အောင်သောင်း ငြိမ်းချမ်းရေးပါမစ်ဖြင့် နယ်စပ်မှ ကားများဝင်ရောက်

ထိုင်းနယ်စပ်မှတဆင့် မြန်မာနိုင်ငံသို့ တရားမ၀င် သွင်းသည့် ဂျပန် တပတ်ရစ်ကားများ (ဓါတ်ပုံ-Google Images)
ထိုင်းမြန်မာနယ်စပ် မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် မိသားစုစီးနိုင်သည့် ဂျပန်တစ်ပတ်ရစ်ကားများကို ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၏ပါမစ်ဖြင့် ဝင်ရောက်နေကြောင်း ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှ စုံစမ်းသိရှိရသည်။
သိန်းခြောက်သောင်းဖိုးအထိ တင်သွင်းခွင့်ရထားကြောင်း ယခုကားတင်သွင်းခွင့်သည် ယခင် DKBA ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ တင်သွင်းသော ကားများမဟုတ်ဘဲ ဦးအောင်သောင်းနှင့်နီးစပ်သူ ငြိမ်းချမ်းရေး အကျိုးဆောင်များက တင်သွင်းသောကားများဟု သိရကြောင်း ကား ဝယ်ရောင်းတစ်ဦးက ဆိုသည်။
ထိုင်းနိုင်ငံကို ဖြတ်ကျော်ကာ ကားမှောင်ခိုများ တင်သွင်းသည့်လမ်းကြောင်း မဲဆောက်မြဝတီနယ်စပ်တွင် စီးပွားဖြစ်ခဲ့သူများ ရှိကြောင်း၊ နောက် ပိုင်းတွင် ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းရေး စီမံချက်အရ ဂျပန်ကားများကို ဆိပ်ကမ်းမှ တင်သွင်းချိန်တွင် မဲဆောက်ကားတင်သွင်းမှု ပပျောက်သွား ကြောင်း မြဝတီမြို့မှ ကုန်သည်တစ်ဦးက ပြောကြားသည်။
ယခုတင်သွင်းသည့်ကားများမှာ ထိုင်းဘတ်ငွေငါးသောင်းခန့်တန်ကြေးရှိ ကားများဖြစ်ပြီး မြန်မာကျပ်ငွေနှင့် သိန်း ဆယ်ဂဏန်းသာရှိကြောင်း မိသားစုအိမ်သုံး အင်ဂျင်ပါဝါနည်း တူးစီ(2c) ကားများဖြစ်ပြီး ဖားအံမြို့ပေါ်တွင် စီးကြကြောင်း တရက်ကို ကားအစီးတစ်ရာကျော် မြန်နိင်ငံသို့ဝင်နေ ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
MP(yangonchronicle)

RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် NLD ခေါင်းဆောင်တွေကို သွားရောက်တွေ့ဆုံမည်


RFA
ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဖြစ်ပါသည်။


2012-04-27
ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အစည်းအဝေး တက်ရောက်ရေးနဲ့ ပတ်သက်ပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ခေါင်းဆောင်တွေကို တိုင်းရင်းသားနဲ့ ဒီမိုကရေစီ လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စား ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က လာမဲ့ တနင်္ဂနွေနေ့မှာ သွားရောက် တွေ့ဆုံမယ်လို့ သိရပါတယ်။
NLD ကိုယ်စားလှယ်တွေ လွှတ်တော်တွင်း အမြန်ဆုံး ပါဝင်လာရေးအတွက် ညှိနှိုင်းဆွေးနွေးတဲ့ အနေနဲ့ အခုလို သွားရောက်တွေ့ဆုံဖို့ စီစဉ် တာဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ၀င်လာဖို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ လွှတ်တော်တွင်း ဒီမိုကရေစီ အင်အားစုပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေ ၁၀ ခုလောက်က လွှတ်တော်အမတ်တွေ စုပေါင်း လက်မှတ်ရေးထိုးတဲ့စာကို ဧပြီလ ၂၅ ရက်နေ့က ပေးပို့ခဲ့ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားနဲ့ တသီးပုဂ္ဂလ လွှတ်တော်အမတ်တွေကလည်း အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရောက်နိုင်ရေးအတွက် အကူအညီပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သူ သူရ ဦးရွှေမန်းထံ မနေ့က စာရေးသား တောင်းဆိုခဲ့ပါတယ်။
ပထမအကြိမ် လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးဟာ ဧပြီ ၃၀ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပြီး စတုတ္ထ ပုံမှန်အစည်းအဝေးကို လာမဲ့ ဇူလိုင်လမှာ ပြန်လည် ကျင်းပမယ်လို့ သိရပါတယ်။

အရက်သောက် တာ နှလုံး အတွက် ကောင်းသတဲ့

27 Apr 2012  |By Health Care

နှလုံးအရက် သောက်ခြင်း သည် ကျန်း မာ ရေး ကို ထိခိုက် ဆုတ်ယုတ် စေသည် ဟု ကျွန်ုပ် တို့ သိထား ကြသည်။ သို့သော် အလွန်အကြူးမဟုတ်ဘဲ အနည်းငယ်မျှ ပမာဏသောက်သုံးခြင်းသည် နှလုံး ကျန်းမာရေးကို အထောက်အကူပြု ကြောင်းလေ့လာတွေ့ရှိခဲ့သည်။ နှလုံးရောဂါရှိသော အမျိုးသား များ တစ်နေ့လျှင်ဘီယာနှစ်ခွက်မျှ သောက်သုံးလျှင် မသောက်သူများ ထက် နှလုံးရောဂါဖောက်သည့် အခွင့် အလမ်း သိသိသာသာ လျော့နည်း သွားကြောင်းသိရသည်။ ဘီယာ နှစ်ခွက်သည် နှလုံးရောဂါ ကြောင့် သေဆုံးခြင်းကို ၄၂ ရာခိုင်နှုန်းထိ ကာ ကွယ်ပေးနိုင်ကြောင်း အံ့ဩဖွယ်တွေ့ရှိရ သည်။ နှလုံးရောဂါရှိ သော အမျိုးသား ၁၈၀ဝ ခန့်ကို နှစ် ၂၀ ကြာ သုတေသန ပြုပြီးနောက် ၂၀၁၁ တွင် အနည်းငယ်သော အရက်ကို နေ့စဉ်မှီဝဲ ခြင်းက နှလုံးကျန်းမာရေး အတွက် ကောင်းမွန်သင့် လျော်ကြောင်း ကနေဒီယန်နှင့် ဥရောပရှိ နှလုံးရောဂါဆရာဝန်များ အဖွဲ့အစည်းမှ အတည်ပြုထုတ်ပြန် လိုက်သည်။ အမျိုးသားများ တစ်နေ့ဘီယာ နှစ်ခွက်နှင့် အမျိုးသမီးများ တစ်နေ့ ဘီယာတစ်ခွက်ခန့် သောက်သုံးခြင်း သည် ခန္ဓာကိုယ်ကို အကျိုးပြုသော သွေးတွင်း HDL ပမာဏကို တိုးမြှင့် စေ နှလုံးရောဂါဖောက်ပြန်မှုကို ကာ ကွယ်ပေးသော်လည်း" တန်ဆေး၊ လွန်ဘေး"ကို သတိပြုကြရန် ဖော်ပြ လိုက်ပါသည်။
စန္ဒီ(ဆေး-၂) Yoyarlay.com

ကိုနေ၀င်း အားလုံးကိုကျော်ဖြတ်၇မယ်

နှစ် ၂၀ ကြာ အထွန်းခံနိုင်မည့် မီးသီး

နှစ် ၂၀ ကြာ အထွန်းခံနိုင်မည့် မီးသီးကို အမေရိကတွင် စတင်ရောင်းချ

နှစ် ၂၀ ကြာ အထွန်းခံနိုင်မည့် မီးသီးကို အမေရိကတွင် စတင်ရောင်းချမီး သီး ထုတ် လုပ် မှု တွင် ဆုတံဆိပ် ချီးမြှင့် အပ်နှင်းခြင်း ခံခဲ့ရသည့် နှစ် ၂၀ ကြာ အထွန်းခံနိုင်မည့် မီးသီးကို ယခုအခါ အမေရိက ဈေးကွက်တွင် စတင် ရောင်းချပြီ ဖြစ်ကြောင်း BBC သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရ သည်။
နယ်သာလန် အခြေစိုက်အီလက် ထရွန်နစ်ကုမ္ပဏီ Philips ထုတ်လုပ် လိုက်သည့် ၄င်းမီးသီးသည် Earth Day ဟုလည်း နာမည်ကျော်ပြီး LED နည်းပညာကို အသုံးပြု ထားကာ အလင်းတောက်ပမှုကို ကောင်းမွန်စွာ ကမ္ဘာပေါ်တွင် ပေါ်ထွက် ခဲ့ပြီး သမျှ မီးသီးအားလုံးထက် အသုံးပြုနိုင်မည့် သက်တမ်းကြာရှည်မည်လည်းဖြစ် သည်။
ယခုပထမအဆုံးအကြိမ်ဈေး ကွက်တင်လိုက်သည့် မီးသီးအမျိုးအ စားအား ဒေါ်လာ ၆၀ ခန့်ဈေးနှုန်း Philips ကုမ္ပဏီက ဒေါ်လာ ၂၀ ခန့် ဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ပေး သွားမည်ဖြစ်သည်။
ယခုအခါ အမေရိကနှင့် ဥရော ပနိုင်ငံများတွင် 60 W ရှိသည့် မီးသီးများထုတ် လုပ်မှုကို ရပ်ဆိုင်းခဲ့ပြီး 100W ရှိသည့်မီးသီးများကိုသာ ဆက်လက် ထုတ်လုပ်လျက် ရှိသည်။ သို့ရာတွင် စွမ်းအင် သုံးစွဲမှုဆိုင်ရာ ပညာရှင်များ က ထိုကဲ့သို့ စွမ်းအင်း သုံးစွဲမှုမြင့်မား သည့် မီးသီးများကို ထုတ်လုပ်ခြင်း ကို ကန့်ကွက်ခဲ့ပြီး ၂၀၁၄ ခုနှစ် အရောက်တွင် ကမ္ဘာပေါ်၌ 40W နှင့် အထက်ရှိသည့်မီးသီးများကို မသုံးစွဲ ရန် စီစဉ်သွားမည်ဟု သိရသည်။ Yoyarlay.com

တန်းမတူဘူးလေ


ကာတွန်း - စောငို
ဧပြီ ၂၆၊ ၂၀၁၂

နောက်ကြောင်းပြန်လှည့်ရင်

ကြာသပတေး, 26 ဧပြီ 2012

 အမေရိကန် အရေးယူမှုတွေ ပြန်လုပ်နိုင်

NLD လွှတ်တော်တက်နိုင်ရေး

RFA
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း

လွှတ်တော်ကိုယ်စားလှယ်တွေ ဦးရွှေမန်းထံစာပို့

2012-04-26

ကျမ်းကျိန် စာသားကိစ္စ နိုင်ငံရေးပြဿနာ မဟုတ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို

RFA
၂၀၁၂ ခုနှစ် ဧပြီလ ၂၆ ရက်က အီတလီ နိုင်ငံခြားရေး ၀န်ကြီး Mr. Giulio Terzi di Sant' Agata နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။


2012-04-26

ကျမ်းသစ္စာ ကျိန်ဆိုတဲ့ စာသား ပြင်ဆင်ဖို့ ကိစ္စ အချိန်အနည်းငယ် ထပ် ကြာနိုင်ဘွယ် ရှိ

၂၀၀၈ ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ရေးဆွဲရေးနှင့် ပတ်သက်ပြီး ကျနော့်အမြင်


 

၂၀၀၈ နိုင်ငံတော်ဖွဲ့စည်ပုံအခြေခံဥပဒေဟာ ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များနဲ့ ရေးဆွဲအတည်ပြုပြဌါန်းထားသာမဟုတ်ဘူး
ဆိုတာ ပြည်သူအများသိပြီးဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ဗိုလ်သန်းရွှေက အချိန်များစွာယူပြီး သူ့စိတ်ကြိုက်ရေးဆွဲခိုင်းကာ
အတည်ပြုပြဌါန်းထားသော နာဂစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ။ ဒီ- နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဗိုလ်သန်းရွှေနဲ့
သူအသိုင်းအဝိုင်းကျူးလွန်ထားတဲ့အပြစ်တွေကို တရားစွဲဆိုခြင်းမပြုရန် ကာကွယ်စောင့်ရှောက်ထားတဲ့အခြေခံဥပဒေဆိုရင်လည်း
မမှားပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်သား တစ်မတ်သားက ရွေးကောက်ပွဲမှာ ဝင်ရောက်ရှင်ပြိုင်စရာမလိုပဲ အော်တို
မစ်တစ် လွှတ်တော်မှာနေရာရယူထားကာ၊ အနာဂတ်မြန်မာနိုင်ငံရေးမှာ စစ်တပ်က အဓိကအခန်းကဏ္ဍကနေ ပါဝင်ပတ်သက်သွား
မယ်ဟုဆိုကာ အချိန်အခါမရွေး စစ်တပ်ကအာဏာပြန်သိမ်းလို့ရသည့်အတွက် ကာကွယ်ရေးဝန်ကြီးနေရာမှာ အရပ်သားကို
မခန့်အပ်ထားပဲ စစ်တပ်ကတိုက်ရိုက်ချုပ်ကိုင်ထားပါတယ်။
ဒီ- ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ တချို့ဒီမိုကရေစီအင်အားစုတွေက လွှတ်တော်ထဲကနေ ပြင်ဆင်နိုင်မယ်လို့ ယုံကြည်ယူဆ
ထားကြတဲ့သူတွေဟာ ရွေးကောက်ပွဲဝင်ကာ လွှတ်တော်ထဲကနေပြင်ဆင်ဖို့ ကြိုးပမ်းကြမယ့် သူတွေရှိသလို....တချို့ ဒီမိုကရေစီ
အင်အားစုများကလည်း လူထုအင်အားနဲ့ ပြင်ဆင်ကြိုးပမ်းချင်ကြတဲ့ သူတွေလည်းရှိနေပါတယ်။ ဖွဲ့စည်းပုံကိုပြင်ဆင်ချင်ကြတဲ့ အဓိကရည်ရွယ်ချက်တူညီသော်လည်း ပြင်ဆင်ဖို့အတွက် တိုက်ပွဲသဏ္ဍန်က ကွဲလွဲနေပါတယ်။ ဒါကလည်း နှစ်ရှည်အပြောင်းအလဲကို
မလုပ်နိုင်ခဲ့တဲ့ ရလဒ်ကြောင့် တိုက်ပွဲသဏ္ဍန်ပြောင်းလဲသွားရခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့တတွေဟာ ဖွဲ့စည်းပုံ ပြင်ဆင်
ရေးဆွဲရမယ့် အဓိကမူလရည်ရွယ်ချက်ကတော့ တူညီနေကြပါတယ်။ ဒါဆို- ကျနော်တို့တတွေ တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့
မတိုက်ခိုက်ကြပဲ မိမိယုံကြည်ရာလမ်းကြောင်းကို ဒီမိုကရေစီကျင့်စဉ်နဲ့အညီ လျှောက်လှမ်းကြရပါလိမ့်မယ်။ တူညီတဲ့လူတွေနဲ့
မိမိဖြစ်ချင်တဲ့လမ်းကြောင်းကို မိမိ အကောင်အထည်ဖော်လုပ်ဆောင်သွားတဲ့နေရာမှာ ရည်ရွယ်တူပေမယ့် ကွဲပြားတဲ့တိုက်ပွဲသဏ္ဍန် အပေါ်မှာ အပြုသဘောဆောင်တဲ့ဝေဖန်မှုတွေသာလုပ်သင့်ပြီး၊ အပျက်သဘောနဲ့ ဝေဖန်ဆွေးနွေးမှုတွေ မဖြစ်ပေါ်လာဖို့ကို သတိ
ချပ်ကြဖို့လည်းအရေးကြီးပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ထဲကနေပြင်ဆင်လို့ရမယ်လို့ ယုံကြည်ယူဆထားကြတဲ့ ဒီမိုကရေစီအင်အားစုတွေဟာ၊
ရွေးကောက်ခံပြီး လွှတ်တော်ထဲဝင်ရပါလိမ့်မယ်။ လွှတ်တော်စည်းဝိုင်းထဲမဝင်ပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လို့မရ
ပါဘူး။ ဘာကြောင့်လို့လဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ရာ ၂၀ ရာခိုင်နှုန်းသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ထောက်ခံမှုကို အရင်ရယူရပါလိမ့်မယ်လို့ ကျမ်းကျိန်ကတိသစ္စာဆိုရာမှာ ပြဌါန်းထားတဲ့ ဥပဒေပုဒ်မ ၁၂၅ ကပြ
ဌါန်းထားလို့ပါပဲ။ နောက်ပြီး- ပြည်ထောင်စုလွှတ်တော်က ရ၅ ရာခိုင်နှုန်းကျော်ထောကခံမှုရရှိမှသာလျှင် ဖွဲ့စည်းပုံကိုပြင်ဆင်ခွင့်ရှိ
တယ်လို့ ပြဌါန်းထားပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်ရင် ရွေးကောက်ခံအမတ်တွေက
လွှတ်တော်ထဲ သွားရပါ့မယ်။
တကယ်တော့ လွှတ်တော်အတွင်းကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ဆိုတာ အချိန်တခုကိုရယူပြီး ကိုယ့်အင်အားကို လွှတ်တော်အတွင်းမှာ အရင်တည်ဆောက်ရယူရပါ့မယ်။ အဲဒီအင်အားတွေရယူဖို့ အခက်ခဲတွေကြားကပဲ ဝိုင်းဝန်းကြိုးပမ်းပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲဖို့ လုပ်ဆောင်သွားရပါလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်နိုင်သေးမှီ စပ်ကြားမှာ နိုင်င်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို လုပ်ကိုင်သွားရင်း၊ တူညီတဲ့လုပ်ငန်းစဉ်တွေကို
ပထမဦးစားပေးအဆင့်အနေနဲ့ အကောင်အထည်ဖော်လုပ်ဆောင်သွားကာ မတူညီတဲ့ နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းစဉ်တွေကိုလည်း
သဘောထားကြီးကြီးနဲ့ ညှိ့နိုင်းတိုင်ပင်လုပ်ဆောင်သွားဖို့လိုပါတယ်။
၂၀၀ ဖွဲ့စည်းပုံကို လွှတ်တော်ထဲကနေ ပြင်ဆင်လို့မရနိုင်ဘူးလို့ ခံယူထားကြတဲ့ ဒီမိုကရေစီအင်အားစုအနေနဲ့လည်း၊ လူထုအင်
အားတစ် ရပ်ကိုတည်ဆောက်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုအင်အားနဲ့ ပြင်ဆင်ကြိုးပမ်းလုပ်ဆောင် သွားရပါ့မယ်။
လွှတ်တော်ပြင်ပနဲ့ လွှတ်တော်အတွင်း ကျနော်တို့တတွေ ဟန်ချက်ညီညီနဲ့ နိုင်ငံရေးကစားသွားနိုင်ရင် ကျနော်တို့ ပြန်လည်ပြင်ဆင်
ရေးဆွဲချင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း ကျနော်တို့တတွေရဲ့ ပေါင်းစည်းအားကြောင့် မလွဲအသွေ ပြန်လည်ပြင်
ဆင်ရေးဆွဲပြဌါန်းသွားနိုင်လိမ့်မယ်ဆိုတာကို ယုံကြည်ရင်း....၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေးနှင့် ပတ်သက်တဲ့ ကျနော့်အမြင်ကို
ရေးသားလိုက်ပါတယ်။
ကျနော်ဒီနေရာမှာ မှတ်ချက်တစ်ခုအနေနဲ့ ရေးသားလိုတာက၊ ကျနော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တစ်ဦးတစ်ယောက်က
စိတ်တိုင်းကျရေးဆွဲခိုင်းပြီး အတည်ပြုရေးဆွဲပြဌါန်းထားတဲ့ ဖွဲ့စည်းပုံအခြေဥပဒေဖြစ်တဲ့အတွက်၊ ထို- ဖွဲ့စည်းပုံအခြေခံဥပဒေကို
ကာကွယ်စောင့်ရှောက်ရန်မလိုပါ၊ လေးစားလိုက်နာပါမည်ဆိုတာတောင် အမှန်တကယ်မှာဆို လွန်နေပါပြီ။ ကာကွယ်စောင့်ရှောက်ရမှာက နိုင်ငံနဲ့ လူမျိုးကိုပါ။ ဒါကြောင့် ကြံခိုင်ရေးပါတီကို ဒီနေရာကတိုက်တွန်းလိုတာက အဓိကနဲ့ သာမညကို ခွဲခြမ်းစိတ်ဖြာပြီးမြင်ပေးစေလိုပါသည်။
ကွန်ဗလိုင် (ဒိန်းမတ်)

လူထု အပြုံး၊ ပြည်သူ့ နှလုံးကို သိမ်းကျုံး ရယူပိုင်စိုးဖို့

ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၅၊ ၂၀၁၂


Photo..Getty images
နန္ဒိသေနပျို့

စစ်နည်းဗျူဟာ ဘယ်လိုသာလည်း
စွဲကိုင်လက်နက် ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား မကိုးစားလျှင်
ဓားသွားလည်းကြွေ လှံလည်းခွေအံ့။

လက်ဝဲသုန္ဒရ
 
 
 ပြည်သူ့ လွှတ်တော် ဟူသော အမည်နာမ ကိုက ပြည်သူ့ အတွက် ပြည်သူက 
 ရွေးကောက်တင်မြှောက် သော ပြည်သူ့ ကိုယ်စားလှယ်ကြီးများ  စည်းဝေးတိုင်ပင်ညှိနှိုင်း 
ရာ ဌာနကြီးလွှတ်တော် ဖြစ်နေသော ကြောင့်ပင်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အမိန့်ဖြင့် လွှတ်တော်ကိုယ်စားလှယ် တာဝန်ပေးအပ်ခံရသူ တပ်မတော်သားအရာရှိကြီးများကို အထက်ပါ လက်ဝဲသုန္ဒရ ဧ။် ပျို့စာတစ်ပိုဒ်ကို ပါ လွှတ်တော်တွင်း ရွတ်ဆို တိုင်တည်ရမည့် ကျမ်းနှင့် အတူ ရွတ်ဆိုစေရန်ထည့်သွင်း ပေးသင့်ပါသည်။

လူထုက ရွေးကောက်တင်မြောက်ခြင်း မဟုတ်ပဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ခန့်ထားခံရသူ တပ်မတော်သား ကိုယ်စားလှယ်ကြီးများက ပိုမိုပြီး လူထု အပြုံး၊ ပြည်သူ့ နှလုံးကို သိမ်းကျုံး ရယူပိုင်စိုးဖို့ ကြိုးစားသင့်သည်ဟု ထင်သည်။

အဘယ်ကြောင့် ဆိုသော် ပြည်သူ့ လွှတ်တော် ဟူသော အမည်နာမ ကိုက ပြည်သူ့ အတွက် ပြည်သူက ရွေးကောက်တင်မြောက်သော ပြည်သူ့ ကိုယ်စားလှယ်ကြီးများ စည်းဝေးတိုင်ပင်ညှိနှိုင်း ရာ ဌာနကြီးလွှတ်တော်ဖြစ်နေသောကြောင့်ပင်။

ကျနော် တပ်မတော်တွင်း တာဝန်ထမ်းနေစဉ်က စာရေးဆရာကြီး နတ်မောက်ဘုန်းကျော် ( ဗိုလ်ချုပ်အောင်ဆန်းဧ။် ကိုယ်ရံတော် ) ဆရာကြီးဦးဘုန်းကျော် ရေးသော လူကြီးလူကောင်း ဆိုသည့် စာအုပ် တအုပ်ကို ဖတ်ခဲ့ဖူးပါသည်။ ထိုစာအုပ်ကပင် ကျနော့် ဘ၀ တလျောက်လုံး အတွက် အနာဂတ်အပေါ် ရှုမြင်ခံယူကျင့်သုံးမှုများ အတွက် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်စေခဲ့သည်။

ယခု ထိုစာအုပ်ပါ စာပိုဒ် တချို့ကို ထပ်ဆင့် တင်ပြပါမည်။ ဆရာကြီး ဦးဘုန်းကျော် မိသားစု မှ ခွင့်လွှတ်မည်ထင်ပါသည်။ ခွင့်တောင်းပါသည်ခင်ဗျား။

စစ်ဖြစ်ရခြင်းကြောင့် သော်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်တို့ကြောင့် သော်လည်းကောင်း၊ တိုင်းပြည် တပြည် လူမျိုး တမျိုး တွေ့ကြုံရသော အပျက်အစီး ဒုက္ခဗရပွများသည် မည်မျှပင် ကြီးမား များပြားစေကာမူ တိတိကျကျ ထိထိခိုက်ခိုက် ကြောက်မက်ဖွယ်ရာ စိတ်ပျက်စရာ ကောင်းလှသေးသည် မဟုတ်ပါ။

လူမျိုးတမျိုး၌ ခယ၀ယ မြောက်ထိုးပင့်ကော် ဖော်လံဖါး စိတ်ဓါတ်၊ ရေသာခို အချောင်သမား စိတ်ဓါတ်၊ ကိုယ်ကျိုးရှာစိတ်ဓါတ်၊ တိုင်းချစ်ပြည်ချစ်စိတ် ကင်းမဲ့သည့် စိတ်ဓါတ် စသော '' စိတ်ဓါတ်ဝဲစားသောရောဂါ " နှင့် မရိုးသား မဖြောင့်မတ်ခြင်း ၊ နိုင်ငံရေးဖြင့် ( တဆွေလုံး တမျိုးလုံး ) ကိုယ်ကျိုးရှာစီးပွား ရှာစားနေကြခြင်း၊ " ကိုယ်ကျင့် သိက္ခာ ပျက်ပြားသော ရောဂါ " ထိုရောဂါ နှစ်ခုကသာလျှင် အဓိက ကြောက်မက်ဖွယ် ကောင်းသော ကိစ္စဖြစ်ပါသည်။ ဟု ဆရာကြီး နတ်မောက်ဘုန်းကျော် က ရေးခဲ့ပါသည်။

ထိုအချိန်က အရေးကြီးပုဂ္ဂိုလ် လုံခြုံရေး အရာရှိအဖြစ် တာဝန်ထမ်းနေသော ကျနော် စစ်ဗိုလ် အလေးအနက် စဉ်းစား ဆင်ခြင်မိပါသည်။

ကျနော်တို့ နိုင်ငံတွင် '' စိတ်ဓါတ်ဝဲစားသောရောဂါ " နှင့် " ကိုယ်ကျင့် သိက္ခာ ပျက်ပြားသော ရောဂါကြီးများ တကယ်ဖြစ်ပွားနေပါသလား၊ ဘယ်သူတွေမှာ ထိုရောဂါ ဆိုးကြီးတွေ ကူးစက် အမြစ်တွယ် လှိုက်ပြိုရိရွဲ့ နေပါပြီလဲ။ မျက်မြင်များ အကြားအသိများမှ တဆင့် ဆင်ခြင်မိသည်။

သက်ပြင်းမောတို့သည် ထိုအချိန်က တဟူး ..... ဟူး။

အထူး သဖြင့် " ကိုယ်ကျင့် သိက္ခာ ပျက်ပြားသော ရောဂါ " သည် ကျနော်တို့ နိုင်ငံ အနာဂတ်နှင့် မျိုးဆက်သစ်များ အတွက် အမြင့်မားဆုံးသော ခြိမ်းခြောက် ဖိစီးမှုကို ဖြစ်နေစေသည် ဟု လက်တွေ့ဘ၀များက မီးမောင်းထိုးပြနေသည်။

ကျနော်တို့ နိုင်ငံသည် စနစ်ဟောင်းတခု မှ စနစ်သစ် တခုဆီသို့ တာဆူချဉ်းကပ် အသွင်ြေါပာင်းရန် ပါးနပ်သိမ်မွေ့ညင်သာစွာဖြင့် ကူးရွေ့နေချိန်ဖြစ်ပါသည်။

ထို့ကြောင့် စကားကို အလို အပို မပြောလိုပါ။ လက်ရှိ လွှတ်တော်တွင်းမှ ကိုယ်စားလှယ်ကြီးများသည် နိုင်ငံ့ အနာဂတ်ကို ထုဆစ် မွမ်းမံ ပုံသွင်းခြင်းတွင် အခရာ ကျသူများဖြစ်သဖြင့် " ကိုယ်ကျင့် သိက္ခာ ပျက်ပြားသော ရောဂါ " ကို ဦးဆောင် တိုက်ဖျက်ရမည့် သူများဖြစ်ကြောင်း အထွေအထူး တင်ပြဖွယ် မရှိ။

ထိုမှ တဖန် သစ်ထွန်းပေါ်ပေါက်လာသော နိုင်ငံရေး ရာသီဥတုအတွင်း စိလဆိတ်များ၊ သာယာကူးများ၊ အလိုတော်ရိ များ၊ တံတားကျိုး သခင်များကလည်း လက်ရဲ ဇက်ရဲဖြင့် သူတို့လောက်တိုင်းပြည်ပေါ် ချစ်ခဲ့သူ မရှိလေဟန် ပုံမှားရိုက်ဟန်ဆောင် လက်သီးတန်း ပြိုင်လာကြချိန်လည်း ဖြစ်ပေရာ......... နိုင်ငံ အနာဂတ်အတွက် ရင့်ကျက်သော အမြင်ဖြင့် ဆင်ခြင် ချင့်ချိန်တတ်သူတိုင်းသည် ခယ၀ယ မြောက်ထိုးပင့်ကော် ဖော်လံဖါး စိတ်ဓါတ်၊ ရေသာခို အချောင်သမား စိတ်ဓါတ်၊ ကိုယ်ကျိုးရှာစိတ်ဓါတ်၊ တိုင်းချစ်ပြည်ချစ်စိတ် ကင်းမဲ့သည့် စိတ်ဓါတ် စသော ''စိတ်ဓါတ်ဝဲစားသောရောဂါ " ဖြစ်နေသူများကို အထူး သတိပြုကြရမည်၊

ကိုယ်တိုင်လည်း စိတ်ဓါတ်ဝဲစားသောရောဂါ မှ ကင်းလွတ်နေခြင်း ရှိမရှိ ဆန်းစစ်ကြစေလိုသည်။ ဦးဆောင်ဦးရွက်ပြုပြီး ရိုးဖြောင့်တည်ကြည် သမာသမတ်ဖြင့် မားမားမတ်မတ် ရပ်စေလိုသည်။

ထိုရောဂါ ကြီး နှစ်ခုကို တိုက်ဖျက် ချေမှုန်းရင်း အခြား တဖက်မှ နိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်သည့် မျိုးဆက်သစ် လူငယ် အညွှန့်အဖူး များကို ကာယစွမ်းအား ကြံ့ခိုင်သန်မာရေး၊ ဥာဏစိတ်ဓါတ် ဖွံ့ထွားခေတ်မှီလူဆန် စေရေး၊ ကိုယ်ကျင့် စာရိတ္တ သိက္ခာ တည်ကြည် မားမတ်ရဲရင့်ရေး တို့ကိုပါ တပြိုင်တည်း တည်ဆောက် ပဲ့ပြင်သွားကြရမည်။

ဆရာကြီး ဦးဘုန်းကျော် ကပင် သူဧ။် ရောင်းလျှင် ၀ယ်သည် ဆိုသော ခေါင်းစဉ်ဖြင့်

{လောကတွင် လူ့အသုံးအဆောင် ပစ္စည်းများကိုသာ ၀ယ်လို့ရသည် မဟုတ်၊ လူကိုလည်း ၀ယ်လို့ရသည်။ ကျွန်ုပ်တို့ လူ့အသိုက်အ၀န်းတွင် လူလိမ်၊ လူကောက်၊ လူရှုပ်၊ လူပွေများ၊ ကိုယ်ကျိုးရှာ သာယာစီး နေရာရှာသူများ၊ ကိုယ့်ကိုကိုယ် တန်ဖိုး မထားသူများစွာ ရှိကြသည်။
ထိုသူတို့သည် မိမိကိုယ်ကျိုးစီးပွား ကောင်းစားရေး၊ မိမိ သားမယား ၊ ဆွေမျိုးတသိုက်ကောင်းစားရေး၊ အတွက် မိမိကိုယ် လည်းကောင်း၊ မိမိတို့ လေးစားမြတ်နိုးရသည့် ပုဂ္ဂိုလ်ကို လည်းကောင်း ရောင်းစားခဲ့ကြသည်။
နောက်ထပ်လည်း ရောင်းစားမည့်သူများ ထပ်မံပေါ်ပေါက် လာကြလိမ့်ဦးမည် ....... အားလုံး သတိ }ဆိုခဲ့သည်။
ကျနော်က ထပ်မံပြီး သတိစကားဆိုချင်ပါသည်။

ပြည်သူ့ လွှတ်တော်အတွင်းမှ ပြည်သူ့ကိုယ်စားလှယ်တော်ကြီးများ အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိလာသော ကိုယ်စားလှယ်တော်ကြီးများ သတိ .......... သတိ ................ သတိ။

ရောင်းသူရှိလျှင် ၀ယ်မည့်သူများက အဆင်သင့် ၀ယ်နေပေလိမ့်မည်။

တိုင်းပြည်အနာဂတ် အတွက် မျိုးဆက်သစ်တို့ အနာဂတ် အညွန့်အဖူးလေးများ မိမိတို့ သားသမီးလေးများ အနာဂတ်အတွက် မိမိတို့သည် မိမိတို့ သိက္ခာကို ရောင်းမစား သင့်ပါကြောင်း ..........။

Nay Myo Zin

ထိုင်းလွှတ်တော်တွင်း ဖေါ်ချွတ်ဓါတ်ပုံများ တရားဝင်ပြတော့မှာလား


တနှစ်ပြည့်ကျေးဇူးတင် ကဗျာ x x x

ဧပြီလ ၂၅ ရက် ၁၀၁၂

လွှတ်တော်ထဲမှာ ဆင်ခြင်တုံတရား ရှိသလား


ဦးဝင်းတင်နဲ့ မေးခွန်းများ
ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံ အင်န်အယ်ဒီပါတီက ကိုယ်စားလှယ် ၄၃ ဦး တခဲနက် ရွေးချယ်ခံခဲ့ရတယ်။ ဧပြီလ ၂၃ မှာ ပြန်လည်စတင်မယ့် လွှတ်တော်ညီလာခံမှာ ကိုယ်စားလှယ်သစ်များ တက်ရောက် ကျမ်းကျိန် တာဝန်ထမ်းဆောင်ဖို့ အရေးက အကြပ်အတည်းဖြစ်နေတယ်။ အခြေခံဥပဒေအလိုအရ ကျမ်းကျိန်စာသားမှာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်အစား လေးစာလိုက်နာလို့ ပြောင်းလဲပြင်ဆင်ပေးရန် အနိုင်ရ အတိုက်အခံပါတီက တောင်းဆိုနေချိန်မှာ အာဏာရကြံ့ဖွံ့အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်အာဏာပိုင်များက ပြင်ဆင်ပေးဖို့ကို အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲနေပါတယ်။
ဧပြီလ ၂၃ လွှတ်တော်ညီလာခံ ပြန်လည်စတင်ချိန်မှာတော့ အနိုင်ရ အင်န်အယ်ဒီအမတ်မင်းများ စတင်တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိဘဲ အစည်းအဝေးကို စတင်ခဲ့ကြပြီဖြစ်တာကို တွေ့ရပါတယ်။ လေးစားလိုက်နာနဲ့ ကာကွယ်စောင့်ရှောက် စကားလုံး အသုံးအနှုန်း ပြုပြင်ပေးဖို့ဆိုတဲ့ အကြပ်အတည်းအကြောင်းနဲ့ ပတ်သက်ပြီး မိုးမခက ဦးဝင်းတင်ကို ဧပြီလ ၂၃ ရက်နေ့ နံနက်ခင်းက ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး။     ။ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ် ဆိုတဲ့စကားလုံးကို ဆရာတို့က ဘာဖြစ်လို့ အရေးတယူ ပြင်ဆင်ခိုင်းနေရတာလဲ။

ဖြေ။     ။ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ခံဝန်ကတိပြုတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ဘူး။ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ အဲသည်အတွက် ၂၀၁၀ စက်တင်ဘာ ၁၅ မှာ ပါတီကို ဖျက်သိမ်းခံခဲ့ရတဲ့ အခြေအနေထိ ရောက်ခဲ့တယ်။ အဲသည်နောက် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့နောက်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့တယ်။ အဲသည်မှာ ပါတီကို တရားဝင်ဖြစ်အောင် ပြောင်းလဲစေချင်တယ်။ ဖြစ်နိုင်ရင် ရွေးကောက်ပွဲကို ၀င်စေချင်တယ်ဆိုပြီး ဆွေးနွေးမှုတွေ ဖြစ်လာတယ်။

မေး။     ။ ဒါက ဦးသိန်းစိန် သဘောထားလား။ အာဏာရပါတီဦးဆောင်တဲ့ လွှတ်တော်ရဲ့ သဘောထားလား။

ဖြေ။     ။ ဦးသိန်းစိန်ရဲ့ အင်န်အယ်ဒီအပေါ် သဘောထားလို့ ပြောရမယ်။ အစိုးရရဲ့သဘောထားကတော့ ရှိသမျှလူတွေ အဖွဲ့တွေအကုန်လုံး ဘာလုပ်ချင် လုပ်ချင်၊ ဘာဖြစ်ချင် ဖြစ်ချင် ပါလီမာန်ထဲ ၀င်ကြပါ။ လွှတ်တော်အတွင်းကနေ ဆောင်ရွက်ကြပါ။ တောင်းဆိုကြပါလို့ ပဲ သူတို့က အမြဲပြောခဲ့ကြတာပဲလေ။

မေး။     ။ အဲသည်အတွက် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားလုံးကို အချက်ကို ပြင်ဆင်ပြီးမှ ဆရာတို့ ပါတီက မှတ်ပုံပြန်တင်တာတို့၊ ရွေးကောက်ပွဲဝင်တာတို့ကို ပြန်လည် လုပ်ဆောင်တယ်လို့ ပြောချင်တာလား။

ဖြေ။     ။ ဟုတ်ပါတယ်။ အဲသည်တုန်းက ဦးသိန်းစိန်က ပြင်တယ်။ လွှတ်တော်ကို ပို့ပြီးတော့လည်း ဦးသိန်းစိန်က ဆောင်ရွက်ပေးခဲ့တယ်။ ဒါကြောင့် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့အစား လေးစားလိုက်နာပါမည်ဆိုတဲ့ အသုံးအနှုန်းကို ပြောင်းလဲသုံးစွဲခဲ့တယ်။ ဒါက ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေနဲ့ ပြင်ဆင်ပေးလိုက်တာပေါ့။ အဲဒါကြောင့် ကျနော်တို့ ရွေးကောက်ပွဲကို ၀င်ခဲတယ်။ ပြည်သူလူထုကလည်း တခဲနက် ထောက်ခံလို့လည်း ရွေးကောက်ခံခဲ့ရတယ်။

မေး။     ။ အဲသည်တော့ ဆန္ဒမဲရလဒ်တွေအရ ဆရာတို့ ကိုယ်စားလှယ်တွေ အနိုင်ရပြီ၊ လွှတ်တော်ထဲကို ၀င်ကြတော့မယ်ဆိုတဲ့ အခြေအနေတွေ ရှိနေတော့မှ အဲသည် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ စကားရပ်က ပြန်ပြီး အတားအဆီးဖြစ်နေပြန်တာပေါ့။

ဖြေ။     ။ ဟုတ်တယ်။ ကျနော်တို့တွေက ပြည်သူတွေကို ရွေးကောက်ပွဲဝင်တုန်းက ဘာကတိတွေပေးခဲ့သလဲဆိုတော့ ပြည်သူတွေကို အကျိုးမပြုတဲ့ အခြေခံဥပဒေထဲက အချက်အလက်တွေကို ပြုပြင်မယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မယ်။ င်္ပြီးတော့ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်မယ်လို့ ပြောခဲ့တယ်။ ဒီ သုံးချက်နဲ့ လွှတ်တော်ကို ၀င်မယ်။ အဲသည်အတွက် လွှတ်တော်ဝင်မယ့် အမတ်တွေကိုလည်း လွှတ်တော်ဆိုင်ရာ သင်တန်းတွေတောင် ပေးနေပြီ ဖြစ်တယ်။ အဲသည်မှာ အခုအကြပ်အတည်းပေါ်လာတာပဲ။ ရွေးကောက်ပွဲဝင်ဖို့အတွက် ရွေးကောက်ပွဲကော်မရှင်က ဥပဒေကို ပြင်ပေးခဲ့ပြီးပြီ။ ဒါကြောင့်လည်း ရွေးကောက်ပွဲဝင်ပြီးပြီ။ အခု လွှတ်တော်ထဲ ၀င်မယ်ဆိုတော့မှ အခြေခံဥပဒေမှာ ကျမ်းသစ္စာကျိန်ဆိုတဲ့ စာသား၁၂၅ (ဇယား ၄) အရ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမည်ဆိုတဲ့ စကားထပ်ပါနေတယ်။ အဲသည် ကျမ်းသစ္စာအတိုင်းသာ ဆိုပြီး လွှတ်တော်ထဲ ၀င်ရမယ်သာ ဆိုရင် ကျနော်တို့ ရွေးကောက်ပွဲဝင်တုန်းက ပေးထားတဲ့ ကတိဖြစ်တဲ့ ကျနော်တို့ ပြုပြင်မယ်ပြောထားတဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုလိုက်ရင် ဘာမှ ဥပဒေရေးလုပ်ငန်းတွေ မလုပ်နိုင်တော့ဘူး၊ ပြည်သူတွေကို ပေးထားတဲ့ ကတိတွေ မတည်ဘဲ ဖြစ်သွားမယ်။

မေး။     ။ ဒါဆိုရင် ဟိုတုန်းကလိုပဲ ဆရာတို့က သမ္မတကြီးနဲ့ အစိုးရကို ပြန်လည်တင်ပြဆွေးနွေးတာတွေ လုပ်ပြီး ပြင်ဆင်မှုတွေ မလုပ်နိုင်တော့ဘူးလား။ အခုမှ ဒါက ဘယ်လိုမျိုး အကြပ်အတည်းဖြစ်ရပြန်တာလဲ။

ဖြေ။     ။ ဒီကိစ္စကိုလည်း ကျနော်တို့ဖက်က တင်ပြဆွေးနွေး အကြံပေးတာတွေ လုပ်တယ်။ ကျနော်တို့က ဘာပြောသလဲဆိုတော့ စကားလုံးတွေ ပြုပြင်ဖို့ဆိုရင် အခြေခံဥပဒေခုံရုံးကနေပြီးတော့ သိန်းစိုးခေါင်းဆောင်တဲ့ ခုံရုံးကနေပြီးတော့ အဆုံးအဖြတ်ပေးနိုင်ပါတယ်လို့ အကြံပြုတဲ့စာပို့ပါတယ်။  ဒါပေမယ့် ရွေးကောက်ပွဲ မ၀င်ခင်တုန်းက သမ္မတကြီးကိုယ်တိုင်ကနေပြီး အင်န်အယ်ဒီအတွက် အရေးယူဆောင်ရွက်တာတွေ ကိုယ်တိုင်လုပ်ခဲ့သလိုမျိုး အခုတကြိမ်မှာ သူက မလုပ်တော့ဘဲနဲ့  ခုံရုံးကို လွှဲပေးလိုက်တယ်။ အဲသည်မှာ ခုံရုံးကနေပြီးတော့ ပါတီက အတွင်းရေးမှူးအဖွဲ့ထဲက ဦးဥာဏ်ဝင်းကို ခေါ်တွေ့တယ်။ သူတို့က စကားလုံးပြုပြင်ပေးတာကို တုန့်ပြန်တာမျိုးထက် အခြေခံဥပဒေကို ပြုပြင်တာမျိုး သဘောထားတွေ ထုတ်ပြောလာတယ်။ အဲသည်အခါကျတော့ လွှတ်တော်ထဲမှာ အများစု နေရာယူထားတဲ့ ကြံ့ဖွံ့အမတ်တွေရော၊ တပ်မတော်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေရောပါ ရယူပြီးမှ ထောက်ခံမှသာ ပြင်ဆင်ရမလိုမျိုးတွေ ဖြစ်လာတယ်။

မေး။     ။ ဒါကလည်း ကြိုပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောထားတယ် မဟုတ်လားဆရာ။ မတ်လ ၂၇ တပ်မတော်နေ့မှာတုန်းက။ တပ်မတော်သားတွေက အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ကြရမယ်လို့ အမှာစကားပြောထားတော့ သူတို့ဖက်က ပြုပြင်ပေးဖို့ကို လက်ခံမယ့် အနေအထား ရှိပါ့မလား။

ဖြေ။     ။ အဲသည်လို အမှာစကားတွေ ပြောထားတော့ သူတို့ဖက်ကနေပြီးတော့ အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဆိုတဲ့ စကားလုံးပြုပြင်ပြောင်းလဲပေးဖို့ အနေအထား မရှိဘူးလို့ ပြောရင် ရနိုင်တာပေါ့။

မေး။     ။ ဒါဆိုရင် ဒီအကြပ်အတည်းကြီးကို ဘယ်လိုရင်ဆိုင်မှာလဲ။ ဆရာတို့က လွှတ်တော်ကို ကျောခိုင်းသွားတော့မှာလား။

ဖြေ။     ။ အဲသည်မှာ ကျနော်တို့ဖက်ကပြောနေတာကတော့ အခုအခြေအနေဟာ မြန်မာနိုင်ငံရေးနဲ့ ပတ်သက်နေသလို၊ ကမ္ဘာ့နိုင်ငံရေးနဲ့လည်း ပတ်သက်နေတယ်။ အခုအချိန်မှာ နိုင်ငံတကာက မြန်မာပြည်အရေးကို အကောင်းမြင်ပြီးတော့ အရေးယူပိတ်ဆို့မှုတွေ ရုတ်သိမ်းတာတွေ၊ လျော့ချတာတွေ၊ ဆိုင်းငံ့တာတွေ လုပ်နေပြီ ဖြစ်ပါတယ်။ နောက်ပြီးတော့ အများပြည်သူကလည်း အခြေခံဥပဒေကို ပြုပြင်မယ်ဆိုတဲ့ အင်န်အယ်ဒီပါတီကို တခဲနက်ထောက်ခံပြီးတော့ မဲဆန္ဒတွေ ပေးကြတယ်။ မျှော်လင့်အားကိုးကြတယ်။ ဒါကြောင့် နိုင်ငံတကာနဲ့တကွ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေ အကောင်းမြင်နေမှုတွေကို ပျက်စီးသွားအောင်၊  ယိမ်းယိုင်သွားအောင် လုပ်ရမယ့် အချိန်အခါမဟုတ်ဘူး။ ဒါကြောင့် အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ စကားလုံး ပြောင်းလဲပေးဖို့ ဖြစ်လာမယ်လို့ ကျနော်တို့က ဆက်လက်မျှော်လင့်နေတယ်။ ကျနော်တို့တွေဖက်က လွှတ်တော်ကို တက်ရောက်ဖို့ အခြေအနေနဲ့ အချိန်အခါကို ပြင်ဆင်ပြီးတော့ စောင့်ကြိုနေတယ်လို့ ပြောချင်တယ်။

မေး။     ။ ဒါဆိုရင် အခြေခံဥပဒေထဲက ကျမ်းကျိန်ရမယ့် စကားရပ်ကို ပြင်ဆင်ပေးဖို့ဆိုတာက လက်ရှိအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပေါ်မှာ မူတည်နေပြီ။ သူတို့ရဲ့ သဘောထားသာ အဓိကဖြစ်နေပြီ လို့ ပြောရတော့မှာပေါ့။ အဲသည်အချိန်တရပ်တည်းမှာပဲ တပ်မတော်က သူတို့ရဲ့ တပ်မတော်ကိုယ်စားလှယ် ၅၉ ဦးကို အဆင်မြင့်အရာရှိတွေနဲ့ အစားထိုးလဲလှယ်ခန့်အပ်လိုက်တာလဲ ဒီနေ့ လွှတ်တော်မတက်ခင် ထုတ်ပြန်လိုက်တယ်။ အင်န်အယ်ဒီဟာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် လွှတ်တော်ထဲကို ပါဝင်လာတော့မှာပဲ ဆိုပြီး တပ်မတော်က ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သူတို့ဖက်က လှုပ်ရှားမှုတွေ ပြုလုပ်လာပြီလို့ မြင်သလား။ ဒါကကော ဘာသဘောလဲ လို့ ဆရာကထင်သလဲ။

ဖြေ။     ။ တဖက်ကကြည့်ရင်တော့ တပ်မတော်က လွှတ်တော်ထဲမှာ ရှိတဲ့သူတွေဟာ သဘောထားပျော့ပြောင်းတဲ့သူတွေရှိနေလို့ မတ်လ ၂၇ ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့ မူဖြစ်တဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ ခိုင်ခိုင်မြဲမြဲကိုင်စွဲမယ့် လူတွေနဲ့ အစားထိုးလိုက်တယ်လို့လဲ ပြောချင် ပြောလို့ရတာပါပဲ။ မှန်းလို့တော့ မရပါဘူး။
မေး။     ။ ဆိုတော့ အခုတကြိမ်မှာလည်းပဲ ရွေးကောက်ခံထားရတဲ့ အင်န်အယ်ဒီအမတ်တွေဟာ လွှတ်တော်ကို တက်ဖို့၊ တရားဝင် တာဝန်ထမ်းဆောင်ဖို့ အခြေအနေ မပေးပြန်ဘူးပေါ့။ အခွင့်အရေး မရပြန်ဘူးပေါ့။ အဲသည်လိုမျိုး ပြန်ကြည့်လိုက်ရင် အင်န်အယ်ဒီပါတီဟာ သမိုင်းတလျောက်လုံးမှာကော၊ အခုလက်ရှိအစိုးရနဲ့ ဆက်ဆံရေးတလျောက်လုံးမှာပါ အကြိမ်အကြိမ် အခါခါ အချိန်ဆွဲခံရတဲ့ အဖြစ်တွေနဲ့ အမြဲတမ်း ကြုံတွေ့နေရတယ်၊ ရင်ဆိုင်နေရတယ်လို့ ပြောရင် ရမလားဆရာ။ အချိန်ဆွဲခံရတယ်။ ဈေးဆစ်ခံရတယ်။ အလှည့်အပြောင်းတွေနဲ့ ရင်ဆိုင်ရတယ်။ အချိန်ဆွဲခံရတိုင်းမှာ၊ ဈေးဆစ်ခံနေရတဲ့ အချိန်တိုင်းအခါတိုင်းမှာ လက်ရှိအာဏာရအစိုးရက အကျိုးအမြတ်ထွက်တယ်။ အင်န်အယ်ဒီပါတီ ရွေးကောက်ပွဲဝင်မယ်၊ ပါတီမှတ်ပုံတင်မယ် ပြောလိုက်လို့ သိန်စိန်အစိုးရက အာင်္ဆီယံဥက္ကဋ္ဌဖြစ်သွားတယ်။ ဟောအခု ဧပြီ ၁ မှာ ရွေးကောက်ပွဲ နိုင်ပါတယ် ဆိုရုံ ရှိသေးတယ်၊ အရှေ့ အနောက်အုပ်စုတွေက ကြံ့ဖွံ့အစိုးရကို ပိတ်ဆို့အရေးယူထားတွေ၊ ဘာတွေကို လျော့ချတာနဲ့၊ ဆိုင်းငံ့တာနဲ့ ဘာနဲ့ ချက်ခြင်းဆိုသလို အလျင်အမြန် ဆုတွေ ပေးနေကြပြီ။ ဧပြီလတောင် မကုန်သေးဘူး။ အနိုင်ရတဲ့ ပါတီက လွှတ်တော်ထဲတောင် မရောက်သေးဘူး။ အဲသည်အချိန်မှာ စစ်အစိုးရက အဲလေ ကြံ့ဖွံ့အစိုးရက ဘာလို့ လက်နှေးနေရပြန်တာလဲ။

ဖြေ။     ။ အရင်တုန်းကတည်းက လက်ရှိအစိုးရကို အယုံအကြည်မရှိတဲ့သဘော၊ သံသယရှိတဲ့သဘော ပြောဆိုနေကြတာတွေက ရှိတာပါပဲ။ ဒါပေမယ့် ကျနော်တို့ဖက်က ယုံကြည်ချက်နဲ့ အလုပ်လုပ်ကြရတာပဲ။ အကယ်၍သာ နိုင်ငံရေးအခြေအနေတွေဟာ တိုးတက်ကောင်းမွန်တဲ့ဆီကို ဦးတည်ကြမယ်ဆိုရင် … ဆိုတဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်ချက်နဲ့ပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ အခြေခံဥပဒေကို လေးစားလိုက်နာဆိုတဲ့ စကားလုံးပြုပြင်မှုဆိုတဲ့ သော့ခလောက်ဖြုတ်ပေးလို့၊ တခါးတချပ်ဖွင့်ပေးလို့ ကျနော်တို့တတွေ ပါတီကို မှတ်ပုံတင်တယ်၊ ရွေးကောက်ပွဲဝင်ခဲ့ကြတယ်။ ဒါပေမယ့် လွှတ်တော်ကို ၀င်ကြမယ်လို့ လုပ်တဲ့အခါကျတော့ အဲသည်သော့ခလောက်နဲ့ပဲ ပြန်တွေ့နေရတယ်။ တခါးနောက်တချပ်နဲ့ ထပ်တိုးတယ်လို့ ပြောချင်တယ်။ ဒါတွေကြောင့် အစိုးရကို အယုံအကြည်မရှိဘူး၊ သံသယရှိတယ်လို့ ပြောနေကြတဲ့ ဝေဖန်နေကြတဲ့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေရဲ့ စကားတွေ ပြောဆိုချက်တွေဟာ မမှားဖူးလို့ ပြောရမလို ဖြစ်လာတယ်။ သူတို့တွေက အရေးယူပိတ်ဆို့တာတွေ ဖယ်ရှားအောင်လို့ လှည့်ဖြားနေတာဖြစ်တယ်။ အသုံးချနေတယ်လို့ပြောဆို ဝေဖန်နေကြတာတွေဟာ  အတည်ပြုပေးနေသလိုတောင် ဖြစ်လာတယ်။

မေး။     ။ ဒါဆိုရင် ဆရာတို့တွေက ခုနင်က သံသယတွေ၊ မယုံကြည်မှုတွေ လက်ကိုင်ထားပြီးတော့ လက်ရှိကြံ့ဖွံ့အစိုးရကို ရင်ဆိုင်မယ်သာ ဆိုရင် အခုနှစ်ဆန်းကတည်းက ပေါ်ထွန်းလာခဲ့တဲ့ နိုင်ငံရေးအရ တိုးတက်မှု၊ အကောင်းမြင်မှုတွေကနေ နောက်ပြန်လှည့်သလို ဖြစ်သွားမှာပေါ့ ဆရာ။

ဖြေ။     ။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုလက်ရှိအခြေအနေ၊ အချိန်အခါမှာ ကျနော်တို့က အဲသည်လိုတော့ သဘောမထားပါဘူး။ အခုလက်ရှိ ပြောင်းလဲမှုတွေက ပေါ်ထွန်းလာနေတဲ အခြေအနေသစ်တွေကိုပဲဆက်လက် မျှော်လင့်ချင်တယ်။ နှစ်ဖက် တင်းမာတဲ့ အနေအထားတွေ၊ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ အနေအထားတွေ ပေါ်ထွန်းလာမှာကို ကျနော်တို့တွေကကော ရွေးကောက်ပွဲမှာ မျှော်လင့်တကြီး ယုံကြည်အားကိုးပြီး မဲပေးခဲ့ကြတဲ့ ပြည်သူလူုထုကြီးကပါ မလိုလားဘူး။ အကုန်လုံး ညီညီညွတ်ညွတ် မျှမျှတတ အကျိုးသင့်အကြောင်းသင့်နဲ့ အားလုံးက ဆင်ခြင်တုံတရား လက်ကိုင်ထားပြီးတော့ပဲ ရင်ဆိုင်ချင်တယ်။ ဖြေရှင်းချင်တယ်။ အခုအချိန်မှာ ကျနော်တို့ဖက်ကကော၊ ပြည်သူလူထုကြီးကပါ ဆင်ခြင်တုံတရား ရှိရှိနဲ့ ရင်ဆိုင်လိုက်တာဖြစ်တယ်။ အခုလက်ရှိမှာ ဆင်ခြင်တုံတရားရှိမရှိ ဆိုတဲ့မေးခွန်းဟာ  ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွှတ်တော်နဲ့ တပ်မတော်ကိုယ်စားလှယ်တွေ ဖက်ကို ရောက်သွားပြီ။ သူတို့ဆီကို ဦးတည်သွားပြီ။ လက်ရှိအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဘယ်လောက်အထိ ဆင်ခြင်တုံတရားရှိသလဲ ဆိုတာနဲ့ ဆိုင်သွားပြီ လို့ ဆိုချင်တယ်။

မေး။     ။ ဆရာပြောချင်တာက အရင်တုန်းက အင်န်အယ်ဒီပါတီအတွက် ရွေးကောက်ပွဲကော်မရှင်က စကားရပ်တွေကို အစိုးရက ဆင်ခြင်တုံတရားအပြည့်နဲ့ ပြင်ဆင်ခဲ့ပေးပြီပြီ။ အစိုးရရဲ့ လိုအင်ဆန္ဒနဲ့ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီ။ အခုအချိန်မှာလည်း အစိုးရနဲ့ လွှတ်တော်ဟာ ဆင်ခြင်တုံတရားနဲ့ပဲ ဆက်လက်ဆောင်ရွက်သင့်တယ်။ မလိုလားအပ်တဲ့ အကြပ်အတည်းကို မဖန်တီးသင့်ဘူးလို့ ပြောချင်တာပေါ့။

ဖြေ။     ။ ကျနော်တဦးချင်းအနေနဲ့ ပြောရရင် ဦးဝင်းတင်တဦးချင်းအနေနဲ့ ပြန်ပြောရရင် လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ကျနော်တို့ဟာ ဒီစကားလုံးအတွက်နဲ့ ၂၀၀၈ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ခံဝန်ကတိမပြုနိုင်ဘူး၊ လက်မခံနိုင်ဘူး ဆိုပြီးတော့ ရပ်တည်ခဲ့တဲ့အတွက် ပါတီကိုတောင်မှ ဖျက်သိမ်းခံရတဲ့ အထိရောက်ခဲ့တယ်။ လူပေါင်းများစွာ ဖမ်းဆီးခြင်းခံရနိုင်တဲ့ အခြေအနေကို ရင်ဆိုင်ပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ ကျနော်တို့ဟာ ဆင်ခြင်တုံတရားနဲ့ ရပ်တည်ခဲ့တယ်။ ရင်ဆိုင်ခဲ့တယ်။ နောက်ပိုင်းမှာ သမ္မတဦးသိန်းစိန်တို့ကလည်း ဆင်ခြင်တုံတရားနဲ့ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပေးပြီး ဖြစ်တယ်။ အခုအချိန်မှာတော့ ဆင်ခြင်တုံတရားဟာ လွှတ်တော်ထဲကို ရောက်နေပြီ။ သူတို့အပေါ်မှာ မူတည်တော့တယ်လို့ ပြောချင်ပါတယ်။

မေး။     ။ ဒါဆိုရင် ဆရာတို့က အခြေအနေကောင်းတွေပေါ်ထွန်းလာရင် လွှတ်တော်ကို တက်မှာပဲပေါ့။

ဖြေ။     ။ တို့ဖက်ကတော့ စိတ်ကောင်းစေတနာတွေ ရှိတယ်။ လွှတ်တော်ကို တက်မှာပါ။ ကျနော်တို့က ဘယ်လောက်အထိ တက်မယ်လို့ ပြောချင်သလဲဆိုတော့ အကယ်၍ ဒီကိစ္စဟာ တလကြာမယ်။ ၂လကြာမယ်။ ကြာသွားလို့ နောက်ဆုံး လွှတ်တော်ရုပ်သိမ်းခါနီး တရက် ၂ရက် အလိုကျမှပဲ ကျနော်တို့ကို ခွင့်ပေးမယ်၊ ကျမ်းသစ္စာကျိန်ဆိုရမယ်ဆိုရင်လည်း ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေက တခဲနက် ထောက်ခံထားတဲ့ ကိုယ်စားလှယ်တွေဖြစ်တယ်။ အဲသည်အတွက် ပြည်သူ့တွေရဲ့ အလိုဆန္ဒနဲ့ အညီ ကျမ်းသစ္စာကျိန်ဆိုထိုက်တယ် လို့ ယူဆပါတယ်။

မေး။     ။ ဒါဆိုရင် ခုနင်က မေးခွန်းကို ပြန်ကောက်ရရင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူ့ဆန္ဒနဲ့အညီ ပါတီကို မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ခဲ့ကြတာဟာ မှန်ကန်တဲ့ ဆင်ခြင်တုံတရားနဲ့ ဆောင်ရွက်မှုဖြစ်တယ်လို့ ဆိုနိုင်သလိုပဲ တဖက်ကလည်း လက်ရှိအစိုးရအပေါ်မှာ သံသယတွေရှိတာ၊ ယုံကြည်မှုမရှိနိုင်သေးတာတွေကလည်း မမှားဘူးလို့ ပြောရမလို ဖြစ်နေတာပေါ့။

ဖြေ။     ။ အဲလိုပြောရင်လည်း ရပါတယ်။

မေး။     ။ ဒါဆိုရင် အခုလက်ရှိအခြေအနေမှာ အချိန်တိုတိုအတွင်းမှာတင် အရေးယူတာတွေ၊ ပိတ်ဆို့တာတွေကို လျော့ချမယ်၊ ရပ်ဆိုင်းမယ်၊ လက်ရှိအစိုးရကို ငွေချေးမယ်၊ ငွေလျော်မယ် စသည်ဖြင့် အမြန်အဆန် ဆုံးဖြတ်ချက်ချနေကြတဲ့ အရှေ့အုပ်စု၊ အနောက်အုပ်စုက အစိုးရတွေကလည်းပဲ ဆရာပြောတဲ့ ဆင်ခြင်တုံတရားနဲ့  လက်ရှိအစိုးရကို စောင့်ကြည့်ဖို့ မလိုဘူးလားဆရာရယ်။

ဖြေ။     ။ အဲသည်လိုမျိုး ရှိတယ်လို့ ပြောချင်ပါတယ်။ တလောက ဗြိတိန်ဝန်ကြီးချုပ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတယ်။ အီးယူတို့ သြစတြေးလျတို့ဆိုရင် ရုတ်သိမ်းမယ် ဘာညာလုပ်လာတယ်။ ဂျပန်ဆိုရင် ငွေချေးမယ်၊ အလည်ဖိတ်တယ်လုပ်လာတယ်။ ဒါပေမယ့် ကျနော်တို့ဖက်က ဘာပြောသလဲဆိုတော့ အခုအချိန်မှာ ရုတ်သိမ်းတာထက် ဆိုင်းငံ့တာသာ ကောင်းလိမ့်မယ်လို့ ထင်တယ်။ နိုင်ငံရေးအခြေအနေတွေက ဘယ်လိုပေါ်ပေါက်လာလိမ့်မယ်လို့ မပြောနိုင်သေးဘူးလို့ ဆွေးနွေးခဲ့ကြတယ်။ ဒါကြောင့် လောလောဆယ်မှာ လျော့ပေးမယ်လို့ အီးယူတို့ ဆုံးဖြတ်သော်လည်းဘဲ ဆိုင်းငံ့တယ်ဆိုတဲ့ အချက်ကို ထည့်သွင်းထားတာကို တွေ့ရတယ်။ ဒါဟာလည်း နိုင်ငံတကာက မြန်မာပြည်လက်ရှိအခြေအနေကို ဆင်ခြင်တုံတရားနဲ့ ရင်ဆိုင်နေတယ်လို့ ပြောရင်ရပါတယ်။

မေး။     ။ နောက်ဆုံး ပြောချင်တာကတော့ ဆရာရယ်၊ လွှတ်တော်ထဲဝင်မယ်ဆိုတဲ့ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီအမတ်တွေအတွက်က ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပြင်ဆင်ကြမယ်ဆိုတဲ့ စိန်ခေါ်မှုကြီးက ရှေ့မှာ ဘယ်လိုမျှော်မှန်းရမယ်တောင် မသိသေးဘူးပေါ့လေ။ အဲသည်အတွက် လွှတ်တော်အ၀မှာတင်ကို အကြပ်အတည်းတွေ့နေကြရပြီ။ ဥပမာ ကျနော်တို့ ထောင်ဗူးဝထဲကို ၀င်ကြရသလိုပေါ့။ အကျဉ်းထောင်ထဲမှာ ဘယ်လို ရုန်းကန် ရင်ဆိုင်ကြရမယ်ဆိုတာ မသိနိုင်သေးဘူး။ သို့သော် ထောင်ထဲဝင်တဲ့ နိုင်ငံရေးပုဒ်မတပ်ခံထားရတဲ့ အကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေက ခေါင်းမော့ ရင်ကော့ပြီး မ၀င်စေဘဲနဲ့ ခေါင်းငုံပြီး ၀င်ခိုင်းသလိုမျိုး၊ ပုံစံပေးပြီး ၀င်ခိုင်းသလိုမျိုး ဖြစ်နေတယ်လို့ ဥပမာပေးနေကြတဲ့အကြောင်းလည်း ပြောလိုက်ချင်ပါတယ် ဆရာရယ်။

ဖြေ။     ။ အင်း၊ ကောင်းသားပဲ ဥပမာက။ အေး ဟုတ်ပြီလေ။ ဒီနေ့တော့ ဒီလောက်ပဲကွာ။
 မိုးမခ၊ ဧပြီ ၂၄၊ ၂၀၁၂

မူးယစ်ရာဇာ ၂၀ ကျော် ထိုင်းတွင် ဆုငွေထုတ်၊ မြန်မာ ၃ ဦးကို ကြေးအများဆုံး ပေးမည်

ကြပ်ပြေးလွှတ်တော်

ကျမ်းကျိန်လွှာ စကားလုံးအပြောင်းအလဲ ကြံ့ခိုင်ရေးအမတ် အများစု မလိုလား


Lower House lawmakers attend a regular session of parliament in Naypyitaw, Burma, April 23, 2012.
ဓာတ်ပုံ AP

အင်္ဂါ, 24 ဧပြီ 2012

လွှတ်တော်တံခါးဝမှာသော့ခလောက်ခတ်ထား အတားအဆီးဟန့်တားတာဘယ်သူလဲ?Nld နာယက ဘဘဦးဝင်းတင်နှင့် ဘီဘီစီအင်တာဗျူး

ကံမ မူဆလင်အဓိကရုန်း ပြည်ခိုင်ဖြိုးပါတီ စွပ်စွဲခံနေရ


လုယက်ဖျက်ဆီးခံရပြီး အပျက်အဆီးများကိုတွေ့ ရစဉ် (ဓါတ်ပုံ-Myanmar News Now)
ပြီးခဲ့သည့် ဧပြီလ ၁၃ရက်နေ့ က မကွေးတိုင်း၊ ကံမတွင် ဖြစ်ပွားခဲ့သည့် အစ္စလမ်ဘာသာဝင် မှုဆလင်အိမ်များ လုယက်ဖျက်စီးခြင်းခံရသည့် အဓိ ကရုန်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီဝင်များ ပါဝင်နေကြောင်း ဒေသခံများက စွပ်စွဲပြောကြားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နှစ်စဉ်နီးပါးလုပ်ကိုင်ခွင့်ရရှိခဲ့သော ပြည်- ကံမ မော်တော်ပြေး ဆွဲခွင့်ကို လေလံကို ယခုနှစ်တွင် ကံမမြို့မှ အစ္စလမ်ဘာသာဝင် ဟာဂျီဒေါ်ဝါဆိုသူအမျိုသမီးက လေလံအောင်သွားခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက မကျေနပ်သဖြင့် အဓိက ရုန်းဖြစ်ပွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောကြားသည်။
နောက်ပိုင်းတွင် ဒေါ်ဝါက မော်တော်လေလံကို ပြန်လွဲပေးခဲ့သော်လည်း လေလံကိစ္စအငြင်းပွားစဉ် အစွန်းထွက်စကားများကို ပုံကြီးချဲ့ပြီး အစ္စမ် လမ်ဘာသာဝင်များ၏  စီးပွားရေလုပ်ငန်းများ ဖျက်စီးခံရခြင်းဖြစ်ကြောင်း ကံမမြို့သားတစ်ဦးက ပြောကြားသည်။
အစ္စလမ်ဘာသာဝင်များ အိမ်းများနှင့် စီးပွားရေးလုပ်ငန်းများကို ဖျက်ဆီးသူများကို ရဲကထိမ်းသိမ်းစဉ်  ဖျက်ဆီးသူများကို အသံမထွက် စကား မပြောရန်၊ ခေါင်းငုံသွားရန် ရဲတစ်ချို့က ပြောဆိုသတိပေးသည်ကို ကြားရကြောင်း သရက်မြို့သို့တိမ်းရှောင်လာသူ အသက်၂၅နှစ်အရွယ် အမျိုးသမီး တစ်ဦးက ပြောကြားသည်။"ကြံ့ခိုင်ရေး မပါရင် ဘယ်သူမှ မလုပ်ရဲဘူး စီးပွားရေးလောဘအတွက် ဘာသာရေး ခုတုံးလုပ်တာသူများ စီးပွားရေး ဖျက်စီးတာ ” ဟု မျက်ရည်များစီးကျလျှက် ပြောဆိုသည်။
ပြည်ခိုင်ဖြိုးပါတီက လွတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်နဲ့ ကုလားစီးပွားရေးလုပ်ငန်းရှင် အီဆာခေါ် အောင်မိုးလွင်နဲ့ စကားပြော အဆင်မပြေ ရာကနေဖြစ်ခြင်းဖြစ်ကြောင်း အခင်းဖြစ်သည့်နေ့တွင် ဦးဝင်နိင်သည် သရက်မြို့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေဆီ အလီဘိုင် ပြရန် ရောက်နေပုံရကြောင်း ပြည်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာသူ အစ္စလမ်ဘာသာဝင်တစ်ဦးက ပြောကြားသည်။
ပြည်မြို့မှ ကြံ့ခိုင်ရေးစည်းရုံးမှူးတစ်ဦးက ယခုဖြစ်ရပ်သည် ပါတီနှင့်မဆိုင်ကြောင်း ပါတီ၏မူဝါဒလည်းမဟုတ်ကြောင်း ယခုကဲ့သို့ ကမ္ဘာ ရွာခေတ်တွင်  လူမျိုးရေး၊ ဘာသာဆရး အဓိကရုန်းသည် ခေတ်နောက်ပြန်ဆွဲအတွေးအခေါ်သာဖြစ်ကြောင်း အမြင်းကျဉ်းသည့် မျိုးချစ်မျက် ကန်းများ၏ လုပ် ဟန်သာဖြစ်ကြောင်း မီဒီယာများက အဖြစ်မှန်ကို ဖော်ထုတ်စေချင်ကြောင်း မှတ်ချက်ပြုပြောဆိုသည်။
ကံမ ရေနံသာရှိဓါတ်ဆီဆိုင်များ၊ သားသတ်ရုံများ၊ စတိုးဆိုင်များ၊ ဖုန်းအရောင်ဆိုင်များ ဖျက်စီးခြင်းခံရပြီး အစ္စလမ်ဘာသာဝင်များသည် သရက်၊ မကွေး၊ ပြည်မြို့များသို့ တိမ်းရှောင်နေကြောင်း ဒေသခံ ဗုဒ္ဒဘာသာဘုန်းကြီးများနှင့် ဒေသခံများက စာနာဖေးမကြောင်း စုံစမ်းသိရှိရသည်။
MP( yangonchronicle)