KIA ဌာနချုပ် လိုင်ဇာကို မြန်မာတပ် လက်နက်ကြီးနဲ့ ပစ်ခတ်

ကိုသားညွှန့်ဦး
ရက်ပိုင်းလောက် ငြိမ်သက်နေခဲ့တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေ ဒီနေ့မှာ ပြင်းပြင်းထန်ထန် ပြန်ဖြစ် လာပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာပဲ မြန်မာတပ်ဘက်ကနေ လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ပြီး၊ ညနေပိုင်းအထိ မြေပြင်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေ နဲ့ ဒေသခံတွေက ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ဒီကနေ့ မနက်ပိုင်းကတည်းက စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ ပြင်းထန် လာတာကြောင့် လိုင်ဇာမြို့ခံတွေကပါ စိုးရိမ်လာကြပါတယ်။ အထူးသဖြင့်တော့ မြန်မာအစိုးရ သမ္မတဦးသိန်းစိန် ကတော့ သူတို့အနေနဲ့ လိုင်ဇာမြို့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ကေအိုင်အေ ဌာနချုပ်ကို သိမ်းယူဖို့ အစီအစဉ် မရှိပါဘူးလို့ ပြောထားပေမဲ့ အခုတော့ လိုင်ဇာမြို့အထိကို လက်နက်ကြီးကျည်တွေ ကျလာတာကြောင့်ပါ။

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာတပ်ဘက်က သိမ်းယူခဲ့တဲ့ တောင်ကုန်းကနေ လက်နက်ကြီး ပစ်ကူပေးပြီး၊ အနီးအနား ကေအိုင်အေ ဘက်က စစ်စခန်းတွေကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ ကေအိုင်အေနဲ့အတူ တွဲဘက်တိုက်နေတဲ့ ABSDF မြောက်ပိုင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးမင်းဌေးက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့က မနက်ကနေ စပြီးတော့ ရွှေဘုန်းယန် အမြှောက်တပ် ကနေပြီးတော့ အမြှောက် ၃ လက်လောက်နဲ့ လှမ်းပစ်တယ်။ နောက်ပြီးတော့ ဟိုနေ့က ၃၀ ရက်နေ့က ထိုးပြီး ယူသွားတဲ့ (၇၇၁) တောင်ကုန်းကနေပြီးမှလည်း လှမ်းပစ်တယ်။ ပစ်တာက လိုင်ဇာကို လှမ်းပစ်တာ။ လိုင်ဇာကို လှမ်းပစ်တာက ၈ လုံး။ ပြီးတော့ ညနေပိုင်းမှာ တိုက်ပွဲတွေ တောက်လျှောက် ဖြစ်နေတယ်။ ဒီ လွယ်မောက်ယန် ဘက်ကနေ တက်လာတဲ့ အဖွဲ့တွေနဲ့။”

အခုဟာက မြေပြင် တိုက်ပွဲ ဖြစ်နေတဲ့သဘောပေါ့။ -

“ဟုတ်တယ်။ မြေပြင် တိုက်ပွဲဖြစ်တော့ လက်နက်ကြီးတွေက ဒီဘက် လဂျားယန် နဲ့ လ၀ါယန် ဘက်ကို ပစ်နေတာ။ လဂျားယန် ကျနော်တို့ ကျောင်းသားစခန်း ရှိတဲ့နေရာကို။”

လိုင်ဇာမြို့ပေါ်ရော ပစ်တာခတ်တာ ရှိလား။ -

 “လိုင်ဇာမြို့ကို မနက်က ပစ်တယ်။ ၈ လုံး ပစ်တယ်။”

အထိအခိုက်တွေရော ဘယ်လိုရှိပါလဲခင်ဗျ။ -

“လိုင်ဇာမြို့ကို ပစ်တာတော့ အထိအခိုက် မရှိဘူး။ လိုင်ဇာမြို့ထဲကိုတော့ ၂ လုံး ကျသွားတယ်။ လူကို ထိခိုက်တာတော့ မရှိဘူး။”

လေယာဉ်ပျံ သုံးတာတွေ ဘာတွေရော ရှိပါလား။ ဒီနေ့။ -

“လေယာဉ်ပျံသုံးတာတော့ ဒီနေ့ မရှိဘူးခင်ဗျ။”

ပြီးခဲ့တဲ့ ရက်တွေက ၂ ရက်လောက် ငြိမ်သွားပြီးမှ အခု ထိုးစစ် ဆင်လာတဲ့ သဘောလား။ ဘာကြောင့်လဲ။ ဘာကြောင့်လို့ ယူဆလဲ။ -

“ပြီးခဲ့တဲ့ ၂ ရက်က ခဏ ငြိမ်နေတာတော့ ကျနော် ထင်တယ်၊ သူတို့ စစ်ပမ်းသွားတာလည်း ဖြစ်နိုင် တယ်။ အခုထပ်ပြီးမှ ပြန် ထပ် တက်ဖို့  သူတို့ အမိန့် ပေးထားတယ်လို့လည်း ကျနော်တို့ ကြားရတယ်။ ကြားရတော့ အခု သူတို့ အင်အား ထပ်ဖြည့်ပြီးတော့ တက်လာတယ်။ တက်လာတဲ့အင်အားတွေက အခုဟာက ဆန်တွေ ဘာတွေ သယ်လာတာ မဟုတ်ဘူး။ လက်နက် ခဲယမ်း ကျည်တွေကို သယ်လာပြီးမှ တက်လာတာ။”

ကိုမင်းဌေးတို့ ABSDF စခန်းနဲ့ ကေအိုင်အေ စခန်းတွေ အခြေအနေက ဘယ်လိုရှိလဲ။ အခုအနေအထားက တိုက်ပွဲ ပြင်းထန်တော့။ -

“တိုက်ပွဲ ပြင်းထန်တော့ သူတို့ကတော့ ကျနော်တို့ကို လက်နက်ကြီးတွေကို မိုးရွာသလိုရွာအောင် ပစ်ပြီးတော့မှ ပစ်တာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ကလည်း လက်နက်ကြီးဒဏ် ခံနိုင်အောင်တော့၊ ကျနော်တို့ မထိအောင်တော့ နေကြရတာပေါ့။”

အလားအလာက ဟိုဘက်က တအား ထိုးလာလို့ရှိရင် ဆုတ်ပေးရမယ့် အလားအလာရှိလား။ ဒါမှမဟုတ် ခံတိုက်နိုင်တဲ့ အနေအထား ရှိလား။ -

“အဲဒါကတော့ ဒီ စစ်ပွဲပေါ် အခြေအနေပေါ်မှာ မူတည်မယ်လေ။ ကျနော်တို့က လောလောဆည်မှာ ခုခံနေတဲ့ အနေအထား ကနေပြီးမှ အဲဒီ စစ်ပွဲကာလမှာပဲ ကျနော်တို့က ပြန်ထိုးတာ လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒီအခြေအနေမှာ ဆုတ်နိုင်သလား၊ ဆက်ပြီး တောင့်ထားနိုင်မလား ဆိုတာကတော့ စစ်ပွဲရဲ့ အခြေအနေအပေါ်မှာ မူတည်ပြီးမှ ကျနော်တို့က အပြောင်းအလဲ လုပ်သွားရမှာ ဆိုတော့ အခုချိန်မှာ ကျနော်တို့က ပြောလို့ကို မရသေးဘူးခင်ဗျ။”

တိုက်ပွဲက တနေရာတည်းမှာပဲ ဖြစ်နေတာလား၊ ပျံ့ပြီး ဖြစ်နေတာလား။ ဘယ်နေရာမှာ အဓိက ဖြစ်နေတာလဲ။ -

“တိုက်ပွဲတွေက နေရာ အနှံ့ပါပဲ။ နေရာ အနှံ့ ဖြစ်တယ်ဆိုတာက ဒီ နမ်ဆမ်ယန် ဘက်ပေါ့။ နမ်ဆမ်ယန် ဘက်မှာလည်း သူတို့ တက်လာတယ်။ အဲဒီ သူတို့ တက်လာတဲ့ စစ်ကြောင်းတွေ၊ ရိက္ခာတွေ ကျည်တွေ မပို့နိုင်အောင်၊ အဓိက ကျည်တွေပေါ့နော်၊ သူတို့က တက်သွားတဲ့ကုန်းပေါ်ကို ကျည်တွေ ထပ်ဖြည့်ဖို့ လုပ်နေတယ်။ အဲဒါတွေ ထပ်မဖြည့်နိုင်အောင် ကျနော်တို့က ဟန့်ထားတဲ့ အနေနဲ့ ဖြတ်ပြီးတော့မှ ဟန့်တားနေတာ။”
 
ခုလို တိုက်ပွဲတွေ ရှိနေတယ်ဆိုပေမဲ့ မြန်မာအစိုးရဘက်ကတော့ အပစ်အခတ်ရပ်စဲရေး နဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် ကြိုးစားနေတယ်လို့ မြန်မာ ငြိမ်းချမ်းရေးဗဟိုဌာန တာဝန်ရှိသူတွေက ပြောပါတယ်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ကချင်ကိုဗျင်းနေတုံး ကရင်ကို ကျောပွတ်ပေးထားမှ ဟ ဟ -

ကချင် ငြိမ်းချမ်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ဖို့တိုက်တွန်း

2013-01-05 မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်အတွင်းက စစ်ပွဲများအဆုံးသတ် ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး ရရှိနိုင်ဘို့အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးသင့်ကြောင်း (PCG ) ကချင် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ က ဒီနေ့ ထုတ်ဖေါ်ပြောကြားပါတယ်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

၆၅ နှစ်ပြည့် အမှတ်တရ လွတ်လပ်ရေးနေ့


af Ko Baloi den 4. januar 2013 kl. 00:23 ·
 


အချင်းချင်း ချစ်မခင် အပြစ်မြင်နေလို့ကတော့....
ခင်ဗျားကျနော်လိုချင်တဲ့လွတ်လပ်ရေး ရတော့ရသည် 
လွတ်လပ်ခြင်းရဲ့ တကယ့်အနှစ်သာရ
ပဋိပက္ခအသွင်တွေရဲ့ကြားမှာ ပျောက်ဆုံးလို့နေဦးမှာပဲ။
လက်ပုခုံးကြားကပေါက်တဲ့ခေါင်း ကျဉ်းကျဉ်းအမြင်နဲ့
အနာဂတ်နေ့သစ်တွေကို ဖြတ်ကျော်သန်းနေရင်လည်း
တိုင်းတပါးဆီကရတဲ့ လွတ်လပ်ရေး ပေးကပေးသည် မရ။
နှစ်ပေါင်း ၆၀ ကျော်လို့ ၆၅ နှစ်တောင်ရောက်နေပြီ....ဗျာ
လွတ်လပ်ရေးဟာ အသက်သာကြီးလို့သွားတယ်
ခေါင်းဆောင်လုပ်နေသူ တော်တော်များများက 
ကြီးမိုက်အမည်ခံကာ ပြည်သူအများရဲ့
ဒုက္ခအဝဝကို ဥပေက္ခာပြုထားလို့နေစဲ။
ညသန်းခေါင်ယံချိန်မှာ
ဆေးဝါးမဲ့နေတဲ့ လူနာတစ်ယောက်အတွက်
ငါမျက်ရည်ကျပြီး " တက် " ( တောက် ) ပြင်းပြင်း မခေါက်ချင်တော့ဘူး။
နှစ်ထောင့်ဆယ့်သုံး ခရစ်နှစ်သစ်ကူးမှာ
အများပြည်သူ စိတ်သောကတွေရောက်စေမယ့်
သတင်းစကားတွေ ငါမကြားချင်တော့ဘူး။
ဒီတော့....ကိုယ်ချင်းစာနာမှုတရား
သူသူ ငါငါထားကြမယ်ဆိုရင်
ပြည်မြန်မာအရေး ရေးရေးလေးတွေးကြည့်လိုက်တာနဲ့
အနာဂတ်ဟာ ထွန်းလင်းတောက်ပ
အဲဒီ- ကိုယ်ချင်းစာနာမှုတရားကြောင့် ကျနော်တို့လိုချင်တဲ့
ရွှေပြည်တော်ဟာ မျှော်လေတိုင်းဝေးမနေပါဘူး။


( ကိုဗလိုင် )





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်ရေးရတယ်လို့ မခေါ်ဆိုနိုင်ကြောင်း

 ဒီကနေ့ကျင်းပတဲ့ ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ

တော်လှန်ရေးမပြီးဆုံးသေး

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ ဥက္ကဌ ဦးသံခဲက သူတို့ရဲ့ တော်လှန်ရေးမပြီးဆုံးသေးကြောင်း ဇန်နဝါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ ABSDF အဖွဲ့ရဲ့ မြန်မာနိုင်ငံတွင်း ပထမဆုံးအကြိမ် သီတင်းနှစ်ပတ်ကျော်ကြာလာရောက်ခဲ့တဲ့ ခရီးစဉ် နဲ့ပတ်သက်လို့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ နံနက် ၉ နာရီကနေစတင်ပြီး ၁ နာရီနီးပါးကြာ ပြုလုပ်တဲ့ ဒီသတင်းစာရှင်းလင်းပွဲအတွင်း အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ ABSDF အဖွဲ့အနေနဲ့ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်လိုကြောင်း ဒါ့အပြင် တစ်ချိန်က ABSDF အဖွဲ့အတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ မိမိတို့အဖွဲ့အတွက် သင်ခန်းစာတစ်ခုဖြစ်သလို နောက်မဖြစ်အောင်လဲ ကြိုးစားနေကြောင်း ဦးသံခဲက ပြောဆိုခဲ့ပါတယ်။


Burma VJ မှ


ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

နံနံပင်နဲ့ ကျောက်ကပ်ရောဂါကုသနိုင်၊ ကာကွယ်နိုင်



နံနံပင်နဲ့ ကျောက်ကပ်ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေ အာရှအထိ ပျံ့ နှံ့လာတဲ့ သဘာဝဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေးပညာရှင်များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေက အစ မှာ ပါဝင် သမျှသော မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူ စဖြစ်ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ် လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။

ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစား အသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပြီး ဒါတွေ ကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ ပေါ် လာပါတယ်။

ခွဲစိတ်ကုသစရိတ်စကလည်း မနည်းပါဘူး။ ဆေးလည်း ဈေးကြီးပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေပဲမို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်တက် ပိုမကုန်ပါဘူး။

အပေါ်ပုံက ပြထားတဲ့အတိုင်း နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်ဆင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါ တယ်။ ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့  သစ်ဥ၊မြစ်ဥကိုပါ ထည့်ပြုရပါတယ်။ သို့ပေမယ့် နိုင်ငံတကာမှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။

နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက်သာသာနဲ့ ကျောက်ကပ် ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေလိုက်ရပါတယ်။
--
Ref: medic-fact, wiki
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_5855.html

လွတ်လပ်ရေးရပေမဲ့ တန်းတူမှုမရှိသေးဟု တိုင်းရင်းသားခေါင်းဆောင်တွေဝေဖန်


နေပြည်တော်တွင် ကျင်းပတဲ့ ၆၅နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ( ဇန်နဝါရီလ ၄ရက်နေ့၊ ၂၀၁၃။)
 မြန်မာနိုင်ငံမှာလွတ်လပ်ရေး ရရှိခဲ့တာ နှစ်ပေါင်း ၆၅ နှစ် ဒီကနေ့ ပြည့်သွားပေမဲ့ တိုင်းရင်းသား အားလုံး အဆင့်အတန်း အခွင့်အရေး တူညီတဲ့ ပြည်ထောင်စုနိုင်ငံ မဖြစ်သေးဘူးလို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောလိုက် ပါတယ်၊ မြန်မာလူမျိုးတွေ
နဲ့ ကျန်တဲ့ တိုင်းရင်းသား လူမျိုးတွေကြားမှာ အမြင်မတူညီမှုတွေကြောင့် ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေ က ပြောကြပါတယ်။ ဒီလိုသဘောထားတွေနဲ့အတူ သမ္မတဦးသိန်းစိန်ရဲ့ လွတ်လပ်ရေး သဝဏ်လွှာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လွတ်လပ်ရေး မိန့်ခွန်းထဲမှာ လွတ်လပ်ရေးနေ့နဲ့ ပြည်ထောင်စုအကြောင်း ပြောကြားခဲ့တာတွေကို ဘန်ကောက်ရုံးက မစုမြတ်မွန်က စုစည်းတင်ပြပါမယ်။

ဒီကနေ့ ကျရောက်တဲ့ ၆၅ နှစ်ပြည့် သမ္မတဦးသိန်းစိန်ရဲ့ လွတ်လပ်ရေး သဝဏ်လွှာထဲမှာ မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တခြားခေါင်းဆောင်ကြီးတွေရဲ့ တိုက်ပွဲဝင် ကြိုးပမ်းမှုတွေကို အသိအမှတ်ပြု ဖော်ပြထားတာ တွေ့ရပါတယ်။ လွတ်လပ်ရေးကို တိုင်းရင်းသား ပြည်သူအားလုံး အပြည့်အဝ ခံစားနိုင်ရေးအတွက် တောင်ပေါ် မြေပြန့် မခွဲခြားဘဲ တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်စွာနဲ့ တိုက်ပွဲဝင်ခဲ့ကြတယ်။

အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်အောင် တိုင်းရင်းသား ညီအကိုအပေါင်းက အသက်ပေါင်းများစွာနဲ့ လဲလှယ်ခဲ့ကြတယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ လွတ်လပ်ရေး သဝဏ်လွှာထဲမှာ ဖေါ်ပြထားပါတယ်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရစဉ် လွတ်လပ်ရေး ကြေညာစာတမ်းထဲမှာ တိုင်းရင်းသား အားလုံး စည်းလုံးလျက် အခွင့်အရေး အဆင့်အတန်း တူညီတဲ့ ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီးကို ထူထောင်ပြီလို့ ကြေညာခဲ့တာပါ။

လွတ်လပ်ရေးရပြီး ၆၅ နှစ်အကြာမှာ လွတ်လပ်ရေးကြေညာစာတမ်းထဲကအတိုင်း တန်းတူ ညီမျှတဲ့ ပြည်ထောင်စုတခုလို့ တိုင်းရင်းသားတွေက မြင်ကြပါသလား၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦးက လွတ်လပ်ရေးကြေညာစာတမ်းထဲကအတိုင်း တဝက်ပဲ မှန်သေးတယ်လို့ ပြောပါတယ်။

“တဝက်ပဲမှန်တယ်ဆိုတာ၊ တိုင်းရင်းသားညီအကိုတွေ အားလုံးတော့ စည်းလုံးညီညွတ်ရေး ရှိနေပြီလေ၊ ဒါပေမဲ့ တန်းတူညီတူ မရဘူး။ သူတို့ရပိုင်ခွင့်တွေ ဘာမှ မရဘူး။ အခုထက်ထိ လွတ်လပ်ရေးမရခင်က ဘဝတွေနဲ့ တူနေပါတယ်။”

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ အတွင်းရေးမှုး နိုင်ဟံသာကလဲ တိုင်းရင်းသား လူမျိုးတွေအားလုံး တန်းတူ အခွင့်အရေးရနေတဲ့ ပြည်ထောင်စု နိုင်ငံမဖြစ်သေးဘူးလို့ မြင်ပါတယ်၊

“မဖြစ်ပါဘူး။ အဲ့သလို တိုင်းရင်းသားတွေ တူညီတဲ့အခွင့်အရေးတွေ မရလို့ဘဲ ပြည်တွင်း စစ်တွေဖြစ်နေတယ်။ အမှန်ကတော့ လူမျိုးတိုင်းအပေါ်မှာ ကိုယ့်အမျိုးသား ဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့် တကယ်လို့ ရှိခဲ့မယ်ဆိုရင် ကျနော်တို့နိုင်ငံက ပြည်တွင်းစစ် လည်းမဖြစ်ဘူး။ တော်တော်အေးချမ်းပြီးတော့ တော်တော်တိုးတက်နေပြီလို့ ပြောရမှာပါ။”

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေဟာ လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်ကြီးတွေ ဖြစ်စေ ချင်တဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေတယ်လို့ရှမ်းတိုင်းရင်းသားခေါင်းဆောင်ဦးခွန်ထွန်းဦးက ပြောပါတယ်၊


“လုံးဝကို ဆန့်ကျင်နေတယ်။ ဗိုလ်ချုပ်အောင်ဆန်းပြောသွားတာက တန်းတူရည်တူ၊ ဗမာက တိုင်းရင်းသားတွေအပေါ် ဗိုလ်မကျဖို့၊ ဗမာက တိုင်းရင်းသားတွေကို ဖိနှိပ်သွားဖို့ ဆိုတာ မရှိသင့်ဘူးဆိုတာ အဲ့တာလုံးဝ ကွာခြားနေပါတယ်။ တိုင်းရင်းသားအားလုံး လက်နက်ကိုင်ရတဲ့အကြောင်းအရင်းကတော့ တန်းတူညီမျှရေးပဲ၊ အဓိကကတော့ ဗိုလ်ချုပ်အောင်ဆန်းပြော ခဲ့သလို လွတ်လပ်ရေးယူတုန်းက ရည်ရွယ်ခဲ့သလို တိုင်းပြည်တွင်း ကိုယ်ပိုင်ပြဌာန်းခွင့်တို့၊ ညီတူညီမျှ၊ သာတူညီမျှ၊ အဲ့တာတွေက အဓိကရှိနေတာကိုး။ အဲ့တာကြောင့်လည်း လက်နက်ကိုင်အဖွဲ့အစည်းတွေက ဒီလိုရအောင်ဆိုပြီး ပြောဆိုကြတယ်။ မရတဲ့အဆုံး လက်နက်ကိုင် တောင်းဆိုရတဲ့ ဘဝတွေရောက်နေတာပဲ အခုလက်နက်ကိုင်တာလဲ သူတို့ရပိုင်ခွင့်ဖြစ်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ရချင်တာပဲလေ။"

အခုလို စစ်မှန်တဲ့ ပြည်ထောင်စုလို့ မမြင်ကြသေးတာဟာ မြန်မာလူမျိုး၊ ရှမ်းလူမျိုး၊ မွန်လူမျိုး၊ ကရင်လူမျိုး စသဖြင့် တယောက်နဲ့ တယောက်ကြား ခွဲခြားမြင်နေတာကြောင့်လိုရော မပြောနိုင်ပါဘူးလား။

“အင်း။ အဲ့သလိုပြောမယ်ဆိုရင် အဓိကအားဖြင့်က ဗမာနဲ့ အခြားတိုင်းရင်းသားတွေအပေါ်မှာ အမြင်မတူတာကတော့ ဒါအဓိကကျတယ်။ ဥပမာ တခြားနီးစပ်ရာပေါ့နော် မွန်နဲ့ကရင်နဲ့၊ ကရင်နဲ့ ကရင်နီနဲ့၊ ရှမ်းနဲ့ ပအို့ဝ်နဲ့၊ ပလောင်နဲ့ စသည်ဖြင့်ပေါ့လေ။ နီးစပ်ရာကတော့ အထိုက်အလျောက် အမြင်မတူညီတဲ့ဟာတွေ၊ ရှိပေမဲ့ ဒါကတော့ ပြဿနာ အထူးမရှိပါဘူး။ အဓိကအားဖြင့်ကတော့ ဗမာနဲ့ တခြားတိုင်းရင်းသားလူမျိုးစု အားလုံး အပေါ်မှာ အဓိကပြဿနာဖြစ်နေတယ်။”


အဲဒီလို အခြေအနေမှာ တိုင်းရင်းသား လူမျိုးတွေအားလုံး လိုချင်သလို  တန်းတူ အပြည့်အဝ အခွင့်အရေးရတဲ့ ပြည်ထောင်စု နိုင်ငံဖြစ်လာဖို့ရော မျှော်လင့်နိုင်ပါသေးရဲ့လား။

“အဲ့သလို အလားအလာရှိတယ်၊ မရှိဘူးဆိုတာကတော့၊ အဓိက အာဏာရထားတဲ့ အစိုးရတွေ အပေါ်မှာ မူတည်တယ်။ တနည်းဆိုရင်တော့ ဒါကတော့ တွေ့ဆုံဆွေးနွေးဖို့၊ စကားတွေ အခြေခံအားဖြင့် သဘောတူလာပြီဆိုတော့ တိုင်းရင်းသားတွေဖက်က တိုင်းရင်းသားတွေဖက်က အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ဒါတွေ နည်းနည်းပြောခွင့်တွေ ရှိလာတာပေါ့လေ။  ဒါပေမဲ့ အဲ့ဒီ့အပေါ်မှာ အစိုးရဖက်က ဘယ်လောက် စေတနာမှန်မှန်နဲ့ အဲ့တာကိုပဲ ဘယ်လောက်အကောင်အထည်ဖော်မလဲဆိုတဲ့အပေါ်မှာ အများကြီး မူတည်နေပါတယ်။”

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ အတွင်းရေးမှုး နိုင်ဟံသာဖြစ်ပါတယ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦးကလဲ အမြင်တွေကို ပြောင်းလဲကြမယ်ဆိုရင် မကြာခင်ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

“ဗမာအစိုးရကသာလျင် တိုင်းရင်းသားတွေအတွက် စဉ်းစားပေးမယ်။ Mindset တွေပြောင်းလာမယ်၊ အတွေးအခေါ်တွေ ပြောင်းလာမယ်ဆိုရင်တော့ ဘယ်သူနဲ့မှ တိုင်ပင်စရာမလိုပါဘူး။ ဒီပြဿနာတွေက နော်ဝေတို့ဘာတို့ သွားခေါ်နေစရာ ဘာအကြောင်းမှ မရှိဘူး။ ဖြစ်လာမှာပါ။ ဒါကတော့ လုပ်မယ်ဆိုရင်တော့၊ ပေးမယ်ဆိုရင်တော့ မခက်ခဲပါဘူး။ မပေးဘူး၊ မလုပ်ဘူးဆိုရင်တော့ ကြာမှာပေါ့ဗျာ။”


တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ တယောက်နဲ့ တယောက် မတူတဲ့ အမြင်တွေကို နားလည်ကြဖို့လိုတယ်ဆိုတာကို ဒီကနေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ပြုလုပ်တဲ့ လွတ်လပ်ရေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကလဲ အခုလို ပြောသွားခဲ့ပါတယ်။

“ကျမတို့နိုင်ငံဟာ ပြည်ထောင်စုဖြစ်ပါတယ်။ ပြည်ထောင်စုလို့ပြောရတဲ့ အကြောင်းအရင်းက တိုင်းရင်းသားလူမျိုးပေါင်းစုံက ဖွဲ့စည်းထားတဲ့နိုင်ငံက ဖြစ်တယ်ဆိုတာ ကျမဆိုလိုတာပါ။ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တယ်ဆိုတာကို ကျမတို့ တစ်နေ့၊ တစ်ရက်၊ တစ်စက္ကန့်မှ မေ့လို့မဖြစ်ပါဘူး။ ဒီဟာကို မမေ့မှသာလျင် ကျမတို့လိုချင်တဲ့ ပြည်ထောင်စုမျိုး၊ ကျမတို့ လိုချင်တဲ့ နိုင်ငံမျိုးကို ထူထောင်နိုင်မှာဖြစ်ပါတယ်။ အခုဆိုရင် ဒီနိုင်ငံမှာ ပဋိပက္ခပေါင်းများစွာ ရှိတယ်ဆိုတာ အများသိပြီးသားပဲ၊ ကျမ ထူးထူးထွေထွေ ပြောနေစရာမလိုပါဘူး။ ပဋိပက္ခဖြေရှင်းရေးရဲ့ အခြေခံကတော့ တစ်ဦးကို တစ်ဦး အပြန်အလှန်လေးစားမှုပဲဖြစ်ပါတယ်။ ကိုယ်နဲ့မတူတဲ့ အတွေးအခေါ်တွေကို မလေးစားနိုင်ရင်၊ ကိုယ်နဲ့မတူတဲ့ အတွေးအခေါ်တွေကို နားလည်မှုမပေးနိုင်လို့ဆိုရင်တော့ ကျမတို့ဟာ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်နိုင်မှာမဟုတ်ပါဘူး။”

၁၉၄၈ခုနှစ်ကလုံးဝလွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အဖြစ် မြန်မာနိင်ငံအလံကို လွှင့်တင်ခဲ့ချိန် အတိအကျ အတိုင်း ဒီနေ့ ဇန်နဝါရီလ ၄ ရက် မနက် ၄ နာရီ မိနစ် ၂၀ မှာလည်း နေပြည်တော်မှာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်ပြီးတော့ လွတ်လပ်ရေး အလံတင်အခမ်းအနားကို ကျင်းပခဲ့ပါတယ်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

မိမိတို့ ABSDF ၏ အိမ်ပြန်ခရီး သည် နောက်ဖေးပေါက်မှ ပြန်သည့် ခရီးမျိုး မဖြစ်စေရ

Friday, January 4, 2013 5:30 AM  Htut Htut

မိမိတို့ ပြန့်ကျဲနေသော ရဲဘော်များ၏ အိမ်ပြန်ခရီးသည် နောက်ဖေးပေါက်မှ ပြန်သည့် ခရီးမျိုးမဖြစ်စေရန် အတွက် မိမိအနေဖြင့် အားလုံးကို ကတိပေး ပါကြောင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF)၏ လက်ရှိဥက္ကဋ္ဌ ဖြစ်သူ ရဲဘော်သံခဲက ဒီဇင်ဘာ ၂၇ ရက်၊ ကျောက်ဆည် မြို့တွင် ကျင်းပခဲ့သည့် ယင်း၏ ဖခင်ဖြစ်သူ မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(၁၉၆၁-၆၂) ဥက္ကဋ္ဌ ဆရာကြီး ဦးစိုးဝင်းမောင် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အခမ်းအနားတွင် ပြောကြားသည်။

“ကျွန်တော်တို့ ယုံကြည်တဲ့ အိမ်ပြန်ခရီးဟာ ထွက်တဲ့နေ့ရှိရင် ဝင်တဲ့နေ့ရှိရမယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြန်ချင်တဲ့ ခရီးဟာ နောက်ဖေးပေါက်က အိမ်ကို မပြန်နိုင်ပါဘူး။ အလားတူပဲ ကျွန်တော်တို့ အားလုံးရဲ့ အိမ်ပြန် ခရီးဟာ ည အမှောင်မှာ တိတ်တဆိတ် ပြန်တဲ့ ခရီးလည်း မဖြစ်စေရဘူး။ ကျွန်တော် အခုလာတဲ့ခရီးမှာ ကျွန်တော့် ရဲဘော်တွေကို သစ္စာမဖောက်ဘူး ဆိုတာ ခင်ဗျားတို့ ပြည်သူတွေကို ကတိပေးပါတယ်”ဟု ယင်းက ပြောပါသည်။

ထို့ပြင် ခေတ်စနစ်၏ ဒဏ်ကို မိမိတို့ မိသားစုကဲ့သို့ပင် တစ်နိုင်ငံ လုံးရှိ ပြည်သူများလည်း ခံစားခဲ့ရမည်ပင် ဖြစ်ကြောင်း၊ ယခုခရီးစဉ်၌ မိမိတို့ညီအစ်ကို ၂ ဦး ခြေစုံပစ်မဝင်နိုင်သော်ငြား ယခုခရီးစဉ်မှတစ်ဆင့် ယနေ့ လက်နက်ကိုင် များကြားတွင် သေနတ်သံနှင့် ငိုသံများ တိတ်ဆိတ် သွားစေရန် မျှော်မှန်း၍ မည်သူနှင့်ပင်ဖြစ်စေ မိမိတို့အားလုံး၏ ပြိုကွဲ နေမှုများကို ရပ်တန့်နိုင်ရန် ကြိုးစား သွားမည်ဖြစ်ကြောင်း ရဲဘော်သံခဲ က ဆိုပါသည်။

“ကျွန်တော် (မကဒတ)ဥက္ကဋ္ဌ ရဲ့ ရဲဘော်သံခဲဟာ မိသားစု၊ ဆရာ သမား၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဒီနေရာမှာ စကားပြောနေတဲ့ အချိန် ကျွန်တော့်ရဲ့ ရဲဘော်တွေဟာ တောတွေ၊ တောင်တွေထဲမှာ ဒီလောက် အေးတဲ့ဒဏ်တွေနဲ့ မိဝေးဖဝေးဖြစ် နေသေးတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါဘူး”ဟု ယင်းက ပြောပါ သည်။

အခမ်းအနားသို့ တက်ရောက် ခဲ့သူ ၈၈ မျိုးဆက်ကျောင်းသား တစ်ဦးဖြစ်သည့် မင်းကိုနိုင်ကလည်း လက်နက်ကိုင် တော်လှန်ရေးသည် လိုအပ်ချက်အရ တစ်နည်းအားဖြင့် ခေတ်၏ တွန်းပို့မှုအရ ကိုင်ခဲ့ရခြင်း ဖြစ်ကြောင်း ဆိုပါသည်။ “အဲဒီ အချိန်မှာ မြို့ပေါ်မှာဖက်ပြီးနပန်းလုံး ရတဲ့သူက လုံးတယ်။ တောထဲကို သွားပြီး တုတ်ရှာတဲ့သူက ရှာတယ်”ဟု ယင်းက ဆိုသည်။
မင်းကိုနိုင်၊ ရဲဘော်သံခဲ(အင်္ကျီအဖြူ) တို့ကို တွေ့ရစဉ်

ထို့ပြင် ခေတ်တစ်ခုတွင် ကျောက်ဆည်မြို့၏ ပုံရိပ်သည် တစ်စုံတစ်ယောက်၊ တစ်စုတစ်ဖွဲ့ ကြောင့် မူလပုံရိပ်မပေါ်နိုင်ဘဲ အများ၏ မျက်စိတွင် ပြေးမြင်ကြ သော ပုံရိပ်နိမိတ်တစ်ခုရှိခဲ့ပါကြောင်း၊ သို့သော် ယင်းအခြေအနေသည် တဒင်္ဂသာဖြစ်ပြီး ကျန်ရှိသော ကြယ်ပွင့်များ၏ စွမ်းအားဖြင့် ကျောက်ဆည် ဆိုသည့် ကောင်းကင်သည် ထွန်းလင်းတောက်ပနေမြဲ သာ ဖြစ်ကြောင်း မင်းကိုနိုင်က ပြောပါ သည်။

“ဆရာကြီး ဦးစိုးဝင်းမောင် တို့လို၊ ကိုသံခဲတို့လို ကိုယ့်ကိုယ်ကို မျိုးစေ့လိုသဘောထားပြီး ကြဲပက်သွားခဲ့တဲ့ သူတွေကြောင့် အခုဆိုရင် ပျိုးခင်းကြီးဟာ အပြိုင်းအရိုင်းဖြစ် လာပါပြီ”ဟု ယင်းက ဆိုပါသည်။

“အဖေဟာ မမှန်ကန်တဲ့ အာဏာရှင်စနစ်ကို တော်လှန်ခဲ့ တယ်။ ကျွန်တော်တို့ဟာ သူ့ရဲ့ သွေးနဲ့မွေးတဲ့သားအဖြစ်သာမက သူ့ ရဲ့ အတွေးနဲ့မွေးတဲ့ သားတွေပါ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နှစ် ထပ်ကွမ်းသားတွေ ဖြစ်ခဲ့ပါတယ်” ဟု ယင်း၏ ဖခင်နှင့်ပတ်သက် သည့် အကြောင်းကိုလည်း ရဲဘော် သံခဲက ဖွင့်ဟပါသည်။

နိုင်ငံတော်သမ္မတရုံး၏ဖိတ်ကြားချက်အရ ပြည်တွင်းငြိမ်းချမ်း ရေးဆွေးနွေးရန်အတွက် မြန်မာပြည်
သို့ နှစ်ပတ်ကြာ ခရီးစဉ်ဖြင့် ရောက် ရှိလာသည့် ABSDF အဖွဲ့ဝင်များသည် နေပြည်တော်၌ တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးမှု အပြီးတွင် မိမိတို့၏ ဇာတိရပ်ရွာများသို့ ခေတ္တ သွားရောက်ခဲ့ကြပြီး ABSDF ၏ လက်ရှိ ဥက္ကဋ္ဌဖြစ်သူ ရဲဘော်သံခဲသည် ယင်း၏ ဇာတိ ကျောက်ဆည် မြို့သို့ ဒီဇင်ဘာ ၂၅ ရက်တွင် ရောက်ရှိလာခဲ့ သည်။

ဇာတိမြို့တွင် ရောက်ရှိနေခိုက်၌ ရဲဘော်သံခဲသည် ယင်း၏ ဖခင် ဖြစ်သူ မန္တလေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(၁၉၆၁-၆၂)ဥက္ကဋ္ဌ ဆရာကြီး ဦးစိုးဝင်းမောင်၏ ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အခမ်းအနား ကို မိသားစုဝင်များနှင့် အတူ ကျင်းပခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားများ၊ (အထက်ဗမာပြည်) နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်နှင့် အထက် ဗမာပြည်(ဗကသ) များမှလည်း တက်ရောက်ခဲ့ကြပါသည်။

၁၉၆၁-၆၂ မန္တလေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်သူ ဆရာကြီး ဦးစိုးဝင်းမောင်သည် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် မြို့နယ် သပိတ် ကော်မတီ ဒု-ဥက္ကဋ္ဌအဖြစ် တက်ကြွစွာ ပါဝင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် စစ်ခုံရုံးအမှတ် ၂ မှ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရသည်။ ၁၉၉၅ ခုနှစ်၊ မတ် ၂၆ ရက် တပ်မတော် ရွှေရတုအထိမ်း အမှတ်အဖြစ် ပြစ် ဒဏ်မှ လွတ်မြောက်ခဲ့ပြီး ၂ဝဝဝ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် ကွယ်လွန် ခဲ့သည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်မြ သန်း၊ သားဖြစ်သူ သံမဏိ၊ သံဒိုင် နှင့် သမီးဖြစ်သူ သန္တာစိုးတို့ အပါအဝင် ပြည်ပ သို့ ရောက်ရှိနေသည့် ကိုသံဒုတ် (BLSO ဥက္ကဋ္ဌ)နှင့် ကိုသံခဲ (ABSDFဥက္ကဋ္ဌ) တို့ ကျန်ရစ်ခဲ့သည်ဟု သိရှိရ ပါသည်။

မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ်




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ဂျန်နဝါရီ ၄ ရက်နေ့  ဆိုပါလား

ဂျန်နဝါရီလ ၄ ရက်နေ့  ဘာနေ့ လဲ ?
 ရေးမလို့ စဉ်းစားစဲ ကချင်ပြည်သူတွေမျက်နှာ ဒုက္ခသည် ပြည်သူများဘဝ
 ရွှေပြောင်းအလုပ်သမားပြဿနာ 
အားလုံး 
အားလုံး တွေကို စဉ်းစားကြည့်မိပြီးတော့
 သြော် ဒီနေ့ ကို ဆုံးရှုံးခဲ့ရတာ ၆၅ နှစ်ပြည့်ပြီ !




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

KIO အပေါ်လေကြောင်းတိုက်ခိုက်မှု နိုင်ငံတကာစိုးရိမ်


 
 လိုင်ဇာအနီးက ကချင်ဒုက္ခသည်စခန်း။
မသိင်္ဂီထိုက်
 ကချင်တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် မြန်မာစစ်တပ်က လေကြောင်းအပါအဝင် ထိုးစစ်တွေ အပြင်းအထန် ဆင်နွှဲနေတဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်း အဝိုင်းက စိုးရိမ် မကင်းသံတွေ ထွက်ပေါ်လာပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ကချင် လွတ်မြောက်ရေး တပ်မတော် KIA အပေါ် ထိုးစစ်အတွင်း အစိုးရ တပ်တွေက လေကြောင်းကပါ တိုက်ခိုက်နေတဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ အလေးအနက် ထားပြီး အခြေအနေကိုလည်း အနီးကပ် စောင့်ကြည့်နေတဲ့အကြောင်း ဗုဒ္ဓဟူးနေ့ကပဲ ကြေညာ ချက် ထုတ်ပြန်ခဲ့တာပါ။

ဒေသခံ အရပ်သားတွေရဲ့ ဘဝတွေကို ထိခိုက်စေမယ့်လုပ်ရပ်တွေ၊ ဒေသတွင်းမှာ ပဋိပက္ခတွေ ကြီးထွားလာစေမယ့်အခြေအနေတွေ မဖြစ်ရအောင်  မြန်မာအာဏာပိုင်တွေအနေနဲ့ ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ အများအပြား ရှိနေသလို လူသားချင်းစာနာတဲ့ အကူအညီတွေ ထောက်ပံ့ကူညီဖို့ လိုအပ်နေတဲ့ အခြေအနေတွေလည်း ကြုံတွေ့နေရတဲ့အကြောင်းကိုလည်း အတွင်းရေးမှူးချုပ်က ကြေညာချက်မှာ သတိပေးခဲ့ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တိုက်ခိုက်မှုတွေ ကြီးထွား လာနေတဲ့အပေါ် သတိပေးလိုက်ပါတယ်။ မြန်မာအစိုးရက လေကြောင်းအကူနဲ့ တိုက်ခိုက်မှုတွေ ရှိနေတာကို ဝန်ခံပြောဆိုခဲ့တဲ့အတွက် အခြေအနေတွေ ပိုမိုဆိုးဝါးလာမှာကို စိုးရိမ်တဲ့ အကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယား နျူလန်က ပြောလိုက်တာပါ။

“ကချင်ဒေသအတွင်း စစ်ဆင်ရေးမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့လက်နက်တွေ သုံးခဲ့တယ်ဆိုတာကို မြန်မာအစိုးရဘက်ကနေ ဒီနေ့ဝန်ခံပါတယ်။ အကြမ်းဖက်မှုတွေ ပိုတိုးလာတာနဲ့ ပတ်သက်လို့ ကျမတို့ အထူးပဲ စိုးရိမ်မိပါတယ်။ KIA နဲ့ မြန်မာအစိုးရကြား ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို့ ကျမတို့ ဆက်ပြီး တိုက်တွန်းချင်ပါတယ်။

ကချင်ဒေသဟာ မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်အပြီး ပဋိပက္ခတွေကျန်နေသေး တဲ့ နောက်ဆုံးနေရာလို ဖြစ်နေပြီး မြန်မာအစိုးရအနေနဲ့ တခြားတနေရာမှာ ညှိနှိုင်းဖြေရှင်းသလိုမျိုး စစ်မှန်တဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ ကျမတို့ တိုက်တွန်းချင်ပါတယ်။”

လူ့အခွင့်အရေးစောင့်ကြည့်အကဲခတ် အဖွဲ့ကြီး HRW ကတော့ ကချင်ဒေသ စစ်ပွဲအပေါ်မှာ ရှုတ်ချလိုက်ပြီး နှစ်ဘက်စလုံးအနေနဲ့ စစ်ဖြစ်နေတာဟာ ငြိမ်းချမ်းရေးအတွက် အထောက်အကူ မဖြစ်ဘူးဆိုတာကို သဘောပေါက်ရမယ်လို့ ပြောဆိုလိုက်ပါတယ်။ HRW ရဲ့ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး ဖေးလ် ရော်ဘင်ဆဲန်က အခုလို ပြောပါတယ်။

“နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကချင်ဒေသတဝန်းမှာ လူသားချင်းစာနာမှု အထောက်အကူတွေ ရရှိရေး တောင်းဆိုဖို့ လိုအပ်ပါတယ်။ စစ်ဖြစ်နေတဲ့ နှစ်ဘက်လုံးမှာပါ။ အစိုးရက သူထိန်းချုပ်ထားတဲ့ ဒေသက စစ်ကြောင့် အိုးအိမ်ပစ် ထွက်ပြေးရသူတွေကို ကူညီခွင့်ပြုထားပေမဲ့ WFP တို့လည်း OCHAR တို့လို အကူအညီပေးရေးအဖွဲ့တွေကို KIO ထိန်းချုပ်ထားတဲ့ဘက်က အိုးအိမ်ပစ် ထွက်ပြေးရသူတွေကိုတော့ သွားရောက်ကူညီခွင့်ပေးဖို့ ငြင်းဆန်ထားပါတယ်။ အကြောင်းကတော့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေ သွားရောက်ခွင့်ရရင် အိုးအိမ်ပစ် စွန့်ခွာ ထွက်ပြေးရသူတွေအတွက် တကယ်တန်း လိုအပ်တဲ့အထောက်အပံ့တွေ ပေးနိုင်မှာဖြစ်သလို ကချင်ပြည်နယ်တဝန်းမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာကိုလည်း သိရှိလာနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါ့အပြင် နှစ်ဘက်စလုံးက တိုက်ပွဲတွေ ဆက် တိုက်နေကြမယ်ဆိုရင် နှစ်ဘက်လုံးကို ပြန်လည် ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက  KIA နဲ့ မြန်မာ့တပ်မတော်ကို ဖိအားပေးလုပ်ဆောင်နေမှုကိုလည်း အထောက်အကူ မဖြစ်စေဘူးဆိုတာကို နှစ်ဘက်လုံးက သဘောပေါက်ဖို့ လိုအပ်ပါတယ်။”

နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ကချင်ဒေသ စစ်ပွဲတွေအပေါ်မှာ ဆန့်ကျင်ရှုတ်ချကြပြီး စစ်ဘေးသင့်တဲ့ အိုးအိမ်ပစ် ထွက်ပြေးကြရသူတွေကို အကူအညီပေးခွင့်ပြုဖို့လည်း မြန်မာ အစိုးရကို တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။ မြန်မာအစိုးရ ပြောခွင့်ရသူကတော့ လေကြောင်း အကူတွေဟာ အမောင်းသင်လေယာဉ်တွေသာ ဖြစ်တယ်လို့ ဗွီအိုအေကို ပြောဆိုခဲ့တာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရသူတို့ကတော့ အစိုးရနဲ့ ကချင်လက်နက်ကိုင်တွေကြား တိုက်ခိုက်မှုတွေ ရပ်စဲပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်ရှင်။(VOA)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

စစ်အစိုးရ၏ စိတ်နေသဘောထား

 Monday, 09 March 2009 12:38 သူ့အတွေး သူ့အမြင်
 ဂရစ်ဖစ်တက္ကသိုလ် ဂရစ်ဖစ် အာရှ အင်စတီကျု (Griffith Asia Institute) မှ အင်ဒရူးဆဲလ်သ် -Andrew Selth က ဖေဖော်ဝါရီလ ဆန်းပိုင်း နယူးဒေလီတွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာရေး အင်စတီကျု (Institute of Peace and Conflict Studies) ၌ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ သြဇာ၏ အကန့်အသတ်များ (Burma and the limits of International Influence) ဆိုသည့် ခေါင်းစဉ်နှင့် ဆွေးနွေးရာ၌ စစ်အစိုးရနှင့် ဆက်ဆံရာတွင် စစ်အစိုးရ၏ စိတ်သဘောထားကို နိုင်ငံတကာ အသိုင်းအဝန်း က နားလည်ရန် လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့သည် ကို မဇ္ဈိမသတင်းစာမျက်နှာတွင်ဖတ်ရပါသည်။

ဤတွင် စစ်အစိုးရ၏စိတ်သဘောထားမှာ ဘာလဲဟူသောမေးခွန်းပေါ်လာပါသည်။ ကျနော်တို့အားလုံးသိထားကြသည့် သတင်းမှောင်ချခြင်း၊ ပြောင်ငြင်းကွယ်ခြင်း၊ တရားမဲ့ဥပဒေများဖြင့် အရေးယူဆောင်ရွက်ခြင်း၊ ယုံကြည်မှုအတွက် သာမန်လူများ၊ ကျောင်းသားငယ်များသာမက သံဃာများကို ပါညှဉ်းဆဲသတ်ဖြတ်ခြင်းတို့ကို မာခီးယားဗယ်လီ၏အယူအဆအတိုင်း (ကြားနေအဖွဲ့ဆိုသည့် ကျောင်းတော်သား နိုင်ငံရေးပါတီမှပြောသလို) ရပ်တည်ချက်ထိပါးလာ၍ ပြတ်ပြတ်သားသား ဆောင်ရွက်ခြင်း ဟုသာထားမည်ဆိုလျှင်၊ မတရားစီးပွားအခွင့်အရေးယူခြင်းများကို သူလည်းလေလောကီသားပေမို့ဟု နားလည်မှု ပေးကြမည်ဆိုလျှင်၊ စစ်အစိုးရ၏ ပင်မရပ်တည်ချက်မှာ (အစဉ်အာဏာတည်မြဲရေးသာ ဟု လည်း မပြောလိုဘူးဆိုလျှင်) ဘာလဲဟု စဉ်းစားကြရန်ရှိပါသည်။ ယခုဆောင်းပါးတွင် ကျနော်သိနားလည်သလောက် သူတို့ သဘောထားမှန်ကို ရှင်းပြလိုပါသည်။ ကျနော်သည် စစ်သား သားသမီးတဦးဖြစ်ပြီး ၈၈ ခေတ် ကျောင်းသားလှုပ်ရှားသူ တဦးလည်းဖြစ်ပါ၍ ကျနော်တို့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တိုင်း မသိရှိသေးသည့် အချက်များကို သိရှိသည်ဟု ထင်ပါသည်။ မည်သို့ပင်ဆိုစေ ဆွေးနွေးစရာ အချက်များတော့ရနိုင်ပါလိမ့်မည်။
ယနေ့တပ်မတော်၏ ယုံကြည်ရပ်တည်ချက်က ဘာပါလဲ။ ၈၈ ခေတ်အထိတော့ ရှင်းလင်းစွာပင် ဦးနေ၀င်း၏ ရပ်တည်ချက်အတိုင်း ဖြစ် ပါသည်။ ကွန်မြူနစ်နှင့် ဓနရှင်ပါလီမာန်ဒီမိုကရေစီကို မယုံကြည်။ ယင်းတို့ နှစ်မျိုးကြား အလယ်အလတ် သွားနိုင်မည့် လမ်းစဉ် တရပ်ကို တချိန်က ထူးချွန်သော နိုင်ငံရေးသဘောတရားဆရာများအား ရေးဆွဲစေကာ စမ်းသပ်ကျင့်သုံးကြည့်ခဲ့သည်။ ၁၉၇၇တွင်အရေးပေါ်ပါတီညီလာခံခေါ်ရသည်အထိဖြစ်သွားကာ ယင်းလမ်းကြောင်းမှ သိသိသာသာခွဲကာ မိမိသဘောကျစနစ်ကို ကျင့်သုံးခဲ့တော့သည်။ နောက်ဆုံး ၁၉၈၅ တွင် စီးပွားရေးကျဆုံးမှုကြောင့် ခေါင်းဆောင်ကြီးတိန့်ရှောင်ဖိန်ကို အားကျကာ ပြုပြင်ပြောင်းလဲရန် စ စဉ်းစားသည်။
သို့သော် ကိုယ်တိုင်ဖျက်ဆီးခဲ့ပြီးသော ဗြူရိုကရေစီယန္တရားကို မထိန်းနိုင်ဖြစ်ကာ ၈၈ တွင် ပြိုကျခဲ့ရသည်။ ၈၈ ခုနှစ်က ကျနော်တို့၏လှုပ်ရှားမှုသည် အင်အားပြင်းထန်တာမှန်သော်လည်း အဆိုပါ ပျက်စီးပြီး ဗြူရိုကရေစီ အဖွဲ့အစည်းကြီး လွယ်လွယ်နှင့် ပြိုမကျလျင် ထိုမျှ ခရီးမရောက်နိုင်သည်မှာ သေချာပါသည်။ ထိုအခါ ဦးနေ၀င်းက သူ့သဘော အတိုင်း နောက်ဖဲတမျိုးချိုးပြီး စစ်တပ်ကို အာဏာပြန်သိမ်းစေခဲ့သည်။ ထိုအချိန်က တပ်တွင်း အရာရှိများဖြစ်နေသော၊ ကျနော်တို့နှင့်ကျောင်းနေဖက်မှ စစ်ထဲရောက်သွားကြသော သူတို့ကို မည်သို့လမ်းညွှန်ခဲ့သနည်း။ ထိုစဉ်က ဗိုလ်ချုပ်ခင်ညွန့်တို့ ရှင်းလင်းပွဲတွေမှာ ပေါ်လွင်ပါသည်။ စစ်တပ်၏ရန်သူဖြစ်သော ကွန်မြူနစ်များကြိုးကိုင်မှု နှင့် ကိုလိုနီလက်သစ်လုပ်လိုသော (မှတ်ချက်။ အဆိုပါစကားမှာ ကွန်မြူနစ်စကားဖြစ်ပါသည်) နယ်ချဲ့နိုင်ငံကြီးများ၏ ကြိုးကိုင်မှုဖြစ်သည်ဟု သူတို့ရဲဘော်တွေကို သင်ပြခဲ့ပါသည်။ ယနေ့အထိလည်း သည်အတိုင်း သင်ကြားပို့ချဆဲဖြစ်ပါသည်။
နောက်ပိုင်း ဦးနေ၀င်းကို သူတို့ရှင်းထုတ်ပစ်နိုင်ခဲ့သော်လည်း ယနေ့ခေါင်းဆောင်များသည် ဦးနေ၀င်းကဲ့သို့ လွတ်လပ်ရေးတိုက်ပွဲ နှင့် စစ်အေးကာလ ကမ္ဘာ့နိုင်ငံရေး အတွေ့အကြုံရှိသူများ မဟုတ်ပါ။ စစ်အေးကာလအတွင်း ဦးနေ၀င်းကဲ့သို့ အမျိုးသားရေးနှင့် ဘက်မလိုက်ရေးဝါဒများဖြင့် ရပ်တည်နိုင်အောင် မစွမ်းနိုင်ကြပါ။ နိုင်ငံရေးကစားသည့် သီအိုရီလည်း မကျွမ်းကျင်ကြပါ။ သို့သော် သူတို့အတွက် နည်းလမ်းရှိလာခဲ့ပြီး ယနေ့ကာလ အချို့ ကမ္ဘာ့ပညာရှင်ဆိုသူများ၊ သတင်းစာဆရာကြီးဆိုသူများပင် ချီးမွမ်းရလောက်အောင် နိုင်ငံရေးကို ပိုင်နိုင်သည်၊ အာဏာနိုင်ငံရေးကို ကျွမ်းကျင်သည် ဟု သုံးသပ်လာရသည့် အခြေအနေသို့ စွမ်းဆောင်ခဲ့သည်မှာ အဓိက အကြောင်းတရား  ၂ မျိုးဖြစ်ပါသည်။ ပထမအကြောင်းတရားသည် သူတို့အား တွန်းပို့ပေးနိုင်သည့် တွန်းအားဖြစ်ပြီး ဒုတိယ အကြောင်းတရားသည် နည်းပရိယာယ်ဖြစ်ပါသည်။

ပထမအကြောင်းတရား (သို့မဟုတ်) စစ်တပ်ဝါဒ

စစ်တပ်ဝါဒ ဟု အမည်တတ်သဖြင့် ကြမ်းတမ်းစွာသုံးနှုန်းလိုခြင်း မဟုတ်ပါ။ ယနေ့ ရွေးကောက်ပွဲအထိမှန်းလာသည့် အယူအဆကို ဖြစ်စေသည့် ၀ါဒတရားဖြစ်ပါသည်။ (မှတ်ချက်၊ ဦးနေ၀င်း သည် ၁၁ နှစ်အကြာတွင် ရွေးကောက်ပွဲလုပ်ခဲ့ပြီး ယခု ဦးသန်းရွှေက ၂၂ နှစ်ကြာမှ လုပ်နိုင်ခြင်းဖြစ်ပါသည်။) ဦးနေ၀င်း၏ စစ်သည်တော်ကျင့်ဝတ်တွင် စတင်ခဲ့သော ၀ါဒဖြစ်ပါသည်။ စစ်တပ်အတွင်း မည်သည့်ပုံစံဖြင့် ၀င်လာသည်ဖြစ်စေ စည်းကမ်း (ဤတွင် အမိန့်နာခံမှုကို ၄င်းတို့က စည်းကမ်းဟုခေါ်ပါသည်) ကျနအောင် ပုံသွင်းပေးလိုက် ပါသည်။ ငယ်စဉ်က လမ်းစဉ်လူငယ် စစ်ရေးပြ သင်တန်းဆင်း ကျနော့်ကို အစ်ကိုဝမ်းကွဲ စစ်ဗိုလ်က မေးဖူးပါသည်။ “ညီလေး စစ်ရေးပြဆိုတာ ဘာလုပ်တာလဲ မင်းသိလား” ကျနော်က စည်းကမ်းကျအောင်သင်ပေးတာ ထင်ကြောင်း ပြောသောအခါ “မဟုတ်ဘူးကွ၊ အဲဒါ အမိန့်ကို မစဉ်းစားဘဲနာခံတတ်အောင် ပုံသွင်းပေးတာ။ သတိ သက်သာ အေးစေ ပြောတဲ့အခါ မင်းက မစဉ်းစားဘဲ ချက်ခြင်း လုပ်လိုက်တယ်မဟုတ်လား။ ဒီ လို ဘာမှမဟုတ်တဲ့ အပြုအမူလေးကစပြီး မစဉ်းစားတဲ့အကျင့် သွင်းပေးတဲ့အခါ ရှေ့တန်းမှာ “တက်” လို့ အမိန့်ပေးတဲ့အခါ မစဉ်းစားဘဲ တက်တဲ့အကျင့်ရသွားတာပေါ့” စာဖတ်နာသော ကျနော့် အစ်ကိုသည် စစ်တပ်ထဲမှာ ရာထူးသိပ်ကြီးကြီးမရပါ။ ရှင်းပါသည်။ သို့သော် ထိုစဉ်က ၁၈ နှစ်သား ကျောင်းသားခေါင်းဆောင် ဖြစ်လာသည့် ကျနော့်အတွက် ပညာရပါသည်။

စစ်ရေးပြဖြင့် ပုံသွင်းပြီးနောက်ပိုင်း ပင်ပန်းမှု၊ အနားမနေရမှုတို့ကို ဆက်လက်ပို့ချပါသည်။ fatigue ခေါ် အားလပ်ချိန်မရအောင် ထားသော အလုပ်များကို ဆက်တိုက်ခိုင်းပါသည်။ ကျနော့် မိခင်ဖြစ်သူသည် အိမ်ဖော် အပျိုရွယ်လေးများ ထားသည့်အခါ တမျိုးပြီး တမျိုးခိုင်းသောကြောင့် ကျနော်က မေးဖူးပါသည်။ အမေက “ဒီအရွယ် အားနေရင် တောင်စိတ် မြောက်စိတ်တွေ ၀င်တတ်တယ် သားရဲ့ ဒါကြောင့် မအားအောင် တမင်ရှာခိုင်းရတာ” ဟုပြောပြပါသည်။ တနည်းအားဖြင့် စိတ်ရောလူပါ မလွတ်လပ် အောင် ထားခြင်းဖြစ်ပါသည်။ သည်နောက်မှာတော့ ရှေ့တန်းထွက်ခြင်း၊ (မည်သည့်အကြောင်းကြောင့်မသိဘဲ) စစ်ပွဲဆင်နွှဲခြင်း၊ တို့တွင် မိမိရဲဘော်များ မိုင်းထိ၍ ခြေပြတ်လက်ပြတ်ဖြစ်ရခြင်း၊ သေဆုံးရခြင်း၊ ရန်သူက သတ်ဖြတ်ခြင်း တို့ဖြင့် ဆက်လက် သင်ကြားပို့ချပေးပြန်ပါသည်။ နောက်ဆုံးအဖြေတခုသို့တွန်းပို့ပါသည်။ ယင်းသည် ဆိုခဲ့သော “စစ်တပ်ဝါဒ” ဖြစ်ပါသည်။ ရှင်းအောင်ဆိုရလျှင် -

မိမိတို့သည် (တိုင်းပြည်အတွက်) သူများထက် အပင်ပန်းခံအလုပ်လုပ်ရသည်။
မိမိတို့သည် (တိုင်းပြည်အတွက်) သက်စွန့်ဆံဖျား အလုပ်လုပ်ရသည်။
(ဘာကြောင့်မှန်းမသိဘဲ ဖြစ်သွားသော) ရန်သူကြောင့် မိမိတို့ ရဲဘော်ရဲဘက်တွေ ထိခိုက်သေဆုံးရသည်။
မိမိတို့ကို နှိပ်စက်ခဲ့သော ယင်း ရန်သူကို ပြည်သူတချို့ ထောက်ခံနေသည်။
မိမိတို့သည် အမိန့်နာခံရသည်။ စစ်စည်းကမ်းဖြင့် အချိန်ပြည့် နေရသည်။ ညအိပ်နေစဉ် လာနှိုးလျင် သက်စွန့်ဆံဖျား ခရီး စတင်ရသည်အထိ ၂၄ နာရီထမ်းဆောင်ရသူများဖြစ်သည်။

ထိုအချိန်တွင် သာမန်ပြည်သူများ၊ ၀န်ထမ်းများ (ယင်းတို့စကားအရ “အရပ်သားများ”) သည် သက်သက်သာသာ နေရသည်။ အသက်စွန့်ရန်မလို၊ စည်းကမ်းမရှိ၊ အားလပ်ချိန်တွေ အပြည့်ရှိနေသည် ။ စီးပွားရေးလုပ်ပြီး ချမ်းသာနေသည် … ဟူသော အတွေးကို ဆက်တိုက် ပို့ချပေးပါသည်။ ထိုသို့သော အနစ်နာခံမှုများကြောင့် သူတို့တွင် “နိုင်ငံတော်အာဏာ” ကို သုံးပိုင်ခွင့်ရှိသည် ဟု အဖြေထုတ်ပေးပါသည်။

ပြည်သူလူထုနှင့် စစ်တပ်အတွင်းအကြီးမားဆုံး အတားအဆီးသည် အဆိုပါအတွေးအမြင်ဖြစ်ပါသည်။

ကျနော် ပညာရှင်ဘ၀ စစ်တပ်နှင့် တွဲ၍ တောထဲတောင်ထဲသွားရသည့်အခါ စစ်ဗိုလ်တွေ အင်မတန်အံ့သြကြပါသည်။ သူတို့မှလွဲ၍ မြို့ပေါ်တွင် တိုက်ပုံ ၀တ်နေသော လူပျော့များ ဤသို့ အပင်ပန်းခံနိုင်မည်၊ အပင်ပန်းခံအလုပ်လုပ်လိမ့်မည်ဟု မထင်ခဲ့ကြပါ။ အင်္ဂလန်မှ ဘွဲ့ထူးတွေ ရလာသည့် ဆရာဝန်ကြီးသည်လည်း ညလာနှိုးလျှင် ထလိုက်ရမှန်း ဂျူတီယူရမှန်းသူတို့မသိကြပါ။ (အစပိုင်းတွင် မသိကြပါ၊ နောက်ပိုင်းရာထူးရလာတော့လည်း မသိချင်ကြတော့ပါ)။ တနှစ်က တက္ကသိုလ်ဆရာမလေးတဦး ကျောင်းသားများနှင့် ကွင်းဆင်း ခရီးထွက်လာစဉ် လက်နက်ကိုင်လက်ချက်နှင့် ကွယ်လွန်ပါသည်။ ၀န်ထမ်းတိုင်း၊ ပြည်သူတိုင်း မှာ လက်နက်မဲ့ သက်စွန့်ဆံဖျား မှုတွေ ပြည့်နေကြောင်း သတိမထားမိကြပါ။

နောင်တချိန်တွင် ငြိမ်းချမ်းစွာဆန္ဒပြသူများအားနှိမ်နင်းသည့်အခါ နိုင်ငံတကာက ယုံကြည်ချက်ကြောင့်အကျဉ်းချခံရခြင်း ဟုမြင်သော်လည်း သူတို့လို ပင်ပန်းစွာအလုပ်မလုပ်ရဘဲ အခွင့်အရေးတောင်းသူများဟု ဆက်လက်မြင်လာပါတော့သည်။

သည်ထက် ပိုကြီးသည့် စစ်တပ်ဝါဒတစ်ရပ်မှာ နိုင်ငံခြားသားကို အထင်ကြီးခြင်းဖြစ်ပါသည်။ နိုင်ငံခြားသားမုန်းတီးခြင်း (xenophoebia) သည် အထင်ကြီးရာမှ ကြောက်လန့်မုန်းတီးခြင်းဖြစ်ပါသည်။ ယင်းသည် မိမိတို့ ကြိုးစားသော်လည်း တိုးတက်မှု မရလာသည့်အခါ ကြီးသောအကြောင်းပြချက်ဖြစ်လာပါသည်။ နိုင်ငံခြားသားကို ပိုမို အလုပ်လုပ်သူ၊ ပိုမို ဥာဏ်ကြီးသူ ဟုမြင်ပါသည်။ ပြည်ပတွင် တိုးတက်ခြင်းသည် ယင်းလူမျိုးများ အလုပ်လုပ်၊ ဥာဏ်မြင့်သောကြောင့်ဖြစ်ပြီး မြန်မာပြည် မတိုးတက်ခြင်း မှာ စစ်တပ်တတပ်လုံး အလုပ်လုပ်သော်လည်း ပြည်သူတွေ၊ ၀န်ထမ်းတွေ အလုပ်မလုပ်သောကြောင့် မတိုးတက်ခြင်းဟုမြင်လာပါသည်။ သည်အတိုင်းလည်း သင်ကြားပေးပါသည်။ သာမန်ပြည်သူတွေမှာတော့ နိုင်ငံခြားသွားအလုပ် လုပ်ကြသည့်အခါ နိုင်ငံခြားသားကို သူလိုကိုယ်လို ဟုသာမြင်ပါသည်။ အလုပ်လုပ်သလောက်အခွင့်အရေးရသဖြင့် အလုပ်လုပ်ကြ သည်။ စည်းကမ်းရှိသလောက် စည်းကမ်း၏အကျိုးကို ခံစားရသဖြင့် စည်းကမ်းနှင့်နေကြသည်။ သူတို့လို ကိုယ်လည်း အခွင့်အရေး ရရင် ကိုယ့်တိုင်းပြည်လည်း ဖြစ်နိုင်ကြောင်းနားလည်ကြသည်။ ကြီးမားသော အတွေးအခေါ်ကွာဟမှုကြီးဖြစ်ပါသည်။

ထိုမှတဆင့်တိုးသောအခါ စစ်တပ်က ပိုအလုပ်လုပ် အနစ်နာခံရတဲ့အတွက်အခွင့်အရေးယူထိုက်သည်ဟု မြင်လာ
ပါတော့သည်။ နိုင်ငံရေးသမားများအား နိုင်ငံတော်အာဏာ
ကို ဖြတ်လမ်းနည်းဖြင့် ရယူလိုသည်ဟု စွပ်စွဲပေးလိုက်ပါသည်။ တပ်ထဲတွင် နေခဲ့သော ငယ်စဉ်က ကျနော်ကိုယ်တိုင်သည် အမိန့်နှင့် အာဏာကို ယုံကြည်ပါသည်။ နောင် ၈၈ ခေတ်ကိုကျော်မှ စည်းရုံးရေးကို ယုံကြည် လာပါသည်။ ပတ်ဝန်းကျင်က ပုံသွင်းပေးခြင်းဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် စည်းရုံးရေးကို ယုံကြည်ပြီး ဗိုလ်ချုပ်နေ၀င်း သည် အမိန့်နှင့် အာဏာကို ယုံကြည်ခဲ့ခြင်း၏ နောက်ဆက်တွဲ အမွေဖြစ်ပါသည်။

အထက်ပါ စစ်တပ်ဝါဒ သည် နိုင်ငံတကာ၊ ဘာသာတရားနှင့်၊ နိုင်ငံရေးသဘောတရားများ သိရှိနားလည်လာသည့် အရာရှိကြီး များဖြစ်လာသည့်အခါ မိမိတို့၏ အထက်ပါ ကျင့်ထုံးများနှင့် ဆန့်ကျင်ဆုံးဖြတ်မှုတိုင်း၊ အဖြေတိုင်းအတွက် စိတ်ဖြေစရာ ဆေးကောင်း ကြီး တခွက်ဖြစ်လာပါတော့သည်။ ယနေ့ ဗိုလ်ချုပ်ကြီးများအားလုံး ဤအတိုင်း ယုံကြည်ကြသည်မှာ မှားယွင်းဖွယ် မရှိပါ။

ဒုတိယအကြောင်းတရား (သို့မဟုတ်) ပုံတူကူးခြင်း

ဦးနေ၀င်းအားဖယ်ရှားပြီးသည့်အခါ စစ်ဗိုလ်ချုပ်ကြီးများအတွက် လမ်းကြောင်းချပေးမည့်သူမရှိတော့သလောက်ဖြစ်ပါသည်။ (ထိုမတိုင်ခင် အာဏာသိမ်းပြီးကာလက ဒေါက်တာမောင်မောင်နှင့်တကွ ပါတီခေတ်ခေါင်းဆောင်များ Policy နှင့် လမ်းညွှန်မှုများ ချပေးခဲ့ပါသည်။) သို့ရာတွင် အတန်အသင့် အမြင်ကျယ်သူ ဗိုလ်ချုပ်ခင်ညွန့်သည် မဟာဗျူဟာလေ့လာရေးဌာနကို (အမေရိကန်ပုံစံအတိုင်း) ထူထောင်ကာ ပညာတော်သော စစ်ဗိုလ်ငယ်များမှအစ ခေါင်းခေါက်ရွေးယူ၍ ထောက်လှမ်းရေးဌာနချုပ် တွင် ကမ္ဘာ့နိုင်ငံရေးအလိုက် အထူးပြုတာဝန်အမျိုးမျိုးဖြင့် လေ့လာ လေ့ကျင့်စေခဲ့သည်။ အမေရိကန်နှင့် အီးယူ၊ ဂျပန် တို့သို့ နိုင်ငံရေးအောက်လမ်းနည်းများဖြင့် ချဉ်းကပ်ခဲ့သည်။ စစ်အစိုးရ၏ လမ်းပြမြေပုံ နှင့် နေပြည်တော်စီမံကိန်း၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ခေါ် ပေါ်လစီ စီမံကိန်းများကို သူ၏ ဦးခေါင်းများဖြင့် ဆွဲယူခဲ့သည်။

နောင်တချိန် ဗိုလ်ချုပ်ခင်ညွန့်မရှိသောအခါ စစ်တပ်ခေါင်းဆောင်များအတွက် နမူနာပေါင်းများစွာ၊ စကားလုံးပေါင်းများစွာ (ယနေ့နောက်ဆုံးပေါ် - ရိုဟင်ဂျာမဟုတ်၊ ဘင်္ဂါလီ ဆိုသည့် စကားလုံးမျိုးအထိ) အရန်သင့်ရှိထားပြီဖြစ်သည်။ ကာကွယ်ရေးတက္ကသိုလ်တွင် အရည်အချင်းရှိသော ပညာတတ်ဗိုလ်မှူးကြီးများ၏ သုတေသနကျမ်းများ ရှိနေသည်။ ဒီပဲယင်း အရေးအခင်းကို “ဒေါ်အောင်ဆန်းစုကြည်အန္တရာယ်ကာကွယ်ရေး” ဟူသော သုတေသနစာတမ်းအတိုင်း ဖန်တီးခဲ့သည်။ UN ကိုယ်စားလှယ် ဂန်ဘာရီမလာမီ ပြည်တွင်းတာဝန်ခံကို မောင်းထုတ်ပြခြင်း၊ ယင်းမှတဆင့်ချင်းရှေ့တိုးလာပြခြင်း၊ အမေရိကန် စစ်ရေယာဉ်မ၀င်နိုင်မီ အာဆီယံ၊ UN တို့နှင့် အစည်းအဝေးလုပ်ပြခြင်း စသည်ဖြင့် နည်းဗျူဟာမျိုးစုံကို အသစ်ဖန်တီးယူခြင်း ထက် ဦးနေ၀င်းလုပ်ခဲ့သည့် ခြေလှမ်းများကို အနီးစပ်ဆုံး ပုံတူကူးချခြင်းများဖြစ်သည်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်တို့ကို မယုံကြည် သော်လည်း ထို ၀ါဒကျင့်သုံးသူ တို့၏ နည်းပရိယာယ် လုပ်နည်းလုပ်ဟန်များကို လေ့လာကြသည်။ ဤသည်မှာလည်းမဆန်း၊ မဆလခေတ်တွင်သူတို့ ကြီးပြင်းလာကြပေရာ (တနည်းအားဖြင့် လူရာဝင်လာရပေရာ) ထိုခေတ်က သင်ကြားခဲ့သော နိုင်ငံရေးသမား မုန်းတီးရေးတရားများ၊ ဦးနု မကောင်းကြောင်းများ၊ ပါတီစုံနှင့် ဖက်ဒရယ်မူ မကောင်းကြောင်းများ သည် အသည်းတွင် စွဲထင်နေပေပြီ။ ထိုခေတ်တလျှောက်လုံး ဖတ်စရာနိုင်ငံရေးစာအုပ်ဆို၍ လက်ဝဲစာပေသာရှိရာ ထို စာပေတို့မှ လက်ဝဲ၀ါဒ တော်လှန်ရေးသမားတို့၏ ကောင်းကွက်များ အယူအဆကောင်းများကို အရမယူနိုင်သောအခါ မကောင်းသော လုပ်နည်းလုပ်ဟန်များကိုသာ ကူးယူရပေတော့သည်။ “ဆန့်ကျင်ကြ၊ ဆန့်ကျင်ကြ” ဆိုသည့် လက်မောင်းတန်းအော်ဟစ်မှု များကို သူတို့ရိုက်သောရုပ်ရှင်ထဲမှ အလံနီတို့ထံမှအရယူသည်။ ကျနော့်နားထဲတွင် “သတ်ပစ်၊ သတ်ပစ်” ဆိုသည့်အသံများ ကြားယောင် မိရသည်။

အရေးအခင်းပြီးခါစက အားလုံးသပိတ်မှောက်ပြီး ဖြစ်နေသည့် ၀န်ထမ်းများဖြင့် မည်သို့ဆက်လက်အုပ်ချုပ်မည်နည်းဟု ကျနော်တို့တွေးခဲ့ဖူးသည်။ တပြည်လုံးသပိတ်မှောက်လျင် တိုင်းပြည်ကို အုတ်တံတိုင်းခတ်ရုံပေါ့ဟု ပြောခဲ့ကြသည်။ သို့သော် အာဏာမသိမ်းမီတွင် မော်စီတုန်း၏ နည်းလမ်းတခုကို ကျနော်ဖတ်မိသည်။ ယင်းမှာ “အစွန်းရောက်လူနည်းစု ကို တိုက်ရိုက်နှိမ်နင်းခြင်း၊ အလတ်တန်းစားလူများကို တွေဝေယိမ်းယိုင်စေခြင်း နှင့် နောက်
တန်းက လူုထုကြီးကို မိမိ လူဟု အမည်တပ်ခြင်းဖြင့် တဖြည်းဖြည်းပြောင်းလဲယူခြင်း” လုပ်ငန်းစဉ်ဖြစ်ပါသည်။ ကူးယူတတ်သော စစ်အုပ်စုသည် ထိုအတိုင်း တသဝေမတိမ်းကျင့်သုံး ပါသည်။ ယနေ့တိုင်လည်း ပြည်တွင်းသာမက ပြည်ပနိုင်ငံများအထိပါ တိုးချဲ့ယူလာရာ အာဆီယံသည် ထိုလမ်းစဉ်မှ အလယ်အလတ်တန်း စားအုပ်စုဖြစ်လာပါသည်။ အတိုက်အခံထဲမှလည်း အဆိုပါ အလယ်အလတ်တန်းအုပ်စုကို ဆွဲယူနေပါပြီ။ တွေဝေသော (ကွန်မြူနစ်စကားဖြင့် ဆက်ပြောလျှင် ပညာတတ်များ) လူတချို့သည် ပါတီဖွဲ့အရွေးခံရန်၊ ရွေးကောက်ပွဲကို ထောက်ခံရန် လမ်းစဉ်ကို ရွေးနေကြလေပြီ။ စစ်တပ်သည် သာမန်အားဖြင့် ကျောင်းသားများကို မထလာအောင် နှိပ်ကွက် ထားလိုသည်မှအပ နိုင်ငံရေးသမားများ လောက် အမြင်မကြည်မှုမရှိသည်ဖြစ်ရာ (သူတို့သင်ခဲ့သော ဦးနေ၀င်းခေတ် သမိုင်းစာအုပ်များတွင်လည်း ကျောင်းသားများ အမြင်မှား၍သာ နိုင်ငံရေးလုပ်ကြကြောင်း သင်ခဲ့ရရာ) ကျနော်တို့ ၈၈ ကျောင်းသားများကိုလည်း အလယ်အလတ် လူစုတွင်ပါဝင်မည်လားဟု ထင်ကာ လွှတ်ပေးထားခဲ့သည်။ ၂၀၀၇ တွင်မှ အစွန်းရောက်စာရင်း သို့ ထည့်သွင်းခဲ့ ခြင်းဖြစ်ပါသည်။

ခြုံငုံ၍ဆိုရလျှင် စစ်တပ်၏ မကောင်းမှုများကို နားလည်မှုပေးသည့်တိုင် ယင်းတို့၏ ရပ်တည်ချက် သဘောထားသည် မှားယွင်းစွာ သင်ကြားလာသော အခြေခံအပေါ်မှ ဖြစ်ပေါ်လာခြင်းသာဖြစ်ပါသည်။ တိုင်းသူပြည်သားများ အမှန်တကယ်ခံစားမှု၊ အမှန်တကယ် အလုပ်လုပ်ကိုင်နေကြပြီး အကျိုးမရကြမှု၊ ယင်းတို့ အထင်ကြီးသော ပြည်ပနိုင်ငံသားများကဲ့သို့ အရည်အချင်းရှိသူများစွာ ရှိနေမှု၊ ယင်းတို့ကဲ့သို့ ပင်ပန်းနွမ်းနယ်စွာ၊ သက်စွန့်ဆံဖျား တိုင်းပြည်အတွက် အလုပ်လုပ်နေသူများရှိနေမှုတို့ကို ယနေ့တိုင် သိမြင်လာကြခြင်း မရှိသေးပါ။ ပြည်သူလူထုနှင့် အမှန်တကယ် နီးနီးစပ်စပ် နေထိုင်လိုစိတ်၊ နားလည်အောင်လုပ်လိုစိတ် နည်းပါးအောင် ကြိုတင် လေ့ကျင့်ပေးထားခြင်းဖြင့် အရပ်ဘက်တာဝန်ယူရသည့်တိုင်အစဉ်ကင်းကွာ နေလေ့ရှိသည် နားလည်သွားသော အရာရှိများသည်လည်း ဘေးဖယ်ခြင်း ခံသွားကြရသည်။ ထို့ကြောင့်လည်းယနေ့ခေတ်ပင်စင်ယူသွားသောစစ်ခေါင်း
ဆာင်အားလုံးသည် လက်ရှိစစ်တပ်၏ ဘေးဖယ်ခြင်းကို ခံကြရသည်ဖြစ်ရာ လက်ရှိခေါင်းဆောင်ကြီး များ တသက်တာ မည်သည့်အခါမျှအငြိမ်းစားမယူရဲတော့သည့်အဖြစ်သို့ရောက်ရှိ
ကုန်ကြခြင်းဖြစ်ပေသည်။

စာရေးသူသည် ရန်ကုန်အခြေစိုက် နိုင်ငံရေးနှင့် စစ်ဖက်ရေးရာ လေ့လာသုံးသပ်သူ တဦးဖြစ်သည်။
စိုးသူရထွန်း ဖေစ်ဘုက်မှ တဆင့်ဧရာဝတီမှ ကူးယူသည်။



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၄ တွင် သမ္မတရာထူး ရနိုင်ဟု ဆရာ စံဇာဏီဘို ဟောကိန်းထုတ်

တင်ဇာအောင် | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၂ ရက် ၂၀၁၃ ခုနှစ် ၁၈ နာရီ ၅၃ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။           ။ လက်ရှိ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ၂၀၁၄ ခုနှစ်တွင် သမ္မတရာထူး ရနိုင်သည်ဟု မြန်မာနိုင်ငံ၏ နာမည်ကြီး နက္ခတ် ဗေဒင်ဆရာတစ်ဦးဖြစ်သည့်ဆရာစံဇာဏီဘိုကမဇ္ဈိမ၏ဆက်သွယ်မေးမြန်းမှုကို ဖြေကြားလိုက်သည်။

“ ရွေးကောက်ပွဲကတော့ ၂၀၁၅ မှာပါ။ ဒါပေမယ့် ၂၀၁၄ ဇူလိုင်၁၂က ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် အတွင်းမှာဒေါ်စု သမ္မတ နေရာ တစ်ခုခုမှာ ရနိုင်တဲ့ အမှတ်အသားတွေ့ ရပါတယ်။ ဒါမှ မဟုတ်ရင်လည်း ကြားဖြတ် အစိုးရ သဘောနဲ့ ပတ်သက်ပြီး သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ သဘာဝမျိုးလည်း ဖြစ်နိုင်တယ်။  ဒါက ဗေဒင်ကိန်းခန်းအရ ဖြစ်နိုင်ချေကို ပြောတာပါ” ဟု ဆရာစံဇာဏီဘိုက ပြောသည်။

နက္ခဗေဒ သဘောတရားအရ ယင်းသို့ တွက်ချက်ပြောကြားခြင်းဖြစ်ပြိး လာမည့် ၂၀၁၄ ခုနှစ်ဇူလိုင်လ ၁၂ ရက်မှ စတင်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီကာလအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ နေရာသုံးခု (သမ္မတနှင့် ဒုတိယ သမ္မတ နှစ်ဦး) တွင် နေရာ ရရှိလာနိုင်ကြောင်း ဆရာ စံဇာဏီဘိုက ပြောကြားခြင်းဖြစ်သည်။

“ပုံမှန်ကတော့ ရွေးကောက်ပွဲ တစ်ခုပြီှးမှ သမ္မတ ဖြစ်တဲ့ သဘောသဘာဝနဲ့ မတူဘဲ ဒါက ဗေဒင်အရ ဖြစ်တည်မှုကို တင်ပြတာပါ” ဟုလည်း ပြောသည်။


နက္ခတ်ဗေဒ သဘောအရ ယင်းအချိန်တွင် နိုင်ငံ၏ ခေါင်းဆောင်မှာ အမျိုးသမီး ခေါင်းဆောင် စတင်ဖြစ်ပေါ်သည့် အခြေအနေ ဖြစ်နိုင်ပြီး ယင်းအမျိုးသမီး ခေါင်းဆောင်မှာလည်း အခြားနယ်ပယ်က မဟုတ်ဘဲ လက်ရှိ ရှိနေပြီးသားခေါင်းဆောင်ထဲမှသာ ဖြစ်မည်ဖြစ်သည်ဟုလည်း ဆရာစံဇာဏီဘိုက ပြောသည်။

“အမျိုးသမီး ခေါင်းဆောင်ဖြစ်ရမယ်ဆိုလို့ အခြားသူကို ထည့်စဉ်းစားလို့ မရပါဘူး။ မူလရှိတဲ့ အထဲကပဲ အမျိုးသမီးခေါင်းဆောင်ဖြစ်ရမယ်။အခြားလူမဟုတ်တာ သေချာပါတယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင် မှန်သမျှက အာဂလူပဲဖြစ်ရမယ်။ ကြုံလို့ ၀င်လုပ်တာ ၊ ပိုက်ဆံရှိလို့ ၀င်လုပ်တာမျိုး လုံးဝမဟုတ်ဘူး။ စစ်မှန်တဲ့ အရည်အချင်းရှိတဲ့ အရည်အသွေး ရှိတဲ့ ခေါင်းဆောင်ပဲဖြစ်မယ်” ဟုလည်း ဆရာစံဇာဏီဘိုက ပြောသည်။

နိုင်ငံတော်သမ္မတကြီး၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍လည်း မေးမြန်းရာတွင် “ သမ္မတကြီး မသေနိုင်သေးပါဘူး။ သေမယ့် လမ်းကြောင်း မမြင်သေးပါဘူး ။ နောက်ရွေးကောက်ပွဲတစ်ခုအထိ သမ္မတကြီးလည်း ပါရင် ပါမှာပေါ့” ဟုလည်း ပြောသည်။

ယင်းအပြင် တိုင်းပြည်ကို စစ်တပ်မှ ပြန်လည် အာဏာသိမ်းခြင်း၊ အခြားတိုင်းပြည်တစ်ခုမှ လာရောက်သိမ်းပိုက်ခြင်း စသည်များ တွေ့ရှိရခြင်း မရှိကြောင်း ပြောကြားသည်။ သို့သော် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မေးမြန်းရာတွင် နက္ခတ် ဗေဒင်အရ တိုင်းပြည်တွင်  လာမည့် ၂၀၁၃ ခုနှစ် တစ်ခုလုံးနှင့် ၂၀၁၄ ဇွန်လအထိ ငြိမ်းချမ်းရေး ရနိုင်ဖွယ် မရှိသေးကြောင်း  အတိအလင်း ပြောကြားလိုက်သည်။

ငြိမ်းချမ်းရေး ရနိုင်ဖွယ် မရှိသေးသည့် အချိန်နှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည်ဟူ အချိန်တို့မှာလည်း ကပ်လျက်ပင်ဖြစ်သည်ကို ယင်း၏ ဟောကိန်းအရ သိရသည်။

NLD ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီဇင်ဘာလတွင် နတ်မောက်မြို့နှင့် ထားဝယ်မြို့များသို့ သွားရောက်စဉ် နိုင်ငံအတွက် ထိရောက်သည့် လုပ်ဆောင်မှုများ လုပ်ဆောင်နိုင်ရန် အာဏာရလိုကြောင်းနှင့် သမ္မတ ဖြစ်လိုကြောင်း ပြောကြားထားသည်။



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ကိုမင်းကိုနိုင် ဖိလစ်ပိုင်နိုင်ငံကို သွားမည်

2013-01-02
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံကို ၅ ရက်ကြာသွားရောက်ဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။
Photo:88 Generation Student Face book
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် (ယာ)နှင့် ကိုကိုကြီး (ဝဲ)တို့ဖြစ်ပါသည်။
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာအတွေ့အကြုံရရှိဖို့အတွက် သွားရောက်မှာဖြစ်တယ်လို့ ကိုမင်းကိုနိုင်နဲ့အတူ လိုက်ပါသွားမယ့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက RFA ကို အတည်ပြုပြောကြားခဲ့ပါတယ်။
"ကျနော်တို့အကျဉ်းထောင်တွေထဲက ပြန်လည်ထွက်လာပြီးတဲ့နောက်
ပိုင်းမှာ မြန်မာပြည်ရဲ့အရေးကြီးတဲ့ကိစ္စတွေဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး လုပ်ငန်းတွေကို လုပ်ကြတဲ့အခါမှာအခုပြည်တွင်းမှာ တော်တော်များများလုပ်ငန်းတွေကို လုပ်ပြီးသွားပြီဖြစ်တဲ့အတွက် ပြည်ပမှာဘယ်လိုအလေ့အကျင့်ကောင်းမျိုး
တွအတွေ့အကြုံကောင်းမျိုးတွေရလာမလဲဆိုတာ လေ့လာမှာဖြစ်တယ်၊
တဖက်ကဖိတ်ကြားတဲ့လူတွေကလည်းငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စ
တွမှာပဋိပက္ခဖြေရှင်းရေးတွေကိုဘယ်လိုချဉ်းကပ်သလဲ၊ဘယ်လိုအ
တွ့အကြုံတွေနဲ့ ဖြတ်သန်းကြသလဲ၊ ရလဒ်ကောင်းတွေ ဘယ်လိုရသလဲဆိုတာကို မျှဝေချင်တယ်"

ဖိလစ်ပိုင်နိုင်ငံခရီးစဉ်အတွင်း မနီလာမြို့တော် အပါအဝင် တခြားမြို့တွေကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ ဒါ့အပြင် လူမှုရေးအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၁၄ ရက်နေ့ ကနေ ၁၈ ရက်နေအထိ သွားရောက်မယ့် ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်မှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုအံဘွယ်ကျော်၊ ကိုဘသက်အောင် အပါအဝင် အဖွဲ့ဝင် ၁ဝ ဦးကျော်ပါဝင်မယ်လို့ စုံစမ်းသိရပါတယ်။






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

KIA နယ်မြေ လေကြောင်းတိုက်ခိုက်မှု မြန်မာအစိုးရဝန်ခံ


တိုက်ပွဲရပ်နားစဉ် မြန်မာစစ်တပ်ရှိရာမှ ၁၃ မိုင်ခန့်အကွာမှာ အနားယူနေကြသော KIA ကချင်လွတ်မြောက်ရေးတပ်သားများ။
မြန်မာအစိုးရဘက်က KIA ကချင်တပ်တွေအပေါ်မှာ ထိုးစစ်ပြင်းထန်နေတာကြောင့် စစ်ရေးကို အာရုံစိုက်နေရလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဘက်ကို အာရုံမလှည့်နိုင်သေးဘူးလို့ KIA ဘက်က ပြောပါတယ်။ တချိန်တည်းမှာပဲ KIA တပ်တွေကို လေကြောင်းကနေ  တိုက်ခိုက်မှုတွေလုပ်တယ်ဆိုတာကိုတော့ မြန်မာအစိုးရ ပြောခွင့်ရသူဘက်က ဝန်ခံပါတယ်။ ကချင်ဘက်က စစ်ရေး၊ နိုင်ငံရေးနောက်ဆုံးအခြေအနေတွေကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
KIA ကချင်လွတ်မြောက်ရေးတပ်တွေ ရှိတဲ့နေရာတွေကို မြန်မာအစိုးရဘက်က လေကြောင်း ကနေ တိုက်ခိုက်မှုတွေ ဒီကနေ့အထိ ရှိနေတုန်းပဲလို့ သိရပါတယ်။ တဘက်မှာတော့ စစ်ရေး အခြေအနေ တင်းမာနေတာကြောင့် နိုင်ငံရေး ဆွေးနွေးပွဲတွေဘက်ကို မလှည့်နိုင် ဖြစ်နေ ကြပါတယ်။ မြန်မာအစိုးရဘက်ကတော့ ဆွေးနွေးပွဲအတွက် ကမ်းလှမ်းထားပြီး ဖြစ်တယ်၊ KIA ဘက်က အကြောင်းပြန်မှုကို စောင့်နေတယ်လို့ ပြောပါတယ်။ KIA ဌာနချုပ်၊ လိုင်ဇာအနီးမှာ ရှိနေတဲ့ လဂျားယန်စခန်းက မြန်မာတပ်တွေအတွက် ရိက္ခာထောက်ပံ့ဖို့သွားတဲ့ တပ်တွေကို KIA ဘက်က ဖြတ်ပြီးတော့ တိုက်တာကြောင့် တိုက်ပွဲတွေ ဖြစ်လာတာဆိုပြီးတော့ မြန်မာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“လဂျားယန်စခန်းမှာ မြန်မာ့တပ်မတော်က တပ်တွေရှိတယ်။ အဲဒီစခန်းကို ရိက္ခာပို့နေတဲ့ လမ်းကြောင်းမှာ KIA တပ်တွေက ပိတ်ဆို့ထားတဲ့အတွက်…”

မေး။ ။ လေကြောင်းတိုက်ခိုက်မှု ရှိတယ်လို့ ပြောပါတယ် ခင်ဗျ။ အဲဒါကော ဟုတ်ပါသလား။
“လေကြောင်း တိုက်ခိုက်မှုတော့ ရှိတယ်။ သို့သော် တကယ့် fighter လေယာဉ်တွေတော့ မဟုတ်ဘူး။ ကျနော်တို့သိရသလောက် K-8 အမောင်းသင်လေယာဉ်တွေလို့ ကျနော်တို့သိရတယ်။”

မေး။ ။ အစိုးရဘက်ကရော လက်ရှိ KIA နဲ့ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဘယ်လို သဘောထားရှိပါလဲ။ ပြတ်သွားပြီလို့ ယူဆရလား၊ ဆက်လုပ်မှာလား။
“ကျနော်တို့ တောက်လျှောက်မေးနေပါတယ်။ ဝန်ကြီး ဦးအောင်မင်းကလည်း ကချင်ဘက်ကို ကြားက ငြိမ်းချမ်းရေး အကျိုးဆောင်တွေနဲ့ ထပ်ပြီးတော့ လုပ်နေပါတယ်။ ခရစ္စမတ်၊ ဒီဇင်ဘာပြီးရင် - new year ပြီးရင် တွေ့ဖို့၊ အခုအချိန်အထိ KIA ဘက်က အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။

မေး။ ။ KIA ဘက်က ပြောတာက လိုင်ဇာကို မသိမ်းပေမဲ့ လဂျားယန်က လိုင်ဇာနဲ့ တအားကပ်တဲ့ အခြေအနေဖြစ်နေတဲ့ အခါကျတော့ လဂျားယန်ကို တိုက်လို့ရှိရင် သူတို့အနေနဲ့ စိုးရိမ်တဲ့သဘောမျိုးတော့ ပြောပါတယ်။
“လဂျားယန်က လိုင်ဇာနဲ့ တော်တော် နီးကပ်နေတယ်။ အဲဒီမှာ စခန်းရှိတာကိုး။ အဲဒီသွားတဲ့ လမ်းကြောင်းတလျှောက် မှာက ဟိုဘက် ဒီဘက်တပ်တွေ- KIA လည်းရှိတယ်။ မြန်မာ စစ်တပ်လည်းရှိတယ်။ အခုအချိန်အထိ လဂျားယန်ကို ရိက္ခာ မရောက်သေးဘူး လို့ ပြောတယ်။”

ဒါပေမဲ့လည်း မြန်မာတပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေဟာ KIA ကချင်လွတ်မြောက်ရေး တပ်တွေကို ထိန်းချုပ်နိုင်ဖို့ အတွက် ဆောင်ရွက်ချက်ဖြစ်တယ်လို့ KIA ဘက်က ယူဆပါတယ်။ KIA ဘက်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက် အဆင်သင့်ရှိပေမဲ့ အခုအချိန်မှာတော့ စစ်ရေးကို ပိုပြီးတော့ အာရုံထားနေရတယ်လို့ KIA ပြောခွင့်ရသူ ဦးလနန်က ပြောပါတယ်။

“အခု တိုက်ပွဲဖြစ်တဲ့နေရာမှာတော့ အရပ်သားတွေက မရှိဘူး။ တောင်ကုန်းတွေမှာ ဖြစ်တာ များတယ်။ ဒါကြောင့်မို့ အဓိက- ကတော့ KIA တပ်စခန်းတွေကို ရှင်တဲ့ ပုံစံပါပဲ ခင်ဗျ။ လေယာဉ်ပျံကနေ ပစ်ခတ်ပြီးတာနဲ့ သူတို့ လက်နက်ကြီးတွေနဲ့ ပြန်ပြီးတော့ ဆက်တိုက် ပစ်ခတ်တာမျိုး လုပ်ပါတယ်။ အဲဒါပြီးတဲ့အခါမှ မြေပြင်တပ်တွေ တက်ရှင်း-ရှင်းတဲ့ ပုံစံလုပ်ကြတယ်။ ဒါကြောင့်မို့ ဒီတိုက်ပွဲကတော့ မြန်မာ့တပ်မတော်ကနေပြီးတော့ အပြင်းထန်ဆုံး ထိုးစစ် ဆင်နွဲတယ်လို့ပဲ သတ်မှတ်ရတော့မယ်ခင်ဗျ။”

မေး။ ။ အခုကတော့ မြန်မာသမ္မတရုံးကတော့ ပြောနေပါတယ်။ သမ္မတအမိန့် ကတော့ လိုင်ဇာကို သိမ်းဖို့ မဟုတ်ပါဘူး၊ လိုင်ဇာကို သိမ်းဖို့ မရှိပါဘူးလို့ ပြောနေ ပါတယ်။
“သိမ်းတယ်ဆိုတဲ့နေရာမှာ အဲဒီ လိုင်ဇာမြေပေါ်မှာ တပ်မတော်သားတွေ ခြေလာချတာ- အဲဒါကိုပဲ သိမ်းတာလို့ ခေါ်တာ မဟုတ်ဘူး ခင်ဗျ။ ဗဟိုဌာနချုပ်အတွက် အချက်အခြာကျတဲ့ ကင်းစခန်းကို သူတို့ မရ ရအောင်တက်ရှင်းတယ်၊ စခန်းသိမ်းတယ်ဆိုတာလည်း ဒါက ဗဟိုဌာနချုပ်ကို ထိန်းချုပ်မှု လုပ်တာပဲ၊ ထိန်းချုပ်မှုဆိုတာ သိမ်းပိုက်တာနဲ့ အတူတူပါပဲ။ ဒါကတော့ သူတို့ စကားကို ဟိုရှောင် ဒီရှောင်ပြောဆိုမှုပဲလို့ ပြောရမယ် ခင်ဗျ။”

မေး။ ။ နောက်တချက်ကတော့ ကျနော် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခြေအနေ မေး ချင်ပါတယ်။ မြန်မာအစိုးရဘက်က ပြောတာက KIA ကို ခရစ္စမတ်အပြီး ဒီနှစ် ဆန်းပိုင်းလောက်မှာ ဆွေးနွေးဖို့ ကမ်းလှမ်းထားတယ်လို့ ပြောပါတယ်ခင်ဗျ။  KIA ဘက်က မတုံ့ပြန်သေးဘူးလို့ ပြောနေတယ်။ အဲဒါကရော။
“ ဒီဇင်ဘာ ၁၃ ရက်မှာ ဦးအောင်မင်းက စာတစ်စောင် ပို့တာရှိတယ်။ ဒီဇင်ဘာလ အတော အတွင်းမှာ ခင်ဗျားတို့  KIA အဖွဲ့တွေကတော့ အလုပ်တွေ များပါလိမ့်မယ်။ သူဘာကို ဆိုလိုတယ်ဆိုတဲ့ ကိစ္စကတော့ အဲဒီတုန်းက နားမလည်ခဲ့ဘူး။ ဒါကြောင့်မို့လို့ ဇန်နဝါရီလ ဆန်းမှာ ပြန်ပြီးတော့ တွေ့ရအောင်၊ ပြည်တွင်း တစ်နေရာမှာ တွေ့ရအောင်ဆိုပြီးတော့ စာရေးထားတာ ရှိတယ်။ အဲဒီဟာနဲ့တချိန်တည်းပဲ ဒီ ၁၄ ရက်နေ့ မနက်ကစပြီးတော့ တပ်ရင်း၊ တပ်ဖွဲ့တွေ အလုံးအရင်းဝင်လာတယ်၊ အဲဒီအချိန်ကစပြီး ကျနော်တို့ တကယ်ပဲ အလုပ်တွေများသွားတယ် ခင်ဗျ။

ဒါကြောင့်မို့ အလုပ်တွေ များနေတဲ့အတွက်ကြောင့်မို့ ဦးအောင်မင်းရဲ့ စာအပေါ်မှာတော့ အခုအချိန်အထိ ကျနော်တို့က ဘယ်လိုမှ တုံ့ပြန်နိုင်တာမျိုး၊ ပြန်ကြားနိုင်တာမျိုးတော့ မရှိသေးဘူး ခင်ဗျ။ ဒါပေမဲ့ ဒီပြဿနာတွေက နိုင်ငံရေးပြဿနာ ဖြစ်တဲ့ အတွက်ကြောင့် စစ်ရေးနည်းနဲ့ ဘယ်လိုမှ ဖြေရှင်းလို့ အဆုံးသတ်နိုင်မှာ မဟုတ်ဘူးခင်ဗျ။”

မေး။ ။ ဆိုလိုတာကတော့- လက်ရှိထိုးစစ်ကို သူတို့ဘက်က ရပ်တော့မှပဲ စကားပြောလို့ရမယ့် အခြေအနေမျိုး ပေါ်လာမှာပေါ့။
“အဲလိုလည်း ကျနော်တို့က ပြောလိုတာမျိုး မဟုတ်ဘူး ခင်ဗျ။ ထိုးစစ်ကတော့ အခုမှ လုပ်တာ မဟုတ်ပါဘူး။ သူတို့ အမြဲတမ်းလုပ်နေတဲ့ကိစ္စက ထိုးစစ်ပါ။ သူတို့ ပြောတဲ့နေရာ မှာတော့ ထိုးစစ်မဟုတ်ဘူး၊ တပ်စခန်းတွေကို ရိက္ခာပို့တယ်၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စနဲ့သွားတယ်၊ စားနပ်ရိက္ခာတွေ သွားပို့ပေးတယ်လို့ အဲလိုပဲ ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ရတဲ့ သက်သေ အထောက်အထားတွေ အားလုံးမှာ ဆန်အိတ်ထဲမှာ လက်နက် ကျည်တွေ ဖွက်ပြီးမှ ယူသွား တာမျိုး၊ ဒါတွေ အများကြီးရှိပါတယ်။ နောက်ပြီး သွားရင်း လာရင်းနဲ့ အင်အားဖြည့်တင်းတာမျိုး၊ နီးရာ KIA တပ်စခန်းတွေကို ဝင်ရောက် ပစ်ခတ်သွားတာမျိုး သူတို့ အမြဲတမ်းလုပ်တဲ့ကိစ္စပါ။ လိုင်ဇာကို လာထိုးတဲ့ဟာမှ ထိုးစစ်လုပ်တာမဟုတ်ဘူး။ နဂိုရ်ကတည်းက အဲလို ပြုမူခဲ့တာပါ။"

မြန်မာတပ်ဘက်က လေကြောင်းက တိုက်တဲ့နေရာမှာ နယ်စပ်ဖြစ်နေ တာကြောင့် မြန်မာလေယာဉ်တွေဟာ တရုတ်ဘက်က လေပိုင်နက်ကိုပါ ဝင်ရောက်တာမျိုး ရှိတယ်လို့ KIA ဘက်က ပြောပါတယ်။ တရုတ်ဘက်က ဒါကို တစုံတရာ တုံ့ပြန်တာမျိုး မရှိပေမဲ့ နယ်စပ်တလျှောက်မှာတော့ တရုတ်ဘက်ကနေပြီးတော့ မြေပြင်တပ် လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

လက်ရှိအားဖြင့်တော့ မြန်မာအစိုးရဘက်ကနေပြီးတော့ တပ်မ (၈၈)၊ တပ်မ (၁၀၁) နဲ့ မိုးကောင်းအခြေစိုက်တပ်တွေ စုစုပေါင်း တပ်ရင်း (၈) ရင်းလောက်နဲ့ KIA ကို ထိုးစစ် ဆင်နေတာဖြစ်တယ်လို့ KIA ဘက်က ပြောပါတယ်ခင်ဗျာ။

ကိုသားညွန့်ဦး



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ကချင် ကလေးငယ်များ စစ်ပွဲကြောင့် စိတ်ဒဏ်ရာရနေ


ကြယ်ရန်းဒုက္ခသည်စခန်းမှ ကချင်ကလေးငယ်များ စစ်တိုက်တမ်းကစားနေကြစဉ် (ဓာတ်ပုံ – မရှင်ဒေ၀ီ)

အစိုးရတပ်များနှင့် KIA တပ်များအကြား စစ်ပွဲများ အရှိန်မြင့် တက်လာချိန်တွင် ကချင်ပြည်နယ် စစ်ဘေးသင့် ဒုက္ခသည်များနှင့် ၎င်းတို့၏ ကလေးငယ်များသည် ကြောက်ရွံ့မှု၊ မလုံခြုံမှု၊ လူမျိုးရေး မုန်းတီးမှုနှင့် တိုက်ခိုက်လိုစိတ် ကဲ့သို့သော မူမမှန်သည့် စိတ်ဒဏ်ရာများ ပိုမို ခံစားလာရကြောင်း သတင်း ရရှိသည်။
အစိုးရ တပ်များက လေကြောင်း ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာချိန်တွင် စစ်ဘေးရှောင် ဒုက္ခသည် စခန်းများ၌ ပြောင်းရွှေ့ နေထိုင် ကြရသည့် ဒုက္ခသည်များမှာ မလုံခြုံမှုနှင့် စိုးရိမ်မှုများကို ခံစားလာရကြောင်း၊ အထူးသဖြင့် ဒုက္ခသည်များ ၏ သားသမီး ကလေးငယ်များမှာ စိတ်ဒဏ်ရာကို ပိုမို နက်နက်ရှိုင်းရှိုင်း ခံစားနေကြရကြောင်း ကချင် ဒုက္ခသည်များအား ကူညီစောင့်ရှောက် ပေးနေသူ ကချင်ဒေသခံ ဦးဒွဲပီဆာက ဧရာဝတီသို့ပြောသည်။
၁၈ လ ကျော်ကြာ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်ဒေသတွင် ဒုက္ခသည်များမှာ စားဝတ်နေရေး အပါအ၀င် ဒုက္ခအမျိုးမျိုး တွေ့ကြုံ ခံစားနေရကြောင်း၊ ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေး အခြေအနေ မှာလည်း နိမ့်ကျဆိုးဝါး နေသည့် အပြင် အချိန်တိုင်း ကြောက်ရွံ့ ထိတ်လန့်စိတ်များ ခံစားနေရကြောင်း၊ အစိုးရ စစ်တပ်များက အမြောက်ကြီးများ၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များနှင့် နေ့စဉ် ပစ်ခတ်နေသည့် အတွက် ဒုက္ခသည်များမှာ ကတုတ်ကျင်းများ ထဲတွင် နေထိုင်ရပြီး အပြင်မထွက်ကြရန် သတိပေး ထားကြောင်း ဆက်လက်ပြော ဆိုသည်။
“ကချင် တနယ်လုံးမှာ ဒုက္ခသည်က ခြောက်သောင်းခွဲ ကျော်လောက် ရှိမယ်။ အဲဒီထဲမှာ ကလေးငယ်အရေ အတွက်က တသောင်းကျော် လောက်ရှိတယ်။ ကလေးတွေက စစ်ဒဏ်ကို ပိုပြီး ဆိုးဆိုးဝါးဝါး ခံစားနေရ တာပေါ့။ အရင်တုန်း ကတော့ လူကြီး မိဘတွေ ဆီကနေ စစ်အကြောင်း သိရတာ။ အခုက သူတို့ကိုယ်တိုင် ကိုယ်တွေ့ ခံစားနေရတာ။ ကလေးတွေက ပိုကြောက်နေ ကြတယ်” ဟု ဦးဒွဲပီဆာက ရှင်းပြသည်။
ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ မမေစပယ်ဖြူ ကလည်း ဒုက္ခသည် စခန်းများရှိ ကချင် ကလေးငယ်များ စိတ်တွင် လူမျိုးရေး အခြေခံသော မုန်းတီးမှုများ ပေါက်ဖွားလာနေကြောင်း၊ ဗမာမုန်းတီးရေး စိတ်အခြေခံများ တွေ့လာရကြောင်း ပြောသည်။
“နေ့စဉ်နဲ့အမျှ ပစ်တာ၊ ခတ်တာ တိုက်တာ၊ ခိုက်တာတွေချည့်ပဲ ကလေးတွေ ကြားနေရတယ်လေ။ ဒီကလေး တွေရဲ့ စိတ်ထဲမှာ စိတ်ဒဏ်ရာ တွေရလာတယ်။ သူတို့ ဒီလို ဖြစ်နေရတာက စစ်ကြောင့်၊ စစ်ဆိုတာ ကလည်း ဗမာစစ်တပ် တွေနဲ့ ဖြစ်နေတာလို့ သူတို့က နားလည်တယ်။ ဗမာတွေက ကချင်တွေကို လာပြီးတော့ ပစ်ခတ်တိုက်ခိုက်နေလို့ ပြေးနေရတာ၊ စာမသင်ရတာဆိုပြီး နုနယ်တဲ့ ကလေးတွေရဲ့ နှလုံးသားထဲမှာ နှစ်ရှည်ကြာ လာတာနဲ့အမျှ အမြစ်စွဲလာတယ်။ လူမျိုးရေး ကို အခြေခံတဲ့ မုန်းတီးစိတ်၊ စိတ်ဒဏ်ရာ တွေစွဲလာတယ်။ စစ်တိုက်တမ်း ကစားရင်တောင် ဗမာတွေနဲ့ ပစ်ကြမယ်၊ ခတ်ကြ မယ်ဆိုတဲ့ ကစားနည်းမျိုးတွေ ကစားကြတယ်။ ရေရှည်မှာ ဒါက နိုင်ငံ့ အနာဂတ် အတွက် မကောင်းနိုင်ဘူး” ဟု မမေစပယ်ဖြူက ဆိုသည်။
KIA စစ်ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့ အနီးရှိ ကြယ်ရန်း ကချင် စစ်ဘေး ဒုက္ခသည် စခန်းသို့ မှတ်တမ်း ဗီဒီယိုသွားရောက် ရိုက်ကူးခဲ့သော မရှင်းဒေ၀ီကမူ ကချင်ကလေးငယ်များတွင် လူမျိုးရေး အခြေခံသော မုန်းတီးစိတ်များ မြင်တွေ့ ရသည့် အပြင် ကလေးငယ်များသည် သေနတ်ဖြင့် တိုက်ခိုက်ရသည့် စစ်တိုက်ကစားနည်းကို အလွန် နှစ်သက်ကြ သည်ကို တွေ့ရ ကြောင်း ပြောသည်။
“ကချင် ကလေးတွေက သေနတ်ကိုပဲ စိတ်ဝင်စားကြ တယ်။ သူတို့ အချင်းချင်း ကချင်လိုပြောပြီး ပစ်ကြတာ။ အချို့ကလေးတွေက ကစားစရာ သေနတ်မရှိတော့ ၀ါးတွေ၊ သစ်သားတွေကို သေနတ်လုပ်ပြီး ကစားကြတယ်။ ကျမ ကချင် ဒုက္ခသည် စခန်းမှာ မှတ်တမ်း ဗီဒီယိုသွား ရိုက်ဖြစ်တော့ စစ်တိုက်တမ်း ဆော့နေတဲ့ ကလေးလေးတွေက
ကျမက ဗမာဆိုပြီး သေနတ်နဲ့ ပစ်တဲ့ ပုံစံမျိုးလေးတွေ လုပ်ကြတယ်”ဟု မရှင်းဒေ၀ီက ပြောသည်။

အစိုးရတပ်များနှင့် KIA အကြား ဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့် ဒီဇင်ဘာလ ၂၇ ရက်နေ့က ကချင်ဒေသခံ ပြည်သူတဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး လေးဦး ပြင်းထန်စွာ ဒဏ်ရာ ရခဲ့သည်။ ကချင် ငြိမ်းချမ်းရေး ကွန်ရက်၊ ၈၈ မျိုးဆက် ကျောင်းသားများ အပါအ၀င် လူမှု အခြေပြု အဖွဲ့အစည်းများက ကချင် ဒေသတွင် ငြိမ်းချမ်းရေး ရရှိရန်နှင့် စစ်ပွဲများ ရပ်ဆိုင်းရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က မေတ္တာရပ်ခံလွှာ ထုတ်ပြန် တောင်းဆိုခဲ့ကြသည်။

သာလွန်ဇောင်းထက် 
(ဧရာဝတီမှ)






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ကျွန်တော် သဘောမတူပါ ခင်ဗျား ( ဇော်ဇော်အောင် )

 Photo: ဆရာဇော်ဇော်အောင် ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်သည်ဆိုတဲ့ အခြေခံ
ဒီမိုကရေစီ သဘောတရား တင်ပြမှုကို ကျနော် အကြွင်းမဲ့ထောက်ခံပါတယ်။ 
-----------------------------------------------------------------------

ကျွန်တော် သဘောမတူပါ ခင်ဗျား ( ဇော်ဇော်အောင် )

ဒီမိုကရေစီဟာ အယူအဆတွေ ယုံကြည်ချက်တွေကို အမြဲဖွင့်ပေးထားတယ်။ အထူးသဖြင့် သဘောကွဲကြတာတွေ မတူကြတာတွေကို ဖွင့်ပေးထားတယ်။

ကားလ်ပေါ့ပ်ပါး

(Karl Popper နဲ့ ‘Encouner’ မဂ္ဂဇင်း၊ မေလ ၁၉၇၂ အင်တာဗျူး
စာ ၁၃-၁၈)

လူတိုင်းမှာ လွတ်လပ်စွာထင်မြင်ယူဆခွင့်နှင့် ထိုထင်မြင်ယူဆချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉

ကျွန်တော်တို့မှာ အခွင့်အရေးတွေရှိတယ်။ အဲဒီအခွင့်အရေးတွေဟာ လက်ရှိအစိုးရနဲ့ အမှီအခိုကင်းတယ်၊ အစိုးရက သိမ်းယူလို့လည်း မရဘူး။ အဲဒီအခွင့်အရေးတွေဟာ ဒီမိုကရေစီရဲ့ အုတ်မြစ်တွေ ဖြစ်တယ်။ ဘာတွေလဲဆိုတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စူးစမ်းခွင့်၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့ခွင့်၊ လွတ်လပ်စွာ အချင်းချင်း ဆက်သွယ်ခွင့် ---။

ဒေးဗစ်ဘီသမ်

‘ဒီမိုကရေစီ’

(David Beetham, ‘Democracy’,One world, Oxford,2005, စာ ၁၂-၁၃)

၁။ First Weekly သတင်း ဂျာနယ် (Vol2,No 58,14 ဒီဇင်ဘာ ၂၀၁၂) စာမျက်နှာ (၁၂) မှာ First သတင်းအဖွဲ့က တင်ပြထားတဲ့ သတင်းတစ်ပုဒ် ပါလာပါတယ်။ သတင်းခေါင်းစဉ်က ယနေ့အချိန်သည် ခေတ်ပြောင်း
တော်လှန်ရေးကာလ တိုင်းပြည်ကို ညီညွတ်စွာ ပြန်လည်ထူထောင်ရမယ့် အချိန်၊ မလိုအပ်ဘဲ လက်သီးလက်မောင်း တန်းရမည့် ကာလ
မဟုတ်ကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များနဲ့ လွတ်လပ်အဖွဲ့အစည်း
များ သုံးသပ်ပြောကြား . . .ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ အဲဒီလိုသုံးသပ်ပြောကြားတဲ့ ပုဂ္ဂိုလ်တွေက . . .။

၁။ ဦးသုဝေ

(ဒီမိုကရက်တစ်ပါတီ၊ ဥက္ကဋ္ဌ)

၂။ ဦးဇော်သက်ထွေး

(မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ---)

၃။ ဦးမျိုးညွန့်

(ဒီ/ငြိမ်းပါတီ အတွင်းရေးမှူး)

၎။ ဦးအောင်ဇင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

၅။ ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)


ဒီပုဂ္ဂိုလ်ငါးယောက်လုံးရဲ့ အယူအဆ မှတ်ချက်တွေကို ကျွန်တော်
သဘောမတူပါ။ သဘောမတူတာကို မတူဘူးလို့ ပြောပိုင်ခွင့် (ဒီမိုကရေစီအခွင့်အရေး) ကျွန်တော့်မှာ ရှိပါတယ်။ မတူတာကို မတူဘူး
လို့ ပြောတာပါပဲ။ ဒါကိုကားလ်ပေါ့ပ်ပါး Popper ကတော့ dissenting
ideas လို့ သုံးပါတယ်။ ကျွန်တော်ဟာ နိုင်ငံရေးသမား မဟုတ်ပါဘူး။
လက်ရှိ ဒီနေ့အထိ ဘယ်ပါတီမှ ၀င်မထားပါဘူး။ ဘယ်ပါတီဝင်မှ မဟုတ်ပါဘူး ။ ကျွန်တော်ဟာ စာပေဝေဖန်ရေးဆရာ ဖြစ်ပါတယ်။ အထက်ဖော်ပြပါ နိုင်ငံရေးသမား (ဂျာနယ်သတင်းထဲမှာ နိုင်ငံရေးပါတီ
ခေါင်းဆောင်များ)နဲ့ အယူအဆမတူ သဘောကွဲလွဲတဲ့အတွက်
နိုင်ငံသားတစ်ယောက်၊ လူ့အဖွဲ့အစည်း အသိုင်းအ၀ိုင်း community မှာ ပါဝင်တဲ့ နိုင်ငံသား citizen တစ်ယောက်ရဲ့ ဒီမိုကရေစီ အခွင့်အရေးကို
သုံးပြီး ဒီဆောင်းပါးကို ရေးပါတယ်။ ကျွန်တော်သဘောမတူပါ။ သူတို့ပြောစကားတွေ ပါဝင်တဲ့ သတင်းဆောင်းပါးကို အထက်မှာ ကျွန်တော်ညွှန်းပြီး ဖြစ်ပါတယ်။ တိုက်ဆိုင်ကြည့်နိုင်ပါတယ်။ သူတို့ငါးဦးပြောတာတွေကို သဘောအချုပ် ကောက်နုတ်တင်ပြပါမယ်။
ကောက်နုတ်ချက်တွေပဲ တင်ပြတော့မပြည့်စုံဘူး။ စကားကျန်တယ်လို့
ပြောလာနိုင်ပါတယ်။ ဒါကြောင့် မူလဆောင်းပါးကို တိုက်ဆိုင်ကြည့်ပါလို့ ကျွန်တော်ပြောခဲ့တာ ဖြစ်ပါတယ်။

၂။ သူတို့ ငါးဦးလုံးတစ်သံတည်း ထွက်တာကတော့ ခေါင်းစဉ်မှာပါတဲ့
အတိုင်း . . . တိုင်းပြည်ကို ညီညွတ်စွာ ပြန်လည်ထူထောင်ရမယ့်အချိန်မှာ မလိုအပ်ဘဲ လက်သီးလက်မောင်းတန်း ဆန္ဒမပြသင့်ဘူး . . ဆိုတာပါပဲ။ ဦးသုဝေက . . . (ပြောင်းလဲတည်ဆောက်ရေး လုပ်ငန်းစဉ်ကြီး လျင်လျင်မြန်မြန် လည်ပတ်နိုင်အောင် ၀ိုင်းကူကြရမှာဖြစ်ပြီး ဟိုစဉ်ကလို ထစ်ခနဲရှိ မလိုအပ်ဘဲ လက်သီးလက်မောင်းတန်းရမယ့် ကာလ
မဟုတ်တော့ကြောင်း) ပြောပါတယ်။ ကိုဇော်သက်ထွေးက . . .
(. . .ဒီမိုကရေစီမင်းသားတွေရဲ့ ဆင်ခြင်မဲ့၊ တန်ဖိုးမဲ့ပြနေတဲ့ ဆန္ဒပြပွဲတွေ
. . .) လို့ သုံးနှုန်းပါတယ်။ ဆက်ပြီးတော့ (ဒီနေ့ကာလဟာ လက်သီး
လက်မောင်းတန်းရမယ့် ကာလမဟုတ်တော့ဘူး။ တည်ဆောက်ရေး
ကာလ ဖြစ်တယ်) လို့ ပြောပါတယ်။ ဦးမျိုးညွန့် (ဒီ/ငြိမ်း ပါတီအထွေထွေ အတွင်းရေးမှူး)က ---(အခုဆိုရင်နိုင်ငံရေးကို လူကြီးလူကောင်းတွေလို လုပ်နိုင်ပြီ၊ တော်ကြာဖမ်းဟဲ့၊ တော်ကြာဆီးဟဲ့ မရှိတော့ဘူး။ . . လက်သီး
လက်မောင်းတန်း ဆန္ဒပြတာထက် တိုင်းပြည်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို ပညာဥာဏ်နဲ့ လုပ်ရမယ့်အချိန် ဖြစ်တယ်) လို့ ပြောခဲ့
ပါတယ်။ (မှတ်ချက်၊ နိုင်ငံရေးကို လူကြီးလူကောင်းလို လုပ်နိုင်ပြီဆိုတာ ဘာကိုပြောတာလဲ။ဘယ်တုန်းက ဘယ်သူတွေဟာ သမိုင်းမှာ နိုင်ငံရေးကို ကြမ်းပိုးသူခိုးလို လုပ်ခဲ့ကြသလဲ။) ဦးအောင်ဇင် (အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်။)
က (. . . ဟိုခေတ်ကလို လက်သီးလက်မောင်းတန်းပြီး လုပ်ရတာမျိုးတော့ ကျွန်တော့်အနေနဲ့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်) လို့ ပြောခဲ့ပါတယ်။ ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) က . . (ကျွန်တော်တို့ ဒီမိုကရေစီအသွင် ကူးပြောင်းတဲ့ကာလမှာ အဲဒါတွေက အန္တရာယ်
အလားအလာကို ဖိတ်ခေါ်နေတယ်လို့ ကျွန်တော်ပြောပါရစေ) လို့ ပြောခဲ့ပါတယ်။

၃။ ဒီနိုင်ငံရေး ခေါင်းဆောင်ကြီး ငါးဦးလုံးတစ်သံတည်း ထွက်ပါတယ်။ သူတို့ဟာ ဒီလို ‘လက်သီး လက်မောင်းတန်း’ ဆန္ဒပြတာတွေကို အချိန်ကာလနဲ့ ဆုံးဖြတ်တယ်။ ကျွန်တော့်သဘောကတော့ အခြေအနေနဲ့ ဆုံးဖြတ်ရမယ်။ လက်သီးလက်မောင်းတန်းရမယ့် အခြေအနေကို တွက်ဆ
ရမယ်။ တိုင်းပြည်ပြန်လည်ထူထောင်ရမယ့် ကာလမှာ ‘ဘ၀ပျက်ရမယ့် အခြေအနေ’ တွေ ရှိလာရင် ဘာလုပ်မလဲ။ ပုဂ္ဂိုလ်ကြီးတစ်ယောက်က (ထစ်ခနဲရှိ မလိုအပ် ဘဲလက်သီးလက်မောင်းတန်း) ဆိုတဲ့ စကားကို သုံးတယ်။ နောက်ပုဂ္ဂိုလ် တစ်ယောက်ကတော့ (ဒီမိုကရေစီ မင်းသားတွေ ဆင်ခြင်မဲ့တန်ဖိုးမဲ့ ပြနေတဲ့ ဆန္ဒပြပွဲတွေ) ဆိုတဲ့ စကားကို သုံးတယ်။ ဒီလိုစကားတွေ သုံးသင့်မသုံးသင့် စဉ်းစားကြည့်ကြပါ။ထစ်ခနဲရှိမလိုအပ်ဘဲ ဆန္ဒပြနေတာ ဘယ်ဆန္ဒပြပွဲကို ပြောတာပါလဲ။ မဆင်မခြင် တန်ဖိုးမရှိတဲ့ ‘ဆင်ခြင်မဲ့ တန်ဖိုးမဲ့ ဆန္ဒပြပွဲ’ ဆိုတာ ဘယ်ဆန္ဒပြပွဲကို ပြောတာပါလဲ။ ပုဂ္ဂိုလ်ကြီးတစ်ယောက်ကလည်း (နိုင်ငံရေးကို လူကြီးလူကောင်းတွေလို လုပ်နိုင်ပြီ) ဆိုတဲ့ စကားကိုသုံးတယ်။ ဘာကိုဆိုလိုပါသလဲ။ အခုလို လက်သီးလက်မောင်းတန်း ဆန္ဒပြတာဟာ လူကြီးလူကောင်း မဆန်ဘူးလို့များ ဆိုလိုတာလား။ ကျွန်တော်စဉ်းစားမိတာ ပြောတာပါ။

၎။ ဒီလိုတော့ တစ်ဖက်ကပြောဖို့ ရှိပါတယ်။ ဆန္ဒပြခွင့်ဥပဒေဆိုတာ ရှိတယ်၊ ဥပဒေအတိုင်း ဆန္ဒပြသင့်တယ်။ မဟုတ်ရင် အန္တရာယ်ရှိနိုင်တယ်။ ဒီသဘောကို လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသွားတယ်၊ သူ့စိုးရိမ်စိတ်ကို နားလည်နိုင်ပါတယ်။ ကျေးဇူးတင်ဖို့လည်းကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုလည်းရှိတယ်။ . . . ၂၀၁၂ ခုနှစ်၊ ဇွန်လက ငြိမ်းချမ်းစွာ စီတန်း
လှည့်လည်ခွင့်နှင့် ဆန္ဒထုတ်ဖော်ခွင့်ပြုကြောင်း ကြေညာချက်ထုတ်ပြန်ပြီး
နောက် သက်ဆိုင်ရာသို့ တရားဝင်ဆန္ဒပြရန် တောင်းဆိုခဲ့သည်မှာ ၁၁ ကြိမ်မြောက် ရှိခဲ့ပြီး အကြိမ်တိုင်း ငြင်းပယ်ခံခဲ့ရသည်။ (သတင်း Source ရဲညီ ‘လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဘာ့အတွက်ဆန္ဒပြရတယ်’ Newsday သတင်းဂျာနယ်။ ၁၉ ဒီဇင်ဘာလ ၂၀၁၂ အချပ်ပို C) ခွင့်ပြုမိန့်ကို ဥပဒေနဲ့အညီ တရားဝင် တောင်းခံတယ်။ ၁၁ ကြိမ်တိတိ၊ ခွင့်ပြုမိန့် မပေးဘူး။ အဲဒါဆိုရင် ဘာလုပ်မလဲ။ လွှတ်တော်ကိုယ်စားလှယ်ကြီးမှာ အဖြေရှိကောင်း ရှိပါလိမ့်မယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးက ဒီလိုပြောတယ်။ . . . ‘ကနေ့ စိန်ခေါ်နေတဲ့ မျက်မှောက်ခေတ်မှာ စိန်ခေါ်နေတဲ့ စိန်ခေါ်ချက်များ’. . ဘာပြောတာလဲ။ ဆန္ဒပြပွဲတွေကို
ပြောတာမဟုတ်လား။ စိန်ခေါ်ချက်တွေ ပတ်လည်ရိုက်နေမယ့်အစား ဆန္ဒပြပွဲလို့တည့် (ဒဲ့) ပြောလိုက်ရင် ရပါတယ်။ ရွာကလူတွေက သေစာ
ရှင်စာလောက်သာ တတ်ကြတာဆိုတာလည်း သတိပြုစေချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရွာကလူတွေအတွက် အခုလိုစိုးရိမ်မကင်းဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးသိန်းညွန့်ကို ကျေးဇူးတော့ တင်ရမှာပါ။

၅။ ကျွန်တော့်စကားစဉ်ကို ပြန်ချုပ်ပါ့မယ်။ ကျွန်တော့်သဘော အယူအဆ
ကို ဒီလိုတင်ပြခဲ့ပါမယ်။

၁။ ဒီနေ့ဆန္ဒပြပွဲတွေဟာ မလိုအပ်ဘဲ ဆူချင်ပူချင်လို့ ဆန္ဒပြနေကြတာ မဟုတ်ဘူး။

၂။ ဒီမိုကရေစီကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ ပြန်လည်ထူထောင်ရေးကိစ္စတွေမှာ ၀ိုင်းဝန်းဆောင်ရွက် ကြရမယ်ဆိုတာကို ထောက်ခံတယ်။

၃။ ပြန်လည်တည်ဆောက်ရေးကိစ္စ အ၀၀ကို ဆောင်ရွက်တာက သပ်သပ်၊ အဲသလို ဆောင်ရွက်နေချိန်မှာ ကြုံတွေ့ရမယ့် လူထုဘ၀အရေး ကိစ္စတွေ၊ အဆင်မပြေတာတွေ၊ နစ်နာဆုံးရှုံးတာတွေက သပ်သပ်ဖြစ်တယ်။

၎။ တိုင်းပြည် ပြန်လည်တည်ဆောက်ရမယ့် အချိန်ဖြစ်လို့ လူထုရဲ့ နစ်နာဆုံးရှုံးမှုတွေ၊ အဆင်မပြေတာတွေ၊ ဘ၀အရေးကိစ္စတွေကို မထုတ်ဖော်ရ မတင်ပြရဘူးဆိုတာ မှားတယ်။

၅။ လူထုအမှန်တကယ် နစ်နာဆုံးရှုံးတာတွေ အဆင်မပြေတာတွေကို ထုတ်ဖော်တင်ပြတဲ့ ဆန္ဒပြပွဲတွေကို ဘယ်လိုအကြောင်းပြချက်နဲ့မှ တားဆီးပိတ်ပင်လို့ မရဘူး။ ဆိုင်းငံ့ထားဖို့ မသင့်ဘူး။

၆။ ဦးသုဝေ၊ ဦးဇော်သက်ထွေး၊ ဦးမျိုးညွန့်၊ ဦးအောင်ဇင်၊ ဦးသိန်းညွန့်တို့ ပြောတာတွေကို ကျွန်တော်သဘောမတူပါ။

၆။ မိမိအယူအဆကို လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်သည်ဆိုတဲ့ အခြေခံ
ဒီမိုကရေစီ သဘောတရားအရ ကျွန်တော့်အယူအဆကို တင်ပြလိုက်ပါ
တယ်။ ကျွန်တော်သဘောမတူတာကို မတူဘူးလို့ ပြောခဲ့ပါတယ်။
ကျွန်တော် သဘောမတူတာကို သဘောမတူတဲ့ ပုဂ္ဂိုလ်များ ဆွေးနွေး
တင်ပြကြရင်ကောင်းမယ်ထင်ပါတယ်။ ဒီမိုကရေစီဆိုတာ ဒါပဲမဟုတ်ပါလား

စာကြွင်း။

ဒီဆောင်းပါးရေးပြီး Firstအုပ်စုကမန်နေဂျာ ကိုကောင်းမြတ်ကျော်ကို
မပေးရသေးခင်မှာပဲ First ဂျာနယ်နဲ့ First Music ဂျာနယ် နှစ်စောင်လုံးမှာ သတင်းတစ်ခု ဖတ်လိုက်ရတယ်။ ကျွန်တော်တို့ငယ်စဉ်က စွဲလမ်းခဲ့ရတဲ့ အဆိုတော်ကြီး လားရှိုးသိန်းအောင် မြန်မာနိုင်ငံကို ခေတ္တပြန်လာတယ်၊
မြန်မာပြည်ကို ပြန်ရောက်ရောက်ချင်း ခဏခဏ ဆန္ဒပြနေကြတာတွေဟာ အနာဂတ်အတွက် မကောင်းဘူး။ ရေရှည်မှာ တိုင်းပြည်ကို ထူထောင်နိုင်မှာ မဟုတ်ဘူးလို့ ပြောတယ်။ ကျွန်တော်မေတ္တာအကြောင်းခံပြီး တောင်းပန်
ချင်တာက . . . ဒီကိုပြန်လာတုန်း သီချင်းတွေကိုဆိုပြီး ပရိသတ်ရဲ့
မေတ္တာနဲ့ သြဘာလက်ခုပ်သံကို ခံယူပြီးတော့ ပြန်ပါ။ ဒီကအခြေအနေတွေ မသိဘဲနဲ့ ၀င်မပြောပါနဲ့လို့ . . . တောင်းပန်လိုက်ပါတယ် ခင်ဗျား။

EMG
ဒီမိုကရေစီဟာ အယူအဆတွေ ယုံကြည်ချက်တွေကို အမြဲဖွင့်ပေးထားတယ်။ အထူးသဖြင့် သဘောကွဲကြတာတွေ မတူကြတာတွေကို ဖွင့်ပေးထားတယ်။ ကားလ်ပေါ့ပ်ပါး (Karl Popper နဲ့ ‘Encouner’ မဂ္ဂဇင်း၊ မေလ ၁၉၇၂ အင်တာဗျူး စာ ၁၃-၁၈) လူတိုင်းမှာ လွတ်လပ်စွာထင်မြင်ယူဆခွင့်နှင့် ထိုထင်မြင်ယူဆချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ ကျွန်တော်တို့မှာ အခွင့်အရေးတွေရှိတယ်။ အဲဒီအခွင့်အရေးတွေဟာ လက်ရှိအစိုးရနဲ့ အမှီအခိုကင်းတယ်၊ အစိုးရက သိမ်းယူလို့လည်း မရဘူး။ အဲဒီအခွင့်အရေးတွေဟာ ဒီမိုကရေစီရဲ့ အုတ်မြစ်တွေ ဖြစ်တယ်။ ဘာတွေလဲဆိုတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စူးစမ်းခွင့်၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့ခွင့်၊ လွတ်လပ်စွာ အချင်းချင်း ဆက်သွယ်ခွင့် ---။ ဒေးဗစ်ဘီသမ် ‘ဒီမိုကရေစီ’ (David Beetham, ‘Democracy’,One world, Oxford,2005, စာ ၁၂-၁၃) 

 ၁။ First Weekly သတင်း ဂျာနယ် (Vol2,No 58,14 ဒီဇင်ဘာ ၂၀၁၂) စာမျက်နှာ (၁၂) မှာ First သတင်းအဖွဲ့က တင်ပြထားတဲ့ သတင်းတစ်ပုဒ် ပါလာပါတယ်။ သတင်းခေါင်းစဉ်က ယနေ့အချိန်သည် ခေတ်ပြောင်း တော်လှန်ရေးကာလ တိုင်းပြည်ကို ညီညွတ်စွာ ပြန်လည်ထူထောင်ရမယ့် အချိန်၊ မလိုအပ်ဘဲ လက်သီးလက်မောင်း တန်းရမည့် ကာလ မဟုတ်ကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များနဲ့ လွတ်လပ်အဖွဲ့အစည်း များ သုံးသပ်ပြောကြား . . .ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ အဲဒီလိုသုံးသပ်ပြောကြားတဲ့ ပုဂ္ဂိုလ်တွေက . . .။ 
  ၁။ ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ၊ ဥက္ကဋ္ဌ) 
 ၂။ ဦးဇော်သက်ထွေး (မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ---)
 ၃။ ဦးမျိုးညွန့် (ဒီ/ငြိမ်းပါတီ အတွင်းရေးမှူး)
 ၄။ ဦးအောင်ဇင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
 ၅။ ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
 ဒီပုဂ္ဂိုလ်ငါးယောက်လုံးရဲ့ အယူအဆ မှတ်ချက်တွေကို ကျွန်တော် သဘောမတူပါ။ သဘောမတူတာကို မတူဘူးလို့ ပြောပိုင်ခွင့် (ဒီမိုကရေစီအခွင့်အရေး) ကျွန်တော့်မှာ ရှိပါတယ်။ မတူတာကို မတူဘူး လို့ ပြောတာပါပဲ။ ဒါကိုကားလ်ပေါ့ပ်ပါး Popper ကတော့ dissenting ideas လို့ သုံးပါတယ်။ ကျွန်တော်ဟာ နိုင်ငံရေးသမား မဟုတ်ပါဘူး။ လက်ရှိ ဒီနေ့အထိ ဘယ်ပါတီမှ ၀င်မထားပါဘူး။ ဘယ်ပါတီဝင်မှ မဟုတ်ပါဘူး ။ ကျွန်တော်ဟာ စာပေဝေဖန်ရေးဆရာ ဖြစ်ပါတယ်။ အထက်ဖော်ပြပါ နိုင်ငံရေးသမား (ဂျာနယ်သတင်းထဲမှာ နိုင်ငံရေးပါတီ ခေါင်းဆောင်များ)နဲ့ အယူအဆမတူ သဘောကွဲလွဲတဲ့အတွက် နိုင်ငံသားတစ်ယောက်၊ လူ့အဖွဲ့အစည်း အသိုင်းအ၀ိုင်း community မှာ ပါဝင်တဲ့ နိုင်ငံသား citizen တစ်ယောက်ရဲ့ ဒီမိုကရေစီ အခွင့်အရေးကို သုံးပြီး ဒီဆောင်းပါးကို ရေးပါတယ်။ ကျွန်တော်သဘောမတူပါ။ သူတို့ပြောစကားတွေ ပါဝင်တဲ့ သတင်းဆောင်းပါးကို အထက်မှာ ကျွန်တော်ညွှန်းပြီး ဖြစ်ပါတယ်။ တိုက်ဆိုင်ကြည့်နိုင်ပါတယ်။ သူတို့ငါးဦးပြောတာတွေကို သဘောအချုပ် ကောက်နုတ်တင်ပြပါမယ်။ ကောက်နုတ်ချက်တွေပဲ တင်ပြတော့မပြည့်စုံဘူး။ စကားကျန်တယ်လို့ ပြောလာနိုင်ပါတယ်။ ဒါကြောင့် မူလဆောင်းပါးကို တိုက်ဆိုင်ကြည့်ပါလို့ ကျွန်တော်ပြောခဲ့တာ ဖြစ်ပါတယ်။ 

၂။ သူတို့ ငါးဦးလုံးတစ်သံတည်း ထွက်တာကတော့ ခေါင်းစဉ်မှာပါတဲ့ အတိုင်း . . . တိုင်းပြည်ကို ညီညွတ်စွာ ပြန်လည်ထူထောင်ရမယ့်အချိန်မှာ မလိုအပ်ဘဲ လက်သီးလက်မောင်းတန်း ဆန္ဒမပြသင့်ဘူး . . ဆိုတာပါပဲ။ ဦးသုဝေက . . . (ပြောင်းလဲတည်ဆောက်ရေး လုပ်ငန်းစဉ်ကြီး လျင်လျင်မြန်မြန် လည်ပတ်နိုင်အောင် ၀ိုင်းကူကြရမှာဖြစ်ပြီး ဟိုစဉ်ကလို ထစ်ခနဲရှိ မလိုအပ်ဘဲ လက်သီးလက်မောင်းတန်းရမယ့် ကာလ မဟုတ်တော့ကြောင်း) ပြောပါတယ်။ 
ကိုဇော်သက်ထွေးက . . . (. . .ဒီမိုကရေစီမင်းသားတွေရဲ့ ဆင်ခြင်မဲ့၊ တန်ဖိုးမဲ့ပြနေတဲ့ ဆန္ဒပြပွဲတွေ . . .) လို့ သုံးနှုန်းပါတယ်။ ဆက်ပြီးတော့ (ဒီနေ့ကာလဟာ လက်သီး လက်မောင်းတန်းရမယ့် ကာလမဟုတ်တော့ဘူး။ တည်ဆောက်ရေး ကာလ ဖြစ်တယ်) လို့ ပြောပါတယ်။
 ဦးမျိုးညွန့် (ဒီ/ငြိမ်း ပါတီအထွေထွေ အတွင်းရေးမှူး)က ---(အခုဆိုရင်နိုင်ငံရေးကို လူကြီးလူကောင်းတွေလို လုပ်နိုင်ပြီ၊ တော်ကြာဖမ်းဟဲ့၊ တော်ကြာဆီးဟဲ့ မရှိတော့ဘူး။ . . လက်သီး လက်မောင်းတန်း ဆန္ဒပြတာထက် တိုင်းပြည်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို ပညာဥာဏ်နဲ့ လုပ်ရမယ့်အချိန် ဖြစ်တယ်) လို့ ပြောခဲ့ ပါတယ်။ (မှတ်ချက်၊ နိုင်ငံရေးကို လူကြီးလူကောင်းလို လုပ်နိုင်ပြီဆိုတာ ဘာကိုပြောတာလဲ။ဘယ်တုန်းက ဘယ်သူတွေဟာ သမိုင်းမှာ နိုင်ငံရေးကို ကြမ်းပိုးသူခိုးလို လုပ်ခဲ့ကြသလဲ။)
 ဦးအောင်ဇင် (အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်။) က (. . . ဟိုခေတ်ကလို လက်သီးလက်မောင်းတန်းပြီး လုပ်ရတာမျိုးတော့ ကျွန်တော့်အနေနဲ့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်) လို့ ပြောခဲ့ပါတယ်။
 ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) က . . (ကျွန်တော်တို့ ဒီမိုကရေစီအသွင် ကူးပြောင်းတဲ့ကာလမှာ အဲဒါတွေက အန္တရာယ် အလားအလာကို ဖိတ်ခေါ်နေတယ်လို့ ကျွန်တော်ပြောပါရစေ) လို့ ပြောခဲ့ပါတယ်။

 ၃။ ဒီနိုင်ငံရေး ခေါင်းဆောင်ကြီး ငါးဦးလုံးတစ်သံတည်း ထွက်ပါတယ်။ သူတို့ဟာ ဒီလို ‘လက်သီး လက်မောင်းတန်း’ ဆန္ဒပြတာတွေကို အချိန်ကာလနဲ့ ဆုံးဖြတ်တယ်။ ကျွန်တော့်သဘောကတော့ အခြေအနေနဲ့ ဆုံးဖြတ်ရမယ်။ လက်သီးလက်မောင်းတန်းရမယ့် အခြေအနေကို တွက်ဆ ရမယ်။ တိုင်းပြည်ပြန်လည်ထူထောင်ရမယ့် ကာလမှာ ‘ဘ၀ပျက်ရမယ့် အခြေအနေ’ တွေ ရှိလာရင် ဘာလုပ်မလဲ။ ပုဂ္ဂိုလ်ကြီးတစ်ယောက်က (ထစ်ခနဲရှိ မလိုအပ် ဘဲလက်သီးလက်မောင်းတန်း) ဆိုတဲ့ စကားကို သုံးတယ်။ နောက်ပုဂ္ဂိုလ် တစ်ယောက်ကတော့ (ဒီမိုကရေစီ မင်းသားတွေ ဆင်ခြင်မဲ့တန်ဖိုးမဲ့ ပြနေတဲ့ ဆန္ဒပြပွဲတွေ) ဆိုတဲ့ စကားကို သုံးတယ်။ ဒီလိုစကားတွေ သုံးသင့်မသုံးသင့် စဉ်းစားကြည့်ကြပါ။ထစ်ခနဲရှိမလိုအပ်ဘဲ ဆန္ဒပြနေတာ ဘယ်ဆန္ဒပြပွဲကို ပြောတာပါလဲ။ မဆင်မခြင် တန်ဖိုးမရှိတဲ့ ‘ဆင်ခြင်မဲ့ တန်ဖိုးမဲ့ ဆန္ဒပြပွဲ’ ဆိုတာ ဘယ်ဆန္ဒပြပွဲကို ပြောတာပါလဲ။ ပုဂ္ဂိုလ်ကြီးတစ်ယောက်ကလည်း (နိုင်ငံရေးကို လူကြီးလူကောင်းတွေလို လုပ်နိုင်ပြီ) ဆိုတဲ့ စကားကိုသုံးတယ်။ ဘာကိုဆိုလိုပါသလဲ။ အခုလို လက်သီးလက်မောင်းတန်း ဆန္ဒပြတာဟာ လူကြီးလူကောင်း မဆန်ဘူးလို့များ ဆိုလိုတာလား။ ကျွန်တော်စဉ်းစားမိတာ ပြောတာပါ။

 ၄။ ဒီလိုတော့ တစ်ဖက်ကပြောဖို့ ရှိပါတယ်။ ဆန္ဒပြခွင့်ဥပဒေဆိုတာ ရှိတယ်၊ ဥပဒေအတိုင်း ဆန္ဒပြသင့်တယ်။ မဟုတ်ရင် အန္တရာယ်ရှိနိုင်တယ်။ ဒီသဘောကို လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသွားတယ်၊ သူ့စိုးရိမ်စိတ်ကို နားလည်နိုင်ပါတယ်။ ကျေးဇူးတင်ဖို့လည်းကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုလည်းရှိတယ်။ . . . ၂၀၁၂ ခုနှစ်၊ ဇွန်လက ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်နှင့် ဆန္ဒထုတ်ဖော်ခွင့်ပြုကြောင်း ကြေညာချက်ထုတ်ပြန်ပြီး နောက် သက်ဆိုင်ရာသို့ တရားဝင်ဆန္ဒပြရန် တောင်းဆိုခဲ့သည်မှာ ၁၁ ကြိမ်မြောက် ရှိခဲ့ပြီး အကြိမ်တိုင်း ငြင်းပယ်ခံခဲ့ရသည်။ (သတင်း Source ရဲညီ ‘လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဘာ့အတွက်ဆန္ဒပြရတယ်’ Newsday သတင်းဂျာနယ်။ ၁၉ ဒီဇင်ဘာလ ၂၀၁၂ အချပ်ပို C) ခွင့်ပြုမိန့်ကို ဥပဒေနဲ့အညီ တရားဝင် တောင်းခံတယ်။ ၁၁ ကြိမ်တိတိ၊ ခွင့်ပြုမိန့် မပေးဘူး။ အဲဒါဆိုရင် ဘာလုပ်မလဲ။ လွှတ်တော်ကိုယ်စားလှယ်ကြီးမှာ အဖြေရှိကောင်း ရှိပါလိမ့်မယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးက ဒီလိုပြောတယ်။ . . . ‘ကနေ့ စိန်ခေါ်နေတဲ့ မျက်မှောက်ခေတ်မှာ စိန်ခေါ်နေတဲ့ စိန်ခေါ်ချက်များ’. . ဘာပြောတာလဲ။ ဆန္ဒပြပွဲတွေကို ပြောတာမဟုတ်လား။ စိန်ခေါ်ချက်တွေ ပတ်လည်ရိုက်နေမယ့်အစား ဆန္ဒပြပွဲလို့တည့် (ဒဲ့) ပြောလိုက်ရင် ရပါတယ်။ ရွာကလူတွေက သေစာ ရှင်စာလောက်သာ တတ်ကြတာဆိုတာလည်း သတိပြုစေချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရွာကလူတွေအတွက် အခုလိုစိုးရိမ်မကင်းဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးသိန်းညွန့်ကို ကျေးဇူးတော့ တင်ရမှာပါ။

 ၅။ ကျွန်တော့်စကားစဉ်ကို ပြန်ချုပ်ပါ့မယ်။ ကျွန်တော့်သဘော အယူအဆ ကို ဒီလိုတင်ပြခဲ့ပါမယ်။
 ၁။ ဒီနေ့ဆန္ဒပြပွဲတွေဟာ မလိုအပ်ဘဲ ဆူချင်ပူချင်လို့ ဆန္ဒပြနေကြတာ မဟုတ်ဘူး။ 
 ၂။ ဒီမိုကရေစီကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ ပြန်လည်ထူထောင်ရေးကိစ္စတွေမှာ ၀ိုင်းဝန်းဆောင်ရွက် ကြရမယ်ဆိုတာကို ထောက်ခံတယ်။ 
 ၃။ ပြန်လည်တည်ဆောက်ရေးကိစ္စ အ၀၀ကို ဆောင်ရွက်တာက သပ်သပ်၊ အဲသလို ဆောင်ရွက်နေချိန်မှာ ကြုံတွေ့ရမယ့် လူထုဘ၀အရေး ကိစ္စတွေ၊ အဆင်မပြေတာတွေ၊ နစ်နာဆုံးရှုံးတာတွေက သပ်သပ်ဖြစ်တယ်။
 ၄။ တိုင်းပြည် ပြန်လည်တည်ဆောက်ရမယ့် အချိန်ဖြစ်လို့ လူထုရဲ့ နစ်နာဆုံးရှုံးမှုတွေ၊ အဆင်မပြေတာတွေ၊ ဘ၀အရေးကိစ္စတွေကို မထုတ်ဖော်ရ မတင်ပြရဘူးဆိုတာ မှားတယ်။ 
 ၅။ လူထုအမှန်တကယ် နစ်နာဆုံးရှုံးတာတွေ အဆင်မပြေတာတွေကို ထုတ်ဖော်တင်ပြတဲ့ ဆန္ဒပြပွဲတွေကို ဘယ်လိုအကြောင်းပြချက်နဲ့မှ တားဆီးပိတ်ပင်လို့ မရဘူး။ ဆိုင်းငံ့ထားဖို့ မသင့်ဘူး။
 ၆။ ဦးသုဝေ၊ ဦးဇော်သက်ထွေး၊ ဦးမျိုးညွန့်၊ ဦးအောင်ဇင်၊ ဦးသိန်းညွန့်တို့ ပြောတာတွေကို ကျွန်တော်သဘောမတူပါ။ 

 ၆။ မိမိအယူအဆကို လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်သည်ဆိုတဲ့ အခြေခံ ဒီမိုကရေစီ သဘောတရားအရ ကျွန်တော့်အယူအဆကို တင်ပြလိုက်ပါ တယ်။ ကျွန်တော်သဘောမတူတာကို မတူဘူးလို့ ပြောခဲ့ပါတယ်။ ကျွန်တော် သဘောမတူတာကို သဘောမတူတဲ့ ပုဂ္ဂိုလ်များ ဆွေးနွေး တင်ပြကြရင်ကောင်းမယ်ထင်ပါတယ်။ ဒီမိုကရေစီဆိုတာ ဒါပဲမဟုတ်ပါလား စာကြွင်း။ ဒီဆောင်းပါးရေးပြီး Firstအုပ်စုကမန်နေဂျာ ကိုကောင်းမြတ်ကျော်ကို မပေးရသေးခင်မှာပဲ First ဂျာနယ်နဲ့ First Music ဂျာနယ် နှစ်စောင်လုံးမှာ သတင်းတစ်ခု ဖတ်လိုက်ရတယ်။ ကျွန်တော်တို့ငယ်စဉ်က စွဲလမ်းခဲ့ရတဲ့ အဆိုတော်ကြီး လားရှိုးသိန်းအောင် မြန်မာနိုင်ငံကို ခေတ္တပြန်လာတယ်၊ မြန်မာပြည်ကို ပြန်ရောက်ရောက်ချင်း ခဏခဏ ဆန္ဒပြနေကြတာတွေဟာ အနာဂတ်အတွက် မကောင်းဘူး။ ရေရှည်မှာ တိုင်းပြည်ကို ထူထောင်နိုင်မှာ မဟုတ်ဘူးလို့ ပြောတယ်။ ကျွန်တော်မေတ္တာအကြောင်းခံပြီး တောင်းပန် ချင်တာက . . . ဒီကိုပြန်လာတုန်း သီချင်းတွေကိုဆိုပြီး ပရိသတ်ရဲ့ မေတ္တာနဲ့ သြဘာလက်ခုပ်သံကို ခံယူပြီးတော့ ပြန်ပါ။ ဒီကအခြေအနေတွေ မသိဘဲနဲ့ ၀င်မပြောပါနဲ့လို့ . . . တောင်းပန်လိုက်ပါတယ် ခင်ဗျား။ 


 ကျွန်တော် သဘောမတူပါ ခင်ဗျား ( ဇော်ဇော်အောင် )




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။