ဆွေးနွေးတာလည်းဆွေးနွေးပေါ့ (ကလစ်ပါ)
ပေါက်ကွဲမှုတွေလဲဖြစ်နေ (ကလစ်ပါ)
လွတ်သူတွေလဲလွတ်လာ (ကလစ်ပါ)
ကျန်သူတွေကလဲဒုနဲ့ ဒေး (ကလစ်ပါ)
ပွဲကြမ်းတော့မယ် သိပ်မဝေးတော့ဘူး (ကလစ်ပါ)
အကျဉ်းကျသံဃာတွေအရေး ဆောင်ရွက်သူ ပြည်သူ့ဂုဏ်ရည်ဆုရ
By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 15 မေ 2011
ဓာတ်ပုံ 2011.citizenofburma.org
ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံရသည့် ဒေါ်ရှု။
မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူတွေအတွက် လူမှုရေး လုပ်ငန်းတွေကို အနစ်နာခံပြီးတော့ လုပ်ဆောင်ပေးနေကြသူတွေ၊ နိုင်ငံသားတွေအတွက် စံပြဖြစ်မယ့် သူတွေကို အများက ၀ိုင်းဝန်း မဲထည့်ကြပြီး ဒီဆုကို ရွေးချယ်ရာမှာ ဒီနှစ်အတွက် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၄၀ က မဲပေါင်း ၂၅၀,၀၀၀ ကျော် ရရှိပြီး အဲဒီအထဲက မဲအများဆုံး ၄၄% ရှိသူက ဆုချီးမြှင့်ခံရတာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုက မြို့ ၁၅ မြို့နဲ့ ဗြိတိန်နိုင်ငံတို့မှာ နေထိုင်တဲ့ မြန်မာမိသားစုတွေ စုပေါင်းပြီး ပြည်သူ့ဂုဏ်ရည် အသင်းကို ဖွဲ့စည်းထားပြီး လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲကို မနှစ် ဧပြီလမှာ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပခဲ့ပြီး နာရေးကူညီမှု အသင်းက ဦးကျော်သူက ဆုရရှိခဲ့ပါတယ်။
ဒီနှစ် ဆုပေးပွဲ အခမ်းအနားကိုတော့ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပတာဖြစ်ပြီး နောက်နှစ်ကျရင် နယူးယောက်ခ်မြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားအခွင့်အရေး အရှင်ဂမ္ဘီရ ဦးဆောင်တောင်းဆို
2011-05-15
စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်ရောက် နိုင်ငံရေးအကျဉ်းသားတွေက ထောင်တွင်း ဆေးကုသခွင့် ကောင်းကောင်းမွန်မွန် ရရှိဖို့နဲ့ တခြား နေထိုင်မှု အခွင့်အလမ်းတွေ ရဖို့ မြန်မာ အစိုးရသစ်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တင်ပြ တောင်းဆိုလိုက်ပါတယ်။RFA
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ရုံးခန်းတွင် ချိတ်ဆွဲထားသော မြန်မာနိုင်ငံအတွင်း အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများပုံ ဖြစ်ပါသည်။ (Photo: RFA)
တောင်းဆိုချက်မှာ အကျဉ်းထောင်အတွင်း ကျန်းမာရေး ပြုစုစောင့်ရှောက်မှု အခြေအနေတွေ၊ လူမှုရေးဆိုင်ရာ အချက်တွေအပြင် အကျဉ်းထောင်လက်စွဲ စာအုပ်ပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီ နိုင်ငံရေးအကျဉ်းသား အခွင့်အရေးတွေ ရရှိဖို့ စသဖြင့် အချက် (၆) ချက် ပါဝင်တယ်လို့ မခင်သူဌေးက RFA ကို ပြောပါတယ်။
ဒီစာကို ပြီးခဲ့တဲ့ မေလ (၁၁) ရက်နေ့မှာ ထောင်အာဏာပိုင်တွေကို တင်ပြလိုက်တာ ဖြစ်ပြီး မိတ္တူကို သမ္မတ ဦးသိန်းစိန် အပါအဝင်၊ ဒု-သမ္မတတွေ၊ အကျဉ်းဦးစီးဌာန၊ အာဆီယံ လူ့အခွင့်အရေး ကော်မရှင်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် နဲ့ အာရှ လူ့အခွင့်အရေး ကော်မတီတို့ကို ပို့ပေးဖို့ နိုင်ငံရေး အကျဉ်းသားတွေက ပန်ကြားလိုက်တယ်လို့ ဆိုပါတယ်။
အခုလို တောင်းဆိုရတဲ့ အဓိက အကြောင်းရင်းကတော့ ကလေးမြို့ အကျဉ်းထောင်မှာ အမြဲတမ်း တာဝန်ယူ စောင့်ရှောက်တဲ့ ထောင်ဆရာဝန် မရှိတဲ့အတွက် အကျဉ်းသားတွေ အခက်အခဲ ရှိနေတာကြောင့်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နိုင်ငံရေးအကျဉ်းသား ဦးညီပုနဲ့ ဦးတင်ယု ကို အပြင် ထောင်ဆေးရုံ ထုတ်ပြီး ဆေးကုရခဲ့ရတယ်လို့ သိရပါတယ်။
အသေးစိတ်ကို RFA သတင်းထောက် ဦးရဲထက်က သတင်းပေးပို့ထားပါတယ်။
မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား
By မအေးအေးမာ တနင်္ဂနွေ, 15 မေ 2011 VOA
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက မြန်မာအစိုးရ ထိန်းချုပ်ရာ နယ်မြေထဲအထိ ၀င်ရောက် တိုက်ခိုက်မှုတွေ လုပ်အပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ မွန်ပြည်နယ် မုဒုံမြို့ထဲက အစိုးရ အဆောက်အဦးတခုကို ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေ မနေ့က ၀င်တိုက်ခဲ့သလို ဒီကနေ့လည်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ နယ်စပ်ဒေသက လက်နက်ကိုင် ပဋိပက္ခတွေရဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
“ကျနော်တို့ ဒီနေ့ ကော့ကရိတ် တမိုင်ကုန်းမှာ စစ်တပ်တခုရှိတယ်၊ လွန်ခဲ့တဲ့နေ့မှာတော့ မနက် ၅ နာရီခွဲကစပြီး ကော့ကရိတ် နေပူခံစခန်း၊ တောင်ခြေက အောက်ဗိုလ်တဲ၊ ၂၃၀၊ ၁၃၁ တပ်တွေကို ကျနော်တို့ တပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်တယ်။”
မနေ့ကဖြစ်ခဲ့တဲ့ မွန်ပြည်နယ် မုဒုံမြို့နယ်က ကြေးနန်း ဆက်သွယ်ရေးရုံးကို ၀င်ရောက် တိုက်ခိုက်မှုဟာလည်း DKBA နဲ့ KNU မဟာမိတ် တပ်ဖွဲ့တွေရဲ့လက်ချက် ဖြစ်ကြောင်းတွေကိုလည်း ပြောသွားပါတယ်။
“မုဒုံမြို့ကို ၀င်ရောက်တိုက်ခိုက်တာ ကျနော်တို့ရဲ့ တပ်မဟာ ၆ ဗျူဟာမှူးနဲ့ တပ်ရင်း ၁၆၊ တပ်ရင်း ၁၇ တို့ အသီးသီး အောင်နိုင်ကျော်ကြား စစ်ဆင်ရေး စီမံချက်ကို ကျနော်တို့ ရေးဆွဲထားတယ်။ လက်ရှိ အောင်နိုင်ကျော်ကြား စစ်ဆင်ရေးအရ ဆိုရင် ကျနော်တို့က ၀င်ရောက်တိုက်ခိုက်နိုင်တဲ့ အဆင့်ကို ကျနော်တို့ ၀င်ရောက်တိုက်ခိုက်မယ်။ လက်ရှိလည်း မွန်ပြည်နယ် မုဒုံသော်လည်းကောင်း၊ မော်လမြိုင်သော်လည်းကောင်း၊ ဘိတ်၊ ထားဝယ်၊ တနင်္သာရီတိုင်း အသီးသီးပေါ့လေ။”
မနေ့က မုဒုံမြို့က ပစ်ခတ်မှုမှာတော့ ရဲတပ်သားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ DKBA ကတော့ တိုင်းရင်းသားတွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ မလုပ်သရွေ့ ဆက်လက် တိုက်ခိုက်မှုတွေ ရှိနေဦးမှာဖြစ်ကြောင်း၊ တိုင်းရင်သားတွေရဲ့ ဒေသတွေမှာ မြန်မာအစိုးရ တပ်တွေက အကြမ်းဖက် တိုက်ခိုက်မှု၊ ဒေသခံ ကျေးရွာသားတွေကို ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ ပေါ်တာဆွဲမှု၊ တောင်ယာတွေကို ဖျက်ဆီးမှုတွေ ရှိနေတယ်လို့လည်း စွပ်စွဲ ပြောဆိုနေပါတယ်။ မေလ ၁၁ ရက်နေ့ကတော့ တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ မြ၀တီကားလမ်းကို မနက်ပိုင်းကနေ နေ့လယ်အထိ အာဏာပိုင်တွေဘက်က ယာယီ ပိတ်လိုက်ရပြီး အခြေအနေ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။
ဒီလထဲမှာ ဖြစ်နေတဲ့ မွန်ပြည်နယ် မုဒုံမြို့နယ်က ပစ်ခတ်မှုနဲ့ ကရင်ပြည်နယ်တွင်းက ပစ်ခတ်မှုတွေဟာ အစိုးရ ထိန်းချုပ်ရာနေရာ ဖြစ်တာကြောင့် ပြည်သူတွေကတော့ စိုးရိမ် ထိတ်လန့်မှုတွေ ရှိနေပါတယ်။
DKBA အဖွဲ့ဟာ ၁၉၉၅ ခုနှစ်မှာ မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ နယ်ခြားစောင့်တပ် လုပ်ခိုင်းတာကစလို့ တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။ ရွေးကောက်ပွဲကာလမှာ မဲမသမာမှုလုပ်တယ်၊ ပြည်သူတွေကို အတင်းအကျပ် မဲထည့်ခိုင်းတယ်ဆိုပြီး ရွေးကောက်ပွဲလုပ်တဲ့ နောက်တနေ့မှာပဲ မြန်မာအစိုးရ တပ်တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒီကနေ့ တိုက်ပွဲတွေ ဖြစ်နေရတဲ့အထိ တင်းမာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်
မြန်မာအစိုးရစစ်တပ်မှ တပ်ရင်းမှူးတဦးတိုက်ပွဲကျ
ရှမ်းပြည်ရောက်မြန်မာအစိုးရတပ်များ
ဗိုလ်မှုးကြီး ရွက်ဆစ် ဦးဆောင်တဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်းရဲ့ တပ်ဖွဲ့က ရှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ်ဘက် ကို မေလ ၉ ရက်နေ့ က တက် လာတဲ့ မြန်မာ အစိုးရ စစ်တပ် ကို ချုံခို တိုက်ခိုက် ခဲ့လို့ မြန်မာအစိုးရ စစ်တပ်ဘက် က တပ်ရင်းမှူး အပါအ၀င် တခြား အရာရှိ ငယ် ၁၀ယောက် ထက်မနည်း သေဆုံး သွား ပါတယ်။
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနာချုပ် (စကခ) ၇ လက် အောက်ခံ ခြေမြန် တပ်ရင်း(ခမရ) ၄၂၂ က တပ်ရင်းမှူး ဦးဆောင်တဲ့ စစ် ကြောင်း တစ်ကြောင်း က တောင်ကြီး-လွိုင်လင် ကနေ မိုင်းကိုင်မြို့နယ်ဘက်ကို ထော်လာဂျီ တွေ နဲ့ တက်လာခဲ့ရာမှာ ရှမ်းပြည် တပ်မတော် SSA က ချုံခို တိုက်ခိုက် ခဲ့ တဲ့ အတွက် မြန်မာ အစိုးရ စစ်တပ်ဘက် က တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး သိန်းဦးအပါ၀င် အရာရှိ အရာခံတွေ နဲ့ စုစုပေါင်း ၉ ယောက် သေဆုံးသွားပြီး ၁၅ ယောက် ဒဏ်ရာ ရ သွားတယ် လို့ SSA ရဲ့လက်ထောက် ပြောခွင့်ရသူ စိုင်းဆိုင်းမိန်း က ဘီဘီစီ ကို ပြောပါတယ်။အဲဒီ သေဆုံးသွားတဲ့သူတွေ ကတော့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသိန်းဦး၊ အရာခံဗိုလ် စိုးမင်း၊ တပ်ကြပ်ကြီး ထွန်းအောင်၊ တပ်ကြပ်ကြီး သိန်းလှိုင်၊ တပ်ကြပ် ထွန်းထွန်း လွင်၊ တပ်ကြပ် ကျော်စိုးမင်း၊ တပ်ကြပ် ထွန်းခိုင်၊ ရဲဘော်ကိုဇော် နှင့် ရဲဘော် မျိုးဇော်ဦး တို့ပဲ ဖြစ်ပါတယ်။
အခုလို မြန်မာအစိုးရ စစ်တပ်ကို စောင့်ပြီး တိုက်ခိုက်တဲ့ SSA တပ် ရဲ့အင်အား က ၈၀ လောက် ရှိတယ် လို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ အပြန်အလှန် ၁ နာရီလောက် ပစ်ခတ် ကြတယ် လို့ သိရ ပါတယ်။
ဒီမိုင်းကိုင်မြို့နယ်မှာ ရှမ်းပြည်တပ်မတော် တောင်ပိုင်း နဲ့ မြန်မာအစိုးရ စစ်တပ်တို့ မကြာခဏ တိုက်ပွဲ ဖြစ်လေ့ ရှိတဲ့ ဒေသ ပဲ ဖြစ်ပါတယ်။
Monday, 9 May 2011
လူထု တိုက်ပွဲ စမယ်
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ပြည်တွင်းမှာ လူထုလှုပ်ရှားမှု စမယ်။
THAT's IT 'ASEAN'! THAT's IT!
HACKED BY Min Ko Ko @ Blue Hacker @ Hacker625@gmail.com
Fucking Myanmar Government, Fucking ASEAN, Fucking Neighbour Countries.
We will Fucked you All.
Warning! Don't try to get our land.
We are D3 Hacker Group form Myanmar. Contact: hacker625@gmail.com, http://myeik.darkbb.com/
အာဆီယံ အသင်းဟာ အကြမ်းဖက်သမားများ ခိုလှုံဖို့ အကာအကွယ်ပေး
ASEAN: Nations that harbor state sponsored terrorist regime.
မြန်မာနိုင်ငံအတွင်း နအဖ စစ်အုပ်စု ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တံတိုင်းကြီး သဖွယ် အကာအကွယ်ပေး အသုံးပြုခံ နေတဲ့ အာဆီယံအသင်းကြီးရဲ့ အင်တာနက် ၀က်ဘ်ဆိုက် ကို မြန်မာ ဟက်ကာ လူငယ်တစ်ဦး က ၀င်ရောက် တိုက်ခိုက်ဖျက်ဆီးလိုက်ပါပြီ။ ဒါဟာ အာဆီယံ ခေါင်းဆောင်းတွေ ကို သင်ခန်းစာ အဖြစ်ပေးလိုက်တာပါ။ အာဆီယံ အသင်းကြီ ဟာ နအဖ စစ်အုပ်စုခေါင်းဆောင်တွေရဲ့ အသုံးချမှု ကို အနှစ် ၂၀ ကျော် ခံခဲ့တာကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ပြစ်တင်ဝေဖန်မှု ကို နှစ်စဉ် ရင်ဆိုင်ဖြေရှင်းခဲ့ရတယ်။
လူသတ်မုဒိမ်းကျင့်နေတဲ့ အကြမ်းဖက် ရာဇ၀တ်ကောင် ကို အာဆီယံ အသင်းကြီး က အကာအကွယ်ပေးနေတာလား၊ အကြမ်းဖက် ရာဇ၀တ်ကောင် က အာဆီယံ အသင်းကြီးကို တံတိုင်း သဖွယ် အသုံးချနေတာလား ဆိုတာ နိုင်ငံတကာ အစိုးရတွေက မေးခွန်းထုတ်နေကြတယ်။
နိုင်ငံတကာ သံတမန် အသိုင်းအ၀ိုင်း နှင့် လူ့အခွင့်အရေးအဖွဲ့အစည်းတွေ ကတော့ ဒေသ အတွင်း လူသတ်မုဒိမ်းကျင့် နေတဲ့ ရာဇ၀တ်ကောင် အကြမ်းဖက် သမား ကို အာဆီယံ အသင်းကြီး က အကာအကွယ် ပေးနေတာလား၊ အကြမ်းဖက် ရာဇ၀တ်ကောင် က အာဆီယံ အသင်းကြီးကို တံတိုင်း သဖွယ် အသုံးချနေ တာလား ဆိုတာ မေးခွန်းထုတ်နေကြတယ်။ တကယ်တော့ အာဆီယံ အသင်းဟာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အကြမ်းဖက်သမားများကို ခိုလှုံဖို့ အကာအကွယ် ပေးနေတာကြောင့် မြန်မာပြည်သူတွေ အတွက် ဘာ ကောင်းကျိုးမှ ဖြစ်လာမှာ မဟုတ်သလို၊ ဒေသအတွင်း ဒီမိုကရေစီ အရေးကို ပါ ထိခိုက်လာစေနေတယ်။
အာဆီယံအစည်းအဝေးလုပ်နေချိန်မှာ နိုင်ငံရေးရည်ရွယ်ချက်တွေပါတဲ့စာသားတွေနဲ့ မြန်မာဟက်ကာ တဦးက အာဆီယံ ၀က်ဘ်ဆိုက်တခုကို ဟက်လိုက်ပါတယ်။ အောက်ကလင့်မှာ သွားရောက်ကြည့်ရှု နိုင်ပါတယ်။
စွန့်လွှတ်စွန့်စားစိတ်ဓာတ်ရှိတယ်။ တော်တော်သတ္တိရှိတယ်လို့ ပြောရမှာပါပဲ။ လက်ရှိအစိုးရနဲ့ အာဆီယံနိုင်ငံတွေကိုပါ သူကဝေဖန်ထားပါတယ်။
မြန်မာ ဥက္ကဋ္ဌဖြစ်ရင် အာဆီယံအပေါ် ယုံကြည်မှု လျော့ပါးနိုင်
By ဦးအောင်လွင်ဦး တနင်္ဂနွေ, 08 မေ 2011
ဓာတ်ပုံ ASSOCIATED PRESS
၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ ကျင်းပနေစဉ်။ မေ ၈၊ ၂၀၁၁။
အသင်းဝင်နိုင်ငံ တနိုင်ငံအဖြစ် အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရှေ့လာမယ့် ၂၀၁၄ ခုကျရင် မြန်မာနိုင်ငံကို ပေးအပ်သွားဖို့ ၂ ရက်ကြာ ထိပ်သီးအစည်းအဝေးပွဲမှာ အသင်းခေါင်းဆောင်တွေက သဘောတူထားကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေး တိုးတက်မှုတွေ မရှိဘူးဆိုပြီး နိုင်ငံတကာ အသိုင်းအ၀န်းက ဝေဖန်တာ ခံနေရတဲ့ အသင်းဝင်နိုင်ငံ တခုကို အခုလို တာဝန်ပေးတာဟာ အာဆီယံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်လို့ မြင်နေကြတာပါ။ မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (AIPMC) က အင်ဒိုနီးရှား ကိုယ်စားလှယ် တဦးဖြစ်တဲ့ အဂွန် ပူထရီ အက်စ်ထရစ် (Agung Putri Astrid) ကတော့ ဒါဟာ အသင်းအတွက် လမ်းဆုံလမ်းခွ တခုပဲလို့ ဆိုပါတယ်။
“၂၀၁၅ ခုနှစ်မှာ ဒေသတွင်း တခုတည်းသော လူမှုအသိုင်းအ၀န်း တခုကို ဖန်တီးသွားမယ့် အဖွဲ့အစည်းတခု အနေနဲ့ အာဆီယံဟာ အများက လက်ခံယုံကြည်နိုင်တဲ့ အဖွဲ့အစည်း တခုအဖြစ် နိုင်ငံတကာ အသိုင်းအ၀န်းကို ပြသနိုင်ဖို့ အခုအချိန်ဟာ အင်မတန်မှကို အရေးကြီးတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။”
အာဆီယံ လူမှုအသိုင်းအ၀န်း ထူထောင်တဲ့ နေရာမှာ ဒေသတွင်းက လူ့အခွင့်အရေးတွေကို အကာအကွယ် ပေးသွားဖို့တွေလည်း ပါဝင်တာမို့ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဆိုးဆိုးရွားရွား ပြုမူနေတဲ့အတွက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေခိုက် ဒေသတွင်းမှာ တိုးတက်အောင် လုပ်နိုင်ပါ့မလား ဆိုတာဟာလည်း မေးခွန်းထုတ်စရာ ဖြစ်မယ်လို့ ပြောပါတယ်။ ဒီအတွက်လည်း AIPMC အဖွဲ့က အသင်းဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံကို မပေးဖို့ တောင်းဆိုရတာလို့ မစ်စ် အက်စ်ထရစ်က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘဲ ၂၀၁၄ ခုနှစ်မှာ အာဆီယံအသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်လာမယ်ဆိုရင် အာဆီယံဥက္ကဋ္ဌ အနေနဲ့ ပထမဆုံး လုပ်ရမယ့် တာဝန်ကို သူကိုယ်တိုင်က ချိုးဖောက်ထားသလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့်လည်း အာဆီယံအပေါ် လက်ခံယုံကြည်နိုင်မှုတွေ ကျဆင်းနိုင်ပါတယ်။ ဒါကြောင့်လည်း အာဆီယံ အနေနဲ့ ဒါကို ပြန်လည်စဉ်းစားဖို့ ကျမတို့က တောင်းဆိုနေရတာပါ။”
တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ အစိုးရသစ်တရပ် ပေါ်ပေါက်လာပေမဲ့ အခြေအနေတွေဟာ တိုးတက်မှု မရှိဘူးလို့လည်း ပြောပါတယ်။ တချိန်တည်းမှာပဲ ဒီလို ဥက္ကဋ္ဌ ဖြစ်လာမယ်ဆိုရင် နိုင်ငံတကာ အသိုင်းအ၀န်းက မြန်မာနိုင်ငံနဲ့ ပိုပြီး ထိတွေ့ဆက်ဆံမှုတွေ ကူးလူးဆက်ဆံမှုတွေနဲ့ အခြေအနေတွေကို ပိုပြီး ထဲထဲဝင်ဝင် သိမြင်ခွင့်ရမယ်လို့ မြင်သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း AIPMC အင်ဒိုနီးရှားနိုင်ငံ တာဝန်ခံ မစ်စ် အက်စ်ထရစ်ကတော့ ဒါကို သဘောမတူဘူးလို့ ပြောပါတယ်။
“ဥက္ကဋ္ဌဖြစ်လာတယ် ဆိုတာဟာ အစိုးရတရပ်ကို ဒေသတွင်းမှာ ဦးဆောင်သွားဖို့ တာဝန်ကို ပေးအပ်လိုက်တာဖြစ်တယ် ဆိုတာကို နားလည် သဘောပေါက်ဖို့ လိုပါတယ်။ ဒါကြောင့်လည်း ဥက္ကဋ္ဌဆိုတဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ လိုပါတယ်။ နိုင်ငံတနိုင်ငံ အနေနဲ့ ဥက္ကဋ္ဌ ဖြစ်လာတယ်ဆိုရင် ဒီနိုင်ငံရဲ့ ဆုံးဖြတ်ချက်တွေကို ကျန်နိုင်ငံတွေက လိုက်လုပ်ကြရတာ ဖြစ်ပါတယ်။ ဒါဟာ အာဆီယံအသင်း ခေါင်းဆောင်တွေကြား လက်ခံထားကြတဲ့ ပုံစံတခုပဲ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံထက် ဥက္ကဋ္ဌ အရည်အချင်း ပြည့်ဝတဲ့ နိုင်ငံတွေလည်း အသင်းဝင် ၁၀ နိုင်ငံထဲမှာ ရှိနေတာမို့ ဒီတာဝန်ကို အလှည့်ကျော် လွှဲပြောင်း ပေးသင့်တယ်လို့လည်း မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့က မစ်စ် အက်စ်ထရစ်က ပြောသွားခဲ့တာပါ။ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်တုန်းက အာဆီယံရဲ့ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဟာ ပထမဆုံးအကြိမ် အလှည့်ကျစဉ်မှာတုန်းကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ၊ နိုင်ငံရေး တိုးတက်မှု မရှိတာတွေအပေါ် ဝေဖန်ပြစ်တင် ခံရမှုတွေနဲ့အတူ ဒီတာဝန်ကို မယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တပ်တွင်းအပြောင်းအလဲ စတင်လုပ်ဆောင်
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ရယူပြီး သည့်နောက် စစ်တပ်အတွင်း ရာထူးအပြောင်းအလဲများ စတင်ပြုလုပ်နေကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဘက်အသိုင်းအ၀န်းမှ သိရသည်။ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Getty Images)
“ကာချုပ်က လူဟောင်းတွေထဲက မကြိုက်တဲ့သူတချို့ကို ဖယ်ပြီး ကြိုက်တဲ့သူတွေကို ဆွဲတင်ဖို့လုပ်တာပါ။ ဘယ်လောက်တော်တော် မကြိုက်ရင် နေရာမရှိဘူး၊ စစ်တပ်မှာ ဖြစ်ရိုးဖြစ်စဉ်ပဲ” ဟု ၎င်းက ဆိုသည်။
ယခုပြောင်းရွေ့မှုတွင် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ မပါဝင်ဘဲ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) မှူးများနှင့် ခြေမြန် တပ်မဌာနချုပ် တပ်မမှူးများကိုသာ အပြောင်းအလဲလုပ်ကြောင်း သိရသည်။
ယခုပြောင်းရွှေ့မှုတွင် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ အခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) မှူး ဗိုလ်မှူးကြီး အောင်ရဲဝင်းအား ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်အခြေစိုက် စကခ (၁ဂ)၊ အမှတ်(၁၈) စကခမှူး ဗိုလ်မှူးကြီး မင်းဇော်အား တပ်မတော် သူနာပြုတက္ကသိုလ် ကျောင်းအုပ်ကြီး တာဝန်၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့ အခြေစိုက် အမှတ်( ၉) စကခမှူး ဗိုလ်မှူးချုပ် တင်ဆွေဝင်းအား စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ရှမ်းပြည်တောင်ပိုင်း ကလော မြို့အခြေစိုက် တပ်မ ၅၅ တပ်မမှူးကို အမှတ် (၉) စကခ၊ ရှမ်းပြည်မြောက်ပိုင်း သိန္ဓီအခြေစိုက် အမှတ် (၁၆) စကခမှူး ဗိုလ်မှူးကြီး ၀င်းသိန်းအား နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ် စခန်းရုံးတို့သို့ အသီးသီးပြောင်းရွေ့လိုက်သည်။
တခြားသော စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်မှူးများကိုလည်း ဆက်လက်ပြောင်း ရွှေ့မည်ဖြစ်ကြောင်းလည်း သိရသည်။
ယခု စစ်တက္ကသိုလ်သို့ ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ရသူ ဗိုလ်မှူးချုပ် တင်ဆွေဝင်းသည် တိုင်းမှူးရာထူး တိုးမြှင့်ခံရမည်ဟု စစ်တပ်အတွင်း သတင်းထွက်ပေါ်နေသူဖြစ်ပြီး ယခင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး တာဝန်ယူသွားသည့် ဗိုလ်မှူးချုပ် မြတ်ထွန်းဦးသည်လည်း ရှမ်းပြည်နယ်တွင် မကြာမီက ဖွင့်လှစ်ခဲ့သည့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းရွှေ့တိုးမြှင့်ခြင်းခံရသည်။
ယခုအပြောင်းအရွှေ့တွင် ပြောင်းရွှေ့ခြင်းခံရသူများသည် ပြီးခဲ့သည့်နှစ် သြဂုတ်လကမှ စတင်ပြီး ယင်းရာထူးတာဝန်များကို စတင် ထမ်းဆောင်သူများ ဖြစ်သည်။
စစ်ရေး လေ့လာသူများ အဆိုအရ ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းကလည်း စစ်တပ်ရာထူး အပြောင်းအရွှေ့များကို အကြီးအကျယ် ပြုလုပ်ခဲ့သေးကြောင်း၊ ထို့နောက် ၉ လအကြာ ယခုတကြိမ် ထပ်မံပြုလုပ်ခြင်းသည် သမားရိုးကျ ပုံမှန်ပြုလုပ်ခြင်း မဟုတ်သည့်အတွက် ယခုတပ်တွင်း အပြောင်းအလဲများကို စောင့်ကြည့်ရန် လိုကြောင်း ပြောဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူနေစဉ် ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းကလည်း စစ်ဘက်ထိပ်တန်း စစ်ဗိုလ်ချုပ်များကို ရာထူးမှ အနားယူစေပြီး စကခမှူးများ၊ တိုင်းမှူးများ၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး နေရာများအထိ ရာထူးအပြောင်းအလဲများကို အကြီးအကျယ်ပြုလုပ်ခဲ့သည်။
ပြီးခဲသည့် မတ်လ ၃၀ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာသိမ်း စစ်ကောင်စီကို ဖျက်သိမ်းပြီး ကာကွယ်ရေး ဦးစီးချုပ်ရာထူးကိုလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သို့ လွှဲအပ်ခဲ့သည်။
ထိုသို့ လွှဲပြောင်းပေးအပ်မှုများကြောင့် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ရာထူးတာဝန်မှ အနားယူသွားပြီဟု ထင်ကြေးပေး ပြောဆိုမှုများ ရှိနေသော်လည်း စစ်တပ်နှင့် ပတ်သက်၍ ဆက်လက်ချုပ်ကိုင်ထား ဆဲဖြစ်သည်ဟု အတည်မပြုနိုင်သေးသော စစ်ဘက်အသိုင်း အ၀န်းသတင်းများအရ သိရသည်။
အာဆီယံ ဥက္ကဋ္ဌနေရာ မြန်မာကို မပေးဖို့ လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း
2011-05-07
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်လာဖို့နဲ့ ဒီမိုကရေစီ ကူးပြောင်း ရေး ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ မရှိရင် မြန်မာအစိုးရ တောင်းဆိုထားတဲ့ ၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးကို မပေးဖို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က အာဆီယံအဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။(Photo: AFP)
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ မြို့တော်ရှိ အာဆီယံ အတွင်းရေးမှူးအဖွဲ့ရုံး အဆောက်အအုံရှေ့တွင် မတ်လ ၂၉ ရက်က အာဆီယံ အစိုးရအဖွဲ့များ၏ လူ့အခွင့်အရေး ကော်မရှင် အစည်းအဝေး ကျင်းပနေစဉ် အရှေ့တောင် အာရှနိုင်ငံများမှ လူမှုအဖွဲ့အစည်း ၆၉ ခု ပေါင်းစည်းကာ အင်ဒိုနီးရှား၊ မြန်မာနှင့် ဖိလိပိုင်နိုင်ငံတို့မှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကန့်ကွက်ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
“မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌ ရာထူးနဲ့ ဂုဏ်ပြုမယ်ဆိုရင် ဒေသ တခုလုံးအတွက် စိတ်ပျက်စရာ လုပ်ရပ်ကြီးတခု ဖြစ်သွားပါမယ်။ မြန်မာအစိုးရကို ဥက္ကဋ္ဌ ထားမယ်ဆိုရင် အာဆီယံအဖွဲ့ကို နိုင်ငံတကာ ရယ်ပွဲ ဖွဲ့စရာ ဟာသအဖွဲ့ကြီးအဖြစ် ဂုဏ်သိက္ခာကျ၊ အဆင့်နိမ့်သွားအောင် ခွင့်ပြုရာကျမယ် ဆိုတဲ့အချက်ကို အာဆီယံခေါင်းဆောင်တွေ အနေနဲ့ စဉ်းစားဆုံးဖြတ်ဖို့ လိုပါတယ်”
မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့တာ မှန်ပေမယ့် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးမှာ ဒီထက် ပိုလုပ်စရာတွေ အများကြီး ရှိသေးတယ်လို့လည်း မနေ့က နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးအတွက် အဆင့်သင့် ဖြစ်နေပြီဆိုတာ ပြသဖို့ အစိုးရသစ် အနေနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ခြင်း ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ တာဝန်ယူမှုရှိတဲ့ အစိုးရတရပ် ဖြစ်တယ်ဆိုတာ နိုင်ငံတကာနဲ့ ပူးပေါင်းပြသဖို့၊ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်တခု လုပ်ဆောင်ဖို့ လိုပါတယ်လို့လည်း Ms. Pearson က ပြောပါတယ်။
Subscribe to:
Posts (Atom)
