PR စနစ်ကို ပြတ်ပြတ်သားသား ပယ်ချလိုက်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးဝင်းတင်နှင့်တွေ့ဆုံခြင်း


မေး ။ ။ အချိုးကျရွေးကောက်ခံမှု PR စနစ်ကို အခုဆိုရင် ကျွန်တော်တို့ ဆီမှာ အပြောများလာကြတယ်။ ဒါပေမဲ့ အများစုက သိပ်နားမလည်ကြသေးဘူးဆိုတော့ PR စနစ်ကို လူထုအလွယ် ဆုံးနားလည်နိုင်မယ့်အကြောင်းက ဘယ်လိုမျိုးဖြစ်မလဲ ခင်ဗျ။

ဖြေ။ ။ ဒီအကြောင်းတရားတွေကတော့ ရှင်းပြနေရင်အများကြီးပေါ့နော်။ ကျွန် တော်ပြောချင်တာကတော့ PR စနစ်က တိုင်းပြည်အတွက် မသင့်တော်သေးဘူးလို့ပြောချင်တယ်။

မေး။ ။ ဘာကြောင့် မသင့်တော်သေးတာလဲခင်ဗျ။

ဖြေ။ ။ ဘာကြောင့် မသင့်တော်သေးတာလဲဆိုတော့ PR စနစ်ဆိုတာ ဒီမိုကရေစီကို အလွန်နားလည်ကြတဲ့ သူတွေ၊ ဒီမိုကရေစီနဲ့ပတ်သက်လို့ မဲ ပေးတာပြုတာ၊ ဆန္ဒပေးတာတွေလည်းတတ်ကြပြီး လူတွေမှာလည်း နိုင်ငံရေးအယူအဆတွေအမျိုးမျိုးရှိပြီး ဒီအယူအဆတွေကိုလည်း နားလည်ပြီးလုပ်ကြတာ။ အဲဒီလိုအဖွဲ့အစည်းတွေ ဆိုရင် ကိစ္စမရှိဘူး။ အခုက ပါတီတွေများတယ်ဆိုတာ ကိုယ့်ဘာသာကို ကိုယ်ပိုင်ပါတီတွေထောင်နေကြတာ။ ကိုယ်ဘာသာ ကိုယ်ပိုင်အယူအ ဆတွေနဲ့ လုပ်နေကြတာ။ နိုင်ငံရေးအယူအဆကျတော့ ခိုင်ခိုင်မာမာရှိကြတာမဟုတ်ဘူး။

မေး။ ။ PR စနစ်ဆိုတာကို နားလည် အောင်ရှင်းပြပါဦးခင်ဗျ။

ဖြေ။ ။ PR စနစ်ဆိုတာ ပါတီပြိုင်တာပဲဗျာ။ ပါတီနာမည်နဲ့ပြိုင်တာ။ ပါတီကို မဲပေးလို့ ဥပမာ ရှမ်းပြည်မှာ ၁ဝ မဲရမယ်။ မန္တလေးတိုင်းမှာ ၁ဝ မဲရမယ်။ မကွေး တိုင်းမှာ ၁ဝ မဲရမယ်။ မဲ ၃ဝ ရ မယ်။ (သတ်မှတ်ချက်က) ၂၅ မဲရရင် အမတ် တစ်ယောက်ဆိုခင်ဗျား ၃ ပြည်နယ်( ရှမ်း၊ မန္တလေး၊ မကွေး)က မဲတွေပေါင်းပြီး ခင်ဗျား အမတ်တစ်နေရာ ရမှာပဲ။ ဒီလို ဟာမျိုးနဲ့လုပ်တာ။ ဆိုလိုတာကတော့ ကိုယ်ပိုင်ပါတီလေးတွေ (အမတ်နေရာ) ရအောင်ဆိုပြီးတော့ပေးတာ။

မေး။ ။ အဲဒီလိုဆိုရင် လွှတ်တော်ထဲမှာ ဘယ်လိုဖြစ်သွားမလဲခင်ဗျ။

ဖြေ။ ။ အဲလိုဆိုရင် လွှတ်တော်ထဲမှာ ဘယ်လိုဖြစ်မလဲဆိုတော့ အစိတ်စိတ် အမြွှာမြွှာတွေဖြစ်မယ်။ ဟိုပါတီ ဒီပါတီ ဟိုမဲဒီမဲနဲ့ လူပေါင်းများစွာရောက်လာ။ အလိုလိုနဲ့ ကျွန်တော်တို့တိုင်းပြည်မှာ အကွဲကွဲအပြဲပြဲတွေ ဖြစ်နေရတဲ့ကြားထဲ အကွဲအပြဲမခံနိုင်ဘူး။ ကွဲရင်းကွဲရင်း ပါတီကြီးတွေကွဲ။ အသုံးမကျလို့ ပါတီ ကြီးတွေကွဲရင် တိုင်းပြည်နစ်နာချင် လည်း နစ်နာပါစေ။ ဒီပါတီလေးတွေက ရှင်းရှင်းပြောရရင် ဘာမူမှလည်းမရှိ ဘာရည်ရွယ်ချက်မှ ရှိသေးတာမဟုတ် ဘူး။ လူတစ်စုက သူ့ဘာသာသူ ပါတီ ထောင်တဲ့လူတစ်စုပဲ။ အဲဒီလူတစ်စုက သူ့တို့ဘာသာသူတို့ ပါတီထောင်ပြီး သူ တို့ပါတီမဲတွေရပြီး သူတို့ပါတီအမတ် တွေ တစ်ယောက် နှစ်ယောက် သုံး ယောက်ဆိုပြီး ကောက်သင်းကောက် ဗြုတ်စဗျင်းတောင်းလုပ်တဲ့ အနေအ ထားမျိုးဖြစ်မှာ။ ကျွန်တော်တို့တိုင်းပြည် မှာ လူတွေက မဲတောင် မပေးတတ်သေး ဘူး။ နောက်ပြီးတော့ တိုင်းပြည်ကို ဦး ဆောင်တယ်ဆိုတာ အင်အားကောင်းတဲ့ ပါတီက ဦးဆောင်ရမှာဗျ။ ဘာမှ မဟုတ်သေးတဲ့ ဟိုကပါတီ ဒီကပါတီ လေးတွေနဲ့ ဘယ်လိုလုပ်တိုင်းပြည်ကို ဦးဆောင်မှာလဲ။ အဲဒီလူတွေက တိုင်း ပြည်ကို ဘယ်လိုဦးဆောင်မှာလဲ။ လွှတ် တော်ထဲရောက်ရင်လည်း အဲဒီပါတီ အမတ်တွေအကုန်လုံး စုဖွဲ့ထားရင်ရော ဒီလွှတ်တော်က ဘယ်လောက်ထိသြဇာရှိ တဲ့လွှတ်တော်ဖြစ်မှာလဲ။ ဘယ်လောက် ထိ လူထုထောက်ခံမှုရတဲ့လွှတ်တော် ဖြစ်မှာလဲ။ အဲလို ပြောစရာတွေ ရှိပါတယ်။

မေး။ ။ ဒါဆိုရင် ပါတီလေးတွေက ဘယ်လိုလုပ်မလဲခင်ဗျ။ လွှတ်တော်ထဲ ရောက်ဖို့။

ဖြေ။ ။ ကျွန်တော်လက်ခံတာကတော့ ပါတီတွေ အားကြီးအောင် အားကောင်းအောင်ဖွဲ့ပါ။ အားကောင်းတဲ့ပါတီက အားကောင်းသလိုဝင်ပြီးတော့ ပြိုင်ကြပါ။ အားကောင်းတဲ့ပါတီ၊ အနိုင်ရတဲ့ ပါတီက အမတ်ရမယ် အစိုးရဖွဲ့လို့ရမယ်။ ကျွန်တော်က အဲဒါပဲ လိုချင်ပါတယ်။ ဘာကြောင့် ဒါကိုပြောရလဲဆိုရင်။ ဥပမာ တခြားပါတီက မဲ ၄ဝ။ ၁ဝ ။ ၁ဝ စုစုပေါင်း ၆ဝ ရတယ်ဆိုပါဆို့။ အနိုင်ရ တဲ့ပါတီက ၄၅ မဲရပြီး နိုင်တယ်ဆိုရင် မဲပေးခဲ့သူတွေအကုန်လုံးကို ကိုယ်စား မပြုဘူးလို့ ပြောကြတယ်။ ဒါလည်း မမှန်ဘူး။ ဝင်အရွေးခံတဲ့အမတ် တစ်ယောက်က ဘယ်ပါတီက ဖြစ်ဖြစ်။ ငါ့ကို မဲမပေးတဲ့သူတွေနဲ့ မဆိုင်ဘူးလို့ လုပ်လို့မရဘူး။ မင်း (မဲမပေးတဲ့သူ တွေရဲ့) အကျိုးစီးပွားကို လုပ်မပေးနိုင် ဘူးလို့ ကြေညာလို့လည်း မရဘူး။ သိ လည်း သိတာမဟုတ်ဘူး။ လျှို့ဝှက်မဲ ပေးကြတာပဲ။ ဘယ်သူကမဲပေးတယ် မပေးဘူး မသိနိုင်ဘူး။ ရှုံးတာ နိုင်တာ တော့ရှိမှာပေါ့ဗျာ။ မဲများများရတဲ့သူ လူများများထောက်ခံတဲ့သူက နိုင်မှာပေါ့ ဗျာ။ ဆိုတော့ အမတ်တစ်ယောက်က။ သူမြောက်ဥက္ကလာကနေ အရွေးခံရပြီဆို မြောက်ဥက္ကလာထဲမှာ သူ့မဲတွေက ပြန့် ကျဲနေမယ် ၁ဝ မဲတွေလည်းရှိမယ်။ ၁၅ မဲ။ ၂ဝ ။ ၃ဝ ရှိမယ်။ ဘာပဲပြောပြော သူက ၄ဝ ရတဲ့အတွက် နိုင်တယ်ဆိုရင် ကျန်တဲ့သူတွေအတွက် သူ့ရဲ့မဲဆန္ဒနယ် အတွက် သူက လုပ်ပေးရမှာပဲ။ သူ လွှတ်တော်ထဲသွားတဲ့အခါ ကျွန်တော့် ကို မဲပေးတဲ့သူကိုပဲ ကျွန်တော်ကိုယ် စားပြုတယ်။ ကျွန်တော့်မဲပေးတဲ့သူရဲ့ အကျိုးစီးပွားကိုပဲ ဆောင်ရွက်နိုင်မယ်ဆိုတာမျိုးကြေညာလို့ရတာမှ မဟုတ် တာ။ သူက မြောက်ဥက္ကလာပမြို့နယ် အမတ်ပဲ။ မြောက်ဥက္ကလာပမြို့နယ် တစ်ခုလုံးကို ကိုယ်စားပြုရမှာ၊ မြောက် ဥက္ကလာပမြို့နယ်မှာရှိတဲ့ ပြည်သူအား လုံးရဲ့ အကျိုးစီးပွားကိုလုပ်ဆောင်ရမှာ။ ဒါကြောင့် အခုပြောနေတဲ့ ကိုယ်စားပြု မှုနည်းတယ်။ များတယ် ။ ကိုယ်စားပြုမှု မရှိဘူးဆိုတာတွေလည်း မှားတယ်လို့ ကျွန်တော်ယူဆတယ်။ နောက်တစ်ချက် က ဒီနေ့ဟာ အင်အားကြီးတဲ့ပါတီတွေ ထူထောင်ရမယ်။ အင်အားကြီးတဲ့ဟာ တွေ ထူထောင်ရမယ်။ အင်အားကြီးတဲ့ နိုင်ငံရေးအဖွဲ့တွေ ထူထောင်ရမယ်။ အဲဒီ အဖွဲ့အစည်းတွေကသာလျှင် ယှဉ်ပြိုင် ပြီးတော့ ပြည်သူအကျိုးကို ဘယ်လို ထမ်းရွက်မလဲဆိုတာကို ဆောင်ရွက် သွားဖို့ပဲရှိတယ်။ ပါတီတွေက ပါတီအင် အားကြီးတာနဲ့အတူ ပြည်သူလူထု ထောက်ခံမှုကို သယ်ဆောင်လာရင် လွှတ်တော်ထဲမှာ သူတို့ပါတီဟာ အစိုးရ ဖွဲ့ချင်ဖွဲ့နိုင်မယ်။ သူတို့လည်း အတိုက် အခံပါတီဖြစ်ချင်ဖြစ်မယ်။ ကိစ္စမရှိဘူး။ အဲဒီလိုဖြစ်မှသာလျှင် လွှတ်တော်က လည်း ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင် တဲ့ လွှတ်တော်လို့ပြောလို့ရမယ်။ ဗြုတ်စ ဗျင်းတောင်းနဲ့ တစ်ယောက်ချင်း ဟိုက ဒီက ကောက်သင်းကောက်သလို ထည့် ချင်တာထည့် ကောက်ကြီးစပါးလည်း ပါမယ်။ ဧည့်မထလည်းပါမယ်။ ငစိန် လည်းပါမယ်ဆိုရင် ထမင်းချက်လို့မရ ဘူး။ ချက်ရမှာက ကောက်ကြီးချက်ရင် ချက်။ ဧည့်မထချက်ရင်ချက်။ ငစိန်ချက် ရင်ချက် ဒီလိုပဲချက်ရမှာပဲဆိုတော့ အင် အားကြီးတဲ့ ပါတီအဖွဲ့အစည်းတွေက သာလျှင် ရွေးကောက်ပွဲမှာဝင်ပြိုင်ပြီး တော့ အနိုင်ရအောင်လုပ်။ လူထု ထောက်ခံမှုရအောင်လုပ်၊ ပြီးတဲ့အခါ လွှတ်တော်ကိုရောက်အောင်လုပ်၊ လွှတ် တော်ထဲရောက်ရင် အင်အားကြီးရင် ကြီးသလို အနိုင်ရတဲ့ပါတီတွေက အစိုးရဖွဲ့၊ အင်အားနည်းတဲ့ပါတီက အတိုက်အခံလုပ်။ ဒါပဲလို့ ကျွန်တော် ကတော့ သဘောထားတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့်သာ တိုင်းပြည်ရဲ့ ဒီမို ကရေစီအရေး၊ တိုင်းပြည်ရဲ့ လူ့အခွင့် အရေး။ တိုင်းပြည်ရဲ့ ပြည်ထောင်စု အရေးကိစ္စတွေမှာ ပြည်သူရဲ့အကျိုးကို ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်ယူဆတယ်။ အဲဒီအတိုင်းလုပ်ခြင်းသာလျှင် မှန်တယ်လို့ ကျွန်တော်ယူဆတယ်။

မေး။ ။ PR စနစ်ကိုတကယ်တမ်းကျင့်သုံးမယ်ဆိုရင်ရော ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်မလဲခင်ဗျ။

ဖြေ။ ။ ခုနကပြောခဲ့သလိုပါပဲ။ PR စနစ်ကို ကျင့်သုံးဖြစ်မယ်ဆိုရင် လွှတ် တော်ထဲကိုရောက်တာနဲ့တစ်ပြိုင်နက် ဆိုပါတော့ဗျာ အခုဆိုရင်လွှတ်တော် ထဲမှာ ကြံ့ဖွံ့ပါတီရှိမယ်။ NLD ရှိမယ်။ တခြားပါတီလေးငါးခုရှိမယ်။ ဟိုအချိန် ကျရင် ပါတီတွေအကုန်လုံး ဗြုတ်စဗျင်းတောင်းနဲ့ အထက် လွှတ်တော် အောက် လွှတ်တော် နေရာပေါင်းများစွာမှာဖြစ်လာပြီး ပါတီကြီးတွေဆိုတာလည်း လျော့သွားမယ်။ ပါတီကြီးတွေကလည်း အင်အား အကွဲကွဲအပြဲပြဲဖြစ် မယ်။ ပါတီငယ်လေးတွေကလည်း ဟိုကဒီကနဲ့ ကိုယ်စားပြု သူတွေရာနဲ့ချီရှိမယ်ဆိုရင် အဲဒီလွှတ် တော်က သုံးလို့ရမှာ မဟုတ်တော့ဘူး။ သြဇာလည်းရှိမှာ မဟုတ်တော့ဘူး။ အာဏာလည်းရှိမှာ မဟုတ်တော့ဘူး။

မေး။ ။ ဒါပေမဲ့ အခုပါတီအချို့က PR စနစ်ကို လိုလားကြတယ်နော်။

ဖြေ။ ။ ဒီလုပ်ငန်းကို လိုလားတယ်ဆိုတဲ့ သူတွေက နှစ်မျိုးရှိတယ်လို့ကျွန်တော် ယူဆတယ်။ တစ်မျိုးက ဘာလဲဆိုတော့ အင်အားကိုမရှိဘူး။ လူထုထောက်ခံမှု ပြည့်ပြည့်ဝဝ မရှိဘူး။ ဘယ်လိုခေါ်မလဲ လူထုထောက်ခံမှုကို လူရာဝင် သူရာ တွင်ထောက်ခံမှုမရတဲ့ ပါတီလေးတွေရဲ့ (PR စနစ်ကို ) ထောက်ခံမှု ဆန္ဒသဘော ထားလို့ထင်တယ်။ နောက်တစ်မျိုးက ဘာလဲဆိုတော့ မြန်မာပြည်မှာ အင်အားကြီးတဲ့ပါတီတွေ ဦးဆောင်တာကို မလိုလားတဲ့ သဘောထားရှိတဲ့ နိုင်ငံရေး အင်အားစုတွေ သို့မဟုတ်လည်း အခြား အခြားသော အင်အားစုတွေ၊ အဲလိုအဖွဲ့ အစည်းတွေက အင်အားကြီးတဲ့ နိုင်ငံရေးပါတီတွေ အဖွဲ့အစည်းတွေ မရှိစေချင်ဘူး။ အဲလိုရှိရင် သူတို့မှာလုပ်ရကိုင် ရထိန်းရသိမ်းရခက်မယ်လို့ သူတို့ထင် တယ်။ ဒီလို ဗြုတ်စဗျင်းတောင်းတွေ စုထားရင် ဟိုပါတီဒီပါတီကို တပည့်မွေးလို့ရမယ်။ ခွံ့လို့ရတယ်။ ကျွေးလို့ရတယ်။သြဇာပေးလို့ရတယ်ပေါ့ဗျာ။ အဲဒီလို ဟာမျိုးအတွက် အကြံအစည်သာဖြစ်တယ်လို့ ကျွန်တော်ကပြောချင်ပါတယ်။

မေး။ ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲ မဲပေးတဲ့ စနစ်ကိုတောင်မှ လူထုကကောင်းကောင်း နားမလည်သေးတာဆိုတော့ အခု PR စနစ်ပြောဆိုမှုထက် ပညာပေးလုပ်ငန်းတွေ ဘယ်လိုလုပ်ရင် ကောင်းမယ်လို့ ထင်လဲခင်ဗျ။

ဖြေ။ ။ ကျွန်တော်ထင်တယ်။ ပညာ ပေးတာကနောက်ဗျ။ ပညာမပေးခင်ကို ဒါတွေ (PR စနစ်လုပ်ဆောင်မှု) ကို မလုပ်ပါနဲ့လို့ ကျွန်တော်ပြောချင်ပါ တယ်။ ပညာပေးမယ်ဆိုရင် ကျွန်တော် တို့ နောက်ထပ် ၄ နှစ် ၅ နှစ် ၁ဝ နှစ် ပညာပေးလုပ်ငန်းတွေ လုပ်ရဦးမှာပါ။ ဒီအချိန်မှာ ဒီစနစ်ကို လက်မခံဆိုပြီး ငြင်းဖို့ပဲ ကျွန်တော်တိုက်တွန်းချင်တယ်။ ဒီစနစ်ကို ပယ်ချဖို့ပဲ ၊ ဒီစနစ်ကို လက် မခံဖို့ဘဲအကြောင်းရှိတယ်။ ပညာပေး နေဖို့မလိုဘူး။ လက်မခံတဲ့စနစ်ကို ပညာ ပေးဖို့အကြောင်းကျွန်တော်မပြောချင်ဘူး။ ပြောလည်းမပြောဘူး။ ပြောစရာ
လည်းမလိုဘူးလို့ကျွန်တော်ထင်တယ်။ ကျွန်တော်ပြောချင်တာက ဒီစနစ်က အချိန်မတိုင်သေးပါဘူး။ အကျိုးလည်း မရှိပါဘူး။ ဒါကြောင့်မလုပ်ပါနဲ့ ဒီစနစ်ကို လက်မခံပါနဲ့ ဒါပဲပြောချင်တယ်။ ပညာပေးချင်တယ်ဆိုရင်တော့ ဒီစနစ်ကို လက်ခံတဲ့သူတွေက သူ့ဘာသာ ပညာပေးလုပ်ငန်းလုပ်နေရုံပဲ။ ဒါကကော်မရှင်နဲ့လည်း မဆိုင်ဘူး။ လွှတ် တော်နဲ့လည်းမဆိုင်ဘူး။ အစိုးရနဲ့လည်း မဆိုင်ဘူး။

မေး။ ။ မြန်မာနိုင်ငံလို ဒီမိုကရေစီဖွံ့ဖြိုးစ နိုင်ငံအတွက် ဘယ်လိုရွေးကောက်ပွဲ စနစ်က အသင့်တော်ဆုံးဖြစ်မယ်လို့ ထင်ပါသလဲခင်ဗျ။

ဖြေ။ ။ ကျွန်တော်တို့ ရွေးကောက်ပွဲ စနစ်က များရာသူက နိုင်ဖို့ပဲ။ လူထု ထောက်ခံမှုများများရတဲ့ပါတီက နိုင်ဖို့ပဲ။ အဲဒီစနစ်ကိုပဲ ကျွန်တော်တို့ လက်ခံခဲ့တယ်။ ကျွန်တော်တို့ NLD ဆိုလို့ ရှိရင် ၁၉၈၈ စက်တင်ဘာလ ၂၇ ရက် နေ့မှာ စပြီးတော့ဖွဲ့တယ်။ အောက်တို ဘာလအတွင်းမှာ ကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ဒီ PR စနစ်ကို တင်လာတာ။ PR စနစ်ကို မြန်မာပြည် နိုင်ငံရေးလောကမှာ စပြီးပြောတာ NLD မှာ စပြီးပြောတာ။ NLD က လူ တချို့က တင်တယ်။ ဗိုလ်အောင်ကြီးတို့ စစ်ဗိုလ်အုပ်စုဘက်က တင်တာရှိတယ်။ ကျွန်တော်တို့ လက်မခံဘူးဆိုပြီး ငြင်း ခဲ့တယ်။ ဒီနေ့ထိလည်း ကျွန်တော်တို့ လက်မခံဘူး။ လာမယ့် ရွေးကောက်ပွဲ ကာလရော။ လာမယ့် ၄၊ ၅၊ ၁ဝ နှစ်ထိ ကို ဒီစနစ်ကို လက်ခံစရာ မရှိဘူးလို့ ယူဆထားတယ်။

မေး။ ။ ဒါဆိုလက်ခံနိုင်တဲ့ အနေအထားက ဘာများဖြစ်မလဲခင်ဗျ။

ဖြေ။ ။လက်ခံနိုင်တဲ့ အနေအထားက ဘာလဲဆိုရင် တိုင်းပြည်မှာ ဒီမိုကရေစီ စနစ်ကို နားလည်တဲ့အချိန်၊ တိုင်းပြည် က ဒီမိုကရေစီစနစ် အကျင့်စရိုက်၊ အကျင့်သိက္ခာ၊ အတတ်ပညာတွေ ကြွယ်ဝတဲ့အချိန်ကျရင် သုံးချင်သလို သုံး။ အဲလိုသုံးတဲ့အခါမှာလည်း တစ်တိုင်းပြည်လုံး ကိစ္စမှာ မသုံးသင့်ဘူး။ ဥပမာ မြူနီစပယ် (စည်ပင်သာယာ) ရွေးကောက်ပွဲတွေမှာ၊ ပြည်နယ်ရွေး ကောက်ပွဲတွေမှာ၊ တိုင်းရွေးကောက်ပွဲ တွေမှာလုပ် နောက်ပိုင်းကြရင်။ အဲဒီ အချိန်ကျမှပဲ အဲဒီအဆင့်( PR အဆင့်) ကိုရောက်လာမယ်လို့ ကျွန်တော် ထင်တယ်။ တစ်တိုင်းပြည်လုံး ပြည်လုံးကျွတ် ရွေးကောက်ပွဲမျိုးမှာ PR စနစ်က လက်ခံဖို့မရောက်သေးဘူးလို့ ကျွန်တော် ယူဆတယ်။

မေး။ ။ လာမယ့်ရွေးကောက်ပွဲမှာ ပြည် နယ်တိုင်းအဆင့် PR စနစ်ကျင့်သုံးမယ် ဆိုရင်ရောခင်ဗျ။

ဖြေ။ ။ ပြည်နယ်တိုင်းအဆင့်ကို မဟုတ်ပါဘူး။ ဒီနေ့ ဒီကာလမှာ ဒီစနစ် ဟာ တိုင်းပြည်အတွက် အသုံးမဝင်သေးဘူး အသုံးမကျသေးဘူး အသုံးမတည့် သေးဘူးလို့
ကျွန်တော်ပြောချင်ပါတယ်။ ဒါကြောင့်လက်မခံဘူး။ မကျင့်သုံးပါနဲ့ဦး လို့ပြောတာပါ။

မေး။ ။ PR စနစ်မှာလည်း ဖြေရှင်းနိုင်တဲ့ အားသာချက်တွေရှိတယ်လို့ ပညာရှင် အချို့က ဆိုထားတယ်ခင်ဗျ။

ဖြေ။ ။ ပညာရှင်တွေ ဆိုရင်တော့ သူတို့ နဲ့ထပ်ပြီး (အသေးစိတ်) ဆွေးနွေးတာ ကောင်းပါတယ်။ ကျွန်တော်ကတော့ နိုင်ငံရေးသဘောတရားအရ များရာဟာပဲကျွန်တော်လက်ခံတယ်။ ဒီလို (PR)ဟာမျိုးလက်မခံဘူး။ အသေးစိတ်ကတော့ ပညာရှင်တွေပြောကြဆိုကြပါ။

မေး။ ။ PR စနစ်နဲ့ပတ်သက်ပြီး ကျွန်တော်မေးလို့ကျန်သွားတာ ဖြည့်စွက် ပြောချင်တာများရှိရင် သိချင်ပါသေးတယ်ခင်ဗျ။

ဖြေ။ ။ မရှိပါဘူး။ အဲဒါပါပဲ။ ကျွန်တော်ကတော့ မလုပ်သင့်သေးဘူးထင်ပါ တယ်။ မလုပ်သင့်သေးဘူး ထင်တဲ့အတွက် အဆင့်ဆင့် တစ်တိုင်းပြည်လုံး အတွက်လည်း မလုပ်သင့်သေးဘူး။ အောက်ခြေအဆင့်လည်း မလုပ်သင့် သေးဘူးလို့ထင်ပါတယ်။ လုပ်သင့်တဲ့ အချိန်ရောက်ဖို့အတွက် ပညာပေးဖို့ လိုတယ်ဆိုရင် (ကျွန်တော်တို့က လက် မခံတဲ့အတွက် ပညာပေးလည်းမလုပ် ခိုင်းပါနဲ့) အဲဒီ (PR) စနစ်ကို လက်ခံတဲ့ ပါတီလေးတွေက ကိုယ့်နေရာကိုယ့် လူထုကြားထဲမှာ လက်ခံအောင်ပညာပေးပါဦးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျ။
ဥာဏ် လ င်းေ အာ င်ေ တွ့ ဆုံေ မး မြ န်း သ ည်
Popular Myanmar News Journal





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ညှိနေတယ် -

AIDS ရောဂါပိုးထက် ပို၍ ကြောက်စရာ ကောင်းသော ရောဂါပိုးသစ် တစ်မျိုး ဆရာဝန်များ ရှာဖွေ တွေ့ရှိ



 Wednesday, 08 May 2013 10:26

ဝါရှင်တန် မေ ၇  
လိင်မှတစ်ဆင့် ကူးစက်တတ်သော Gonorrhoea HO41 ပိုးသစ်တစ်မျိုးသည် ဆေးမတိုးတော့သော ရောဂါပိုးသစ် တစ်မျိုးဖြစ်ပြီး AIDS ရောဂါပိုးထက် ပို၍ ဆိုးရွားစေနိုင်သည့် အလားအလာ ရှိကြောင်း အမေရိကန်ပြည်ထောင်စုမှ ဆရာဝန်များက သတိပေးပြောကြား ထားသည်။
အဆိုပါ ရောဂါပိုးကို လွန်ခဲ့သော နှစ်နှစ်က ဂျပန်နိုင်ငံရှိ ပြည့်တန်ဆာ အမျိုးသမီး တစ်ဦးထံမှ ပထမဆုံး ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး ၎င်းရောဂါပိုးသည် ခုခံအားကျဆင်းမှုကို ပို၍ဖြစ်ပွား နိုင်ခြေ ရှိကြောင်း အမေရိကန် အမျိုးသား လိင် ကျန်းမာရေး ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့မှ ဝီလျံစမစ်က  သတိပေး ပြောကြားခဲ့သည်။
၎င်းရောဂါပိုးသစ်ကို ပျောက်ကင်းအောင် ကုသနိုင်မည့် ဆေးဝါးတစ်မျိုးကို ယခုထိတိုင်အောင် ဖော်ထုတ်နိုင်ခြင်း မရှိသေး သော်လည်း စမ်းသပ် စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင် သွားရန်လို အပ်ကြောင်း မစ္စတာ စမစ်က ပြောကြား ထားသည်။
အဆိုပါ ရောဂါပိုးသစ်သည် အမေရိကန် နိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း၊ အကယ်၍ ရောဂါပိုးကူးစက် ပျံ့နှံ့ လာပြီးနောက် ထိရောက်စွာ ကာကွယ်နိုင်စွမ်းမရှိပါက ၎င်းရောဂါပိုးကို ကုသရန် အမေရိကန် ဒေါ်လာ သန်း ၇၈ဝ ကုန်ကျနိုင်ဖွယ်ရှိကြောင်း မစ္စတာ စမစ်က အခိုင်အမာ ပြောကြား ထားသည်။
၎င်းရောဂါပိုးသည် လူအများအပြားကို လျင်မြန်စွာ ကူးစက် နိုင်သောကြောင့်AIDS ရောဂါပိုး ထက်ပို၍ ကြောက်မက် ဖွယ်ကောင်းကြောင်း naturopathic ဆေးဝါးဌာနမှ ဆရာဝန် တစ်ဦးဖြစ်သူ အလန်ခရစ် စတင်းစန်းက CNBC သတင်း ဌာနသို့ ပြောကြားခဲ့သည်။
အဆိုပါ ရောဂါပိုးသစ် ကူးစက်ခြင်းကြောင့် သားအိမ် မျိုးဥပြွန်နှင့် မျိုးဥအိမ် လတ်တလော နာတာရှည် ရောဂါပိုးဝင် ရောက်ခြင်း၊ သားအိမ်တွင် မဟုတ်သော အခြားနေရာ တစ်ခုတွင် သန္ဓေ တည်ခြင်းနှင့် သားသမီး မရနိုင်ခြင်း စသော ရောဂါများကို ဖြစ်စေနိုင်သည်။

မြန်မာ့လယ်သမားတွေ ဘ၀ မြှင့်တင်ရေး အမေရိကန်ထံ အကူအညီတောင်းခံ

လယ်သမားတွေရဲ့ဘ၀ကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ရေးဆွဲနေတဲ့ ဥပဒေသစ်ဟာ အခုလပိုင်း အတွင်း ပြီးစီးတော့မှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက  ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ဆွေးနွေးပွဲကို အမေရိကန်အစိုးရရဲ့ ထောက်ပံ့ကူညီရေးအဖွဲ့ USAID က ဦးဆောင်ကျင်းပတာဖြစ်ပြီး လယ်သမားဘ၀တွေ မြှင့်တင်ပေးနိုင်မယ့် ဥပဒေပြဌာန်းနိုင်ဖို့အတွက် USAID အနေနဲ့လည်း လိုအပ်တာတွေကို ဝိုင်းဝန်းအကြံဉာဏ်ပေးဖို့နဲ့ နည်းပညာပိုင်းဆိုင်ရာတွေကိုပါ အကူအညီတွေပေးဖို့ သူရဦးရွှေမန်းက ဖိတ်ခေါ်လိုက်ပါတယ်။
ဒီကနေ့ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦး၊ အမေရိကန်သံအမတ်ကြီး Derek Mitchell ဒဲရစ်မစ်ချယ်နဲ့ USAID အဖွဲ့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
အဲဒီပွဲကို တက်ရောက်သတင်းရယူခဲ့တဲ့ RFA သတင်းထောက် မရတနာဦးရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

အရိုးတွတ်သံတွေ ညံညံစီ

 

လူဆိုတာ ဘုရားလောင်း ဖြစ်ရင်ဖြစ်၊ ဒေဝဒတ်လောင်းဖြစ်ရင်ဖြစ်၊ တစ်ဖြစ်ဖြစ်တော့ ဖြစ်ရတော့တာပဲတဲ့။ အသက်ကြီးလေ အဲဒီစရိုက် ပေါ်လာလေတဲ့ဗျာ။ ရှေးလူကြီးသူမတွေ ပြောခဲ့တဲ့စကားပါ။ ဟုတ်လောက်ပါတယ်ဗျာ။ ကိုယ်တွေ့ဗျ။

မနေ့တနေ့ ကျုပ်အသက် ၈၃ နှစ်ပြည့်တယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ လူငယ်မျိုးဆက်သစ်တွေ မနည်းမနောပဲဗျာ။ ကျုပ်တစ်ယောက် သေခရီးမှာ တစ်မိုင်တိုင် ပိုနီးလာတာကို ဝမ်းသာကြ၊ ချီးကျူးကြပေါ့။ ဘာရယ်မဟုတ်ပါဘူး။ ကျုပ်လည်း ဝမ်းသာအယ်လဲ ဖြစ်ရတာပေါ့။ သူတို့က ကျုပ်ကို ဘုရားလောင်းလိုလို၊ သူတော်ကောင်းယောင်ယောင် မွေးနေ့ထုံးစံ လောကွတ်စကားပြောကြတယ်ဗျ။

ကျုပ်ကတော့ ပြုံးမိပါတယ်။ လူဆိုတာ အသက်ကြီးလေ၊ အချိန်မစီးချင်လေ ဖြစ်တတ်တာမျိုးဗျ။ ကျုပ်က ဖြစ်စားရှိ ဒေဝဒတ်လောင်းပဲဖြစ်မှာ ထင်ရဲ့ဗျာ။ ကျုပ်က ဒေါသမူစိတ်ကလေးနဲ့ အသက်ရှည်နေတာကိုး။ ဟိုအချုပ်မှူးကြီးတွေ မောဟဇောနဲ့ မိုက်ခဲ့ကြသလို ကျုပ်ကလည်း ဒေါသရောင်တော်ပြန် လွှတ်နေမိသဗျာ။ ဒီလိုနဲ့ သေခါနီးလေ၊ ဒေဝဒတ်ရေစုန် လိုက်မိလေဖြစ်နေရတယ်။

ဒီလိုဗျ။ ဒီနေ့ကမ္ဘာမှာ လူတွေကို လူလို မှတ်လာနေကြပြီဗျာ။ လူအခွင့်အရေးဆိုတာကြီးက ဟည်းတိုက်ပြီး လူ့လောကကို ရိုက်ခတ်လွှမ်းမိုးလာတာကိုး။ ဒီလိုနဲ့ လူတွေကို လူလိုမှတ်ကြ၊ လူတွေကို လူလိုမြင်ကြဆိုတဲ့ လူသားစိတ်တွေ ပြန့်ပွားလာတယ်။ လူသားစိတ်တွေ မွေးမြူလာတယ်။ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ရင် ငါလည်းလူ၊ သူလဲလူပါပဲကလားဆိုတဲ့ လူသားချင်းစာနာစိတ်တွေ ပွားတိုးလာတယ်။

ဒါကြောင့်ပဲ ထင်ရဲ့။ ကမ္ဘာ့နိုင်ငံအများမှာ နိုင်ငံရေးအကျဉ်းသားဆိုတာကို အသိမှတ်ပြုလာတယ်။ ကူညီကယ်ဆယ်လာတယ်။ ဘဝပြန်လည်ထူထောင်လာတယ်။ ကျုပ်တို့ ရွှေဗမာအစိုးရတွေတောင် လူစကား ပြောလာတယ်။ လူပုံဖမ်းလာတယ်။ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားလုံးကို နားခါးခါးနဲ့ ကြားယောင်ယောင် လုပ်လာတယ်။ ကျုပ်ကတော့ ဝမ်းသားတာပေါ့။ ဒါတောင် လူအတော်များများဟာ လူ့အခွင့်ရေးဆိုတဲ့ စကားလုံးကို အာဘောင်ပဲ့အောင် ရဲရဲမပြောဝံ့ကြသေးဘူး။ လူ့အခွင့်အရေး တိုက်ပွဲဝင်လုပ်ငန်းတွေလုပ်တိုင်း ဘာအာဃာတမှ မရှိပါဘူး ခင်ဗျားဆိုတဲ့ စကားပလ္လင် ခံနေကြရှာသေးတယ်။

တစ်လောက ကမ္ဘာကျော်လူ့အခွင့်အရေးတိုက်ပွဲဝင် ခရစ်ယာန်ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး ကျုပ်အိမ်ရောက်လာတယ်။ စကားလက်ဆုံပြောမကုန်ပေါ့။ သူ့နိုင်ငံ တောင်အာဖရိကမှာ လူဖြူ-လူမည်း လူ့အခွင့်အရေးတိုက်ပွဲအမွေဆိုး စာရင်းပိတ်ပုံတွေကို ပြောတယ်။ အမှတ်တရားဖော်ထုတ်ရေး ကော်မရှင်တွေဖွဲ့ပြီး လုပ်မှား-ကိုင်မှားတွေ စာရင်းရှင်းပုံတွေ ပြောပြတယ်။ အမျိုးသားပြန်လည်သင့်မြတ်ပေါင်းစည်းရေး၊ လမ်းသစ်ဖွင့်ပုံတွေပြောပြတယ်။ လူထုပြဿနာကို လူထုနည်းနဲ့ ရှင်းပုံရှင်းနည်းတွေပြောပြတယ်။

ကျုပ်တို့နိုင်ငံမှာ ‘ချေနှစ်ချေ’ ကို နိုင်ငံရေးခေါင်းဆောင်ကြီးတွေက တဖွဖွပြောကြတယ်။ လက်စားမချေဘူး၊ သင်ပုန်းချေမယ်ပေါ့။ စကားလုံးသက်သက်ပဲ။ အလုံးပုံစံမပါဘူး။ ကိုရွှေဗမာ မှူးကြီးချုပ်ကြီး၊ ချုပ်မှူးကြီးတွေကတော့ လူ့အခွင့်အရေးဆိုတဲ့ စကားသံကြားလိုက်ရရင် မျက်ထောင့်နီတုန်း၊ နှာကောက်တုန်း။ ဟုတ်မှာပေါ့လေ။ သူတို့က ဒေါင်ဒေါင်မြည် စစ်အာဏာရှင်တွေ ဖြစ်ခဲ့ပေသကိုး။ လူ့စကား (လူ့အခွင့်အရေးစကား)၊ ဒီစကား (ဒီမိုကရေစီစကား) ဘယ်ကြားချင်ကြလိမ့်မတုံး။ နားခါးကြတာပေါ့။ အဲ့ဒီစကားမျိုး ပြောသူတွေကိုဆရာမြို့မငြိမ်းရဲ့ ဘင်ဂျိုသီချင်းထဲကလို ဘင်ဂျိုခေါက်သံပေးတဲ့လူတွေ ဘုရင်ကဖမ်းခိုင်းပြီး ကိုယ်လုပ်တော်တွေနဲ့ ဝိုင်းကလိုးထိ-ကလိထိုးသလို လုပ်ချင်ကြတာကိုး။ သူတို့ ကလိထိုးပုံက လက်ပံတောင်းတောင်မှာ လုံခြုံရေးရဲတွေက ရဟန်းသံဃာတွေကို အရုဏ်ဆွမ်းကပ်သွားတဲ့ မီးလောင်ဗုံးနဲ့ ထိုးဆွတာ ဖြစ်နေလေတော့ လူတိုင်း ကြောက်တုန်း-လန့်တုန်း ဖြစ်ကြရတာပေါ့ဗျာ။

ကျုပ်လည်း အဲ့ဒီအဖြစ်မျိုးတွေကိုကြားကြားနေရတာကိုး။ ဒီတော့ ဒေါသမူစိတ်ဆိုးက ရင်ဝဆောင့်ဆောင့်တိုးနေတော့တာပေါ့။ ဒီလိုနဲ့ ကျုပ်လည်း ဒေဝဒတ်လောင်းလျာ ဖြစ်နေရရှာတာပေါ့။

တကယ်တော့ဗျာ၊ ကျုပ်တို့နိုင်ငံမှာ လူ့အခွင့်အရေးတရားခံတွေဟာ သူတို့ပြစ်မှုကို ဝန်ချရင်ချ။ ဒါမှမဟုတ် သူတို့ရဲ့မဟာဘဏ္ဍာသိုက်ထဲက စိုက်ထုတ်ပေးလျော်ချင်ပေးလျော်။

ဒါမှမဟုတ် ယူဂိုဆလင်တို့၊ ဆူဒန်တို့ဆိုတဲ့ နိုင်ငံတွေက လူသားဆန့်ကျင်ပြစ်မှုကျူးလွန်သူတွေကို ကမ္ဘာ့တရားရုံးတွေမှာ တရားစွဲခံချင်ခံ။

ဒါမှမဟုတ် တောင်အာဖရိကနိုင်ငံမှာလို အမှန်တရားဖော်ထုတ်ရေးကော်မရှင် ဖွဲ့ချင်ဖွဲ့။

တကယ်တမ်းပြောရရင်တော့ - ဒီနေ့တိုင်းပြည်မှာ လူအခွင့်အရေးပြဿနာတွေက သမိုင်းစာအုပ်တွေထဲက ဝေါဟာရစကားလုံးကို ‘ချေသော်မကျေ’ ရှိနေဆဲပဲဖြစ်တယ်ဗျာ။

မကြာခင်က ကျင်းပသွားတဲ့ ၂၅ နှစ်မြောက် ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်းနဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အခမ်းအနားတွေလို အရိုးတွန်သံတွေကတော့ ပြည်သူလူထုကြားမှာ ညံနေပေဦးမှာပဲဗျို့။ ကြာရင် အဲဒီအရိုးတွေဟာ တွန်ရုံတွန်တာထက် နတ်ပွဲဇတ်လမ်းတွေဖြစ်၊ တခြိမ်းခြိမ်း၊ ကခုန်ကျိန်ဆဲဖြစ်လာနိုင်သလောက်ဗျာတို့။

ကျုပ်တစ်ယောက်လည်းဒေဝဒတ်လောင်းလျာဘဝက လွတ်ကျွတ်ချင်လှပါပြီဗျာ......။

ဟံသာဝတီ ဦးဝင်းတင်

ဒီလှိုင်း ဂျာနယ်။။ အတွဲ(၂)၊ အမှတ်(၁၁)





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

လက်ပံတောင်းတောင် အရေး -





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ဆက်သွယ်ရေး အရာရှိများကို အရေးယူထားပြီးဟုဆို

07 May 2013  | By The Voice Journal

ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်း ရာထူးမှ နုတ်ထွက်ခဲ့ပြီး ရက်ပိုင်း အကြာ ပြည်ထဲရေး ဝန်ကြီးဌာနက ခေါ်ယူစစ်ဆေး ခဲ့သော မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း အရာရှိကြီး များကို ဌာနဆိုင်ရာ စည်းမျဉ်းများ အရ အရေးယူ ထားပြီး ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။
အင်ဂျင်နီယာချုပ် နှစ်ဦး အပါအဝင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထိပ်တန်း အရာရှိများကို ဧပြီလဆန်း ပိုင်းတွင် ဌာနပြောင်းရွှေ့ ခြင်း၊ တာဝန်မှ အနားပေးခြင်းတို့ ပြုလုပ်ခဲ့သည် ဆိုသည့် သတင်းများနှင့် စပ်လျဉ်း၍ The Voice ၏ မေးမြန်းမှုကို ၄င်းက အထက်ပါ အတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဆက်သွယ်ရေး ဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်ပြီး အုပ်ချုပ်မှု နည်းလမ်းအရ အရေးယူရန် လိုအပ်သူများကို ဌာနဆိုင်ရာ စည်းမျဉ်းများအရ အရေးယူပြီး ဖြစ်သော်လည်း မည်သို့အရေးယူသည် ဆိုသည်ကို လတ်တလော မထုတ်ပြန် နိုင်သေးကြောင်း ဦးရဲထွဋ်က ထပ်လောင်းပြောကြားသည်။ ဆက်သွယ်ရေး ဝန်ကြီး ဦးသိန်းထွန်း နုတ်ထွက်အပြီး ဌာနဆိုင်ရာ ဝန်ထမ်းများကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးခဲ့ရာတွင် ယင်းစစ်ဆေးမေးမြန်းမှုများ ပြီးဆုံးပါက သတင်းထုတ်ပြန်ပေးမည်ဟု ပြောကြား ထားသော်လည်း ယခုအချိန်အထိ ထုတ်ပြန်ခြင်း မရှိသေးပေ။
"ဆက်သွယ်ရေး လုပ်ငန်းက ဆက်လက် ဆောင်ရွက်ရန်များ ရှိနေသေးတဲ့အတွက် ထုတ်ပြန်ခြင်း မပြုသေးပါဘူး" ဟု ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး တစ်ဦးလည်း ဖြစ်သူ ဦးရဲထွဋ်က ရှင်းပြသည်။ ဧပြီလ ဆန်းပိုင်းက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ် အင်ဂျင်နီယာချုပ် နှစ်ဦး နှင့် ဒုတိယ အထွေထွေ မန်နေဂျာ အဆင့်ရှိ အရာထမ်းများ အပါအဝင် ဝန်ထမ်း အများအပြားကို တာဝန်မှ အနားပေးခြင်း၊ ဌာန ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆက်သွယ်ရေးနှင့် နီးစပ်သော အသိုင်း အဝိုင်းထံမှ စုံစမ်းသိရှိ ရသည်။
ဇန်နဝါရီလ အတွင်း မိုဘိုင်းလ်ဖုန်း ဈေးနှုန်းများ ပြင်ဆင် သတ်မှတ်ရေးတွင် သမ္မတရုံးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာနတို့အကြား သဘောထား ကွဲလွဲမှု များရှိခဲ့ပြီး ဌာနဆိုင်ရာ စည်းကမ်းများ ချိုးဖောက် လုပ်ဆောင်မှုများ ရှိသည်ဆိုသော သတင်းများ ဆက်တိုက်ထွက်ပေါ် ခဲ့ကာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း နုတ်ထွက်ခဲ့သလို ဌာနဆိုင်ရာ ဝန်ထမ်း အများအပြားကို ခေါ်ယူစစ်ဆေးခဲ့သည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။ 

နိုင်ငံတော် လုပ်ကြံမှုကြီး

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြိုနယ်အတွင်းဖြစ်ပွားခဲ့သည့်_ ၂၀၀၃ခုနှစ်-မေ(၃၀)ရက် ၊နိုင်ငံတော်လုပ်ကြံမှုတွင်ပါဝင်သူများ

အပိုင်း(၁)

ဦးဆောင်စီစဉ် ညွန်ကြားသူများနှင့် ပါဝင်သူများ
၁။စစ်ကိုင်တိုင်း တယက အတွင်းရေးမှူး ဗိုလ်မှူးရဲထွဋ်
၂။စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခယက ဥက္ကဌ ဒုဗိုလ်မှူးကြီးဥန်းဟန်
၃။ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခယက အတွင်းရေးမှူးဗိုလ်မှူးသိန်းထွဋ်
၎။ စစ်ကိုင်းတိုင်း ရွှေဘိုမြို. မယက ဥက္ကဌ ဦးမြဆွေ
၅။စစ်ကိုင်းတိုင်းေ၇ွှဘိုမြို. မယကအတွင်းရေးမှူး ဦးသိန်းဝင်း
၆။ စစ်ကိုင်းတိုင်း ရွှေဘိုမြို.နယ် ရဲမှူးကြီးဦးလှမြင့်
၇။ စစ်ကိုင်းတိုင်း ရွှေဘိုမြို.နယ် ဒုတိယမြို.နယ်ရဲမှူး
၈။ဒီပဲယင်း မယက ဥက္ကဌ ဦးတင်အုန်း
၉။ ဒီပဲယင်း မယကအတွင်းရေးမှူး ဦးသက်ဦးမောင်
၁၀။ဒီပဲယင်း မြို.နယ်ရဲတပ်ဖွဲ့မှူး ဦးသောင်းဝင်း(၃-ပွင့်)
၁၁။ဒီပဲရင်း မြို.နယ်ရဲစခန်းမှူး ဦးစိန်ပွင့်(၂-ပွင့်)
၁၂။စိုင်ပြင်ကျေးရွာ ရယကဥက္ကဌ ဦးလှသိန်း
၁၃။စခန်းမှူး ဦးကြည်ဝင်း(၂-ပွင့်)
၁၄။ခင်ဦးမြို.နယ် မယကဥက္ကဌ ဦးညွန်.မြိုင်
၁၅။ခင်ဦးမြို.နယ် မယကအတွင်းရေးမှူး ဦးမြင့်ထွန်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို.နယ် ရပ်ကွက်(၁၀)ခုမှ ပါဝင်ဦးဆောင်သူ ရယက ဥက္ကဌစာရင်း
ရပ်ကွက်( ၁) ဥက္ကဌ ဦးမြင့်သောင်း
ရပ်ကွက်(၂) ဥက္ကဌ ဦးခင်မောင်ညို
ရပ်ကွက်( ၃) ဥက္ကဌ ဦးကျော်ဝင်း
ရပ်ကွက်(၄) ဥက္ကဌ ဦးမျိုးရွှေ
ရပ်ကွက်( ၅) ဥက္ကဌ ခင်မောင်လင်း
ရပ်ကွက်( ၆) ဥက္ကဌ ဦးမောင်ကြီး
ရပ်ကွက်( ၇) ဥက္ကဌဦးသန်းမြင့်
ရပ်ကွက်( ၈) ဥက္ကဌ ဦးခင်မောင်မျိုး
ရပ်ကွက်( ၉) ဥက္ကဌ ဦးရင်မောင်
ရပ်ကွက်( ၁၀) ဥက္ကဌ ဦးဘကြည်

စစ်ကိုင်းတိုင်း ရွှေဘိုမြို.နယ်အတွင်း နယ်များမှခေါ်ဆောင် တာဝန်ပေးခံရသူများ
၁။ရဲတပ်ကြပ်ကျော်တင့်
၂။ဆိပ်ခွန်ရွာမှ ကြံ.ဖွံ. မောင်တိုးမြင့် ၊ မောင်ပြားကြီး
၃။ ရေတော်မှုမှ မောင်ပွဲ
၎။တယ်ပင် ရယက ဥက္ကဌ ဦးတွန်းမြင့်
၅။ဆိပ်ခွန်ရဲစခန်းမှ ဒုလုံခြုံရေးမှူး ၀င်းတင် ၊ယင်းအုပ်စု ဗိုလ်တဲကုန်းကျေးရွာမှ
မောင်ဒေါင်းချိုအပါဝင်(၅)ဦး(ကားပါတပါတည်းခေါ်ယူလာ)

အဓမ္မချောဆွဲခံရသော ကားစာရင်း
၁။ရန်အောင်မန်း ကားအသင်းမှ
ယာဉ်အမှတ် အ-၄၃၅၇ ယာဉ်မောင်းကိုမျိုး
ယာဉ်အမှတ် သ-၇၈၇၈ ယာဉ်မောင်း ကိုသိန်းတန်
ယာဉ်အမှတ် ၅က-၇၄၉၄ ယာဉ်မောင်းဇော်ကြီး
ယာဉ်အမှတ် ၂က-၁၃၁၄ ယာဉ်မောင်းကိုကုလား
ယာဉ်အမှတ် ဒ-၈၉၉၂ ယာဉ်မောင်း ကိုညှပ်စိ
၂။နန်းမြင့်ကားအသင်းမှ
ယာဉ်အမှတ် အက-၄၆၉၂ ယာဉ်မောင်းကိုမိုးခမ်း
ယာဉ်အမှတ် ၂က-၅၇၉၆ ယာဉ်မောင်းကိုတင်မြင့်
ယာဉ်အမှတ် ၆က-၅၂၈၆ ယာဉ်မောင်းမောင်ကိုလေး
ယာဉ်အမှတ် ၅က-၈၆၆၇ ယာဉ်မောင်း အမည်မသိ
ယာဉ်အမှတ် ၁က-၈၉၉၂ ယာဉ်မောင်း အမည်မသိ
၃။အောင်နိင်မန်း ကားအသင်းမှ
ယာဉ်အမှတ် ၆က-၅၁၈၆ မှန်လုံယာဉ်မောင်း ကိုဖုန်း
ယာဉ်အမှတ်သ-၆၃၄၅ ဒိုင်နာ ယာဉ်မောင်း အမည်မသိ
၎။ကံယာမင်းကားအသင်းမှ
ယာဉ်အမှတ် ၃က-၃၈၂၄
ယာဉ်အမှတ် လ-၄၉၅၁
ယာဉ်အမှတ် ၇က-၇၀၅၀
၅။၇န်အောင်ပတ္တမြားအသင်းမှ ယာဉ်အမှတ် ၇က-၅၃၀၉ တို.ဖြစ်ပါသည်။

သစ္စာ
Ref; ဒီပဲယင်းလုပ်ကြံမှု အရေးယူဆောင်ရွက်ရေးကော်မရှင် ၏ဒုတိယအကြိမ် ပဏာမ အစီရင်ခံစာ (FB မှ)

(ဆက်လက်ဖေါ်ပြပါမည်။)





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

အကြမ်းဖက်ပဋိပက္ခ မြန်မာကိုင်တွယ်ပုံ အင်ဒိုကျေနပ်

ကိုကျော်ကျော်သိန်း        07.05.2013(VOA)
 အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြိုးစားခဲ့တာနဲ့ သဘောထား တင်းမာတဲ့ မူဆလင်တွေက သံရုံးရှေ့မှာ ဆန္ဒလာပြတာတွေ ကြုံခဲ့ရပြီးတဲ့နောက် မြန်မာသံရုံးရဲ့ လုံခြုံရေး အခြေအနေဟာ တည်ငြိမ်နေပြီလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ပဋိပက္ခတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ကိုင်တွယ်လုပ်ဆောင်ပုံတွေကို အင်ဒိုနီးရှားအစိုးရက ထောက်ခံပါတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ရန်ကုန်ရုံးကနေ ကိုကျော်ကျော်သိန်း က သတင်းပေးပို့ခဲ့ပါတယ်။

ဗိုလ်ကြီးဟောင်းနေမျိုးဇင် ထောင် ၆ နှစ် ချမှတ်ခံရ

2013-05-07 

ဧရာဝတီတိုင်း၊ မအူပင် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အရင်အမှုဟောင်းအတိုင်း ပြန်လည်ကျခံဖို့ ထောင်ဒဏ် ၆ နှစ် နဲ့ ၁၀ လအမိန့် ချမှတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။
ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အသရေဖျက်မှုနဲ့ အခုရက်ပိုင်းအတွင်း ပန်းတနော်တရားရုံးက ဒဏ်ငွေ ကျပ် ၂ သောင်း ပေးဆောင်ဖို့ ဒါမှမဟုတ် ထောင်ဒဏ် ၃ လကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဦးနေမျိုးဇင်က အဲဒီငွေဒဏ်ကို မပေးဆောင်ပဲ မအူပင်အကျဉ်းထောင် မှာ ထောင်ဒဏ်ကျခံနေတာ ဖြစ်ပါတယ်။
ဒီနေ့ညနေ ၄ နာရီမှာ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက အကျဉ်းထောင်အတွင်း ရောက်ရှိ လာပြီး အရင်ပြစ်မှုဟောင်းကို ပြန်လည်ကျခံဖို့ အမိန့်စာလာရောက်ဖတ်ကြားခဲ့တယ်လို့ ဦးနေမျိုးဇင်ရဲ့ ညီဖြစ်သူ ဦးခင်မောင်ထွေးက ပြောပါတယ်။
“ပြည်ထဲရေးဝန်ကြီး ဦးကိုကိုရဲ့အမိန့်နဲ့ပေါ့ဗျာ၊ ပထမကျခံခဲ့ရတဲ့ ပြစ်ဒဏ်ထဲကနေပြီးတော့ ၆ နှစ် ကျခံစေဆိုပြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်း အမိန့်စာလာဖတ်သွားတယ်လို့ ပြောပါတယ်၊ မအူပင်ထောင်ထဲကို လာဖတ်သွားတာပါ၊ ထောင်ရဲ့အရာရှိတစ်ဦးကနေလာပြီးတော့ ရှေ့နေရှိပါ သလားလို့မေးတယ်၊ ရှေ့နေကလည်း ဒီနေ့ကျနော်တို့ပါမလာတဲ့အတွက်ကြောင့်မို့ မိသားစုဝင်တွေ ပဲ နောက်ဆုံးသွားတွေ့လာခဲ့ပါတယ်”
ဦးနေမျိုးဇင်ဟာ ပန်းတနော်ဒေသခံ လယ်သမားတွေအတွက် အကူအညီပေးရင်း အဖမ်းခံခဲ့ရတာဖြစ်တဲ့အတွက် အမှုကနေ ပြန်လည်လွတ်မြောက်ဖို့ တောင်သူ ၁၀၀ ကျော်က ဒီကနေ့ပန်းတနော်တရားရုံးမှာ ဒဏ်ငွေပေးဆောင်ခဲ့ကြပြီး၊ သူ့ကိုလွှတ်ပေးမယ် ပြောလိုက်တဲ့အတွက် အကျဉ်းထောင်ရှေ့မှာ  ၄ နာရီကြာ သွားရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။
ဦးနေမျိုးဇင်ကို ချမှတ်လိုက်တဲ့ ထောင်ဒဏ်နဲ့ ပတ်သက်ပြီး မိသားစုဝင်တွေက ရှေ့နေတွေနဲ့ တိုင်ပင်ပြီး တရားဥပဒေအရ အယူခံဝင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။
ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ ၂၀၁၁ ခုနှစ်အတွင်းက အီလက်ထရောနစ်ပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက်၊  ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်က သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။
ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ရဲ့ ညီဖြစ်သူ ဦးခင်မောင်ထွေးကို RFA သတင်းထောက် မအိအိခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ပြန်လည် ဆုံဆည်းကြရာဝယ် -(ကုတ်ပါ)



(၁)
အချိန်က (၁၉၉၇) ခုနှစ်၊ နေရာက ဆူးလေဘုရားအနီးမှာပါ။
ဒီတုန်းက ရန်ကုန်မှာ ကွန်ပျူတာသင်တန်းတက်ရင်း၊ စာတိုပေစလေးတွေ ရေးဖြစ်ခဲ့ပါတယ်။ စာစောင်တခုမှာ လစဉ်ရေးခွင့်ရတာကြောင့်၊ ရေးထားတဲ့စာမူလေးတွေကို ဆူးလေဘုရားအနီးက လမ်းဘေးလက်နှိပ်စက်ရိုက်တဲ့ အစ်မကြီးတွေဆီမှာ လက်နှိပ်စက်ရိုက်ခိုင်းပြီး၊ စာပေတိုက်ကို သွားပို့နေကျပါ။ ပြီးတဲ့အခါ စာပေတိုက်က မိတ်ဆွေများနဲ့ လက်ဖရည်သောက်ရင်း စကားပြောပြီး၊ ဆူးလေ-ပန်းဆိုးတန်းတ၀ိုက်က စာအုပ်အဟောင်းဆိုင်တွေမှာ စာအုပ်မွှေ၊ အဟောင်းဆိုင်က ဦးလေးကြီးများနဲ့ စကားပြောနှုတ်ဆက်ပြီးမှ အိမ်ကို ပြန်လေ့ရှိပါတယ်။

NLD ကိုယ်စားလှယ်အဖွဲ့ တရုတ်ချစ်ကြည်ရေး ခရီးသွားရောက်မည်


 NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ။ (မတ်လ ၁၀၊ ၂၀၁၃)။


ကိုသားညွှန့်ဦး     06.05.2013
အာဏာရ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အချို့ လာမယ့် ရှေ့သီတင်းပတ် ထဲမှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။ ပါတီနှစ်ရပ်အကြား ချစ်ကြည်ရေးအနေနဲ့ သွားရောက်မယ့် ခရီးစဉ်ဖြစ်ပါလိမ့်မယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

တရုတ်အစိုးရပိုင်းရော အာဏာရ တရုတ်ကွန်မြူနစ်ပါတီကပါ မြန်မာဘက်က အစိုးရနဲ့ အာဏာရပါတီတွေအပြင်၊ အခြား နိုင်ငံရေးပါတီတွေနဲ့ ထိစပ် ဆက်ဆံမှုလုပ်လာတဲ့ အခြေအနေ တစိတ်တပိုင်းလို့ ပြောရမှာပါ။ မကြာသေးခင်ကပဲ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသစ်နဲ့ အန်အယ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့ဆုံပြီးတဲ့နောက်ပိုင်း၊ အတိုက်အခံပါတီကြီးလို့ ပြောရမယ့် အန်အယ်ဒီနဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေး အခုလို တိုးမြင့်လာတာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်အဖွဲ့တဖွဲ့ လာရောက်
ဖို့ဆိုပြီး၊ အာဏာရ တရုတ် ကွန်မြူနစ်ပါတီက ဖိတ်ကြားထားတယ်ဆိုတာကို အန်အယ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးဟန်သာမြင့်က အတည်ပြုပါတယ်။

“ကျနော်ထင်တယ်၊ ကျနော်တို့ဆီက ၁၂ ယောက်ဖိတ်ပါတယ်။ အခုဟာက ကွန်မြူနစ်ပါတီက ဖိတ်တာပါ။ သူ့ကန့်သတ်ချက်က အသက် ၆၀ အောက် ဗဟိုကော်မတီဝင်များ ဆိုပြီးတော့ ဖိတ်ပါတယ်။ ဆိုတော့ ဗဟိုကော်မတီဝင်၊ ဗဟိုအလုပ်မှုဆောင် ၂ ယောက်ရယ်၊ နောက် ကျန်တဲ့ ဗဟိုကော်မတီဝင်တွေ ရယ် လွှတ်ဖို့ ကျနော်တို့ လုပ်နေပါတယ်။ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးညီပု၊ နောက် ဒေါ်နန်းခင်ထွေးမြင့်။ သူတို့နှစ်ယောက် ပါတယ်။ နောက်တခါ ဒေါ်ဖြူဖြူသင်းရယ် ပါတယ်။ ပါတီနှစ်ခုကြားက friendship အတွက်ပေါ့နော်။ သူတို့ဖိတ်တဲ့အတိုင်းဆိုရင်။”

တရုတ်လူငယ်အဖွဲ့ရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ကိုယ်စားလှယ်တွေလည်း မကြာခင်မှာ တရုတ်နိုင်ငံသွားဖို့ရှိတယ်လို့ ဦးဟန်သာမြင့်က ပြောပါတယ်။

“လူငယ်တွေသွားဖို့လည်း ရှိပါတယ်။ လူငယ်တွေ နောက်ထပ် ၈ ယောက်သွားဖို့ ရှိပါတယ်။ China Federation of Youth ဆိုတာရှိတယ်။ အဲဒီက ဖိတ်တာ။ အဲဒီကိုသွားရမှာ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပြင် အခြားနိုင်ငံရေးပါတီ ကိုယ်စားလှယ်အချို့ ကို ပါတီချင်း ဆက်ဆံရေးအတွက် တရုတ်နိုင်ငံကိုလေ့လာဖို့ ဖိတ်ကြားခဲ့တယ် လို့ သိရပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ဟိုအရင် စစ်အစိုးရလက်ထက် တလျှောက်လုံးမှာတော့၊ တရုတ်အစိုးရပိုင်း အနေနဲ့ မြန်မာစစ်အစိုးရနဲ့ပဲ တောက်လျှောက် ဆက်ဆံမှုရှိခဲ့သလို၊ အာဏာရ တရုတ်ကွန်မြူနစ်ပါတီ ဟာလည်း စစ်အစိုးရဖွဲ့ထားတဲ့ ကြံ့ခိုင်ရေးအသင်းကို ပါတီတရပ်လို သဘောထားပြီး နှစ်ပါတီ ဆက်ဆံရေး ထူထောင်ခဲ့တာပါ။ ကြံ့ခိုင်ရေး အသင်းကို နိုင်ငံရေးပါတီဖွဲ့ပြီးတဲ့ နောက်မှာလည်း တရုတ်ကွန်မြူနစ်ပါတီ အနေနဲ့ ကြံ့ခိုင်ရေးပါတီကိုပဲ ထဲထဲဝင်ဝင် ဆက်ဆံခဲ့ပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်း မြန်မာအစိုးရကလည်း တရုတ်အပြင် အခြား အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းလာခဲ့သလို၊ တရုတ်ဘက်က လည်း မြန်မာနိုင်ငံထဲက အခြား နိုင်ငံရေး အင်အားစုတွေနဲ့ ထိတွေ့ ဆက်ဆံမှုတွေ လုပ်လာတာတွေ့ရပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း မကြာခင်က သူတို့လုပ်ခဲ့တဲ့ ပါတီညီလာခံဖွင့်ပွဲကို အနောက်နိုင်ငံ သံတမန်တွေအပြင် တရုတ်နဲ့အခြား အာဆီယံဒေသ သံတမန်တွေကိုပါ ဖိတ်ကြားခဲ့ပါတယ်။

ယူဂိုဆလားဗီးယား နိုင်ငံတော်ပြိုကွဲမှု

ယူဂိုဆလားဗီးယား နိုင်ငံတော်ပြိုကွဲမှု (အပိုင်း - ၁)

နိဒါန်း

ပြည်တွင်းပဋ္ဋိပက္ခတွေမှာ အိုင်အိုလို့အတိုကောက်ခေါ်ကြတဲ့ International Organizations (နိုင်ငံတကာအဖွဲ့အစည်းများ) ကို ကိုယ်စားပြုပြီး၊ ကျယ်ကျယ်လောင်လောင် အသံပြုလေ့ရှိကြရာမှာ ဥရောပက အီးယူ (European Union) ကလဲ တခုအပါအ၀င်ဖြစ်ပါတယ်။ အီးယူဆိုတဲ့ အဖွဲ့အစည်းဟာ (၁၉၉၃) ခုနှစ်မှာ Treaty of Maastricht အရ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းဖြစ်ပြီး၊ (၂၀၀၉) ခုနှစ်၊ ဒီဇင်ဘာလမှာ Treaty of Lisbon စတင်အသက်ဝင်လာချိန်မှာ အီးစီလို့ အတိုကောက်ခေါ်ကြတဲ့ European Communities ရဲ့ လုပ်ငန်းတာဝန်များကို အစားထိုးထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အီးစီဆိုတဲ့ အဖွဲ့အစည်းကတော့ (၁၉၅၇) ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ European Economic Community (EEC) ကို ရည်ညွှန်းတာဖြစ်ပါတယ်။ မူလ အီးအီးစီမှာ ဘယ်လ်ဂျီယံ၊ ဂျာမဏီ၊ ပြင်သစ်၊ အီတလီ၊ လူဇင်ဘတ်နဲ့ နယ်သာလန်နိုင်ငံတို့ ပါဝင်ခဲ့ပါတယ်။ (၁၉၇၃) ခုနှစ်မှာ ဗြိတိန်၊ ဒိန်းမတ်၊ အိုင်ယာလန်နိုင်ငံတို့ပါဝင်ပြီး၊ အဖွဲ့ဝင် ကိုးနိုင်ငံ ဖြစ်လာပါတယ်။ (၁၉၈၁) ခုနှစ်မှာ ဂရိနိုင်ငံက အဖွဲ့ဝင်အဖြစ် ထပ်မံ ပါဝင်လာခဲ့ပြီး၊ ဆယ်နိုင်ငံ ဖြစ်လာပါတယ်။ (၁၉၈၆) ခုနှစ်မှာ စပိန်နဲ့ ပေါ်တူဂီနိုင်ငံတို့ ထပ်မံပါဝင်လာပြီး၊ ဆယ့်နှစ်နိုင်ငံ ဖြစ်လာပါတယ်။ (၁၉၉၅) ခုနှစ်မှာ ဆွီဒင်၊ ဖင်လန်နဲ့ သြစတြီးယားတို့ ထပ်မံပါဝင်လာပြီး၊ ဆယ့်ငါးနိုင်ငံ ဖြစ်လာပါတယ်။ (၂၀၀၄) ခုနှစ်မှာတော့ အရှေ့ဥရောပမှာ နိုင်ငံဆယ်နိုင်ငံ ထပ်မံပါဝင်လာပြီး၊ နှစ်ဆယ့်ငါးနိုင်ငံ ဖြစ်လာပါတယ်။ (၂၀၀၇) ခုနှစ်မှာ ရိုမေးနီးယားနဲ့ ဘူလ်ဂေးရီးယား တို့ ထပ်မံပါဝင်လာပြီး၊ နှစ်ဆယ့် ခုနှစ်နိုင်ငံဖြစ်လာခဲ့တာကြောင့် အီးယူရဲ့ နိုင်ငံရေး၊ စီးပွားရေးအခန်းကဏ္ဍကလဲ အတော်ပဲ ကျယ်ပြန့်လာခဲ့ပါတယ်။ ယူဂိုဆလားဗီးယား နိုင်ငံတော် ပြိုကွဲမှု ဖြစ်ပွားစဉ်က အီးယူအမည် မပေါ်ပေါက်သေးပါဘူး။ အီးစီ အမည်နဲ့ပဲ ရပ်တည်ဆဲ ရှိပါသေးတယ်။ ဒီအချိန်ကာလက ယူဂိုဆလားဗီးယားရဲ့ ပြည်တွင်းရေးမှာ အီးစီအနေနဲ့ ပါဝင်ပတ်သက်ခဲ့မှုတွေကို ဒီဆောင်းပါးမှာ ရေးသားတင်ပြပါမယ်။

နိုင်ငံတော်ပြိုကွဲမှုစတင်ခြင်း

(၁၉၈၉) မတိုင်ခင်ကာလအထိ ယူဂိုဆလားဗီးယားနိုင်ငံဟာ စစ်အေးတိုက်ပွဲမှာ မပါဝင်သော ကြားနေနိုင်ငံတခုဖြစ်ခဲ့ပါတယ်။ (၁၉၇၀) ကာလတွေကတည်းက အီးစီ (European Community) နဲ့ ဆက်ဆံရေးတွေ ရှိခဲ့ပေမယ့်၊ (၁၉၈၉) ခုနှစ်ရောက်မှသာ အီးစီနဲ့ တရားဝင် ဆက်ဆံရေးတည်ဆောက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ (၁၉၉၀) ခုနှစ်ရောက်တော့ အီးစီဘက်ကနေ PHARE eligibility စတဲ့ အစီအစဉ်တွေနဲ့ တုန့်ပြန်ခဲ့ပေမယ့်၊ အီးစီရဲ့ သတ်မှတ်ချက်အဆင့်အတန်းတွေကို မမှီနိုင်တဲ့ ဘဲလ်ဂရိတ်အခက်အခဲတွေကြောင့် ရှေ့တိုးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီသတ်မှတ်ချက် အဆင့်အတန်းတွေထဲမှာ ဒီမိုကရေစီပေါ်အခြေခံပြီး ကျင်းပတဲ့ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဖယ်ဒရယ် ရွေးကောက်ပွဲဆိုတဲ့ အချက်လဲ ပါဝင်ပါတယ်။ ဒီလိုနဲ့ (၁၉၉၁) ခုနှစ်ရောက်တော့ ဖယ်ဒရယ်ရွေးကောက်ပွဲထွက်ပေါ်လာဖို့ အရေးက ပိုပြီး ခက်ခဲလာပါတယ်။

အဲဒီအချိန်မှာ ယူဂိုဆလားဗီးယား ဖွဲ့စည်းပုံအခြေခံဥပဒေအရ အလှည့်ကျ ဖယ်ဒရယ်ဥက္ကဌ ဖြစ်သူက Croat အမျိုးသားဖြစ်တဲ့ Stipe Mesic ဖြစ်ပါတယ်။ သူ့ကို အီးစီရဲ့ကိုယ်စား Jacque Delors က ဖွဲ့စည်းပုံရေးရာ ပြဿနာဖြစ်နေတဲ့အပေါ်မှာ ငြိမ်းချမ်းတဲ့ ဒိုင်ယာလော့ခ်နည်းနဲ့ ဖြေရှင်းမယ်ဆိုရင် စီးပွားရေး အထောက်အကူုပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ နိုင်ငံတကာအနေနဲ့ကတော့ ဒီလို ကမ်းလှမ်းချက်တွေပေးရတာ အလွန်ပဲ လွယ်ကူလှပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းတဲ့ ဒိုင်ယာလော့ခ် နည်းလမ်းဆိုတာက ပဋ္ဋိပက္ခမှာ ပါဝင်ပတ်သက်နေသူတွေအားလုံးက ဒီနည်းနဲ့ ဖြေရှင်းမယ်လို့ လက်ခံမှ အောင်မြင်တဲ့ အရာပါ။ ဒါပေမယ့် ငြိမ်းချမ်းတဲ့ ဒိုင်ယာလော့ခ် နည်းလမ်းဆိုတာက ပဋ္ဋိပက္ခမှာ ပါဝင်ပတ်သက်နေသူတွေအားလုံးက ဒီနည်းနဲ့ ဖြေရှင်းမယ်လို့ လက်ခံမှ အောင်မြင်တဲ့ အရာပါ။ ဒီအတွက် ဒီနည်းလမ်းကို လက်ခံသဘောတူနိုင်တဲ့ နိုင်ငံရေး ယဉ်ကျေးမှု အခင်းအကျင်းကို ကနဦးတည်ဆောက်ထားဖို့ လိုအပ်ပါတယ်။ ယူဂိုဆလားဗီးယားမှာ ဒီလိုနိုင်ငံရေးယဉ်ကျေးမှု အခင်းအကျင်း တည်ဆောက်ထားမှု မရှိခဲ့ပါဘူး။ ဒါကြောင့် ဒိုင်ယာလော့ခ်နည်းလမ်းကို ဆာဗ့်အမျိုးသားတွေသာမက ခရိုအက်အမျိုးသား အများစုကပါ ကန့်ကွက်ခဲ့ကြပါတယ်။

(၁၉၉၁) ခု၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှာ စလိုဗီနီးယား (Slovenia) က ယူဂိုဆလားဗီးယားကနေ ခွဲထွက်သွားပါတယ်။ တပြိုင်နက်တည်းမှာပဲ ခရိုအေးရှား (Croatia) ကလဲ ခွဲထွက်ဖို့ ပြင်ဆင်ပါတယ်။ အီးစီကတော့ ဒါတွေကို လျစ်လျုရှုထားပြီး အလှည့်ကျ ဥက္ကဌလုပ်တဲ့ ဖဒရေးရှင်း အိုင်ဒီယာကိုပဲ ဆက်ပြီး ပံ့ပိုးပါတယ်။ ဒိုင်ယာလော့ခ်နည်းနဲ့ ဖြေရှင်းကြဖို့ တွန်းအားပေးပါတယ်။ ဒီလိုအချိန်မှာပဲ (၁၉၉၁) ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့ ရောက်တော့ နိုင်ငံတကာ သဘောထားတွေကို လျစ်လျူရှုပြီး စလိုဗီနီးယားနဲ့ ခရိုအေးရှားတို့က သူတို့ဘာသာ လွတ်လပ်ရေးကြေညာလိုက်ပါတော့တယ်။

ဒါကို တုန့်ပြန်တဲ့အနေနဲ့ ယူဂိုဆလားဗီးယား နိုင်ငံတော် ဖဒရယ်တပ်တွေက ဇွန်လ (၂၇) ရက်နေ့မှာ Ljubljana ကို ၀င်ပါတယ်။ ဖဒရယ်စစ်တပ်တွေက ခရိုအေးရှားကို ၀င်ရောက်ပြီး ဘော့စနီးယား- ဟာဇီဂိုးဗီးနားအထိ ရောက်လာပါတယ်။ အီးစီကလဲ ဒီအခြေအနေတွေ အပေါ်မှာ ချက်ချင်းတုန့်ပြန်ပါတယ်။ အီးစီဘက်ကကြည့်မယ်ဆိုရင် ယူဂိုစလားဗီးယား နိုင်ငံတော်ပြိုကွဲတာက ပထမ ဦးစားပေး အချက် မဟုတ်ပါဘူး။ ပြိုကွဲမှုက ယူဂိုဆလားဗီးယား နယ်နိမိတ်ကို ကျော်လွန်ပြီး တခြားနယ်မြေတွေထဲ မပြန့်ပွားလာရေးက အဓိက ဖြစ်ပါတယ်။ ဒါကြောင့် အီးစီအနေနဲ့က ဒီကိစ္စကို ကနဦး ဦးစားပေးရပါတယ်။ ဒီကိစ္စပြီးမှ သံတမန်နည်းလမ်းများသုံးပြီး အဖြေရှာဖို့ အီးစီက တွန်းအားပေး ပြောကြားပါတယ်။

လူဇင်းဘတ်၊ အီတလီ၊ နယ်သာလန် နိုင်ငံများက သမ္မတဟောင်း၊ သမ္မတသစ်များ၊ နိုင်ငံခြားရေးဝန်ကြီးများနဲ့ ကော်မရှင်တာဝန်ခံများပါဝင်တဲ့ Troika ဆိုတဲ့ အချက်အလက်ရှာဖွေရေး အလည်အပတ်သွားရောက်မှု (fact-finding visit) နည်းလမ်း စတင်ပါတယ်။ နောက်တော့ Troika က ယူဂိုဆလပ် လူထုတပ်မတော် (ဂျေအင်အေ) အနေနဲ့ ခွဲထွက်သွားတဲ့ နယ်မြေတွေကနေ မထွက်ခွာရင် အီးစီက ပံ့ပိုးကူညီနေမှုတွေအားလုံးကို ရပ်တန့်မယ်လို့ ဆိုပါတယ်။ လွတ်လပ်ရေးကြေညာမှုတွေကိုလဲ သုံးလ ရပ်ဆိုင်းထားရမယ်လို့ ဆိုခဲ့ပါတယ်။ စီအက်စ်စီအီး (Conference on security and co-operation in Europe) ရဲ့ အရေးပေါ် အကြံပေး လုပ်ထုံးလုပ်နည်းများကို စတင်အကောင်အထည်ဖော်ပါတယ်။ ဒီလိုသံခင်းတမန်ခင်းလေးတွေကြောင့် အပစ်အခတ်ရပ်စဲမှု ရပ်တန့်ရေး အစီအစဉ်တွေ ထွက်ပေါ်လာပါတယ်။ ဒါပေမယ့် မကြာခင်ပဲ ပြန်ပျက်သွားပါတယ်။

ဇူလိုင်လထဲရောက်တော့ Troika ထဲက နိုင်ငံခြားရေး ၀န်ကြီးတွေလဲ သူတို့ရဲ့ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းမှု မအောင်မြင်ဘူးဆိုတာ သိမြင်လာကြပါတယ်။ ဒါကြောင့် ဇူလိုင်လ (၅) ရက်နေ့မှာ ယူဂိုဆလားဗီးယားရော၊ ခွဲထွက်ဒေသတွေကိုပါ စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ တင်ပို့ ရောင်းချတာကို ကန့်ကွက်လိုက်ကြပါတယ်။ ဇူလိုင်လ (၇) ရက်နေ့မှာ Troika's Brioni Agreement ထွက်လာတော့ တစုံတရာအကျိုးများ ထူးလာလေမလားလို့ လူအများက စောင့်မျှော်ကြပါတယ်။ ဒါပေမယ့်လဲ ဒီသဘောတူညီချက်က စလိုဗီးနီးယားနဲ့ပဲ အဓိက သက်ဆိုင်တာဖြစ်ပြီး၊ လေ့လာစောင့်ကြည့်ရေးမစ်ရှင် ဖွဲ့ဖို့ လိုအပ်ချက်ဖြစ်လာပါတယ်။

အီးစီမှာကလဲ တရားဝင်စစ်တပ်နဲ့ လုံခြုံရေး ဖွဲ့စည်းပုံ (security structures) မရှိသေးပါဘူး။ ဒါတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးရမယ့် Maastricht Summit ကလဲ ဒီဇင်ဘာမှ စမှာ ဖြစ်ပါတယ်။ နောက်တချက်က ပြဿနာအရပ်ရပ်ဟာ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတာ ဖြစ်တဲ့အတွက် သံတမန်နည်းလမ်း မဟုတ်တဲ့ တခြား ၀င်ရောက်စွက်ဖက်မှုတွေ ပြုလုပ်မယ်ဆိုရင်လဲ ပြည်တွင်းအချုပ်အခြာအာဏာနဲ့ တရားဥပေဒေကို ဖယ်ရှားပစ်ရာ ရောက်တာကြောင့် နိုင်ငံတကာဥပေဒေက ခွင့်ပြုထားခြင်း မရှိပါဘူး။

နောက်ဆုံး စလိုဗီးနီးယားမှာ အကြီးအကျယ် စစ်ပွဲတွေ ဖြစ်နေချိန်အထိ အီးစီကတော့ ယူဂိုစလားဗီးယားနိုင်ငံ မပြိုကွဲရေး ကိုပဲ တောင်းဆိုပါတယ်။ ဒီလို တောင်းဆိုလို့ မပြိုကွဲရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဖယ်ဒရယ်စစ်တပ်ကို ထောက်ခံအားပေးလားဆိုတော့လဲ အားမပေးပြန်ပါဘူး။ အီးစီအနေနဲ့ ကြားဝင်စေ့စပ်ဖြေရှင်းပေးမှာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ပဲ ဆိုပါတယ်။ Brioni အစည်းအဝေးအပြီးမှ အီးစီ ဥက္ကဌ Jacques Poo က သံတမန်နည်းလမ်းများအောင်မြင်သွားပြီ ဖြစ်တဲ့အတွက် The hour of Europe လို့ တင်စားခဲ့ဖူးပါတယ်။

ဒါပေမယ့်လဲ မကြာခင်မှာလဲ Brioni Accords ကြီးက ပြိုလဲခဲ့တာ ဖြစ်လေတော့ ဒီအပေါ်မှာ အခြေခံထားခဲ့တဲ့ စေ့စပ်ဆွေးနွေးရေး၊ အပစ်အခတ်ရပ်စဲရေးဆိုတာတွေကလဲ အိပ်မက် ပမာပါပဲ။ ဒီ Brioni Accords ကလဲ စလိုဗီးနီးယားအရေးပဲ အာရုံစိုက်ထားခဲ့တာကြောင့် ခရိုအေးရှား အရေးကို ဖြေရှင်းဖို့အတွက်ကျတော့ အသုံးမ၀င်လှပါဘူး။ တပူပေါ်နှစ်ပူ ထပ်ဆင့်လာတာကတော့ ဘော့စနီးယားနဲ့ မက်စီဒိုးနီးယား တို့ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေကလဲ ကိုယ်ပိုင် အုပ်ချုပ်ရေးကို တောင်းဆိုလာကြပြန်ပါတယ်။

(၁၉၉၁) ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့မှာ လန်ဒန်မှာ WEU (Western European Union) အစည်းအဝေးလုပ်ပါတယ်။ ဒီအစည်းအဝေးမှာ ပြင်သစ်က ဦးဆောင်ပြီး ဆာဗ့်နဲ့ခရိုအက်တွေကြားက ပြဿနာကို စစ်အင်အားသုံးဝင်ရောက်စွက်ဖက် ဖြေရှင်းခြင်း (military intervention) ပြုလုပ်ဖို့ အဆိုတင်သွင်းပါတယ်။

ဒီအဆိုကို ဘယ်လဂျီယန်နဲ့ အီတလီက ထောက်ခံခဲ့ပြီး၊ ဒိန်းမတ်နဲ့ ပေါ်တူဂီကတော့ တက်တက်ကြွကြွ ထောက်ခံခြင်း မရှိခဲ့ပါဘူး။ ဗြိတိန်ကတော့ လိုအပ်မယ့် စစ်အင်အားနဲ့ ပတ်သက်ပြီး အနည်းငယ် စိုးရိမ်နေခဲ့ပါတယ်။ လူမျိုးရေး၊ နိုင်ငံခွဲထွက်ရေး စတာတွေနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံတွင်းမှာတင် ပြဿနာတွေကလဲ ရှိနေလေတော့ ပါဝင်ပတ်သက်ဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။ ဂျာမဏီကလဲ ဂျာမဏီရဲ့ အခြေခံဥပေဒေ (Grundgesetz) ဆိုင်ရာ ပြဌာန်းချက်တွေနဲ့ နယ်မြေပြင်ပမှာ စစ်အင်အားသုံးဖို့အတွက် လိုအပ်မယ့် စစ်ရေးရာတွေကို အကြောင်းပြခဲ့ပါတယ်။

ဒီတော့ အခြေခံအားဖြင့်ကြည့်မယ်ဆိုရင် ယူဂိုဆလားဗီးယား ပြိုကွဲမှုကို တုန့်ပြန်ဖြေရှင်းမှုနဲ့ ပတ်သက်ပြီး အီးစီအတွင်းမှာတင် သဘောထားကွဲလွဲမှုတွေက အများကြီး ဖြစ်နေပါတယ်။ ဒီလိုနဲ့ စက်တင်ဘာ (၁၂) ရက်ရောက်တော့ ဖော့လင်းစစ်ပွဲမှာတုန်းက နှုတ်ထွက်ခဲ့ဖူးတဲ့ ဗြိတိသျှနိုင်ငံခြားရေး ၀န်ကြီးဟောင်း Lord Carrington က ဥက္ကဌ အနေနဲ့ ဦးဆောင်တဲ့ ယူဂိုဆလားဗီးယားရေးရာ နိုင်ငံတကာ ကွန်ဖရင့်တခု Hague မှာ ထွက်ပေါ်လာပါတယ်။ ဒီကွန်ဖရင့် ထွက်ပေါ်လာပြီး မကြာခင်မှာပဲ မက်ဆီဒိုနီးယားက ဖယ်ဒရေးရှင်းနဲ့ အနည်းငယ်သာ ဆက်စပ်မှုရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ သတ်မှတ်မှုကို လက်ခံမယ်လို့ အဆိုပြုခဲ့ပါတယ်။ ခရိုအေးရှားကို ယူဂိုဆလားဗီးယား ဖယ်ဒရယ် စစ်တပ်က တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး၊ ယူဂိုဆလားဗီးယားကို ကမ္ဘာ့ကုလသမဂ္ဂက arms embargo ပြုလုပ်ပါတယ်။

Carrington ရဲ့ တန်းတူညီမျှခွင့်၊ လူမျိုးရေး အခွင့်အရေးများကို အပြည့်အ၀ ခံစားခွင့် စတာတွေအပေါ်မှာ အခြေခံပြီး ယူဂိုဆလားဗီးယားအတွက် Confederal arrangements တွေ ပြုလုပ်ပေးဖို့ဖြစ်ပါတယ်။ ဒါပေမယ့်လဲ ဒီစီမံချက်မှာ နိုင်ငံတော်နယ်နိမိတ် ယခင်အတိုင်း ရှိရေး ဆိုတဲ့ အချက်ပါတဲ့အတွက် ပြဿနာ ပြေလည်ခြင်း မရှိခဲ့ပါဘူး။ ဆာဗီးယားကို ငြိမ်းချမ်းရေးစီမံချက်ကို လက်ခံဖို့ အီးစီက တိုက်တွန်းခဲ့ပြီး၊ လက်မခံခဲ့ရင် တခြားပူးပေါင်းဆောင်ရွက်တဲ့ နယ်မြေဒေသတွေနဲ့ပဲ ဆက်လက်ဆောင်ရွက်မယ်လို့ ဆိုခဲ့ပါတယ်။

နိုဝင်ဘာ (၈) ရက်ရောက်တော့ ယူဂိုဆလားဗီးယား ဖယ်ဒရေးရှင်း တခုလုံးရဲ့ ဘဏ္ဍာရေး ထောက်ပံ့မှုတွေကို အီးစီက withdraw လုပ်လိုက်ပါတယ်။ Hague က ချမှတ်တဲ့ အပစ်အခတ်ရပ်စဲရေး အစီအစဉ်ပါ သတ်မှတ်ချက်၊ အခြေအနေတွေကို လက်ခံတဲ့ federal entity တွေကိုပဲ ပြန်လည်ထောက်ပံ့မယ်လို့ ဆိုခဲ့ပါတယ်။ ဒီအရေးယူမှုဟာ ဆားဗီးယားကို ဦးတည်တာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးစီမံချက်ကို ဆားဗီးယားက ငြင်းဆိုခဲ့ပါတယ်။ အီးစီဟာ ဘက်လိုက်ဖြေရှင်းနေမှုတွေ ရှိတယ်ဆိုတဲ့ အမြင်တွေ ယူဂိုဆလားဗီးယား ဖယ်ဒရေးရှင်းနဲ့ ခွဲထွက်နယ်မြေထဲမှာ ရှိလာတာကြောင့် ကုလသမဂ္ဂက ကြားဝင်ဖြေရှင်းမယ့် အစီအစဉ်ကို ရှာဖွေလာကြတယ်။

ဒီအခါမှာ အီးစီလဲ ယူဂိုဆလားဗီးယားအရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ စင်ပေါ်မှာ secondary actor နေရာကို ရောက်သွားခဲ့တယ်။ ဒီလို အခြေအနေတွေ ကြားမှာ ယူအင်မ၀င်လာခင် စင်ပေါ်တက်လာ တာကတော့ ဂျာမဏီနိုင်ငံပဲ ဖြစ်ပါတော့တယ်။ အီးစီက ခေါ်ဆိုထားတဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားမှုတွေ၊ ခရိုအေးရှားနဲ့ စလိုဗီးနီးယား ဒေသတွေရဲ့ လွတ်လပ်ရေးကြေညာထားမှုကလဲ de facto ဖြစ်လာတဲ့ အခြေအနေတွေမှာ ဂျာမဏီရဲ့ နိုင်ငံရေးကစားကွက် စတင်ဝင်ရောက်လာပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၅၊ ၅၊ ၂၀၁၃)

ကွန်ပြူတာ၊ ဖုန်းတို့က လူကို တကယ်အိပ်မပျော်စေပါဘူး။

ကွန်ပြူတာ၊ ဖုန်းတို့က လူကို တကယ်အိပ်မပျော်စေပါဘူး။ အဓိက အကြောင်းအရင်းက ဒီလို ဖြစ်ပါတယ်။
စမတ်ဖုန်းနဲ့ Laptop,PC ကွန်ပြူတာတို့မှ ထွက်ရှိတဲ့ အပြာရောင် အလင်းတန်း က ဦးနှောက်ကို ပိုလို လှုပ်ရှားတက်ကြွစေပါတယ်။ တီဗီမှ ထွက်တဲ့ အလင်းလည်းအတူတူပဲ ဖြစ်ပါတယ်။ ယင်း အီလက်ထရောနစ် ပစ္စည်း မျက်နှာပြင်မှ ထွက်တဲ့ အလင်းများဟာ ဦးနှောက်ရဲ့  လုပ်ရှားမှုကို ပိုမို မြန်ဆန်စေတဲ့အတွက် လူက ပင်ပန်းလို့ အိပ်ချင်တာတောင် မအိပ်ချင် ဘူးလို့ ထင်နေရတတ်ပါတယ်။
ဒါကြောင့် ကွန်ပြူတာ သုံးနေရင်း၊ ဂိမ်းဆော့နေရင်း ညသန်းခေါင်ကျော် သွားတာ သတိမထားမိ တာမျိုး၊ စမတ်ဖုန်းနဲ့ အင်တာနက် သုံးနေရင်း၊ ဂိမ်းဆော့နေရင်း အိပ်ယာပေါ်မှာ အိပ်မပျော်နိုင် တာမျိုးတို့ ဖြစ်လေ့ဖြစ်ထ ရှိကြပါတယ်။ ဆိုးကျိုးအနေနဲ့ကတော့ အိပ်ရေးမဝ တော့ ပဲ ခေါင်းမူး၊ ခေါင်း ကိုက်ဖြစ်စေပါတယ်။ ဒါကြောင့် ကွန်ပြူတာ၊ စမတ်ဖုန်း တို့ကို ညအချိန် အသုံးပြုသူများ အနေနဲ့ ကျန်းမာရေး မထိခိုက်စေရန် သတိထားလို့ တိုက်တွန်းထားကြောင်း သိရပါတယ်။
--
Ref: medic-facts
ရိုးရာလေး ကျန်းမာရေး

တားမြစ်ထားသည့် သီလ၀ါ အထူးစီးပွားရေးဇုန် အနီးရှိ လယ်မြေ စပါးစိုက်မည်

အောင်ဗိုလ်ဟိန်း | စနေနေ့၊ မေလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၃၄ မိနစ်
ရန်ကုန် (မဇ္ဈိမ)။       ။ ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ် ကျောက်တန်းအနီး လယ်မြေဧက တချို့တွင် စပါး မစိုက်ရန် တားမြစ်ထားသော်လည်း သီလ၀ါအထူး စီးပွားရေးဇုံ အနီးလယ်မြေဧက ၈၀၀ကျော်ကို လယ်ပိုင်ရှင် များက စပါးစိုက်ပျိုးသွားမည် ဟုလယ်ပိုင်ရှင်အချို့ထံမှ သတင်းရရှိသည်။

တားမြစ်ခံ လယ်မြေပိုင်ရှင် ဦးကျော်စိုးက “ ကျွန်တော်တို့ကလယ်ပဲလုပ်ချင်တာ လျော်ကြေးတွေ ဘာတွေခေါင်းထဲ မထည့်ဘူး။ ကျွန်တော်တို့ လယ်သမားတွေက လယ်လုပ်မှ ထမင်းစားရမှာ လယ်မလုပ်ရင် ထမင်းမစားရဘူး။ အဲဒါကြောင့် လယ်ပဲလုပ်ချင်တယ် ” ဟု ဆိုသည်။

စပါးမစိုက်ပျိုးရန် တားမြစ်ခံ ထားရသော လယ်မြေဧကမှာ ၈၀၈ ဧကရှိပြီး သီလဝါ အထူး စီးပွားရေးဇုန်၏တောင်ဘက်တွင် တည်ရှိကာ ပြီးခဲ့သည့် ဧပရယ် ၂၆ ရက်က နှုတ်မိန့်ဖြင့် စစ်တပ်မှ အငြိမ်းစားအရာရှိ တစ်ဦးက တားမြစ်ခဲ့သည်။

 ယင်း လယ်မြေများမှာ လယ်သမားဦးရေ ၂၉ ဦးပိုင်ဆိုင်ပြီး ပါဝင်သော ရွာများမှာ ဘုရားကုန်း ၊ တရာကုန်း၊ အလွမ်းဆွတ် ၊ သီလဝါ ၊ ဖလန်း၊ ကုန်းတန်းကျေးရွာတို့  ဖြစ်ကြောင်း ဒေသခံ လယ်သမားများကပြောကြားသည်။

ဒေသခံ လယ်သမားတဦးဖြစ်သူ ဦးအေးဌေးက “ သူတို့က ရူးလို့ ဖယ်ခိုင်းတာပါ။ ကျွန်တော်တို့က ဘယ်တော့မှ ဖယ်မှာမဟုတ်ဘူး။ တောင်သူလယ်သမားတွေရဲ့ ရပိုင်ခွင့် မရသ၍ လုံးဝမဖယ်ပါဘူး ဒီနှစ်မိုးရာသီမှာ လယ်ထွန်ခွင့်မပေးတော့ဘူး၊ ထွန်ချင်ထွန် ခင်ဗျားတို့ စိုက်ပျိုးစရိတ်တွေ ရှုံးမှာဘဲလို့ ပြောတယ် ဒီလိုလုပ်တာဟာ ဥပဒေနဲ့ လုံးဝ မကိုက်ညီဘူး၊ ၂၀၁၂ လယ်ယာမြေ ဥပဒေနဲ့ လုံးဝကို မကိုက်တာပါ” ဟုသူ့အမြင်ကို ပြောသည်။

လက်ရှိတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအဝင် လယ်မြေနှင့် အခြားမြေ သိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေးကော်မရှင် ၊ လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီတို့ကို ယင်းလယ်ယာမြေများကို စိုက်ပျိုးခွင့် ရရှိရန်အတွက် တင်ပြထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ခြင်းမရှိကြောင်း ဒေသခံ လယ်သမား ဦးစန်းဝင်းက ဆိုသည်။

အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က “အဲဒီနေရာဒေသတွေက နည်းနည်းရှုပ်တယ်ဗျ ၊ ကျွန်တော်လည်း ကောင်းကောင်းမသိဘူး၊  အဲဒီတော့ တစ်ကယ့် အမှန်တစ်ကယ်တောင်သူကြီးတွေကို မနစ်နာသွားစေချင်ဘူး ၊ တစ်ခြားမရိုးမသား ဘေးကနေ လုပ်နေသူတွေ ပိုက်ဆံချမ်းသာတဲ့ ကုမ္ပဏီ ကြီးတွေက လျော်ကြေးတွေ ဘာတွေ ရပြီး တစ်ကယ့် လယ်သမားတွေ ဘာမှ မရလိုက်မှာကို စိုးရိမ်ပါတယ် ”ဟု ပြောကြားသည်။

သီလဝါ အထူးစီးပွားရေးဇုန်အနီးရှိ နေရာများ သိမ်းဆည်းခြင်းများကို ရန်ကုန်တိုင်းဒေသကြီးမှ ကိုင်တွယ်
ဆောင်ရွတ်နေကြောင်း ၊ ယင်းသို့ သိမ်းဆည်းရာတွင် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ပါဝင်သကဲ့သို့ အခြားစီမံကိန်းများ အတွက်လည်း တစ်ပြိုင်ထဲ သိမ်းဆည်း နေသောကြောင့် လယ်မြေများနှင့် ပတ်သက်၍ ကွဲကွဲပြားပြား မသိရှိကြောင်း ဒုဝန်ကြီး ဦးဆက်အောင်က ရှင်းပြသည်။





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

NLD ဗဟိုအလုပ်အမှုဆောင်တွေ တရုတ်ပြည် သွားမည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဟာ လာမယ့်သီတင်းပတ်အတွင်း တရုတ်ပြည်ကို လေ့လာရေးခရီး သွားရောက်ကြမယ်လို့ သတင်းရရှိပါတယ်။

ပါတီနှစ်ခု ချစ်ကြည်ရင်းနှီးဖို့ရည်ရွယ်ပြီး ဒီခရီးစဉ်ကို စေလွှတ်မှာဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က RFA ကို ပြောပါတယ်။

"ဘယ်သူနဲ့တွေ့မယ် ဘာညာကတော့ မသိပါဘူးခင်ဗျာ၊ သူတို့ဖိတ်စာမှာကတော့ တရုပ်ပြည်သူ့သမ္မတနိုင်ငံက ကွန်မြူနစ်ပါတီကနေ ဖိတ်ပါတယ်၊ ချစ်ကြည်ရင်းနှီးဖို့ဆိုပြီးတော့ ဖိတ်ပါတယ်"
ဒီခရီးစဉ်ကို NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညီပုဦးဆောင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းအပါအ၀င် အဖွဲ့ဝင် ၁၂ ဦးက သွားရောက်မှာဖြစ်ပြီး၊
ဒီခရီးစဉ်ဟာ မေလ ၈ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ ၁၀ရက် ကြာမြင့်မှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ ကိုယ်စားလှယ်တို့ကိုလည်း တရုတ်အစိုးရ ကွန်မြူနစ်ပါတီကဖိတ်ခေါ်ပြီး ပါတီအကြီးအကဲတွေနဲ့ ပြီးခဲ့တဲ့ဧပြီလထဲမှာ တွေ့ဆုံခဲ့ပါသေးတယ်။

နေစွမ်းအင်သုံးလေယာဉ်ကို လူကိုယ်တိုင်မောင်းနှင်ပျံသန်း

ဗွီအိုအေ (မြန်မာဌာန)         04.05.2013
အမေရိကန်ပြည်ထောင်စုမှာဆွစ်ဇာလန်နိုင်ငံသား လေယာဉ်မှူးတယောက်က နေရောင်ခြည်စွမ်း
အင်ကိုသာ အသုံးပြုတဲ့ လေယာဉ်ငယ်တစီးကို ပထမဆုံးအကြိမ် မှောင်းနှင်ပြီး အနောက်အလယ်ပိုင်း အယ်ရီဇိုးနားပြည်နယ်၊ Phoenix မြို့ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ လေယာဉ်မှူး Bertrand Piccard ဟာ ပထမဆုံးအကြိမ် လူကိုယ်တိုင် မောင်းနှင်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို ဒေသစံတော်ချိန် ည သန်းခေါင်အချိန် လုံးဝ မှောင်မိုက်နေတဲ့အချိန်မှာ ဆင်းသက်ခဲ့တာဖြစ်ပါတယ်။

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်ကို နေ့ရောညပါ မောင်းနှင်လို့ရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းကနေ အယ်ရီဇိုးနားပြည်နယ် Phoenix မြို့အထိ ပျမ်းမျှ တနာရီ မိုင်သုံးဆယ်နှုန်းနဲ့ နာရီနှစ်ဆယ်ကြာ ပျံသန်းခဲ့တာဖြစ်ပါတယ်။

လေယာဉ်မှူး Bertrand Piccard နဲ့ ဒုလေယာဉ်မှူး Andre Borschberg တို့ဟာ လေယာဉ်ကို တလှည့်စီမောင်းကြဖို့ စီစဉ်ထားပြီး ရှေ့လမှာ နယူးယောက်မြို့ကို အရောက်ပျံသန်းကြမှာ ဖြစ်ပါတယ်။ ခရီးစဉ်တလျှောက် Phoenix မြို့၊ Texas ပြည်နယ် Dallas မြို့၊ St. Louis မြို့နဲ့ ၀ါရှင်တန်မြို့တော်တွေမှာလည်း ရပ်နားဖို့ရှိပါတယ်။

အဲဒီလေယာဉ်ရဲ့အတောင်ပံဟာ ၇၄၇ ဂျက်လေယာဉ်တောင်ပံအတိုင်း အလျား အရှည်ရှိပေမဲ့ အလေးချိန်ကတော့ ဆလွန်းကားတစီးရဲ့ အလေးချိန်လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ လေယာဉ်ကနေ နေရောင်ခြည်စွမ်းအင်ကို စုစည်းပြီး ဘက်ထရီတွေနဲ့ သိမ်းဆည်းထားတာဖြစ်လို့ နေ့ရောညပါ မောင်းနှင်နိုင်ပါတယ်။ ဒါပေမဲ့ လေယာဉ်ဟာ အမြန်ဆုံး တနာရီကို ၄၂ မိုင်နှုန်းနဲ့သာ မောင်းနှင်နိုင်သလို မကြာခဏ ရပ်နားရပြီး လေယာဉ်မှူးတယောက်နဲ့ ခရီးသည်တယောက်သာ လိုက်ပါနိုင်တာဖြစ်ပါတယ်။

မြန်မာသံရုံးတိုက်ခိုက်ဖို့အစီအစဉ် အင်ဒိုနီးရှားရဲဖော်ထုတ်



ကိုအောင်လွင်ဦး          03.05.2013
ဂျကာတာမြို့တော်မှာရှိတဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်သူတွေအဖြစ် လူ ၂ ယောက်ကို  အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ မကြာသေးခင်တုန်းက မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေကို မကျေနပ်ကြောင်း ပြသတဲ့အနေနဲ့ တိုက်ခိုက်ဖို့ စီစဉ်ခဲ့တာလို့လည်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။ မြန်မာနိုင်ငံတွင်းက သွေးထွက်သံယို ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ပြည်ပနိုင်ငံတွေအထိ ရိုက်ခတ်လာနေတဲ့ အခြေအနေတွေကိုတော့ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။

အာဇာနီတွေနေတဲ့တိုင်းပြေ ။

 အမှုဖွင့်ခံထားရတဲ့သူတွေထဲမှာတေ့ ကျွန်တော်က အများဆုံး ၁၈ မှု
အဖွင့်ခံထားရတယ်။ ဘာပုဒ်မတွေနဲ့  ဖွင့်ထားတယ်ဆိုတာတော့ မသိရသေးပါဘူး။
အရင် စစ်အစိုးရလက်ထက်ကတည်းက လက်ပံတောင်းဒေသမှာ တစ်ချက်လွှတ်
အာဏာနဲ့  ဥပဒေကို လိုအပ်သလိုအသုံးချပြီး တောင်သူလယ်သမားတွေရဲ့ 
လယ်ယာမြေတွေကို တဖက်သတ် သိမ်းယူခဲ့ကြပါတယ်။ အခု ဦးသိန်းစိန်အစိုးရ
လက်ထက် ရောက်လာတဲ့အခါမှာ ဒီဒေသက တောင်သူတွေဟာ
သူတို့ ရဲ့ ဘ၀နဲ့ အသက်ဖြစ်တဲ့မြေယာတွေကို မတရားသဖြင့် ရယူသိမ်းပိုက်ထားတဲ့
ဦးပိုင်လက်ထဲကနေ ပြန်ရဖို့ အတွက် ရုန်းကန်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီသတင်းကိုကြားတဲ့အခါမှာ မတရားခံခဲ့ရတဲ့၊ ခံနေရဆဲဖြစ်တဲ့ တောင်သူလယ်သမား
တွေကို ကူညီမယ်ဆိုပြီး ကျွန်တော်တို့  ဒီဒေသကိုရောက်လာခဲ့ကြပါတယ်။
တဖြည်းဖြည်းနဲ့  လက်ပံတောင်းအရေးက မြန်မာပြည်ကသာမကဘဲ ကမ္ဘာထိအောင်
သိသွားကြတဲ့အတွက် သူတို့ ရဲ့  စစ်အုပ်စုရဲ့  မတရားမှုတွေ ဖော်ထုတ်ခဲ့တဲ့
ကျွန်တော်တို့ ကို အညှိုးအတေးထားပြီး အခုလို အမှုဖွင့်ခဲ့တာလို့  ကျွန်တော်က
တရားရုံးမတင်ဘဲ သူတို့ ကို စွဲချက်တင်ပြောဆိုပါတယ်။ အခု ရှစ်ယောက် အမှုဖွင့်
ခံထားရပေမယ့် ကိုအောင်စိုးကိုတော့ ၂၅ ရက်နေ့ က ဖမ်းသွားပါပြီ။ အဲဒီနေ့ က
ကျွန်တော့်ကိုလည်း မြို့ နယ်ရဲမှူးက ၀င်ဖမ်းပေမယ့် ဒေသခံတွေက သူတို့ 
လက်ထဲကနေ ပြန်လုပေးလို့  ပြန်လွတ်လာတာပါ။ ကျွန်တော်တယောက်တည်း
ဘာ့ကြောင့်အမှုတွေအများကြီးဖွင့်ခံထားရတယ်ဆိုတာတော့ မပြောတတ်ပါဘူးဗျာ။

အဲဒီနေ့ က ကျွန်တော် မိုးကြိုးပြင်ရွာက ကိုဝင်းကျော်ပိုင် ကွင်းအမှတ် ၇၇၄/ခ
ယာကွက်ထဲမှာရှိတယ်။ ကိုဝင်းကျော်ပိုင်ယာ (၁၃) ဧက လျော်ကြေးယူမထားပါဘူး။
မိုးကလည်း အရင်ရက်တွေက ကျလာပြီဆိုတော့ သူပိုင်တဲ့ယာမြေကို သူထွန်တုံးချ
ခဲ့တယ်။ မနက် ၉ နာရီလောက်မှာ မြို့ နယ်ရဲမှူး (အောင်ကျော်)အပါအ၀င်
အရပ်ဝတ်ရဲတစ်ယောက်နဲ့ ရဲအင်အား ၃၀ ကျော်လောက် အဲဒီဒေသကို
ရောက်လာခဲ့တာကစပြီး လက်ပံတောင်းတောင်အကြမ်းဖက်မှုဖြစ်ခဲ့ရပါတယ်။
ရဲမှူးက ကျွန်တော့်ဆံပင်ကိုဆွဲပြီး အကြမ်းဖက်ဝင်ဖမ်းလိုက်တဲ့အချိန်မှာဘဲ
တုတ်၊ ဒိုင်း လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ရဲတွေက ကျွန်တော့်ကို
ဝိုင်းရိုက်ကြတယ်။ အဲဒီအချိန်မှာဘဲ ကိုဝင်းကျော်အကွက်ထဲမှာ ရှိနေကြတဲ့
ဒေသခံတောင်သူ ၁၀ ဦးလောက်က ကျွန်တော် ရဲလက်ထဲမပါရအောင်
အတင်းဝင်လုကြပါတယ်။ ၀င်လုတယ်ဆိုတာ သူတို့ ပြောနေတဲ့ အကြမ်းဖက်တယ်
ဆိုတဲ့ပုံစံ မဟုတ်ဘူးနော်။ တုတ်တွေ ဒိုင်းတွေ ကြားထဲကနေ ကျွန်တော့်ကို
ပြန်ဆွဲထုတ်တာ။ ရဲတစ်ယောက်က လက်ထဲကိုင်ထားတဲ့ဒိုင်းနဲ့  ပြန်လုတဲ့အထဲပါတဲ့
ဒေသခံတောင်သူ ဒေါ်စန်းစန်းဝင်းရဲ့ ခေါင်းကိုရိုက်လိုက်လို့  ဟက်တက်ကွဲသွား
ပါတယ်။ ကျန်တဲ့ ၀ိုင်းဆွဲသူမှန်သမျှလည်း ရဲတွေဝိုင်းရိုက်တာခံရပါတယ်။

အရင် စစ်အစိုးရလက်ထက်တုန်းကတော့ ဒေသခံပြည်သူတွေမှာ
ပြန်လည်တုန့် ပြန်ပြောဆိုဖို့  အခွင့်အရေးတွေ မရခဲ့ကြဘူး။ အခု နိုင်ငံရေးရုပ်ဘဝ
အခြေအနေအရ အနည်းငယ်ပွင့်လင်းမြင်သာမှုရှိလာတဲ့အချိန်ကျမှ သူတို့ တွေ
ပိုင်ဆိုင်ထားတဲ့လယ်မြေတွေ ဆုံးရှုံးရတော့မယ့်အခြေအနေတွေကို ရဲရဲတင်းတင်း
ပြောဆိုလာကြတယ်။ ရင်ဆိုင်လာရဲကြတာတွေကို တွေ့ ရပါတယ်။ ကွန်တော်တို့ က
ဒေသခံပြည်သူတွေကို အသိပညာပေး ဆွေးနွေးမှုတွေဘဲ လုပ်ကြတာပါ။
အဲဒီလို လုပ်လာရင်းနဲ့  သူတို့ လယ်ယာမြေတွေ မဆုံးရှုံးဖို့  သူတို့ အသိနဲ့ သူတို့ 
ကာကွယ်လာကြတယ်။ သိမ်းဆည်းခံထားတာတွေ ပြန်ရဖို့  ငြိမ်းချမ်းစွာနဲ့ 
ပြန်လည်တောင်းဆိုလာခဲ့ကြတာပါ။ အဲဒါကို မြှောက်ပေးတယ်လို့  ပြောကြတယ်
ဆိုရင်တော့ ခင်ဗျားကို တစ်ခုပြောချင်တယ်ဗျာ။ ပြောင်းလဲမှုတိုင်းမှာ ပယောဂဆိုတာ
ပါတယ်။ ဒါ သီအိုရီအရ ပြောတာ။ လက်တွေ့ မှာလည်း ဒီအတိုင်းဘဲ။
ကျွန်တော်တို့ တိုင်းပြည် လွတ်လပ်ရေးရဖို့  ဗိုလ်ချုပ်အောင်ဆန်းဘာလုပ်ခဲ့သလဲ။
စစ်အစိုးရလက်အောက်က လွတ်မြောက်ဖို့  ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်
အနောက်နိုင်ငံတွေကို ဘယ်လိုအကူအညီတွေပေးဖို့ ၊ ဘာတွေလုပ်ပေးဖို့  ပြောခဲ့ရ
သလဲ။ စစ်အစိုးရကရော ကျွန်တော်တို့ ပြည်သူတွေကို နှစ်ပေါင်းများစွာ
ဖိနှိပ်မှုယန္တရားအောက်မှာထားရှိဖို့  လုံခြုံရေးကောင်စီဝင်တွေထဲက ဘယ်သူတွေကို
အကူအညီတွေ တောင်းခဲ့ရသလဲ။ အထောက်အထားတွေ အများကြီးရှိပါတယ်။
နောက်ဆုံးပြောလိုက်မယ်ဗျာ။ သမိုင်းဆိုတာ ဘယ်လိုဘဲဖုံးကွယ် ဖုံးကွယ်ထား
ဖျောက်ဖျက်လို့ တော့ ဘယ်တော့မှမရဘူးဆိုတာပါဘဲ။

ကျွန်တော်တို့ တတွေက ဘယ်လိုပြစ်မှုမျိုးကို ကျူးလွန်မိလို့ လဲ။ ဒေသခံတောင်သူ
လယ်သမားတွေ မတရားဆုံးရှုံးရတော့မယ့်လယ်ယာမြေတွေ ပြန်လည်ရရှိရေးမှာ
ပါဝင်ပြီး ကူညီဆောင်ရွက်ပေးခဲ့တာဘဲရှိတယ်။ နိုင်ငံတော်ကို ပုန်ကန်နေတာလည်း
မဟုတ်ဘူး။ အထိကရုဏ်းဖြစ်အောင်လည်း လုပ်နေတာမဟုတ်ဘူးဆိုတော့
ဘာ့ကြောင့် ပစ်ခတ်ဖမ်းဆီးမယ်လို့ ပြောလဲဆိုတာ မသိပါဘူး။ ပြီးခဲ့တဲ့နှစ်
နိုင်ဝင်ဘာလ ၂၉ ရက် (၂၉၊ ၁၁၊ ၂၀၁၂)က သံဃာတော်တွေနဲ့  ပြည်သူတွေ
ရှိနေတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး သပိတ်စခန်း
တွေကို မီးလောင်ဗုံးတွေသုံးပြီး အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ကိစ္စကျတော့ ဒီကနေ့ ထိ
စုံစမ်းစစ်ဆေး အရေးယူမှုတွေမလုပ်ဘဲ ဖုံးဖိထားပြီး မသိချင်ယောင်ဆောင်
နေတယ်။ အဲဒီကိစ္စမှာ တာဝန်ရှိသူအားလုံးကို ဘယ်သူတွေက ဘယ်တော့
အရေးယူမှာလဲ။ ကျွန်တော်ကတော့ ဒီဒေသက တောင်သူလယ်သမားတွေ
သူတို့ လယ်မြေတွေပေါ်မှာ အေးအေးချမ်းချမ်းနဲ့  ထွန်ယက်စိုက်ပျိုးနိုင်တဲ့အထိ
ဆက်လက်ကူညီဆောင်ရွက်ပေးသွားမှာပါ။ အဖိနှိပ်ခံပြည်သူတွေဘက်က
ကျောင်းသားကောင်းတစ်ဦးအဖြစ် ရပ်တည်ပေးခဲ့ရလို့  ကျွန်တော့်ဘ၀ကို
ကျေနပ်ပါပြီ။ သူတို့ တတွေ (ညောင်ပင်ကြီး စခန်းမှူး)မှာ နဂိုကတည်းက
အစီအစဉ်တွေရှိပြီးသားပါ။ ပြည်သူတွေကို ဘယ်လိုအစီအစဉ်တကျ နှိပ်စက်ရမယ်
ဆိုတာလေ။ နှစ်ပေါင်းများစွာလုပ်လာခဲ့တာဘဲဗျာ။

ဒီဒေသက အထိကရုဏ်းဖြစ်ပေါ်နေတဲ့ဒေသ မဟုတ်ဘူး။ ကျွန်တော်တို့ 
စရောက်တဲ့ ၂၀၁၂ ခုနှစ်၊ ၈ လပိုင်းတည်းက ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ပြီးသားပါ။
(၂၄ နာရီ ဖြတ်သန်းသွားလာခွင့်မပြု) နောက်ပိုင်းမှာလည်း မြို့ နယ်အုပ်ချုပ်ရေးမှူး
ရဲ့  အာဏာနဲ့  နှစ်လတစ်ကြိမ် ပုံမှန်ထုတ်ပြန်လာခဲ့တာ တွေ့ ရတယ်။ ပုဒ်မ ၁၄၄
ထုတ်ပြန်ထားရင် အာဏာပိုင်အဖွဲ့ အစည်းကလွဲလို့  မည်သူမျှ ဖြတ်သန်းမသွားရ
လို့ ဘဲ သိထားတယ်။ အခုကျတော့ ဦးပိုင်၊ ၀မ်ပေါင်က လွတ်လပ်စွာသွားလာနေ
တယ်။ အဆောက်အဦတွေထဲမှာ နေထိုင်နေတယ်။ စီမံကိန်းလုပ်ငန်းခွင်တွေကို
အတားအဆီးမဲ့ ဆက်လက်လုပ်ကိုင်နေတယ်။ တောင်သူတွေထွန်ယက်စိုက်ပျိုးမယ်
ဆိုတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့အတွက် စိုက်ပျိုးလို့ မရဘူးဆိုပြီး
အာဏာပိုင်တွေက ခြိမ်းခြောက်တားမြစ်ကြတယ်။ အကြမ်းဖက်မှုတွေကို
ပေါ်ပေါ်ထင်ထင် လုပ်ကြတယ်။ ကံကုန်းကျေးရွာမှာ လည်ပတ်နေတဲ့
ဦးပိုင်ကုမ္ပဏီပိုင် မိုးကြိုးဆာလဖြူရစ်အက်ဆစ်စက်ရုံက တရားမ၀င်လည်ပတ်
နေတာကို ဘယ်အာဏာပိုင်အဖွဲ့ အစည်းကမှ အရေးယူတာမရှိဘူး။ နှစ်ပေါင်းများစွာ
ကြာနေပြီ။ အစီရင်ခံစာမှာပါတဲ့ ကြေးနီစီမံကိန်းအတွက် စာချုပ်အသစ် ပြန်လည်
ချုပ်ဆိုရမယ်ဆိုတာကို ပြောထားပြီးသားဘဲ။ အခုထိ စာချုပ်သစ် ပြန်လည်
မချုပ်ဆိုရသေးဘူး။ စာချုပ်မရှိရင် တရားမ၀င်ခိုးလုပ်နေတဲ့ စီမံကိန်းဖြစ်နေပြီ။
ဒါကို ဘယ်သူတွေအရေးယူပေးမှာလဲ။ စီမံကိန်းလုပ်ရင် ဖြစ်ပေါ်လာမယ့်
ထိခိုက်မှုတွေကို ကာကွယ်ဖို့ အတွက် ဘယ်မှာလဲ EIA - SIA - HIA ။ ဘာတစ်ခုမှ
မရှိသေးဘူး။ ဒေသခံတောင်သူလယ်သမားတွေအတွက် ပြန်လည်ခွဲဝေပေးမယ့်
လယ်ယာမြေဧက ၉၀၀ ကျော် ဘယ်မှာလဲ။ အစီရင်ခံစာမှာလည်း ပြောထားတာဘဲ။
နှစ် ၆၀ စီမံကိန်းတဲ့။ သူတို့  အခုလယ်ယာမြေလျော်ကြေးပေးလျော်နေတဲ့
စာချုပ်မှာတော့ သားစဉ်မြေးဆက် အပြီးအပိုင်စွန့် လွှတ်ကြောင်း လက်မှတ်ထိုးခိုင်း
ပြီး မတရားသိမ်းယူနေတယ်။ ကာလပေါက်ကြေးအတိုင်း ပေးလျော်မယ်လို့ 
ပါပြီးသားဘဲ။ တစ်ဧက ၁၀ သိန်းဆိုတာ ကာလပေါက်ကြေးလား။ ဘယ်မှာလဲ
စီမံကိန်းစာချုပ်၊ စီမံကိန်းက ဘယ်နှနှစ်လုပ်မယ်မသိသေးဘူး။ မိမိပိုင်လယ်ယာမြေ
တွေကို အပြီးအပိုင် စွန့် လွှတ်လိုက်ရပြီ။ အစီရင်ခံစာမှာပါတဲ့ ဒီအချက်တွေကိုတော့
အရင်မလုပ်ဘဲနဲ့  ပုဒ်မ ၁၄၄ ကို ထောက်ပြနေတာ မတရားဘူးလို့ ပြောချင်ပါတယ်။
ဒီအချက်တွေကိုလုပ်လို့  စီမံကိန်းကိုလက်ခံမယ်လို့  ဆိုလိုတာမဟုတ်ဘူး။
အဲဒါတွေရပြီဆိုရင် ဒေသခံပြည်သူတွေကိုအရင်ပြ၊ ဒေသခံပြည်သူအကုန်လုံးက
လက်ခံရင် စီမံကိန်းဆက်လုပ်ချင်လုပ်ပေါ့။

လက်ပံတောင်းတောင်က ပြည်သူတွေ အဖိနှိပ်ခံဘ၀က အမြန်ဆုံးလွတ်မြောက်
စေချင်သလို ဒီမြေကြီး၊ ဒီရေကိုသောက်ပြီး ဒီနိုင်ငံမှာနေထိုင်တဲ့ ကျွန်တော်တို့ 
နိုင်ငံသားတွေအားလုံးကို စစ်အာဏာရှင်စနစ်အောက်က အမြန်ဆုံးလွတ်မြောက်
စေချင်တာ ကျွန်တော့်ပင်ကိုယ်စိတ်ရင်းပါ။ ဘယ်အာဏာရှင်စနစ်ကိုမှ ကျွန်တော်
လက်မခံဘူး။ လက်ပံတောင်းတောင်ကြီးရဲ့ အလှကိုကြည့်ရင်း ယက်ကန်းခတ်သံ
လေးတွေကို နားထောင်ပြီး အညာရဲ့ အလှတမာဆိုတဲ့အပင်တွေကို ဖြတ်ကျော်
တိုးဝင်လာမယ့် လေနုအေးလေးတွေကို ရှူရှိုက်နိုင်ဖို့  အကောင်အထည်ဖော်ချင်
ပါတယ်။

(ပုံနှင့်စာကို လူထုပုံရိပ်ဂျာနယ် အတွဲ ၁၊ အမှတ် ၃၁ မှ ကူးယူဖော်ပြပါသည်) ((FB မှယူတယ်)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

"ဝ"တပ်ကို တရုတ်အစိုးရက တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပေးပို့ကူညီ

"ဝ"တပ်ကို တရုတ်အစိုးရက တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပေးပို့ကူညီ


2013-04-30
"ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကို တရုတ်နိုင်ငံက တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပေးပို့ခဲ့တယ်လို့ နာမည်ကျော် Jane’s  Defence Weekly အပတ်စဉ်ထုတ် ကာကွယ်ရေး စာစောင်က ဧပြီလ ၂၉ ရက်နေ့မှာ ထုတ်ဖော်ရေးသားလိုက်ပါတယ်။

TY-90 အမျိုးအစား ဝေဟင်က ဝေဟင်ပစ် ဒုံးကျည်လက်နက်တွေ တတ်ဆင်ထားတဲ့ Mi-17 အလတ်စား ရဟတ်ယာဉ် တွေကို ဖေဖော်ဝါရီ လကုန်ပိုင်း နဲ့ မတ်လဆန်းမှာ ပေးပို့ခဲ့ကြောင်း မြန်မာအစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ သတင်းရပ်ကွက်တွေကို ကိုးကားပြီး Jane’s  Defence Weekly စာစောင်က ရေးသားထားပါတယ်။
အဲဒီ Mi-17 ရဟတ်ယဉ်တွေကို ရုရှားနိုင်ငံမှာထုတ်လုပ်ပြီး ကမ္ဘာအနှံ့ ရောင်းချရာမှာ များမကြာမှီကတင် တောင်တန်းဒေသတွေမှာပျံသန်းဖို့အတွက် အထူးမွမ်းမံထားတဲ့ အင်ဂျင်မျိုးအစားတွေထည့်သွင်း တပ်ဆင်ပြီး တရုပ်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေကို ရောင်းချခဲ့ကြောင်းသိရပါတယ်။ TY-90 အမျိုးအစားဒုံးကျည်တွေကတော့ တရုတ်နိုင်ငံထုတ်လက်နက် ဖြစ်ပါတယ်။
တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေးလေ့လာသူဦးအောင်ကျော်ဇောကတော့ တိုင်းရင်းသားတပ်ဖွဲ့တွေကို တခြားတိုင်းပြည်တွေကလည်း ဒီရဟတ်ယာဉ်တွေ ရောင်းချနိုင်ဖွယ်ရှိတယ်လို့ RFA ကို ပြောပါတယ်။
"တရုတ်ပြည်က လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဒီလောက်ကြီးတဲ့ လက်နက်တွေကို မြန်မာပြည်နဲ့ ဆက်ဆံရေး ဒီလိုအခြေအနေမှာရောင်းမယ်လို့ မထင်ဘူး။ပေးမယ်လို့ မထင်ဘူး။ဒါပေမယ့် တစ်ခြားနိုင်ငံကနေ ဝယ်ယူနိုင်တဲ့ အနေအထားတွေ အများကြီး ရှိနိုင်တယ်။ကမ္ဘောဒီးယားနဲ့လာအိုတို့မှာလည်း ရှိတော့ မရောင်းသည့်တိုင် မပြောနိုင်ဘူး။"
အင်တာနက်ဝက်ဆိုဒ်တခုမှာ အဲဒီ ရုရှားနိုင်ငံလုပ် Mi-17 ရဟတ်ယဉ်တွေကို ဝယ်ယူတဲ့ အာရှနိုင်ငံတွေထဲမှာ တရုပ်နိုင်ငံအပြင် ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။
Jane’s  Defence Weekly စာစောင်က သတင်းမှာတော့ အဲဒီ Mi-17 ရဟတ်ယာဉ် ၅ စင်းကို တရုပ်နိုင်ငံကနေ "ဝ"ဒေသကိုတိုက်ရိုက်ပေးပို့တာမဟုတ်ပဲ လာအိုနိုင်ငံကနေတဆင့် မဲခေါင်မြစ်ကို ဖြတ်ကျော်ပျံသန်းပြီး"ဝ"တပ်ဖွဲ့တွေထံ ရောက်ရှိသွားကြတာ ဖြစ်ကြောင်း တိုင်းရင်းသားအဖွဲ့တစ်ခုထံက ကြားသိရတယ်လို့ ဖေါ်ပြထားပါတယ်။
မြန်မာအစိုးရ သတင်းရပ်ကွက်ကတော့" ဝ"တပ်ဖွဲ့တွေထံကို အခုအချိန်ထိ အဲဒီ ရဟတ်ယာဉ် ၂ စင်းပဲ ရောက်ရှိသေးတယ်လို့ဆိုပါတယ်။
"ဝ"တပ်ဖွဲ့တွေကို အခု တရုတ်နိုင်ငံကပေးပို့လိုက်တဲ့ Mi-17 ရဟတ်ယဉ်တွေမှာတပ်ဆင်ထားတဲ့ TY-90 အမျိုးအစား ဒုံးကျည်တွေဟာ မြန်မာအစိုးရ လက်ဝယ်ရှိ ရုရှားနိုင်ငံလုပ် Mi-24 အမျိုးအစားတိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ပစ်ချနိုင်စွမ်းရှိုတယ်လို့ ဆိုပါတယ်။ အဲဒီ Mi-24 တိုက်ခိုက်ရေး ရဟတ်ယဉ်တွေကို မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ် စစ်ပွဲမှာ မြန်မာလေတပ် ကသုံးစွဲခဲ့ပါတယ်။

မြန်မာအပေါ် တရုတ်က ဆက်ဆံရေး ပြောင်းလဲလာ

Thursday, May 2, 2013

အခု တလော တရုတ်နိုင်ငံက ခြေလှမ်း စိပ်စိပ်နဲ့ မြန်မာ့အရေး ချည်းကပ်လာတာ သတိထားမိပါတယ်။

NLD ပါတီက အဖွဲ့ဝင်တွေကို ၂ သုပ်ခွဲပြီး တရုတ်နိုင်ငံကို လေ့လာရေးခရီးသွား ကြမယ်ဆိုပါတယ်။
ယမန်နှစ်နဲ့ ယခုနှစ်တွေမှာလည်း မြန်မာနိုင်ငံက အာဏာရ နိုင်ငံရေးပါတီ အပြင် အတိုက်အခံ နိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်တွေနဲ့ တချို့အဖွဲ့အစည်းတွေကိုလည်း တရုတ်နိုင်ငံကို အလည်အပတ်လာဖို့ ဖိတ်ခေါ်တာတွေ လုပ်ခဲ့ပါတယ်။

အခု နောက်ဆုံး ၈၈ ရုံးခန်းမှာ တရုတ်နိုင်ငံအစိုးရနဲ့ တရုတ်စီးပွားရေး လုပ်ငန်းတွေအပေါ် ၈၈ မျိုး ဆက်
ကျောင်းသားတွေရဲ့ အမြင်ကို သိချင်လို့ ယနေ့ ကိုယ်စားလှယ်တဖွဲ့က လာဆွေးနွေးခဲ့တာ အပါအ၀င်ဘဲ။

၈၈ မျိုးဆက်တွေနဲ့ လာရောက်ဆွေးနွေးတယ်ဆိုတာကတော့ Instute of American Studies , Chinese Academy of Social Sciences က Dr. Zhou Qi (Senior Researcher,Director of American Politics) ဖြစ်သူနဲ့ Dr.Li Nan (Associate Research Fellow)တို့နှစ်ဦး ပါတဲ့အဖွဲ့ဖြစ်တယ်လို့ ၈၈ မျိုးဆက် သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး အခင်းအကျင်းတွေ ပြောင်းလဲလာတာနဲ့အမျှ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး အပြောင်းအလဲတွေ ရှိလာတာ အားလုံး သတိထားမိမှာပါ။

ယမန်နှစ်နဲ့ ဒီနှစ်ထဲမှာဘဲ တရုတ်သံအမတ် အဟောင်းနဲ့ အသစ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း လာတွေ့ဆုံခဲ့ပါသေးတယ်။ ဒီအပြင် လှူဒါန်းမှု တချို့လည်း လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါမျိုး လွန်ခဲ့တဲ့ နှစ်
ပေါင်း ၂၀ အတွင်းမှာ မရှိခဲ့ပါဘူး။

လွန်ခဲ့တဲ့ တချိန်က ပါတီ ချင်းဆက်ဆံရေး၊ အစိုးရချင်း ဆက်ဆံရေး ဆိုတဲ့ Party to Party, Government to Government ဆိုတာတွေ ရှိခဲ့ပါတယ်။ နောက်ပိုင်း Army to Army ဆက်ဆံရေးတွေလည်း ရှိခဲ့ကြတာ ပါ။ ဒါတွေက အာဏာ ရှိသူတွေကိုသာ အဓိက ဆက်ဆံခဲ့တာပါဘဲ။

ဒါပေမယ့် အခုနောက်ပိုင်းမှာ တရုတ်ရဲ့ ဗျူဟာ အရွေ့အပြောင်းက သိသာလာခဲ့ပါတယ်။ အမေရိကန် အပါအ၀င် အနောက်အုပ်စုဟာ မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်း
ပြီးတဲ့နောက်မှာ မြန်မာ့ ဈေးကွက်မှာ တရုတ်ဟာ တချိန်က ပြိုင်ဘက်ကင်း ဖြစ်ခဲ့တာပါ။

အခုတော့ တရုတ်စီးပွားရေး လုပ်ငန်းတွေဟာ အခုတော့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်လာရတော့မှာပါ။

တဖက်မှာလည်း တရုတ်အစိုးရဟာ မြန်မာလူထုထဲမှာ ရှိနေတဲ့ တရုတ်ဆန့်ကျင်ရေးတွေ ကျယ်ကျယ်
ပြန့်ပြန့် ဖြစ်လာခဲ့တာကိုလည်း ရိပ်စားမိလာခဲ့ပါတယ်။

သေချာတာတခုကတော့ မြစ်ဆုံဆည်စီမံကိန်းမှာ တရုတ်ဘက်က လူထုဆက်ဆံရေး အလွန်အားနည်း ခဲ့တယ်ဆိုတာ သိသာတဲ့ ပြယုဂ်တခုအဖြစ် သိသာပါတယ်။

ဒါကြောင့်ဘဲ တရုတ်ဘက်က သုတေသန လုပ်နေသူတွေအမည်နဲ့ ရန်ကုန်နဲ့ မန္တလေး အပါအ၀င် မြို့ကြီး တချို့မှာ လာပြီး မြန်မာလူထုထဲက တရုတ်ဆန့်ကျင်ရေး ရင်ခုန်သံတွေကို နားထောင်ခဲ့ပါသေးတယ်။

တချိန်က တရုတ်အနေနဲ့ မြန်မာလူထုရဲ့ အကျိုးစီးပွားကို မငဲ့ကွက်ဘဲ စီးပွားရေးလုပ်ငန်းတွေမှာ သူတို့ အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ခဲ့တာတွေအတွက် အခုအချိန်မှာ ပြန်လည်ပေးဆပ်နေရတာတွေ လည်း ဖြစ်ပါတယ်။

မြန်မာအနေနဲ့တော့ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံနဲ့ ပထ၀ီ နိုင်ငံရေးအရရော၊ နိုင်ငံရေး ပထ၀ီ သဘောအရတွေပါ ကမ္ဘာတည်သရွေ့ မျှတတဲ့ ဆက်ဆံရေးနဲ့ ဆက်ဆံသွားရမှာပါဘဲ။

တချိန်က စစ်ဗိုလ်ချုပ်ကြီးများကတော့ တရုတ်နဲ့ ဆက်ဆံရာမှာ တရုတ်ရဲ့ ကမ္ဘာ့အလယ်က အရှိန်အ၀ါကို ကိုယ့်အာဏာ တည်မြဲရေးအတွက် မျှော်ကိုး ဆက်ဆံခဲ့တာတွေက အများသားဖြစ်နေတာကိုတော့ ဝေဖန်
ထောက်ပြသူတွေ နှစ်ပေါင်းများစွာ ပြောနေခဲ့ကြတာပါ။

အခုတော့ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲ လုပ်လာမှုနောက်ပိုင်း နိုင်ငံ တကာ နဲ့ ပါ ဆက်ဆံရေး မျက်နှာစာသစ်တွေ ဖွင့်လာနိုင်ခဲ့တာမို့ မြန်မာအပေါ် တရုတ်အနေနဲ့ သတိထား ဆက်ဆံလာနေတာလည်း ဖြစ်ပါတယ်။

တကယ်တမ်း မြန်မာနိုင်ငံနဲ့ နိုင်ငံသူ နိုင်ငံသားတွေအပေါ် စေတနာနဲ့ ဆက်ဆံကူညီတဲ့ နိုင်ငံဆိုတာ ကမ္ဘာ မှာ ဘယ်နိုင်ငံမှ မရှိပါဘူး။ အားလုံးက ကိုယ်ကျိုးစီးပွားကို အခြေခံ ဆက်ဆံကြချည်းပါဘဲ။

ကိုယ့်နိုင်ငံနဲ့ အခြားနိုင်ငံတွေရဲ့ ဒီလို ဆက်ဆံမှုတွေထဲကမှ ကိုယ့် နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အကျိုး အတွက် ဘယ်လောက် အကောင်းတွေ ဖြစ်လာစေမယ်ဆိုတာကို ခေါင်းဆောင်ဆိုသူတွေ က ကြည့်ပြီး ချိန်ညှိ ဆက်ဆံသွားနိုင်ဖို့သာ အဓိက ဖြစ်ပါတယ်။

လင်းသန့် ( ဧရာဝတီ)

Hot News ဂျာနယ်မှတာဝန်ရှိသူများသိစေရန်

လက်ပန်တောင်းတောင်ဒေသကိုရောက်ရှိနေသောHot News ဂျာနယ်မှသတင်း
ထောက်ကိုမျိုးမြင့်သည်၊သူ၏D90 Nikon Camera /batteryပျက်နေသဖြင့်သူတည်း
ခိုရာတွင်ထားခဲ့ပြီး(၁-၅-၂၀၁၃)ရက်နေ့တွင်မုံရွာမြို့သို့ထွက်ခွာသွားရာယခုအချိန်ထိ
ပြန်လည်ဆက်သွယ်လို့မရတော့ပါ၊၊ဆည်းတည်းရွာမှ(၂၅-၄-၂၀၁၃)ရက်နေ့တွင်
လယ်ထွန်နေရင်းဦးပိုင်ကုမ္ပဏီမှလက်နိုင်ကိုင်များ၏ဖမ်းဆီးထားခြင်းခံရသူများကိုစုံစမ်းရန်ရွာသားများမုံရွာထောင်တွင်သွားရောက်မေးမြန်းခဲ့သည်၊ထိုဖြစ်စဉ်အတွင်းကိုမျိုး
မြင့်သတင်းရယူနေသည်ဟုဒီမိုကရက်တစ်မြန်မာ့အသံသတင်းထောက်ဒေါ်တင်မာ
ဆွေ၏(မျက်မြင်ပြောပြချက်)အရသိရှိရပါသည်၊မုံရွာမြို့Hot NeWs ဂျာနယ်သတင်း
ထောက်ဖြစ်သူကိုစိုးမိုးထွန်းမှလယ်သမားများအားတားမြစ်ရန်ရောက်ရှိနေသောဒုရဲ
မှူးတဦးအားအနားကပ်၍ကိုမျိုးမြင့်သည်ရန်ကုန်မှရောက်ရှိနေသောသတင်းထောက်
ဖြစ်ပြီးလယ်သမားများအားသွေးထိုးပေးနေသူဖြစ်ကြောင်းဖမ်းဆီးထားရန်လိုကြောင်း
တိုင်တမ်းခဲ့သည်ဟုဆည်တည်းရွာခံများနှင့်ဒေါ်တင်မာဆွေတို့၏ကြားသိချက်အရ
သိခဲ့ရသည်၊ခဏကြာလျှင်ဒုရဲမှုးမှကိုမျိုးမြင့်အားဘယ်ကလဲ၊ဘာလဲမေးမြန်းခဲ့ပြီးဓတ်
ပုံရိုက်ယူသွားကြောင်းသိရသည်၊မုံရွာထောင်ရှေ့ကိုရောက်နေသောလယ်သမားများ
အားအာဏာပိုင်များမှဖမ်းဆီးထားသူများနှင့်ပတ်သတ်၍တိတိကျကျဘာမှဖြေကြားခြင်း
မရှိပဲလုံထိန်းရဲများသာထပ်မံရောက်ရှိလာသောကြောင့်ပြန်လာခဲ့ကြသည်၊၊ထိုအချိန်မှစ၍သတင်းထောက်ကိုမျိုးမြင့်ကိုဆက်သွယ်လို့မရရှိတော့ပါ၊သူ၏ကင်မရာအားသက်ဆိုင်ရာဂျာနယ်တိုက်မှဆက်သွယ်ရယူနိုင်ရန်အသိပေးခြင်းဖြစ်ပါသည်၊၊
ဖုန်း၊၊ 09401584293
လက်ပန်တောင်းဒေသ
၂-၅-၂၀၁၃

စဉ်းစားကြည့်ပေါ့ မင်းသာငါ့တို့နေရာမှာဆို ( နာဂစ် ၅ နှစ်ပြည့်အမှတ်တရ )



နာဂစ်ကိုလည်ပင်းညှစ်
နှစ်ထောင့်ရှစ်ဖွဲ့စည်းပုံဟာ မျိုးမစစ်ပဲ
အဲဒီကာလမှာ မွေးဖွါးခဲ့တယ်။
အဲဒီညမှာ ဝိဥာဏ်တော်တော်များများ
သူတို့နေတဲ့ကျေးရွာတွေကို ကြည့်ပြီး
တုန်လှုပ်ခြောက်ခြားနေကြတယ်။
ဘယ်သူမျှော်လင့်ထားကြမလဲ
တရွာလုံးကိုအပါခေါ်သွားမှာ၊
ဆိုင်းမဆင့် ဗုံမဆင့် တရွာလုံးကိုမွှေနှောက်
မင်းရက်စက်ရာရောက်ပါတယ်။
အဖေလည်းသေတယ် အဖိုးလည်းသေတယ်၊
ငါ့ညီ- ငါ့အကို၊ ငါ့ကြက်- ငါ့ဝက်
ငါ့ဘဲ- ငါ့ဆိတ်၊ ငါ့ခွေး- ငါ့ကြောင်
အကုန်လုံးကို လှုပ်မနှိုးပဲ
အငြိုးကြီးကြီးနဲ့
မပြန်လမ်းကိုခေါ်ထုတ်သွားတော့..။
စဉ်းစားကြည့်ပေါ့ မင်းသာငါ့တို့နေရာမှာဆို။
အဲဒီတုန်းက မသေလို့ကျန်နေခဲ့တဲ့
ငါတို့ရွာသားတွေကို အကူညီမပေးဖို့
ဟိုလူအကြီးဆုံး မောင်းထုတ်ခဲ့တယ်။
ကယ်သူမယ့် ငါတို့ကျွန်းသူ ကျွန်းသားတွေဟာ
ရိုးရိုးကုတ်ကုတ်နဲ့ ထမင်းတလုပ်အတွက်
ဘယ်သူ့ကိုမှ ရန်မမူသူပါ၊
အဲဒီညမှာ ဝိဥာဏ်တော်တော်များများ
သူတို့နေတဲ့ကျေးရွာတွေကို ကြည့်ပြီး
တုန်လှုပ်ခြောက်ခြားနေကြတယ်။

( ကိုဗလိုင် )
ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ ၅ နှစ်ပြည့် နာဂစ်နေ့အမှတ်တရ..။

အချိုးကျကိုယ်စားပြုစနစ်(PR)မှာ လက်ရှိမြန်မာနိုင်ငံနှင့် သင့်လျော်မှုမရှိကြောင်း Mr.Tim ၏ စာတမ်းငယ်တွင် ဖော်ပြ

ပြည်တွင်းရှိ တိုင်းရင်းသားမပာုတ်သော နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပါတီများအကြား အငြင်းပွား လျက်ရှိသော အချိုးကျကိုယ်စားပြုစနစ်(PR)မှာ လက်ရှိဒီမိုကရေစီဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၌ သုံးစွဲရန် သင့်လျော်မှုမရှိကြောင်း ရွေးကောက်ပွဲနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များဆိုင်ရာ ဒါရိုက်တာ Mr.Tim Meislurgrer ၏ ထွန်းသစ်စနိုင်ငံများမှ အချိုးကျကိုယ်စားပြုစနစ် စာတမ်းငယ်တွင် ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ စာတမ်းငယ်တွင် ဒီမိုကရေစီဖွံ့ဖြိုးဆဲနိုင်ငံများတွင် အချိုးကျကိုယ်စားပြုစနစ်ထက် ကိုယ်စားလှယ် တစ်ဦးကိုသာ ရွေးချယ်ရသည့် မဲဆန္ဒနယ်မြေစနစ်သည် ပိုမိုသင့်လျော်ကြောင်းနှင့် မည်သည့်စနစ်အကောင်းဆုံးဆိုသည်မှာ မူ မြန်မာပြည်သူများအပေါ်တွင်သာ မူတည်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အချိုးကျကိုယ်စားပြုစနစ်သည် ပါတီအများအပြား ဦးဆောင်ရသည့်စနစ်ဖြစ်သည့်အတွက် လူနည်းစုများအတွက် အခွင့်အလမ်းကောင်းနှင့် ပါတီအသစ်များအတွက် ပိုမိုကောင်းမွန်နိုင်မည်ဖြစ်ပြီး အစိုးရမှ ပဋိပက္ခများ ဖြေရှင်းရာတွင် လွတ်လပ်စွာအာဏာခွဲဝေမှုပြုနိုင်သည့် အားသာချက်များရှိသော်လည်း အစွန်းရောက်စနစ်နှင့် တစ်ပါတီ စနစ်ကို ဖြစ်စေသည့် အားနည်းချက်များလည်းရှိကြောင်း သိရသည်။ အချိုးကျကိုယ်စားပြုစနစ်အား စတင်ကျင့်သုံး ဆောင်ရွက်မည့် နိုင်ငံများ အနေဖြင့် ငွေကြေးများစွာကုန်ကျမည်ဖြစ်သည့်အပြင် ပါတီများမှာလည်း ဒီမိုကရေစီပါတီများဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်း၏စာတမ်းငယ်တွင်ဖော်ပြထားသည်။

အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် နိုင်ငံများမှာ တောင်အာဖရိက၊ ဒိန်းမတ်၊ နော်ဝေ၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမော စသည့်နိုင်ငံများဖြစ်သည်။

Yangon chronicle

မြောင်းမြစက်မှုဇုံ လျော်ကြေး တဧက သိန်းနှစ်ဆယ် ရမှကျေနပ်မည်

ဖိုးစိုးသူ | ဗုဒ္ဓဟူးနေ့၊ မေလ ၀၁ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၃၃ မိနစ်
ဧရာဝတီတိုင်း မြောင်းမြမြို့ မြောင်းမြစက်မှုဇုံအတွက် သိမ်းဆည်းထားသည့် လယ်မြေများကို  တဧကလျှင် လျော်ကြေးသိန်း၂၀ ဖြင့်အသိမ်းဆည်းခံ မြေပိုင်ရှင်များမှ ကျေနပ်မည် ဖြစ်ကြောင်း
 မြောင်းမြ တောင်သူလယ်သမား သမဂ္ဂ မှ အထွေထွေ အတွင်းရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။

ဦးသန်းဇော်ဦးက “ လယ်သမား ၁၄ဦးပိုင်တဲ့ လယ်မြေဧကပေါင်း ၅၀ကျော်အတွက် တဧကကို ၁၅ သိန်းနဲ့ လယ်သမား ၅ ဦးက လျော်ကြေးငွေ ယူလိုက်ကြတယ်။ ကျန်တဲ့ ကိုးဦးကတော့ ၂၅ သိန်းရမှ ကျေနပ်မယ် ဆိုတော့ မနေ့က ညနေမှာ
လယ်သမားတွေနဲ့ စက်မှုဇုံ ကော်မတီ ဥက္ကဌတို့ညှိကြတာ လယ်သမားတွေက သိန်း၂၀ ရရင် ကျေနပ်ကြမယ်လို့ပြောတယ်” ဟုဆိုသည်။

အဆိုပါ လျော်ကြေးငွေ ကိစ္စကို မြောင်းမြ စက်မှုဇုံဘက်မှ ၃ရက်အတွင်း အကြောင်းပြန်ပေးမည် ဟု ပြောကြား ထားပြီး တစ်ဧကလျော်ကြေး သိန်း ၂၀ မရပါက မည်သို့ဆက်လုပ်ရမည်ကို မသိရှိ ရသေးကြောင်း လယ်မြေဧက တစ်ဧကခွဲ သိမ်းဆည်းခံထားရသော မြောင်းမြမြို့ ၊ မြဟေမာရပ်ကွက် စက်မှုဇုံ ၂ ရပ်ကွက်မှ လယ်သမား ဦးလှစိုးက ရှင်းပြသည် ။

ဦးလှစိုးက “ ဒီစက်မှုဇုံအတွက် ၁၉၉၄ မှာ တကြိမ်၊ ၂၀၀၃ မှာတကြိမ် စုစုပေါင်း နှစ်ကြိမ်သိမ်းခဲ့တယ်။ အဲဒီသိမ်းတာ
တွေမှာ ကျွန်တော်တို့တွေရဲ့ မြေတွေပါနေတယ်။ အခုအခါ ဒါတွေကိုပြောတော့ ကျွန်တော်တို့ ဘက်က မြေယာ ပိုင်ဆိုင်မှု စာချူပ်တွေ နာဂစ် ဖြစ်ပြီးချိန်မှာ ပျောက်သွားတာ တွေရှိတဲ့ အတွက် ၅ ဧကရှိပေမဲ့ ၁ ဧကခွဲပဲရတော့တယ် ” ဟုပြောသည်။

ယင်းကိစ္စများ နှင့်ပါတ်သက်ပြီး မြောင်းမြစက်မှုဇုံစီမံကိန်းကော်မတိ ဥက္ကဋ္ဌ ဦးကိုကိုနိုင်သို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ရာ ဖုန်းစက် ပိတ်ထားပါ သဖြင့် မေးမြန်းခွင့် မရှိခဲ့ပေ ။

မြောင်းမြစက်မှုဇုံ စီမံကိန်းဧရိယာ အကျယ်ဝန်းသည် ဧကပေါင်း ၇၀ကျော်ခန့်ရှိပြီး ၂၉၉၄ ခုနှစ်များတွင် သိမ်းယူခဲ့သော လယ်မြေများပေါ်တွင် ဆန်စက်များ ၊ ကပ်စေး နှဲ စက်ရုံများ တည်ဆောက်ထားပြီး ၂၀၀၃ ခုနှစ်တွင် သိမ်းယူထားသောလယ်မြေများပေါ်တွင် မည်သည်စက်ရုံမှ တည်ဆောက်မှု ရှိသေးကြောင်း မြောင်းမြ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ( မဇ္ဈိမ သတင်းမှ)

အစွန်းမရောက်ကြဖို့ လိုကြောင်း ရွှေညဝါ ဆရာတော်ဖုရားကြီး ဆုံးမ။

အစွန်းမရောက်ကြဖို့ လိုကြောင်း ရွှေညဝါ ဆရာတော်ဖုရားကြီး ဆုံးမ။
ဥက္ကံဖြစ်ရပ်မှန်(ရုပ်သံ) Eleven Media Group



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

မေဒေးနေ့ အားလပ်ခွင့်ရရှိရေး ဆန္ဒပြတောင်းဆို

မအေးအေးမာ       01.05.2013
မန္တလေးမြို့ ပုဂ္ဂလိကပိုင် အထည်ချုပ်စက်ရုံတရုံမှာ မေဒေးနေ့မှာ အလုပ်ဆင်းခိုင်းတဲ့အတွက် စက်ရုံပိုင်ရှင်ကို အလုပ်သမားတွေက ဆန္ဒပြနေကြတဲ့သတင်း အပြည့်အစုံ မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်ရှင်။

မြန်မာတပ်မ အားလုံးနီးပါး တိုင်းရင်းသားနယ်မြေများသို့ ပို့လွှတ်ထား



 မြန်မာတပ်မ အားလုံးနီးပါး တိုင်းရင်းသားနယ်မြေများသို့ ပို့လွှတ်ထားဟု စစ်ရေးလေ့လာသူပြော
ဗုဒ္ဓဟူးနေ့၊ မေလ 01 ရက် 2013 ခုနှစ် သတင်း - သျှမ်းသံတော်ဆင့်သတင်း

လက်ရှိအချိန်တွင် မြန်မာတပ်မအားလုံးနီးပါးကို တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများအတွင်း ပို့လွှတ်ဖြန့်ခွဲ ထားသဖြင့် ကကကြည်း၏ အရံတပ်အဖြစ် ထားရှိသည့် တပ်မ ၃၀ ကျော်ရှိသည့် အနက် တပ်မ ၂ ခုသာ ကျန်ရှိ တော့ကြောင်း တရုတ် နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဆိုသည်။