Napaw campကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်လိုင်ဇာကို
ထိုးစစ်ဆင်နေသည့် အစိုးရကြည်းတပ်ဖွဲ့များအား လေတပ် တိုက်လေယာဉ်များက
အကြိမ်ကြိမ် ပစ်ကူပေး နေရသည်ဟု KIA ပြောခွင့်ရသူ ဦးလနန် က ဆိုသည်။
“ဒီလိုဗျ။ အလုံးအရင်းနဲ့ တက်လာတယ်။ သူတို့တပ်တွေကို ပိတ်ပြီး တိုက်တော့
လေကြောင်းအကူ ပေးရတဲ့ သဘော ပါဘဲ။ တိုက်ပွဲဖြစ်တဲ့ နေရာကတော့ မြစ်ကြီးနား -
လိုင်ဇာ လမ်းပိုင်းမှာ ဂန်တောင်ယန်မှာ တစ်ပွဲ- ဘန်ဒေါင် -နန်ယာရဲ့ အရှေ့
ဘက် ဂန်ဒေါင်ဒုကျေးရွာ ဘက်မှာဖြစ်တယ်။ တိုက်ပွဲကြီး၂ ပွဲ ပေါ့ဗျာ။
နေ့လည်တစ်နာရီ ကျော်ကျော်မှာဖြစ်တယ်။ သူတို့က တိုက်လေယာဉ်နဲ့ ပစ်ခတ်
နေပေမဲ့ ကျနော်တို့ဘက်က ထိခိုက်တာမျိုး မရှိဘူး ခင်ဗျ။” ဟု ဆိုသည်။
ယမန်နေ့ နေ့လည်က လေတပ်မှ ဗုံးကျဲ ချထားသော နေရာများသို့ ကြည်းတပ်က နေရာ ၀င်ယူနိုင်ရန် အမြောက်တပ်က တနေကုန် ပစ်ကူပေး နေခြင်း ဖြစ်သည်။
ဗန်းမော်- လိုင်ဇာ လမ်းကြောင်း အပါအ၀င် လဂျားယန် တ၀ှိုက် နေရာယူထားသည့်
တပ်ဖွဲ့များအပြင် မြစ်ကြီးနား လိုင်ဇာလမ်းကြောင်းနှင့် စတန်ပါ - လိုင်ဇာ
လမ်းကြောင်းများရှိ အစိုးရတပ်များကိုပါ KIA က တန်ပြန်တိုက်ခိုက်နေ
ခြင်းဖြစ်သလို အစိုးရတပ်ဖွဲ့များ အထိနာပြီး ရှေ့တိုး၍ မရသဖြင့်
လေကြောင်းအကူ ယူရခြင်းဖြစ်သည်ဟု KIA က ယူဆထားသည်။
KIO ဌာနချုပ် အနီး တိုက်ပွဲများ ဖြစ်ပွားနေသလို ယမန်နေ့ကမှ မြစ်ကြီးနားကို
ရထားစင်းလုံးဖြင့် ရောက်လာ သော အစိုးရတပ်ဖွဲ့ တပ်မ ၁၀၁ မှ စစ်ကူများသည်
ယနေ့တွင် ဂန်ဒေါင်ယန်ကို ရောက်ရှိလာခဲ့သည်ဟု KIA က ဆိုသည်။
“မနေ့က သူတို့ လေယာဉ်နဲ့ ပစ်ရှင်းခိုင်းထားတယ်။ အဲဒီနေရာမှာ သူတို့
စစ်ကြောင်းတွေ ဝင်လာတယ်။ အလွယ်တကူ ဝင်လာ တာပေါ့ဗျာ။ သူတို့ နေရာယူ ထားပြီး
မနေ့ ညနေမှာ စပြီးတော့ မြေပြင်တိုက်ပွဲ စဖြစ်တယ်။ ဒီနေ့မနက်လဲ ဖြစ် တယ်။
ကျနော်တို့ တပ်ဖွဲ့တွေက နောက်ကနေ ဝိုင်းပြီးတော့ ပိတ်ဆို့လိုက်တဲ့ အခါမှာ
ဒီလဂျားယန် ဘက်မှာ သူတို့ စစ်ကြောင်းတွေ ပိတ်မိကုန်တယ်။ အဲတာကြောင့် သူတို့
လေယာဉ်နဲ့ နေ့လယ်မှာ တကြိမ် ညနေပိုင်းမှာ တကြိမ် ပြန်လာပစ်ပေးတယ်။” ဟု
ဆိုသည်။
အစိုးရ၏ အမြောက်တပ် ပစ်ကူများနှင့် လေယာဉ်ဗုံးကျဲမှုများသည်
ထိရောက်မှုမရှိသလို ကြည်းတပ်များ သည်လည်း တိုက်ခိုက်ရေးစွမ်းရည်ထက်
အင်အားအဆမတန် သုံးပြီး ဖိအားပေးသည့် နည်းကို အသုံးပြုနေ ရသည်ဟု
စစ်ရေးအကဲခတ်များက ဆိုသည်။ သို့သော် ဖိအားပေးသလောက် မထိရောက်သဖြင့်
နောက်ထပ်စစ်ကူများ ပို့ပေးနေရခြင်းဖြစ် ဖွယ်ရှိကြောင်း ပြောဆိုသည်။
လောလောဆယ်တွင် မြစ်ကြီးနား မြို့နယ်ရှိ ဧရာဝတီ မြစ်ကမ်းတလျှောက်တွင် ညနေ ၆
နာရီမှ နံနက် ၆ နာရီထိ သွားလာခွင့်မပြုရန် အမိန့်ထုတ်၍ ရက်အကန့်အသတ် မရှိ
ပိတ်ပင်ထားကြောင်း သိရသည်။
ရွှေဟင်္သာ သတင်း
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
တခါက ဟောပြောပွဲလေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့
ပညာရေးရံပုံငွေပွဲမှာ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းစကား ပြောထားတဲ့
ဗွီဒီယိုဖိုင်လေးကို ကြည့်မိရင်း တခါက ဟောပြောပွဲလေးတခုကို သတိသွားရမိပါတယ်။
ဟောပြောပွဲလေး ကျင်းပရာနေရာက ပြည်ပနိုင်ငံတခုက၊ အဆင့်မြင့်တက္ကသိုလ်ကြီးတခုမှာပါ ။
ဟောပြောပွဲတက်ရောက်သူတွေက ပြည်ပရောက်မြန်မာတွေပါ။ နိုင်ငံခြားသား သုံးလေးယောက်တော့
ပါပါတယ်။
လေးစားရတဲ့
အန်ကယ်ကြီးတယောက်က အဲဒီဟောပြောပွဲလေးမှာ ပါဝင်ဟောပြောပေးဖို့ ဖိတ်ကြား တာကြောင့်
ကြေငြာထားတဲ့ အစီအစဉ် စတင်ချိန်ထက် နာရီဝက် ကြိုတင်ပြီး အဲဒီကို
ရောက်သွားခဲ့ပါတယ်။ ဟိုရောက်တော့ အခမ်းအနားကျင်းပသူများ ဘယ်သူမှ
မရောက်သေးတာကြောင့် စောင့်နေလိုက်တာ တနာရီအကြာမှာ အုပ်စုလိုက် ရောက်လာကြပါတော့တယ်။
ဒီလိုနဲ့
ဟောပြောပွဲပြုလုပ်တဲ့ နေရာဖြစ်တဲ့ သင်ကြားရေးခန်းမ (lecture theatre) ထဲကို
ဝင်သွားခဲ့ကြပြီး၊ အလံချိတ်၊ အခမ်းအနားပြင်ဆင်တာ လုပ်ကြပါတယ်။ အလံချိတ်တော့
ပါဝါပွိုင့်ပြရမယ့် screen ရှေ့မှာ ချိတ်ကြပါတယ်။ ဟောပြောမယ့် လူတွေကလဲ
ပါဝါပွိုင့်စလိုက်နဲ့ ဟောပြောကြမယ့်အပြင်၊ video conference နဲ့ အခြားနိုင်ငံက
မြန်မာပညာရှင်တယောက်ကပါ ဟောပြောပေးမှာ ဖြစ်တဲ့အတွက် အလံကို နေရာပြောင်း
ချိတ်သင့်ကြောင်း အကြံပေးတော့ ကိစ္စမရှိဘူး၊ အလံက အရေးကြီးတယ်လို့ ဆိုကြပါတယ်။
ဒီလိုနဲ့
အခမ်းအနားမစတင်ခင်မှာပဲ စေတနာရှင်က အလှူပြုတဲ့အတွက် ထမင်းကြော်နဲ့
ခေါက်ဆွဲကြော်တွေကို lecture theatre ထဲမှာ အားပါးတရ ထိုင်စားကြပါတယ်။ စားလို့
မပြီးသေးခင်မှာ ဟောပြောပွဲစတဲ့အတွက် အလံတွေဘာတွေ အလေးပြုပြီး၊
ဟောပြောပွဲဆက်လုပ်နေချိန်မှာ နားထောင်သူတွေကလဲ ထမင်းကြော်ဘူး၊
ခေါက်ဆွဲဘူးလေးတွေကို ရှေ့ချလို့။ စားရင်းသောက်ရင်း၊ နားထောင်ရင်းနဲ့ပါ။
တက္ကသိုလ်တခုရဲ့
သင်ကြားရေးခန်းမဆိုတာ အစားအစာ၊ အသာထားလို့၊ ဖျော်ရည်တောင် ယူဝင်ခွင့်မရှိပဲ၊
ဆရာတွေတောင် စာသင်ကြားတဲ့အခါ ရေဗူးသာ ယူဝင်ခွင့်ရှိတဲ့ စည်းကမ်းနဲ့ အသားကျနေတဲ့
စာရေးသူနဲ့ မိတ်ဆွေ ကထိက ဆရာမလေးတယောက်ကတော့ ငိုရခက်၊ ရယ်ရခက်မျက်နှာနဲ့
တယောက်မျက်နှာသာ တယောက်ကြည့်မိကြရင်း......။
ဒီလိုနဲ့
Video Conference ပရိုဂရမ်ကို အသုံးပြုပြီး၊ အခြားနိုင်ငံက မြန်မာပညာရှင်က
ဟောပြောချိန်မှာတော့ အခြေအနေက ပိုဆိုးသွားပါတယ်။ အလံက ကွယ်နေတာကြောင့်
ဟောပြောသူကိုလဲ ခေါင်းပဲ မြင်ရပါတယ်။ အခန်းထဲကို ၀င်လိုက်ကြ၊ ထွက်လိုက်ကြ၊
စကားပြောလိုက်ကြနဲ့ ကြွက်ကြွက်ကို ညံနေတော့တာပါပဲ။ ထိုင်ခုံတွေရဲ့နောက်မှာ
မတ်တပ်ရပ်ရင်း စကားလက်ဆုံ ကျသူတွေကလဲ ရှိလာပါတယ်။
ကြေငြာထားတဲ့
အစီအစဉ်တွေက တမျိုး၊ အချိန်တနာရီနောက်ကျပြီးမှ စတဲ့ ပွဲဖြစ်တာကြောင့်
အခမ်းအနားမှူးက အဆင်ပြေသလို ရှေ့ကျော်ခေါ်၊ နောက်ကျော်ခေါ်နဲ့ ညှိနှိုင်းရတမျိုးနဲ့
အစီအစဉ်တွေက ရှေ့ရောက်၊ နောက်ရောက် ဖြစ်နေပါတယ်။ နောက်တော့ တွတ်တွတ်ထိုး အသံတွေက
အရမ်းများလာတာကြောင့် ကော်ဖီသောက်နားချိန် လုပ်လိုက်ပါတယ်။ ဆယ်မိနစ်လို့ ဆိုပါတယ်။
ဆယ်မိနစ်ဆိုပေမယ့်လဲ
မိနစ်နှစ်ဆယ်လောက် အချိန်ယူလိုက်ရပါတယ်။ နောက်တော့ အခမ်းအနား ပြန်စပါတယ်။
အခမ်းအနားစပြီး၊ ဟောပြောဖို့အတွက် ကံဆိုးစွာပဲဆိုရမလား၊ အခမ်းအနားမှူးက စာရေးသူကို
ခေါ်ထုတ်လိုက်ပါတယ်။ စင်ပေါ်ကနေ လှမ်းမြင်ရတာက အလွန်ထူးဆန်းတဲ့ မြင်ကွင်းပါ။
အခမ်းအနားလဲ
စနေပြီး၊ ဟောပြောသူလဲ စင်ပေါ်ရောက်နေပြီ ဖြစ်ပေမယ့် ခုံတန်းတွေနောက်မှာ ရပ်နေသူတွေက
စကားလက်ဆုံကျနေကြဆဲ၊ ကော်ဖီခွက်တွေက လက်ထဲ ကိုင်ထားကြဆဲ။ မိုးတိုးမတ်တပ် ရပ်နေသူတွေကလဲ
ရပ်နေကြဆဲ။ သိန်းပေါင်းများစွာရှိတဲ့ လူထုလှုပ်ရှားမှုပွဲတွေမှာတောင် ဟောပြောသူ
စင်ပေါ်ရောက်နေချိန်မှာ ဒီလိုမြင်ကွင်းဖို့ မြင်တွေ့ရဖို့ ခဲယဉ်းလှပါတယ်။
ဒါနဲ့
စာရေးသူလဲ စင်ပေါ်မှာ ဘာမှ စကားစမပြောပဲ ရပ်နေလိုက်ပါတော့တယ်။ ဒီလိုနဲ့
စကားတွတ်တွတ်ထိုး နေသူတွေကိုပဲ လိုက်ကြည့်နေလိုက်တာ အချိန်သုံးလေးမိနစ်ကြာတော့မှ
သတိထားမိသွားကြပြီး၊ တံတောင်နဲ့ အချင်းချင်းတွတ်ပြီး ငြိမ်သွားကြပါတယ်။
ဒီတော့မှ
မူလအစီအစဉ်တုန်းက မိနစ်လေးဆယ်လို့ သတ်မှတ်ထားတာကြောင့် ပြင်ဆင်ထားတဲ့
ဟောပြောမှုကို ဆယ့်ငါးမိနစ်နဲ့ အတိုချုံ့၊ အမြန် ပြောလိုက်ရပါတော့တယ်။ စာရေးသူရဲ့
ဘ၀သက်တမ်းတလျှောက်မှာ ကိုယ်တိုင်ပါဝင်ဟောပြောဖြစ်ခဲ့ တဲ့ ပွဲတွေရော၊ အများတကာ
ဟောပြောတဲ့ ပွဲတွေပါ အကြိမ်ပေါင်းများစွာ ကြုံခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီပွဲလေးကတော့
တကယ့်ကို အမှတ်တရလေးပါပဲ။
သြော်-
ရေခြားမြေခြား၊ ပြည်ပရောက်မြန်မာများရဲ့ ဒီဟောပြောပွဲလေးကိုများ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖြစ်ခဲ့ရင် ဘယ်လိုများ၊
ပြောကြားလေမလဲဆိုတာ သိချင်စမ်းပါဘိ။
ခင်မမမျိုး
(၂၉၊ ၁၂၊ ၂၀၁၂)
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
မြန်မာစစ်တပ်နှင့် တရုတ်စစ်တပ် ရွှေလီမြို့၌ဆွေးနွေး

December 28, 2012 by Myitkyina blog news
မြန်မာ့တပ်မတော်နှင့် တရုတ်ပြည်သူ့လွှတ်မြောက်ရေးတပ်မေ
ကြောင်း သိရှိရသည်။
မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးစတင်ရန် ယ-ရက် ကို ဒီဇင်ဘာလ(၂၈) သတ်မှတ်ခဲ့သည့်အတိုင်း မနက် (၆)နာရီမှစတင်ကာ ဒေါ့ဖုန်းယန်မှ လက်နက်ကြီးဖြင့် မိနစ်ခြား ပစ်ခတ်ခဲ့သည်။ ၉ နာရီအချိန်မှစတင်ကာ SOKO G-4 Super Galeb (၄)စီးကို (၂)စီးတွဲ၍ လဂျားယန်၊ Hpun Pyen Bum တို့ကို ၁၀ နာရီခွဲအထိ လာရောက်ပစ်ခတ်ခဲ့သည်။ ဂျက် G-4 Super Galeb နှင့် တိုက်ခိုက်ရာတွင် တရုတ်နိုင်ငံနယ်နိမိတ် ကျော်လွန် ပျံသန်းလှည့်ပတ်ခဲ့သည်။ G-4 Super Galeb နှင့်အတူ Mi-24 စစ်ရဟတ်ယာဉ်(၂)စီးလည်း ပါဝင်ကူညီ တိုက်ခိုက်ခဲ့သည်။
မြန်မာ့တပ်မတော်အရာရှိများသည် ရွှေလီဆွေးနွေးပွဲ၌ တင်ပြရာတွင် စစ်ဆင်ရေးကို ဒီ-၂၈ သတ်မှတ်ထား ကြောင်း၊ အိမ်နီးချင်းနိုင်ငံက အနည်းငယ် မျက်စိမှိတ်၊ နားပိတ်ထားစေလိုကြောင်း၊ နယ်စပ်ကျော်လွန် ၀င်ရောက်မှုရှိပါက နားလည်ခွင့်ပြုပေးစေလိုကြောင်း၊ ပစ်မှတ်မှားယွင်းကျရောက်ပါကလည်း
အရပ်သားများ ထိခိုက်ပါက မိမိအစိုးရက စိတ်ကျေနပ်မှုအတိုင်းအတာအထိ
တာဝန်ယူသွားမည်ဖြစ်ကြောင်း တောင်းဆိုခဲ့ ကြောင်း သိရှိရသည်။
တရုတ်စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များ မှာ လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ကြောင်း သိရှိရသည်။
( photo - Dep. Commander Soe Win's Visit to China )
မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးစတင်ရန် ယ-ရက် ကို ဒီဇင်ဘာလ(၂၈) သတ်မှတ်ခဲ့သည့်အတိုင်း မနက် (၆)နာရီမှစတင်ကာ ဒေါ့ဖုန်းယန်မှ လက်နက်ကြီးဖြင့် မိနစ်ခြား ပစ်ခတ်ခဲ့သည်။ ၉ နာရီအချိန်မှစတင်ကာ SOKO G-4 Super Galeb (၄)စီးကို (၂)စီးတွဲ၍ လဂျားယန်၊ Hpun Pyen Bum တို့ကို ၁၀ နာရီခွဲအထိ လာရောက်ပစ်ခတ်ခဲ့သည်။ ဂျက် G-4 Super Galeb နှင့် တိုက်ခိုက်ရာတွင် တရုတ်နိုင်ငံနယ်နိမိတ် ကျော်လွန် ပျံသန်းလှည့်ပတ်ခဲ့သည်။ G-4 Super Galeb နှင့်အတူ Mi-24 စစ်ရဟတ်ယာဉ်(၂)စီးလည်း ပါဝင်ကူညီ တိုက်ခိုက်ခဲ့သည်။
မြန်မာ့တပ်မတော်အရာရှိများသည် ရွှေလီဆွေးနွေးပွဲ၌ တင်ပြရာတွင် စစ်ဆင်ရေးကို ဒီ-၂၈ သတ်မှတ်ထား ကြောင်း၊ အိမ်နီးချင်းနိုင်ငံက အနည်းငယ် မျက်စိမှိတ်၊ နားပိတ်ထားစေလိုကြောင်း၊ နယ်စပ်ကျော်လွန် ၀င်ရောက်မှုရှိပါက နားလည်ခွင့်ပြုပေးစေလိုကြောင်း၊
( photo - Dep. Commander Soe Win's Visit to China )
Face book မှ
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
လိုင်ဇာမြို့တွင် ဒေသခံများက ဗုံးခိုကျင်းများ တူးဖော်နေကြ
ကချင်လွတ်မြောက်ရေးတပ်မတော်-KIA ဌာနချုပ် အခြေစိုက်သည့် လိုင်ဇာမြို့အား မြန်မာ စစ်တပ်များက တိုက်ခိုက်သိမ်းပိုက်ရန် ၀ိုင်းရံ ထားပြီဖြစ်၍ ဒေသခံ ကချင်ပြည်သူများက မိမိတို့နေ အိမ်အနီးတွင် ဗုံးခို ကျင်းများ တူးနေကြပြီဖြစ်ကြောင်း သိရသည်။ ယနေ့နံနက် ၉နာရီခန့်မှစတင်ပြီး ၁၁နာရီဝန်းကျင်အထိ အစိုးရတပ်များက စစ်တိုက်လေယာဉ် ၂စင်းနှင့် ရဟတ်ယာဉ် ၃စင်းဖြင့် လဂျားယန်သို့ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြီး လိုင်ဇာမြို့တွင်လည်း စစ်တပ်များထိုးစစ်ဆင်လာဖွယ် အနေအထား တွေ့ရှိ နေ ရသဖြင့် ဒေသခံများက ဗုံးခိုကျင်းများ တူးဖော်နေကြခြင်းဖြစ်ကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့-KIO က အရပ်ဘက် အုပ်ချုပ်ရေးဌာန ဒု-တာဝန်ခံ ဆလန်ကပါဒွဲပီဆာက ပြောသည်။
၎င်းက “အခုဆိုရင် လိုင်ဇာပတ်ဝန်းကျင်မှာ အဘက်ဘက်ကနေပြီး အစိုးရတပ်တွေက အားလုံးနေရာ ယူထားကြပြီလေ။ ဒီကနေ့မှာလည်း သူတို့က အပေါ်ကနေ စပစ်နေပြီဆိုတော့ ဘယ်လိုဆက်ဖြစ်ဦးမလဲတော့ မသိသေးဘူး။ သူတို့ရဲ့အထက်က
လည်း ခြေလျင်စစ်ကြောင်းတွေထိုးဖို့ဖိအားပေးထားတယ်လို့လည်းကျနော်တို့အဖွဲ့တွေကြားသိ
ထားတယ်”ဟု ကေအိုင်စီသို့ပြောဆိုသည်။
ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်းရှိ လဂျားယန်နှင့် KIA ဌာနချုပ်တည်နေရာ လိုင်ဇာမြို့သည် ၈မိုင်ခန့်အကွာတွင် ရှိပြီး လဂျားယန်ဒေသခံများက လက်ရှိအချိန်တွင် လိုင်ဇာဘက်သို့ ရောက်နေကြ ပြီဖြစ်ကြောင်း KIA ဘက်က ဆိုသည်။
လိုင်ဇာမြို့ဒေသခံ ကချင်အမျိုးသားတစ်ဦးက “တချို့အိမ်တွေကတော့ ဒီဇင်ဘာလ ၁၄ရက်နေ့ကတည်းက ဗုံးခိုကျင်းတူးနေကြ တာ။ ဒီနေ့ လဂျားယန်မှာ ရဟတ်ယာဉ်က ဗုံးကြဲတော့ စက်သေနတ် မီးပွင့်တာတောင် မြင်ရတယ်။ ဒါကြောင့် ကျနော်တို့ လိုင်ဇာနားလည်း စစ်တပ်တွေ ရောက်နေကြပြီဆိုတော့ အိမ်တိုင်းအိမ်တိုင်းက အိမ်ရှေ့ ဒါမှမဟုတ် အိမ်နောက်တွေမှာ ဗုံးခို ကျင်း တူးထားကြတယ်”ဟု ပြောသည်။
အစိုးရတပ်များက ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ဓာတုလက်နက်ပစ္စည်းဟု ယူဆရသည့် မီးလောင်ဗုံးများ ပါဝင်ပြီး KIA ဘက်မှ ပြောဆိုထားသည်။
ထို့အပြင် ယနေ့ပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်ရှိကြောင်းနှင့် KIA ယာယီတဲအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း လိုင်ဇာဒေသမှလာသည့် သတင်းများအရ သိရသည်။
http://www.kicnews.org/?p=15001
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး ရန်ပုံငွေ ဈေးရောင်းပွဲတော်ကျင်းပ
2012-12-27
မြန်မာနိုင်ငံရဲ့ ပညာရေးမြင့်တက်လာဖို့အတွက် ရည်ရွယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
သဘာဝသယံဇာတပေါများပြီး ဆင်းရဲနိမ့်ပါးနေတဲ့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲနိုင်ဖို့ ပညာရေးဟာ အဓိကကျတယ်လို့ အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ပြည်သူ့ရင်ပြင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရဲ့ (၂)နှစ်ပြည့် အထိမ်းအမှတ် ရန်ပုံငွေ ဈေးရောင်းပွဲနဲ့ ဂီတပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။
Photo:RFA/Kyaw Zawe Win
ဒီဇင်ဘာ ၂၇ ရက်နေ့က
ရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်တွင် ကျင်းပသည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေးရန်ပုံငွေ ဈေးရောင်းပွဲတော်တွင်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး
အဖွင့်အမှာစကား ပြောကြားစဉ်။
မြန်မာနိုင်ငံရဲ့ ပညာရေးမြင့်တက်လာဖို့အတွက် ရည်ရွယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
သဘာဝသယံဇာတပေါများပြီး ဆင်းရဲနိမ့်ပါးနေတဲ့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲနိုင်ဖို့ ပညာရေးဟာ အဓိကကျတယ်လို့ အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
ဒီကနေ့ ပညာရေးကွန်ရက်ရဲ့ ၂နှစ်ပြည့်အထိမ်းအမှတ်
ရန်ပုံငွေရှာဖွေပွဲမှာ နိုင်ငံတော်သမ္မတကိုယ်စား သမ္မတရုံးဝန်ကြီး
ဦးအောင်မင်းကလည်း တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ပညာရေးမြင့်မားဖို့အတွက် ရည်ရွယ်ဖွဲ့စည်းထားခဲ့တဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရဲ့ (၂)နှစ်ပြည့်အထိမ်းအမှတ်
ရန်ပုံငွေရှာဖွေတဲ့ ဈေးရောင်းပွဲတော်နဲ့ ဂီတပွဲတော်ဟာ
မြန်မာနိုင်ငံအနှံ့အပြားမှာဖွင့်လှစ်ထားတဲ့ အခမဲ့ပညာဒါနကျောင်းတွေအတွက်
ရည်ရွယ်ကျင်းပတာဖြစ်ပြီး ပွဲတော်ကို ဒီကနေ့ ဒီဇင်ဘာလ ၂၇ရက် နဲ့ မနက်ဖြန်
၂၈ရက်နေ့ ထိ (၂)ရက်တိုင် ကျင်းပမှာဖြစ်ပါတယ်။
ဒီကနေ့ဖွင့်ပွဲအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
နာယကဦးတင်ဦး၊ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း
အစရှိတဲ့ပုဂ္ဂိုလ်တွေအပြင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အလှူရှင်တွေ
တက်ရောက်ခဲ့ကြပါတယ်။
ပညာရေးကွန်ရက်ကို ပေးအပ်လှူဒါန်းမယ့် အလှူရှင်တွေရဲ့
လှူဒါန်းမှုတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က လက်ခံပေးခဲ့ပြီး ဒီကနေ့
ဖွင့်ပွဲအခမ်းအနားမှာပဲ ပေးအပ်တဲ့ အလှူငွေသား ကျပ်စုစုပေါင်း သိန်း ၇၀၀
ကျော် ရရှိခဲ့ပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
ရွေးကောက်ပွဲအား သပိတ်မှောက်ခြင်း
ရွေးကောက်ပွဲအား သပိတ်မှောက်ခြင်း(PDF file)
ခင်မမမျိုး

နိုင်ငံတကာလေ့လာရေးစာစဉ် အမှတ် ( ၄ )
ဒီဇင်ဘာလ ၂၀၁၂ ခုနှစ်
နိဒါန်း
တတိယလှိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေး လှုပ်ရှားမှုတွေ ကမ္ဘာတ၀ှမ်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီး နောက်ပိုင်းမှာ လှုပ်ရှားမှုခေါင်းဆောင်တွေက ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲတွေနဲ့ အာဏာရှင်တွေက ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲတွေဆိုပြီး ရွေးကောက်ပွဲအမျိုးမျိုးက အသွင်သဏ္ဍာန်မျိုးစုံနဲ့ ပေါ်ထွက်လာခဲ့ပါတယ်။ ရွေးကောက်ပွဲတွေ အများအပြား ပေါ်ထွက်လာတာနဲ့အမျှ ဒီရွေးကောက်ပွဲတွေရဲ့ တရားမျှတမှုရှိမရှိ၊ လွတ်လပ်မှုရှိမရှိ စတဲ့အချက်တွေပေါ်မှာ အခြေခံပြီး ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်မှု တွေလဲ ပေါ်ထွက်လာပြန်ပါတယ်။ ဒီလိုပေါ်ထွက်လာတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေက ဘာကြောင့် ရွေးကောက်ပွဲတွေကို သပိတ်မှောက်ကြသလဲ၊ သပိတ်မှောက်ရာမှာ ဘယ်လိုသပိတ် အမျိုးအစားတွေကို ပြုလုပ်ကြသလဲ၊ သပိတ်မှောက်ခြင်းရဲ့ အကျိုးဆက်က ဘာတွေလဲ၊ ရွေးကောက်ပွဲ သပိတ်ဟာ ထိရောက်မှု ရှိနိုင်ပါသလား ဆိုတဲ့ မေးခွန်းတွေကလဲ လူအများကြားမှာ သုံးသပ် ဆွေးနွေးစရာ ဖြစ်လာပြန်ပါတယ်။
ရွေးကောက်ပွဲအား သပိတ်မှောက်ရခြင်း အကြောင်းရင်းများ
၂၁ ရာစု မတိုင်မီကာလက နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ ရွေးကောက်ပွဲ သပိတ်မှောက်ရခြင်း အကြောင်းရင်းတွေကို ပညာရှင်တွေက သုံးသပ်လေ့လာကြရာမှာ အကြောင်းရင်း နှစ်ချက်ကို တွေ့ရှိခဲ့ကြပါတယ်။ ပထမတချက်က နိုင်ငံရေးတည်ငြိမ်မှု အားနည်းချက် (Lack of Political Stability) ဖြစ်ပြီး၊ ဒုတိယအချက်ကတော့ ပါတီစနစ် အင်စတီကျူရှင်းနာလိုင်းဇေးရှင်း အားနည်းချက် (Lack of Party system institutionalization) တို့ဖြစ်ပါတယ်။ ၂၁ ရာစုထဲ ရောက်လာတဲ့အခါမှာတော့ရွေးကောက်ပွဲတရားမျှတမှု မရှိခြင်း (electoral unfairness) က ပိုပြီး ရေပန်းစားလာခဲ့ပါတယ်။ အချို့ကလဲ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲသပိတ်မှောက်ရခြင်း အကြောင်းရင်းဟာ တရားမျှတမှု မရှိခြင်းကြောင့် တခုတည်း မဟုတ်ပဲ ရွေးကောက်ပွဲဝင်ပြိုင်တဲ့အခါ သေချာပေါက် အရှုံးပေါ်ခြင်း (Certain Loss) ကို ရင်မဆိုင်လိုခြင်းကြောင့်လိုလဲ ဆိုကြပါတယ်။
လက်တင်အမေရိကတိုက်က ရွေးကောက်ပွဲသပိတ်တွေရဲ့ ပါတီစနစ် အင်စတီကျူရှင်နာလိုင်းဇေးရှင်းကို လေ့လာခဲ့တဲ့ Mainwaring နဲ့ Scully တို့ကတော့ ရွေးကောက်ပွဲသပိတ်တွေဟာ ရွေးကောက်ပွဲ ကျင်းပတဲ့ အစိုးရရဲ့ တရားဝင်မှု (legitimacy) ကို တိုက်ရိုက်စိန်ခေါ်ချက်တွေ ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ အတိုက်အခံနိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ယူခြင်းထက် ရွေးကောက်ပွဲရဲ့ တရားဝင်မှုကိုသာ မေးခွန်းထုတ်စိန်ခေါ်မှု ပြုလုပ်ခြင်း ဖြစ်တဲ့ inchoate party systems ကို အသုံးပြုတာ ဖြစ်ပါတယ်။ သို့ပေမယ့်လဲ အတိုက်အခံပါတီတွေအနေနဲ့ ရွေးကောက်ပွဲတရားဝင်မှုကို မေးခွန်းထုတ်စိန်ခေါ်မှု ပြုလုပ်ရခြင်းဟာ
ရွေးကောက်ပွဲ တရားမျှတမှု မရှိခြင်းကြောင့်လား၊ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပေါ်ပေါက်လာတဲ့ reflexive reaction ကြောင့်လား၊ သေချာပေါက်ဖြစ်နိုင်ချေ အရှုံးကြောင့်လား ဆိုတာကိုတော့ သူတို့ရဲ့ ရေးသားချက်တွေထဲမှာ ဆန်းစစ်ထားခြင်း မရှိခဲ့ပါဘူး။
အာဖရိကတိုက် ရွေးကောက်ပွဲသပိတ်မှောက်မှုတွေကို လေ့လာခဲ့တဲ့ Michael Bratton ကတော့ အာဖရိကတိုက်မှာ ရွေးကောက်ပွဲ သပိတ်မှောက်မှုတွေ ပေါ်ထွက်လာခြင်းနဲ့ ဒုတိယအကြိမ် ရွေးကောက်ပွဲတွေ ထပ်မံ ကျင်းပရခြင်းဟာ ရွေးကောက်ပွဲတရားမျှတမှု မရှိခြင်း (electoral unfairness) နဲ့ ပိုပြီး ဆက်စပ်တယ်လို့ ဆိုထားခဲ့ပါတယ်။ အစိုးရကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ အမှန်တကယ် မဲခိုးလိမ်လည်မှုတွေ ရှိလာတဲ့ အခါမှာ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်သပိတ်မှောက်ပြီး ဒုတိယအကြိမ် ရွေးကောက်ပွဲထပ်မံကျင်းပဖို့ တောင်းဆိုမှုတွေ ပေါ်ထွက်လာတတ်တာတွေ ရှိသလို၊ အစိုးရကမဲခိုးမဲလိမ်နိုင်ဖွယ်ရှိတယ်လို့ ယူဆလာကြတဲ့ အခါမှာလဲ ရွေးကောက်ပွဲတွေကို ကြိုတင်ဆန့်ကျင် သပိတ်မှောက်မှုတွေ ရှိလာနိုင်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ အာဖရိကတိုက် ရွေးကောက်ပွဲ (၅၃) ခုကို လေ့လာခဲ့တဲ့ Lindberg ဆိုသူကလဲ ရွေးကောက်ပွဲတွေမှာ အတိုက်အခံနိုင်ငံရေး ပါတီတွေ ပါဝင်မှုဟာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်နိုင်ခြင်း ရှိမရှိ ဆိုတဲ့ အချက်အပေါ် ဆန်းစစ်သုံးသပ်မှုတွေနဲ့ သက်ဆိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
အခြားတဘက်မှာလဲ အချို့နိုင်ငံရေးပညာရှင်တွေက ရွေးကောက်ပွဲသပိတ်မှောက်မှုတွေ ပေါ်ထွက်လာ ရခြင်းဟာ ရွေးကောက်ပွဲတရားမျှတမှုနဲ့ ပတ်သက်ဆက်စပ်မှု မရှိကြောင်း ငြင်းဆိုခဲ့ကြပြန်ပါတယ်။ Robert Pastor ဆိုသူက အတိုက်အခံနိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက် ရခြင်းဟာ သူတို့ရဲ့ အားနည်းချက်တွေကို သိမြင်ပြီး ရွေးကောက်ပွဲမှာ အရှုံးပေါ်မှာ စိုးရိမ်ခြင်းကြောင့်လို့ အဆိုပြုခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ်အရှုံးကို ပြည်သူတွေဆီ ချပြလိုက်ရခြင်းထက် ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး အစိုးရအပေါ် သံသယကြီးမားလာအောင် ပြုလုပ်ခြင်းက ပိုပြီး သိက္ခာရှိနိုင်ကြောင်း ယူဆချက်တွေကြောင့် ရွေးကောက်ပွဲသပိတ်တွေ ပေါ်ထွက်လာရတာလို့ ပညာရှင်အချို့က ရေးသား ဖော်ပြခဲ့ကြပါတယ်။
ရွေးကောက်ပွဲကျင်းပတဲ့ အစိုးရတွေရဲ့ ထိပ်တန်းခေါင်းဆောင်များကလဲ အလားတူမှတ်ချက်မျိုးကို ဖော်ပြလေ့ရှိကြပါတယ်။ ၁၉၉၅ ခု၊ ဟေတီး ရွေးကောက်ပွဲမှာ အတိုက်အခံနိုင်ငံရေးပါတီရဲ့ ရွေးကောက်ပွဲ သပိတ်မှောက်မှုအပေါ် အစိုးရထိပ်တန်း ခေါင်းဆောင်များက "အတိုက်အခံနိုင်ငံရေးပါတီမှာ လူထု ထောက်ခံမှု မရှိဘူး။ ဒါကြောင့် ရွေးကောက်ပွဲဝင်ရင် ရှုံးမယ်ဆိုတာ သိတဲ့အတွက် ရွေးကောက်ပွဲမ၀င်ပဲ သပိတ်မှောက်တာဖြစ်တယ်" လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ ၂၀၀၅ ခုနှစ်၊ ဗင်နီဇွဲလား ရွေးကောက်ပွဲ သပိတ်မှာလဲ Chavez က " မဲခိုးတယ်ဆိုတာဘာကို ပြောတာလဲ။ အတိုက်အခံတွေဘက်မှာ လူထုရဲ့ ထောက်ခံမှု မရှိဘူးဆိုတဲ့ အမှန်တရားကို လက်ခံဖို့သင့်ပြီ။ အမှန်တရားကို လက်မခံပဲ သပိတ်မှောက် တာဟာ နိုင်ငံရေးလုပ်ကြံတာပဲ" လို့ ဆိုခဲ့ဖူးပါတယ်။
Gandhian သပိတ်အမျိုးအစားကို လက်နက်ကိုင်တော်လှန်ရေးအင်အားအသုံးပြုမှုမရှိတဲ့ အတိုက်အခံ တွေက သုံးစွဲလေ့ရှိပါတယ်။ ရွေးကောက်ပွဲသပိတ်တွေမှာ Gandhianသပိတ်အမျိုးအစားကို ဦးဆောင် ဆင်နွှဲတဲ့ နိုင်ငံရေးပါတီတွေက ပြည်တွင်းမဲပေးမယ့် ပြည်သူလူထုနဲ့ ပြည်ပနိုင်ငံတကာ အသိုင်းအ၀ိုင်းက လူတွေရဲ့ မျက်လုံးမှာ ရွေးကောက်ပွဲကျင်းပမယ့် အစိုးရနဲ့ ရွေးကောက်ပွဲကို တရားမ၀င်သူတွေအနေနဲ့ မြင်သွားစေရေးကိုပဲ ဦးစားပေးလုပ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ပါတီရဲ့ နိုင်ငံရေးပန်းတိုင် ရောက်ရှိရေးကို ပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ကူညီဆောင်ကျဉ်း ပေးသွားမယ်လို့ မျှော်လင့်ထားကြပါတယ်။
အတိုက်အခံနိုင်ငံရေးပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်း အပေါ်မှာ ပြည်သူလူထုက အားပေးထောက်ခံပြီး မဲမပေးပဲ နေခြင်း၊ ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်းတွေ ပြုလုပ်လာမယ်လို့ ယူဆထားကြပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့လဲ ရွေးကောက်ပွဲကို အသိအမှတ်မပြုပဲ သံတမန်ရေးရာ ဖိအားတွေ ပြုလုပ်လာမယ်လို့ ယူဆထားကြပါတယ်။
လက်နက်ကိုင် တော်လှန်ရေးအင်အားနဲ့ အမာခံလူထုအင်အား ပြည့်စုံတောင့်တင်းတဲ့ နိုင်ငံရေး ပါတီတွေကတော့ Fearonian သပိတ်အမျိုးအစားကို အသုံးပြုပါတယ်။ သပိတ်စုံ၊ သူပုန်ထ နည်းလမ်းတွေကို အသုံးပြုပြီး လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတိုက်ပွဲကို ပေါင်းစပ်အသုံးပြုပါတယ်။ Gandhian သပိတ်ခေါင်းဆောင်တွေနဲ့ မတူတဲ့ အချက်ကတော့ Fearonian သပိတ်ခေါင်းဆောင်တွေက ရွေးကောက်ပွဲ legitimacy ကို စိန်ခေါ်ပြီး၊ လူထုနဲ့ နိုင်ငံတကာက သူ့အလိုလို အကူအညီပေးလာမယ့် အချိန်ကို ထိုင်စောင့်နေသူများ မဟုတ်ပါဘူး။ ရွေးကောက်ပွဲသပိတ်နဲ့ ပတ်သက်တဲ့ တောင်းဆိုချက် တွေကို အစိုးရဘက်က မလိုက်လျောရင် အစိုးရကို ဖြုတ်ချနိုင်မယ့် တော်လှန်ရေးလှုပ်ရှားမှုတွေ အတွက်ကိုပါ ကြိုတင်ပြင်ဆင်တည်ဆောက်ပြီး စုဖွဲ့လေ့ရှိပါတယ်။ လူထုတရပ်လုံးပါဝင်လာမယ့် ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီးတွေကို ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းလေ့ရှိပါတယ်။ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို ပျက်ယွင်းစေနိုင်မယ့် အင်အားကို စုစည်းပြီးမှ အစိုးရရဲ့ တရားဝင်မှုကို စိန်ခေါ်ခြိမ်းချောက်တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲသပိတ်နဲ့ ပတ်သက်ပြီး နောက်ထပ်ခွဲခြားမှု သဏ္ဍာန်တမျိုးကတော့ သပိတ်ကြီး (Major boycott) နဲ့ သပိတ်ငယ် (Minor boycott) ကွဲပြားမှု ဖြစ်ပါတယ်။ ရွေးကောက်ပွဲသပိတ်မှာ အတိုင်အခံနိုင်ငံရေးပါတီကြီးအပါအ၀င် အတိုက်အခံ အင်အားစုအများက ပါဝင်တယ်ဆိုရင် ဒါကို သပိတ်ကြီးလို့ ခေါ်ဆိုနိုင်ပါတယ်။ သပိတ်ကြီးမှာများသောအားဖြင့် အတိုက်အခံနိုင်ငံရေးပါတီကြီး တခုအပါအ၀င် နိုင်ငံရေးပါတီငယ်များ၊ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်လေ့ရှိပေမယ့် နိုင်ငံရေး အဖွဲ့အစည်းအားလုံးက ညီညီညွတ်ညွတ် စုပေါင်းဆင်နွှဲတဲ့ (Unified opposition election boycott) ကတော့ အတော်ရှားပါတယ်။ နိုင်ငံရေးအဖွဲ့အစည်းကြီးတွေ အားလုံးက သပိတ်မှောက်ရေးကို သဘော တူညီခဲ့ရင်တောင် အစိုးရရဲ့ အာဏာစက်ကို မလွန်ဆန်နိုင်တဲ့ ပါတီငယ်လေးတွေနဲ့ နိုင်ငံရေး သမားတွေက ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေဦးမှာ ဖြစ်လို့ပါပဲ။ တကယ်လို့ နိုင်ငံရေး ပါတီငယ်လေးတွေနဲ့ တဖွဲ့စီပျံ့ကျဲနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက ရွေးကောက်ပွဲကို သပိတ်မှောက် တာ ဆိုရင်တော့ ဒါကို သပိတ်ငယ်လို့ သတ်မှတ်လေ့ရှိပါတယ်။
(၁၉၉၀) နောက်ပိုင်းကာလ ကမ္ဘာတ၀ှမ်းမှာ ပေါ်ပေါက်ခဲ့တဲ့ ရွေးကောက်ပွဲသပိတ်တွေမှာ ဒီလို ကွဲပြားတဲ့ သပိတ်အမျိုးအစားသဏ္ဍာန်တွေကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ (၁၉၉၀) မှာ ဖြစ်ပွားခဲ့တဲ့ အီဂျစ် ရွေးကောက်ပွဲသပိတ်နဲ့ ၁၉၈၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဂျမေကာ ရွေးကောက်ပွဲသပိတ်တွေမှာ အတိုက်အခံနိုင်ငံရေးပါတီအများစုက ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ရေးကို ငြိမ်းချမ်းစွာနဲ့ပဲ ငြင်းဆန်ခဲ့ကြတဲ့အတွက် Major, Gandhian သပိတ် အမျိုးအစား အဖြစ် သတ်မှတ်နိုင်ပါတယ်။ (၁၉၉၃) ခုနှစ်မှာ ကျင်းပခဲ့တဲ့ ပါကစ္စတန်ရွေးကောက်ပွဲကို MOM က သပိတ်မှောက်မှုကိုတော့ Minor, Gandhian သပိတ်အမျိုးအစား အဖြစ်ပဲ သတ်မှတ်နိုင်ပါတယ်။ အရွယ်အစားနဲ့ လူအင်အားအရ ကြီးမားပေမယ့် ရွေးကောက်ပွဲသပိတ်မှောက်မှုမှာ တနိုင်ငံလုံးအရေးကို တောင်းဆိုခြင်းမရှိပဲ အုပ်စုတစု အခွင့်အရေး ကိုသာ တောင်းဆိုခဲ့တာကြောင့် သပိတ်ကြီးလို့ သတ်မှတ်လို့ မရနိုင်တာ ဖြစ်ပါတယ်။
သပိတ်ငယ်လေးတွေမှာ လက်နက်အင်အားသုံးဖြေရှင်းမှုနဲ့ ထိပ်တိုက်ရင်ဆိုင်တော်လှန်မှုတွေ ပါဝင် လာတဲ့အခါ Minor, Fearonian သပိတ်အမျိုးအစားလို့ သတ်မှတ်နိုင်ပါတယ်။ ဥပမာ- (၁၉၈၈) ခု၊ သီရိလင်္ကာ ရွေးကောက်ပွဲမှာတုန်းက ပါတီငယ်လေးတခုဖြစ်တဲ့ JVP ပါတီဟာ ရွေးကောက်ပွဲ သပိတ်မှောက်ခြင်း၊ လုံခြုံရေးဝန်ထမ်းများ၊ အရပ်ဘက်ဝန်ထမ်းများနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း စတာတွေ ပြုလုပ်ခဲ့ပါတယ်။ (၁၉၉၅) ခုနှစ်က ဖြစ်ပွားခဲ့တဲ့ Cote d’Ivoire ရွေးကောက်ပွဲသပိတ်နဲ့ (၁၉၉၇) ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အင်ဒိုနီးရှား ရွေးကောက်ပွဲသပိတ်တွေမှာတော့ အစိုးရလက်ကိုင်ဒုတ်တွေနဲ့ ပြည်သူ လူထုအကြား ထိပ်တိုက်ရင်ဆိုင်တဲ့ လူထုလှုပ်ရှားမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် Major, Fearonian သပိတ် အမျိုးအစားလို့ သတ်မှတ်နိုင်ပါတယ်။ ရွေးကောက်ပွဲသပိတ်ရဲ့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ ထိရောက်နိုင်မှုက ဦးဆောင်သူတွေ ကျင့်သုံးတဲ့ သပိတ်အမျိုးအစားပေါ်မှာ မူတည်ပါတယ်။
ရွေးကောက်ပွဲသပိတ်မှောက်ခြင်း၏ နိုင်ငံရေးအခင်းအကျင်း
ရွေးကောက်ပွဲသပိတ်မှောက်ခြင်းရဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို မဖော်ပြခင်မှာ ဒီမိုကရေစီ နည်းလမ်းမကျပဲ အာဏာရယူထားတဲ့ အစိုးရတွေက ဦးဆောင်ပြီး ရွေးကောက်ပွဲကျင်းပရခြင်းရဲ့ အခြေခံသဘောတရားတွေကို လေ့လာသိရှိဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ဒီမိုကရေစီ နည်းလမ်းမကျပဲ အာဏာရယူထားတဲ့ အစိုးရတွေဆိုတာ တိုင်းပြည်ရဲ့ အာဏာကို လက်နက်နဲ့ ခြိမ်းချောက်ပြီး သိမ်းပိုက်ရယူထားတဲ့ အစိုးရတွေနဲ့ မသမာနည်းလမ်းတွေအသုံးပြုပြီး ရွေးကောက်ပွဲမှာ အာဏာရယူ ထားတဲ့ အစိုးရတွေကို ဆိုလိုပါတယ်။ ဒီလို အစိုးရတွေအနေနဲ့ ရွေးကောက်ပွဲမကျင်းပပဲ အာဏာကို ဆက်လက်ထိန်းသိမ်းထားလို့ မရနိုင်ဘူးလားလို့ အချို့က ဆိုတတ်ကြပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ မကျင်းပပဲ အာဏာဆက်ယူထားတဲ့အခါ ပြည်တွင်း၊ ပြည်ပမှာ တရားဝင်မှု (legitimacy) မရတဲ့အတွက် နိုင်ငံရေး၊ သံတမန်ရေး၊ စစ်ရေး၊ စီးပွားရေးတွေမှာ အခက်အခဲတွေ အများကြီး တွေ့ကြရပါတယ်။ အဆိုးဆုံးက ပြည်သူတွေက အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းမှုတွေပဲ ဖြစ်ပါတယ်။
ဒီအခါမှာ အစိုးရအနေနဲ့ ရွေးကောက်ပွဲ တခု ပြုလုပ်မလား၊ မလုပ်ဖူးလားဆိုတာကို စတင် တွက်ချက်လာရပါတယ်။ ရွေးကောက်ပွဲကို မလုပ်ရင် ပြည်သူတွေက တချိန်မဟုတ်တချိန်မှာ ဒီအစိုးရကို ဖြုတ်ချမှာ ဖြစ်ပါတယ်။ ဒီအတွက် ရွေးကောက်ပွဲကျင်းပပြီး၊ legitimacy ရလာနိုင်မယ့် အခွင့်အရေးကို အစိုးရဘက်က စတင်ကြိုးပမ်းလာလေ့ရှိပါတယ်။ ဒီလိုကျင်းပတဲ့အခါမှာ လွတ်လပ်ပြီး၊ တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပဖို့ ကြိုးပမ်းတဲ့ အစိုးရဆိုတာကတော့ အတော်ကို ရှားပါတယ်။ များသောအားဖြင့် အစိုးရပါတီ ကိုယ်တိုင် (သို့) အစိုးရခါးပိုက်ဆောင် ပါတီတွေ အနိုင်ရဖို့အတွက်ကိုပဲ နည်းမျိုးစုံနဲ့ ကြိုးပမ်းလေ့ရှိပါတယ်။ ဒါကို ပြည်သူတွေက မရိပ်မိတဲ့ အချိန်တွေနဲ့ ရိပ်မိပေမယ့် နိုင်ငံရေးနိုးကြားမှု ရေချိန်က လျော့ပါးနေတဲ့ အချိန်မျိုးမှာ ဆိုရင် ဒီရွေးကောက်ပွဲမှာ လူထုပါဝင်မှု ရာခိုင်နှုန်းမြင့်မားပြီး အစိုးရပါတီ (သို့) အစိုးရခါးပိုက်ဆောင်ပါတီတွေက အနိုင်ရသွားလေ့ရှိပါတယ်။ ဒီအခါမှာ ရွေးကောက်ပွဲအသစ်နဲ့ ပြန်ပြီး တက်လာတာ ဖြစ်တဲ့အတွက် legitimacy ရသွားနိုင်ပါတယ်။ နိုင်ငံရေးပညာရှင် Schedler ကတော့ ဒါကို electoral autocracy လို့ ခေါ်ဝေါ်သတ်မှတ်ခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ မူလအစိုးရ (သို့) ခါးပိုက်ဆောင်နိုင်ငံရေးပါတီက အနိုင်ရပြီး၊ legitimacy ရသွားတဲ့ အပေါ်မှာ လူအများကတော့ အစိုးရဘက်က နိုင်သွားပြီ၊ ပွဲပြီးသွားပြီလို့ တွက်ချက်တတ်ကြပါတယ်။ သို့ပေမယ့်လဲ ဒီလိုအခြေအနေမျိုးမှာ ပြည်သူလူထုနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေဘက်က အစိုးရကို ဖြုတ်ချနိုင်မယ့် အခွင့်အရေးတွေအားလုံး ဆုံးရှုံးသွားတာတော့ မဟုတ်ပါဘူး။ အတိုက်အခံ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ စုစည်းပြီး အစိုးရရဲ့ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲအတု (fraudulent elections) ဖြစ်ကြောင်း၊ မဲခိုးမဲလိမ်ထားမှုများ ရှိကြောင်းကို သက်သေ အထောက်အထားတွေနဲ့ လူထုကို ချပြနိုင်ခဲ့ရင် ပြည်တွင်းတရားဝင်မှု (domestic legitimacy) ကိုသာမက ပြည်ပတရားဝင်မှု (international legitimacy) ကိုပါ ချေဖျက်နိုင်ပါတယ်။ ဒီအခါမှာ အစိုးရရဲ့ ရွေးကောက်ပွဲစီမံကိန်း မျှော်လင့်ချက်တွေ ပျက်စီးသွားမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲသပိတ်တွေဟာ အစိုးရရဲ့ election fraud ကြောင့် ပေါ်ထွက်လာမယ့် coordination deficiencies တွေကို ကျော်လွှားပြီး၊ Point of coordination တခုကို လူထုကြားမှာ တည်ဆောက် လာနိုင်မှာ ဖြစ်ပါတယ်။ ဒီဆုံမှတ်ကနေ အစိုးရဆန့်ကျင်ရေး၊ ဖြုတ်ချရေး၊ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး စတာတွေကို အဆင့်တိုးမြှင့် လုပ်ဆောင်လို့ ရပါတယ်။ ဒါပေမယ့်လဲ ဒီလိုလုပ်ဆောင်ဖို့အတွက် ရွေးကောက်ပွဲသပိတ် လုပ်နေစဉ်ကာလမှာကတည်းက ပြင်ဆင်မှု အခင်းအကျင်းတွေ လိုအပ်ပါတယ်။
Major Fearonian Boycott ကို ဦးဆောင်ကြမယ့် အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းတွေမှာ ပြင်ဆင်သင့်တဲ့ နိုင်ငံရေးအခင်းအကျင်းပုံစံတွေ ရှိရပါမယ်။ ဦးဆောင်မယ့် အတိုက်အခံအဖွဲ့ဟာ နိုင်ငံရေးပါတီကြီးတခု ဖြစ်တယ်ဆိုရင် နိုင်ငံရေးပညာရှင် Olson က privileged group လို့ ခေါ်ဝေါ်သုံးစွဲခဲ့တဲ့ သပိတ်ခေါင်းဆောင် အုပ်စုတစုကို ဖွဲ့စည်းထားဖို့ လိုအပ်ပါတယ်။ ဒီအုပ်စုမှာ နိုင်ငံရေးပါတီကြီးမှ လုပ်ရည်ကိုင်ရည်ရှိတဲ့ ခေါင်းဆောင်များပါဝင်ပြီး သပိတ်ကြီးကို ဦးဆောင်ဆင်နွှဲရမှာ ဖြစ်ပါတယ်။ တကယ်လို့ နိုင်ငံရေးပါတီတခုတည်းကနေ သပိတ်ကို ဦးဆောင်နိုင်မယ့် စွမ်းဆောင်ရည် မရှိဘူးဆိုရင်တော့ ပျံ့ကျဲနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးကို စုစည်းပြီး၊ နိုင်ငံရေး ပညာရှင် Shelling က k-group လို့ ခေါ်ဝေါ်သတ်မှတ်ခဲ့တဲ့ သပိတ်ခေါင်းဆောင် အုပ်စုကို ဖွဲ့စည်းထားဖို့ လိုအပ်ပါတယ်။
ဒီအုပ်စုထဲမှာ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ အတိုက်အခံနိုင်ငံရေး အဖွဲ့အစည်းပေါင်းစုံက ကိုယ်စားလှယ်တွေ စုစည်းပြီး၊ သပိတ်ကြီးကို ဦးဆောင်ဆင်နွှဲရမှာ ဖြစ်ပါတယ်။ privileged group ပဲဖြစ်ဖြစ်၊ k-group ပဲ ဖြစ်ဖြစ် အုပ်စုတစုကတော့ ရွေးကောက်ပွဲမတိုင်မီ ကာလမှာကတည်းက ပေါ်ပေါက်နေဖို့ လိုအပ်ပါတယ်။ ဒါဟာ ရွေးကောက်ပွဲသပိတ်ရဲ့ အခရာဖြစ်ပါတယ်။ ရွေးကောက်ပွဲတွင်း ကာလမှာပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲလွန်ကာလမှာပဲ ဖြစ်ဖြစ် လူထုအရေးတော်ပုံကို အရှိန်မြှင့် ဦးဆောင်ရမယ့် အုပ်စုဖြစ်နေလို့ပါပဲ။
ချမှတ်ထားရင်တော့ Major Fearonian Boycott ကို ရွေးချယ်ဖော်ဆောင်ရမှာပါ။ ရွေးကောက်ပွဲကျင်းပတဲ့ အစိုးရနဲ့ ရွေးကောက်ပွဲရဲ့ တရားဝင်မှုကို လူထုနဲ့ နိုင်ငံတကာက အသိအမှတ်မပြုရေးဆိုတဲ့ နိုင်ငံရေးပန်းတိုင်ကို ချမှတ်ထားရင်တော့ Major Gandhian boycott ကို ရွေးချယ်ဖော်ဆောင်ရမှာပါ။ ဒီအမျိုးအစားနှစ်ခုကို ဖော်ဆောင်ရမယ့် နိုင်ငံရေးအခင်းအကျင်းတွေ မတူပါဘူး။
ရွေးကောက်ပွဲသပိတ်ပြုလုပ်ရခြင်းရဲ့ အခြေခံနိုင်ငံရေးပန်းတိုင်ကို တိတိကျကျ မဖော်ထုတ်ပဲနဲ့ သပိတ်ပြုလုပ်မှုတွေ ရှိလာခဲ့ရင် ပေါ်ထွက်လာတဲ့ နိုင်ငံရေးအခင်းအကျင်းတွေက Major Fearonian Boycott လိုလို၊ Major Gandhian boycott လိုလိုတွေ ဖြစ်ပြီး မရေမရာနဲ့ ထိရောက်မှု မရှိပဲ ဖြစ်တတ်ပါတယ်။
အစိုးရဖြုတ်ချရေး၊ ကြားဖြတ်အစိုးရဖွဲ့စည်းရေးဆိုတဲ့ ကြွေးကြော်သံကို အော်ပြီး၊ ခင်းကျင်းနေတဲ့ နိုင်ငံရေးအခင်းအကျင်းက Major Gandhian boycott ကို ခင်းကျင်းနေရင် လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းသွားနိုင်ပါတယ်။ ရွေးကောက်ပွဲတရားဝင်မှုမရရှိရေးကို ဦးတည်ပြီး၊ ခင်းကျင်းနေတဲ့ နိုင်ငံရေး အခင်းအကျင်းက Major Fearonian Boycott ဖြစ်နေပြန်ရင်လဲ ဆင်တော်နဲ့ ခလောက်ဖြစ်ပြီး တပ်ကျွံတာတွေ၊ မလိုအပ်ပဲ အင်အားဖြုန်းတီးမိတာတွေ ဖြစ်တတ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲသပိတ်တိုင်းမှာ ဖြစ်ပေါ်လာမယ့် နိုင်ငံရေးအကျိုးဆက်တွေ ရှိစမြဲမို့ ရေတို၊ ရေရှည်နိုင်ငံရေး အကျိုးဆက်တွေကို ဆန်းစစ်ပြီး၊ သင့်လျော်မယ့် ရေတို၊ ရေရှည် နိုင်ငံရေးမူဝါဒတွေ ချမှတ်ထားဖို့လဲ လိုအပ်ပါတယ်။
ရွေးကောက်ပွဲသပိတ် ခေါင်းဆောင်များအနေနဲ့ voter turnout လျော့နေစေရေးကို လုပ်ငန်းစဉ် တရပ်အနေနဲ့ ထိထိမိမိ ပြုလုပ်နိုင်မှသာ ဒီရွေးကောက်ပွဲသပိတ်ဟာ ထိရောက်မှု ရှိပါတယ်။ ဒီလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် voter mobilization ပြုလုပ်ရပါတယ်။
ဒီလို ပြုလုပ်ရာမှာ နိုင်ငံရေးပါတီကြီးတွေကနေ ရွေးကောက်ပွဲမှာ ၀င်ပြီး မယှဉ်ပြိုင်တာနဲ့ ပါတီမှတ်ပုံတင်ပြီးမှ ရွေးကောက်ခံကိုယ်စားလှယ်က ပြန်ပြီး နှုတ်ထွက်ခြင်း (candidate withdrawl) ဆိုပြီး နည်းလမ်းနှစ်မျိုး ရှိပါတယ်။
ပထမတမျိုးက အစိုးရကို တိုက်ရိုက်စိန်ခေါ်ပြီး လူထုအကြားမှာ သတင်းစကား ပျံ့နှံ့သွားစေရေးအတွက် အသုံးဝင်ပါတယ်။ ဒုတိယတမျိုးက ရွေးကောက်ပွဲကို အသိအမှတ်ပြု သယောင်ယောင် ပြုလုပ်ပြီးမှ တရားမျှတမှုမရှိတာတွေကို ဖော်ထုတ်ပြီး နှုတ်ထွက်ခြင်း ပြုလုပ်တာ ဖြစ်တဲ့အတွက် နိုင်ငံရေးရေချိန်မြှင့်ဖို့ အသုံးဝင်ပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ ဒီလို voter mobilization ကို တဘက်က လုပ်နေစဉ်မှာပဲ ပြည်သူလူထုကို မဲမပေးပဲနေဖို့ စည်းရုံးလှုံ့ဆော်မှု တွေကလဲ တပြိုင်နက်တည်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။
voter turnout လျော့နည်းခြင်းဟာ အတိုက်အခံ နိုင်ငံရေးပါတီတွေက မီးမောင်းထိုးပြတဲ့ ရွေးကောက်ပွဲ တရားမျှတမှုမရှိခြင်း၊ လွတ်လပ်မှုမရှိခြင်းတွေကို သက်သေထူနိုင်ရုံသာမက ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာက အပြည့်အ၀ ထောက်ခံ အားပေးမှုတွေကိုပါ လျော့ကျစေနိုင်ပါတယ်။ ရွေးကောက်ပွဲ သပိတ်နဲ့ မဲပေးတဲ့ လူဦးရေ ရာခိုင်နှုန်း နည်းပါးမှု (low rates of voter turnout)ကို ပေါင်းစပ်နိုင်ခဲ့ရင် ရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် အစိုးရသစ်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီကို ဆောင်ကျဉ်းပေးနိုင်မယ့် အစိုးရမဟုတ်ဘူး ဆိုတာကို ပြည်သူလူထုနဲ့ နိုင်ငံတကာကို ချပြသွားနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ပြည်သူတွေကို မဲမပေး၊ မနေရလို့ အစိုးရက ကန့်သတ်ထိန်းချုပ်လာခဲ့ရင်တော့ ပေးရမယ့် မဲတွေကို ပယ်မဲတွေ ဖြစ်အောင် လုပ်ယူရမှာ ဖြစ်ပါတယ်။ (၁၉၆၀)၊ (၁၉၇၀) ကာလတွေတုန်းက အာဂျင်းတီးနားမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ဒီနည်းလမ်းကို အသုံးပြုခဲ့ကြပါတယ်။
ရွေးကောက်ပွဲသပိတ်မှောက်မှုရဲ့ နောက်ထပ်ရေတိုနိုင်ငံရေးအကျိုးဆက်တခုကတော့ Election-related violence ပါ။ တကယ်တော့ ရွေးကောက်ပွဲဆိုတာက ပါဝါခွဲဝေမှုတွေကို violence နည်းလမ်းတွေ မသုံးပဲ ပြုလုပ်ပေးတဲ့ alternative mean တခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လဲ ဒီ ရွေးကောက်ပွဲအချိန်မှာမှ violence affairs တွေက ပေါ်ထွက်လာရပြန်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာပါ။ (၂၀၀၂) ခုနှစ်၊ အယ်လ်ဂျီးရီးယား ရွေးကောက်ပွဲအချိန်မှာတုန်းက လူပေါင်း (၃၉၀) သေဆုံးခဲ့ပါတယ်။ ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ ဗုံးပေါက်ကွဲမှုတွေလဲ ဖြစ်ပွားလေ့ရှိပါတယ်။ (၁၉၉၂) ခုနှစ် ပီရူးနိုင်ငံ ရွေးကောက်ပွဲ၊ (၁၉၉၄) ခုနှစ် တောင်အာဖရိက ရွေးကောက်ပွဲ၊ (၁၉၉၆) ခုနှစ် အိန္ဒိယ ရွေးကောက်ပွဲနဲ့ (၂၀၀၀) ခုနှစ် ဟေတီ ရွေးကောက်ပွဲ ကာလတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ရွေးကောက်ပွဲရုံတွေမှာ ပျက်စီးစေမှုနဲ့ ပါတီတွေ အချင်းချင်း အမတ်လောင်းတွေကို လုပ်ကြံသတ်ဖြတ်မှုတွေလဲ ဖြစ်ပွားလေ့ရှိပါတယ်။
ရွေးကောက်ပွဲသပိတ်တွေနဲ့ ပတ်သက်တဲ့ election-related violence ကို လျှော့ချနိုင်ဖို့အတွက် ရွေးကောက်ပွဲသပိတ်ဦးဆောင်သူတွေက ကြိုးပမ်းတာတွေလဲ ရှိပါတယ်။ (၁၉၈၃) ခုနှစ်၊ ဂျမေကာ ရွေးကောက်ပွဲမှာတုန်းက သပိတ်ဦးဆောင်တဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်က သပိတ်မှောက်သူများမှ စည်းကမ်းရှိကြရန်နဲ့ အကယ်၍ အစိုးရဘက်မှ စတင်ပြီး အကြမ်းဖက်လာပါက သူ့ဆီက စကားသံ မကြားရပဲ မည်သူမျှ ပြန်လည်တုန့်ပြန်ခြင်း မပြုရန် စတဲ့ အချက်တွေကို သပိတ်ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။ election-related violence ဖြစ်ပေါ်လာရခြင်းကို လေ့လာခဲ့တဲ့ နိုင်ငံရေးပညာရှင် Wilkinson ဆိုသူကတော့ election-related violence ဟာ အတိုက်အခံနိုင်ငံရေးသမားတွေနဲ့ တိုက်ရိုက်မပတ်သက်ပဲ နိုင်ငံတော်အစိုးရတွေနဲ့သာ ပတ်သက်တယ်လို့ ဆိုထားခဲ့ပါတယ်။ ရွေးကောက်ပွဲ သပိတ်မှောက်သူတွေဘက်က ဘယ်လောက်ပဲစည်းကမ်းရှိရှိ၊ အစိုးရဘက်တော်သား တွေက election-related violence ဖြစ်အောင် စတင်ပြုလုပ်လာမှာပဲလို့ သူက ရေးသားဖော်ပြ ခဲ့ပါတယ်။
သူ့အဆိုနဲ့ ပတ်သက်ပြီး နိုင်ငံပေါင်း များစွာက election-related violence တွေကို ပညာရှင်တွေက လေ့လာဆန်းစစ်ခဲ့ကြပါတယ်။ ဒီဆန်းစစ်ချက်တွေအရ နိုင်ငံအနည်းငယ်မှာသာ အတိုက်အခံ နိုင်ငံရေးသမားတွေက စတင်ပြုလုပ်တဲ့ election-related violence တွေ ရှိခဲ့ပြီး၊ များသော အားဖြင့်ကတော့ ငြိမ်းချမ်းစွာ သပိတ်မှောက်သူများကို အစိုးရဘက်က စတင်ပြီး violence လုပ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံပေါင်းလေးဆယ်ကျော်က ရွေးကောက်ပွဲတွေကို လေ့လာခဲ့တဲ့ ဆန်းစစ်ချက်တခုအရ election-related violence ကို အတိုက်အခံတွေဘက်က စတင်ခဲ့တာက (၁၁) ရာခိုင်နှုန်းရှိပြီး၊ အစိုးရတွေဘက်က စတင်ဖော်ဆောင်ခဲ့တာက (၈၉) ရာခိုင်နှုန်းရှိပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ သပိတ်ရဲ့ ရေတိုနိုင်ငံရေးအကျိုးဆက်ဟာ election-related violence လို့ ဆိုနိုင်ပေမယ့် election-related violence ဟာ ရွေးကောက်ပွဲသပိတ်မှောက်တဲ့ အတိုက်အခံနိုင်ငံရေး အဖွဲ့အစည်းများ ကြောင့် ဖြစ်ပွားရတယ်လို့တော့ သေချာတပ်အပ် မဆိုနိုင်ပါဘူး။
ရွေးကောက်ပွဲသပိတ်၏ ရေရှည်နိုင်ငံရေး အကျိုးဆက်များ
ရွေးကောက်ပွဲသပိတ်တွေတိုင်းမှာ ရေရှည်နိုင်ငံရေးအကျိုးဆက်တွေ ရှိပါတယ်။ အထူးသဖြင့် တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးဖြစ်စဉ်ပေါ်မှာ သက်ရောက်မှုတွေ ရှိပါတယ်။ ရွေးကောက်ပွဲသပိတ်တွေ ပြုလုပ်တဲ့အခါမှာ ရွေးကောက်ပွဲ အဂါင်္ရပ်တွေဖြစ်တဲ့ တရားမျှတမှုနဲ့ လွတ်လပ်မှုရဲ့ တန်ဖိုးတွေ၊ မဲခိုးမဲလိမ်မှုများ လျော့နည်းပပျောက်ရေး စတာတွေကို ပြည်သူအများက နားလည်သိရှိလာကြပါတယ်။ ဒါတွေဟာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရတွေပဲ ဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် Dahl က တိုင်းပြည်တခုမှာ
(၁) အဖွဲ့အစည်းနှင့် အသင်းအပင်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိခြင်း၊ ပါဝင်လှုပ်ရှားခွင့်ရှိခြင်း
(၂) မိမိတို့၏ ယုံကြည်ချက်၊ အယူအဆများကို လွတ်လပ်စွာ ဖော်ပြခွင့်ရှိခြင်း
(၃) မဲပေးခွင့် ရှိခြင်း
၎) နိုင်ငံရေးခေါင်းဆောင်များမှ လွတ်လပ်စွာ စည်းရုံးနိုင်ခွင့်ရှိခြင်း
(၅) မီဒီယာစာနယ်ဇင်းများ အားကောင်းခြင်း
(၆) လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ပြုလုပ်ကျင်းပခြင်း
(၇) လူထုမှ ရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်များမှ အစိုးရမူဝါဒများ ချမှတ် ရေးသားခြင်း
စတဲ့ အချက်တွေ ပြည့်စုံနေမယ်ဆိုရင် ဒီတိုင်းပြည်ကို ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ တိုင်းပြည်လို့ ဆိုနိုင်ကြောင်း ရေးသားဖော်ပြထားခဲ့ပါတယ်။
ရွေးကောက်ပွဲတွေ ပြုလုပ်တိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုလို့ မဆိုနိုင်ပေမယ့် ဒီမိုကရေစီစနစ် ကျင့်သုံးဖို့အတွက်ကတော့ စစ်မှန်တဲ့ ရွေးကောက်ပွဲကတော့ ဒီမိုကရေစီစနစ်ကျင့်သုံးဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ essential condition တခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းဟာ ရေရှည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအတွက် အရေးပါတဲ့ နိုင်ငံရေးအကျိုးဆက်တွေ ရှိစေပါတယ်။
ရွေးကောက်ပွဲသပိတ်တွေဟာ အစိုးရတွေကို အနည်းနဲ့အများဖိအားစပေးလာနိုင်ပါတယ်။ ရွေးကောက်ပွဲသပိတ်နောက်မှာ လူထုအင်အားပါတယ်ဆိုရင်တော့ အစိုးရကို ဖိအားပေးနိုင်ရုံသာမက ထိပ်တိုက်ရင်ဆိုင် ဖြုတ်ချမှုကိုပါ ပြုလုပ်လာနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ကလဲ
ရွေးကောက်ပွဲရဲ့ true colour ကို ရိပ်မိသိရှိသွားနိုင်ပါတယ်။ ပြည်တွင်းပြည်သူလူထုကိုလဲ ရွေးကောက်ပွဲ သဘောတရားနဲ့ ဒီမိုကရေစီသဘောတရားတွေကို Public awareness ရှိလာအောင် လုပ်လိုက်ပြီးသား ဖြစ်သွားပါတယ်။
တပြိုင်နက်တည်းမှာပဲ အတိုက်အခံနိုင်ငံရေးပါတီများအနေနဲ့ လူထုပညာပေးရေးနဲ့ လူထုစည်းရုံးရေး ကိုသာ စနစ်တကျ လုပ်နိုင်မယ်ဆိုရင် အစိုးရတိုက်ထားတဲ့ ၀ါဒမှိုင်းလုံး ကန့်လကာတွေကို တလွှာချင်း ခွာချနိုင်လာပါတယ်။ ဒါတွေဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု (Political Reform) ကို ဦးတည် သွားစေနိုင်ပါတယ်။ (၁၉၉၇) ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အင်ဒိုနီးရှား ရွေးကောက်ပွဲသပိတ်ကြောင့် အာဏာရှင် ဆူဟာတို နှုတ်ထွက်သွားရပြီး၊ တိုင်းပြည်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ စတင်လာခဲ့ပါတယ်။ (၂၀၀၀) ခုနှစ်က Azerbaijan မှာ ဖြစ်ပွားခဲ့တဲ့ ရွေးကောက်ပွဲသပိတ်ကြောင့် အတိုက်အခံ နိုင်ငံရေးပါတီတွေကို ဥပဒေပြင်ပ ပါတီတွေအဖြစ် ကြေငြာထားခြင်းကို အစိုးရက ရုတ်သိမ်းပေးခဲ့ ရပါတယ်။ ရွေးကောက်ပွဲအလွန်ကာလမှာလဲ အခြားသပိတ်တိုက်ပွဲတွေကို အရှိန်မပျက် ဆက်လက် ဆောင်ရွက်ခဲ့ကြတဲ့အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများစွာကို အစိုးရက လုပ်ပေးခဲ့ရပါတော့တယ်။
ရွေးကောက်ပွဲအလွန် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပညာရှင်များက လေ့လာဆန်းစစ်ခဲ့ကြရမှာ ရွေးကောက်ပွဲသပိတ်မရှိပဲ ပြုပြင်ပြောင်းလဲ
မှုရှိခဲ့တဲ့ နိုင်ငံတွေက လေးရာခိုင် နှုန်းရှိပြီး၊ ရွေးကောက်ပွဲသပိတ်အပြီးမှာ ပြုပြင်ပြောင်းလဲမှု ရှိခဲ့တဲ့ နိုင်ငံတွေက နှစ်ဆယ့်သုံးရာခိုင်နှုန်း ရှိပါတယ်။ ဒီကိန်းဂဏာန်းတွေအရ ရွေးကောက်ပွဲသပိတ်ရဲ့ ရေရှည်နိုင်ငံရေး အကျိုးဆက်ဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလို့ ရာနှုန်းပြည့်မဆိုနိုင်ပေမယ့် ရွေးကောက်ပွဲ သပိတ်ရှိလာခြင်းက သပိတ်မရှိခြင်း ထက် ပိုပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ပြုလုပ်ပေးနိုင်တယ်လို့ ဆိုနိုင်ပါတယ်။
ပေါ်ထွက်လာတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကလဲ များသောအားဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွက် အကျိုးကျေးဇူးတွေ ပိုများလာလေ့ရှိပါတယ်။ ၁၉၉၇ ခုနှစ်၊ အင်ဒိုနီးရှား ရွေးကောက်ပွဲ သပိတ်အပြီးမှာ ရွေးကောက်ပွဲဥပဒေနဲ့ သမ္မတ အာဏာဆိုင်ရာ ပြောင်းလဲမှုတွေ ထွက်ပေါ်လာပါတယ်။ (၂၀၀၀) ခုနှစ်၊ ဟေတီး ရွေးကောက်ပွဲသပိတ်အပြီးမှာ ရွေးကောက်ပွဲစီမံခန့်ခွဲရေး အဖွဲ့အစည်းတခု ထွက်ပေါ်လာပါတယ်။
(၁၉၉၆) ခုနှစ်၊ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲသပိတ်အပြီးမှာ နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေ မတိုင်မီမှာ ကြားနေအိမ်စောင့်အစိုးရကို ကြိုတင်ဖွဲ့စည်းရေးဆိုင်ရာ ဥပဒေ ထွက်လာပါတယ်။ (၁၉၉၇) ခုနှစ်၊ Mauritania ရွေးကောက်ပွဲသပိတ်အပြီးမှာ နိုင်ငံရေးပါတီများမှ ပြည်သူ့ဘဏ္ဍာငွေသုံးစွဲခွင့် ဘတ်ဂျက်ချမှတ်ခြင်း၊ proportional representation electoral system ကို အသုံးပြုခြင်း စတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အစိုးရက ပြုလုပ်ပေးခဲ့ရပါတယ်။
နိဂုံး
နိုင်ငံတနိုင်ငံမှာ ရွေးကောက်ပွဲ သပိတ်တွေ ပေါ်ထွက်လာတဲ့အခါ လူအများကြားမှာ ရေပန်းစားတဲ့ ဆွေးနွေးချက်လေး တခု ရှိပါတယ်။ ရွေးကောက်ပွဲဟာ ထိရောက်မှု ရှိပါသလားဆိုတဲ့ ဆွေးနွေးချက်ပါ။ ဆွေးနွေးကြရင်းနဲ့ ထိရောက်မှုရှိတယ်၊ မရှိဘူး ဆိုပြီး ငြင်းခုန်နေမှုတွေလဲ ရှိတတ်ပါတယ်။ တကယ်တမ်းကျတော့ အလုပ်တခု ထိရောက်မှု ရှိမရှိဆိုတာက အဲဒီအလုပ်ရဲ့ ရည်မှန်းချက် ပန်းတိုင်နဲ့ လုပ်ဆောင်ပုံနည်းလမ်း ရွေးချယ်မှုတွေပေါ်မှာပဲ မူတည်ပါတယ်။ မီတာ (၁၀၀) ပြေးပွဲရဲ့ ပန်းတိုင်တွေ၊ လေ့ကျင့်ပြင်ဆင်ဆောင်ရွက်ပုံတွေနဲ့ မာရသွန်ပြေးပွဲရဲ့ ပန်းတိုင်တွေ၊ လေ့ကျင့်ပြင်ဆင် ဆောင်ရွက်ပုံ ကတော့ တူညီမှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲသပိတ်မှာလဲ ဒီအတိုင်းပါပဲ။ ရွေးကောက်ပွဲသပိတ် ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ပန်းတိုင်က အစိုးရရဲ့ တရားဝင်မှုကို ပြည်သူလူထုနဲ့ နိုင်ငံတကာက အသိအမှတ်မပြုအောင် ပြုလုပ်ခြင်းလား (သို့မဟုတ်) ရွေးကောက်ပွဲမှာ voter turnout နည်းအောင် ပြုလုပ်ခြင်းလား (သို့မဟုတ်) ရွေးကောက်ပွဲသပိတ်ကို အသုံးပြုပြီး လူထုလှုပ်ရှားမှုတွေ ဖော်ဆောင် ရာကနေ အစိုးရဖြုတ်ချရေး၊ ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို အရှိန်မြှင့်ရေးအတွက်လား ဆိုတာက ကြိုတင် ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ ဒါမှလဲ သင့်လျော်မယ့် နိုင်ငံရေးအခင်းအကျင်း သဏ္ဍာန်ကို ပြင်ဆင်တည်ဆောက်ပြီး အကောင်အထည်ဖော်နိုင်မှာပါ။
ထိရောက်မှုရှိမရှိဆိုတာကိုတော့ နောက်ဆုံးမှာ သက်ဆိုင်ရာ ရွေးကောက်ပွဲသပိတ်ရဲ့ မူလက ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာ ရောက်နိုင်ခြင်း ရှိမရှိဆိုတာနဲ့ပဲ တိုင်းတာကြရမှာဖြစ်ပါတယ်။
ရည်ညွှန်းကိုးကား
Ahmed, Nizam (2001) 'Bangladesh. Elections in Asia and the Pacific: A Data Handbook- Vol. 1', Middle East, Central Asia, and South Asia, Dieter Nohlen, Florian Grotz, and Christof Hartmann (eds), Oxford: Oxford University Press.
Bratton, Michael & Nicholas van de Walle (1992) Democratic Experiments in Africa: Regime Transitions in Comparative Perspective, Cambridge: Cambridge University Press.
Bratton, Michael (1998) 'Second Elections in Africa', Journal of Democracy 9, no.3: 18- 33.
Crain, Mark, Donald R. Leavens & Lynn Abbot (1987) 'Voting and Not Voting at the Same Time', Public Choice, 53: 221-9.
Dahl, Robert A. (1971) Polyarchy: Participation and Opposition, New Haven: Yale University Press.
Huntington, Sammuel P. (1991) The Third Wave: Democratization in the Late Twentieth Century, Norman; London: University of Oklahoma Press.
Hyde, Susan Dayton & Emily Beaulieu. (2004) 'Election Boycotts, Election Observers, and Competition: Do international election observers give parties an incentive to boycott elections?', Presented at the American Political Science Association, annual meeting in Chicago.
Mainwaring, Scott & Timothy R. Scully. (1995) Building Democratic Institutions: Party Systems in Latin America, Stanford: Stanford University Press.
Nelson, Michael H. (2001) Thailand. Elections in Asia and the Pacific: A Data Handbook, Vol. II- South East Asia, East Asia, and the South Pacific, iDieter Nohlen, Florian Grotz & Christof Hartmann (eds) Oxford: Oxford University Press.
Pastor, Robert (1998) 'Mediating Elections', Journal of Democracy 9, no.1: 154-63.
Schedler, Andreas (2002) 'Elections without Democracy: The Menu of Manipulation', Journal of Democracy 13, no.2.
Schelling, Thomas C. (1978) Micromotives and Macrobehavior, New York: W.W. Norton & Company.

Subscribe to:
Posts (Atom)