သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်


သည်းခြေ၌ ကျောက်တည်သော ရောဂါလက္ခဏာတစ်ခုမှာ အစာများများစားပြီးနောက် ဝမ်းဗိုက်ပြည့်အင့် ဖောင်းကားလာကာ အစာမကြေသလို ခံစားရမည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုက်တွင် နာကျင်မှုကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။

သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းမှာ ပထမငါးရက်တွင် နေ့စဉ် ပန်းသီးဖျော်ရည် (Apple Juice) လေးခွက်သောက်ပါ။ သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက်နိုင်သည်။) ပန်းသီးဖျော်ရည်သည် သည်းခြေကျောက်ကို ပျော့စေနိုင်သည်။ ထို ငါးရက်အတွင်း အစားအစာကိုလည်း ပုံမှန်စားသုံးရန် ဖြစ်သည်။

ခြောက်ရက်မြောက်နေ့တွင် ညစာမစားဘဲ ထိုနေ့ညနေ ၆ နာရီတွင်မှ ဆားခါးတစ်ဇွန်းကို ရေနွေးတစ်ဖန်ခွက်နှင့် သောက်ပါ။ ည ၈ နာရီတွင် ဆားခါးတစ်ဇွန်း ထပ်သောက်ပါ။ ဆားခါးသည် သည်းခြေ အိတ်ပြွန်များကို ပွင့်စေပါသည်။

ည ၁၀ နာရီတွင် သံလွင်ဆီ(သို့မဟုတ်) နှမ်းဆီပန်ကန်လုံး တစ်ဝက်ကို လတ်ဆတ်သော သံပရာရည်ဖြင့် ရော၍ သောက်ပါ။ သေချာစွာ ရောမွှေပြီးမှ

 သောက်ပါ။ ဆီသည် သည်းခြေကျောက်များကို ချောမွေ့စွာ ထွက်နိုင်စေသည်။ နောက်တစ်နေ့ ဝမ်းသွားသောအခါတွင် ဝမ်းထဲ၌ အစိမ်းရောင် ကျောက်တုံးကလေးများကို တွေ့ရမည်။ ပန်းသီးသည် ဆေးဖက်ဝင် သဘာဝဓာတ်စာဖြစ်ပြီး ဘေးထွက် ဆိုးကျိုးများကိုလည်း မဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

ကြေးမုံသတင်းစာ

ဥက္ကံမြို့မှာ ပဋိပက္ခဖြစ်ပွား

ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း ဥက္ကံမြို့ဈေးအတွင်း အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးနဲ့ ဗုဒ္ဓဘာသာ ကိုရင်တစ်ပါးတို့ မတော်တဆတိုက်မိပြီး သပိတ်ပြုတ်ကျရာက စတင်ခဲ့တဲ့ ပဋိပက္ခကြောင့် ဥက္ကံမြို့မှာရှိတဲ့ ဗလီတစ်လုံး၊ နေအိမ်နဲ့ ဆိုင်ခန်း ၅၀ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။
အခုလို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် ဒေသ တည်ငြိမ်အေးချမ်းမှုရှိစေဖို့ ဒီကနေ့ ညနေ ၅ နာရီကစတင်လို့ ဥက္ကံမြို့ကို ပုဒ်မ (၁၈၈) အမိန့် ထုတ်ပြန်လိုက်ကြောင်း ဥက္ကံမြို့နယ် အုပ်ချုပ်ရေးမှူးက လိုက်လံကြေညာနေပါတယ်။
ဥက္ကံမြို့ ပြန်လည်တည်ငြိမ်းအေးချမ်းစေဖို့အတွက် ရန်ကုန်တိုင်းရဲမှူးကြီး သူရဝင်းနိုင်က ဒေသခံတပ်ရင်းတွေနဲ့ ပူးပေါင်းပြီး လုံခြုံရေးလုပ်ငန်းတွေကို စီမံဆောင်ရွက်နေသလို ဥက္ကံမြို့ပတ်ဝန်းကျင်က မြို့နယ်တွေကိုလည်း တည်ငြိမ်မှုရှိစေဖို့အတွက် ရန်ကုန်တိုင်းအတွင်းက ရဲတပ်ဖွဲ့ဝင်တွေသွားရောက်ပြီး လုံခြုံရေးလုပ်ငန်းတွေ ပါဝင်ဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်။

ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင် အစီရင်ခံစာထုတ်ပြန်

ကိုကျော်ကျော်သိန်း     29.04.2013(VOA)
၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကိုသာ တရားမျှတစွာ ကျင့်သုံး အကောင်အထည်ဖော်ခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပြဿနာ အများအပြားကို တားဆီးကောင်း တားဆီးနိုင်ခဲ့လိမ့်မယ်လို့ ရခိုင်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ပင်တဦးက ပြောပါတယ်။ ဒါ့အပြင် အဲ့လိုပဋိပက္ခမျိုးတွေ နောက်ထပ်မဖြစ်အောင် တားဆီးနိုင်ဖို့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းတာ ဒါမှမဟုတ် အရေအတွက် လျှော့ချတာမျိုး မလုပ်သင့်ဘူးလို့လည်း စုံစမ်းရေးကော်မရှင်က အကြံပေးထားပါတယ်။

အမေရိကန် GSP က ချက်ချင်း အကျိုးမထူးသော်လည်း ရေရှည်အကျိုးရှိနိုင်

 ခင်မျိုးသွယ် | တနင်္လာနေ့၊ ဧပြီလ ၂၉ ရက် ၂၀၁၃ ခုနှစ် ၂၁ နာရီ ၂၃ မိနစ်
ရန်ကုန် (မဇ္ဈိမ)။   ။ အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံအား အခွန် သက်သာကင်းလွတ်ခွင့် (GSP) ကုန်သွယ်မှု အထူးအခွင့်အရေး ပေးမည်ဖြစ်ရာ လက်ရှိတွင် ထူးခြားစွာ သက်ရောက်မှု မရှိနိုင်သေးသော်လည်း
ရေရှည် နှစ်နိုင်ငံကုန်သွယ်မှုတွင် အကျိုးဖြစ်ထွန်းစေနိုင်မည်ဟု စီးပွားရေး ပညာရှင်များနှင့် လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။

လတ်တလော အကျိုးသက်ရောက်မှု မရှိနိုင်သေးခြင်းမှာ ၂၀၀၃ ခုမှ စတင်သည့် အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှုကြောင့် မြန်မာ့ ပို့ကုန်နှင့် သွင်းကုန်များ၏ အဓိက ကုန်သွယ်ဘက် နိုင်ငံများမှာ အာရှနိုင်ငံ များသာ ဖြစ်ခဲ့၍ ဖြစ်သည်။

“အမေရိကန်က ပေးမယ့် အခွန်သက်သာခွင့်ဟာ ကုန်သွယ်မှု ခပ်ပါးပါးပဲ ရှိခဲ့တာကြောင့် ချက်ချင်းကြီးတော့ သက်ရောက်မှု မရှိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် မြန်မာက အဓိက တင်ပို့နေတဲ့ လယ်ယာထွက်ကုန်ကလည်း သူတို့ဆီမှာ လုံလောက်တယ်။ ကျောက်စိမ်း ကျတော့လည်း သူတို့ မကြိုက်ဘူး။ ဒါပေမယ့် ရေရှည်အတွက်တော့ အကျိုးရှိမှာ ဖြစ်ပါတယ်” ဟု ဆရာ ခင်မောင်ညို (ဘောဂဗေဒ) က ပြောကြားသည်။

ထို့ပြင် GSP မှာ ပို့ကုန်သမားများအတွက်သာ သက်ရောက်မှုရှိနိုင်ကြောင်း “အမေရိကန်က GSP ပေးမယ်ဆိုရင် သွင်းကုန်သမားများအတွက် ထူးခြားတဲ့ သက်ရောက်မှု မရှိနိုင်သော်လည်း ပို့ကုန်သမားများအတွက်တော့ သက်ရောက်မှုရှိနိုင်ပါတယ်။ အထူးသဖြင့် လက်ခစား အထည်လုပ်ငန်းတွေ၊ ရေထွက်ပို့ကုန်တွေ အဆင်ပြေနိုင် ပါတယ်။ သွင်းကုန်တွေအတွက် လက်ရှိ အဆင်မပြေနိုင်သေးပေမယ့် ရေရှည်အတွက်တော့ အဆင်ပြေနိုင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အရင်က ကုန်သွယ်မှု     

စီးပွားရေး ပိတ်ဆို့ထားမှုများကြောင့် မြန်မာနှင့် အမေရိကန်တို့၏ ကုန်သွယ်မှုအနေအထားမှာ လွန်စွာနည်းပါးခဲ့ရ သည်။

“အမေရိကန်နဲ့ မြန်မာ ကုန်သွယ်မှုက ၂၀၀၃ ခုနှစ်က စပြီး ၂၀၁၀-၁၁ ခုနှစ်အထိ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ မပြည့်တဲ့ အနေအထားမှာ ရှိခဲ့ပါတယ်” ဟု ကုန်သွယ်မှု စစ်တမ်းများကို သုတေသန ပြုခဲ့သူ ဦးသန်းထွန်းအောင် က ပြောသည်။

သို့သော် ၂၀၁၁- ၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၉၃.၆၄ သန်း အထိ ကုန်သွယ်မှု ရှိလာခဲ့သည်။

လက်ခစား အထည်ချုပ်လုပ်ငန်းများ အခြေအနေကောင်း

အမေရိကန်၏ GSP မှာ လက်ခစား အထည်ချုပ် လုပ်ငန်းများအတွက် အလားအလာ အကောင်းဆုံး ဖြစ်လာမည်
ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ဒုတိယ ဥက္ကဌ ဒေါက်တာအောင်ဝင်း က ခန့်မှန်းသည်။

“GSP မရသေးပေမယ့် အမေရိကန် ကုမ္ပဏီတွေက အပ်ထည်တွေကို စတင်ပို့နေရတဲ့ အနေအထား ရှိပါတယ်။
လောလောဆယ် GSP မရသေးတဲ့အတွက် အခွန်၁၅ ရာခိုင်နှုန်းဝန်းကျင် ပေးနေရသေးတယ်။ GSP သာ ရရင် သူသတ်မှတ်တဲ့ ကုန်အမျိုးအစားအလိုက် အခွန်ပေးရတာလည်း ရှိတယ်။ အခွန် မပေးရတာလည်း ရှိတယ်။ အထည်ချုပ်ကတော့ အပ်ထည် တိုးမြှင့်ရလာနိုင်တဲ့ အနေအထား ရှိပါတယ်” ဟု ဆိုသည်။

GSP ကြောင့် အထည်ချုပ် ဈေးကွက်တွင် အပ်ထည် ပိုမိုရရှိလာနိုင်သလို ချုပ်ခလည်း ပိုရလာနိုင်ခြေရှိကြောင်း အဆိုပါ အသင်း၏ အတွင်းရေးမှူးဒေါ်ခိုင်ခိုင်နွယ် က ပြောသည်။

“GSP ပေးပြီဆိုတာနဲ့ အခွန်ပေးနေရတဲ့ အခြားနိုင်ငံတွေမှာရှိတဲ့ စက်ရုံတွေက အထည်တွေကို ယူပြီး အပ်လို့လည်း ရပါတယ်။ အဓိက က မြန်မာ အထည်ချုပ်စက်ရုံတွေပေါ်မှာ သူတို့ ဘယ်လောက် အပ်ချင်သလဲ ဆိုတဲ့ အနေအထား
ပေါ်မှာ မူတည်ပါတယ်။ မနေ့က အမေရိကန်က Buyer (အဝယ်တော်) လာဆွေးနွေးသွားတယ်။ အခွန်ရှိတဲ့ နိုင်ငံထက် အခွန်မရှိတဲ့ နိုင်ငံတွေက စက်ရုံတွေကို ချုပ်ခ ပိုပေးနိုင်တယ်လို့ ပြောသွားတယ်။ အခွန်ပေးရတဲ့ နိုင်ငံကို ချုပ်ခ ၁ ကျပ်ပေးနိုင်ရင် အခွန်မပေးရတဲ့ နိုင်ငံရဲ့ ချုပ်ခကို ၁ ကျပ် ၂၀ ပြားလောက် ပေးနိုင်တယ်လို့ ပြောသွားတယ်” ဟု ဆိုသည်။

ရေထွက်ကုန်တွေအတွက်လည်း အကျိုးရှိနိုင်

အဆိုပါ အမေရိကန်၏ GSP ကြောင့် မြန်မာ့ ရေထွက်ကုန် တင်ပို့မှုများလည်း အကျိုးသက်ရောက်နိုင်မည်ဟု
မျှော်လင့်ရသည်။

“ပုစွန်ကို အမေရိကန်ပို့နေရတာရှိတယ်။ GSP ရတာနဲ့ အခွန် ကင်းလွတ်နိုင်တော့ မြန်မာ့ ရေထွက်ကုန်ကို တင်သွင်းသူ များလာနိုင်တယ်။ ရေထွက် ပို့ကုန်သမားတွေအနေနဲ့ ဈေးကွက်တခု ပိုရလာနိုင်ပါတယ်” ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးထွန်းအေး က ဆိုသည်။

လယ်ယာ ပို့ကုန်တွေပေါ်မှာ ...

မြန်မာနိုင်ငံ၏ အဓိကပို့ကုန်မှာ လယ်ယာထွက်ကုန်များ ဖြစ်နေသဖြင့် ယင်းပို့ကုန်များအပေါ် အခွန်သက်သာခွင့် သက်ရောက်မှုနဲ့ ပတ်သက်ပြီး “လယ်ယာ ထွက်ကုန်တွေထဲက အဓိက ပို့နေတာ ပဲနဲ့ ဆန်ပါ။ အမေရိကန်အနေနဲ့ ဆန်ကို သူ့နိုင်ငံက စားဖို့ လုံလုံလောက်လောက် ထုတ်လုပ်နိုင်သလို ဆန်ကိုလည်း ပြန်ရောင်းနေတဲ့ နိုင်ငံပါ။ ဒါကြောင့် လယ်ယာပို့ကုန်တွေထဲက ဆန်အတွက်တော့ သက်ရောက်မှု သိပ်မရှိနိုင်ပါဘူး” ဟု ဆန်စပါး အသင်းချုပ်မှ ဦိးမျိုးသူရအေး က ပြောကြားသည်။

အမေရိကန်နိုင်ငံအနေဖြင့် ပဲများကို ကနေဒါနှင့် သြစတြေးလျ နိုင်ငံတို့မှ အဓိက ဝယ်ယူလျက်ရှိသည်။

“(မြန်မာ့ ပဲ) လောလောဆယ် အမေရိကန်ဈေးကွက်ကို တင်ပို့နေတာ မရှိသေးပါဘူး။ အခု စိုက်နေတဲ့ ပဲတွေက ၇၀ ရာခိုင်နှုန်းလောက်က အိန္ဒိယကို သွားနေတာပါ။ စိုက်နေတာလည်း အိန္ဒိယ ဈေးကွက် အကြိုက် ပဲတွေပါပဲ။ အခုလို GSP ပေးလိုက်တဲ့အတွက် ရေရှည်အတွက် ကောင်းပါတယ်။ အမေရိကန်က စားတဲ့ ပဲကို လေ့လာပြီး နောင်မှာ မျိုးဝယ်စိုက်သင့် စိုက်ပြီး အမေရိကန် ပြန်ပို့နိုင်မယ် ထင်ပါတယ်။ ပဲနှမ်းကိုတော့ အမေရိကန်က ဝယ်နေပါတယ်။
မြန်မာက စိုက်တာ နည်းနေပါသေးတယ်” ဟု ပဲနှမ်းကုန်သည်အသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦး က ပြောသည်။

သစ်သီးဝလံ ဈေးကွက်ကရော

မြန်မာနိုင်ငံမှ စိုက်ပျိုးသည့် သစ်သီးဝလံများကို လက်ရှိအနေအထားအထိ အမေရိကန် ဈေးကွက်သို့ တင်ပို့ရောင်းချမှု မရှိခဲ့ပေ။

“အမေရိကန်က ပေးလာမယ့် GSP က သစ်သီးဝလံတွေအတွက် အကျိုးသက်ရောက်မှု မရှိသေးပါဘူ။ လာမယ့် ဇူလိုင် ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်မှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ သရက်သီးပြပွဲမှာ မြန်မာ သရက်သီးတွေ ဝင်ရောက် ပြသဖို့ ရှိပါတယ်။ အဲဒီပြပွဲမှာ ကုန်ပစ္စည်းကြိုက်လို့ ဈေးကွက် ရမယ်ဆိုရင် အခွန် သက်သာခွင့်ကလည်း ပံ့ပိုးထားရင် သရက်သီးနဲ့ပတ်သက်တဲ့ ဈေးကွက်ကြီး တခု ရနိုင်မယ်လို့
မျှော်လင့်ပါတယ်” ဟု သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ အထွေထွေအတွင်းရေးမှူး ဦးစိုးသန်းမင်းဒင် က ခန့်မှန်းပြောဆိုသည်။

မောတောင်နယ်စပ် ကုန်သွယ်ရေး စခန်းကို မေ ၈ ရက်တွင် စတင်ဖွင့်လှစ်မည်


ရန်ကုန်- ငါးခုမြောက် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး စခန်းသစ် ဖြစ်သော မောတောင်နယ်စပ်  ကုန်သွယ်ရေး စခန်းကို မေ ၈ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

“မောတောင်ပြီးရင် ထီးစီးစခန်းကို ဆက်ဖွင့်ဖို့အစီအစဉ်ရှိတယ်။ မနက်ဖြန် ထီးစီးကိုကွင်းဆင်း စစ်ဆေးဖို့ရှိတယ်”ဟု နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိ ယညွှန်ကြားရေးမှူးချုပ် ဦးညွန့်မောင်က ဧပြီ ၂၇ ရက်တွင် ပြောကြားသည်။

ဘရူနိုင်းနိုင်ငံတွင် ဧပြီ ၂၄၊ ၂၅ ရက်က ပြုလုပ်သော အာဆီယံအ စည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စယင်လတ်ရှင်နာဝပ်တို့ သီးသန့် တွေ့ဆုံ၍ နယ်စပ်ကုန်သွယ်ရေး စခန်းသုံးခုထပ်မံဖွင့်လှစ်ရန်သဘောတူညီမှုရခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင် ရေးသားခဲ့သည်။

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်း၊ ထားဝယ်ခရိုင်တွင် ထီးစီးနယ်စပ်ကုန်သွယ်ရေးစခန်း ကရင်ပြည်နယ်တွင် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေးစခန်းတို့ဖြစ်ပြီး ဘုရားသုံးဆူနယ်စပ်ကုန်သွယ်ရေးစခန်းမှာ နယ်နိမိတ်တိုင်းတာမှု မပြီးသေးကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ် စပ်တစ်လျှောက်၌ တာချီလိတ်၊ မြ၀တီ၊ မြိတ်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းလေးခု ဖွင့်လှစ်ထားပြီးဖြစ်သည်။

“နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးတက်ဖို့အတွက် ကုန်သွယ်ရေးဂိတ်တွေ ထပ်ဖွင့်တာပါ။ လောလောဆယ် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး
မှ သွင်းကုန်က များနေတယ်”ဟု ဦးညွန့်မောင်က ဆိုသည်။

နယ်စပ်ကုန်သွယ်ရေး စခန်းလေးခုတွင် မြ၀တီဂိတ်သည်သာ ကုန်သွယ်မှုအများဆုံးဖြစ်ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၂၆၀ ကျော်ရှိကြောင်း နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် နယ်စပ်ကုန် သွယ်ရေး စခန်း ၁၂ ခုရှိပြီး တရုတ် နယ်စပ်တွင် လေးခု၊ ထိုင်း နယ်စပ်တွင် လေးခု၊ အိန္ဒိယ နယ်စပ် တွင် နှစ်ခု၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် နှစ်ခု ရှိကြောင်း စီးပွား ကူးသန်း ၀န်ကြီးဌာနမှ သတင်းရရှိသည်။

7Day News Journal

လက်ပတောင်း အရေး ကူညီသူများကို ဖမ်းဝရမ်းထုတ်ကာ လက်ခံထားသူများကိုလဲ အရေးယူမည် ဆိုလို့ ရွာသား ၅၀၀ သွားရောက် အဖမ်း ခံရာ ရဲက ဖမ်းလို့မရ ဟုပြောပြန်....



စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က လက်ပတောင်း အရေး ကူညီဆောင် ရွက်ပေးနေသော ကိုဟန်ဝင်း အောင် ပါ ၈ ဦးကို ဒေသခံများကို သွေးထိုးလှုံ့ဆော်သည်ဆိုကာ အမှုပေါင်း ၆၆ မှု ဖွင့်လှစ်ထား ပြီး ဖမ်းဝရမ်း ထုတ်ကာ လက်ခံထားသူများ နှင့်သတင်းပေးရန် ပျက်ကွက်သူများ ကိုလည်း ရာဇသတ်ကြီးပုဒ်မ၁၇၆ နှင့် ပုဒ်မ ၂၁၂ တို့ဖြင့် အရေး ယူမည်ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန် ခဲ့သဖြင့် ရွာသူရွာသား ၅၀၀ ခန့်က ယနေ့သွားရောက် အဖမ်း ခံခဲ့ရာ ရဲက လက်မခံ ခဲ့ကြောင်း သွားရောက် အဖမ်းခံသူများကို ဦးဆောင်သူတဦး ဖြစ်သည့် တုံအလယ်တောရွာသူ မစန္ဒာ က Hot News သို့ပြောသည်
”ဒေသခံတွေကို ကူညီတဲ့သူတွေကို သူတို့က တယောက်ကို အမှု ၁ မှုကနေ ၁၈ မှု အထိ ဖွင့်ထားတယ် ဒေသခံတွေရဲ့ ဆန္ဒမပါဘူး ဒေသခံတွေ ကတိုင်ကြားတာမဟုတ်ဘူး လက်ခံထားသူတွေ ကိုဖမ်း မယ်ဆိုလို့ အခုလာအဖမ်းခံကြတာပါ ရွာသူရွာသားတွေ အကုန်လုံး အဖမ်း ခံကြမှာပါ အဲ့တာကို အခု ရဲ အရာရှိ ကိုရဲအောင်က မဖမ်းဘူး ဖမ်းခွင့်မရှိဘူးလို့ပြောနေတယ် သူက ကိုဟန်ဝင်းအောင်တို့ကိုပဲထုတ်ပေးပါ ဖွက်ထားလို့မရဘူး ဒီ ၈ ယောက် နဲ့ပဲညှိနှိုင်းယူမယ်ပြောတယ် ရဲစခန်းရှေ့မှာ ဒီလိုစုရုံး နေတာ နာရီဝက်ကျော်ရင် တရားစွဲမယ် လို့လဲပြောနေတယ် “ ဟုမစန္ဒာက ညနေ၃နာရီကျော် အချိန်က ညောင်ပင်ကြီး ရဲစခန်းရှေ့ တွင်အဖမ်းခံရန်စောင့်ဆိုင်းရင်း တယ်လီဖုန်းမှတဆင့်ပြောသည်
ဆည်တည်းရွာမှ ဦးဝင်းတင့်နှင့်တုံအလယ်တောရွာမှ မစန္ဒာ တို့ဦးဆောင်လာသော ရွာသူရွာသား ၅၀၀ ခန့်သည် နေ့လယ် ၂နာရီမှစတင်ကာ တုံရွာမှ ၀မ်ပေါင်ကုမဏီ သို့တရားဝင်ခွင့်ပြုမိန့်ဖြင့် လမ်းလျှောက်ဆန္ဒပြ ချီတက်လာရင်း ညောင်ပင်ကြီးရဲစခန်း ရှေ့အရောက်တွင် ယင်းသို့ဝင်ရောက် အဖမ်းခံခဲ့ခြင်းဖြစ်သည် ဆန္ဒပြရွာသူရွာသား ၅၀၀ ခန့်သည် ရဲကမဖမ်းသဖြင့် ၀မ်ပေါင် ကုမဏီ ဘက်သို့ ဆက်လက် လမ်းလျှောက် ဆန္ဒပြခဲ့ကာ ညနေ၅ နာရီကျော် အချိန်တွင် ညောင်ပင်ကြီး ရဲစခန်းသို့ ပြန်လည်လမ်းလျှောက်လာပြီး ထပ်မံအဖမ်းခံခဲ့ကြောင်းသိရသည်
”ဖမ်းဝရမ်းထုတ်တာရုတ်သိမ်း ပေးဖို့ပြောမယ် ဒေသခံတွေကိုကူညီနေတာ သူပုန်တွေလို ဆက်ကြေးကောက်နေတာ မဟုတ်ဘူး ဒေသခံတွေကိုကူညီနေသူတွေကို ခုလို ဖမ်းဝရမ်းထုတ်တာကို ဒေသခံတွေက လက်ပိုက်ကြည့်မနေနိုင်ဘူး အမှုရုပ်သိမ်းပေးဖို့ပြောမယ် မဖမ်းမချင်းမထဘူး ရဲစခန်းရှေ့မှာ အားလုံး ထိုင်နေမယ် “ ဟု မစန္ဒာက ထပ်မံအဖမ်းခံရန် ညောင်ပင်ကြီးရဲစခန်းသို့ သွားနေစဉ်တယ်လီဖုန်းမှတဆင့် ပြောသည်
ညနေ ၅ နာရီကျော် အချိန် တွင် ထပ်မံ အဖမ်းခံရန်ရောက်ရှိလာသည့် ရွာသူရွာသား ၅၀၀ ခန့်ကို ရဲက ဖမ်းဆီးခြင်း မပြုပဲ ဦးဆောင်လာသူ အချို့ ကို ဖိတ်ခေါ်ညှိနှိုင်း မှုများပြု လုပ်ခဲ့ပြီး ဧပြီ ၃၀ မနက်တွင် ဦးဆောင် သူ၂ ဦး လာရောက်ရန် ချိန်းဆိုခဲ့ရာ ဦးဆောင်သူများက ယင်းနေ့တွင် ဦးဆောင် သူများကိုသာ ဖမ်းဆီးခြင်း မပြုရန် ဂတိတောင်းခံခဲ့ပြီး မီဒီယာများ ကိုပါ လိုက်ပါခွင့်တောင်းခံခဲ့ရာ ရဲနှင့်သဘောတူညီမှုရရှိခဲ့ကြောင်း လက်ပတောင်းသို့ရောက်ရှိနေသော Hot News သတင်းထောက်ကပြောသည်ရဲနှင့်သဘောတူညီမှုရသဖြင့် အဖမ်းခံရန် စောင့်ဆိုင်းနေသော ရွာသူရွာသား များသည် ညနေ ၆နာရီ ခွဲခန့်တွင် ပြန်လည်ထွက်ခွာသွားကြကြောင်းသိရသည်





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ချဉ်ပေါင်ဖူး၏ ကျန်းမာရေး အကျိုးကျေးဇူးများ



29.4.2013
ချဉ်ပေါင်ဖူးကို ထောင်းပြီး စားတာ၊ ချက်ပြီး စားတာ စသဖြင့် အမျိုးမျိုး ဟင်းလျာပြင်ဆင်ကာ စားလေ့ ရှိကြပါတယ်။ ချဉ်ပေါင်ဖူးကို လတ်လတ်ဆတ်ဆတ် စားတာက ခြောက်အောင်ထားပြီး စားတာထက် အင်တီအောက်ဆီးဒင့် ပမာဏ ပိုများတာကြောင့် ကျန်းမာရေး အကျိုးကျေးဇူး ပိုများတယ်လို့လည်း လေ့လာမှုတွေက ဆိုထားပါတယ်။ ဒါ့အပြင် ချဉ်ပေါင်ဖူးမှာ အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိတာကိုလည်း လေ့လာမှုတွေအရ သိရပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းပေးခြင်း

ကီဘန်စန်း မလေးရှားတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ချဉ်ပေါင်ဖူးမှာ HCA (hydroxycitric acid) လို့ ခေါ်တဲ့ သြဂဲနစ် အက်စစ်ပမာဏ များစွာ ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျော့ကျရေး ဖြည့်စွက်ဆေးထဲမှာ လတ်တလော ထည့်သွင်းပြီး သုံးနေကြောင်း ဆိုပါတယ်။ ဒါ့အပြင် ချဉ်ပေါင်ဖူးမှာ ဗီတာမင်စီနဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် အန်သိုဆိုင်ယာနင် နှစ်မျိုးစလုံး များစွာ ပါဝင်ပါတယ်။

ရောဂါဝေဒနာကို ခုခံနိုင်စွမ်းရှိခြင်း

ချဉ်ပေါင်ဖူးမှာ ဗီတာမင်စီနဲ့ အင်သိုဆိုင်ယာနင်ဆိုတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်မှု မြင့်မားတာကြောင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ရဲ့ ရောဂါဝေဒနာတွေကို တွန်းလှန်နိုင်တဲ့ အဆင့်ကို တိုးတက် ကောင်းမွန်စေနိုင်ပါတယ်။ တချို့ တိုင်းပြည်တွေမှာ ချဉ်ပေါင်ဖူးကို သွေးတိုးတာကို ထိန်းချုပ်နိုင်ဖို့လိုမျိုး ကောင်းကျိုးတွေ ရရှိဖို့အတွက် အသုံးပြုလာကြပါတယ်။

ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါဝင်ခြင်း

ချဉ်ပေါင်ဖူးမှာ ဗီတာမင်အေ၊ ဗီတာမင် B2၊ ဗီတာမင် B3၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ သဘာဝအဆီ၊ ကာဗိုဟိုက်ဒရိတ်တို့ ပါဝင်ပါတယ်။

ဗီတာမင်စီကြောင့် ကောင်းကျိုးများစွာ ရရှိခြင်း

ချဉ်ပေါင်ဖူးမှာ ပါဝင်တဲ့ ဗီတာမင်စီကြောင့် အနာကျက်စေပါတယ်၊ ဆဲလ်တွေ ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်၊ သွားဖုံးကို ကျန်းမာစေပါတယ်၊ သွားတွေကို ကျန်းမာစေပါတယ်၊ ကိုယ်ခံစွမ်းအား စနစ်ကို တိုးတက်စေပါတယ်၊ မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကနေ ကာကွယ်ပေးပါတယ်၊ အိုမင်းမှုဖြစ်နှုန်းကို လျှော့ချပေးပါတယ်၊ ကင်ဆာရောဂါတချို့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်၊ သံဓာတ်စုပ်ယူမှု အားကောင်းစေပါတယ်၊ အဆုတ်ကို ကျန်းမာစေပါတယ်၊ မကြာခဏ အအေးမိဝေဒနာ မဖြစ်အောင် ကာကွယ်ပေးပါတယ်၊ မကြာခဏ ကူးစက်ပိုးဝင်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်.. အစရှိတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။

ကယ်လ်စီယမ်ကြောင့် ကောင်းကျိုးများစွာ ရရှိခြင်း

ချဉ်ပေါင်ဖူးမှာ ပါဝင်တဲ့ ကယ်လ်စီယမ်ကြောင့် အရိုးတွေကို သန်စွမ်း ကျန်းမာစေပါတယ်၊ နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်၊ ကြွက်သား လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်၊ သွေးခဲအောင် လှုံ့ဆော်ပေးပါတယ်၊ ခြေထောက်နဲ့ လက်ထုံကျဉ်မှု လျော့ပါးစေပါတယ်၊ အရိုးပုံပျက်နိုင်ခြေ သက်သာစေပါတယ်၊ သွားတွေကို ကျန်းမာစေပါတယ်.. အစရှိတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။

ကင်ဆာနှင့် သွေးတိုးရောဂါကို ဟန့်တားနိုင်ခြင်း

လေ့လာမှု တစ်ရပ်အရ ချဉ်ပေါင်ဖူးဟာ သွေးတိုးတာကို လျော့ကျစေနိုင်ကြောင်း သိရပါတယ်။ ချဉ်ပေါင်ဖူးဟာ သွေးကြောတွေကို ကျယ်စေပြီး သွေးစေးပျစ်မှု လျော့ကျစေကာ ဆီးသွားများစေတဲ့ အစွမ်းရှိလို့ပါ။ တခြားလေ့လာမှု တစ်ရပ်အရ ချဉ်ပေါင်ဖူးမှာပါတဲ့ အန်သိုဆိုင်ယာနင်က ကင်ဆာဆဲလ်တွေကို သေစေနိုင်တာကြောင့် ကင်ဆာရောဂါကို ကာကွယ် ဟန့်တားနိုင်ကြောင်း သိရပါတယ်။

ကြယ်စင်
BY GOOD HEALTH

Re-Post By ACM 28-4-2013
အေးချမ်းမွန် Credit & Copy From >Shan News <Thank