ဓားစာခံနဲ့ တရားခံ (ကဗျာ)


ဓားစာခံနဲ့ တရားခံ (ကဗျာ)


တောထဲမှာ

သူပစ်ကိုယ်ပစ်

မတိုက်ရဲလေတော့

ရွာထဲရောက်နေတဲ့

တော်လှန်ရေးသမားတွေကို

အလစ်ဝင်တိုက်တတ်တယ်၊

ရွာသားတွေကို

ဓားစာခံလုပ်ပြီးမှ

စစ်တိုက်တတ်တာ

အာဏာရှင်တွေရဲ့ အကျင့်။



မိုင်းကွင်းတွေကို

မဖြတ်ရဲလေတော့

အရပ်သားတွေကို

မတရားဖမ်းဆီးပြီး

ရှေ့ကတက်ခိုင်းတတ်တယ်။

ပြည်သူတွေကို

လူသားမိုင်းရှင်းကိရိယာသဖွယ်

အသုံးပြုတတ်တာ

အာဏာရှင်တွေရဲ့ အကျင့်။


ကိုယ်စထားတဲ့ပြဿနာတွေ

ကိုယ့်ဘာသာကိုယ်

မဖြေရှင်းတတ်လေတော့

လှောင်ချိုင့်ထဲက

အမေအိုကိုထုတ်ပြီး

ကြားဝင်ဖြေရှင်းခိုင်းပြန်တယ်၊

လူသားတွေကို

ဒိုင်းသဖွယ်အသုံးချဖို့

ဓားစာခံရှာတတ်တာ

အာဏာရှင်တွေရဲ့ အကျင့်။


မိတ်ဆွေတို့ရေ-

ဓားစာခံနောက်မှာ

တရားခံရှိတယ်၊

တရားခံကိုသာ

ဦးတည်တိုက်ကြ။


ခင်မမမျိုး (၁၄၊ ၃၊ ၂၀၁၃)


ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

အမေနဲ့ သူ့ သားသမီးများ ပြေလည်ကြပါစေ!

ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ဒေါ်အောင်ဆန်းစုကြည် ငါးမိနစ်ကျော်ကြာ သတင်းစာရှင်းလင်းပွဲ မုံရွာမှာ ပြုလုပ်"

လက်ပံတောင်းစံစမ်းစစ်ဆေးရေးကော်
မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မုံရွာမြို့ ဝင်းယူနတီဟိုတယ်က ထွက်ခွာချိန်မှာ ပြည်တွင်း၊ ပြည်ပ သတင်းထောက်တွေနဲ့ ငါးမိနစ်ကျော်ကြာမြင့်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

လက်ပံတောင်း အကျပ်အတည်းနဲ့ ပတ်သက်ပြီး သတင်းစာ ဆရာဟောင်း ဦးဝင်းတင်ရဲ့ သုံးသပ်ချက် အစအဆုံး နားဆင်နိုင်ပါပြီ။ ကိုသိန်းမြတ်က မေးမြန်း တင်ဆက်ထားပါတယ်။

ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

နျူကလိယဗုံး ပေါက်ကွဲခြင်း ဟူသည်

နျူကလိယဗုံး ပေါက်ကွဲတာထက် သူ့ကိုဘာနဲ့ လုပ်တယ်ဆိုတာ အရင် လေ့လာ ရပါမယ်။
အသုံးပြုသော သတ္တုအမျိုးအစား
အဓိက အသုံးပြုတဲ့ ပစ္စည်းကတော့ ပလူတိုနီယံ သတ္တု နဲ့ ယူရေနီယမ် ဖြစ် ပါတယ်။ ပလူတိုနီယမ်မှာ ထူးခြားချက် နှစ်ခုက ရေဒီယို ဓာတ်ကြွခြင်း ဓာတုဓာတ်ပြုခြင်း ဖြစ်ပါတယ်။ ယူရေနီယမ်ကတော့ ရေဒီယို ဓာတ်ကြွမှု နည်းပေမယ့် ကျန်တာကတော့ တူပါတယ်။ 

ခေတ်အလျှောက် -


၂၅ နှစ်ပြည့် တံတားနီ ငွေရတုနေ့အမှတ်တရ



ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်
မတ်လ ၁၃ မှာကျဆုံးခဲ့ပေမယ့်
အဲဒီ- အားနဲ့ပဲ ၈၈ ကိုမွေးဖွား
ကနေ့အထိ အဲဒီမျိုးဆက်တွေဟာ
လူ့အခွင့်အရေးရှိရေး ဒီမိုကရေစီရရှိရေး
တိုင်းပြည်တည်ငြိမ်အေးချမ်းလာစေဖို့အတွက်
ဒေါင်အလံကိုင်စွဲပြီး
နည်းလမ်းပေါင်းမျိုးစုံနဲ့ တွန်းလှန်တိုက်ပွဲဝင်နေစဲ..။

အဲဒီလူတွေနဲ့အတူ ကနေ့ဆို
ပြည်တွင်းစစ်ရပ်စဲရေး
ပွင့်လင်းလူ့အဖွဲ့အစည်းပေါ်ထွန်းရေး
တန်းတူရေးနဲ့
ပြည်ထောင်စုစစ်စစ်မူ ပေါ်ပေါက်ရေးအတွက်
မျက်နှာချင်းဆိုင် စကားတွေပြောဆိုနေကြပြီ..။

ဒါဟာ မဆုတ်မနစ် လျှောက်လှမ်းခဲ့ကြတဲ့
ပေးဆပ်သူတို့ရဲ့ တစိတ်တပိုင်းအောင်ပွဲရလဒ်တွေပဲ..။

ဒီအချိန်မှာ
၈၈ မျိုးဆက်ရဲ့ ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ) ကို
ထောက်ခံကြပါ ပံပိုးကြပါ ဝိုင်းရံကြပါ....လို့
ငွေရတုဖြစ်တဲ့ ဟောဒီ ၂၅ နှစ်မြောက်တဲ့
မြန်မာ့လူ့အခွင့်အရေးနေ့မှာ တောင်းဆိုချင်ပါသည်။

ကျနော်တို့တတွေရဲ့
ဖြစ်ချင်တဲ့ ဆန္ဒကိုယ်စီတွေကို
ခေတ္တခဏ အောက်အီးကာသိမ်းဆည်းထားပြီး
ပြည်တွင်း ၈၈ မျိုးဆက်နဲ့အတူ
ကျစ်လစ်ခိုင်မာတဲ့
နိုင်ငံရေးအခြေခံအုတ်မြစ်ကို
ကာလတခုအတွင်းမှာ
ခိုင်ခန့်အောင်အရင်တည်ဆောက်ကြမယ်..။

ကျနော်တို့တတွေရဲ့
နိုင်ငံရေးအခြေခံအုတ်မြစ်ခိုင်မာလာရင်
ဘယ်အရာမဆို ဒုတ်ထမ်း- ဒါးထမ်းမဟုတ်စေပဲ
တည်ငြိမ်အေးချမ်းစွာနဲ့
လိုနေတဲ့ လူ့အခွင့်အရေးတွေကို
မျက်နှာချင်းဆိုင်
ငြိမ်းချမ်းစွာ တိုင်ပင်ညှိ့နှိုင်းကာဖြင့်
ဆွေးနွေးလို့ အဖြေရှာကာ
စားပွဲဝိုင်းထဲ
ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းကြမယ်..။

ဒါမှ....လိုချင်တဲ့ လူ့အခွင့်အရေး
တောင့်တခဲ့ ငြိမ်းချမ်းရေးတွေ
ငါတို့ပြည်သူလက်ထဲဆီရောက်ရှိမယ်..။
ကဲ....ပေးဆပ်သူတွေရဲ့ ငွေရတုမနက်ခင်းမှာ
မြန်မာပြည်ငြိမ်းချမ်းပါစေ....။
ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်
ကောင်းရာသုဂတိဘုံမှာ စံမြန်းနိုင်ကြပါ....စေ။

( ကိုဗလိုင် )
ဤကဗျာဖြင့် ၂၅ နှစ်ပြည့် ငွေရတု တံတားနီနေ့အထိမ်းအမှတ်အားဂုဏ်ပြုအပ်ပါသည်..။


ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ကြေးနီစီမံကိန်း ဒေသခံတွေ နဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ

dassk-lpd-305
လက်ပန်တောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အစီရင်ခံစာထုတ်ပြန်ပြီးနောက် မတ် ၁၃ ရက်နေ့က လက်ပန်တောင်းတောင် ဒေသခံပြည်သူတွေနဲ့ သွားရောက် တွေ့ဆုံစဉ်
Photo : RFA/ Aung Nay Myo
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းပစ်လိုက်မယ်ဆိုရင် မိမိတို့တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အကျိုးမရှိနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၃ ရက် ဒီကနေ့ ကြေးနီတောင်စီမံကိန်း ဒေသခံတွေ နဲ့တွေ့ဆုံစဉ် ပြောလိုက်ကြောင်းသိရပါတယ်။
ဒါ့အပြင် စီမံကိန်းကြောင့် နစ်နာဆုံးရှုံးမှုတွေကို ကုမ္ပဏီတွေဖက်က တာဝန်ယူဖြေရှင်းပေးသင့်တဲ့ အချက်တွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောခဲ့ပါတယ်။
“ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ပြည်သူတွေရဲ့ အလုပ်အကိုင်ရရှိရေးနဲ့ ပတ်သက်လို့ မြေယာလျော်ကြေးတွေနဲ့ ပတ်သက်လို့ ကျမတို့ရှင်းပြပြီးပါပြီ၊ အလုပ်အကိုင်တွေလည်း ဖန်တီးပေးရမယ်၊ ကျန်းမာရေးလည်း စောင့်ရှောက်ပေးရမယ်၊ ပညာရေးနယ်ပယ်လည်း တိုးတက်အောင် ကျမတို့လုပ်ပေးရမယ်၊ ဒါပေမယ့် ကျမရှင်းဖို့တစ်ခု လိုပါသေးတယ်၊ အဲ့ဒီကိစ္စကတော့ စေတီတော်နဲ့ သိမ်ကိစ္စပါ၊ လက်ပန်းတောင်းတောင်မှာ ကြေးနီစီမံကိန်းလုပ်လို့ရှိရင် စေတီတော်နဲ့ သိမ်ကိုမပျက်အောင် လုပ်စေချင်တယ်ဆိုပြီးတော့ ပြောကြပါတယ်၊ ဒါကိုကျမလည်း အများကြီးနားလည်ပါတယ်၊ ကျမတို့ရဲ့ နိုင်ငံသူ နိုင်ငံသားအများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အလျောက် စေတီတော်ကို ကြည်ညိုလေးစားတဲ့ အလေ့အထဟာ အင်မတန်မှ အင်အားရှိပါတယ်၊ ဒါဟာကျမတို့ရဲ့ အစဉ်အလာလည်း ဖြစ်ပါတယ်၊ ဒါပေမယ့် ဒီစီမံကိန်းကို လုပ်လိုက်လို့ရှိရင် စေတီနဲ့ သိမ်ကို ဝိုက်ပြီးတော့လုပ်လို့ရပါတယ်၊ ဝိုက်ပြီးတော့ အဲဒီဟာပဲချန်ပြီးတော့ ဘေးပတ်ဝန်းကျင်မှာ လုပ်လို့ရပါတယ်၊ အဲဒီလိုလုပ်လို့ရှိရင်တော့ ရတယ်ဆိုပေမယ့် ရေရှည်မှာတော့ ဒီစေတီရဲ့ခိုင်မာရေးကို ဘာမှအာမခံချက်မရှိပါဘူး ”
စီမံကိန်းရပ်ဆိုင်းလိုက်မယ်ဆိုရင် မိမိတို့နိုင်ငံအပေါ် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေအရ ယုံကြည်မှုပျက်ပြားသွားစေနိုင်ကြောင်း၊ တရုတ်နိုင်ငံကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မိမိတို့အနေနဲ့အတူ ယှဉ်တွဲနေထိုင်သွားရမှာဖြစ်ကြောင်း ပြောခဲ့တယ်လို့သိရပါတယ်။
မနေ့က ကြေးနီတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာမှာ အဲဒီအပေါ် မကျေနပ်ကြတဲ့ ကြေးနီတောင်စီမံကိန်း ဒေသခံတွေက ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ဒေသခံတွေအနေနဲ့ ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေထံက ခွင့်ပြုချက်ယူပြီးမှသာ လုပ်ဆောင်သင့်ကြောင်း ဒေသခံအာဏာပိုင်တွေကလည်း ဆန္ဒပြဖို့ခွင့်ပြုချက်ပေးမယ်လို့ ကတိပေးပြီးဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောခဲ့ပါတယ်။
ဒါ့အပြင် မိမိတို့ပြည်သူတွေအနေနဲ့ အနာဂတ်ကို ရဲရဲရင့်ရင့် ရင်ဆိုင်ရမှာဖြစ်ကြောင်းနဲ့ အပြောင်းအလဲတွေကို လက်ခံရမှာဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
ဒီနေ့ဒေသခံတွေနဲ့ တွေ့ဆုံဖို့အတွက် ကြေးနီတောင်ဒေသက ကျေးရွာတွေကိုအသွား လမ်းခရီးမှာ  လက်ပန်းတောင်းတောင် အစီရင်ခံစာအပေါ် မကျေနပ်လို့ ဆန္ဒပြနေတဲ့ဒေသခံတွေ တားဆီပိတ်ဆို့တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ကျားကွက်ရွှေ့တဲ့လက်

 
ကျားကွက်ရွှေ့တဲ့လက်
တခါတရံမှာ လူတွေဟာ ငယ်စဉ်ဘ၀ကို ပြန်လည်သတိရပြီး၊ လွမ်းဆွတ်တတ်ကြတာ ထုံးစံတခုပဲ ထင်ပါရဲ့။ အခုတလော ကျွန်မရဲ့ ငယ်စဉ်ဘ၀ကို ပြန်ပြောင်းသတိရနေပြီး၊ လွမ်းဆွတ်နေမိပါတယ်။ အထူးသဖြင့် ကျွန်မအဖိုးနဲ့ ကျားကစားခဲ့ရတဲ့ အချိန်ကာလလေးတွေကိုပါ။ ကျွန်မ မိဘနှစ်ပါးက ငယ်စဉ်ကတည်းက ကွဲကွာနေကြတာ ဖြစ်လေတော့ ဘ၀မှာ အဖေနဲ့အတူ ဖြတ်သန်းကျင်လည်ခဲ့ရတဲ့ ငယ်ဘ၀က အမှတ်ရစရာ သိပ်မရှိခဲ့ပါဘူး။ ဒါကြောင့် အဖိုးဖြစ်သူကသာ ကျွန်မဘ၀ရဲ့ တဦးတည်းသော male figure ဖြစ်ခဲ့ပါတယ်။ အဖိုးကလဲ ကျွန်မခုနစ်နှစ်မှာ ဆုံးပါးသွားပြန်ပါတယ်။ ဒါပေမယ့်လဲ အဖိုးသင်ပေးခဲ့တဲ့ ကျားကစားနည်း၊ စစ်တုရင်ကစားနည်းတွေ၊ အဖိုးပြောပြခဲ့တဲ့ လွတ်လပ်ရေး သမိုင်းတွေ၊ လွတ်လပ်ရေးရပြီးစ ပြည်တွင်းစစ်ပွဲအကြောင်းတွေ၊ ဒုတိယကမ္ဘာစစ်ကာလက နာမည်ကျော်စစ်ပွဲများရဲ့ စစ်မဟာဗျူဟာ အခင်းအကျင်းတွေကတော့ ကျွန်မရဲ့ ဘ၀ထဲမှာ ဆက်လက် ရှင်သန်နေခဲ့ပါတယ်။ အထူးသဖြင့် အဖိုးသင်ကြားပေးခဲ့တဲ့ ကျားကွက်ရွှေ့သဘောတရားတွေက အမှန်တရ ဖြစ်စေခဲ့ပါတယ်။

ကျွန်မ သုံးနှစ်လောက်အရွယ်ကတည်းက ညနေတိုင်းလိုလို အဖိုးနဲ့ ကျားကစားခဲ့တာ၊ တခါမှ အနိုင်ရတယ်လို့ မရှိခဲ့ပါဘူး။ အဖိုးကလဲ ကလေးဆိုပြီး လျှော့မပေးပါဘူး။ လျှော့ပေးလို့ အနိုင်ရလိုက်ရင် ကိုယ့်ကိုယ်ကို အထင်ကြီးပြီး စိတ်ကြီးဝင်သွားမှာ စိုးရိမ်လို့ ထင်ပါတယ်။ ဒီလိုနဲ့ ကစားလာခဲ့ကြတာ၊ ကျွန်မ တတန်းနှစ် ရောက်တော့မှ အဖိုးကို ရံဖန်ရံခါ အနိုင်ရလာပါတယ်။ လက်ရည်တူ ကစားလာ နိုင်ခဲ့ပါတယ်။ ဒီလိုဖြစ်အောင် အဖိုးလေ့ကျင့်ပေးခဲ့တာကတော့ တယောက်တည်း ကစားခိုင်းခြင်းပါ။ အဖြူဘက်ခြမ်းကနေပြီး၊ အကွက်ရွှေ့လိုက်၊ အမည်းဘက်ခြမ်းကနေပြီး အကွက်ရွှေ့လိုက်နဲ့ အကွက်ရွှေ့နည်းတွေ၊ ဟာကွက်တွေ၊ အနိုင်အရှုံးရလာဒ်တွေကို တွက်ချက်လေ့လာခိုင်းပါတယ်။ ဒီလိုပုံစံနဲ့ ကစားတာ ကြာလာတော့ ကျားကွက်ရွှေ့သဘောတရားတွေကို ပိုပြီး သဘောပေါက် လာခဲ့ပါတယ်။

တခါတရံတော့လဲ ကျားကွက်ကို ရွှေ့နေတဲ့ ကျွန်မရဲ့ လက်ထဲမှာ ကျရောက်နေရှာတဲ့ အဖြူနဲ့ အမည်း စက်ဝိုင်းပုံ သစ်သားလေးတွေကို ကြည့်မိရင်း သနားမိပါရဲ့။ တကယ်တော့ သူတို့ကို ရွှေ့နေတဲ့ လက်ဟာ တခုတည်းသော လက်မှန်း သူတို့ ဘယ်သိရှာပါ့မလဲ။ အရွယ်တူ စက်ဝိုင်းပြားလေးတွေ ဖြစ်ရက်သားနဲ့ အဖြူရောင်နဲ့ အမည်းရောင် ဆိုးပေးလိုက်တာကို ခံလိုက်ရပြီးချိန်မှာ အပြိုင်အဆိုင် ရင်ဆိုင်ကြရတဲ့ တိုက်ပွဲဝင် ကျားလေးတွေ ဖြစ်ကုန်ပါရောလား။ ဒီလိုနဲ့ပဲ ကျားကွက်ရွှေ့နေတဲ့ လက်က ထိုးကျွေးလိုက်ရင် ကျားကွက်ဘေးကို ရောက်သွားလိုက်၊ ကင်းဝင်ပေးလိုက်ရင် ဘုရင်ဖြစ်သွားလိုက်၊ ကင်းအချင်းချင်း ထပ်တိုက်တွေ့ပေးရင် ထိုးကျွေးခံရလိုက်၊ စားလိုက်နဲ့။ တခါတလေကျတော့လဲ ရွှေ့နေတဲ့ လက်က စိတ်ကောင်းဝင်နေရင် အနိုင်အရှုံးမရှိတဲ့ သရေပွဲ ဖြစ်သွားပြန်ပါရော။

အဖိုးရဲ့ "ကျားကွက်ရွှေ့တဲ့လက်" သင်ခန်းစာလေးက အပျော်တမ်း ကျားကစားပွဲတွေမှာတင်မကပဲ ဘ၀ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေမှာလဲ အထောက်အကူ ဖြစ်လာခဲ့ပါတယ်။ ဒါတင်မကပဲ ဘ၀ရှင်သန် နေထိုင်ရေးရဲ့ သင်ခန်းစာတခုလဲ ဖြစ်လာခဲ့ပါတယ်။ ကိစ္စကြီးငယ်ရှိလာတိုင်း " ဒီအရေးမှာ ကိုယ်က ကျားဖြစ်တဲ့ အခြေအနေမှာလား၊ ကျားကွက်ရွှေ့တဲ့လက် ဖြစ်တဲ့ အခြေအနေမှာလား" ဆိုတာကို ပြန်လှန်သုံးသပ်မိလေ့ ရှိလာခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတခုကတော့ တစုံတဦးရွှေ့နေတဲ့ ကျားကွက်ပေါ်မှာ အဖြူ၊ အမည်း ဆိုးခံထားရတဲ့ ကျားတကောင် ဖြစ်ချင်စိတ် မရှိတော့တာပါပဲ။ ဘာကြောင့်လဲဆိုတော့ ထိုးကျွေးခံရတဲ့ ကျားပဲ ဖြစ်ဖြစ်၊ ဘုရင်ဖြစ်သွားတဲ့ ကျားပဲဖြစ်ဖြစ်၊ "ကျားကွက်ရွှေ့တဲ့လက်" ရဲ့ သားကောင်လေးတွေပဲ မဟုတ်ပါလား။ ကျားကွက်ရွှေ့နေတဲ့လက်ကို မမြင်တတ်တဲ့အခါ၊ ကိုယ့်ဘာသာကိုယ် ကျားဖြစ်လို့ ဖြစ်မှန်းမသိပဲ ထိုးကျွေးခံရရင် ဘေးရောက်လိုက်၊ ဘုရင်ဖြစ်သွားရင် စိတ်ကြီးဝင် အောက်ခြေလွတ်လိုက်နဲ့ ဖြစ်တတ်တာကြောင့် ကျားဘ၀ရောက်မှာကို စိုးရိမ်မိပါရဲ့။
ခင်မမမျိုး (၁၃၊ ၃၊ ၂၀၁၃)









ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ပဲပင်ပေါက်ဖောက်ကြမယ်


နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
ပဲပင်ပေါက်တွေကို ကျွန်တော်တို့ဈေးကနေဝယ်ကြပါတယ်... အဲ့ဒီပဲပင်ပေါက်တွေကိုချက်ပြုတ်စားသောက်နေပေမဲ့ ဒီပဲပင်ပေါက်တွေဟာ သန့်ရှင်းမှုရှိရဲ့လား ကျန်းမာရေးနဲ့ကိုက်ညီအောင် ပြုလုပ်ထားရဲ့လား... ဓာတုဆေးဝါးတွေအသုံးပြုထားသလားဆိုတာကိုမသိနိုင်ပါဘူး... အဲ့ဒီလို သံသယတွေဝင်စရာမလိုဘဲ စိတ်သန့်သန့်နဲ့စားချင်တယ်ဆိုရင်တော့ ကိုယ့်ဘာသာပဲပင်ပေါက်ဖောက်ဖို့လိုပါလိမ့်မယ်...

နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လူ့အခွင့်အရေး အားနည်းနေဆဲ

ကိုသားညွန့်ဦး (VOA)
မြန်မာနိုင်ငံတွင်းမှာ ထိပ်ပိုင်းကလုပ်တဲ့ ပြုပြင်ပြောင်းလဲ မှုတွေနဲ့ အောက်ခြေ လက်တွေ့ ပကတိဖြစ်မှုတွေအကြား ကွာဟချက်တွေ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ဝေဖန်လိုက်ပါတယ်။ နောက်နောင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်မဖြစ်ဖို့ဆိုရင်၊ အတိတ်က လူ့အခွင့်အရေး ချိုးဖောက်မှု တွေကိုလည်း ကိုင်တွယ် ဖြေရှင်းသင့်တယ်လို့ အကြံပြုပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မနေ့တုန်းက မစ္စတာ ကင်တာနား ပြောဆိုတင်ပြခဲ့ တာတွေနဲ့ ပတ်သက်လို့တော့ ကိုသားညွန့်ဦး တင်ပြထားပါတယ်။

မီးလောင်ဗုံးသုံး နှိမ်နင်းမှု အမေရိကန် ကန့်ကွက်

ကိုသားညွန့်ဦး (VOA)
မြန်မာနိုင်ငံ အထက်ပိုင်း လက်ပံတောင်းတောင် စီမံကိန်း ဆန္ဒပြသူတွေကို လုံခြုံရေးတပ်က အင်အားသုံး ဖြိုခွင်းခဲ့ရာမှာ Phosphorus ပါတဲ့ မီးခိုးဗုံးတွေ အသုံးပြုခဲ့တယ် ဆိုတာနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုကတော့ ဒီလို အန္တရာယ်ကြီးတဲ့ ဓာတုပစ္စည်း အသုံးပြုမှုအပေါ် ကန့်ကွက် ဝေဖန်ပါတယ်။ လူအုပ်စုကို ကိုင်တွယ် ထိန်းသိမ်းတဲ့နေရာမှာ နိုင်ငံတကာ စံနှုန်း စံထားအတိုင်း လူ့အခွင့်အရေး ကျင့်ဝတ်တွေကို လိုက်နာဖို့လည်း တိုက်တွန်းပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မြစ်ကြီးနားအ၀င်တွင် တားဆီးခံရ

ရန်ကုန်မြို့မှ ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေး လမ်းလျှောက်သူများ အဖွဲ့သည် မတ်လ ၁၁ ရက်နေ့ နံနက်၉နာရီတွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာရာ မြို့အ၀င် (ပမ္မတီး ရပ်ကွက်အ၀င်) တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်မှ သံဆူးကြိုးများ ခတ်ထားသည့် အရံအတားများဖြင့် တားဆီးခဲ့ကြောင်း ငြိမ်းချမ်းရေး လမ်းလျှောက်သူများ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်မင်းနိုင်က The Voice Weekly သို့ပြောကြားသည်။ ယင်းကဲ့သို့ တားဆီးရခြင်း၏ အကြောင်းအရင်းကို မေးမြန်းရာတွင် အထက်အမိန့်အရ ဟုသာဆိုကြောင်း ၊မည်သည့် အမိန့်စာ ထုတ်ပြန်ချက်မှ ပြသနိုင်ခြင်းလည်း မရှိကြောင်း၊ ဆွေးနွေး ညှိနှိုင်းရန်အတွက် တာဝန်ရှိ ပုဂ္ဂိုလ်အား မေးမြန်းရာတွင်လည်း ရေရေရာရာ ပြောပြခြင်းမရှိကြောင်း၊ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးမှ မိမိတို့ဆန္ဒအလျှောက် ဖြတ်လိုက ဖြတ်သွားနိုင် ကြောင်းဆိုသဖြင့် လမ်းမကြီးပေါ်တွင် ပိတ်ထားသော သံဆူးကြိုး အရံအတားများကို ရှောင်ကွင်းကာ ဖြတ်သန်းလာခဲ့ကြောင်း ၎င်းကဆိုသည်။
“မနေ့ကအထိ ဒီလမ်းကြောင်းကို ဖွင့်ထားတယ်လို့ကြားတယ်။ ဒီမနက်ကျမှ တားတယ်ဆိုတော့ ကျွန်တော်တို့အနေနဲ့ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်” ဟု ကိုအောင်မင်းနိုင်က ပြောသည်။ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့များ ဖြတ်သန်းသွားပြီး နောက်ပိုင်း ခဏအကြာတွင် ပိတ်ထားသည့် အရံအတားများကို ပြန်လည် ဖယ်ရှားခဲ့ကြောင်း မျက်မြင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။ယခုလတ်တလောတွင် ငြိမ်ချမ်းရေး လမ်းလျှောက် အဖွဲ့ဝင်များ ပမ္မတီးရပ်ကွက် အတွင်းရှိ နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်း ၀င်းအတွင်းရပ်နားလျှက်ရှိပြီး မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့အတွင်းသို့ ၀င်ရောက်မည်ဖြစ်ရာ ထိုသို့ ၀င်ရောက်ရာတွင် စစ်တပ်မှ မြို့ပတ်လမ်းကို သာအသုံးပြုရန် ပြောကြားထားသော်လည်း လမ်းလျှောက် အဖွဲ့အနေဖြင့် ပြည်ထောင်စု လမ်းမကြီးပေါ်မှသာ ၀င်ရောက်သွား မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသွားသည်။ “ ကျွန်တော်တို့ရှေ့မှာတင် ဂိတ်တွေမှာ အင်အားတွေ ထပ်ဖြည့်နေတာ တွေ့ရတယ်။မနက်ဖန် မနက်မှာတော့ ကျွန်တော်တို့အနေနဲ့ တော်တော်လေး အင်အားကြီးတဲ့ အတားအဆီးတစ်ခု ကြုံရမယ်လို့ ယုံကြည်တယ်” ဟု ကိုအောင်မင်းနိုင်က ဆိုသည်။ပမ္မတီးခရမ်း ကျောင်းတိုက်ရှေ့တွင်ရှိသော တာဝန်ကျ တပ်သားတစ်ဦးကို လမ်းပိတ်ထားသည့် အကြောင်းရင်းကို မေးမြန်းကြည့်ရာ တွင် စစ်ရေးပြလေ့ကျင့်ရေး ရှိသောကြောင့် ခေတ္တပိတ် ထားခြင်းဖြစ်ကြောင်နှင့် မနက်ဖန် (မတ်လ ၁၂ ရက်) တွင် ပုံမှန်အတိုင်း ပြန်လည်သွားလာခွင့် ပြုသွားမည် ဖြစ်ကြောင်းဖြေကြားသည်။
 The Voice Journal



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

စုံစမ်းရေးကော်မရှင် အစီရင်ခံစာအပေါ် လက်ပံတောင်းအရေး လှုပ်ရှားသူများ ဝေဖန်

ရန်ကုန် (မဇ္ဈိမ)။   ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အားနည်းချက်များ ရှိသော်လည်း ပြင်ဆင်နိုင်

ကြေးနီးစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီအရင်ခံစာအပါ် သပိတ် လက်ပံတောင်း အရေး ခေါင်းဆောင် တဦးဖြစ်တဲ့ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်း ကတာ့ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

တိုင်းပြည်အကျိုးစီးပွားအတွက် ကော်မရှင်ကို ဦးဆောင်ခဲ့တာဖြစ်ကြောင်း ပြော


လက်ပန်းတောင်းတောင်စီမံကိန်း စုံးစမ်းစစ်ဆေးရေး ကော်မရှင်မှာ တာဝန်ယူဆောင်ရွက်ခဲ့တာဟာ တိုင်းပြည်ရဲ့အနာဂတ်ကိုရှေ့ရှုပြီး တိုင်းပြည်သိက္ခာရှိအောင်ဆောင်ရွက်တာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၂ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သတ်သည့် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကော်မတီ

လက်ပံတောင်းတောင်ကြေးနီစီမံကိန်
းနှင့် ပတ်သတ်သည့် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကော်မတီတစ်ရပ်အား အဖွဲ့ဝင်၁၅ဦးဖြင့်မတ်လ 11 ရက်နေ့ကဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

လက်ပံတောင်းနှိမ်နင်းမှု မီးစုံးဓာတ်ပါဗုံး အသုံးပြုကြောင်းတွေ့ရှိ

အောင်ရဲ မောင်မောင်
ကန့်ကွက်မှုတွေ အကြီးအကျယ် ကြုံခဲ့ရတဲ့ လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ထိခိုက်မှု ပြင်းထန်တဲ့ မီးစုံးဓာတ်ပါ မီးလောင်ဗုံးတွေ အသုံးပြုခဲ့တာကို တွေ့ရတဲ့ အကြောင်း ဖော်ပြလိုက်ပါတယ်။ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

၈၈မျိုးဆက်တွေရဲ့ ချင်းပြည်နယ်ခရီးစဉ်မှာ နှောင့်ယှက်မှုတွေရှိ

88_chin_305
ချင်းပြည်နယ်၊ ဖလန်းမြို့ကို မတ်လ ၉ ရက်နေ့က ရောက်ရှိနေတဲ့ ၈၈မျိုးဆက်ကျောင်းသားတွေနဲ့ ဒေသခံများ တွေ့ဆုံခဲ့စဉ်
photo: 88 facebook

အောင်လံမှ ဧရာ ကျန်းမာပါစ

စောဇင်ညီ | ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၆ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၀၀ မိနစ်
(ဆောင်းပါး - မဇ္ဈိမ) ၂၁ ကြာ တည်တံ့နေတဲ့ UKT အရက်ချက် စက်ရုံက မီးခိုးလုံးတွေက အောင်လံမြို့ကို ထွန်းညှိထားသည့် အလင်းရောင်ကို ဖုန်းကွယ် လုမတတ် ကောင်းကင်ပေါ်သို့ လွင့်တက်နေသည်။

အဘ ဦးရဲခေါင် နာရေးသတင်း အစီအစဉ်

အဘ ဦးရဲခေါင် နာရေးသတင်း အစီအစဉ်

အဘ ဦးသာဆိုင် အမိဒေါ်ရွှေမှတ်တို့၏သား၊ ဒေါ်ခင်လှိုင်၏ ခင်ပွန်း၊ ကိုနေလင်းနှင့် ကိုမိုးကြယ်တို့၏ အဖေ အဘ မြ၀တီ ဦးရဲခေါင်သည် 21/01/1924 ခုနှစ်တွင် မြစ်ဝကျွန်းပေါ် ဖျာပုံမြို့တွင် မွေးဖွားခဲ့ပြီး 06/03/2013  ခုနှစ် အသက် ၈၉ နှစ်အရွယ်တွင် အဆုပ်ကင်ဆာ ရောဂါဖြင့် သြစကြေးလျားနိုင်ငံ ဆစ်ဒနီမြို့ရှိ Auburn Nursing Home တွင် ယနေ့နေ့လည် 13:15 နာရီတွင် ဘ၀တပါးသို့ ကူးပြောင်းသွားပါသည်။ အဘဦးရဲခေါင်သည် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) နှင့် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) တွင် နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ရေးတွင် ပါဝင်လာခဲ့သည့် လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်၊ အဘ ဦးရဲခေါင်သည် မြ၀တီမဂ္ဂဇင်း အယ်ဒီတာဟောင်း၊ ပြည်ချစ်တပ်မတော် ဗဟိုကော်မတီဝင်နှင့်  အသံလွှင့်ဌာနမှူး၊ ဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစုတွင် စိတ်ဓာတ်စစ်ဆင်ရေးဌာနတာဝန်ခံနှင့် လူငယ်ရေးရာ ဒုဥက္ကဌ၊ ခေတ်ပြိုင်သတင်းစာ အယ်ဒီတာ စသည့်တာဝန်များကို ထမ်းဆောင်လာခဲ့ရုံသာမက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲများတွင်လည်း နောက်ဆုံးအချိန်ထိ အရှုံးမပေး၊ ဒူးမထောက်ဘဲ တော်လှန် တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်။ 
အဘ မြ၀တီရဲခေါင်၏ ရုပ်ကလပ်အား Auburn ရှိ Funeral Service တွင် ထားရှိသည်။ အဘဦးရဲခေါင်၏ အသိမိတ်ဆွေ သူငယ်ချင်းများအားလုံး နောက်ဆုံးအနေဖြင့် တွေ့ဆုံဂါဝရ ပြုရန်အတွက် 08/03/13 ရက်နေ့ ညနေ ၆ နာရီမှ ၇ အထိ စီစဉ်ထားပါသည်။ ၇ နာရီ နောက်ပိုင်းတွင် အဘဦးရဲခေါင်၏သား ကိုနေလင်း၏ နေအိမ် ဖြစ်သည့် 217, Park Road, Auburn တွင် ဈာပန အခမ်းအနားနှင့် ပတ်သက်သည့် အစီအစဉ်များအား ကျန်ရစ်သူ မိသားစုနှင့်အတူ အဘဦးရဲခေါင်၏ မိတ်ဆွေများက တွေ့ဆုံဆွေးနွေး တိုင်ပင်သွားမည် ဖြစ်သည်။ 
 
   07/03/13 ရက် မနက်ဖြန် ကြာသပတေးနေ့တွင် အသက်ပျောက်ဆွမ်းနှင့် 12/03/13 ရက် အင်္ဂါနေ့တွင် ရက်လည်ဆွမ်းကျွေး တရာတော်နာခြင်းအစီစဉ်ကို ကိုနေလင်းအိမ်တွင် ပြုလုပ်သွားမည် ဖြစ်ပြီး ဈာပန အခမ်းအနားအား 9/03/13 တွင် Lidcobme ရှိ Rockwood သုသာန်တွင် မီးသဂြိုလ်သွားမည် ဖြစ်ကြောင်း အဘဦးရဲခေါင်၏ ရပ်နီးရပ်ဝေးမှ မိတ်ဆွေသူငယ်ချင်းများအား အသိပေး အကြောင်းကြားအပ်ပါသည်။

ဆက်သွယ်ရန် 
ဦးနေလင်း  - 614 24240983
ဦးသူရ  - 614 21418449
ဦးအုန်းမြင့်- 612 96753280
ဦးမောင်မောင်သန်း - 614 4337816
ဦးဖိုးဇော်  -  614 33725289
ဦးစိုးလွင်  -  61412388263
ဦးသာနိုင် - 614 11871932
ဦးခင်မောင်ကျော် (ကိုဂဏန်း) -  614 21045091

အဘ မြ၀တီရဲခေါင်၏ ကိုယ်ရေးရာဇ၀င်အကျဉ်းကို Nge Naing blog  <http://nge-naing.blogspot.com.au/2009/10/blog-post_13.html > မှာဖတ်နိုင်ပါသည်။ ဓာတ်ပုံကို မြတ်သူ fb မှ ကူးယူထားပါသည်။
အဘ ဦးရဲခေါင် နာရေးသတင်း အစီအစဉ်

အဘ ဦးသာဆိုင် အမိဒေါ်ရွှေမှတ်တို့၏သား၊ ဒေါ်ခင်လှိုင်၏ ခင်ပွန်း၊ ကိုနေလင်းနှင့် ကိုမိုးကြယ်တို့၏ အဖေ အဘ မြ၀တီ ဦးရဲခေါင်သည် 21/01/1924 ခုနှစ်တွင် မြစ်ဝကျွန်းပေါ် ဖျာပုံမြို့တွင် မွေးဖွားခဲ့ပြီး 06/03/2013 ခုနှစ် အသက် ၈၉ နှစ်အရွယ်တွင် အဆုပ်ကင်ဆာ ရောဂါဖြင့် သြစကြေးလျားနိုင်ငံ ဆစ်ဒနီမြို့ရှိ Auburn Nursing Home တွင် ယနေ့နေ့လည် 13:15 နာရီတွင် ဘ၀တပါးသို့ ကူးပြောင်းသွားပါသည်။ အဘဦးရဲခေါင်သည် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) နှင့် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) တွင် နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ရေးတွင် ပါဝင်လာခဲ့သည့် လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်၊ အဘ ဦးရဲခေါင်သည် မြ၀တီမဂ္ဂဇင်း အယ်ဒီတာဟောင်း၊ ပြည်ချစ်တပ်မတော် ဗဟိုကော်မတီဝင်နှင့် အသံလွှင့်ဌာနမှူး၊ ဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစုတွင် စိတ်ဓာတ်စစ်ဆင်ရေးဌာနတာဝန်ခံနှင့် လူငယ်ရေးရာ ဒုဥက္ကဌ၊ ခေတ်ပြိုင်သတင်းစာ အယ်ဒီတာ စသည့်တာဝန်များကို ထမ်းဆောင်လာခဲ့ရုံသာမက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲများတွင်လည်း နောက်ဆုံးအချိန်ထိ အရှုံးမပေး၊ ဒူးမထောက်ဘဲ တော်လှန် တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်။
အဘ မြ၀တီရဲခေါင်၏ ရုပ်ကလပ်အား Auburn ရှိ Funeral Service တွင် ထားရှိသည်။ အဘဦးရဲခေါင်၏ အသိမိတ်ဆွေ သူငယ်ချင်းများအားလုံး နောက်ဆုံးအနေဖြင့် တွေ့ဆုံဂါဝရ ပြုရန်အတွက် 08/03/13 ရက်နေ့ ညနေ ၆ နာရီမှ ၇ အထိ စီစဉ်ထားပါသည်။ ၇ နာရီ နောက်ပိုင်းတွင် အဘဦးရဲခေါင်၏သား ကိုနေလင်း၏ နေအိမ် ဖြစ်သည့် 217, Park Road, Auburn တွင် ဈာပန အခမ်းအနားနှင့် ပတ်သက်သည့် အစီအစဉ်များအား ကျန်ရစ်သူ မိသားစုနှင့်အတူ အဘဦးရဲခေါင်၏ မိတ်ဆွေများက တွေ့ဆုံဆွေးနွေး တိုင်ပင်သွားမည် ဖြစ်သည်။

07/03/13 ရက် မနက်ဖြန် ကြာသပတေးနေ့တွင် အသက်ပျောက်ဆွမ်းနှင့် 12/03/13 ရက် အင်္ဂါနေ့တွင် ရက်လည်ဆွမ်းကျွေး တရာတော်နာခြင်းအစီစဉ်ကို ကိုနေလင်းအိမ်တွင် ပြုလုပ်သွားမည် ဖြစ်ပြီး ဈာပန အခမ်းအနားအား 9/03/13 တွင် Lidcobme ရှိ Rockwood သုသာန်တွင် မီးသဂြိုလ်သွားမည် ဖြစ်ကြောင်း အဘဦးရဲခေါင်၏ ရပ်နီးရပ်ဝေးမှ မိတ်ဆွေသူငယ်ချင်းများအား အသိပေး အကြောင်းကြားအပ်ပါသည်။

ဆက်သွယ်ရန်
ဦးနေလင်း - 614 24240983
ဦးသူရ - 614 21418449
ဦးအုန်းမြင့်- 612 96753280
ဦးမောင်မောင်သန်း - 614 4337816
ဦးဖိုးဇော် - 614 33725289
ဦးစိုးလွင် - 61412388263
ဦးသာနိုင် - 614 11871932
ဦးခင်မောင်ကျော် (ကိုဂဏန်း) - 614 21045091

အဘ မြ၀တီရဲခေါင်၏ ကိုယ်ရေးရာဇ၀င်အကျဉ်းကို Nge Naing blog <http://nge-naing.blogspot.com.au/2009/10/blog-post_13.html > မှာဖတ်နိုင်ပါသည်။ ဓာတ်ပုံကို မြတ်သူ fb မှ ကူးယူထားပါသည်။ (FB မှယူပါတယ်)

ကားလ်မာ့က်စ် မိတ်ဆက် (ဘာသာပြန်)

အခန်း (၄)
ပစ္စည်းမဲ့လူတန်းစား
မာ့က်စ်အယ်ဒီတာ လုပ်နေတဲ့ သတင်းစာကို ပါရှန်းအစိုးရက ဖိနှိပ်လာတာကြောင့် ဟီဂယ်ရဲ့ နိုင်ငံရေး ဒဿနိကဗေဒကို ဝေဖန်ဆန်းစစ်ချက်တွေ ပြုလုပ်ဖို့အတွက် မာ့က်စ်မှာ အချိန်ရသွားခဲ့ပါတယ်။ (၁၈၄၄) ခုနှစ်ထုတ် ဂျာမန်-ပြင်သစ် စာစောင်ထဲမှာ ဟီဂယ်ရဲ့ အခွင့်အလမ်းဆိုင်ရာ ဒဿနိကဗေဒအား ဝေဖန်ဆန်းစစ်သော မိတ်ဆက်ဆောင်းပါးကို ရေးသားခဲ့ပါတယ်။ ဆောင်းပါးထဲမှာ ပါဝင်တဲ့ ဝေဖန်ချက်တွေက မပြီးဆုံးပဲ၊ မိတ်ဆက်အဖြစ်ပဲ ရှိခဲ့ပေမယ့်၊ ဂျူးလူမျိုးများဆိုင်ရာ မေးခွန်းကတော့ မာ့က်စ်ဝါဒ ခရီးစဉ်ရဲ့ ခရီးတထောက် ဖြစ်ခဲ့ပါတယ်။ ဒီဆောင်းပါးထဲမှာ အလုပ်သမားလူတန်းစားကို လူသားဝါဒ ပြန်လည်ပေါ်ထွန်းရေးအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ လူတန်းစားအဖြစ် မာ့က်စ်က ပထမဦးစွာ စတင်သတ်မှတ်ခဲ့တာကြောင့်ပါ။

မိတ်ဆက်စာတမ်းမှာ Bauer နဲ့ Feuerbach တို့ရဲ့ ဘာသာရေးတိုက်ခိုက်မှု သဘောတရားတွေကို အတိုချုံးပြီး ဖော်ပြခဲ့ပါတယ်။ ဒီလိုဖော်ပြထားရာမှာ ဘာသာရေးကို လူသားတွေအတွက် ဘိန်းသဖွယ် ဖော်ပြထားတာကလွဲလို ဘာမှ အသစ်အဆန်းတွေ မပါဝင်ပါဘူး။ လူသားတွေရဲ့ ကိုယ်ပိုင်သွေဖည်မှု မျက်နှာဖုံးတွေကို ခွာချရေးဟာ ဒဿနိကဗေဒရဲ့ လုပ်ငန်းတာဝန်ဖြစ်ကြောင်း မာ့က်စ်က ဆိုထား ခဲ့ပါတယ်။ ဂျာမန်လူမျိုးတွေ ကိုယ့်ကိုယ်ကို လှည့်စားမှု မရှိစေရေးအတွက် ဂျာမန်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး၊ ပိုမိုဝေဖန်ချက်တွေ လုပ်သင့်ကြောင်း တိုက်တွန်းထားခဲ့ပါတယ်။ ဒါပေမယ့် Bauer နဲ့ Feuerbach တို့နဲ့ မတူညီတာကတော့ ဝေဖန်ဆန်းစစ်ရုံနဲ့ မလုံလောက်ကြောင်း ပထမဦးစွာ ဖော်ပြထားတဲ့ မာ့က်စ်ရဲ့ ယူဆချက် ဖြစ်ပါတယ်။ "ဝေဖန်ရေးလက်နက်"က "လက်နက်များအား ဝေဖန်ရေး"ကို သိသာထင်ရှားစွာ အစားမထိုးနိုင်တာကြောင့် ရုပ်ဝတ္ထုအင်အားကို ရုပ်ဝတ္ထုအင်အားနဲ့ပဲ ဖယ်ရှားပစ်နိုင်ကြောင်းနဲ့ အများပြည်သူကို စည်းရုံးနိုင်ခဲ့ရင် သီအိုရီဆိုတာက ရုပ်ဝတ္ထုအင်အား ဖြစ်လာနိုင်ကြောင်း မာ့က်စ်က ယူဆခဲ့ပါတယ်။

အများပြည်သူရဲ့ အခန်းကဏ္ဍကို ပထမဦးစွာ အသိအမှတ်ပြုလိုက်ခြင်းအားဖြင့် မာ့က်စ်က ပြင်သစ်နဲ့ မတူညီတဲ့ ဂျာမဏီရဲ့ အခြေအနေကို ထူးခြားသော သွင်ပြင်လက္ခဏာအဖြစ် မီးမောင်းထိုးပြ လိုက်ပါတယ်။ ပြင်သစ်မှာက တိုင်းပြည်ရဲ့ လူတန်းစားအလွှာအသီးသီးမှာ နိုင်ငံရေးအယူအဆများနဲ့ အတွေ့အကြုံများ ရှိကြပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ယေဘုယျလိုအပ်ချက်များကို ကိုယ်စားပြုကြ ပါတယ်။ ဒါပေမယ့် ဂျာမဏီရဲ့ လက်တွေ့ဘ၀မှာတော့ လူအများစုဟာ စိတ်ပါဝင်စားမှု မရှိကြတဲ့အတွက် အရေးပေါ်အခြေအနေ၊ ရုပ်ဝတ္ထုလိုအပ်ချက်နဲ့ ဆက်နွယ်မှုဖြစ်စဉ်များကသာ တွန်းအားမပေးခဲ့ရင် ဘယ်လူတန်းစားမှ လွတ်မြောက်မှာ မဟုတ်ကြောင်း မာ့က်စ်က ဆိုထားခဲ့ပါတယ်။

မာ့က်စ်က ဂျာမန်တွေရဲ့ လွတ်မြောက်ရေးအတွက် အပြုသဘော ဖြစ်နိုင်ချေဟာ ဘယ်မှာလဲလို့ စဉ်းစားအဖြေထုတ်ထားခဲ့ပါတယ်။ လူတန်းစားတရပ်ကို ပြင်းထန်တဲ့ ဆက်နွယ်မှုဖြစ်စဉ်တွေနဲ့ တည်ဆောက်ရာမှာ၊ လူ့အဖွဲ့အစည်းရဲ့ ရပ်ဝန်းမှာ humanity အပြီးအပိုင် ပျောက်ဆုံးသွားတာ ဖြစ်တဲ့အတွက် redemption of humanity နဲ့သာ ပြန်လည်အသက်သွင်းလို့ရကြောင်း ဆိုထားခဲ့ပါတယ်။ မာ့က်စ်က ပစ္စည်းမဲ့လူတန်းစားကို ပြုပြင်ပြောင်းလဲရေး ဟီဂယ်ဒဿနိကဗေဒရဲ့ ကျောရိုးထဲမှာ ထည့်သွင်းထားခဲ့ပါတယ်။ ပစ္စည်းမဲ့ လူတန်းစားထဲမှာ ဒဿနိကဗေဒရဲ့ ရုပ်ဝတ္ထုလက်နက်များ ရှာဖွေတွေ့ရှိနိုင်သလို၊ ပစ္စည်းမဲ့လူတန်းစားကလဲ ဒဿနိကဗေဒထဲမှာ ပညာတတ် လက်နက်တွေကို ရှာဖွေ တွေ့ရှိကြောင်း ဆိုထားပါတယ်။ တိကျစွာဆိုရရင် ပစ္စည်းမဲ့ လူတန်းစား အရေးကို ရှေးမရှုပဲ အတွေးအခေါ်တွေ ထွန်းကားလာအောင် လုပ်ဆောင်လို့ မရနိုင်သလို၊ အတွေးအခေါ်တွေကို ဘေးဖယ်ပြီးတော့လဲ ပစ္စည်းမဲ့ လူတန်းစားအရေးကို ရှေးရှုလို့ မရကြောင်း ယူဆချက်ဖြစ်ပါတယ်။

ဒါဟာ လူသားသွေဖည်မှုပြဿနာရဲ့ အဖြေသစ်တခုဖြစ်ခဲ့ပါတယ်။ ဝေဖန်ဆန်းစစ်ချက်တွေ၊ ဒဿနိကအတွေးအခေါ်တွေနဲ့တင် လူသားသွေဖည်မှုတွေက အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။ လက်တွေ့တွန်းအားလိုပါတယ်။ ဒီလက်တွေ့တွန်းအားဟာ ပစ္စည်းမဲ့ လူတန်းစားပဲ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းထဲမှာ ဖိနှိပ်ခံထားရသူတွေဟာ အတွေးအခေါ်တွေကို အသက်ဝင်လာအောင် ပုံဖော်ပေး နိုင်ပါတယ်။ အတွေးအခေါ်သစ်တွေရဲ့ ဦးဆောင်မှုနဲ့အတူ ပစ္စည်းမဲ့လူတန်းစားတွေဟာ နိုးကြားမှု၊ အမှီအခိုကင်းမှု၊ ကျေးကျွန်ပြုခံရမှုတွေကနေ ရုန်းထွက်နိုင်မှာ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုရှိကြတဲ့ လူလတ် တန်းစားတွေဟာ သူတို့ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ၊ အခွင့်အရေးတွေကို ရလာတာနဲ့ တပြိုင်နက်၊ တခြားလူတွေရဲ့ လွတ်လပ်ခွင့်တွေအတွက် စိတ်ပါဝင်စားလေ့ မရှိကြတော့ပါဘူး။ ပစ္စည်းမဲ့အလုပ်သမား လူတန်းစားမှာတော့ ဘာမှ ပိုင်ဆိုင်မှုတွေ မရှိပါဘူး။ သူတို့ပိုင်ဆိုင်တာက လူသားဘ၀ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပစ္စည်းမဲ့ လူတန်းစားတွေကသာ လူသားအားလုံး လွတ်လပ်ခွင့်ရရေးအတွက် လုပ်ဆောင် နိုင်မှာ ဖြစ်ပါတယ်။

မာ့က်စ်ရဲ့ ရေးသားချက်တွေကို ပြန်လည်ဆန်းစစ်ကြည့်မယ်ဆိုရင် (၁၈၄၄) ခုနှစ် မတိုင်မီကာလက ရေးသားချက်တွေထဲမှာ ပစ္စည်းမဲ့လူတန်းစား ဆိုတဲ့အကြောင်းတွေ မပါဝင်ခဲ့ပါဘူး။ လူသားတွေရဲ့ သွေဖည်မှုကို ကျော်လွှားနိုင်ရေးအတွက် ပစ္စည်းမဲ့လူတန်းစားက အဓိကကျကြောင်းကို အကြံပြု ချက်တွေ မပြုလုပ်ခဲ့ပါဘူး။ ဒါပေမယ့် (၁၈၄၄) ခုနှစ်မှာတော့ မာ့က်စ်က လူသားတွေရဲ့ လွတ်မြောက်ရေး၊ လွတ်လပ်ခွင့်တွေကို ဆောင်ကျဉ်းပေးနိုင်တာဟာ ပစ္စည်းမဲ့လူတန်းစား ဖြစ်ကြောင်း စတင်အဆိုပြု လိုက်ပါတယ်။ ဘာကြောင့်ပါလဲ။

ဘောဂဗေဒလေ့လာချက်တွေကြောင့် ဒီအမြင်တွေ ပေါ်ထွက်ခဲ့တာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်ကာလမှာတုန်းက မာ့က်စ်ရဲ့ ဘောဂဗေဒလေ့လာမှုတွေက ကနဦးအစပဲ ရှိပါသေးတယ်။ သမိုင်းနဲ့ ပတ်သက်ပြီး လေ့လာနေဆဲဖြစ်ပေမယ့်၊ မာ့က်စ်က သူ့အမြင်တွေမှာ သမိုင်းကြောင်း အထောက်အထားတွေကို ဖော်ပြခြင်း မရှိသေးပါဘူး။ ပစ္စည်းမဲ့လူတန်းစားရဲ့ အရေးပါမှုကို မီးမောင်းထိုး ပြလာခြင်းဟာ ဒဿနိကဗေဒအတွေးအခေါ်တွေပေါ်မှာ အကြောင်းပြုပြီး ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ လူသားသွေဖည်မှုဟာ လူတန်းစားတရပ်တည်းရဲ့ ပြဿနာမဟုတ်ပါဘူး။ လူသားအားလုံးရဲ့ ဘုံပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုံပြဿနာကို ဖြေရှင်းမှုမှာ ဘုံသွင်ပြင်လက္ခဏာ ရှိဖို့ လိုအပ်ပါတယ်။ ပစ္စည်းမဲ့လူတန်းစားတွေဟာ အလုံးစုံဖိနှိပ်ခံခဲ့ရတာ ဖြစ်တဲ့အတွက် ဒီလို ဘုံသွင်ပြင်လက္ခဏာ ရှိပါတယ်။ ဒါကြောင့် ပစ္စည်းမဲ့လူတန်းစားဟာ လူတန်းစားတခုတည်းကို ကိုယ်စားပြုတာ မဟုတ်ပဲ၊ လူသား အားလုံးကို ကိုယ်စားပြုနိုင်ကြောင်း မာ့က်စ်က ဆိုထားခဲ့ပါတယ်။

အခြေအနေတခုမှာ ပြိုလဲနိုင်တဲ့ မျိုးစေ့ကလဲ သူ့ဘာသာသူ ပါဝင်နေပြီးသား ဖြစ်တဲ့အတွက် အောင်ပွဲများရဲ့ ကြီးမြတ်မှုကလဲ depths of despair ကနေ ပေါ်ထွက်လာသင့်ပါတယ်။ ဒီသဘော တရားတွေက ဟီဂယ်နဲ့ ဟီဂယ်လီယန်တွေအတွက်တော့ ရင်းနှီးကျွမ်းဝင်နေပြီးသား သဘောတရားတွေ ဖြစ်ပါတယ်။ ပစ္စည်းမဲ့လူတန်းစားက ဒီလိုဖြစ်စဉ်အတွက် အကျုံးဝင်ပါတယ်။ ဒါကြောင့် အချို့က မာ့က်စ်ဟာ သူ့ရဲ့ အတွေးအခေါ် ရည်ရွယ်ချက်အတွက် ဒီသဘောတရားကို အသုံးပြုခဲ့တယ်လို့ သံသယရှိကြပါတယ်။

ဒီလိုဆိုခြင်းအားဖြင့် မာ့က်စ်က မိတ်ဆက်စာတမ်းကို ရေးသားချိန်မှာ ပစ္စည်းမဲ့လူတန်းစားအကြောင်း မသိရှိသေးဘူးလို့ မသတ်မှတ်နိုင်ပါဘူး။ ဒီအချိန်ကာလမှာ သူက ပါရီမြို့ကို ရောက်နေပါပြီ။ ပါရီမြို့ရဲ့ ဆိုရှယ်လစ်အတွေးအမြင်တွေက ဂျာမဏီမှာထက် ပိုပြီး ရှေ့ပြေးပါတယ်။ အဲဒီအချိန်မှာတုန်းက မာ့က်စ်ဟာ ပါရီက ဆိုရှယ်လစ်ခေါင်းဆောင်းများနဲ့ ရင်းနှီးကျွမ်းဝင်ပြီး၊ အလုပ်သမားအဖွဲ့တဖွဲ့ဖြစ်တဲ့ တရားမျှတမှုအဖွဲ့ချုပ် ခေါင်းဆောင်တဦးနဲ့ တအိမ်တည်းမှာ အတူနေနေချိန်ဖြစ်ပါတယ်။ သူ့ရဲ့ စာတွေထဲမှာ ပြင်သစ်ဆိုရှယ်လစ်အလုပ်သမားတွေကို လေးစားကြည်ညိုတဲ့ အရိပ်အယောင်တွေ ပါဝင်ပါတယ်။ မာ့က်စ်က "လူသားရဲ့ မြင့်မြတ်မှုဟာ နွမ်းနယ်ပင်ပမ်းနေသော ရုပ်ခန္ဓာများမှ တောက်ပစွာ ဆင်းသက်လာတယ်" လို့ ဆိုထားခဲ့ပါတယ်။ ပစ္စည်းမဲ့လူတန်းစားရဲ့ အခန်းကဏ္ဍကို မြှင့်တင်ခြင်းအားဖြင့် မိတ်ဆက်စာတမ်းဟာ ဖြစ်စဉ်တခုကို ထင်ဟပ်စေခဲ့ပါတယ်။ မာ့က်စ်က သူ့ရဲ့ ဒဿနိကဗေဒနဲ့ လိုက်လျောညီထွေဖို့အတွက် ပစ္စည်းမဲ့လူတန်းစားသဘောတရားကို ပေါင်းစပ်ခဲ့ပြီး၊ သူ့ဒဿနိကဗေဒ အတွေးအခေါ်တွေကိုလဲ အလုပ်သမားလူတန်းစားနဲ့ တော်လှန်ရေးအမြင်တွေမှာ ပေါင်းစပ်ထား ခဲ့ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

မူရင်းစာအုပ်အမည် - Marx: A Very Short Introduction
စာအုပ်ရေးသားသူ - Peter Singer
စာအုပ်ထုတ်ဝေနှစ် - ၁၉၈၀ (ပထမအကြိမ်)၊ ၁၉၉၆ (ပြန်လည်ထုတ်ဝေနှစ်)
ဘာသာပြန်သူ - ခင်မမမျိုး (၅၊ ၃၊ ၂၀၁၃)






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

နိုင်ငံရေးအကျင့်သီလခိုင်မာဖို့ ဒေါ်အောင်ဆန်းစုကြည်ပြောပြီ

March 4, 2013
ယနေ့မြန်မာနိင်ငံရေးနှင့် ပတ်သက်၍နိုင်ငံရေးအကျင့်သီလ ခိုင်မာရန်ဒေါ်အောင်ဆန်းစုကြည် ကပြောကြားခဲ့သေးသည်။ ““ကျွန်မအခွင့်အခါကြုံတုန်း တော့ ပြောချင်ပါတယ်၊ ကျွန်မ တို့နိုင်ငံက ပြည်ထောင်စုဆိုတော့ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ဖွဲ့ စည်းထားတဲ့ပြည်ထောင်စုဆိုတော့ လုပ်ရမယ့် အလုပ်တွေကပိုပြီး တော့ များပါတယ်၊ဒါကြောင့် နိုင်ငံရေး အကျင့်သီလ ခိုင်မာဖို့ အများကြီးလိုပါတယ်၊ဆရာကြီး (နိုင်ပန်းလှ)ဟာဆိုလို့ရှိရင် ဗုဒ္ဓ ဘာယာယဉ်ကျေးမှုအရ ကိုယ် ကျင့်တရားအကြောင်းပြောသွား ပါတယ်။ ကျွန်မကတော့ ဒီကိစ္စ တွေမှာ ဆရာကြီး(နိုင်ပန်းလှ)လို မကျွမ်းကျင်တော့ နိုင်ငံရေးကိစ္စ ကိုပဲ ပြောချင်ပါတယ်။
နိုင်ငံရေးမှာလည်း အကျင့် သီလဆိုတာရှိသင့်ပါတယ်။အခု ကျွန်မတို့ ဒီမိုကရေစီနိုင်ငံထူထောင် ဖို့လုပ်နေတဲ့ အချိန်အခါမှာ ဘယ် သူတွေက နိုင်ငံရေးအကျင့်သီလ ကို စောင့်ထိန်းသလဲဆိုတာကို ပြည်သူတွေက လေ့လာဖို့လိုပါ တယ်၊နိုင်ငံရေးလုပ်တယ်ဆိုတာ သန့်သန့်ရှင်းရှင်းလုပ်မှ ကျွန်မတို့ နိုင်ငံဟာ မှန်ကန်တဲ့လမ်းပေါ်ကို ရောက်သွားမှာပါ၊တစ်ချို့က ဒီမို ကရေစီနိုင်ငံရေးဆိုတာ အများ ကြိုက်တဲ့နိုင်ငံရေးလို့ထင်ပါတယ်။ အများကြိုက်တဲ့နိုင်ငံရေးတော့မ ဟုတ်ပါဘူး၊ဒီမိုကရေစီနိုင်ငံရေး ဆို တာ အများရဲ့ဆန်္ဒနဲ့ကိုက်ညီ အောင်လုပ်ရတဲ့ နိုင်ငံရေးဖြစ်ပေ မယ့် အများကြိုက်ရင်ပြီးရော၊ မှန်သည်ဖြစ်စေ၊မမှန်သည်ဖြစ်စေ လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ဟာ ဒီ မိုကရေစီအတွက်ကောင်းတဲ့စိတ် ဓာတ်မဟုတ်ပါဘူး၊ကျွန်မတို့ရဲ့ တိုင်းသူပြည်သားအများက ဒီကိစ်္စ ကိုသေသေချာချာစဉ်းစားစေချင် ပါတယ်။အများအကြိုက်လုပ်တဲ့ နိုင်ငံရေးဆိုတာဟာ မလိုလား အပ်ပါဘူး၊အများကောင်းဖို့ အတွက်လုပ်တဲ့နိုင်ငံရေးလုပ်တဲ့ ဦးတည်တဲ့အခါမှာ အမုန်းခံရရင် လဲ ခံရမှာပဲ ဒီဟာကိုခံရဲရမယ်၊ ဒီလိုမခံရဲလို့ရှိရင်လည်း နိုင်ငံရေး မလုပ်နဲ့လို့ ကျွန်မပြောချင်ပါတယ်၊ ပေါ်ပြူလာဖြစ်ချင်လို့ နိုင်ငံရေး လုပ်တာမျိုးကိုတော့ လုံးဝအား မပေးပါနဲ့လို့ ကျွန်မတို့ရဲ့ပြည်သူ ပြည်သားတွေကို ကျွန်မတိုက်တွန်း ချင်ပါတယ်။
ကျွန်မတို့တိုင်းရင်းသားညီ ညွတ်ရေးရဖို့ဆိုတာလည်း မှန်မှန် ကန်ကန်နည်းနဲ့မှရယူလို့ရမှာပါ၊ ဖြောင့်ဖြောင့်မတ်မတ်မှန်မှန်ကန် ကန် ဆက်ဆံမှတကယ့်မှန်ကန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ထူ ထောင်နိုင်မှာဖြစ်ပါတယ်။ အောင် ဆန်းစိတ်ဓာတ်ဆိုတာ အခြေခံ အားဖြင့်တော့ ရိုးသားတဲ့စိတ် ဓာတ်ပါ၊ဖေဖေ့ကိုအင်မတန်တော် တယ်လို့ ချီးမွမ်းကြပေမဲ့ တကယ် တော်တဲ့အချက်ကတော့ ဖြောင့် မတ်မှုပါပဲ၊အဲဒီတော့ ဖြောင့်မတ် ခြင်းကို အခြေခံတဲ့စိတ်ဓာတ်နဲ့ ကျွန်မတို့ရဲ့ပြည်ထောင်စုကြီးကို ကျွန်မတို့ထူထောင်ကြဖို့ ကျွန်မ ပြောချင်ပါတယ်””ဟူ၍ ဖေဖော် ၀ါရီ(၂၆)ရက်တွင် ကျင်းပသော (၆၆)ကြိမ်မြောက် မွန်အမျိုးသား နေ့ (ရန်ကုန်)အခမ်းအနားတွင် အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မိုးမြင့်ဆွေ
hotnewsweekly.com






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ခေတ်ပြောင်းချိန်


 
 ရွှမ်း၊ ရွှမ်း၊ ရွှမ်း......................။

တရွှမ်းရွှမ်းနဲ့ ရိုက်နှက်သံတွေက အရိုက်ခံရသူတွေရဲ့ နှလုံးအိမ်ထဲက သွေးစက်တွေကို တစက်ချင်း ယိုစီးကျနေစေခဲ့တယ်။ နှလုံးသားတွေ ကွဲထွက်သွားမှာကို စိုးရိမ်လို့ အရိုက်ခံရသူတွေက နှလုံးသားတွေကို လက်ဝါးနဲ့ ဖိကာရင်း ဝေဒနာကို အံကြိတ်ခံစားနေခဲ့ကြရှာတယ်။ ဒါဟာ ကျောက်ခေတ်မဟုတ်၊ ရောမခေတ် မဟုတ်။ ဒါဟာ လူသားချင်းစာနာမှုတွေ တိုးပွားလာတယ်ဆိုတဲ့ ကမ္ဘာမြေကြီးထဲက မြန်မာပြည်ဆိုတဲ့ တိုင်းပြည်မှာ။

ဒီတိုင်းပြည်ကြီးမှာ ခေတ်တွေအမျိုးမျိုး ပြောင်းခဲ့တယ်။ ခေတ်ပြောင်းချိန်တိုင်းမှာလဲ လူတွေရဲ့ မျှော်လင့်ချက် ရောင်ခြည်လေးတွေ သန်းခဲ့ရတယ်။ ဒါပေမယ့် ခေတ်တွေကသာ တခုပြီးတခု ပြောင်းလာတယ်။ တရွှမ်းရွှမ်း ရိုက်ခံနေရတဲ့ လူတွေရဲ့ ဘ၀ကတော့ ဘယ်တုန်းကမှ မတောက်ပခဲ့ရရှာဘူး။

အဖိနှိပ်ခံ ပြည်သူလူထု။

ရှေးမြန်မာမင်းတွေ နိုင်ငံတော်သစ်တည်ဆောက်ကြ၊ အပြိုင်အဆိုင် စစ်မက်ခင်းကြချိန်တွေမှာလဲ သူတို့ရဲ့ အသက်တွေ စတေးပေးခဲ့ကြတယ်။ နယ်ချဲ့ကျူးကျော်စစ် ဖြစ်လာပြန်တော့လဲ ရွှေနန်းတော်တွင်းက အမတ်မင်းတွေ ဘုရင်ကို အညံ့ခံဒူးထောက်ဖို့ သိမ်းသွင်းနေချိန်မှာ ဓားတလက်နဲ့ ဒီမြေ၊ ဒီရေအတွက် အသက်တွေ စွန့်ခဲ့ကြတယ်။ မြန်မာဘုရင်ရဲ့ နန်းတော်ကို သေနတ်တချက်မဖောက်ရပဲ သိမ်းလိုက်နိုင်တဲ့အတွက် လူမျိုးခြားနယ်ချဲ့တွေ ဟားတိုက်ရယ်မော၊ မြန်မာဆိုတဲ့လူမျိုးကို အထင်သေးနေချိန်မှာ၊ မနိုင်မှန်းသိပေမယ့် ဒူးမထောက် လက်မမြှောက်တဲ့ မြန်မာ့စိတ်ဓာတ်ကို အသက်စွန့်ပြသပြီး၊ မြန်မာ့ဂုဏ်သိက္ခာကို မြှင့်တင် ပေးခဲ့ကြတယ်။

အမျိုး၊ ဘာသာ၊ သာသနာအတွက် နိုင်ငံရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာတော့လဲ နယ်ချဲ့တွေ နည်းမျိုးစုံနဲ့ ဖိနှိပ်နေတဲ့ကြားက တခဲနက် ပါဝင်ခဲ့ကြတယ်။ ဒီလှုပ်ရှားမှုတွေကနေတဆင့် ခေါင်းဆောင်တွေ ပေါ်ထွက်လာ တဲ့အခါ ပြည်သူထဲက မွေးဖွားလာတဲ့ ပြည်သူ့ခေါင်းဆောင်တွေဆိုပြီး ၀န်းရံအားပေးခဲ့ကြတယ်။ လိုအပ်လာတဲ့အခါ အသက်တွေ စတေးပေးခဲ့ကြတယ်။ နယ်ချဲ့က ခေတ်ပြောင်းအာဏာ တပဲသားနဲ့ မျက်စပစ်လိုက်ချိန်မှာ ခေါင်းဆောင်တွေက အကွဲကွဲ အပြဲပြဲနဲ့ ဖရိုဖရဲဖြစ်သွားတာကို တွေ့လာရတော့လဲ ရရာလက်နက်စွဲပြီး၊ ကိုယ့်အရေးတော်ပုံကို ကိုယ့်ဘာသာ ဦးဆောင်လာခဲ့ကြရတယ်။ ဒီလိုနဲ့ပဲ ကျောင်းသားသပိတ်တွေ ပေါ်ထွက် လာခဲ့တယ်။ လယ်သမားသူပုန်တွေ ပေါ်ထွက်လာခဲ့တယ်။ အလုပ်သမားသပိတ်တွေ ပေါ်ထွက်လာခဲ့တယ်။ နယ်ချဲ့ကို တွန်းလှန်ခဲ့ကြတယ်။ ဖက်ဆစ်ကို တော်လှန် ခဲ့ကြတယ်။ လွတ်လပ်ရေးကြီးကို အသက်သွေးချွေးတွေ ပေါင်းစပ်ပြီး ရယူခဲ့ကြတယ်။ တဦးတယောက်၊ တဖွဲ့ထဲက ရယူခဲ့တဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်သူ့သွေးစက် ပေါင်းများစွာ မြေခပြီးမှ ရယူခဲ့ရတဲ့ လွတ်လပ်ရေး။

လွတ်လပ်ရေးရပြီ၊ တို့မြန်မာပြည်ကြီး လွတ်လပ်ပြီတဲ့လေ။

ရွာအနှံ့၊ မြို့အနှံ့၊ လယ်ကွင်းပြင်အနှံ့၊ တောင်ယာမြေအနှံ့၊ လုပ်ငန်းခွင်အနှံ့မှာ သီချင်းသံတွေ လွင့်ပျံနေခဲ့တယ်။ မသမာသူနိုင်ငံရေးသမားတွေက နိုင်ငံရေးအာဏာ ခွက်စောင်းခုတ်လုဖို့အတွက် အဖိနှိပ်ခံပြည်သူတွေဘက်က ရပ်တည်မယ့် ပြည်သူ့ဘက်တော်သားတွေကို ထောင်ထဲ၊ တောထဲ တွန်းပို့ဖို့ ကြံနေကြတာ အဖိနှိပ်ခံပြည်သူတို့ မသိခဲ့ကြရှာဘူး။ ဒီလိုနဲ့ပဲ လွတ်လပ်ရေးခေတ်ကြီးမှာ ဘ၀တွေ ပျက်ခဲ့ကြရပြန်တယ်။ ခေတ်ပြောင်းချိန် ဆိုတာတွေကို အကြိမ်ကြိမ်အခါခါ ကြုံကြရပြန်တယ်။ နိုင်ငံရေးခေါင်းဆောင်ကြီးတွေ တည်မြဲအော်ကြ၊ သန့်ရှင်းအော်ကြ လုပ်နေစဉ်မှာပဲ အကွက်ချောင်းနေတဲ့ ကျားက တော်လှန်ရေးကောင်စီနဲ့ ပွဲသိမ်းကြံ သွားလိုက်တာ ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီး မြေခသွားခဲ့ရတယ်။ လယ်သမားတွေ ကြွေးလည်ပင်း နစ်ခဲ့ရတယ်။ အလုပ်သမားတွေ ထမင်းငတ် ကြရတယ်။ တိုင်းပြည်မှာ ပေါင်းစားတဲ့ စီးပွားရေးသမားတွေ ကြီးစိုးလာခဲ့တယ်။ စစ်အာဏာရှင် စနစ်ဆိုးကြီး အမြစ်တွယ်လာခဲ့တယ်။

ကြွေးလည်ပင်းနစ်နေလို့ ခေါင်းလေးကို မနည်းဖော်နေရရုံရှိသေး။ နိုင်ငံရေးခေါင်းဆောင်ကြီးတွေက ခေတ်ပြောင်းပြီလို့ ဆိုကြပြန်တယ်။ ပြည်သူ့အရေး၊ လယ်သမား၊ အလုပ်သမားအရေး ကိုယ်စားပြု တိုက်ပွဲဝင်တယ်ဆိုတဲ့ ခေါင်းဆောင်ကြီးတွေက မြွေအရေခွံလဲသွားတဲ့ မဆလ ခေတ်သစ်ကြီးကို အားပါတရ ကြိုဆို ထောက်ခံရင်း မျက်စိကန်းသွားကြတာ သူတို့အားပေးထောက်ခံခဲ့တဲ့ ခေတ်သစ်အစိုးရက ရာနဲ့ချီတဲ့ ကျောင်းသား တွေကို ဖမ်းဆီးထောင်ချ၊ သင်္ဘောကျင်းအလုပ်သမားတွေကို သေနတ်နဲ့ဝင်ပစ်၊ ထမင်း၀၀လင်လင် စားရဖို့အရေး ဆန္ဒပြသူတွေကို တုတ်နဲ့ဝင်ရိုက် လုပ်နေတာတောင် မမြင်လိုက်ကြရှာဘူး။

ဒီလိုနဲ့ပဲ မဆလ၊ န၀တနဲ့ နအဖ ခေတ်အဆက်ဆက်ရဲ့ ကြိမ်လုံးတွေအောက်မှာ အဖိနှိပ်ခံပြည်သူတွေရဲ့ နှလုံးသွေးတွေကတော့ တစက်ပြီးတစက် ယိုစီးကျနေဆဲ။

မကြာပါဘူး။ ခေတ်ပြောင်းသွားပြီလို့ နိုင်ငံရေးသမားတွေရဲ့ ထအော်သံတွေ ပေါ်ထွက်လာပြန်တယ်။

အဲဒီခေတ်ပြောင်းသူတွေလက်ထဲမှာ ကိုင်ထားတဲ့ လက်ကိုင်တုတ်တွေကို ထအော်သူတွေ မမြင်နိုင်ပဲ မျက်ကန်းရှာ နေလေရော့သလား။

ကြိမ်ချက်တွေကတော့ လယ်သမား၊ အလုပ်သမားတွေ၊ အဖိနှိပ်ခံပြည်သူတွေရဲ့ နှလုံးသားတွေအပေါ် တရွှမ်းရွှမ်းထပ်ကျနေဆဲ။ အဖိနှိပ်ခံပြည်သူတွေရဲ့ နှလုံးသွေးစက်တွေကလဲ တသွင်သွင် စီးကျနေဆဲ။

ခေတ်က ဘယ်သူတွေအတွက် ပြောင်းနေတာတဲ့လဲ။

ခင်မမမျိုး (၂၊ ၃၊ ၂၀၁၃)

 






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

မအူပင် ရဲအကြမ်းဖက်မှု ကင်တားနား တုန်လှုပ်

 မအူပင် ရဲအကြမ်းဖက်မှု ကင်တားနား တုန်လှုပ်
 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနား
မအူပင်မြို့နယ် မလက်တိုကျေးရွာမှာ လယ်သမားတွေနဲ့ ရဲလုံခြုံရေးတွေ အကြား ပဋိပက္ခအတွင်း အာဏာပိုင်တွေဖက်က ကိုင်တွယ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားက တောင်းဆိုလိုက်ပါတယ်။ ဒီ ကိုင်တွယ်ဖြေရှင်းရာ မှာ ရဲတပ်ဖွဲ့ဝင်တွေဖက်က အမျိုးသမီးတွေကို အကြမ်းဖက်ရိုက်နှက်ခဲ့တဲ့ မှတ်တမ်းတွေကို မြင်ရတော့ သူ့အနေနဲ့ အလွန်ပဲ ထိတ်လန့်တုန့်လှုပ်ရတယ်လို့ မစ္စတာကင်တာနားက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မစ္စတာကင်တာနားနဲ့ ဗွီအိုအေ ဆက်သွယ်မေးမြန်းထားတာကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မအူပင် မလက်တို ကျေးရွာမှာ လယ်သမားတွေနဲ့ ရဲလုံခြုံရေးတွေအကြား ပဋိပက္ခ ဓါတ်ပုံမှတ်တမ်းတွေ၊ ဗွီဒီယိုမှတ်တမ်းတွေ အတော်များများ ထွက်လာပါတယ်။ များသောအားဖြင့် အင်တာနက် လူမှုကွန်ယက်မှာ ပျံနှံ့ခဲ့တာပါ။ ရဲလုံခြုံရေးအုပ်စုလိုက် အမျိုးသမီးနှစ်ဦးကို ရိုက်နှက်နေတဲ့ ဗီဒီယိုမှတ်တမ်းကို ကြည့်ရပြီး သူ့အနေနဲ့ အလွန်အမင်းတုန်လှုပ်မိတယ်လို့ မစ္စတာကင်တာနားက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒါဟာ မပြောင်းလဲတဲ့ အရင်တုန်းက အခြေအနေမျိုးဖြစ်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။

“တုန်လှုပ်ဖွယ်ရာအချက်ကတော့ ဒီဗွီဒီယိုမှာ ကျနော်မြင်တွေ့ရတာက - ဘေးမှာရပ်ကြည့်နေကြတဲ့ အမျိုးသမီးတွေအပေါ် လုံခြုံရေးရဲတွေရဲ့ တုံ့ပြန်ပြုမူပုံပါပဲ။ ရုတ်တရက် ဒီအမျိုးသမီးတွေကို ရဲဝန်ထမ်းတွေက အကြမ်းဖက်တာ တိုက်ခိုက်တာတွေ့ရပါတယ်။ ကျနော် ထပ်ပြီး ပြောပါရစေ။ ဒါဟာ တကယ်ကို့ တုန်လှုပ်စရာ ကောင်းလှပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့်၊ ရဲဝန်ထမ်းတွေရဲ့ ပြုမူပုံတွေဟာ အရင်စစ်အစိုးရ လက်ထက်က အတိုင်း မပြောင်းသေးဘူးဆိုတာကို တွေ့ရပါတယ်။ ဒါဟာ ကျနော်အတွက်စိုးရိမ်မကင်းဖြစ်မှုပါ။ ဒါကို ပြည်ထဲရေးဝန်ကြီးနဲ့ ကျနော်နေပြည်တော်မှာ တွေ့ဆုံစဉ်ကလည်း တင်ပြခဲ့ပါတယ်။ ရဲတွေရဲ့ အပြုအမူတွေကို လူ့အခွင့်အရေးသင်တန်းပေးပြီး ပြုပြင်ဖို့လိုပါတယ်။ ဒီဗွီဒီယိုကိုကြည့်ခြင်းအားဖြင့် ဒီချိုးဖောက်မှုဟာ မြန်မာနိုင်ငံမှာ စိုးရိမ်စရာအခြေအနေမှာ ရှိနေတာတွေ့ရပါတယ်။”

ပဋိပက္ခကြောင့် ရဲတဦး ဆေးရုံမှာ သေဆုံးပြီး၊ ရဲရော အရပ်သားအတော်များများပါ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ လယ်သမားတွေဖက်ကတော့ ရဲလုံခြုံရေးဖက်က စတင်ရိုက်နှက်လို့ သူတို့ ပြန်ပြီး ခုခံတာပါလို့ ပြောပါတယ်။ ရဲဖက်ကတော့ သူတို့ဟာ ဥပဒေအတိုင်း ကိုင်တွယ်တာပါ လို့ ချေပပါတယ်။ ဒါပေမယ့် အခုအချိန်အထိ မလက်တိုကျေးရွာဖက်မှာ အခြေအနေတွေက တင်းမာနေတုန်းပါ။ မစ္စတာကင်တာနားကတော့ အခု အဖြစ်အပျက်နဲ့ ပတ်သက်လို့ အခုလုပ်နေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်ပြသွားမယ် လို့ ပြောပါတယ်။

“ကျနော်အနေနဲ့ သေချာပေါက်ပါပဲ ဂျနီဗာမှာ မြန်မာသံအမတ်ကြီးနဲ့တွေ့ဆုံပြီး ဒီကိစ္စကို ဆွေးနွေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်တွေကိုလည်း ဒီအကြောင်း ကျနော် အသိပေးတင်ပြမှာဖြစ်ပါတယ်။ ဒါကြောင့် အခုနေအခါမှာ မြန်မာအစိုးရအနေနဲ့ ကမ္ဘာတ၀ှမ်းပြန့်နှံနေတဲ့ ဒီတုန်လှုပ်ဖွယ်ရာကောင်းတဲ့ ဗွီဒီယိုရုပ်ပုံတွေကို အရေးယူဖြေရှင်းဖို့ ကြိုးစားနေလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဒီဗွီဒီယိုတွေကို ကြည့်ခြင်းအားဖြင့် ရဲတွေရဲ့ အလေ့အကျင့်တွေပြုပြင်ရမယ်ဆိုတာ သက်သေပြရာ ရောက်ပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေး အပြောင်းအလဲတွေကြောင့် နိုင်ငံတကာမှာ မြန်မာအစိုးရကို လိုလား လက်ခံမှုတွေ တိုးလာပေမယ့်လည်း တချိန်တည်းမှာ အခုလို ပဋိပက္ခတွေ မကြာမကြာ တွေ့လာရ ပါတယ်။ အထူးသဖြင့်ကတော့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ပဋိပက္ခတွေကို ကိုင်တွယ်ရာမှာ အထူးသဖြင့် အရပ်သားတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ အရင် အမူအကျင့်တွေ ကို ပြောင်းလဲဖို့ သမ္မတဦးသိန်းစိန်အနေနဲ့ အလေးထားကိုင်တွယ်သင့်တယ်လို့ မစ္စတာကင်တာနား က ပြောပါတယ်။

“လူ့အခွင့်အရေးအခြေအနေတိုးတက်ကောင်းမွန်စေဖို့၊ တချို့နေရာတွေ မှာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့တာတွေ တွေ့ရတဲ့ သမ္မတ ဦးသိန်းစိန်အနေနဲ့ ရဲတပ်ဖွဲ့ရဲ့ အလေ့အကျင့်တွေကို ပြုပြင်ပြောင်းလဲဖို့ လက်တွေ့ကျကျ ဆောင်ရွက်သင့်ပါတယ်။ ဒီလိုဆောင်ရွက်တာမျိုး ကျနော် မတွေ့ရသေးပါဘူး။ ဒီကိစ္စသာ မဟုတ်ပါဘူး။ ကြေးနီစီမံကိန်း ပဋိပက္ခဖြိုခွင်းတုန်းကလည်း ရဲက မီးလောင်ဗုံးသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံမှာ တောက်လျှောက်ဖြစ်နေတာတွေ့ရပါတယ်။”

လက်ပံတောင်းတောင်ဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းရေးကော်မတီ ကိုတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပါတယ်။ ဒီ ကော်မတီအနေနဲ့ မကြာခင်မှာ အစီရင်ခံစာ ထွက်လာမယ် လို့ မျှော်လင့်ထားကြတာပါ။ အခုလို အရပ်ဖက်လူထုနဲ့ လုံခြုံရေးတာဝန်ရှိသူတွေ ထိပ်တိုက်ဖြစ်ကြ တဲ့ ကိစ္စရပ်မျိုးတွေကို အစိုးရတင် မဟုတ်ပဲ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးကော်မတီကလည်း လေ့လာ အဖြေထုတ်ဖို့ တာဝန်ရှိတယ်လို့ မစ္စတာကင်တာနားက ယူဆပါတယ်။

“ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဖော်ဆောင်ရမှာ ရဲတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍကို လေ့လာစုံစမ်းဖို့ တာဝန်ရှိတယ်လို့ ကျနော် ပြောလိုပါတယ်။ ဒီကော်မတီအနေနဲ့ ရဲတပ်ဖွဲ့ရဲ့ အလေ့အကျင့်တွေကို ဘယ်လိုပြုပြင်ပြောင်းလဲ၇မယ်၊ ဘယ်လိုသင်တန်းတွေ ပေးရမယ်၊ လက်နက်ကိုင်ဆောင်ခွင့် ရှိကြတဲ့ လုံခြုံရေးရဲတွေရဲ့ တာဝန်ဟာ ဘယ်လိုရှိတယ်ဆိုတာကို အစီရင်ခံစာထုတ်ပြန်သင့်ပါတယ်။”

မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာအပိုင် ကွင်းအမှတ် ၉၆၉ အတွင်းက လယ်မြေဧက ၅၀၀ ကျော်ကို ပုဂ္ဂလိက ကုမ္ပဏီတခုက ၁၉၉၆ ခုနှစ်တုန်းက သိမ်းယူခဲ့တဲ့နောက်၊ အခု အသုံးမပြုဘဲ ထားတယ်ဆိုပြီး လယ်သမားတွေဖက်က သူတို့ မူလ လယ်မြေကို ပြန်ယူဖို့ ခုတ်ထွင်ရှင်းလင်းရာကနေ ပြဿနာတွေ စခဲ့တာပါ။ အင်္ဂါနေ့မှာ အာဏာပိုင်တွေက အဲဒီနေရာမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးတဲ့နောက်၊ အဲဒီလယ်မြေတွေမှာ နေရာယူထားတဲ့ လယ်သမားတွေကို အကြမ်းဖက် ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ချိန်မှာ လယ်သမားတွေဖက် ကလည်း ပြန်လည် တိုက်ခိုက်မှုတွေရှိခဲ့ပြီး၊ လုံခြုံရေးတပ်ဖက်က သေနက်ပစ်ဖောက် လူစုခွဲတာတွေ လုပ်ခဲ့ရပါတယ်။ 





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

လဲလူရွက် (Olax scandens)


လဲလူဖို၊ လဲလူမ နှစ်မျိုးရှိပြီး....ကွဲပြားအခေါ်ဝေါ်အဖြစ် လဲလောပင်၊ တောင်လဲလူပင် ခေါ်ဆိုကြောင်း မြန်မာ့စွယ်စုံကျမ်းထဲမှာ ရေးထားတာကို
 တွေ့ရပါတယ်။

အသုံးဝင်ပုံ -
အသည်းအူ လဲလူ-တဲ့၊

အသည်းရောဂါနဲ့ ပတ်သက်သမျှကို လဲလူပင် ပဉ္စငါးပါးက နိုင်နင်းတယ်။

အသည်းရောင်၊ အသည်းအဆီဖုံး၊ အသည်းကြီး၊ အသည်းခြောက် ဘာမဆို သောက်လို့ရတယ်။
ဆေးနည်းကလည်း ခက်ခက်ခဲခဲမဟုတ်ဘူး။

လဲလူမြစ်ရရင် အမြစ်၊ မရရင်လည်း လဲလူရွက် လက်တဆုပ်စာကို ရေစင်စင်ဆေး၊ ပြီးတော့ အဲဒီ လဲလူရွက်ကို ဟင်းချိုချက်သောက်၊ ပြုတ်တို့၊ ငါးရံ့နဲ့ ဟင်းချက်စား။ အရွယ်လက်တဆုပ်ကို သုံးခွက်တခွက်တင် ကျိုသောက်။

အသည်းအူ လဲလူ-ဆိုတဲ့ စကားအတိုင်း အသည်းရောဂါတင်မကဘဲ အစာအိမ်၊ အူသိမ်၊ အူမတွေမှာ ဖြစ်တဲ့ရောဂါတွေပါ ပျောက်ကင်း သက်သာတယ်။
 
Face Book မှ
ကိုးကားချက်များ -http://my.wikipedia.org/wiki
http://www.mawluu.com/

အသည်းအဆီဖုံးရောဂါအတွက် လဲလူရွက်

ယခုတလော အဖြစ်များနေသော ရောဂါမှာ အသည်းအဆီဖုံးရောဂါ ဖြစ်သည်။ နေ့စဉ် စားသောက်နေသော အစားအသောက်များက အဆီအဆိမ့်များခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ အအိပ်အနေ လွန်ကဲခြင်း တို့ကြောင့် အသည်းအဆီဖုံးရောဂါ ဖြစ်ရသည်။ အများအားဖြင့် အဝလွန်သူ၊ လမ်းလျှောက်နည်းသူ၊ ဇိမ်ခံလွန်းသူ လူတန်းစားတို့ အဖြစ်များ၏။

တနေ့တွင် စာရေးသူ၏ ဆေးဆိုင်သို့ အသည်းအားဆေး Livolin (လစ်ဗိုလင်) လာရောက်ဝယ်ယူသူ တဦးက-
ကျွန်တော့်မိန်းမ အသည်းအဆီဖုံးရောဂါ ဖြစ်နေတာကြာပြီ ဆရာရယ်၊ သူက လမ်းလျှောက်ပါဆိုရင်လည်း မလျှောက်၊ နေ့ခင်း ထမင်းစားပြီးလည်း အိပ်၊ စားတော့လည်း ဝက်သားအဆီတို့၊ ငါးမြင်းဗိုက်သားတို့
ထောပတ်ထမင်းတို့ မဖြစ်ခံနိုင်တော့မလား။ ခုတော့ အသည်းပါရဂူကို လုပ်ကျွေးနေရပြီ

သူက ဆေးဝယ်ရင်းဖြင့် ဇနီဖြစ်သူ အသည်းအဆီဖုံး ရောဂါသည်အကြောင်း ရင်ဖွင့်နေသည်။ သူ့ရင်ဖွင့်သံကို ကြား၍ ထင်သည်၊ စာရေးသူ၏ ခေါင်းရင်းအိမ်မှ ဦးကျော်သန်းက စာရေးသူ၏ဆိုင်ဘက်သို့ ကူးလာပြီး-
ကဲ-နောင်ကြီးမိန်းမ အသည်းအဆီဖုံးရောဂါဖြစ်တာ ဘာမှမပူနဲ့၊ ဆေးနည်းပေးလိုက်မယ်၊ ခင်ဗျား သေသေချာချာ မှတ်ထား။


အသည်းအူ လဲလူ-တဲ့၊ အသည်းရောဂါနဲ့ ပတ်သက်သမျှကို လဲလူပင် ပဉ္စငါးပါးက နိုင်နင်းတယ်။ အသည်းရောင်၊ အသည်းအဆီဖုံး၊ အသည်းကြီး၊ အသည်းခြောက် ဘာမဆို သောက်လို့ရတယ်။
ဆေးနည်းကလည်း ခက်ခက်ခဲခဲမဟုတ်ဘူး၊ လဲလူမြစ်ရရင် အမြစ်၊ မရရင်လည်း လဲလူရွက် လက်တဆုပ်စာကို ရေစင်စင်ဆေး၊ ပြီးတော့ အဲဒီ လဲလူရွက်ကို ဟင်းချိုချက်သောက်၊ ပြုတ်တို့၊ ငါးရံ့နဲ့ ဟင်းချက်စား။ အရွယ်လက်တဆုပ်ကို သုံးခွက်တခွက်တင် ကျိုသောက်။ အသည်းအူ လဲလူ-ဆိုတဲ့ စကားအတိုင်း အသည်းရောဂါတင်မကဘဲ အစာအိမ်၊ အူသိမ်၊ အူမတွေမှာ ဖြစ်တဲ့ရောဂါတွေပါ ပျောက်ကင်း သက်သာတယ်။ ကျွန်တော့်သူငယ်ချင်း အင်းစိန် ပေါက်တောရပ်ကွက်က ကိုမင်းနိုင်ဆိုရင် အသည်းကင်ဆာ
ဖြစ်တာတောင် သက်သာတယ်။ မိတ်ဆွေ ယုံယုံကြည်ကြည် သုံးပေတော့။


ဦးကျော်သန်းပြောပြသော ဆေးနည်းကို အသည်းအားဆေး လာဝယ်သူက သေချာစွာ လိုက်လံမှတ်သားနေပါသည်။ ပြီးမှ သူသိလိုသော လဲလူအကြောင်းကို ဦးကျော်သန်းကို
မေးကြည့်လိုက်ပါသည်။


ဒါနဲ့ လဲလူက ဘယ်မှာ ရှာရမှာလဲ၊ ကျွန်တော်လည်း လဲလူရွက်ကို တခါမှ မမြင်ဖူးဘူး။
လဲလူပင်က အထက်အညာဒေသမှာတော့ ပေါတယ်။ ရေစကြိုနယ်မှာ ဆိုရင် လဲလူဖို၊ လဲလူမ -လို့တောင် အဖိုပင် အမပင်ရှိတယ်။ ဧရာဝတီတိုင်း ကျိုက်လတ်ဘက်မှာလည်း ပေါတယ်။ ရန်ကုန်နဲ့ အနီးဆုံးပြောရမယ် ဆိုရင်တော့ လှည်းကူးမြို့နယ်ထဲက ငါးဆူတောင်ဘက်မှာ ရှိတယ်။ တခါတခါလည်း အင်းစိန် တညင်းကုန်း ဘူတာဈေးမှာ ကုန်စိမ်းရောင်းတဲ့ ဟင်းရွက်သည်တွေဆီမှာ ပါလာတတ်တယ်။ မေးဝယ်လို့ရတယ်။ ကြိုတင်မှာထားလို့လဲ ရတယ်။ တကယ်ထက်တယ်၊ ပြောမယုံ ကြုံဖူးမှသိ ဆိုသလို သုံးကြည့်ရင် သိလိမ့်မယ်။


ထိုဆေးဝယ်သူ ပြန်သွားပြီး နှစ်ရက် သုံးရက်ခန့်အကြာတွင် တညင်းကုန်းဘူတာဈေးမှ လဲလူရွက်များရ၍ သူ့ဇနီးဖြစ်သူ စားသုံးနေကြောင်း သိရပါသည်။
၁၀-ရက်ခန့်အကြာတွင် ဆေးဝယ်လာသူသည် အပူငြိမ်းဆေး လာဝယ်ရင်းဖြင့် သူ့ဇနီးသည် ခံစားနေရသော အသည်းအဆီဖုံးရောဂါဝေဒနာ သက်သာပျောက်ကင်းသွားပြီဖြစ်ကြောင်း အားရဝမ်းသာ ပြောပါသည်။
ဆေးနည်းဒါနပြုသော ဦးကျော်သန်းကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောရင်း စာရေးသူ ပီတိဖြစ်နေမိပါတော့သည်။


ဗအုပ်ခိုင်
(သူရဇ္ဇ ၂၀၀၉-ခု ဇူလိုင်လ)မင်္ဂလာသတင်းစဉ်မှ