ထိပ်ပြောင်ကြီးတို့  အားမငယ်စရာ - - -


အမျိုးသားများ ဆံပင်ကျွတ်ခြင်း အကြောင်းသိကောင်းစရာ

၁ ။ ဆံပင်ကျွတ်ခြင်းဆိုတာ အဖြစ်များတဲ့ပြဿနာ တစ်ခုပါ ။

American Hair Loss Association ရဲ့အဆိုအရ ယောင်္ကျားတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ အသက်ငါး ဆယ်အနား ချဉ်းကပ်လာပြီဆိုတာနဲ့ ဆံပင်ပါးခြင်းဆိုတဲ့ အရာကို ရင်ဆိုင်ကြုံတွေ့ရပါပြီ ။ အချို့သော ယောင်္ကျားတွေမှာ အ သက် ၂၁ နှစ်မတိုင်ခင်မှာပဲ ဆံပင်ကျွတ်ခြင်းကို စတင်ကြုံတွေ့ရလေ့ ရှိပါတယ် ။

၂ ။ ဆံပင်ကျွတ်ခြင်းအကြောင်းကို လေ့လာဆန်းစစ်ခြင်း

ဘေ့စ်ဘောရိုက်တဲ့အခါဆောင်းတဲ့ဦးထုပ်ကို ဆောင်းခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကိုဖြစ်ပေါ်စေပါသလား ?

မဟုတ်ပါဘူး ။ တစ်စုံတစ်ယောက်က သူ့လက်ချောင်းတွေနဲ့ သင့်ဦးပေါင်းကို ပွတ်သတ်ခြင်းဟာလည်း ဆံပင် ကျွတ်ခြင်းကိုမဖြစ်ပေါ်စေနိုင်ပါဘူး ။ ဘီးဖီးခြင်း ၊ ဘရပ်ခ်ျနဲ့ပွတ်ခြင်း၊ ဆံပင်ကိုလိမ်ကောက်ခြင်း နှင့်ပုံသွင်းခြင်း စသည် တို့ကလည်း မဖြစ်စေနိုင်ပါဘူး ။ ဒါပေမယ့် ဆံပင်သားတွေ မပျက်ဆီးအောင်တော့ အထက်ပါ အကြောင်းအရာတွေကို ကြမ်းကြမ်းတမ်းတမ်းမပြုမိလုပ်ဖို့တော့လိုပါတယ် ။

၃ ။ ဆေးလိပ်ဖြတ်ခြင်းက သင့်ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သလား ။

လေ့လာမှုတွေအမျိုးအမျိုးအရ ဆေးလိပ်သောက်ခြင်းဟာ ယောင်္ကျားလေးတွေမှာ ဆံပင်ကျွတ်ခြင်းကို ပိုမိုဆိုး ရွားတာ မြန်စေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ် ။ ဒါကြောင့် သင့်ဆေးလိပ်ဖြတ်ဖို့ အကြောင်းအရင်းတွေထဲမှာ ဆံပင် ကျွတ်ခြင်းကိုပါ ထည့်သွင်းလိုက်ပါ ။

၎ ။ ဆံပင်ကျွတ်ခြင်းဟာ သင့်ရဲ့ကျန်းမာရေးအခြေအနေကို ဘယ်လိုပြောပြသလဲ ။

ကံကောင်းထောက်မစွာနဲ့ Alopecia လို့ခေါ်တဲ့ ဆံပင်ကျွတ်ခြင်း( ဦးခေါင်းပြောင်ခြင်း) ရဲ့ ဖြစ်စဉ် အများစုမှာ တော့ ရောဂါ တစ်ခုခုနဲ့ ဆက်နွယ်မှုမရှိဘူးဆိုတာသိရပါတယ် ။ ပြီးတော့ ဒါဟာ ကျန်းမာရေး ချို့တဲ့မှုကိုလည်း မဖြစ်စေ နိုင်ပါဘူး ။ ဒါပေမယ့် လည်း ပထမဆုံးအနေနဲ့ ဆံပင်တွေကျွတ်ပြီဆိုတာနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးလာပါတယ် ဒါမှမဟုတ် ဆံပင်ကျွတ်တာကြောင့် လက်ရှိအသက်အရွယ်အစားထက် ပိုမိုအိုမင်း သ ယောင် ကိုယ့်ကိုယ်ကိုယ် ထင်လာတတ်ပါတယ် ။

၅ ။ ဘယ်အရာတွေက ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေသလဲ ။

အမျိုးသားတွေရဲ့ ဆံပင်ကျွတ်ခြင်းရဲ့ ၉၅% ဟာ အမှန်တော့ မျိုးရိုးဗီဇ ( Genetic trait ) ကြောင့်သာ လျှင်ဖြစ်ပါတယ် ။ မျိုးဗီဇ (gene) ဟာ မိဘတစ်ဦးချင်းစီကနေ ဆင်းသက်လာပါတယ် ။ တချို့ ဆံပင်ကျွတ်ခြင်း တွေမှာတော့ ရောဂါတစ်ခုခုကို ကုသနေတဲ့ဆေးဝါးတွေကြောင့် ၊ ဗီတာမင်အေဓါတ်တွေ အလွန်အမင်း များပြား နေတဲ့အတွက်ကြောင့် ဒါမှမဟုတ် ပရိုတိန်းဓါတ်တွေကို လုံလောက်စွာ မရှိလို့ ဆံပင်တွေကျွတ်တာကို ဖြစ်ပေါ်စေ နိုင်ပါတယ် ။ Telogen effluvium လို့ခေါ်တဲ့ ပုံပြင်ဆန်ဆန် ဆံပင်တွေကျွတ်ကျခြင်းကတော့ ဖျားနာခြင်း သို့မ ဟုတ် စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

၆ ။ သင့်ဆံပင်တွေကို ဘယ်လိုထိမ်းသိမ်းမလဲ ။

ဆံပင်မကျွတ်အောင်ကာကွယ်ခြင်းက ဆံပင်တုတွေ ထပ်စိုက်ခြင်းထက်ပိုမိုလွယ်ကူပါတယ် ။ အကယ်၍ သင်နည်း လမ်း ရှာချင်တယ်ဆိုရင်တော့ အဲဒီနည်းလမ်းက သင့်ကို ထောက်ပံ့ပေးမှာပါ ။ တိတိကျကျသာ လိုက်နာ ပါ ။ ဒါပေမယ့် ဂရုစိုက်ဖို့တော့လိုပါတယ် ။ အံ့သြဖွယ်ရာ ထုတ်ကုန်တွေနဲ့ ကုသမှုတွေဟာ သိပ်ပြီး ယုံကြည်ဖွယ်တော့မကောင်းပါဘူး ။ အတုအယောင်တွေများပါတယ် ။ သင်သံသယရှိမယ်ဆိုရင်တော့ သင့်ရဲ့ ဆရာဝန်သို့မဟုတ် အရေပြားဆရာဝန်က သင့်ကို ကူညီနိုင်ပါလိမ့်မယ် ။

၇ ။ ဆံပင်ကျွတ်ခြင်းအတွက် ဆေးတစ်လက် - Minoxidil

မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ ဆံပင်ကျွတ်ခြင်းကို ကုသဖို့နည်းလမ်းမရှိပေမယ့်လည်း အချို့သောဆေးဝါးတွေနဲ့ ဆံပင် ကျွတ်တာကို နှေးအောင်တော့ပြုလုပ်လို့ရပါတယ် ။ Minoxidil ဆိုတာ ဆံပင်ကျွတ်ခြင်းအတွက် သင့်ရဲ့ဦး ရေပြားအတွက် FDA က ထောက်ခံပေးထားတဲ့ ဆေးဝါးတစ်လက်ဖြစ်ပါတယ် ။ အဲဒီဆေးဟာ ယောင်္ကျားတွေမှာ ဆံပင်ကျွတ်ခြင်းကို နှေးစေပြီး အချို့ယောင်္ကျားတွေမှာ ဆံပင်အသစ်တွေကိုတောင်ပြန်ပေါက်စေပါတယ် ။ ဒါပေမယ့် သင်ဆေးသုံးတာကို ရပ်လိုက်တာနဲ့ သင့်ဆံပင်ကျွတ်ခြင်းဟာ နဂိုအတိုင်းပြန်ဖြစ်နေမှာပါပဲ ။

၈ ။ မျိုးရိုးဗီဇအရ ဆံပင်ကျွတ်ခြင်းကို ဘာတွေမျှော်လင့်မလဲ ။

မျိုးရိုး ဗီဇအရ ဆံပင်ကျွတ်ခြင်း (Male-pattern baldness) ရဲ့လက္ခဏာတွေတော့ M ပုံသဏ္ဍာန် လမ်း ကြောင်းဖြစ်ပေါ်ခြင်းပါ ။ ပြီးတော့ သင့်ဦးခေါင်းထိပ်ကဆံပင်ဟာ စတင်ပြီး ပါးလာပါလိမ့်မယ် နောက်ပြီးတော့ အကွက် လိုက် ထိပ်ပြောင်လာပါလိမ့်မယ် ။ အဲဒီလို တပြိုင်နက် လမ်းကြောင်းနှစ်ခု ဆုံတွေပြီဆိုရင် မြင်းခွာပုံ သဏ္ဍာန် လမ်းကြောင်းတွေ ဘေးဖက်မှာ ဖြစ်ပေါ်လာပါလိမ့်မယ် ။ ဒီ Male-pattern baldness ကို ပုံဖော်ထားတဲ့ ဟာကို Norwood scale လို့ခေါ်ပါတယ် ။

၉ ။ Male-Pattern Baldness - ဟော်မုန်းတွေကြောင့်လား ။

ဒီ မျိုးရိုးဗီဇကြောင့်ဆံပင်ကျွတ်ခြင်းမှာ DHT လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးဟာ ဆံပင် ဆံပင်ချောင်း ( Hair Follicles) တွေကို သေးသိမ်ပိန်လှီသွားစေပါတယ်။တပြိုင်နက်ထဲမှာပဲ ဒီဆံပင်ချောင်းတွေအရမ်းကို သေးငယ်ပါး လွှာလာတနဲ့တပြိုင်နက် အဲဒီနေရာမှာ ဆံပင်တွေဆက်လက် မကြီးထွားတော့ပါဘူး ။

၁၀ ။ ဆံပင်ကျွတ်ခြင်းအတွက် Finasteride

ဆရာဝန်ညွှန်ကြားချက်ပါမှ သောက်လို့ရတဲ့ ဆေးကို Prescription pill လို့ခေါ်ပါတယ် ။ အဲဒီလိုဆေး တွေထဲမှာတော့ Finasteride ဟာ ခန္ဓာကိုယ်က DHT ဟော်မုန်းထွက်တာကို နှေးကွေးစေခြင်းအားဖြင့် ဆံပင် ကျွတ်ခြင်းကို လည်း နှေးကွေးစေပါတယ် ။ အဲဒီဆေးကို သောက်ခြင်းဖြင့်လည်း တချို့ယောင်္ကျားတွေမှာ ဆံပင်အ သစ်ပြန်ပေါက်လာတာတွေ့ရပါသေးတယ် ။ ယေဘူယျအားဖြင့် Minoxidil ထက် စာရင်ပို ကောင်း ပါတယ် ။ ကိုယ်ဝန်ဆောင်မိခင်တွေတော့ ဒီဆေးကို မသုံးသင့်ပါဘူး ။ ဒီဆေးဟာ သန္ဓေသား ယောင်္ကျား လေးကို မွေးရာပါချို့ယွင်းချက်တွေ ပါလာနိုင်စေတဲ့အတွက်ဖြစ်ပါတယ် ။ Minoxidil လိုပဲ သူကလည်း သုံးတဲ့ အချိန်ကာ လအလျောက်ပဲ အစွမ်းရှိတာဖြစ်ပါတယ် ။

၁၁ ။ ဆံပင်တု တပ်သင့်လား ။

ဆံပင်တုတွေဟာလည်း ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ရှိပါတယ် ။ အချိန်ပေးပြီးလေ့လာခြင်းအားဖြင့် သင်နဲ့ ကိုက်ညီတဲ့ တစ်ခုကို မှန်ကန်စွာရွေးချယ်နိုင်ပါတယ် ။ အရည်အသွေးနဲ့ ဈေးနှုန်းတွေပေါ်မှုတည်ပြီး အမျိုးမျိုး ကွဲပြားခြား နားမှုရှိ ပါတယ် ။ ဒါ့အပြင် ဆံပင်တုတွေဟာ ပုံမှန်ထိမ်းသိမ်းဖို့လိုပြီး အဲဒီအတွက် တစ်လကို $60 မှ $300 အတွင်း ကုန်ကျပါတယ် ။ သင်ဈေးဝယ်ထွက်တဲ့အခါ သင့်ရဲ့မူလဆံပင်အရောင် ၊ အထူ နဲ့ အကောက် အကွေး တွေနဲ့ ဆင်တူတဲ့ဆံပင်တုကို ရွေးချယ်ဖို့အရေးကြီးပါတယ် ။

၁၂ ။ ဆံပင်ပြန်စိုက်ရင် ဘာဖြစ်မလဲ ။

ဆရာဝန်တစ်ယောက်ဟာ ကျန်းမာသံစွမ်းတဲ့နောက်ပိုင်းကဆံပင်ကိုယူပြီး သင့်ဦးခေါင်းရဲ့ ထိပ်ပိုင်းနဲ့ ဘေးဖက် တွေကို သဘာဝအတိုင်းကြည့်ကောင်းအောင် ပြန်စိုက်ပေးပါလိမ့်မယ် ။ ဆံပင်ပြန်စိုက်ခြင်းဟာ အကုန်အကျ များပြီး သင့်မှာ လုပ်ဆောင်ရမယ့်အချက်တွေအများကြီးရှိပါတယ် ။ ၂ လလောက်ကြာပြီးတဲ့အခါ စိုက်ထားတဲ့ ဆံပင် အများစုဟာ ကျွတ်ထွက်သွားပါတယ် ။ ဒါပေမယ့် အဲဒီနေရာမှာ ဆံပင်အသစ်တွေပြန်ပေါက်လာပါတယ် ။ ၆ လအတွင်း မှာပဲ ဆံပင်ဟာ မူလအတိုင်း ပြန်ဖြစ်သွားပါတယ် ။

၁၃ ။ သင့်မှာရှိတဲ့ဆံပင်ကိုအကောင်းဆုံး ထိမ်းသိမ်းပါ ။

သင့်ရဲ့ဆံပင်ကျွတ်ခြင်းကို လူတွေ သတိမထားမိအောင် ပြုပြင်နိုင်တဲ့ ဆံပင်ပြုပြင်နည်းအချို့ရှိပါတယ် ။ ပါးနေတဲ့ ဆံပင်တွေကို ညှပ်ထုတ်ခြင်းက သင့်ကို သိသာထင်ရှားတဲ့ ဘီးဖီးခြင်းကနေ လွတ်ကင်းစေမှာပါ ။ ဆံပင် ထိမ်းသိမ်း ခြင်းနဲ့ ပြုပြင်တဲ့ ထုတ်ကုန်တွေက သင့်ဆံပင်ရဲ့ အုံကို ထူစေမှာပါ ။ မျှတဲ့အာဟာရကိုစားသောက်ခြင်း နဲ့ ဆံ ပင်ကို ဖြေးညှင်းစွာ ကိုင်တွယ်ခြင်းကလည်း ကူညီပေးနိုင်ပါတယ် ။


၁၄ ။ အကောင်းဖက်ကိုပဲ တွေးပါ ။

ဆံပင်တစ်ခုတည်းနဲ့ လူသားတစ်ယောက်ကို မဖန်တီးနိုင်ပါဘူး ။ သင့်မှာ ဒီထက် အရေးကြီး တဲ့အရာတွေ ရှိသေးတယ်ဆိုတာ သတိရပါ ။ သင် ပြုလုပ်နိုင်တဲ့အရာတွေကို ဂရုတစိုက်ပြုလုပ်ပါ ။ ဥပမာ အပူထဲသိပ်မထွက်ပဲ နေရိပ် ထဲမှာ နေခြင်းမျိုးပေါ့ ။ ဒါတွေဟာလည်း သင့်ကို အထောက်အကူပေးပါတယ် ။ အကယ်၍သင့်စိတ်ကို မြှင့် တင်ဖို့ လိုအပ်မယ်ဆိုရင်တော့ Ed Harris, Patrick Stewart နဲ့ Michael Jordan ကဲ့သို့ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့ ထိပ်ပြောင်လူသားတွေကို အတုယူပါ ။ ပြီးတဲ့နောက်မှာတော့ အရာအား လုံးကိုအ ကောင်းမြင်နိုင်အောင်ကြိုးစားပါ ။

ဒီလောက်ပဲလား

ဒုတိယ၀န်ကြီးနှစ်ဦးနှင့် ပြည်ထောင်စု ရွေးကောက်
ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးအား အသီးသီး ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း

လွတ်လပ်သမဂ္ဂများ ပေါ်ပေါက်ရေး ILO မှာ FTUB ဆွေးနွေးမည်

  နေမျိုး | ကြာသပတေးနေ့၊ ဇွန်လ ၀၇ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၃၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO ညီလာခံတွင် မြန်မာနိုင်ငံတွင်း လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ပေါ်ပေါက်ရေးအတွက် တင်ပြဆွေးနွေးမည်ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ FTUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် က ပြောသည်။

ဗကသ သတိပေးခံရ


                               (ဗကသ) ဥက္ကဌ ကျော်ကိုကို
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ရဲ့လှုပ်ရှားမှုတွေဟာ ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိစွန်းနေတယ်ဆိုပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့
တာဝန်ရှိသူတွေက ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ ဗကသများ အဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို၊ ကိုအောင်ကျော် ၊ ကိုမင်းသွေးသစ် ၊ မဖြိုးဖြိုးအောင်နဲ့ ကျောင်းသား
သမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ (ကသဖ) မှ ဒုဥက္ကဌ ကိုစည်သူမောင် တို့အပါအဝင် ကျောင်းသား ၈ ဦးကို ရန်ကုန်မြို့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှာပဲ ခေါ်ယူပြီး
သတိပေး ပြောဆို ခဲ့ပါတယ်။ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း မပြုရသေးပဲ စည်းရုံး လှုံ့ဆော်တာတွေ ရှိနေတာကြောင့် အခုလို ခေါ်ယူ သတိပေး ခဲ့တာလို့ သိရပါတယ်။
(ဗကသ) များ အဖွဲ့ချုပ် အနေနဲ့ကတော့ အရင်က မှတ်ပုံတင်ခဲ့တဲ့ အစဉ်အလာ မရှိခဲ့တာကြောင့် အခုလည်း မှတ်ပုံမတင်ပဲ သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်း အဖြစ်
ရပ်တည်ချင်တယ် ဆိုတာကို ဗကသ ဥက္ကဌ ကိုကျော်ကိုကိုက တာဝန်ရှိသူတွေကို ပြောဆို ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖြေရှာနိုင်ဖို့ အတွက် (ဗကသ) များ
အဖွဲ့ချုပ် အနေနဲ့ ကျောင်းသားထု ညီလာခံ ခေါ်ယူနိုင်အောင် စီစဉ်သွားမယ်လို့လည်း သိရပါတယ်။





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်

မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော် ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၇ ရက် သတင်းကြေညာချက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေပါမည်။ ငွေစက္ကူကို ပြည်သူများအား ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွကြေးဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ထုတ်ပေးပါမည်။ လက်ရှိ တရားဝင် လှည့်လည် သုံးစွဲလျက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွများသည်လည်း တရားဝင် သုံးစွေဲငွ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ဆုယူမည့် နော်ဝေးခရီးစဉ် အသေးစိတ်အစီအစဉ်

ခေါင်းစဉ်ကို ကုတ်ဖတ်ပါ ။
နော်ဝေး ပါလီမန် (ယာဘက်) နှင့် နီးကပ်စွာတည်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် တည်းခိုမည့် Grand Hotel (ဓာတ်ပုံ - ကိုညို၊ အော်စလို)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ၁၉၉၁ ခုနှစ်က ၎င်းရရှိခဲ့သည့် နိုဘဲလ်ဆုကို နှင်းအပ်မည့် အခမ်းအနားသို့ ကြိုတင်စာရင်း ပေးသွင်းထားသူ မြန်မာများ တက်ရောက်ခွင့် ရမည်ဟု သိရသည်။

ရန်ကုန်မြို့တော်ခန်းမနှင့် မဟာဗန္ဓုလပန်းခြံရှေ့ကွက်လပ်သို့ ဇွန်လ ၉ရက် ၂၀၁၂ (စနေနေ့) ညနေ ၄နာရီတွင်

သောကြာနေ့၊ ဂျွန်လ ၈၊ ၂၀၁၂

ကချင်ဒေသမှ ၀မ်းနည်းဖွယ်ရာစစ်ပွဲများ တနှစ်ပြည့် အထိမ်းအမှတ် ငြိမ်းချမ်းရေးဆုတောင်းပွဲနှိုးဆော်ချက်

ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံးခင်ဗျား

ဇွန်လ ၉ရက် ၂၀၁၂ခုနှစ် (စနေနေ့) သည် ကချင်ပြည်နယ်တွင် စစ်ပွဲများပြန်လည်စတင်ခဲ့ခြင်း တနှစ်တိတိ ပြည့်သည့်နေ့ဖြစ်ပါသည်။

တနှစ်ပတ်လုံးဖြစ်ပွားနေခဲ့သော စစ်ပွဲများအတွင်း နှစ်ဖက်စလုံးမှ လက်နက်ကိုင်များနှင့် အပြစ်မဲ့ပြည်သူများ ၀မ်းနည်းကြေကွဲဖွယ်ရာ သေကျေဒဏ်ရာရရှိခဲ့ကြရပါသည်။ စစ်ဘေးစစ်ဒဏ်များကြောင့် အိုးအိမ်များ၊ လယ်ယာ လုပ်ငန်းများ၊ ဇာတိရပ်ရွာများကို စွန့်လွှတ်ဆုံးရှုံးထားရစ်၍ တောတောင်လျှိုမြောင်များတွင်းသို့ ထွက်ပြေး တိမ်းရှောင် ကာ လူ့ဂုဏ်သိက္ခာကင်းမဲ့စွာ အသက်ဆက်ရှင်သန်နေရသည့် ဒုက္ခသည်ပြည်သူများ၏ အရေအတွက် မှာလည်း ၁သိန်း၂သောင်းကျော်ပင်ရှိလာခဲ့ပြီဖြစ်ပါသည်။

စစ်ပွဲများကြောင့် သေကျေပျက်စီးခဲ့ရသူများနှင့် စစ်ဘေးဒုက္ခသည်များအတွက်လည်းကောင်း၊ တိုင်းရင်းသား ညီအကို မောင်နှမများအချင်းချင်းကြေကွဲဖွယ်ရာတိုက်ခိုက်သတ်ဖြတ်နေကြသည့် စစ်ပွဲများ အမြန်ဆုံး ရပ်တန့်စေရန်အတွက်လည်းကောင်း၊ ပြည်ထောင်စုကြီးအတွင်း ထာဝရငြိမ်းချမ်းရေးအမြန်ဆုံးရရှိစေရန် အတွက်လည်းကောင်း ရည်ရွယ်မျှော်မှန်း၍ဇွန်လ ၉ရက် ၂၀၁၂ (စနေနေ့)တွင် ငြိမ်းချမ်းရေးလိုလားသူ ပြည်သူများ အားလုံး ငြိမ်းချမ်းရေးအတွက်ရည်ရွယ်၍အဖြူရောင်အင်္ကျီများနှင့် ကချင်ပြည်သူများကို စာနာမှုအဖြစ် ကချင်လုံချည်များ ၀တ်ဆင်ပြီး ဆန္ဒထုတ်ဖော်ကြပါရန်လေးစားညွတ်နူးစွာမေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

နောက်ဆက်တွဲလှုပ်ရှားမှုအနေဖြင့် စစ်ပွဲများရပ်တန့်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲတခု ပြုလုပ်မည်ဖြစ်ပါသဖြင့်တိုင်းရင်းသား၊ လူမျိုး၊ ဘာသာမရွေး ငြိမ်းချမ်းရေးလိုလားသူများအားလုံး အင်္ကျီအဖြူနှင့် ကချင်လုံချည် ဆင်တူဝတ်ဆင်ပြီးရန်ကုန်မြို့တော်ခန်းမနှင့် မဟာဗန္ဓုလပန်းခြံရှေ့ကွက်လပ်သို့ ဇွန်လ ၉ရက် ၂၀၁၂ (စနေနေ့) ညနေ ၄နာရီတွင်အားဖြည့်ပါဝင် ဆုတောင်းကြပါရန်လည်း လေးစားစွာဖိတ်ခေါ်အပ်ပါသည်။


PEACE NETWORK (ငြိမ်းချမ်းရေးကွန်ရက်)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

မငြိမ်သက် မှု ဖြစ်စဉ် များ ၏ နောက် ကွယ် တွင် ဦးအောင်သောင်း ၊ ဦးကျော်ဆန်း နှင့် ကြံ့ခိုင်ရေး အမာခံ များ အဓိက နေရာ မှ ပါဝင် နေဟု ဆို

 by FNG on June 6, 2012

00000000000000mandalay (1)

တင်ကျော်ကျော်စိုး
 ၊နေပြည်တော် သတင်း ရပ်ကွက် မှ ကြားသိရ သော သတင်းများ
ပြည်ထောင်စုကြံ့ ခိုင် ရေး နှင့် ဖွံ့ ဖြိုး ရေး ပါတီ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်သည့်
ဝန်ကြီးဟောင်း ဦးအောင်သောင်း သည် လတ်တလော မြန်မာ နိုင်ငံ တွင် ဖြစ်
ပေါ် နေသည့် မငြိမ်သက် မှု များ နောက် ကွယ် ဉ် အရေး ပါဆုံး သူ တစ်ဦး
ဖြစ်နေသည် ဟု ပြောဆိုကြသည်။
ဦးအောင်သောင်း သည် ပြီးခဲ့ သည့် ရက်ပိုင်း အတွင်း က ယခင်သူ မကွေး တိုင်း တ၀တ
ဥက္ကဌ ဖြစ်ခဲ့ စဉ် က စစ်တပ် အရာရှိ ဟောင်းများ ကို ခေါ်ယူ တွေ့ ဆုံ ခဲ့ သည် ကာ ” ရခိုင်
ပြည်နယ် မှာ လိုအပ် လို့  အထူး တာဝန်ပေး အပ် မှု တွေ ပေါ် လာရင် ယုံကြည် စိတ်ချစွာ
နဲ့  ထမ်းဆောင် နိုင်မလား ဟု မေးမြန်း ခဲ့ သည်။
ဦးအောင်သောင်း သည် ပြီးခဲ့ သည့် သီတင်း ပတ် အတွင်း ရခိုင်ပြည် နယ် မှ ကြံ့ခိုင် ရေး
ပါတီ ခေါင်းဆောင် များ ကို ရန်ကုန် မြို့  နေပြည်တော် မြို့  တို့  တွင် နေရာ ခွဲ ၍ သီးသန့် 
တွေ့ ဆုံ ခဲ့ မှု များ ပြု လုပ် ခဲ့ သည် ဟု သိရသည်။
ဇွန်လ ၄ ရက်နေ့  နံနက် က ရခိုင် ပြည်နယ် မြို့  အချို့  တွင် ဝေငှခဲ့ သည့် စာ ရွက် များ မှာ
ဦးအောင်သောင်း ၏ စီစဉ် မှု ဖြင့် မကွေး တိုင်း မြို့  နယ် တွင်း ရှိ  ကြံ့ ခိုင်ရေး ပါတီ ၀င် အချို့ 
နှင့် စစ်တပ် အရာရှိ ဟောင်း အချို့  မှ စီစဉ် ခဲ့ ခြင်း ဖြစ်သည် ဟု နေပြည်တော် မြို့  ရှိ ကြံ့ခိုင်
ရေး ပါတီ ၀င် တစ်ဦး က ပြောသည်။
အဆိုပါ ပါတီ ၀င် က ” ကြား ဖြတ်ရွေးကောက် ပွဲ ကာလ မှာ ဦးအောင်သောင်း က ပြောဖူး
တယ် ။ မြန်မာ တွေ က ဘာသာ ရေး ၊ လူမျိုး ရေး နဲ့  ပတ်သက် ရင် အကဲ ဆတ် လို့ မဆုံး
ဘူး ဒါကို သိထား ဖို့  လိုတယ် ” ဟု ပြော ခဲ့ ဖူး သည်။
ဧပြီ လ ၁ ရက်နေ့  ကြား ဖြတ် ရွေကောက် ပွဲ အပြီး တွင် ကြံ့ခိုင်ရေး ပါတီ အရှုံး ကြီး ရှုံး နိမ့်
သွား ပြီး နောက် ဦးအောင်သောင်း ၏ မရပ် မနား ခရီး စဉ် များ တွင် သူ ၏ ဇာတိ ဖြစ်သည့်
တောင်သာ နှင့် ၀ဲလောင် ဒေသများ လည်း ပါဝင် သည်။ ထိုဒေသ များ သို့  သူ က လှို့ ဝှက်
သွား ရောက် ခဲ့ ခြင်း ဖြစ် သော် လည်း ဒေသ တွင်း ရှိ လက်မရွံ့ လူမိုက်များ ၊ ရာဇ၀င် လူ
ဆိုး များ ပျောက် ခြင်း မလှ ပျောက် ကုန် သည် ဟု ဆိုသည်။
ရိုးမ သစ္စာ မော်တော် ယာဉ် ပါ ခရီးသည် များ အား သတ်ဖြတ် မှု တွင် ဦးဆောင် ခဲ့ သူများ
မှာ လူစု လူဝေး အဓိကရုဏ်း ဖန်တီး မှု နှင့် လုပ်ကြံ မှု များ ကို  စနစ် တစ်ကျ ကျွမ်းကျင်
ထား သူများ က လုပ်ဆောင် ခြင်း ဖြစ် နိုင်ကြောင်း တောင်ကုတ် မြို့  မှ စစ်မှု ထမ်း ဟောင်း
တစ်ဦး က မှတ် ချက် ပြု ပြောသည်။
” ဟုတ်တယ် လေလဗျာ … ဒီကား မှာ မွတ်ဆင်လင် တွေ ပါလာ တယ် ဆိုတာ ဘယ်ပြည်
သူ သတင်း စုံစမ်း ထား မှာ လဲ ပြည် က နေ ထွက် ကတည်း က တစ်ယောက်ယောက် က
သတင်း ပေး လိုက်တာ ပေါ့ ၊ သတင်း ရ ရင် တောင် ချက် ခြင်း Mob ထ လုပ် ဖို့  ဆိုတာ
လွယ် တာမှ မဟုတ် တာ ” ဟု အဆို ပါ စစ်မှုထမ်း ဟောင်း က ပြောသည်။
သူက ” ဒီနှစ် ခု ဟာ တော်တော် ဖြစ်စဉ် တူတယ်။ အချိန်  ကာလ အရ ပါ မေလ ကုန် ဇွန်
လဆန်း ဆိုတာ လဲ တူ တယ် ဟု ဆိုသည်။
ဒီပဲယင်း လုပ်ကြံ မှု အပါ အ၀င် ၊ မော်တော် ကား တန်း များ ကို စနစ် တကျ တိုက် ခိုက်နိုင်
သည့် ကျွမ်းကျင် မှု မျိုး  ကို ဦးအောင်သောင်း ၏ အမာ ခံ များ က အတော် ပင် ကျွမ်းကျင်
နေ နိုင်သည် ဟု လည်း နေပြည်တော် မှ ကြံ့ခိုင် ရေး ပါတီ ၀င် တစ်ဦး က ပြောသည်။
တောင်သာ ဒေသ မှ ရဲ တပ် ဖွဲ့  နှင့် နီးစပ် သူ တစ်ဦး က ” သူ့ (ဦးအောင်သောင်း) ကို ဒေ
သခံ တွေ က ကျေးဇူး တင်နေကြတယ်။ လူဆိုး လူမိုက် တွေ ကို အလုပ် ပေး ဖို့  ခေါ် သွား
လို့  တယ် လို့  ပြောကြ တယ် ” ဟု FNG သို့  ပြောသည်။
ကြားဖြတ် ရွေးကောက် ပွဲ ဉ် ကြံ့ခိုင်ရေး ပါတီ ရှုံးနိမ့် ပြီး နောက် ပိုင်း တွင် ပါတီ ၀င် အချို့ က
ကြံ့ခိုင် ရေး ပါတီ ကို ကျော ခိုင်း သွား ကြ ခြင်း ကို ဦးအောင်သောင်း နှင့် ဦးဌေးဦး တို့  က မနှစ်
မြို့  ဟု ဆိုသည်။
မေလ နှောင်း ပိုင်း က ပြည်မြို့ တွင် လျှပ်စစ်မီး ရရှိရေး ဆန္ဒပြ မှု များ ဖြစ်ပွားခဲ့ စဉ် အတွင်း
ပြည်ထောင် တွင်း ဉ်ဖမ်းဆီးထား သည့် ဆန္ဒပြ သူ များ ကို ပြန်လွှတ်ပေး ရန် အတွက် အာမခံ
ပေး ခြင်း ကို ဦးအောင်သောင်း အမိန့်  ဖြင့် ပြည် ကြံ့ ခိုင်ရေး အဖွဲ့  ၀င်များ က ဆောင်ရွက် ရ
ခြင်း ဖြစ်သည်။
လတ်တလော မငြိမ် သက်မှု ဖြစ်စဉ် များ ဉ် ဦးအောင်သောင်း နှင့် အတူ နောက် ကွယ် မှ ကြိုး
ကိုင် စီစဉ် သည် ဟု ယူဆရသူ တစ်ဦး မှာ ပြန်ကြား ရေး ၀န်ကြီး ဦးကျော်ဆန်း ဖြစ် ပြီး ၎င်း
တို့  နှစ် ဦး လုံး ၏ ဘုံရည် မှန်းချက် မှာ အစိုးရ အဖွဲ့  အတွင်း ၊ ပါတီ တွင်း ဉ် ပို သြဇာ ညောင်း
လို ပြီး အာဏာ ချဲ့  ထွင် လို ကြသည်။
၂၀၀၂ ခုနှစ် မေလ ၃၀ ဒီပဲယင်း လုပ်ကြံ မှု ကို နောက်ကွယ် မှ စီစဉ် သူမှာ ဦးအောင်သောင်း
ဖြစ်သည် ဟု သတင်း များ ထွက် ပေါ် ခဲ့ ပြီး ၂၀၁၀ ခုနှစ် မြန်မာ ရိုးရာ အတာ သင်္ကြန် ကာလ
ဗုံးပေါက် ကွဲ မှု တွင် လည်း ဦးအောင်သောင်း သည်  ပါဝင် ပတ်သက် မှု ရှိ သည် ဟု မြန်မာ ၀ီ
ကီလိခ် သတင်း ထုတ် ပြန် ချက် တွင် ဖော် ပြထား သည်။
မေလ ဆန်း ပိုင်း မှ စပြီး ဦးအောင်သောင်း သည် နိုင်ငံရေး ၊ လူမျိုးရေး ၊ ဘာသာရေး သဘော
ထား တင်းမာ သူ များ ကို တိတ်တစ်ဆိတ် တွေ့  ဆုံ မှု ပြု ခဲ့ သည်။
ဦးအောင်သောင်း သည် မြန်မာ နိုင်ငံ တွင် အချမ်းသာ ဆုံး ပုဂ္ဂိုလ် တစ်ယောက် ဖြစ် သည်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

လူသားအားလုံးရဲ့အမေ - - -

 ဂျမာအတဂျမာအတ်(၁၀)ဦးအသတ်ခံရမှုအတွက် မော်လ၀ီအဖွဲ့ဝင်များက
 ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံ
ဝင့်သင်ဇာကျော် (မြစ်မခ)

ဇွန်(၆)ရက် ၊၂၀၁၂ခုနှစ်။

မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်

  မိတ္ထီလာမြို့
ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းထုတ်ပြန်ကြေငြာချက်
၁၃၇၄ ခုနှစ်၊နယုန်လပြည့်ကျော်(၁)ရက်
( ၂၀၁၂ ခုနှစ်၊ ဇွန်လ (၅) ရက်
မိုးထိမိုးမိ ရွှေတောကို အပိုင်စီးထားသော အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ




မန္တလေးတိုင်းဒေသကြီး ၊ ရမည်းသင်းခရိုင် ၊ ရမည်းသင်းမြို့နယ် ၊ တူးကုန်းအုပ်စု ရွှေများထွက်ရှိရာ မိုးထိမိုးမိ ဒေသ တောင်ကြီးသည် ၁၈မိုင်ပါတ်လည်ကျယ်ဝန်းပြီး ဧရိယာအားဖြင့် လုပ်ကွက်ဧရိယာ(၆၁၀၅)ဧက ရှိပါသည်။ ယခင်က ၎င်းရွှေလုပ်ကွက်ဒေသများကို ပုဒ်မ ၁၄၄ ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ခဲ့ပြီး ထိုအချိန် က သတ္တုတွင်းဝန်ကြီးဋ္ဌာန ၊ ရဲ နှင့် ဒေသဆိုင်ရာအာဏာပိုင်များကို လာဘ်ငွေပေးပြီး ရွှေကြောရှိရာ တောင်ပေါ် သို့တက်၍ ခိုးတူးခဲ့ကြရခြင်းဖြစ်ပါသည်။
အမျိုးသားကြီးပွါးတိုးတက်ရေးကုမ္ပဏီလီမီတက်က နိုင်ငံတော်သို့ ၅-နှစ်သက်တမ်းအတွက် ရွှေသတ္တု  ၅.၅၇၇ တန် ပေးဆောင်ရမည်ဟူသော သဘောတူညီချက်ဖြင့် ဤမိုးထိမိုးမိဒေသတွင် ရွှေတူးဖော်ခွင့် လိုင်စင် ကို ရရှိခဲ့ပါသည်။ ၁၆-၅-၂၀၁၂ ရက်နေ့တွင် ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ ဦးစိုးထွန်းရှိန်က တစ်တောင်လုံးရှိ အင်းပိုင်(ခ) စက်ပိုင် နှင့် အင်းသားများ လူ၅-သိန်းကို ပြောဆိုခဲ့သည်မှာ မင်းတို့လုပ်ကြ ၊ စက်တွေထောင်ကြ ၊ အင်းသား တွေမွေးကြ ၊ မင်းတို့ တဲကနေတိုက်ဖြစ်စေရမယ်။ မင်းတို့သားသမီးတွေအတွက် ကျောင်းတွေဆောက်ပေးမယ်။ ငါတို့ လုပ်ကိုင်ခွင့်သက်တမ်းကာလတစ်လျှောက် လက်တွဲခေါ်ဆောင်မယ်။ တွဲလုပ်ကြမယ်။ ငါတို့ကုမ္ပဏီလည်း ဆက်လုပ်ခွင့်ရမယ် ၊ မင်းတို့ကလည်း အပြစ်အနာအဆာမရှိဘူးဆိုရင် လုပ်ငန်းတွေကို မရပ်ဆိုင်းဘူး။ ရိက္ခာပေးမယ်။ ဗြုံးထည့်အိပ်ပေးမယ်။ ငွေလည်းပေးမယ်။ အစစအရာရာထောက်ပံ့မယ်လို့ ပြောခဲ့တဲ့အတွက် အသေးစားရွှေလုပ်ငန်းရှင်များသည် ယုံကြည်ချက် ၊ မျှော်လင့်ချက် အပြည့်အ၀ဖြင့် ရှိစု မဲ့စု မိမိတို့ပိုင်ဆိုင်ကြ သော မွေးရပ်မြေမှ အိမ၊် ခြ၊ံ ယာ၊ မြေ၊ ကျွဲ၊ နွား ပါမကျန် ပေါင်နှံရောင်းချ၍ အသေးစားရွှေကြိတ်စက်များ ထူထောင်ခြင်း Adit (အက်တာ) နှင့် လေးပင်အင်းများ ရေရှည်တည်တန့်ခိုင်မြဲအောင် လုပ်ကိုင်၍ ရင်းနှီးမြှုပ်နှံခဲ့ ကြတယ်။ တရားဝင်လုပ်ပိုင်ခွင့်ရထားတဲ့ “အမျိုးသား……” ကုမ္ပဏီက ၅-နှစ်တွဲလုပ်မယ် ၊ လုပ်ခွင့်ရမယ်ဆို တော့ ရှိရှိသမျှ ပိုင်ဆိုင်မှုတွေရောင်းချပြီး ရင်းနှီးမြှုပ်နှံခဲ့ကြတာဖြစ်တယ်။
အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု ကုမ္ပဏီလီမီတက်ရဲ့ လက်အောက်မှာ အစုရှယ်ယာတစ်ခုကို သိန်း ၁၀၀၀ (တစ်ထောင်)နဲ့ မဲန်ဘာ(ခ)မိတ်ဖက်ကုမ္ပဏီများ ရှိပါတယ်။ ကန္တာရစိမ်း ၊ အာရှအမြုတေ ၊ ရွှေပြည်အေး ၊ ကြယ်ငါးပွင့် ၊ ရွှေတောင်ကျော ၊ ဝေလင်းထိုက် ၊ မြမျိုးသက်ဦး ၊ ရွှေညီအကို ၊ ရေတော်သား ၊ ရွှေပလောင် ၊ ဓနစမ်းရေ ၊ နေခြည်ပွင့် ၊ ရဲညီနောင် ၊ မိုးရွှေဝါ ၊ မြင့်မိုရ်ရွှေတောင် ……… စသည်ဖြင့် ၂၉-ခုခန့် ရှိပါသည်။ ၎င်းမိတ်ဖက်ကုမ္ပဏီများဟာ အင်းပိုင်(ခ)စက်ပိုင်များရဲ့ တာဝန်ခံကုမ္ပဏီများလည်းဖြစ်ပါတယ်
ထိပ်ဆုံးမှာ နိုင်ငံတော်အစိုးရထံမှ လုပ်ပိုင်ခွင့်ရထားသော “အမျိုးသားကြီးပွားတိုးတက်ရေးအင်အားစု ကုမ္ပဏီလီမီတက်” နှင့် ၎င်းအောက်မှာ သိန်း၁၀၀၀ဖြင့်ဝင်ထားသော မဲန်ဘာ(ခ)မိတ်ဖက်ကုမ္ပဏီရှိပါတယ်။ မိတ်ဖက်ကုမ္ပဏီအောက်မှာမှ ယင်းကတာဝန်ခံထားသော အင်းပိုင်(ခ)စက်ပိုင် ၊ ၎င်းအောက်မှာမှ အင်းသားများ နှင့် ၊ အင်းသားများအောက်မှာက လက်လုပ်လက်စား ဈေးသည်များရယ်လို့ လူတန်းစားအဆင့်ဆင့်ရှိနေပါတယ်
အင်းပိုင်တစ်ချို့ဟာ အင်းသားကနေ ကြိုးစားရှာဖွေစုဆောင်းပြီး အင်းပိုင်ဖြစ်လာတာတွေလည်း ရှိပါတယ်။ အင်းပိုင်တွေဟာ လုပ်ပိုင်ခွင့်ရပြီဆိုတော့ မြေရှင်းရ ၊ ညှိရ ၊ ဘက်ဟိုးနဲ့လာထိုးပေးတာကို ဘက်ဟိုးဖိုးပေးရ ၊ နေ့စားတွေငှားပြီး ခုတ်ရ ထွင်ရ ရှင်းရတယ်။ အဆောက်အဦ  တဲတွေဆောက်ရတယ်။ စက်တွေ ၀ယ်ထောင်ရတယ်။ နောက် အင်းသားတွေကို ကျွေးမွေးပြီး (စားစရိတ် စိုက်ထုတ်ပြီး) အင်းကိုတူးရ တယ်။ အင်းတူးရတာဟာ အတောင် ၈၀ ၊ ၁၀၀ အနဲဆုံးတူးရပါတယ်။ ထွက်လာတဲ့ဗြုံးကို အင်းပိုင်ဟာ အမျိုး သားကြီးပွားတိုးတက်ရေးကုမ္ပဏီကြီးကို တစ်ဝက်တိတိ ခွဲပေးရပြီး အင်းပိုင်ရဲ့ တာဝန်ခံကုမ္ပဏီကို ကျန်တစ် ၀က်ရဲ့ ၄ပုံ-၁ပုံ ပေးရပါသေးတယ်။ ကျန်တာကိုမှ ကြိတ်ခွဲ ၊ ရွှေထုတ် ၊ ကုန်ကျစရိတ် နှုပ်ပြီး အင်းပိုင်၊ အင်းသား ခွဲဝေယူရတာပါ။
ဒီ အမျိုးသား ကုမ္ပဏီရောက်လာမှ အောက်တွင်ဖေါ်ပြပါ လိုင်စင်ကိုလည်း တာဝန်ခံကုမ္ပဏီမှတဆင့် ထုတ်ပေးထားတာဖြစ်ပြီး ရွှေလုပ်ကွက်ဧရိယာတစ်ခုလုံးကို အသေးစားရွှေထုတ်လုပ်မှု ဇုန်(၁) မှ (၁၂)ထိ ခွဲခြား သတ်မှတ်ခြင်း ၊ ရွှေသတ္တုတူးဖေါ်ထုတ်လုပ်ရန် Adit (ခ) အက်တာ(တောင်ကိုဖောက်သွားတာ) နှင့် လေးပင်အင်းများကို အမှတ်စဉ်(၁) မှ (၁၀၀၀)ကျော်ထိ အင်းနံပါတ်များပေး၍ လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။
စတင်ပြုလုပ်စဉ်က လမ်းများမကောင်း၍ လမ်းဖောက်လုပ်ရေးများမှာ အင်းအားလုံးက လုပ်အားပေးခဲ့ ကြရပါတယ်။ လမ်းမကောင်း၍ ဗြုံးကြိတ်စက် စသည်စက်ကရိယာများကို ဖြုတ်၍ တောင်ပေါ်သို့ထမ်းတင်ခဲ့ကြ ရပါတယ်။
အမျိုးသားကုမ္ပဏီလူကြီးများသည် စတင်ဝင်ရောက်စဉ်က နှုပ်ကတိဖြင့်ပြောဆိုခဲ့သည်များကို ဘာတစ်ခုမှ လုပ်မပေးခဲ့ပါ။ စားစရိတ်မပေး ၊ ဗြုံးထည့်အိပ် တစ်အိပ်မှမပေး (ဗြုံးအိပ် ၄အိပ်ကို ၁၀၀၀ိ/ တစ်ခါ ကို အိပ်ခွံ ၄၀၀, ၅၀၀, ၆၀၀ ၀ယ်ရပါတယ်။) အမျိုးသားကုမ္ပဏီအဖွဲ့ကရော မဲန်ဘာကရော ဘာထောက်ပံ့မှုမှမပေးဘဲ ဗြုံးထွက်လာသောအခါ ဥပမာ- ဗြုံးအိပ် ၁၀၀ဆိုလျှင် သူတို့စိတ်ကြိုက်ရွေး၍ အိပ် ၅၀ ယူပါသည်။ “သူတို့က ထိုင်ရက်က နေယူနေတာ၊ အင်းသားများမှာတော့ တွင်းထဲမှာ အန္တရာယ်အမျိုးမျိုးနဲ့ မြေပြိုမှာကြောက်ရ ၊ ဆရာကသပ်ရပ်မှ ၊ မသပ်ရပ် ရင် နောက်လိုက်တွေ ဒုက္ခရောက်ကြရ” ဟု အင်းသားများက ပြောကြပါသည်။
ယခင်က စားစရာမရှိရင် ဗြုံးအိပ် ၅အိပ် ၁၀အိပ်မှ တစ်အိပ်လောက်အရင်ကြိတ်ပေးတာမျိုး ယခုအမျိုးသားကုမ္ပဏီကတော့  အိပ် ၁၀၀ရမှ အိပ်၂၀၀ရမှ ကြိတ်ခွင့်ပြု၍ လူအများမှာ အတော်ပင် ဒုက္ခရောက် ရှိခဲ့ပေမဲ့ ကြရပါတယ်။ ၎င်းအပြင် ဗြုံးကျောက်ခဲ လက်ထဲမှာရှိလျှင် ၁-ခဲကို ၁ိသားဆိုလျှင် ထောင်တစ်နှစ်ချတာတွေလုပ် ပါသည်။ ဇုံ(၅)ကျောက်စရစ်တောင်မှ ကြယ်ငါးပွင့်ကုမ္ပဏီမှာလုပ်နေသော ၁၅-နှစ်သား ကလေးတစ်ဦးဟာ ဗြုံးအိပ်နဲ့မိလို့ ထောင်ဒဏ် ၇-နှစ်ချပစ်လိုက်သည်မှာ ယခုဘယ်ထောင်မှာ ရောက်နေမှန်းမသိရပါ။ ဇုံ(၈)ဟာ ရွှေအများဆုံးထွက်ရာဒေသဖြစ်ပြီး ကုမ္ပဏီပိုင်ရှင်ဟာ ရှမ်းနာမည် စိုင်းဝင်းမြင့်ဟု အမည်ခံထားသော တရုပ်လူ မျိုးစစ်စစ်ဖြစ်ပါတယ်။ ဇုံ(၈)မှာ ဂဲခိုးလို့ဆိုပြီး ဖမ်းဆီးလက်ပြန်ကြိုးတုပ် နေပြည်တော် နှင့် ရမည်းသင်းရဲစခန်းကို ပို့တာ အများဆုံးဖြစ်ပါတယ်။ ကွမ်းယာထည့်တဲ့အိပ်နဲ့ဘဲထည့်လာလာ ၊ လမ်းပေါ်မှာဘဲ တွေ့တွေ့ ၊ အက်တာက ဘဲ ထွက်လာလို့တွေ့တွေ့ ၊ ကိုယ့်အိမ်မှာလည်း ထားလို့မရ တွေ့ရင်ဖမ်းပါတယ်။ ဖမ်းပြီးရဲစခန်းပို့လွန်းလို့ “အင်း သားခိုးတာက နဲနဲလေး ၊ မင်းတို့ခိုးတာက တိုင်းပြည်ကုန်တော့မယ်လို့ ရမည်းသင်းက အာဏာပိုင်များကပြော ပြီး အရေးယူမပေးတော့မှ ဖမ်းတာ ဆီးတာ ရပ်သွားပါတော့တယ်။ ဟု အင်းသားများကပြောပြကြပါတယ်။
တရားဝင်လုပ်ခွင့်ရပြီ ။ အနဲဆုံး ၅-နှစ်သက်တမ်းလုပ်ခွင့်ရမယ်ဆိုလို့ အင်းပိုင် အင်းသားအားလုံးက ငွေအား လူအား ကြိုးစား ပမ်းစား လုပ်ကိုင်ခဲ့၍ ယ္ခုတော့ သာသာယာယာ စိုစို ပြေပြေ ရှိလာခါမှ သူတို့ကို ၇-လ တောင်မှ လုပ်ခွင့်ပေးပြီးပြီ ၊ အခုတော့ အကြီးစားစက်များနှင့် ကမ္ဘာ့စံချိန်မှီ မိုင်းတွင်းဖြစ်ပေါ်ရေး ၊ အကြီးစား ရွှေထုတ်လုပ်ငန်း အသွင်ကူးပြောင်းရေး ၊ နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်ရန် ပြည်တွင်းတိုင်းရင်းသား အသေးစားလုပ်ငန်းရှင်များကို ကိုယ်ချင်းမစာ ၊ မညှာမတာ အတင်းအဓမ္မ အားလုံးကို မောင်းချသည်မှာ မည်သို့ မျှ မဖြစ်သင့်ပါ။ မည်သို့မျှ တရားမျှတမှုမရှိပါ။ အင်းသားများ၏ပြောပြချက်အရ ၎င်းအမျိုးသား ကုမ္ပဏီက ယနေ့ အထိ အက်တာ တစ်ခုမှမဖေါက်နိုင်သေးပါ။ နိုင်ငံတော်သို့ တစ်လလျှင် ရွှေ ၇၃ိ/ သား ပေးသွင်းနေတာဟာ အမျိုးသား---- ရဲ့ ဗြုံးတစ်စေ့မှ မပါပါ။ အင်းပိုင် အင်းသားများလုပ်လို့ရတဲ့ ရွှေတွေသာဖြစ်ကြောင်း အားလုံးက ပြောကြပါတယ်။
ဒီ ပိတ်ပင်ကန့်သတ်မှုကို ၅-၁-၂၀၁၂ ရက်နေ့မှာ ရွှေသတ္တုထုတ်လုပ်မှု ဇုံတာဝန်ခံ (ခ) မိတ်ဖက် ကုမ္ပဏီများမှတဆင့် အကြောင်းကြားခဲ့ပါတယ်။ သိန်း ၁၀၀၀- သာရှယ်ယာဝင်ထားတဲ့ မဲန်ဘာ(ခ)တာဝန်ခံများ က လက်အောက်ခံအင်းပိုင်များကို ရော်ကြေးပေးမည်ဆိုပါလျှင် အင်းပိုင် တစ်ဦး တစ်ဦးကို သိန်းရာနှင့်ချီ၍ ရင်းနှီးမြှပ်နှံထားရပြီး ယခုအခါမှာတော့ မဲန်ဘာများမှာ မရော်နိုင်ဘဲ ထွက်ပြေးနေကြကြောင်း ပြောပါတယ်။
အင်းပိုင် အင်းသားများဟာ ဤမိုးထိမိုးမိ ရွှေလုပ်ကွက်တောင်ကြီးပေါ်မှာ အားသွန်ခွန်စိုက်ရင်းနှီးမြှပ်နှံ ထားမှုများကို ဘာမှမရရှိဘဲ မခံစားရဘဲ လက်လွတ်ပြီး ကိုယ့်အရပ်ကိုယ်ပြန်ရမည်ဆိုလျှင်လည်း ကိုယ့်အရပ်မှာ နေစရာ လုပ်စရာ လုပ်ဖက်ကရိယာ ဘာဆိုဘာတစ်ခုမှ မကျန်ရှိတော့၍ မပြန်နိုင်ပါ။ ဤတောင်ကြီးပေါ်မှာပင် မိမိတို့ရသင့်ရထိုက်သည့် စစ်မှန်သော အခွင့်အရေးများကို မရရအောင် ဆက်လက်တိုက်ပွဲဝင်သွားကြမည်ဖြစ် ကြောင်းပြောကြပါသည်။
၁-၆-၂၀၁၂-ရက်နေ့မှစတင်၍ “အမျိုးသားကြီးပွားတိုးတက်ရေးအင်အားစု ကုမ္ပဏီလီမီတက်” ပင်မစခန်းကြီးတွင် ဇုံ ၁၂-ဇုံမှ အင်းပိုင် အင်းသား လက်လုပ်လက်စားများပါမကျန် ကြွေးကြော်သံများဖြင့် ဆန္ဒပြ တောင်းဆိုနေကြပါတယ်။
                “အမျိုးသားကြီးပွားတိုးတက်ရေးအင်အားစု ကုမ္ပဏီလီမီတက်”ကတော့ ၇-၆-၂၀၁၂ရက်နေ့မှာ အကြောင်းပြန်ကြားမည်ဖြစ်ကြောင်း ပြောကြား၍ ဆန္ဒပြသူများက နေ့စဉ်  ရက်ဆက် မိမိတို့ဇုံအသီးသီးတွင်၎င်း ပင်မစခန်းကြီးတွင်၎င်း တောင်းဆိုဆန္ဒပြမှုများကို လူသောင်းနှင့်ချီ၍ ပြုလုပ်နေကြပါကြောင်း။

မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(..၂၀၁၂)
ဆက်သွယ်ရန်လိပ်စာ
09-2059904
09-43155796
09-444012426
09-444013778
သတင်းဗွီဒီယိုဖိုင်လင့်များ
ရွှေတွင်း လုပ်သားများတောင်းဆိုဆန္ဒပြနေသော ဗွီဒီယိုဖိုင်လင့်များ

အပိုင်း - ၁
http://www.youtube.com/watch?v=S8ey0lwxFz0

အပိုင်း - ၂
http://www.youtube.com/watch?v=EGY2X5Wj4WY

အပိုင်း - ၃
http://www.youtube.com/watch?v=5epVmQVuutE

အပိုင်း - ၎
http://www.youtube.com/watch?v=Gp0Q4VcUkbE

အပိုင်း - ၅
http://www.youtube.com/watch?v=f-ZKveALTaw

အပိုင်း - ၆
http://www.youtube.com/watch?v=FellON7-UzQ

အပိုင်း - ၇
http://www.youtube.com/watch?v=WyX0C-Nw2e8

အပိုင်း - ၈
http://www.youtube.com/watch?v=K_4JlhQbbEY

အပိုင်း - ၉
http://www.youtube.com/watch?v=PMMMeHw0_V8

အပိုင်း - ၁၀
http://www.youtube.com/watch?v=KiIivGzMUCw

အပိုင်း - ၁၁
http://www.youtube.com/watch?v=eDD70Mg1TfI

အပိုင်း - ၁၂
http://www.youtube.com/watch?v=ciNViG5rRmk

အပိုင်း - ၁၃
http://www.youtube.com/watch?v=2eOllc9Xn7c

အပိုင်း - ၁၄
http://www.youtube.com/watch?v=Dy1T0wgNMEk

အပိုင်း - ၁၅
http://www.youtube.com/watch?v=wMjqBQGJFJ4

အပိုင်း - ၁၆
http://www.youtube.com/watch?v=WFIhMfXECJE

အပိုင်း - ၁၇
http://www.youtube.com/watch?v=66CU2r55Chk

အပိုင်း - ၁၈
http://www.youtube.com/watch?v=z0ys_84SLWw

အပိုင်း - ၁၉
http://www.youtube.com/watch?v=Xc8xt-HyTtI

အပိုင်း - ၂၀
http://www.youtube.com/watch?v=LOCHy8LWNew

အပိုင်း- ၂၁
http://www.youtube.com/watch?v=7hoWTAHlT8I

အပိုင်း - ၂၂
http://www.youtube.com/watch?v=HrMjGRoOWTM

အပိုင်း - ၂၃
http://www.youtube.com/watch?v=WArxLZ3ZI-U

အပိုင်း ၂၄
http://www.youtube.com/watch?v=klSpqQUJKH4

အပိုင်း - ၂၅
http://www.youtube.com/watch?v=CxX_aXzubU4

အပိုင်း - ၂၆
http://www.youtube.com/watch?v=s1HJ4fzWAP0

အပိုငိး- ၂၇
http://www.youtube.com/watch?v=EFe_AXTbqjI

အပိုင်း - ၂၈
http://www.youtube.com/watch?v=AtxD91ZDMxY

အပိုင်း- ၂၉
http://www.youtube.com/watch?v=Bl_xJrZNyOE

အပိုင်း - ၃၀
http://www.youtube.com/watch?v=cKBXaz3kbsI

အပိုင်း - ၃၁
http://www.youtube.com/watch?v=RG8NNl_y3uU

အပိုင်း - ၃၂
http://www.youtube.com/watch?v=pCG9hi5pfGs




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

မိမိချေထောက်ပေါ်မှာပဲ ရပ်ချင်တယ် ။

အခြားနိုင်ငံအပေါ် မှီခိုရခြင်းကို မကြိုက်ဟု ဒေါ်အောင်ဆန်းစုကြည်က သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ပြောကြား

Wednesday, 06 June 2012 19:55

ဇွန်လ ၆ ရက်နေ့ ညနေပိုင်းတွင် သြစတြေးလျနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Bob Carr နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခဲ့စဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အခြားနိုင်ငံများအပေါ် မှီခိုရခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က သူမ၏ နေအိမ်သို့ လာရောက်တွေ့ဆုံအပြီးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

''ကျွန်မသဘောပြောရရင် မှီခိုမှုရှိတာကို မကြိုက်ပါဘူး။ စီးပွားရေး ပိတ်ဆို့မှုတွေက နိုင်ငံရေးအရ သက်ရောက်မှုရှိတယ်ဆိုပေမယ့် ဒီနိုင်ငံ တကယ်ပြောင်းလဲဖို့က စီးပွားရေး ပိတ်ဆို့မှုသာမက ကျန်တဲ့ဘယ်ကိစ္စအပေါ်မှာမှ မူတည်နေခြင်းမရှိပါဘူး။ ကျွန်မတို့ နိုင်ငံသားတွေအပေါ်မှာပဲ မူတည်နေပါတယ်''ဟု သူမကပြောကြားခဲ့သည်။

သူမနှင့် မစ္စတာ Bob Carr တို့က  စီးပွားရေးပိတ်ဆို့မှုများအကြောင်းလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

''ကျွန်မအမြင်အရတော့ စီးပွားရေးပိတ်ဆို့မှုတွေကို ရုတ်သိမ်းတာထက် ရွှေ့ဆိုင်းထားတာကို ပိုပြီးသဘောကျပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီနိုင်ငံရဲ့ ကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြန်လည်ပေးဆပ်တဲ့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုကို ရွှေ့ဆိုင်းလိုက်တာပါ။ ကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုကို မထိန်းသိမ်းနိုင်ရင် ပြန်လည်ပေးဆပ်မှုဆိုတာလည်း ရှိတော့မှာ မဟုတ်ပါဘူး''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr သည် ဇွန် လ ၅ ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး အစိုးရနှင့် အတိုက်အခံပါတီတို့မှ ခေါင်းဆောင်များနှင့်တွေ့ဆုံကာ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုအပေါ် သြစတြေးလျနိုင်ငံ၏ ပါဝင်မှုကို လမ်း ညွှန်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။ ၄င်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မြန်မာ့ပညာရေးနှင့်ပတ်သတ်၍ ဆွေးနွေးရာတွင်  အသက်မွေးမှုပညာရပ်များ သင်ကြားပေးနိုင်ရေး၊ သင်ရိုးများ၏ အရည်အသွေးနှင့် ပညာရေး၏ အရည်အသွေးမြှင့်တင်ရေး လူမှုအသိုင်းအ၀န်းအတွင်းရှိ လူတိုင်းစေ့ လက်လှမ်းမီနိုင်သည့် ပညာရေးရရှိ စေရေးကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

သြစတြေးလျနိုင်ငံသည် မြန်မာနိုင်ငံမှ စီးပွားရေး ပိတ်ဆို့ထားသူစာရင်းကို ၃၉၂ ဦးမှ ၁၂၆  ဦးသို့ လျော့ချပေးခဲ့ပြီး လာမည့် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ ကူညီမည့် ငွေကြေးကို ၃၀ ရာခိုင်နှုန်း (၆၃.၈ သန်း)အထိ တိုးမြှင့်ပေးသွားမည်ဟု သိရသည်။ မစ္စတာ Bob Carr သည် မြန်မာ နိုင်ငံသို့ ရောက်ရှိအပြီးတွင် ရန်ကုန်မြို့ရှိ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းသွားရန် ရန်ပုံငွေ ပေးအပ်သွားမည်ဟုလည်း ပြောကြားခဲ့သည်။
E Leven News



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

လူတိုင်းလူတိုင်း အေးအေးချမ်းချမ်းနေချင်တယ်

 
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

နှစ် ၃ဝ ထည့်ဝင်ကြေးဖြင့် အိမ်တစ်လုံးပိုင်ဆိုင်မည့် အစီအစဉ် မကြာမီ စတင်မည်



အိမ်နီးချင်း နိုင်ငံတစ်ခုရှိ တန်ဖိုးနည်း ကွန်ဒိုအိမ်ရာတစ်ခုကို တွေ့ရစဉ်
လူမှုဖူလုံရေးတွင် ဆက်တိုက်ထည့်ဝင်ကြေးပေးသွင်းရုံဖြင့် အိမ်ခန်းတစ်ခန်း ပိုင်ဆိုင်နိုင်မည်ဟု အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောသည်။''၁၅ နှစ်ဆက်တိုက် ထည့် ဝင်ကြေးပေး သွင်းရင် အိမ်ခန်းတစ် ခန်းမှာ နေထိုင်နိုင်မယ်။ နောက်ထပ် ၁၅ နှစ် ထပ်သွင်းရင် ဒီအိမ်ခန်းကို ပိုင်ဆိုင်နိုင်မယ်'' ဟု ပြည်ထောင်စုဝန်ကြီး က ပြောသည်။၁၉၅၄ ခုနှစ်တွင် အပြည်ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က ရေးဆွဲပေးခဲ့သော လူမှုဖူလုံရေး အက်ဥပဒေအား ပြန်လည်ပြင် ဆင် ကာလွှတ်တော်တွင်း ဆွေးနွေးနေပြီး အတည် ပြုပါက အထက်ပါ စနစ်မှာ အသက်ဝင်မည်ဖြစ်ကြောင်းသိရသည်။လက်ရှိနိုင်ငံ၌ အိမ်ရာဈေးနှု န်း၊ မြေဈေးနှုန်းများ ဆက်တိုက် မြင့် တက်နေမှုကြောင့် အလုပ်သမား များ လက်လှမ်းမမီနိုင်သော အနေ အထားမျိုးတွင်ရှိနေကြောင်း၊ ပြဋ္ဌာန်း ရန် အစီအစဉ်ရှိနေသည့် ဥပဒေက ဖြစ်မြောက်အောင် အကောင်အ ထည် ဖော်သင့်ကြောင်း ဆွေးနွေးပွဲတက် ရောက်ခဲ့သူတစ်ဦးက ထောက်ပြ သည်။''ဥပဒေကတော့ ရှိနေတာပဲ။ အကောင်အထည်ဖော်ဖို့ပဲ လိုတယ်။ တကယ်လုပ်ပေးမယ်ဆိုရင် ဒါက အလုပ်သမားတွေ ကြိုဆိုကြမယ့် ကိစ္စပါပဲ'' ဟု ၄င်းက ပြောသည်။ပြည်ဝန်ကြီး ဦးအောင်ကြည်က ယခင်က ပြဋ္ဌာန်း ခဲ့သည့် လူမှုဖူလုံရေးဥပဒေမှာ အား နည်းချက်များ၊ အမှားများ ရှိနေ ကြောင်း၊ ထိုအမှားများကို သိထား သည့်အတွက် နိုင်ငံတကာ စံညွှန်း နှင့်အညီ ကောင်းမွန်အောင် ပြင် ဆင်ထားခြင်း ဖြစ်ပြီး နိုင်ငံတော်မှ ပံ့ပိုးပေးမည့် အတိုင်းအတာများ လည်း ပါဝင်ကြောင်း ၄င်းက ထပ် လောင်းပြောသည်။ လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌဦးယု လွင်အောင်က ''လူမှုဖူလုံရေးက အိမ်ရာစီမံကိန်း ရန်ပုံငွေဆိုပြီး ထူ ထောင်မယ်။ အဖွဲ့ဝင်သူက ၁၅ နှစ်ဆက်တိုက်ထည့်ဝင်လို့ အိမ်ရာ တန်ဖိုးရဲ့တစ်ဝက်ေ လာက်ရပြီဆိုရင် ကျန် ၅ဝ ရာခိုင်နှုန်းကို ဘဏ်က ငွေချေးနိုင်ဖို့ ထောက် ခံပေးလိုက် မယ်''ဟု ပြောသည်။ဥပဒေအသက်ဝင်ပါက အိမ် ရာစီမံကိန်းရန်ပုံငွေ ထူထောင်မည် ဖြစ်ပြီး အလုပ်သမား အများစု ရှိ သောနေရာ၊ အလုပ်သမားများ အဆိုပြုသောနေရာတို့တွင် အိမ် ရာများဆောက်လုပ်ပေးမည်ဖြစ်ပြီး ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေ ကြမ်းအရ လူမှုဖူလုံရေး အိမ်ရာစီမံ ကိန်းရန်ပုံငွေအတွက် အလုပ်သမား လစာ၏ ၂ဝ ရာခိုင်နှုန်းကို ထည့် ဝင်ရမည်ဟုသိရသည်။

Popular Myanmar News Journal



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၆ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ

ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၆ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သတင်းထောက်တွေကို ရှင်းလင်း ပြောပြပါတယ်။ သူ့ရဲ့ ဥရောပ ခရီးစဉ်ကိုလည်း ရှင်းလင်းခဲ့ပါတယ်။ အဲဒီနောက်

မြန်မာ့နိုင်ငံရေးအကျဉ်းသားသမဂ္ဂ၏ သဘောထားထုတ်ပြန်ကြေငြာချက်

                                မြန်မာနိင်ငံတွင်းဖြစ်ပွားနေသောမငြိမ်သက်မှုများ
အပေါ်မြန်မာ့နိုင်ငံရေးအကျဉ်းသားသမဂ္ဂ၏
သဘောထားထုတ်ပြန်ကြေငြာချက် 
                                    ကြေငြာချက်အမှတ်၃/၂၀၁၂
                       ပြီးခဲ့ သောမေလ၂၈ရက်နေ့ကရခိုင်ပြည်နယ်တွင်ရခိုင်အမျိုးသမီးငယ်
မသီတာထွေးအားလူသုံးဦးမှအလိုမတူအနိင်အထက်ပြုကျင့် ပြီးရက်စက်
စွာသတ်ဖြတ်ခဲ့သည်။

တရားလွှတ်တော်ရုံးချုပ် တရားလွှတ်တော်ရှေ့နေကြီး တဦး၏ သမီးနှင့် သားမက်ဖြစ်သူတို့မှ ငွေတိုးချေး

စာချုပ်လွတ်ပေါ် ခြိမ်းခြောက်လက်မှတ်ရေးထိုးခိုင်းပြီး နေအိမ်ကို သိမ်းယူခဲ့ကြောင်း ကာယကံရှင်မှ ပြောကြားချက်။

၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနှင့် တွေ့ဆုံခြင်း

 မေး။ ။ခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေအပေါ် မြန်မာနိုင်ငံသားတစ်ယောက်အနေ နဲ့ရော အစ္စလာမ်ဘာသာဝင်တစ်ဦးအနေနဲ့ရော ၈၈ မျိုး ဆက်ကျောင်းသားတစ်ယောက်အနေနဲ့ရော ဘယ်လိုရှုမြင် ပါသလဲ။

မြန်မာပြည်က အစိုးရလို့  အခေါ်ခံရသူတွေဟာ အရူးချေးပန်း ပြောတတ်တယ်

သိက္ခာနဲ့ ဂတိဆိုတာကိုအလေးမထားနဲ့ ကြုံတဲ့နေရာမှာအဆင်ပြေသလို
သာပြောချလိုက် ။ ငါ့မထိခိုက်ရင်တော်ပြီ။
သန်းရွှေ (ပြည်ဖျက်ကြီး)

“သင့်တော်တဲ့အချိန်”ကို စောင့်ကြမလား


တူမောင်ညို၊ ဇွန် ၅၊ ၂၀၁၂
စင်္ကာပူ “အာရှလုံခြုံရေးဆိုင်ရာ ရှန်ဂရီလာဆွေးနွေးပွဲ” မှာ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း ပြောကြားတဲ့ ထဲက အချက် ၂ ချက် နဲ့ပတ်သက်ပြီး အခုလိုမြင်ပါတယ်။
            “ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ၏ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုများအပေါ် တပ်မတော်က ရာနှုန်းပြည့်ထောက်ခံပြီး အရပ်သားအစိုးရ၏ ညွှန်ကြားမှုများကိုလိုက်နာလုပ်ဆောင်မှု ဆက်လက်လုပ်ဆောင်သွားမည်”

အလုပ်သမားဝန်ကြီးဌာန အသိအမှတ်ပြု သဘောတူစာချုပ်ကို အလုပ်ရှင် ဘက်မှ ဖျက်သိမ်းထား

  04 Jun 2012  |By ENVOY
အခြေခံ လုပ်ခ လစာ အပါအဝင်၊ အခြား အလုပ်သမား အခွင့် အရေးများကို အလုပ်သမားများ ဘက်မှ တောင်းဆိုသည့် ဆန္ဒပြပွဲများ ပြုလုပ် ပြီးနောက် အလုပ်ရှင်နှင့် အလုပ် သမားကြား သဘောတူ စာချုပ်ချုပ် ဆိုနိုင်ခဲ့သော်လည်း အလုပ်ရှင်ဘက်မှ ယင်းစာချုပ်ကို တရားမဝင်ဟုဆိုကာ တစ်ဖက်သတ် ဖျက်သိမ်းသွားခဲ့ ကြောင်း စာချုပ် ဖျက်သိမ်း ခံရသည့် အလုပ်သမားများထံမှ စုံစမ်းသိရ သည်။

ဒေါ်စုမသိတဲ့ ဒုက္ခသည်စခန်း အတွင်းရေး အကြောင်း




ဇွန်လ ၂ ရက်နေ့က ကျနော်တို့နေတဲ့ မယ်လ ဒုက္ခသည်စခန်းက ခါတိုင်းနဲ့မတူ တမူးထူးခြားနေတယ်လို့ ပြောရပါမယ်။ စခန်းတခုလုံး လှုပ်လှုပ်ရွရွ ဖြစ်နေတာ တပတ်လောက်ရှိနေပြီ။ ဒေါ်စုလာမယ်ဆိုတဲ့ သတင်းက စခန်းတခုလုံးမှာ

ရခိုင်ပြည်နယ်က ပဋိပက္ခနှင့်ပတ်သက်ပြီး ၈၈ ကျောင်းသားများ မေတ္တာရပ်ခံ

2012-06-04
ရခိုင်ပြည်နယ်တွင်း လတ်တလော ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ရပ်တန့်ဖို့အတွက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပြီး မေတ္တာရပ်ခံလိုက်ပါတယ်။

သူမရဲ့ကြိုးစားမှုအတ္ထုပတ္ထိ သမိုင်းတခုကအသိအမှတ်ပြုနေပြီ

af Ko Baloi den 4. juni 2012 kl. 14:49 ·

ဂုဏ်ရှိန်တင့်တဲ့ တုနိုင်းမမီ ဒေါ်အောင်ဆန်းစုကြည် (ကဗျာ)

မြေသိမ်းခံ လှိုင်သာယာ လယ်သမားများ အတွက် အိုးအိမ်ရုံးရှေ့ ဆန္ဒပြ

Sunday, Jun 3, 2012

လှိုင်သာယာ လယ်သိမ်းခံလယ်သမားများအရေး အိုးအိမ်ဦးစီးဌာနရုံးရှေ့မှ ဆန္ဒထုတ်ဖော်နေစဉ်

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု၌ တရားဝင် ကုန်သွယ်မှုစာရင်းအရ မြန်မာဘက်မှ စတင်အသာစီးရလာ

လက်ရှိအချိန်တွင် အဓိက နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းဖြစ်သော မူဆယ်လမ်းပိုင်း၌ ပစ်ခတ်ဖောက်ခွဲမှုများကြောင့် ပုံမှန်ကုန်သွယ်မှု မပြုနိုင်

တနှစ်ပြည့် ကချင်စစ်ပွဲ

ဇွန်လ ၉ ရက်နေ့၊ ၂၀၁၁ သည် ၁၇ နှစ်ကြာ ရပ်နားထားေ.သာ အပစ်အခတ်ရပ်စဲရေး သဘောတူမှု ပျက်ပြားပြီး မြန်မာ့သမိုင်းတွင် ရုပ်အဆိုးဆုံး စာမျက်နှာများကို စတင်ရေးသားခဲ့ကြသည်။ တနှစ်အတွင်း တိုက်ပွဲ အကြိမ်ပေါင်း ၂၀၀၀ နီးပါး တိုက်ခိုက်ခဲ့သည်။

ဒါရိုက်တာဝိုင်း၏ လယ်သမားအရေး ရုပ်သံမှတ်တမ်းများဖျက်ဆီးခံရ

တင်္နံဂနွေနေ့  ဂျွန်လ ၃ရက်
တောင်သူလယ်သမားများ၏ ဖြစ်ရပ်မှန် ဘ၀များကို ဇာတ်လမ်းတိုရိုက်ကူးနေသည့် ဒါရိုက်တာ ၀ိုင်း၏ အဖွဲ့မှ ကင်မရာသမား ကိုပိုက်နှင့် တောင်သူလယ်သမားများအရေး ဆောင်ရွက်သူ ဦးနေလင်းဦးနှင့် တို့အား ပြင်ဦးလွင်ရဲတပ်ဖွဲ့မှ ပြင်စာရဲစခန်းသို့ ဇွန်လ၁ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ကာ မှတ်တမ်းတင် ဗွီဒီယိုရုပ်သံမှတ်တမ်းများအား ဖျက်ဆီးခဲ့ကြောင်းသိရသည်။

မကွေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဖွဲ့စည်း

2012-06-03

မကွေးမြို့မှာ မြေလတ်ကျောင်းသားများ သမဂ္ဂကို မနေ့က ဖွဲ့စည်းလိုက်ပြီး သမဂ္ဂ မရှိရင် အခွင့်အရေး မရှိဘူးဆိုတဲ့ လှုပ်ရှားမှုကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ကိုကိုကြီး ၈၈မျိုးဆက်ကျောင်းသားများ

 ကိုကိုကြီး
၈၈မျိုးဆက်ကျောင်းသားများ
၂၈၄(က)၊ ဝေဇယန္တာလမ်း၊

သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း - ၀၁- ၅၇၇ ၆၅၆
Email- 88generation.k3@gmail.com
ရက်စွဲ- ၁၊ ဇွန်၊ ၂၀၁၂




နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာ နှင့် တရားဥပဒေ စိုးမိုးရေး
         

၂၀၀၇ မျိုးဆက်ကျောင်းသားများ (က.သ.ဖ) ဖွဲ့



ရန်ကုန်တက္ကသိုလ် နယ်မြေ ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်တွေ ဦးဆောင်ပြီး ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီကို အလုပ်အမှုဆောင် (၁၉) ဦးနဲ့ ဒီကနေ့ စတင်ဖွဲ့စည်း လိုက်ကြောင်း သိရပါတယ်။

မန္တလေးမြို့ သေဆုံးခြင်း (အဆိုတော်လင်းလင်း)

မြေယာဥပဒေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ ပွဲတစ်ခုနဲ့ ရှိုးပွဲတစ်ခုမှာ အဆိုတော် လင်းလင်းကိုယ်တိုင် တီးခတ်သီဆိုတဲ့ မန္တလေးမြို့ သေဆုံးခြင်းသီချင်း။ နားဆင်ကြည့်ကြပါ... ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ..

ဧည့်စာရင်း တိုင်ကြားရခြင်းသည် နိုင်ငံသားအားလုံးအား ပြစ်မှု ကျူးလွန်နိုင်ဖွယ်ရှိသည့် သံသယဖြင့် စောင့်ကြည့်ခံနေရသည့် သဘောဖြစ်နေသည်ဟု ဦးကိုကိုကြီး ပြောကြား




Saturday, 02 June 2012 22:54
ဧည့်စာရင်း တိုင်ကြားရခြင်းသည် နိုင်ငံသားအားလုံးအား ပြစ်မှုကျူးလွန်နိုင်ဖွယ်ရှိသည့် သံသယဖြင့် စောင့်ကြည့်ခံနေရသည့် သဘောဖြစ်နေသည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောကြား ခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် မယ်လ ဒုက္ခသည်စခန်းကို သွားရောက်

2012-06-02

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် မယ်လ စစ်ဘေး ဒုက္ခသည်စခန်းကို သွားရောက်ရာမှာ လူထောင်ပေါင်း များစွာက သူတို့ရဲ့ တိုင်းရင်းသား ရိုးရာဝတ်စုံတွေ ၀တ်ဆင်ပြီး အလံတွေ ဝှေ့ယမ်း ကြိုဆိုကြပါတယ်။

မေလ တစ်လတာအတွင်း အခြေခံလစာနှင့်ပတ်သက်၍ ဆန္ဒပြစက်ရုံ ၂၀ ကျော်ရှိ


ကိုယ်အလုပ် ကိုယ်လုပ်ကြ

လွန်ခဲ့သော်နှစ်က ဆောင်းပါး ပါ ။ သင့်လျှော်လို့ ထပ်တင်လိုက်ပါတယ် (ကုတ်ပြီးဖတ်ပါ)။



ပိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကွန်ယက်၏ ဒုတိယအကြိမ်မြောက်အစည်းအဝေး

၁၃၇၄ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်နေ့
( ၂၀၁၂ ခုနှစ်၊ ဇွန်လ (၁) ရက် )
        ၁.၆.၂၀၁၂ ရက်နေ့တွင် ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကွန်ယက်၏ ဒုတိယအကြိမ်မြောက်အစည်းအဝေးကို နံနက် ၁၀ နာရီတွင် စတင်ပြုလုပ်ခဲ့သည်။ ကွန်ယက်အစည်းအဝေးသို့ ကွန်ယက်အဖွဲ့ဝင် ၃၀ ကျော်တက်ရောက်ခဲ့သည်။

မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက် သတင်းထုတ်ပြန်ကြေငြာချက်

၁၃၇၄ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်နေ့
( ၂၀၁၂ ခုနှစ်၊ ဇွန်လ (၁) ရက် )
အာဏာရှင်နှင့်ပူးပေါင်းပြီး စီးပွားရှာနေသည့်အတွက် ဒေသခံများဒုက္ခရောက်နေခြင်း

ကျန်းမာစေရာ မြန်မာ့အစာ



အစာအကြောင်းအသိပညာက စေ့ဆော်ပေးတာကြောင့် ယုံကြည်မှုတွေ ပွားလာပြီး လက်တွေ့မှာ ထိရောက်တဲ့ပြုပြင်မှုတွေ ပါလာမယ်ဆိုရင်တော့ မြန်မာတွေရဲ့ လက်ရှိကျန်းမာရေးနဲ့ အနာဂတ်ကျန်းမာရေးဟာ

လောကကြီးရဲ့မောင်းနှင်အား





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

DON'T STOP




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

High-Art CO.,ldt. တွင်အလုပ်သမများ ငတ်မွတ်ခေါင်းပါးခြင်းကို ခံစားနေရ


ဓါတ်ပုံ(YPI)
ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်ဝက်မစွပ်ဝန်ထောက်လမ်းစက်မှုဇုန်
(၄)တွင်တည်ရှိသောHighArtCO.,ldt.တွင်အလုပ်သမများ(၁၉၅၀)ခန့်ရှိပြီးနယ်
မှလာသောအလုပ်သမများဖြစ်ပါသည်။

ကမ္ဘာ့ခေါင်းဆောင်တွေရဲ့အလည်မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ကြယ်တစ်ပွင့်လို တောက်ပနေကြောင်း

ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင် ခရီးစဉ်မှာ ပျော်ရွှင်စွာ ကြိုဆိုမှုများ
0 Comments
- 01 Jun 2012
Photo..AP(30 May 2012 ရက်စွဲပါ BBC News မှ Jonah Fisher ရေးသားသော Repturous welcome for Aung San Suu Kyi's historic trip ကိုဘာသာပြန်သည်)မြန်မာနိုင်ငံမှ ရွေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာသည် အမိုးပေါ်တွင်လည်းကောင်း၊ ပြတင်းပေါက်များတွင် ခေါင်းပြူ၍လည်းကောင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို မြင်ခွင့်ရရန် စောင့်ဆိုင်းလျက် ရှိသည်။အများစုသည် မြို့တော် ဘန်ကောက်မှ တောင်ဖက် မိုင် ၂၀ (၃၀ ကီလို)ဝေးသော မဟာချိုင်

စနေနေ့၊ ဂျွန်လ ၂၊ ၂၀၁၂


ဘန်ကောက်တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့