မြန်မာနိုင်ငံအနေဖြင့် တတိယနေရာအထိ ပထမဆုံးအကြိမ် ရွေးချယ်ဖော်ပြခံရခြင်း အကြောင်းရင်းမှာ ကမ္ဘာနှင့် နှစ်ပေါင်းများစွာ ဆက်ဆံရေးပြတ်တောက်မှု ရှိနေရာမှ မြန်မာနိုင်ငံ၏ ပွင့်လင်းလာမှု၊ ပြုပြင်ပြောင်းလဲမှုများနှင့် ကမ္ဘာလောကအလယ်သို့ ပြန်လည် ဝင်ရောက်လာခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ အစိုးရက အသိအမှတ်ပြု တွေ့ဆုံဆွေးနွေးလာခြင်း များကြောင့်ဖြစ်ကြောင်း သိရသည်။ နယူးယောက်တိုင်းမ်က ဖော်ပြမှုတွင် မြန်မာနိုင်ငံမှ ထင်ရှားသောနေရာများ အဖြစ် ရွှေရောင်ဘုရားများ ရှိသော ဗုဒ္ဓတိုင်းပြည်၊ အင်းလေးကန် ဒေသအလှအပများ၊ ငပလီကမ်းခြေဒေသ၊ ဘင်္ဂလားပင်လယ် အော်မြင်ကွင်းများ၊ Amara Ocean Resort မှ မြင်ရသည့် ကမ်းခြေဒေသ ပင်လယ်ပြင်နှင့် ဧရာဝတီမြစ်တစ်လျှောက် အပန်းဖြေနိုင်သော နေရာမျိုးစုံတို့ကို ဖော်ပြထားသည်ကို တွေ့ရသည်။ ယင်းအပြင် နယူးယောက်တိုင်းမ် သတင်းစာက ဈေးဝယ်ရန် အကောင်းဆုံးတိုင်းပြည် စာရင်းတွင်လည်း မြန်မာနိုင်ငံမှ ယွန်းထည်ရင်းများ ဝယ်ယူရခြင်းအကြောင်းကို သီးသန့်စာမျက်နှာ တစ်ခုဖြင့် ဖော်ပြထားခဲ့ကြောင်း သိရသည်။
နယူးယောက်တိုင်းမ်က ကမ္ဘာ့လည်ပတ်ရန် အကောင်းဆုံး ၄၅နိုင်ငံတွင်မြန်မာနိုင်ငံကို တတိယနေရာ ဖော်ပြ
မြန်မာနိုင်ငံအနေဖြင့် တတိယနေရာအထိ ပထမဆုံးအကြိမ် ရွေးချယ်ဖော်ပြခံရခြင်း အကြောင်းရင်းမှာ ကမ္ဘာနှင့် နှစ်ပေါင်းများစွာ ဆက်ဆံရေးပြတ်တောက်မှု ရှိနေရာမှ မြန်မာနိုင်ငံ၏ ပွင့်လင်းလာမှု၊ ပြုပြင်ပြောင်းလဲမှုများနှင့် ကမ္ဘာလောကအလယ်သို့ ပြန်လည် ဝင်ရောက်လာခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ အစိုးရက အသိအမှတ်ပြု တွေ့ဆုံဆွေးနွေးလာခြင်း များကြောင့်ဖြစ်ကြောင်း သိရသည်။ နယူးယောက်တိုင်းမ်က ဖော်ပြမှုတွင် မြန်မာနိုင်ငံမှ ထင်ရှားသောနေရာများ အဖြစ် ရွှေရောင်ဘုရားများ ရှိသော ဗုဒ္ဓတိုင်းပြည်၊ အင်းလေးကန် ဒေသအလှအပများ၊ ငပလီကမ်းခြေဒေသ၊ ဘင်္ဂလားပင်လယ် အော်မြင်ကွင်းများ၊ Amara Ocean Resort မှ မြင်ရသည့် ကမ်းခြေဒေသ ပင်လယ်ပြင်နှင့် ဧရာဝတီမြစ်တစ်လျှောက် အပန်းဖြေနိုင်သော နေရာမျိုးစုံတို့ကို ဖော်ပြထားသည်ကို တွေ့ရသည်။ ယင်းအပြင် နယူးယောက်တိုင်းမ် သတင်းစာက ဈေးဝယ်ရန် အကောင်းဆုံးတိုင်းပြည် စာရင်းတွင်လည်း မြန်မာနိုင်ငံမှ ယွန်းထည်ရင်းများ ဝယ်ယူရခြင်းအကြောင်းကို သီးသန့်စာမျက်နှာ တစ်ခုဖြင့် ဖော်ပြထားခဲ့ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment