| Thursday, 15 December 2011 00:08 |
ပြန်လည်ရောက်ရှိလာသည့် အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ဒီဇင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ် တရုတ်နိုင်ငံမှ CZ 3055 လေယာဉ်ဖြင့် မြန်မာအလုပ်သမား ၅၃ ဦး ပါဝင်လာကြောင်း၊ ၅၈ ဦးဟု ဆိုရာ၌ နိုဝင်ဘာလ ၂၆ ရက်နေ့က မြန်မာ အလုပ်သမားနှစ်ဦးမှာ ပြန်လည်ရောက်ရှိနေခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် မြန်မာအလုပ်သမားသုံးဦးမှာလည်း နယ်စပ်မှတစ်ဆင့် အစောပိုင်းကတည်းက ပြန်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဖြစ်စဉ်မှာ မြန်မာအလုပ်သမားများကို တရုတ်နိုင်ငံရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ လစာမှာ တစ်လလျှင် မြန်မာငွေကျပ် သုံးသိန်းခွဲ၊ လေးသိန်းနီးပါးရရှိမည်ဖြစ်ကြောင်း၊ တစ်နေ့အလုပ်ချိန် ၈ နာရီသာ ရှိမည်ဖြစ်ကြောင်း၊ ယင်းအချိန်ထက် ကျော်လွန်ပါက အချိန်ပိုကြေးရမည်ဖြစ်ကြောင်း စသည့် ကတိများနှင့် စာချုပ်ချုပ်ဆိုကာ ကြားပွဲစားမှခေါ်ယူခဲ့ရာ မြန်မာအလုပ်သမား ၅၈ ဦးမှ သုံးသုတ်ခွဲ၍ သွားရောက်လုပ်ကိုင်ခဲ့သည်။ တရုတ်နိုင်ငံရှိ ဖူချောင်ပြည် နယ်၊ Pudin မြို့နယ်၊ ကျန့်ခိုရွာ၌ရှိသော Taksum Electronic Factory စက်ရုံတွင် မြန်မာအလုပ်သမားများကို အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံသား ကြားပွဲစားက ခေါ်ယူပေးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များ၏ တိုင်ကြားထားချက်များအရ သိရှိရသည်။ တရုတ်နိုင်ငံသို့ သွားရောက်လုပ်ကိုင်ခဲ့သည့် ၅၈ ဦးထဲတွင် ပါဝင်သူ ကိုအေးဖြိုးဝင်းက ''ကျွန်တော်က မော်လမြိုင်ကပါ။ နိုင်ငံခြားသွားလုပ်မလို့ စုံစမ်းတော့ မုဒုံကတစ်ယောက်က ရန်ကုန်က (ဦး---၊ဒေါ်---)တို့နဲ့ ဆက်သွယ်ပေးပါတယ်။ တရုတ်ကို သွားရမယ်။ အေးဂျင့်ခက ၁၂ သိန်းပေးရမယ်။ တစ်နေ့ကို ကိုယ့်အလုပ်ချိန် ၈ နာရီပဲ လုပ်ရမယ်။ overtime ရှိတယ်။ တစ်လကို တရုတ်ယွမ် ၃၀၀၀ မြန်မာငွေ သုံးသိန်းခွဲလောက်ရမယ်လို့ ပြောတာနဲ့ သွားဖို့လုပ်လိုက်တာပါ။ တကယ်တမ်း ဟိုလည်းရောက်ရော တစ်လကို ယွမ်(၁၈၀၀)၊ မနက် ၇ နာရီက ည ၇ နာရီအထိ ဆင်းရတယ်။ overtime မပေးဘူး။ ကျွန်တော်တို့က စက်တင်ဘာလ ၂၈ ရက်နေ့ကသွားတာ အားလုံး ၂၂ ယောက်၊ ကျွန်တော်တို့ကို တရုတ်အထိ ဦး--- က လိုက်ပို့ပေးတယ်။ ကျွန်တော်တို့ အရင်ရောက်နေတဲ့အဖွဲ့က ၁၈ ယောက်ဆိုတော့ စုစုပေါင်းအယောက် ၄၀ ပေါ့။ ကျွန်တော်တို့ရောက်သွားတဲ့ အချိန်ပထမအသုတ်က သူတွေနဲ့စက်ရုံနဲ့ ပြဿနာစတက်နေပြီ။ စက်ရုံကလည်း မင်းတို့မကျေနပ်ရင် မင်းတို့အေးဂျင့်ကိုပြော၊ ဒီစက်ရုံမှာ လုပ်သက်လေးနှစ်ရှိတဲ့ သူတောင် ယွမ် ၃၀၀၀ မရဘူး။ အဲဒီ့ပြဿနာဖြစ်နေတဲ့အချိန် အောက်တိုဘာလ ၂၉ ရက်နေ့မှာ နောက်ထပ် ၁၈ ရောက် ထပ်ရောက်လာတော့ အားလုံးစုစု ပေါင်း ၅၈ ယောက်၊ အဲဒီမှာ ဒေါ်---ပါ ပါလာတယ်။ သူကပြဿနာတွေ ပြေလည်အောင် ရှင်းပေးပါ့မယ်လို့ပြောပြီး ရှောင်သွားတယ်။ အဲဒါနဲ့ ကျွန်တော်တို့ ဦး----ရဲ့ ပတ်(စ်)ပို့ နဲ့ဒေါ်----ရဲ့ သားကို--ရဲ့ ပတ်(စ်) ပို့ကိုသိမ်းလိုက်ပြီး တရုတ်ရဲကိုသွားတိုင်တော့ သူတို့ဆီမှာ workpermit ဆိုတာမရှိဘူး။ မင်းတို့က overstay တွေဖြစ်နေတယ်လို့ ပြောတော့မှ သိရတယ်။ အခုပြန်ရောက်လာတာက တရုတ်က တာဝန်ရှိသူတွေနဲ့ မြန်မာသံရုံးက စီမံဆောင်ရွက်ညှိနှိုင်းမှုတွေကြောင့် ပြန်လည်ရောက်ရှိလာတာပါ။ လေယာဉ်လက်မှတ်ခကိုတော့ တရုတ်ကုမ္ပဏီက စီစဉ်ပေးတယ်လို့ ပြောတယ်။ ကျွန်တော်က ကိုယ်ကုန်ကျထားတဲ့ငွေကိုတော့ ပြန်ရချင်ပါတယ်''ဟု ကိုယ်တွေ့ဖြစ်စဉ်များအား ပြန်လည်ပြောပြခဲ့သည်။ တရုတ်နိုင်ငံသို့ သွားရောက်လုပ်သည့်အဖွဲ့မှ တစ်ဦးဖြစ်သူ ကိုကျော်မင်း၏မိခင် ဒေါ်အေးအေးမြင့်၊ ပဲခူးမြို့၊ ဘုရားကြီးပေါက်တောရွာနေသူက ''အန်တီတို့က သားလေးကို နိုင်ငံခြားပို့ဖို့အတွက် ရှိတဲ့နွားလေးတွေရောင်း၊ လယ်လေးတွေပေါင်ပြီးတော့ ပို့ရတာပါ။ သားကအလုပ်လုပ်နေတာ ရက်ပိုင်းအတွင်းမှာပဲ အခက်အခဲတွေ အများကြီးဖြစ်နေတယ်လို့ ပြောတဲ့အခါမှာ တခြားနိုင်ငံမှာဆိုတော့ ကလေးတစ်ခုခုဖြစ်မှာကို စိုးရိမ်ခဲ့တယ်။ မြန်မာနိုင်ငံကို ပြန်ရောက်လာမှပဲ ရင်အေးရတယ်။ ဒါပေမယ့်ပေါင်နှံပြီး သွားရတဲ့ ပိုက်ဆံတွေ ဆုံးရှုံးတာပေါ့''ဟု ပြောကြားခဲ့သည်။ (Eleven Media Group) |
အခက်အခဲမျိုးစုံ၊ လိမ်လည်မှုမျိုးစုံဖြင့် ကြုံခဲ့ရသည့် မြန်မာအလုပ်သမားများ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာ
ရန်ကုန် ကြည့်မြင်တိုင်က ရွှေည၀ါဆရာတော်ကို ဖယ်ရှားပြီး၊ သူ့ ရဲ့ ကျောင်းကို ချိတ်ပိတ်ဖို့ ညွန်ကြား လိုက်ပါတယ်။
ရန်ကုန် ကြည့်မြင်တိုင်က ရွှေည၀ါဆရာတော်ကို ဖယ်ရှားပြီး၊ သူ့ ရဲ့ ကျောင်းကို ချိတ်ပိတ်ဖို့ ညွန်ကြား လိုက်ပါတယ်။ သာဓုကျောင်းတိုက်ကနေ ဆရာတော်ကို ဖယ်ရှားပြီး၊ ကျောင်းချိတ်ပိတ်ဖို့ တိုင်း သံဃာ နာယကအဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နေ့ စွဲနဲ့ ညွန်ကြားလိုက်တာပါ။ ဒီနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ မှာ လက်ခံရရှိတဲ့ စာအတွင်း ရွှေည၀ါဆရာတော် ဦးပညာသီဟက တရားဟောခွင့် ပိတ်ထားတာကို မလိုက်နာဘဲ၊ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ နိုဝင်ဘာကုန်က တရားဟောခဲ့လို့ အရေးယူတာလို့ ပါရှိပါတယ်။ ရွှေည၀ါကျောင်းတိုက်မှာ ၈၈၈၈ အခမ်းအနား၊ အမျိုးသားအောင်ပွဲတွေကို ခုသတင်းပတ်တွေထဲမှာ ပြုလုပ်ခဲ့အပြီး အခုလို ပိတ်ပင်ခံခဲ့ရတာပါ။
ရွှေည၀ါဆရာတော်ကို ညနေ ၆း၀၀ မှာ ကျောင်းတိုက်ထဲကနေထွက်ပေးရန် အာဏာပိုင်
များမှဖိအားစေခိုင်းနေသည်။
ဆက်သွယ်မေးမြန်းရန် ဖုန်းအမှတ်
၀၉၅၀၉၂၄၄၃(ရွှေည၀ါဆရာတော်)
၀၉၇၃၁၀၄၂၃၄(ကိုကိုကြီး စမ်းချောင်း)
များမှဖိအားစေခိုင်းနေသည်။
ဆက်သွယ်မေးမြန်းရန် ဖုန်းအမှတ်
၀၉၅၀၉၂၄၄၃(ရွှေည၀ါဆရာတော်)
၀၉၇၃၁၀၄၂၃၄(ကိုကိုကြီး စမ်းချောင်း)
တရုတ် တစ်နိုင်ငံ လုံး လူထု အုံကြွမှု စတင် ရန် နှိုးဆော်
by FNG on December 14, 2011
အသိမ်းခံရတဲ့ သူ တစ်ဦးက သူ့  ကို နစ်နာ ကြေး ပေး ဖို့  စောဒက တက်ရာ မှာ သူ့ ကို ဖမ်းဆီး
ပြီး နှိပ်စက်ရာ က သေဆုံး ခဲ့ တဲ့ အတွက် ၀ူကန် မြို့ ခံ တွေ ရဲ့  ဆက်တိုက် ဆန္ဒပြ မှု တွေ ဖြစ်ပွား
နေပါတယ်။
ဗေဒင်မဟုတ်ဘူး လက်တွေ့ စမ်းနေတာ
Higgs Boson ရှိတဲ့ လက္ခဏာကို ဖော်ထုတ် တွေ့ ရှိ
Higgs Boson လို့ ခေါ်တဲ့ အနုမြူထက်သေးငယ်တဲ့ အမှုန်တမျိုး ရှိနိုင်တယ် လို့  ဂျီနီဗာမြို့  CERN သိပ္ပံ ဓါတ်ခွဲခန်းက ရူပဗေဒပညာရှင်တွေက ပြောပါတယ်။့ တကယ်ဘဲ ၄င်းအမှုန်တွေ ရှိခဲ့လျှင် ရုပ်ဝတ္ထု အချင်းချင်း ဆွဲငင်နေကြတယ်ဆိုတဲ့ ရူပဗေဒရဲ့ သဘောတရားတွေကို ကူညီဖြေရှင်းပေးနိုင်ပါလိမ့်မယ်။
Higgs Boson တွေ အချင်းချင်း ထိတွေ့ မှုက ယနေ့  စင်္ကြာံဝလာကြီး ဖြစ်လာတာလို့  ရူပဗေဒ သဘောတရားက ယုံကြည်ပါတယ်။ ဒီတွေ့ ရှိချက်သာမှန်ကန်ခဲ့ရင် လက်ရှိသိပ္ပံလောကကြီးရဲ့ အဆတရာ မက ခုံပြန်ကျော်လွှား နိယာမအသစ်တွေ ပေါ်လာနိုင်ကြောင်း သိပ္ပံပညာရှင်တို့ က ခန့် မှန်းပြောဆိုကြပါတယ် ။
ဒီဇင်ဘာညတညရဲ့ အလွမ်းဒိုင်ယာရီ
အပြင်မှာ နှင်းတွေ ကျနေဆဲပဲ အစ်ကို။ ညနေကတည်းက တဖွဲဖွဲကျနေတဲ့ နှင်းပွင့်လေးတွေက အခုထိ မရပ်သေးဘူး။ စာကြည့်စားပွဲလေးမှာထိုင်ရင်း ဘာစာကိုမှ ဖတ်လို့မရဖြစ်နေတဲ့ ညီမလေးရဲ့ အတွေးစဉ်လေးတွေကိုလဲ ရပ်လို့မရသေးဘူး။ အစ်ကို မှာထားခဲ့တဲ့အတိုင်းပဲ ညစဉ်တိုင်းမှာ စာတခုခုကို ကြိုးစားဖတ်ဖြစ်ပါတယ်အစ်ကိုရယ်။ ဒါပေမယ့် ဒီတညတော့ ညီမလေးကို ခွင့်လွှတ်ပေးပါနော်။ ဒီအချိန်တွေရောက်ရင် အစ်ကို့ကို ညီမလေး သိပ်သတိရမိတာပဲ။ အစ်ကို့ကို လွမ်းတဲ့စိတ်လေးတွေ လျော့ပါးစေဖို့ စာတွေ၊ အလုပ်တွေထဲမှာ ဘယ်လောက်ပဲ ဇွတ်နှစ်ထားပေမယ့် ညီမလေးရင်ထဲက အလွမ်းဓာတ်ခံလေးကတော့ ကျန်နေဆဲပဲ ထင်ပါရဲ့အစ်ကို။ ဒီနေ့၊ ဒီရက်တွေ၊ ဒီအချိန်တွေ၊ ဒီအခြေအနေလေးတွေ စုပေါင်းလိုက်တော့ ညီမလေးမျက်ဝန်းမှာ မျက်ရည်စလေးတွေ တွဲခိုလာရပြန်ပါပကော။
ဟိုးလွန်ခဲ့တဲ့ အတိတ်ကာလတခုဆီကို ညီမလေးအတွေးတွေ ရောက်သွားရပြန်ပြီ။ မှတ်မှတ်ရရ။ အဲဒီ ဒီဇင်ဘာမှာပေါ့။ အစ်ကို့ကို ညီမလေး ထားခဲ့ရတာ။ ခဏတာ ကျောခိုင်းထွက်ခဲ့ရတဲ့ ခရီးစဉ်လေးဟာ တဘ၀စာလို့သာ ကြိုသိခဲ့ရင်၊ ကြိုသိခဲ့ရင်-----------။
အဲဒီနေ့က နိုင်ငံခြား မသွားခင် တောင်ကြီးခဏပြန်လာပြီး ဖွားဖွားတို့နဲ့ အစ်ကို့ကို လာတွေ့တဲ့ ညီမလေးကို ဟဲဟိုးလေဆိပ်မှာ ပြန်ပို့ပေးပြီး နောက်မှာ စတီယာရင်ပေါ်ကို မျက်နှာအပ်နေတဲ့ အစ်ကို့ကို ဖွားဖွားက တော်တော်ခေါ်ယူရတယ်တဲ့။ “သား၊ မှီသေးတယ်။ သားတားပါလား“ လို့ သူ့မြေးလေးကို နိုင်ငံရပ်ခြား မထွက်စေချင်တဲ့ အဖွားက ပြောရှာတယ်တဲ့။ ဒါကို အစ်ကိုက ခေါင်းခါပြီး လေယာဉ်တက်သွားတဲ့အထိ ကား စက်မနှိုးပဲ စောင့်နေခဲ့တယ်တဲ့။ အစ်ကိုရယ်- အဲဒီနေ့နံနက်က ဘာလို့များ ညီမလေးရှေ့မှာ တက်တက်ကြွကြွနဲ့ နေပြနေခဲ့ရတာလဲ။ စာကြိုးစားဖို့ကိုပဲ ဘာလို့အထပ်ထပ် မှာနေခဲ့ရတာလဲ။ ဘ၀မှာ အခက်အခဲတွေတွေ့ရင် ရင်ဆိုင်နိုင်မယ့် ခွန်အားစကားလုံးတွေကိုပဲ ဘာလို့ ရွေးပြောနေခဲ့ရတာလဲ။
“ညီမလေး ဘွဲ့တခု မရရအောင် ယူပြရမယ်။ ဒီလို မတရားလုပ်နေတာ ခံရပေမယ့် ဘယ်လောက်ပဲပိတ်ပိတ် ရေလိုစီးနိုင်တယ်ဆိုတာ သက်သေပြရမယ်။ ညီမလေးရဲ့ ဘွဲ့ဝတ်စုံနဲ့ပုံကို အစ်ကိုမြင်ချင်တယ်“ တဲ့။
အစ်ကို ပြောခဲ့တဲ့ စကား။ ဒီတုန်းက ညီမလေးရဲ့ ပညာရေးလမ်းကြောင်းပေါ်မှာ မထင်မှတ်ပဲ ဖြစ်လာခဲ့တဲ့ အခက်အခဲတွေအတွက် အစ်ကို သိပ်ဒေါသဖြစ်ခဲ့တယ်နော်။
တကယ်တော့ ညီမလေးဟာ ပညာကို သိပ်မက်မော ခုံမင်တတ်သူတယောက်ဆိုတာ သူတို့တွေ ရိပ်မိခဲ့ကြပုံပါပဲ။ တက်နေတဲ့ ဆေးကျောင်းကို ကျောင်းပြီးအောင် တက်နိုင်ဖို့ကျတော့လဲ လုပ်သင့်တယ်ထင်လို့ လုပ်နေတာလေးတွေ၊ ဆက်စပ်နေမှုတွေကို ရပ်တန့်ပါမယ်လို့ ခံဝန်ချက် ထိုးရမယ်တဲ့။ ခံဝန်ချက် မထိုးနိုင်ဘူးဆိုတော့လဲ ဒါဆိုကျောင်းပြောင်းတဲ့။ ကျောင်းပြောင်းဖို့ လျှောက်လွှာတင်ရပြန်တယ်။ တကယ်ပြောင်းဖို့ လုပ်ပြန်တော့လဲ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာန မတူလို့စောင့်တဲ့။ ဒါကို စောင့်နေရင်း ကျူရှင်သင် ဂိုက်လုပ်ပြန်တော့လဲ လူတွေစုနေတာလား။ ဘယ်သူတွေကို သင်နေတာလဲလို့ လာမေးကြပြန်တယ်။ ဒီကြားထဲ ဘာအကြောင်းမှ မရှိပဲ နံနက် (၇)နာရီကို တံခါးလာခေါက်ပြီး ဧည့်ခန်းထဲ လာထိုင်နေတတ်သေးတယ်။ နံနက် ရှစ်နာရီ၊ ကိုးနာရီမှ ပြန်ထွက်သွားပြန်ရော။ အဲဒီတုန်းက ညီမလေးတယောက်တည်း နေနေတာက မန္တလေးမင်္ဂလာဈေး အပေါ်ထပ်က ကွန်ဒိုတိုက်ခန်းမှာဆိုတော့ အိမ်နီးချင်း အခန်းတွေက အများကြီးရယ်။ ပတ်ဝန်းကျင်အမြင် မသင့်တော်အောင် နည်းမျိုးစုံနဲ့ တမင်လုပ်နေမှန်းသိရက်နဲ့ ငြိမ်ခံနေခဲ့ရတဲ့ဘ၀။ ဒီတုန်းက ညီမလေး စိတ်ညစ်လွန်းလို့ စာရေးပြောတိုင်း အစ်ကိုက အားတင်းထားဖို့ ပြောနေကျ။ နောက်ဆုံး သည်းမခံနိုင်တဲ့ တနေ့မှာ အိမ်တံခါးလာခေါက်တဲ့ အဲဒီလူတွေထဲက တယောက်ကို “ရှင်တို့ ဖမ်းချင်လဲ ဖမ်းကြ။ ထောင်ကျကျ၊ တန်းကျကျ ဂရုမစိုက်ဘူး။ ဒီလို pressure တွေ လာပေးမနေနဲ့။ ရှင်တို့မျက်နှာတွေသာ ဆက်မြင်နေရရင် ကျွန်မလူသတ်မိလိမ့်မယ်နော်“ လို့ ပြန်ပြောဖြစ်ခဲ့တဲ့အထိ။
နောက်ဆုံး ဘာမှန်း မသိတဲ့ မရေမရာ အခြေအနေကို ကျောခိုင်းပြီး နိုင်ငံခြားက စစ်တဲ့ စာမေးပွဲတွေ ၀င်ဖြေဖြစ်တော့လဲ အစ်ကိုက ညီမလေးကို အမြဲအားပေးနေခဲ့တယ်နော်။ နှစ်နှစ်ခွဲသင်ရိုး ဘာသာနှစ်ဆယ်ကို ကိုးလနဲ့ ပြီးအောင် ဖြေနိုင်ခဲ့တာ မခံချင်စိတ်တွေနဲ့အတူ အစ်ကို့ရဲ့ အားပေးစကားတွေကြောင့်ပါ။ ဒီလိုနဲ့ ယူကေ ဒီပလိုတွေ ရလာတော့ မေမေက အင်္ဂလန်သွားဖို့ စီမံပေးတဲ့အခါ အစ်ကိုကလဲ ၀မ်းသာအားရ ထောက်ခံခဲ့တယ်နော်။ အဲဒီအချိန်မှာ အစ်ကို့ရဲ့ စကားတခွန်းပါပဲ အစ်ကိုရယ်။ ညီမလေးဘက်က အစ်ကိုနဲ့ ပတ်သက်ရင် အရာရာကို စွန့်စားဖို့ အသင့်ရှိနေခဲ့တာပါ။ ဒါပေမယ့် အစ်ကိုက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်တခုကို ပေးခဲ့တယ်။ ပညာရေးကို သိပ်တန်ဖိုးထားတဲ့ ညီမလေးကို ဘွဲ့လေး တခုပါ မရအောင် ပိတ်ပင်တားဆီး ကျားကွက်ရွှေ့နေတဲ့ လူတွေကို အင်္ဂလန်က ဘွဲ့တဘွဲ့ ယူလာပြလိုက်စမ်းပါ ညီမလေးရယ်တဲ့။
ဒီလိုနဲ့ ကျောင်းလျှောက်တော့ ညီမလေး ကျောင်းတကျောင်းကို ၀င်ခွင့်ရခဲ့တယ်တာ မှတ်မိနေတုန်းပဲ။ ဒီတုန်းကလေ၊ ကျောင်းကနေ ညီမလေးဆီကို ကျောင်းဝင်ခွင့်စာကို ဖက်စ်နဲ့ ပို့ပေးပြီး၊ စာရွက်နဲ့ စာကို ညီမလေးတို့ တောင်ကြီး လိပ်စာဆီ ပို့ပေးတော့ ဖွားဖွားတို့ဆီ အလည်ရောက်နေတဲ့ အစ်ကိုက “အရေးကြီးတယ်ဖွားဖွားရဲ့။ ကျွန်တော်သွားပို့မှရမှာ” ဆိုပြီး အ၀တ်တထည်၊ ကိုယ်တခုနဲ့ ရန်ကုန်ကားပေါ် တက်လိုက်လာခဲ့သေးတယ်နော်။ အစ်ကိုရယ်။ ဒီစာအိတ်ဟာ ညီမလေးတို့ သိထားခဲ့ကြတဲ့ တနှစ်ခွဲခွာခွင့် မဟုတ်ပဲ နှစ်ပေါင်းများစွာ ခွဲခွာခွင့် ဖြစ်လာမယ်ဆိုတာသာ ကြိုသိခဲ့ကြရင်------။
အဲဒီအခြေအနေတုန်းက ဖြစ်နေတဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်တော့မယ်ဆိုတဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို အစ်ကို ဘာလို့ယုံခဲ့ရတာလဲ။ ညီမလေးကိုကော ယုံဖို့ ဘာလို့ တိုက်တွန်းခဲ့ရတာလဲ။ စိတ်တထင့်ထင့်လေး ဖြစ်ပေမယ့် ညီမလေး မျက်စိမှိတ်ယုံခဲ့မိပါတယ်။ ဘယ်လောက်များ ယုံခဲ့သလဲဆိုရင် “ဒီမိုကရေစီရပြီးရင် အစ်ကိုက နိုင်ငံတော်တည်ဆောက်ရေး ကိစ္စတွေမှာ ဆက်လုပ်ပြီး ညီမလေးက မိသားစုတာဝန်တွေ ထမ်းမယ်“ ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ကျောင်းတကျောင်းရဲ့ ကျောင်းခွဲ ထောင်ခွင့်ယူပြီး ညီမလေးတို့ တောင်ကြီးမှာ ဖွင့်ဖို့အထိတောင် စာချုပ်ချုပ်ဖြစ်ခဲ့တဲ့အထိပါပဲ။
ဒီမျှော်လင့်ချက်တွေ အားလုံးဟာ မင်းသားခေါင်းစွပ်ထားတဲ့ မျက်နှာဖုံးကွာကျသွားတဲ့ ဒီပဲယင်းကာလ အလွန်ရောက်တော့ အားလုံးသဲထဲရေသွန်။ ယုံကြည်မိသူတွေရဲ့ အသက်တွေ၊ ဘ၀တွေ၊ သွေးတွေ၊ မျက်ရည်စက်တွေနဲ့ အရာရာ ပြိုလဲကျခဲ့ပါပကောလား။
အစ်ကိုရယ်။ အစ်ကို ဘယ်ရောက်နေတာလဲ။ အစ်ကိုပျောက်နေတဲ့ ကာလတွေမှာ ညီမလေး ဘ၀အချိုးအကွေ့တွေ အများကြီး ရင်ဆိုင်ခဲ့ရတယ်။ “ပျောက်သောသူ၊ ရှာရင်တွေ့“ ဆိုတဲ့ စကားပုံဟာ ညီမလေးတို့အတွက် ဘာလို့ မှားယွင်းနေရတာလဲ။ ကမ္ဘာကြီးမှာ နေ့စဉ်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ညီမလေးရဲ့ ရင်ခုန်သံကတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အစ်ကို့မျက်ဝန်းလေးကို စတွေ့စ အချိန်တုန်းကလိုပဲ-------။ ညီမလေး လျှောက်နေတဲ့ ခြေလှမ်းတွေကလဲ အစ်ကိုလျှောက်ခဲ့တဲ့ လမ်းလေးပေါ်မှာပဲ------။ ညီမလေးရဲ့ စိတ်ဓာတ်တွေကလဲ အစ်ကို့စိတ်ဓာတ်တွေလိုပဲ။
တခုတော့ ရှိတာပေါ့အစ်ကိုရယ်။ ဘ၀တွေ၊ အသက်တွေ၊ နှလုံးသားတွေနဲ့ ရင်းလိုက်ရဖူးတဲ့ ရန်သူကို ယုံစားမှုလေးတွေတော့ ပိုပြီးလျော့ပါးသွားခဲ့ပြီ ဆိုရမလား။ ယုံကြည်မှုတည်ဆောက်မှု ဆိုတာကလဲ နှစ်ဘက်စလုံးက ရိုးသားပွင့်လင်းမှုပေါ်မှာ အခြေခံမှ အောင်မြင်တဲ့အရာ ဆိုတာကိုတော့ ညီမလေး လက်ခံနားလည်နေတတ်ခဲ့ပြီ အစ်ကို။
အပြင်မှာ နှင်းတွေက ကျနေဆဲပဲ အစ်ကိုရယ်။ ညီမလေး မျက်ရည်စက်လေးတွေကလဲ ပါးပြင်ပေါ်မှာ စိုစွတ်နေဆဲပဲ။ အစ်ကို ဖတ်ခိုင်းခဲ့တဲ့ စာတွေကို နောက်ညတွေကျရင် ညီမလေး ဆက်ဖတ်မှာပါအစ်ကို။ ညီမလေးရဲ့ ဘွဲ့ဝတ်စုံလေးနဲ့ ဓာတ်ပုံကို အစ်ကို မြင်ချင်တယ်လို့ ဆိုခဲ့တယ်နော်။ ဒါပေမယ့် ပြရမယ့် အစ်ကိုက ဘယ်မှာလဲဟင်။ ဘွဲ့နှင်းသဘင်တွေဆီကို ညီမလေး ဘယ်လိုခွန်အားမျိုးတွေနဲ့ ခြေလှမ်းရမယ်မှန်း မသိလို့ ဘယ်ဘွဲ့နှင်းသဘင်မှ မတက်ခဲ့တဲ့ ညီမလေးကို သူငယ်ချင်းတွေက မေးကြတယ်။ နောက်ဆုံးပီအိတ်ခ်ျဒီကျမှ ဘွဲ့တက်ယူမယ်လို့ ဆုံးဖြတ်ထားလို့လားတဲ့။ အရာရာကို ရင်ဆိုင်ရဲခဲ့တဲ့ ညီမလေးဟာ ဒီဝတ်စုံဝတ်ပြီး အစ်ကို့ကို သတိရကြေကွဲရမယ့် အခြေအနေကို ရင်မဆိုင်ရဲလို့ပါ ဆိုတာသာ သူတို့တွေ သိကြရင်--------။
ခင်မမမျိုး
ရွှေမှန်ကင်းတို့  ထင်းဖြစ်နေရတဲ့ ဘဝ
စင်္ကာပူရောက် မြန်မာအမျိုးသမီး တစ်ဦး မိုးပျံလမ်းပေါ်မှ ခုန်ချ
Monday, 12 December 2011 16:46
တက်စီမောင်းသူ တစ်ဦးမှ မိန်းကလေးကို လမ်းဘေးဖယ်ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။ ၎င်းအမျိုး သမီးဟာ ပြုတ်ကျလာတဲ့ အချိန်မှာ သစ်ကိုင်း တစ်ကိုင်းပေါ်ကို တစ်ဆင့်ပြုတ်ကျပြီး သစ်ကိုင်းလည်း ကျိုးကျခဲ့ပါတယ်။ သစ်ကိုင်းပေါ်က တဆင့် ကျလာခဲ့တဲ့အတွက် အရှိန်အနဲငယ်ကို လျော့ပါးသွားစေခဲ့ပါတယ်။ သူဟာ လမ်းမဘေးက ကားတွေ လမ်းမကြီးပေါ်ကနေ အရေးပေါ်ဘေး ထိုးထားဖို့ နေရာလေးပေါ်ကို ပြုတ်ကျလာပြီး ညာဖက်လက်နဲ့ ဘယ်ဖက်ခြေထောက် ကျိုးသွားခဲ့ပါတယ်။ Tan Tock Seng ဆေးရုံကို သယ်ဆောင်သွားတဲ့အချိန်မှာ သူဟာ ဝေဒနာများ ခံစားနေရသော်လည်း သတိတော့ကောင်းစွာ ရနေခဲ့ပါတယ်။ သူ့ကိုအခု အရေးပေါ်ဆောင်မှာ ထားပြီး လုံးဝလှုပ် ရှားခွင့် မပေးထားပါဘူး။
အဲဒီလို မလုပ်ခင်မှာ သူဟာ သူ့ကိုယ်သူ အဆုံးစီရင်ချင်တယ်ဆိုတဲ့ အကြောင်းကို တစ်ခြား အိမ်အကူ အမျိုးသမီးတွေကို ပြောပြခဲ့ တယ်လို့သိရပါတယ်။ ဘာကြောင့်အဲသည် လိုဆန္ဒရှိနေတယ် ဆိုတာကိုတော့ မပြောခဲ့ပါဘူး။
စင်္ကာပူနိုင်ငံမှာ မြန်မာမိန်းကလေးများ အမြင့်မှ ခုန်ချပြီး သေကြောင်းကြံမှုဟာ အစဉ်အလာ တစ်ခုလို ဖြစ်လာနေပြီး မခိုင်သင်ဇာ နှင့် မယဉ်ငြိမ်းပွင့် ပြီးလျှင် ယခုမိန်းကလေးမှာ တတိယမြောက်ဖြစ်ပါတယ်။
(မူရင်းFNG News)
Hepatitis B (2) အသဲရောင် ဘီ ပိုး (၂)
Hepatitis B virus (HBV) အသဲရောင် ဘီပိုး ကူးစက်ခံနေရာသူပေါင်း သန်း ၃ဝဝ ရှိနိုင်တယ်။ အာရှ နဲ့ အာဖရိကမှာ ပိုများတယ်။ အဲဒီက တိုင်းပြည်တွေမှာ ပိုးရှိတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးကို ကူးကြတာ ပိုများတယ်။ အသဲကင်ဆာလဲ အဖြစ်များတဲ့ နေရာတွေ ဖြစ်တယ်။ ချမ်းသာတဲ့ နိုင်ငံတွေမှာတော့ ဆေးထိုးအပ်နဲ့ လိင်ဆက်ဆံတာကနေ ကူးကြတာ ပိုများတယ်။ လူငယ်ပိုင်းမှာဖြစ်တာ များတယ်။
ဘီပိုးက ကူးစရာလမ်းတခုခုကနေ သွေးထဲဝင်၊ နောက် အသဲကို ရောက်တာနဲ့ Replication ဗိုင်းရပ်စ်တွေ ပွါးများလာပြီး Surface material မျက်နှာပြင်-ပစ္စည်းတွေ ထုတ်တယ်။ သွေးထဲ ဝင်မယ်။ ပွါးများတာ များလာရင် သွေးထဲမှာ Load of virus (ဗိုင်းရပ်) အနည်း-အများ စစ်တော့ သိသိသာသာ တိုးနေတာ တွေ့လာမယ်။ ပွါးများတာ နည်းသေးရင် Virus core ဗိုင်းရပ်စ် အတွင်းသား ကိုသာ အသဲထဲမှာ စစ်လို့ရမယ်။ သွေးထဲမှာ မတွေ့ဘူး။
Hepatitis B tests စမ်းသပ်နည်းများ
1. Antigens (အင်တီဂျင်)၊
a. HBsAg (Hepatitis B surface antigen) က ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်-ပစ္စည်းကို စစ်တာ၊
b. HBeAg (Hepatitis B "e" Antigen) က ဗိုင်းရပ်စ် Core အတွင်းသားကို စစ်တာ၊
2. Antibodies to HBV infection (အင်တီဘော်ဒီ) ခုခံအားကို စစ်တာ၊
3. Viral DNA (ဒီအင်န်အေ) မျိုးဗီဇကို စစ်တာ။
ဘာတွေ့တာက ဘာကိုဆိုလိုသလဲ၊
• HBsAg အပေါင်းဖြစ်နေရင် Virus ပိုးရှိနေတယ်။ Active viral replication ပွါးများတာ တက်တက်ကြွကြွ ဖြစ်နေတယ်။ အသဲကိုလဲ ကူးနေတယ်။ သူများကိုလဲ ကူးစက်နိုင်တယ်။
• Anti-HBe ဆိုရင် Viral replication ပွါးများတာ နည်းသွားပြီ။ အသဲရောဂါ မြုံနေတယ်။ သူများကို သိပ်မကူးစက်နိုင်ဘူး။
• HBV-DNA ဆိုရင် Active viral replication ပွါးများတာ ကောင်းကောင်း ရှိနေတယ်။ အသဲမှာလဲ ရောဂါ ခံစားနေရတယ်။ သူများကိုလဲ ကူးစေမယ်။
• Anti-HBc (Core antibody) ဆိုရင် B ပိုးရှိသူနဲ့ ထိတွေ့မှုရှိခဲ့ပြီ။ သူ့ဆီကို Virus ကူးနေပြီလား-မကူးသေး ဘူးလားတော့ မသေခြာသေး။ ရောဂါကိုလဲ မပြီးသေးဘူး။ (မကာကွယ်နိုင်သေးဘူး)
• IgM anti-HBc ဆိုတာ လောလောဆယ် Hepatitis B နဲ့ ထိတွေမှု ရှိထားတယ်။
ဘာအတွက် ဘယ်နည်း စမ်းရသလဲ၊
• လတ်တလော ရောဂါပိုးဝင်နေတာကိုသိဘို့ (HBsAg), (anti-HBc), IgM နဲ့ တခါတလေ (HBeAg) တွေ စမ်းတယ်။
• နာတာရှည် အသဲရောင်နေတာကိုသိဘို့ HBsAg, (HBV) DNA နဲ့ တခါတလေ HBeAg တွေ စမ်းတယ်။
• နာတာရှည် အသဲရောင် နေတာနဲ့ ဆေးကုနေတာကို စောင့်ကြည့်ဘို့ HBsAg, (HBeAg), (anti-HBs) IgG, (anti-HBe) IgG နဲ့ HBV DNA တွေ စမ်းတယ်။
• ဘီပိုး အသဲရောင်ထားသူဟာ ခုခံအားစနစ် မကောင်းသူ ဖြစ်နေရင် (anti-HBc) total နဲ့ anti-HBs တွေ စမ်းတယ်။
စစ်နည်းတွေက ဘာလို့ အမျိုးမျိုးလုပ်ရသလဲ၊
1. Hepatitis B surface antigen (HBsAG) = ဗိုင်းရပ်စ် ရဲ့ မျက်နှာပြင် (ပရိုတင်း) ကို စမ်းတာ။ ရက်တိုရော နာတာရှည် ပိုးဝင်နေသူတွေမှာ တွေ့မယ်။ ပိုးဝင်တာကို အစောဆုံး သိတယ်။ လက္ခဏာတွေ မပေါ်ခင် ကတည်းက သိရတယ်။ နလံထချိန်မှာ သွေးထဲမယ် မတွေ့ရဘူး။ ဆေးကုသ ပေးနေသူမှာ မတော်တဆ ထိရှရင်၊ ကျား-ကျား လိင်တူဆက်ဆံသူ၊ ဝေဒနာသည် မဟုတ်ပေမဲ့ (ALT and AST) အသဲ-အင်ဇိုင်းတွေ များနေသူ၊ ကိုယ်ဝန်ဆောင်၊ HBV ပိုးရှိသူနဲ့ အတူနေရသူတွေကို စမ်းရတယ်။ ၆ လကနေ ၁ နှစ် တခါ စစ်ရတယ်။ သွေးလှူရှင်အားလုံးကို HBsAg စစ်ရတယ်။
2. Hepatitis B surface antibody (anti-HBs) ဗိုင်းရပ်စ် ရဲ့ မျက်နှာပြင်မှာရှိတဲ့ (ပရိုတင်း) ကို ခုခံတဲ့ (အင်တီဘော်ဒီ) ကို စမ်းတာ။ နလံထလာရင် သွေးထဲမှာ ဒါတွေ များလာမယ်။ အရင်က ပိုးဝင်ဘူးတာကို သိရမယ်။ ကာကွယ်ဆေး ထိုးထားသူလဲ တွေ့ရမယ်။ ကာကွယ်ဆေးထိုးဘို့ လို-မလိုသိစေမယ်။
3. Anti-hepatitis B core (anti-HBc), IgM = ခုခံတဲ့ (အင်တီဘော်ဒီ) ကို စမ်းတာ။ ပိုးဝင်ခံထားရတဲ့ အသဲ (ဆဲလ်) တွေမှာ တွေ့ရမယ်။ သွေးထဲမှာ မတွေ့နိုင်ဘူး။ ရက်တိုရော နာတာရှည်ပိုးဝင်တာကို စမ်းတယ်။ တခါရှိရင် တသက်တာ ရှိနေမယ်။
4. Hepatitis B e-antigen (HBeAG) = ဗိုင်းရပ်စ်ကနေ တက်တက်ကြွကြွ ထုတ်ပေးနေတဲ့ (ပရိုတင်း) သွေးထဲမှာ ရှိနေတာကို စမ်းတယ်။ သူများကို ကူးနိုင်ခြေကို သိရတယ်။ ဆေးကုနေတာရဲ့ ထိရောက်မှုကိုလဲ သိရတယ်။ တချို့ (ဗိုင်းရပ်စ်) အမျိုးအစားက e-antigen ကို မထွက်စေဘူး။ ၆ လကနေ ၁ နှစ် တခါစစ်ရတယ်။ ဆေးမကုခင်က HBeAg positive ဖြစ်ပြီး ဆေးကုနေရင်း Negative ဖြစ်လာရင် ဆေးကု ရပ်ထားမယ်။
5. Anti-hepatitis Be antibody (Anti-HBe) = Hepatitis Be antigen ကို ခုခံတဲ့ (အင်တီဘော်ဒီ) ကို စမ်းတယ်။ ရက်တိုကူးခံရသူ နလံထလာရင်တွေ့မယ်။ သူ့ကို Anti-HBc နဲ့ Anti-HBs တွေနဲ့ တွဲတွေ့နိုင်တယ်။ နာတာရှည် ဖြစ်နေသူကို ရောဂါ နဲ့ ကုသမှုတွေကို စောင့်ကြည့်တာမှာ အသုံးကျတယ်။
6. Hepatitis B DNA (HBV DNA) = Hepatitis B ရဲ့ Viral genetic material မျိုးဗီဇကိုစမ်းတာ။ လောလောဆယ် ပိုးရှိနေတာ၊ နာတာရှည်ဖြစ်လို့ ဆေးပေးနေသူတွေကို စောင့်ကြည့်စစ်ဆေးရာမှာ သုံးတယ်။ ဆေးက ထိရောက်ရင် ကျလာမယ်။ သွေးထဲမှာ (ဗိုင်းရပ်စ်) တွေ ဘယ်လောက်ရှိသလဲ အရေအတွက်ကို သိရတယ်။ များနေတယ်ဆိုတာ (ဗိုင်းရပ်စ်) က တက်တက်ကြွကြွ ပွါးများတာ လုပ်နေတယ်၊ အသဲလဲ ထိခိုက်စရာ ရှိနေပြီ။ အရေအတွက် (100 IU/ml) ထက်နည်းရင် သူများကို မကူးနိုင်သေးဘူး။ ဆေးကုနေသူဆိုရင် ဆေးကုတာ ထိရောက်တယ်ဆိုတာ ပြနေတယ်။ ရောဂါလက္ခဏာ မပြပေမဲ့လဲ အသဲကို ထိခိုက်လာနိုင်တယ်။ သူများကို ကူးစေနိုင်တယ်။
7. Hepatitis D (HDV) ဆိုတာ နောက် အသဲကူးစက်ရောဂါတမျိုး ဖြစ်တယ်။ ဒါပေမဲ့ Hepatits B ရှိနေသူကိုမှ ရစေတယ်။ ဒီ ၂ မျိုး ရနေတာ ရှိနိုင်တယ်။
8. အထောက်အကူ စစ်ဆေးတာတွေလဲ ရှိသေးတယ်။ AST, ALT နဲ့ Gamma-glutamyl transferase (GGT) ကို စစ်ရင် ရောဂါရဲ့ တိုးတက်မှုကို သိရတယ်။ Liver biopsy (ဘိုင်အော့ပ်စီ) နဲ့ ရောဂါသေခြာအောင်လဲ လုပ်တယ်။
ဆေးစစ်အဖြေတွေက ဘာတွေဖြစ်နိုင်သလဲ၊
• Early acute infection ဗိုင်းရပ်စ်ပိုး လတ်တလော အဝင်ခံရသူ = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) –ve, (Anti-HBc IgG+IgM) –ve, (HBeAg) +ve, (Anti-HBe) –ve
• Acute infection, usually with symptoms; contagious ရက်တို အသဲရောင်ရှိသူ၊ လက္ခဏာတွေ ရှိသူ၊ သူများကို ကူးစက်နိုင်သူ = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) –ve or +ve, (Anti-HBc IgG+IgM) -ve or +ve, (HBeAg) +ve, (Anti-HBe) –ve
• Late in the acute stage of infection (seroconversion) ရက်တို အသဲရောင်ဖြစ်နေသူ နောက်ပိုင်း = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) +ve, (Anti-HBc IgG+IgM) +ve, (HBeAg) -ve, (Anti-HBe) +ve
• Acute infection is resolving (convalescent) ရက်တို အသဲရောင် ပျောက်ကာစ = (HBsAg) -ve, (Anti-HBs) –ve, (Anti-HBc IgM) +ve, (Anti-HBc IgG+IgM) +ve, (HBeAg) -ve, (Anti-HBe) +ve
• Usually indicates an active chronic infection (liver damage likely) နာတာရှည်-အသဲရောင်၊ အသဲကို ထိခိုက်နေသူ = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) -ve, (Anti-HBc IgG+IgM) +ve, (HBeAg) +ve, (Anti-HBe) –ve
• Chronic infection but low risk of liver damage — carrier state နာတာရှည် အသဲရောင်၊ ဒါပေမဲ့ အသဲကို ထိခိုက်မှာ သိပ်မစိုးရိမ်ရသူ၊ သူများကို ကူးနိုင်သူ = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) -ve, (Anti-HBc IgG+IgM) +ve, (HBeAg) -ve, (Anti-HBe) +ve
• Infection resolved (recovery); immunity due to natural infection ပိုးဝင်ပြီးနောက် နလံထချိန်၊ ရောဂါပြီးလာချိန် = (HBsAg) -ve, (Anti-HBs) +ve, (Anti-HBc IgM) -ve, (Anti-HBc IgG+IgM) +ve, (HBeAg) -ve, (Anti-HBe) +ve
• Immunity due to vaccination ကာကွယ်ဆေး ထိုးထားလို့ ရောဂါကိုပြီးနေသူ = (HBsAg) -ve, (Anti-HBs) +ve, (Anti-HBc IgG+IgM) -ve
Acute hepatitis B ဘီပိုး စတင်ကူးစက်ခံရခြင်းရောဂါ၊
• အများစုဟာ ဘာမှ မခံစားရ၊ စမ်းလဲမတွေ့ ဖြစ်ကြတယ်။ HBsAg နဲ့ IgM-antiHBc စမ်းရင် တွေ့တယ်။
• ၁% ထက်နဲသူတွေမှာ Fulminant hepatitis အသဲ လုံးဝမကောင်းဖြစ်လာပြီး သေဆုံးနိုင်တယ်။ Liver transplantation အရေးပေါ် အသဲအစားထိုးရတယ်။
• ကြာလာရင် HBsAg မတွေ့တော့ဘဲ၊ Anti-HBs က တွေ့လာတယ်။ Termination of the infection ရောဂါဝင်တာ အဆုံးသတ်မှုကို ပြတယ်။
• Hepatitis B surface antigen (HBsAg) ရှိတယ်ဆိုတာ Virus infection ရှိနေပြီ၊ ဒါပေမဲ့ ကူးစက်နိုင်မယ်- မကူးနိုင်ဘူး မသေခြာသေး၊ အသဲ ပျက်စီးသလား-မပျက်ဘူးလား မသေခြာသေး။
• ဗိုင်းရပ်စ်တွေ ရှင်းသွားရင် Hepatitis B surface (anti-HBs) antibody (အင်တီဘော်ဒီ) ခံနိုင်စွမ်းတွေ ထွက်လာမယ်။ ရောဂါပြီးတဲ့သဘော ဖြစ်တယ်။
• Hepatitis B "e" antigen (HBeAg) တွေ့တာက Core of the virus ကိုစစ်တာဖြစ်တယ်။ ပွါးများတာတွေ များများဖြစ်နေတယ်။ HBeAg မရှိတော့ဘဲ Antibody to HBeAg တွေ့လာတယ်ဆိုတာ ပွါးများတာတွေက နည်းလာတယ်။ အသဲရောဂါလဲ သက်သာလာတယ်။ သူများကို ကူးဘို့လဲ နည်းလာတယ်။
• ရက်တို အသဲရောင်ဖြစ်နေတုံးမယ် တချိန်မှာ HBeAg တွေ့မယ်။ နောက်ပိုင်းဆိုရင် ပွါးများတာတွေ နည်းလာ၊ အသဲထိခိုက်တာ နည်းလာချိန်မှာ မတွေ့တော့ဘူး။
Chronic hepatitis B နာတာရှည် ဘီပိုးအသဲရောင်ရောဂါ၊
• Hepatitis B virus ကူးစက်ခံရပြီးနောက် အများစုမှာ Anti-HBs ပေါ်လာရင် ပိုးတွေ ရှင်းသွားမယ်။ ၅% လောက်ကတော့ အဲလိုမဟုတ်ဘူး။ HBsAg ဆက်ရှိနေပြီး၊ anti-HBs ဖြစ်မလာဘူး။ Anti-HBc လဲ ဆက် ရှိနေမယ်။
• နာတာရှည် ဖြစ်သူတွေဟာ အမျိုးမျိုး ဖြစ်လာနိုင်တယ်။ ရေရှည်ပိုးသယ်ပေးသူဖြစ်နေမယ်။ အသဲက ကောင်းနေမယ်။ ဖြစ်လဲနဲနဲသာ ဖြစ်မယ်။ Cirrhosis အသဲခြောက်တာ ဖြစ်လာနိုင်တယ်။
• နာတာရှည်အဆင့် အစပိုင်းမှာ Viral replication ပွါးများတာ ဖြစ်လာမယ်၊ Liver damage အသဲ ပျက်စီးလာမယ်။ HBeAg positivity ဖြစ်မယ်။ Elevated transaminases က အသဲပျက်စီးတာကို ညွှန်ပြနေတယ်။ တချို့ အဲလိုမဖြစ်ဘူး။ တချို့မှာ နှစ်တွေကြာမှ ဖြစ်တယ်။
• HBeAg ပျောက်သွားရင် အသဲကလဲ ငြိမ်နေမယ်။ ကူးစက်တာလဲ နည်းမယ်။ ဒီအဆင့်မှာ Virus DNA နဲ့ Liver cell DNA ပေါင်းစပ်နိုင်တယ်။ Hepatocellular carcinoma ဖြစ်လာရင် ပိုရှုတ်ထွေးလာမယ်။
• HBeAg ပျောက်၊ အသဲကလဲ ငြိမ်၊ ကူးစက်တာလဲ နည်းတဲ့အဆင့်ကနေ Reactivated ပြန်တက်ကြွ လာနိုင်တယ်။ တခါမကလဲ အဲလိုဖြစ်နိုင်တယ်။ သူ့ဖါသူလဲ အဲလိုဖြစ်နိုင်သလို တခြားရောဂါကြောင့် Immunosuppressant therapy ဆေးမျိုးတွေ ပေးနေရလို့လဲ ဖြစ်နိုင်တယ်။ အဲလိုသာဆို အသဲ ပိုပျက်စီးစေနိုင်တယ်။ ဒါ့ကြောင့် အသဲမကောင်းသူတွေကို Immunosuppressant therapy ပေးရင် အထူးသတိထားရတယ်။
HBsAg Positive ဆေးစစ်လို့ ပိုးတွေတဲ့ သူတွေကို ဘယ်လို ကုမလဲ၊
• ရောဂါရာဇဝင် မေးမယ်။ မိသားစု၊ အိမ်ထောင်ရေး၊ ဖို-မဆက်ဆံရေး၊ အသဲရောဂါ လက္ခဏာတွေ မေးမယ်။
• စမ်းသပ်-စစ်ဆေးမယ်။ အသဲကြီးနေသလား၊ အသားဝါနေသလား၊ ရေဖျင်းရှိနေသလား ကြည့်မယ်၊
• Bilirubin, Transaminases, Albumin, Prothrombin time အသဲအလုပ် စစ်မယ်။ ၆ လ တခါစစ်မယ်။
• Anti-HBc IgM စစ်မယ်။ ၆ လအတွင်း ဗိုင်းရပ်စ်ဝင်ခဲ့သလား သိရမယ်။ အပေါင်းဖြစ်ရင် ထပ်စစ်မယ်။
• HBeAg နဲ့ HBV-DNA စစ်မယ်။ Active viral replication ရှိ-မရှိသိမယ်။
• အသဲမကောင်းတာ တွေ့သူကို Liver biopsy လုပ်မယ်။
• အသဲမှာရောဂါရှိ၊ (HBeAg positivity) တွေ့လို့ Active viral replication ပွါးများတာလဲ ရှိသူကို ဆေးပေးမယ်။
• HBsAg သယ်ဆောင်နေသူတွေကို Hepatocellular carcinoma ကင်ဆာ ဖြစ်လာ-မလာ စောင်ကြည့် စစ်ဆေးနေမယ်။ Ultrasound and Alpha-fetoprotein estimation ကို ၆ လ တခါ လုပ်နေမယ်။
• လိင်ဆက်ဆံဘက် အားလုံးကို ကာကွယ်ဆေး ထိုးမယ်။
• နာတာရှည်သမားရဲ့ မိသားစုဝင်တွေ ရောဂါပြီးတာ မတွေ့ရရင် ကာကွယ်ဆေးထိုးမယ်။
• မိခင်က ပိုးရှိသူကမွေးတဲ့ကလေး ကာကွယ်ဆေးထိုးမယ်။ ဒါ့ပြင် Hepatitis B immune globulin (HBIG) ဆေးလဲ ပေးမယ်။
Conclusion အသဲရောင် ဘီ ပိုးရောဂါ အချူပ်
Hepatitis B virus infection အသဲရောင် ဘီ ပိုးရောဂါဆိုတာ အလွတ်ရှုတ်ထွေးပါတယ်။
1. Subclinical ဘာလက္ခဏာမှ မရှိတာ။
2. Clinical acute hepatitis လတ်တလော အသဲရောင်တာ နဲ့
3. Chronic hepatitis နာတာရှည်အသဲရောင်တာတွေ ဖြစ်စေနိုင်တယ်။ ငယ်ငယ်နဲ့ဖြစ်ရင် ဒါမျိုးပိုဖြစ်နိုင်တယ်။
a. သူကနေ အသဲ နဲနဲသာပျက်စီးတာ၊
b. Cirrhosis အသဲခြောက်တာနဲ့
c. Hepatocellular carcinoma အသဲကင်ဆာ ဖြစ်လာနိုင်တယ်။
ကူးစက်နိုင်လောက်သူတွေကို ကာကွယ်ဆေး ထိုးလို့ရနေပြီ။ နာတာရှည်ထဲက အသဲလဲထိခိုက်၊ ပွါးများတာလဲ ဖြစ်နေသူတွေထဲက သင့်တော်သူ လူနာတွေကို Interferon ဆေးပေးနိုင်နေပြီ။ တခြား ဗိုင်းရပ်စ်ဆေး Lamivudine ကိုလဲ စမ်းသပ်နေတယ်။ အောင်မြင်မှုတွေ ရှိနေတယ်။
1. ၁ နှစ်တကြိမ် AST, ALT, Alkaline phosphatase နဲ့ Liver function (Bilirubin, Albumin, Prothrombin time) တွေ လုပ်မယ်။ Gastroenterologist/Hepatologist အထူးကုဆရာဝန်နဲ့ မပြတ်ဆေးစစ်နေရမယ်။ အသဲ အခြေအနေကို စစ်မယ်။
2. ၆ လ တကြိမ် Alpha-Fetoprotein (AFP) လုပ်မယ်။ Hepatocellular carcinoma ရှိ-မရှိသိရမယ်။
3. ၆ လ တကြိမ် အသဲကို Ultrasound လုပ်မယ်။ အသဲကင်ဆာကို သေးသေးလေးကတည်းက သိရမယ်။
4. ၁ နှစ်တခါ HBsAg လုပ်မယ်။ ရောဂါသယ်ပို့သူဟုတ်-မဟုတ်သိမယ်။ ၁% ထက်နဲသူတွေက HBsAg ရှင်းသွားမယ်။ anti-HBs ပေါ်လာမယ်။
5. ၁ နှစ်တခါ HBeAg စစ်တာကို HBsAg positive ဖြစ်နေသူတွေကို လုပ်မယ်။ HBeAg positive (+) ဒါမှမဟုတ် AST>200 ရှိသူတွေ Liver biopsy (ဘိုင်အော့ပ်စီ) လုပ်မယ်။ Anti-viral treatment ဆေးကုမယ်။ အသဲပိုပျက်စီးလာသူ၊ အသဲကင်ဆာ သံသယရှိသူတွေလဲ ပါတယ်။
6. ရောဂါ သယ်ဆောင်နေသူ၊ သူ့ဇနီး-ခင်ပွန်း၊ မိသားစုဝင်တွေကို Hepatitis B စစ်ရမယ်။ လိုသူတွေ ကာကွယ်ဆေး ထိုးရမယ်။ သူတို့ရော Hepatitis B carrier ပိုးသယ်ဆောင်သူမှန်သမျှကိုပါ Hepatitis B ပညာပေးရမယ်။
Hepatitis A, B, C, D, E အသဲရောင် ရောဂါများ http://dts-medicaleducation.blogspot.com/2010/01/hepatitis-b-c-d-e.html
Hepatitis B (1) ဘီ ပိုး (၁) http://dts-medicaleducation.blogspot.com/2009/08/hepatitis-b.html
Hepatitis C စီ ပိုး http://dts-medicaleducation.blogspot.com/2009/07/hepatitis-c.html
Hepatitis C စီ ပိုး နောက်ဆက်တွဲ http://dts-medicaleducation.blogspot.com/2011/03/hepatitis-c.html
Dr. တင့်ဆွေ
ကချင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်၊ ပြည်သူများ ထပ်မံတိမ်းရှောင်
Published on December 9, 2011 by နော်နိုရင်း (DVB)
ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခြင်း နှစ် ၂ဝ ပြည့်
2011-12-10
ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို တက်လှမ်းနိုင်ရေးအတွက် ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြဖို့ ဒီကနေ့ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ငြိမ်းချမ်းရေးအတွက် - - - - - -
ငြိမ်းချမ်းရေးအတွက် လမ်းပေါ်ထွက်ရမယ်
ငြိမ်းချမ်းရေးအတွက် ပါးစပ်တွေလှုပ်ရမယ်
ငြိမ်းချမ်းရေးအတွက် လက်သီးတွေဆုပ်ရမယ်
ဒို့ သွေးရင်းတွေ ဒုက္ခရောက်နေတယ် - - - - - -
ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးလာအောင် တိုက်တွန်းဖို့ လူထုကို ဦးဝင်းတင် နှိုးဆော်
2011-12-09
ပြည်နယ် တိုင်းရင်းသားဒေသတွေမှာ စစ်ကြောင့် ဒုက္ခရောက်နေရသူတွေ အတွက် ပြည်မနေ လူထုက လူသားချင်းစာနာမှု အကူအညီတွေ ဝိုင်းဝန်း ပံ့ပိုးပေးကြဖို့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ဒီကနေ့ နှိုးဆော်လိုက်ပါတယ်။
ပြည်နယ် တိုင်းရင်းသားဒေသတွေမှာ စစ်ကြောင့် ဒုက္ခရောက်နေရသူတွေ အတွက် ပြည်မနေ လူထုက လူသားချင်းစာနာမှု အကူအညီတွေ ဝိုင်းဝန်း ပံ့ပိုးပေးကြဖို့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ဒီကနေ့ နှိုးဆော်လိုက်ပါတယ်။
ဒါတွေမလုပ်ဘဲ ဘာမှဖြစ်မလာ -
နိုင်ငံရေး အကျဉ်းသားတွေ ချွင်းချက်မရှိ လွှတ်မပေး ဘဲ-
ပြည်တွင်းငြိမ်းချမ်းရေး မလုပ်ဘဲ-
ပြည်ပရောက် အတိုက်အခံများကို အထွေထွေ လွပ်ငြိမ်းချမ်းသာခွင့် မပေးဘဲ-
ပြည်သူချစ်မှ ပြည်သူ့ တပ်မတော်ဖြစ်တယ် ( ကုတ်ပါ )
အာဏာရှင်ရဲ့လက်ကိုင်ဒုတ်မဟုတ်ကြောင်း ဆီးရီးယားစစ်သားတို့ ပြပြီ
တရားခံဘယ်သူလဲ ဟေ့ - -( ၂ ) (ကုတ်ပါ)
စစ်ကြောင့်ဒုက္ခရောက်နေသူတွေကို ကူညီစောင့်ရှောက်တာဟာ အလွန်မွန်မြတ်တဲ့ အလုပ်တခုပါ ။
ဒုက္ခသည်ဖြစ်မလာအောင် စစ်ကို ကာကွယ်ခြင်းက အမွန်မြတ်ဆုံး အလုပ် ။
သူများအကာ ဒုက္ခရောက်တုံးမှာ ကိုကရပ်ကြည့်မယ်ဆိုရင် ကိုယ်ဒုက္ခရောက်တဲ့ အချိန်ကြရင်လဲ သူများတွေကရပ်ကြည့်နေမှာဘဲ ။
Subscribe to:
Posts (Atom)
