Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု)

 ပထမပိုင်း ဒီမှာကုတ်ပါ
အခန်း (၂)

" ကျွန်မဟာ သင်္ချာ ပညာရှင် တယောက်ပါ"

ကျွန်မ ဒီလိုဆိုလိုက်ချိန်မှာ အေးဂျင့် Miller က ခေါင်းညိတ်ပြပါတယ်။ ပြီးတော့မှ

" ဒီထက်နည်းနည်းပိုပြီး နောက်ကြောင်း ပြန်ပေးပါလား။ ဒီနေ့ မင်းရောက်နေတဲ့ အခြေအနေဆီကို ဘယ်လိုဖြတ်သန်းရောက်ရှိခဲ့လဲ ဆိုတာကိုပေါ့။ သင်္ချာပညာရပ်ကို ဘယ်အချိန်မှာ စပြီး စိတ်ဝင်စားခဲ့သလဲ။ ဘာကြောင့် မင်းအဖိုး ပရော်ဖက်ဆာ Henreid ရဲ့ လက်ထဲမှာ ကြီးပြင်းခဲ့ရသလဲ ဆိုတာတွေပေါ့"

" ကျွန်မ အမေကလဲ သင်္ချာပညာရှင် တယောက်ပါပဲ။ ကျွန်မထင်တာတော့ သူ့အဖေ၊ ကျွန်မ အဖိုးဆီက အမွေဆက်ခံခဲ့တာ နေမှာပေါ့။ ကျွန်မရဲ့ အဖိုးက သင်္ချာပညာရပ်ကို အလွန်စွဲလန်း မြတ်နို;ပါတယ်။ မေမေကလဲ ငယ်စဉ်ကလေးဘ၀ ကတည်းက အတော်လေးကို ထူးချွန်ထက်မြက်ခဲ့တယ်။ အနာဂတ်တက်လမ်းတွေ အများကြီးနဲ့ပေါ့"

ပြောရင်းနဲ့ ကျွန်မ သက်ပြင်းမောချလိုက်မိပါတယ်။
တကယ်တမ်းကျတော့ မေမေ့ဘ၀မှာ ပြင်ဆင်မျှော်မှန်းထားခဲ့တဲ့အတိုင်း သတ်သတ်မှတ်မှတ် မဖြစ်လာခဲ့တာကို သတိသွားရမိလို့ပါ။

" ဘာတွေမှားယွင်းသွားလို့လဲ"
အေးဂျင့် Miller က ကျွန်မရဲ့ သက်ပြင်းမောကို သတိထားမိသွားတယ်ထင်ပါရဲ့။ စကားဆက်ထောက် ပေးလိုက်ပါတယ်။

" ဘယ်သူ သိနိုင်မှာတဲ့လဲ။ မေမေပြန်ပြောပြတာကတော့ အဲဒီအချိန်တုန်းက သင်္ချာပညာရပ်ကမ္ဘာမှာ အမျိုးသမီးတယောက် အနေနဲ့ ခြေလှမ်းချရတာ သိပ်ခက်တာပဲတဲ့။ အမျိုးသားတွေက သူပြောတာတွေကို လေးလေးနက်နက် မထားကြဘူးတဲ့။ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေမှာ သူရှိနေတာကို အသိအမှတ်မပြုသလို ပြုမူနေခဲ့ကြတယ် ဆိုပဲ။ မေမေက အကြံပြုချက်တွေ ပေးပြီးရင် လုပ်ဖော်ကိုင်ဖက် အမျိုးသားတွေက ဂရုမစိုက်ကြဘူး။ နောက်မိနစ်နှစ်ဆယ်အကြာမှာ အမျိုးသားတယောက်က မေမေ့အကြံပြုချက်နဲ့ သဏ္ဍာန်တူတဲ့ အတွေးအမြင်တခုကို ချပြပါလေရော။ အဲဒီအခါကျရင်တော့ တခြားလူတွေက ကျေနပ်အားရ ထောက်ခံကြတယ်တဲ့။ ဒါကတော့ မေမေ့ ပြောပြချက်တွေပေါ့။ ဒါပေမယ့် ဖြစ်နိုင်ချေရှိတာကလဲ မေမေ့မှာ အောင်မြင်မှုကို ရယူနိုင်ဖို့ လုံလောက်တဲ့ ခွန်အားတွေနဲ့ ခိုင်မာသော ဆုံးဖြတ်ချက်တွေ မရှိလို့လဲ နေမှာပေါ့"

အေးဂျင့် Kirwan က သက်မချရင်း
" ဒါတွေက ခုချိန်ထိလဲ ဖြစ်နေဆဲပါ။ အထူးသဖြင့် အစိုးရအေဂျင်စီတွေမှာပေါ့ "
လို့ တိုးတိုးလေး ၀င်ပြောပါတယ်။

" ဒီလို ကိစ္စတွေက မေမေ့ကိုတော့ အတော်ပဲ စိတ်အနှောင့်အယှက် ပေးခဲ့တယ်။ နောက်ဆုံးတော့ မေမေက ဆပ်ကပ်လို့ သူအမည်ပေးထားတဲ့ ကောလိပ်ပညာရေး အသိုင်းအ၀ိုင်းကို စွန့်ခွာပြီး၊ စက်ပြင်ဆရာ ဖေဖေ့ကို လက်ထပ်ခဲ့တယ်"

" ဒီလိုနဲ့ မင်းမွေးလာတာပေါ့"

အေးဂျင့် Miller က စကားဝင်ထောက်ပါတယ်။

" ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ မိဘတွေက ကျွန်မကို သိပ်စိတ်မ၀င်စားပါဘူး။ သူတို့က အသက်ငယ်သေးတယ်လေ။ သူတို့ဘ၀မှာ ကျွန်မက အနှောင့်အယှက်လို ဖြစ်နေတယ်။ ဒီလိုနဲ့ ကျွန်မအသက် သုံးလေးနှစ် အရွယ်မှာ အိမ်ကို အဖိုးအလည်ရောက်လာခဲ့တယ်။ ကျွန်မ ကစားနေတာတွေကို ကြည့်ပြီး အဖိုးက တခုခုကို သတိထားမိသွားမိတယ် ဆိုပဲ။ ကျွန်မဆီမှာ ထက်မြက်တဲ့ သင်္ချာဦးနှောက်ရှိတယ်လို့ အသိ အမှတ်ပြုမိခဲ့တာကြောင့် ကျွန်မကို သူခေါ်သွားပြီး၊ ပညာသင်ပေးမယ်ဆိုပြီး မိဘတွေဆီမှာ တောင်းသွားခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မသိပါတယ်။ တကယ်တော့ လွတ်လွတ်လပ်လပ်၊ အနှောင်အဖွဲ့ကင်းကင်း နေချင်တဲ့ ကျွန်မရဲ့ မိဘတွေဆီကနေ ကျွန်မကို ခေါ်ထုတ်သွားတာပါပဲ။ သူတို့ကလဲ ကျွန်မကို သူတို့နားမှာ ဆက်ထားဖို့ အဖိုးနဲ့ အတိုက်အခံ မပြုကြပါဘူး"

ပြောလက်စ စကားကို ကျွန်မ ဖြတ်လိုက်ပါတယ်။ ကျွန်မရဲ့ စကားလုံးတွေက ခါးသီးမှုတွေနဲ့ ရောထွေးနေတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့် ကျွန်မ ဂရုမစိုက်ပါဘူးလေ။ တကယ်တမ်းကျတော့ အဖိုးဟာ ကျွန်မဘ၀ရဲ့ အကောင်းဆုံးတွေကို ဆောင်ကျဉ်းပေးနိုင်သူ ဖြစ်လာခဲ့ပါတယ်။ တချို့ကလေးတွေမှာ စက်ဘီးဘယ်လို စီးရမယ်ဆိုတာ သင်ပေးတဲ့ အဖိုးတွေ၊ ဒါမှမဟုတ် အတိတ်ဘ၀ ဇာတ်ကြောင်းပုံပြင်လေးတွေကို ပြန်ပြောပြပေးတဲ့ အဖိုးတွေ ရှိတတ်ကြပါတယ်။

ကျွန်မရဲ့ အဖိုးကတော့ ဒီလို မဟုတ်ပါဘူး။ အဖိုးက အလွန်နက်နဲ ရှုပ်ထွေးတဲ့ သင်္ချာပညာရပ်ဆိုင်ရာ ပုစ္ဆာတွေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို ပြပေးခဲ့ပါတယ်။ ပြီးတော့ သူကိုယ်တိုင်ပါဝင်ခဲ့တဲ့ သိပ္ပံစမ်းသပ်ချက်တွေ အကြောင်းကို ပြောပြခဲ့ပါတယ်။ တချို့စမ်းသပ်ချက်တွေ အကြောင်းကို လူအများကို သူပြောပြလို့ မရပါဘူး။ သူတို့က မယုံကြဘူးလေ။ ဒါနဲ့ သူလဲ ဘယ်သူ့ကိုမှ မပြောပြတော့ပဲ ကျွန်မကိုပဲ ဆက်ပြောပြတယ်။ ကျွန်မရဲ့ ငယ်ရွယ်နုနယ်တဲ့ စိတ်တွေကို ကမ္ဘာသစ်တခုဆီ ရောက်သွားအောင် သူလမ်းပြပေးခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူပြောပြတာတွေကို ကျွန်မ ယုံပါတယ်။ သူက ကျွန်မရဲ့ အဖိုးဖြစ်လို့ မဟုတ်ဘူး။ ကျွန်မက ဘာမှ မသိသေးတဲ့ ကလေးဖြစ်လို့လဲ မဟုတ်ဘူး။ သူပြောတာတွေကို ယုံကြည်တာက ကျွန်မဆီမှာလဲ သူ့လို သင်္ချာ ဦးနှောက် ရှိနေလို့ပါပဲ။ သူပြောတာတွေက ဖြစ်နိုင်ချေတွေ ရှိပါတယ်။ ဒီလိုနဲ့ တစတစနဲ့ ကျွန်မ ကြီးပြင်းလာတော့ သင်္ချာနဲ့ ရူပဗေဒ ပညာရပ်ကမ္ဘာထဲမှာပဲ ကိုယ့်ကိုယ်ကို မြှုပ်နှံထားလိုက်ပါတယ်။

ဒါကြောင့်လဲ Philadelphia Experiment အကြောင်းက ကျွန်မရဲ့ အတွေးထဲကို ရောက်လာခဲ့တာပါ။ အဖိုးပြောပြတဲ့ ပုံပြင်တွေထဲမှာ စစ်သင်္ဘောကြီးတစင်း ပျောက်သွားတဲ့ အကြောင်း ပါပါတယ်။ နစ်မြှုပ်သွားတာ၊ ဒါမှမဟုတ် မုန်တိုင်းကျပြီးချိန်မှာ ပျောက်ဆုံးသွားတာကို ဆိုလိုတာ မဟုတ်ပါဘူး။ စစ်သင်္ဘောကြီးက ပါးလွှာတဲ့ လေထုထဲမှာ ပျောက်ကွယ်သွားတာပါ။ ပြီးတော့ ချက်ချင်းပဲ အခြားတနေရာမှာ ပြန်ပေါ်လာခဲ့တယ်လေ။

ဘယ်အချိန်တုန်းက ဒီပုံပြင်ကို ကျွန်မကို အဖိုးပြောပြခဲ့လဲ ဆိုတာတော့ သေချာ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် ဒီတုန်းက ကျွန်မရဲ့ အသက် (၁၃) နှစ် ၀န်းကျင်လောက်မှာပါ။ အဖိုးကတော့ ဒါဟာ အရေးပါတဲ့ စမ်းသပ်ချက်တခုရဲ့ တစိတ်တဒေသလို့ ဆိုပါတယ်။ ဒီစမ်းသပ်ချက်မှာ သူပါဝင်ခဲ့တဲ့ အခန်းကဏ္ဍကိုလဲ ရှင်းပြခဲ့ပါတယ်။

ကျွန်မအသက် (၁၄) နှစ်လောက် ရောက်တော့ ဒီစမ်းသပ်ချက်နဲ့ ပတ်သက်ပြီး ပြန်တွေးမိရင်း ဖြစ်နိုင်ချေရှိမရှိကို တွက်ချက်လာမိပါတယ်။

ဒီလိုနဲ့ တညနေမှာ ကျောင်းကနေ အိမ်ကို ပြန်ရောက်တော့ အဖိုးကို ကျွန်မရဲ့ သင်္ချာသင်ခန်းစာတွေနဲ့ ပတ်သက်ပြီး ကူညီပေးဖို့ အကူအညီ တောင်းလိုက်ပါတယ်။ ကျောင်းမှာ သင်္ချာဘာသာရပ်ဆိုင်ရာ ပရောဂျက်တခု လုပ်စရာ ရှိပါတယ်။ ဒီပရောဂျက်အတွက် အဆင်မြင့် သင်္ချာသီအိုရီတခုကို လေ့လာမယ်လို့ ကျွန်မ ဆုံးဖြတ်ထားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပြောပြတော့ အဖိုးက ကျွန်မကို ကြည့်ပြီး
" ပြီးရင် ဘာဆက်လုပ်မလို့လဲ၊ အဲလစ်" လို့ မေးပါတယ်။

Philadelphia Experiment နဲ့ အိုင်းစတိုင်းရဲ့ Unified Field Theory ကို ဆက်လေ့လာမယ်"

ကျွန်မ ချက်ချင်းပဲ အဖြေပေးလိုက်ပါတယ်။

" အချက်နှစ်ချက်ကို ကျွန်မ သက်ပြေပြမယ်။ တခုကတော့ Philadelphia Experiment ဟာ တကယ်ရှိခဲ့တယ် ဆိုတာနဲ့ နောက်တခုကတော့ အိုင်းစတိုင်းရဲ့ Unified Field Theory ဆိုတာ သီအိုရီအဆင့်ထက် ကျော်လွန်ခဲ့တယ် ဆိုတာပဲ"

ကျွန်မ ဒီလို ပြောလိုက်တော့ အဖိုးက ဆံပင်တွေ ဖွေးဖွေးဖြူနေတဲ့ ခေါင်းကို ကုတ်လိုက်ပါတယ်။ အရောင်ကင်းမဲ့နေခဲ့တဲ့ သူ့ရဲ့ မျက်လုံးပြာလေးက အရောင်တောက်လာပါတယ်။ ဒါပေမယ့် သူက ကျွန်မထင်ထားခဲ့သလို ကျွန်မကို မရယ်မောပါဘူး။

" လူတွေက အိုင်းစတိုင်းဟာ Unified Field Theory နဲ့ ပတ်သက်တဲ့ လေ့လာချက်တွေ မပြီးဆုံးခဲ့ဘူးလို့ပဲ ယုံကြည်ထားခဲ့ကြတယ်"

သူက ဆက်ပြောပါတယ်။

" ဒါပေမယ့် ပြီးဆုံးခဲ့တယ်လို့ အဖိုးယုံကြည်နေတယ် မဟုတ်လား။ (၁၉၄၃) ခုနှစ်တုန်းက အိုင်းစတိုင်းကို အဖိုး ဆုံတွေ့ခဲ့တာကို ပြန်ပြောပြပါလား"

အဖိုးကို ကျွန်မရဲ့ လေ့လာချက်တွေထဲမှာ ပါဝင်ကူညီလာအောင် ကျွန်မ အားပေးချင်တဲ့အတွက် နောက်ကြောင်းတွေ ပြန်ပြောဖြစ်အောင် တွန်းအားပေးလိုက်မိပါတယ်။

အဖိုးက ခြေထောက်တွေကို ဆန့်လိုက်ပါတယ်။ ခါးကို မတ်မတ်ထားလိုက်ပေမယ့် သူ့ပခုံးတွေကတော့ ထိုင်နေတဲ့ ရှေးဟောင်းကုလားထိုင်မှာ နစ်ဝင်နေပါတယ်။ ကျွန်မတို့နှစ်ယောက် အိမ်နောက်ဖေးကို ထွက်လာပြီး၊ ကြမ်းရှရှ မြက်ခင်းပေါ်ကနေ ပျောက်ကွယ်လုနီးနီး လိမ္မော်ရောင် နေ၀န်းနီကြီးကို ကြည့်နေမိခဲ့ကြပါတယ်။ နောက်တော့ အဖိုးက Philadelphia Experiment အကြောင်းကို ပြန်ပြောပြပါတယ်။ ဒီတခါမှာတော့ ပိုပြီး ပြည့်ပြည့်စုံစုံ ဖြစ်လာပါတယ်။

" ဒီတုန်းက ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့ အချိန်ပေါ့။ အဖိုးက ရေတပ်သုတေသန ကော်မတီမှာ အငယ်တန်း သိပ္ပံပညာရှင်အဖြစ် အမှုထမ်းခဲ့တယ်"

" လျှို့ဝှက် လက်နက်ပစ္စည်းတွေ တီထွင်တာလား"

ကျွန်မက စကားထောက်ပေးလိုက်ပါတယ်။

သူက မျက်မှောင်ကျုံ့လိုက်ပြီး

" ဒီထက် ပိုတာပေါ့။ စစ်ပွဲကို ဘယ်လိုအနိုင်ယူရမလဲဆိုတဲ့ အတွေးအမြင်သစ်တွေကို လက်တွေ့တီထွင် အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ကြတယ်။ ဥပမာအားဖြင့် ဆိုရရင် မင်းက မင်းရဲ့ ရန်သူကို သတ်ချင်တယ် ဆိုပါတော့။ လုပ်ရမှာက သွေးထွက်ပြီး သေဆုံးသွားအောင် မင်းရန်သူရဲ့ ခန္ဓာကိုယ်မှာ အပေါက်ဖြစ်သွားစေရမယ်လေ။ ကျောက်ခေတ်လူသားတွေက ဒါကို ဓားတွေ၊ လှံတွေနဲ့ ပြုလုပ်ခဲ့ကြတယ်။ တို့ခေတ်ရောက်လာတော့ ကျည်ဆံတွေနဲ့ လုပ်ခဲ့ကြတယ်။ ဒါပေမယ့် အခြေခံအတွေးအခေါ်ကတော့ အတူတူပဲ မဟုတ်လား။ ဓားလှံနဲ့ ကျည်ဆံတွေဟာ တူညီတဲ့ သက်ရောက်မှု ရှိစေတဲ့ အလားသဏ္ဍာန်တူ လက်နက်ပစ္စည်းတွေလို့ ဆိုနိုင်တယ်။

နောက်တော့ ပထမကမ္ဘာစစ်မှာ ရန်သူတွေက အဆိပ်ဓာတ်ငွေ့တွေကို စသုံးလာကြတယ်။ ဒါကကျတော့ ရန်သူကို သွေးထွက်ပြီး သေဆုံးစေတာ မဟုတ်ဘူး။ အသက်ရှူကျပ်ပြီး သေဆုံးစေတာ ဖြစ်တယ်။ ဒါဟာ လက်နက်အသစ်ပဲ။ နောက်တော့ ဒုတိယကမ္ဘာစစ်မှာ မြို့ကြီးတွေမှာ ရှိတဲ့ ပြည်သူလူထုတွေအပေါ် ဗုံးတွေကြဲခဲ့ကြတယ်။ ဒါကကျတော့ terror ဆိုတဲ့ လက်နက်သစ်ပဲ။ ဒီလိုပဲ ရေဒါစနစ်ဟာလဲ လက်နက်အသစ်တမျိုးလို့ သတ်မှတ်နိုင်တယ်။ ပြီးတော့ ရေငုပ်သင်္ဘောတွေ ဆိုပါစို့။ စစ်သင်္ဘောတွေကို မြှုပ်ပစ်တဲ့ ရေငုပ်သဘောင်္ဆိုတာက စစ်လက်နက်သမိုင်းမှာ အသစ်အဆန်း မဟုတ်ဘူး။ ဒါပေမယ့် ထောက်ပံ့ရေး သင်္ဘောတွေကို ဖျက်ဆီးမြှုပ်ပစ်တဲ့ ရေငုပ်သင်္ဘောဆိုရင်တော့ ဒါက စစ်လက်နက်သစ်တမျိုး ဖြစ်သွားပြီ။ ဒီအတွေးအခေါ်ကို စဉ်းစားလို့ ရပြီလား"

" နားလည်ပါပြီ။ လေထီးတွေကလဲ လက်နက်အသစ်တွေပဲလို့ ဆိုနိုင်တာပေါ့။ ဘာလို့လဲဆိုတော့ စစ်သားတွေကို ရန်သူ့နောက်ကျောမှာ သွားချပြီး၊ behind the enemy lines ကနေ တိုက်ပွဲဝင်ခိုင်းလို့ ရတယ်လေ"

ကျွန်မရဲ့ စကားကို အဖိုးက ပြုံးပြီး လက်ခံလိုက်ပါတယ်။

" သိပ်ဟုတ်တာပေါ့။ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ထွက်ပေါ်လာခဲ့တဲ့ လက်နက်အသစ်အဆန်း အိုင်ဒီယာတချို့ကိုဆိုရင် မင်းယုံတောင် ယုံမယ် မထင်ဘူး။ သိပ္ပံပညာရှင်တယောက်က ရန်သူရဲ့ သင်္ဘောဆိပ်တွေကို frozen sawdust တွေ ဖြန်းပက်ဖို့ကိုတောင် အကြံပေးဖူးတယ်"

" ဒါတွေက အိုင်စတိုင်းနဲ့ ဘယ်လို ပတ်သက်လို့လဲ"

ကျွန်မက စကားဖြတ်ပြီး မေးလိုက်ပါတယ်။

" အိုင်းစတိုင်းက ဂျာမဏီမှာ မွေးတာဖြစ်ပေမယ့် သူက ဟစ်တလာနဲ့ နာဇီပါတီကို မုန်းတီးခဲ့တယ်။ အစွန်းရောက် အမျိုးသားရေးဝါဒကို သူမကြိုက်ဘူးလေ။ သူက အစွန်းရောက် အမျိုးသားရေးဝါဒဆိုတာ မွေးကင်းစ ကလေး ဖျားနာမှု၊ တနည်းဆိုရင် measles of the human race လို့ ဆိုခဲ့တယ်။ သူဟာ ကြီးကျယ်မြင့်မြတ်သူ တယောက်ပဲ"

အဖိုးစကားပြောနေစဉ်မှာ သူ့မျက်လုံးတွေကတော့ အိုင်းစတိုင်းကို ပြန်ပြီး သတိရလွမ်းဆွတ်နေသလိုပါပဲ။

" ဒါဆို သူက အမေရိကားကို လာခဲ့သလား"
" ဟုတ်တယ်။ သူအမေရိကားကို ကူညီဖို့ လာခဲ့တယ်။ သူဟာ သင်္ချာပညာရှင်တယောက်သာ ဖြစ်တယ်။ လက်နက်ပစ္စည်း တီထွင်သူ မဟုတ်ဘူး။ သူ့ဆီမှာ သီအိုရီတွေ အများကြီး ရှိတယ်။ ဒါတွေကို အဖိုးတို့က လက်တွေ့အသုံးချနိုင်အောင် ကြိုးပမ်းကြရတယ်"

" အဲဒီမှာ အဖိုး နဲ့ သူနဲ့ ဆုံခဲ့တာပေါ့"
" ဟုတ်တယ်။ ဒါပေမယ့် ဒီအချိန်တုန်းက အဖိုးက အငယ်တန်း ပညာရှင်တယောက်ပဲ ရှိသေးတာ ဆိုတော့ ထိပ်တန်း လျှို့ဝှက် စီမံချက်တွေ အားလုံးကိုတော့ မသိဘူး။ အဖိုးရဲ့ ဘ၀က မင်းရဲ့ အိတ်ဆောင်ဂဏာန်းပေါင်းစက်လေးလို ဘ၀ပေါ့။ ဂဏာန်းပေါင်းစက်လေးလိုပဲ အဖိုးကလဲ အဖြေမှန်တွေကို တွက်ပေးနိုင်တယ်လေ။ ဒါပေမယ့် ဘာကြောင့် ဒီအဖြေတွေ လိုအပ်လဲ ဆိုတာကိုတော့ မသိဘူးပေါ့။ ဒါပေမယ့် အိုင်းစတိုင်းရဲ့ Unified Field Theory ကို အဖိုးသိသလို၊ သူလာတွေ့ခဲ့တဲ့ သိပ္ပံပညာရှင်တွေကိုလဲ အဖိုးသိနေတဲ့အတွက် ဆက်စပ်ကြည့်လိုက်တော့ ရုပ်လုံးက ပေါ်လာတယ်။ သူတို့တွေက defensive weapon တခုကို တီထွင်ဖို့ ကြိုးပမ်းခဲ့ကြတယ်လေ။ Star Trek ထဲက စတားသင်္ဘောကို မှတ်မိလား"

အဖိုးက မေးတော့ ကျွန်မ ခေါင်းညိတ်ပြလိုက်ပါတယ်။

" ဒီသဘောင်္က invisible shield နဲ့ သူ့ဘာသာသူ ကာကွယ်ထားတယ်လေ။ force field တခုခုပေါ့"
" ဒါပဲပေါ့။ တွေးကြည့်စမ်းပါ။ သံချပ်ကာကားတွေ၊ စစ်သင်္ဘောတွေ၊ စစ်လေယာဉ်တွေကို invisible shield နဲ့ ကာကွယ်ပြီး စစ်မြေပြင်ကို ပို့နိုင်တယ်ဆိုပါစို့။ ကိုယ့်ဘက်မှာ ဘယ်လို အထိအခိုက်မှ မရှိပဲ ရန်သူရဲ့ အသည်းနှလုံးထဲအထိ ၀င်ပြီး ချေမှုန်းနိုင်မယ် မဟုတ်လား။ ဒီလိုသာဆိုရင် စစ်ပွဲဟာ တပတ်အတွင်း ပြီးသွားနိုင်တယ်လေ"

" ဒါပေမယ့် ဘယ်သူကမှ ဒီလို invisible shield ကို မတီထွင်ခဲ့ဖူးပါဘူး။ ဒါတွေက သိပ္ပံ စိတ်ကူးယဉ် ဇာတ်လမ်းတွေထဲမှာပဲ ရှိပါတယ်"

ကျွန်မက ဒီလို ပြန်ငြင်းတော့ အဖိုးက ကျွန်မကို စေ့စေ့စပ်စပ် ကြည့်ပြီး၊ စကားတိုးတိုးလေး ပြောလိုက်ပါတယ်။

" သိပ်ပြီး မသေချာပါနဲ့ အဲလစ်ရယ်"

သူက ညင်သာစွာ ပြုံးလိုက်ပါတယ်။ ပြီးတော့

" မသေချာစမ်းပါနဲ့"

(ဆက်လက်ဖော်ပြပါမည်)


ရေးသားသူ- Terry Deary

စာအုပ်အမည်- The Philadelphia Experiment

စာအုပ်အမျိုးအစား- လူငယ်စာပေ

ဘာသာပြန်သူ- ခင်မမမျိုး (၀၅၊ ၀၂၊ ၂၀၁၂)

ဆက်စပ်သော သမိုင်းနောက်ခံ

ဒေါ်အောင်ဆန်းစုကြည် ကရင်ရွာမှာ သန်းခေါင်စာရင်းဝင်လိုက်

မင်းသက် | စနေနေ့၊ ဖေဖေါ်ဝါရီလ ၀၄ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၅၀ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး
ကော့မှူးမြို့နယ်မှ ၀င်ရောက်အရွေးခံမည် ဖြစ်သည့်အတွက် ကော့မှူးမြို့နယ်မှ ကရင်ရွာတရွာဖြစ်သည့် ၀ါးသင်္ခ ရွာတွင် သန်းခေါင်စားရင်းဝင်လိုက်ပြီဖြစ်ကြောင်း ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင် ဦးဌေးက မဇ္ဈိမကို ပြောသည်။

သန်လျင်မြို့နယ်ရှိ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်း အမည်စာရင်း လက်မှတ်ရေးထိုး တင်သွင်းနေသည်ကို ဇန်နဝါရီလ ၁၈ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)
သန်လျင်မြို့နယ်ရှိ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်း အမည်စာရင်း လက်မှတ်ရေးထိုး တင်သွင်းနေသည်ကို ဇန်နဝါရီလ ၁၈ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)

“ဒေါ်အောင်ဆန်းစုကြည်က သူရွေးကောက်ပွဲဝင်ဖို့အတွက်ကို ကော့မှူးမြို့နယ်ထဲက ၀ါးသင်္ခ ဆိုတဲ့ ရွာကို ရွေးတယ်။ ကျနော်တို့ အခု အဲဒီရွာကို သွားပြီး ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါ နေထိုင်ဖို့
ပြင်ဆင်နေကြတယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်း ၀င်တဲ့ မိသားစုဆီက သန်းခေါင်စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဝင်အဖြစ် သွင်းပြီးတော့ သက်ဆိုင်ရာကို ပို့ထားတယ်။ သက်ဆိုင်ရာကတော့ ပြန်မကျလာသေးဘူး။ ဒါပေမယ့် ဒါက ကျကိုကျလာမှာပါ” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်းဝင်လိုက်သော ဒေါ်သန်းသန်းလေး မိသားစုမှာ မိသားစု ဦးရေ ၁၀ ဦး ရှိကြောင်း သိရသည်။

“ဒေါ်သန်းသန်းလေးတို့က လယ်ထဲမှာနေတာ။ သူတို့က အိမ်မှာနေတဲ့သူ နည်းတယ်။ ရန်ဖန်ရန်ခါပဲ
နေတတ်တယ်။ ဒါပေမယ့် အခုတော့ အဲဒီအိမ်ကို ပြန်ပြင်နေတာ တွေ့တယ်။ ကျနော်တို့ရွာက လူတွေ အရမ်းပျော်နေကြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ရွာကို လာမယ်။ ပြီးတော့ ညလည်း အိပ်မယ်တဲ့။ အခု ကလေးလူကြီး အားလုံးက မျှော်နေကြတယ်” ဟု ၀ါးသင်္ခ ရွာသား လယ်လုပ်သူ ကိုဖိုးခွါး က ပြောသည်။

ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား Tomas Quitana နှင့် ဆွေးနွေးမှုအပြီး မီဒီယာများနှင့်တွေ့ဆုံရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က “အဲဒီမှာ ပြိုင်မယ်ဆိုတော့ ကော့မှူးကနေပြီးတော့ မဲထည့်ရမယ်လေ။ အန်တီက အဓိကကတော့ အဲဒီရွာကို ရွေးတာကတော့ ကရင်တိုင်းရင်းသားတွေရွာမို့လို့ပါ။ အဲတော့လည်း ကရင်တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ်နေနိုင်အောင်လို့ အဲဒီရွာမှာ မဲထည့်ဖို့ ရွေးလိုက်တာပဲ”ဟု ပြောဆိုခဲ့သည်။

ကော့မှူးမြို့နယ်တွင် လူဦးရေ စုစုပေါင်း ၁၃၅,၀၀၀ ခန့် ရှိသည့်အနက် ၂၀၁၀ စာရင်းများအရ မဲထည့်နိုင်သူ စုစုပေါင်းအရေအတွက်မှာ ၈၃,၀၀၀ ခန့် ရှိကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့ ကိုးသိန်း အားကစားကွင်းကြီးမှာဟောပြောမည်

Browse › Home › ဓါတ်ပုံ » ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့ ကိုးသိန်း အားကစားကွင်းကြီးမှာဟောပြောမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် ၏ စည်းရုံးရေးခရီးစဉ်တွင် ပုသိမ်မြို့ ၌ အောက်ပါအစီအစဉ်အတိုင်း ဟောပြောမည်ဖြစ်ပါကြောင်း ခင်မင်လေးစားစွာ အသိပေးအပ်ပါသည်။
နေ့ ရက်။  ။ ၁၃၇၃ ခု၊ တပို့ တွဲလပြည့်နေ့ 
                ၇-၂-၂၀၁၂ (အင်္ဂါနေ့ )
အချိန်  ။  ။ နံနက် (၉း၀၀) နာရီ
နေရာ  ။  ။ ကိုးသိန်း အားကစားကွင်းကြီး ၊ ပုသိမ်မြို့ 

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
ဧရာဝတီတိုင်းဒေသကြီးရုံး၊ ပုသိမ်မြို့ 

ကြံ့ဖွံ့ အစိုးရ ဝင်္ကန္တ

တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီလ ၅၊ ၂၀၁၂




Photo. Burma vj media network
ဒီနေ့ မဂ္ဂင်ကျောင်းက ဆရာတော်တွေ အထုပ်ကလေး ကိုယ်စီဆွဲပြီး ကျောင်းပေါ်ကဆင်းသွားကြတာကို မြင်လိုက်ရတဲ့မြင်ကွင်းဟာ စိတ်အထိခိုက်ရဆုံးပဲ။ သိပ်ရင်နာဖို့ကောင်းတယ်သာသနာကိုစော်ကားလိုက်ပြန်ပြီ။ သံဃာတွေကို စော်ကားလိုက်ပြန်ပြီ။ သံဃာတွေကို ကျောင်းက မောင်းထုတ်လိုက်ကြပြီ။ သူတို့မှာ ဘာအပြစ် ရှိလို့လဲ။
မတရားမှုကို လက်ပိုက်ကြည့်နေရင် အဲဒီလက်ပိုက်ကြည့်နေသူဟာ မတရားမှုကို အားပေးတာနဲ့ ဘာမှ မထူးဘူး။ မတရားတာကိုမတားမြစ်တဲ့ အပြင်၊ မတရားတာကို မတရားဘူးလို့မှ မပြောရဲရင် အဲဒီလို လူ့အဖွဲ့အစည်းရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုဟာအန္တရာယ် ကျရောက်နေပြီလို့ ဆိုရပါတော့မယ်။

ကြံ့ဖွံ့ စစ်အစိုးရရဲ့ လုပ်ရပ်ဟာ လူတွေ၊ သံဃာတွေကို နားလှည့် ပါးရိုက်တဲ့ လုပ်ရပ်ပဲ။ ကြံ့ဖွံ့ စစ်အစိုးရဟာ ရက်စက်ယုံသာမကလှည့်ဖျား ကောက်ကျစ်တတ်သေးတယ်ဆိုတာကို အခု မဂ္ဂင်ကျောင်း ဖြစ်ရပ်က သက်သေခံပါတယ်။
ကဲ…အခု မဂ္ဂင်ကျောင်းဖြစ်ရပ်မှာ ကြံ့ဖွံ့ အစိုးရရဲ့ အရင်နဲ့ မတူ တမူထူးတဲ့ လုပ်ရပ်တွေကို ကြည့်ကြရ အောင်ပါ။အမှုက ဘာမှုလဲဆိုတော့ ရိုးရိုး အရပ်သား စကားနဲ့ ပြောရရင် မဂ္ဂင်ကျောင်းချိတ်ပိတ် ထား တာကို ဖွင့်တဲ့ အမှုပါ။ ပုဒ်မ ၁၄၅ တဲ့။
ဖြတ်သန်းသွားလာ နေထိုင်ခွင့်မရှိတဲ့ အရပ်ကို ကျူးကျော်မှုတဲ့။ ဒီအမှု ဒီပုဒ်မအကြောင်းကို ပြီးမှ ဆက်ဆွေးနွေးတာပေါ့လေ။
ထူးတာက သူတို့တရားစွဲတာကို နိုင်ငံတော် သံဃမဟာ နာယက (မဟန) အဖွဲ့က သိသွားပြီး မဖြစ်သင့်တာ မဖြစ်ရအောင်ကြားဝင် ဆောင်ရွက် ပေးပါသတဲ့။ ဒီသံဃာတော်တွေကို အခုပဲ လွှတ်ပြီး အခုပြန်ဖမ်းရင်လည်း လူကြားမကောင်းဘူး၊ ဒါ့ကြောင့်မဟနက ကြားဝင် ရသတဲ့။
မဟနက သံဃာတော်တွေကို လာတွေ့ကြဖို့ ပင့်ဖိတ်လိုက်တယ်။ ဆရာတော် ဦးဂမ္ဘီရက သွားမတွေ့ဘဲရှောင်သွားတယ်။
ဆရာတော် တချို့ သွားတွေ့ပါတယ်။ သူတို့ မဟနနဲ့ ကြံ့ဖွံ့အာဏာပိုင်တွေဘက်ကတော့ ဆရာတော် ဦးဂမ္ဘီရ ကြွလာမှာပဲလို့မျှော်လင့်ထားခဲ့တယ်။ ဒါ့ကြောင့်လည်း အသျှင်ဂမ္ဘီရနာမည်ကို ထိပ်ကတပ်ပြီး ဆုံးဖြတ်ချက်စာ ကို အသင့်ရိုက်ထားခဲ့တယ်။လက်မှတ်ထိုးမယ့် ပုဂ္ဂိုလ်နေရာမှာ လည်း ကျောင်းထိုင်ဆရာတော်ကို ထိပ်က မထား ဘဲ၊ အသျှင်ဂမ္ဘီရနာမည်ကိုရှေ့ကထားပြီးရေးထား၊ ပြင်ထားခဲ့တယ်။အဲဒီဆုံးဖြတ်ချက်က ဘယ်လို ဆုံးဖြတ်ချက်လဲဆိုတော့ အကျဉ်းချုပ်ပြောရရင်သံဃာတော်တွေက ကျောင်းကနေယာယီထွက်ပေးရမယ်။
ကျောင်းကို ချိတ်ပြန်ပိတ်မယ်။ချိတ်ကို ပြန်ဖွင့်ပေးမယ်။


သံဃာတွေ သူတို့ဖာသာ သင်္ကန်းပြန်ဝတ်တာ တရားမဝင်ဘူး။ တိုင်းသံဃနာယက က ပြန်ဝတ်ပေးမယ်။
အကျဉ်းချုပ်ပြောရရင် ဒါပါပဲ။ ကျောင်းမှာ သံဃာတွေ နေနေကြပြီ။ ပြီးရင်လည်း ပြန်ဖွင့်ပေးမှာပဲ။ ဘာလို့
ပိတ်လိုက်ဖွင့်လိုက်လုပ်နေတာပါလဲ။ သံဃာတော်တွေ သင်္ကန်း ရုံပြီး ဝတ်ပြီးနေပြီ။ ဘာလို့ ပြန်ဝတ်ဦးလုပ်နေ ပြန်တာလဲ။
ဘာသဘောလဲ။ ဒီလုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေး ကစားကွက်တွေ အများကြီးပါနေပါတယ်။ အမျိုး၊ ဘာသာ၊သာသနာကိုစော်ကားတဲ့ရည်ရွယ်ချက်၊အများပြည်သူကိုစော်ကားတဲ့ရည်ရွယ်ချက်တွေအများကြီးပါနေပါတယ်။
ကြံ့ဖွံ့ စစ်အစိုးရက သူတို့တရားစွဲမှာကို မဟနကို ကြိုအသိပေးခဲ့ပါတယ်။ အရင်ကဘယ်တုန်းက ဒါမျိုး အသိပေးခဲ့ဖူးလို့လဲ။ဦးဂမ္ဘီရတို့ကို ဖမ်းတုန်းကရော အသိပေးခဲ့သလား။ ကျောင်းတိုက်ကို ချိတ်ပိတ်တုန်းက ရော အသိပေးခဲ့သလား။ ဘုန်းကြီးတွေကိုစစ်ကြောရေး လုပ်တုန်းကရော အသိပေးခဲ့သလား။ ငွေကြာယံကို ဝင်စီးပြီး ဘုန်းကြီးတွေကို ထိပ်ပေါက်ခေါင်းကွဲဖြစ်အောင်ရိုက်တုန်းနှက်တုန်းကရော မဟနဆီက ခွင့်ပြုချက်တောင်းခဲ့သလား။ ဘုန်းကြီးတွေကို သင်္ကန်းဆွဲချွန်တုန်းကရောမဟနကိုခေါ်ချွတ်ခိုင်းခဲ့သလား။ ဒါတွေ တခုမှ မလုပ်ခဲ့ဘူး မဟုတ်လား။ ကောင်းပြီ။ ဒါဆိုရင် အခုမှ ရုတ်တရက် ဘာ့ကြောင့်
လူလိုသူလို သိတတ်လာသလဲ။ ဘာ့ကြောင့် အခုမှ လိမ္မာလာသလဲ။ သူတို့ကိုယ်သူတို့ ကြော်ငြာထိုးနေသလို
ပြောင်းလဲလာတာလား။
မဟုတ်ပါဘူး။ ကြံ့ဖွံ့ အစိုးရဟာ (ပြောင်) ဗြောင်ရက်စက်တဲ့ အဆင့်ကနေ၊ ကောက်ကျစ်ယုတ်မာမှု ထပ်ဖြည့်
ကျင့်သုံးလိုက်တာသာဖြစ်ပါတယ်။ ကြံ့ဖွံ့ အစိုးရရဲ့ ကောက်ကျစ်လှည့်ဖျားတဲ့ ဝင်္ကန္တလုပ်ရပ်သာ ဖြစ်ပါတယ်။
ခွေးအမြီးလိုကောက်၊ မြစ်လို ကောက်တဲ့ ကြံ့ဖွံ့အစိုးရရဲ့ ဝင်္ကန္တလုပ်ရပ်ပါပဲ။

ဆရာတော်အသျှင်ဂမ္ဘီရနဲ့ ရွှေဝါရောင်သံဃာတော်တွေကို ကြံ့ဖွံ့အစိုးရဟာ မလွဲမရှောင်သာတဲ့ အဆုံးမှာ ထောင်ကလွှတ်ပေးခဲ့ရပါတယ်။ ဘာ့ကြောင့် လွှတ်ပေးခဲ့သလဲ။ အရင်ဆောင်းပါးတွေမှာ ရေးခဲ့သလိုပါပဲ၊ စီးပွားရေး ပိတ်ဆို့မှုရုတ်သိမ်းစေချင်လို့၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာကြစေချင်လို့၊ အိုင်အမ်အက်ဖ် နဲ့ ကမ္ဘာ့ဘဏ်ကနေ ချေးငွေတွေရချင်လို့ ၊အဲဒီအခွင့်အရေးတွေကို ကြံ့ဖွံ့ အလိုတော်ရိ သူဌေးတွေနဲ့စစ်ဗိုလ်ချုပ် သားသမီးတွေကသာ မြက်မြက်ကလေးစားချင်ကြလို့ဖြစ်ပါတယ်။
ဆရာတော် အသျှင်ဂမ္ဘီရကို ဆိုရင် ထောင်ထဲမှာတောင် အငြိုးထား နှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။

အသေလုပ်ခဲ့သလားလို့တောင်တွေးလောက်တဲ့ နှိပ်စက်ညှင်းပန်းမှုမျိုး လုပ်ခဲ့တဲ့ အကြောင်းကို ဆရာတော်ရဲ့ အစ်မတော်က ဖွင့်ပြောခဲ့ဖူးပါတယ်။ အဲသလိုအငြိုးထားပါတယ်။ ဒါပေမဲ့ သူတို့လိုချင်တာတွေကလည်းရှိနေ၊ လူထုကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နည်းမျိုးစုံနဲ့ ဖိအားပေးလာတော့ မလွှဲမရှောင်သာ လွှတ်ပေးခဲ့ရပါတယ်။
အသျှင်ဂမ္ဘီရတို့ကို လွှတ်ပေးပေမဲ့ သူတို့ကျောင်းကိုတော့ ချိတ်ပိတ်ထားတာကို ဖွင့်မပေးဘူ်း။ ဒါဟာ
အရင်သံဃာတွေတုန်းကလုပ်သလို သူတို့ လုပ်နေကျ အတိုင်းလုပ်တာပဲ။ ပြည်သူ့အရေး ဆောင်ရွက်တဲ့ သံဃာတော်တွေကိုနေစရာမရှိအောင် လုပ်တာပါ။ ဒါပေမဲ့ ရွှေဝါရောင် ဆရာတော်တွေဟာ ခေါင်းဆောင် ဆရာတော်တွေပါ။
သာမန်ဆရာတော်တွေမဟုတ်ဘူး။ သူတို့က ခေါင်းဆောင်ပီသတဲ့ လုပ်ရပ်ကို လုပ်လိုက်ကြတယ်။ ကိုယ့်ကျောင်းကို သူများကမတရားပိတ်ထားတာကို ကိုယ့်ဖာသာ ဖွင့်ပြီးပြန်ဝင်လိုက်တယ်။ တကယ်တော့ ဒါဟာ ရိုးရိုးရှင်းရှင်းလုပ်ရပ်ကလေးပါ။ ကိုယ့်မှာနေစရာမရှိလို့၊ အစိုးရကလည်း ဘာမှ စီစဉ်မပေးဘဲ မသိချင်ယောင်ဆောင်နေလို့ ကိုယ့်နေရာကိုယ် တံခါးဖွင့်ပြီးဝင်နေလိုက်တာပါပဲ။ ခြောက်တိုင်းမကြောက် တတ်တာ ကို သာ အပြစ်ဆိုချင်ရင် ဆိုဖို့ရှိပါတယ်။

ဒါပေမဲ့ ဦးသိန်းစိန်အဖို့ရာမှာတော့ ရွှေဥကြမ်းညပ်သည့်ပမာ ဆတ်ဆတ်ခါ နာတယ်။ ဒါဟာ နိုင်ငံရေးအရ စိန်ခေါ်တဲ့လုပ်ရပ်လို့မြင်တယ်။ အသျှင်ဂမ္ဘီရရဲ့ လုပ်ရပ်ကို ခွင့်ပြုထားလိုက်ရင် ကြံ့ဖွံ့ သိက္ခာကျတယ်လို့ ထင်တယ်။ လူတွေကြောက်အောင်သူတို့ တသက်လုံး ရက်စက်မှု အမျိုးမျိုးသုံးပြီး ခြိမ်းခြောက်ခဲ့သမျှဟာ အသျှင်ဂမ္ဘီရ လုပ်ပြလိုက်တာနဲ့ ငပေါကြီးလုံးလုံးဖြစ်ရတော့မှာပဲလို့ တွေးပုံရတယ်။ အသျှင်ဂမ္ဘီရကို ပြန်ဖမ်းချင်လိုက်တာ လက်ကိုယား နေမှာ အမှန်ပဲ။ သူတို့လက်ကသံဃာတော်တွေရဲ့ သွေးစွန်းဖူးတဲ့လက်ပဲ၊ ဖမ်းဆီးထောင်ချဖို့ဆိုတာလောက်ကတော့ သိပ်ကို လက်ယဉ် နေတယ်ဆိုတာသံသယဖြစ်စရာ မရှိဘူး။ ဒါပေမဲ့ဒီလိုလုပ်ရင်သူတို့အစီအစဉ်တွေပျက်ပြားလိမ့်မယ်။အခုပြန်လွှတ်ပေးပြီးအခုပြန်ဖမ်းရင်လူကြားမကောင်း ဘူး မသင့်တော်ဘူးဆိုတဲ့ အချက်၊ နိုင်ငံတကာကရော ပြည်သူတွေကပါ သူတို့ကို ယုံကြည်ကြတော့မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကိုလည်း သူတို့သိတယ်။ ဒီတော့ဦးဂမ္ဘီရနဲ့ ရွှေဝါရောင် ဆရာတော်တွေ ကို နိုင်ငံရေး ဦးချိုးဖို့ရာအကွက်ချစီမံပါတော့တယ်။ မဟနနဲ့ လက်ဝါးချင်းရိုက် စီစဉ်ပါတော့တယ်။ မဟနကို ရုပ်သေးရုပ်ပမာ ကြိုးဆွဲအသုံးချပါတော့တယ်။ သံဃာ အချင်းချင်း ရန်တိုက် ဂိုဏ်းခွဲပါတော့တယ်။

အထက်မှာ ပြောခဲ့သလိုပဲ ကြံ့ဖွံ့၊ နအဖ စစ်အစိုးရသက်တမ်းတလျှောက်မှာ ဘုန်းကြီးသံဃာတော်တွေကို စော်ကားဖိနှိပ်မှုအရေးယူမှုတွေ အမျိုးမျိုးလုပ်ခဲ့ပေမဲ့ မဟနကို ဘယ်တုန်းကမှ အရေးလုပ် အသိပေးခဲ့တာ မဟုတ်ပါဘူး။ မဟနကလည်းဒို့ဘုန်းကြီးတွေကို သတ်နေတယ်၊ ဒို့ဘုန်းကြီးတွေကို ဖမ်းနေတယ်၊ ရိုက်နေတယ်ဆိုပြီး တခါမှ ကြားဝင်ပေးတာ၊ တာဝန်သိသိဆောင်ရွက်ပေးခဲ့တာ ဘာမှ မရှိခဲ့ဖူးဘူး။ ဒါပေမဲ့ အခုတော့ အစိုးရက တရားစွဲမှာကို မဟနက မဖြစ်သင့်တာ မဖြစ်ရအောင်ကြားဝင်ပေး ပါသတဲ့။ ကြံ့ဖွံ့ အစိုးရရဲ့ တချက်ခုတ်နဲ့ သုံးလေးချက်ပြတ်အောင် ကြံစည်တဲ့လုပ်ရပ်ပါ။ ကြံ့ဖွံ့အစိုးရကိုလည်း
လူတွေ အရိုအသေ မတန်ရ အောင်၊ မဟနလည်း နာမည်ကောင်းရအောင်၊ အသျှင်ဂမ္ဘီရလည်း ဦးကျိုးအောင် ဆိုတဲ့သားရွှေအိုးထမ်း စီမံကိန်းကြီး စီမံ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အသျှင်ဂမ္ဘီရတို့ကို ဒီကျောင်းမှာ နေခွင့်မပေးလို့ မဖြစ်တော့ပေးရတော့မယ်။ ဒါပေမဲ့ မင်းတို့ဖာသာ ဝင်နေလို့ မရဘူး၊ ဒို့ဖွင့်ပေးမှ ဝင်လို့ရမယ်လို့ အာဏာပြချင်ပါတယ်။ ဒါ့ကြောင့်ကျောင်းကနေ ခဏထွက်ပေးရမယ်။ ချိတ်ပြန်ပိတ်မယ်။ ပြီးမှ ပြန်ဖွင့်ပေးမယ်၊ ဒါမှ တရားဝင်မယ်လို့ ပလောင်းပလဲ လုပ်ပါတယ်။ဒါက နိုင်ငံရေး ဦးချိုးတာ အာဏာပြတာ၊ ဒါ့အပြင် အသျှင်ဂမ္ဘီရတို့ရဲ့ လုပ်ရပ်ကို တရားမဝင်ဘူး၊ ဆရာတော်ကြီးတွေကတောင်မကြိုက်ဘူးဆိုတာမျိုးဖြစ်အောင် ဆရာတော်ကြီးတွေကို ဖိအားပေး အသုံးချ လိုက်တာဖြစ်ပါတယ်။ သံဃာအချင်းချင်းတိုက်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒီလောက်နဲ့တင် မကျေနပ်သေးဘူး။ မဟနကိုလည်း လူရိုသေအောင် အာဏာပြခိုင်းဦးမယ်လို့ ကြံစည်တယ်။ မဟနကိုအရောင်တင်ပေးဖို့ ကြိုးစားတယ်။ အဲဒါကတော့ အသျှင်ဂမ္ဘီရတို့ ကိုယ့်ဖာသာ သင်္ကန်းပြန်စည်းတာ၊ သိက္ခာထပ်တာဟာတရားမဝင်ဘူး။ တိုင်းသံဃနာယက က သင်္ကန်းစည်းပေးမှ တရားဝင်တာလို့ ဆိုလိုက်ပြန်တယ်။
ဒီနေရာမှာ ရှေ့နောက်မညီတာတွေရှိလာပါတယ်။ မဟန ဆရာတော်ကြီးတွေကိုလည်း မေးခွန်းထုတ်စရာ ရှိလာပါတယ်။

သင်္ကန်းချွတ်တုန်းကရော၊ အသျှင်ဘုရားတို့ သင်္ကန်းချွတ်ခဲ့တာပါလား။ ဒါမှမဟုတ် အသျှင်ဘုရားတို့ဆီက
ခွင့်ပြုချက်တောင်းခံခဲ့ပါသလား။ အသျှင်ဘုရားတို့ ခွင့်ပြုခဲ့ပါသလား။ ဒါ့အပြင် အရင် သံဃာတော်တွေ
ထောင်ကပြန်လွတ်လာတုန်းကရော အသျှင်ဘုရားတို့ တာဝန်သိသိနဲ့ ခေါ်ပြီး သင်္ကန်းပြန်စည်းပေးခဲ့ ပါသလား။ ခုကျမှဘာကြောင့် စိတ်ကူးပေါ်လာပါသလဲဘုရား။ ဒီစည်းကမ်းက အသျှင်ဂမ္ဘီရတို့ လွတ်မယ်ကြား မှ ထုတ်လိုက်တာပါလား။ထောင်ထဲမှာ သံဃာတော်တွေကို သင်္ကန်းဝတ်ခွင့် မပေးတာကို အသျှင်ဘုရားတို့ ကန့်ကွက်ခဲ့ဖူးပါသလား။ သံဃာတော်တွေကိုထောင်ထဲမှာ မင်းနဲ့ငါနဲ့ ပြောပြီး ငါကိုင်တုတ်တာကို အသျှင်ဘုရားတို့ ဘာ့ကြောင့် မသိချင်ယောင်ဆောင်နေခဲ့ပါသလဲ။
သံဃာတော်တွေကို ထောင်ဝန်ထမ်းတွေက ပုံစံထိုင်ခိုင်းပြီး နားရင်းရိုက်တာကို အသျှင်ဘုရားတို့
ဘာ့ကြောင့်လက်ပိုက်ကြည့်ခဲ့ပါသလဲ။ ဒီသံဃာတွေကို သံဃာအတုတွေလို့ စစ်အစိုးရက ပြောနေတာတွေ၊ အခုမှ ကတုံးတုံးပြီးဘုန်းကြီးယောင်ဆောာင်ထားတဲ့ လူတွေလို့ ပြောတာတွေကို အသျှင်ဘုရားတို့ ဘာ့ကြောင့် နှုတ်ပိတ်နေခဲ့ပါသလဲ။ အခုဒီဘုန်းကြီးတွေဟာ သံဃာ အစစ်တွေဆိုတာ အသျှင်ဘုရားတို့ရော၊ အစိုးရကပါ ဝန်ခံလိုက်ပြီ မဟုတ်ပါလား။ အတုတွေ ဆိုရင်အသျှင်ဘုရားတို့ဘာလို့သင်္ကန်းပြန်စည်းပေးမှာပါလဲ။

ကြံ့ဖွံ့ စစ်အစိုးရအနေနဲ့ရော ဒီသံဃာတော်တွေဟာ သံဃာအစစ်မှန်း အစကတည်းကသိရင် ဘာ့ကြောင့် ပြည်သူကိုလိမ်ညာခဲ့သလဲ။ ဘာ့ကြောင့် ထောင်ဝန်ထမ်းတွေကို သူတို့က သံဃာမဟုတ်ဘူး ဆိုပြီး သင်္ကန်းချွတ်ခိုင်းခဲ့သလဲ။ ဘာ့ကြောင့်ကိုယ့်ဝန်ထမ်းတွေ ငရဲကျ အောင်လုပ်ခဲ့သလဲ။ ဘာ့ကြောင့် ဒီသံဃာ တွေ ကို စစ်ကြောရေးမှာ မော်တော်ဆိုင်ကယ်စီးခိုင်း၊ဒိုက်ထိုးခိုင်းခဲ့သလဲ။ ဘာ့ကြောင့် ငွေကြာ ယံ ကျောင်းတိုက် ထဲဝင်ပြီး ဘုန်းကြီးတွေကို ရိုက်နှက် ဘုရားဆင်းတုတွေရိုက်ချိုးတာမျိုး လုပ်ခဲ့ပါသလဲ။ ဘာ့ကြောင့် ဘုန်းကြီးအစစ်၊ သံဃာအစစ်တွေကို သတ်ခဲ့ပါသလဲ။
အသျှင်ဂမ္ဘီရကို စာပေးပို့ရာမှာလည်း မဂ္ဂင်ကျောင်းကို မပို့ဘဲ မိတ္ထိလာက မိဘအိမ်ကို ပို့ခဲ့ပါတယ်။ ဘာ့ကြောင့်လဲ။ အသျှင်ဂမ္ဘီရမဂ္ဂင် ကျောင်းမှာရှိတာကို သူတို့သိလို့ပဲ တရားစွဲမလို့ လုပ်နေဆိုမဟုတ်လား။ မာနတွေပါ။ တလွဲဆံပင်ကောင်းတဲ့စစ်ဗိုလ်မာနတွေပါ။ အသျှင်ဂမ္ဘီရတို့ မဂ္ဂင်ကျောင်းမှာ နေတာကို အသိအမှတ်မပြုတဲ့သဘောထားကို ဖော်ပြတာပါ။ ဒါပေမဲ့ဒီလုပ်ရပ်ကြောင့် သူတို့ရဲ့ တာဝန်မဲ့မှုဟာ ပိုပြီး ပေါ်လွင်လာပြန်တယ်။ မိဘအိမ်ဆိုတာ သံဃာတော်တွေတည်းခိုလို့ရပေမဲ့ကျောင်းထိုင် သီတင်းသုံးရာ အရပ်မဟုတ်ပါဘူး။ အသျှင်ဂမ္ဘီရမှာ မဂ္ဂင်ကျောင်းမှာ မနေရင် တခြားသင့်တင့်တဲ့နေစရာမရှိဘူး ဆိုတာ သူတို့ သိကြောင်းဖော်ပြရာရောက်ပါတယ်။ အသျှင်ဂမ္ဘီရကို နေစရာလည်း စီမံမပေး၊မဂ္ဂင်ကျောင်း ကိုလည်း ပိတ်ထားတဲ့ သူတို့ရဲ့ ညစ်ပတ်မှုဟာ ပေါ်လွင်နေပါတယ်။ အသျှင်ဂမ္ဘီရကတော့ တရားဝင်မူရင်းစာကို ယူဖို့
မိတ္ထိလာကို ကြွသွားတယ်လို့ဆိုပါတယ်။
နောက်တချက်က သံဃာတော်တွေဟာ ပိတ်ပင်ထားတဲ့ နေရာကို တရားမဝင် ဝင်ရောက်နေထိုင်တဲ့ အတွက်ဆိုပြီးရာဇဝတ်ပြစ်မှုနဲ့ တရားစွဲထားပါတယ်။ ပုဒ်မ ၁၄၅ တဲ့။ နိုင်ငံတော်အစိုးရက ပိတ်ထားတဲ့ နေရာတဲ့။ ဒီကျောင်းကိုချိတ်ပိတ်ထားတာကရော တရားဝင် ပိတ်ထားတာဟုတ်ရဲ့လား။ ဥပဒေနဲ့ အညီ ပိတ်တာဟုတ်ပါသလား။ ဘယ်တရားရုံးမှာဘယ်ဥပဒေနဲ့ တရားစွဲဆိုပြီး ပိတ်ခဲ့တာပါလဲ။ ကျောင်းထိုင်ဆရာတော်ကိုရော ကျောင်းကို ချိတ်ပိတ်တဲ့ အမှု အတွက်စစ်ဆေးမေးမြန်းခဲ့ပါသလား။ ဘာ့ကြောင့် ဘာအမှုနဲ့ ကျောင်းကို ချိတ်ပိတ်ခဲ့တယ်ဆိုတာကို ကျောင်းထိုင် ဆရာတော်ကို
အသိပေးခဲ့ပါသလား။ လူတယောက်၊ သံဃာတပါးနေထိုင်တဲ့ အဆောက်အဦကို ငါအစိုးရ၊ ငါအာဏာပိုင်ဆိုပြီး ဥပဒေမဲ့ပိတ်ချင်တိုင်း ပိတ်လို့ရသလား။ စစ်အစိုးရလက်ထက်မှာ ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ဦးသိန်းစိန်ဖြေရှင်းဖို့ လိုပါတယ်။ ဘယ်သူကကျူးကျော်တာလဲ။ သံဃာတွေက ကျူးကျော်တာလား၊ ခင်ဗျားတို့က ကျူးကျော်ခဲ့တာလားဆိုတာသေသေချာချာပြန်စဉ်းစားကြပါဦး။

ဒါ့အပြင် ကြံ့ဖွံ့စစ်အစိုးရရဲ့ လုပ်ဇာတ်နဲ့ သူတို့ရဲ့ အကြံအစည်ကို ဗူးပေါ်သလို ပေါ်စေတဲ့ နောက်ထပ် အချက်တချက်ရှိပါသေးရဲ့။
အဲဒါကတော့ တခြားမဟုတ်ဘူး။ ဆရာတော်တွေကို မဟနက ဆင့်ခေါ်တဲ့ အချိန်မှာ ဆုံးဖြတ်ချက်စာကို ကြိုတင် ရိုက်နှိပ်ထားတဲ့အချက်ပါ။ အထက်ကပေးလိုက်တဲ့စာကို ရိုက်နှိပ်ပြီးအသင့်ထုတ်ယူလာတယ်ဆိုတာ သိပ်ထင်ရှားပါတယ်။ ဝန်ခံလက်မှတ်ထိုးမယ့်စာထဲမှာ ဦးဂမ္ဘီရ စသော သံဃာတော်များလို့ ညွှန်းဆိုထားပါတယ်။ ဝန်ခံကတိလက်မှတ်ရေးထိုးရမယ့်နေရာမှာလည်း ဦးဂမ္ဘီရကိုထိပ်ကတင်ထားပါတယ်။ ဦးဂမ္ဘီရ မုချလာမယ်လို့ သူတို့က ထင်ထားတာကိုး။ ဒါပေမဲ့ ဦးဂမ္ဘီရက သူတို့ ဆင့်ခေါ်တဲ့ နေ့မှာ
ရောက်မလာတော့ သူတို့ ကြိုတင်ကြံစည်ထား တာတွေဟာ ဗူးပေါ်သလို ပေါ်ကုန်ပါတယ်။ သူတို့ ဘယ်သူ့ကို
ငြိုးတယ်ဆိုတာလည်း ပိုပြီး ထင်ရှားသွားပါတယ်။ ဘာ့ကြောင့် ဦးဂမ္ဘီရကို ထိပ်ကတင်ပါသလဲ။

ကျောင်းထိုင်ဆရာတော်ကိုသာထိပ်ကတင်ဖို့ မသင့်ပေဘူးလား။ ဖြောင့်ဖြောင့်တန်းတန်း စဉ်းစားရင် ကျောင်းထိုင်ဆရာတော်က ပိုပြီး တာဝန်ရှိတယ်လို့စဉ်းစားဖို့ မသင့်ပေဘူးလား။ ခုတော့ ဘယ်သူ့အပေါ်မှာ အာဃာတထားတယ်ဆိုတာ သိပ်ရှင်းသွားတယ်။ တကယ်တော့ သူတို့စာကြိုရိုက်လာပေမဲ့ ဆရာတော် ဦးဂမ္ဘီရကြွမလာရင် စာကို ပြင်ရိုက်လိုက်ရုံသာရှိတာပ။ ကွန်ပြူတာမှာ စာတစောင်ပရင့်ထုတ်ရ တာ ဘာခက်တာလိုက်လို့။ ဒါပေမဲ့ ခက်တာက စာက အထက်ကလာတဲ့စာဖြစ်နေတယ်။ မပြင်ရဲဘူး။ ဘယ်လိုပဲ
ဘောင်းဘီချွတ်ထားထား၊ စစ်အစိုးရက စစ်အစိုးရပဲ။ အမိန့်ကို တရားသေ မလိုက်နာဘဲ အခြေအနေနဲ့ ကိုက်ညီ ဆီလျော်အောင်ပြုပြင်ကျင့်သုံးရဲတဲ့ သတ္တိ၊ သူတို့ငယ်သားတွေမှာ မရှိဘူး။ အဲဒီအခွင့်အရေး ပေးမထားဘူး။ ဗိုလ်ချုပ်တွေခေါင်းပေါင်းပေါင်းလိုက်ပေမဲ့ လုပ်ထုံးလုပ်နည်းက မပြောင်းဘူး။ ဗိုလ်ချုပ်တွေ ခေါင်းပေါင်းပေါင်းထားတာဟာ ခွေးနဲ့ ပါးချပ်မဟပ်သလိုဖြစ်နေလေရဲ့။

မဟန ဆရာတော်ကြီးတွေဟာ ကြီးတဲ့ အမှုကို ငယ်အောင်၊ ငယ်တဲ့ အမှုကို ပပျောက်အောင် လုပ်ချင်တဲ့ စေတနာရှိမယ်လို့တော့ယုံကြည်မိပါတယ်။ အထူးသဖြင့် ဥက္ကဌဖြစ်တဲ့ ဗန်းမော်ဆရာတော်ကြီးဟာ တပည့်သံဃာတော်တွေ အပေါ်စောင့်ရှောက်ချင်တဲ့စိတ်ဆန္ဒမျိုးရှိတယ်လို့ သတင်းထွက်ပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်မှာ မဟနဟာ ဘာမှ မလုပ်နိုင်တဲ့ ရုပ်သေးရုပ်ဆိုတာအထင်အရှားပေါ် လွင်ပါတယ်။ ကြံ့ဖွံ့ အစိုးရက မဟနကို လက်ကိုင်တုတ်သဖွယ် အသုံးချနေတယ်ဆိုတာလည်း ထင်ရှားပါတယ်။
ဒီတော့ ဆရာတော်ကြီးများ အနေနဲ့ အလေးအနက်ပြန်လည် သုံးသပ်သင့်ပါတယ်။ ဘုရားရှင်ရဲ့ မျက်နှာ၊ ဒါယိကာပြည်သူတွေရဲ့မျက်နှာကို ကြည့်ပြီး အမှန်တရားဘက်ကနေ မားမားမတ်မတ် ရပ်တည်သင့်ပါပြီ။ အသျှင်ဘုရားတို့ မှန်ရာပြောရင်ရာထူးပြုတ်ချင်ပြုတ်ပါမယ်။သူတို့အသျှင်ဘုရားတို့ကိုထောင်မချရဲပါဘူးဘုရား။ တတိုင်းတပြည်လုံး အမျိုးသားရေးကိုဝိုင်းဝန်းဆောင်ရွက်ကြရမယ့် အခုလို ကာလ မျိုးမှာ အသျှင်ဘုရားတို့ ဟာ အဓမ္မရှေ့မှာ အကာအကွယ်ပေးသူတွေမဖြစ်ထိုက်ပါဘုရား။

တကယ်တော့ အခုလို မတရား စော်ကား ဖိနှိပ်ခံရတာမျိုးဟာ ဒီသံဃာတော်တွေသက်သက်နဲ့သာ ဆိုင်တဲ့ ပုဂ္ဂလိကကိစ္စမဟုတ်ပါဘူး။ အများပြည်သူနဲ့ သက်ဆိုင်ပါတယ်။ အစော်ကားခံရသူ ကာယကံရှင်ကိုသာမက အဲသလို စော်ကားတဲ့အပြုအမူလုပ်ရပ်ကို ဒီလူ့အဖွဲ့ အစည်းမှာ လက်သင့်ခံလိုက်ရတဲ့ အများပြည်သူရဲ့ ဂုဏ်သိက္ခာကိုပါ ညှိုးနွမ်းထိခိုက်စေပါတယ်။
တခါစော်ကားတာကို ငြိမ်ခံရင် နောင်လည်း ထပ်ခါထပ်ခါ စော်ကားနေဦးမှာပါပဲ။ ဒီ့ထက်ပိုဆိုးတာကတော့ အဲဒီ မတရားတဲ့လုပ်ရပ်ကို မှန်ကြောင်း တရားကြောင်း ပြောပြီး အတွေးအခေါ်အရ ရှေ့နေလိုက်တဲ့ လုပ်ရပ်ပါ။ မတရားလုပ်နေတဲ့သူတွေကိုပြောင်းလာပြီ၊ ကောင်းလာပြီ ပြောနေတဲ့ လုပ်ရပ်တွေပါ။ ဒါတွေက ပိုလို့တောင် အန္တရာယ်ကြီးပါသေးတယ်။
အခုလောလောဆယ်မှာပဲ ဆရာ မောင်ဝံသက သူ့ရဲ့ ဒီမိုကရေစီရပြီလား ဆောင်းပါးမှာ မြန်မာပြည်ဟာ ဒီမိုကရေစီ မရသေးပေမဲ့စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်နေပြီတဲ့။ အခု ဒီနေ့လို လုပ်ရပ်မျိုးတွေကို ဘာလို့ ထည့်မပြောထည့်မတွက်တာပါလဲ။ ဒါမှမဟုတ် ဒါတွေကို သိသည့်တိုင်အောင် ကောင်းသေးတယ်၊ ပြောင်းနေတယ်လို့ ယူဆနေတာပါလား။
လူမဆန်တဲ့ လုပ်ရပ် အခု ၁၀၀ လုပ်ထားတဲ့ အထဲကနေ ၅ ခု ၆ ခုကို သူတို့ အကျိုးစီးပွားမျှော်ပြီး ပြန်လည်
ရုပ်သိမ်းပေးလိုက်တာမျိုးကို ဘာ့ကြောင့် မှန်ကန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်နေပြီလို့ ကာကွယ်ပြောဆိုနေသလဲ။
ဒါဟာ လူထုကို အတွေးအခေါ်အရ မှိုင်းတိုက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မျက်စေ့ထဲ သဲပက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ စစ်အစိုးရရဲ့မတရားတဲ့ အဓမ္မလုပ်ရပ်တွေကို မှန်ကြောင်း တရားကြောင်း ရှေ့နေလိုက်ပေးတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဘာ့ကြောင့် ဒီလိုပြောနေတာလဲ။ ဦးသိန်းစိန် နဲ့ နားလည်မှု လွဲမှာ စိုးလို့လား။ သူတို့ပြောနေကြသလို ပြုပြင်ရေးတွေ နောက်ပြန်ဆုတ် သွားမှာစိုးလို့လား။ သတင်းသမား ကောင်းမှန် ရင် မှန်တာကို မှန်တယ်လို့ ပြောရဲရမယ်။ မှားတာကို မှားတယ်လို့ ရဲရဲ ထောက်ပြရဲရမယ်။
ဟိုဟာဖြစ်မှာ စိုး၊ ဒီဟာ ဖြစ်မှာစိုးနေရင် အဲဒီစိုးရိမ်မှုအားလုံးဟာ ဘယာဂတိပဲ။ စိုးရိမ်မှု၊ အကျိုးမျှော်မှု တခုခုနဲ့ ရေးသားရင်အဂတိလိုက်စားတဲ့ သတင်းသမားလို့ပဲ ခေါ်ရပါလိမ့်မယ်။ စစ်အစိုးရရဲ့ လက်အောက်မှာ မှန်ရာကို ရေးခွင့်မရဘူးဆိုရင်နားလည်ပေးနိုင် ပါတယ်။ ဒါပေမဲ့ မမှန်တာကိုတော့ ရေးစရာ မလိုဘူးထင်ပါတယ်။ ထမင်းမစားရရင်ရှိပစေ၊သတင်းသမားသိက္ခာကိုတော့ ရိုသေမယ်ဆို တဲ့ စိတ်ထားမျိုးရှိသင့်ပါတယ်။

ကြံ့ဖွံ့ စစ်အစိုးရဟာ အမှန်တကယ် ပြောင်းလဲရမှာကိုမလိုလားပါဘူး။လူထုအားနဲ့ပြောင်းလဲသွားကြမှာကိုလည်း
ပိုစိုးရိမ်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးမှာ ဟိုနေရာ တရားမဟောရ၊ ဒီနေရာလူမစုရဆိုပြီး နိုင်ငံရေး ဦးချိုးတဲ့ လုပ်ရပ်ကို လုပ်ခဲ့ပါတယ်။ စိတ်မကောင်းစရာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က ရိုကျိုးပါတယ်။လိုက်နာပါတယ်။ မတရားတဲ့ ဥပဒေကို ခေါင်းငုံ့သည်းခံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို နိုင်ငံရေးဦးချိုးလို့ရပေမဲ့ဦးဂမ္ဘီရကို နိုင်ငံရေး ဦးချိုးလို့မရလိုက်ဘူး။ ဒါကို သူတို့ ကျေနပ်မှာ မဟုတ်ပါဘူး။ သူတို့ထပ်ပြီး ဖိနှိပ်ဦးမှာပါ။ သူတို့ ထပ်ပြီး
စော်ကားဦးမှာပါ။

ဆရာတော်ဦးဂမ္ဘီရက
“ချိတ်ပိတ်တာကိုကမှားနေပြီ သံဃာက ကျောင်းမှာ မနေလို့ ဘယ်မှာ နေရမလဲ။ ချိတ်ပိတ်တာကိုက မှားနေတယ်။ ဒါဟာလက်ခံရမယ့် ကိစ္စမဟုတ်ဘူး။ ကျောင်းထိုင်ဆရာတော်ကြောင့်လက်ခံလိုက်ရတာလို့”
မိန့်ပါတယ်။ အလွန်ပြတ်သားတဲ့ အာဇာနည်စကားမျိုးဖြစ်ပါတယ်။ ဒါမျိုးကို ကြံ့ဖွံ့အစိုးရဟာ အငြိုးထားဦးမှာ သေချာပါတယ်။
ဒါ့ကြောင့် မတရားအပြုခံရတဲ့ ဆရာတော်အသျှင်ဂမ္ဘီရနဲ့ သံဃာတော်များ ဘက်မှာ အားလုံးရပ်တည် အကာအကွယ်ပေးကြဖို့မေတ္တာရပ်ခံချင်ပါတယ်။ သင့်မိတ်ဆွေအပေါ်မှာ ပြုတဲ့ မတရားမှုကို လျစ်လျူပြုရင် အဲဒီမတရားမှုဟာသင့်အပေါ်ရောက်လာပါလိမ့်မယ်။ လူ့အဖွဲ့ အစည်းထဲက လူတယောက် အပေါ်မှာ အစိုးရကိုယ်တိုင်က ကျူးလွန်တဲ့ မတရားမှုဟာအဲဒီလူ့အဖွဲ့ အစည်းဝင် အားလုံးနဲ့ သက်ဆိုင်ပါတယ်။ မတရားမှုကို ကာကွယ် ဖို့ တိုက်ဖျက်ဖို့ဟာ လူတိုင်းမှာ တာဝန်ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့လို၊ ကိုမင်းကိုနိုင်တို့လို လူထုက အားထားယုံကြည်ကြတဲ့ ခေါင်းဆောင်တွေမှာ ပိုပြီးတော့တာဝန်ရှိတယ်လို့ ဆိုချင်ပါတယ်။ ခေါင်းဆောင်တွေ ခေါင်းရှောင်မနေကြပါနဲ့။ ခေါင်းဆောင်တွေ
ရှေ့ကခေါင်းဆောင်ပေးကြမှာကို ကျွန်တော်တို့ လိုလား မျှော်လင့်နေပါတယ်။
ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

မန္တလေးခရီး ဖျက်သိမ်းမှု လူထုကို ဒေါ်စုအသိပေး

စနေ, 04 ဖေဖော်ဝါရီ 2012
မန္တလေးကိုလာဖို့ ခရီးစဉ်ကို အခုရွေ့ဆိုင်းထားရပေမဲ့ နောက်ပိုင်းလာဖို့ အတွက် စီစဉ်ရာမှာ ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် တည်ဆောက်လိုတဲ့ အဖွဲ့အစည်းတွေကြား ပိုမိုခိုင်မာတဲ့ နားလည်မှုတွေ ရရှိလာမယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ မန္တလေးကို ပါတီစည်းရုံးရေးအဖြစ် သွားဖို့ခရီးစဉ် ပျက်သွားခဲ့တာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးလူထုကို အခုလို အသိပေးချက် ထုတ်ပြန်ခဲ့တာ ဖြစ်သလို NLD ရုံးချုပ်က တာဝန်ရှိသူတွေ ဟာလည်း မန္တလေးက သတင်းထောက်တွေနဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီအခြေအနေ တွေကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
မူလက ဖေဖော်ဝါရီ ၄ ရက် နဲ့ ၅ ရက်နေ့တွေမှာ မန္တလေးမြို့ကို ပါတီစည်းရုံးရေး အဖြစ်သွားဖို့ ဒေါ်အောင်ဆန်းစုကြည် စီစဉ်ထားပေမဲ့ လူထုနဲ့ စကားပြောဖို့ နေရာအခက်အခဲတွေကြောင့် အစီအစဉ် ဖျက်ထားရတာနဲ့ ပတ်သက်လို့ မန္တလေးလူထုကို အသိပေးချက်တစ်စောင် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ခဲ့တာပါ။ မန္တလေးပြည်သူလူထုရဲ့ NLD ပါတီအပေါ် ထောက်ခံမှုကို လေးစား တန်ဖိုးထားသလို နိုင်ငံရေး ရင့်ကျက်မှုနဲ့ တည်ငြိမ်တဲ့ စိတ်ဓါတ်ကို သိထားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
ဒီခရီးစဉ်ဟာ လတ်တလောမှာ ဖျက်ထားရပေမဲ့ နောက်ပိုင်း မန္တလေးလူထုနဲ့ တွေ့ဖို့ စီစဉ်မှာဖြစ်သလို ဒီခရီးစဉ်အတွက် ပြန်စီစဉ်ရာမှာ ဆက်သွယ် ဆောင်ရွက်ရတဲ့ အဖွဲ့အစည်းတွေကြား ပိုမိုနားလည်မှုတွေ ရဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က မန္တလေးကို ရောက်နေတဲ့ NLD သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင် ဆီကို ဖုန်းနဲ့ ဆက်သွယ်ပြီး မန္တလေးလူထုကို အသိပေးချက် ပြောဆိုခဲ့တာဖြစ်ပြီး ဦးဝင်းတင် အပါအ၀င် NLD ရုံးချုပ်က တာဝန်ရှိသူတချို့ဟာ မန္တလေးမြို့က သတင်းထောက်တွေနဲ့လည်း သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တယ်လို့ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။
“မန္တလေး ပြည်သူလူထုတွေ ကြားထဲမှာ အခုလို ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် ပျက်သွားတဲ့အခါကျတော့ စိတ်ပျက်စရာ၊ ၀မ်းနည်းစရာ၊ မကျေမချမ်း ဖြစ်စရာတွေ အများကြီး ရှိနိုင်ပါတယ်။ ဒါကိုလည်း သိပါတယ်။ အဲဒီလို သိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မနက် ကျနော်ဆီကို ဖုန်းဆက်ပြီးတော့ သူ့ရဲ့ လူထုထံသို့အသိပေး ပြောကြားချက် ဆိုတာကို ပြောပြပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံ ခိုင်ခိုင်မာမာ တည်ဆောက်လိုတဲ့ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေအကြား ပိုမို နားလည်မှုတွေ ရရှိမယ်လို့ ယုံကြည်ပါတယ်လို့ ပြောတယ်။ အဲဒီ အဖွဲ့အစည်း ဆိုတဲ့နေရာမှာ အစိုးရအဖွဲ့များ အပါအ၀င်ပေါ့ အဖွဲ့အစည်းတွေကြားမှာ နားလည်မှုတွေ ပိုရလိမ့်မယ်လို့ ယုံကြည်ပါတယ်လို့ သူ့ရဲ့ ယုံကြည်ချက်ကို ပြောပါတယ်။”
အထူးသဖြင့် နောက်ပိုင်း မန္တလေးကို လာဖို့ ထပ်စီစဉ်ရာမှာ ဒီတခေါက်လိုမျိုး အစီအစဉ်တွေ လုပ်ရတာမှာ အားနည်းတာမျိုး မဖြစ်ရအောင် ပိုပြီးတော့ နားလည်မှုတွေ ရဖို့ မျှော်လင့်ထားပါတယ်။
“ဒီအဖွဲ့အစည်းတွေကြားမှာ နားလည်မှုတွေ ပိုပြီးရရှိလိမ့်မယ်လို့ သူ ယုံကြည်တဲ့အချက်က ပိုပြီးတော့ အရေးကြီးမယ်လို့ ထင်ပါတယ်။ ပြီးခဲ့တာတွေ ပြီးပြီ။ ဖြစ်သင့်တာတွေနဲ့ ပတ်သက်ပြီးတော့ ပျက်ကွက်မှုတွေ ဟိုဘက်ဒီဘက် ရှိကြမယ်။ အားနည်းမှုတွေ ရှိမယ်၊ ဒါပေမဲ့ ဒီ အဖွဲ့အစည်းတွေကြားမှာ အစိုးရ အပါအ၀င်ပေါ့လေ ပိုပြီးတော့ နားလည်မှုတွေ ရရှိမယ်လို့ သူ ယုံကြည်ပါတယ်လို့ ပြောတာဟာ အရေးကြီးတဲ့စကားလို့ ကျနော် ထင်ပါတယ်။”
ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် မန္တလေး အစီအစဉ် ဖျက်လိုက်ရတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးလူထုကို အသိပေးတာနဲ့ ပတ်သက်ပြီး NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းတင် ပြောပြခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် မန္တလေးကို ဘယ်ရက်မှာ သွားမယ်ဆိုတာ လတ်တလော မဆုံးဖြတ်ရသေးဘူးလို့ NLD ပါတီက ပြောသလို လာမယ့် အင်္ဂါနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာတော့ ပုသိမ်နဲ့ မြောင်းမြ မြို့တွေကို ပါတီစည်းရုံးရေးသွားမှာ ဖြစ်ပါတယ်။
တဆက်တည်းပဲ ဦးဝင်းတင်ဟာ ညနေပိုင်းမှာ မန္တလေးမှာရှိတဲ့ အိန္ဒိယ ကောင်စစ်ဝန်ရုံးက တာဝန်ခံ အိန္ဒိယ သံမှူးနဲ့ တွေဆုံတဲ့အခါမှာလည်း အိန္ဒိယအစိုးရရဲ့ မြန်မာနိုင်ငံပေါ် ရပ်တည်ချက်တွေနဲ့ ပတ်သက်လို့ ပြောပြခဲပါတယ်။
“အိန္ဒိယဟာ ကျနော်တို့ရဲ့ နိုင်ငံရေးစံပြုတဲ့ နိုင်ငံဖြစ်တယ်။ လွတ်လပ်ရေး မတိုင်ခင်ကတည်းက ကိုလိုနီခေတ်ကတည်းက ကျနော်တို့ရဲ့ စံထားစံပြုတဲ့ နိုင်ငံဖြစ်တယ်။ အဲဒီနိုင်ငံဟာ နောက်ပိုင်းမှာလည်း ဒီမိုကရေစီဖြစ်စဉ်မှာလည်း အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးတွေမှာ အများကြီး ကူညီ အားပေးခဲ့တယ် ဆိုတာကို သူတို့သိတယ်။ ဒါပေမဲ့လို့ အစိုးရဟာ အရှေ့မျှော်ဝါဒ ဆိုတဲ့ဟာကို ကျင့်သုံးတဲ့အချိန်ကစပြီး နောက်ပိုင်းမှာ မြန်မာပြည်နဲ့ ပတ်သက်လို့၊ ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ ဘာမှ မပြောတော့ဘဲနဲ့ ခပ်ခွာခွာ နေခဲ့တာဟာ ဒီနှစ်ကာလအချိန် အထိပေါ့။ ကျနော်တို့ကတော့ ဒါကို အားငယ်စိတ်ပျက်ခြင်း ဖြစ်ရပါတယ်။ ဒါပေမဲ့ နောက်ကျရင်တော့ တိုးတက်ပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး နဲ့ပတ်သက်ပြီးတော့ အိန္ဒိယရဲ့ ထောက်ခံအားပေးမှုတွေ ကူညီရိုင်းပင်းမှုတွေ ရလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အဲဒါတော့ ကျနော်တို့ ပြောလိုက်ပါတယ်။ သူတို့ဘက်ကတော့ နားထောင်ရုံပါပဲ။”
NLD ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းတင် ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေး NLD ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့က စီစဉ်ထားတဲ့ ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ ကို ဒီကနေ့ ဖွင့်လှစ်ခဲ့သလို အဲဒီပြပွဲမှာ ပန်းချီဆရာပေါင်း ၁၃၀ ကျော်က ရေးဆွဲထားတဲ့ ပန်းချီကားပေါင်း ၂၀၀ ကျော်ကို ပြသထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်နိုင်ပါမည်လော

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်နိုင်ပါမည်လော
0 Comments - 04 Feb 2012
UN ကိုယ်စားလှယ် ကင်တားနားနှင့်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဖေဖော်ဝါရီ ၃ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ (Photo- Reuters)ဥပဒေဘက်တော်သားတစ်ဦး၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လျက် ၁-၄-၂၀၁၂ ခုမှာကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အောင် နိုင်ရေး၊ မိမိကိုယ်တိုင် ကော့မှူးမဲဆန္ဒနယ်မှာ အောင်ပွဲခံ၊ အနိုင်ရရှိရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် မအိပ်မနေကြိုးပမ်းနေ သည့် ဒေါ်အောင်ဆန်းစုကြည်သို့ မြန်မာနိုင်ငံရေးခရီးမှာ ရင်ဆိုင်ရဖ...

More

စနေနေ့၊ ဖေဖော်ဝါရီလ ၄၊ ၂၀၁၂

UN ကိုယ်စားလှယ် ကင်တားနားနှင့်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဖေဖော်ဝါရီ ၃ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ (Photo- Reuters)
ဥပဒေဘက်တော်သားတစ်ဦး

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လျက် ၁-၄-၂၀၁၂ ခုမှာကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အောင် နိုင်ရေး၊ မိမိကိုယ်တိုင် ကော့မှူးမဲဆန္ဒနယ်မှာ အောင်ပွဲခံ၊ အနိုင်ရရှိရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် မအိပ်မနေကြိုးပမ်းနေ သည့် ဒေါ်အောင်ဆန်းစုကြည်သို့ မြန်မာနိုင်ငံရေးခရီးမှာ ရင်ဆိုင်ရဖွယ်ရှိသည့် ပြဿနာများကို ကျွန်တော်လေ့လာမိသလောက် သန့်စင် သောစေတနာဖြင့် တင်ပြလိုပါသည်။

၂။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုလို လှုပ်ရှားဆောင်ရွက်လာနိုင်သည့် အခြေခံ အကြောင်းရင်းဟာ နေပြည်တော်မှာ သမ္မတကြီး ဦး သိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာက စတင်ဖြစ်ပေါ်လာခဲ့သည် ဆိုလျှင် ငြင်းစရာမရှိဟု ထင်ပါ သည်။ အဲဒီဆွေးနွေးပွဲမှာ သမ္မတကြီးကလည်း ဖြစ်ကြောင်းကုန်စင်၊ ဘ၀င်ကျလောက်အောင် ကြံ့/ဖွံ့အစိုးရနှင့် နိုင်ငံတော်မှာ မွဲပြာကျနေပုံတွေကို အိတ်သွန်ဖာမှောက်ပြောပြခဲ့ပြီး ဒေါ်စု ကလည်း NLD ရှေ့ ဆက်လက် ရပ်တည်နိုင်ရေးနှင့် ပြည်တွင်းပြည်ပကို ဘယ်လိုဘယ်ပုံ စည်းရုံးဆက်သွယ်ပေးနိုင်ပုံတွေကို တစ်စမကျန် ပြောခဲ့ဟန်ရှိပါသည်။

၃။ အဲဒီလို တွေ့ဆုံကြပြီးအပြန်မှာ NLD အမှုဆောင်စည်းဝေးပွဲခေါ်ပြီး “ကျွန်မအနေနဲ့ ဦးသိန်းစိန်ကို ယုံကြည်တယ်။ NLD ပါတီကို မှတ်ပုံ ပြန်တင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်။ ကျွန်မကို ထောက်ခံကြပါ။ တာဝန်ယူပါတယ်” ဆိုပြီး အခုလို ပါတီမှတ်ပုံတင်၊ ကြားဖြတ်ရွေး/ပွဲဝင်ဖို့ ဆောင်ရွက်ခဲ့သည်ဟု ယူဆပါသည်။ ဒီလို ဆောင်ရွက်နိုင်အောင် ဦးသိန်းစိန်က ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ နည်းဥပဒေထဲက ပုဒ်မအချို့ကို ပြင်ပေးခဲ့ပါသည်။ ထောင်ကျခံနေရသူ ရွေး/ပွဲဝင်ခွင့်၊ ၂၀၀၈ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည် ဆိုသည့် စကား အစား လေးစား “လိုက်နာပါမည်”ဟု ပြင်ဆင်ချက်၊ အနည်းဆုံး မဲဆန္ဒနယ်သုံးနယ် ၀င်ရောက် ယှဉ်ပြိုင်ရမည်ဟူသော ဥပဒေသုံးခုတို့ကို ပြင်ပေးသည်ဟုဆိုကာ ဒေါ်စုတို့ NLD ပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်နိုင်ရန် ကြေညာချက် ထုတ်ခဲ့သည်ဟု မှတ်သားမိပါသည်။ ရွေး ကောက်ပွဲဥပဒေနှင့် အခြေခံဥပဒေပါ အရေးကြီးသော ပုဒ်မတို့ကို ပြင်ပေးထားကြောင်း မတွေ့ရပါ။

၎။ အထက်ပါ လိုက်လျောချက်များမှာလည်း ထောင်ကျခံနေရသူ ရွေးး/ပွဲဝင်ခွင့် ဆိုသည်မှာ ယခုအချိန်၌ ဒေါ်စုသည် ထောင်ကျနေသူ မဟုတ်တော့ပါ။ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည် ဆိုသည့် စကားရပ်အစား လေးစားလိုက်နာပါမည်ဟု ပြင်ဆင်ပေးခြင်း ကလည်း “အရာကြီးနှင့် ကုလားကြီး” ပါပဲ။ ကျွန်တော် အဓိကထားတင်ပြဆွေးနွေးချင်သည်မှာ အောက်ပါအချက်အလက်၊ ဥပဒေများနှင့် သုံးသပ်ချက်များ ဖြစ်ပါသည်။

၅။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိခြင်း ခေါင်းစဉ်အောက်တွင် ၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေ ပုဒ်မ ၁၂၁၊ ပုဒ်မခွဲ (စ) ၌ “နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများ၊ သို့မဟုတ် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ”ဟု ပါရှိပါသည်။

ထိုပုဒ်မ ၁၂၁၊ ပုဒ်ခခွဲ (စ) ပါ ပြဋ္ဌာန်းချက်အတိုင်းပင် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ တွင် “အောက်ပါပုဂ်္ဂိုလ်များသည် ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေရ”ဟူသော ခေါင်းစဉ်အောက်တွင်လည်း ပြဋ္ဌာန်းထားပါသည်။

၆။ အထက်ပါ ပုဒ်မများမှာ ပြဋ္ဌာန်းချက်အရ နိုင်ငံခြားသားထံမှ အခွင့်အရေးများ၊ ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ၊ ခံစားပိုင်ခွင့် ရှိသူသည် ခံစားသည်ဖြစ်စေ၊ မခံစားသည်ဖြစ်စေ ခံစားခွင့်ရှိပါက ရွေးကောက်ပွဲဝင်ခွင့် မရရှိနိုင်ဟု အဓိပ္ပာယ်ကောက်ယူနိုင်ပါသည်။

၇။ အထက်ပါ ရွေးကောက်ပွဲဥပဒေနှင့် အခြေခံဥပဒေပါပုဒ်မကို လုံးဝပြင်ဆင်မထားဘဲ ပြဋ္ဌာန်းထားဆဲရှိပါသည်။ မယုံမရှိပါနှင့်။ ယင်းဥပဒေ များကို လေ့လာကြပါဦးဟု တိုက်တွန်းပါရစေ။

၈။ ထိုသို့ ပြဋ္ဌာန်းထားသည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်၏ ပကတိအခြေအနေနှင့် မည်သို့ သက်ဆိုင်နေသည်ကို တင်ပြလိုပါသည်။

(က) ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေကို အောက်ပါအတိုင်း ပါလီမန်တွင် ပြဋ္ဌာန်းခဲ့ပါ သည်။ ထိုအမွေဆက်ခံမှု အက်ဥပဒေပုဒ်မ ၂၂ တွင် ဗုဒ္ဓဘာသာဝင် မဟုတ်သည့်ယောက်ျားက၊ ဗုဒ္ဓဘာသာဝင် မိန်းမကို ထိမ်းမြားရန် ကတိပြု လျှင် ထိုယောက်ျားသည် ထိုမိန်းမကို ဤအက်ဥပဒေအရ ထိမ်းမြားရန် ကတိပြုသည်ဟု မှတ်ယူရပါမည်။

(ခ) ပုဒ်မ ၂၃ တွင် ... ဟိန္ဒူဘာသာ၊ ဆိ(ခ)ဘာသာ၊ ဂျိန္နဘာသာတစ်ရပ်ရပ်ကို ကိုးကွယ်သော ပစ္စည်း မခွဲရသေးသည့် အိမ်ထောင်စုဝင်တစ်ဦး တစ်ယောက်သည် ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ဤအက်ဥပဒေအရ ထိမ်းမြားလျှင်၊ သို့တည်းမဟုတ် ထိမ်းမြားခဲ့သည်ဟု မှတ်ယူခြင်းခံရလျှင် ထိုသူသည် ထိုအိမ်ထောင်မိသားစုမှ ခွဲခွာပြီဟု မှတ်ယူရမည်။ ထို့ပြင် ပစ္စည်းခွဲဝေခြင်းမပြုမီ ထိုသူသေဆုံးလျှင် ထိုသူပိုင်သည့်ဆိုင်ရာ ဆိုင် ခွင့်သည် ထိုသူ၏ မယားနှင့် သားသမီးများသို့ သက်ရောက်ရမည်။

(ဂ) ပုဒ်မ ၂၄ (၁) ဤအက်ဥပဒေပုဒ်မအရ ထိမ်းမြားသူတို့၏ သို့တည်းမဟုတ် ထိမ်းမြားခဲ့သည်ဟု မှတ်ယူခံရသူတို့၏ ပစ္စည်းပိုင်ခွင့်နှင့် စပ် လျဉ်းသောကိစ်္စအားလုံးကို ထိုသူတို့နှင့် ထိုသူတို့၏ မိသားစုအားလုံးသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးချည်း ဖြစ်ဘိသကဲ့သို့ ဗုဒ္ဓဘာသာဓမ္မ သတ်အတိုင်း ဆုံးဖြတ်ရမည်။

၉။ အထက်ပါ ပြဋ္ဌာန်းချက်များကိုသုံးသပ်လျှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရွေးကောက်ပွဲဝင်ရန် ဖြစ်နိုင်အံ့မထင်ပါ။ ၀င်ခွင့်ရလို့ ရွေးကောက်ပွဲနိုင်၍ လွှတ်တော်ထဲရောက်လျှင်လည်း ပြိုင်ဘက်အမတ်လောင်းက ကန့်ကွက်လျှင် လွှတ်တော်ကိုယ်စားလှယ်ဘ၀မှ ပြုတ်၍ “ဖွတ်မရ ဓားမဆုံးသည့်ဘ၀”ရောက်သွားနိုင်ပါသည်။

၁၀။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသား မိုက်ကယ်အဲရစ်၏ ဇနီးဖြစ်ပါသည်။ မိုက်ကယ်အဲရစ်သည် နိုင်ငံခြားအစိုးရ၏ လက် အောက်ခံဖြစ်ပြီး တိုင်းတစ်ပါးသားလည်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သည်ဟုလည်း သိရပါသည်။ အမွေမခွဲမီ သေဆုံးခဲ့သဖြင့် သူခံစား ခွင့် ရှိသောအမွေပစ္စည်းများကို ဒေါ်အောင်ဆန်းစုကြည် ခံစားခွင့် ရှိပါသည်။ ခံစားမှုမပြုဟု ပြောနိုင်သော်လည်း ဥပဒေအရ ခံစားခွင့်ရှိကြောင်း ထင်ရှားပါသည်။ ထိုသို့ဆိုလျှင် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀ နှင့် အခြေခံဥပဒေ ၁၂၁-ပုဒ်မခွဲ (စ) တို့တွင် ပြဋ္ဌာန်းထားချက်များနှင့် အရေး ယူလျှင် ခံရနိုင်ဘွယ် ရှိပါသည်။

၁၁။ ရွေးကောက်ပွဲ ဥပဒေကို ပြင်လိုက ပြင်နိုင်သော်လည်း အခြေခံဥပဒေ ၁၂၁ (စ) ကို ပြင်ရန်မှာ အလွန် ခဲယဉ်းပါသည်။ ပြည်သူ့လွှတ် တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၇၅% ကျော် ထောက်ခံမဲဖြင့် ပြင်ဆင်ရပါမည်။ လက်ရှိ ပြည်သူ့လွှတ်တော်တွင် ကြံ့/ဖွံ့အမတ် ၆၀% နှင့် တပ်မတော်ကိုယ်စားလှယ် ၂၅% ရှိသည်ဟု မှတ်သားမိပါသည်။ အခြားအမတ်များသည် ၂၀% ပင် မရှိပါ။ ဤသို့ဆိုလျှင် ဒေါ်အောင်ဆန်း စုကြည်သည် အမတ် မဖြစ်နိုင်ပါ။ အမတ်ဖြစ်ဖို့ အင်္ဂါရပ်တွင် ပါဝင်သော ပုဒ်မ ၁၂၀၊ ၁၂၁ တို့နှင့် မညီလျှင် မည်သူ့ကိုမျှ ၀န်ကြီး မခန့်နိုင်ပါ။ ဒုသမတဖြစ်ဖို့ ဆိုလျှင်လည်း အခြေခံဥပဒေပုဒ်မ ၅၉၊ ပုဒ်မခွဲ (စ) အရ သားသမီးများ နိုင်ငံခြားသားဖြစ်နေလျှင် ဒုသမ္မတ မဖြစ်နိုင်ပါ။

၁၂။ ကျွန်တော့်တင်ပြချက်များသည် ဥပဒေပါအတိုင်းဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကြိုတင် စဉ်းစားနိုင်ရန်သာဖြစ်ပါသည်။ ဦး သိန်းစိန်အစိုးရက လိုက်လျောလျှင် ရနိုင်မည်ဆိုပါက ၀မ်းမြောက်ဘွယ်၊ ဂုဏ်ယူဘွယ် ဖြစ်ပါသည်။ လိုက်လျောနိုင်အံ့ မထင်ပါ။ ၁၉၉၀ ခု ရွေးကောက်ပွဲတုန်းက ဗဟန်းမြို့နယ်အတွက် ကိုယ်စားလှယ်လောင်းကို ဒေါ်အောင်ဆန်းစုကြည်အား တင်သွင်းရာတွင် တစညကိုယ်စား လှယ် အမတ်လောင်း ဦးလဗန်ဂရောင်က ကန့်ကွက်၍ ဒေါ်စုရွေးကောက်ပွဲ မ၀င်ခဲ့ရသည်ကို ပြန်လည် သတိရ၍ လိုအပ်သည်တို့ကို ကာ ကွယ်နိုင်ရန် ရိုးသားစွာ တင်ပြအပ်ပါသည်။ NLD ဥပဒေပညာရှင်များနှင့်လည်း တိုင်ပင်သင့်သည်ဟု အကြံပြုလိုပါသည်။

ကင်တားနား မြန်မာ့ လူ့အခွင့်အရေး အကဲခတ် ကိုင်တွယ်မည်

 သောကြာ, 03 ဖေဖော်ဝါရီ 2012
လူ့အခွင့်အရေး အခြေအနေတွေအပေါ်မှာ အရေးပါတဲ့ သက်ရောက်မှုတွေ ရှိနိုင်တဲ့ ဆုံးဖြတ်ချက်တွေ မြန်မာအစိုးရ ချမှတ်နေတာကို တွေ့မြင်နေရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ၆ ရက်ကြာ ခရီးစဉ်နဲ့ရောက်နေတဲ့ မစ္စတာ ကင်တားနားက ဒီကနေ့ ညနေပိုင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့အပြီးမှာ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။
(၁၉) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်ပြမယ့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာအတွက် ကိုယ်တိုင်လာပြီး အခြေအနေတွေကို ဆန်းစစ်ပြုစုတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားက သူ့အနေနဲ့ ကိုင်တွယ်ရမယ့် လူ့အခွင့်အရေးကိစ္စတွေ အများကြီးရှိတယ်လို့ ခုလို သတင်းထောက်တွေကို ပြောပါတယ်။
“ကျနော့်အနေနဲ့ အရေးတကြီး ကိုင်တွယ် ဖြေရှင်းဖို့လိုတဲ့ လူ့အခွင့်အရေး ကိစ္စတွေ တော်တော်များများ ရှိပါတယ်။ လူ့အခွင့်အရေး အခြေအနေတွေအပေါ်မှာ အရေးပါတဲ့ သက်ရောက်မှုတွေ ရှိနိုင်တဲ့ ဆုံးဖြတ်ချက်တွေ အစိုးရက ချမှတ်နေတာကိုတော့ တွေ့မြင်နေရပါတယ်။ အခုခရီးစဉ်နဲ့ ပတ်သက်တဲ့ သဘောထား ထုတ်ပြန်ချက်ကိုလည်း ခရီးစဉ်ပြီးဆုံးတဲ့အခါမှာ ထုတ်ပြန်ပါမယ်။” - လို့ မစ္စတာ ကင်တားနားက ပြောသွားတာ ဖြစ်ပါတယ်။
ဘယ်လိုအရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ဆိုလိုတာလဲ ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီးမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောမသွားပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာကင်တားနား တို့ ၁ နာရီလောက်ကြာအောင် ဆွေးနွေးခဲ့ကြပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဆွေးနွေးပွဲအကြောင်း တစုံတရာ ပြောမသွားခဲ့ပါဘူး။ မစ္စတာ ကင်တားနား ကပဲ သူ့ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာအတွက် အခြေအနေတွေ ဆန်းစစ်နိုင်ဖို့ အစိုးရက ခွင့်ပြုတဲ့အတွက်ကိုတော့ ဝမ်းသာတယ်လို့ ခုလို သတင်းထောက်တွေကို ပြောပါတယ်။
“အခုခရီးစဉ်ကို အစိုးရက ခွင့်ပြုတဲ့အတွက်ကို ဝမ်းသာပါတယ်။ ကျနော့် ခရီးစဉ်တွေနဲ့ ပတ်သက်လို့ အစိုးရဘက်က တော်တော်လေး လိုက်လိုက်လျောလျော ရှိပါတယ်။ အခုနေ့လယ်ကပဲ ကျနော် အင်းစိန်ထောင်ကို သွားခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့သူ ၃ ယောက်ကို တွေ့ဆုံ မေးမြန်းနိုင်ခဲ့ပါတယ်။ နေပြည်တော်မှာလည်း ဝန်ကြီးတချို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီလိုတွေ့နိုင်အောင် စီစဉ်ပေးတဲ့အတွက် အစိုးရကို ကျေးဇူးတင်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို တင်ပြရမယ့် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ မျှမျှတတ ဖြစ်ဖို့အတွက်က နိုင်ငံထဲမှာ ကိုယ်တိုင်အချက်အလက်တွေကို စုဆောင်းနိုင်ရေးက အင်မတန် အရေးကြီးတဲ့အတွက် မြန်မာနိုင်ငံကို ကျနော်လာနိုင်ဖို့က သိပ်ကို အရေးကြီးတယ်။” - လို့ မစ္စတာ ကင်တားနားက ပြောသွားတာ ဖြစ်ပါတယ်။
ဇန်န၀ါရီလ ၃၁ ရက် အင်္ဂါနေ့ကတည်းက မြန်မာနိုင်ငံမှာ ရောက်နေတဲ့ မစ္စတာ ကင်တားနားဟာ နေပြည်တော်မှာ တရားရေးဆိုင်ရာ သမ္မတအကြံပေး အဖွဲ့ဝင် ဦးစစ်အေး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး အပြင် ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး စတဲ့ အစိုးရဝန်ကြီး တချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်နေတာကို မြန်မာနိုင်ငံမှာ မြင်တွေ့နေရတဲ့ အရေးကြီးတဲ့ အခုလိုအချိန်မျိုးမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို သုံးသပ်ဖို့ မြန်မာနိုင်ငံကို သွားတာဖြစ်တယ်လို့ သူ့ရဲ့ ခရီးစဉ်မစခင်မှာ မစ္စတာ ကင်တားနားက ပြောထားပါတယ်။ လပိုင်းအတွင်းမှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲကိုလည်း သူ့အနေနဲ့ အနီးကပ် စောင့်ကြည့်နေမှာဖြစ်တယ်လို့ ခုလို ဆိုပါတယ်။
“ဘယ်ရွေးကောက်ပွဲပဲ ဖြစ်ဖြစ် နိုင်ငံတကာ လူ့အခွင့်အရေး ပဋိညာဉ်ထဲမှာပါတဲ့ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားဖို့ အရေးကြီးပါတယ်။ လူ့အခွင့်အရေး ပဋိညာဉ်ထဲမှာပါတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရ အနှောင့်အယှက်မရှိ လွတ်လွတ်လပ်လပ် မဲဆွယ် စည်းရုံးနိုင်ရပါမယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ ကျနော် မနေ့တုန်းက တွေ့ဆုံခဲ့တုန်းက ဒီကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ကျနော် အနီးကပ် စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။” - လို့ ပြောသွားတာဖြစ်ပါတယ်။
တနင်္ဂနွေနေ့ကျမှ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာမယ့် မစ္စတာ ကင်တားနား ဟာ မနက်ဖြန်မှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေကို သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၅ ရက်၊ တနင်္ဂနွေနေ့ကျမှ သူ့ခရီးစဉ်တစ်ခုလုံးနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မှာ လုပ်မှာဖြစ်ပါတယ်။ မစ္စတာ ကင်တားနား ဟာ အခုခရီးစဉ်မတိုင်ခင် ၂၀၁၁ ခုနှစ် သြဂုတ်လကတုန်းက မြန်မာနိုင်ငံကို သွားခဲ့ပြီးတော့ အဲဒီခရီးစဉ်မှာ သူ အကြံပြု တောင်းဆိုခဲ့တာတွေ အတိုင်း အစိုးရက ဆောင်ရွက်ခြင်း ရှိ မရှိ ဆိုတာကို အခုခရီးစဉ်မှာ ဆန်းစစ်မယ်လို့ ပြောထားပါတယ်။ အခုတခေါက်  မြန်မာနိုင်ငံခရီးစဉ်မှာ တွေ့ရှိတဲ့ လူ့အခွင့်အရေး အခြေအနေ အပြည့်အစုံကိုတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၂၃ ရက်နေ့အထိ ဂျနီဗာမှာလုပ်မယ့် (၁၉) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တောမတ်စ်အိုဟေးကင်တားနား က တင်ပြဆွေးနွေးပါမယ်။

မတရားရယူတဲ့ ဖြောင့်ချက်များနဲ့ အပြစ်ပေးခံရသူတွေ လွတ်ပေးရေး တောင်းဆို

  2012-02-03

မတရားရယူထားတဲ့ ဖြောင့်ချက်တွေပေါ်မူတည်ပြီး အပြစ်ပေးခံထားရသူတွေကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က ဒီနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။
RFA
အာရှ လူ့အခွင့်အရေး ကော်မရှင် ၏ အင်တာနက် စာမျက်နှာမှ မြန်မာနိုင်ငံဆိုင်ရာ ဖော်ပြထားချက် တစိတ်တပိုင်းကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလအတွင်း မြင်ရပုံ ဖြစ်ပါသည်။
နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မိန့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဇန်န၀ါရီလအတွင်းက ပြန်လွတ်လာပေမယ့် ဖောက်ခွဲမှုနဲ့ စွပ်စွဲခံထားရသူတွေ ပြန်မလွတ်မြောက်သေးတာကို အကြောင်းပြုပြီး ခုလို မေတ္တာရပ်ခံစာ ထုတ်ပြန်ရတာလို့ AHRC ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။ ရှေ့နေဦးအေးမြင့် အမှုအကြောင်း ကိုလည်း အခုလို ပြောပြပါတယ်။ “ရှေ့နေဦးမြင့်အေးဆိုရင် ဆိုင်ကလုန်း နာဂစ် ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်နေရင်းနဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရတာဖြစ်တယ်။ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ဘာမှ သက်ဆိုင်ခြင်းမရှိဘူးဆိုတာ အထင်အရှား ကျွန်တော်တို့ တွေ့ရတယ်။ ဒါတွေကို အပြစ်ပေးထားတာတွေဟာ မတရား ရယူထားတဲ့၊ နှိပ်စက်ညှဉ်းပန်းပြီးမှ ရယူထားတဲ့ ဖြောင့်ချက်တွေပေါ်မှာ မူတည်ပြီးတော့ အပြစ်ပေးခဲ့တယ် ဆိုတာတွေကိုလည်း အမှုတွဲတွေကို ဖတ်ရှု လေ့လာခြင်းအားဖြင့် တော်တော်များများက ဆင်တူဖြစ်နေတာ ကျွန်တော်တို့ တွေ့ရတယ်” အရင် စစ်အစိုးရ လက်ထက်မှာ ပြစ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ စွမ်းအားမြှင့် စစ်သည်တော်များ အဖွဲ့ဝင်တွေကို တစ်ယောက်မှ ဖမ်းဆီးမိတာမရှိဘဲ ဒီအဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရပြီး နှစ်ရှည် ထောင်ဒဏ် ကျခံနေရသူတွေ ရှိတယ်လို့ ဦးမင်းလွင်ဦးက ဆိုပါတယ်။ ကိုမင်းကိုနိုင်တို့လို ကျောင်းသား ခေါင်းဆောင်တွေ ပြန်လွတ် မြောက်လာတာကို AHRC က ကြိုပေမယ့် မလွတ်မြောက်သေးဘဲ ကျန်ရှိနေသေးတဲ့ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး ကွန်ရက်အဖွဲ့က ဦးမြင့်အေးလို၊ ၂၀၁၀ သင်္ကြန် ဗုံးဖောက်ခွဲမှုနဲ့ စွပ်စွဲခံရတဲ့ ကိုဖြိုးဝေအောင်လို၊ သံလျင် ရေနံချက်စက်ရုံ ဖောက်ခွဲမှုနဲ့ နှစ်ရှည် ထောင်ဒဏ် ကျခံနေရတဲ့ ကိုသန်းဇော်တို့လို ပြစ်ဒဏ် ကျခံနေရသူတွေဟာ စွပ်စွဲခံရသလို ပြစ်မှု ကျူးလွန်သူတွေ မဟုတ်ဘူး လို့လည်း AHRC က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ပြည်ပကြွေးမြီ ပမာဏ

မြန်မာနိုင်ငံရဲ့ပြည်ပကြွေးမြီ ပမာဏဟာ အမေရီကန်ဒေါ်လာ ၁၁ဘီလီယံ ကျော်ရှိနေတယ်လို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဦးလှထွန်းက ပြည်ထောင်စုလွှန်တော်ကိုပြောခဲ့ပါတယ် ။ ၎င်းပမာဏအထဲမှ ၁၉၈၈ခုနှစ်မတိုင်ခင်က ချေးငွေ ဒေါ်လာ ၈.၄ဘီလီယံ နဲ နောက်ပိုင်းနှစ်များမှ ချေးငွေ ဒေါ်လာ ၂.၆ဘီလီယံ ကျော်ပါဝင် ပါတယ်။ ၁၉၈၈ ခု မတိုင်ခင်တုန်းက မြန်မာနိုင်ငံကို ကမ္ဘာဘဏ်က ချေးငွေ သန်း၈၀၀ ကျော် ၊ အာရှဖွံ့ ဖြိုးရေးဘဏ်မှ သန်း၃၅၀ ကျော်ကြွေး ရှိနေပြီး နိုင်ငံတခုခြင်းအလိုက် ဂျပန်မှ သန်း၆၄၀၀ နီးပါး ၊ ဂျာမဏီမှ သန်း၅၈၀ ကျော် ဖြစ်ကြပါတယ် ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံမှ ငွေအများဆုံးဒေါ်လာသန်း ၂၁၀၀ ကျော် ချေးခဲ့ပါတယ် ။

RASPUTIN

ဆိုဘဲ - ဆိုဘဲ - - ဆိုဘဲ - ဟဲ့ - - - -

ဒေါ်အောင်ဆန်းစုကြည် အနိုင်ရလျှင်လည်း ကြံ့ခိုင်ရေးပါတီက ကြိုဆိုမည်

ချင်းမိုင်(မဇ္စျိမ) ။       ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာအားလုံး ဝင်ပြိုင်မည်
ဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ခံရပါက ၎င်းတို့ ပါတီအနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသွားမည် ဖြစ်ကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူးက ပြောကြား လိုက်သည်။

“ကျနော်တို့အနေနဲ့ နိုင်မယ်ထင်လို့ ၄၈ နေရာစလုံး ဝင်ပြိုင်တာ။ နိုင်မယ်/ မနိုင်ဘူးဆိုတာ လူထုရဲ့အဆုံးဖြတ်ပါပဲ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရသွားမယ်ဆိုရင်လည်း ပါတီအနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပါ”ဟု ကြံ့ခိုင်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက မဇ္စျိမကို ပြောသည်။

ဧပြီ ၁ ရက်နေ့ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်
လောင်း ၄၈ ဦး၏ အမည်စာရင်းများကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပြီးဖြစ်ရာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင်
ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်ပြိုင်ရန်အတွက် ဒေါက်တာစိုးမင်း အား ရွေးချယ်ထားကြောင်း ပါရှိသည်။
dawai6
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ခံရပါက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ အထွေထွေ အတွင်းရေးမှူးက ပြော (ဓါတ်ပုံ မဇ္ဈိမ)

ပါတီ ကိုယ်စားလှယ်လောင်းများ ရွေးချယ်သည့်မူနှင့် ပတ်သက်၍ ဦးဌေးဦး က “ရွေးချယ်ခံ ဒေသက ပြည်သူတွေကို ပိုပြီးအကျိုးရှိအောင် လုပ်မယ့်သူ၊ အရင်တုန်းကလည်း လုပ်ခဲ့တယ်။ အခုလည်း လုပ်နေတယ်။ နောင်လည်း လုပ်မယ်ဆိုတဲ့ လူမျိုးကို အဓိကထားပြီး ရွေးပါတယ်။ ဒေါက်တာစိုးမင်းက ကော့မှူးမြို့နယ်က စန်းရွာ ဇာတိသားဘဲ။ ဇာတိသားဖြစ်တဲ့အပြင် သူက ကော့မှူးက ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို တော်တော်လေးကို အလေးထားလုပ်ပါတယ်”ဟု ပြောသည်။

ဒေါက်တာ စိုးမင်းသည် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လစ်ထားသော ဖြိုးစေတနာ ဆေးခန်းတွင် လုပ်ကိုင်ပြီး နယ်လှည့် ကျန်းမာရေး စောင့်ရှောက်မှုပေးသူတဦး ဖြစ်သည့်အတွက် ရွေးချယ်ခံ ကိုယ်စားလှယ်ဖြစ်ပါက မြို့နယ်နေ ပြည်သူများ ပိုမိုတိုးတက်ရန်အတွက် ဆောက်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်၍ ရွေးချယ်ရခြင်း ဖြစ်သည်ဟု ဦးဋ္ဌေးဦးကဆိုသည်။

ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး အသုံးစရိတ်များကို ဗဟိုမှ ရွေးကောက်ပွဲ
ကော်မရှင်၏ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

ပြည်ထောင်စု ရွေးကောက်ကော်မရှင်သို့ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်
လောင်း အမည်စာရင်း တင်သွင်းရန် သတ်မှတ်ထားသည့် နောက်ဆုံးရက်တွင်မှ ကြံ့ခိုင်ရေးပါတီမှ ယခုကဲ့သို့ အမည်စာရင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းများ စာရင်းတွင် လက်ရှိ ပြည်ထောင်စုဝန်ကြီးများနှင့် နီးစပ်သူအချို့ ပါဝင်နေသည်။

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်တွင် ဝင်ပြိုင်မည့် ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်းသည် လက်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏ သားဖြစ်သည်။

စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးဌေးနိုင်သည်လည်း လက်ရှိ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်း၏ ညီ ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

သမ္မတ ဦးသိန်းစိန် အနိုင်ရခဲ့သည့် မန္တလေးတိုင်း ဇဗ္ပူသီရီမြို့နယ် မဲဆန္ဒနယ်မြေတွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဝင်းဌေး ဆိုသူက NLD ပါတီမှ ဟစ်ဟော့ပ်အဆိုတော် ကိုဇေယျာသော်နှင့် ယှဉ်ပြိုင်အရွေးခံမည် ဖြစ်သည်။

အမ်စတာဒမ်မှာ ဆုံကြမယ့် နိုင်ငံတကာရောက် ရဲဘော်များ

ကျနော်တို့ဟာ
မုန်တိုင်းကို ဆန်ရင်း
သင်းကွဲကြတဲ့ ငှက်အုပ်ပါ။
ပိတောက်နံ့သင်းတဲ့ လေပြေအေး
ဂေဟာဟောင်းကို တံခါးဖွင့်ဝင်
တူးပို့ တူးပို့ ဗုံသံလေး
ညီမလေးကို ထ,က,အောင်
ပြိုင်တူလက်ခုပ်တီးမယ်လို့
ပြန်ဆုံမယ့်နေ့ အမေ့အိမ်မှာ ...။

ခုနေမှာတော့
တယောက်အနားဖေး တယောက်ဆေးတင်
တယောက်ရင်ခွင် တယောက်မေးတင်လို့ ...။

ကျနော်တို့မှာ ... လိုအပ်တာ
ဘယ်အချိန်ထ,ဆိုဆို
‘အိုးဝေ’ သံချို ညီဖို့ပဲမဟုတ်လား။ ။
ယုံကြည်တဲ့ ...
မင်းကိုနိုင်

မြန်မာအပြောင်းအလဲ စိတ်မချရသေး

 ကြာသပတေး, 02 ဖေဖော်ဝါရီ 2012
အမေရိကန်ပြည်ထောင်စုကို ရောက်နေကြတဲ့ မြန်မာနိုင်ငံက ထင်ရှားကျော်ကြားတဲ့ တက်ကြွ လှုပ်ရှားသူတွေက မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေတယ်ဆိုတာဟာ လုံးလုံးလျားလျား ပြောင်းလဲသွားတာ မဟုတ်သေးဘဲ ပြောင်းလဲဖို့ အစပျိုးတဲ့ အခြေအနေမှာသာ ရှိနေတာဖြစ်ပြီးတော့ နိုင်ငံခြားတိုင်းပြည်တွေက ထင်နေသလိုမျိုး တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြောင်းလဲတာမျိုးလည်း မဟုတ်သေးဘူးလို့ ဖေဖော်ဝါရီလ ၂ ရက်က ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ အခမ်းအနားတခုမှာ ပြောကြားခဲ့ပါတယ်။
National Endowment for Democracy အဖွဲ့ရဲ့ ဖိတ်ကြားချက်နဲ့ ရောက်လာကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း အနုပညာရှင် ဇာဂနာ၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက ဒေါ်ဘောက်ဂျာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်ခင်သန်းမြင့်တို့နဲ့ ဝါရှင်တန်ဒီစီ အခြေစိုက် အမေရိကန်အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲ အကြောင်းကို ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ဦးရော်နီညိမ်းက တင်ပြပေးထားပါတယ်။
ဒီအခမ်းအနားကို ရောက်လာတဲ့ ကိုဇာဂနာက သူ့ရဲ့ အမေရိကန်ကိုလာရင်း ရည်ရွယ်ချက်ကို ဗွီအိုအေကို အရင်ဆုံး အခုလို ရှင်းပြပါတယ်။
“ကျနော်ဒီကိုလာတာ နံပါတ် ၁ - အလည်လာတာ မဟုတ်ဘူးပေါ့။ နောက်တခုက မြန်မာပြည်မှာ ခေတ်စားနေကြသလို shoping ထွက်တာလည်း မဟုတ်ဘူး၊ နောက် တတိယတချက်ကတော့ ကျနော် ဒီကိုလာတာ ဖျော်ဖြေပွဲလုပ်ဖို့ လာတာလည်း မဟုတ်ဘူးပေါ့။ ရောက်တဲ့နေ့ကတည်းက ပြောလိုက်၊ ဆိုလိုက်၊ ဆွေးနွေးလိုက်ရတာတွေ အားလုံးဟာ ကျနော်တို့ မြန်မာနိုင်ငံနဲ့ မြန်မာ ပြည်သူတွေရဲ့ အကျိုးအတွက်ပဲ ကျနော် ပြောနေရတာပါ”
ဒီကနေ့ပြုလုပ်တဲ့ပွဲမှာ မကြာခင်က မြန်မာနိုင်ငံကို ၂ ခေါက်သွားရောက်ခဲ့ဖူးတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်လ် ပို့စနာလည်း တက်ရောက်ခဲ့ပါတယ်။ မစ္စတာ ပို့စနာက မြန်မာနိုင်ငံခရီးစဉ်မှာ ကိုဇာဂနာအပါအဝင် တခြားသော နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ တက်ကြွလှုပ်ရှားသူတွေကို သူတွေ့ခဲ့ဖူးကြောင်းနဲ့ သူ့အနေနဲ့ အရင်က မြန်မာနိုင်ငံအကြောင်း ကောင်းကောင်းမသိခဲ့ဘဲ ဝန်ကြီး ဟီလာရီကလင်တန်နဲ့တခေါက်၊ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်နဲ့ မူဝါဒညှိနှိုင်းရေးမှူး ဒဲရက် မစ်ချဲလ်နဲ့တခေါက် သွားရောက်ခဲ့ပြီးတဲ့ နောက်မှာတော့ မြန်မာနိုင်ငံ အခြေအနေကို တဖြည်းဖြည်း သဘောပေါက်လာခဲ့ကြောင်းတွေ ပြောပြသွားခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့အရေးကို ဆက်ပြီးပံ့ပိုးသွားမယ်လို့ အခုလို ဆိုပါတယ်။
“ဒီမိုကရေစီစနစ်ကို ပြောင်းလဲရာမှာ လုပ်ရကိုင်ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ နမူနာတွေ ကျနော်တို့ တွေ့ခဲ့ကြရပါပြီ။ အီဂျစ်နိုင်ငံသားတွေဟာ သူတို့ရဲ့ အနာဂတ်ကို သူတို့ ပိုင်ဆိုင်ဖို့နဲ့ သူတို့ရဲ့ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ဖို့ ကြိုးပမ်းခဲ့ကြတာ မလွယ်ကူဘူးဆိုတာ ကျနော်တို့ မြင်ခဲ့ကြရပါပြီ။ ထိုနည်းတူပဲ မြန်မာနိုင်ငံဟာလည်း အီဂျစ်တို့လို၊ အာရပ်နိုင်ငံတွေနဲ့မတူ ကွဲပြား ခြားနားစွာနဲ့ ဒီမိုကရေစီ အခင်းအကျင်းတွေ ခက်ခက်ခဲခဲ တည်ဆောက်နေတာကို ကျနော်တို့က ပံ့ပိုး အားပေး ထောက်ခံသွားကြရပါမယ်”
ဒီပွဲကို တက်ရောက်လာကြတဲ့ အမေရိကန်အစိုးရအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းတွေက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေ သိလိုသမျှ မေးမြန်းကြတာကို တက်ကြွ လှုပ်ရှားသူတွေက ပြန်လည်ဖြေကြားကြပါတယ်။
ကချင်အမျိုးသမီးရေးရာတွေကို ဆောင်ရွက်နေတဲ့ ဒေါ်ဘောက်ဂျာက တနိုင်ငံလုံး ပြောင်းလဲကုန်ပြီလို့ ပြည်ပက ထင်နေကြမှာကို သူ့အနေနဲ့ စိုးရိမ်ကြောင်း အခုလို ပြောပြပါတယ်။
“တိုင်းရင်းသားဒေသတွေမှာ မဖွံ့ဖြိုးမချင်း၊ မအေးချမ်းမချင်းကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီဆိုတာ အလှမ်းဝေးနေပါသေးတယ်။ ဘယ်လိုပဲ ပြောင်းလဲပါတယ်လို့ ပြောနေပေမယ့် ပြောင်းလဲနေတာက နေပြည်တော်နဲ့ မြို့ပေါ်ဖြစ်တဲ့ ရန်ကုန်မြို့လောက်ပဲ ပေါ့နော်- အဲလောက်ပဲ နည်းနည်းလေး လှုပ်တာပါ။ ကြီးကြီးကျယ်ကျယ် ပြောင်းလဲခြင်း ဆိုတာတွေလည်း မရှိခဲ့ပါဘူး။
အဲဒါကြောင့် ကျမတို့ရဲ့ တိုင်းရင်းသားဒေသမှာ ဖြစ်နေတဲ့ အဓိက လိုအပ်ချက်ဟာ ငြိမ်းချမ်းရေးလည်း ဖြစ်သလို တိုင်းရင်းသားဒေသမှာ သူတို့တောင်းဆိုနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရရှိမယ်ဆိုရင် ကျန်တာက အလိုလိုနေရင်းနဲ့ ပြောင်းလဲသွားနိုင်မယ်လို့လည်း ကျမယုံကြည်ပါတယ်”
အရေးယူပိတ်ဆို့ ဒဏ်ခတ်တာတွေကို သူ့အနေနဲ့ မထောက်ခံပေမယ့် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုက မြန်မာ့အရေးမှာ လက်နက်ကိရိယာတခု ဖြစ်တယ်ဆိုတာကိုတော့ သူ သဘောတူကြောင်းကိုလည်း ကိုဇာဂနာက ဒီပွဲမှာ ပြောပါတယ်။ ဘာကြောင့် သူမထောက်ခံရသလဲဆိုတာ ဗွီအိုအေကို ကိုဇာဂနာက အခုလို ရှင်းပြပါတယ်။
“ပိတ်ဆို့ခြင်းကို ကျနော့ရဲ့ တဦးတည်း ပုဂ္ဂလိကဆန္ဒအရ ပြောရမယ်ဆိုရင် နည်းမျိုးစုံ လျှောက်ရှာ နေရတဲ့အတွက် အခြား မလိုလားအပ်တဲ့ထွက်ပေါက်တွေ ဖြစ်ကုန်မယ်။ အဲလိုမျိုး အလားသဏ္ဍန်နဲ့ ကျနော် နမူနာရှင်းတာပါ။ ကျနော် ဘယ်လိုပိတ်ပိတ်မကြိုက်ဘူး။ မကြိုက်တဲ့အတွက် ပိတ်တာမှန်ရင် ဘယ်ပိတ်တာကိုမှ ကျနော်မကြိုက်ဘူး ဆိုတဲ့ သဘောနဲ့ပြောတာပါ”
ကိုဇာဂနာအနေနဲ့ နယ်ပယ်အနှံ့ကလူတွေနဲ့ ထိတွေ့ဆက်ဆံနေသူဖြစ်တာကြောင့် အတွေ့အကြုံ၊ အကြားအမြင် အားလုံးအပေါ်မှာ ခြုံငုံပြီး မြန်မာနိုင်ငံမှာ တကယ်ပဲ ပြောင်းလဲနေပါပြီလားလို့ ဗွီအိုအေက မေးတဲ့အခါမှာတော့ -
“ကျနော်က အပြောင်းအလဲကို လုံးလုံးလျားလျား ပြောင်းလဲနေပြီလို့ ကျနော် မပြောနိုင်ဘူး။ သေချာတယ်။ မပြောင်းလဲသေးဘူး၊ ပြောင်းလဲမှုရဲ့ အစပျိုးနေတုန်းပဲ ရှိသေးတယ်။ ရောင်နီသန်း လာစလေးပဲ။ သို့သော် အဲဒီကနေ အမှောင်ထဲ ပြန်မရောက်သွားအောင် ရှေ့လျှောက်ပြီးတော့ အလင်းထဲပဲ ဆက်သွားမယ်။ အခုမှ ကျနော်တို့ ရောင်နီသန်းတာကို။
ရောင်နီသန်းပြီး နေ့ခင်း အလင်းရောင်ကို ကျနော်တို့ သွားရမယ်ဆိုရင် အဲဒီအချိန်မှာ တယောက်ကို တယောက် အညှိုးအတေးတွေ မရှိအောင် ဒီလူတွေကို network စမယ်။ ဒီလူတွေကို စုပြီးတော့ ရွှေ့သွားရင် တဖြည်းဖြည်းချင်းနဲ့ အလင်းထဲရောက်သွားရင် ကျနော်တို့တိုင်းပြည် ကောင်းလာမှာပေါ့။ ကျနော်တို့က သစ်ပင်ပေါ် မတက်ရဲတဲ့ရှင်လောင်း၊ ရေထဲတောင် မဆင်းရဲတဲ့ရှင်လောင်းလို ဖြစ်နေတယ်။ သိပ်ဂရုစိုက်ပြီး သိပ် fragile ဖြစ်နေတယ်။ အချိန်မရွေး ကျကွဲနိုင်တယ်”
ကိုဇာဂနာနဲ့အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုက တခြားသောမြို့ကြီးတွေမှာလည်း သွားရောက်ပြီးတော့ အလားတူ မြန်မာနိုင်ငံအကြောင်း မေးမြန်းဆွေးနွေး ဟောပြောပွဲတွေ တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

နားကြပ်တပ်ပြီး သီချင်းနားထောင်ရင်း လမ်းလျှောက်လျှင် ထိခိုက်ဒဏ်ရာရမှုပိုများ

အမေရိကန်နိုင်ငံမှ လေ့လာမှုတစ်ခုအရ နားကြပ်တပ်ပြီး သီချင်းနားထောင်ရင်း အလုပ်သို့မဟုတ် ကျောင်းသို့ လမ်းလျှောက် သွားသူများတွင် မတော်တဆ ဖြစ်မှုများကြောင့် ထိခိုက်ဒဏ်ရာရမှုများ၂ဝဝ၄ ခုနှစ်ကထက် သုံးဆပိုတိုးလာကြောင်း တွေ့ရှိရသည်။ မေရီလင်းတက္ကသိုလ်မှ သုတေသီများ၏အဆိုအရ i Pod နှင့် MP3များ အသုံးပြုခြင်းသည် ကား၊ ရထားများ တိုးတိုက်မိခြင်း အပါအဝင် ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှု လျော့နည်းစေကြောင်း တွေ့ရသည်။ ''လူငယ်တွေနဲ့ ဆယ်ကျော်သက်တွေကြား MP3သုံးစွဲမှုဟာ များပြားလာပါတယ်။ နားကြပ်တပ်ထားတဲ့ သူတွေဟာ ယာဉ်တိုက်ခံရမှု ပိုများနိုင်ပြီး ဒဏ်ရာရ သေဆုံးမှု ပိုများတာကို တွေ့ခဲ့ရပါတယ်။ နားကြပ်တပ်ပြီး လမ်းလျှောက်တဲ့ သူတွေဟာကား၊ ရထား၊ ထရပ်ကား၊ ဘတ်စကား စတာတွေရဲ့ တိုက်မှုခံကြရပြီး ထိခိုက်ဒဏ်ရာရသူတွေရဲ့ ၇ဝ ရာခိုင်နှုန်းဟာ သေလောက်တဲ့ ဒဏ်ရာတွေရကြကာ ၅ဝရာခိုင်နှုန်းဟာ ရထားတိုက်ခံခဲ့ရတာကို တွေ့ရပါတယ်''ဟု တွဲဖက်ပါမောက္ခ ဒေါက်တာရစ်ချတ်လီချင်စတိန်း ကရှင်းပြခဲ့ပါသည်။



၎င်းတွေ့ရှိချက်အား Injury Prevention ဂျာနယ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဤလေ့လာမှုအား လီချင်စတိန်းနှင့် အဖွဲ့သည် ၂ဝဝ၄ခုနှစ် ဇန်နဝါရီလမှ၂ဝ၁၁ ဇွန်လအတွင်း ရနိုင်သမျှသော အချက်အလက်များအား စုစည်းလေ့လာ ခဲ့ခြင်းဖြစ်သည်။ ဤကာလအတွင်း နားကြပ်တပ် လမ်းလျှောက်သူများအား ယာဉ်တိုက်မှု ၁၁၆ ခုရှိခဲ့ပြီး ၂ဝဝ၄-ဝ၅တွင် ၁၆ မှုသာရှိခဲ့ရာမှ ၂ဝ၁ဝ-၂ဝ၁၁တွင် ၄၇ မှုထိ သုံးဆနီးပါး တိုးတက်လာခဲ့ခြင်းဖြစ်သည်။ အတိုက်ခံရသူများ၏ သုံးပုံနှစ်ပုံမှာ အသက် ၃ဝ အောက်များဖြစ်ပြီး ၅၅ ရာခိုင်နှုန်းမှာ ရထားတိုက်ခံရခြင်းဖြစ်သည်။
ဤကဲ့သို့ နားကြပ်တပ်သီချင်း နားထောင်ရင်း လမ်းလျှောက်နေစဉ် ဘေးပတ်ဝန်းကျင်မှ အသံများကို သီချင်းသံက ပိတ်ပင်ထားသဖြင့် မကြားရသောကြောင့် ထိခိုက်မှုများ ဖြစ်ပွားရခြင်းဖြစ်သဖြင့် ပတ်ဝန်းကျင်အား မျက်စိရှင်ရှင်ထားကာ ကြည့်ရှုရင်း သွားလာသင့်ကြောင်း လီချင်စတိန်းက အကြံပေးထားပါသည်။

စစ်ပွဲများရပ်ရန်၊ တန်းတူညီမျှရေးရှိရန် ကွင်တားနားကို တိုင်းရင်းသားများ တင်ပြမည်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေးကွင်တားနားနှင့် သောကြာ နေ့တွင် တွေ့ဆုံမည့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီ ခေါင်းဆောင်များက တိုင်းရင်းသားနယ်မြေများတွင် ဖြစ် နေသော စစ်ပွဲများရပ်တန့်ရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကို အဓိကထား တင်ပြ ဆွေးနွေးသွားမည်ဟုဆိုသည်။
quintanaတိုင်းရင်းသားနယ်မြေများတွင် စစ်ပွဲများကြောင့်ထွက်ပြေးပုန်းရှောင်နေရသည့် ပြည်သူများ၏ အခြေအနေများ၊ လယ်ယာမြေ များကို အဓမ္မ အသိမ်းခံမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကို တင်ပြသွားမည်ဟု ကွင်တားနားနှင့် တွေ့ဆုံမည့် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ALD) မှ အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

၎င်းက “အဓိကတော့ ပြည်တွင်းစစ်ကို အကြောင်းပြပြီး အိမ်တွေမီးရှို့တာ၊ လူတွေကို မတရား ဖမ်းပြီးတော့ နှိပ်စက်တာ၊ အမေးအမြန်းမရှိပဲ ဖမ်းဆီးသွားတာ တချို့ဆိုပျောက်ဆုံးနေတာ၊ လူအများကြီး ဒုက္ခသည်စခန်းတွေမှာ ဒုက္ခရောက်နေကြ တာတွေကို ပြောဆိုသွားမှာပါ။”ဟု ပြောသည်။

ထို့အပြင် မလွတ်မြောက်သေးသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန်နှင့် လွတ်လပ်စွာ ခရီးသွားလာခွင့်များ ရရှိ ကြရန် ဆွေးနွေးသွားမည်ဟု ဇိုမီးအမျိုးသားကွန်ဂရက် (ZNC) ဥက္ကဌ ဦးပူကျင့်ရှန်းထန်က ပြောသည်။

အစိုးရဘက်မှ အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှုများကို ကချင်၊ ကရင်၊ ရှမ်းစသဖြင့် သီးခြားတွေ့ဆုံမှုများ မပြုလုပ်ဘဲ ပင်လုံညီလာ ခံလို တိုင်းရင်းသားအားလုံး စုဝေးဆွေးနွေးပွဲများ ပြုလုပ်ပေးရန် တိုင်းရင်းသားများ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ လျှောက်ထား ရာတွင် မခွဲခြားဖို့ စသည့်အရေးများလည်း ဆွေးနွေးကြမည် ဖြစ်သည်။

ထိုတွေ့ဆုံမှုမှတဆင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ ရှိနေသေးသည်ကို ကုလသမဂ္ဂ အပါအ၀င် အာဆီယံနိုင်ငံကြီးများနှင့် နိုင်ငံတကာမှ သိမြင်လာပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်သွားရန် အစိုးရအား ဖိအား ပေးနိုင်ရန် မျှော်လင့်ကြောင်း ဦးအေးသာအောင်က ယခုလို ပြောသည်။

၎င်းက “အထူးသဖြင့် လက်ရှိအစိုးရက လိုက်နာတာတွေ မလိုက်နာတာတွေကို နိုင်ငံတကာက သိမယ်။ နိုင်ငံတကာက ကျယ် ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးတော့ မြန်မာအစိုးရကို ဖိအားပေးမှုတွေ လုပ်နိုင်မှာပါ။”ဟု ဆိုသည်။

မစ္စတာ ကွင်တားနား၏ ကမ်းလှမ်းချက်အရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဥက္ကဌ ဦးခွန်ထွန်းဦး၊ ဇိုမီးအမျိုး သားကွန်ဂရက်(ZNC) ဥက္ကဌ ဦးပူကျင့်ရှန်ထန်း အပါအ၀င် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) မှ အထွေထွေအတွင်းရေးမှူး ဦးအေး သာအောင်တို့သည် ဖေဖော်ဝါရီလ ၃ရက်နေ့ ညနေပိုင်းတွင် UNDP ရုံး၌ သွားရောက်တွေ့ဆုံမည် ဖြစ်သည်။

မစ္စတာကွင်တားနားသည် မြန်မာနိုင်ငံကို ပြီးခဲ့သည့် ဇန်န၀ါရီလ ၃၁ရက်နေ့ မှ ၆ရက်တာ ခရီးအဖြစ် လာရောက်ကာ ဖေဖော်ဝါ ရီလ ၄ရက်နေ့တွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင် တိုင်းရင်းသား ခေါင်ဆောင်များနှင့် သွားရောက်တွေ့ဆုံမည်။

ကွင်တားနား၏ ယခုခရီးစဉ်မှ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး တိုးတက်ပြောင်းလဲမှု တွေ့ရှိချက်များကို စာတမ်းပြုစုပြီး မတ်လ တွင် ပြုလုပ်မည့် ၁၉ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲတွင် တင်ပြသွားမည် ဖြစ်သည်။

ကမ္ဘာ့ ပညာတတ်အများဆုံး ၁၀ နိုင်ငံ

Category: မောက္ခနိုင်ငံတကာသတင်းPublished on Thursday, 02 February 2012 09:41Written by စောပြည့်ညို

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လွန်ခဲ့သောနှစ် ၅၀ ထက် တက္ကသိုလ်ဘွဲ့ရဦးရေ ၂၀၀ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်း OECD ၏ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ အချို့သောနိုင်ငံများတွင် ဘွဲ့ရပညာတတ် ဦးရေ တိုးတက်လာသော်လည်း အချို့သောနိုင်ငံများတွင် သိသိသာသာ တိုးတက်လာခြင်းမရှိချေ။ ဝေါစတရိ ဂျာနယ်၏ ထုတ်ပြန်ချက်တွင် ဖွံ့ဖြိုးပြီး နိုင်ငံများတွင်သာ ဘွဲ့ရဦးရေ အများဆုံး ဖြစ်ကြောင်း တင်ပြခဲ့သည်။
ပညာတတ် အများဆုးံးသော ပြည်သူများမှာ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသူများဖြစ်ကြသည်။ အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါတို့သည် ပြည်တွင်း အသားတင် ထုတ်လုပ်မှုတွင် အမြင့်ဆုံးနိုင်ငံများဖြစ် ပြီး နော်ဝေ၊ သြစတြေလျ တို့သည် ဒုတိယလိုက်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများသည် ပညာရေး ကဏ္ဍတွင်ရင်းနှီးမြှုတ်နှုံမှု အများဆုံး နိုင်ငံများဖြစ်သည်။ ပညာရေးတွင် ရင်းနှီးမြှုတ်နှုံမှု အများဆုံးနိုင်ငံများမှ ပြည်သူများမှာ ပညာတတ်လူဦးရေ အများဆုံးဖြစ်သည်။

၁၀။ ဖင်လန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
စီးပွားရေးဖွံ့ဖြိုးမှုနှုန်း (၁၉၉၉-၂၀၀၉) ၁.၈ ရာခိုင်နှုန်း ( တတိယ အနိမ့်ဆုံး)
တဦးချင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှု ဒေါ်လာ ၃၆ ၅၈၅ ( အမြင့်ဆုံး အမှတ်စဉ် ၁၄)
လူဦရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉)း ၃.၁၅ ရာခိုင်နှုန်း ( အနိမ့်ဆုံး အမှတ် ၁၀)
ဖင်လန်နိုင်ငံသည် အခြားသော OECD နိုင်ငံများနှင့်နှိုင်းယှဉ်ပါက သေးငယ်သောနိုင်ငံဖြစ်သည်။ ၁၉၉၉-၂၀၀၉ ခုနှစ်အတွင်း ကောလိပ်ဘွဲ့ရ တနှစ်လျင် ၁.၈ ရာခိုင်နှုန်းတိုးလျက်ရှိသည်။ ဖင်လင်နိုင်ငံတွင် လူမှုရေးသိပ္ပံ၊ စီးပွားရေးဘာသာရပ်နှင့် ဥပဒေတို့မှာ လူကြိုက်မများသော ဘာသာရပ်များဖြစ်ပြီး၊ ကောလိပ်ကျောင်းသား အများစုမှာ အင်ဂျင်နီယာ ဘာသာရပ်၊ ထုတ်လုပ်ရေးဆိုင်ရာ ဘာသာရပ်နှင့် ဆောက်လုပ်ရေးဆိုင်ရာ ဘာသာရပ်တို့မှာ လူကြိုက်များသော ဘာသာရပ်များဖြစ်သည်။


၉။ ၾသစေၾတလ်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉)း ၃.၃ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၁)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၄၀၇၁၉ ( အမြင့်ဆုံးအဆင့် ၆)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉)း ၁၄.၆၃ ( တတိယ အမြင့်ဆုံး)
သြစတြေလျ၏ လူဦးရေတိုးတက်နှုန်းမှာ သက္ကရာဇ် ၂၀၀၀-၂၀၀၉ အတွင်း ၁၄.၆၃ ရခိုင်နှုန်းရှိသည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် လူဦးရေ တိုးတက်မှုနှုန်း တတိယ အမြင့်ဆုံးဖြစ်သည်။ သြစတြေလျနိုင်ငံသည် ပြည်သူ့ဘဏ္ဍာငွေအား ပညာရေးကဏ္ဍ၌ အသုံးပြုမှုမှာ OECD နိုင်ငံများအတွင်း အနိမ့်ဆုံးအဆင့် ၆ တွင်ရှိသည်။

၈။ ဗြိတိန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း ၄.၀ ရာခိုင်နှုန်း (အမြင့်ဆုံးအဆင့် ၉ တွင်ရှိသည်)
တဦးချင်းပြည်တွင်း အသားတင်ထုတ်ကုန် ဒေါ်လာ ၃၅ ၅၀၄ (အမြင့်ဆုံးအဆင့် ၁၆)
လူဦးရေ အပြောင်းအလဲ (၂၀၀၀-၂၀၀၉)း ၃.၄ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၃)
အခြားသော OECD အဖွဲ့ဝင်နိုင်ငံများနှင့် မတူဘဲ အင်္ဂလန်နိုင်ငံ၏ ပညာတတ်လူဦးရေ တိုးတက်မှုမှာ သက္ကရာဇ် ၁၉၉၉-၂၀၀၉ အတွင်း ၄ ရာခိုင်နှုန်းအထိ ရှိသည်။ အင်္ဂလန်နိုင်ငံသည် ပြည်သူ့ဘဏ္ဍာ ကိုပညာရေး၌ အသုံးပြုမှုမှာ OECD အဖွဲ့ဝင်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံးအဆင့် ၄ တွင်ရှိသည်။

၇။ နော်ဝေ
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉)
တဦးချင်း ပြည်တွင်း အသားတင်ထုတ်ကုန် ၅၆၆၁၇ ဒေါ်လာ (ဒုတိယ အမြင့်ဆုံး)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၇.၅၂ ရာခိုင်နှုန်း (အမြင့်ဆုံးအဆင့် ၁၄)
နော်ဝေနိုင်ငံသည် ပြည်သူ့ဘဏ္ဍာကို ပညာရေးကဏ္ဍ၌ အသုံးပြုရာတွင် တတိယ အများဆုံးနိုင်ငံဖြစ်သည်။ ဂျီဒီပီ၏ ၇.၃ ရာခိုင်နှုန်းကို အသုံးပြုသည်။ နိုဝေနိုင်ငံ၏ ၆၀ ရာခိုင်နှုန်မှာ ကောလိပ်ဘွဲ့ရများ ဖြစ်သည်။ နိုဝေ နိုင်ငံသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသော နိုင်ငံဖြစ်သည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် တဦးချင်းဝင်ငွေ ဒုတိယ အများဆုံးနိုင်ငံဖြစ်သည်။

၆။ တောင်ကိုးရီးယား
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၉ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၅.၃ ရာခိုင်နှုန်း ( အမြင့်ဆုံးအဆင့် ၅)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၂၉၁၀၁ ( အနိမ့်ဆုံးအဆင့် ၁၃)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၃.၇ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၄)
ကိုးရီးယားနိုင်ငံသည် OECD အဖွဲ့ဝင်နိုင်ငံများတွင် ဘွဲ့ရများသောနိုင်ငံဖြစ်သည်။ ၁၉၉၉-၂၀၀၉ ခုနှစ်အတွင်း ဘွဲ့ရဦးရေ ၅.၃ ရာခိုင်နှုန်းတိုးလာခဲ့သည်။ OECD အဖွဲ့ဝင်များကြားတွင် အမြင့်ဆုံးအဆင့် ၅ ရှိသည်။ ကိုးရီးယားကျောင်းသား အများစုကြိုက်နှစ်သက်သော ဘာသာရပ်များမှာ ပညာရေး၊ လူမှုရေးဘာသာရပ်၊ အနုပညာ ဘာသာရပ်တို့မှာ အမြင်းဆုံးဖြစ်သည်။

၅။ နယူးဇီလန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၀ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၃.၅ ( အနိမ့်ဆုံးအဆင့် ၁၄)
တဦးချင်းပြည်တွင်းထုတ်လုပ်မှု ဒေါ်လာ ၂၉၈၇၁ (အနိမ့်ဆုံးအဆင့် ၁၄)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၁၁.၈၈ ( အမြင့်ဆုံးအဆင့် ၈)
နယူးဇီလန်နိုင်ငံ၏ တဦးချင်းပြည်တွင်းထုတ်လုပ်မှုမှာ ဒေါ်လာ ၃၀၀၀၀ အောက်လျော့နည်းသည့်အတွက် OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၁၄ ရှိသည်။ လူဦးရေ ၄၀ ရာခိုင်နှုန်းမှာ ကောလိပ်အဆင့် တက်ရောက်သူများ ဖြစ်သည်။ ကမ္ဘာတွင်ကောလိပ်တက်ရောက်မှု အဆင့် ၅ တွင်ရှိသည်။
၎။ အမေရိကန် ပြည်ထောင်စု
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၁ ရာခိုင်နှုန်း
နှစ်စဉ် တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၀) ၁.၄ ရာခိုင်နှုန်း ( အနိမ့်ဆုံးဖြစ်သည်)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၄၆ ၅၈၈ (အမြင့်ဆုံးအဆင့် ၄)
လူဦးရေပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၈.၆၈ ( အမြင့်ဆုံးအဆင့် ၁၂)
အမေရိကန် ပြည်ထောင်စုတွင် ကောလိပ်ပြီးဆုံးမှုသည် လူဦးရေ အချိုးအစားနှင့်တွက် ချက်ပါက ၁.၄ ရာခိုင်နှုန်းသာရှိသည့် အတွက် OECD အဖွဲ့ဝင်နိုင်ငံ ၃၄ နိုင်ငံတွင် အနိမ့်ဆုံးဖြစ်သည်။ ပညာရေးအတွက် အသုံးစရိတ်မှာ ပညာရေး အသုံးစရိတ်စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်း ကို ပြည်သူ့ဘဏ္ဍာငွေမှ သုံးစွဲသည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၆ ရှိသည်။ အရွယ်ရောက်ပြီးသူ ပညာတတ် အများဆုံးသော နိုင်ငံဖြစ်သည်။
၃။ ဂျပန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၄ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၃.၂ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၀)
တဦးချင်း ပြည်တွင်းအသားတင် ထုတ်လုပ်မှု ဒေါ်လာ ၃၃၇၅၁ ( အနိမ့်ဆုံးအဆင့် ၁၇)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉ ရာခိုင်နှုန်း) ၀.၄၆ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၆)
ဂျပန်နိုင်ငံရှိ လူဦးရေ ၄၄ ရာခိုင်နှုန်းမှာ ကောလိပ် တက်ရောက်ဖူးသူများ ဖြစ်သည်။ ဂျပန်နိုင်ငံသည် အလယ်တန်းအဆင့် အောင်မြင်မှုတွင် ဖင်လန်နိုင်ငံနှင့် အဆင့်တူညီရှိသည်။ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု၏ ၁.၅ ရာခိုင်နှုန်းကို ကောလိပ်အဆင့် ပညာရေးတွင် သုံးသည့် အတွက် OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၁၇ တွင်ရှိသည်။

၂။ အစ္စရေး
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၅ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၀)
တဦးချင်း ပြည်တွင်း အသားတင်ထုတ်လုပ်မှု ၂၈၅၉၆ ဒေါ်လာ
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၁၉.၀၂ ရာခိုင်နှုန်း ( အမြင့်ဆုံး)
၂၀၀၇ ခုနှစ်တွင် ကောက်ယူသော စစ်တမ်းအရ အသက် ၂၅-၆၄ နှစ်အတွင်း ကောလိပ်ပညာ ပြီးဆုံးမှုသည် ၄၄ ရာခိုင်နှုန်းရှိသည်။ အမျိုးသားထုတ်ကုန်နှင့် တွက်ချက်ပါက ပညာရေး အသုံးစရိတ်မှာ ၂၀၀၀-၂၀၀၈ ခုနှစ်အတွင်း ကျဆင်းလာခဲ့သည်။

၁။ ကနေဒါ
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၅၀ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ( အနိမ့်ဆုံးအဆင့် ၅)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ၃၉၀၇၀ ( အမြင့်ဆုံးအဆင့် ၁၀)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၉.၈၉ ( အမြင့်ဆုံးအဆင့် ၁၀)
ကနေဒါနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ၅၀ ရာခိုင်နှုန်းမှာ ကောလိပ်ပညာ ပြီးဆုံးသူများ ဖြစ်သည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် အမြင့်ဆုံးဖြစ်သည်။ ပြည်တွင်းထုတ်လုပ်မှု၏ ၂.၅ ရာခိုင်နှုန်းကို ပညာရေးတွင် သုံးသည့်အတွက် OECD အဖွဲ့ဝင်များတွင် အမြင့်ဆုံးဖြစ်သည်။ ကနေဒါနိုင်ငံ၏ ကျောင်းသား ၂၅ ရာခိုင်နှုန်းမှာ ပြည်ပမှ ပြောင်းရွှေ့လာသူများဖြစ်သည်။
စောပြည့်ညို

ဟာသပညာရှင် ကိုသူရ ခေါ် ဇာဂနာရဲ့ ပထမဆုံး အမေရိကန်နိုင်ငံ ခရီးစဉ်

ဟာသပညာရှင် ကိုသူရ ခေါ် ဇာဂနာရဲ့ ပထမဆုံး အမေရိကန်နိုင်ငံ ခရီးစဉ်အဖြစ် ၀ါရှင်တန် ဒီစီ မြို့တော်နားက ဒါးလာစ် လေဆိပ်ကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့က ရောက်ရှိလာပါတယ်။
ကိုသူရကို RFA က သွားရောက်တွေ့ဆုံပြီး မေးမြန်းထားပါတယ်။

နေမျိုးဇင် အပြစ်မရှိကြောင်း တရားရုံးဆုံးဖြတ်

ဗုဒ္ဓဟူး, 01 ဖေဖော်ဝါရီ 2012
ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ အကျဉ်းဦးစီးဌာနကနေ အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ အရ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တရားစွဲဆိုထားတဲ့ တရားမဝင်ပစ္စည်း ခိုးသွင်းမှုကို ဒီကနေ့မှာ အင်းစိန်မြို့နယ်တရားရုံးကနေ အပြစ်မရှိကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပြီးခဲ့တဲ့လက နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့နေ့မှာပဲ ပုဒ်မ ၄၂ နဲ့ ပြန်ပြီးတော့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့ကို အပြစ်မရှိကြောင်း တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်း အခြေစိုက်၊ ဗွီအိုအေ သတင်းထောက် မအေးမာက တင်ပြပေးထားပါတယ်။
ပြည်တဲရေးဝန်ကြီးဌာနလက်အောက်၊ အကျဉ်းစီးဦးဌာနကနေ တရားလိုလုပ်တိုင်ကြားပြီး အမှုဖွင့် ခဲ့တာကတော့  ဗိုလ်ကြီးဟောင်းနေမျိုးဇင်ဟာ ဗိုလ်ချုပ်အောင်ဆန်းပုံပါ အင်္ကျီနဲ့ ဒေါ်အေင်ဆန်းစုကြည်ပုံပါ သော့ချိတ်ကို အင်းစိန်ထောင်ထဲ ယူဆောင်လာတယ်ဆိုပြီး အမှုဖွင့် တရားစွဲခဲ့တာပါ။
ဒီနေ့တရားရုံးထုတ်ချိန်မှာ အင်းစိန်မြို့နယ်တရားရုံးကနေ အပြစ်မရှိဘူးဆိုတဲ့အမိန့်ကိုချမှတ်ခဲ့တယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။
“အင်းစိန်မြို့နယ်တရားရုံးမှာပါ။ တရားသူကြီးရဲ့ တရားခွင်မှာ NLD ပါတီဝင်လူငယ်တွေရော၊ စိတ်ပါဝင်စားတဲ့ သူတွေရော တော်တော်များများလာရောက် နားထောင်ပါတယ်။ နောက် တရားသူကြီးက စတင်ဖတ်ကြားပါတယ်။ လျှောက်လဲချက်တွေနဲ့ စွဲဆိုချက်တွေကိုတော့ မပြောတော့ပါဘူးတဲ့- မပြောတော့ဘဲနဲ့ သုံးသပ်ချက်နဲ့ အမိန့်ကိုပဲ ဖတ်ပြပါတယ်။ သုံးသပ်ချက်ကို ဖတ်ပြရာမှာလည်း တရားလို အရာရှိတွေ တင်သွင်းလာတဲ့ ဗိုလ်ချုပ်ပုံပါတဲ့ အင်္ကျီတွေ၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ သော့ချိတ်တွေဟာ တရားမဝင်ဘူးဆိုတဲ့အကြောင်း လုံလောက်တဲ့ အထောက်အထားမရှိပါဘူး၊ နောက်ပြီး ဥပဒေပုဒ်မတွေလည်း မရှိပါဘူးတဲ့။ အကျဉ်းထောင်တွေထဲမှာ ပြဌာန်းထားတဲ့အထဲမှာလည်း မပါပါဘူးတဲ့။
ပြီးတော့ ကျနော်က သူတို့စွပ်စွဲသလို ခိုးသွင်းဖို့ ကြိုးစားတာ မဟုတ်တဲ့အပြင် ဒီပစ္စည်းတွေကလည်း တရားမဝင်ပစ္စည်း မဟုတ်ဘူးဆိုပြီးတော့ ပေါ်လွင်ထင်ရှား တွေ့ရှိရတဲ့အတွက်ကြောင့် ကွင်းလုံးကျွတ် လွှတ်လိုက်ပါတယ်တဲ့။ ကျနော်အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပါတယ်တဲ့”
ဒါဟာ ပြည်တဲရေးဝန်ကြီးဌာနလက်အောက်မှာ တရားရုံးကနေ အပြစ်မရှိဘူးလို့ ဆုံးဖြတ်တာဟာ ဖြစ်တောင့်ဖြစ်ခဲ အမှုကိစ္စ ဖြစ်ပြီး သူရဲ့အမှုဟာ ပထမဦးဆုံးတောင် ဖြစ်နိုင်တယ်လို့ ကိုနေမျိုးဇင်က ပြောပါတယ်။
“ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းယန္တရားကနေ တရားလိုပြုပြီးတော့ စွဲတင်တဲ့အမှုမှာ တရားခံအဖြစ် စွပ်စွဲခံရသူ လွတ်တယ်ဆိုတာ မရှိသလောက် ရှားခဲ့ပါတယ်- ကျနော်တို့ သမိုင်းမှာ။ ကျနော်သိ သလောက်ပေါ့နော် - ကျနော် ထမဆုံးပဲ ဖြစ်မလားတော့ မသိပါဘူး။ ပြည်ထဲရေးဝန်ကြီးဌာနက စွဲဆိုတဲ့ အမှုတခုကို တရားရုံးက အပြစ်မရှိကြောင်းဆိုပြီးတော့ ကွင်းလုံးကျွတ် လွှတ်လိုက်တဲ့အမှုဟာ။ ကျနော်တို့ ဝမ်းမြောက်ပါတယ်။ ဂုဏ်ယူပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရင်ထဲမှာ ကျနော်တို့ေ လးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီးတော့ တရားမဝင်ဘူးလို့ သုံးနှုံးစွပ်စွဲလာတာကိုခံရတဲ့ အမှုကြီးပေါ့နော်”
တရားမဝင် ပစ္စည်းလို့ အကျဉ်းထောင်က သတ်မှတ်ခဲ့တာက ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတီရှပ်နဲ့ ဒေါ် အောင်ဆန်းစုကြည်ပုံပါ သော့ချိတ်ဖြစ်နေတဲ့အတွက် ဒါဟာ မဖြစ်သင့်တဲ့အမှုဖြစ်တဲ့အတွက် ပြစ်ဒဏ်ကနေ လွှတ်ပေးလိုက်တယ်လို့ ယူဆတယ်လို့လည်း ပြောပါတယ်။
“အားလုံး အထွေထွေ ပါပါလိမ့်မယ် ခင်ဗျ၊ အားလုံးက ဝိုင်းဝန်း စိတ်ဝင်တစား စောင့်ကြည့် နေတာလည်း ပါပါတယ်။ ပြီးတော့ ဒီအမှုဖြစ်စဉ်ကိုကလည်း မဖြစ်သင့် မဖြစ်ထိုက်တဲ့အကြောင်း တရားသူကြီးတွေ ကိုယ်တိုင်ကလည်း လေးလေးနက်နက် ယုံကြည်တာလည်း ပါပါမယ်။ တရားသူကြီးတွေမှာ ချုပ်ခြယ်လွှမ်းမိုးခံရခြင်း မရှိဘဲ လွတ်လပ်စွာ၊ တည့်မတ်စွာစီရင်ပိုင်ခွင့် သူတို့မှာ ရရှိသွားလို့လည်း ပါပါမယ်ခင်ဗျ”
မြန်မာနိုင်ငံရဲ့တရားစီရင်ရေး မဏ္ဍိုင်တည့်မတ်စေဖို့အတွက် မတရားပြစ်ဒဏ်ချထာတဲ့အမှုတွေကို လည်း ဆက်လက်စိစစ်ပေးဖို့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က တောင်းဆိုပါတယ်။
“အစိုးရသစ်ရဲ့လက်ထက်မှာ ကျနော်ဟာ ပထမဆုံးအဖမ်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားလည်း ဖြစ်ခဲ့ ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်တဲ့နေ့မှာပဲ နောက်တမှုနဲ့အစွဲခံရပြီးတော့ ထပ်ပြီးအစွဲခံရ သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခု ၂ ပတ်ကျော် အကြာမှာပေါ့- နောက်ဆုံးစီရင်ချက် ချတဲ့ အချိန်မှာ ကျနော့်ကို ကွင်းလုံးကျွတ် လွှတ်လိုက်တယ် ဆိုတဲ့ အတွက်ကြောင့် ဒီ လပိုင်း အတောအတွင်းမှာ တရားစီရင်ရေး မဏ္ဍိုင်အနေနဲ့တော့ တည့်မတ်မှန်ကန်လာတယ်၊ ဆုံးဖြတ်ချက်တွေ မှန်ကန်လာတယ်လို့တော့ ပြောချင်ပါတယ်။
ဒါပေမယ့် ဆုံးဖြတ်ခဲ့ပြီးသော အမိန့်များ- အဲဒါက လက်ရှိ ထောင်ထဲမှာ လက်ရှိ အကျဉ်းကျခံနေရတဲ့ အမှုများကို၊ တရားစီရင်ရေးစနစ်ဟောင်းမှာ ဖမ်းဆီးထားခံရတဲ့သူများကို ပြန်လည်စစ်ဆေး ဖော်ထုတ်ပြီးတော့ မတရားဖမ်းဆီးထားခံရသူများအရေးကိုလည်း အစိုးရသစ်အနေနဲ့ ဆောင်ရွက်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိဖြစ်နေတဲ့ အမှုတခုခုကို မှန်ကန်စွာ ဆုံးဖြတ်လိုက်ရုံနဲ့ တရားစီရင်ရေး မဏ္ဍိုင် တည့်မတ်သွားမှာ မဟုတ်ပါဘူး”
ဗိုလ်ကြိးဟောင်းနေမျိုးဇင်ဟာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေနဲ့ ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခံရပြီး မကြာခင်ကမှ ပြန်လွတ်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်ပါတယ်။
သူဟာ သွေးအကူအညီပေးရေးနဲ့ တခြား လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်ရင်း အဖမ်းဆီးခံခဲ့ရပြီး နောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ပြန်လွတ်လာခဲ့ပြီး ဒီအမှုကတော့  ပြန်လွတ်တဲ့နေ့မှာပဲ တရားစွဲဆိုခံခဲ့ရတဲ့အမှုလည်း ဖြစ်ပါတယ်ရှင်။

ပြန်လွတ်လာသည့်​ နိုင်ငံ​ရေး​အကျဉ်း​သား​သံဃာများ​၏ သိမ်တက်ပွဲ ပိတ်ပင်ခံရ

ဆည်းပူးလေ့လာ၊ နိုင်ငံရေးပညာ (အခန်း ၁၊ အပိုင်း ၂)


ဒါလေးကွယ်နေလို့ 

မြန်မာပြည်ကို ပြန်လာချင်ရင် ပြန်လာနိုင်တယ် ပြောဆိုချက်နဲ့ ပတ်သက်ပြီး ကိုမိုးသီးဇွန် နှင့် မေးမြန်းချက်


ကိုမိုးသီးဇွန် ခင်ဗျား ဇန်န၀ါရီလ ၁၄ ရက်နေ့က ဒုတိယ ပြည်ထဲရေးဝန်ကြီး ဦးကိုကိုက ခင်ဗျားနဲ့ ဒေါက်တာစိန်ဝင်း ကို မြန်မာပြည်ကို ပြန်လာချင်ရင် လာနိုင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘာပြော ချင်ပါသလဲ။
ဟုတ်ကဲ့။ ကျနော်ကို ပြန်လာနိုင်ပါတယ်လို့ ဖိတ်ခေါ်သွားတဲ့ ဦးကိုကို ကို ကျေးဇူးတင်ပါတယ်။ ကျနော်အပါအ၀င် ပြည်ပ ရောက် ၈၈ မျိုးဆက်များ၊ ပြည်ပရောက်မြန်မာ နိုင်ငံသား ဒီမိုကရေစီအင်အားစုများဟာ မြန်မာပြည်မှာ ဒီမိုကရေစီ ပြန် လည်ထွန်းကားရေး၊ လူအခွင့်အရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး တို့အ တွက် နှစ်ပေါင်းများစွာ ကြိုးပန်းဆောင်ရွက်နေသူတွေ ဖြစ်ပါတယ်။ သူတို့အားလုံး ကိုယ်နိုင်ငံကိုကိုယ်ပြန်ပြီး တိုင်းကျိုးပြု ပြည်ကျိုးပြု ဆောင်ရွက်လိုသူများ ဖြစ်ပါတယ်။ အားလုံး လူ့ဂုဏ်သိကာရှိရှိ ပြန်လာနိုင်ဖို့ အတွက် လက်ရှိအစိုးရက တ ရားဝင်ဖိတ်ခေါ်မှုတွေ စီမံဆောင်ရွက်မှုတွေကို ပြုလုပ်ပေးဖို့ ကျနော် တိုက်တွန်းလိုပါတယ်။
ထိုင်းနိုင်ငံမှာ တရားမ၀င်နေထိုင်နေသူတွေ၊ ဒုက္ခသည်စခန်းမှာ တသိန်းကျော်ရှိနေတဲ့ မြန်မာပြည်သားတွေ၊မလေးရှားမှာ ဒုက္ခသည်လျောက်ထားသူ ၅ သိန်းရှိတယ်။ တသိန်းကျော်က ကုလသမဂ မဟာမင်းကြီးရုံးက တရားဝင် အသိမှတ်ပြုပြီး သားတွေလို့သိရတယ်။ ဂျပန်မှာ မြန်မာနိုင်ငံသား ထောင်နဲ့ချီရှိနေတယ်။ ဒီလူတွေဟာ သူတို့ မွေးရာနိုင်ငံကို ဘယ်တော့ ပြန်နိုင်မလဲ။ သူတို့ဟာ မြန်မာပြည်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေလုပ်မှ တိုင်းပြည်ဟာ တိုးတက်မယ်၊ ကြီးပွားမယ် ဆိုတာကို ပြောခဲ့သူတွေ၊ လုပ်ခဲ့သူတွေ ယုံကြည်ခဲ့သူတွေပါ။ ဒီလိုပြောခဲ့သူတွေကို အစိုးရက ကျေးဇူးတင်ရမှာပါ။ သူတို့ ရဲ့ကြိုးပန်းမှု၊ စွန့်လွတ်မှုတွေကို အသိမှတ်ပြုရမှာပါ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းပြည်တည်ဆောက်ရေးကို သူတို့တတ်အားသရွေ့ ဆောင်ရွက်နိုင်သူတွေပါ။ သူတို့နဲ့ စေ့စပ်ဖို့ ပြန်လာနိုင်ဖို့ သူတို့ဘ၀တွေ ပြန်လည်တည်ဆောက် နိုင်ဖို့ စီမံဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
တကယ်လို့အစိုးရက ဖိတ်ခေါ်မှု ကမ်းလှမ်းမှုတွေလုပ်လာရင် ကိုမိုးသီးက ပြန်မှာလား။
မြန်မာပြည်က တကယ်ပဲပြောင်းလဲပြီလား၊ ပြောင်းလဲမှုလမ်းစပေါ်ရောက်ပြီလား။ တိုးတက်ပြောင်းလဲမှုဖက်ကို ဦးတည် နေပြီလားဆိုတာ ကျနော် သိချင်ပါတယ်။ရောမမြို့ကြီးကို တနေ့တည်းနဲ့ တည်ဆောက်ခဲ့တာ မဟုတ်ဘူးဆိုတာ ကျနော် သိပါတယ်။ ကျနော်မျက်စိနဲ့ မြင်ချင်တယ်။
မြန်မာပြည်ကြီးကို ပြန်လည်တည်ဆောက်နေချိန်မှာ လိုအပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လွတ်လပ်မှုရှိရေး၊ လူတိုင်း ပါဝင်နိုင်ခွင့်ရှိရေး၊ တရားဥပဒေဆိုးမိုးရေး၊ အခွင့်အလမ်းတန်းတူညီမျှရှိရေး၊ နိုင်ငံသားတိုင်း မွေးရာပါ အခွင့်အ ရေးတွေရှိရေး၊ ငြိမ်းချမ်မှု တည်တန့်ရေးတွေဟာ အခြေခံ မြန်မာပြည်ကြီးကို ပြန်လည်တည်ဆောက်တဲ့အခါမှာ လိုအပ် နေတဲ့ အုပ်သဲကျောက်တွေ ဖြစ်ပါတယ်။ ဒီ အုပ်သဲကျောက်တွေကို ကျနော် သယ်ဆောင်ပေးချင်ပါတယ်။ ကျနော် သယ် ဆောင်ခွင့်ရှိရင် ပြန်ချင်တယ်။
အခု အေဘီအက်စ်ဒီအက်ဖ်နဲ့ရော၊ အက်ဖ်ဒီပီနဲ့ရော ဦးသိန်းစိန်အစိုးရက တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာတွေ ဖိတ်ခေါ် တာတွေရှိတယ်။ ဒါနဲ့ ပတ်သက်လို့ ဘာပြောချင်သလဲ။
တွေ့ဆုံဆွေးနွေးတာဟာ လက်နက်ချတာ မဟုတ်ပါဘူး။ ပဋိပက္ခကို ထိပ်တိုက်ရင်ဆိုင်တာမဟုတ်ဘဲ ဆွေးနွေးမှုနဲ့ ဖြေ ရှင်းတာ ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ အင်အားစုတွေဟာ ကိုယ့်မူတွေအပေါ်မှာ အကောင်းဆုံးရလဒ်ကို ရှာကြတာပါပဲ။
ကျနော် အေဘီအက်စ်ဒီအက်ဖ်မှာ တာဝန်ယူစဉ်ကလဲ ဗိုလ်ချုပ်မြ တာဝန်ပေးလို့ သက်ဆိုင်ရာ အစိုးရ န၀တ၊ နအဖ အ ဆက်ဆက်နဲ့ မကြာခဏ စေ့စပ်တာ၊ စကားပြောတာတွေ လုပ်ခဲ့ရပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့အတွက် အပစ်ခတ်ရပ်စဲရေးလုပ်ဖို့ ချင်းမိုင်မှာ သုံးလေးကြိမ် ဆွေးနွေးခဲ့ကြရပါတယ်။ ၁၉၉၁ လောက်မှာ
ပထမဆုံးအကြိမ် ကေအင်ယူ ဒုဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မောင်မောင်၊ ကေအန်ပီပီက ဥက္ကဋ္ဌ ထဲဖူးဖဲလ်၊ မွန်ပြည်သစ်ပါတီက ဥက္ကဋ္ဌ နိုင်ရွှေကျင်ရယ်၊ ကျနော်ရယ် တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူတချို့ကို သဘောတူထားခဲ့ကြပါတယ်။
အနှစ်သာရကတော့ ကိုယ့်ပါတီအဖွဲ့စည်းတွေရဲ့ ရပ်တည်ခွင့်၊ နယ်မြေအုပ်ချုပ်ခွင့်တွေအပေါ်မှာ အာဏာပိုင်နဲ့ ဒေသဖွံ့ ဖြိုးရေးနဲ့ လူထုအကျိုးကို ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒါကိုလက်တွေ ကျင့်သုံးနိုင်ရင် ယုံကြည်မှုရပြီး အနာဂတ် မှာ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးမှုရရှိစေမှာ ဖြစ်တယ်။
ဦးသိန်းစိန် အစိုးအရအနေနဲ့ ဘယ်လို ဖိတ်ခေါ်မှုတွေ၊ ဆောင်ရွက်မှုတွေကို ဆိုလိုတာလဲ။ ရှင်းပြနိုင်မလား
နိုင်ငံသားတွေအားလုံးဟာ ကန့်သတ်မှုမရှိဘဲ အချိန်မရွေး ပြန်လာခွင့်၊ သူတို့အလုပ်ကိုင်တွေ နိုင်ငံခြားမှာ သွားရောက် လုပ်ကိုင်ကြမယ်ဆိုရင်လည်း အချိန်မရွေးပြန်လည် သွားရောက်လုပ်ကိုင်နိုင်ခွင့်ပဲ ဖြစ်ပါတယ်။
လူဝန်မှုကြီးကြပ်ရေးက အကျင့်ပျက်ခြစားဝန်ထမ်းတွေရဲ့ မသမာမှုတွေကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေး ဖို့ ဖြစ်ပါတယ်။ အစိုးရကို နာမည်ပျက်စေတဲ့ အထဲမှာလဲ လူဝန်မှုကြီးကြပ်ရေးဝန်ထမ်းတွေရဲ့ မသမာမှုကလဲ အကြီးမား ဆုံးအချက်ကြီးတခု ဖြစ်နေတယ်။ နိုင်ငံတော်ရဲ့အခွန်ငွေတွေ ဆုံးရှုံးပြီး တိုင်းပြည်ကို နစ်နာနေပါတယ်။
တချို့သော ကျနော်တို့ မိတ်ဆွေတွေ မြန်မာသံရုံးတွေမှာ ဗီဇာသွားလျောက်တာတွေ ရှိတယ်။
ဒါက သူတို့မဖိတ်ခေါ်ခင် ကာလကတည်းကပါ။ တချို့တွေက နိုင်ငံသားမဖြစ်ဘဲ၊ သက်ဆိုင်ရာနိုင်ငံတွေက ထုတ်ပေး ထားတဲ့ ခရီးသွားလက်မှတ်တွေ ကိုင်ဆောင်ထားတဲ့သူတွေ ရှိတယ်။သူတို့ဟာ အကြောင်းအမျိုးအမျိုးကြောင့် ရောက်ရာ နိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံခဲ့ရသူတွေ၊ နိုင်ငံသားဖြစ်လာသူတွေ ရှိတယ်။ တချို့ကလဲ နယ်စပ်တွေမှာ တရားမ၀င် နေထိုင် နေရသူတွေ ဖြစ်ပါတယ်။
အစိုးရက အပေါ်ပိုင်းမှာ ပြောင်းလဲလိုတဲ့ ဆန္ဒတွေရှိပေမဲ့ အောက်ခြေအထိ ညွှန်ကြားချက်တွေ ရောက်သေးပုံမရဘူး။ ဒီ တော့ သံရုံးတွေက အခွန်ဆောင်ခိုင်းတာတွေ လုပ်ခိုင်းပါတယ်။ ဥပမာ ဂျပန်မှာရှိတဲ့ ကျနော့်မိတ်ဆွေ တယောက်က ယာ ယီခရီးသွားလက်မှတ် ကိုင်ထားရသူ ဖြစ်တယ်။ သူ့ကိုအခွန် ငွေဒေါ်လာ နှစ်သောင်းခွဲကျော် ဆောင်ခိုင်းပါတယ်။ သိတဲ့ အတိုင်းပဲ နိုင်ငံတကာရောက်နေတဲ့ သူတွေဟာ ဒီလောက် မချမ်းသာကြပါဘူး။ အစိုးရက အခွန် ငွေ ၂ ရာခိုင်နှုန်းပဲ ဆောင်ရမယ်လို့ အမိန့်ထုတ်ပြန်ပေးပေမဲ့ အောက်ခြေက ဗီဇာသွားလျောက်ကို နည်းမျိုးစုံနဲ့ ကြန့်ကြာအောင် လုပ်နေကြ တုံး ဖြစ်ပါတယ်။ ကျနော်မိတ်ဆွေတယောက်က အမေရိကန်နိုင်ငံသားပါ ဗီဇာသွားလျောက်တော့ ဒေါ်လာ ၃၀၀ ထပ် တောင်းတာ ခံရတယ်။ နေပြည်တော်ကို တင်ထားဆိုပြီး အချိန်ဆွဲထားတယ်။
နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေက ခွင့်ရခိုက်လေးလုပြီး မြန်မာပြည်ကိုပြန်ကြဖို့ ကြိုးစားရသူတွေပါ။ အချိန်ဆွဲနေတဲ့ အခါမှာ အခက်ကြုံပြီး ဘန်ကောက်တင်ပဲ လှည့်ပြန်လာခဲ့ရတယ်။ ဒီတော့ တိုင်းပြည်က သူဆီကငွေကို မရလိုက်ဘူးပေါ့။ သူမြန်မာပြည်ရောက်ရင် သူသုံးမယ်စွဲမယ်။ ဒါဆို စီးပွားရေးကိုတဖက်တလမ်းက တိုးတက်စေနိုင်တာပဲ မဟုတ်လား။
သူက ထိုင်းမှာပဲ သုံးစွဲသွားတော့ ထိုင်းနိုင်ငံရဲ့ ၀င်ငွေပဲ တိုးတက်သွားတာပေါ့။
ဝန်ထမ်းတိုင်း ဆိုးနေတယ်လို့ ကျနော် မဆိုလိုပါဘူး။ ဒါပေမဲ့ အများစုဟာ ခြစားမှုတွေနဲ့ ပျက်စီးနေကြပါတယ်။ ဒါတွေကို ပြုပြင်ဖို့ အရေးယူဖို့ လိုပါတယ်။
နောက်တခုက ကျနော် မိတ်ဆွေမြန်မာနှစ်ဦးကို မေးကြည့်တယ်။ ပြန်မလားပေါ့။ သူတို့ပြောတာက မြန်မာပြည်မှာ ကြက် သားဟင်းနဲ့ ထမင်းစားနိုင်ဖို့၊ နက်စ်ကော်ဖီ သောက်နိုင်ဖို့ မလွယ်ဘူးတဲ့။ မပြန်ရဲသေးဘူးတဲ့။
သူတို့ ဒီမှာအထိုက်အလျောက် လုပ်ကိုင်စားသောက်လို့ ရနေပေမဲ့ မြန်မာပြည်ထဲ ပြန်သွားတဲ့အခါမှာ အလုပ်အကိုင်နဲ့ အခွင့်အလမ်းတွေ ဒီမှာလို ရနိုင်မလားဆိုတာ မေးခွန်းရှိပါတယ်။ သူတို့က ဒီလိုအခြေအနေတွေကို စွန့်လွှတ်ပြီး ပြန်ချင် ကြပေမဲ့ အခွန်ဆောင်ခိုင်းတာမျိုးတွေလို ရှိနေတော့ ပြန်နိုင်ဖို့ခက်တယ်။
နောက်တခုက ထိုင်းနိုင်ငံမှာ တရားမ၀င်နေထိုင်နေရတဲ့ ဒီမိုကရေစီအင်အားစုများ ဖြစ်ပါတယ်။သူတို့မှာ ဘာမှအထောက် ထားတွေ မရှိတော့ပါဘူး။
နောက်တခုက ခေတ်မမီတော့တဲ့ သံရုံးက ဗီဇာဖေါင်ကိစ္စ။
သံရုံးက ဗီဇာဖေါင်မှာ ဆွေစဉ်မျိုးဆက် အကုန်လုံးရဲ့အချက်အလက်တွေကို ဖြည့်ခိုင်းတာတွေ ရှိနေတယ်။ အလွန်ရယ်ဖို့ ကောင်းပါတယ်။ အချက်အလက်တွေအကုန်လုံး ရေးပေးလိုက်လို့လဲ သွားရောက်စစ်ဆေးနိုင်တဲ့ ယန္တယားမရှိဘူးဆိုတာ ကျနော်တို့ သိနေပါတယ်။ ဒါက ဘယ်နိုင်ငံကို ဗီဇာလျောက်လျောက် ဒါမျိုးမတွေ့ဖူးဘူး။ မြန်မာပြည်သားအချင်းအချင်းပဲ ဒီလိုအချက်အလက်တွေ ဖြည့်နေတာက တကယ်လိုအပ်သလား။ ခေတ်မီသေးလားဆိုတာ ပြန်သုံးသပ်ကြဖို့ လိုမယ်။
နိုင်ငံတကာကတော့ နာမည်၊ လိပ်စာနဲ့ လက်ဗွေပဲ ယူပါတယ်။ လူတွေက အသက်တွေကြီး နိုင်ငံခြားမှာ ကိုယ့်အလုပ် ကိုယ်ရှုပ်ဆိုတော့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် စာရင်းကြီးကို ဘယ်သူကမှ ခေါင်းထဲမှာ မှတ်မထားနိုင်ဘူး။
နိုင်ငံသားတွေရဲ့ အချက်အလက်တွေသိထားလို့ နိုင်ငံတော်လုံခြုံရေးကို တကယ်မကာကွယ်နိုင်ပါဘူး။
ဥပမာဆိုပါစို့ ကျနော်ဆိုရင် ကျနော်အဖေမှာ ညီမတယောက်၊ အကိုတယောက်ရှိတယ်။ ကျနော် အဖေက ဖျာပုံ ကပါ။ အဒေါ်နာမည်ကလွဲလို့ ဦးလေးနာမည်ကိုတောင် ကျနော် မမှတ်မိတော့ဘူး။ သူတို့သားသမီးတွေ ဘယ်နှစ်ယောက်လဲ ဘယ်သူတွေလဲ ကျနော် မသိတော့ဘူး။ ကျနော့် မိဘတွေအိမ်ဟာ ဖျက်သိမ်းတဲ့ထဲ ပါသွားတယ်။ ဒီအိမ်မှာ ကျနော် ကြီး ပြင်းခဲ့တယ်။ ကျနော်ပြန်သွားရင် အိမ်မရှိတော့ဘူး။ အဖျက်ခံရတဲ့နေရာက မြေကွက်လပ်ကြီး ဖြစ်နေတယ်။ တခါတလေ ကျနော် ဂူဂဲလ်ကနေ ကျနော်တို့အိမ် မြေကွက်လပ်ကြီးကို ကြည့်ဖြစ်ပါတယ်။
ကျနော့် အမေပဲ ရှိတော့တယ်။ အမေ့လိပ်စာကို ကျနော်မသိဘူး။ ထောက်လှမ်းရေးကို ပြန်မေးရမလို ဖြစ်နေတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ကျနော့် တူလေးတယောက်ရှိတယ်။ ကျနော့်လိုပဲ အေဘီအက်စ်ဒီအက်ဖ်မှာ အမှုထမ်းခဲ့တယ်။ တော ထဲမှာ သူငှက်ဖျားပို ခေါင်းထဲဝင်ပြီး သူဟာ ရူးသွားတယ်။ ဘန်ကောက်မှာ ဆေးကုနေတုံး ဗိုလ်ချုပ်ခင်ညွန့် ထောက်လှမ်း ရေးတွေရဲ့အဖမ်းကိုခံရတယ်။ မြန်မာပြည်ကို ပြန်ပို့တယ်။ နှိပ်စက်ညှဉ်းပန်းပြီး သေခါနီးမှာ အမေ နေနေတဲ့ အိမ်ရှေ့မှာ လာချသွားတယ်။ တလလောက်အကြာမှာ သူဆုံးသွားတယ်။ ၂၀၀၂ ခုနှစ်လောက်ကပါ။
ဒီတော့ ကျနော့် အမေလိပ်စာသစ်ကို သူတို့ သိမယ်။

လွန်ခဲ့သော နှစ်ပေါင်း ၇ဝ ခန့်က သူရိယသတင်းစာတွင် ဖော်ပြခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ မင်္ဂလာသတင်း