Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

ပြည်တွင်းလူငယ်လှုပ်ရှားမှု။

NLD လူငယ်တွေနဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများဟာ ၂၇.၄.၂၀၁၁ ရက်နေ့နဲ့ ၂၈.၄.၂၀၁၁ ရက်နေ့များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏လမ်းညွှန်မှုဖြင့် ရုံးချုပ်တွင်ပြုလုပ်သော ( နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ၊ ပြည်တွင်းစစ်ရပ်စဲရေး ၊ နိုင်ငံတကာသို့အသီးသီးရောက်ရှိနေသော မြန်မာ့ဒုက္ခသည်များ အား အမိနိုင်ငံသို့ ပြန်လည်ခိုလှုံခွင့်ရရှိရန် နှင့် နိုင်ငံရေးပြဿနာများအားနိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ) စသည့် တောင်းဆိုလွှာများအား ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်အသီးသီးတွင်လည်းကောင်း ၊ ခရီးသည်တင်ယာဉ်လိုင်းများပေါ်တွင် လည်းကောင်း ၊ ဈေးအသီးသီးတွင်လည်းကောင်း ပြည်သူလူထုသိရှိစေရန် လိုက်လံဝေငှခဲ့ပါသည် ။ ပြည်သူလူထုကလည်းစိတ်ပါဝင်စားစွာမေးမြန်းခြင်းများကိုလည်း ကြုံဆုံရပါသည် ။ နိုင်ငံတော်သမ္မတထံသို့ပေးပို့မည်ဖြစ်သော ထိုတောင်းဆိုလွှာ စာရွက်ပိုင်းများနှင့်တကွ ပြည်သူလူထု၏လက်မှတ်များကိုလည်း လက်ခံရရှိပါသည်။ နောက်ရက်များတွင်လည်း ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသတင်းကောင်းဖြန့် လိုက်ပါတယ်။

ကမ္ဘာ့အလုပ်ကမားနေ့ ပန်ကြားလွှာ!

အလုပ်သမားများသို့ ပန်ကြားလွှာ
လေးစားအပ်ပါသော ကာယ၊ ဥာဏအလုပ်သမား အပေါင်းတို့-
ယနေ့ကျရောက်လာမယ့် ၂၀၁၁ခုနှစ်၊ မေလ (၁) ရက်နေ့ဟာ ကမ္ဘာ့အလုပ်သမားနေ့ ဖြစ်ပါတယ်။
မြန်မာ့သမိုင်းတလျှောက်မှာ ကာယ၊ ဥာဏ အလုပ်သမားကြီးများရဲ့ အခန်းကဏ္ဍဟာ အင်မတန်ပင်
ကြီးကျယ်မြင့်မြတ်လှပါတယ်။ ကိုလိုနီနယ်ချဲ့ကို ရင်ဆိုင်အန်တုခြဲ့ကတဲ့ ရေနံမြေ သပိတ်ခေါင်းဆောင်
သခင်ဖိုးလှကြီးနဲ့ ရေနံမြေလုပ်သားတွေဟာ မြန်မာ့လွတ်လပ်ရေးရဲ့ မီးရှူးတန်ဆောင်တွေ ဖြစ်ခဲ့ပါတယ်။ (၁၉၇၄)
ခုနှစ်မှာ မီးရထားအလုပ်သမားတွေ စတင်ခဲ့တဲ့ သပိတ်တိုက်ပွဲတွေဟာ မြန်မာနိုင်ငံတ၀ှမ်းလုံးက အလုပ်သမားတွေ
ဆီကို ကူးစက်ပျံ့နှံ့သွားခြဲ့ပီး စစ်အာဏာရှင်တွေ တုန်လှုပ်ချောက်ချားစေတဲ့ ဇွန် (၆) ရက် အရေးတော်ပုံကြီးကို
ဖြစ်ပွားစေခဲ့ပါတယ်။
ဒီအရေးတော်ပုံကြီးမှာ အသက်ပေးလှူသွားခြဲ့ကတဲ့ သမိုင်းချည်ထည်စက်ရုံနဲ့ ဆင်မလိုက် သင်္ဘောကျင်းက
အလုပ်သမားကြီးတွေဟာ ဆန်လုံလောက်စွာရရှိရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး၊ လုပ်ငန်းခွင်အန္တရာယ်
ကင်းရှင်းရေး၊ နေအိမ်ရရှိရေး၊ လုပ်ခလစာ တိုးမြင့်ရေး နဲ့ အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရေး
ကို တောင်းဆိုခြဲ့ကသူတွေ ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က နိုင်ငံတိုင်းမှာ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့်
ရကြပါတယ်။ အလုပ်သမားတွေရဲ့ နစ်နာနေတဲ့ အခွင့်အရေးတွေနဲ့ ဘ၀အာမခံချက် ရရှိရေးအတွက်
အလုပ်သမားသမဂ္ဂတွေက ဦးဆောင်ပြီး၊ ကြိုးပမ်းဆောင်ရွက်ကြပါတယ်။ ဒါကြောင့်လဲ မြန်မာပြည်က
စစ်အာဏာရှင်တွေဟာ လွတ်လပ်သော အလုပ်သမားသမဂ္ဂတွေ ပေါ်ပေါက်များပြားလာမှာကို ကြောက်ရွံ့
စိုးထိတ်ပြီး၊ မြန်မာနိုင်ငံက အလုပ်သမား လူတန်းစား တရပ်လုံးကို စစ်ဖိနပ်အောက်မှာ ပြားပြားဝပ်နေအောင်
ဖိနှိပ်ထား ကြပါတယ်။
ကာယ၊ ဥာဏ အလုပ်သမားကြီးတွေတင် မကပါဘူး။ အခုဆိုရင် မြန်မာပြည်သူတရပ်လုံးဟာ စစ်ကျွန်ဘ၀မှာ
ဘ၀တွေ ပျက်နေကြရပြီး၊ အနာဂတ် ရည်မှန်းချက်ပန်းတိုင်တွေ ပျောက်ကွယ်နေကြရပါတယ်။
လုပ်ငန်းခွင်တွေမှာလဲ စစ်အာဏာရှင် လက်ကိုင်ဒုတ်တွေရဲ့ ခေါင်းပုံဖြတ် အနိုင်ကျင့်မှုတွေကို ခါးစီး
ခံနေကြရတ့အဲ ပြင်၊ ထိုက်သင့်တဲ့ လုပ်ခလစာတေကွို ပြည့်ပြည့်၀၀ မရကြတာကြောင့် လုပ်ငန်းခင်ွက အပြန်မှာ
ကိုယ့်သားသမီးငယ် လေးတွေ ဖျားနာနေတာ တွေ့ရရင်တောင် ဆေးရုံ၊ ဆေးခန်းတွေဆီ ခေါ်မသွားနိုင်ကြတဲ့
အဖြစ်ဆိုးတွေကို နှစ်ပေါင်းများစွာ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။ အလုပ်သမားကြီးတွေရဲ့ ချွေးစက်တွေဟာ
ကိုယ့်မိသားစု၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံအတွက် ကောင်းကျိုးမဖြစ်စေပဲ စစ်အာဏာရှင်တွေရဲ့ သားစဉ်
မြေးဆက်တွေ ခံစား၊စံစားဖို့ ဖြစ်နေတာကို ကာယ၊ ဥာဏအလုပ်သမား လူထုလူတန်းစားတရပ်လုံး အသိပင်
ဖြစ်ပါတယ်။
ဒါကြောင့် ခေတ်သမိုင်း အဆက်ဆက်မှာ တော်လှန်ရေးတပ်ဦးကနေ ဦးဆောင်ပါဝင်ခ့တဲ့ဲ အစဉ်အလာနဲ့ အညီ
မြန်မာတမျိုးသားလုံး စစ်ကျွန်ဘ၀က လွတ်မြောက်ရေးအတွက် လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂအစုအဖွဲ့များ
ဖွဲ့စည်းတည်ထောင်ပြီး၊ အာဏာရှင်စနစ်ဆိုးကြီး ချုပ်ငြိမ်းစေရေးအတွက် ဦးဆောင်ပါဝင်တိုက်ပွဲဝင်ကြပါရန် မေလ
(၁)ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့အလုပ်သမားနေ့မှာ လေးစားစွာ နှိုးဆော်ပန်ကြားအပ်ပါတယ်။
မြန်မာနိုင်ငံ လူထုလှုပ်ရှားမှု အင်အားစုများ
အဖွဲ့ ဝင် ၉နိုင်ငံပါဝင်သော မြန်မာနိုင်ငံ လူထုလှုပ်ရှားမှု အဖွဲ့ မှ ဖြန့် ဝေ ပါတယ်။