နိုင်ငံ ရေး အကျဉ်းသား ၁၅၅ ဦးကို သာ လွှတ်ပေး

We Posted on BST Time 2:30 PM

ယနေ့  လွတ် မြောက် လာသည့် အကျဉ်း သား များ တွင် နိုင်ငံ ရေး အကျဉ်းသား အနည်း
ငယ် သာ ပါဝင် သည်။ အကျဉ်းသား ၂၀၀၀ ကျော် ကျန် ရှိ နေသေး သည့် အတွက် လက်
ရှိ မြန်မာ စစ်အစိုးရ ၏ လုပ်ဆောင် မှု များ မှာ အပြု သဘော မဟုတ် သည့် ပြင် အားရ
ကျေနပ် စရာ မရှိ ဟု တက်ကြွ လှုပ်ရှား သူ များ က ပြော

ဝမ်းနည်းရမှာလား- ဝမ်းသာရမလား- မောင်သိန်းစိန်

ကြာသာပတေးနေ့၊ အောက်တိုဘာလ ၁၃၊ ၂၀၁၁


ကနေ့- သီတင်းကျွတ်လပြည့်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အတွက် ဘာသာရေးရှုထောင့်ကနေကြည့်ရင် အရမ်းကို သင့်တော်ဆီလျှော်မှန်ကန်ပါတယ်၊။ ဒါပေမယ့်- လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲမှာ ယုံကြည်ချက်-ခံယူချက်ကြောင့် အကျဉ်းကျနေတဲ့ လူတွေကိုလွှတ်ပေးတာ အားရကျေနပ်မှုမရှိခဲ့ပါဘူး။ ဒါကြောင့်- လူတွေတော်တော်များများ သီတင်းကျွတ်လပြည့်နေ့မှာပဲ စိတ်ထဲမှာ ကသိကအောင့်ဖြစ်နေကြရပါတယ်၊။ အကယ်၍-အားလုံးကိုလွှတ်ပေးရင် ကျေးဇူးအတင်ခံရမှာစိုးလို့လား ( ဒါမှမဟုတ် ) နတ်လူသာဓု အခေါ်ခံရမှာစိုးလို့လား...လို့ ကသိကအောင့်ဖြစ်နေတဲ့စိတ်က မေးချင်ပါသည်။ ကနေ့-နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခြင်းအပေါ်....ဝမ်းနည်းရမှာလား- ဝမ်းသာရမလား- မောင်သိန်းစိန် လို့ လည်း ဆက်ပြီးမေးချင်ပါသေးသည်။
အမှန်တကယ်တော့ နိုင်ငံရေးအကျဉ်သားတွေဟာ သူတို့ဘဝမှာ နိုင်ငံနဲ့လူမျိုးအတွက် ပေးဆပ်ယုံသက်သက်နဲ့ စွန့်လွှတ်နေခြင်းသာဖြစ်ပါတယ်၊ သူတို့မှာ ရယူလိုမှု ကလဲ့စားချေ- မုန်းတီးတဲ့စိတ်တွေ စိုးစဉ်းမျှ မရှိရိုးအမှန်ပါ၊
အခု- လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ သမ္မတ- ဦးသိန်းစိန်ရဲ့ ဧရာဝတီမြစ်ဆုံရပ်တံ့ လိုက်တာနဲ့ ပတ်သက်ပြီး ကျေးဇူးတင်တာ ပြောဆိုနေခြင်းဟာ ရန်လိုစိတ်မရှိတဲ့ သူတို့တတွေရဲ့ ပကတိရိုးသားတဲ့စိတ်အစဉ်ကို မီးမောင်းထိုးဖော်ကြူးနေတာ လက်တွေ့ပြသလိုက်တာပါပဲ။ သူတို့တတွေဟာ နိုင်ငံကို ဖျက်လိုဖျက်ဆီး နှောက်ယှက်သူများမဟုတ်သလို....အပြစ်ကျူးလွန်သူတွေအပေါ်လည်း အာဃသ ရှိမနေဘူးဆိုတာယုံကြည်ပါတယ်။
ဒီနေရာမှာ- ကျနော့်ရဲ့ တော်လှန်ရေး- နိုင်ငံရေး လောကမှာ ကြုံဆုံခဲ့ရတဲ့ သူငယ်ချင်း လှိုင်ဘွားရေးထားတဲ့ ကဗျာတပုဒ်ကို အလျှင်းသင့်၍ဖော်ပြချင်ပါသည်။ ကဗျာရဲ့ ခေါင်းစဉ်က-
သို့....ဦးသိန်းစိန်
သွင်းလိုက် ထုတ်လိုက်
ပြန်သွင်းလိုက် ပြန်ထုတ်လိုက်
အားလုံး ဖုတ်လိုက် ဖုတ်လိုက်နဲ့
အလ္လမယ်ဆရာရဲ့
ပချုပ်ထဲကမြွေတွေလို...
အနှစ် ၂၀ တစ်လလျှော့
၆၅ နှစ်- တစ်နှစ်လျော့
လွတ်ရက်စေ့တော့လည်း လွှတ်ပေး
အိမ်မရောက်သေးခင် ပြန်သွင်း
သည်- ထူးမခြားနားသီချင်းကြီး
အခြားတီးလုံး ပြောင်းတီးပါတော့။
ကြံဖန်ကျေးဇူးတင်တတ်သော လူမျိုး
အလွန်တရာခွင့်လွှတ်တတ်သော လူမျိုး
အမှတ်သဲခြေမထားတဲ့ လူမျိုး
အငြိုးအတေးမပွါးတဲ့ လူမျိုး
တင်းတိမ်ရောက်ရဲဆုံး လူမျိုး
သွေးဆူလွယ် မေ့ပျောက်လွယ်တဲ့ လူမျိုး
ကောင်းတကွက်ကြောင့် ဆိုးကွက်တစ်ရာကို မေ့နိုင်ပါသော လူမျိုး
သည်လူမျိုးကို
ပုဆိန်ရိုးတစ်စုလက်က ကယ်မယ်ဆိုရင်
လူကြီးမင်းကို-
ကလပ်ပေါ်တင် သ္ခင်လိုထား
အရိုးသားဆုံနည်းနဲ့
သတိယတိုင်း ရှစ်ကြီးခိုးပါ့မယ်....လို့
လှိုင်ဘွားက ဖြစ်ရပ်မှန်ကို ရေးသားထားတာပါ။
ဒီနေရာမှာ...လက်ရှိအစိုးရအနေနဲ့ တိုင်းပြည်ပြန်လည်ထူထောင်စဲကာလမှာ အသုံးတတ်မယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အားတွေကို ရယူအသုံးပြုသွားရပါ့မယ်၊ နိုင်ငံရေးအကျဉ်းသားတွေကို တကယ့်ရန်သူကြီးသဖွယ် ဆက်ဆံနေစရာ ဘာအကြောင်းမရှိပါ။ ဒါကြောင့်- ကျနော့်အနေနဲ့ သမ္မတ- ဦးသိန်းစိန် ကိုမေးချင်တာက...အခုလို မစို့မပို့လွှတ်ပေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ်....ကျနော်တို့တတွေ ဝမ်းနည်းရမှာလား- ဝမ်းသာရမလား- မောင်သိန်းစိန်..။
Ko Baloi Facebook

လာဘ်ထိုးတာလား ဖားတာလား ?

ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၂၊ ၂၀၁၁

 အငြင်းပွားမှုအကြားက တရုတ်၏ ပညာရေး ဟန်ပြအလှူ

သီးလေးသီးရဲ့ အတွင်းသရုပ်။

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ၂၉ရက်နေ့မှ လွတ်မည်။

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ၂၉ရက်နေ့မှ လွတ်မည်။ကိုဇာဂနာ မနက်ဖြန်လွတ်မည်။

လွတ်မြောက်မည့်စာရင်းတွင် ရွှေဝါရောင်ခေါင်းဆောင် အရှင်ဂမ္ဘီရပါ မပါမသေချာ

Wednesday, October 12, 2011

လွတ်မြောက်မည့်စာရင်းတွင် ရွှေဝါရောင်ခေါင်းဆောင် အရှင်ဂမ္ဘီရပါ မပါမသေချာသေးကြောင်း ကလေးထောင်အာဏာပိုင်မှ ဖြေကြား။

လူထုနှင့် ကျမ္မာရေး [By Ko Baloi ]

လူသားတို့တွင် မွေးဖွားရာကအစ- သေဆုံးသည့်အထိ ကျမ္မာရေးကောင်းမွန်ဖို့သည် အဓိကအရေးဖြစ်သည်။

မင်းကိုနိုင်ကျန်မယ်

ဇာဂနာ လွတ်ပြီး မင်းကိုနိုင်ကျန်မယ် လို့ နေပြည်တော်က ပြော

2011-10-11
မနက်ဖြန် သီတင်းကျွတ် လပြည့်နေ့ကစပြီး အကျဉ်းသား ၆၃၅၉ ဦးလွတ်ငြိမ်း ချမ်းသာခွင့်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီနေ့ ကြေညာ လိုက်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ဘယ်နှစ်ဦး ပါဝင်မယ် ဆိုတာတော့ မသိရသေးပါဘူး။
(Photo: AFP)
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် (ဝဲ) နှင့် ကိုကိုကြီး (ယာ) တို့ ယခင် ပထမတကြိမ် ထောင်က လွတ်လာခါစ ၂၀၀၅ ခုနှစ် မတ်လ ၁၈ ရက်နေ့က မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနကို RFA က ဆက်သွယ်ပြီး အခုလွတ်မြောက်မယ့် သူတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်လောက် ပါဝင်ပါသလဲလို့ မေးမြန်းခဲ့ရာမှာ တာဝန်ကျ အရာရှိ တစ်ဦးကတော့- “ကိုးယောက်တော့ ကိုးယောက်ပဲခင်ဗျ၊ ဇာဂနာတော့ ပါတယ်” အဲဒီအရာရှိက အခုလွတ်မယ့် သူတွေထဲမှာ ကိုမင်းကိုနိုင်တော့ ပါဝင်ခြင်း မရှိဘူးလို့ ပြောပါတယ်။ ကိုမင်းကိုနိုင်ရဲ့ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က RFA ကို အခုလိုပြောပါတယ်။ “ကြိုပြောလေ့ မရှိဘူးရှင့်၊ စစ်တွေက လွတ်တုန်းကလည်း လေယာဉ်ကွင်း သွားကြိုကာနီးမှ အိမ်က မိသားစု နှစ်ယောက် လိုက်ပါဆိုပြီးတော့ ခေါ်တာ၊ ၁၃ သွား ၁၅ ပြန်မယ်ဆိုပြီးတော့ လက်မှတ်ဝယ်ထားတာ၊ မွေးနေ့မှာ သူ့လည်း နည်းနည်းပါးပါး လှူရအောင်ပေါ့နော် ရန်ကုန်လည်း မွေးနေ့အမီ ပြန်မယ်ဆိုပြီး အခုဘာလုပ်ရမှန်း မသိဖြစ်နေတယ်” လာမယ့် အောက်တိုဘာလ (၁၃) ရက် မှာတော့ ကိုမင်းကိုနိုင် ရှိနေတဲ့ ကျိုင်းတုံထောင်ကို မိသားစုတွေ ထောင်ဝင်စာ တွေ့ဖို့ စီစဉ် ထားတယ်လို့ ပြောပါတယ်။ တခြား အတည်ပြုချက် မရသေးတဲ့ သတင်းရပ်ကွက် တစ်ခု အဆိုအရဆိုရင် လွတ်မြောက်မယ့် သူတွေထဲမှာ ၈၈ ကျောင်းသား ကိုဌေးကြွယ်နဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင် တို့ ပါဝင်ကြောင်း သိရပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ကြေညာချက်မှာ ထိုင်သင့်တဲ့ ပြစ်ဒဏ် ကျခံထားပြီး အကျင့်စာရိတ္တ ကောင်းလာတဲ့ အကျဉ်းသားတွေကို လူသားချင်း စာနာမှု၊ သူတို့မိသားစုတွေကို ငဲ့ညှာမှုနဲ့ နိုင်ငံ့အကျိုးအတွက် တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ ကျန်နေတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်သည်လို့ ဖော်ပြ ထားပါတယ်။ ခုချိန်ထိတော့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင် တစ်စုံတစ်ယောက်ကိုမှ သက်ဆိုင်ရာက အသိပေးတာ မရှိသေးပါဘူး။ ဒီအတောအတွင်း လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကျရောက်မယ့် ကိုမင်းကိုနိုင်ရဲ့၄၉ နှစ်မြောက် မွေးနေ့ကို ရန်ကုန်မြို့ မရန်းကုန်းမြို့နယ် ၂ ရပ်ကွက် ဘူတာရုံလမ်းမှာရှိတဲ့ သမိုင်းမြို့မ ပရိယတ္တိ စာသင်တိုက်မှာ မနက် ၈ နာရီကနေ ၁၀ နာရီထိ မွေးနေ့ အလှူကျင်းပဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေက စီစဉ်နေကြပါတယ်။

ယနေ့ အကျဉ်းသား ၆၃၅၉ ဦး ကိုလွှတ်ပေးမည်

အင်္ဂါနေ့၊ အောက်တိုဘာလ ၁၁၊ ၂၀၁၁

ယနေ့ အကျဉ်းသား ၆၃၅၉ ဦး ကိုလွှတ်ပေးမည်ဟု အမ်အာတီဗီဖိုး ရုပ်သံမှ ကြေငြာ
Photo..AP
ယနေ့ အကျဉ်းသား ၆၃၅၉ ဦး ကိုလွှတ်ပေးမည်ဟု အမ်အာတီဗီဖိုး ရုပ်သံမှ နေ့ခင်း ၁ နာရီတွင် ကြေညာသွားခဲ့သည်။ နိုင်ငံရေး အကျဉ်းသားမည်မျှ ပါဝင်သည်ကိုမူ မသိရှိရသေးပါ။

ယနေ့ နေ့ခင်း ၁ နာရီ ကြေညာချက်အရ “နိုင်ငံတော် အစိုးရသည် ပြစ်ဒဏ်ကျခံနေရသော အသက်အရွယ် ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများနှင့် ကိုယ်လက်အင်္ဂါ ချွတ်ယွင်းသည့် အကျဉ်းသားအားလုံးအနက်မှ ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသည့် အကျဉ်းသား ၆၃၅၉ ဦးအား အောက်တိုဘာလ ၁၂ ရက် နေ့မှ ပြစ်ဒဏ်မှ အသီးသီး လွတ်ငြိမ်းခွင့်ပြုလိုက်သည်” ။ အဓိပ္ပါယ်မှာ မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့မှ စလွှတ်ပေးမည့် သဘောဖြစ်သည်။
အရပ်သား အစိုးရသစ် လက်ထက်တွင် ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါ အမိန့်အရ အကျဉ်းသား ၁၄၆၀၀ ကျော်ကို လွှတ်ပေးလိုက်ပြီး သေဒဏ်ကျ အကျဉ်းသား ၃၄၈ ဦး၏ ပြစ်ဒဏ်များကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ ပြောင်းလဲ သက်သာခွင့် ပေးခဲ့သည်။
..........................
နိုင်ငံတော်သမ္မတရုံးသည် အမိန့်အမှတ် ၄၉/၂၀၁၁ ကို ၁၃၇၃ခုနှစ် သီတင်းကျွတ်လဆန်း ၁၄ရက်၊ ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၁ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ပါသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း

၁။ နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင်ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ် ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါသည်။

၂။ ဤသို့ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် နိုင်ငံတော်သည် တည်ဆဲဥပဒေများကိုကျူးလွန်ဖောက်ဖျက်ခဲ့သူများအား တရားဥပဒေနှင့်အညီ ပြစ်ဒဏ်များ စီရင်ချမှတ်ခဲ့ရပါသည်။ ဤသို့ ပြစ်ဒဏ်စီရင်ခြင်းခံရသည့် အသက်အရွယ်ကြီးရင့်သူများ၊
ကျန်းမာရေးမကောင်းသူများ၊ ကိုယ်လက်အဂါင်္ချို့တဲ့သူများ အပါအ၀င် အကျဉ်းသားများအားလုံးထဲမှ ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့်အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများအား နိုင်ငံတော်အစိုးရသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) ပါ ပြဌာန်းချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ပြုပြင်ပြောင်းလဲပေးနိုင်ရန် အစီအမံများ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလိုပါသည်။

၃။ သို့ဖြစ်ရာ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့် စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန် လာသော အကျင်းသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် သနားချစ်ခင်မှုတို့ကို အလေးထားသည့် အနေဖြင့်လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညာသော အနေဖြင့် လည်းကောင်း၊
ယင်းတို့သည် နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် အများပြည်သူနှင်အတူ တာဝန်ထမ်းဆောင်နိုင်စေရန်အတွက် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှ ပူးတွဲအမည်စာရင်းပါ အကျဉ်းသား ၆၃၅၉ ဦးတို့အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ ယင်းတို့ကျခံရန် ကျန်ရှိသော အပြစ်ဒဏ်များအပေါ် ၁၃၇၃ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ခရစ်သက္ကရာဇ် ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၂ရက်မှ စ၍ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။

ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ

မဟန်တော့ မာန်လျှော့ ပြန်ပေတော့ တရုတ်ရေ

မြစ်ဆုံစီမံကိန်း အပြီးရပ်တန့်ရေး လက်မှတ် ၁ သန်း တရုတ်အစိုးရထံပို့ဖို့ စီစဉ်။
0 Comments - 10 Oct 2011
မန္တလေး မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်၊ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ “မပြီးဆုံးသေးသော မြစ်ဆုံ” အမည်နဲ့ ဧရာဝတီနဲ့ သဘာဝ ပတ်ဝန်းကျင်ရေးရာများ ဟောပြောပွဲတရပ်ကို ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ဒီဟောပြောပွဲမှာ ဆရာဦးဝင်းမျိုးသူနဲ့ စာရေးဆရာ ကိုတာ တို့ ဟောပြောကြပြီး စိတ်ပါဝင်စားသူ လူ ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ဟောပြောပွဲမှာ ဆရာဦးဝင်းမျိုးသူက ကောက်ခံရရှိတဲ့ လက်မှတ်တွေနဲ့အတူ တရုပ်အစိုးရနဲ့ CPI ကုမ္ပဏီကို သွားရောက် ဆွေးနွေးပြီး မြန်မာပြည်သားတွေရဲ့ သေ...

More Link
တနင်္လာနေ့၊ အောက်တိုဘာလ ၁၀၊ ၂၀၁၁
China, Myanmar agree to cooperate on suspended joint hydropower project

နှစ်ခြိုက်စွာ အိပ်ပျော် စေနိုင်သော နည်း(၅) နည်း

နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏


Item Name : Barbodos Aloes (ရှားစောင်းလက်ပပ်)

မြန်မာ့ ဒီမိုကရေစီအောက်မှ ပြည်သူတို့ ဘဝ

လူ့အခွင့်အရေးတိုင်ကြားမှု အများအပြား လက်ခံ ရထားကြောင်း ကော်မရှင် အကြီးအကဲ ပြောကြ

ဆုတွေနဲ့  စု

rSwfyHkwifjcif;r&Sdaom trsKd; om;'Drdkua&pDtzGJUcsKyf (NLD)taxGaxGtwGif;a&;rSL; a':atmifqef;pkMunftm; EkdifiHwumtoD;oD;rS 'Drdkua&pDacgif;aqmif wpfOD;taejzihf *kPfxl;aqmifqkrsm;ESihf bJGUwHqdyfrsm; csD;jr§ihfcJhMu\/
xkdqkrsm;ESihf bJGUwHqdyfrsm; rSm...

နိုင်ငံရေးအကျဥ်းသားလွှတ်မြောက်ရေးလက်မှတ်ရေး

နိုင်ငံရေးအကျဥ်းသားလွှတ်မြောက်ရေးလက်မှတ်ရေးထိုးလှူပ်ရှားသူများကွန်ယက်၏ ထုတ်ပြန်ကြေငြာချက်

နိုင်ငံရေးအကျဥ်းသားလွတ်မြောက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားသူများကဦးဆောင်၍

သင်ကောင်းလျှင် ငါ မဆိုးပါ

 တနင်္လာ, 10 အောက်တိုဘာ 2011

မြန်မာအစိုးရ ပြုပြင် ပြောင်းလဲရေးလုပ်သမျှ အမေရိကန် တုံ့ပြန်သွားမည်

တိုင်းရင်းသားအရေး ဒို့ အရေး

ကချင်များ တရုတ်အစိုးရ ကန့်ကွက်ဆန္ဒပြပွဲ ၃ နေရာတွင် ပြုလုပ်

နောက်မှာပြည်သူ ရှေ့ မှာတရုတ်

တရုတ်ကို ပထမဆုံး အကြိမ် ငြင်းဆန်ကြောင်း မြန်မာ မောင်း ခတ်ကြေညာ

(မြစ်ဆုံတမံ ရပ်ဆိုင်းမှုနှင့် ပတ်သက်၍ လူသိများ ဘာတစ်လ်လင်တနာ၏ မူကွဲ သုံးသပ်ချက် ဆောင်းပါးတပုဒ်ဖြစ်သည်။)

အမျိုးသမီးနှင့် နိုင်ငံတော်တည်ဆောက်ရေး


ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နိုင်ငံတိုင်းမှာ စစ်ရေးနည်းနဲ့ပဲဖြစ်ဖြစ်၊ တော်လှန်ရေးနည်းလမ်းနဲ့ပဲဖြစ်ဖြစ်၊ ပြည်ပကူညီဝင်ရောက် ဖြေရှင်းပေးမှုကြောင့်ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာမှု ကြောင့်ပဲဖြစ်ဖြစ် ပဋိပက္ခတွေ ပြေလည်ပြီးတဲ့အခါ နိုင်ငံတော်ပြုပြင် တည်ဆောက်ရေးကို ပြုလုပ်ရပါတယ်။

ကြောက်ပြန်ကန် တရုတ်သတင်း

မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများကို တရုတ်သတင်းစာ အကာအကွယ်ပေးရေးသား

(8 Oct 2011 ရက်စွဲပါ Reuters သတင်းဌာန၏ China paper defends Myanmar Investment ကို yangonchronicle ဘာသာ ပြန်ဆိုသည်)