Civic Education အကြောင်း တစေ့တစောင်း

 Myanmar Institute of Peace and Security Studies (MIPSS)
နိုင်ငံရေး နှင့် နိုင်ငံတကာ လေ့လာရေး စာစဉ် အမှတ် (၅)
ဇန်န၀ါရီလ၊ ၂၀၁၃ ခုနှစ်

နိဒါန်း
၂၀ ရာစုနှောင်းပိုင်း ကာလမှာ နိုင်ငံရေးသီအိုရီတခုဖြစ်တဲ့ Civic Education အကြောင်းကို ပညာရှင်တွေရဲ့ စိတ်ဝင်စားတစား လေ့လာမှုတွေ တစတစ ကျယ်ပြန့်လာခဲ့ပါတယ်။ နိုင်ငံသားကောင်းဖြစ်ဖို့ဆိုတာ လုပ်ယူရတာ ဖြစ်တယ်။ မွေးကတည်းက ဖြစ်လာတာ မဟုတ်ဘူး ဆိုတာကို လူအများက ပိုပြီး လက်ခံလာခဲ့ကြပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံရေးအဆောက်အအုံ တခု ဖြစ်ထွန်းလာဖို့အတွက် သင့်လျော်တဲ့ အသိပညာ၊ အတတ်ပညာနဲ့ စာရိတ္တမြင့်မားတဲ့ နိုင်ငံသားတွေ လိုအပ်တယ်ဆိုတဲ့ အချက်ကို နိုင်ငံခေါင်းဆောင်များက တညီတညွတ်တည်း လက်ခံလာကြပါတယ်။ ဒါပေမယ့် အသိပညာ၊ အတတ်ပညာနဲ့ စာရိတ္တမြင့်မားတဲ့ နိုင်ငံသားတွေ များပြားလာအောင် ဘယ်လို လုပ်မလဲ ဆိုတာက မေးစရာ ဖြစ်လာပါတော့တယ်။ စာသင်ကျောင်းတွေ၊ တက္ကသိုလ် ပညာရေးတွေနဲ့တင် မလုံလောက်ဘူးဆိုတာကိုလဲ သိမြင်လာကြပါတယ်။
Civic Education ဆိုရာဝယ်
Civics ဆိုတာ နိုင်ငံသားအခွင့်အလမ်းနဲ့ တာဝန်တွေကို လေ့လာခြင်း ဖြစ်ပါတယ်။ Civic Education ဆိုတာကတော့ ဒီလိုနိုင်ငံသားအခွင့်အလမ်းနဲ့ တာဝန်တွေ၊ နိုင်ငံရေးအင်စတီကျူးရှင်းတွေနဲ့ ပြည်သူ့ရေးရာ မူဝါဒတွေကို လူအများသိရှိလာအောင် ပညာပေးခြင်းပဲ ဖြစ်ပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက် မူကွဲတွေ အမျိုးမျိုးရှိပေမယ့် " ဘုံအကျိုးစီးပွားရရှိရေးအတွက် ဆောင်ရွက်ရန်၊ အများပြည်သူအား အစိုးရနှင့် အခြားအဖွဲ့အစည်းများမှ abuse လုပ်ခြင်းနှင့် တိုက်ခိုက်ခြင်းကို ကာကွယ်ပေးရန်၊ ပြည်သူ့ရေးရာကိစ္စရပ်များကို ဝေဖန်ဆန်းစစ်နိုင်သော အသိဥာဏ်ပညာများကို ဖြန့်ဖြူးပေးရန်၊ အသိပညာဗဟုသုတများကို ကိုယ်ပိုင်အကျိုးစီးပွားနှင့် အများပြည်သူအကျိုးစီးပွားအတွက် အသုံးပြုရန် ဟူသော ရည်မှန်းချက် မရှိပါက မည်သည့် civic potential မှ ပြည့်စုံမည် မဟုတ်ပေ။ နိုင်ငံသားအခွင့်အလမ်းနှင့် တာဝန်များဆိုင်ရာ အသိပညာ၊ အရည်အချင်း၊ အမြင်နှင့် တန်ဖိုးထားမှုများသည် နိုင်ငံရေးရာကိစ္စရပ်များတွင် နိုင်ငံသားများအားလုံး တာဝန်သိစွာဖြင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ခြင်းကို ဖြစ်တည်လာစေသည်။ သို့ဖြစ်ရာ အဆိုပါ အရည်အသွေးများ မြင့်မားလာစေရန် ဆောင်ရွက်ရေးသည် civic education ၏ mission ဖြစ်သည်" ဆိုတဲ့ mission အပေါ်မှာပဲ အခြေခံထားတာတွေ ဖြစ်ပါတယ်။
နိုင်ငံသားတယောက်ဟာ နိုင်ငံရဲ့ vision ကို သိမြင်နားလည်ရမှာဖြစ်ပါတယ်။ အမျိုးသားအကျိုးစီးပွားကို နားလည်ပြီး ကာကွယ်စောင့်ရှောက်တတ်ရပါမယ်။ နိုင်ငံတော်အစိုးရ အုပ်ချုပ်သူများရဲ့ မူဝါဒတွေကို ဆန်းစစ်ဝေဖန်နိုင်စွမ်း ရှိရပါမယ်။ အများပြည်သူရဲ့ အကျိုးစီးပွားနဲ့ ကိုယ်ပိုင်အကျိုးစီးပွား ယှဉ်တွဲလာ တဲ့အခါမှာ အများပြည်သူအကျိုးစီးပွားကို ဦးစားပေးလိုတဲ့ civic virtue ရှိရပါမယ်။ ဥပမာ- ဖွံ့ဖြိုးဆဲ နိုင်ငံအများစုရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးစေတဲ့ လာဘ်စားမှု ပြဿနာဟာ civic virtue မရှိတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်ရဲ့ civic virtue ဆိုတာမှာ Civic dispositions ( ဒီမိုကရေစီစနစ် ထွန်းကားရှင်သန် ရေးကို ဆောင်ရွက်လိုသော နိုင်ငံသားအမြင်၊ အလေ့အထနှင့် စိတ်ထားများ ရှိခြင်း) နဲ့ Civic commitments (ဒီမိုကရေစီစနစ်၏ အခြေခံ တန်ဖိုးများနှင့် စည်းမျဉ်းများ အပေါ်တွင် အလေးပေး အာရုံစိုက်မှု) ဆိုတာတွေ ပါဝင်ပါတယ်။ Civic Education ဆိုတာက ဒီလို civic virtue ကို မြှင့်တင်ပေးပြီး ထိရောက်တဲ့ civic participation ဖြစ်လာအောင် ပညာပေးခြင်း ဖြစ်ပါတယ်။ civic participation ဆိုတာက ပြည်သူ့ရေးရာ မူဝါဒတွေကို ဆန်းစစ်ဝေဖန်မှုတွေတင် မဟုတ်ပါဘူး။ ပြည်သူ့ရေးရာ၊ အများပြည်သူအကျိုးစီးပွားစတာတွေနဲ့ ပတ်သက်ပြီး အသိပညာ ဗဟုသုတရှိခြင်း၊ ခံယူချက်ရှိခြင်း၊ နိုင်ငံရေးသမားများနဲ့ အစိုးရ အဖွဲ့အစည်းအပေါ် reflective enquiry ပြုလုပ်မှု စတာတွေ ပါဝင်ပါတယ်။
နိုင်ငံသားတယောက်ဟာ စည်းကမ်းမဲ့ လမ်းပေါ်မှာ အမှိုက်လွှင့်ပစ်တာဟာ civic virtue မရှိလို့ပဲ ဖြစ်ပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းတယောက်ကို လာဘ်ပေးတာကလဲ civic participation မှာ အားနည်းနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံသားတွေရဲ့ civic virtue ကို မြှင့်တင်ပေးပြီး၊ နိုင်ငံတော်အနာဂတ်လမ်းခရီးမှာ ပူးပေါင်းပါဝင်လာဖို့အတွက် civic education ကို စနစ်တကျ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ civic education ကို ဘယ်လိုအကောင်အထည်ဖော်မလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး အမြင်ကွဲလွဲမှုလေးတွေ ရှိပါတယ်။
Civic Education ဆိုင်ရာ အမြင်ကွဲပြားမှုများ
ဒီနေရာမှာလဲ ပလေတိုနဲ့ အရစ်တိုတယ်တို့တွေ Civic Education ဆိုတာနဲ့ ပတ်သက်ပြီး ပြောခဲ့စဉ်ကာလ ကတည်းက အစပြု ဖြစ်ပေါ်လာခဲ့တဲ့ အငြင်းပွားမှုတွေ၊ အမြင်မတူညီမှုတွေက ရှိပါသေးတယ်။ ပြည်သူလူထုကို နိုင်ငံသားနဲ့ ပတ်သက်တဲ့ ပညာပေးမှုတွေဟာ ဘယ်လိုနိုင်ငံရေး အဆောက်အအုံဆိုတာပေါ်မှာ မူတည်ပါတယ်။ ဥပမာ- ဒီမိုကရေစီ စနစ်ထွန်းကားတဲ့ နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီ မဆန်တဲ့ နိုင်ငံရေးအတွေးအခေါ်တွေ၊ ပြုမူလုပ်ဆောင်ချက်တွေကို လက်ခံခြင်း မရှိတဲ့ ဒီမိုကရေစီ နိုင်ငံသားတွေ ရှိဖို့ လိုအပ်ပါတယ်။
နိုင်ငံသားတွေဟာ ဒီမိုကရေစီနဲ့ လိုက်လျောညီထွေရှိတဲ့ အသိပညာ၊ အရည်အချင်းနဲ့ စာရိတ္တတွေ ရှိလာဖို့ ကြိုးပမ်းနိုင်မှသာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကနေ ဒီမိုကရေစီ အမြစ်တွယ်ရှင်သန်ခိုင်မာမှု ရှိလာအောင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီနိုင်ငံသားတွေ ပေါ်ထွန်းလာစေရေး ဆိုတာမှာကလဲ ဘယ်လို ဒီမိုကရေစီ သဘောတရားတွေနဲ့ တိုင်းပြည်ကို တည်ဆောက်မှာလဲ ဆိုတာကို မူတည်လာပြန်ပါတယ်။
နိုင်ငံရေးပညာရှင် March နဲ့ Olsen ဆိုခဲ့ဖူးသလိုပဲ ဒီမိုကရေစီ သဘောတရားရေးရာ ငြင်းခုန်မှုတွေ ဖြစ်တဲ့ ကိုယ်စားပြုမှုနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်မှုအကြားက ချိန်ခွင်လျှာ၊ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ အများပြည်သူ အကျိုးစီးပွားအကြားက ချိန်ခွင်လျှာ၊ အခွင့်အရေးနဲ့ တာဝန်ယူမှုအကြားက ချိန်ခွင်လျှာ၊ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုအကြားက ချိန်ခွင်လျှာ၊ ညီညွတ်မှုနဲ့ ကွဲပြားခြားနားမှုအကြားက ချိန်ခွင်လျှာ စတဲ့ ချိန်ခွင်လျှာတွေကို နိုင်ငံတော်အစိုးရတွေအနေနဲ့၊ မူဝါဒချမှတ်သူတွေအနေနဲ့ ဘယ်လို ထိန်းညှိမလဲ ဆိုတဲ့ အချက်ပေါ်မှာ မူတည်သွားတတ်ပြန်ပါတယ်။
ဒီလို သဘောတရားရေးရာ ကွဲပြားခြားနားမှုတွေဟာ democratic civic education ကို ဘယ်လို အကောင်အထည်ဖော်သလဲ ဆိုတဲ့အပေါ်မှာ ရိုက်ခတ်လာပါတယ်။ စာသင်ခန်းအခြေပြု ပညာရေးနဲ့ လူ့အဖွဲ့အစည်းအခြေပြု လူထုပညာပေး လုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့ ပုံသဏ္ဍာန်တွေဟာ ဒီလိုသဘောတရားရေးရာ ကွဲပြားခြားနားမှုပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားလာပါတယ်။ ဒါပေမယ့် စာသင်ခန်းအခြေပြုနည်းလမ်းဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းအခြေပြု လူထုပညာပေး နည်းလမ်းဖြစ်ဖြစ်၊ ဘယ်လိုသဏ္ဍာန်တွေပဲသုံးသုံး အဓိကတော့ နိုင်ငံသားတွေအနေနဲ့ ခေတ်၊ စနစ်နဲ့ လျော်ညီတဲ့ နိုင်ငံသားတွေမှာ ရှိရမယ့် အရည်အချင်းတွေ၊ အတွေးအခေါ်တွေ၊ ပြုမူဆောင်ရွက်မှုတွေ၊ ကျွမ်းကျင်မှုတွေ ရှိလာဖို့ကသာ အရေးကြီးဆုံးဖြစ်ပါတယ်။
ဒီနေရာမှာလဲ အရည်အသွေးပြည့်ဝတဲ့ နိုင်ငံသားကောင်းတယောက်ဖြစ်လာဖို့အတွက် ဘယ်အတိုင်း အတာအထိ နိုင်ငံရေးသုတနဲ့ civic knowledge တွေ လိုအပ်သလဲ ဆိုတာက မေးစရာ ဖြစ်လာပြန်ပါတယ်။ ပညာရှင်တချို့ကတော့ ဒီမိုကရေစီ နိုင်ငံသားကောင်းဖြစ်ဖို့အတွက် ဒီမိုကရေစီ အုပ်ချုပ်မှုစနစ် (democratic governance) ကို နားလည်ရမယ်၊ ပြည်သူ့ရေးရာ မူဝါဒတွေကို သေသေချာချာ သိနားလည်ရမယ်လို့ သတ်မှတ် ကြပါတယ်။ ပညာရှင်တချို့ကတော့ နိုင်ငံသားတွေဟာ ပြည်သူ့ရေးရာ မူဝါဒတွေကို အသေးစိတ် သိကျွမ်းနားလည်စရာ မလိုအပ်ပေမယ့် အခြေခံနားလည်မှုနဲ့ ဆန်းစစ်ဝေဖန် နိုင်မှုတော့ ရှိဖို့ လိုအပ်တယ်လို့ ယူဆကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတနိုင်ငံမှာ တည်ငြိမ်တဲ့ နိုင်ငံရေး အုပ်ချုပ်မှုစနစ်တခု ပေါ်ထွက်လာဖို့မှာ လူထုရဲ့ နိုင်ငံရေးအမြင်ဟာ အဓိကကျတာကြောင့် reasonable judgement ကို ပြုလုပ်နိုင်တဲ့ နိုင်ငံသားတွေ အများအပြား ပေါ်ထွက်လာဖို့ အရေးကြီးကြောင်း ပညာရှင် အများစုက လက်ခံထားကြပါတယ်။ နိုင်ငံရေး ပညာရှင်တဦးဖြစ်တဲ့ Samuel Popkin ကတော့ နိုင်ငံရေးအသိပညာဗဟုသုတ အားနည်းတဲ့ နိုင်ငံသားတွေဟာ ဒီမိုကရေစီမူဝါဒတွေရဲ့ အပေးအယူ debates တွေ၊ ပြည်သူ့ရေးရာ မူဝါဒအားနည်းချက်တွေကို သေသေချာချာ ခွဲခြား ဆန်းစစ်မှုတွေ မပြုလုပ်နိုင်ပဲ ဖြစ်စဉ်တွေ၊ အကြောင်းအရာတွေ၊ မူဝါဒတွေထက် လူပုဂ္ဂိုလ်ပေါ်မှာ မူတည်ပြီး ရွေးချယ်မှုတွေ လုပ်လေ့ရှိကြတယ်လို့ ဆိုထားပါတယ်။
ဒါကြောင့်လဲ နိုင်ငံရေးအသိပညာ သင်းကွပ်ခံထားရတဲ့ အာဏာရှင်စနစ် နိုင်ငံတွေနဲ့ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ နိုင်ငံတွေမှာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုပေါ် အခြေပြုတဲ့ ခေါင်းဆောင်ရွေးချယ်မှုတွေ၊ နိုင်ငံရေးအကြောင်းအရာထက် နိုင်ငံရေးဇာတ်ကောင်
ကို အသားပေးမှုတွေ၊ မင်းလောင်းမျှော်မှုတွေ၊ တကိုယ်တော် ဟီးရိုးဝါဒကို ထောက်ခံအားပေးမှုတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါတွေဟာ ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာရှင်သန်ရေးအတွက် အတားအဆီး၊ အနှောင့်အယှက်တွေပါပဲ။
Civic Education, Political Education တွေ နဲ့ ပတ်သက်ပြီး ဘယ်လောက်အတိုင်းအထိ နိုင်ငံသားတိုင်း သိထားသင့်သလဲ ဆိုတာကို အငြင်းပွားနေကြဆဲ ဖြစ်ပေမယ့် နိုင်ငံသားတွေဟာ မူဝါဒရေးရာတွေမှာ ကျွမ်းကျင်ပညာရှင်ဖြစ်စရာ မလိုဘူး ဆိုတာကိုတော့ လူအများက လက်ခံထားကြပါတယ်။ ဒါပေမယ့် နိုင်ငံရေးရာနဲ့ပတ်သက်ပြီး reasonable civic judgement ကို လုပ်နိုင်မယ့် အခြေခံ ဗဟုသုတနဲ့ အရည်အချင်းကိုတော့ နိုင်ငံသားတိုင်း ပိုင်ဆိုင်ထားသင့်တယ် ဆိုတာကိုလဲ လက်ခံလာကြပြီး၊ သင့်လျော်မယ့် civic education နဲ့ civics assessment စတာတွေကို နိုင်ငံတော်အစိုးရတွေက အကောင်အထည်ဖော်လာကြပါတယ်။ နိုင်ငံသားကောင်းဆိုတာ မွေးကတည်း က ဖြစ်လာတာမဟုတ်ပဲ လုပ်ယူရတာဖြစ်တယ် ဆိုတဲ့ အဆိုကို လက်ခံလာကြတာနဲ့အမျှ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင် လူငယ်တွေကို political socialization လုပ်ရာမှာ လိုအပ်မယ့် civic education ရဲ့ အခန်းကဏ္ဍကိုလဲ ထည့်သွင်းစဉ်းစားလာကြပါတယ်။
ဒီနေရာမှာ အခြေခံပညာရေးအဆင့်အတန်း မြင့်မားမှုဟာ လူတွေရဲ့ နိုင်ငံရေးဗဟုသုတ ရယူနိုင်မှုနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှု သဏ္ဍာန်ကို အကျိုးသက်ရောက်မှု ရှိတာကြောင့် အခြေခံပညာရေး အဆင့်အတန်း မြင့်မားရေးကလဲ ကဏ္ဍတခုအနေနဲ့ ပါဝင်လာပါတော့တယ်။ ပညာရေး အင်စတီ ကျူးရှင်းတွေ မဟုတ်တဲ့ မိသားစု၊ လူမျိုးစု၊ နိုင်ငံရေးအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်း၊ နိုင်ငံရေး ဖြစ်ရပ်တွေကနေ civic formation ပေါ်ကို သက်ရောက်မှုတွေကိုလဲ ထည့်သွင်း စဉ်းစား လာကြပါတယ်။
Mass Media တွေကတဆင့် လူငယ်တွေကို civic knowledge, political knowledge တွေ ဖြန့်ဖြူးပေးနိုင်မယ့် နည်းလမ်းတွေကိုလဲ တီထွင်အကောင်အထည် ဖော်လာကြ ပါတယ်။ စာသင်ခန်းတွေ၊ သင်တန်းတွေနဲ့ class-room based education ကို ပိုပြီးဦးစားပေးသင့်သလား၊ community-based experiences တွေကို ဦးစားပေး အကောင်အထည် ဖော်သင့်သလား ဆိုတာကိုတော့ ပညာရှင်တွေ၊ မူဝါဒချမှတ်သူတွေကြားမှာ အမြင်ကွဲလွဲမှုတွေ ရှိနေဆဲပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် civic education ကို စနစ်တကျ အကောင်အထည်ဖော်နိုင်ပြီး civic knowledge တွေ လူငယ်တွေအကြား၊ နိုင်ငံသားတွေအကြားမှာ ပျံ့နှံ့သွားဖို့က အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။
civic knowledge ၏ အရေးပါမှု
civic knowledge ရဲ့ အရေးပါပုံနဲ့ ပတ်သက်ပြီး နိုင်ငံရေးပညာရှင်တွေက သုတေသနပြု လေ့လာဆန်းစစ်ချက်တွေ လုပ်ခဲ့ကြပါတယ်။ လေ့လာဆန်းစစ်ချက်တွေအရ civic knowledge ရှိခြင်းအားဖြင့် နိုင်ငံသားတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကို သိမြင်လာကြပါတယ်။ နိုင်ငံသားအခွင့်အလမ်းတွေကို ပိုပြီး သိမြင်လာကြပါတယ်။ အခွင့်အလမ်းတွေကို သိမြင်လာတာနဲ့အမျှ နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေအပေါ် သက်ရောက်မှုတွေကို တွေ့မြင်လာကြပါတယ်။ Delli နဲ့ Keeter တို့ရဲ့ လေ့လာဆန်းစစ်ချက်များအရ နိုင်ငံရေးဗဟုသုတဟာ ကိုယ်ပိုင်အကျိုးစီးပွားကို သိမြင်နားလည်ခွင့်ကို ပေးစွမ်းနိုင်ပါတယ်။ အဲဒီကနေတဆင့် ကိုယ်ပိုင် အကျိုးစီးပွားနဲ့ ပြည်သူ့ရေးရာကိစ္စရပ်တွေကို ဆက်စပ်ပေးပါတယ်။
ဒီလို ဆက်စပ်ပေးရာကနေတဆင့် နိုင်ငံရေးကို သိမြင်နားလည်တဲ့ ပြည်သူလူထုဟာ အစိုးရတရပ်ရဲ့ လုပ်ငန်းဆောင်တာတွေ၊ မူဝါဒတွေကို အကဲဖြတ်ဆန်းစစ်နိုင်လာပါတယ်။ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲတွေမှာဆိုရင် ဘယ်လို ပါတီနဲ့ ဘယ်လိုအမတ်လောင်းဟာ သူတို့ရဲ့ အကျိုးစီးပွားကို အကောင်းဆုံး အကောင် အထည်ဖော်ပေးနိုင်မလဲ ဆိုတာကို တွက်ချက်ရွေးချယ်နိုင်လာပါတယ်။ ဒါကြောင့် civic knowledge ဟာ စနစ်တခု ထွန်းကားရေးကို ဖော်ဆောင်ပေးနိုင်ပါတယ်။
civic knowledge နဲ့ ပတ်သက်တဲ့ နောက်ထပ်အကျိုးကျေးဇူးတခုကတော့ ပြည်သူ့ရေးရာနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ နိုင်ငံရေးရာတွေမှာ အချိန်ကာလနဲ့ အညီ လိုက်လျောညီထွေရှိတဲ့ နိုင်ငံရေးအမြင်တွေ ရှိနေစေတာပဲ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ နိုင်ငံရေးအတွေးအခေါ်၊ အသိပညာတွေကို လေ့လာတဲ့ ပညာရှင်တွေက နိုင်ငံရေးဗဟုသုတနဲ့ နိုင်ငံရေးအမြင် တည်ငြိမ်မှု အကြားမှာ သိသာထင်ရှားတဲ့ ဆက်နွယ်မှုတွေ ခိုင်ခိုင်မာမာရှိကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။
civic knowledge နဲ့ ပတ်သက်တဲ့ နောက်ထပ်အကျိုးကျေးဇူးတခုကတော့ နိုင်ငံသားတွေဟာ နိုင်ငံတော်မှာ ဖြစ်ပေါ် 
နတဲ့ နိုင်ငံရေး ပြောင်းလဲမှုအခြေအနေတွေကို သေသေချာချာ ခွဲခြား သိမြင် နိုင်ခြင်းပဲ ဖြစ်ပါတယ်။နိုင်ငံတော်ရဲ့ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုကို မသိမြင်တဲ့ နိုင်ငံသား တယောက်ဟာ အချိန်အခါ၊ အခြေအနေနဲ့ အညီ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေထဲမှာ ဘယ်လို တုန့်ပြန်ဆောင်ရွက် ရမယ်ဆိုတာကို နားမလည်နိုင်ပါဘူး။ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှုတွေ နဲ့အတူ ထွက်ပေါ်လာတတ်တဲ့ အတွေးအခေါ် ရှုပ်ထွေးမှုတွေအကြားမှာ နဝေတိမ်တောင်နဲ့ မျက်စိ လည်နေတတ်ပါတယ်။
အမှန်နဲ့အမှား၊ အနိုင်နဲ့အရှုံးတွေကို မခွဲခြားတတ်တော့ဘူး ဖြစ်နေတတ်ပါတယ်။ အားကစားပွဲတခုကို ကစားနည်း (rule of game) နားမလည်ပဲ ဘေးကနေ ထိုင်ကြည့်နေရသလိုပါပဲ။ ဥပမာ- ဘောလုံးကစားနည်းကို နားမလည်ပဲ ဘောလုံးပွဲထိုင်ကြည့်တဲ့အခါ အနီဝတ်ထဲ ဘောလုံးရောက်လိုက်၊ အဖြူဝတ်ထဲ ဘောလုံးရောက်လိုက် ဖြစ်နေတာတွေ လိုက်ကြည့်ရင်း အနီဝတ်က ကန်တဲ့ ဂိုးလဲ အားပေး၊ အဖြူဝတ်က ကန်တဲ့ ဂိုးလဲ လက်ခုပ်ထတီးနဲ့ ဘောလုံးဆိုတာ ဂိုးတိုင်ထဲ ရောက်သွားရင် ပြီးတာပဲဆိုတာမျိုးတွေ ဖြစ်နေတတ်တာပါ။
civic knowledge မရှိသူတွေဟာ နိုင်ငံရေးခေါင်းဆောင်ရွေးချယ်တဲ့အခါမှာ အများပြည်သူအကျိုးစီးပွား၊ ကိုယ်ပိုင်အကျိုးစီးပွားကို ဆောင်ကျဉ်းပေးနိုင်မယ့် မူဝါဒရေးရာ ချမှတ်ပေးနိုင်မှုနဲ့ ရွေးချယ်ဆုံးဖြတ်နိုင်မှု မရှိပဲ လူတွေရဲ့ ရုပ်လက္ခဏာ၊ လူအများကြား ရေပန်းစားမှု အစရှိတဲ့ ဥပဒေပြုရေး၊ မူဝါဒရေးဆွဲချမှတ် အကောင်အထည်ဖော်ရေး အရည်အချင်းတွေနဲ့ မဆိုင်တဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားလေ့ရှိ ကြကြောင်း ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အာရှ၊ အာဖရိက နိုင်ငံတွေက ပြည်သူလူထုတွေဟာ နိုင်ငံရေးအသိပညာ ဗဟုသုတတွေ အားနည်းတာကြောင့် တိုင်းပြည်ကို အမှန်တကယ် အကျိုးပြုနိုင်မယ့် နိုင်ငံရေးသမားတွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှုမှာ အားပျော့ပြီး ဒီမိုကရေစီ နောက်ပြန်ဆွဲမှုပြဿနာတွေ၊ စစ်အာဏာသိမ်းမှု ပြဿနာတွေ၊ ဒီမိုကရေစီ ရှင်သန်ထွန်းကားရေး နှောင့်နှေးမှု ပြဿနာတွေကို ရင်ဆိုင်ကြရတာဖြစ်ကြောင့် လေ့လာသုံးသပ်သူ တွေက ဆိုခဲ့ကြပါတယ်။ civic knowledge နဲ့ ပတ်သက်တဲ့ နောက်ထပ်အကျိုးကျေးဇူးတခုကတော့ နိုင်ငံသားတွေဟာ ပြည်သူ့ရေးရာ ကိစ္စရပ်တွေမှာ တက်တက်ကြွကြွ စိတ်ဝင်စားလာပြီး နိုင်ငံတော်ရဲ့ ချမှတ်ထားတဲ့ vision နဲ့ objectives တွေကို ပူးပေါင်းပါဝင် အကောင်အထည် ဖော်လာကြ တာဖြစ်ပါတယ်။
နိုင်ငံတော် အုပ်ချုပ်သူတွေနဲ့ နိုင်ငံသားတွေအကြားမှာ အပြန်အလှန် လေးစားမှုနဲ့ ယုံကြည်မှုတွေ တိုးပွားလာတာ ဖြစ်ပါတယ်။ အစိုးရနဲ့ ပြည်သူအကြားမှာ ညီညွတ်မှု ရှိလာစေပြီး၊ ပြည်သူလူထုရဲ့ အစိုးရ လုပ်ငန်းဆောင်တာတွေအပေါ် လျစ်လျူရှုမှုတွေ လျော့နည်းလာစေနိုင်ပါတယ်။ လျစ်လျူရှုမှုဟာ ကြောက်ရွံ့စိုးထိတ်မှုရဲ့ ဖခင်ဖြစ်ပြီး၊ အသိဥာဏ်ဗဟုသုတဟာ ယုံကြည်မှုရဲ့ မိခင်ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုထားခဲ့ကြပါတယ်။
အထူးသဖြင့် political debates တွေ ပြင်းထန်နေတဲ့အချိန်တွေ၊ တော်လှန်ရေးကာလတွေမှာ နိုင်ငံရေး ဗဟုသုတ အားနည်းသူတွေဟာ political issues တွေရဲ့ အမှားနဲ့ အမှန်ကိစ္စတွေကို ခွဲခြားသုံးသပ်မှု မပြုလုပ်နိုင်တော့ပဲ ဘက်နှစ်ဘက်က characters တွေရဲ့ အားနည်းချက်တွေကိုပဲ ကြည့်လာ တတ်ကြပါတယ်။ အဲဒီကနေတဆင့် `ဘယ်သူမှ အဖြူထည်မဟုတ်ပါဘူး။ ဖြူစင်တဲ့ သူရဲကောင်း (white knights) တွေ ဆိုတာ မရှိပါဘူး ဆိုတဲ့ အမြင်တွေ ၀င်လာပြီး plague on both your houses ဆိုတဲ့ ရပ်တည်ချက်တွေကို ကိုင်စွဲလာတတ်ကြပါတယ်။ နိုင်ငံရေးနားလည်သူတွေ အတွက်က နိုင်ငံရေး တိုက်ပွဲတွေ၊ debates တွေကို ကြက်တောင်ကစားပွဲလို မြင်ပေမယ့် နားမလည်သူတွေအတွက်ကတော့ ဒါဟာ မုန့်လုပွဲပါပဲ။ ဒါကြောင့် civic knowledge တွေ လူထုအကြားမှာ ပျံ့နှံ့လာဖို့က အလွန်အရေးကြီးပါတယ်။
civic knowledge ရဲ့ နောက်ထပ်အကျိုးကျေးဇူးတခုကတော့ လွတ်လပ်စွာ ကွဲပြားခြင်းကို နားလည်လက်ခံလာစေမှုပဲ ဖြစ်ပါတယ်။ နိုင်ငံသားအခွင့်အလမ်းနဲ့ နိုင်ငံသားလွတ်လပ်ခွင့်ကို နားလည်သူတွေဟာ ကွဲပြားခြားနားတဲ့ လူမျိုးစုတွေအကြား အပြန်အလှန်ယုံကြည်မှုနဲ့ နားလည်မှုကို တည်ဆောက်နိုင်ပါတယ်။ နိုင်ငံသားအခွင့်အလမ်းနဲ့ လူမျိုးရေးအခွင့်အလမ်းတွေကို ကွဲကွဲပြားပြား သိမြင်နားလည်ပြီး အငြင်းပွားမှုတွေကို ကွင်းကွင်းကွက်ကွက် ဖြေရှင်းနိုင်ပါတယ်။
နိုင်ငံသားအားလုံးရဲ့ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားလာတာနဲ့အမျှ အသိပညာနဲ့ နားလည်နိုင်စွမ်း တိုးမြင့်လာမှုတွေဟာ social centrality အဆင့်အတန်းတွေအတွက် နေရာလုမှုတွေ ကနေ ထွက်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ကျော်လွှားပေးစေနိုင်ပါတယ်။ civic knowledge ဟာ နိုင်ငံရေးဖြစ်စဉ်တွေကို သေသေချာချာ သိမြင်နားလည်ပြီး rational manner နဲ့ ပြုမူဆောင်ရွက် တတ်လာအောင် တွန်းအားပေးပါတယ်။ ဒါကြောင့် civic knowledge ဟာ နိုင်ငံတနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်တဲ့ ပြည်သူလူထုရဲ့ နိုင်ငံရေးအမြင်၊ အတွေးအခေါ်၊ အယူအဆ၊ ပြုမူဆောင်ရွက်မှုတွေကို အကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာ ထင်ရှားလှပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် civic education ဆိုတာ တိုင်းပြည်တခုရဲ့ လူအဖွဲ့အစည်း အဆင့်အတန်းမြင့်မားရေး၊ နိုင်ငံရေး တည်ငြိမ်မှုရှိရေး၊ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် မရှိမဖြစ် လိုအပ်ချက် တခုပဲ ဖြစ်ပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံ အပါအ၀င် အာဏာရှင်စနစ် ထွန်းကားတဲ့ နိုင်ငံတွေနဲ့ ဒီမိုကရေစီ စနစ်အသွင်ကူးပြောင်းဆဲ နိုင်ငံအများစုတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးနေစေတဲ့ အကြောင်းရင်း တွေထဲမှာ နိုင်ငံသားတွေရဲ့ နိုင်ငံရေးအသိပညာနဲ့ အတွေးအမြင် အားနည်းမှုတွေကလဲ အကြောင်းရင်း တခုအနေနဲ့ ပါဝင်ပါတယ်။
နိုင်ငံသားတယောက်ဟာ ကိုယ်ပိုင်အကျိုးစီးပွားအတွက် မိမိတို့ရဲ့ ရပိုင်ခွင့် အခွင့်အလမ်းတွေနဲ့ တိုင်းပြည်တခုလုံးရဲ့ အမျိုးသားအကျိုးစီးပွားကို သိမြင်ခြင်း မရှိတဲ့အခါ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ အမျိုးသားအကျိုးစီးပွားအကြားက ချိန်ခွင်လျှာကိုလဲ ဘယ်လိုမှ ထိန်းညှိနိုင်မှာ မဟုတ်ပါဘူး။
ဒါတွေဟာ လူတဦးချင်းရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေ ဆုံးရှုံးခြင်း ဖြစ်စေသလို နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ကိုပါ ဆုတ်ယုတ်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံအများစုမှာ သက်ဆိုင်ရာ အစိုးရတွေက ဦးဆောင်ပြီး civic education ဆိုင်ရာ မူဝါဒတွေကို ချမှတ်အကောင်အထည် ဖော်နေကြပါတယ်။ အစိုးရတွေက အကောင်အထည်ဖော်ခြင်း မရှိတဲ့ နိုင်ငံတွေမှာလဲ ပြည်သူမှ ပြည်သူသို့ အသိပညာပြန်လည်ဖြန့်ဖြူးပေးခြင်း နည်းလမ်းကို အသုံးပြုပြီး သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေအတွင်းမှာ လူထုပညာပေးခြင်းတွေ ပြုလုပ်နေကြပါကြောင်း တင်ပြလိုက်ရပါတယ်။
(မြန်မာ့လူ့အဖွဲ့အစည်းအတွင်း civic knowledge များ ထွန်းကားလာစေရန် ရည်သန်လျက်)
ခင်မမမျိုး (၃၊ ၆၊ ၂၀၁၀)


ရည်ညွှန်းကိုးကား
Campbell, D. E. (2000) Making Democratic Education Work: Schools, Social Capital and Civic Education, Program on Education and Policy, Harvard University
Elkin, S.K., Soltan K.E., eds (1999) Citizen Competence and Democratic Institutions, University Park, The Pennsylvania University
Hildreth R.W. (2000) Theorizing Citizenship and Evaluating Public Achievement, Political Science and Politics, 33, pp.627-632
Popkin S.L, Dimock M.A. (2000) 'Knowledge, Trust and International Attitudes' in Lupia, A,; McCubbins, M; Poplin S.L (eds) In Elements of Reason: Understanding and expanding the Limits of Political Rationality, Cambridge University Press
Zaller J. R. (1992) The Nature and Origins of Mass Opinion, Cambridge University Press






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ပေါက်ကွဲလာမယ့် တေးသံဇဉ်

ဘဝသံသရာဇတ်ခုံထဲ
ဒုက္ခဝန်ကိုထမ်းပိုး
သုခဗလာနဲ့ဝေးနေကြတဲ့ ပြည်သူတွေဟာ
လမ်းပေါ်မှာလမ်းပျောက် ညအမှောင်ထဲ
စမ်းတဝါးဝါးနဲ့ လမ်းလျှောက်နေရတော့
ယိုင်နဲ့နဲ့ဘဝတွေဟာ စုတ်ပြတ်
အနာဂတ်တွေမီးလောင်နေစဲ။
အခုချိန်ထိ ချစ်မိုးတွေမစွေပဲ 
စစ်မိုးတွေရွာဖြိုးနေတော့
ခြောက်ခြောက်ကပ်ကပ်နဲ့
နေ့ဟာနေ့နဲ့ မတူဘူး ညဟာ ညနဲ့မတူပဲ
စိတ်ဒဏ်ရာသင့် ပြည်သူတွေဟာ
နွေရာသီလယ်ကွက်လို 
အသဲနှလုံးတွေပက်ကြား အက်ကွဲ၊
အသိဥာဏ်မဲ့ စစ်ဘီလူးတွေကြောင့်
လူတွေဟာ....မဆိုချင်ပဲ
ကမ္ဘာမကြေဘူးတေးသီချင်း ဆိုတတ်ကုန်ပြီ။
ရေညှိ့တွေ ငြိတွယ်နေတဲ့
အသိဥာဏ်မဲ့ စစ်ဦးနှောက်တွေကို
သံဘလပ်နဲ့ ခပ်ကြမ်းကြမ်းပွတ်တိုက်
ဖိနှိပ်ခံလူသားတွေကို  တုံးအောက်ကဆွဲထုတ်
ပေးဆပ်ရင်း လွတ်မြောက်ရေးအားထုတ်နေသူတွေ
ကမ္ဘာမကြေဘူးတေးသီချင်း ဆိုကုန်ကြပြီ။

( ကိုဗလိုင် )





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

တရားဥပဒေစိုးမိုးရေး ဝေးလေးလေး ဝေးလေးလေး -


 






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

လိုင်ဇာသို့ မာနယ်ပလော သင်ခန်းစာ

 ၁၉၉၄ သြဂုတ်လထဲတွင် ကေအန်ယူတို့၏ ဌာနာချုပ်ဖြစ်သော မာနယ်ပလော၌ အနာဂတ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေ ခံဥပဒေအတွက် ညီလာခံကြီး တခု ကျင်းပခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စုံစုံညီညီ တက် ရောက်ကြသည်။ လက်နက်မကိုင်သည့် ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားနှင့် မြန်မာအဖွဲ့အစည်းများလည်း ပါဝင်ကြ သည်။

ထိုင်းနိုင်ငံအခြေစိုက် ကျောင်းသားအဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်းအကြီးအသေးတွေလည်း ဖိတ်ကြားခံ ရသည်။ တောတွင်း၌လည်း ထိုအချိန်က နှစ်ဖွဲ့ကွဲနေသည့် ကျောင်းသားတပ်မတော်ဟု လူသိများသည့် အေဘီအက်စ် ဒီအက်ဖ် နှစ်ဖွဲ့လုံးလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ကြသည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သည့် နိုင်ငံခြားသား ပညာရှင် တချို့လည်း ဖိတ်ကြားခံရ၍ ရှိနေခဲ့သည်။

ကျနော်၊ ကိုအောင်သူငြိမ်းနှင့် လုပ်ဖော်ကိုင်ဖက် တချို့လည်း ဤဖွဲ့စည်းပုံ အခြေခံဥပေဒ ညီလာခံတက်ရောက်ရန် “ကလလတ”ဒေသ (ကရင်နီပြည်နယ်တောင်ပိုင်း) မှ ရောက်ရှိလာခဲ့သည်။ ထိုအချိန်က ကိုအောင်သူငြိမ်းသည် ဥက္ကဋ္ဌ မိုးသီးဇွန် ဦးဆောင်သည့် “အေဘီအက်စ်ဒီအက်ဖ်” တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည်။ ထိုအချိန်က နှစ်ခြမ်း ကွဲနေသော ကျောင်းသားတပ်မတော် ပြန်လည်ပေါင်းစည်းရေးအတွက် လုံးပန်းနေသော ကာလလည်း ဖြစ်သည်။

ပေါင်းစည်းရေးအတွက် ကော်မရှင်ဖွဲ့သောအခါ ဒေါက်တာနိုင်အောင် ဦးဆောင်သော ဖက်မှ ကော်မရှင်နှစ်ဦးမှာ ဒေါက် တာမြင့်ချို (ယခုသြစတေးလျှ) နှင့် ကိုဝင်းနိုင် (ယခု အာအက်ဖ်အေရေဒီယို ဝါရှင်တန်ဒီစီ) တို့ဖြစ်၍ မိုးသီးဇွန် ဦးဆောင် သောဖက်မှ ကော်မရှင်နှစ်ဦးမှာ စာရေးသူကျနော်နှင့် ကိုလွမ်းဏီ (မင်းဘူးကျော်ကျော်) တို့ ဖြစ်သည်။ ကျနော်တို့ ကော် မရှင်နှစ်ဖွဲ့ သီးသန့််တွေ့ဆုံ ဆွေးနွေးသည့်အခါများ ရှိသလို၊ တပ်ပေါင်းစု ခေါင်းဆောင်များကို တရားသူကြီးများသဖွယ် ရှေ့မှာထား၍ ဆွေးနွေးရသည့် အခါများလည်း အကြိမ်ကြိမ် ရှိခဲ့သည်။ ထိုအချိန်က တပ်ပေါင်းစု ခေါင်းဆောင်များထဲမှ ကျနော်တို့ ကော်မရှင်နှစ်ဖွဲ့ကို တွေ့ဆုံရသည့် ခေါင်းဆောင်များကတော့ ကေအန်ယူမှ ဗိုလ်ချုပ်တာမလာဘော၊ ရခိုင် အဖွဲ့မှ ခေါင်းဆောင်တဦးဖြစ်သည့် ခိုင်စိုးနိုင်အောင်၊ ရံဖန်ရံခါ မွန်အဖွဲ့မှ အတွင်းရေးမှူး နိုင်ဟံသာတို့လည်း ပါရှိသည်။ ဖဒိုမန်းရှာလည်း တခါတရံ ဆွေးနွေးပွဲ၌ လာထိုင်တတ်သည်။

အနာဂတ် မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ကျင်းပနေသည့် ရက်များအတွင်း ကျနော်တို့ အင်အားစု တချို့အကြား နောက်ထပ် ဆွေးနွေးဖြစ်သည့် ကိစ္စတခုကတော့ မာနယ်ပလော ဌာနချုပ် အစိုးရလက်တွင်း ကျနိုင်မကျနိုင် ဆိုသည့် ဆွေးနွေးချက်များ ဖြစ်သည်။ မာနယ်ပလောဌာနချုပ်ကို အစိုးရတပ်များ ဝိုင်းထားသည်မှာ ၁၉၉၁ နှစ်ကုန်ကတည်းက ဖြစ်သည်။ တိုက်ပွဲများ ပြင်းထန်သည်။ အစိုးရတပ်မှ တရုပ်လုပ် တိုက်လေယဉ်များနှင့် နေ့စဉ်ဆိုသလို တိုက်ခိုက်သည့် အထိ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ထိုတိုက်ပွဲများတွင် ထွီးပါးဝီကျိုးခေါ် ခွေးအိပ်တောင် တိုက်ပွဲသည် အပြင်းထန်ဆုံးဟု ဆိုနိုင်သည်။ ၁၉၉၂ ခုနှစ် မတ်လထဲတွင် ခွေးအိပ်တောင်ကို အစိုးရတပ်များ သိမ်းပိုက်နိုင်ခဲ့သည်။ အမြောက်ကြီးများဖြင့် တရက်ကို အလုံးတရာထက် မနည်း နှစ်လသုံးလခန့် ဆက်တိုက် ပစ်ခတ်ခဲ့သည်။ အစိုးရတပ်မှ ကျွံပြီးဝင်လာသော ဗိုလ် မှူး မင်းဉာဏ်ရှိန် ဦးစီးသည့် တပ်ခွဲတခုအား ကျောင်းသားတပ်များနှင့် ကေအန်ယူကွန်မင်ဒိုများ ဝိုင်းပတ်ချေမှုန်းသည်။ ဗိုလ်မှူး မင်းဉာဏ်ရှိန် တပ်ခွဲမှ ဆွီဒင်နိုင်ငံလုပ် ကားလ်ဂူးစတပ်ဖ် ရော့ကက်လောင်ချာ တလက်ကို ကေအန်ယူ ကွန်မင် ဒိုများမှ သိမ်းပိုက်ရရှိခဲ့တာကို မှတ်မိသေးသည်။

ခွေးအိပ်တောင် ကျသွားသော်လည်း မာနယ်ပလောသည် လွယ်လွယ်နှင့်မကျနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မာနယ် ပလော ဌာနချုပ်၏ တည်နေရာသည် ကျယ်ပြန့်သည်။ သံလွင်မြစ်နှင့် သောင်ရင်းမြစ် အကြားမှာတည်ရှိ၍ ဌာနချုပ် အ နောက်ဖက် တကြောလုံးကို အလွန်ရေစီးသံသည့် သံလွင်မြစ်နှင့် ဒေါနတောင်တန်းကြီးက တံတိုင်းသဖွယ် ကာထား သည်။ အရှေ့ဘက်တွင်လည်း သောင်ရင်းမြစ်နှင့် ထိုင်းနိုင်ငံနယ်နမိတ် မျဉ်းကြောင်းက ကာဆီးထားပြန်သည်။ ဘာနှင့် တူသလဲဆိုလျှင် အင်းဝမြို့ကို ဧရာဝတီမြစ်နှင့် ဒုတ္ထဝတီမြစ်တို့ ကာရံပေးထားသလိုမျိုး ဖြစ်သည်။

၁၉၉၂ သင်္ကြန်ကာလ မတိုင်မီ အစိုးရဖက်မှ ဗိုလ်ချုပ်မောင်လှက ဦးစီး၍ အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့သည်။ ခွေး အိပ်တောင် အစိုးရလက်တွင်း ကျသွားသော်လည်း အစိုးရတပ်တွင်းမှာ အခက်အခဲများ ဆက်လက်ရင်ဆိုင်နေခဲ့ရ၍ ဖြစ် သည်။ မာနယ်ပလော ကာကွယ်ရေးအတွက် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှလည်း လာ ရောက်ကူညီ တိုက်ခိုက်ပေးခဲ့ကြသည်။ ၁၉၉၁ ဒီဇင်ဘာလမှ ၁၉၉၂ ဧပြီလအထိ အစိုးဖက်မှ ဒဏ်ရာရ ကျဆုံးသူပေါင်း သုံးထောင်ခန့် ရှိခဲ့သည်။ ခွေးအိပ်တောင်တခုသာ သိမ်းပိုက်နိုင်ခဲ့သည်။ မာနယ်ပလော တခုလုံးကို သိမ်းပိုက်ဖို့ဆိုလျှင် နောက်ထပ်ရင်းရမည့် တပ်အင်အားကား သည့်ထက်မက များပြားသည်ကို တွက်ချက်နိုင်သည်။ တချိန်ထဲမှာလည်း အစိုးရ စစ်ကြောင်းများမှ တပ်ပြေးများကလည်း မနည်းလှ။ တပ်များအတွင်း စိတ်ဓာတ်ရေးရာအရ တစုံတရာ ကျဆင်း နေသည်ကို ပြန်လည် ဆယ်မရန်

အစိုးရဖက်မှ အပစ်အခတ်ရပ်စဲကြောင်း ကြေညာသည်ဟု ယူဆရသည်။ အချိန်ဝယ် သည့် သဘောမျိုး ဖြစ်သည်။
မာလယ်ပလော ဌာနချုပ် အစိုးရလက်တွင်း ကျသွားနိုင်သလား ဆိုတဲ့ ဆွေးနွေးချက်ကို ပြန်သွားပါမည်။ အယူအဆ ကလည်း အမျိုးစုံလှသည်။ တချို့က ဒီလိုတွက်သည်။ အစိုးရသည် မာနယ်ပလောကို မည်သည့်နည်းနှင့်မဆို ရအောင် တိုက်ယူနိုင်သည်။ ရှေ့တန်းနယ်မြေအတွင်း အပစ်အခတ်ရပ်စဲ လိုက်ခြင်းသည် နိုင်ငံရေးအရ ဆက်ကစားလိုသော ကြောင့် ဖြစ်သည်။ တပ်ကိုအားကောင်းကောင်းနှင့် ဆက်ထိန်းရန်အတွက် ရန်သူရှိနေသေးသည် ဆိုတာကို ပြသဖို့လို သည်။ ထို့ကြောင့် မာနယ်ပလောကို အပြီးမသိမ်းဘဲ အသက်ရှုပေါက် ပေးထားသည်ဟု မြင်သည့်သူများလည်း ရှိသည်။ တချို့ကတော့ ဆက်လက်ရင်ဆိုင်ရမည့် နိုင်ငံတကာဖိအားကို စိုးရိမ်သောကြောင့် အပစ်ရပ်လိုက်သည်ဟု ထင်မြင်ချက် ပေးကြသည်။ မာနယ်ပလောကို အပြီးသိမ်းယူဖို့ဆိုလျှင် အစိုးရဖက်မှ အနည်းဆုံး စစ်သားနှစ်သောင်းကျော် သုံးသောင်း လောက် အသေခံမှရမည်ဆိုသည့် တွက်ကိန်းကြောင့် အစိုးရဖက်မှ ခေတ္တနောက်ဆုတ်လိုက်တာသာဖြစ်ကြောင်း တချို့ က တွက်ချက်ကြသည်။ တချို့ရဲ့ ဆွေးနွေးချက်များကတော့ ဒီလိုဖြစ်သည်။ ဘယ်လိုဘယ်အကြောင်းနဲ့ မာနယ်ပလော စစ်ဆင်ရေးကို ရပ်ဆိုင်းလိုက်သည်ဖြစ်စေ ဈေးပေါပေါဈေးချိုချိုနဲ့ ရမည်ဆိုလျှင်တော့ မာနယ်ပလောကို အစိုးရက သိမ်း မှာပဲလို့ တွက်ချက်ပြခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ညီလာခံကြီး ပြီးစီးသွားသော်လည်း ကျနော်နဲ့ ကိုလွမ်းဏီ မာနယ်ပလောမှာ ဆက်ရှိနေသည်။ ကျောင်းသားတပ်မတော် ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်များ တဖက်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးရန် ရှိသော ကြောင့် ဖြစ်သည်။ ကိုမိုးသီးဇွန်နှင့် ကိုအောင်သူငြိမ်းတို့ကတော့ ညီလာခံအပြီး တနင်္သာရီတိုင်းထဲ၌ ဌာနချုပ်လုပ်ထား သော စခန်းတခုဆီသို့ ပြန်သွားကြသည်။

၁၉၉၄ ခုနှစ် ဒီဇင်ဘာလလယ်ခန့်တွင် ကျနော်နှင့်ကိုလွမ်းဏီတို့ ဒေါက်တာနိုင်အောင် ဦးဆောင်သည့် သူတို့၏ ဗဟို ဌာနချုပ်သို့ သွားရောက်ခဲ့သည်။ ပြန်လည်ပေါင်းစည်းရေးအတွက် သူတို့ဖက်က ကော်မရှင်နှင့် ဆက်လက်ဆွေးနွေးရန် ဖြစ်သည်။ သူတို့ ဗဟိဌာနချုပ်သည် သံလွင်မြစ်နံဘေးတွင်တည်ရှိသည်။ ထိုနေရာကို ကရင်များက ဒါးဂွင်ဟုခေါ်၍ ကျောင်းသားများကတော့ ဒေါင်းဂွင်ဟု ခေါ်ကြသည်။ နှစ်ညအိပ်ခန့် သူတို့ဌာနချုပ်တွင် ဆွေးနွေးခဲ့ကြပြီး ကျနော်နှင့် ကို လွမ်းဏီတို့ မာနယ်ပလောသို့ စက်လှေဖြင့် ပြန်ခဲ့ကြသည်။ ဒေါင်းဂွင်နှင့် မာနယ်ပလောအကြားတွင် နယ်စပ်ဈေးကြီး တခုရှိသည်။

သံလွင်မြစ်ကို မေးတင်၍ထိုင်းနိုင်ငံဖက်ခြမ်း၌ ဆောက်လုပ်ထားသော ဈေးတန်းကြီးဖြစ်သည်။ သော်လဲထ
 ဈေးဟုခေါ်သည်။ ထိုင်းတွေကတော့ မယ့်စံပလက်ဟု ခေါ်ကြသည်။ ထိုဈေးကြီး၌ ကျနော်နှင့် ကိုလွမ်းနီတို့ နေ့လည်စာ စားကြသည်။ သည့်နောက်တော့ မာနယ်ပလောဖက်ထွက်မည့် စက်လှေကို စုံစမ်းမေးမြန်းရင်း JRS (Jesuit Refugee Service) တွင် အလုပ်လုပ်နေသည့် အမေရိကန်နိုင်ငံသူ အီးဒစ်နှင့်တွေ့သည်။ သူမကလည်း စက်လှေတစီးလုံး စင်းလုံး ငှားထားသည်။ စက်လှေပေါ်တွင် ဆန်အိပ်များ အပြည့်တင်ထားသည်ကို တွေ့ရသည်။ ထိုဆန်အိပ်များက မာနယ်ပ လော ဧရိယာတခုတွင် ဖွင့်လှစ်ထားသော အမျိုးသမီး ခရစ်ယန်ကွန်ဗင့်ကျောင်းကို လှူဒါန်းရန်ဖြစ်သည်ဟု အီးဒစ်က ပြောပြသည်။
ကျနော်တို့ကို သူ့လှေနှင့်လိုက်လိုက လိုက်နိုင်ကြောင်းပြော၍ ကျနော်တို့အတွက် အဆင်ပြေသွားသည်။ လှေခလည်း ကုန်စရာမလိုတော့။ သံလွင်မြစ်အတိုင်း ရေကိုစုန်၍ စက်လှေကထွက်လာသည်။ သော်လဲထမှထွက်၍ မိနစ်လေးဆယ်

ငါးဆယ်လောက်အကြာတွင် သံလွင်နှင့်သောင်ရင်း မြစ်ဆုံသို့ ရောက်လာသည်။ ဤတွင် ကျနော်တို့ စက်လှေ အတား ခံရသည်။ တားသူများကတော့ ကေအန်ယူ ယူနီဖောင်းဝတ် စစ်သားများ ဖြစ်သည်။ သေနတ်များကို မြှောက်ပြကာ ဝီစီ မှုတ်၍ တားခြင်း ဖြစ်သည်။ လှေသမားလည်း ကမ်းကိုကပ်၍ ရပ်ပေးရသည်။ မရပ်ပါက သေနတ်ဖြင့် အပစ်ခံရဖွယ်ရှိ သည်။ အနီးနားရောက်မှ မြင်ရသည်ကတော့ ထိုကေအန်ယူစစ်သားများသည် ခေါင်းတွင် သင်္ကန်းရောင် အစများကို ခေါင်းစည်းသဖွယ် ပတ်ထားကြ၍ သေနတ်များတွင်လည်း သင်္ကန်းစများကို ချည်ထားကြသည်။ ကျနော့်အထင်တော့ အနည်းဆုံး သင်္ကန်းကို ခေါင်းပတ်ထားသော စစ်သားများမှာ အရေအတွက်အားဖြင့် နှစ်ရာခန့်ရှိသည်။

လှေရပ်အပြီး သူတို့ထဲက ခေါင်းဆောင်ဖြစ်ဟန်တူသူက ကျနော်တို့ကို ယောက်ဖတို့ ဘယ်အဖွဲ့ကလဲ ဘယ်သွားမှာလဲဟု မေးသည်။ တခုခုဖြစ်နေပြီဆိုတာကို ကျနော်သဘောပေါက်လိုက်သည်။ ကျနော်က ကျနော်တို့သည် ကျောင်းသားအဖွဲ့ ကဖြစ်ကြောင်း မာနယ်ပလောကို ပြန်မှာဖြစ်ကြောင်းပြောလိုက်သည်။ ထိုသူက ဒီအင်္ဂလိပ်မကကော ဘယ်သွားမှာလဲဟု မေးလာပြန်သည်။ ကျနော်က စကားပြန်လုပ်၍ ထိုအမျိုးသမီးသည်လည်း မာနယ်ပလောကို သွားမှာဖြစ်ကြောင်း ဆန် အိပ်များကလည်း သူ့ဆန်အိပ်များဖြစ်ကြောင်း ရှင်းပြသည်။ ဒီဆန်အိတ်တွေက ဘယ်သူ့အတွက်လဲဟု မေးလာ၍ ဒုက္ခ သည်များအတွက် ဖြစ်ကြေင်း ကျနော်က ဝင်ပြောရပြန်သည်။ ခရစ်ယာန် ကွန်ဗင့်ကျောင်းအတွက်ဟု မပြောရဲသော ကြောင့် ဖြစ်သည်။ ထိုခေါင်းဆောင် ဖြစ်ဟန်တူသူက ကျနော်တို့ကို လှေပေါ်မှဆင်းခိုင်း၍ လှေသမားနှင့်အတူ သောင် ပြင်ပေါ်တွင် ထိုင်ခိုင်းထားသည်။ သူကပဲ ဆက်၍ သူတို့တောင်ပေါ်မှ ဆင်းလာရခြင်းမှ ဘာသာရေး မညီမျှမှု ဖြစ်သော ကြောင့် ဆန္ဒပြရန် ဤမြစ်ဆုံဘုန်းကြီးကျောင်းကို ဆင်းလာရခြင်းဖြစ်ကြောင်း ရှင်းပြနေသည်။ သူတို့နဖူးမှာ သင်္ကန်းစ တွေကို စည်းထားကတည်းက ကျနော့်အနေနဲ့ သဘောပေါက်ပြီးသားပါ။

ပြီးခဲ့သည့် လပိုင်းအတွင်းမှာ ဗုဒ္ဓဘာသာဝင် ကရင်အရပ်သားများနှင့် ကေအန်ယူ ခရစ်ယန် အရာရှိတဦးအကြား ပြဿ နာ ဖြစ်ထားတာကိုလည်း ကျနော်တို့ သိထားသောကြောင့် ဖြစ်သည်။ ထို့အပြင် ကရင်လူမျိုး ဘုန်းတော်ကြီးတပါးက (မြိုင်ကြီးငူ ဆရာတော်) ရှေ့တန်းနယ်မြေ တနေရာတွင် စေတီငယ်တဆူ တည်သည့်ကိစ္စနှင့်ပတ်သက်၍ ထိုဘုန်းတော် ကြီးသည် ရန်သူအစိုးရ လက်နက်ကြီးပစ်လျှင် လွယ်ကူစေရန် နေရာအညွှန်းပြသည့်သဘောဖြင့် ထိုစေတီကို တည် သည်ဟု ကရင်အရာရှိ တချို့ကမြင်နေခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်လည်း မြိုင်ကြီးငူဆရာတော်၏ မြစ်ဆုံကျောင်းသို့ ဥပုသ်နေ့များတွင် စက်လှေဖြင့်လာရောက်သည့် ဗုဒ္ဓဘာသာဝင် ကရင်ဒေသခံများအား ခရစ်ယာန် ကေအန်ယူ အရာရှိ တချို့မှ သောင်ပြင်ပေါ်တွင် နေပူလှမ်းခြင်း ရိုက်နှက်ခြင်းများပြုလုပ် ထားတာကလည်း ရှိထားသည်။ ထိုအရာရှိများ၏ အဆိုကတော့ စစ်ပူနေသည့် ကာလကြီးမှာ တိုက်ပွဲဖြစ်ပွားနေသည့် ခွင်အတွင်းမှာရှိသည့် ဘုန်းကြီးကျောင်းကို လာရသ လား တခြားကျောင်းတွေကို ဘာလို့မသွားတာလဲ စသဖြင့် စွပ်စွဲ၍ ရိုက်မောင်းပုတ်မောင်း လုပ်ထားများကလည်းရှိနေ သေးသည်။ နောက်ဆုံး တိုတိုပြောရရလျှင် မာနယ်ပလော ခံစစ်ကုန်းများပေါ်မှာ ဗုဒ္ဓဘာသာ ကေအန်ယူရဲဘော်များ လက်နက်အစုံဖြင့် ဆင်းလာ၍ မြစ်ဆုံဘုန်းကြီးကျောင်းကို သပိတ်စခန်းအဖြစ် ဖွင့်လှစ်လိုက်ခြင်းပင်။

ကျနော်တို့လည်း သောင်ပြင်ပေါ် နေပူပူအောက်မှာ နှစ်နာရီလောက် ထိုင်နေခဲ့ရသည်။ ထို့နောက် သူတို့အထဲမှ ခေါင်း ဆောင် ဖြစ်ဟန်တူသူက ယောက်ဖတို့သွားလို့ရပြီဆိုမှ သက်ပြင်းချနိုင်တော့သည်။ တခါ မာနယ်ပလောဝင်သည့် သောင်းရင်းမြစ်ထဲရှိ သစ်စက်ဂိတ်မှာလည်း ကျနော်တို့ နောက်ထပ်တနာရီလောက် အစစ်ဆေးခံရပြန်သည်။ ဗုဒ္ဓဘာ သာ ကရင်စစ်သားအရေအတွက် ဘယ်လောက် မြစ်ဆုံမှာ ရှိသလဲ၊ ဘာလက်နက်တွေ ကိုင်ထားသလဲ စသဖြင့် အမေး အမြန်း ခံနေရခြင်း ဖြစ်သည်။ သို့ဖြင့် ညနေနေဝင်ခါနီးလောက်မှ ကျနော်တို့စက်လှေ မာနယ်ပလောကို ရောက်တော့ သည်။ လှေကြုံလိုက်မိသော ကျနော်နှင့် ကိုလွမ်းဏီမှာ သောပြင်နေပူထဲတွင် နှစ်နာရီခန့် နေခဲ့ရသလို မာနယ်ပလော ရောက်တော့လည်း လှေဆိပ်မှာ လူမရှိသောကြောင့် အီးဒစ်၏ ကွန်ဗင့်ကျောင်းကိုလှူမည့် ဆန်အိတ်များအား ကမ်းစပ် သို့ ထမ်းချပေး လိုက်ရသေးသည်။ ကျနော်တို့အား တားဆီးသော ထိုဗုဒ္ဓဘာသာဝင် ကေအန်ယူ စစ်သားများသည် နောင်မကြာမီ၌ ဒီကေဘီအေ ဟူ၍ဖွဲ့စည်းကာ ကေအန်ယူမှ ခွဲထွက်လိုက်ကြသည်။

သည့်နောက် မာနယ်ပလောတွင် လူကြီးများခေါင်းချင်းရိုက်၍ ပြဿနာကို ဘယ်လိုဖြေရှင်းမည်နည်းဟူ၍ စဉ်းစားကြ သည်။ အဖွဲ့အစည်း ပေါင်းစုံမှ ခေါင်းဆောင်များဖြင့် ဆွေးနွေးရန်ကိုယ်စားလှယ်အဖွဲ့ တခုကို ဖွဲ့စည်းလိုက်သည်။ ကျနော် တို့ဖက်မှ ကိုလွမ်းဏီလည်း ထိုအဖွဲ့တွင် ပါဝင်ခဲ့သည်။ အဖွဲ့ခေါင်းဆောင်ကတော့ ကေအန်ယူက ဖဒိုမန်းရှာဖြစ်သည်။ ၂ဝဝ၈ ခုနှစ် တွင် အမည်မသိ သေနတ်သမားများက မဲဆောက်၌လုပ်ကြံ၍ကွယ်လွန်ခဲ့သူ ဖြစ်သည်။ မြစ်ဆုံဘုန်းကြီး ကျောင်းကို ဆွေးနွေးဖို့ရောက်တော့ ဗုဒ္ဓဘာသာ ကရင်စစ်သားများက ဖဒိုမန်းရှာကို ဖမ်း၍ မြေကျင်းကြီးတခုထဲတွင် ချုပ် ထားလိုက်သည်။ နောက်ဆုံး အားလုံး ဝိုင်းဝန်းဆွေးနွေးရာမှ ဖဒိုမန်းရှာကို ပြန်လွှတ်ပေးသည်။ ဖဒိုမန်းရှာသည် ကေအန် ယူ ခေါင်းဆောင်များထဲတွင် ရှားရှားပါးပါး ဗုဒ္ဓဘာသာဝင်တဦး ဖြစ်သည်။

တိုတိုနှင့်ချုပ်ရလျှင် ၁၉၉၅ ဇန်နဝါရီ လဆန်းထဲတွင် မာနယ်ပလောကို အမြောက်တချက် မဖောက်ရဘဲ ဗုဒ္ဓဘာသာဝင် ကရင်စစ်သားများ အကူအညီဖြင့် စစ်အစိုးရတပ်များ သိမ်းပိုက်နိုင်ခဲ့သည်။ ဈေးချိုချိုနှင့် ရလိုက်သည်ဟုသာ ပြောရပေ တော့မည်။ အခု ကချင်ပြည်နယ်မှာ ဖြစ်နေသော စစ်ပွဲတွင်လည်း ကေအိုင်အေတို့၏ လိုင်ဇာဌာနချုပ်ကို အစိုးရစစ်တပ် သိမ်းနိုင် မသိမ်းနိုင် ပြောဆိုနေသံတွေ ကြားနေရသည်။ အတွင်းမှာ စိတ်ဝမ်းကွဲလျှင် မာနယ်ပလောလိုပဲ ဈေးအချို အ ချောင်ဖြင့် အစိုးရဖက်က ရသွားနိုင်သည်။ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးအယူအဆများ၊ အကျိုးစီးပွားများနှင့် ပတ် သက်၍ ပဋိပက္ခတွေ ရှိလာခဲ့ပါက အက်ကြောင်းများရှိလာခဲ့ပါက ကြားဝင်နှောက် ခံရနိုင်သည်။ အနှောက်ခံရပါက လိုင် ဇာသည် လွယ်လွယ်နှင့် ဆုံရှုံးသွားနိုင်ဖွယ်ရာ ရှိသည်။ မာနယ်ပလော ကျဆုံးခဲ့ခြင်းကို သင်ခန်းစာ ယူကြဖို့ တိုက်တွန်း လိုသည်။

တဖက်မှာလည်း လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်စေဖို့ နည်းနာများ အကူအညီများ အကျယ်အပြန့် ရှာဖွေဖို့ လိုအပ်သည်။ တရားသဘောအရ ပြောရပါက ဘယ်သူမှားမှား ဘယ်သူမှန်မှန် စစ်ပွဲများရှိနေခြင်းကြောင့် လက်နက်မဲ့ ပြည်သူလူထုတွေဟာ အမြဲတန်း မြေဇာပင်ဖြစ်ကြရသည်။ ကချင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့် စေဖို့ လူတဦးတယောက်၊ အဖွဲ့အစည်းတခု စတာတွေအပေါ်မှာ အားကိုးပြီး အဖြေရှာခြင်းထက် ကျယ်ပြန့်သော အသွင် ဆောင်တဲ့ ဆွေးနွေးဖြေရှင်းတာမျိုးက ပိုပြီးအကျိုးလိမ့်မည်ဟု ယူဆပါကြောင်း ထပ်လောင်းပြောပါရစေ။
 
ဇော်မင်း
၁၁ ရက်နေ့ ဇန်နဝါရီလ ၂ဝ၁၃ ခုနှစ်

(ရွက်မွန်မှာ ကူးယူဖေါ်ပြပါသည်)






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ICRC အကြီးအကဲ မြန်မာနိုင်ငံရောက်ရှိ


နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC ဥက္ကဋ္ဌ Peter Maurer (အောက်တိုဘာလ ၁၇ ရက်၊ ၂၀၁၂)။
 
 အကျဉ်းထောင်တွေနဲ့ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံ နယ်စပ်ဒေသတွေကို သွားရောက်စစ်ဆေးဖို့ အတွက် နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC ဥက္ကဋ္ဌ Peter Maurer ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို တနင်္ဂနွေနေ့က ရောက်လာတယ်လို့ အဖွဲ့ ပြောခွင့်ရသူ က ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ လက နိုင်ငံတကာ ကြက်ခြေနီကော်မီတီ ကို အကျဉ်းထောင်တွေထဲ သွားရောက် စစ်ဆေးခွင့်ပေးမယ် ဆိုတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းအပြီး ခုလို နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC ဥက္ကဋ္ဌ ရဲ့ ၆ ရက်ကြာ ခရီးစဉ် ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ ပြောခွင့်ရသူက ပြောပါတယ်။

လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ပြသာနာတချို့ကို ဖြေရှင်းဖို့အတွက် ICRC နဲ့ ဆွေးနွေးဖို့ အသင့်ဖြစ်နေပြီလို့ မြန်မာအစိုးရက သဘောတူ လက်မှတ် ထိုးထားပြီးပါပြီ။ ဒါဟာ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ နဲ့ မြန်မာအစိုးရကြား ဆွေးနွေးရေးနဲ့ ဆက်ဆံရေး ကိစ္စတွေအတွက် အင်မတန် အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်ပါတယ်လို့ ICRC အဖွဲ့ ဥက္ကဋ္ဌ Peter Maurer က ပြောဆိုကြောင်း ICRC ကထုတ်ပြန်တဲ့ ကျေညာချက်ထဲမှာ ဖော်ပြပါတယ်။

မစ္စတာ Maurer ဟာ တနင်္လာနေ့မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို နေပြည်တော်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ မကြာသေးခင်က မြန်မာအစိုးရ ကျေညာခဲ့တဲ့အတိုင်း နိုင်ငံတကာ ကြက်ခြေနီကော်မီတီကို အကျဉ်းထောင်တွေထဲ ၀င်ရောက်စစ်ဆေးခွင့် ပေးဖို့ကိစ္စကို အဓိကထား ဆွေးနွေးကြမယ် လို့ မျှော်လင့်ကြောင်း ICRC ဥက္ကဋ္ဌ Peter Maurer က ပြောဆိုပါတယ်။

ICRC အဖွဲ့ဟာ ကမ္ဘာ့နိုင်ငံအသီးသီးက အကျဉ်းထောင်တွေရဲ့ အခြေအနေကို ၀င်ရောက် စစ်ဆေးပြီး တွေ့ရှိချက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့သာ ဆွေးနွေးဖလှယ်လေ့ ရှိပါတယ်။ မြန်မာတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်ရထားပြီးပြီမို့ မကြာခင် လုပ်ငန်းစဖို့ပဲ ကျန်တော့တယ်လို့ ICRC ပြောခွင့်ရ Philippe Stoll က ရိုက်တာ သတင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ က အမေရိကန်သမ္မတ ဘရက်အိုဘားမား မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ် မတိုင်ခင် နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာ့ အကျဉ်းထောင်တွေထဲကနေ နိုင်ငံရေး အကျဉ်းသား တော်တော်များများနဲ့ တခြား အကျဉ်းသားတွေကို မြန်မာအစိုးရက ပြန်လွှတ်ပေး ခဲ့ပါတယ်။ ကချင်နဲ့ ကရင် ပြည်နယ် လို ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ အကူအညီပေးအပ်ခွင့် ရရှိဖို့ကိုလည်း ကြိုးစားနေတယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ ICRC က ပြောပါတယ်။(VOA)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ခရိုနီကြီးများ၏ အကူအညီနှင့် ပတ်သက်၍ ဒေါ်စု သဘောထား ထုတ်ဖော်


 
 
ရန်ကုန် (မဇ္ဈိမ)။   ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြည်သူ့လွှတ်တော်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် NLD ၏ လူမှုရေးလုပ်ငန်းလုပ်ငန်းများကို ပံ့ပိုးနေသည်ဟုဆိုသည့် ခရိုနီများနှင့်ပတ်သက်၍ ၎င်း၏ သဘောထားကို ထုတ်ဖော် ပြောကြားလိုက်သည်။

အာဏာ ဘယ်သူ့လက်ထဲ ရောက်မလဲ (မောင်ဝံသ)

by Myat Thi Ha on Wednesday, January 9, 2013 at 4:10pm  

ပြည်သူများအတွက် အလုပ်အကျွေးပြုမယ့်၊ ပြည်သူများကိုယ်တိုင်က ရွေးကောက် တင်မြှောက်သော၊ ပြည်သူများရဲ့ အစိုးရစစ်စစ် (of the people, for the people, by the people) ကိုသာရခိုင်ပြည်နယ်က ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး၊ လက်ပံတောင်း တောင်အရေး ၊ မိုးထိ မိုးမိနဲ့ ရွှေတော်ဝင် အလုပ်သမား ဆနပြမှု ကိစ္စတို့လို လတ်တလော မြန်မာနိုင်ငံရေးမှာ ထိပ်ဆုံးတန်းက နေရာယူထားတဲ့ အရေး ကိစ္စတစ်ချို့(နှိုင်းယှဉ်ချက်အရ) နည်းနည်းလေး အသံ တိုးတိမ်သွားချိန်မှာ နှစ်ဟောင်းကတည်းက အရှိန်မြင့်တက် လာနေခဲ့ပြီး နှစ်သစ်ရဲ့ နိဒါန်းမှာ အထွတ်အထိပ်ကို ရောက်လာပြီလားလို့ လူအများ တွေးတော စိုးရိမ်ပူပန်နေ ကြတဲ့ကိစ္စတစ်ခုကတော့ ကချင်ပြည်နယ်မှာ သေနတ်သံတွေ မစဲ သေးတဲ့အခြေအနေဖြစ်ပြီး အဲဒီကိစ္စနဲ့အတူ အခုတလောလေးမှာ   ပြည်သူ့ အလွှာမျိုးစုံအကြား ဆွေးနွေးလာကြတဲ့ အကြောင်းအရာ တစ်ခုကတော့ ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာ မြန်မာနိုင်ငံရဲ့ သမ္မတဘယ်သူဖြစ်လာနိုင်သလဲဆိုတဲ့ ခေါင်းစဉ်ဖြစ်တယ်ဗျ။

 ကချင်ပြသနာ ဆင်ခြေရာ မရှာချင်တော့

    နှစ်သစ်မှာ အရေးတကြီးဖြစ်လာတဲ့ အဲဒီကိစ္စနှစ်ခုမှာ ကချင်ပြည်နယ်က စစ်ပွဲတွေ ကိစ္စကတော့ ]ရှေ့နေသားအဖပုံပြင်} အပါအ၀င် ဆောင်းပါးပေါင်းများစွာတို့နဲ့ ဂျာနယ်တချို့မှာ ကျွန်တော် တင်ပြ ဆွေးနွေးခဲ့ပြီးဖြစ်တာကြောင့် အပ်ကြောင်း ထပ်နေပြီဖြစ်ပြီး  (အနည်းဆုံးတော့ အခု လောလောဆယ်မှာ) ဆင်ကောင်ကြီးတွေ့ နေပါလျက် ဆင် ဟုတ် မဟုတ် သေချာအောင် ဆင်ခြေရာ ရှာတဲ့ အလုပ်ကို ထပ်လုပ်ဖို့ ကျွန်တော့်အနေနဲ့ စိတ် မပါ့တပါဖြစ်နေတဲ့အတွက် လက်ရှောင် ထားပြီး ကျန်တဲ့ကိစ္စတစ်ခု အကြောင်းကိုပဲ ဆွေးနွေးချင်တယ်ဗျာ။

ဘယ်သူ့လက်ထဲ အာဏာရောက်မလဲ

    ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ကျွန်တော်တို့နိုင်ငံရဲ့ သမ္မတ ဘယ်သူဖြစ်လာမှာလဲ။ ဟုတ်ပါတယ်။ ဒီမေးခွန်းဟာ ကျွန် တော် အင်မတန် စိတ်ဝင်စားနေတဲ့မေးခွန်းဖြစ်သလို မြန်မာပြည်သူ အားလုံးလည်း အထူးစိတ်ဝင်စားတဲ့ မေးခွန်းဖြစ်လိမ့်မယ်လို့ ယူဆမိတယ်ဗျ။

    သမ္မတက အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးရဲ့ထိပ်ဆုံးမှာ ရှိတဲ့ စနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ ]သမ္မတ ဘယ်သူဖြစ်လာမလဲ} ဆိုတဲ့ မေးခွန်းရဲ့အဓိပ္ပာယ်က ]နိုင်ငံတော်အာဏာကို ဘယ်သူရမလဲ} ဆိုတာပဲ ဖြစ်တယ်ဗျ။ အဲဒီတော့ အဲဒီစနစ်ကျင့်သုံးတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ]၂၀၁၅ ရွေးကောက်ပွဲအပြီး ]သမ္မတ ဘယ်သူဖြစ်လာမလဲ} ဆိုတဲ့ မေးခွန်းရဲ့ အဓိပ္ပာယ်က ]၂၀၁၅ ရွေးကောက်ပွဲအပြီး နိုင်ငံ တော် အာဏာ ဘယ်သူ့လက်ထဲ ရောက်မလဲ} ဆိုတာ ဖြစ်တယ်ဗျ။

ဒီချုပ်ပါဝင်လာချိန်ကစလို့

    တကယ်တော့ အဲဒီကိစ္စကို ပြည်သူတွေ စိတ်ဝင်တစား ဖြစ်လာကြတာ အခုမှ မဟုတ်ဘူးဗျ။ ၂၀၁၀ ရွေးကောက်ပွဲက တစ်ဆင့်တက်လာတဲ့ ]အမည်ခံ}ပဲ ပြောပြော၊ လိုရင်လိုသလို မလိုရင် မလိုသလို အမည်ပေး ကင်ပွန်းတပ်ခံခဲ့ရတဲ့ အရပ်သား အစိုးရ တက်လာခဲ့ ပြီးတဲ့နောက်မှာတောင် တရားမ၀င် အဖွဲ့အစည်းသဖွယ် ရှိနေခဲ့ဆဲ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ် ပြန်လည် မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်မယ်လို့ ကြေညာလိုက်တဲ့ အချိန်ကတည်းက ဖြစ်တယ်ဗျ။ ဒါပေမယ့် အဲဒီအကြောင်းအရာဟာ အကြောင်းကြောင်းတွေကြောင့် ငုပ်လျှိုး နေခဲ့ရာက ဒေါ်အောင်ဆန်းစုကြည် အမေရိကခရီးစဉ်အတွင်း စကားတစ်ခွန်းပြောလိုက်ပြီးတဲ့ နောက်မှာမှ နောက်တစ်ကြိမ် ပြန်ပြီး ]ဟော့} (hot)လာတာ ဖြစ်တယ်ဗျ။ မကြာမတင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ မြိတ်၊ ကော့သောင်းခရီးစဉ်တွေမှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ပြောလိုက်တဲ့အခါမှာတော့ အဲဒီ အကြောင်းအရာဟာ ပြည်သူ့ရှေ့ဆောင်ဂျာနယ်တွေနဲ့ အသံလွှင့်မီဒီယာတွေကတဆင့် ပြည်သူတွေကြား ပျံ့နှံ့ရောက်ရှိသွားပြီး စိတ်ဝင်တစား ဆွေးနွေး စရာ ကိစတစ်ခုဖြစ်လာခဲ့တာ ဖြစ်တယ်ဗျာ။

ဓား ဘယ်သူ့လက်ထဲမှာ ရှိသလဲ

    ၂၀၁၅ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံရဲ့ သမ္မတ ဘယ်သူဖြစ်လာမလဲ သို့မဟုတ် နိုင်ငံတော်အာဏာ ဘယ်သူ့လက် ထဲ ရောက်မလဲ။ အဲဒီကိစ္စဟာ ပြည်သူတွေအတွက် အရေးကြီး သလားလို့မေးလာရင် အသက်လောက် အရေးကြီးတယ်လို့ ကျွန်တော် ယူဆတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ နှစ်ပေါင်းငါးဆယ်လုံးလုံး နိုင်ငံတော်အာဏာဟာ ပြည်သူလူထုရဲ့ ကိုယ်စားလှယ် အစစ်အမှန်များ လက်ထဲမရှိခဲ့ဘဲ  အာဏာ လက်ထဲရှိနေတဲ့သူတွေကလည်း အရာကိစ္စတွေကို လွဲလွဲမှားမှား စီမံခန့်ခွဲခဲ့ကြတဲ့အတွက် ကျွန်တော်တို့နိုင်ငံ ကမ္ဘာ့ အလယ်မှာသာမက ဒေသတွင်းမှာတောင် ]ဓားမနောက်ပိတ်ခွေး} ဘ၀ ရောက်သွားခဲ့ရတာကို ကျွန်တော်တို့ရဲ့ သက်တမ်းအတွင်း မျက်ဝါးထင်ထင် တွေ့မြင်ခံစားခဲ့ရလို့ပဲ ဖြစ်တယ်ဗျ။ နိုင်ငံရေးပါတီတစ်ခုရဲ့စာစောင်တစ်ခုထဲ မကြာသေးခင်က ဖတ်ခဲ့ရတဲ့ ဆောင်းပါးတစ်ပုဒ်ထဲကလိုပဲ ဓားက သံချောင်းလက်ထဲမှာ ရှိသလား၊ ဦးဘရန် လက်ထဲမှာ ရှိသလား (ဆရာမြသန်းတင့်ရဲ့ ဓားတောင်ကို ကျော်ရွေ့ မီးပင်လယ်ကို ဖြတ်မည် ၀တ္ထုကြီးထဲက ဇာတ်ကောင်များကို တင်စားချက်)ဆိုတဲ့အချက်က အရာရာကို အဆုံး အဖြတ်ပေးမှာဖြစ်ကြောင်း ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းက သက်သေ အထင်အရှားပြသခဲ့ပြီး ဖြစ်တယ်ဗျ။

အာဏာနဲ့ သြဇာ

    အာဏာနိုင်ငံရေးအကြောင်း ပြောတဲ့အခါ စကားမကျန် အောင် အာဏာနဲ့ ဆက်စပ်ခြင်းမရှိတဲ့ နိုင်ငံရေးအကြောင်းလည်း ပြောကြရမှာဖြစ်တယ်ဗျ။ တချို့ကတော့ အဲဒီနှစ်မျိုးကို အာဏာနိုင်ငံ ရေး သို့မဟုတ် ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးဆိုပြီး ခွဲပြော ချင်တတ်ကြတယ်ဗျ။ အာဏာကို မျှော်မှန်းတဲ့ နိုင်ငံရေးနဲ့ အာဏာကို မမျှော်မှန်းတဲ့နိုင်ငံရေးပေါ့ဗျာ။ စာရေးဆရာကြီး ဦးအောင်သင်းကတော့ အဲဒီ နှစ်မျိုးကို ]အာဏာ} နဲ့ ]သြဇာ} ဆိုပြီး ခွဲခြားဖွင့်ဆိုရေးသားခဲ့တာ ကျွန်တော် ဖတ်ခဲ့ဖူးတယ်ဗျာ။ သိုးဆောင်းဘာသာနဲ့ (material authority)နဲ့ (moral authority)ရယ်လို့ ခွဲခြားနိုင်မယ် ထင်တယ်ဗျ။

ထိရောက်ထက်မြက်တဲ့စွမ်းအင်

    နိုင်ငံတစ်ခုရဲ့ အရေးအရာကိစ္စမှန်သမျှမှာ အဲဒီအရာနှစ်ခု ဟာ ညီတူမျှတူ အရေးပါတဲ့ ထောက်တိုင်ကြီးနှစ်ခုဖြစ်တယ်ဗျ။ နိုင်ငံ တော်အာဏာဟာ အင်မတန်မှ ထိရောက် ထက်မြက်တဲ့စွမ်းအင် တစ်ခုဖြစ်တဲ့အတွက် နိုင်ငံတော်ကို တည်ဆောက် ထူထောင်လိုတဲ့ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးခေါင်းဆောင်များဟာ နိုင်ငံတော်အာဏာ ကို မဖြစ်မနေ မျှော်မှန်းကြရမှာဖြစ်သလို နိုင်ငံရေးအာဏာကို မျှော်မှန်းခြင်းမရှိတဲ့ လူပုဂိုလ်တွေ၊ အဖွဲ့အစည်းတွေဟာလည်း မိမိတို့ ရဲ့ ဖြူစင်တဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများကို အရင်းပြုပြီး နိုင်ငံတည် ဆောက်ရေးမှာ မရှိမဖြစ် လိုအပ်တဲ့ သြဇာအရှိန်အ၀ါ (moral authority) ကို ထူထောင်ကြရမှာပဲ ဖြစ်တယ်ဗျ။ တကယ်တော့ အဲဒီသြဇာအရှိန်အ၀ါဆိုတာဟာ တမင် ထူထောင်စရာတောင်မလိုဘဲ မှန်မှန် ကန်ကန် ဖြူဖြူစင်စင် လုပ်တဲ့သူဆီ အလိုအလျောက် ရောက်ရှိလာတာမျိုးပဲ ဖြစ် တယ်ဗျ။

သြဇာ အရှိန်အ၀ါဆိုတာ

    မဟတမဂန္ဒီတို့၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ စတဲ့ ပုဂိုလ်ကြီးတွေဟာ အဲသလိုမျိုး သူတို့ ပြည်သူတွေအပေါ် အင်မတန် မှ သြဇာအရှိန်အ၀ါကြီးသူတွေ ဖြစ်တယ်ဗျ။ သူတို့ဟာ လက်ထဲမှာ သံချောင်းရဲ့ဓားလည်းမရှိ၊ ဦးဘရန်ရဲ့ ဓားလည်းမရှိ၊ ကြက်သွန်လှီးတဲ့ ဓားမပြောနဲ့ အ၀တ်ချုပ်တဲ့ အပ်ကလေးတစ်ချောင်းတောင် မရှိ ပေမယ့် သူတို့စကားတစ်ခွန်းက ပြည်သူ အထောင်အသောင်း အသိန်းအသန်းကို ညွတ်နူးစွာ ရွေ့လျားနိုင်စေခဲ့တယ်ဗျာ။ လက်ရှိ အိန္ဒိယနိုင်ငံမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စစ်ပွဲကို နောက် မဆုတ်တမ်း ဆင်နွှဲနေတဲ့ အင်နာဟာဇဲဆိုတဲ့ ပုဂိုလ်ကြီးဟာလည်း သြဇာအရှိန်အ၀ါဆိုတဲ့ စကားလုံးရဲ့ အင်မတန်ကောင်းတဲ့ သက်ရှိဥပမာ တစ်ခု ဖြစ်တယ်ဗျ။

အာဏာနဲ့ သြဇာ တစ်ထပ်တည်းကျသွားရင်

    အာဏာနဲ့ သြဇာတစ်ထပ်တည်းကျသွားပြီဆိုရင်တော့ အဲဒီနိုင်ငံဟာ ရှေ့ကို တစ်ဟုန်ထိုး တိုးတက်သွားတတ်တာ အမှန်ပဲဗျ။ တောင်အာဖရိကနိုင်ငံမှာ ပြည်သူတွေ အင်မတန်မှ လေးစားချစ်ခင် မြတ်နိုးတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် နယ်လ်ဆင်မင်ဒဲလား သမ္မတ ဖြစ်သွားတဲ့အခါ ဘယ်တော့မှ ကျက်မှာမဟုတ်ဘူးလို့ တစ်ချိန်က ထင်မြင်ယူဆခဲ့ကြတဲ့ သမိုင်းဒဏ်ရာတွေ ကျက်သွားခဲ့ပြီး တိုင်းပြည် လည်း အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်သွားခဲ့တာ အားလုံးအမြင်ပဲ ဖြစ်တယ်ဗျာ။

အီရန်သင်ခန်းစာတစ်ခု

    တစ်ခုတော့ သတိထားရမှာ ရှိတယ်ဗျ။ အီရန်အဖြစ်မျိုး မဖြစ်စေဖို့ပါ။ ၁၉၇၉ခုနှစ်က အီရန်နိုင်ငံမှာ ပဒေသရာဇ် ရှားဘုရင်ကို ဖြုတ်ချတဲ့တော်လှန်ရေးကြီးဖြစ်ခဲ့၊ အောင်ပွဲခံခဲ့တယ်။ သို့ပေမယ့် ပြည်သူ့အစိုးရစစ်စစ်မပေါ်ပေါက်လာဘဲ အားလုံးရဲ့ အထက်မှာ အယာတိုလာခိုမေနီဆိုတဲ့ ပုဂိုလ်ကြီးက ရှိနေပါရောလား။ သူမရှိပြန်တော့လည်း နောက်ထပ် အယာတိုလာကြီးတွေက သမ္မတရဲ့ အထက်မှာ ရှိနေဆဲ ဖြစ်တယ်ဗျာ။ ဘယ်ကိစ္စ မဆို နောက်ဆုံး အဆုံးအဖြတ်က အယာတိုလာကြီးပြီးမှ ပြီးရတယ်ဆိုတာ ဘယ်လို ဒီမိုကရေစီမျိုး ဖြစ်မလဲ ပေါ့ဗျာ။ ရှားဘုရင်လက်ထက်က ခေတ်မီတိုးတက်ခဲ့တဲ့ အီရန်ဟာ အခု ဘယ်အခြေအနေ ဖြစ်နေသလဲဆိုတာတော့ မျက်မှောက်ကာလ ကမ္ဘာ့သတင်းတွေမှာ ကြားရ မြင်ရတဲ့အတိုင်းပါပဲဗျာ။

ပြည်သူ့အစိုးရစစ်စစ်ပဲ လိုချင်ပါတယ်

    သို့မို့ကြောင့် ကျွန်တော်တို့ကတော့  ၂၀၁၅မှာ မည်သူပဲ သမ္မတဖြစ်ဖြစ်၊ ပြည်သူ့ခေတ်ဂျာနယ်ရဲ့ မျက်နှာဖုံး ထိပ်ဆုံးမှာ တင်ထားထားတဲ့ မျှော်မှန်းချက်အတိုင်း ပြည်သူများအတွက် အလုပ်အကျွေးပြုမယ့်၊ ပြည်သူများကိုယ်တိုင်က ရွေးကောက် တင်မြှောက်သော၊ ပြည်သူများရဲ့ အစိုးရစစ်စစ် (of the people, for the people, by the people) ကိုသာ လိုချင်ကြောင်းပါဗျာ။

၆ ၁ ၂၀၁၃
by Maung Wuntha





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

''နိုင်ငံရေးလုပ်သည့်နေရာမှာ အာဃာတကို အခြေခံပြီး လုပ်တာမျိုးကို မကြိုက်ဘူး

 ခရိုနီများအနေဖြင့် NLD အပါအ၀င် အခြားလူမှုရေး လုပ်ငန်းများကို ပံ့ပိုးခြင်းသည် ကောင်းသည့် ကိစ္စဖြစ်ကြောင်း၊ အကျိုးရှိသည့် ကိစ္စဖြစ်ပါက ကြိုဆိုရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီလ ၉ ရက် နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

သတင်းထောက်တစ်ဦး၏ ''ခရို နီများ၏ ထောက်ပံ့မှုများကို မည်သည့် သဘောထားမျိုးနှင့် လက်ခံရယူပါသလဲ''ဆိုသည့်မေးခွန်းနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

''ခရိုနီလို့ အခေါ်ခံရတဲ့သူတွေက NLD နဲ့ အခြားလူမှုရေးလုပ်နေတဲ့ လုပ်ငန်းတွေကို ပံ့ပိုးတယ်ဆိုရင် ပံ့ပိုးပါစေပေါ့။ ဒီပိုက်ဆံတွေကို တစ်ခြားနေရာမှာ အလဟဿဖြစ်အောင် ဖြုန်းမယ့်အစား ပံ့ပိုးသင့်တဲ့နေရာကို ပံ့ပိုးဖို့အတွက် သုံးတယ်ဆိုရင် ကောင်းတဲ့ကိစ္စပါပဲ။ NLD ကို ချဉ်းကပ်လာတာလားဆိုတာ မစဉ်းစားဘူး။NLD ကိုချဉ်းကပ်တာလား။ ဘယ်အဖွဲ့ကို ချဉ်းကပ်တာလဲဆိုတာကို မကြည့်ဘူး။ လုပ်တာက ဘာအတွက်လုပ်တာလဲ။ဘာကို ထောက်ပံ့တာလဲ။ ဘယ်နေရာကို အကျိုးပြုသလဲ။ ပြည်သူ့ကို အကျိုးပြုမယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အကျိုးပြုမယ်။ လိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေးကိစ္စတွေကို အကျိုးပြုမယ်ဆိုရင် ဒါဟာ ကြိုဆိုရမယ့်ကိစ္စပါပဲ''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

''ဘယ်သူမဆို ဘယ်လောက်ပဲ မှားဖူး၊ မှားဖူး ကိုယ့်ကိုယ်ကို ပြန်ပြုပြင်နိုင်တဲ့ အခွင့်အရေးတော့ပေးရမယ်။ အခုခရိုနီ၊ ခရိုနီလို့ ပြောနေပေမယ့် ဒီမိုကရေစီနိုင်ငံကြီးတွေမှာတောင် စက်မှုတော်လှန်ရေး ကာလတုန်းက သူဌေးကြီးတွေဖြစ်ခဲ့တဲ့သူတွေကလည်း တစ်ကယ်တန်းတော့ တရားမျှတတဲ့နည်းနဲ့ ဖြစ်လာခဲ့တာ မဟုတ်ပါဘူး။ အမေရိကန်လို ဒီမိုကရေစီနိုင်ငံကြီးတွေက ချမ်းသာလာတဲ့ မိသားစုတွေရဲ့ လုပ်ပုံလုပ်နည်းတွေမှာလည်း ခေါင်းပုံဖြတ်တဲ့နည်းတွေ အများကြီးရှိခဲ့ပါတယ်။ နောက်ပိုင်းမှ ပရဟိတအလုပ်တွေ အင်မတန်လုပ်တဲ့ မိသားစုတွေဖြစ်လာတယ်။ အများအကျိုးကို သူတို့နိုင်ငံတင်မဟုတ်ဘူး ကမ္ဘာကတစ်ခြားနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့အကျိုးကို ထမ်းဆောင်တဲ့ အခြေအနေတွေပါ ရောက်လာကြတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

''နိုင်ငံရေးလုပ်သည့်နေရာမှာ အာဃာတကို အခြေခံပြီး လုပ်တာမျိုးကို မကြိုက်ဘူး။ ခရိုနီဆိုတာလည်း ခရိုနီ အမျိုးမျိုးရှိပါတယ်။ ခရိုနီလို့ ဘာလို့ ခေါ်လဲဆိုတော့ န၀တ၊ နအဖခေတ်မှာ တုန်းက ချမ်းသာလာခဲ့ကြလို့ပေါ့။ သူတို့ချမ်းသာပုံ ချမ်းသာလာကြနည်းကလည်း တစ်ယောက်နဲ့တစ်ယောက်မှ မတူကြတာပဲ။ ချမ်းသာလာတဲ့နေရာမှာ မတရားမှုတွေပါသလား၊ မပါသလား ဆိုတာကို ကြည့်ရမယ်။ ကျွန်မအမြဲ ပြောနေကျစကားကိုပဲ ပြောရပါမယ်။ ပြစ်မှုမထင်ရှားသရွေ့ အပြစ်မဲ့တယ်လို့ပဲ သတ်မှတ်ရပါမယ်'' ဟုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ပါသည်။

ELEVEN MEDIA GROUP
ခရိုနီများအနေဖြင့် NLD အပါအ၀င် အခြားလူမှုရေး လုပ်ငန်းများကို ပံ့ပိုးခြင်းသည် ကောင်းသည့် ကိစ္စဖြစ်ကြောင်း၊ အကျိုးရှိသည့် ကိစ္စဖြစ်ပါက ကြိုဆိုရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီလ ၉ ရက် နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

သတင်းထောက်တစ်ဦး၏ ''ခရို နီများ၏ ထောက်ပံ့မှုများကို မည်သည့် သဘောထားမျိုးနှင့် လက်ခံရယူပါသလဲ''ဆိုသည့်မေးခွန်းနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

''ခရိုနီလို့ အခေါ်ခံရတဲ့သူတွေက NLD နဲ့ အခြားလူမှုရေးလုပ်နေတဲ့ လုပ်ငန်းတွေကို ပံ့ပိုးတယ်ဆိုရင် ပံ့ပိုးပါစေပေါ့။ ဒီပိုက်ဆံတွေကို တစ်ခြားနေရာမှာ အလဟဿဖြစ်အောင် ဖြုန်းမယ့်အစား ပံ့ပိုးသင့်တဲ့နေရာကို ပံ့ပိုးဖို့အတွက် သုံးတယ်ဆိုရင် ကောင်းတဲ့ကိစ္စပါပဲ။ NLD ကို ချဉ်းကပ်လာတာလားဆိုတာ မစဉ်းစားဘူး။NLD ကိုချဉ်းကပ်တာလား။ ဘယ်အဖွဲ့ကို ချဉ်းကပ်တာလဲဆိုတာကို မကြည့်ဘူး။ လုပ်တာက ဘာအတွက်လုပ်တာလဲ။ဘာကို ထောက်ပံ့တာလဲ။ ဘယ်နေရာကို အကျိုးပြုသလဲ။ ပြည်သူ့ကို အကျိုးပြုမယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အကျိုးပြုမယ်။ လိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေးကိစ္စတွေကို အကျိုးပြုမယ်ဆိုရင် ဒါဟာ ကြိုဆိုရမယ့်ကိစ္စပါပဲ''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

''ဘယ်သူမဆိုဘယ်လောက်ပဲမှားဖူး၊မှားဖူးကိုယ့်ကိုယ်ကို ပြန်ပြုပြင်နိုင်တဲ့ အခွင့်အရေးတော့ပေးရမယ်။ အခုခရိုနီ၊ ခရိုနီလို့ ပြောနေပေမယ့် ဒီမိုကရေစီနိုင်ငံကြီးတွေမှာတောင် စက်မှုတော်လှန်ရေး ကာလတုန်းက သူဌေးကြီးတွေဖြစ်ခဲ့တဲ့သူတွေကလည်း တစ်ကယ်တန်းတော့ တရားမျှတတဲ့နည်းနဲ့ ဖြစ်လာခဲ့တာ မဟုတ်ပါဘူး။ အမေရိကန်လို ဒီမိုကရေစီနိုင်ငံကြီးတွေက ချမ်းသာလာတဲ့ မိသားစုတွေရဲ့ လုပ်ပုံလုပ်နည်းတွေမှာလည်း ခေါင်းပုံဖြတ်တဲ့နည်းတွေ အများကြီးရှိခဲ့ပါတယ်။ နောက်ပိုင်းမှ ပရဟိတအလုပ်တွေ အင်မတန်လုပ်တဲ့ မိသားစုတွေဖြစ်လာတယ်။ အများအကျိုးကို သူတို့နိုင်ငံတင်မဟုတ်ဘူးကမ္ဘာကတစ်ခြားနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့
အကျိုးကိုထမ်းဆောင်တဲ့အခြေအနေတွေပါ ရောက်လာကြတယ်'' 
ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

''နိုင်ငံရေးလုပ်သည့်နေရာမှာ အာဃာတကို အခြေခံပြီး လုပ်တာမျိုးကို မကြိုက်ဘူး။ ခရိုနီဆိုတာလည်း ခရိုနီ အမျိုးမျိုးရှိပါတယ်။ ခရိုနီလို့ ဘာလို့ ခေါ်လဲဆိုတော့ န၀တ၊ နအဖခေတ်မှာ တုန်းက ချမ်းသာလာခဲ့ကြလို့ပေါ့။ သူတို့ချမ်းသာပုံ ချမ်းသာလာကြနည်းကလည်း တစ်ယောက်နဲ့တစ်ယောက်မှ မတူကြတာပဲ။ ချမ်းသာလာတဲ့နေရာမှာ မတရားမှုတွေပါသလား၊ မပါသလား ဆိုတာကို ကြည့်ရမယ်။ ကျွန်မအမြဲ ပြောနေကျစကားကိုပဲ ပြောရပါမယ်။ ပြစ်မှုမထင်ရှားသရွေ့ အပြစ်မဲ့တယ်လို့ပဲ သတ်မှတ်ရပါမယ်'' ဟုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ပါသည်။

ELEVEN MEDIA GROUP




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ဘဝဇောကြောင့် ဆုံးရှုံးခဲ့ရသော - - -

ဘယ်သူမှသတိမထားမိလိုက်တဲ့ ထို တယောဆရာ
..............................................................

အေးမြ လှတဲ့ ဇန်နဝါရီလ ရဲ့ ရုံးဖွင့်ရက်တစ်ရက်အစ မှာ ဝါရှင်တန် ဒီစီ မြို့တော်ကြီးရဲ့ မြေအောက် ရထားဘူတာရုံ ကြီးကတော့ အင်မတန် ရှုပ်ထွေး တဲ့လူသွားလူလာ တွေ ကြားထဲ မိန့် မိန့် ကြီး ပေါ့....

လူတစ်ယောက်.... ဘူတာထဲကို အသာလေး ဝင်လာ တယ်.... လက်ကလဲ ဆွဲအိတ်တစ်လုံး နဲ့ ... အများသူငါ လို ရုံးတက်ရုံဆင်း ပြုမည့် ခရီးသည်လို့ ပဲ ဘူတာကြီး က ထင်မိတယ်...။

ထိုသူ ကတော့မည်သူ့ ကိုမျှ အမှုမထားပဲ ဘူတာ ရဲ့ ဝင် အပေါက်ဝ နားလေးမှာ လက်ဆွဲအိတ်လေး အသာချ လိုက်ပြီး... တယောတစ်လက်ကို အသာလေးထုတ်ယူပြီး ဂီတစာဆို Bach ရဲ့ ဆိုနာတာ ခြောက်ပုဒ် ကို စတင် တီးခတ်ပါတော့တယ်..။

ဒီဘူတာကြီးဟာ နေ့ စဉ် လူပေါင်း တစ်သောင်းတစ်ထောင်ကျော် သွားလာအသုံးပြုနေတဲ့ နေရာတစ်ခု ပဲဖြစ်တယ်။ အချိန်ကလဲ ရုံးတက်ချိန် နားနီးနီး မို့ လူတွေ ကလဲ ကြည့်လိုက်ရင်သုတ်သီးသုတ်ပြာနဲ့ ပြေးလွှားနေကြ ပါတယ်။

လူတွေ ဟာ အလုပ်နောက်ကျမှာ ကိုစိုးရိမ်နေကြတဲ့အတွက်... တယောသမား ကိုရော တစ်ယောသံကိုပါ ဂရုမပြု မိကြ ပါဘူး။

တယောဆရာ စတင်တီးခတ်လို့ ၃ မိနစ် ခန့် ကြာတဲ့ အချိန်မှာ သက်လတ်ပိုင်းလူရွယ်တစ်ယောက် က သတိထားမိသလို ခြေလှမ်းတွေ နှေးသွားခဲ့ပြီး စက္ကန့် ပိုင်းလောက် ရပ်တန့်ငေးမောနားဆင် မိပေမယ့် ရုတ်တရက် ၄င်းရဲ့ အချိန်ဇယားကိုသတိရမိသလိုဖြစ်ပြီး သုတ်ခြေတင်ထွက်ခွာသွားပါတော့တယ်။

နောက်ထပ်မိနစ်အနည်းငယ်အကြာမှာတော့ အမျိုးသမီး တစ်ယောက် ရဲ့ ခြေလှမ်းခပ်သွက်သွက် လှမ်းလာတဲ့ အမျိုးသမီးတစ်ယောက်ဆီက ပထမဆုံးငွေအကြွေစေ့တစ်စေ့ကို တယောဆရာရှေ့ ချွင်ကနဲဆုလာဘ်အဖြစ် စတင်ရရှိလိုက်ပါတယ်။

နောက်ထပ် မိနစ်အနည်းငယ် အကြာမှာတော့ လူတစ်ယောက်ဟာ နံရံ ကိုမှီရင်း တစ်ယောဆရာရဲ့ တေးသွားကိုနားဆင် ဖို့ ကြံရွယ်လိုက်ဟန်ပါပဲ။ ဒါပေမယ့် ခဏအကြာမှာတော့ ၄င်းရဲ့ နာရီကိုတစ်ချက်ငုံ့ ကြည့်ပြီး လမ်းကိုဆက်လက်လျောက် သွားပါတော့တယ်..သေချာပါတယ် ..ထိုသူ အလုပ်နောက်ကျ နေပါပြီ။

တယောဆရာအတွက် တော့ အားလုံးသော ဖြတ်သန်းသွားလာသူတွေထဲက မှ မိခင်လက်ကို ကိုင်ဆွဲလာတဲ့ ၃ နှစ်သားအရွယ် ကလေးငယ်လေး တစ်ယောက်ရဲ့ ဂရုပြုအလေးထားစွာ ရပ်တန့် နားဆင် လိုမှုကို ရရှိလိုက်ပါတယ်။ မိခင်ကတော့အလျင်လိုနေဟန်ရှိပြီး ကလေးငယ်ကတော့ ခေါင်းမာစွာရပ်တန့် နားဆင်ဖို့ ကြိုးစား နေပုံရပါတယ်။ ဒါပေမယ့် မိခင်လုပ်သူရဲ့ အားအင်သုံးဆွဲခေါ်မှုကိုတော့မလွန်ဆန် နိုင်စွာနဲ့ ပဲ သမင်လည်ပြန်လေး လှည့်ကြည့်လှည့်ကြည့်ပြုရင်း သနားစဖွယ် မိခင်နောက် ကောက်ကောက်ပါအောင်လိုက်ပါသွားရရှာပါတော့တယ်။

မိဘ တစ်ချို့ ဟာ သားသမီးတွေရဲ့ အလိုဆန္ဒထက် ၄င်းတို့ ရဲ့ ဆန္ဒ ကို အမြဲတမ်းလို လို ပြုလုပ်စေဖို့ တိုက်တွန်းတတ်ကြလေ့ရှိပါတယ်။ ဒါဟာ သားသမီး တွေအတွက်တော့မှန်ကန်တယ်လို့ အမြဲ မဆိုနိုင်ပါဘူး။

ဒီလိုနဲ့ တယောဆရာဟာ ၄၅ မိနစ်တိုင်တိုင် တီးခတ် ချိန်တွင်းမှာ လူခြောက်ယောက်သာပဲ ခေတ္တခဏရပ်တန့် နားထောင် ခဲ့ပြီး လူ ၂၀ ဦးခန့်လောက်ကသာ ငွေအကြွေစေ့ များကိုသွားရင်းလာရင်း ပစ်ချ ချီးမြှင့် ခဲ့ပါတယ် ..တယောဆရာရရှိလိုက်တဲ့ ၄၅ မိနစ်စာ အနုပညာကြေးကတော့ ၃၂ ဒေါ်လာ ပဲဖြစ်ပါတယ်။

ကမ္ဘာကျော် ဂျာမန်ဂီတစာဆို Bach ရဲ့ ဆိုနာတာ ခြောက်ပုဒ်ကို တီးခတ်ပြီးစီးချိန်မှာတော့ တယောဆရာဟာ ယခုဘူတာကြီးကို သူ စတင်ဝင်ရောက်လာစဉ်ကလိုပဲ တိတ်ဆိတ်စွာထွက်ခွာသွားပါတော့တယ်..။ တကယ်ကိုမည်သူမျှ သေချာသတိမထားလိုက်မိကြပါဘူး ။

ဘယ်သူမှသတိမထားမိလိုက်တဲ့ ထို တယောဆရာကတော့ ဂျိုရှုဝါဘဲလ် Joshua Bell ဆိုတဲ့ကမ္ဘာကျော်တယောပညာရှင်ကြီးတစ်ယောက်ပါ။

သူဟာ သီချင်းတစ်ပုဒ်ကို ရေးစပ်တီးခတ် လို့ ၇တဲ့ ဝင်ငွေဟာ ၃.၅ မီလျန် ရရှိပါတယ်။

ယခုလို ဘူတာရုံကြီးမှာ လာရောက်မတီးခတ်ခင် ၂ ရက်အလို မှာ ဘောစတွန် သီရေတာကြီးမှာ တီးခတ်ဖျော်ဖြေခဲ့ ပြီးပါပြီ..။

ထိုင်ခုံတစ်ခုံစာအတွက် လက်မှတ်တန်ဖိုးက ဒေါ်လာ တစ်ရာပါ တဲ့.။

ဒါဟာ တကယ့်ကို ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပါ. ။ ဂျိုရှုဝါဘဲလ် ကိုယ်တိုင် ကိုယ်ကျ ယခုလို အများသူငါ သွားလာနေတဲ့ဘူတာရုံ ကြီးမှာ သူဖုန်းစားသဖွယ် တီးခတ်ဖျော်ဖြေဖို့ စီစဉ်ခဲ့ကြတာကတော့ ဝါရှင်တန် ပိုစ်မှ ပဲ ဖြစ်ပါတယ်။

အဓိက အကြောင်းအရာကို ရှာဖွေ ချင်တာကတော့....

အများသူငါ တွေကြားထဲမှာ အင်မတန်ရှုပ်ထွေးလှတဲ့လူမှုဘဝတွေကြားထဲမှာ အလျင်လိုမှု မြောက်များစွာတွေကြားထဲမှာ ...

တို့ လူသားတွေ... အလှအပဆိုတာ ခံစားနားလည်မိရဲ့ လား

ရပ်တန့်ငေးမော ခံစားဖို့ သတိရကြရဲ့ လား

ရင်သတ်ရှုမောဖွယ်ကောင်းတဲ့ ပင်ကိုယ်စွမ်းရည်ပိုင်ရှင်တစ်ယောက် ရဲ့ ဖျော်ဖြေမှု ကို မမျှော်လင့်တဲ့နေရာမှာ ရော မှတ်မိခံစား နိုင်ကြရဲ့လား

ဖြစ်နိုင်ချေ ရှိတာ တစ်ခု ကိုကောက်ချက်ချရမယ်ဆိုရင်

ဒီလို ကမ္ဘာ့အကောင်းဆုံး တေးသွားတွေ ကိုရေးစပ်သီကုံး တီးခတ်နိုင် တဲ့သူရဲ့ ဖျော်ဖြေမှုကို အလကားနားဆင်ခွင့်ရတုံးမှာတောင် ခဏလေးဖြစ်ဖြစ်ရပ်တန့် နားဆင် ဖို့ အချိန်မပေးနိုင်ခဲ့ရင်...

အခြားသော လောကကြီးရဲ့ အလှအပ တွေ ဘယ်လောက်များ တို့ တစ်တွေ လက်လွှတ်ဆုံးရှုံး ခဲ့ရပါလိမ့် နော်..။

If we do not have a moment to stop and listen to one of the best musicians in the world playing the best music ever written, how many other things are we missing?"

ဝါရှင်တန်ပိုစ် မှ ဘာသာပြန် ပါသည်။

လေးစားချစ်ခင်လျက်

မနတ်သမီး
ဘယ်သူမှသတိမထားမိလိုက်တဲ့ ထို တယောဆရာ
..............................................................

အေးမြ လှတဲ့ ဇန်နဝါရီလ ရဲ့ ရုံးဖွင့်ရက်တစ်ရက်အစ မှာ ဝါရှင်တန် ဒီစီ မြို့တော်ကြီးရဲ့ မြေအောက် ရထားဘူတာရုံ ကြီးကတော့ အင်မတန် ရှုပ်ထွေး တဲ့လူသွားလူလာ တွေ ကြားထဲ မိန့် မိန့် ကြီး ပေါ့....

မြန်မာထိုးစစ်ကြောင့် ကချင်ဒုက္ခသည်ဦးရေတိုး

 

အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်ပတ်သက်မှုနှင့် ပဋိပက္ခ ပြီးဆုံးချိန်ကာလ နီပေါနိုင်ငံ

အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်ပတ်သက်မှုနှင့် ပဋိပက္ခ ပြီးဆုံးချိန်ကာလ နီပေါနိုင်ငံ



နိဒါန်း
(၂၀၀၀) ခုနှစ်၊ အောက်တိုဘာလမှာ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ Resolution (၁၃၂၅) ကို ချမှတ်ခဲ့ပါတယ်။ အဲဒီအချိန်ကာလကစပြီး ပဋ္ဋိပက္ခ ဖြေရှင်းရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုတွေမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို နိုင်ငံတကာက အသိအမှတ်ပြုမှုတွေ ကြီးမားလာခဲ့ပါတယ်။ Resolution (၁၃၂၅) နဲ့ပတ်သက်ပြီး အခုလို နိုင်ငံတကာ မဟာဗျူဟာနဲ့ မူဝါဒရေးရာ အဆင့်မှာ ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်မှုတွေ ရှိလာခဲ့ ပေမယ့်လဲ နိုင်ငံတခုချင်းစီရဲ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခပြီးဆုံးချိန်ကာလ တည်ဆောက်ရေး လုပ်ငန်းဆောင်တာတွေမှာ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု အခန်းကဏ္ဍနဲ့ပတ်သက်ပြီး သိသားထင်ရှားတဲ့ အတားအဆီးတွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်ဆောင်ရွက်နိုင်မှုကို ကန့်သတ်နေကြဆဲပဲ ရှိပါသေးတယ်။ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ချက် ချမှတ်လုပ်ဆောင်နိုင်မှု အခန်းကဏ္ဍတွေကို သိသိသာသာ ပိတ်ပင်နေကြဆဲပဲ ရှိပါသေးတယ်။ အခုဒီစာတမ်းမှာ ပဋိပက္ခပြီးဆုံးချိန်ကာလ နီပေါနိုင်ငံက အမျိုးသမီးတွေရဲ့ နိုင်ငံရေး ပါဝင်ပတ်သက်မှုအကြောင်းကို ရေးသားတင်ပြပါမယ်။
ပဋိပက္ခပြီးဆုံးချိန်ကာလနှင့် အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်ပတ်သက်မှု အခန်းကဏ္ဍ
နိုင်ငံတနိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်ပွားလာတဲ့အခါ ကျားမရေးရာ ဓလေ့ထုံးစံတွေ ပြောင်းလဲမှု ရှိလာပါတယ်။ အမျိုးသမီးတွေဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ မိသားစုဝင်တွေ၊ စစ်မက်ဒုက္ခသည်တွေ အနေနဲ့ အသွင်မျိုးစုံ ပါဝင် ပတ်သက်လာကြရပါတယ်။ ပဋိပက္ခဖြေရှင်းမှုတွေနဲ့ နိုင်ငံရေးတိုးတက်မှု အခြေအနေတွေမှာ ဆက်စပ်ပါဝင်မှု ရှိလာကြပါတယ်။ ဒါကြောင့် ပဋ္ဋိပက္ခတွေ ပြီးဆုံးချိန်ကာလမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အမျိုးသမီးတွေဟာ လင်ယောက်ျားဖြစ်သူအပေါ် မှီခိုအားကိုးနေရတဲ့ သာမန်အိမ်ရှင်မတွေ မဟုတ်ကြတော့ပါဘူး။
ပဋိပက္ခတွေအကြားမှာ ရုန်းကန်လှုပ်ရှားရမှု၊ ရှင်သန်ရပ်တည်ရမှု၊ တက်ကြွစွာ လှုပ်ရှားရမှုတွေနဲ့ ခါးသီးတဲ့ဘ၀သင်ခန်းစာတွေ ရရှိခဲ့ကြတဲ့အတွက် အမျိုးသားတွေနဲ့အတူ ပခုံးချင်းယှဉ်ပြီး ရင်ဘောင် တန်းရပ်တည်နိုင်တဲ့ အမျိုးသမီးတွေအဖြစ် ခေတ်သမိုင်းက ပြောင်းလဲလိုက်ပြီးသား ဖြစ်သွားပါတယ်။ ဒါကြောင့် ပဋိပက္ခပြီးဆုံးချိန်ကာလ နိုင်ငံတော်တည်ဆောက်မှု အခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု၊ ဆုံးဖြတ်ချက်ချမှတ်နိုင်မှုတွေဟာ နိုင်ငံတော် အနာဂတ်အတွက် အလွန်ပဲ အရေးကြီးလှပါတယ်။
ပထမတချက်အနေနဲ့ အမျိုးသမီးတွေဟာ နိုင်ငံတော်ရဲ့ လူဦးရေတ၀က်ကျော်ကို ကိုယ်စားပြုနေသူများ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီစနစ်ခိုင်မာတောင့်တင့်ဖို့အတွက် ကိုယ်စားပြုမှုဟာ အလွန်ပဲ အရေးကြီးပါတယ်။ အမျိုးသမီးထုတရပ်လုံးကို ကိုယ်စားပြုတဲ့ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ချက်တွေမပါပဲ အမျိုးသားတွေကပဲ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ လူထုတရပ်လုံးကို ကိုယ်စားပြုတယ်လို့ မခေါ်ဆိုနိုင်ပါဘူး။ ဒီလိုဆုံးဖြတ်ချက်ကိုလဲ ဒီမိုကရေစီနည်းလမ်းတကျ ဆုံးဖြတ်ချက်လို့ မသတ်မှတ် နိုင်ပါဘူး။ အမျိုးသားနဲ့ အမျိုးသမီးတွေက တန်းတူရည်တူ ပါဝင် ဆုံးဖြတ်ထားမှုမရှိပဲ အမျိုးသားတွေကပဲ တဖက်သတ်ဆုံးဖြတ်ချက်ချမှတ်မယ်ဆိုရင် ဒါဟာ တန်းတူညီမျှမှုအပေါ် အခြေခံတဲ့ ဒီမိုကရေစီစနစ် ထူထောင်မှု မဟုတ်ပဲ အမျိုးသားအာဏာရှင်စနစ်ကို ထူထောင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို ဆုံးဖြတ်ချက်တွေပေါ်မှာ အခြေတည်ထားတဲ့ နိုင်ငံရေးဖြစ်စဉ်ဟာလဲ လူထုကို ကိုယ်စား မပြုတဲ့အတွက် Legitimacy ရှိတယ်လို့ မဆိုလိုနိုင်ပါဘူး။
ဒုတိယအချက်အနေနဲ့က အမျိုးသမီးတွေဆီမှာ အမျိုးသားတွေနဲ့ ကွဲပြားခြားနားတဲ့ ဘ၀ အတွေ့အကြုံတွေ၊ အမြင်တွေနဲ့ ချဉ်းကပ်မှုတွေ ရှိနေနိုင်တဲ့အတွက် နိုင်ငံရေးရာကိစ္စတွေမှာ ရှူထောင့်အသစ်နဲ့ လေ့လာသုံးသပ်မှုတွေ ပေါ်ထွက်လာနိုင်စေပါတယ်။ ကျားမရေးရာနဲ့ အမျိုးသမီးများ တိုးမြှင့်ရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ RachelMayanja ဆိုသူက အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုဟာ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲတိုးတက်မှုတွေကို အားဖြည့်ပေးနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။ အမျိုးသမီးတွေဟာ နိုင်ငံရေးအရ ကွဲပြားခြားနားမှုတွေအကြားမှာ တံတားခင်းပေးနိုင်သူတွေဖြစ်ကြောင်း အဆိုပြုခဲ့ပါတယ်။ ပဋိပက္ခပြီးဆုံးချိန်ကာလမှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေးဆုံးဖြတ်ချက်ချမှတ်မှု အခန်းကဏ္ဍမရှိရင် အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေ၊ အမျိုးသမီးရေးရာတွေကို ထည့်သွင်းစဉ်းစားမှု မရှိတဲ့အတွက် လူဦးရေတ၀က်ကျော်ရဲ့ အနာဂတ်ကို လျစ်လျူရှုရာ ရောက်ကြောင်းကိုလဲ ပညာရှင်များက ထောက်ပြပြောဆိုခဲ့ကြပါတယ်။
နီပေါနိုင်ငံ
နီပေါနိုင်ငံဟာ အိန္ဒိယနဲ့ တရုတ်ပြည်အကြားမှာ တည်ရှိတဲ့ ကုန်းတွင်းပိုင်း နိုင်ငံငယ်လေး တခုဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ နီပေါအစိုးရနဲ့ နီပေါကွန်မြူနစ်ပါတီ- Maoist တို့အကြားက ဆယ်နှစ်တာ လက်နက်ကိုင်ပဋ္ဋိပက္ခ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီပဋ္ဋိပက္ခဟာ အမျိုးသမီးတွေအပေါ် သက်ရောက်မှုအများအပြား ရှိခဲ့ပါတယ်။ ပဋ္ဋိပက္ခစစ်ပွဲတွေကြောင့် အိမ်ထောင်မရှိတဲ့အမျိုးသမီးတွေနဲ့ မုဆိုးမတွေ များပြားလာပါတယ်။ အမျိုးသမီးက ဦးဆောင်ရတဲ့ အိမ်ထောင်စု (Female-headed households) တွေ များပြားလာပါတယ်။ အမျိုးသမီးအချို့က တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ ကြပါတယ်။ နီပေါကွန်မြူနစ်ပါတီဟာ အမျိုးသမီးတွေကို ချက်ပြုတ်ရေးတာဝန်တွေနဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု တာဝန်တွေတင် ပေးခဲ့တာမဟုတ်ပဲ အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်း တိုက်ပွဲဝင်ရတဲ့ တိုက်ခိုက်ရေး ရဲဘော်တာဝန်တွေ၊ ဆက်သွယ်ရေး တာဝန်တွေပါ ပေးအပ်ခဲ့ပြီး တော်လှန်ရေးကာလအတွင်းမှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု အခန်းကဏ္ဍကို တိုးမြှင့်ပေးနိုင်ခဲ့ပါတယ်။
အမျိုးသမီး အိမ်ထောင်ဦးစီး အရေအတွက်တွေ များပြားလာမှုနဲ့ တော်လှန်ရေးဦးဆောင် အဖွဲ့အစည်းတရပ်ရဲ့ အမြော်အမြင်ကြီးမှုတွေဟာ နီပေါလူ့အဖွဲ့အစည်းအတွင်းမှာ အမြစ်တွယ်နေခဲ့တဲ့ ကျားမခွဲခြားမှု ဓလေ့ထုံးတမ်းစဉ်လာ အတားအဆီးတွေကို ဖယ်ရှားပစ်နိုင်ခဲ့ပါတယ်။ ၂၀၀၆ခုနှစ်၊ အေပြီလမှာ စတင်ခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဦးတည်စေခဲ့တဲ့ လူထုလှုပ်ရှားမှုကြီးမှာ အမျိုးသမီး တွေဟာ ရှေ့တန်းကနေ ပါဝင်ဦးဆောင်ခဲ့ကြပါတယ်။ ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလမှာ Comprehensive Peace Accord (CPA) ချုပ်ဆိုပြီး၊ လက်နက်ကိုင်ပဋိပက္ခတွေကို ချုပ်ငြိမ်းနိုင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်၊ ဧပြီလရောက်တော့ Constituent Assembly ကို ရွေးကောက်တင်မြှောက်မယ့် ပဋိပက္ခပြီးဆုံးချိန်ကာလ ပထမဆုံးရွေးကောက်ပွဲတွေကို ကျင်းပနိုင်ခဲ့ပါတယ်။ ဒီ Constituent Assembly ကနေ တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ရေးဆွဲခဲ့ပါတယ်။
ပဋိပက္ခတွေ ရှိနေတဲ့ နိုင်ငံတရပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘယ်လိုအဖွဲ့အစည်း၊ ဘယ်လို အစိုးရမျိုးကမှ ရေးဆွဲအတည်ပြုလို့ မရပါဘူး။ ရေးဆွဲအတည်ပြုထားခဲ့ရင်လဲ ပဋိပက္ခမပြီးဆုံးခင် ကာလမှာ ရေးဆွဲထားတာ ဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ အနာဂတ်အတွက် အကျိုးကျေးဇူး သိပ်မရှိလှပါဘူး။ ပဋိပက္ခတွေ ပြီးဆုံးပြီးနောက်ပိုင်းကာလမှာ လူထုက ရွေးကောက်တင်မြှောက်တဲ့ Constituent Assembly (သို့မဟုတ်) သဘောတရားတူပြီး အမည်ကွဲပြားတဲ့ အလားတူ ညီလာခံတရပ်က ရေးဆွဲပြီး ထွက်ပေါ်လာတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းကို Referendum ကျင်းပပြီး လူထုရဲ့ ထောက်ခံမှု သတ်မှတ်ရာခိုင်နှုန်းပြည့်မှသာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ်ဖြစ်လာနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ ပဋိပက္ခဖြစ်နေဆဲကာလတွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ ရေးဆွဲလိုက်ကြ၊ အတည်ပြုလိုက်ကြ လုပ်နေကြတဲ့ နိုင်ငံတွေမှာတော့ အခြေခံဥပဒေ မူကြမ်းတွေ ဖောင်းပွပြီး ရေပေါ် အရုပ်ရေးသလို ပေါ်လိုက်၊ ပျောက်လိုက်တွေ ဖြစ်သွားတတ်စမြဲပါ။
ပဋိပက္ခမဖြစ်ပွားမီကာလ နီပေါအမျိုးသမီးများ၏ နိုင်ငံရေးပါဝင်ပတ်သက်မှု အခန်းကဏ္ဍ
နီပေါလူ့အဖွဲ့အစည်းအတွင်းမှာ patriarchal culture ထွန်းကားခဲ့ပါတယ်။ အမျိုးသမီးတွေဟာ ဓလေ့ထုံးတမ်း အစဉ်အလာတွေအရ ပြင်ပလူမှုဘ၀မှာ နေရာသိပ်မရကြပါဘူး။ အမျိုးသမီးတွေရဲ့ လူမှုဘ၀အဆင့်အတန်းဟာ လူမျိုးစုတွေအကြားမှာ အမျိုးမျိုး ကွဲပြားပေမယ့် ယေဘုယျအားဖြင့်တော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နိမ့်ကျတယ်လို့ ယူဆထားကြပါတယ်။ အမျိုးသမီးဆိုတာ ကလေးသူငယ်စောင့်ရှောက်ဖို့နဲ့ အိမ်မှုတာဝန်ထမ်းဆောင်ဖို့ မွေးဖွားလာသူများအဖြစ်သာ လူ့အဖွဲ့အစည်းက မြင်တတ်ကြပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့စာရင် ပညာရေး၊ စီးပွားရေး၊ နိုင်ငံတွေမှာ နိမ့်ကျကြရရှာပါတယ်။
၁၉၅၁ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေရဲ့ မဲပေးခွင့်နဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိခဲ့ပေမယ့်လဲ ၁၉၅၁ နှောင်းပိုင်းကာလကစပြီး အမျိုးသမီးတွေရဲ့ အသံတွေ ငြိမ်သက်နေခဲ့ပါတယ်။ နီပေါအမျိုးသမီးတွေရဲ့ နိုင်ငံရေးသမားဘ၀ ဖြတ်သန်းနိုင်မယ့် အခွင့်အလမ်းတွေ နည်းပါးခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် မတိုင်မီကာလတွေမှာ နီပေါပါလီမန်တွေမှာ အမျိုးသမီးတွေရဲ့ ကိုယ်စားပြုနိုင်မှုဟာ ခြောက်ရာခိုင်နှုန်းအောက်မှာပဲ ရှိပါတယ်။ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ဖို့ အခွင့်အလမ်းရှိတဲ့ အမျိုးသမီးတွေဟာလဲ နိုင်ငံရေးသမားတွေနဲ့ ဆွေမျိုးတော်စပ်သူတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေပဲ ဖြစ်နေတတ်ပြန်ပါတယ်။ လူထုလူတန်းစားအလွှာအသီးသီးက အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကိုတော့ သူတို့ရဲ့ ဖခင်တွေ၊ အစ်ကိုတွေ၊ လင်ယောက်ျားတွေက ထိန်းချုပ် ကန့်သတ်ရုံမက လူ့အဖွဲ့အစည်းရဲ့ အမျိုးသမီးတွေရဲ့အစွမ်းအစတွေအပေါ် လျှော့တွက်မှုတွေကပါ ကန့်သတ်ထားခဲ့ပြန်ပါတယ်။
တိုးတက်ရေးလမ်းကြောင်းပေါ်သို့
၂၀၀၆ ခုနှစ် CPA လက်မှတ်ရေးထိုးပြီးကာလမှာ နီပေါနိုင်ငံရေးအဖွဲ့အစည်းတွေ စုပေါင်းပြီး ကော်မတီတွေ ဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မတီတွေအထဲက National Monitoring Committee ရဲ့ အဖွဲ့ဝင် ၃၁ ယောက်မှာ အမျိုးသမီး နှစ်ယောက်ပါဝင်ခဲ့ပါတယ်။ Constituent Assembly ရွေးကောက်ပွဲကာလ၊ Constituent Assembly က ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်းရေးဆွဲစဉ်ကာလနဲ့ Referendum ကာလတွေဖြတ်သန်းမှုမှာ လိုအပ်တဲ့ ကြားဖြတ် ဖွဲ့စည်းပုံ အခြေခံဥပဒေ (Interim Constitution) ရေးဆွဲတဲ့ ကော်မတီမှာလဲ မူလက အမျိုးသားခြောက်ယောက်ပဲ ပါရှိရာက အမျိုးသမီး နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အမျိုးသမီးအဖွဲ့အစည်းများရဲ့ တောင်းဆိုမှုတွေကြောင့် အမျိုးသမီး လေးယောက်ကို ထပ်မံတိုးချဲ့ ထည့်သွင်းခဲ့ကြရပါတယ်။ နီပေါအမျိုးသမီး နိုင်ငံရေးသမားတွေဟာ ဒီလောက်နဲ့ မရပ်တန့်ခဲ့ကြပါဘူး။ ၂၀၀၇ ခုနှစ်ဇန်န၀ါရီလမှာ အတည်ပြုတဲ့ ကြားဖြတ်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေးကိုယ်စားပြုမှုနဲ့ ပတ်သက်တဲ့ clause ပါဝင်ရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းခဲ့ကြပါတယ်။ Interim Constitution ရဲ့ Article 63 (5) မှာ Constituent Assembly ရဲ့ ကိုယ်စားလှယ်လောင်း အနည်းဆုံး သုံးပုံတပုံဟာ အမျိုးသမီးတွေဖြစ်ရမယ်လို့ ထည့်သွင်းဖော်ပြ ခဲ့ပါတယ်။ ဒီအချက်ကို Interim Parliament က အတည်ပြုခဲ့တဲ့ Constituent Assembly ရွေးကောက်ပွဲဥပဒေမှာ ထပ်မံထည့်သွင်းခဲ့ရပါတယ်။
ဒီလိုနဲ့ ၂၀၀၈ ခုနှစ်၊ ဧပြီလမှာ Constituent Assembly ကို ရွေးကောက်တင်မြှောက်တဲ့အခါ အမျိုးသမီး ၃၅၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်း အရေအတွက်ရဲ့ ၃၅ ရာခိုင်နှုန်းကျော် ဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပရာမှာ ဓလေ့ထုံးစံအရ အုပ်ချုပ်ရေးစင်မြင့်ပေါ်ကနေ ဖယ်ရှားခံ ရတတ်တဲ့ အုပ်စုတွေဖြစ်တဲ့ အမျိုးသမီးတွေနဲ့ ဖိနှိပ်ခံထားရတဲ့ လူ့အဖွဲ့အစည်းတွေ၊ လူမျိုးစုတွေရဲ့ အသံတွေပါ ပါဝင်လာစေတဲ့ ‘first past the post’ (FPTP) နဲ့ proportionalrepresentation (PR) နည်းလမ်းတွေကို ပေါင်းစပ်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ FPTP elections မှာ အမတ်နေရာ ၂၄၀ အနက် နေရာ ၃၀ ကိုအနိုင်ရခဲ့ပြီး PR elections မှာ အမတ်နေရာ ၃၃၅ ရှိရာက ၁၆၁ နေရာကို အနိုင်ရခဲ့ပါတယ်။ ပါတီတခုချင်းစီရဲ့ quota အရ အမျိုးသမီး ခြောက်ယောက်ကို ပါတီတွေက nominate ထပ်လုပ်တဲ့အတွက် Constituent Assembly ရဲ့ အမတ်နေရာ ၆၀၁ နေရာမှာ ၁၉၇ နေရာကို အမျိုးသမီးများက ရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲပြီးနောက်ပိုင်း ညွန့်ပေါင်းအစိုးရဖွဲ့ရာမှာ ၀န်ကြီးနေရာ (၂၄) နေရာ ရှိတဲ့အနက် လေးနေရာကို အမျိုးသမီး ၀န်ကြီးတွေက တာဝန်ယူနိုင်ခဲ့ကြပါတယ်။ နိုင်ငံရေးပါဝင်ပတ်သက်မှုမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အခုလို အရေအတွက်အနေနဲ့ တိုးတက်လာပေမယ့်လဲ တခြားအတားအဆီးတွေ၊ အခက်အခဲတွေက ရှိနေဆဲပဲ ဖြစ်ပါတယ်။
အတားအဆီး၊ အခက်အခဲများ
၂၀၀၈ ခုနှစ်၊ Constituent Assembly ရွေးကောက်ပွဲအပြီးမှာ လွှတ်တော်အမတ် ၃၅ % ကျော်ဟာ အမျိုးသမီးတွေ ဖြစ်လာပါတယ်။ Constituent Assembly က ရေးဆွဲရမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးဆိုင်ရာ ကော်မတီ (၁၁) ခုမှာ အမျိုးသမီးတွေ ပါဝင်လာတဲ့အတွက် အမျိုးသမီးတွေရဲ့ နိုင်ငံတော်အဆင့် ဆုံးဖြတ်ချက်ချမှတ်နိုင်မှု အခွင့်အလမ်းတွေ တိုးမြင့်လာတယ် ဆိုနိုင်ပါတယ်။ ဒါပေမယ့်လဲ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု၊ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွေမှာ အတားအဆီးတွေ၊ ကန့်သတ်ချက်တွေ၊ အခက်အခဲတွေကတော့ ရှိနေဆဲပါပဲ။ ပထမဆုံးအနေနဲ့ အမျိုးသမီးတွေရဲ့ ထိထိရောက်ရောက် ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းတွေဟာ သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေအတွင်းမှာ အမျိုးသားတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှု တွေကြောင့် ယုတ်လျော့အားနည်းနေရပါတယ်။ နိုင်ငံရေးပါတီတွေအတွင်းမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို အတွေ့အကြုံရှိတဲ့ အမျိုးသားခေါင်းဆောင်တွေက အမျိုးသမီးတွေရဲ့ အမြင်တွေမပါပဲ ချမှတ်လေ့ရှိကြပါတယ်။ အမျိုးသမီးတွေရဲ့ ပါတီတွင်း၊ အဖွဲ့အစည်းအတွင်း အခန်းကဏ္ဍမှာလဲ လုပ်ဆောင်မှု စွမ်းရည်နဲ့ အရည်အချင်းအပေါ် မူတည်မှုမရှိပဲ နိုင်ငံရေးခေါင်းဆောင်တွေအပေါ် သစ္စာရှိမှုနဲ့ လူမှုရေးတွေအပေါ်မှာ မူတည်နေပါတယ်။
နိုင်ငံရေးပါတီတွေအတွင်းမှာ အမျိုးသမီး အဖွဲ့တွေပါဝင်ပေမယ့် ပါတီရဲ့ ဗဟိုကော်မတီမှာ အမျိုးသမီးကိုယ်စားလှယ် ပါဝင်ခွင့်မှာတော့ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ နိုင်ငံရေးခေါင်းဆောင် အချို့က အမျိုးသမီးတွေဟာ အမျိုးသားတွေလောက် စွမ်းဆောင်နိုင်မှု မရှိဘူးလို့ ထင်မှတ်နေကြဆဲပဲ ရှိပါသေးတယ်။
ဒုတိယအချက်အနေနဲ့ နိုင်ငံရေးပါတီတွေအတွင်းက အမျိုးသမီးအဖွဲ့တွေ စုပေါင်းပြီး Inter-party alliance ကို ဖွဲ့စည်းထားနိုင်ပေမယ့်လဲ ဒီမဟာမိတ်အဖွဲ့ရဲ့ တောင်းဆိုချက်တွေကို Constituent Assembly က လျစ်လျူရှုထားတာတွေ ရှိပါတယ်။ Constituent Assembly မှာ အမျိုးသား သုံးပုံနှစ်ပုံပါဝင်ပြီး၊ အမျိုးသမီးတွေအပေါ် negative attitudes နဲ့ အမြင်ရှိသူတွေ ပါဝင်နေတဲ့အတွက် အမျိုးသမီးတွေရဲ့ political space က ကျယ်ပြန့်မှု သိပ်မရှိပါဘူး။ တတိယအချက်က Constituent Assembly ထဲမှာ ပါဝင်တဲ့ အချို့အမျိုးသမီးတွေဟာ ဒီအခန်းကဏ္ဍနဲ့ တာဝန်တွေအတွက် ပြင်ဆင်ထားခြင်း မရှိပါဘူး။ အချို့ကလဲ နိုင်ငံရေးပါတီတွေမှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့လို့သာ ပါတီကို ကိုယ်စားပြုပြီး ကိုယ်စားလှယ်လောင်းအဖြစ် ၀င်အရွေးခံခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် အချို့ အမျိုးသမီးတွေမှာ တာဝန်ကို ထိထိရောက်ရောက်ထမ်းဆောင်နိုင်မယ့် capabilities အားနည်းနေ ပြန်ပါတယ်။
နောက်တချက်က အမျိုးသမီးတွေရဲ့ နိုင်ငံရေးအခန်းကဏ္ဍတိုးမြင့်လာမှုက ဥပဒေအရ လိုအပ်ချက်တွေနဲ့ တက်ကြွလှုပ်ရှားအမျိုးသမီးခေါင်းဆောင်တွေရဲ့ စွမ်းရည်တွေကြောင့် ဖြစ်ပါတယ်။ အမျိုးသားတွေက ကျားမတန်းတူညီမျှမှုဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးရဲ့ လိုအပ်ချက်ဆိုတာကို နှစ်နှစ်ကာကာ ယုံကြည်လက်ခံပြီး လိုက်နာဆောင်ရွက်မှုကြောင့် မဟုတ်ပါဘူး။ ဒီလို အမျိုးသားတွေရဲ့ lack of political will ကြောင့် အမျိုးသားတွေနဲ့ အမျိုးသမီးတွေအကြားက အတူတကွ တသားတည်း ပူးပေါင်း ဆောင်ရွက်မှုကြောင့် ထွက်ပေါ်လာမယ့် synergy က တိုးတက်သင့်သလောက် မတိုးတက်လာပါဘူး။
အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် အမျိုးသမီးနိုင်ငံရေးပါဝင်ပတ်သက်မှု
နီပေါအမျိုးသမီးတွေရဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းကနေတဆင့် နိုင်ငံရေးပါဝင်ပတ်သက်မှုဟာ ၁၉၄၈ ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့ပါတယ်။ နီပေါအမျိုးသမီးအသင်းဟာ အမျိုးသမီးထုအကြားနိုင်ငံရေး၊ လူမှုရေး အကြားအမြင်များမှုနဲ့ အစိုးရရဲ့ အမျိုးသမီးများ မဲပေးခွင့် ကန့်သတ်မှုတွေကို ဆန့်ကျင်ဖို့ ပေါ်ပေါက်လာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်၊ လူထုလှုပ်ရှားမှုကြီးအတွင်းမှာ အမျိုးသမီးတွေရဲ့ political engagement လှိုင်းလုံးကြီးက အသစ်တဖန် ပြန်လည်မွေးဖွားလာခဲ့ပါတော့တယ်။
အဲဒီအချိန်က အစပြုပြီး နီပေါနိုင်ငံမှာ အမျိုးသမီးအဖွဲ့အစည်းပေါင်းများစွာ ထွက်ပေါ်လာပါတော့တယ်။ ရည်ရွယ်ချက်အမျိုးမျိုး၊ အသွင်သဏ္ဍာန်အမျိုးမျိုး၊ စီမံချက်အမျိုးမျိုးနဲ့ လုပ်ဆောင်နေကြပေမယ့် အမျိုးသမီးအဖွဲ့အစည်းတွေဟာ ကွဲပြားမှုတွေအကြားက ညီညွတ်မှုကိုလဲ တည်ဆောက်နိုင် ခဲ့ကြပါတယ်။ Shanti Malika, Women’s Alliance for Peace, Power, Democracy and Constituent Assembly (WAPPDCA), WomenAct စတဲ့ အမျိုးသမီး ညီညွတ်ရေးကွန်ယက်တွေ၊ ညွန့်ပေါင်းအဖွဲ့အစည်းတွေ၊ စုပေါင်းကင်ပိန်းတွေ ထွက်ပေါ်လာပါတယ်။
ပဋိပက္ခပြီးဆုံးချိန်ကာလ နီပေါနိုင်ငံမှာ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ အဓိက agenda ဟာ နိုင်ငံရေးရာ ဆုံးဖြတ်ချက်တွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်ပတ်သက်နိုင်မှုကို တိုးမြှင့်နိုင်ရေးပဲ ဖြစ်ပါတယ်။ CPA ရေးထိုးဖို့ ဆွေးနွေးချိန်နဲ့ ရေးထိုးပြီး နောက်ပိုင်းကာလတွေမှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင် ပတ်သက်မှုအတွက် lobby တွေ လုပ်ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဆောင်ရွက်နိုင်မယ့် အမျိုးသမီး မရှိနိုင်ကြောင်း အမျိုးသားနိုင်ငံရေးသမားတွေက ခွဲခြားကန့်သတ်မှု ရှိနေချိန်မှာ အမျိုးသမီးကွန်ယက် WAPPDCA က “Who Is Who of Nepali Women” ဆိုတဲ့ စာအုပ်ကို ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုဖြစ်စဉ်တွေမှာ ပါဝင်တာဝန်ယူနိုင်ဖို့ အသိဥာဏ်နဲ့ ဗဟုသုတပြည့်စုံတဲ့ ပညာတတ်အမျိုးသမီး သုံးထောင်ကျော်ရဲ့ အချက်အလက်တွေကို ဖော်ပြခဲ့ပါတယ်။ အမျိုးသမီးအဖွဲ့အစည်းတွေဟာ အပတ်စဉ် ချီတက် ဆန္ဒပြပွဲတွေ ပြုလုပ်ပြီး အမျိုးသမီးတွေရဲ့ နိုင်ငံရေးကိုယ်စားပြုမှု အခွင့်အရေးကို တောင်းဆို ခဲ့ကြပါတယ်။
၂၀၀၉ ခုနှစ်မှာ in 2009 WAPPDCA နဲ့ the InterParty Women’s Alliance တို့ ပူးတွဲပြီး ‘Mission 50–50 ဆိုတဲ့ ကင်ပိန်းကို စတင်အကောင်အထည်ဖော်ခဲ့ကြပါတယ်။ ဒီကင်ပိန်းရဲ့ ရည်ရွယ်ချက်ကတော့ တန်းတူရည်တူ ကိုယ်စားပြုမှုနဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး အဆင့်တိုင်းမှာ အမျိုးသမီးတွေရဲ့ ပါဝင်ပတ်သက်မှုကို မြှင့်တင်ဖို့ဖြစ်ပါတယ်။ Forum for Women, Law and Development (FWLD) ကလဲ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ ဖွဲ့စည်းပုံအဆင့်တိုင်းမှာ အမျိုးသမီး ကိုယ်စားပြုမှု ၃၃ ရာခိုင်နှုန်း အနည်းဆုံး ရှိဖို့ ဥပဒေတရပ်ထွက်ပေါ်လာရေးအတွက် ကြိုးပမ်းလျက်ရှိပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးတွဲပြီး အလားအလာရှိတဲ့ အမျိုးသမီး နိုင်ငံရေး သမားတွေကို စွမ်းရည်မြှင့် သင်တန်းပေးမှုတွေကိုလဲ အချို့အမျိုးသမီးအဖွဲ့အစည်းတွေက ပြုလုပ်နေကြပါတယ်။ အမျိုးသမီး ခေါင်းဆောင်မှု သင်တန်းကျောင်းကို ဖွင့်လှစ်ပြီး ခေါင်းဆောင်မှုသင်တန်းပို့ချမှုများလဲ ပြုလုပ်ကြပါတယ်။
အမျိုးသမီးအဖွဲ့အစည်းအချို့ကလဲ ဥပဒေပိုင်းဆိုင်ရာအခွင့်အလမ်းတွေကိုပဲ specialize လုပ်ပြီး ကျားမတန်းတူညီမျှမှုအတွက် တိုက်ပွဲဝင်နေခဲ့ကြပါတယ်။ အမျိုးသမီးတွေအတွက် အားနည်းချက်ရှိစေတဲ့ ဥပဒေတွေကို ပြင်ဆင်သတ်မှတ်ရေးနဲ့ တူညီတဲ့ အမွေဆက်ခံပိုင်ခွင့်၊ တူညီတဲ့ လူ့အခွင့်အရေး၊ တူညီတဲ့ နိုင်ငံသားအခွင့်အရေး၊ မုဆိုးမနဲ့ အိမ်ထောင်ပျက်အမျိုးသမီးများအတွက် အခွင့်အရေး၊ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုမှ ကင်းဝေးရေး စတာတွေကို လုပ်ဆောင်နေကြပါတယ်။ အမျိုးသမီး အဖွဲ့အစည်းတွေဟာ ၂၀၀၆ ခုနှစ် နှောင်းပိုင်းကာလတလျှောက် နီပေါနိုင်ငံမှာ အမျိုးသမီး အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ပေါ်ထွက်ခဲ့တဲ့ Nepal Citizenship Act, 2006,Gender Equality Act, 2006, Human Trafficking Control and Regulation Acts, 2007/08), Domestic Violence [Offense and Punishment] Act, 2009 စတဲ့ ဥပဒေတွေရဲ့ driving force တွေပဲ ဖြစ်ပါတယ်။
သင်ခန်းစာများ
ပဋိပက္ခပြီးဆုံးချိန်ကာလ နီပေါနိုင်ငံရဲ့ အမျိုးသမီး နိုင်ငံရေးပါဝင်ပတ်သက်မှု အခန်းကဏ္ဍကို လေ့လာကြည့်ခြင်းအားဖြင့် အရေးကြီးတဲ့ သင်ခန်းစာတချို့ကို ရရှိနိုင်ပါတယ်။ ပထမတချက်အနေနဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု အခန်းကဏ္ဍကို တိုးမြှင့်ရာမှာ Quota စနစ်နဲ့ Reserved seats တွေက တဆင့် affirmative action ကို အကောင်အထည်ဖော်ရပါမယ်။ ကျားမတန်းတူညီမျှမှုကို အသိအမှတ်မပြုချင်တဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးသမီးကိုယ်စားပြုမှုဆိုင်ရာ အနည်းဆုံး ရာခိုင်နှုန်းတခု (၂၀%၊ ၃၀ %) သတ်မှတ်လာနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရပါမယ်။ အမျိုးသမီးတွေရဲ့ တာဝန်ယူမှုအခန်းကဏ္ဍကို ကျန်းမာရေး၊ ပညာရေး စတာတွေမှာပဲ ကန့်သတ်မထားပဲ အမျိုးသားတွေကပဲ တာဝန်ယူလေ့ရှိတဲ့ စစ်ရေး၊ ပြည်ထဲရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံခြားရေးကဏ္ဍတွေမှာ သိသာထင်ရှားလာအောင် မြှင့်တင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးဦးဆောင်မှုဆိုတာ masculine sphereလို့ သတ်မှတ်ထားတဲ့ ဓလေ့ထုံးစံတွေကို စိန်ခေါ်မယ့် အမျိုးသမီးတွေကို လေ့ကျင့် ပျိုးထောင်ပေး ရပါမယ်။
ဒုတိယအချက်အနေနဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု အခန်းကဏ္ဍ တိုးမြှင့်လာခြင်းဟာ အမျိုးသားတွေက အလျှော့ပေးပြီး နေရာပေးသယောင် ခံစားချက်နဲ့ အမြင်တွေကို တိုက်ဖျက်ရပါမယ်။ အချို့အမျိုးသားတွေက အမျိုးသမီးတွေဟာ ပိုပြီးနိမ့်ကျတာမို့ အလျော့ပေးပြီး လက်ဆောင်အနေနဲ့ နိုင်ငံရေးအခန်းကဏ္ဍ ပေးလိုက်ရသယောင်၊ ဖြည့်ဆည်းပေးလိုက်ရသယောင် ခံစားလေ့၊ ပြောဆိုလေ့ရှိကြပါတယ်။ ဒါကို အမျိုးသမီးတွေက လက်ခံဖို့ မလိုအပ်ပါဘူး။ ဒါဟာ အမျိုးသမီးတွေရဲ့ စွမ်းရည်နဲ့ မိမိကိုယ်ကို ယုံကြည်မှုတွေကို အားနည်းစေတတ်ပါတယ်။ အမျိုးသမီးတွေဟာလဲ အမျိုးသားတွေနဲ့အတူ တန်းတူညီမျှ ပခုံးချင်းယှဉ် ရင်ဘောင်တန်းပြီး တာဝန်ထမ်းဆောင် နိုင်သူများဖြစ်ပါတယ်။ အမျိုးသားတွေက နေရာပေးမှ နေရာတခုကို ပိုင်ဆိုင်နိုင်သူများ မဟုတ်ပါဘူး။ နေရာတခုရအောင် မိမိဘာသာ ကြိုးစားရယူနိုင်သူများ ဖြစ်ပါတယ်။
တတိယအချက်က တာဝန်ယူနိုင်မှု စွမ်းရည်မြင့်မားလာအောင် ပြင်ဆင်ကြိုးပမ်းမှုပဲ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့် ရရုံနဲ့ မပြီးပါဘူး။ အမတ်နေရာကို ရရင် အမတ်တာဝန်ကို ကျေပြွန်နိုင်ရပါမယ်။ ကော်မတီမှာ ပါဝင်ခွင့်ရရင် ကော်မတီတာဝန်ကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်ရပါမယ်။ ဒီအတွက် အလားအလာနဲ့ ရည်ရွယ်ချက်ရှိတဲ့ အမျိုးသမီး နိုင်ငံရေးသမားတွေအနေနဲ့ ကြိုတင်ပြင်ဆင်ကြိုးပမ်းမှုတွေ လိုအပ်ပါတယ်။ အမျိုးသမီးတွေရဲ့ စွမ်းရည်နဲ့ တန်ဖိုးကို လျှော့ချတွက်ချက်တတ်တဲ့ လူ့အဖွဲ့အစည်းတွေမှာဆိုရင် အမျိုးသမီးတွေရဲ့ အမျိုးသားတွေနဲ့ နိုင်ငံရေးရာ အသိပညာ ဗဟုသုတတွေမှာ ရင်ဘောင်တန်းနိုင်အောင်၊ သာလွန်အောင် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ရေချိန်တွေမှာ ဘက်ပေါင်းစုံက မြင့်မားတဲ့ အမျိုးသမီး နိုင်ငံရေးဦးဆောင်သူတွေကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်လာအောင် ကြိုးပမ်းဆောင်ရွက်မှုတွေ လိုအပ်ပါတယ်။ အမျိုးသားတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှု အောက်မှာမရှိပဲ အမှီအခို ကင်းကင်းရပ်တည်နိုင်တဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ၊ အမျိုးသမီးနိုင်ငံရေးသမားတွေ ပေါ်ထွက်လာမှသာ အမျိုးသမီးတွေရဲ့ စွမ်းရည်တွေကို အမြင့်မားဆုံးဖော်ထုတ်ပြီး တာဝန်တွေကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
စတုတ္ထအချက်အနေနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှား သူတွေအကြားမှာ ညီညွတ်မှုကို တည်ဆောက်နိုင်ဖို့ အရေးကြီးပါတယ်။ ကျားမတန်းတူညီမျှမှုဆိုတာ စတိတ်မင့်တွေ၊ ဥပဒေကျင့်ထုံးတွေ ထဲမှာ ပါဝင်လာဖို့ စုပေါင်းကြိုးပမ်းကြရပါမယ်။ ဒါတွင်မကပဲ အမျိုးသမီးတွေအားလုံးရဲ့ ရင်ထဲမှာ အမျိုးသမီးတွေရဲ့ အမျိုးသားတွေနဲ့အတူ တန်းတူညီမျှမှုကို နားလည်သိရှိလာဖို့နဲ့ အမျိုးသားတွေရဲ့ ဦးနှောက်ထဲမှာ ကျားမတန်းတူညီမျှမှုဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်နားလည်နိုင်ပြီး စိတ်ဓာတ်ရေးရာ အဆင့်အတန်းတွေ မြင့်လာနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းကြရမှာဖြစ်ပါတယ်။
ကမ္ဘာကြီးတိုးတက်လာတာနဲ့အမျှ တိုးတက်မှုနဲ့မကိုက်ညီတော့တဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးစံတွေဆိုတာ ရှိစမြဲပါပဲ။ ဒါတွေကို ဖက်တွယ်ထားသမျှ တိုးတက်မှုဟာ နှောင့်နှေးနေတတ်ပါတယ်။ ဒါပေမယ့်လဲ ဖက်တွယ်ထား ချင်သူတွေ အများအပြားရှိနေတဲ့ လူ့အဖွဲ့အစည်းမှာ ယဉ်ကျေးမှု တော်လှန်ရေး လုပ်ယူရတာက စိတ်ရှည်သည်းခံနိုင်မှု၊ ဝေဖန်ပြစ်တင်ခံနိုင်မှုတွေ နဲ့ မှတ်ကျောက်တင် ရစမြဲပါ။ အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ ကျားမတန်းတူညီမျှရေး လှုပ်ရှားသူတွေဟာ လူ့အဖွဲ့အစည်းကို မြင့်မားတိုးတက် လာအောင် လုပ်ယူရမယ့် agents of change in society တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကြီးလေးတဲ့ တာဝန်ထမ်းဆောင်ရသူတွေအကြားမှာ အပြန်အလှန်နားလည်မှု၊ လေးစားမှုနဲ့ ညီညွတ်မှုတွေ ရယူဖို့ အလွန်ပဲ အရေးကြီးလှပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် ပဋိပက္ခပြီးဆုံးချိန်ကာလဆိုတာ တိုင်းပြည်တပြည်ရဲ့ အနာဂတ်အတွက် အုတ်မြစ်ချရတဲ့ အချိန်ကာလတခုဖြစ်ပါတယ်။ ဒီကာလမှာ အုတ်မြစ်ခိုင်ခိုင်မာမာ ချထားနိုင်ဖို့ အလွန်ပဲ အရေးကြီးတာပါ။ ဒီလိုအရေးကြီးတဲ့ အချိန်ကာလတခုမှာ လူဦးရေရဲ့ တ၀က်ကျော်ကို ကိုယ်စားပြုနေတဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု၊ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍဟာ လူ့အဖွဲ့အစည်းရဲ့ အဆင့်အတန်း မြင့်မားရေး၊ ဒီမိုကရေစီစနစ်ပင်မဒေါက်တိုင် ကိုယ်စားပြုမှု ရှင်သန်ခိုင်မာရေးတို့အတွက် အဓိကကျ ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
ခင်မမမျိုး (၁၊ ၉၊ ၂၀၁၀)
ရည်ညွှန်းကိုးကား။ ။
Aguirre, Daniel, and Irene Pietropaoli, 2008. ‘Gender Equality, Development, and Transitional Justice:The Case of Nepal.’ The International Journal of Transitional Justice 2:256377.
Beckwith, Karen, 2005. ‘The Comparative Politics of Women’s Movements.’ Perspectives on Politics, 3:583596
Commission on the Status of Women, 2009. ‘Equal Participation of Women and Men in DecisionMaking Processes at All Levels: Moderator’s Summary,’ Commission on the Status of Women, 53rd Session, 2–13 March.
Geiser, Alexandra, 2005. ‘Social Exclusion and Conflict Transformation in Nepal: Women, Dalit and Ethnic Groups.’ Working Paper. FAST Country Risk Profile Nepal. Bern: Swiss Peace.
Institute for Inclusive Security (ISS), 2009. ‘Bringing Women into Government’, Strategies for Policymakers No.1, March.
International Crisis Group (ICG), 2009. ‘Nepal’s Future: In Whose Hands?’ Asia Report No. 173, 13 August. Kathmandu/Brussels: ICG.
Manchanda, Rita, 2004. ‘Maoist Insurgency in Nepal: Radicalizing Gendered Narratives,’ Cultural Dynamics 16(2/3):237258.
Nduwimana, Françoise, n.d. ‘United Nations Security Council Resolution 1325 (2000) on Women, Peace and Security: Understanding the Implications, Fulfilling the Obligations.’ Background report prepared for the Office of the Special Advisor on Gender Issues and Advancement of Women
RanaDeuba, Arzu, 2005. ‘A National Study on Changing Roles of Nepali Women Due to Ongoing Conflict and Its Impact.’ Samanata Studies No.6. Kathmandu: Samanata Institute for Social and Gender Equality.
Sørensen, Birgitte, 1998. ‘Women and PostConflict Reconstruction: Issues and Sources.’ WSP Occasional Paper No. 3, June. Geneva: United Nations Research Institute for Social
Development, Programme for Strategic and International Security Studies.
United Nations Educational, Scientific and Cultural Organization (UNESCO), 2006. ‘Forms and Patterns of Social Discrimination in Nepal.’ UNESCO Kathmandu Series of Monographs and Working Papers, No. 8. Paris: UNESCO.
Waylen, Georgina, 2007. Engendering Transitions: Women’s Mobilization, Institutions, and Gender Outcomes. New York: Oxford University Press.







ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

UNFC ညီလာခံမှာ ကချင်ပြည်နယ်အရေး အလေးထားဆွေးနွေးမည်

2013-01-07 အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ အပစ်အခတ်မရပ်စဲရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ရဲ့ ဒုတိယ အကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဒီကနေ့ ဇန်န၀ါရီလ ၇ရက်နေ့ ကနေ ၁၁ရက်နေ့ထိ ၄ရက်ကြာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေ ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဧပြီလ ၁၉ ရက်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ဒီအစည်းအဝေးမှာ ကချင်ပြည်နယ်အရေးကိစ္စ အပါအ၀င် UNFC အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေ၊ အစိုးရနဲ့ UNFC တို့ တွေ့ဆုံဆွေးနွေးနေမှု အခြေအနေတွေကို အဓိကထား ဆွေးနွေးသွားကြဖို့ရှိတယ်လို့ UNFC အဖွဲ့အတွင်းရေးမှူး ၂ ဦးခွန်ဥက္ကာ က RFA ကို ပြောပါတယ်။
အခုကျင်းပနေတဲ့ အစည်းအဝေးကို UNFC ဥက္ကဌ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO က ဒုတိယ ဗိုလ်ချူပ်ကြီး အင်ဘန်လ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကခေါင်းဆောင်တစ်ဦးဖြစ်သူ အေဘယ်တွိ၊ ကရင်အမျိုးသားအစည်းအရုံး KNU ကခေါင်းဆောင်တစ်ဦးဖြစ်သူ ပဒိုစောဒေးဗစ်သကဘော၊ မွန်ပြည်သစ်ပါတီ NMSP ကခေါင်းဆောင် နိုင်ဟံသာ တို့အပါအ၀င် အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင် ၄၅ဦး တက်ရောက်နေတယ်လို့သိရပါတယ်။
UNFC အဖွဲ့ဝင် ၁၁ ဖွဲ့မှာ ချင်းအမျိုးသားတပ်ဦးCNF ၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPP၊ ကရင်အမျိုးသားအစည်းအရုံးKNU၊ မွန်ပြည်သစ်ပါတီNMSP စတဲ့အဖွဲ့တွေပါဝင်ပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

နေညိုချိန်အတွေး-ခိုင်ထူး







ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ကြေးနီစီမံကိန်းရပ်ဆိုင်းရေး အရှိန်မြှင့်လုပ်ဆောင်သွားမည်


ဝံပုလွေကြီးသုံးကောင်ကြား လိမ်မာပါးနပ်နိုင်မှ မြန်မာပြည် ကောင်းလိမ့်မယ်

6:12 AM  Htut Htut
မျက်မှောက် မြန်မာ့ နိုင်ငံရေး အပြောင်း အလဲတွေနဲ့ ကမ္ဘာ့ ရေးရာနဲ့ဒေသတွင်း ပြဿနာ တွေကို မြန်မာ နိုင်ငံနဲ့ချိတ်ဆက် ရေးသားနေတဲ့ နာမည်ကျော် စာရေး ဆရာ ကျော်ဝင်းက အာရှပစိဖိတ် အကျပ် အတည်းနဲ့တရုတ် မြန်မာ
အမေရိကန် သုံးပွင့်ဆိုင် သံခင်း တမန်ခင်း ဆက်ဆံရေး အကြောင်းကို အစိုးရရော လူထု ကပါ စဉ်စား သင့်တဲ့ အကြောင်းတွေကို မနေ့က ရန်ကုန်မှာ ဟောပြောခဲ့ပါတယ်။

ရန်ကုန်ပစိဖိတ်ရဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကို ကြည့်ရင် တရုတ်အတွက် အရေးကြီးတဲ့ သွင်းကုန် လမ်းကြောင်းရော၊ ပို့ကုန် လမ်းကြောင်းရောက ပစိဖိတ် ဒေသမှာ ရှိနေတယ်လို့ ဆရာ ကျော်ဝင်းက ဘီဘီစီကို ပြောပါတယ်။ဒါပေမယ့်လည်း ပစိဖိတ် ဒေသကို အမေရိကန် ရေတပ်က ချုပ်ကိုင် ထားတာ ဖြစ်တာကြောင့် တရုတ်ပြည် အတွက် မကောင်းတဲ့ အလားအလာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီအတွက် တရုတ်က ဒုတိယ ပင်လယ် ထွက်ပေါက် ရှာတဲ့အခါ မြန်မာပြည်က ပထဝီ အနေ အထား အရ အရေးပါလာတာ ဖြစ်ပါတယ်။အခု လောလောဆယ် အနေ အထားမှာ တရုတ်၊ အမေရိကန်၊ အိန္ဒိယ သုံးနိုင်ငံ စလုံးက မြန်မာ နိုင်ငံကို ဝိုင်းပြီး လူပျိုလှည့် နေတဲ့ အချိန် ဖြစ်တာ ကြောင့် မြန်မာ နိုင်ငံ အနေနဲ့တခု အားကိုးနဲ့ တခုကို ကန်လိုက် မယ်ဆိုရင် ရှုပ်ထွေး သွားလိမ့် မယ်လို့ ဆရာ ကျော်ဝင်းက သုံးသပ် ပါတယ်။

ဒါကြောင့်မို့ ဝံပုလွေကြီးသုံးကောင် ကြားမှာ လိမ်လိမ် မာမာ ပါးပါး နပ်နပ် သွားနိုင်မှ မြန်မာပြည် ကောင်းလိမ့်မယ်လို့ သူက ဆိုပါတယ်။မြန်မာ ပြည်က တရုတ် စီမံကိန်း တွေကို ကြည့်တဲ့ အခါမှာလည်း တိုင်းပြည် တိုးတက်ရေးနဲ့ သဘာဝ ပတ်ဝန်းကျင်၊ လူမှုဘဝ အကြား မထိ ခိုက်အောင် ချိန်ခွင်သျှာ မျှဖို့ လိုမယ်လို့ လည်း သူက ပြောပါတယ်။ကိုယ့်ရဲ့ နိုင်ငံ အကျိုးစီးပွား အတွက် တရုတ်ကို သတိ ကြီးကြီးထား ဆက်ဆံ ရမယ့် အိမ်နီးချင်း ဖြစ်ကြောင်း ကိုလည်း သူက ပြောကြား သွားပါတယ်။

ဘီဘီစီ



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။