ်ရေစီးကြောင်းရဲ့ ပထမမျိုးဆက်တွေဖြစ်တဲ့ ဇေယျာသော်၊ ရန်ရန်ချန်း နဲ့ အနဂ္ဂ တို့ မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှတ်တရ ရိုက်ကူးထားတဲ့ပုံပါ (ဓာတ်ပုံ - ဇေယျာသော် Facebook fan page)
၁၉၉၀ တုန်းက NLD ရဲ့ မဲဆွယ်သီချင်းအတော်များများမှာ ရိုးရာ အိုးစည်ဗုံမောင်းသံတွေ ပါပါတယ်။
အနှစ် ၂၀ ကျော်အကြာ ရွေးကောက်ပွဲ အသေးစားတခုကို ထပ်ဝင်မယ့် NLD ရဲ့ ပထမဆုံး မဲဆွယ်သီချင်းမှာတော့ အိုးစည်ဗုံမောင်းသံမပါတော့ပါဘူး၊ ဒါပေမယ့် မဲဆွယ်သီချင်းက ရိုးရာ သံချပ်နဲ့ ဆင်တူတဲ့ ဟစ်ပ်ဟော့ပ် ပုံစံဖြစ်နေပါတယ်။
ခေတ်ပေါ်သီချင်း နဲ့ ဒီနေ့ခေတ်လူငယ်တွေရဲ့ စကားလုံးတွေက လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်နဲ့ မတူတော့ပါဘူး။
ဒီသီချင်းဖြစ်မြောက်ရေးအတွက် NLD ကို ၀န်းရံနေတဲ့ ဇေယျာသော် ပါဝင်ခြင်း ရှိမရှိ မသိရသေးပါ။

ကွတ်ခိုင် ဗုံးကွဲ သောက်ကြိုးနဲ ငနဲသုံးကောင်သေ

ဒီလောက်ဘဲလား ? - - -

အရင်အတိုင်းဘဲ ဟ

NLD ရဲ့ တံဆိပ် အသစ်

NLD_new_flag(၁၉၉၀) ရွေးကောက်ပွဲအတွက် အသုံးပြုခဲ့သော ခမောက်တံဆိပ်အစား ယခု ကြားဖြတ် ရွေးကောက်ပွဲမှစပြီး ခွပ်ဒေါင်း တံဆိပ်ကို ပြောင်းလဲ အသုံးပြုတော့မည်ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါသည်။ ဤကဲ့သို့ ပြောင်းလဲခဲ့သော်လည်း၊ ပါတီ၏ စည်းရုံးရေး လုပ်ငန်းစဉ်များကို ထိခိုက်မည်မဟုတ်ဟု ဆိုပါသည်။
“ ဒီဆုံးဖြတ်ချက်က ပြီးခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။ အခုကျနော်ပြောင်းတဲ့ တံဆိပ်ကတော့ ကြယ်ဖြူတပွင့်ရယ်၊ ခွပ်ဒေါင်းရယ် ပြီးတော့ ခွပ်ဒေါင်းအောက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ဆိုတဲ့ စာတန်းပါပါတယ်။ တခြားတော့ အထွေအထူး မရှိပါဘူးဟု ဦးဥာဏ်ဝင်းက ဆိုပါသည်။

ဦး သိ န်း စိ န်အ စိုး ရ အ ဖွဲ့ လ စာ နဲ့ အဆောင် အယောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးဦးလွင် ကွယ်လွန်

2011-12-06

တရားခံဘယ်သူလဲ ဟေ့ - -

စစ်ကြောင့်ဒုက္ခရောက်နေသူတွေကို ကူညီစောင့်ရှောက်တာဟာ အလွန်မွန်မြတ်တဲ့ အလုပ်တခုပါ ။
ဒုက္ခသည်ဖြစ်မလာအောင် စစ်ကို ကာကွယ်ခြင်းက အမွန်မြတ်ဆုံး အလုပ် ။
 
 အင်္ဂါ, 06 ဒီဇင်ဘာ 2011

မြန်မာပြုပြင်ပြောင်းလဲရေး အများကြီး လုပ်ဆောင်ရန် လိုနေသေး

 တနင်္လာ, 05 ဒီဇင်ဘာ 2011

 

သူရ ဦးရွှေမန်းနဲ့ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသွားမည်

ကမ္ဘာ နဲ့  အမြွှာပူး ဂြိုလ် တစ်လုံး ကို တွေ့ ရှိ

သတင်းအချက်အလက်တွေကို လှုပ်ရှားမှုအသွင်ပြောင်းရေး နည်းနာ ၁၀ချက်။


ပြင်လို့  ပြောင်းလို့  မရတဲ့ ၈၈

“ငါတို့ရွှေဂက်(စ်)ကို ငါတို့သုံးခွင့်ရှိရမည်။ အခုချက်ချင်း ၂၄ နာရီမီးပေးပါ”


တောကြောင်အသားကြိုက်သူများ ဝမ်းမြောက်ဖွယ်

တောမီးလောင်တော့ တောသတ္တဝါတွေ ဒုက္ခရောက်တာပေါ့ ။ ဒါကိုအခွင့်ကောင်းယူပြီး တောကြောင်တွေက မီးလန့် ပြီးပြေးလာတဲ့ တောသတ္တဝါ ငယ်လေးတွေကို ခုတ်ယူစားသောက်ကြတယ် ။ အခု တောကြောင်တကောင်တော့ ဒို့ လက်ထဲရောက်လာတော့မယ် - - -

ဗိုလ်မှူး​ချုပ်​ဟောင်း​ကျော်​ဇော​ ၉၂ နှစ်ပြည့်​မွေး​နေ့မှာ မြန်မာ့​ဒီမိုက​ရေစီ​ရေး​ ဆု​တောင်း​ပေး

Published on December 3, 2011 by ပီတာအောင်

တိုင်းရင်းသားတွေ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းပြီ

2011-12-03

ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC က ပြည်ထောင်စု တပ်မတော်တရပ် ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အစိုးရနှင့် ရှမ်း (တောင်) တို့ အပစ်ခတ်ရပ် လက်မှတ်ထိုး

ကျော်ခ | သောကြာနေ့၊ ဒီဇင်ဘာလ ၀၂ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၇ မိနစ်

မင်းအောင်လှိုင် တရုပ်ခရီးစဉ်

မောင်မောင်စိုး သို့မဟုတ်စောထသူရဲကောင်း


ရှင်ပြန်နိုးထလာတော့မည့် ဖခင်ဗိုလ်ချုပ် ရာဇဝင်

ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။


မြန်မာအစိုးရ လက်ရှိဆောင်ရွက်ချက် တချို့ အပေါ် အမေရိကန် အားရ

2011-12-01

မယားကအစ ပြောနေရပြီ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီ တွေ့ဆုံ

2011-12-01

မလိုတော့ဘူး ဖယ်လိုက်လေ

ဟီလာရီ ကလင်တန်နဲ့ ဦးသိန်းစိန် တွေ့ဆုံ

အမေရိကန်သမ္မတအိုဘားမား(Barack Obama) မှ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့သောစာ


Secretary of State Hillary Clinton personally delivered a letter from President Barack Obama to Myanmar's leading democracy campaigner Aung San Suu Kyi Thursday. Here is the letter in full as released by the State Department:
Aung San Suu Kyi

Rangoon, Burma

Daw Aung San Suu Kyi:

It was a pleasure and an honor to speak with you recently. As I said during our conversation, I have long admired your brave and unwavering struggle for democracy, and I consider our conversation a highlight of my recent visit to Asia.
I am pleased that the Burmese government has taken several encouraging steps in the direction of democracy and reform. Secretary of State Clinton's visit will explore how the United States can support efforts to foster political opening and respect for universal human rights, as well as demonstrate the seriousness of our commitment to helping the people of Burma achieve their democratic aspirations.

I thank you for your welcome of the Secretary's visit, and look forward to speaking to you again. Thank you for the inspiration you provide all of us around the world who share the values of democracy, human rights, and justice. We stand by you now and always.

Sincerely,

Barack Obama


(ဒေါင်းမာန်ဟုန်မှကူးယူသည်)