အမေနဲ့ဝံပုလွေ (ဘာသာပြန်ဝတ္ထုတို)

စစ်ပွဲနဲ့ ထိတွေ့နေတဲ့ နိုင်ငံတစ်နိုင်ငံက ခေတ်ပြိုင်စာပေလက်ရာတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ အာဖဂန်နစ္စတန်က စာရေးဆရာ မိုဟစ် ဇဂမ်း Mohib Zegham  ဟာ နှလုံးအထူးကု ဆရာဝန်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ဝတ္ထုတိုပေါင်းချုပ် ၂ အုပ်၊ ကလေးစာပေ  ၃ အုပ် နဲ့ “အသေခံဗုံးခွဲသမား” နဲ့ “သမ္မတရဲ့အမိန့်” လို့အမည်ရတဲ့ ဝတ္ထုရှည် ၂ အုပ်ကို ထုတ်ဝေခဲ့ပြီး ဖြစ်တယ်။ သူဟာ ဆေးဘက်ဆိုင်ရာ ဆောင်းပါးတွေ၊ ကလေးစာပေတွေနဲ့ စိတ်ပညာဆိုင်ရာ စာတွေကို ပက်ရှတိုဘာသာကို ပြန်ဆိုလျက်ရှိပါတယ်။ မိုစဝါ ကလေးစာပေထုတ်ဝေရေးမှာ ဦးဆောင်ညွှန်ကြားနေပြီး စာပီဒါ ယဉ်ကျေးမှုမဂ္ဂဇင်းရဲ့ အယ်ဒီတာလည်း ဖြစ်ပါတယ်။ မိုဟစ်ရဲ့ “အမေနဲ့ ဝံပုလွေ” ဆိုတဲ့ ဝတ္ထုတိုလေးကို ခံစားကြည့်ဖို့ ရွေးချယ်ထားပါတယ်။

မြန်မာစာဖတ်ပရိသတ်တွေကိုတော့ မိုဟစ်က အခုလို နှုတ်ခွန်းဆက်လိုက်ပါတယ်။
  “ချစ်ခင်လေးစားရပါသော မြန်မာစာဖတ်သူတို့။ ကျွန်တော့်နိုင်ငံ(အာဖဂန်နစ္စတန်) မှာ သတ္တိ ဆိုတာ သူများကို သတ်တာဖြတ်တာ လို့ ထင်နေတဲ့ အမေတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အစဉ်အဆက် ဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ နိုင်ငံရေးကြောင့်သာမဟုတ်ပါဘူး ယဉ်ကျေးမှုကြောင့်လည်း ပါပါတယ်။ ဒါကို စကားထဲမှာ ထည့်ပြီး မဆွေးနွေးကြလို့ပါ။ ကျွန်တော်ကတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ တော်လှန်ရေးထက် ယဉ်ကျေးမှု တော်လှန်ရေးတစ်ရပ် နိုင်ငံမှာ လိုအပ်တယ်လို့ ထင်ပါတယ်။ တစ်ချိန်က အာဖဂန်နစ္စတန် တောင်ပိုင်းဒေသက ကျေးလက်ဆေးခန်း တစ်ခုမှာ ကျွန်တော် အလုပ်လုပ်ခဲ့ပါတယ်။ အမေတစ်ယောက်က ပြီးခဲ့တဲ့ ရက်ပိုင်းကမှ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူ့သားတစ်ယောက်အကြောင်းကို သူ့သားမဟုတ်တဲ့ တခြားတစ်ယောက်အကြောင်းကိုပြောသလို ခံစားချက်မပါဘဲ ပြောပြနေတာကို ကြုံခဲ့ရပါတယ်။ တကယ်လို့ အမေတွေဟာ တိုက်ပွဲမှာကျသွားတဲ့ သားတွေအတွက် ငိုကြွေးကြမယ်ဆိုရင် ဘယ်သားမှ အလွယ်တကူ စစ်ထဲမလိုက်ဘူးလို့ ကျွန်တော်ထင်မိပါတယ်။”

အမေနဲ့ ဝံပုလွေ

ကျွန်တော့် မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ်။ ပထမဆုံး ကြားလိုက်ရတာကတော့ ကျွန်တော်ကိုယ်တိုင်ရဲ့ အူဝဲဆိုတဲ့ ငိုသံ။ ပြီးတော့ အချင်းချင်း ဂုဏ်ပြုနှုတ်ဆက်နေကြတဲ့ ဆူဆူညံညံအသံတွေ။ စူးရှလွန်းတဲ့ အလင်းရောင်တွေကြောင့် ကျွန်တော် မျက်စိပြန်မှိတ်လိုက်ရတယ်။ မိန်းမကြီးတွေရဲ့ အသံတွေ တိုးသွားတယ်။ ရုတ်တရက်ပဲ ပေါက်ကွဲသံတွေ ဆင့်ဆင့်ပြီး ကြားလိုက်ရတော့ ကျွန်တော်လန့်ဖြန့်သွားတယ်။

တခြားကမ္ဘာက လာတဲ့ အိန်ဂျယ်နတ်သားက ကျွန်တော့်ခေါင်းကို သူ့လက်နဲ့ ပွတ်ပေးတယ်။ အဲဒီလက်က နူးညံ့ညင်သာလိုက်တာ ကြင်နာတတ်တဲ့ အမေတစ်ယောက်ရဲ့ စကားလုံးတွေလိုပဲ။  

 “မကြောက်နဲ့။ ဒါ ဂုဏ်ပြုသေနတ်ဖောက်သံတွေပါ။ မင်းအဖိုးရော အဖေရော ဦးလေးတွေပါ မင်းမွေးလာတာကို ပျော်ရွှင်နေကြတယ်” သူက ပြောပြတယ်။

“ပျော်နေတယ်ဆိုရင် သူတို့က ဘာလို့ သေနတ်တွေ ပစ်နေကြတာလဲ” ကျွန်တော်က မေးလိုက်တယ်။

“မင်းက သေနတ်မရှိရင် မဖြစ်တဲ့ နိုင်ငံမှာ မွေးလာတာကိုး။ သေနတ်ဆိုတာ ကြေကွဲစရာတွေ အမြဲသယ်လာတတ်ပေမယ့်လည်း သူတို့က ပျော်ပွဲရွှင်ပွဲတောင်မှ သေနတ်မပါရင် မပြီးဘူး”

ကျွန်တော်အံ့သြသွားတယ်။ “ဘာဖြစ်လို့လဲဗျ”

အိန်ဂျယ်က သက်ပြင်းချတယ်။ “ဒီဒေသမှာ လူတိုင်းဟာ ရန်သူပဲ။ မင်းရဲ့ နိုင်ငံက ရန်ပွဲတွေနဲ့ ပြည့်နေတာ။ သူတို့က တခြားနိုင်ငံတွေနဲ့လည်း ရန်ဖြစ်ကြတယ်။ သူတို့ ဝမ်းကွဲတွေနဲ့လည်း အငြင်းပွားကြတယ်။ ရန်သူ ရှာမရရင် ညီအစ်ကိုအချင်းချင်း ထချကြတယ်။ အခုဆိုရင် မင်းဦးလေးတွေ မင်းမွေးလာလို့ ပျော်ပွဲဆင်နေကြတယ်။ ဒါပေမယ့် နောက် မင်းကြီးပြင်းလာရင် မင်းအမွေကိစ္စနဲ့ ရန်ဖြစ်ကြဦးမှာ”

ကျွန်တော်က အိမ်ဂျယ်ကို မေးခွန်းတွေ အများကြီး မေးချင်သေးတာ။ ဒါပေမယ့် သူကပြောတယ်။ 
“ဘာမှပူမနေနဲ့။ အနားယူတော့။ မင်းကြီးလာရင် ဒါတွေ တဖြည်းဖြည်း သဘောပေါက်လာမှာပါကွာ” 

နောက်တစ်နေ့ကျတော့ ကျွန်တော်တို့အိမ်ကို လူတွေအများကြီး ရောက်လာကြတယ်။ သူတို့တွေဟာ အိုးစည်ဗုံမောင်းနဲ့ ကကြခုန်ကြတယ်။ ဒါပေမယ့် ကျွန်တော့်အိမ်ဂျယ်ကတော့ ပျော်ပုံမရဘူး။ သူက ကျွန်တော့်ကို ဝမ်းနည်းပက်လက် စိုက်ကြည့်နေတယ်။ “ငါသွားတော့မယ်” လို့ သူကပြောတယ်။

“ဘယ်ကို သွားမှာလဲဗျ” ကျွန်တော်က မေးလိုက်တယ်။

“တခြားကမ္ဘာကို ပြန်တော့မယ်ကွာ။ ဒီမှာ သွေးညှီနံ့တွေနံတယ်။ အိမ်နောက်ဖေးမှာ သူတို့တွေ သိုးကို သတ်နေကြပြီ။ မင်းအဖေက စားပွဲကြီး ဒီနေ့ ကျင်းပဖို့ ရွာသားတွေအားလုံးကို ဖိတ်ထားတယ်”

“ခင်ဗျားပြောတော့ ကျွန်တော့်ကို ကာကွယ်စောင့်ရှောက်ဖို့ ကျွန်တော်နဲ့ နေပေးမယ်ဆို” ကျွန်တော်က စောဒကတက်လိုက်တယ်။

“ဟုတ်တယ် ဒါပေမယ့် ငါ သွေးမြေကျတဲ့နေရာမှာ မနေနိုင်ဘူး။ ငါက သွေးတွေကို မုန်းတယ်။ သွေးထွက်သံယိုဆိုရင် မကြည့်နိုင်ဘူး။ ဒါပေမယ့် မင်း.. အင်း မင်းကတော့ သွေးထွက်သံယိုတွေ အများကြီး တွေ့ရဦးမယ်” သူကပြောတယ်။

အိမ်ဂျယ်က ကျွန်တော့်ကို နှုတ်ဆက်နမ်းပြီး ပြတင်းပေါက်ဆီ ထွက်သွားတော့တယ်။

“ကျွန်တော့်ကို ဘယ်သူနဲ့ထားခဲ့မှာလဲ” ကျွန်တော် သူ့ကို အော်မေးလိုက်တယ်။

“မင်းအမေနဲ့ ထားခဲ့မယ်လေ။ အမေတွေ ဆိုတာလည်း အိမ်ဂျယ်တွေပဲ မဟုတ်လား။ ဒါပေမယ့် ဝံပုလွေနဲ့တူတဲ့ အမေတွေ ရှိတတ်တယ် ဆိုတာကိုတော့ သတိရပေါ့ကွာ” သူက ပြန်ပြောတယ်။

အိမ်ဂျယ် ထွက်သွားတယ်။ ရက်အနည်းငယ်ကြာတော့ ကျွန်တော်လည်း သူ့ကိုမေ့သွားတော့တယ်။

နှစ်ကာလတွေ ဖြတ်ကျော်လာတယ်။ ကျွန်တော်လည်း အရွယ်ရောက်လာတယ်။ ပြီးခဲ့တဲ့ ခြောက်လလောက်ကတော့ ကျွန်တော့် အဖေဘက်ကဦးလေးနဲ့ အမွေကိစ္စ အငြင်းအခုံ ဖြစ်ရတယ်။ သူက ကျွန်တော်တို့မြေကို သူတို့ပိုင်တယ်ဆိုပြီး လာတောင်းတယ်။ 

ကျွန်တော်တို့ အငြင်းပွားတဲ့ကိစ္စကို ဖြေရှင်းဖို့ မုတ်ဆိတ်ဖြူဖြူနဲ့ အဘိုးကြီးတွေက သောကြာညနေတိုင်းမှာ အစည်းအဝေး လာလုပ်ပေးရတယ်။ ဖျန်ဖြေသူတွေကို ကျွေးမွေးဖို့ သောကြာညနေတိုင်းမှာ သိုးတစ်ကောင် သတ်ရတယ်။ ပိုက်ဆံလည်း ပေးရတယ်။ သူတို့က ဖြေရှင်းဖို့ နည်းလမ်းအမျိုးမျိုး အကြံပေးကြတယ်။ ဒါပေမယ့် ဦးလေးကတော့ တစ်ခုမှ သဘောမတူနိုင်ဘူး ဖြစ်နေတယ်။ ဒီလိုနဲ့ ကျွန်တော့်အဖေက ပင်လယ်ကွေ့ ကို ခရီးသွားတော့ ကျွန်တော် တစ်ယောက်တည်း ကျန်ခဲ့တယ်။ ဦးလေးမှာကတော့ သား ငါးယောက်ရှိတယ်။
တစ်နေ့တော့ ဦးလေးရဲ့မိန်းမ ကျွန်တော့်အဒေါ်က အမေ့ကို တစ်ခုခု လာပြောတယ်။ 

“ဒီကောင်မက သူ့မှာ သား ငါးယောက်ရှိတာကို သိပ်ဂုဏ်ယူနေလေရဲ့။ ငါကတော့ သားတစ်ယောက်တည်း ရှိတယ်ဆိုပြီး ငါ့ကို သရော်မော်ကား လာလုပ်တယ်” အိမ်အပြန်လမ်းမှာ အမေက မျက်ရည်လည်ရွဲနဲ့ ဆိုလာတယ်။

“အဲဒီတော့ ဘာဖြစ်လဲဗျာ။ သူပြောချင်တာ ပြောပစေပေါ့”  ကျွန်တော်က အမေ့ကိုပြောလိုက်တယ်။

အမေက တဟီးဟီး ငိုတော့တယ်။ “ဘုရားသခင်က ငါ့ကို သားတစ်ယောက်ပဲ ပေးသနားရတဲ့အထဲ အခုတော့ ဒီသားကလည်း သူရဲဘောကြောင်တဲ့ ငကြောက် ဖြစ်နေပါပေါ့လား”
ကျွန်တော်က အမေပြောသမျှကို နားစွင့်နေလိုက်တယ်။

“နင့်အဖေသာ ဒီမှာရှိရင် ဒီကောင်မရဲ့ သားငါးယောက်ကို ချက်ချင်း သွားရှင်းပစ်လိုက်မှာ။ နင်ကတော့ ဒီမှာရှိပါရဲ့။ ဒါပေမယ့် သတ္တိမှ မရှိတာကိုး”

ကျွန်တော် စိတ်တိုသွားတယ်။ “သတ္တိရှိတော့ ဘာလုပ်ရမှာလဲဗျ”

“ဘာလုပ်ရမလဲ ဟဲ့၊ နင့်အမေအတွက်မှ သတ္တိမပြရင် ဘယ်အချိန် နင့်သတ္တိကို သွားပြမှာတုန်း” အမေက ပြန်ပြောတယ်။

“ကောင်းပြီလေ။ ဒါဆို ကျွန်တော်ဘာလုပ်ရမလဲ ပြော” ကျွန်တော် မတ်တပ်ထရပ်လိုက်တယ်။

“နင့်မှာ သတ္တိရှိတယ်ဆိုရင် သေနတ်ယူပြီး ဟိုကောင်မရဲ့သားတွေကို သွားသတ်လိုက်၊ ဒါမှ ငါ့ဒေါသ ပြေမယ်”

အမေက ကျွန်တော့်ကို မျက်ထောင့်နီကြီးတွေနဲ့ စိုက်ကြည့်ပြီး ပြောလာတယ်။

ကျွန်တော်က အမေပြောတဲ့အတိုင်း လုပ်လိုက်တယ်။ ကျည်ဖြည့်ထားတဲ့ ရိုင်ဖယ်ကို လွယ်ပြီး ဟိုငါးကောင်ဆီကို ရောက်သွားတော့ သူတို့က ရေနုတ်မြောင်းကမ်းပါးမှာ ကိုယ်လက်သန့်စင်နေကြချိန်။ ဒီကောင်တွေ အကုန်လုံးကို ပစ်ချလိုက်ပြီးတော့ မြင်းပေါ်ခုန်တက် သုတ်ချေတင် ထွက်ပြေးလာခဲ့တယ်။ 

အဲဒီညသန်းခေါင်မှာ ကျွန်တော့်အမေဘက်က ဦးလေးအိမ်ကို ရောက်သွားတယ်။ နောက်တစ်နေ့ မနက်ကျတော့ ကျွန်တော်က ပါကစ္စတန်မြောက်ပိုင်းက ဝါဇီရစ္စတန် တောင်ကုန်းဒေသကို ရောက်နေပြီ။ နောက်တစ်ရက်နှစ်ရက် ကြာတော့ အမေလည်း ဦးလေးနဲ့အတူ ဝါဇီရစ္စတန်ကို လိုက်လာတယ်။ အမေက ကျွန်တော့်ကို မြင်တယ်ဆို ကျစ်ကျစ်ပါအောင် ဖက်ပြီး ကျွန်တော့်နဖူးကို နမ်းတယ်။ “ဒါမှ ငါ့သား” လို့ ချီးမွမ်းတယ်။ 

နောက်တော့ ကျွန်တော်တို့နိုင်ငံမှာ တော်လှန်ရေးကြီး ဖြစ်လာတော့တယ်။ ကျွန်တော်တို့ဆီက တခြားလူတွေလည်း ဝါဇီရစ္စတန်ကို ပြောင်းလာကြတယ်။ သူတို့က မြင့်မြတ်တဲ့စစ်ပွဲကြီး ကို ဆင်နွှဲကြဖို့ လှုံ့ဆော်လာကြတယ်။

“အမိမြေဆိုတာလည်း အမေလိုပဲ။ သားက အမေ့ရဲ့ ဂုဏ်သိက္ခာကိုတော့ ဆယ်ပြီးပြီ။ ဒါပေမယ့် အခုတော့ နင်ဟာ အမိမြေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ရမယ်” အမေက ကျွန်တော့်ကို ပြောတယ်။

ကျွန်တော် လူတွေအများကြီးကို သတ်တယ်။ တချို့ကို သေနတ်နဲ့ ပစ်သတ်တယ်။ တချို့ကို ဓားနဲ့ခုတ်သတ်တယ်။ တချို့ကိုတော့ ဗုံးခွဲပြီး တစ်စစီဖြစ်အောင် လုပ်ပစ်တယ်။ အကျဉ်းသားတွေရော လက်နက်ချသူတွေကိုပါ အရှင်မထားပဲ သတ်တယ်။

ဒီလိုနဲ့ ကျွန်တော် သေသွားတဲ့အချိန်မှာ မြင့်မြတ်တဲ့စစ်ပွဲကြီး ဆင်နွှဲလာခဲ့တာလည်း ငါးနှစ်တိုင်ပြီပေါ့။ ကျွန်တော့် အသုဘကို လာတဲ့လူတွေထဲမှာ အိမ်ဂျယ်ကို တွေ့တော့ ကျွန်တော်သူ့ကို ပြန်မှတ်မိလိုက်တယ်။ ဒီအိမ်ဂျယ်က အရင်တုန်းက အိမ်ဂျယ်နဲ့ အတူတူပါပဲ။ ဒါပေမယ့် အခုတော့ သူလည်း ပါးရေနားရေတွေ တွန့်ပြီး စိတ်မကောင်း ဖြစ်နေပုံပေါ်တယ်။ ဆံပင်တွေလည်း ဖွေးဖွေးဖြူလို့။ ကျွန်တော်ငယ်ငယ်က တွေ့ခဲ့ဖူးတဲ့ ကြင်နာတဲ့ အရိပ်အယောင်တွေကိုတော့ သူ့မျက်လုံးတွေထဲမှာ မတွေ့ရတော့ဘူး။

“ကောင်းပါ့ဗျား။ ကျွန်တော့် ဘဝတလျှောက်လုံးမှာ တစ်ခုခု ပျောက်ဆုံးနေသလို ခံစားရတာ ဘာမှန်း စဉ်းစားမရခဲ့ဘူး။ အခု ခင်ဗျားကို ပြန်တွေ့တော့မှ ပျောက်နေတာ ခင်ဗျားပဲဆိုတာ သတိရပြီ” ကျွန်တော်က သူ့ကို ပြုံးပြီး ပြောလိုက်တယ်။

အိမ်ဂျယ်က ကျွန်တော့်ကို တိတ်တဆိတ် ကြည့်နေတယ်။ စကားတစ်လုံးမှ မပြောဘူး။ သူ့မျက်လုံးတွေဟာ မျက်မမြင်တစ်ယောက်ရဲ့ မျက်လုံးတွေလို အေးစက်စက်။ 

ကျွန်တော့်ကို အိမ်ဂျယ်က ဟိုဘက်ကမ္ဘာမှာတုံးက ချစ်ချစ်ခင်ခင်ရှိခဲ့သလို အခုလည်း ဂရုတစိုက် ရှိလာမှာလားလို့ ကျွန်တော်က မျှော်လင့်နေမိတယ်။ ဒါပေမယ့် သူက သူ့လက်နဲ့ ကျွန်တော့် ခေါင်းကိုလည်း ပွတ်မပေးဘူး ပြုံးလည်းမပြုံးဘူး။

ကျွန်တော့် အသုဘအတွက် ဝတ်ပြုဆုတောင်းမှုတွေ ပြီးသွားတော့ ကျွန်တော့်ကို ဂူထဲမှာ မြုပ်လိုက်ကြတယ်။ အိမ်ဂျယ်က မီးအိမ်လေးကိုင်ပြီး မြေတွင်းနက်ထဲကို ဝင်လာတယ်။ သူ့ဘေးမှာက မြေသားအတိပြီးတဲ့ ကိုယ်ခန္ဓာနဲ့ အမျိုးသမီးတစ်ယောက်။ အဲဒီ မြေသားအမျိုးသမီးကလည်း အိမ်ဂျယ်လိုပဲ ပါးရေနားရေတွေ တွန့်နေပြီ။ 

“သူက ဘယ်သူလဲ” လို့ ကျွန်တော်က အိမ်ဂျယ်ကို မေးလိုက်တယ်။

“အဲဒါ အမိမြေ ပေါ့” လို့ အိမ်ဂျယ်က ပြန်ဖြေတယ်။

အမိမြေဟာ ကျွန်တော့်ကို ချစ်ခင်ကြင်နာမှုတွေ ပြလာလိမ့်မယ်လို့ ထင်မိလိုက်တယ်။ ကျွန်တော်က သူ့အတွက် လူတွေအများကြီး သတ်ပေးခဲ့တယ်လေ။ နောက်ဆုံး ကျွန်တော်က သူ့အတွက် အသက်တောင် စတေးခဲ့တယ်မဟုတ်လား။ အခုတော့ ကျွန်တော် စွန့်လွှတ်စွန့်စားခဲ့သမျှရဲ့ ရလာဒ် အသီးအပွင့်တွေကို တွေ့ရတော့မယ်လို့ မျှော်လင့်လိုက်တယ်။

ဒါပေမယ့် အမိမြေကို ကြည့်ရတာလည်း အိမ်ဂျယ်လိုပဲ ဝမ်းနည်းပူဆွေးနေပုံပေါ်တယ်။ သူက စကားလည်းမပြော ပြုံးလည်းမပြုံးဘူး။

ကျွန်တော် စိတ်မရှည်တော့ဘူး။ “အမေ.. ဘာလို့ မပျော်တာလဲ။ ကျွန်တော့်ကို ကြည့်ပါဦး။ ကျွန်တော် အမေ့အတွက် သွေးမြေကျပေးခဲ့တယ်လေ။ အမေ့အတွက် ကျွန်တော် လူတွေဘယ်နှစ်ယောက်တောင် သတ်ပေးခဲ့တယ်ဆိုတာ သိရဲ့လား။ ဒါတောင် ဘာဖြစ်လို့ မပျော်နိုင်ရတာလဲ”  ကျွန်တော်က မေးလိုက်တယ်။

အမိမြေရဲ့ မျက်လုံးထဲက မျက်ရည်တွေ စီးကျလာတယ်။ ဒါပေမယ့် သူ့ ပါးရေတွေ တွန့်ခေါက်သွားတော့ မျက်ရည်တွေက ပြန်ပျောက်သွားတယ်။ ဘာနဲ့တူလဲဆိုတော့ မိုးခေါင်နေတာ ကြာပြီဖြစ်တဲ့ သဲမြေပေါ်မှာ မိုးရေစက်တွေ ခဏလေးနဲ့ စိမ့်ဝင် ပျောက်ကွယ်သွားသလိုပဲ။

“အမေ… ဘာကြောင့် ဒီလောက်တောင် ခြောက်သွေ့နေရတာလဲ။ ကျွန်တော် အမေ့အတွက် အများကြီး သွေးချောင်းစီးပေးခဲ့တယ်လေ” ကျွန်တော် ထပ်ပြောလိုက်တယ်။

 အမိမြေက ဖြည်းဖြည်းညင်းညင်း ပြန်ဖြေလိုက်တယ်။

“သား.. ငါက မင်းအမေပါ။ ဝံပုလွေ မဟုတ်ဘူး”

(Mohib Zegham ၏ The Mother and the Wolf ကို Rashid Khattak က အာဖဂန်  ပက်ရှတိုဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားသည်ကို ပန်ဒိုရာ မြန်မာမှုပြုသည်။)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

မြန်မာနိုင်ငံ၌ အမြင့်ဆုံးဖြစ်လာမည့် ၃၄ ထပ်မြင့် အဆောက်အအုံ အင်းလျားကန်အနီး တည်ဆောက်မည်

 မြန်မာနိုင်ငံ၌ အမြင့်ဆုံး ၃၄ထပ် အမြင့်ရှိ လူနေကွန်ဒိုမီနီယမ်တစ်ခုကို မရမ်းကုန်း မြို့နယ်၊ အင်းလျားကန်အနီး၊ ဦးထွန်းငြိမ်းလမ်းပေါ်တွင် Mandalay Golden Wings(MGW) ဆောက်လုပ် ရေးက အမေရိကန်ဒေါ်လာ သန်း ၆၀အကုန်အကျခံကာ ၂၀၁၅ခုနှစ်အပြီး တည်ဆောက်သွားမည် ဖြစ်သည်။ ဒိုင်းမွန်းအင်လျားကွန်ဒိုကို ဧရိယာ နှစ်ဧကကျော်ကျယ်သည့် မြေကွက်လပ်တွင် လာမည့်နိုဝင်ဘာ လဆန်းမှ စတင်တည်ဆောက်မည်ဖြစ်သည်။ ထို အဆောက်အအုံသည် အင်းယားလိတ်ခ် ဟိုတယ်အနီး၊ ပါရမီလမ်းမနှင့်လည်း နီးမည်ဖြစ်သည်။
ဒိုင်းမွန်းအင်းလျားကွန်ဒို တည်ရှိရာ နေရာသည် ယခင် အမှတ်(၁)စက်မှု ၀န်ကြီးဌာနပိုင် မျက်နှာ သုတ်ပ၀ါစက်ရုံ ဟောင်းတည်ရှိခဲ့သည့် နေရာဖြစ်ကာ အစိုးရက လေလံတင်ရောင်းချခဲ့သည့် မြေကွက်လည်းဖြစ်သည်။ အင်းလျားကန်နှင့် ပေ ၁၀၀ ခန့်သာဝေးကွာပြီး ပတ်ဝန်းကျင်တွင် လူနေအိမ်ခြေများနှင့်ဆိုင်ခန်းများ တည်ရှိသည်။ ၃၄ ထပ်မြင့်မည့် အဆိုပါကွန်ဒိုတွင် အခန်းစုစုပေါင်း ၄၀၆ ခန်း ပါဝင်မည် ဖြစ်ကာ ပထမထပ်မှ ဆဋ္ဌမထပ်အထိ ကားစီးရေ ၅၆၀ ဆံ့သော ကားပါကင် အဖြစ် ထည့်သွင်းမည်ဖြစ်သည်။ သတ္တမအထပ်နှင့် ၃၂ ထပ်တွင် ကွန်ဒိုနေထိုင်သူများအတွက် ၀န်ဆောင်မှု ပေးမည့် Service floor facilities ၄၅ ရာခိုင်နှုန်းနှင့် အခန်းဧရိယာ ၅၅ ရာခိုင်နှုန်း ပါဝင်မည် ဖြစ်သည်။ ဖျော် ဖြေရေးအတွက် ရုပ်ရှင်ရုံငယ်လေးများ အပြင် အားကစားအတွက်လည်း အဆင် ပြေစေမည့် နေရာများ ဖန်တီးပေးထား မည်ဖြစ်သည်။ အဋ္ဌမထပ်မှ ၃၄ ထပ်အထိ လူနေ အခန်းများဖြစ်ကာ အများဆုံး အိပ်ခန်း လေးခန်းပါရှိသည့် စတုရန်းပေ ၃,၀၀၀ အကျယ်မှ အကျဉ်းဆုံး အိပ်ခန်းတစ်ခန်း သာပါဝင်သည့် စတုရန်းပေ ၈၅၀ အကျယ် အခန်းစုစုပေါင်း ၄၀၆ ခန်း ပါဝင်မည်ဖြစ်သည်။ အပေါ်ဆုံးထပ်တွင် တစ်လုံးလျှင် စတုရန်းပေ တစ်သောင်းကျော် ကျယ်သည့်ခေါင်မိုးအိမ်လေးလုံး လည်းပါရှိ မည်ဖြစ်သည်။
"တိုင်းရင်းသားပိုင် ဖြစ်ပါတယ်။အခန်းတွေကို ပြည်တွင်းကော နိုင်ငံခြားသားတွေကိုပါ မျှပြီး ရောင်းချမှာ ဖြစ်ပါ တယ်"ဟု အဆိုပါစီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ယင်းအဆောက်အအုံသည် အင်္ဂလိပ်အက္ခရာ အယ်လ်ရှိတ်ဖြစ်ပြီး အဆောက်အအုံသုံးခုတွဲထား သည့် ပုံစံဖြစ်ကာ ဓာတ်လှေကား စုစုပေါင်း ၁၄ စင်း ပါရှိမည် ဖြစ်သည်။ အများသုံးနေရာများ၊ အိုလံပစ်အဆင့်ရှိ ရေကူးကန်၊ အားကစားခန်းမ၊ မီနီမတ်ကက်တို့ ပါရှိမည် ဖြစ်ပြီး လုံခြုံရေးအတွက် စီစီတီဗီကင်မရာများ နေရာ အနှံ့တပ်ဆင်ထားမည်ဟု ဆိုသည်။ "အရေးပေါ် မီးသတ်ဖို့အတွက် ထွက် ပေါက်တွေ၊ အချက်ပေးကိရိယာတွေ၊ မီးသတ်စက်အကြီးစား နဲ့ ဂါလန်သုံးသိန်းကျော်ဆံ့တဲ့ မီးသတ်ရေကန်လည်း ပါရှိပါမယ်"ဟု အဆိုပါစီမံကိန်းမှအင်ဂျင်နီယာ ချုပ် ဦးချစ်ဆွေညွန့်က ပြောသည်။
"အခန်းတိုင်းလိုလိုကို မီးလောင်တာနဲ့ အချက်ပေးမယ့်ကိရိယာတွေပါရှိမယ်။ ဒီအတွက် မီးလောင် ရင် အချိန်မရွေး သုံး နိုင်မယ့် ဓာတ်လှေကားလည်းပါဝင်မယ်"ဟု စီမံကိန်းအင်ဂျင်နီယာဦးချစ်မောင် က လည်း ပြောသည်။ အဆိုပါ ကွန်ဒိုမီနီယမ်စီမံကိန်းတွင် ၃၄ ထပ်အမြင့် ရှိမည်ဖြစ်သောကြောင့် အင်းလျားကန်နှင့် နီးသဖြင့်လည်း မြေစမ်းသပ်မှုများကို လနှင့်ချီဆောင်ရွက်ထားပြီး လေတိုက်နှုန်း တစ်နာရီ မိုင် ၁၂၀ ဒဏ်နှင့် ငလျင်ဒဏ်ကိုလည်း ၈ ဒသမ ၅ ရစ်ခ်ျတာစကေးအထိ ခံနိုင်ရည်ရှိအောင် တည်ဆောက်မည်ဖြစ်သည်။ ဒိုင်းမွန်းအင်းလျားကွန်ဒိုကို ထိုင်းနိုင်ငံ အခြေစိုက် Process Myanmar အဖွဲ့ က ဒီဇိုင်းရေးဆွဲပေးပြီး မြန်မာအင်ဂျင် နီယာများနှင့်အတူ တည်ဆောက်မည် ဖြစ်သည်။
ထို့ပြင် အဆောက်အအုံ အရည်အသွေးနှင့်ပတ်သက်ပြီး ထိုင်း နိုင်ငံရှိ AIT တက္ကသိုလ်မှ ပညာရှင် တစ်ဦး ဦးဆောင်သည့်အဖွဲ့ကလည်း ကူညီမည် ဖြစ်သည်။ လူနေအိမ်ခန်းများကို နိုဝင်ဘာ ၁ ရက် နေ့မှ စတင်အရောင်းဖွင့်မည်ဖြစ်ကာ ဘဏ်ချေးငွေများဖြင့် အရစ်ကျဝယ်ယူ နိုင်ရန်လည်း စီစဉ်မည်ဖြစ်သည်။ ယခုဒိုင်းမွန်းအင်းလျားကွန်ဒိုမီနီယမ်ကို တည်ဆောက်မည့် ဆောက်လုပ်ရေးကုမ္ပဏီသည် မန္တလေးမြို့ရှိ ရတနာပုံဒိုင်းမွန်းပလာဇာကို တည်ဆောက်ခဲ့သည့် ဆောက်လုပ်ရေး ကုမ္ပဏီလည်း ဖြစ် ကာ အစုရှယ်ယာဝင် အများအပြား ဖြင့် တည်ထောင်ထားခြင်းဖြစ်သည်။ လတ်တလော မြန်မာနိုင်ငံ၌ အမြင့်ဆုံးအထပ်မြင့် အဆောက်အအုံမှာ ကုန်သည်ကြီးများ ဟိုတယ် ဖြစ်ပြီး စုစုပေါင်း ၂၂ ထပ် မြင့်မားသည်။
Ref: Myanmar Times




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ရခိုင်ပြည်နယ်မှာ ဒုက္ခသည်အရေအတွက် နှစ်သောင်းကျော်တိုးလာ

ဝင်းဒိုး 8 အကြောင်းသိကောင်းစရာ

Windows 8 ကို metro-style interface ဖြင့် ပုံဖော်ထားပြီး touchscreen, mouse, keyboard, pen input တို့ဖြင့် လွယ်ကူစွာ အသုံးပြု နိုင်မည် ဖြစ်ပါသည်။Windows 8 ဟာ Intel , AMD တို. ရဲ. microprocessors များတွင် သာမက ARM mobile processor architecture များတွင်ပါ အသုံးပြု နိုင်ပါသည်။ Window server 8 ကို Server version အနေနဲ. ဖြင့်လည်း ထွက် ရှိခဲ.ပါတယ်။
Windows 8 ၏ Minimum System Requirement
Microsoft ကနေပြီးတော့ Windows 8 ကိုလည်း Windows 7 အတိုင်း minimum requirement ကို တက်နိုင်သမျှ အနည်းဆုံးဖြင့် ပွဲထုတ်ခဲ.ပါတယ်။ Windows 8 ၏ minimum requirement တွေကတော့အောက်ပါအတိုင်း ဖြစ်ပါတယ်။၎င်းတို့ကတော့-
• 1 GHz or faster 32-bit (x86) or 64-bit (x64) processor
• 1 GB RAM (32-bit) or 2 GB RAM (64-bit)
• 16 GB available hard disk space (32-bit) or 20 GB (64-bit)
• DirectX 9 graphics device with WDDM 1.0 or higher driver
• Taking advantage of touch input requires a screen that supports multi-touch တို့ဖြစ်ကြပါတယ်။
Metro User Interface
Windows 8 က အရင်ကထွက်ဖူးတဲ. Windows operating system များနဲ. မတူဘဲ Metro interface ဖြင့် ပွဲထုတ်ခဲ့ပါတယ်။Windows ကို logon ၀င်လိုက်သည်. နှင်. တစ်ပြိုင်နက် Metro user interface အနေဖြင့် တွေ.မြင် ရမှာဖြစ်ပါတယ်။ Metro interface ဆိုသည်မှာ- လေးထောင့်ပုံစံအတုံး icons ကလေးများ (Tile based interface) ဖြင့်ဖွဲ.စည်း ထားခြင်းကို ဆိုလိုပါသည်။ Metro interface ကို အသုံးပြုရခြင်း၏ အဓိက ရည်ရွယ်ချက်ကတော့ user များအနေဖြင့် Windows 8 ကို အသုံးပြုရာတွင်
ရိုးရိုးရှင်းရှင်းနဲ. လျှင်လျှင်မြန်မြန် အသုံးပြု နိုင်စေရန် ပင်ဖြစ်ပါသည်။
Windows 8 ၏ Task Manager အကြောင်း
Windows 8 ရဲ. Task Manager ကိုတော့ အရင်ထွက်ရှိခဲ.တဲ. windows တွေရဲ. Task manager နဲ.မတူဘဲ လွယ်ကူ ရိုးရှင်းစွာ ဖြင့် design ဆွဲထားပါတယ်။အောက်ဘက်ရှိ ပုံတွင် Windows 8 ရဲ့ Task Manager ကိုဖော်ပြထားပါ သည်။

Windows 8 ၏ Cloud စနစ်အကြောင်း
Windows 8 မှာ Cloud စနစ်ကို build in အနေနဲ့ ပါဝင်ပါတယ်။ထိုကဲ့သို့ပါဝင်မှု့ဟာ Microsoft ရဲ. SkyDrive cloud storage က running Windows 8 run ထားတဲ. tablets, PCs နဲ.phones တွေကို မြန်မြန်ဆန်ဆန် နဲ. သင်.ရဲ. personalization, desktop background settings Data တွေ ကို access လုပ်နိုင်အောင် ထောက်ပံပေးမှာ ဖြစ်ပါတယ်။


Windows 8 ၏ power usage အကြောင်း
Windows 8 မှာဆိုရင် Power အသုံးပြုမှု့ ဟာလည်း တခြား windows အဟောင်းများ ထက်လျော.နည်းပြီး data တွေရဲ့ transfer နှုန်းလဲ ပိုမိုမြန်လာပါတယ်။ Windows TO GO Windows 8 ကို မိမိ ၏ USB device (such as a flash drive) ပေါ်တွင်လည်း တင်ထားနိုင်ပြီး portable window သဖွယ် လည်း အသုံးပြုနိုင်ပါသည်။

Windows 8 may be 128 bit
Windows 8 က 128 bit processor တွေကို ထောက်ပံပေးနိုင်သော ပထမဦးဆုံး operating System တစ်ခုဖြစ်ပါသည်။Window 8 128bit iso တွေ ကို အောက်ဖော်ပြပါ link မှာ download ယူနိုင်ပါတယ်။
http://www.forumswindows8.com/windows-8-download/

Windows 8 ၏ မြန်မာစနစ်အကြောင်း

မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစနစ် တရားဝင် ပါလာမည်ဖြစ်ကြောင်း ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင် အထည်ဖော်ရေး အဖွဲ့(Myanmar NLP Lab) မှ၂၀၁၁ စက်တင်ဘာလ ၂၀ ရက်နေ့ တွင် သတင်း ထုတ်ပြန်ခဲ့သည်။Windows 8 ၌ပါဝင်လာမည့် မြန်မာစာစနစ်မှာ ယူနီကုဒ်စံကို အတိအကျ လိုက်နာထားသည့် မြန်မာဖောင့်ဖြစ်ပြီး ဖောင့်အမည်မှာ Mya-nmar Text Regular ဖြစ်ကြောင်း သိရှိရပါသည်။

Internet Explorer 10
မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာ စနစ်တွင် ပါဝင်သော IE 10 ဟာ အသစ်အသစ်သော programming language များဖြစ်သော HTML5, CSS3 နှင့် more powerful web application တွေကိုအထောက်အပံပေးနိုင်ပါသည်။

Virtualization
မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာ စနစ်တွင် virtualization အတွက် Hyper-V ကို ထည်.သွင်း ပေး ထား ပါသည်။Hyper-V ကို default အနေနဲ.ဖြင့် တော့ တွေ.ရမည် မဟုတ်ပါ။ထို့ကြောင့် ရှေးဦးစွာ install ပြုလုပ်ပေးရမည် ဖြစ်ပါသည်။Install လုပ်ရန်မှာ- Control Panel\Programs\Programs and Features\Turn Windows features on or off မှာ hyper-v ကို install လုပ်ရမည်ဖြစ်ပါသည်။ Windows 8 Hyper-v အနိမ်.ဆုံး system လိုအပ်ချက်တွေကတော့
• 64-bit version of Windows 8
• 64-bit processor နှင့်
• 4 GB of RAM တို့ဖြစ်ပါသည်။

Touch screen ကို အထောက်အပံ့ပြုသော Windows 8
Windows 8 ၏ အဓိကအပြောင်းအလဲကိုကြည့်လျှင် user interface ၌ပင် စ၍တွေ့ရပါသည်။ စက်ကိုဖွင့်သည့်အခါ စတွေ့ရမည့် Metro interface သည်ဒီဇိုင်းအသစ်ဖြစ်ပြီး touch ဖြင့် အလုပ်လုပ်နိုင် အောင် အထူးရေးဆွဲထားပါသည်။ Windows 7 သည်လည်း Touch များခေတ်မစားသေးသလို Tablet ပေါ်တွင် OS အလုပ်လုပ်နိုင်မည့် အရေးကိုလည်း မစဉ်းစားခဲ့ပါ။ ထို့ကြောင့် ထိုစဉ်ကထွက်ရှိခဲ့သော All-in-on PC များဖြင့်သာ အသုံးပြုခဲ့ကြရသည်။ Touch ကြီးစိုးရာနယ်မြေသည် Tablet နှင့် Smart phone များဖြစ်ပါသည်။ ထို့ကြောင့် Windows 8 ထုတ်လုပ်မည်ဟုဆိုသည့်အခါ Touch ကြီးစိုးရာ ပစ္စည်းများပေါ်၌ အလွယ်တကူသုံးစွဲနိုင်ရေးကို စဉ်းစားလာရပါသည်။ Touch သုံးစွဲနိုင်သည့် ပစ္စည်းမရှိသေးသူဖြစ်ပါက Windows 8 ကိုဝယ်ယူရင်း Hardware အသစ်ဝယ်ယူရေးကို စဉ်းစားကောင်း စဉ်းစားရပါမည်။ သို့သော် OS အသစ်သည် သမာရိုးကျ Keyboard နှင့် Mouse ကို အထောက်အပံ့ပြုမည်ဖြစ်ရာ ကွန်ပျူတာအဟောင်းသုံးသူများ ပစ္စည်းအသစ်မ၀ယ်ဘဲ အဆင်ပြေနိုင်ပါသည်။ Touch Screen ပါသည့် Tablet သုံးသူများအနေဖြင့်လည်း Keyboard နှင့် Mouse ၏ပံ့ပိုးမှုကိုပါ တွဲဖက်ရရှိမည်ဖြစ်ရာ ကွန်ပျူတာသုံးစွဲမှုတွင် ပို၍ပြည့်စုံလာစရာ အကြောင်းရှိပါသည်။

Metro user interface ဖြင့် လာမည့် Windows 8
Metro user interface သည် Windows 8 အတွက် အသစ်ပြင်ဆင်ရေးဆွဲပေးထားသောအရာ ဖြစ်ပါသည်။ Windwos Phone 7 သုံးစွဲသူတို့အနေဖြင့်မူ ဤ interface ဖြင့် ယဉ်ပါးပြီး ဖြစ်ကောင်းဖြစ် နိုင်ပါသည်။ Windows 8 အသုံးပြုသူသည် ကွန်ပျူတာဖွင့်လိုက်သည့်အခါ ယခင်ကလို Windows Logo ဖြင့် Start button ကို တွေ့ရမည်မဟုတ်ပါ။ Live tile ဟုခေါ်သော အကွက်ငယ်များဖြင့် ဖွဲ့စည်း ထားသည့် လေးထောင့်ကွက်ကြီးကို တွေ့ရပါမည်။ Live tile အကွက်ငယ်များတွင် ပြထားသော icon များသည် Desktop ပေါ်ရှိ icon များကဲ့သို့ပင်ဖြစ်ပါသည်။ အဆိုပါ နေရာမှနေ၍ သက်ဆိုင်ရာ Application ကို တိုက်ရိုက်ဖွင့်နိုင်ပါသည်။ သို့သော် Live tile က desktop icon ထက်အားသာချက်မှာ ယင်းကိုဖွင့်ကြည့်ရန်မလိုဘဲ mouse ဖြတ်တင်ရုံဖြင့် Information ရနိုင်သည့်ကိစ္စဖြစ်ပါသည်။ အင်တာနက်ချိတ်ဆက်ထားမည်ဟုဆိုလျှင် mail application ပေါ် mouse ဖြတ်တင်ပါက အီးမေးလ်အသစ် မည်မျှဝင်နေသည် မည်သူ့ထံမှလာသည် စသည်တို့ကို သိနိုင်ပါသည်။ မိုးလေ၀သအခြေအနေဆိုလျှင်လည်း အင်တာနက်ချိတ်ထားပါက သက်ဆိုင်ရာ Live tile သည်လက်ရှိအခြေအနေကို ဖော်ပြနိုင်ပါသည်။ ယင်း Interface သည် နားလည်ရလွယ်သလို အသုံးပြုရလည်း လွယ်ပါသည်။ Touch screen ဖြင့် ပို၍အဆင်ပြေပါသည်။ သို့သော် mouse ဖြင့်လည်း သုံးနိုင်ပါသည်။ Touch ဖြင့်ဖြစ်စေ၊ mouse ဖြင့်ဖြစ်စေ close application, access menu အပါအ၀င် လုပ်ငန်းပေါင်းများစွာကို လုပ်ပေးနိုင်ပါသည်။

Application store ကို ခေါ်ဆောင်လာမည့် Windows 8

သာမန်သုံးစွဲသူတို့အတွက် Windwos 8 သည် Windows RT (Windows Run Time) နှင့် Windows Pro ဟူ၍ အမျိုးအစားနှစ်မျိုးခွဲ၍ ထွက်ရှိမည်ဖြစ်ပါသည်။ ယင်းအပေါ်မူတည်၍ Application သုံးစွဲပုံ၊ သုံးစွဲနည်းကွဲပြားသွားပါသည်။ RT သည် ယခင် Desktop application အဟောင်းများကိုမူ တစ်ပါတည်းထည့်သွင်းပေးလိုက်မည်ဖြစ်၍သာ သုံးစွဲနိုင်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် RT သုံးစွဲသူတို့သည် အသစ်ပေါ်ပေါက်လာမည့် Windows Store မှနေ၍ application အဟောင်းများကို ဆက်လက်သုံးစွဲနိုင်ပါသည်။ သို့သော် Metro Interface တွင် ထည့်၍သုံးစွဲလိုသည့် application များကို store မှနေ၍ ၀ယ်ယူရပါလိမ့်မည်။ ကွန်ပျူတာပေါ်မှနေ၍ အင်တာနက်ချိတ်ဆက်ပြီး Windows store မှ application များကို browse လုပ်နိုင်သည်။ Download လုပ်နိုင်သည် Install တင်နိုင်သည်။ လောလောဆယ် Application အရေအတွက် အကန့်အသတ်ရှိနေသော်လည်း Windows 8 အပြီးသတ်ထွက်သည့်အခါ အရေအတွက်များပြားလာပါမည်။ Application အများစု (ဥပမာ - Maps) သည် full screen ဖြင့် ကြည့်နိုင်ပါမည်။ နေရာဒေသတစ်ခုကိုရှာရန်၊ တစ်နရာသို့သွားနိုင်မည့် လမ်းကြောင်းရှာရန် ကိစ္စတို့အတွက် Big Map ကိုအသုံးပြုပါသည်။ သို့သော် Windows 8 RT တွင်ရော Pro တွင်ပါ People, Calendar, Photo, Music, Messaging နှင့် Video ဟူသော Metro application များအသင့်ပါလာပါမည်။

Cloud service ကို အထောက်အပံ့ပေးမည့် Windows 8
Windows 8 သည် Cloud ကိုအသုံးပြုရန်လည်း ဦးတည်ချက်ထားသည်။ ယင်းသည် လူအများနှစ်ခြိုက်မည့် feature တစ်ခုလည်း ဖြစ်နိုင်ပါသည်။ အင်တာနက်ချိတ်ဆက်ထားမည်ဟုဆိုလျှင် Microsoft Store သည် ကွန်ပျူတာသုံးစွဲသူ၏ setting များကို Cloud ထဲတွင် သိမ်းဆည်းပေးပါမည်။ ထို့ကြောင့် အင်တာနက်ချိတ်ထားသော Windows 8 ကွန်ပျူတာကို ဖွင့်သုံးသည့်အခါ ယခင်ကမြင်တွေ့သည့် အတိုင်း လုပ်နေကျအတိုင်း ရှိပါလိမ့်မည်။ Cloud ဖြင့်ဆောင်ရွက်ပေးမည့် Microsoft ၏လုပ်ငန်းစဉ်များတွင် Gmail ထဲမှနေ၍ အသုံးပြုသူ၏အီးမေးလ်များကို ဆွဲယူပေးခြင်း၊ facebook ပေါ်တင်ထားသမျှ ဓာတ်ပုံအားလုံးကို တစ်နေရာတည်းမှ ကြည့်ရှုနိုင်စေခြင်း စသည်တို့ပါဝင်လာပါမည်။

Screen ကို Lock ချနိုင်ပြီး ဓာတ်ပုံဖြင့် Password ပေးနိုင်မည့် Windows 8 စမတ်ဖုန်းသုံးစွဲသူတို့အတွက်မူ lock screen ကို အသားကျပြီးဖြစ်နေပါလိမ့်မည်။ ဖုန်းသုံးလိုလျှင် lock ကိုဖြည်ပေးရမည်။ Password သုံးပြီး lock လုပ်ထားလျှင် password ဖြည့်ထည့်ပေးဖို့လည်း လိုပါမည်။ Windows 8 တွင်လည်း စမတ်ဖုန်းမှာကဲ့သို့ picture lock screen ကိုအသုံးပြုနိုင်ပါမည်။ Lock ကိုဖြည့်ရန်အတွက် လက်ရွှေ့လျားမှုပုံစံသုံးမျိုးကို လုပ်ရန်လိုပါသည်။ အဆိုပါရွေ့လျားမှုတို့ကို straight lines, circles နှင့် taps များထဲမှ ရွေးချယ်နိုင်ပါသည်။ Lock screen ကိုလည်း မိမိ၏ ဓာတ်ပုံ၊ အချိန်၊ နာရီ၊ ရက်စွဲ၊ application notification စသည့် အရာတစ်ခုခုဖြင့် စိတ်ကြိုက်ဖန်တီးနိုင်ပါသည်။

ပစ္စည်းကိရိယာအမျိုးအစား စုံလင်စွာအသုံးပြုနိုင်စေမည့် Windows 8

Windows 8 ကို PC ပေါ်တွင်သာမဟုတ် အခြားသော ပစ္စည်းအတော်များများပေါ်တွင် အသုံးပြုနိုင်ရန်လည်း ဒီဇိုင်းဆွဲထားပါသည်။ (၂၇) လက်မမြင်ကွင်းရှိသော PC ဖြစ်စေ၊ (၁၅) လက်မမြင်ကွင်းရှိသော Notebook ဖြစ်စေ၊ (၁၀) လက်မမြင်ကွင်းရှိသော Tablet ဖြစ်စေ Windows 8 သည် အမှားအယွင်းမရှိ အလုပ်လုပ်ပေးပါလိမ့်မယ်။ Metro interface သည် ပုံဖော်မျက်နှာပြင်အရွယ်အစားနှင့် resolution အမျိုးမျိုးပေါ်တွင် အဆင်ပြေစွာ ချိန်ညှိလုပ်ဆောင်နိုင်ရန် ဒီဇိုင်းလုပ်ထားပါသည်။ ကွန်ပျူတာအကြီးအသေးပေါင်းစုံပေါ်တွင် တသမတ်တည်ငြိမ်မှုဖြင့် အလုပ်လုပ်လိုသည်ဟုဆိုလျှင် Windows 8 သည် အလွန်တရာ ရွေးချယ်သင့်သော အရာဖြစ်ပါသည်။

ဆော့ဖ်ဝဲအဟောင်းများနှင့် တွဲ၍သုံးနိုင်စေမည့် Windows 8
OS တစ်ခု၏ အသွင်အပြင်နှင့် တည်ဆောက်ပုံသည် အလွန်တရာပြောင်းလဲသွားသည့်အခါ ယခင်ကအသုံးပြုခဲ့သော ဆော့ဖ်ဝဲအဟောင်းများနှင့်တွဲဖက်၍ ရမှရပါတော့မည်လားဟု စိုးရိမ်ဖွယ်ရှိလာပါသည်။ Windows Vista ထွက်သည့်အခါ XP နှင့်တွဲသုံးနိုင်သည့် ဆော့ဖ်ဝဲအချို့ အလဟသဖြစ်ခဲ့ရသည် မဟုတ်ပါလား။ သို့သော် ဤတစ်ကြိမ်တွင် ကံကောင်းသည်မှာ Windows 7 တွင် တွဲဖက်သုံးနိုင်သော application အားလုံး Windows 8 တွင် သုံး၍ရမည့်ကိစ္စဖြစ်ပါသည်။ Microsoft သည် Metro interface ကိုပွဲထုတ်ခဲ့သော်လည်း ယင်း၏အောက်တွင် ယခင်မြင်တွေ့နေကျ desktop ရှိနေပြီး ယခင် application အဟောင်းများကို (Install တင်ထားခဲ့လျှင်) ခေါ်ယူသုံးစွဲနိုင်ပါမည်။ Windows 8 RT ကမူ Metro application များကို သီးခြားဝယ်ယူသုံးစွဲနိုင်ပါမည်။ Pro တွင်မူ application အဟောင်းများကို တင်၍သုံးနိုင်သလို Metro application အသစ်များကို ၀ယ်ယူသုံးစွဲနိုင်ပါသည်။ ထို့ကြောင့်သုံးစွဲသူအနေဖြင့် Application နယ်ပယ်နှစ်မျိုးလုံးကို တဖြည်းဖြည်းယဉ်ပါးသွားပါလိမ့်မည်။

Task and file management အသစ်ကို ယူဆောင်လာမည့် Windows 8
Windows 8 တွင် Task နှင့် file များ ကိုင်တွယ်ဆောင်ရွက်ရာတွင် အလှည့်အပြောင်းလုပ်နိုင်မည့် ကိစ္စအချို့ပါဝင်လာပါသည်။ Multiple file operation တို့ကို Windows တစ်ခုတည်းတွင် ခိုင်းစေနိုင်ပါမည်။ ဖိုင်လုပ်ငန်းတစ်ခုစီကိုခွဲ၍ pause နှင့် cancel လုပ်နိုင်ခွင့်ရှိပါမည်။ file လွှဲပြောင်းမှု အမြန်နှုန်းကိုဖော်ပြပေးမည့် real-time graph တစ်ခုလည်း ပါဝင်လာပါမည်။ Task management အတွက်မူ application နှင့် background process ဟူ၍ အပိုင်းနှစ်ပိုင်းခွဲပြီး အလုပ်လုပ်ပါမည်။ Application History ဟုခေါ်သော အပိုင်းနှစ်ပိုင်းခွဲပြီး အလုပ်လုပ်ပါမည်။ Application History ဟုခေါ်သော Tab အသစ်တစ်ခုလည်း ပါဝင်လာပါတယ်။ ယင်းထဲတွင် Metred Network section ကိုတွေ့ရမည်ဖြစ်ပြီး မည်သည့် Application က data အများစုအား ကိုင်တွယ်ဆောင်ရွက်နေသည်ကို ကြည့်ရှုနိုင်ပါသည်။
ရေးသားသူ -ဧဧသက် (ဖြိုးဓန ဒစ်ဂျစ်တယ်ဓါတ်ပုံ),http://www.mmcert.org.mm/မူရင်းနေရာ

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း တိုက်ပွဲပြင်းထန်နေဆဲ

2012-10-27
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းအနီးအနားက လယ်မြေတွေမှာ တရုတ်နိုင်ငံသားပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီဖက်က အဆောက်အဦးတွေ နေ့ ည ဆက်လက် ဆောက်လုပ်နေတာကို ရပ်ဆိုင်းပေးဖို့ အောက်တိုဘာလ ၂၇ ရက် မနက်ပိုင်းက ဒေသခံ (၅၀၀) နီးပါးဟာ အဲဒီအဆောက်အဦးတွေ ဆောက်လုပ်နေတဲ့နေရာကို သွားရောက်တားမြစ်ခဲ့ကြပါတယ်။
RFA
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်နှင့် ဖမ်းဆီးထားသူများ ပြန်လည်လွှတ်ပေးရန် ဒေသခံ ပြည်သူများ တောင်းဆို ဆန္ဒပြနေကြစဉ်။
အဲဒီလို သွားရောက်တားမြစ်နေစဉ်အတွင်း အချိန်ပိုင်းလောက်မှာပဲ ကုမ္ပဏီဖက်က လုံခြုံရေး ရဲဝန်ထမ်း (၃၀)ကျော်နဲ့ သွားရောက်တားမြစ်တဲ့ ဒေသခံတွေကြား အဓိကရုန်းဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို အသိမ်းခံထားရတဲ့ လယ်မြေတွေပေါ်မှာ အဆောက်အဦးတွေ နေ့စဉ်ရက်ဆက် လာဆောက်နေတဲ့ အတွက် ဆောက်လုပ်နေတာတွေ မရပ်မချင်း အသေခံတားမြစ်သွားမယ်လို့ ဆည်တဲ ဒေသခံ ရွာသူတစ်ဦးက ပြောပါတယ်။
ဒီအတောအတွင်း လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းက ထွက်လာတဲ့ မြေစာတွေကို ကျော်ရွာအနီးအနားက လယ်မြေတွေမှာ သွားရောက်စွန့်ပစ်တဲ့အတွက် ဒေသခံ(၂၀၀) နီးပါးလောက် သွားရောက်တားမြစ်ခဲ့ကြတယ်လို့ သိရပါတယ်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

တရုတ် သံရုံး ၏ မြန်မာ နိုင်ငံ တွင်း ခြေရှုပ် မှု များ

 တရုတ် သံရုံး ၏ မြန်မာ နိုင်ငံ တွင်း ခြေရှုပ် မှု များ-- အပိုင်း (၂)မူရင်းလင့်

 အမေရိကန် ဒေါ်လာ ၂.၇ ဘီလျှံ ကျော် ချမ်းသာ ကြွယ် ၀သည့် တရုတ် ၀န်ကြီး ချုပ် ၀မ်ကျားပေါင် ၏ ဇနီး ဖြစ်သူ ကျန် ပိုင် လီ သည် ရန်ကုန် မြို့  ရှိ တရုတ် သံရုံး ၊ မန္တလေး မြို့  ရှိ တရုတ် ကောင်စစ်ဝန် ရုံး တို့  မှ တစ်ဆင့် ကချင် ပြည်နယ် မှ ထွက် ရှိ သော ကျောက်စိမ်း များ ကို သံတမန် ကင်းလွတ်ခွင့် အပါအ၀င် နည်း မျိုးစုံ ဖြင့် ၀ယ်ယူ၍ နယူးယောက် ၊ ပါရီရှိ ကျောက် စိမ်း နှင့် လက်ဝတ် လက်စား ဈေးကွက် သို့  ပြန် လည် ရောင်းချသည်။

ကျန်ပိုင်လီ သည် ပီကင်း ကျောက်စိမ်း နှင့် လက်ဝတ်ရတနာ ကုမ္ပဏီ ၏ ဥက္ကဌ ၊ အမှုဆောင်အရာ ရှိ ချုပ် လည်း ဖြစ်ပြီး တရုတ် ကျောက်မျက် ရတနာ အသင်း ၏ ဒုဥက္ကဌ လည်း ဖြစ်သည်။ ကျန် သည် ဘူမိဗေဒ ပညာရှင် တစ်ယောက် ဖြစ်သည်။ ကျောက်စိမ်း နှင့် စိန် ကို အထူး ကျွမ်းကျင်သည်။

Myanmar wikileaks






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

မတရား ပိတ်ပင်တားဆီးထားသည့် တိုင်းရင်းသားလူမျိုးစုတွေရဲ့ မူလရပိုင်ခွင့်များကို ပြန်လည်ပေးအပ်လိုက်လျှင်



နှစ်ပေါင်းများစွာမြန်မာနိုင်ငံရှိတိုင်းရင်းသားတို့သည်မိမိတို့၏ရပိုင်ခွင့်များဖြစ်သည့်တန်းတူရေးနှင့်ကိုယ်ပိုင်ပြ
ဌါန်းခွင့်များဆုံးခဲ့ရသည့်အပြင်လူသားတို့၏ရှိသင့်ရှိထိုက်၊ရသင့်ရထိုက်သောရပိုင်ခွင့်များဆုံးရှုံးခဲ့ကြရသည်။
တိုင်းရင်းသားလူမျိုးစုများသည်မိမိတို့ရပိုင်ခွင့်များဖြစ်သည့်အခွင့်အရေးများပြန်လည်ရရှိရန်အတွက် နည်းလမ်း ပေါင်းစုံအသုံးပြုကာ ယနေ့ထက်တိုင် တောင်းဆိုတိုက်ပွဲဝင်လျှက်ရှိနေသည်။ ထိုသို့နည်းလမ်းပေါင်းစုံဖြင့်တောင်းဆိုဆန္ဒပြတိုက်ပွဲဝင်နေသူများသည်တိုင်းတပါးသားများမဟုတ်ကြပါ၊ ကျွန်ူပ်တို့ရဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအကို မောင်နှမ စစ်စစ်များသာဖြစ်ကြပါသည်။ ကျနော်တို့တတွေဟာ တစ်ဦးနဲ့ တစ်ဦး နှစ်ပေါင်း များစွာအတူတကွ ရှင်တွဲနေထိုင်လာကြသော တိုင်းရင်းသား ညီအကိုမောင်နှမများဖြစ်သောကြောင့် အုပ်ချုပ်သူလူတန်းစားများမှ တိုင်းရင်းသားညီအကို မောင်နှများအပေါ်ရန်သူကြီးသဖွယ်သဘောထား
ကာ ရက်ရက်စက်စက် ဖိနှိပ့်ချုပ်ချယ်အုပ်ချုပ်မှုများမလုပ်သင့်ပေ။
အမှန်တကယ်ဆိုမူ တမြေထဲနေ၊ တရေထဲသောက်သုံးခဲ့ကြတဲ့ တိုင်းရင်းသားတို့ရဲ့ ရပိုင်ခွင့်အရေးများကို အုပ်ချုပ်သူ လူတန်းစားများမှ နိုင်ထက်စီးနင်းပြုကာ မတရားဟန့်တား ချုပ်ချယ် ပိတ်ပင်တားဆီးမှုမပြုလုပ်သင့်ပေ။ ၎င်းတို့ရဲ့ မူလရပိုင်ခွင့်များ မပျောက်ပျက် မပျက်ဆီးဆုံးရှုံးသွားရလေအောင် အုပ်ချုပ်သူလူတန်းစားများမှ ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးရန်လိုအပ်သည့်အပြင်၊ အေးအတူ ပူအမျှအတူတကွနေထိုင်ကြမည့် တိုင်းရင်းသားတွေရဲ့ လိုအပ်တဲ့ အကူညီနဲ့ နည်းလမ်းကောင်းများကို တတ်စွမ်းသည့်ဘက်က တတ်နိုင်သလောက် ဖြည့်ဆည်းကူညီဆောင်ကျဉ်းပေးရန်လိုအပ်ပါသည်။ သို့မှသာ တိုင်းရင်းသားတွေနဲ့ အုပ်ချုပ်သူလူတန်းစား
များကြားမှာ သဟဇာတမျှတမှုတွေဖြစ်ပေါ်လာပြီး စစ်မှန်တဲ့ သွေးစည်းညီညွှတ်မှုကို ရရှိမှာဖြစ်ပါတယ်။
ဒီနေရာမှာ အရင်ကအုပ်ချုပ်သူလူတန်းစားများကို အထူးမေတ္တာရပ်ခံပန်ကြားလိုသည်မှာ၊ မိမိရဲ့ မှားယွင်းခဲ့တဲ့ လုပ်ရပ်မှားတွေကို ပြုပြင်ပြီး၊ ယနေ့ပြောင်းလဲနေသော မြန်မာ့နိုင်ငံရေးတွင် ရိုးရိုးသားသားနဲ့ တိုင်းပြုပြည်ပြု
လုပ်ငန်းများကို ပါဝင်ကူညီဆောင်ရွက်ပေးစေလိုပါသည်။ ခင်ဗျားတို့မှာရှိတဲ့ငွေများနဲ့ တိုင်းရင်းသားပြည်သူများ
ရဲ့ အကျိုးပြုလုပ်ငန်းများကို ပြုလုပ်စေလိုပါတယ်။ အတင်းအဓမ္မ လယ်သိမ်း၊ ယာသိမ်း ပြောင်းရွေ့ခိုင်းတဲ့ မတရားစီမံကိန်းတွေ အကောင်ထည်ဖော်နေတဲ့ အရင်လူဟောင်း အုပ်ချုပ်သူ လူနည်းစုနဲ့ အသိုင်းအဝိုင်း
တွေရဲ့လုပ်ရပ်ကြောင့် လက်ရှိအပြောင်းလဲကို ဖော်ဆောင်နေတဲ့ အစိုးရတစ်ရပ်လုံးဟာ အဲဒီလူနည်းစုကြောင့် အစိုးရရဲ့ ဂုဏ်သိက္ခာဟာ အမှန်တကယ် ထိခိုက်ငြိုးနွမ်းစေပါတယ်။ ဒါ့-အပြင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်
တွေကိုလည်း အနှောက်အယှက်ဖြစ်စေပြီး၊ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအပေါ်ကိုလည်း သံသယတွေပိုမိုကြီးထွားစေပါတယ်။
ယနေ့ပြောင်းလဲနေသောကာလမှာ အရင်အုပ်ချုပ်သူလူတန်းစားတွေက ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဦးအောင်မင်း၊ ဦးကြည်အောင် ကဲ့သို့ တိုင်းပြည်နဲ့ လူမျိုးအပေါ် စိတ်ရင်းကောင်းစေတနာထားပြီး တိုင်းပြုပြည်ပြုလုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်လုပ်ကိုင်လိုတဲ့ အင်အားတွေလည်း နိုင်ငံကောင်းကျိုးအတွက် ဒီနေရာမှာ လိုအပ်
သလို၊ နိုင်ငံနဲ့ လူမျိုးအပေါ် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြတဲ့ ပြည်တွင်း/ ပ တိုင်းချစ်ပြည်ချစ် ( ပုဂ္ဂိုလ်တွေရဲ့ ) အင်အားစုတွေရဲ့ အင်အားတွေလည်း လက်ရှိကာလမှာ အများကြီးလိုအပ်နေပါတယ်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် အမှန်တကယ်ဆိုလျှင် ရှင်းရှင်းလေးနဲ့ နှစ်ဘက်ခေါင်းဆောင်များက ကပ်ရှုပ်နေကြသည်ဟု စာရေးသူနဲ့ မြင်မိပါသည်။ အမှန်တကယ်ဆိုမူ မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် ရိုးရိုးရှင်းရှင်းလေး
ပင်ဖြစ်သည်။ တိုင်းရင်း သားတွေရဲ့ ဆုံးရှုံးနေသော ၎င်းတို့ရဲ့ မူလရပိုင်ခွင့်တွေကို ၎င်းတို့လက်ထဲပြန်လည်ပေးအပ်လိုက်လျှင် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေငြိမ်းအေးသွားမည်ဖြစ်ပါသည်။ ထိုအခွင့်အရေးတွေကိုလည်းတိုင်းရင်းသားများက မတရားသဖြင့်တောင်းဆိုနေကြခြင်းမဟုတ်၊ ၎င်းတို့ရဲ့ ရပိုင်ခွင့်ထဲကတောင်းဆိုခြင်းသာဖြစ်သည်။ ဒီအခွင့်အရေးတွေကိုပေးလိုက်လျှင် ဒီပြဿနာတွေ ပြီးစီးသွားမည့်ကိစ္စကို မလည်ရှုပ်လုပ်ကာ တိုင်ပတ်
နေကြသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးပဋိပက္ခပြဿသည် အချိန်အကြာကြီးစွဲထားပြီး ယုံကြည်မှုတည်ဆောက်နေသည်ဟုဆိုကာ တိုင်ပတ်နေစရာ မလိုပေ။ ခင်ဗျားတို့ခေါင်းဆောင်များသာ သူမယုံ၊ ကိုယ့်မယုံနဲ့ ယုံကြည်မှုကို မယုံမရဲနဲ့ ခပ်ကြောက်ကြောက်နှင့် တည်ဆောက်နေကြသည်ဟု စာရေးသူအနေဖြင့် ရိုးရိုးရှင်းရှင်းလေးမြင်မိပါသည်။ ကျနော်တို့ အောက်ခြေ တိုင်းရင်းညီအကို မောင်နှမအများကတော့ တစ်ဦးနဲ့ တစ်ဦး၊ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုရှိပြီးသားသူများဖြစ်သည့်အလျှောက် အထွေမလိုပေ။ခင်ဗျားတို့ခေါင်းဆောင်တွေရဲ့
သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့်သာ တစ်ဦးနဲ့ တစ်ဦး၊ တစ်ယောက်နဲ့ တစ် ယောက် ယုံထင်- ကြောင်ထင်ဖြစ်
ကာ အိမ်ကြက်ချင်း အိုးမဲမသုတ်လည်း သိသိရင်း ခွပ်နေကြရသည်။ ဒါကြောင့် တိုင်းရင်းသားလူမျိုးများအပေါ်ထားရှိတဲ့မရိုးသားတဲ့စိတ်ဓါတ်တွေကိုဖျောက်ပစ်ကြပါ။ သွေးခွဲအုပ်ချုပ်မှုစနစ်နဲ့ တိုင်းရင်းသားများကို မှိုင်းတိုက်ပြီး အုပ်ချုပ်လို့ရတဲ့ အရင်လို အမှောင်လွမ်းနေတဲ့ ခေတ်စနစ်လည်း မဟုတ်တော့ပါ၊ ဘာလုပ်လုပ် အကုန်သိနေတဲ့ ပွင့်လင်းမြင်သာတဲ့ မီဒီယာခေတ်စနစ်ကြီးကိုရောက်နေပါပြီ၊ ဘယ်သူ့ကိုမှ လိမ်ညာဖြီးဖြန်းကာ ထင်တိုင်းအုပ်ချုပ်လို့ရတဲ့ ခေတ်စနစ်မျိုးမဟုတ်တော့ပါ။
((( ဒါကြောင့် အဓိက ခေါင်းဆောင်ပိုင်းတွေသိထားကြရမှာက တိုင်းရင်းသားတွေရဲ့ မူလရပိုင်ခွင့်ကိုမပေးသ
၍၊ တိုင်းတင်းသားတွေရဲ့ မူလရပိုင်ခွင့်တွေ ၎င်းတို့လက်ထဲမှာမရရှိသ၍ နိုင်ငံရေးနှင့် စစ်ရေးပဋိပက္ခတွေ ဘယ်တော့အခါမှ အဆုံးသတ်သွားမှာမဟုတ်ဘူးဆိုတာ သိရှိထားကြဖို့အရေးကြီးပါတယ်။)))
အခုဆိုရင် တစ်ဖက်တပ်နှင့် တစ်ဖက်တပ်ပြောင်းရွေ့နေရာချရင်း ကျည်တွေပေါက်ကာ ယုံကြည်မှုကို အပြန်အလှန်တည် ဆောက်နေတာနဲ့ တိုင်းရင်းသားပြည်သူများရဲ့ ဘဝများစွာတွေဟာ သေကြေပျက်
ဆီးပြီး ဒုက္ခအတိရောက်နေကြတာတွေကိုလည်း နှစ်ဘက်ခေါင်း ဆောင်များက ဒီနေရာမှာ မဖြစ်မနေထည့်
သွင်းစဉ်းစားကြရမယ့် အဓိကအရေးကြီးတဲ့အရာဖြစ်ပါတယ်။
((( ဒီနေရာမှာ...တချို့စာဖတ်ပရိတ်သတ်အချို့နဲ့ တိုင်းပြည်ပြုပြင်ရေးလုပ်ငန်းများဖော်ဆောင်နေသူတွေ
က ကျနော့်အရေးသားကိုကြည့်ပြီး အပြောလွယ်တယ်ဟု ကောက်ချက်ချကောင်း ချနိုင်သည်။ ကျနော် ဒီနေ
ရာမှာပြောလိုတာက နာတာရှည်ရောဂါဆိုးကြီးကို ချက်ချင်းကုစားလို့ မပျောက်ဘူးဆိုတာကို လက်ခံထား
ပါတယ်။ ဒါပေမယ့် ဒီ- နာတာရှည်ရောဂါဆိုးကြီးကို ကုသကြတဲ့အခါ.... နှစ်ပေါင်းများစွာ ဒုက္ခဘေးဆိုးကြီး
တွေကို ခါးခါးသီးသီး ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ အေးအတူပူအမျှ အတူတကွပြန် လည်နေထိုင်ကြမည့် တိုင်းရင်းသားညီအကိုမောင်နှမများ၏ မျက်နှာများကို ပြန်လည်ငဲ့ညှာထောက်ထားပြီး၊ ကျနော်တို့အားလုံး တိုင်းချစ် ပြည်ချစ် မျိုးချစ်စိတ်တွေမွေးမြူကာ တိုင်းပြည်ကို စိတ်ရင်း စေတနာကောင်းများနဲ့ ပြန်လည်ပြုပြင်
ပြီး ဝိုင်းဝန်းကူညီတည်ဆောက်လိုက်ကြလျှင် နာတာရှည်ရောဂါဆိုးကြီးကို အချိန်တိုတိုလေးအတွင်းမှာ ကျ
နော်တို့တတွေ ကုစားသွားနိုင်မှာဖြစ်ပါတယ်။ နာတာရှည်ရောဂါကို အချိန်တိုတိုနဲ့ ကုစားတတ်ဖို့ လိုပါတယ်၊ နာတာရှည်ရောဂါဆိုးကြီးကို အချိန်အကြာကြီးဆွဲယူကာ မကုစားသင့်ပေ။ ဒီနေရာမှာ ပဋိက္ခအသွင်ဆောင် လာစေမယ့် နိုင်ငံရေး၊ စစ်ရေး ဒုက္ခတွေကြားမှာ ခေါင်းဆောင်ပိုင်းက အချင်းပွါးကာ မွေ့လျှော်နေကြဦးမည်
ဆိုရင်တော့ တိုင်းရင်းသားပြည်သူအများဟာ အဆိုးသံသရာထဲက လွတ်မြောက်နိုင်ကြဦးမှာ မဟုတ်ပါ။ ရေ
ရှည် စစ်ရေးပဋိပက္ခနဲ့ နိုင်ငံရေးပဋိပက္ခတွေဟာ တကယ်တန်းစေ့စေ့တွေးကြည့်ရင်၊ ဘယ်သူ့ကိုမှ ကောင်းကျိုးမပြုသလို...ဘယ်နိုင်ငံကိုကြည့်ကြည့် အဲဒီ ရေရှည်နိုင်ငံရေး၊ စစ်ရေးအခက်ခဲတွေကို ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ နိုင်ငံတိုင်းဟာ အခက်ခဲပေါင်းများစွာတို့နဲ့ နပန်းသတ်ကာ နောက်ဆုံးမတော့ လုံးပါး- ပါးသွားကြရတာ
ပါပဲ။ ဒီ- ရေရှည် စစ်ရေး၊ နိုင်ငံရေးပဋိပက္ခများကြောင့်လည်း တိုင်းရင်းသားလူမျိုးစုတွေမှာ ကုစားလို့ခက်တဲ့ စိတ်ဒဏ်ရာတွေ ကြီးကြီးမားမားရရှိဖြစ်ပေါ်လာစေပါတယ်။ ဘယ်သူ့အတွက်မှ အကျိုးမပြုတဲ့ စစ်ရေး၊ နိုင်ငံ
ရေးပဋိပက္ခတွေကို အမြန်ဆုံးနဲ့ ချက်ချင်းအဆုံးသတ် ရပ်ဆိုင်းပစ်ဖို့လိုပါတယ်။ အတိတ်ကဆိုးမွေတွေကို သင်ခဏ်းစာယူပြီး အနာဂတ်မှာ ရန်မဖြစ် ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ အေးအေးချမ်းချမ်း အတူတကွ ပြန်လည်နေထိုင်ကြဖို့အတွက် စိတ်ရင်းကောင်းစေတနာတွေ သူသူ- ငါငါ မရှိမဖြစ် မွေးဖွါးကြဖို့လည်းလိုအပ်သလို၊အတိတ်က သမိုင်းဆိုးတွေကို သမိုင်းပြတိုက်ထဲမှာသာ လုံလုံခြုံခြုံသိမ်းဆည်းထားပြီး၊ အဆိုးတွေနဲ့ တည်ဆောက်ထားတဲ့ သမိုင်းရဲ့သင်ခဏ်းစာများကို သင်ခဏ်းစာများရယူဖို့ပဲလိုပါတယ်။
အဆိုးတွေနဲ့ သံသရာလည်နေလို့သာ အခက်ခဲတွေကို ရင်ဆိုင်ကြုံတွေ့နေကြရတာဖြစ်ပြီး၊ အဆိုးသံသရာထဲက လွတ်မြောက်ဖို့ နည်းလမ်းကောင်းများကို ရှာဖွေကြရပါ့မယ်။ ဒါကြောင့် ကျနော်တို့တတွေ ငြိမ်းချမ်းတဲ့နည်းလမ်းများနဲ့ အဆိုးသံသရာထဲက အတူတကွ လွတ်မြောက်အောင်ကျိုးစားရင်း တိုင်းပြည်ကိုပြန်လည်တည်
ဆောက်နိုင်ကြရပါ့မယ်။
တခုရှိတာက ဒီနေရာမှာ တိုင်းရင်းသားလူမျိုးတွေဟာ level ( လယ်ဘလ် ) တန်းတူအခွင့်အရေးမရရှိသ၍ နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေဟာ မလွဲမသွေဖြစ်နေကြဦးမှာပဲဆိုတာ ခေါင်းဆောင်ပိုင်းတွေက အထူး
တလှယ် သိရှိထားဖို့လိုအပ်ပါတယ်။ ခေါင်းဆောင်ပိုင်းများက အဲဒီလို မသိရှိထားကြလျှင် ကျနော်တို့ တိုင်းရင်းသားညီနောင်ဖွားတွေဟာ အဆိုးသံသရာထဲက လွတ်မြောက်နိုင်ကြဦးမယ် မဟုတ်သေးပါဘူး။ ကျ
နော်တို့တိုင်းရင်းညီနောင်ဖွားတွေ အဆိုးသံသရာထဲကလွှတ်မြောက်ဖို့၊ နိုင်ငံတည်ငြိမ်အေးချမ်းဖို့အတွက် အဓိကတာဝန်ရှိသူတွေဟာ ခေါင်းဆောင်ပိုင်းတာဝန်နှင့် နေရာများကိုရယူထားတဲ့သူများသာဖြစ်ပါတယ်။))))
ဒါကြောင့် တိုင်းရင်းသားများထံမှ မတရား ချုပ်ချယ်ပိတ်ပင်တားဆီးထားသည့် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌါန်းအုပ်ချုပ်ခွင့်ကိုမူလပိုင်ရှင်များဖြစ်သည့်တိုင်းရင်းသားများထံ ပြန်လည်ပေးအပ်လိုက်လျှင်
 နှစ်ပေါင်းများစွာ ပဋိပက္ခအသွင်ဆောင်ဖြစ်ပွါးနေကြတဲ့ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေ ငြိမ်းအေးသွားမှာဖြစ်ပြီး၊ကျနော်တို့ မျှော်ရည်မှန်းထားကြတဲ့အေးချမ်းသာယာဝပြောသော
စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုကြီးကို တိုင်းရင်းသားညီနောင်ဖွားများရဲ့ စွမ်းပကားတွေနဲ့ အကောင်းဆုံး ပြန်လည်တည်ထောင်နိုင်မည်ဖြစ်ကြောင်း အကြံပြုရေးသား တင်ပြလိုက်ရပါသည်။
( ကိုဗလိုင် )
ကျနော်တို့တိုင်းရင်းသားညီအကို မောင်နှမများနှစ်ပေါင်းများစွာဒီလိုပဲဒုက္ခတွေရောက်နေကြတော့မှာလား..။
 





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

The Use of Force အကြောင်း တစေ့တစောင်း

 The Use of Force အကြောင်း တစေ့တစောင်း (မူရင်းPDF ဖိုင်)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ROD STEWARD - SOME GUYS HAVE ALL THE LUCK

မြန်မာ မြန်မာ မြန်မာ တဲ့ဟေ့






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ရခိုင်ပြည်နယ် အကြမ်းဖက်မှုအတွင်း သေဆုံးသူ တစ်ရာကျော်ရှိနေ

2012-10-26
ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ ၂၁ ရက်နေ့ကနေ ဒီနေ့ထိဖြစ်ခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေအတွင်း သေဆုံးသူစုစုပေါင်း (၁၁၂) ဦးရှိပြီး၊ ဒဏ်ရာရသူအရေအတွက်ဟာ ကလေး (၁၀) ယောက် အပါအဝင် (၇၂) ဦးရှိတယ်

မာစီဒီး Biome concept ကား

ပုံစံကြည့်လိုက်ရင် ကားလို့တောင် ထင်ရက်စရာ မရှိပါဘူး။ ဂြိုလ် သားလေယာဉ်လိုလို ပုံစံဖြစ်နေပြီး ဘီးတောင် မမြင်ရပါဘူး။

အမှန်တော့ ကားရဲ့ဘော်ဒီကို ဘိုင်အိုဖိုက်ဘာနဲ့ ဖုံးအုပ် ထားခြင်းဖြစ်ပါတယ်။ ဘိုင်အိုဖိုက်ဘာဆိုတာ သာမန် ကာဘွန်ဖိုက်ဘာတွေနဲ့မတူပါ ဘူး။ နေရောင်ခြည်ကို ဆုပ်ယူနိုင်စွမ်းရှိပြီး ကားပတ်ပတ်လည်မှာ ယင်းနေရောင် ခြည်စွမ်းအင်ကို ဓာတုဗေဒ ဓာတ်ပေါင်းအင် အဖြစ်ပြောင်း လဲပြီး သိမ်းဆည်းထားပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကားကို ဘိုင်အိုဖိုက်ဘာတစ်ခုလုံး နဲ့ဖုံးအုပ်ထား ပါတယ်။ အရည်ပြောင်းလဲသိမ်းဆည်းထားပေးတဲ့ အလွာလည်း တစ်ထပ်ပါ ဝင်နေပါသေးတယ်။ ကာဘွန် ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထုတ်လုပ်မှု လုံးဝမရှိစေပဲ၊ လျှပ်စစ် စွမ်းအင်နဲ့ နေရောင်ခြည်စွမ်းအင်ကိုသာ အသုံးပြုစေ မှာ ဖြစ်ပါတယ်။

လေးယောက်စီး တံခါးနှစ်ပေါက် ဇိမ်ခံ မာစီဒီးကားအဖြစ် ထုတ်လုပ်မှာ ဖြစ် ပါတယ်။ ၂၀၁၀ နိုဝင်ဘာလမှာ ကျင်းပတဲ့ မာစီဒီး မျိုးဆက်သစ်ကား ဒီဇိုင်းပြိုင်ပွဲမှာ ဆုရထားတဲ့ ကားဒီဇိုင်း ဖြစ်ပါတယ်။ အဲဒီတုန်းက ၂၀၁၃ခုနှစ်မှာ ထုတ် လုပ်နိုင်မယ်လို့ ကြေညာထားပေမယ့် လက်ရှိ အချိန် အထိ Biome  ရဲ့ အရိပ်အယောင်ကို မတွေ့ရသေးပါဘူး။

ဘိုင်အိုဖိုက်ဘာ (ဇီဝဖိုက်ဘာ)သတ္တုကိုအသုံးပြုလို့ ရတဲ့အခြား အားသာချက်တစ်ခု ကတော့ အလေးချိန်ဖြစ်ပါ တယ်။ ကားရဲ့ဝိတ် ဟာ ပေါင်ချိန် ၁၀၀၀ ထက်မပိုဘူးလို့ဆို ပါတယ်။ သာမန် ပလက် စတစ်ဘော်ဒီနဲ့ တည်ဆောက်မယ် ဆိုရင်တောင် ပေါင် ၁၀၀၀ ရဖို့ မနည်းကြိုးစားရမှာ ဖြစ်ပါ တယ်။

အတွေးအခေါ်ဆန်းသစ်ပြီး ဒီဇိုင်းအားဖြင့် ခေတ်ဆန်လွန်း လှတဲ့ မာစီဒီး Biome concept ကားကို ထွက်ရှိနိုင်ဖို့ မာစီဒီးမှာ ကြိုးစားလျက် ရှိပါတယ်။

---
Ref:Mercedes-Benz
Aung Kham (TSJ team)

အကြမ်းဖက်မှုဆိုရာဝယ်

အကြမ်းဖက်မှုဆိုရာဝယ် မူရင်း( PDF ဖိုင် )
အပိုင်း ၁ ကိုဒီမှာယူပါ


Myanmar Institute of Peace and Security Studies (MIPSS)
လုံခြုံရေး နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး စာစဉ် အမှတ် (၂)
အောက်တိုဘာလ၊ ၂၀၁၂ ခုနှစ်
နိဒါန်း
အကြမ်းဖက်မှု (Terrorism) ဆိုတဲ့ စကားလုံးဟာ နှစ်ဆယ်ရာစု နှောင်းပိုင်းနဲ့ နှစ်ဆယ့်တစ်ရာစု ကာလတလျှောက်မှာ ရေပန်းအတော်စားလာတဲ့ စကားလုံးတခု ဖြစ်ပါတယ်။ ဒီစကားလုံးနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသလို၊ အကြမ်းဖက်မှု ပုံစံအမျိုးမျိုးကိုလဲ လေ့လာသူတွေက လေ့လာ သုံးသပ်ခဲ့ကြတယ်။ အချို့သော ပညာရှင်များက သမိုင်းရှုထောင့်က လေ့လာကြသလို၊ တချို့ကလဲ အတွေးအခေါ်ပိုင်းကနေ လေ့လာသုံးသပ်ကြတယ်။ နိုင်ငံရေး ဘောဂဗေဒ ပညာရှင်များကလဲ ဂိမ်းသီအိုရီတွေ၊ time series analysis, econometric analysis နည်းလမ်းတွေကို အသုံးပြုပြီး၊ အကြမ်းဖက်မှု ချေမှုန်းရေးဆိုင်ရာ ပေါ်လစီများရဲ့ ထိရောက်မှုစတာတွေကို ဆန်းစစ်ခဲ့ကြပါတယ်။
လူမှုရေးစိတ်ပညာဆိုင်ရာ ပညာရှင်တွေကလဲ သူတို့တတ်ကျွမ်းတဲ့ နည်းပညာတွေကို အသုံးပြုပြီး အကြမ်းဖက်သမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေ၊ သွင်ပြင်လက္ခဏာတွေကိုပါ လေ့လာခဲ့ ကြပါတယ်။ နိုင်ငံပေါင်းစုံက အစိုးရတွေရဲ့ မဟာဗျူဟာ လေ့လာရေးဌာနတွေ၊ အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့အစည်းတွေမှာလဲ အကြမ်းဖက်မှု လေ့လာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ အများအပြား ခန့်အပ် ဆောင်ရွက်ကြရတယ်။ အချို့သော တက္ကသိုလ်တွေအနေနဲ့ကလဲ လိုအပ်လာတဲ့ ပညာရှင် အရေ အတွက်နှုန်းကို ပံ့ပိုးပေးနိုင်ဖို့ အကြမ်းဖက်မှု လေ့လာရေးဆိုင်ရာ ဘွဲ့လွန်အောင်လက်မှတ်နဲ့ အထူး သင်တန်းတွေ ဖွင့်လှစ်ကြရပြန်ပါတယ်။
စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ စိတ်ပညာ၊ နိုင်ငံတကာဆက်ဆံရေး၊ ဥပဒေရေးရာ စတဲ့ ဘာသာရပ် တော်တော်များများနဲ့ ဆက်စပ်နေတဲ့ multidisciplinary subject တခုဖြစ်တဲ့ အကြမ်းဖက်မှု လေ့လာရေးဟာ ယနေ့ခေတ်ကမ္ဘာရဲ့ အရေးအကြီးတဲ့ ပညာရပ်တခု အနေနဲ့ တစတစ နေရာယူ စိုးမိုးလာခဲ့ပါတယ်။ ပညာရပ်အနေနဲ့တင်မကပဲ နိုင်ငံတိုင်းရဲ့ အမျိုးသားလုံခြုံရေး ရည်မှန်းချက် (National security objectives) တွေအထဲမှာလဲ အကြမ်းဖက်မှု နှိမ်နင်းရေးက ထိပ်ဆုံးက နေရာယူ လာခဲ့ပါတယ်။



အဓိပ္ပာယ်ဖွင့်ဆိုချက်များ
အကြမ်းဖက်မှု (Terrorism) ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူတွေ၊ သတင်းနဲ့ စာနယ်ဇင်း သမားတွေ၊ အစိုးရတွေက အဓိပ္ပာယ်များစွာ ဖွင့်ဆိုခဲ့ကြပါတယ်။ အကြမ်းဖက်မှုလေ့လာရေး (Terrorism Studies) ဆိုင်ရာမှာ နာမည်ကြီး ပညာရှင်တယောက်ဖြစ်တဲ့ Walter Laquer က အကြမ်းဖက်မှု ဆိုတာကို နိုင်ငံရေး၊ ဘာသာရေး၊ ယုံကြည်သက်ဝင်မှုဆိုင်ရာ ရည်မှန်းချက်များ ပြည့်မှီဖို့အတွက် တရားမ၀င် လက်နက်အင်အား အသုံးပြုပြီး အပြစ်မဲ့ပြည်သူတွေကို ဦးတည်တိုက်ခိုက်မှုလို့ အနက်ဖွင့်ဆိုခဲ့တယ်။ Terrorism Studies သင်တန်းအားလုံးမှာ မရှိမဖြစ် သင်ရိုးညွှန်းတမ်းဖြစ်တဲ့ 'Inside Terrorism' ဆိုတဲ့ စာအုပ်ကိုရေးသားခဲ့တဲ့ Bruce Hoffman ကလဲ အကြမ်းဖက်မှုဆိုတာမှာ နိုင်ငံရေးရည်မှန်းချက်ဆိုင်ရာ လှုံ့ဆော်ချက်တွေ၊ Terrorism ရဲ့ သားကောင်တွေ (သို့) ပစ်မှတ်တွေကို သာမပဲ အများပြည်သူကိုပါ ထိတ်လန့်စေနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှုတွေ၊ အကြမ်းဖက်တဲ့ နည်းနဲ့ ဖြေရှင်းမှုတွေ ပါဝင်ကြောင်း ရေးသားထားခဲ့ပါတယ်။
အကြမ်းဖက်မှုများ ပြုလုပ်ရာမှာ ပြည်တွင်းရေး ပဋိပက္ခကနေ ဘောင်ကျော်ပြီး နိုင်ငံတကာ ပြည်သူတွေရဲ့ အာရုံစိုက်မှု ခံလာရစေရေး အတွက် ကျူးလွန်တဲ့ အကြမ်းဖက်မှုအမျိုးအစားကိုတော့ Media Terrorism လို့ ခေါ်ဆိုပါတယ်။ ၁၉၆၈ ခုနှစ်တုန်းက E1 A1 လေကြောင်းလိုင်းတွေကို ပါလက်စတိုင်း တော်လှန်ရေးသမားတွေက ပြန်ပေးဆွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ပါလက်စတိုင်း တော်လှန်ရေးသမားတွေဘက်က ကြည့်ရင် နိုင်ငံတကာ ပြည်သူတွေရဲ့ အာရုံစိုက်ခံရအောင်ပြုလုပ်တဲ့ နည်းလမ်းတခု ဖြစ်ပေမယ့် ဒီလိုပြန်ပေးဆွဲမှုတွေမှာ အပြစ်မဲ့ ပြည်သူ တွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရမှုတွေ ပါဝင်လာတဲ့အတွက် နိုင်ငံတကာ လူ့အဖွဲ့အစည်းက တော်လှန်ရေးသမားတွေအနေနဲ့ အသိအမှတ်မပြုခဲ့ပဲ အကြမ်းဖက်သမားတွေ အဖြစ်သာ သတ်မှတ်ခဲ့ကြပါတယ်။ အကြမ်းဖက်မှုတွေထဲမှာ ဘာသာရေး အစွန်းရောက်မှု၊ နိုင်ငံရေး အတွေးအခေါ် အစွန်းရောက်မှုတွေကနေ ထွက်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေလဲ အများအပြား ရှိပါသေးတယ်။
အကြမ်းဖက်မှု (Terrorism) ဆိုတာမှာ လက်နက်အင်အားသုံးဖြေရှင်းတဲ့ အခြေခံသဘောတရား ပါဝင်ပြီး အကြမ်းဖက်သမားများ (Terrorists) ကိုင်စွဲတဲ့ လက်နက်တွေဟာလဲ အမျိုးမျိုး ကွဲပြားခြားနားပါတယ်။ ခေတ်သစ်အကြမ်းဖက်မှု (Modern Terrorism)ကို လေ့လာတဲ့ လက်နက် ကျွမ်းကျင် ပညာရှင်များ ကတော့ ဒါတွေကို စစ်သုံးလက်နက်အမျိုးအစားတွေ၊ ပေါက်ကွဲစေနိုင်တဲ့ဗုံးတွေ၊ အများအပြား သေကျေ ပျက်စီးစေတဲ့ လက်နက်တွေနဲ့ အသေခံဗုံးဖောက်ခွဲသူတွေဆိုပြီး ခွဲခြားဖော်ပြခဲ့ကြပါတယ်။ စစ်သုံး လက်နက်တွေ ဖြစ်တဲ့ ပစ္စတိုတွေ၊ အေကေ- ၄၇၊ အမ်- ၁၆ တို့လို ချေမှုန်းရေး ရိုင်ဖယ်သေနတ်တွေ၊ အစ္စရေးလုပ်အူဇီ၊ အမေရိကန်လုပ် Ingramလို စက်သေနတ်တွေ၊ အာရ်ပီဂျီလို့ အတိုကောက်ခေါ်ကြတဲ့ Rocket-propelled Grenades တွေ၊ အမေရိကန်လုပ် Stingerနဲ့ ဆိုဗီယက်လုပ် Grail တို့လို Precision Guided Munitions လက်နက်မျိုးစုံက်ု အကြမ်းဖက် တိုက်ခိုက်မှုများ (Terrorist attacks) မှာ အသုံးပြုကြပါတယ်။ ပေါက်ကွဲစေတတ်တဲ့ ဗုံးတွေမှာလဲ စီဇက်က တီထွင်ခဲ့တဲ့ Semtex, အမေရိကန်က တီထွင်ခဲ့တဲ့ Composite-4 (C-4) တို့လို ပလပ်စတစ် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ၊ ချိန်ကိုက်ဗုံး၊ ဆွဲမိုင်းစတဲ့ triggers တွေ၊ မိုလိုတော့ဗ်လို့အများက ခေါ်တတ်ကြတဲ့ ဓာတ်ဆီဗုံးတွေ၊ ပိုက်ဗုံးတွေ၊ ကားဗုံးတွေ၊ လေထုဖိအားသုံးပြီး ပေါက်ကွဲစေတတ်တဲ့ ဘာရိုမက်ထရစ်ဗုံးတွေ စသည်ဖြင့် ပါဝင်ပါတယ်။
နောက်တမျိုးကတော့ WMD လို့အတိုကောက်ခေါ်ကြတဲ့ Weapons of Mass Destruction ပါ။ ဒီအထဲမှာ ဓာတုဆိုင်ရာအေးဂျင့်တွေ၊ ဇီဝဆိုင်ရာအေးဂျင့်တွေ၊ ဓာတ်ရောင်ခြည်ဆိုင်ရာ အေးဂျင့်တွေ ကနေ နယူးကလီးယား လက်နက်တွေအထိ ပါဝင်ပါတယ်။ 9/11 ဖြစ်ရပ်ပြီးကတည်းက ဖွံ့ဖြိုးပြီး နိုင်ငံတော်တော်များများမှာ ဒီလက်နက်တွေနဲ့ တိုက်ခိုက်မှာကို စိုးရိမ်ကြောင့်ကြမှုတွေ အများအပြား ဖြစ်လာခဲ့ပြီး၊ CBRNE လို့ အတိုကောက်ခေါ်ကြတဲ့ chemical, biological, radiological, nuclear explosives တွေနဲ့ တိုက်ခိုက်မှုတွေဖြစ်လာခဲ့ရင် ပြုလုပ်ရမယ့် စီမံချက်တွေကို ရေးဆွဲလာကြရပါတယ်။
ဒီလို နိုင်ငံတော်လုံခြုံရေးစီမံချက်တွေ ရေးဆွဲနေကြစဉ်မှာပဲ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပေါ်လစီ ရေးဆွဲနေသူတွေ
အတွက် အချက်ကြီးတချက်ကို ထည့်သွင်းစဉ်းစားလာကြရပြန်ပါတယ်။ ဘာလဲဆိုတော့ အကြမ်းဖက်မှုကို ကျူးလွန်သူတွေထဲမှာ non-state actors တွေ ပါဝင်သလို state actors တွေလဲ
ပါဝင်နေတဲ့အချက်ပါပဲ။ လူအများ သေကြေပျက်စီးနိုင်တဲ့ လက်နက်ပစ္စည်းတွေဟာ အပြစ်မဲ့ ပြည်သူတွေကို တိုက်ခိုက်တတ်တဲ့ လူတစုလက်ထဲကို ရောက်သွားတာနဲ့တောင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်စေတယ်ဆိုရင် နိုင်ငံတော်အကြမ်းဖက်မှု (State Terrorism) ကျူးလွန်နေတဲ့ အာဏာရှင်အစိုးရတွေလက်ထဲ ဒီလက်နက်ပစ္စည်းတွေ ရောက်သွားတဲ့အခါ ဒေသဆိုင်ရာလုံခြုံရေး၊ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအပေါ်မှာ ဘယ်လောက်ထိခိုက်သွားစေနိုင်မလဲ ဆိုတာက အရေးကြီးတဲ့ အချက်တချက်ဖြစ်လာပါတော့တယ်။ 



နိုင်ငံတော်အကြမ်းဖက်မှု ဆိုရာဝယ်
နိုင်ငံတနိုင်ရဲ့ state authority ကို နိုင်ငံရေးပညာရှင်တွေက typology လေးမျိုးခွဲပြီး လေ့လာ သုံးသပ်ကြပါတယ်။ ပထမအမျိုးအစားကတော့ ဒီမိုကရေစီ အမျိုးအစားပါ။ ဒီမိုကရေစီ state authority ရှိတဲ့နိုင်ငံမှာ စစ်တပ်၊ ရဲစတဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ security institutions တွေဟာ ဒုတိယနေရာမှာပဲ ရှိပါတယ်။ နိုင်ငံတော်မှာ တရားမျှတမှု ရှိတာအတွက်ကြောင့် ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိပါဘူး။ အစိုးရဆိုတာဟာ ပြည်သူက ရွေးကောက်တာဖြစ်တဲ့အတွက် အာဏာဟာ လူထုဆီကပဲ သက်ဆင်းပါတယ်။ နောက်ပြီး နိုင်ငံတခုဟာ ဒီမိုကရေစီကျင့်သုံးနေလား၊ မကျင့်သုံးဘူးလားဆိုတာ ရွေးကောက်ပွဲ တခုတည်းနဲ့ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ လုပ်တာနဲ့ ဒီမိုကရေစီရပြီလို့ မသတ်မှတ်နိုင်ပါဘူး။ အာဏာခွဲဝေအသုံးပြုမှု၊ လုံခြုံရေး အဖွဲ့အစည်း တွေကို secondary role မှာ ထားရှိမှု၊ ဘတ်ချက်ခွဲဝေမှု၊ accountability ရှိမှု၊ လူ့အခွင့်အရေးနဲ့ rule of law ကို လေးစားမှု၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်အောင်လုပ်နိုင်တဲ့ အစိုးရရဲ့ အုပ်ချုပ်နိုင်မှုစွမ်းရည်၊ အစိုးရပေါ်လစီတွေနဲ့ ပတ်သက်ပြီး လူထုကို သတင်းအချက်အလက်ပေးမှု၊ လူထုက ဝေဖန်ပြောဆိုနိုင်မှု စတဲ့ အချက်အလက်အများကြီးအပေါ်မှာ မူတည်တာဖြစ်ပါတယ်။
နောက်တမျိုးကတော့ authoritarianism လို့ခေါ်တဲ့ အာဏာရှင်စနစ်ပါ။ ဒီလိုစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အရမ်းမြင့်မားပါတယ်။ အစိုးရရဲ့ အာဏာဟာ
minimal constraint ပဲ ရှိပါတယ်။ အစိုးရဟာ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲနဲ့ ရွေးကောက်ခံရတဲ့ အစိုးရဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကကျတော့ ပြည်သူလူထုက လုံခြုံရေးအဖွဲ့ဝင်တွေရဲ့ မတရားစော်ကားအနိုင်ကျင့်ရင် ကာကွယ်ပေးနိုင်မယ့် ဥပဒေ မဟုတ်ပါဘူး။ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးထားတဲ့ အခြေခံဥပဒေ ဖြစ်ပါတယ်။ ဒီလိုစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်မှာ အကန့်အသတ်တွေ ရှိပါတယ်။ လူအများ မိမိတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ပြောကြားခွင့်၊ စုဝေးဟောပြောခွင့် မရှိပါဘူး။ ဥပဒေကို အစိုးရက သူတို့စိတ်တိုင်းကျ ပြင်ဆင်ရေးဆွဲပြီး၊ ဥပဒေ၀န်ထမ်းတွေကို အစိုးရဒေါက်တိုင်တွေအဖြစ် အသုံးချလေ့ရှိပါတယ်။
နောက်တမျိုးကတော့ totalitarianism ဆိုတဲ့ အမျိုးအစားပါ။ ဒီစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာဆိုရင်လဲ စစ်တပ်၊ ရဲစတဲ့ လုံခြုံရေး အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အဆုံးစွန်အထိကို မြင့်မားပါတယ်။ အစိုးရအာဏာဟာ unconstrained authority ဖြစ်သွားပါပြီ။ တရားမျှတမှုတွေ ဆိတ်သုဉ်းနေပါတယ်။ လူထုကို အကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်ထားပါတယ်။ အစိုးရဟာ လူ့အဖွဲ့အစည်းကို ထင်ရာစိုင်း အုပ်ချုပ်ပါတယ်။ နိုင်ငံတော်ရဲ့အာဏာအရပ်ရပ်ဟာ အစိုးရဆီကပဲ သက်ဆင်းပါတယ်။ ဥပမာ- အာဖဂန်နစ်စတန်မှာ တာလီဘန် အုပ်ချုပ်စဉ်က ပုံသဏ္ဍာန်မျိုးပါ။ နောက်ဆုံး တမျိုးကတော့ crazy states ဆိုတဲ့ အမျိုးအစားပါ။ ဒီစနစ်ဖြစ်နေတဲ့ နိုင်ငံတွေမှာတော့ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်း တွေရဲ့ အခန်းကဏ္ဍဟာ အရမ်းမြင့်မားပါတယ်။ နိုင်ငံတော်မှာ central authority မရှိတော့ပါဘူး။ သက်ဆိုင်ရာ ဒေသအလိုက် စစ်ဘုရင်တွေ၊ စစ်သွေးကြွတွေက အုပ်ချုပ်ကြပါတယ်။ state behaviour ဟာ ပုံမှန်မဟုတ်တောပါဘူး။ ဥပမာ- ယူဂန်ဒါနိုင်ငံမှာ Idi Amin အုပ်ချုပ်စဉ်ကာလက အခြေအနေမျိုးပါ။
totalitarianism နဲ့ authoritarianism စတဲ့ နိုင်ငံတော်အာဏာ ကျင့်သုံးတဲ့ နိုင်ငံတွေမှာ နိုင်ငံတော်အကြမ်းဖက်မှုတွေ ဖြစ်ပွားတတ်ပါတယ်။ နိုင်ငံတော်အကြမ်းဖက်မှု (state terrorism) ဆိုတာကို အချို့က "terrorism from above” လို့ ခေါ်ဆိုသုံးနှုန်းကြပါတယ်။ ဘာလို့လဲဆိုတော့
ဒီအကြမ်းဖက်မှု အမျိုးအစားက နိုင်ငံတနိုင်ငံရဲ့ အာဏာကို ရယူထားတဲ့ အစိုးရတွေ၊ အစိုးရ လက်ကိုင်တုတ် အဖွဲ့အစည်းတွေက ကျူးလွန်တာဖြစ်တဲ့ အတွက်ကြောင့်ပါ။ ဒီလို ကျူးလွန်မှုမှာ ပုံစံနှစ်မျိုးရှိပါတယ်။ ပထမတမျိုးက နိုင်ငံတော်အကြမ်းဖက်မှုကို နိုင်ငံခြားပေါ်လစီဒိုမိန်း (foreign policy domain) ပုံသဏ္ဍာန်နဲ့ ကျူးလွန်ကြတာဖြစ်ပါတယ်။ ဒီလိုကျူးလွန်ရာမှာ တချို့ နိုင်ငံများက sponsors အနေနဲ့ ကူညီပံ့ပိုး ပေးတာရှိသလို၊ တချို့ကလဲ enablers တွေအနေနဲ့ပါ။ ဒီလိုပံ့ပိုးပေးကြရမှာ အတွေးအခေါ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ ငွေကြေးပံ့ပိုးမှု၊ စစ်အင်အားပံ့ပိုးမှု၊ အကြမ်းဖက် တိုက်ခိုက်မှုကို ကနဦး အစပျိုးပေးမှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ တိုက်ရိုက်ပါဝင်မှု ဆိုပြီး အမျိုးမျိုး ရှိပါတယ်။
နောက်တမျိုးကတော့ ပြည်တွင်းပေါ်လစီဒိုမိန်း (domestic policy domain) ပုံသဏ္ဍာန်ဖြစ်ပါတယ်။ ပြည်တွင်းပေါ်လစီအနေနဲ့ နိုင်ငံတော်အကြမ်းဖက်မှုပြုလုပ်ရာမှာ အဓိက ပါဝင်လေ့ရှိတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေကတော့ အာဏာရှင်များရဲ့ လက်ကိုင်ဒုတ်ဖြစ်နေတဲ့ စစ်တပ်၊ ရဲ၊ အာဏာရှင် စိတ်တိုင်းကျ ရေးဆွဲ ထားတဲ့ ဥပဒေကို အကောင်အထည် ဖော်နေကြရတဲ့ ဥပဒေ ဘက်တော်သားတွေနဲ့ အခြားသော လုံခြုံရေးအဖွဲ့အစည်းများပဲ ဖြစ်ပါ တယ်။ ဒီနေရာမှာ နိုင်ငံတော်က ပံ့ပိုးကြိုးကိုင်ထားတဲ့ ပြည်သူ့စစ် အဖွဲ့တွေ၊ ချေမှုန်းသုတ်သင်ရေးအဖွဲ့တွေလဲ ပါဝင်ပါတယ်။ ပြည်တွင်း ပေါ်လစီအနေနဲ့ နိုင်ငံတော် အကြမ်းဖက်မှု ပြုလုပ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အစိုးရရဲ့ အာဏာကို ပြသဖို့နဲ့ အတိုက်အခံများကို အနှောင့်အယှက်ပြုဖို့၊ ဖယ်ရှားဖို့ ဖြစ်ပါတယ်။
နိုင်ငံရေးပညာရှင် ပီတ စီဒါဘတ်ခ်က နိုင်ငံတော်အကြမ်းဖက်မှုတွေကို vigilante state terrorism, official state terrorism နဲ့ genocidal state terrorism ဆိုပြီး သုံးမျိုးခွဲခြားဖော်ပြခဲ့ပါတယ်။ vigilante state terrorism ဆိုတာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို အစိုးရက နောက်ကွယ်ကနေ ကြိုးကိုင်ပြီး နိုင်ငံရေးအကြမ်းဖက်မှု ကျူးလွန်စေခြင်းဖြစ်ပါတယ်။ official state terrorism ဆိုတာမှာကျတော့ overt နဲ့ covert ဆိုပြီး နှစ်မျိုးထပ်ခွဲလို့ရတယ်။ overt official state terrorism ဆိုတာက မြင်သာထင်ရှားတဲ့ စစ်တပ်၊ ရဲ ယူနီဖောင်း ၀တ်တွေကို အသုံးပြုပြီး နိုင်ငံရေးအကြမ်းဖက်မှုဖြစ်ပါတယ်။ covert official state terrorism ဆိုတာကတော့ လျှို့ဝှက်ရဲ၊
ထောက်လှမ်းရေးစတဲ့ secret services တွေကို အသုံးပြုပြီး နိုင်ငံရေးအကြမ်းဖက်မှုတွေ ပြုလုပ်တာဖြစ်ပါတယ်။
genocidal state terrorism ဆိုတာကတော့ နိုင်ငံတော်အတွင်းမှာ မှီတင်း နေထိုင်တဲ့ လူမျိုးတမျိုး (သို့) လူမျိုးနွယ်တစုကို လူမျိုးသုဉ်းစေတဲ့ ရည်ရွယ်ချက်နဲ့ ချေမှုန်း သတ်ဖြတ်တာဖြစ်ပါတယ်။ genocide ဆိုတဲ့ စကားလုံးကို ၁၉၄၃ ခုနှစ်က Dr. Raphale Lemkin ရေးသားထုတ်ဝေခဲ့တဲ့ Axis Rule in Occupied Europe ဆိုတဲ့ စာအုပ်မှာ စတင် အသုံးပြုခဲ့တာဖြစ်ပြီး၊ လက်တင်ဘာသာကနေ ဆင်းသက်လာတဲ့ စကားလုံးဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ geno ဆိုတာ race (or) tribe ဖြစ်ပြီး၊ cide ဆိုတာကတော့ killing (သတ်ဖြတ်ခြင်း) ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံမှာ အစွန်းရောက်အစိုးရတွေဟာ လူမျိုးစု တွေရဲ့ ယဉ်ကျေးမှု တွေကို ဖျက်ဆီးခြင်း၊ စစ်တပ်၊ ရဲအင်အားတွေသုံးပြီး ဒီလူမျိုးစုတွေနေထိုင်ရာ ရွာတွေကို ဖျက်ဆီးခြင်း၊ အပြစ်မဲ့လူမျိုးစုဝင်တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း စတာတွေ ပြုလုပ်နေပြီဆိုရင် ဒါကို genocidal state terrorism ကျူးလွန်နေပြီလို့ သတ်မှတ်လို့ရပါတယ်။ 



Violence နှင့် Terrorism သဘောတရားတို့၏ ကွဲပြားမှုများ
Violence ဆိုတာ ထိခိုက်မှုတစုံတရာကို ဖြစ်ပွားစေတဲ့ အင်အားအသုံးပြုမှု ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကတော့ Violence ဆိုတာ မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားသူတယောက်ကို ဖြစ်စေ၊ အခြားလူအုပ်စု (သို့မဟုတ်) လူ့အဖွဲ့အစည်းကို ဖြစ်စေ ထိခိုက်ဒဏ်ရာရစေမှု၊ သေဆုံးစေမှု၊ စိတ်ဒဏ်ရာရစေမှု၊ ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးစေမှုတို့ကို ဖြစ်ပွားစေသည့် အင်အားအသုံးပြုမှုလို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ Violence သဏ္ဍာန်တွေမှာ လူတဦးနဲ့တဦး လက်သီးနဲ့ထိုးကြိတ်တာ၊ တုတ်နဲ့ ရိုက်နှက်တာတွေကနေ သေစေနိုင်တဲ့ လက်နက်ခဲယမ်းတွေကို အသုံးပြုပြီး တိုက်ခိုက်တာတွေ အထိ ပါဝင်ပါတယ်။
လူအများက Violence လို့ ဆိုလိုက်ရင် ဗုံးခွဲတာတွေ၊ လေယာဉ်ပြန်ပေးဆွဲတာတွေကိုပဲ ဆက်စပ်တွေးမိ သွားတတ်ကြပါတယ်။ ဒါတွေက Violence အမျိုးအစားတမျိုးဖြစ်တဲ့ terrorism နဲ့ သဘောတရား ရောထွေးနေလို့ဖြစ်ပါတယ်။ terrorism က Violence ရဲ့ အမျိုးအစား တမျိုးသာ ဖြစ်ပါတယ်။ Violence မှာ မတရားဖိနှိပ်ခံရမှုကို လက်နက်ကိုင်ပြီး ခုခံတော်လှန်ရတဲ့ တော်လှန်စစ်လို လိုအပ်ချက်အရ ပေါ်ထွက်လာတဲ့ necessary forms of violence ဆိုတာမျိုးတွေ ရှိသလို၊ အပြစ်မဲ့ ပြည်သူတွေကို စာနာထောက်ထားခြင်းကင်းစွာနဲ့ မလိုအပ်ပဲ တိုက်ခိုက်မှုတွေဖြစ်တဲ့ terrorism လို unnecessary forms of violence တွေလဲ ရှိပါတယ်။
ငြိမ်းချမ်းရေးသိပ္ပံပညာရပ်မှာ violence ဆိုတာကို Direct Violence၊ Structural Violence နဲ့ Cultural Violence ဆိုပြီး သုံးမျိုးခွဲခြားထားပါတယ်။ Direct Violence က ထိုးကြိတ်ရိုက်နှက်မှုတွေ၊ လူသတ်မှုတွေ၊ မုဒိန်းကျင့်မှုတွေ၊ သေနတ်တွေ၊ ဗုံးတွေ၊ စစ်ပွဲတွေနဲ့ သက်ဆိုင်ပါတယ်။ Direct Violence မှာ လူသားတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရပ်တည်မှု၊ ကိုယ်စိတ်နှစ်ပါး ကျန်းမာမှု၊ လွတ်လပ်မှု စတာတွေကို ထိခိုက်စေနိုင်တဲ့ ကြိုတင်ရည်ရွယ်ထားသော အင်အားအသုံးပြုမှု ပါဝင် ပါတယ်။ Direct Violence ကြောင့် နှစ်စဉ်လူသား (၁.၆) သန်းခန့် သေဆုံးတယ်လို့ သုတေသန ပညာရှင်တွေက စစ်တမ်း ကောက်ယူဖော်ပြထားခဲ့ကြပါတယ်။ Direct Violence ဟာ ကျူးလွန်သူတွေ၊ သားကောင်တွေ၊ မိသားစုဝင်ကို သာမက လူ့အဖွဲ့အစည်း၊ စီးပွားရေးအခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေပါတယ်။
ထိုးကြိတ်ရိုက်နှက်မှုတွေ၊ လက်နက်ပစ္စည်းတွေ အသုံးပြုတဲ့ Direct Violence ကသာ လူသားတွေရဲ့ အခြေခံ လိုအပ်ချက်တွေကို ထိခိုက်စေနိုင်တာ မဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံမှာ ရှိနေတဲ့ လူမှုစီးပွား နဲ့ နိုင်ငံရေး သဏ္ဍာန် (socio-economic and political structures) တွေကလဲ လူသားတွေရဲ့ ရှင်သန်ရပ်တည်မှုကို ထိခိုက်စေနိုင်ပါတယ်။ Structural violence တွေဟာ လူ့အဖွဲ့အစည်းရဲ့ အဆင့်တိုင်းမှာ ရှိပြီး၊ လူမှုစီးပွား အခွင့်အရေးတွေ ချိုးဖောက်ခံရခြင်းနဲ့ သက်ဆိုင်ပါတယ်။
လုံခြုံစိတ်ချရမှုကင်းမဲ့ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ရခြင်းဟာလဲ Violence လုပ်ခံရခြင်းပဲ ဖြစ်ပါတယ်။
လူမှုစီးပွားနဲ့ နိုင်ငံရေးသဏ္ဍာန်တွေမှာ မြှုပ်နှံထားတဲ့ structural violence တွေကို hidden repression အနေနဲ့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။ လူမှုရေး တန်းတူညီမျှခြင်း မရှိမှု၊ လူတန်းစားအလွှာ ကွာဟချက်ကြီးမှု၊ ကျားမခွဲခြား သတ်မှတ်မှု၊ အတင်းအကြပ်စစ်မှုထမ်းဥပဒေများ ပြဌာန်းမှု၊ ပညာရေး-ကျန်းမာရေး ၀န်ဆောင်မှုအားနည်းမှု၊ အလုပ်အကိုင်ရရှိရေး၊ ရာထူးတိုးမြှင့်ရေးစတာတွေမှာ တူညီသောအခွင့်အလမ်း မရှိမှု စတာတွေဟာ သက်ဆိုင်ရာ တိုင်းပြည်မှာ structural violence ရှိနေတဲ့ သွင်ပြင်လက္ခဏာတွေပဲ ဖြစ်ပါတယ်။ Structural violence ရှိနေတဲ့ တိုင်းပြည်မှာ ဆင်းရဲနွမ်းပါးမှုနဲ့ လူအများဘ၀အနာဂတ် ပျောက်ဆုံးမှုတွေ ကြုံတွေ့လာရတတ်ပါတယ်။ အသက်ရှင် ရပ်တည်နေ ရပေမယ့် ကိုယ်စိတ်နှစ်ပါး ကျန်းမာမှု မရှိပဲ၊ လွတ်လပ်မှုတွေ ပျောက်ဆုံးနေတာဟာ exploitative or repressive structures တွေရဲ့ ဖိနှိပ်မှုတွေကို ခံစားရလို့ဖြစ်ပါတယ်။
နောက်ထပ် Violence တခုကတော့ cultural violence ဖြစ်ပါတယ်။ cultural violence ဆိုတာ ယဉ်ကျေးမှု မတူညီသော အုပ်စုတွေ အချင်းချင်း တိုက်ခိုက်နေတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလိုတိုက်ခိုက်နေရင်တော့ ဒါက Direct Violence ခေါင်းစီးအောက် ရောက်သွားမှာပါ။ Cultural Violence ဆိုတာက direct violence နဲ့ structural violence နှစ်မျိုးကို အားပေးထောက်ခံခြင်း (သို့မဟုတ်) လက်ခံစေခြင်းရှိတဲ့ ဘာသာရေးယုံကြည်ချက်၊ နိုင်ငံရေးအတွေးအခေါ်၊ အနုပညာ၊ သိပ္ပံပညာနဲ့ ဘာသာစကားတွေ ရှိနေခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ- ရန်သူကို တိရစ္ဆာန်တွေ၊ ရောဂါဘယဆိုးတွေနဲ့ နှိုင်းယှဉ်တတ်မှု၊ ပဋိပက္ခတွေ ဖြစ်ပွားချိန်မှာ ငါနဲ့မတူ ငါ့ရန်သူလို သဘောထားတတ်မှု၊ သူတပါးကို ခွဲခြားဆက်ဆံတတ်မှု၊ အာဏာအလွဲ သုံးစားပြုတတ်မှု၊ မတရားဖိနှိပ် ခံရခြင်းကို မိမိတို့ အားနည်းချက်ဟု ယူဆပြီး လက်ခံမှု စတာတွေ ဖြစ်ပါတယ်။
structural violence ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဟာ လက်နက်ကိုင်တော်လှန်ရေးကို
 ဦးတည်သွားစေတဲ့ အခြေခံအကြောင်းတရားတွေ ဖြစ်လာတတ်ပါတယ်။ Direct Violence ဟာ ပြုမူဆောင်ရွက်ပုံ (Behaviour) တွေကို သက်ရောက်စေနိုင်ပြီး၊ Cultural Violence က အမြင်သဘောထား (attitudes) တွေကို သက်ရောက်စေတတ်ပါတယ်။ ဒါကြောင့် ပဋိပက္ခတွေကို ဖြေရှင်းတဲ့အခါ၊ ပြုမူဆောင်ရွက်မှုတွေကို ပြောင်းလဲပြီး Direct Violence ကို အဆုံးသတ်ခြင်း၊ structure ဆိုင်ရာ ဖိနှိပ်ချုပ်ခြယ်မှု၊ မတရားမှုတွေကို ဖယ်ရှားပြီး structural violence ကို အဆုံးသတ်ခြင်းနဲ့ အမြင်သဘောထားတွေကို ပြောင်းလဲပြီး cultural violence ကို အဆုံးသတ်ခြင်းတွေကို ဘက်စုံထောင့်စုံ ပြုလုပ်ဖို့ လိုပါတယ်။
Violence နဲ့ Terrorism ကို မြန်မာလိုဘာသာပြန်ကြရမှာ အကြမ်းဖက်မှု၊ အကြမ်းဖက် တိုက်ခိုက်မှုတွေ အနေနဲ့ ဆင်တူယိုးမှားတွေ ဘာသာပြန်ကြပေမယ့် အခြေခံသဘောတရားတွေမှာတော့ ကွဲပြားမှုတွေ အများအပြား ရှိပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး Political Violence တွေ ဖြစ်ပွားလာတဲ့အခါ ဖြစ်ပွားတဲ့ သဏ္ဍာန် အမျိုးမျိုး ရှိပါတယ်။ အဓိကရုဏ်း (Riots)၊ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်ခြင်း (Political Assassinations)၊ သူပုန်ထမှု (Insurgency)၊ Terrorism ဆိုပြီး သဏ္ဍာန်အမျိုးမျိုး ရှိပါတယ်။ Terrorism ဆိုတာ အစွန်းရောက်ဝါဒ (extremism) ပေါ်မှာ အခြေတည်ပြီး ပေါ်ထွက်လာတဲ့ Political Violence အမျိုးအစားတခုဖြစ်ပါတယ်။ ဒါကြောင့် Violence နဲ့ Terrorism ကို အတူတူပဲ လို့ သတ်မှတ်လို့ မရနိုင်ပါဘူး။
လက်နက်ကိုင်တော်လှန်ရေး (A/S)၊ တော်လှန်ရေးစစ်ပွဲ Guerrillas Warfare (GW)၊ သူပုန်ထမှု Insurgency၊ တော်လှန်ရေး (Revolution) အမျိုးသားလွတ်မြောက်ရေး (National Liberation) စတာတွေအားလုံးဟာ Political Violence အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ Political Violence ဆိုတာက လူသားသမိုင်းနဲ့ အတူမွေးဖွားလာခဲ့တာဖြစ်ပါတယ်။ မတရားမှုတွေက ဥပဒေဖြစ်လာတဲ့အခါ တော်လှန် ပုန်ကန်မှုဆိုတာ လူ့တာဝန်တရပ် ဖြစ်လာပါတယ်။ ဒီတာဝန်ကို ကမ္ဘာတ၀ှမ်းလုံးက ပြည်သူ လူထုကြီးက အသက်နဲ့ရင်းပြီး ထမ်းဆောင်ခဲ့ကြပါတယ်။ မတရားတဲ့ အာဏာရှင် အစိုးရများစွာဟာ လူထုကြီးရဲ့
Political Violence တွေကြောင့် အာဏာကို စွန့်လွှတ်ခဲ့ကြရပါတယ်။ Political Violence တွေကြောင့် အမေရိကန်တော်လှန်ရေးကြီး ဖြစ်ပွားလာခဲ့ပါတယ်။ Thomas Jefferson က တော်လှန်ပုန်ကန်မှုဆိုတာ အစိုးရတရပ်ရဲ့ ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအတွက် လိုအပ်တဲ့ဆေးဝါး ဖြစ်တယ်လို့ ဆိုထားခဲ့ ဖူးပါတယ်။
Utilitarianism နဲ့ ပတ်သက်ရင် ဆရာတဆူဖြစ်တဲ့ John Stuart Mill ကလဲ political violence ဆိုတာကို ဖြစ်ပေါ်လာတဲ့ အခြေအနေတရပ်မှာ ကျင့်ဝတ်အားဖြင့် ဘယ်လောက်မှန်ကန်တယ်ဆိုတဲ့ balance of reason ပေါ်မှာ မူတည်ပြီး justify လုပ်နိုင်ကြောင်း ဆိုခဲ့ပါတယ်။ တကယ်လို့ အစိုးရတရပ်ဟာ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ပိတ်ပင်နေပြီဆိုရင်၊ လူထုရဲ့အမြင်နဲ့ သဘောထားတွေကို လျစ်လျူပြုနေပြီဆိုရင် ဒီလို အခြေအနေ မျိုးမှာ လူထုအနေနဲ့ political violence ကို အသုံးပြုပြီး တော်လှန်ရမှာဖြစ်တယ်ဆိုတဲ့ သဘောတရားကို ပေါ်လွင်အောင် ရေးသားထားခဲ့ပါတယ်။ Political Violence ကို အသုံးပြုရာမှာ တရားမျှတမှုရှိမရှိ ဆိုတဲ့ အချက်နဲ့ အောင်ပွဲအတွက် ဖြစ်နိုင်ချေရှိမှု နှစ်ခုကို ကြည့်ပြီး justify လုပ်ဖို့ ဆိုထားခဲ့ပါတယ်။


Robert Audi ကတော့ တခြားငြိမ်းချမ်းရေးနည်းလမ်းများကို ဘယ်လိုမှ အသုံးပြုလို့ မရနိုင်တော့တဲ့ အဆုံးမှာ Political Violence ကို နောက်ဆုံးနည်းလမ်းအနေနဲ့ အသုံးပြုဖို့ လိုအပ်တယ်လို့ ဆိုထားခဲ့ပါတယ်။ သူက နိုင်ငံရေးအဖွဲ့အစည်းတခုဟာ တောင်းဆိုမှု၊ အသနားခံမှုတွေ ဘာမှကို ထပ်လုပ်လို့ မရနိုင်တော့တဲ့ အခြေအနေ၊ တောင်းဆိုချက်မှန်သမျှကို လျစ်လျူရှုခံနေရတဲ့ အခြေအနေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းခံလိုက်ရတဲ့ အခြေအနေတွေမှာ လက်နက်ကိုင် တော်လှန်ရေးတွေ၊ ပုန်ကန်တော်လှန်မှုတွေ ပြုလုပ်တဲ့ တော်လှန်ရေး လမ်းကြောင်းတခုပေါ်ကို တက်ရောက်မှသာ အောင်ပွဲခံနိုင်မယ်လို့ ဆိုထားခဲ့ပါတယ်။ အာဏာရှင်အစိုးရတွေကို သံတမန် နည်းလမ်း၊ သာမန်တောင်းဆိုချက် နိုင်ငံရေးနည်းလမ်းတွေနဲ့တော့ အောင်မြင်အောင် ဆန့်ကျင်နိုင်မှာ မဟုတ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
ဒီလိုတွေးခေါ်ပညာရှင်တွေအပါအ၀င် ကမ္ဘာ့ပြည်သူလူထုဟာ Political Violence အမျိုးအစားတွေ ဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးတွေ၊ သူပုန်ထမှုတွေ၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေ၊ လူထုတိုက်ပွဲတွေကို အဖိနှိပ်ခံပြည်သူတွေက ဖိနှိပ်တဲ့ အာဏာရှင်တွေကို ပုန်ကန်မှုတွေအနေနဲ့ တခဲနက် ထောက်ခံအားပေးခဲ့ကြပါတယ်။ အဖိနှိပ်ခံရတဲ့ ပြည်သူတွေဘက်က ရပ်တည်တဲ့ Non-State actors တော်လှန်ရေးအဖွဲ့အစည်းတွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒါပေမယ့်လဲ တော်လှန်ရေးအဖွဲ့အစည်း တချို့ဟာ အစွန်းရောက် အတွေးအခေါ်တွေနဲ့ မကျူးလွန် သင့်တဲ့ ရာဇ၀တ်မှုတွေကို စတင် ပြုလုပ်လာကြပါတော့တယ်။ မိမိတို့ သက်ဆိုင်ရာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တိုက်ရိုက်ထိပါးစေတဲ့ ဗုံးဖောက်ခွဲမှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ စစ်ပွဲမှာ တောင် ရှောင်ရှားရမယ့် ပစ်မှတ်တွေဖြစ်တဲ့ ဆေးရုံ၊ ကျောင်းစတာတွေကို စီးနင်းမှုတွေ၊ အများပြည်သူ အသုံးပြုတဲ့ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းတွေကို တိုက်ခိုက်မှုတွေ ဖြစ်ပွားလာပါတယ်။ ဒီလို လုပ်ဆောင်လာမှုတွေမှာ Political Frustration ကြောင့် ပေါ်ထွက်သွားတဲ့ တိုက်ခိုက်မှုတွေသာမက အဖွဲ့အစည်းရဲ့ အမည်ကို လူသိထင်ရှားဖြစ်စေလိုမှု၊ ခေါင်းဆောင်အမည် နာမည်ကျော်ကြားလိုမှုနဲ့ နိုင်ငံတကာပြည်သူတွေက သိသွားစေလိုမှု စတဲ့ ရည်ရွယ်ချက်တွေပါ ပါဝင်လာကြပါတယ်။
ဒါတွေဟာ (၁၉၇၀) နှောင်းပိုင်း ကာလတွေမှာ ကမ္ဘာနဲ့အ၀ှမ်းမှာ ဖြစ်ပွားခဲ့တဲ့ Terrorist attacks များစွာနဲ့အတူ လက်နက်ကိုင်တော်လှန်ရေး ရေချိန်နိမ့်တုန်မြင့်တုန် ဖြစ်ကုန်မှုတွေနဲ့ တော်လှန်ရေး လမ်းစဉ်တွေကို လူထုက အပြည့်အ၀ ထောက်ခံပါဝင်မှု လျော့ပါးလာမှုတွေရဲ့ နိဒါန်းအစပါပဲ။ တော်လှန်ရေးနဲ့ Terrorism ကို ဝေေ၀၀ါးဝါး နဲ့ နားလည်မှုတွေ ရှုပ်ထွေးကုန်ကြပါတယ်။ တော်လှန်ရေး
သမားတွေကို Terrorist တွေလို့ တံဆိပ်ကပ် ချေမှုန်းနိုင်ခွင့်ကို အာဏာရှင်တွေကို သွားပေးလိုက်သလို ဖြစ်ကုန်ပြီး၊ အာဏာရှင်တွေက ကျူးလွန်နေတဲ့ State Terrorism ကို ထင်သာမြင်သာ မရှိစေပဲ ရောထွေးသွားစေပါတယ်။ တခါတရံမှာ ဒီလို အခြေအနေတွေဖြစ်အောင် အာဏာရှင်တွေ ကိုယ်တိုင်က ဗုံးဖောက်ခွဲမှုတွေ လုပ်ပြီး တော်လှန်ရေးသမားတွေကို စွပ်စွဲတာတွေလဲ ဖြစ်လာပါတယ်။
လက်နက်ကိုင် တော်လှန်ရေးနဲ့ Terrorism အကြားမှာ ခြားထားတဲ့ စည်းဘောင်ဟာ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ခြင်း ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ ချီတက်လာတဲ့ စစ်ကြောင်းတခုကို မိုင်းဆွဲတိုက်ခိုက်မှု၊ မြို့ပြမှာ စစ်လက်နက်ပစ္စည်း သိုလှောင်ရုံကို ဗုံးခွဲမှု၊ ပြည်သူလူထုကို indiscriminate killings မဖြစ်စေသော မြို့ပြပြောက်ကျားတိုက်ပွဲများ ဆိုရင် ဒါဟာ လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ indiscriminate killings ကျတော့ Terrorism ဖြစ်သွားပါတယ်။ စစ်ဖြစ်နေတဲ့ အခြေအနေ၊ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ အခြေအနေ၊ အများပြည်သူအတွက် ခုခံကာကွယ်ပေးနေရတဲ့ အခြေအနေ စတာတွေပေါ်မှာလဲ မူတည်ပါသေးတယ်။



လက်နက်ကိုင်တော်လှန်ရေးနှင့် အကြမ်းဖက်မှုတို့အကြားမှ အငြင်းပွားမှုများ
အကြမ်းဖက်မှုကို ထောက်ခံအားပေးသူတွေနဲ့ ဆန့်ကျင်သူတွေအကြား နိုင်ငံရေး လိုအပ်ချက် ဆိုတာပေါ် အခြေခံတဲ့ အငြင်းပွားမှုတွေ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ လူတယောက်တည်းမှာတင် အသက် သုံးနှစ်အရွယ် ကလေးတယောက်ရဲ့ မီးဆိုတာ ပူတယ်၊ မကိုင်ရဘူး ဆိုတဲ့ အသိနဲ့ အသက် သုံးဆယ်အရွယ် လူတယောက်ရဲ့ မီးဆိုတာ ဘယ်လို အသုံးချရမယ်၊ မီးဘေးအန္တရာယ်မဖြစ်အောင် ဘယ်လို ကာကွယ်ရမယ်၊ မီးဘေးသင့်လာရင် ဘယ်လို စီမံဆောင်ရွက်ရမယ် ဆိုတဲ့ အသိတရားတွေ မတူပါဘူး။ ဒီတော့ အတွေးအခေါ်ရေချိန်၊ အယူအဆရေချိန်၊ ပညာအရည်အချင်းရေချိန်၊ အလုပ်အကိုင်
နဲ့ တာဝန်ယူမှု ရေချိန်၊ ဘ၀ဖြတ်သန်းမှု ရေချိန်တွေမှာ အမျိုးမျိုး ကွဲပြားခြားနားနေတဲ့ လူတွေအတွင်းမှာ အငြင်းပွားမှုတွေ ဖြစ်တတ်ကြတာ ထုံးစံတခုပါပဲ။ အကြမ်းဖက်မှုဆိုတာနဲ့ ပတ်သက်ပြီး ပါလီမန်တွေ၊ တက္ကသိုလ်ကျောင်းတွေကနေ လမ်းဘေး အရပ်သားစကားဝိုင်းတွေအထိ အငြင်းပွားမှုတွေ ရှိတတ် ပါတယ်။
အငြင်းပွားမှုတွေထဲမှာ လက်နက်ကိုင်တော်လှန်ရေး (Armed Struggles) ဆိုတာနဲ့ အကြမ်းဖက်မှု (Terrorism) ကို ကွဲကွဲပြားပြား နားမလည်သူတွေက ဒီနှစ်ခုကို ရောထွေးပြီး ငြင်းခုန်လေ့ရှိပါတယ်။ ကမ္ဘာတ၀ှမ်းလုံးမှာ လက်နက်ကိုင် တော်လှန်ရေးနဲ့ အကြမ်းဖက်မှုကို ရောထွေး ပြောဆိုတတ်သူ လူနှစ်မျိုး ရှိပါတယ်။ တမျိုးက ကွဲပြားခြားနားမှုကို နားမလည်သူတွေဖြစ်ပါတယ်။ တမျိုးကတော့ နိုင်ငံရေးအစွန်းရောက် အတွေးအခေါ်တွေကြောင့် အကြမ်းဖက်မှုမှန်း သိပါလျက်နဲ့ ဒါကိုထောက်ခံ အားပေးပြီး Terrorist Propaganda of Justification ကို လုပ်ဆောင်နေသူတွေပါ။ပထမ အမျိုးအစားကိုတော့ ကွဲပြားခြားနားမှုကို ရှင်းလင်းပြောဆို အသိပညာပေးရပါမယ်။ ဒုတိယ အမျိုးအစားကိုတော့ သူတို့ Justification လုပ်နေတဲ့ အယူအဆတွေဟာ မှားယွင်းကြောင်း အသိပညာပေးခြင်းနဲ့ လိုအပ်လာရင် နှိမ်နင်းအရေးယူခြင်းတွေ ပြုလုပ်ရပါမယ်။ ဒီလိုမဟုတ်ရင် လူ့အဖွဲ့အစည်းအတွင်းမှာ အကြမ်းဖက်မှုကို ထောက်ခံတဲ့ သဘောတရားတွေ ပျံ့နှံ့သွားပြီး၊ လူ့အဖွဲ့အစည်း လုံခြုံရေး (Societal Security) ကို ထိခိုက်စေပါတယ်။
Global Terrorism ထွက်ပေါ်လာရခြင်းရဲ့ အခြေခံ source ဟာ intra-state conflicts တွေပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရတွေက state-terrorism ကျူးလွန်မှုတွေ ရှိလာတဲ့အခါ နိုင်ငံတကာက ၀င်ရောက်ဖြေရှင်းပေးဖို့ ကြိုးပမ်းရမှုတွေ ရှိသလို၊ Non-State actors တွေဖြစ်တဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေက political frustration ဖြစ်ပြီး အကြမ်းဖက်မှုတွေ မလုပ်လာအောင်ကိုလဲ စောင့်ကြည့်အကဲခတ်မှုတွေ၊ အသိပညာပေးမှုတွေ လုပ်လာကြပါတယ်။ အကြမ်းဖက်မှုနဲ့ ပတ်သက်
နေတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ စာရင်းတွေကို နိုင်ငံတကာ ပညာရှင်တွေက ရှာဖွေပြုစုပြီး၊ ဒီအဖွဲ့အစည်းတွေကို တော်လှန်ရေး အဖွဲ့အစည်းတွေကနေ အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်အောင် တွန်းအားပေး လှုံ့ဆော်လိုက်တဲ့ အတွေးအခေါ်၊ အယူအဆတွေ၊ ခေါင်းဆောင်တွေရဲ့ လွှမ်းမိုးမှုတွေကို လေ့လာဆန်းစစ်ထားကြပါတယ်။
အကြမ်းဖက်အတွေးအခေါ်ရှိတဲ့ ခေါင်းဆောင်တွေ တော်လှန်ရေးခေါင်းဆောင်တွေ ဖြစ်လာရင် အလွန် အန္တရာယ် ကြီးမားတဲ့အတွက် ဒီခေါင်းဆောင်တွေကို စုံစမ်းရှာဖွေ ဖော်ထုတ်ပြီး၊ ၄င်းတို့ရဲ့ ငွေကြေး အလွှဲအယူများကို လေ့လာစောင့်ကြည့်ရေး၊ ၄င်းတို့ ဦးဆောင်တဲ့ အဖွဲ့အစည်းများရဲ့ တော်လှန်ရေး လမ်းစဉ်ကို ဆန်းစစ်လေ့လာရေး၊ နောက်လိုက် အဖွဲ့ဝင်များအတွင်းမှ အကြမ်းဖက်မှုကို ထောက်ခံ အားပေးနိုင်ဖွယ်ရှိသူများကို ဖော်ထုတ်ရေး စတဲ့ လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေ ဆက်လုပ်ဖို့ကိုလဲ နိုင်ငံတကာ လုံခြုံရေးအဖွဲ့အစည်းများက ကြိုးပမ်းဆောင်ရွက်လာကြပါတယ်။ အကြမ်းဖက်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ အမည်တွေဟာ တိုးပွားလာခြင်းသာရှိပြီး၊ လျော့နည်းသွားခြင်း မရှိတဲ့အတွက် အကြမ်းဖက်မှုကို လက်နက်တခုအဖြစ် အသုံးချလိုက်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ ပိုမိုများပြား လာကြောင်း ယူဆနိုင်ပါတယ်။

Terrorist Propaganda of Justification
နိုင်ငံရေးပညာရှင် ဒေါက်တာ မောရစ်တာ့ခ်ဝဲလ် ဆိုသူက ကမ္ဘာတ၀ှမ်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်မှုကို ထောက်ခံသူတွေ သုံးလေ့ရှိတဲ့ ၀ါဒဖြန့်ချိရေးတွေကို လေ့လာကြည့်ရာမှာ အကြမ်းဖက်လုပ်ရပ်တွေအပေါ် justification လုပ်ပြတဲ့ အချက်သုံးချက်ကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီအချက် သုံးချက်ကတော့


တို့တတွေဟာ တော်လှန်ရေးသမားတွေဖြစ်တယ်။ ပြည်သူလူထုရဲ့ လွတ်မြောက်ရေးကို ဆောင်ကျဉ်းပေးနိုင်ဖို့ ပြည်သူ့ရန်သူတွေကို နှိမ်နင်းနေတာဖြစ်တယ်။ ဒီအတွက် တော်လှန်ရေး လှုပ်ရှားမှုကာလမှာ ပြည်သူ့ရန်သူတွေကို ချေမှုန်းတဲ့ ဘယ်လို လုပ်ငန်းစဉ်မျိုးကို မဆို လူထုက ထောက်ခံရမှာ ဖြစ်တယ်။


တို့တတွေဟာ ပြည်သူ့ရန်သူနဲ့ အပေါင်းအပါတွေကို တော်လှန်တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ ဒီလို တော်လှန်ရေးမှာ လူထုတရပ်လုံးက ပူးပေါင်းပါဝင်ရမယ်။ ရန်သူတွေကို ပေါင်းသင်းဆက်ဆံရေး မလုပ်ရဘူး။ ရန်သူကို ချေမှုန်းရင်းနဲ့ ရန်သူ့အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေပါ ထိခိုက်သွားရင် တာဝန်မယူဘူး။


တို့တတွေဟာ ဖိနှိပ်တဲ့ အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေကြတာ ဖြစ်တယ်။ ဒါကြောင့် ကြားနေတာကို လက်မခံနိုင်ဘူး။ ငါတို့နဲ့ ပူးပေါင်းပြီး ရန်သူကို တိုက်ရမယ်။ ငါတို့နဲ့ မပူးပေါင်းရင် ရန်သူ့လူလို့ သတ်မှတ်မယ်။ ရန်သူကို မတိုက်ပဲ ကြားမှာ နေသူတွေကို တော်လှန်ရေးအပေါ် မထောက်ခံသူတွေလို့ သတ်မှတ်မယ်။ ဒီလိုလူတွေ တော်လှန်ရေးအပေါ် ကိုယ်ချင်းစာနာစိတ် ရှိလာအောင်၊ ခံစားနားလည်တတ်လာအောင် အကြမ်းဖက်နည်းလမ်းတွေနဲ့ နှိုးဆွပေးဖို့ လိုတယ် စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။



 ဒီအချက်သုံးချက်ဟာ တော်လှန်ရေးသမားတွေ အကြမ်းဖက်မှုကို လက်ခံကျူးလွန် လာစေတဲ့ အတွေးအခေါ်၊ အယူအဆမှားတွေ ဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် Paul Wilkinson ဆိုသူကလဲ တတိယအချက်ဖြစ်တဲ့ ရန်၊ ငါ ပြဿနာဟာ တော်လှန်ရေးသမားတွေကို လူထုအပေါ် အညှာအတာမရှိ အကြမ်းဖက်မှုကျူးလွန်အောင် လှုံ့ဆော်ပေးလိုက်တဲ့ ပြဿနာဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်မှုကို ထောက်ခံသူတွေက ဒီ ရန်၊ ငါဆိုတဲ့ စကားလုံးကို Terrorist Propaganda of Justification အနေနဲ့ အသုံးပြုတတ်ကြပါတယ်။ တော်လှန်ရေးသမားတွေက ပြုလုပ်တဲ့ အကြမ်းဖက်မှုတရပ်မှာ ပြည်သူလူထုကို ထိခိုက်စေတာ မှန်ပေမယ့် တဘက်ရန်သူကို နှိမ်နင်းနိုင်တယ်ဆိုရင် အောင်ပွဲလို့ သတ်မှတ်ရမယ်၊ ပြည်သူလူထုကြီးအနေနဲ့ ဒီလိုထိခိုက်မှုတွေ ဆက်မဖြစ်စေချင်ရင် တော်လှန်ရေးထဲ ပါလာရမယ် ဆိုတဲ့ အယူအဆတရပ်ပါ။ ဒီအယူအဆဟာ အလွန်အန္တရာယ်ကြီးမားပြီး တော်လှန်ရေးလှေကို ၀မ်းဗိုက်ကနေ ထိုးခွဲချ၊ မြှုပ်ပစ်လိုက်နိုင်တဲ့ အယူအဆမျိုးပါ။ တော်လှန်ရေးတရပ်ရဲ့ လူထုထောက်ခံမှု မဏ္ဍိုင်ကို ရိုက်ချိုးဖျက်ဆီးပစ်လိုက် နိုင်ပါတယ်။
ရန်၊ ငါ စည်းပြတ်ရမယ်ဆိုတာ တော်လှန်ရေးသမား အချင်းချင်း ကာကွယ်ပေးဖို့ကို ဆိုလိုတာ မဟုတ်ပါ။ ပြည်သူလူထုကို ဒုက္ခပေးမယ့် ရန်သူတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ရဲတဲ့ တော်လှန်ရေး သစ္စာတရားရှိခြင်းကို ဆိုလိုပါတယ်။ တော်လှန်ရေး သစ္စာတရားဆိုတာ တော်လှန်ရေး သမား အချင်းချင်း သစ္စာစောင့်သိမှုကို ဆိုတာမဟုတ်ပါ။ ပြည်သူလူထုအပေါ်မှာ ထားရှိတဲ့ တော်လှန်ရေး သစ္စာတရားကို ဆိုလိုတာ ဖြစ်ပါတယ်။ ပြည်သူလူထုကို အန္တရာယ်ဖြစ်စေတဲ့ လုပ်ရပ်ဆိုရင် တော်လှန်ရေး သမားတယောက်ဟာ ရန်ငါ စည်းပြတ်ပြီး ပြတ်ပြတ်သားသား ကန့်ကွက်ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရန်၊ ငါ စည်းဆိုတဲ့ စကားလုံးကို Terrorist Propaganda of Justification အနေနဲ့ အသုံးချလာတဲ့အခါ ဒါကို လူထုရှေ့က ရပ်တည်တဲ့ တော်လှန်ရေးသမားတွေက ကန့်ကွက်ရှုတ်ဖို့ လိုအပ်ပါတယ်။




အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ justification တွေမှာ အကြမ်းဖက်မှုဆိုတာကို တော်လှန်ရေး သမားတွေနဲ့ လူထုက လက်ခံလာအောင် ဒီလိုနည်းတွေနဲ့ justification လုပ်နေတာတွေ ရှိသလို၊ တော်လှန်ရေးသမားတွေ ကိုယ်တိုင်က အကြမ်းဖက်မှုဆိုတာ တော်လှန်ရေးတရပ်ရဲ့ Political Ends အတွက် အသုံးပြုရမယ့် Means တရပ်အနေနဲ့ လက်ခံကျင့်သုံးလာစေတဲ့ Justification တွေလဲ ရှိပါသေးတယ်။ ပညာရှင်အများစု အာရုံစိုက်တာကတော့ Thrasymachan Justification ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးသမားတွေကို သင်ကြားပို့ချတဲ့ နိုင်ငံရေးသဘောတရားရေးရာ သင်တန်းတွေအထိ ပါဝင်နေတတ်ပါတယ်။

Thrasymachan Justification for Terrorism
နိုင်ငံရေး၊ ဘာသာရေး အစွန်းရောက်နေသူတွေဟာ ဥပဒေကြောင်းအရ၊ ကိုယ်ကျင့်တရားအရ အကြမ်းဖက်မှုကို ကန့်ကွက်ဆန့်ကျင်တာတွေကို လက်ခံစဉ်းစားလေ့မရှိကြပါဘူး။ သူတို့က ဒါတွေကို ရန်သူကို ထောက်ခံနေသူတွေကသာ အကြမ်းဖက်မှုကို ဆန့်ကျင်တယ်လို့ အထင်ရောက်တတ်ကြပြီး အကြမ်းဖက်မှုကို ကန့်ကွက်ဆန့်ကျင်သူတွေကို ရန်သူ့ဘက်တော်သားတွေအနေနဲ့ သတ်မှတ် စွပ်စွဲတတ်ကြပါတယ်။ အကြမ်းဖက်မှုကြောင့် လူအများကြားမှာ climate of fear ပျံ့နှံ့လာပြီး နိုင်ငံရေးအကျပ်အတည်းတွေကို ဖောက်ထွက်နိုင်မယ့် political outrage ကို ဖန်တီးနိုင်မယ်လို့လဲ ယူဆထားလေ့ရှိကြပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုကို ဆန့်ကျင်တာဟာ ဒီလို political outrage ဖန်တီးနိုင်မယ့် အခွင့်အလမ်းတွေကို နှောင့်နှေးအောင် လုပ်တာလို့ ထင်မြင်စွပ်စွဲတတ်ကြပါတယ်။ ဒီလို တွေးခေါ်ယူဆချက်တွေ၊ ထင်မြင်စွပ်စွဲမှုတွေဟာ Thrasymachan Justification အပေါ်မှာ သက်ဝင်ယုံကြည်နေလို့ပဲ ဖြစ်ပါတယ်။


နိုင်ငံရေးသင်တန်းတွေ၊ ခေါင်းဆောင်တွေရဲ့ နှုတ်မြွက်စကားတွေမှာ Thrasymachan Justification သဏ္ဍာန်တွေ ပါဝင်လာပြီဆိုရင် ကြောက်မက်ဖွယ်ရာ သမိုင်းနိဒါန်းတွေ စလာတော့မယ်လို့ ဆိုနိုင် ပါတယ်။ Thrasymachan Justification မှာ သဏ္ဍာန်ကြီးနှစ်ခု ရှိပါတယ်။ ပထမသဏ္ဍာန်က " အကြမ်း ဖက်မှုဆိုတာ တော်လှန်ရေး ရှိနေကြောင်းကို ဖော်ကျူးနေတဲ့ ပြယုဂ်တခုဖြစ်တယ်။ တော်လှန်ရေးကို လူအများက သိရှိလာဖို့၊ လက်ခံယုံကြည်လာဖို့၊ လူအများရဲ့ စိတ်ဓာတ်တွေ နိုးကြားတက်ကြွ လာဖို့အတွက် လူအများသတိပြုမိနိုင်မယ့် အချိန်ကာလတွေ၊ နေရာတွေမှာ အကြမ်းဖက် လုပ်ရပ်တွေကို ပြုလုပ်ဖို့ လိုအပ်တယ်။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် ရန်သူကို အားပျော့သွားအောင်၊ စိတ်အနှောင့်အယှက် ဖြစ်အောင်၊ ရန်သူရဲ့ အားနည်းချက်ကို လူအများသိလာအောင် လုပ်နိုင်မယ်။ လူတွေအကြားမှာ အကြောက်တရားတွေ ပျံ့နှံ့လာပြီး ၊ ဘက်တခုမှာ ရပ်တည်မှ ဖြစ်တော့မယ်လို့ ယူဆချက်တွေ ပေါ်ထွန်းလာမယ်၊ တော်လှန်ရေးနဲ့ ပူးပေါင်းလာကြမယ်" ဆိုတဲ့ သဏ္ဍာန်ပါ။ ရန်သူရဲ့ အုပ်ချုပ်ရေးယန္တရားကို မဖြိုဖျက်နိုင်ခင်မှာ ရေတိုအနေနဲ့ အကြမ်းဖက်မှုတွေ သုံးဖို့ လိုအပ်တယ်လို့ ဒီသဏ္ဍာန်ကို လက်ခံသူတွေက ပြောဆိုစည်းရုံးတတ်ပါတယ်။
ဒုတိယသဏ္ဍာန်ကတော့ "အကြမ်းဖက်မှုဆိုတာကို တော်လှန်ရေးရဲ့ လက်နက်တခုအနေနဲ့ အသုံးပြုခြင်း" ဖြစ်ပါတယ်။ "တဘက်ရန်သူဟာ အားသာပြီး၊ တော်လှန်ရေးသမားတွေက အားနည်း သူတွေဖြစ်တဲ့အတွက် အကြမ်းဖက်မှုကို စစ်ပွဲရဲ့ လက်နက်တခုအနေနဲ့ အသုံးပြုရမှာဖြစ်ပြီး၊ ဒီလို အကြမ်းဖက်မှုမှာ သေဆုံးသွားသူတွေဟာလဲ စစ်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးသာ ဖြစ်တယ်" ဆိုတဲ့ သဏ္ဍာန်တခုပါ။ တော်လှန်ရေးသမားတွေဟာ ဒီသဏ္ဍာန် တမျိုးမျိုးကို လက်ခံလာပြီဆိုတာနဲ့ အကြမ်းဖက် စည်းဘောင်ကို ကျော်ဖို့ ၀န်မလေးတော့ပဲ ဖြစ်လာတတ်ပါတယ်။ ဒါတွေဟာ လူ့အဖွဲ့အစည်းက လက်မခံနိုင်တဲ့ အတွေးအခေါ်တွေဖြစ်ပါတယ်။ ဒီအတွေးအခေါ်တွေ လူထုကြားကို ပျံ့နှံ့လာတဲ့အခါ လူထုဟာ သူတို့ဘာသာ သူတို့ သားကောင်ဘ၀ကို ရောက်နေသူတွေလို့ ထင်မြင်ယူဆသွားပါတယ်။ တော်လှန်ရေးသမားတွေကို လူထုအတွက် ရှေ့ကနေ မားမားမတ်မတ်

တိုက်ပွဲဝင်နေသူတွေလို့ မယူဆတော့ပဲ အာဏာရရှိရေးအတွက် နှစ်ဘက်အဖွဲ့အစည်း တိုက်ခိုက်နေကြ တာမှာ လူထုက မြေစာပင်တွေဖြစ်လာတယ်လို့ ထင်မြင်သွားပါတော့တယ်။ အဲဒီအခါမှာ လူထုနဲ့ တော်လှန်ရေး ဝေးကွာသွားပါတယ်။
တော်လှန်ရေးမှာလဲ အစွန်းရောက် (radicals) တွေနဲ့ moderates တွေ ကွဲထွက်သွားပါတယ်။ radicals တွေက အင်အားကြီးမားနေတဲ့အခါ moderates တွေ ဘေးထွက်ထိုင်ကြပါတော့တယ်။ တော်လှန်ရေး အင်အားစုတွေ စတင်ပြိုလဲကုန်ပါတယ်။ လူထုစည်းရုံးရေး လုပ်ငန်းစဉ်ကို ထိခိုက်လာပါတယ်။ ဒါကြောင့်လဲ အကြမ်းဖက်မှုကို ရေတိုပြယုဂ်အနေနဲ့ အသုံးပြုလိုက်တဲ့ တော်လှန်ရေးပဲဖြစ်ဖြစ်၊ ရေရှည် လက်နက်တခုအနေနဲ့ ကိုင်စွဲထားတဲ့ တော်လှန်ရေးပဲဖြစ်ဖြစ် မူလတော်လှန်ရေး ရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင်စနစ် ဖယ်ရှားရေး (သို့မဟုတ်) ကျူးကျော်တဲ့ အစိုးရ ပြန်ထွက်သွားရေး (သို့မဟုတ်) လူမျိုးရေး၊ ဘာသာရေး တန်းတူညီမျှခွင့် ရရှိရေး စတာတွေကို ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်ပဲ ဖြစ်သွားကြတော့တာ ဖြစ်ပါတယ်။
Thrasymachan Justification ရဲ့ အရေးကြီးဆုံး အားနည်းချက်တခုကတော့ အကြမ်းဖက်မှုဆိုတာကို တော်လှန်ရေးနဲ့ တွဲစပ်ထားခြင်းပါပဲ။ အကြမ်းဖက်မှုမပါပဲ ဆင်နွှဲနိုင်ခဲ့တဲ့ လူထုတိုက်ပွဲတွေ၊ လက်နက်ကိုင်တော်လှန်ရေးတွေ၊ အထွေထွေသပိတ်ကြီးတွေကြောင့် တော်လှန်ရေး ရည်မှန်းချက်တွေ ပြည့်ပြည့်၀၀ အကောင်အထည်ဖော်နိုင်ခဲ့တာတွေ ကမ္ဘာမှာ အများကြီးပဲ ဖြစ်ပါတယ်။ အကြမ်းဖက်မှုကို တွဲစပ်လိုက်မှသာ တော်လှန်ရေးသမားတွေဟာ hostes humani generis တွေ ဖြစ်ကုန်ကြတာပါ။ ဘယ်လို လူ့အဖွဲ့အစည်းမျိုးကမဆို ဒီလို scourge ကို ဆန့်ကျင်ကြပါတယ်။ 


နိဂုံး
ချုပ်၍ ဆိုရရင် အကြမ်းဖက်မှုဆိုတာ အပြစ်မဲ့ ပြည်သူတွေကို ထိခိုက်ပျက်စီးစေခြင်း၊ တဘက် ရန်သူတွေနဲ့ အပြစ်ရှိသူတွေကို ချေမှုန်းရာမှာ အပြစ်မဲ့ ပြည်သူလူထုကိုပါ ဘေးထွက်ဆိုးကျိုး အဖြစ် ထိခိုက်စေခြင်း၊ လူထုအကြားမှာ အကြောက်တရား ပျံ့ပွားလာစေပြီး လူ့အဖွဲ့အစည်း လုံခြုံရေး (Societal Security)ကို ခြိမ်းချောက်ခြင်းစတဲ့ သဘောလက္ခဏာတွေ ဆောင်တာဖြစ်တဲ့အတွက် အကြမ်းဖက်မှုဆိုတာကို လူတွေရဲ့ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး (Freedom from fear) လူ့အခွင့်အရေးကို တိုက်ရိုက်ခြိမ်းချောက်မှုလို့ သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုများကို ထောက်ခံအားပေးခြင်း၊ Justification ပြုလုပ်ခြင်းများကို ရှောင်ရှားပြိး၊ လူ့အဖွဲ့အစည်းတရပ်လုံးက ညီညီညွတ်ညွတ် ကန့်ကွက်ဆန့်ကျင်ကြဖို့ လိုအပ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။ 

ခင်မမမျိုး (၂၅၊ ၁၀၊ ၂၀၁၂)




ရည်ညွှန်းကိုးကား-
Anderson, L. (2002) The Evil in Terrorists’ Minds, Chattanooga Times Free Press, Dec. 3, 2002.
Cohan, J. (2002) Formulation of a State’s Response to Terrorism and State-Sponsored Terrorism, Pace Intl. L. Rev. 77, 87 n. 48.
Friedlander, R. (1979) Terrorism, Documents of International and Local Control, Dobbs Ferry, NY: Oceana Publications.
Hoffman, B. (1998) Inside Terrorism, London, Indigo.
Hoffman, B. (2002) The Mind of the Terrorist: Perspectives from Social Psychology, in Kushner, H. (ed.) Essential Readings on Political Terrorism, Richard Altschuler & Associates., Inc.
Hammond, M. (2002) Writing on Sept. 11, St. Petersburg Times, Sept. 8, 2002.
Laqueur, W. (2003) No End to War: Terrorism in the 21st century, London, Continuum. 


Lemkin, R. (1944) Axis Rule in Occupied Europe: Laws of occupation, Analysis of government, Proposals for Redress, Washington DC, Carnegie Endowment for International Peace.
Li, Q. (2005) “Does democracy promote or reduce transnational terrorist incidents?”, Journal of Conflict Resolution, 49 (2)
Martin, G. (2003) Understanding Terrorism: Challenges, Perspectives and issues, London, Sage.
Mill, J. (1984) “The Contest in America”, in Robson, J. (ed.) Essays on Equality, Law, and Education XXI, 137 , University of Toronto Press.
Sederberg, P. (1989) Terrorist Myths: Illusion, Rhetoric and Reality, Englewood Cliffs, Prentice Hall.
Tugwell, M. (1978) 'Revolutionary Propaganda and Possible Counter-Measures', Ph.D. Thesis, King's College, University of London.
Williams, G. (1989) J.S. Mill and Political Violence, Utilitas 102-103.
Wikinson, P. (1989) 'Ethical Defence of Terrorism-Defending the Indefensible', Terrorism and Political Violence, 1 (1). 



စာရေးသူ၏ ကိုယ်ရေးအကျဉ်း
ကလောင်အမည်-ခင်မမမျိုး
မွေးဖွားရာဇာတိ-တောင်ကြီးမြို့၊ မြန်မာနိုင်ငံ
လက်ရှိနေရပ်-အဘာဒင်းမြို့၊ ယူကေနိုင်ငံ
ပညာအရည်အချင်း-နိုင်ငံရေးနှင့် အစိုးရရေးရာ ဒီပလိုမာ၊ နိုင်ငံတကာလေ့လာရေး ဘီအေဂုဏ်ထူးဘွဲ့၊
နိုင်ငံရေးဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့၊
စစ်မဟာဗျူဟာလေ့လာရေး မဟာသိပ္ပံဘွဲ့၊
နိုင်ငံရေးသုတေသန မဟာသုတေသနဘွဲ့။
လက်ရှိ-နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ကျောင်းသူ၊ ဘုရင့်ကောလိပ်
အဘာဒင်းတက္ကသိုလ်။
တွဲဖက်သုတေသီ၊ ကောဘက်စင်တာ၊
စစ်ဦးစီး တက္ကသိုလ်။
ပရော်ဖက်ရှင်နယ်အဖွဲ့ဝင်-နိုင်ငံတကာ လုံခြုံရေးအဖွဲ့၊ နိုင်ငံတကာ လေ့လာရေးအသင်း၊ အမေရိကန်ပြည်ထောင်စု။
လုံခြုံရေးနှင့် ထောက်လှမ်းရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင် အဖွဲ့၊ နိုင်ငံရေးရာ လေ့လာရေးအသင်း၊ ဗြိတိန်နိုင်ငံ။
အကြမ်းဖက်မှုနှိမ်နင်းရေးနှင့် လုံခြုံရေး ဆိုင်ရာ နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များ အစည်းအရုံး၊ အမေရိကန် ပြည်ထောင်စု။
ယဉ်ကျေးမှုရေးရာသံတမန်သိပ္ပံ၊ ဂျာမဏီ။








ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။