အတွေ့အကြုံ၏အခန်းကဏ္ဍ

Posted on by chitnge
အတွေ့အကြုံ၏အခန်းကဏ္ဍ
ဒဿနသမိုင်း၌ အတွေ့အကြုံနှင့်ဆင်ခြင်ခြင်း ယှဉ်ပြိုင်၍ တက်လာရာ တဖြေးဖြေးနှင့် သိပ္ပံပညာ ထွန်းကားလေလေ အတွေ့အကြုံလိုင်းက ပို၍ နေရာရလေလေ ဖြစ်ခဲ့သည်။ ထိုမှတဆင့် သိပ္ပံဆိုင်ရာ ဒဿနပညာ ဟူ၍ပင် ပေါ်ထွန်းလာရသည်။ သိပ္ပံ၌ အတွေ့အကြုံသည် အဓိကပင် ဖြစ်သည်။ အသိပညာ အရာရာ၌ အတွေ့အကြုံသည် လွန်စွာအရေးကြီးသည်။ အတွေ့အကြုံသည်သာ အတွေ့အကြုံကို ဆုံးဖြတ် သည်ဟုပင် ခံယူထားကြသည်။
တရားသည်လည်း အခြားကိစ္စများနှင့်မတူ တရားကျင့်ဖူး၍ တွေ့သူသာလျှင် ကျင့်၍တွေ့သော အတွေ့ကို ပြောနိုင်သည်။ မကျင့်ဖူးဘဲနှင့် မတွေ့ဘူးလျှင် ကျင့်ဖူး၍ တွေ့သောအတွေ့ကို တိတိကျကျ ခိုင်ခိုင်လုံလုံ ကိုယ်တိုင်တွေ့အဖြစ် မပြောနိုင်။ တရား၌ ကိုယ်တိုင်တွေ့ ကိုယ်တိုင်သိသည် လွန်စွာအရေးကြီးသည်။ တရားတော်၏ဂုဏ်၌ ကိုယ်တိုင်တွေ့၊ ကိုယ်တိုင်သိ၊ ကိုယ်တိုင်မြင်၊ ကိုယ်တိုင်ခံစား၊ ကိုယ်တိုင်မျက်မှောက်ပြု ဟူသော စကားများရှိသည်။
အတွေ့အကြုံသည် လွန်စွာ အဖိုးတန်သည်၊ အများသူငါလည်း သိကြပါသည်။ စိတ်ကူးယဉ် ပြောနေချက်များသည် တစ်ခါတစ်ခါ အကြောင်းအချက်နှင့် မကိုက်ညီချေ။ ထိုအခါ လေထဲ၌ ပျောက်လွင့်သွား ရသည်။ အချက်အလက်နှင့် ကိုက်ညီသော သဘောရှိမှသာလျှင် အသိပညာကို လေးစားကြသည်။
အတွေ့အကြုံသမားသည် အထူးသဖြင့် တရားရှာသောနေရာ၌ လွန်စွာအဖိုးတန်သည်။ တရားရှာသော နေရာ၌ ကိုယ်တိုင်ကျင့်သဖြင့် ကိုယ်တိုင်သိသောအသိကို ပြောရသည်မှာ လွန်စွာအားရှိသည်၊ ခိုင်မာသည်၊ ရဲရင့်သည်၊ တည်ငြိမ်သည်၊ ပြတ်သားသည်၊ ဟုတ်မှန်သဖြင့် ယုံကြည်ချက် အပြည့်ရှိသည်။ ထို့ကြောင့် တရား၌ ကိုယ်တိုင်ကျင့်ရန် အရေးကြီးကြောင်း မကြာခဏ ဖော်ပြောခဲ့ဖူးသည်။
ကိုယ်တိုင်ကျင့်လျှင် ကျင့်ဖူးသည်နှင့် တပြိုင်နက်တည်း မကျင့်ဖူးရသေးပါဟူသော အခြေအနေမှ ကျော်လွန် လွန်မြောက်၍ နက်ရှိုင်းကာ တိုးတက်မှုနှင့် အောင်မြင်ခြင်းအတွက် ဖြစ်လာသည်။ တရားသည် ကိုယ်တိုင် ကိုယ်ကျ နှလုံးသွင်းကျင့်ကြံရန် လိုသောကြောင့်သာ ပစ္စတံ ဝေဒိတဗ္ဗော ဝိညူဟီ ဆိုသောစကား ရှိရသည်။ ပစ္စတံ ဝေဒိတဗ္ဗော ဝိညူဟီ ၏ အဓိပ္ပါယ်များမှာ ကိုယ်တိုင်ကျင့်သဖြင့် ကိုယ်တိုင်တွေ့ရသော သူတော်ကောင်းအကျင့်ရှိသူ ဗုဒ္ဓဘာသာတို့သည် ကိုယ်တိုင်ခံစား၍ ကိုယ်တိုင်နားလည် သဘောပေါက်သွား သည် ဟူသော သဘောများပါသည်။
ထို့ကြောင့် ကိုယ်တိုင် အသီးသီးကျင့်မှ ကိုယ်တိုင် အသီးသီး တွေ့ကြုံကာ၊ ထိုအတွေ့အကြုံမှ ကိုယ်တိုင် အသီးသီး ခိုင်မာ၊ ရဲရင့်၊ တည်ငြိမ်လာတတ်သည်။ အများပြောနှင့် ပြောနေ၍လည်း မရသလို အချို့နေရာများ၌ အာလူးဖုတ်၍လည်း မရချေ။ အာလူးဖုတ်ခြင်းသည် သစ္စာတရားရှာဖွေခြင်းနှင့် ပတ်သက်၍ အကျိုးမရှိချေ။
ကိုယ်ထင်ရာစိုင်း စစ်ကိုင်းရောက်ရောက် လျှောက်ပြောနေခြင်းသည် အာလူးမျှသာ ဖြစ်ပေလိမ့်မည်။ အမှန် ကိုယ်တိုင် ဘယ်လိုကျင့်သည်၊ ဘယ်လိုတွေ့သည်၊ ဘာဖြစ်သည်၊ ဘာ့ကြောင့်ကျင့်သည်၊ ကျင့်သောအခါ ဘာဖြစ်သည်၊ ကျင့်ခြင်းကို မြတ်စွာဘုရား၏ သာသနာ့အရိပ်၌ မည်ကဲ့သို့ အဆိုအဆုံးအမ ခံသည် စသည်ဖြင့် ခိုင်မာ၊ ရဲရင့် ပွဲလယ်တင့်နိုင်မှသာလျှင် သာသနာ့အရာ၊ ပဋိပတ္တိအရာ၊ သစ္စာအရာ၌ ထင်ရှားနိုင်သည်၊ ခိုင်လုံနိုင်သည်၊ စစ်မှန်နိုင်သည်၊ ယုံကြည်အပ်သည်။
စာရေးသူတို့သည် ဆရာကောင်းသမားကောင်း၏ အဆုံးအမ၌ တည်၍ လက်တွေ့ကျင့်ခဲ့ရသည်။ လက်တွေ့ ကျင့်သောကြောင့်လည်း လက်တွေ့ကျင့်သဖြင့် ရရှိအပ်သော အဖြေများကို ကိုယ်တိုင်ကိုယ်ကျ ခံစားရလျှက် တစ်ပါးသူငါများအား ဖြန့်ဝေပေးလိုသော စေတနာ အပြည့်အ၀ရှိသည်။ ဤသို့ စေတနာရှိခြင်းမှာ ဘာတစ်စုံတစ်ခုမျှ လာဒ်မျှော်ခြင်း မရှိမူ၍ ၀ါသနာပါသော၊ စရိုက်ပါသော၊ ပါရမီပါသော၊ ကျင့်ချင်သော၊ စိတ်ဝင်စားသော ပုဂ္ဂိုလ်များ ကျင့်နိုင်စိမ့်သောငှာ နည်းပေးလမ်းပြနှင့် လက်တွဲခေါ်၍ ပြောပြမည်သာ ဖြစ်သည်။ နိဗ္ဗာန်သောင်ကမ်း တစ်ဖက်စခန်းအထိ တက်လှမ်းနိုင်အောင် ပြောပြရမည်သာဖြစ်သည်။
အမှန်မှာတော့မူ နိဗ္ဗာန်ဆိုသည်မှာ ဓာတ်ကြီးတစ်ခုဖြစ်သည်။ အနုတ္တရဓာတ် ဟုလည်း ခေါ်နိုင်သည်၊ အသင်္ခတဓာတ် ဟုလည်း ခေါ်နိုင်သည်၊ ဓာတ်ပင် ဖြစ်သည်။ သို့သော် ထူးဆန်းသည်မှာ နိဗ္ဗာန်ကို မှန်ပြောင်းနှင့် ကြည့်၍မရခြေ။ နိဗ္ဗာန်ကို သွားလိုလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့် သွားရသည်။ နိဗ္ဗာန်သည် ကြည့်ရုံမဟုတ်ချေ။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် စံဝင်ရသည်၊ ၀င်စားရသည်၊ မျက်မှောက်ပြုရသည်၊ ထိုးထွင်း ဆင်ခြင်ရသည် ထိုသို့ သဘောရှိသည်။
ထို့ကြောင့် နိဗ္ဗာနံ အရဟတ္တော ဂတိ ဟူ၍ အဆိုရှိသည်။ ရဟန္တာတို့သည် နိဗ္ဗာန်သို့ လားသည်၊ သွားသည်၊ သက်ရောက်သည်၊ စံမြန်းသည်၊ မျက်မှောက်ပြုသည်၊ ၀င်စားသည်၊ ထိုးထွင်းသည် ဟူသော သဘောရှိသည်။ ထို့ကြောင့် ယောဂီများသည် ယခုအခါ ကိုယ့်ခန္ဓာ ဉာဏ်ယှဉ်၍ ကြည့်နေသည်မှာ လွန်စွာ အဖိုးတန်ကြောင်း ထပ်လောင်း၍ အားပေးလိုပါသည်။
အိပ်ရာဝင်တစ်ချိန် ငါးမိနစ်ရရ၊ အိပ်ရာထတစ်ချိန် ငါးမိနစ်ရရ မိမိခန္ဓာအား မမြဲဘူးဟု စိုက်၍ ရှုသတ်နိုင်လျှင် လက်ခမောင်းခတ်နိုင်သော အဆင့်ပင် ရောက်နိုင်ကြောင်း သတင်းကောင်း ပေးအပ်ပါသည်။
ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

၈၈ တို့ ရဲ့ ရေဘေးအလှုနဲ့  ပြည်သူတို့ အခြေအနေအဖြစ်မှန်





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ခံလိုက်ပေါ့ ယုံတာကိုး

 မပူနဲ့ လေ မကြာမှီမှာ ကျေးဇူးရှင်ဖြစ်ချင်တဲ့ သမတကြီး (ကြံဖွတ်ပါတီကပေါ့ဗျာ) က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိမ့်မယ်။ သနားတယ် -


ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

သင်္ကံန်းဝတ် နှာဘူး နဲ့ သာသနာဖျက် မိန်းမတအုပ်

 ရဟန်းဒကာမနဲ့Kissingရိုက်..ပေါင်ကိုပွတ်..ချဲဂဏာန်းပေး
ဒါလား ရဟန်း
မန္တလေးတိုင်း ၊ ရမည်းသင်းမြို့နယ် ရှိ သက်ကြားအို ရဟန်းတစ်ပါးသည် သာသနာ ကို အရေခြုံပြီး ၄င်း၏ တဏှာကြောမီး အတွက် ချဲထီ ဂဏာန်း ဝါသနာပါသော ခပ်တုံးတုံး ခပ်နုံနုံ အရှက်ကင်းမဲ့သော မိန်းမတို့နှင့် သမီးရီးစားသဖွယ် ခါးဖက် ၊နို့ကိုင် ၊ နှုတ်ခမ်းချင်း တေ့စုပ် နမ်းကာ ပေါင်ပွတ်နေပြီး ချဲဂဏာန်းများ ပေးနေလျှက်ရှိပါသည် ။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

ညဥ့်နက် သန်းခေါင်လည်း မိန်းမများနှင့်စည်းကားနေပြီး အချို့ မာတုဂါမများဆိုလျှင် မနက်မိုးလင်းမှ ဆံပင်ဖို့းရိုး ဖားယားနှင့် ပြန်သွားကြ ကြောင်းလည်း သိရပါသည် ။

ထို့သို့သော သာသနာ အဖျက်သမား ရဟန်းအိုကြီးကို မဟာသံဃာ နာယကအဖွဲ့မှ ဦးဆောင် ဆရာတော်ကြီးများ နှင့် သာသနာရေး ဝန်ကြီးဌာန တို့ ပူးပေါင်းပြီး သင်္ဃန်းချွတ်ကာ ရဟန်းဘောင်မှ သော်လည်းကောင်း လူ့ဘောင်အတွင်းမှာပါ မထားအပ်သောကြောင့်  ဖယ်ရှားပေးနိုင်ပါရန် တင်ပြလိုက်ပါရပါသည် ။

Myanmar News Now




 သစ်ထူးလွင်မှ




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

လောင်းလုံ ရေနံချက်စက်ရုံ စီမံကိန်းအနီးမှ ဒေသခံများအား တရုတ်ပြည် လေ့လာရေးခရီးစဉ် ခေါ်ဆိုမှုအား ဒေသခံများမှ သဘောထားဖော်ထုတ် ကန့်ကွက်...

Thursday, August 30, 2012  ဒီမိုဝေယံ

လောင်းလုံ ရေနံချက်စက်ရုံ စီမံကိန်းအနီးမှ ဒေသခံများအား တရုတ်ပြည် လေ့လာရေးခရီးစဉ် ခေါ်ဆိုမှုအား ဒေသခံများမှ ကန့်ကွက်ကြောင်း သဘောထားဖော်ထုတ်...

တနသာင်္ရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ညင်းမော်ရွာတွင် တရုတ်နိုင်ငံမှ တည်ဆောက်မည့် လောင်လုံ ရေနံချက်စက်ရုံစီမံကိန်းမှ တရုတ်ပြည် လေ့လာရေးခရီးစဉ်အား သဘောမတူ ကန့်ကွက်သည့် အစည်းအဝေးတစ်ခုကို 27.8.2012(တနင်္လာနေ့) နံနက် ၉း၀၀နာရီခန့်က လောင်းလုံမြို့နယ်၊ ညင်းမော်ကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအ၀င် ဒေသခံရပ်မိရပ်ဖများ၊ လူငယ်လူရွယ်များ အပါအ၀င် ဒေသခံ(၂၀၀)ခန့် တက်ရောက်ကြသည်။

အစည်းအဝေးအစတွင် ဆရာတော်အရှင်ဦးညာဏိဒမှ အဖွင့်အမှာ စကား ပြောကြားရာတွင် တရုတ်နိုင်ငံမှ လာရောက်လုပ်ကိုင်မည့် ရေနံချက်စက်ရုံ အတွက် ဒေသခံများအား လာရောက်ခေါ်ယူသည့် တရုတ်နိုင်ငံ လေ့လာရေး ခရီးစဉ်အား မလိုက်သင့်သဖြင့် မလိုက်ကြစေလိုကြောင်း လိုက်သွားသူ များအားလည်း တစ်ရွာလုံး၊ တစ်ဒေသလုံးက ညီညီညွတ်ညွတ်နှင့် ကန့်ကွက်ကြရမည်ဖြစ်ကြောင်း မိန့်ကြားသွားခဲ့ပြီး၊ ဒေသခံများထဲမှ ကိုဝေလင်း၊ ကိုအာကာ၊ ဦးတင်စိုး၊ ဦးဟန်သိန်း၊ အုပ်ချုပ်ရေးမှူးတို့မှ အပြန်အလှန် ဆွေးနွေးသွားကြရာတွင်““ဒီခရီးစဉ်ကိုလိုက်လည်း မလိုက်ဘူး၊ ရေနံချက်စက်ရုံ တည်ဆောက်မှာကိုလည်း၊ လုံးဝ(လုံဒ၀) လက်မခံနိုင်ကြောင်းကို ဆွေးနွေးသွားကြသည်။

အဆိုပါ တရုတ်နိုင်ငံမှ တည်ဆောက်မည့် ရေနံချက်စက်ရုံနှင့် ရေနံသန့်စင်စက်ရုံအတွက် အနီးအနားရှိ ဥယျဉ်၊ ခြံမြေများအား သိမ်းယူရန် မြေတိုင်းထွာမှုများ ပြုလုပ်နေကြောင်း သိရှိရသည်...။

ထားဝယ်သား ပေးပို့သည်..

တနှစ်လျှင် ရေနံစိမ်း တန်ချိန် ၅ သန်း ချက်လုပ်နိုင်မည့် ထိုစက်ရုံသည် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်ခြင်း မရှိသော်လည်း စက်မှုဇုန်နှင့် ဆက်စပ်မှု ရှိပြီး စီမံကိန်းတွင် တရုတ် ၇၀ ရာနှုန်း၊ ဦးပိုင် ၂၀ ရာနှုန်းနှင့် ထူးကုမ္ပဏီမှ ၁၀ ရာနှုန်း ပါဝင်သည်ဟု မဇ္ဈိမသတင်းစာမျက်နှာတွင် ဖော်ပြပါရှိသည်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ထိုးစစ်ဆင် ရှေ့တန်းတပ်များကို သမ္မတ အရေးယူရန် ကချင်များ တောင်းဆို

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၂၉ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၀၆ မိနစ်

ချင်းမိုင်(မဇ္စျိမ)။   ။ သမ္မတ၏ ညွှန်ကြားချက်အား မလိုက်နာဘဲ ကချင်ပြည်နယ်တွင် ထိုးစစ်များ ဆင်နွှဲလျက်ရှိသည့် အစိုးရ ရှေ့တန်းတပ်များကို “ထိရောက်စွာ အရေးယူပေးရန်” ကချင်အဖွဲ့အစည်းများက တောင်းဆိုလိုက်ကြသည်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်သည့် ကချင် အဖွဲ့အစည်း ၁၁ ဖွဲ့၏ ကြေညာချက်တွင် “KIO/KIA တပ်စခန်းများကို ဦးတည်ပြီး ရှေ့တန်းစစ်မျက်နှာတွင် တပ်ရင်းပေါင်း ၈၀ ကျော်တို့၏ မတရား ထိုးစစ်ဆင် တိုက်ခိုက်မှုကြီးများကို ချက်ချင်းရပ်တန့်ပေးရန်” တောင်းဆိုလိုက်သည်။

ထိုးစစ်များ မဆင်နွှဲရန် ၂၀၁၁ ခုနှစ်၊ ဒီဇင်္ဘာလ ၁၀ ရက်နေ့က သမ္မတ ဦးသိန်းစိန်က ညွှန်ကြားထားသော်လည်း ထိုးစစ်များ ပြင်းထန်လာနေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ကချင် ကျောင်းသား လူငယ်များသမဂ္ဂ (AKSYU) အထွေထွေ အတွင်းရေးမှူး ကိုနော်ဆန့် က ပြောသည်။

“ထိုးစစ်ကတော့ ပိုပိုပြီး ဆင်လာတဲ့ အနေအထားရှိတယ်။ အဲဒါကို သမ္မတအနေနဲ့ ဆောင်ရွက်ပေးဖို့ လိုတယ်။ ညွန်ကြားချက် မလိုက်နာရင် ဘယ်လို လုပ်မလဲ။ ဘယ်လို အရေးယူဆောင်ရွက်သွားမလဲ၊ ဘယ်အတိုင်းအတာ၊ ဘယ်အချိန်ကာလထိ ဒါကို ခွင့်ပြုဦးမှာလဲဆိုတာ စနစ်တကျနဲ့ သေသေချာချာ ထိထိရောက်ရောက် အရေးယူဖို့ လိုလာတာပေါ့” ဟု မဇ္ဈိမကို ပြောသည်။

ကချင် အမျိုးသားအစည်းအရုံး (KNO)၊ ကချင် အမျိုးသမီးအစည်းအရုံး (KWAT)၊ ကချင် သတင်းဌာန (KNG)၊ ကချင် လူမှုဖွံ့ဖြိုးရေးကွန်ယက် KDNG၊ ကချင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ KEO တို့ အပါအဝင် ကချင် ၁၁ ဖွဲ့တို့ ပူးပေါင်း၍ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ပြည်တွင်းစစ်၏ အရင်းခံပြဿနာများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား “စစ်မှန်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းဖြင့်” အဖြေရှာရန်လည်း တိုက်တွန်းထားသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်းရေးကော်မရှင်ဖွဲ့၍ စစ်ဆေးဖော်ထုတ်ရန်လည်း ကုလသမဂ္ဂနှင့်နိုင်ငံတကာအသိုင်းအဝိုင်းသို့ တောင်းဆိုထားသည်။

စစ်ပြေးဒုက္ခသည် ၉၀,၀၀၀ ကျော်အတွက် ကုလမှ အကူအညီများပေးနိုင်ရေး အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ကာ ကချင်အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန်လည်း တောင်းဆိုကြသည်။

“ကုလသမဂ္ဂ အနေနဲ့တော့ လက်ရှိ အခြေအနေထိ ကချင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တော်တော် အားနည်းနေတယ်။ မရှိသလောက်ပဲ။ ဒုက္ခသည်တွေရဲ့ လိုအပ်တဲ့ ကူညီထောက်ပံ့မှုဆိုင်ရာ ဥပမာ တရုတ် အစိုးရနဲ့ ဆက်စပ်ပြီး ဆောင်ရွက်တာမျိုးတွေလည်း လုံးဝမရှိသလောက် တွေ့နေရတဲ့ အနေအထား ဖြစ်နေတယ်” ဟု ထုတ်ပြန်ကြေညာချက်အတွက် ပြောရေးဆိုခွင့်ရှိသူ ကိုနော်ဆန့် က ပြောသည်။

တရုတ်နယ်စပ်ရှိ ယာယီဒုက္ခသည်စခန်းတွင် နေထိုင်နေသော စစ်ပြေးဒုက္ခသည်များအား အတင်းအဓမ္မမောင်းထုတ်နေခြင်းမှ ရပ်တန့်ပြီး အကူအညီများ ပေးရန် တရုတ်အာဏာပိုင်များအား ကချင်အဖွဲ့များက တောင်းဆိုထားသည်။



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

KIA နဲ့ အစိုးရစစ်တပ် တိုက်ပွဲပြင်းထန်


ယူနန်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းမှ ကချင်စစ်ပြေးဒုက္ခသည်များ။

မနန္ဒာချမ်း
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းမှာ KIA ကချင်လွတ်မြောက်ရေးတပ်မတော် နဲ့ မြန်မာအစိုးရ တပ်တွေ အကြား တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတာမှာ မနေ့ညကတော့ တိုက်ပွဲအခြေ အနေ တော်တော်လေး ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ဖားကန့်မြို့နယ်တွင်း ရွာတွေမှာပါ ကျရောက်တဲ့အတွက် ဒုက္ခသည်တွေ ထပ်မံ ထွက်ပြေးတာတွေ ရှိနေပါတယ်။ ဒီလို အခြေအနေမှာ စစ်ရပ်စဲရေးကို အမြန်ဆုံး လုပ်ဆောင် ဖို့ ပြည်ပအခြေစိုက် ကချင်တိုင်းရင်းသားအဖွဲ့အစည်းတွေကနေ သမ္မတဦးသိန်းစိန် အစိုးရကို တောင်း ဆိုလိုက်ပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာအစိုးရတပ်တွေက KIA တပ်ဖွဲ့တွေကို အခုရက်ပိုင်းအတွင်း ဆက်တိုက် ထိုးစစ်တွေ ဆင်နွှဲနေ တာမှာ အင်္ဂါနေ့ညက ဖားကန့်မြို့နယ်တွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲက အတော်လေး ပြင်းထန်တယ်လို့ ဒေသ ခံတွေက ပြောပြပါတယ်။ အစိုးရဘက်က လက်နက်ကြီးအပါအ၀င် လေကြောင်းအကူတွေပါ ရှိခဲ့ပြီး - အဲ့ဒီအနီးတ၀ိုက်မှာရှိတဲ့ ဒေသခံတွေ ညကတည်းက ထွက်ပြေးကုန်ကြတယ်လို့ ကချင်တိုင်းရင်း သူ ဒေါ်ဘောက်ဂျာ က ပြောပြပါတယ်။

“ဖားကန့်မှာကတော့ နေ့တိုင်းပဲ။ ဒီမနက်လည်း အစောကြီးကတည်းက တိုက်ပွဲတွေ ဖြစ်နေလို့ ဒီမနက် လုံး ည သန်းခေါင် ကနေ ရွာသားတွေက ထွက်ပြေးနေကြတာ။ တဒုံးဒုံး တဒိုင်းဒိုင်း ဖြစ်နေတယ်။ အခု ဖားကန့်ဘက်မှာကျတော့ တောက် လျှောက်လိုဖြစ်နေတာ။ ည ၁ နာရီ ၂ နာရီကနေ ဖြစ်နေတာ မနက် ၉ နာရီ ၁၀ နာရီလောက်အထိ မပြီးသေးဘူး။ လေယာဉ်တွေနဲ့ပါ စစ်တပ်ဘက်က လာကူပေး တယ်။ လာကူတယ်ဆိုတာက လက်နက်တွေ လာချပေးတယ်။ လက်နက်တွေ ကျည်ဆံတွေ လာချပေး တယ်။ ပြီးလို့ရှိရင် အပြန်ကျတော့လည်း ဒီဒဏ်ရာရတဲ့သူတွေကိုလည်း လေယာဉ်နဲ့ပဲ သယ်သွား တာပေါ့။ လိုင်ဇာဘက်မှာလည်း နေ့တိုင်း တိုက်ပွဲတွေဖြစ်နေတယ်။”


ဒါ့အပြင် တိုက်ပွဲအတွင်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တချို့ ရွာတွေဘက်ကို ကျရောက်တာတွေ ရှိနေပြီး - မီးခိုးလုံးတွေ တက်လာတာ ကိုလည်း တွေ့မြင်နေရတယ်လို့ ဖားကန့်ဒေသခံ ကချင် တိုင်းရင်းသူတဦးကလည်း ပြောပြပါတယ်။

“မနေ့ညကတော့ အကြီးအကျယ်ဖြစ်တယ်။ ဒါကြောင့် မနက်မလင်းခင် ၂ နာရီလောက်ကတည်း ကပေါ့နော် စစ်ပြေးဒုက္ခသည် တွေ ဖားကန့်မှော်ထဲဘက် ထွက်ပြေးကြတာ အကုန်ပဲ။ အခု ညနေ ပိုင်းမှာလည်း --နားက ကုမ္ပဏီရှိတဲ့ဘက်မှာ မီးခိုးလုံးတွေ ထ နေတာ အခုထိကို မငြိမ်းသေးဘူး။ အဲ့ဒီ မီးခိုးလုံးတွေကတော့ မြင်နေရတာပေါ့။ ကျမတို့ ကြိုးတံတားကနေ ကြည့်နေရတာကိုး။”

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာကတည်းက KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲတွေ စ ဖြစ်ခဲ့တာပါ။ တနှစ်ကျော်ကြာ လာပြီဖြစ်တဲ့ ဒီတိုက်ပွဲတွေအကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည် အရေအတွက်ဆိုရင်လည်း တစ်သိန်း နီးပါး ရှိသွားပြီဖြစ်သလို လက်နက်မဲ့ အရပ်သားတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာလည်း ဆိုးဆိုးရွားရွားကို ဖြစ်ပွားနေတယ်လို့ ဒေသခံတွေရော၊ ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေသူတွေကပါ ပြောဆိုကြပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်မက်ပဋိပက္ခတွေကို အမြန်ဆုံး ရပ်ဆိုင်းပြီး နိုင်ငံရေးအရ တွေ့ ဆုံဆွေးနွေး အဖြေရှာဖို့ကို ပြည်ပအခြေစိုက် ကချင်တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ကနေ သြဂုတ်လ ၂၉ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး သမ္မတဦးသိန်းစိန် အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကချင်ကျောင်းသား လူငယ်သမဂ္ဂ (AKSYU) အထွေထွေအတွင်းရေးမှူး ကိုနော်ဆိုင်းက အခုလို ပြောပါတယ်။

“အဓိကအချက်ကတော့ အခု လက်ရှိ ထိုးစစ်ကို ချက်ခြင်း ရပ်တန့်စေချင်တယ်ပေါ့။ ဘာဖြစ်လို့လဲဆို ဒီ ထိုးစစ်ကြောင့် ဒုက္ခသည်လည်း ပိုပို များလာတယ်လေ။ ဒီ ထိုးစစ်ကို ရပ်ပြီးမှ ဒုက္ခသည်တွေကို အမြန်ဆုံး ကူညီ စောင့်ရှောက်ပေးဖို့ဟာ ကို အဓိကထားပြီး ပြောစေချင်တယ်ပေါ့။ အဓိက-ကတော့ နိုင်ငံရေးအရ တန်းတူ ရည်တူ တွေ့ဆုံဆွေးနွေးမှပဲ တတိုင်းတပြည်လုံး ငြိမ်းချမ်းနိုင် မယ့် အနေအထားဖြစ်တာပေါ့။ အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးရေးပေါ့နော်- တိုင်းရင်းသားတွေနဲ့ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ရင် တိုင်းပြည်တခုလုံး အေးချမ်းသွားမယ်လို့ အဲလိုပဲ ယုံကြည်တယ်။”

ဒါ့အပြင် ကုလသမဂ္ဂအနေနဲ့ ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေကို စုံစမ်းရေးကော်မရှင်ဖွဲ့ စစ်ဆေးဖို့နဲ့ တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ကို ထွက်ပြေးကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို တရုတ်အစိုးရ အနေနဲ့ မောင်းမထုတ်ဘဲ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ကိုလည်း ကချင်တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့က တောင်းဆိုခဲ့ပါတယ်။

KIO နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးပြီး ပျက်ပြယ်ပြီးနောက်ပိုင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ ရပ်စဲရေး နှစ်ဘက် အပြန်အလှန် အကြိမ်ကြိမ်ဆွေးနွေး ခဲ့ကြပေမဲ့ အခုထိ ပြေလည်မှုမရသေးပါဘူး။ ပြီးခဲ့တဲ့ ဂျူလိုင်လကုန်မှာ ထပ်မံ တွေ့ဆုံဖို့ ပြောဆို ထားခဲ့ပေမဲ့ တဖက်နဲ့တဖက် နေရာညှိနှိုင်းလို့ မရဖြစ်နေတာကြောင့် အခုထိ တွေ့ဆုံနိုင်ခြင်း မရှိဖြစ်နေ ချိန်မှာပဲ တိုက်ပွဲတွေ ပိုမိုပြင်းထန် လာနေတာလည်း ဖြစ်ပါတယ်ရှင်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ပြည်တော်ပြန်ဝင်တဲ့သူတွေသတိတာထားပါ၊သိန်းစိန်းအစိုးရကိုမယုံကြည်ကြဖို့လို့တယ်။

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်ထဲ ကို စောကျော်ကျော်မင်း ဒီမနက်ပဲ ၀င်သွားရ

စောကျော်ကျော်မင်းဟာ ကျမ မြန်မာပြည်ပြန်လာပြီး တစ်လ ကျော်လောက်အကွာမှာ သူလည်းပြန်ဝင်လာတာပါ ။
သူကရှေ့နေ  ဥပဒေသမား လည်းဖြစ်တော့ စေ့စပ်သေချာချင်တယ် ထင်ပါရဲ့ အရင်က သူ့ ကို စွဲခဲ့တဲ့ အမှုကို ဆက်ရင်ဆိုင်ခဲ့တယ် ။ သူဟာ ဒီအမှုမှာ ရှေ့နေတစ်ယောက်အနေနဲ့ သူမမှားဘူး အမြဲပြောခဲ့တယ် ။သူမမှား လို့ ရင်ဆိုင်လိုက်တာပေါ့ ။ အမှုချိန်းတွေ ဆက်တိုက်ရှိနေတယ်သိရပေမဲ့  သူလည်း သူ့ ကို ထောင်ချ လိမ့်ဦးမယ်လို့ 
ထင်မထားပါဘူး ။ဒါပေမဲ့ ဒီနေ့  မြောက်ပိုင်းခရိုင်တရားရုံး (အင်းစိန်) မှာ သူ့ ကို ထောင်(၆)လ ချလိုက်ပါတယ် ။
ပြစ်ဒဏ် ချတာနဲ့ လက်ထိပ်ခတ်ပြီး ကားပေါ်တင် သွားတယ် အင်းစိန်ထောင်ဆီကိုပေါ့။
လဲစရာအ၀တ်တောင် ပေးခွင့်မရလိုက်ဘူး ။

ယခင်အမှု ကိစ္စ --- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် က သန်းဇင်မျိုး အပါအ၀င် (၁၁) ဦးရဲ့ အမှု ကို  ရှေ့နေစောကျော်ကျော်မင်း နဲ့ ရှေ့နေ ညီညီထွေး တို့ က လိုက်ပါဆောင်၇ွက်ပါတယ် ။အမှုစစ်စဉ်မှု အမှုသည်တွေက တရားရုံးကို ကျောပေးထိုင်တဲ့ ကိစ္စ နဲ့ ပတ်သတ်ပြီး ရှေ့နေ့ တွေ ကို တရားသူကြီးက အမိန့် ပေးတယ် ။
တရားခံတွေ ကို ရှေ့လှည့်ထိုင်ဖို့ ပေါ့။ ရှေ့ နေစောကျော်ကျော်မင်းတို့ က အမှုသည် ရဲ့ ညွှန်ြ ကားချက် မဟုတ်တဲ့အတွက် မပြောပေးနိုင်ဘူး ဆိုတဲ့ အတွက် စောကျော်ကျော်မင်းတို့ ကို တရားရုံးမထီမဲ့မြင်ပြုမှု ပုဒ်မ ၂၂၄ နဲ့ တရားစွဲပါတယ် ။ တရားစွဲဆဲ အမိန့် မချခင် စောကျော်ကျော်မင်း ပြည်ပ ကို ထွက်ခွါခဲ့ပါတယ် ။
ခု သမတ္တရဲ့ ဖိတ်ခေါ်မှုကြောင့် ပြန်လာတဲ့ အခါ  သူက သူမမှားဘူးယုံကြည်တဲ့ အမှုကို ဆက်ရင်ဆိုင်ခဲ့ပေမဲ့ ယနေ့  မနက်မှာ ထောင်ချလိုက်ခြင်းဖြစ်ပါတယ်။

စောကျော်ကျော်မင်း ဟာ  ပြန်လည်ရောက်ရှိလာပြီး ချက်ချင်း အလုပ်သမားသမဂ`ဂတွေ ကို ဖွဲ့ စည်း နိုင်ဖို့  သူ့ အကုအညီတွေ အများကြီး ရှိခဲ့ပါတယ် ။
အလုပ်သမားသမဂ`ဂ (အခြေခံ အဖွဲ့ အစည်းပေါင်း) ၁၀ခု အထက် သူ ကုညီဖွဲ့ စည်းခဲ့ပါတယ် ။ ဂျနီဗာကို ကိုယ်စားလှယ်အဖြစ်သွားရောက်ခဲ့
ရတဲ့ အောင် ကြွေ့ပားစက်ရုံ အလုပ်သမားအဖွဲ့ ကို သူ မှတ်ပုံတင်
ပေးခဲ့တာပါ ။အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ အင်းစိန် မြို့ နယ် လူငယ်တာဝန်ခံ (၂) ဟောင်း လည်းဖြစ်ပါတယ် ။ ဥပဒေရေးရာတွေ ကို အပတ်တကုတ်ကြိုးစားလုပ်ဆောင်တက်ပြီး သူ့ ဖခင် ဦးမြင့်ကြွယ် ကိုယ်တိုင်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပါတယ် ။

ကျမတို့ နဲ့  သူ့ ဖခင် ဦးမြင့်ကြွယ်က အဖွဲ့ ချုပ်မှာ အတူလက်တွဲ လုပ်ကိုင်ရင်း သူ့ ဖခင် ၁၉၉၅ မှာထောင်ကျခဲ့တဲ့အတွက် စောကျော်ကျော်မင်းတို့ မောင်နှမ နှစ်ယောက် ကို အဖွဲ့ ချုပ်ဆီ ကို ကျမ ခေါ်သွားခဲ့ပါတယ် ။ အဲဒီ့အချိန်ကစပြီးနိုင်ငံရေးကိုလူငယ်တစ်ယောက်အနေနဲ့ ရှေ့နေဖြစ်ပြီး ရှေ့နေ
တစ်ယောက်အနေနဲ့  ရဲရဲရင့်ရင့် ပြောဆိုရပ်တည်ခဲ့တာ ယနေ့  ထက်ထိမို့  ။ မောင်လေးတစ်ယောက်လို ရဲဘော်တစ်ယောက်လို ချစ်ခင်ရတဲ့ စောကျော်ကျော်မင်း အတွက် အင်မတန်မှ ခံပြင်းဒေါသဖြစ်ရပါတယ် ။
ကျမတို့ တိုင်းပြည်ကို ပြန်ခဲ့တာ ပြည်သူအတွက် အလုပ်လုပ်ဖို့ ဖြစ်တာမို့ ရှေ့ဆက် ပြီး အမှန်တရားအတွက် ရဲရဲရပ်သွားပါမယ် ။

အိရွှေစင်ညွန့် 





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ဒုသမ္မတ ဦးဥာဏ်ထွန်း ကိုယ်ရေးအကျဉ်း

by FNG on August 28, 2012
8efa8_NyanTun

ဖခင် ဒုတိယတောအုပ် (သစ်တော)  ဦးစိန်မောင်နှင့် မိခင်မူလတန်းပြဆရာမ   ဒေါ်သိန်းတင်တို့က
၁၉၅၄ ခုနှစ်၊ ဇန်န၀ါ ရီ (၁၂) ရက်တွင် ပဲခူးတိုင်း၊ သာယာဝတီ ခရိုင်၊ ဇီးကုန်းမြို့၊ ဂုံးလမ်း
(သံပုရာကုန် လမ်း)၌ မွေးဖွားသည်။ ဂုံးလမ်းအစိုးရ မူလတန်းကျောင်းနှင့် ဇီးကုန်းမြို့ အစိုးရ
အထက်တန်းကျောင်းတို့တွင် ပညာသင် ယူပြီး ၁၉၇၀ ပြည့်နှစ်တွင် အခြေခံပညာ
အထက်တန်းစာမေးပွဲအောင်မြင်ခဲ့ပါသည်။
၁၉၇၁ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ စစ် တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ် စဉ် (၁၆)သို့
တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့ရ ရှိခဲ့ပါသည်။၁၉၈၃ ခုနှစ်တွင် အထက်တန်းရှေ့ နေ Higher
Grade Pleader (H.G.P) စာမေးပွဲကိုလည်းကောင်း၊ ၁၉၈၄ ခုနှစ် တွင် မှတ်ပုံတင်ရှေ့နေ
Register Lawyer (R.L) စာမေးပွဲကိုလည်းကောင်း၊ဖြေ ဆိုအောင်မြင်ခဲ့ပါသည်။
၁၉၈၇ ခုနှစ်တွင်   အမေရိကန်ပြည်ထောင်စုတက္ကဆပ်ပြည် နယ် Lackland Ariforce
Base & Sd Defence Language Institute တွင် English Language Course
ကိုလည်းကောင်း Rhode Isiand ပြည်နယ် Newport မြို့ရှိ Naval Education and
Training Center (NETC) တွင် International Officer Candidate Couse ကို
လည်းကောင်း  တက်ရောက်အောင်မြင်ခဲ့ပါသည်။
၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်ကာ ကွယ်ရေးတက်္ကသိုလ်သို့ တက်ရောက်ခဲ့ ပြီးမဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ)
M.A (Defence Studies) ရရှိခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင် တပ်မတော် (ရေ)  ပြန်တမ်းဝင်အရာရှိ
ဒုတိယဗိုလ်အဖြစ်ခန့် အပ်ခြင်းခံခဲ့ရပါသည်။ ၁၉၇၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထိ တပ်မတော် (ရေ) စစ်ရေယာဉ်စုများရှိ စစ်ရေယာဉ်အမျိုးအစား  အမျိုးမျိုးတွင် ဒုတိယစစ်ရေယာဉ်မှူး စစ်ရေယာဉ်မှူးအဖြစ်လည်းကောင်း၊ ရေတပ်လေ့ကျင့်ရေးကျောင်းသင်တန်း ဌာနများတွင် သင်တန်းနည်းပြအရာရှိအဖြစ်လည်းကောင်း၊ ကုန်းမြေအခြေစိုက်   တပ် ရေတပ်ရှေ့တန်းစခန်းရေတပ်အခြေ စိုက်စခန်းနှင့်
ရေတပ်စခန်းဌာနချုပ်များ တွင် တပ်မှူး၊ စခန်းမှူး၊ စစ်ဦးစီးအရာရှိ၊  ဒုတိယဌာနချုပ်မှူး၊ ခေတ္တဌာနချုပ်မှူး
အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင် ခဲ့ပါသည်။
၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ   ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရး ဦးစီးချုပ်ရုံး (ရေ) တွင်
စစ်ဦးစီးအရာရှိ ချုပ် (ရေ) တာဝန်များကိုထမ်းဆောင်ခဲ့ ပါသည်။
ကာကွယ်ရေးဦးစီးချုပ် (ရေ)အဖြစ် ၂၀၀၈ ခုနှစ်၊ ဇွန်လတွင် စတင်တာဝန် ထမ်းဆောင်ခဲ့ပါသည်။
ဇနီးဖြစ်သူ ဒေါ်ခင်အေးမြင့်သည် B.A (Philosophy) ဘွဲ့ရရှိခဲ့ပြီး တပ်မတော်   ဆေးဝန်ထမ်းတပ်ဖွဲ့တွင်
ဗိုလ်မှူးအဆင့် အထိ တာဝန်ထမ်းဆောင်ခဲ့ကာအငြိမ်း  စားယူခဲ့ပါသည်။ သားနှစ်ယောက်နှင့်
သမီးတစ်ယောက်ထွန်းကားခဲ့ပါသည်။ သားကြီးဖြစ်သူ ဒေါက်တာဖေသက်ဇော်  (M.B.B.S) နှင့်
သမီးဖြစ်သူဒေါက်တာ   သွယ်နီဉဏ်ထွန်း (M.B.B.S) တို့သည် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသန
ဦးစီးဌာနတွင် သုတေသနအရာရှိများအဖြစ်  တာဝန်ထမ်းဆောင်လျက်ရှိပြီး သားငယ်
မောင်လင်းထက်ဉာဏ်ထွန်းသည်အမျိုးသား  စီမံခန့်ခွဲမှုပညာကောလိပ်
(National Management College) မှ B.B.M ဘွဲ့ရ ရှိခဲ့ပါသည်။
ဆောင်းအေးချမ်း
Hot News Jornal မှ ကူးယူ ဖော်ပြပါသည်။





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

နာမည်ပျက်စာရင်းတချို့ စတင်ဖျက်ပြီတဲ့ -

ကိုဇော်ဝင်းလှိုင်
အရင်စစ်အစိုးရလက်ထက်က အမည်မည်းစာရင်း Black List အဖြစ် သတ်မှတ်ထားသူ ၆,၀၀၀ ကျော် ထဲက ၂,၀၀၀ ကျော်ရဲ့ အမည်စာရင်းကို လက်ရှိအစိုးရက ပယ်ဖျက်လိုက်တဲ့အကြောင်း အင်္ဂါနေ့ မှာ ကြေငြာချက် ထုတ်ပြန်ပါတယ်။ ဒီ အမည်မည်း စာရင်းက ပယ်ဖျက်ခံရသူတွေ အနေနဲ့ မြန်မာနိုင်ငံ ကို ပြန်လာခွင့်ပြုမယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပေမယ့် ဘယ်သူတွေ ပါတယ်ဆိုတဲ့ စာရင်း အတိအကျတော့ မသိရသေးပါဘူး။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်း ထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အမည်မည်းစာရင်းလို့ခေါ်တဲ့ ဒီ Black List ထဲမှာပါတဲ့ လူတွေနဲ့ပတ်သက်လို့ ပြန်လည်စစ်ဆေးပြီး မလိုအပ်တဲ့သူတွေကို ဒီ အမည်မည်းစာရင်းထဲက ထုတ်ပစ်ဖို့ နိုင်ငံတော်သမ္မတရုံးရဲ့ ညွန်ကြားချက်နဲ့ လုပ်ဆောင်ခဲ့တာပါ။

အရင် စစ်အစိုးရလက်ထက်တုန်းက ပြုစုထားခဲ့တဲ့ အဲဒီ အမည်မည်းစာရင်းဟာ လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရက သွားနေတဲ့ ဒီမိုကရေစီ ပြုပြင်ရေး လမ်းကြောင်းတွေနဲ့ ကိုက်ညီခြင်းမရှိတဲ့ အတွက် အဲဒီစာရင်းကို ပြုစုပြီး ပထမအဆင့်အနေနဲ့ လက်ရှိ ရှိနေတဲ့ ၆,၁၆၅ ဦးထဲကနေ ၂,၀၈၂ ဦးရဲ့ အမည်စာရင်းကို ပယ်ဖျက်ပေးလိုက်တာလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

“Black List က အရင် နဝတ၊ နအဖခေတ်မှာ- နောက်ဆုံးနအဖခေတ်အထိပေါ့နော်။ ရှိခဲ့တဲ့ black list တွေ ရှိတယ်။ အားလုံးပြန်ပြီး စိစစ်လိုက်တဲ့အချိန်မှာ ၆,၁၆၅ ယောက်ရှိတယ်။ အဲဒီတုန်းက black list ဆွဲထားတဲ့ အကြောင်းရင်းတွေက ကျနော်တို့ ခေတ်သစ်၊ စံနစ်သစ်ပေါ့နော်-ဒီမိုကရေစီသွားနေတဲ့ အချိန်မှာ constitution အရ black list ဆွဲဖို့ မသင့်တော့တာတွေကို ပြန်လည်စိစစ်ပြီးတော့ black list စာရင်းကနေ ပယ်ပေးလိုက်တာ။”

အဲဒီ စာရင်းထဲမှာတော့ ဖောက်ခွဲရေး၊ နိုင်ငံရေး စတဲ့ အကြောင်းကိစ္စအမျိုးမျိုးကြောင့် စာရင်းသွင်း ခံထားရသူတွေလည်း ပါတယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

“အရင် အကြမ်းဖက် ကိစ္စတွေ လုပ်တာတွေ ရှိတယ်လေ။ အဲဒါတွေရှိတယ်။ အမျိုးမျိုးပေါ့နော်။အဲဒီအမျိုးမျိုးကို ပြန်ပြီးတော့ စိစစ်လိုက်တာပါ။ အရင်တုန်းက ဘာမှ မဟုတ်ဘဲနဲ့ လုပ်ထားတဲ့ဟာတွေ - အဲဒါတွေကို ပြန်ပြီးတော့ ဖယ်ပေးလိုက်တာ။”


ဒီစာရင်းထဲမှာ ပါတဲ့သူတွေဟာ မြန်မာနိုင်ငံသားတွေ၊ မြန်မာနိုင်ငံသားဖြစ်ပြီး ပြည်ပနိုင်ငံတွေမှာ သွားရောက်နေထိုင်နေသူတွေနဲ့ ပြည်ပနိုင်ငံသား ခံယူထားသူတွေဖြစ်တယ်လို့ ပြောပါတယ်။ ဒီ အမည်မည်းစာရင်းမှာ ပါသူတွေရဲ့ အမည်စာရင်းနဲ့ပတ်သက်လို့ နိုင်ငံတော် သမ္မတရုံး အင်တာနက် ၀က်ဘ်ဆိုက်မှာ ထုတ်ပြန်သွားဖို့ ရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒါပေမယ့် နာမည်စာရင်းက များလွန်းနေတဲ့အတွက် ကျန်နေတဲ့သူတွေရဲ့ စာရင်းကိုပဲ ရွေးထုတ်ပြီး ထုတ်ပြန်ရမလား၊ ဒါမှမဟုတ် အမည်စာရင်းမှာပါသူ အားလုံးရဲ့ နံမည်တွေအားလုံးကိုပဲ ထုတ်ပြန် ရမလားဆိုတာနဲ့ ပတ်သက်လို့တော့ ဆုံးဖြတ်ချက် မကျသေးဘူးလို့ ပြောပါတယ်။

ဒီအမည်မည်းစာရင်း ရှိတယ်ဆိုတဲ့ကိစ္စဟာ အစိုးရက တရားဝင် မထုတ်ပြန်ပေမယ့်လည်း မြန်မာနိုင်ငံ သားတွေကြားမှာ သိရှိထားပြီးသားကိစ္စပါ။ အရင် အာဏာရှင်ဟောင်း ဦးနေ၀င်းလက်ထက်ကတည်း က အမည်မည်းစာရင်းဆိုတာ တည်ရှိခဲ့တာ ဖြစ်ပေမယ့် ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်တပ်က အာဏာ သိမ်းပြီး ဗိုလ်ချုပ်ကြီး ခင်ညွန့် ဦးဆောင်တဲ့ တပ်မတော် ထောက်လှမ်းရေး တန်ခိုးအရှိန်အ၀ါ ကြီးထွား ခဲ့တဲ့အချိန်မှာ ဒီ အမည်မည်းစာရင်း Black List ဟာ ပိုပြီး ကျယ်ပြန့် များပြားလာပြီး ဒီ အမည်မည်း စာရင်းကြောင့်ဘ၀ပျက်ခဲ့ကြတဲ့သူတွေ၊မိတကွဲဖတကွဲ ဖြစ်ခဲ့ကြ
သူတွေ၊ ပြည်ပနိုင်ငံတွေရောက်ပြီး မိခင်တိုင်းပြည်ကို ပြန်မရကြတော့တဲ့သူတွေ မရေမတွက်နိုင်အောင် ရှိတယ်လို့ နိုင်ငံရေး အသိုင်းဝိုင်း က ပြောကြပါတယ် ခင်ဗျား။
 VOA News



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ဖားကန့်တွင် KIO နှင့် အစိုးရတပ်များအကြား တိုက်ပွဲပြင်းထန်နေ

ဖနိဒါ | တနင်္လာနေ့၊ သြဂုတ်လ ၂၇ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၀၀ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။      ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်များအကြား တိုက်ပွဲများ ပြင်းထန်လာနေ၍ မြို့ပေါ်သို့ စစ်ပြေး ဒုက္ခသည် အများအပြား ထွက်ပြေးလာနေကြသည်။

ဖားကန့်မြို့နယ် တောင်ပြို-ဗလခကျေးရွာနှင့် ဆိုင်းဂျာတောင်အကြားတွင် မြန်မာ အစိုးရတပ် နမခ လက်အောက်ခံ တပ်မ ၃၃ မှ အင်အား ၃ဝဝ ခန့်ဖြင့် သြဂုတ်လ ၂၄ ရက်နေ့တွင် ထိုးစစ်ဆင်လာသဖြင့် KIA ၏ တပ်ရင်း ၆ မှ တပ်ဖွဲ့ များနှင့် တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့ခြင်းဖြစ်ပြီး တနင်္လာနေ့တွင်မူ ရှစ်နာရီခန့်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့
ကြောင်း KIA ရှေ့တန်းတပ်ဖွဲ့ဝင်တဦးက ပြောသည်။

“ဒီနေ့က မနက် ၉ နာရီကနေ ညနေ ၄ နာရီ ၄ဝ မိနစ်ထိ ပစ်တာ ခုတော့ ငြိမ်သွားပြီ။ အစိုးရတပ်က ၈ဝ လောက်တော့ ဒဏ်ရာရမယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက် ဒဏ်ရာရတာ မရှိသေးဘူး” ဟု မဇ္စျိမကို ပြောသည်။

နှစ်ဘက် အကျအဆုံးနှင့် ထိခိုက်ဒဏ်ရာရမှုတို့နှင့် ပတ်သက်၍ မဇ္ဈိမက သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။

နှစ်ဖက် တိုက်ပွဲများကြောင့် ရွာသူရွာသားများ ဖားကန့်မြို့ပေါ်ရှိ ထွက်ပြေးခိုလှုံလာကြရာ နှစ်ခြင်းအသင်းတော် ဘုရားကျောင်းတွင် ၇၇၅ ဦးရှိပြီး ကက်သလစ်အသင်း ဘုရားကျောင်းတွင် ၈၈ဝ ဦး၊ မှော်ဝမ်းနှစ်ခြင်း ဘုရားကျောင်း တွင် ၆၄၇ ဦး၊ အင်ကလီကန် ဘုရားကျောင်းတွင် ၂၆၆ ဦး၊ မူရင်းနှစ်ခြင်းဘုရားကျောင်းတွင် ၂၃ဝ စသည်ဖြင့် ရှိနေသည်ဟု နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရဆရာတော် ဦးတူးဂျာ က ပြောသည်။

“ကျနော်တို့ဖားကန့်မှာ လုံခြုံရေးအရ တိမ်းရှောင်လာတဲ့ ကျနော်တို့ လက်ခံထားတဲ့ နေရာ ဒုက္ခသည်စခန်းက ၂၃ ရှိတယ်။ ဒုက္ခသည် လူပေါင်းက ၆,ဝဝဝ ကျော်ရှိတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေထိုင်နေတာလည်း ရှိမယ်။ ဖားကန့်မြို့ပေါ် အားလုံးဆိုရင်တော့ ဒုက္ခသည် သုံးသောင်းလောက်တော့ ရှိမှာပေါ့” ဟု မဇ္စျိမကို ပြောသည်။

သြဂုတ်လ ၁၉ ရက်နေ့ကတည်းက နှစ်ဘက်တပ်များ တင်းမာမှုများ ဖြစ်လာ၍  မှော်မောင်ကုန်း၊ တောင်ပြို၊ သူဌေးချောင်း၊ ဆိုင်းဂျာဘွမ်၊ မနားချောင်း၊ ဗလခ၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး၊ ရှရော်ခ၊ ဇွပ်ငိုင်၊ မျောက်ဖြူ၊
မှော်မောင်းလယန် စသည့် ကျေးရွာပေါင်း ၂ဝ ကျော်မှ ရွာသူရွာသားများ အိုးအိမ်များစွန့်ထား၍ မြို့ပေါ်သို့ တိမ်းရှောင်လာကြခြင်း ဖြစ်သည်။

ဗလခ ကျေးရွာတွင် ကျန်နေခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင် ဒေါ်ဂျာရှန်ကလည်း “အခုလောလောဆယ်တော့ ရပ်နေကြတယ်။ (တိုက်ပွဲက) ကျမတို့ ရွာနဲ့ သိပ်မဝေးဘူး။ ဒီကနေတောင် မြင်နေရတယ်။ ခုန ၅ နာရီလောက်ကျော်ထိ
ဖြစ်နေတယ်၊ ရွာမှာက လူတွေ မရှိတော့ဘူး။ တချို့က ပစ္စည်းတွေ ပစ်ပြီး ထားတော့ ကျမတို့ပဲ ကြည့်ပေးနေတယ်” ဟု မဇ္စျိမကို ပြောသည်။

လက်ရှိ စစ်ပြေးဒုက္ခသည်များအတွက် စားသောက်ကုန် ဝယ်ယူရန်အတွက် ရန်ပုံငွေ လိုအပ်နေသည်ဟု ဆိုသည်။

“ကျနော်တို့ အားလုံး ဒုက္ခရောက်နေတဲ့အချိန် စစ်မဖြစ်ချင်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်း နေချင်တယ်။ အားလုံးက ကိုယ့်ကို ကိုယ် ကျောက်တွေလည်း တပိုင်တနိုင် ရေမဆေးရှာ၊ ခုနောက်ပိုင်းမှာ ကုမ္ပဏီတွေရဲ့ ကျဉ်းထဲမှာ တပိုင်တနိုင် သံတိုင် ကိုင်ပြီး ကျောက်တူးလုပ်စားနေကြတာ အားလုံးက ဒုက္ခရောက် သွားတာပေါ့” ဟု ဆရာကြီး ဦးတူးဂျာက ပြောသည်။

KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့အကြား စစ်ရေးကိစ္စနှင့် ပတ်သက်၍
ဆွေးနွေးရန် ရှိသော်လည်း ဆွေးနွေးမည့် နေရာ ညှိနှိုင်းမရသဖြင့် နှစ်လနီးပါးထိ ပြန်လည် တွေ့ဆုံမှုကို ရပ်ဆိုင်းထား သည်။

ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဘက်မှ စာပို့မည်ဟု သြဂုတ်လ ၂၄ ရက်နေ့က အစိုးရ အကျိုးဆောင် ဦးလှမောင်ရွှေက တယ်လီဖုန်းဖြင့် ပြောဆိုခဲ့သော်လည်း ယနေ့ထိ မည်သည့်စာမှ ရောက်လာ
ခြင်း မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးခဗျာခွန်းအောင် က ပြောသည်။

“တနေ့က အပေါ်ယံတော့ ပြောတယ်။ စာဘယ်နေ့ ပို့မယ်ဆိုတာတော့ မသိသေးဘူး။ သောကြာနေ့က တောင်ကြီးက ဦးလှမောင်ရွှေက ဖုန်းနဲ့ ပြောတယ်။ သူတို့ ကမ်းလှမ်းချက် စာပို့မယ်လို့ ပြောတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ပို့မည်ဆိုသော စာတွင် မည်သည့်အကြောင်းကြားစာ ဖြစ်သည်ကိုမူ ပြောဆိုခြင်း မရှိကြောင်း သူက ဆိုသည်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ပြည်ထောင်စုဝန်ကြီး ၉ ဦး ပြောင်းလဲခန့်အပ်

2012-08-27
ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၂ နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ ပြည်ထောင်စု ဝန်ကြီး ၉ ဦးကို ဌာနတွေ ပြောင်းလဲ ခန့်အပ်လိုက်တယ်လို့ နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်က ပြည်ထောင်စု ဝန်ကြီးများ ဌာနပြောင်းလဲ ခန့်အပ်ကြောင်း သတင်း ထုတ်ပြန်ချက်ကို နိုင်ငံတော် သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပုံ။
ဒီပြောင်းလဲ ခန့်အပ်မှုမှာ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ရထားဝန်ကြီး ဦးအောင်မင်း၊ အမျိုးသားစီမံကိန်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးတင်နိုင်သိန်းနဲ့ ဘဏ္ဍာအခွန်ဝန်ကြီး ဦးလှထွန်းတို့ကို သမ္မတရုံး ဝန်ကြီးတွေအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်ပါကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကိုပြောပါတယ်။
လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဦးအောင်ကြည်ကို ပြန်ကြားရေး ဝန်ကြီးအဖြစ် ထပ်မံ တာဝန်ပေးလိုက်ပြီး ယခင်ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဋ္ဌာန ၂ ခုရဲ့ ဝန်ကြီး ဦးကျော်ဆန်းကိုတော့ သမဝါယမ ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်လိုက်ပါတယ်။
မွေးမြုရေးနဲ့ ရေလုပ်ငန်းဝန်ကြီးနဲ့ သမဝါယမဝန်ကြီး ဌာနနှစ်ခုကို ကိုင်တွယ်တာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကိုတော့ မွေးမြုရေးနဲ့ ရေလုပ်ငန်း ဝန်ကြီးဌာန တစ်ခုကိုသာ ကိုင်တွယ်ဖို့ ပြောင်းလဲ တာဝန်ပေးလိုက်ကာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး ဦးအေးမြင့်ကိုတော့ စက်မှုဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်ပါတယ်။
ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးနဲ့ အာကစားဝန်ကြီးဌာန နှစ်ခု တာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကတော့ အားကစားဝန်ကြီးဌာန တစ်ခုတည်းကိုသာ တာဝန်ယူ ကိုင်တွယ်ရတော့မှာ ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ ပြည်ထဲရေး၊ ပြန်ကြားရေး၊ စွမ်းအင်၊ လူဝင်မှုကြီးကြပ်ရေးစတဲ့ ဝန်ကြီးဌာန ၁၅ ခုရဲ့ ဒုတိယဝန်ကြီးတွေကို အသစ်ရွေးချယ် ခန့်အပ်လိုက်ပြီး သမ္မတရဲ့ စီးပွားရေး အကြံပေး တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဆက်အောင်နဲ့ မကြာမီက ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် သမ္မတရဲ့ လူမှု စီးပွား အကြံပေးကောင်စီမှာ ပါဝင်တဲ့ ဒေါက်တာ ဒေါ်ခင်စန်းရီတို့ နှစ်ဦးကိုတော့  အမျိုးသားစီမံကိန်းနဲ့ ဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှာ ဒုတိယ ဝန်ကြီးတွေအဖြစ် တာဝန်ပေးလိုက်ပါတယ်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

အကြိမ်ကြိမ်အခါခါအ လိမ်ခံထားရတဲ့ ဒဏ်ရာဒဏ် ချက်တွေနဲ့ပြည့်နှက်နေတဲ့ ဒီမိုကရေစီ

နိုင်ငံရေးမှာသဘောတူညီချက်တွေဆိုတာ လူထုရဲ့အနာဂတ်
ကံကြမ္မာကိုစာချုပ်ချုပ်လိုက
်တာ ပါပဲ၊ ၂၀၀၈ ဥပဒေဟာ
ကံကြမ္မာဆိုးဖြစ်တယ်၊ ဒီကံကြမ္မာဆိုးအောက်ကလွတ်ဖို
့
လွတ်တော်ထဲဝင်ပြီးလုပ်ကြမယ်
၊အဲဒီလိုပြောတဲ့လွတ်တော်
ကိုယ်စားလှယ်တွေဘယ်လောက်လုပ
်နိုင်မလဲဆိုတာ၊
ဒီနေ့မြင်နေရပါပြီ၊

ကောင်းတာတွေရှိသလိုမကောင်းတ
ာတွေလည်းရှိနေတာပါပဲ၊
လုပ်နိုင်တာကနည်းပြီးမလုပ်န
ိုင်တာကပိုများနေပါတယ်၊
အခြေအနေပေါ်မှာတည်ပြီး အခွင့်အ ရေးရရင်ရသလို
လုပ်နေကြရတာကိုတွေ့နေရဆဲပါ၊

တပ်မတော်နဲ့လွတ်တော်ကြားမှာ
သိသိသာသာကြီးရှိနေတဲ့
ကွာဟချက်တွေကလည်း ရှေ့ကိုသွားမဲ့ကားဘိန်းဖေါက
်ထား
သလို ခရီးမတွင်ပဲရှိနေတာကို ကျနော်တို့အားလုံးမြင်တွေ့
လက်ခံရပါလိမ့်မယ်၊

ပြီးတော့အကြိမ်ကြိမ်အခါခါအ
လိမ်ခံထားရတဲ့ ဒဏ်ရာဒဏ်
ချက်တွေနဲ့ပြည့်နှက်နေတဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြီး ကလည်း နောက်ထပ်ဖြစ်လာတဲ့နိုင်ငံရေ
းဖြစ်ပေါ်တိုး
တက်မှုတွေတခုစီကို၊ သံသယရှိနေကြတာကလည်းအမှန်ပြဲ
ဖစ်ပါတယ်၊
ပါတီပေါင်းစုံရွေးကောက်ပွဲလ
ုပ်ပေးမယ်ဆိုတာကစပြီး၊
၂၀၁၀ ရွေးကောက်ပွဲအထိတောက်လျှောက
်လိမ်လာခဲ့ကြတယ်၊

အခုရောလိမ်ဦးမလား၊ တကယ်လားဆိုတာဘယ်သူမှ

တပ်အပ်မပြောနိုင်သေးလို့၊ ယုံတဲ့လူတွေ ယုံတာတွေပြော၊ သံသယရှိသူတွေသံသယရှိနေဆဲမှာ
သတိနဲ့ကြိုဆိုကြတာ
အကောင်းဆုံးပါပဲ၊ဒီလိုသံသယရ
ှိသူတွေအထဲမှာ ကျနော်တို့ရဲ့ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်းဆန်း
စုကြည်သည်ပင်လျှင် သံသယစကားဆိုလာတာကိုတွေ့ရ
လို့မအံ့ကြမိပါဘူး၊

တပ်မတော်ကအလိုရှိသလောက်ပဲကျ
မတို့လွတ်တော်ကသက်တန်း
ရှိမယ် ဆိုတဲ့စကားလုံးဟာ အာမခံချက်မရှိသေးတဲ့ဒီမိုကေ
ရစီပဲ
ဆိုတာကို သွယ်ဝိုက်ပြောဆိုသွားတာပဲဆု
ိတာနားလည် လိုက်ပါတယ်၊ မျော်လင့်ချက်ကြီးတွေအကြီးကြီးမထားနဲ့ဦးလို့
သတိပေးနေတာနဲ့အတူတူပေါ့၊

တကယ်တန်းမျော်လင့်ချက်ကြီးေ
တွအကြီးကြီးထားကြပြီးမှ
ဘာမှဖြစ်မလာပြန်တော့ဘူးဆိုရ
င်၊ ဟာကွာဒီကောင်တွေ
လိမ်သွားပြန်ပြီဆိုရင် လိမ်သူအပြစ်မဟုတ်တော့၊ အလိမ်ခံရ
သူအပြစ်သာလျှင်ဖြစ်ပါတယ်၊ အလိမ်ခံလိုသူ၊ အလိမ် ခံရဲသူ၊ အမှတ်သည်းခြေမရှိသူစသည်ဖြစ်
ပြောပြီး ရစရာမရှိအောင်
ပြောတာကခံရထားထက် လူထုဘ၀ကို အတုအယောင်ကြား
ထဲမဆွဲသွင်းလို ခြင်းကသာ စစ်မှန်သောအတိုက်အခံတွေရဲ့
နှလုံးသားမှာ ခိုအောင်းနေတာဖြစ်ပါတယ်၊

တစ်ချို့ ကမိအေးနှစ်ခါနာ၊ သုံးခါနာဘ၀ကိုမေ့ကြပြီး၊

ဒေါ်အောင်ဆန်းစုကြည်သံသယစကား
တွေကိုကြားနေရဆဲမှာပင် လက်ရှိနိုင်ငံရေးအပေါ်အကောင်းမြင်လွန်းသော အနေအထားကို
တွေ့နေရပါသေးတယ်၊ စစ်အုပ်စု၏ရှုပ်ထွေးပွေလီသော

ပြန်လည်ပြုပြင်ရေးကို အပေါ်ရံကြော လေးကြည့်ပြီးကျေနပ်
အားရနေကြတယ်၊ အောက်ခြေပြည်သူတွေရဲ့ဘ၀၊ လယ်သိမ်း
ယာသိမ်း ခံနေရတဲ့လယ်သမားတွေ့ရဲ့ဘ၀၊ အနိမ့်ဆုံးလစာနဲ့
ဘ၀ရှင်သန်နေရသော အလုပ်သမားတို့၏ ဘ၀သရုပ်မှန်ကို
မကြည့်ပဲ၊ နိုင်ငံတကာအကြုက်ဟိုဟာနည်းန
ည်းလျှော့
ဒီဟာနည်းနည်းလျှော့ ပေးနေတာကို လိုတာထက်အမှတ်
ပေးနေရင်တော့ လက်ရှိလူထုအလွန်ပင်ကင်းကွာေ
နပါလိမ့်
မယ်လို့ပဲ၊ ဒီနေ့ကျနော်၏မှတ်စုတိုကိုဝေ
မျှပေးလိုက်ပါတယ်၊
 Face Book မှ



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

၈၈ မျိုးဆက်ကျောင်းသား/သူများ၏ တိုးတက်ပြောင်းလဲလာသော နိုင်ငံရေးအမြင်နှင့် အတွေးအခေါ်အယူအဆ


ခေတ်အဆက်ဆက် ပြောင်းမလဲလိုသော အာဏာရှင်လူတစုကြောင့် နိုင်ငံရေး- စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင် မှုတွေဖြစ်ပေါ်လာခဲ့ရပြီး၊ ပြည်သူအများသည် ဆင်းရဲဒုက္ခမျိုးစုံတို့ကို ရင်ဆိုင်ခဲ့ရကာ တိုင်ပြည်သည်လည်း ထို-ထိပ့်တိုက်ရင်ဆိုင်မှုကြောင့် မွဲပြာကျခဲ့ရသည်။
နှစ်ပေါင်းများစွာနိုင်ငံရေးအရ ထိပ့်တိုက်ရင်ဆိုင်မှုကိုကျင့်သုံးလာပြီးသည့်နောက်၊ ခြေကုန်လက်ပန်းကျကာ ကနေ့မြန်မာ့နိုင်ငံရေးသည်
ပြုပြင်ပြောင်းလဲရေးလောကဆီသို့ ချည်းနှင်းဝင်ရောက်လာခဲ့ချေပြီး။  ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ ဟုတ်သည်ဖြစ်စေ မ
ဟုတ်သည်ဖြစ်စေ လက်ရှိ- နိုင်ငံရေးခရီးလမ်းကိုတော့ ကျနော်ဆို့တတွေ ခရီးဆုံးပန်းတိုင်ရောက်ရန် ဆက်လျှောက်လှမ်းရပါလိမ့်မည်။

ကနေ့ ဖြစ်ပေါ်ပြောင်းလဲနေသော မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ပတိအနေထားအရကြည့်လျှင် ပြောင်း
လဲမှုများဖြစ်ပေါ်နေသည်မှာ ငြင်းချက်ထုတ်၍မရ၊ မိမိလိုချင်သည့် ပန်းတိုင်ခရီးဆီရောက်ရှိဖို့အတွက် အရင်စလို ပန်းတိုင်ကိုလျှောက်
လှမ်းမိလျှင် နိုင်ငံရေးအရ မလိုလားအပ်တဲ့ပြဿနာတွေပေါ်လာနိုင်သလို၊ မလိုလားအပ်တဲ့ ပြဿနာတွေကြောင့် မြန်မာ့နိုင်ငံရေး
သည် လာရာလမ်းကိုပြန်လည်လျှောက်လှမ်းသွားနိုင်သည်ကို ပြည်တွင်း/ပ နိုင်ငံရေးအသိုင်းအဝိုင်းနှင့် အပြောင်းလဲကိုလိုလား သည့် နိုင်ငံတကာမိသားစု အသိုင်းအဝိုင်းများက စိုးရိမ်ပူပန်နေကြပါသည်။ ထိုသို့ဆိုလျှင် လက်ရှိ အစိုးရရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအားကောင်းလာအောင် အပြုသဘောဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးလုပ်ဆောင်ပေးသွားရန်လိုပါသည်။

ဒါကြောင့် ယ္ခုဆိုလျှင် ၈၈ ကျောင်းသားမျိုးဆက်ခေါင်းဆောင်များနှင့် ပြည်တွင်းဒီမိုကရေစီအင်အားစုများသည် အစိုးရတစ်ရပ်ပြုတ် ကျရေးကိုရှေးရှူသည့်  ထိပ့်တိုက်ရင်ဆိုင်သည့် နိုင်ငံရေးလမ်းကြောင်းပေါ်ကိုမလျှောက်လှမ်းကြတော့ပဲ၊ အစိုးရနှင့်အတူတူ ပူးပေါင်း
လက်တွဲ၍မိမိတို့လုပ်နိုင်မည့် နိုင်ငံရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်နေကြပြီး၊ တဖက်မှာလည်း ပွင့်လင်းလူ့အဖွဲ့အစည်းကြီးဖြစ်ပေါ်
လာဖို့  လွှတ်တော်ပြင်ပကနေ ၈၈ မျိုးဆက်များက မနားမနေဆောင်ရွက်ကြိုးပမ်းနေသည်ကို လက်တွေ့ကျကျတွေ့မြင်နေရပါ
သည်။ ထိုလုပ်ရပ်တွေအပေါ် ကျနော်တို့တတွေ ဝိုင်းဝန်းထောက်ခံ ကူညီပံ့ပိုးမှုပြုသွားရန်လိုအပ်ပါသည်။

(((( ဒီနေရာမှာ ကျနော်တခုပြောလိုတာက လူဆိုတာ နိုင်ငံရေးအတွေးအခေါ်အယူအဆအမြင်တွေ မတူညီကြပေမယ့်၊  နိုင်ငံ
ရေး- တော်လှန်ရေးလုပ်တယ်ဆိုတာ ကိုယ့်သမိုင်းကြောင်းကောင်းဖို့လုပ်ခြင်းမဟုတ်၊ ရန်ကိုရန်ချင်းတုန့်ပြန်ဖို့မဟုတ်ပါ။ နိုင်ငံရေး-
တော်လှန်ရေးလုပ်တယ်ဆိုတာ  နိုင်ငံနဲ့ လူမျိုးကောင်းစားရေးအတွက် စွန့်လွှတ်အနစ်နာခံပေးဆပ်၍ လုပ်ဆောင်ခြင်းသာဖြစ်သည်။ မိမိလုပ်နေသည့် နိုင်ငံရေး- တော်လှန်ရေးလမ်းကြောင်းဟာ နှစ်ပေါင်းများစွာ ပြည်သူတွေအတွက် အဆိုးတွေနဲ့သာရင်ဆိုင်နေ
ရပြီး ပြည်သူအများ ထိခိုက်နစ်နာနေမည်ဆိုလျှင် မိမိရဲ့ တော်လှန်ရေး- နိုင်ငံရေး လမ်းစဉ်ကို ပြန်လည်သုံးသပ်ပြီး ပြည်သူ
အများ ထိခိုက်မနစ်နာစေရန် နိုင်ငံရေးလမ်းကြောင်း ပြောင်းလဲဖို့တော့လိုပါတယ်။ အကျိုးမရှိသည့် တရားသေမူဝါဒကို ကျားခဲ-
ခဲပြီး မဆုပ်ကိုင် ထားသင့်၊ အဓိကကတော့ နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်ထောင်စုအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား
ပြည်သူများနှင့် နိုင်ငံသူ/ သားများ အေးတူပူအမျှ ဥမကွဲသိုက်မပျက်ပဲ အေးအေးချမ်းချမ်းနဲ့ အတူတကွလက်တွဲနေထိုင်သွားကြ ဖို့ပဲဖြစ်ပါတယ်။ စေ့စပ်ဆွေးနွေးတာကို ဒူးထောက်အညံ့ခံတယ်လို့မယူဆသင့်သလို...လွှတ်တော်ထဲဝင်ရောက်သွားတာကို
လည်း သစ္စာဖောက်သွားတယ်လို့ မယူဆသင့်ပေ။ )))

ဒီနေရာမှာ ကျနော်တို့တတွေ လက်ရှိပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေနိုင်သည့် လုပ်ငန်းကိစ္စရပ်များကိုလည်း သတိကြီးကြီးထားပြီး
ကိုင်တွယ်ဖြေ ရှင်းတတ်ရန် လည်းလိုအပ်ပါသည်။ အခုဆိုလျှင် ၈၈ မျိုးဆက်ကျောင်းသား/သူများသည် ကချင်ပြည်နယ် တွင်ဖြစ်
ပွါးနေသည့် ပြည် တွင်းစစ် ရပ်စဲရေး၊ ရခိုင်ပြည်တွင်ဖြစ်ပွါးနေသည့် ပဋိပက္ခအဆုံးသတ်ရေး၊ အလုပ်သမား- လယ်သမားအရေး စတဲ့ရှုထောင့်ပေါင်း စုံကနေ ထောင်ကလွတ်လာပြီးကတည်းက မအားမနေ မိမိတတ်နိုင် သည့်ဘက်ကနေ ဝိုင်းဝန်းကူညီ ကြိုး
ပမ်းဆောင်ရွက်ဖြေ ရှင်းဆောင်ရွက်နေသည့်အပြင်- ပွင့်လင်းလူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်လာဖို့အတွက် အားသွန်ခွန်စိုက် မနားမနေကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့မြင်ကြားသိနေရတဲ့အတွက် အတိုင်းဆမဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါသည်။

တချိန်တခါ ငယ်ရွယ်စဉ်ခါက အာဏာရှင်စစ်အစိုးရပြုတ်ကျရေးအတွက် အသက်ကိုပဓာနမထားပဲ ထိပ့်တိုက်ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ကြ
သည့် ၈၈ မျိုးဆက်ကျောင်းသား/သူများသည်၊ ယ္ခုအခါ အစိုးရတစ်ရပ်ဖြုတ်ချရေးကိုဦးမတည်တော့ပဲ၊ နိုင်ငံကောင်းကျိုးအတွက် မည်
သူနှင့်မဆို အလုပ်လုပ်ကိုင်လိုသော နိုင်ငံရေးအတွေးအခေါ်အယူအဆများဖြစ်ပေါ်လာခဲ့ရခြင်းသည် ဘဝနှင့်ရင်း၍ ပေးဆပ်ရင်းနှီး လာခဲ့ရသည့် အကျိုးရလဒ်များဖြစ်သည်ဟု ကျနော်ယုံကြည်ပါသည်။ ကျနော်သည်လည်း ထောင်ကျနိုင်ငံရေးသမားတစ်ယောက်ဖြစ် လာခဲ့ဘူးတဲ့အတွက် ထောင်ကျနိုင်ငံရေးသမားတွေဟာ သူတို့လွတ်မြောက်လာတဲ့အခါ သူတို့တတွေရဲ့ နိုင်ငံရေးအတွေးအခေါ် အယူ
အဆအမြင်တွေဟာ ရင့်ကျက်ပြောင်းလဲလာကြပါတယ်။ အရင်ဟိုတချိန်အခါက သခင်ပေါက်စ ထောင် ၆ လ ဆိုရိုးစကားအ
တိုင်း၊ ကနေ့ သခင်များသည် ထောင် ၆ လထက်မကနှစ်ပေါင်းများစွာ ဘဝကိုပေးဆပ်ရင်းနှီး၍ ရရှိလာသည့် ရင့်ကျက်သည့်နိုင်ငံရေး
အတွေးအခေါ်အယူအဆများကို ၈၈ မျိုးဆက်များလက်ဝယ်ပိုင်ဆိုင်ထားနိုင်ကြပြီး၊ ကနေ့တိုင်းပြည်ပြန်လည်ထူထောင်ရေး
အတွက် လက်တွေ့ကျကျအသုံးချနိုင်ခဲ့ခြင်းသည် တိုးတက်ပြောင်းလဲလာသော ၈၈ မျိုးဆက်ကျောင်းသား/သူများ၏ တိုးတက်ပြောင်း
လဲလာသော နိုင်ငံရေးအမြင်နှင့် အတွေးအခေါ်အယူအဆများပင်မဟုတ်လော..။

( ကိုဗလိုင် )
မှတ်ချက်။   ။ ပွင့်လင်းလူ့အဖွဲ့အစည်းတွင် ပါဝင်လှုပ်ရှားနေကြသည့် ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက်များအပေါ်သာ တင်ပြရေးသးခြင်းဖြစ်ပါသည်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။