ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံ


အကြောင်းအရင်းများ



၁၉၆၂ မတ်လ(၂)ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီအမည်ခံသည့် အာဏာသိမ်းမှုကို မတ်လ (၄) ရက်တွင် တကသ ၊ ရကသ ၊ဗကသ တို့က ကန့်ကွက်ကြောင်း ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့ကြသည်။ သို့သော် မတ်လ (၆) ရက်နေ့တွင် ဗကသများအဖွဲ့ချုပ်ခေါင်းဆောင် ကိုခင်မောင်အုန်းက တော်လှန်ရေးကောင်စီကို ထောက်ခံကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့် ဗကသများအဖွဲ့ချုပ်က အမှုဆောင် အစည်းအဝေးခေါ်ယူ၍ ဥက္ကဌ ကိုခင်မောင်အုန်းကို ထုတ်ပယ်ကာ ဒု-ဥက္ကဌ ကိုသက်ကို ဥက္ကဌ တင်မြောက်လိုက်ကြသည်။ ထို့နောက် တော်လှန်ရေးကောင်စီကို ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ၁၉၆၂ မေလ(၉) ရက်နေ့တွင် ဒတ်ခ်ျ သံရုံး ဆန္ဒပြမှုကြောင့် တပ်ဦးမှ ကိုမြသန်း၊ ကိုသက်၊ ကိုသာဘန်း၊ ကိုဇော်ဝင်း တို့ အဖမ်းခံခဲ့ရသည်။ ထိုနေ့တွင်ပင် တော်လှန်ရေးကောင်စီမှ ဥပဒေအမှတ် (၃) နှင့် (၄) ကို ထုတ်ပြန်၍ ရန်ကုန် နှင့် မန္တလေး တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းခဲ့သည်။ ထို ဥပဒေ (၃) နှင့် (၄) တွင် ရန်ကုန်နှင့် မန္တလေး မှလွဲ၍ အားလုံး အတူတူပင် ဖြစ်သည်။ ထို့အပြင် မေလ (၁၀) တွင် ဗိုလ်ချုပ်ကြီးနေဝင်း က တက္ကသိုလ်ကောင်စီဝင်များကို ဒဂုံရိပ်သာသို့ခေါ်၍ (၁) ဆရာများ အကျင့် ပျက်သည်။ (၂) ကျောင်းသားများကြား နိုင်ငံရေး ပယောဂများဝင်သည်ဟု စွပ်စွဲကာ အစိုးရ ကိုယ်စားလှယ်၊ စီးပွားရေးအဖွဲ့များမှ ကိုယ်စားလှယ်၊ တက္ကသိုလ် ဌာန အသီးသီး မှ ပါမောက္ခများ နှင့် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် အချို့ပါဝင်သော တက္ကသိုလ် အမှုဆောင်ကောင်စီကို ဖျက်သိမ်းခဲ့သည်။ ထိုလုပ်ရပ်အား တက္ကသိုလ် အုပ်ချုပ်ရေးအား တော်လှန်ရေးကောင်စီမှ ထပ်မံ အာဏာသိမ်းခြင်းဖြစ်ကြောင်း သမဂ္ဂမှ အပြင်းအထန်ဝေဖန်ခဲ့သည်။ မေလ (၁၁) ရက်နေ့တွင် တက္ကသိုလ် နှင့် ဥပစာ ကောလိပ်မှ ဥပစာ သိပ္ပံ (ခ) တန်းအောင် ကျောင်းသားကျောင်းသူများသည် သက်ဆိုင်ရာဘာသာရပ်များ တွင် အနည်းဆုံး ရမှတ် (၅၀) ရှိ၍ ဖြေဆိုသော ဘာသာရပ်အားလုံး၏ ပျမ်းမျှ အမှတ်သည် (၅၀%) ရမှုသာ ဆေးသိပ္ပံ၊ စိုက်ပျိုးရေးသိပ္ပံ၊ သစ်တောရေး မဟာဌာန တို့ ၌ဆက်လက် ပညာသင်ကြားခွင့် ရှိမည်ဖြစ်ကြောင်း တော်လှန်ရေးကောင်စီ ဥက္ကဌ ဗိုလ်နေဝင်းက ကြေညာခဲ့သည်။ ကျောင်းများပြန်ဖွင့်သော အခါတွင်လည်း အဆောင် စည်းကမ်းများကို ချမှတ်ဖို့ တက္ကသိုလ်ကောင်စီအား အမိန့်ပေးခဲ့သည်။ ထိုအခါ ပါမောက္ခချုပ် ဒေါက်တာသာလှက လက်မခံ၍ မေလ (၁၁)မှာပင် တောလှန်ရေးကောင်စီမှ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာလှကို နုတ်ထွက် စေခဲ့သည်။ မြန်မာစာပါမောက္ခ ဦးအေးမောင် အငြိမ်းစားယူခဲ့သည်။ ဦးဝန်(မင်းသုဝဏ်)ဌာန ပြောင်းခဲ့သည်။ မေလ (၁၂) ရက်နေ့တွင်လည်းရန်ကုန်တက္ကသိုလ် အဆောင်မှူး အချို့နှင့် လက်ထောက် အဆောင်မှူး အချို့နှုတ်ထွက်ခဲ့သည်။



တက္ကသိုလ်ကောင်စီ

၁၉၆၂ မေလ(၁၄) ရက်တွင် တော်လှန်ရေးကောင်စီ အမိန့် အမှတ်(၃၈)အားထုတ်ပြန်၍ တက္ကသိုလ်ကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထို တက္ကသိုလ်ကောင်စီတွင် အဓိပတိ အဖြစ် ဗိုလ်မှူးချုပ် သန်းဖေ၊ အဖွဲ့ဝင်အဖြစ် ဗိုလ်မှူးချုပ် စန်းယု၊ ဗိုလ်မှူးကြီး တင်စိုး၊ ဗိုလ်မှူးကြီး သိန်းစိန် တို့ ပါဝင်ပါသည်။ ၎င်းတို့ အလိုကျ တင်းကြပ်သော အဆောင် စည်းကမ်းများ ကို ထုတ်ပြန်ပေးမည့် ၅၈ခု အိမ်စောင့်အစိုးရခေတ် ပညာရေးဝန်ကြီးဟောင်း ဦးကာကို ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် အဖြစ် ခန့်အပ်ခဲ့သည်။ မေလ (၂၂) ရက်နေ့တွင် ဗိုလ်မှူးချုပ်သန်းဖေ နှလုံးရောဂါ နှင့် ကွယ်လွန်၍ ၎င်းနေရာအား ဗိုလ်လှဟန်တက်လာသည်။ ဇွန်လ (၁၇) ရက်နေ့ ဒဂုံရိပ်သာတွင် တက္ကသိုလ်ကောင်စီအစည်းအဝေးပွဲ ကျင်းပခဲ့သည်။ ထို့နောက် ဇွန်လ (၁၈) ရက်တွင် ကျောင်းဆောင်နေ ကျောင်းသားများကို မတရားချုပ်ချယ်သော ကျောင်းဆောင် စည်းကမ်း (၂၂) ချက်ကို ထုတ်ပြန်ခဲ့သည်။ ထို စည်းကမ်း (၂၂) ချက်တွင် ပါဝင်သော အချက်များမှာ- ကျောင်းဝင်ခွင့် နှင့် အဆောင်နေခွင့်ရရေးတို့အတွက် လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ထောက်ခံချက်နှင့် လျှောက်ရမည်။ မိဘအုပ်ထိန်းသူ၏ ဝန်ခံကတိပေးချက်နှင့် ကျောင်းအပ်ရမည်။ သက်သက်လွတ်စားသူများ အား တစ်ရက် နှစ်ရက် မဟုတ်ဘဲ၊ တစ်နှစ်ပတ်လုံးစားမှသာ ခွင့်ပြုမည်။ အဆောင်နေကျောင်းသားများ အနေဖြင့် မနက်စာကို မနက် (၇) နာရီ မှ (၁၀) နာရီ သတ်မှတ်ထား၍ မနက်စာအား မဖြစ်မနေ စားရမည် ဟု စည်းကမ်းသတ်မှတ်ထားသည်။ ထို့ပြင် ည (၈) နာရီထိုးလျှင် အဆောင်အတွင်း၌ ရှိနေရန်၊ သုံးကြိမ်ပျက်ကွက်ပါက အဆောင်မှ ထုတ်ရန်၊ အဆောင်မှူး၊ (သို့) လက်ထောက်အဆောင်မှူး စစ်ဆေးချိန်တွင် မိမိအခန်းတွင်းရှိရန်၊ မရှိပါက အရေးယူရန် စသည့် ကျောင်းနှင့် မအပ်စပ်သော စည်းကမ်းများကို ချမှတ်လာသည်။ ထို့ကြောင်းကျောင်းသားထုများကြား မကျေနပ်မှုများ တစ်စစ တိုးပွားလာခဲ့သည်။

စတင်ဖြစ်ပွားပုံ

ထို့ကြောင့် ဇူလိုင်လဆန်းမှစ၍ အဆောင် အချို့တွင် သဟာယနှင့် စာဖတ်အသင်း အမှုဆောင်သစ် ရွေးပွဲများနှင့် တွဲကာ ကျောင်းသားထု အစည်းအဝေးပွဲများ ကျင်းပခဲ့ကြသည်။ ကျင်းပခဲ့သော ကျောင်းသားထု အစည်းအဝေးတိုင်းတွင်လည်း ဖိနှိပ်ချုပ်ချယ်သော စည်းကမ်းများအား ကန့်ကွက်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၆၂ ခု ဇူလိုင်လ (၃) ရက်တွင် ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ (ရကသ) ကြီးမှူးပြီး သမဂ္ဂ ခန်မတွင် ကျောင်းသားထု အစည်းအဝေးတစ်ရပ် ကျင်းပကာ ကမောက်ကမ ပညာရေးစနစ်ဖျက်သိမ်းပေးရေး နှင့် မတရား အဆောင်စည်းကမ်းများအား ရုပ်သိမ်းပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြပွဲတွင် ရကသဥက္ကဌ ကိုဖိုးထင်က သဘာပတိအဖြစ် အဟန့်အတားများကြားမှ ဆန္ဒပြပွဲ ကျင်းပရခြင်း အကြောင်း မိန့်ခွန်းပြောကြားသွားပြီး၊ ဗကသများ အဖွဲ့ချုပ် ဥက္ကဌ ကိုသက် နှင့် တကသခေါင်းဆောင် ကိုဗဆွေလေး တို့က ဆန္ဒပြပွဲကို ထောက်ခံကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။ ဇူလိုင်လ (၅) ရက်နေ့တွင် သမဂ္ဂကြီး (၃) ခုမှ ကြီးမှူး၍ ဒတ်ခ်ျ သံရုံးရှေ့ဆန္ဒပြပွဲကျင်းပသော အခါ ပုဂ္ဂိုလ်ရေးအရ အရေးယူခဲ့သည်။ ထိုလုပ်ရပ်သည် သမဂ္ဂကို သေးသိမ်အောင် လုပ်သည် ဟု သမဂ္ဂမှယူဆခဲ့သည်။ ထို့ကြောင့် ကျောင်းသားများက ကန့်ကွက်ကြပြန်သည်။ ဇူလိုင်လ (၆) ရက်နေ့တွင် တော်လှန်ရေးကောင်စီက တက္ကသိုလ် ဆီးနိတ်နှင့် ကျောင်းဆောင်ကော်မတီကို သူတို့စိတ်တိုင်းကျ ပြင်ဆင် ဖွဲ့စည်းခဲ့ကြပြန်သည်။ ဇူလိုင်လ (၆) ရက်နေ့ ရွှေဘိုဆောင် အစည်းအဝေးတွင် ကန့်ကွက်သည်ဟု ဆုံးဖြတ်ရုံမကတော့ဘဲ ကြွေးကြော်သံများအော်ဟစ်၍ အဆောင် အပြင်ထွက် လှည့်လည် ဆန္ဒ ပြပါတော့သည်။ ထိုအခါ အနီးအနားရှိ အဆောင်များမှ ကျောင်းသားများပါ ထွက်လာကြပြီး လာရောက်ပူးပေါင်းကြသဖြင့် ဆန္ဒပြလူအုပ်ကြီးသည် ကြီးမားလာလေသည်။ ညအချိန်တွင် မကြေနပ်မှုများနှင့် တက်ကြွနေကြသော ကျောင်းသားထုကြီးသည် အဆောင်များအား ကာရံထားသော အကာအရံ နှင့် သံတံခါးများအား စတိ အဖြစ် ရိုက်ချိုးလိုက်ကြသည်။ ထိုလူအုပ်ကြီးသည် ပြည်၊ ပုဂံ၊ တကောင်း အဆောင်များအထိ လှည့်လည်ဆန္ဒပြခဲ့ကြသည်။ ထိုညတွင် မိန်းခလေးဆောင် များမှလွဲ၍ ကျန်အဆောင်များအားလုံးပါဝင်ခဲ့ကြသည်။ ထို့နောက် မကျေမနပ်ဖြစ်နေသော ကျောင်းသားများ စုပေါင်း၍ တက္ကသိုလ် အုပ်ချုပ်ရေးမှူး ဦးယုခင် အိမ် နှင့် ပါမောက္ခ ဦးကာ အိမ်တို့ကို ဝိုင်းကာဆန္ဒပြ ဟစ်ကြွေးခဲ့ကြသည်။ ထိုဆန္ဒပြပွဲသည် နောက်တနေ့တွင် တကသမှ ကျင်းပမည့် ကျောင်းသားထု ဆန္ဒပြပွဲအတွက် လှုံ့ဆော်ပေးသကဲ့သို့ဖြစ်သွားပါတော့သည်။

အခင်းဖြစ်ပွားရသည့် အဓိကကြောင်းအရင်း

ဇူလိုင်လ(၇)ရက်နေ့ နေ့လည် တစ်နာရီတွင် သမဂ္ဂအစည်းအဝေးခန်း၌ ကျောင်းသားထု အစည်းအဝေးကျင်းပသည်။ ကိုဗဆွေလေးက ဥက္ကဌ အဖြစ်တာဝန်ယူသည်။ ထို အစည်းအဝေးမှ ကျောင်းသား များကိုဖိနှိပ်ချုပ်ချယ်သော စည်းကမ်းအမျိုးမျိုးကို ကန့်ကွက်ကြောင်း တခဲနက် ဆုံးဖြတ်ခဲ့ကြသည်။ တက္ကသိုလ် အက်ဥပဒေများ ရုတ်သိမ်းခဲ့ခြင်းကိုလဲ ကန့်ကွက်ခဲ့ကြသည်။ ထို့နောက် အစည်းအဝေးအပြီးတွင် သမဂ္ဂရှေ့မှ စတင်၍ ကျောင်းဝင်းအတွင်း၌ပင် ကြွေးကြော်သံများ ကြွေးကြော်ကာ လှည့်လည် ဆန္ဒပြခဲ့ကြသည်။ ဘွဲ့နှင်းသဘင်ရှေ့၌ ငြိမ်းငြိမ်းချမ်းချမ်းပင် လူစုခွဲလိုက်ကြသည်။ ထိုသို့လူစုခွဲပြီးနောက် နေ့လည် (၂) နာရီခွဲ အချိန်လောက်တွင် ရဲကား (၂)စီး တကသထဲသို့ ဝင်လာလေသည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်တွေက တကသ ဥက္ကဌ ကိုဗဆွေကလေး၊ ဗကသ ဥက္ကဌ ကိုသက်၊ ရကသ အတွင်းရေးမှူး ကိုဥာဏ်ဝင်း အပါအဝင် ကျောင်းသားခေါင်းဆောင် များကို ဖမ်းဆီးလိုက်ပါသည်။ ကျောင်းသားများလည်း ကြောင်ကြည့်နေကြရာမှ ရဲကားဆီသို့ အတင်း ပြေးလိုက်ကြသည်။ သို့သော် ရဲကားသည် ချက်ချင်းပင်ပြန်လည်ထွက်ခွာသွားသည်ဖြစ်၍ ကျောင်းသားခေါင်းဆောင်များ ပါသွားသည်။ ကျန်ရဲအချို့သည် တကသကို ဝင်စီးလိုက်ပြီး တချို့က တကသနှင့်ကပ်နေသော ဦးကာအိမ်သို့ ပြေးဝင်နေရာယူလိုက်ကြသည်။ ထိုအချိန်တွင် ကျောင်းသားတို့က အော်ရင်းဟစ်ရင်း လူစုမိသွားသည်။ ကျောင်းသားများသည် အဓိပတိလမ်း တံခါးကြီးကို ပိတ်ပစ်သည်။ ကျောင်းသားတစ်ချို့ကသထုံဆောင် ဂိတ်တံခါးကို သော့ခတ်ပြီး ပိတ်လိုက်သည်။ ထို့နောက် ကျောင်းသားများသည် တကသဝင်းထဲဝင်ရန် ကြိုးစားကြသည်။ ဒိုင်းကိုယ်စီ ကိုင်ထားသော ရဲများက တန်းစီပိတ်ဆို့ပြီး ကျောင်းသားများကို နံပတ်တုတ်နှင့် ရိုက်သူကရိုက်၊ မျက်ရည်ယိုဗုံးသေနတ် ကိုင်သောရဲများက မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ်ခဲ့သည်။ ကျောင်းသားတစ်ချို့၏ ရင်ဘတ်သို့ထိမှန်ခဲ့၍ လဲသူလဲ ကွဲသူကွဲဖြစ်ကုန်လေသည်။ ကျောင်းသားတွေက လဲကျသူတစ်ချို့ကို မချီသွားပြီး၊ ကျန်ကျောင်းသားထုက ရဲများကိုဖိတိုက်လေတော့သည်။ ခဲများ၊ ပုလင်းများ၊ တုတ်များ စသည့် ရရာလက်နက်များနှင့် ရဲများကို ပစ်ခတ်တိုက်ခိုက်ကြတော့သည်။ ကျောင်းသားအင်အားထု များလာသဖြင့် ရဲများ၏တိုက်ခိုက်မှုကို မမှုတော့ဘဲ တိုး၍တိုး၍ တိုက်ခိုက်ကြလေတော့သည်။ ရဲများလည်း အထိနာလာလေသည်။ ကျောင်းသားများလည်း သွေးရဲရဲ သံရဲရဲဖြစ်လာလေသည်။

ပစ်ခတ်မှုမဖြစ်ခင်အချိန်

တောင်ငူဆောင်၊ ဒဂုံဆောင်၊ မန္တလေးဆောင်၊ ရွှေဘိုဆောင် တို့က ကျောင်းသားများမှ တောင်ငူဆောင်နှင့် ဒဂုံဆောင် လမ်းကြားအတိုင်း ထွက်လာသောအခါ ပါမောက္ခ ဦးကာ၏ အိမ်ရှေ့မှ ရဲများကို ဒုတိယစစ်မျက်နှာ ဖွင့်၍တိုက်သည့်သဖွယ် ဖြစ်သွားသဖြင့် ရဲများ ပိုအရေးနိမ့်လာပြီး တကသရှိ ရဲများဆီသို့ သွားပေါင်းကာ ပြန်တိုက်ကြသည်။ ဒဏ်ရာ အပြင်းအထန် ရသော ကျောင်းသားများကို အဆောင်များဆီသို့ ပြန်၍သယ်ယူခဲ့ကြသည်။ ၎င်းတို့ကိုမြင်ရသောအခါ ကျောင်းသားများ စိတ်ပိုမို လှုပ်ရှားခံပြင်းလာခဲ့ကြသည်။ ကျောင်းသားထုကလည်း များသထက်များ လာလေသည်။ ရဲများက မျက်ရည်ယိုဗုံးများ ပေါပေါများများသုံးကာ ကျောင်းသားထုကို ဖြိုခွင်း ပါသော်ငြားလည်း ဘဝတူ ကျောင်းသားများ၏ သွေးကို မြင်ကြသောအခါ မိမိ ထိခိုက်ဒဏ်ရာ ရမည်ကို မမှုတော့ချေ။ ကျောင်းသားများ၏ စိတ်ဓါတ်ကို ချိုးနှိမ်မရသည့်အဆုံးတွင် ရဲများသည် အဓိပတိ လမ်းဂိတ်ဘေး လူဝင် လူထွက်တံခါးကို ဖွင့်၍ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ တကသ အဝိုင်းလေးနားသို့ ထွက်သွားကြတော့သည်။ ထို့နောက် အသင့်လာကြိုနေသော ကားများနှင့် ထွက်ခွါသွားကြတော့သည်။ ထိုအခါတွင် ကျောင်းသားများက အောင်ပွဲခံကာ ဝမ်းသာအားရ အော်ဟစ်ကြပါတော့တယ်။ နေ့လည် (၄) နာရီခန့်တွင်မူကား မည်သည့်နေရာမှ စောင့်ဆိုင်းသည်မှန်း မသိရသည့် တပ်ရင်း(၄) မှ စစ်သားအပြည့်တင်လာသော စစ်ကား (၂) စီး တက္ကသိုလ်ရိပ်သာလမ်းပေါ် ရောက်လာပြီး ဆေးရုံရှေ့မှစ၍ ဓမ္မာရုံထိတိုင်အောင် တပ်ဖြန့်ကာ တက္ကသိုလ် ဝင်းကျင် တခုလုံးကို ပိတ်ဆို့ထားလိုက်လေသည်။ ၎င်းစစ်သားများသည် စစ်မြေပြင်တွင် မည်သည့်အခါကမျှ အသုံးမပြုရသေးသည့် ဂျီ သရီး မောင်းပြန် ရိုင်ဖယ်များကို ကိုင်ဆောင်ထားသည်။ တပ်ရင် (၄) သည် ဗိုလ်နေဝင်း၏ ကိုယ်ရံတော် အထူးတပ်ဖြစ်သည်။ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှမြင့် နှင့် နာမည်ကျော် သားသတ်သမား ဒုဗိုလ်မှူးကြီး စိန်လွင် တို့ပါ ရောက်ရှိလာကြသည်။ ကျောင်းသားတွေကလည်း ဓမ္မာရုံတည့်တည့် အမရဆောင် ရှေ့မှတံခါးကို ပိတ်လိုက်လေသည်။ တို့ကြောင့် ကျောင်းသား နှင့် စစ်တပ်ကြားတွင် အောက်ခြေ နှစ်ပေ ခန့် အုတ်မြစ်ပေါ်တွင် အုတ်တိုင် နှင့် သံတိုင်စိုက် ဝင်းထရံသာ ခြားနေတော့သည်။ ထိုအချိန်တွင် အခြေအနေမှာ ငြိမ်သက်သွား၍ ကျောင်းသားများက တက္ကသိုလ် မြက်ခင်းပြင်ပေါ်တွင် ဝိုင်းဖွဲ့ စကားပြောသူကပြော၊ ထိုင်သူကထိုင်၊ ဝရန်တာရှေ့ ထွက်ကြည့်သူကကြည့်နှင့် ပုံသဏ္ဍာန်အမျိုးမျိုးရှိနေကြသည်။ ထို့နောက် တကသအဆောက်အဦး ရှေ့တွင် ဟောပြောပွဲများ ကျင်းပကြပါတော့သည်။ စကားပြောသူပြော၊ လှဲသူ ကလှဲနေကြသည်။ စစ်သားများလည်း အေးအေးဆေးဆေး ဖြစ်သွားသည်။ ထိုသို့ ငြိမ်သက်နေချိန်တွင် နိုင်ငံတော် ကောင်စီဝင် ဗိုလ်မှူးကြီး သိန်းစိန်ကားရောက်လာပြီး တံခါးဝတွင် ဒုဗိုလ်မှူးကြီး လှမြင့်၊ ဒုဗိုလ်မှူးကြီး စိန်လွင် တို့နှင့် ရပ် စကားပြောနေသည်ကို မြင်ကြရသည်။(၁၀) မိနစ်ခန့် အကြာတွင် ဗိုလ်မှူးကြီး သိန်းစိန် ကားနှင့် ပြန်လည်ထွက်ခွာသွားလေသည်။ ဗိုလ်မှူးကြီး သိန်းစိန်ထွက်ခွာသွားပြီး မကြာမီ တွင်ပင် ဗိုလ်မှူးကြီး မင်းသိန်း ဂျစ်ကား နှင့်ရောက်လာလေ ကာ စိန်လွင် လက်ထဲသို့စာရွက်တစ်ရွက် ထည့်ပေးကာ ထွက်ခွာသွားလေသည်။ လှမြင့် နှင့် စိန်လွင် သည် ထိုနေရာရှိ တပ်မှူး များအား ခေါ်၍ ခေါင်းချင်း ရိုက်တိုင်ပင်လေသည်။ ထို့နောက် တပ်မှူးများက လက်ကို ဝုင်း၍ သုံးကြိမ် ဝှေ့ရမ်းပြသောအခါတွင် ကား အသင့်နေရာယူထားသော စစ်သားများသည် စစ်မြေပြင်မှ ရန်သူကို ချေမှုန်းသည့်ပမာ မောင်းပြန်ရိုင်ဖယ်များနှင့် မန္တလေးဆောင်၊ ရာမညဆောင် နှင့် အဓိပတိ လမ်းမတစလျှောက်ရှိ ကျောင်းသားထုထဲသို့ အလစပ် ပစ်ခတ်ကြလေသည်။

ပစ်ခတ်မှု

ပစ်ခတ်မည်ဟု မထင်မှတ်ထားသော ကျောင်းသားတော်တော်များများ သည် မင်သက်လ်ျက် နေရာမှာပင် အသက်ပျောက်ခဲ့ရလေသည်။ အချို့ မှာလည်း ပြေးရင်းလွှားရင်း ထိမှန်ကုန်ကြသည်။ ကျောင်းသား အချို့ကလည်း နီးစပ်ရာ အဆောင်များပေါ်သို့ တက်ပြေးကြလေသည်။ ထိုသို့တက်ပြေးသူများအား စစ်သားများက ဒူးထောက်၍ မလွတ်တမ်း ပစ်ခတ်သောကြောင့် မန္တလေးဆောင် လှေကားရင်းတွင် အလောင်းချင်းထပ်ခဲ့ရပေသည်။ ဘေးဘက်ရှိ စာကြည့်တိုက် ဝင်းထဲ မှ ရပ်ကြည့်သူများကိုပါ ပစ်ခတ်ခဲ့သောကြောင့် စာကြည့်တိုက်ဝင်းပင်တွင် သေဆုံး ဒဏ်ရာရသူ (၄၀) မျှရှိသည်။ မောင်းပြန် သေနတ်များ နှင့် ၃-၄ မိနစ် ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အချို့မှာ သမဂ္ဂ အဆောက်အဦး အတွင်းထဲသို့ ခိုဝင်ကြသည်။ ပြီးနောက် ဒဏ်ရာရကျောင်းသားများကိုပါ သမဂ္ဂ အဆောက်အဦးအတွင်းသို့ ရွှေ့ပြောင်းလာကြသည်။ တကသ ရင်ပြင် ရှေ့ရှိ ဆန္ဒပြ ကျောင်းသားများကို ပစ်ခတ်ခြေမှုန်းပြီးနောက် ကျောင်းဆောင် အခန်းများကို တစ်ခန်းခြင်း ဝင်ရောက် ရှင်းကြပြန်သည်။ သို့သော် သမဂ္ဂအဆောက်အဦး ကိုမူကား ဒဏ်ရာရ ကျောင်းသားများ ကို သယ်ပြီးလျှင် ပြတင်းပေါက်များအားလုံးကို အလုံ ပိတ်လိုက် တာကြောင့် ဝင်မရှင်းနိုင်ဘဲ ဝိုင်းရုံသာဝိုင်းထားလိုက်ကြရသည်။ ထိုဆန္ဒပြပွဲကြီးကို နှိမ်နင်း ဖြိုခွဲရန်အတွက် “လုံခြုံရေး ကော်မတီ“ ကို ဗိုလ်နေဝင်းက ဇွဲ့ပေးခဲ့ခြင်းဖြစ်သည်။ ထိုကော်မတီကို ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီး စောမြင့်၊ ဗိုလ်မှူးကြီး သန်းစိန် နှင့် ဒု-ရဲချုပ် ဘအေး တို့ပါဝင်ခဲ့သည်။ ထို ကော်မတီအဖွဲ့ဝင်များသည် အသံလွှင့်ရုံတွင် ရုံးထိုင်ပြီး အနီးကပ် ကွပ်ကဲခဲ့ကြသည်။ ညပိုင်းတွင် ကျောင်းသားများကို ပစ်ခတ်နှိမ်နင်းခဲ့သော စစ်ဗိုလ်ကြီးများသည် နန်ကင်းဟော်တယ် က အစားအသောက်များ မှာယူ၍ အောင်ပွဲခံ စားပွဲသောက်ပွဲ များကျင်းပခဲ့ကြသည်။ ထိုသို စားသောက်အပြီး၌ ဗိုလ်လှဟန် နှင့် ဗိုလ်အောင်ကြီးတို့သည် ဗိုလ်နေဝင်းထံ သတင်းပို့ရန် ထွက် လာခဲ့ကြသည်။ လမ်း၌ အင်းယားကန်ဟော်တယ်အဝင်ဝရှိ ပါမောက္ခဦးကာ အိမ်သို့ဝင်၍ ဦးကာနှင့် ကျောင်းသားဆန္ဒပြမှု အခြေအနေများကို စုံစမ်း၊ဆွေးနွေးတိုင်ပင် စကားစမြည် ပြောခဲ့ကြသည်။ ထိုအခါ ဗိုလ်လှဟန်က သမဂ္ဂကိုခွဲရန်သူတို့အမိန့်ရထားကြောင်းပြောသည်။ ထိုအခါ ဗိုလ်အောင်ကြီးက “ဟာ_ခင်ဗျားတို့ ခွဲဖို့ အမိန့်မပေးလိုက်နဲ့ဦး၊ ကျနော် ဥက္ကဌကြီး ကို ပြောအုန်းမယ်“ ဟု ပြန်ပြောခဲ့သည်။ ထို့နောက်ဗိုလ်နေဝင်းထံသို့ ဆက်သွားခဲ့ကြသည်။ ဗိုလ်နေဝင်းထံသို့ရောက်သောအခါ ဗိုလ်လှဟန်က အခြေအနေအရပ်ရပ်ကို အစီရင်ခံသည်။ ဗိုလ်အောင်ကြီးကတော့ ဘာမှမပြောဘဲပြန်သွားခဲ့ကြသည်။ အသံလွှင့်ရုံရောက်သောအခါ ဥက္ကဌကြီးက “OK“ ဟုပြောလိုက်ကြောင်း ဗိုလ်အောင်ကြီးက ပြောခဲ့သည်။ အမှန်မှာ ကျောင်းသားများ ကျောင်းသားသမဂ္ဂ အဆောက်အဦးထဲသို့ ဝင်ခိုသွားကြောင်း သတင်းပို့ပြီးသားဖြစ်သည်။ ထိုအချိန်သည် ကွန်မြူနစ်များက ကျောင်းသားများ အတွက်လက်နက်များပို့ပေးထားကြောင်း ကွန်မြူနစ်များ၏ မြေပေါ်ဌာနချုပ်သည် သမဂ္ဂအဆောက်အဦးဖြစ်ကြောင်း သတင်းများ ထွက်နေခဲ့သည်။ ထိုအခြေအနေအား ဗိုလ်အောင်ကြီးက ၈-၇-၉၈ VOA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သမဂ္ဂတွင် ကျောင်းသားများ လက်နက်ကိုင်သူရှိကြောင်း၊ လူနာများအထဲဆွဲသွင်းကာ တံခါးပိတ်သွားသည် ဆိုသောကြောင့် ညနေစောင်း၍ အပေါ်က ပစ်ခတ်ပါက မိမိတို့လူသေမည် ဖြစ်သောကြောင့် အသေမခံဘဲ ရက္ခိုင်းလက် ဂန်းနှင့် သမဂ္ဂကို ဥက္ကဌကြီးက ပစ်ခိုင်းကြောင်း ပြောကြားခဲ့သည်။

ကျောင်းသား သမဂ္ဂ အဆောက်အဦး အား မိုင်းဖြင့်ခွဲခြင်း

ဤအကြောင်းပြချက်မှာ တော်လှန်ရေးကောင်စီ၏ ကုလားဖန်တစ်ခုသာဖြစ်သည်။ အမှန်မှာ သမဂ္ဂ အဆောက်အဦးအား ရက္ခိုင်းနှင့် ပစ်ရန် ဗိုလ်နေဝင်းက တော်လှန်ရေးကောင်စီအား အမိန့်ပေးခြင်းသာဖြစ်သည်။ သို့သော် ရက္ခိုင်းလက် ဂန်းကျဉ် ရှာမရသောကြောင့် ဒိုင်းနမိုက် နှင့် ကပ်ခွဲရန် ဒိုင်းနမိုက် ရှာကြပြန်သည်။ ညသန်းခေါင်းကျော်တွင် သမဂ္ဂအားဖေါက်ခွဲမည့် ဒိုင်းနမိုက်များအား ထောက်ကြံ့ပင်မ ခဲယမ်း သိုလှောင်ရုံမှ အမြောက်အမြား ရရှိခဲ့သည်။ သမဂ္ဂ အဆောက်အဦးကို စိတ်ကြိုက် ဒိုင်းနမိုက်ပ်ဆင် ဖောက်ခွဲခဲ့သူမှာ အင်ဂျင်နီယာတပ်မှ ထားဝယ်သား ဗိုလ်မှူး ထွန်းရီ ဖြစ်သည်။ ဖောက်ခွဲရာတွင်လဲ လိုအပ်သော ပမာဏ ထက် အဆပေါင်းများစွာ ပို၍သုံးခဲ့သည်။ ဒိုင်းနမကိုက်အား ရန်ကုန်မြို့ကဲ့သို့နေရာမျိုးတွင် ဖောက်ခွဲရန် အနည်းဆုံး ဗိုလ်မှူးကြီး အဆင့် တစ်ဦး လက်မှတ်ထိုးထားသည့် ဖောက်ခွဲမှု စာချွန်လွှာ ပေးမှသာ တရားဝင်သည်။ သို့သော် ဗိုလ်နေဝင်း မှ ဗိုလ်ကျော်စိုးဆီသို့ ဖောက်ခွဲဖို့ နုတ်မိန့်ပေးခဲ့သည်။ တဖန် ဗိုလ်ကျော်စိုးမှ ဗိုလ်ထွန်းရီကို နုတ်မိန့်ပေးပြန်သည်။ ထို အခါ ဗိုလ်ထွန်းရီသည် ဒိုင်းနမိုက်များ တပ်ဆင်ပြီးသော်လည်း တရားဝင် အမိန့်ပေးသော စာချွန်လွှာမရှိသည့် အတွက် အခက်တွေ့လျက်ရှိသည်။ ထိုအချိန်တွင် တပ်မတော် စစ်မင်းကြီး ဘဦး(ခ) မင်းသိမ်း မှ (မနက်စောစော လမ်းလျှောက်လာရင်း ဗိုလ်ထွန်းရီက လက်မှတ်ထိုးပေးရန် ပြောသဖြင့်) ဖောက်ခွဲမှု စာချွန်လွှာကို လက်မှတ်ဝင်ထိုးပေးခဲ့သည်။ ထိုအခါမှ ဗိုလ်ထွန်းရီသည် သမဂ္ဂ အဆောက်အဦးတွင် အသင့် တပ်ဆင်ထားသော ဒိုင်းနမိုက်များကို ဇူလိုင် (၈) ရက် မနက် (၃) နာရီခွဲ (၄) နာရီ ခန့်တွင် ဖောက်ခွဲလိုက်လေသည်။

လွတ်မြောက်သူများ

သမဂ္ဂ အဆောက်အဦးကြီးတွင် ဘကြီးကံသိန်း၏ သမဂ္ဂ ဆံပင်ညှပ်ဆိုင် နှင့် စားသောက်ဆိုင်ရှိပါသည်။ ဘကြီးကံသိန်း ဆိုသူသည် ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဗိုလ်ချုပ် အောင်ဆန်း တို့ သမဂ္ဂခေတ်များမှတိုင် ရှိနေသူဖြစ်သည်။ ထိုအချိန်တွင် သမဂ္ဂ စားသောက်ဆိုင် တင်ဒါရ၍ ဖွင့်နေသူမှာ ပန်းချီ ဦးနန်းဝေဖြစ်သည်။ ၎င်းတို့မိသားစုများပါ သမဂ္ဂတွင် နေထိုင်ကြသည်။ ထိုဇူလိုင်လ (၇) ရက်နေ့ည (၁၁) နာရီ ခန့်တွင် စစ်တပ်မှ စစ်ဗိုလ်များက ဦးကံသိန်း နှင့် ဦးနန်းဝေတို့၏ အမည်များကို လက်ကိုင် အသံချဲ့စက်များနှင့် အော်ခေါ်ကြသည်။ ထို့နောက် သမဂ္ဂ အဆောက်အဦးမှ မိသားစုများနှင့် အတူထွက်ပေးရန်ပြောသည်။ ဦးကံသိန်း နှင့် ဦးနန်းဝေ တို့မှ “ညကြီးသန်းခေါင် ကားရှာမရမည် စိုး၍ မနက်မှ ထွက်ပါရစေ” ဟု တောင်းပန်သော်လည်း လက်မခံဘဲ “ညတွင်းချင်း လူချဉ်းသာထွက်ရမည်၊ မိသားစု ဟုတ် မဟုတ်ပါ လူစာရင်းကိုလည်း စစ်ဆေးမည်” ”ယူနီယံထဲတွင် မသမာသူများ ခိုအောင်း နေနိုင်၍ အပြတ်ရှင်းမည်” ဟုပြောခဲ့သည်။ ထိုအခါ ဦးကံသိန်းတို့လည်း မိသားစုနှင့် ခြေလွတ်လက်လွတ် ညတွင်းချင်းထွက်ခဲ့ရလေသည်။ မကြာမီ ဇူလိုင်လ (၈) ရက် နေ့ လင်းအားကြီးတွင် ကျောင်းသားထု ပိုင်ဆိုင်သော ယူနီယံကြီးကို မိုင်းခွဲ ဖျက်ဆီးပစ်လိုက်လေတော့သည်။

စိန်ခေါ်မှု

ထိုနေ့ည (၇) နာရီအချိန် မြန်မာ့အသံ ရေဒီယို မှ အသံလွှင့်သောအခါ ဗိုလ်နေဝင်းက ”၎င်း တိုင်းပြည်ကို တာဝန်ယူသည့် အချိန်တွင် တက္ကသိုလ်ကျောင်းသားများ စည်းမဲ့ကမ်းမဲ့ ဘဝကို ပြုပြင်ရမည့် တာဝန်ပါကျရောက်နေသောကြောင့် တပ်မတော်၏ အင်အားတစိတ်တဒေသကို သုံး၍ဖြေရှင်းလိုက်သည်” ဟုပြောကြားခဲ့သည်။ ထို့အပြင်“ယခုဖြစ်ပျက်သောကိစ္စသည် ကျောင်းသားကိစ္စတစ်ခုတည်းသာမက နိုင်ငံရေး အမှောင့် ပယောဂများ ဖမ်းစားသည်ကိုရိပ်စားမိကြောင်း၊ ၎င်းတို့၏အလုပ်အား ပျက်ကွက်ရန် တမင် လုပ်နေကြလျှင် ၎င်းအနေဖြင့် နောက်ထပ် မည်သည်ကိုမျှထပ်မပြောလိုကြောင်း၊ ဓါးကို ဓါးခြင်း လှံကိုလှံခြင်း ဆိုင် ရန်သာရှိတော့ကြောင်း”ထပ်မံ စိန်ခေါ်ခဲ့လေသည်။ ထို ဖြစ်ရပ်နှင့် ပတ်သက်၍ အစိုးရမှ သတင်းထုတ်ပြန်ရာတွင်လည်း ကျောင်းသား (၁၇) ဦးသာသေဆုံးကြောင်း ကြေညာခဲ့သည်။ အမှန်မှာ မန္တလေးဆောင် တစ်ခုထဲတွင်ပင် စာရင်းအရ (၁၇) နှစ်ဦးသေဆုံးခဲ့သည်။ မြောင်းမြ မှ ကျောင်းသား ကိုကျော်ဝင်းမှ ၎င်း၏ ခန္ဒာကိုယ်မှ သွေးနှင့် မန္တလေးဆောင် နံရံတွင် “၇-၇-၆၂ မမေ့ကြနဲ့”ဟုရေးသွားခဲ့သည်။

မှတ်ချက်

၁၉၆၃ ဇူလိုင်လ ကျောင်းများပြန်အဖွင့်တွင် သမဂ္ဂအဆောက်အဦး နေရာ၌ ယာယီတဲဖြင့် သမဂ္ဂကို ပြန်လည် တည်ထောင်ကြသည်။ ဗိုလ်အောင်ကျော် ကျောက်တိုင်နှင့်အတူ အလျား (၇၇) လက်မ၊ အနံ (၆၂) လက်မ ရှိ ကျောက်တိုင် တခု ပြုလုပ်၍ ၇-၇-၇၂ တွင် ကျဆုံးခဲ့သောကျောင်းသား ရာကျော်အတွက် ရည်စူးကာ “ရာကျော်ကျောက်တိုင်” ဟု အမည်တွင်စေခဲ့သည်။ ထို “ရာကျော်ကျောက်တိုင်“ ဖွင့်ပွဲတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းမှ “ဒီအဆောက်အဦးကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓါတ်ကို တော့ ဘယ်သူမှဖြိုလို့ မရပါဘူး” ဟုမိန့်ကြားခဲ့သည်။ သို့သော် ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆန္ဒပြပွဲ များ ဖြစ်ပေါ်၍ ကျောင်းများ ပြန်ပိတ်သောအခါ ရာကျော်ကျောက်တိုင် နှင့် အတူ သမဂ္ဂ ယာယီတဲ အဆောက်အဦးလည်း ထပ်မံဖျက်ဆီးခံခဲ့ရသည်။
 အွန်လိုင်းစာကြည့်တိုက် မှ ပေါင်းစည်းတင်ပြပါတယ် ။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ဇွန်လ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် အသင်း အဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ နှင့် တွေ့ဆုံ ဆွေးနွေး

 လက်ရှိ နိုင်ငံ့စီးပွားရေး အခြေအနေမှာ ခြုံငုံသုံးသပ် ပြောရမည်ဆိုပါက မကောင်းဘူးဆိုသည့် သဘောရှိကြောင်းနှင့် စီးပွားရေးမကောင်းသဖြင့် အထိခိုက်ဆုံးမှာ အခြေခံလူတန်းစား ဖြစ်သည့် လယ်သမား၊ အလုပ်သမားများဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ဇွန်လ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် အသင်း အဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ နှင့် တွေ့ဆုံ ဆွေးနွေးသည့်ပွဲတွင် ပြောကြားခဲ့သည်။

ယင်းနေ့တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် စီးပွားရေး လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက လက်ရှိကြုံတွေ့ နေရသည့် စီးပွားရေးအခြေအနေ အရပ်ရပ်နှင့် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြခဲ့ကြပြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များ အပေါ် ပြန်လည်ဆွေးနွေးရာတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ပြောသွားတာတွေကို ပြန်ချုပ်လိုက်တဲ့အခါ ကျွန်တော်တို့နိုင်ငံ ရဲ့စီးပွားရေးဟာ ချုပ်ပြောရမယ်ဆိုရင် မကောင်းဘူးဆိုတဲ့ သဘောရှိတယ်။ စီးပွားရေးမကောင်းတာ ဘယ်မှာအထိခိုက်ဆုံးဖြစ်လဲဆိုတော့  တကယ့် အခြေခံလူတန်းစားတွေမှာ ဖြစ်နေတယ်။ တောင်သူလယ်သမားပြီးတဲ့ အခါမှာ အထည်ချုပ်မှာဆိုရင် အလုပ် သမားတွေဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေ စီးပွားရေး မကောင်းဘူးဆိုတာ က စီးပွားရေးအတွက် အကျိုးဖြစ်ထွန်းမှု မရှိဘူး အရှုံးပေါ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိသော်လည်း ခုနကလယ်သမားနဲ့ အလုပ်သမားများ မွေးမြူရေးသမားများ ပြောမယ်ဆိုရင် အခြေခံ Basic Production သို့မဟုတ်  Producer နဲ့ဆက်စပ်တဲ့ အလုပ်သမား တွေမှာအများကြီးထိခိုက်တယ်။ အဲဒီ ထိခိုက်တာက အတိုင်းအတာတစ်ခု ထိတော့တောင့်ခံနိုင်ပြီးတော့ အတိုင်းအတာတစ်ခုကို ကျော်လွန်သွားလို့ရှိရင် တောင့်မခံနိုင်တဲ့အခါမှာ ကျွန်တော်တို့ မလိုချင်တဲ့ မဖြစ်ချင်တဲ့ကိစ္စတွေကို မဖြစ်စေချင်တဲ့အတွက် ဒီလို ဆွေးနွေးနေတယ်လို့ပဲ သဘောပေါက်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးသည့် ပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရ ဦးရွှေမန်းအား တွေ့ရစဉ်

“ဒီနေ့ဆွေးနွေးတာ အားလုံးခြုံပြောရင် Sanction  အကြောင်း ပြောသွားတာရှိတယ်။ နောက်တစ်ခုက Transactional Cost  တွေ မြင့်နေတယ်။ နောက်တစ်ခုက တော်တော်များများ ပြောသွားတယ် ငွေလဲနှုန်း၊ ကျွန်တော်တို့က မြန်မာတွေ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံသားတွေ အတွက် အရေးကြီးတာက မြန်မာကျပ်ငွေပဲ။ အဲဒီအတိုင်းပဲ မြန်မာနိုင်ငံအတွက် မြန်မာနိုင်ငံရဲ့ ထုတ်ကုန်များကို ပြန်ကြည့်ရင် အခြေခံကတော့ လယ်ယာထွက် သီးနှံကုန်ပစ္စည်းများ ဖြစ်တယ်။ နောက်သားငါးပေါ့။ အဲဒီလို လယ်ယာ သားငါးပစ္စည်းတွေ ဟာ တင်ပို့တဲ့အခါမှာ ဈေးကောင်း ဒါမှမဟုတ်မှန်ကန်တဲ့ ဈေးရဖို့လိုပါတယ်။ အဲဒီနေရာမှာ ဒီကနေ့ လယ်ယာလုပ်သား၊ မွေးမြူသူတွေအနေနဲ့ သူတို့လိုချင်မှာကတော့ မြန်မာကျပ် ငွေပါပဲ၊ မြန်မာကျပ်ငွေ များများရဖို့ ဆိုရင် မြန်မာကျပ်ငွေရဲ့ လဲလှယ်နှုန်း တစ်ဒေါ်လာသို့မဟုတ် နိုင်ငံခြားငွေ တစ်ယူနစ် မြန်မာကျပ်ငွေ ဘယ်လောက်လဲ ဆိုတဲ့အပေါ် မူတည်နေပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိကာလမှာ နိုင်ငံတစ်ဝန်းလုံးရှိ စီးပွားရေးလုပ်ငန်းများ အားလုံး အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့ နေရသည့် အချိန်ကာလဖြစ်ကြောင်း၊ နိုင်ငံသဘာဝ သယံဇာတကို အခြေခံ ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ရောင်းဝယ်ရေး လုပ်ငန်းများမှာ အနည်းငယ် သက်သာခွင့်ရှိသော်လည်း နိုင်ငံသား အများစုမှာ ကိုယ်တိုင်ဖန်တီး ထုတ်လုပ်ပေးနေသည့် လုပ်ငန်းများမှာ အခက်အခဲဆုံး အနေများဖြင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်းနှင့် အထူးသဖြင့် ကျေးလက်ဒေသ အခြေခံသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှာ အခက်အခဲဆုံးနှင့် အဆိုးဝါးဆုံး အခြေအနေများဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ကော်မရှင် နှင့် ကော်မတီများသို့ တင်ပြခဲ့သည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဋ္ဌဦးချစ်ခိုင်ကလည်း လယ်သမားများ၏ စီးပွားရေးအခြေအနေမှာ ဆိုးရွားနေကြောင်း၊ ရာသီဥတုနှင့် ဈေးကွက် အခြေအနေကြောင့် လယ်သမား များ အခြေအနေ မကောင်းရခြင်းဖြစ်ကြောင်း၊ ထိုသို့ စီးပွားရေးမကောင်း ခြင်းကြောင့် ဆန်စပါး အထူးပြုကုမ္ပဏီ များမှ ထုတ်ချေးငွေများကိုအပြေ အလည်မဆပ်နိုင်ကြောင်း၊ ဆန်စပါး အထူးပြုကုမ္ပဏီ အတော်များများမှာ လုပ်ငန်းရပ်ရမည့် အခြေအနေရှိကြောင်း လယ်ယာကဏ္ဍ အခြေအနေမှာ ဆိုးရွားသည့် အခြေအနေရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးကလည်း ယခုအချိန်သည် Primary Producer များအတွက် အခက်အခဲဖြစ်နေကြောင်း၊ လယ်ယာသားငါး ကဏ္ဍများသည် ရပ်တည်ဖို့ မလွယ်ကူကြောင်း ၂၀၀၉၊ ၂၀၁၀ ခု နှစ်များမှစ၍ စီးပွားရေးမှတုံ့ဆိုင်း လာကြောင်း Transaction Cost  များ လျော့အောင် လျှော့ချနေသော်လည်း ထပ်မံလျှော့ရမည့် ဧရိယာများ ရှိနေသေးကြောင်း ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “အချုပ်ပြောရရင်တော့ ဒီနေ့ဆွေးနွေး တင်ပြချက်တွေ အကုန်လုံးကိုရရမယ်လို့ ကျွန်တော် ကတိမပေးနိုင်ပါဘူး။ ကျွန်တော် ကတိပေးနိုင်တာက ကျွန်တော်တို့ နိုင်ငံသားများ၊ တိုင်းရင်းသား လုပ်ငန်းရှင်များအတွက် အကာအကွယ်ပေးမယ့် ဥပဒေပေါ်ထွက်လာရေးကို တော့ ကတိပေးနိုင်ပါတယ်။ ကျွန်တော်တို့ ယခင်အစိုးရလက်ထက် က ပါတီစုံဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ် တည်ဆောက်ဖို့ ပြည်သူများရဲ့ဆန္ဒကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အတိအကျပြောမယ် ဆိုရင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ကျွန်တော်ပြောတဲ့ ပြဋ္ဌာန်းချက် ပါပါတယ်။ အဲဒါက ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေး စနစ်ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေ စီစနစ်၊ ဈေးကွက်စီးပွားရေးစနစ် ထူထောင်တဲ့နေရာမှာလည်း ကျွန်တော်တို့အားလုံး ပါဝင်ပြီးတော့ ထူထောင် ဖို့လိုပါတယ်။ အစိုးရ၊ လွှတ်တော်နဲ့ တင်မရဘဲ ပြည်သူများ၊ ပြောမယ်ဆို လို့ရှိရင် မီဒီယာများပါ ပါဝင်ဆောင် ရွက်ဖို့လိုပါတယ်။ တိုင်းရင်းသားများရဲ့ အလုပ်အကိုင် အခွင့်အလမ်း များပေးဖို့၊ ပြီးတဲ့အခါ တိုင်းရင်းသား လုပ်ငန်းရှင်များ၊ နိုင်ငံသားများကို အကာအကွယ်ပေးဖို့ ဥပဒေပြီးတဲ့အခါ တိုင်းရင်းသားများ လုပ်ငန်းရှင်များနဲ့ နိုင်ငံသားများကို လုပ်နိုင်ဖို့အတွက် အကူအညီအထောက်အပံ့တွေ ပေးမယ်ဆိုတဲ့ မူဝါဒက ရှိနေဆဲပဲဖြစ်ပါ တယ်။ အဲလိုရှိနေတယ်ဆိုရင် ဒီလို စာရွက်ပေါ်မှာပဲ မထားဘဲ လက်တွေ့ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ခုနက ကျွန်တော်ကတိပေးခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဒီမူဝါဒရှိတယ်။ ဒီမူဝါဒနဲ့အညီ ကျွန်တော်တို့နိုင်ငံသားများရဲ့ ရပိုင်ခွင့်လုပ်ပိုင်ခွင့်များကို အဓိကထား ကာကွယ်နိုင်တဲ့ ဥပဒေမျိုးကျွန်တော် တို့ဖော်ဆောင်ပေးမယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့လည်း နိုင်ငံသားများရဲ့အကျိုး စီးပွားကို ဖြစ်ထွန်းစေသော ဥပဒေ များ၊ နိုင်ငံသားများရဲ့အကျိုးစီးပွား ကို ကာကွယ်စောင့်ရှောက်သော ဥပဒေများ ဖြစ်ထွန်းရေးက ကျွန်တော်တို့အတွက် အဓိကတာဝန် ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
Eleven Media News



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ကျန်ရှိနိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ထပ်မံတောင်းဆိုအပ်ပါတယ်..


ယနေ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုတဲ့သူများထဲမှာ နိုင်ငံရေး အကျဉ်းသား အချို့ပါဝင်...

ဖော်ပြပါသတင်းအား ကြိုဆိုလိုက်ပြီး ကျန်ရှိနိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ထပ်မံတောင်းဆိုအပ်ပါတယ်..
ယနေ့ လွတ်ငြိမ်းခွင့် ပေးလိုက်သူများထဲတွင် နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်ကြောင်း သိရပြီး ၎င်းတို့မှာ ကလေး ထောင်က ကိုအေးအောင်၊ သရက် ထောင်က ကိုသန်းဇော်၊ ပြည် ထောင်က ကိုပြည့်ဖြိုးအောင်၊ ကသာ ထောင်က ကိုအောင်အောင်ဦးတို့ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ အခြားနိုင်ငံရေးအကျဉ်းသား ပါဝင်ခြင်း ရှိ၊ မရှိကို ဆက်လက်စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါသည်။

Eleven Media Group

၁၉၈၉ ခုနှစ်တွင် သန်လျင် ရေနံချက် စက်ရုံ ဗုံးဖေါက်ခွဲမှုဟူသော စွပ်စွဲချက်ဖြင့် မတရားစွပ်စွဲပြီး သေဒဏ်ချမှတ်ခံရတဲ့ အညတြသူရဲကောင်းဆုရှင် သန်လျင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုသန်းဇော်နှင့် နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်လာမှု
အတွက် ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါတယ်..။



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာသေးခင်က သွားရောက်ခဲ့တဲ့ ဥရောပ ၅ နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ပြည်သူ့အကျိုးဆောင်ကွန်ရက်


သတင်းထုတ်ပြန်ချက်
၁၃၇၄ ခုနှစ်၊ ပထမ၀ါဆိုလပြည့် (၁၅)ရက်
(၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)

(၃.၇.၂၀၁၂)

            ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်းရှိအပြင်ကဒံအုပ်စုနှင့်အတွင်းပဒံအုပ်စုတွင်ဝါ၀ါဝင်းကုမ္ပဏီနှင့်မာလာဝင်းကုမ္ပဏီ
နှစ်ခုမှ သိမ်းယူခြင်းခံထားရသော လယ်သမားများသည် ယနေ့(၂.၇.၂၀၁၂)ရက်နေ့(၁၀း၃၀)တွင် အနော်ရထာလမ်းပေါ်ရှိ အိုးအိမ်ဦးစီးရှေ့တွင် ဆန္ဒဖော်ထုတ်၍ မိမိတို့လယ်မြေများပြန်လည်ရရှိရန်တောင်းဆိုခဲ့ကြသည်။ဆန္ဒဖော်ထုတ်တောင်းဆိုသူ(၆၀) ခန့်ရှိပြီး ရန်ကုန်မြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်မှအဖွဲ့ဝင်(၁၀)ဦး၊ လယ်သမားအကျိုးဆောင်ရွက်နေသူဦးဝင်းချို ၊နိုင်ငံရေးအကျဉ်းမိသားစုများအကျိုးဆောင်ကွန်ယက်မှ ကိုဟန်ဝင်းအောင်နှင့်အဖွဲ့ဝင်များက လယ်ယာမြေများဆုံးရှုံးနစ်နာနေသော လယ်သမားများဘက်မှ ရပ်တည်ညှိနှိုင်းမှုပြုလုပ်ပေးခဲ့သည်။မြို့နယ်ရဲမှူးက (၂၁း၃၀)နာရီ အချိန်ခန့်တွင် အိုးအိမ်တာဝန်ရှိသူများထံ အကြောင်းကြားပေးပါမည်ဟု ပြောပြီး ဆန္ဒဖော်ထုတ်တောင်းဆိုနေသောလယ်သမားများကို အိမ်သို့ပြန်ရန်ပြောခဲ့သည်။ဆန္ဒဖော် ထုတ်တောင်းဆိုသူများမှလည်း ပြည်သူ့ရဲဝန်ထမ်းများ၏ ကမ်းလှမ်းမှုကိုလက်ခံပြီး လှိုင်သာယာသို့ပြန်လည်ထွက်ခွါခဲ့သည်။သို့ပေ မယ်(၃.၇.၂၀၁၂)နေ့တွင်လည်း လယ်သမ်းများက ယနေ့ဆန္ဒဖော်ထုတ်ခဲ့သည့် အိုးအိမ်ရုံးရှေ့တွင်ဆက်လက်၍ တောင်းဆိုမှုလုပ်သွားမည်ဖြစ်သည်။

ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
                                                                               (၃.၇.၂၀၁၂)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်


မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် 
သတင်းထုတ်ပြန်ကြေငြာချက်
                                      ၁၃၇၄ ခုနှစ်၊ ပထမ ၀ါဆို လဆန်း ၁၄ ရက်နေ့
                                             ( ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၂) ရက် )
(၂.၇.၂၀၁၂)
       ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်၊မယ်ဇလီကျေးရွာအုပ်စု ချောင်းကြီးညောင်ဇောက်ကျေးရွာရှိ လယ်ယာမြေများဖြစ်သော ကွင်းအမှတ်(၃၇၁/က) (၃၇၁/ဂ) ဦးပိုင်အမှတ်-(၂၆/၂ ၊၉/၄ ၊၂၅/၂ ၊၁၄/၂)လယ်ကွက်များကို လွန်ခဲ့သော(၁၉၈၅)ခုနှစ်မှစတင်၍ မြေရိုင်းတောများခုတ်ထွင်ရှင်းလင်းပြီး စပါးစိုက်ပျိုးခဲ့ကြသည်။စိုက်ပျိုးလုပ်ကိုင်နေသော လယ်ယာမြေများအတွက် နိုင်ငံတော်အား အခွန်အခများနှစ်စဉ်ပေးဆောင်ခဲ့ရသည်။(၁၉၉၅-၉၆)ခုနှစ်ဝန်းကျင်တွင် နိုင်ငံတော်မှ လယ်သမားများစိုက်ပျိုးမှုအဆင်ပြေစေရန်အတွက် ရေထိန်တံခါးနှင့်ရေမြောင်းများဖောက်လုပ်ပေးပြီးနောက်ပိုင်းတွင် တိုင်းမှူးမှ သိမ်းသည်ဟု အရာခံဗိုလ် မင်းဆွေ မှပြောပြီး၊ လယ်သမားများ၏ လယ်မြေဧကများကို ယခုနောက်ပိုင်းတွင် မင်းမင်းစိုးကုမ္ပဏီမှသိမ်းယူထားသည်။မင်းမင်းစိုးကုမ္ပဏီမှသိမ်းယူထားသော လယ်ဧကမှာ(၁၂၀)ခန့်ရှိပြီး လယ်မြေဆုံးသွားသော လယ်သမားဦးရေမှာ(၁၁)ရှိသည်။မိမိတို့၏လယ်မြေများပြန်လည်ရရှိရန် လယ်သမားများက လွှတ်တော်အသီးသီးနှင်သက်ဆိုင်ရာ ဌါနများသို့ နှစ်ကြိမ်တိုင်တိုင်စာဖြင့်တင်ပြခဲ့သည်။မင်းမင်းစိုးကုမ္ပဏီမှတာဝန်ခံဦးမင်းဆွေ(အရာခံဗိုလ်-ငြိမ်း)က လယ်မြေသိမ်းယူ စဉ် ငါ့မှာအမိန့် နဲ့ သေနပ်ပါသည်ဆိုပြီး ယူနီဖောင်းဝတ်ရဲဘော်(၃)ဦးနှင့်အတူလာ၍ လယ်သမားများကို ပျိုးကြဲခြင်း၊ဂိုက်ဆွဲခြင်း၊စ ပါးရိတ်သိမ်းခြင်းများကို အဓမ္မစေခိုင်းခဲ့သည်။ ထို့ကြောင့်ရိုးသားသောလယ်သမားများကို အာဏာနှင့်ဖိနှိပ်ခြင်း၊အတင်းအဓမ္မစေ ခိုင်းခြင်း နှင့် လယ်မြေများကိုမတရားသိမ်းပိုက်ခြင်းတို့ကြောင့် လယ်သမားများကမိမိတို့၏ဆုံးရှံးနစ်နာနေမှုကို ဆန္ဒဖော်ထုတ်၍ တောင်းဆိုသွားမည်ဖြစ်သည်။

မှတ်ချက်။ ။နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်မှ အဖွဲ့ဝင်များနှင့် ပြည်သူလူထုကြီးထံမှ ပေးပို့လာသောသတင်းများကိုတစ်ဆင့်ပြန်လည်ဖြန့်ဝေလိုက်ပါသည်။

မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုအကျိုးဆောင်ကွန်ယက် 
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၂.၇.၂၀၁၂)



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ပညာတတ်တိုင်း ဆရာ မဖြစ်


ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် တွေ့ ဆုံခဲ့သောကိုမင်းကိုနိုင်နှင့်တွေ့ ဆုံမေးမြန်း

 ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီ ၌ ရန်ကုန်မြို့ရွှေဂုံတိုင်တာဝါတွင် ပြည်သူ့  လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အဖွဲ့၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကို နိုင်ခေါင်းဆောင်သောအဖွဲ့တွေ့ဆုံခဲ့ကြ ခြင်းအပေါ်သ
တင်းမီဒီယာမှ ကိုမင်းကိုနိုင် ကို တွေ့ဆုံမေးမြန်းခဲ့ရာ ကိုမင်းကိုနိုင်မှ ကျွန်တော်တို့တွေ့ဆုံခဲ့တဲ့ ကိစ္စက အားလုံး ခြုံပြောရရင် လွှတ်တော်ဆိုတာဘာလုပ် ဖို့လဲ တရားဥပဒေစိုးမိုးဖို့တွက် ဥပဒေပြဋ္ဌာန်း   မယ် တကယ်တော့ နိုင်ငံတော်မှာ အာဏာအရအမြင့် ဆုံးအဖွဲ့အစည်းပဲ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်မှာ အရေးအကြီးဆုံနိုင်ငံတော်သမ္မတကိုတောင်  ဒီလွှတ်တော်ကပဲရွေးချယ်ပေးရတာကိုး  ဒီလွှတ်တော်အနေနဲ့ တိုင်းပြည်အပေါ်  ဘာတွေလုပ်ပေးနိုင်သလဲဆိုတဲ့ အခါမှာ  ကျွန်တော်တို့ ပြည်သူ့တွေအတွက် ပြည်သူ   တွေအပေါ်မှာ ကာကွယ်စောင့်ရှောက်နိုင်  တဲ့ ဥပဒေတွေပြဋ္ဌာန်းနိုင်ဖို့ ပြည်သူ့တွေ ၀န်ထုပ်ဝန်ပိုးဖြစ်နေတဲ့ မလိုလားအပ်တဲ့  ဥပဒေတွေ ပယ်ဖျက်ပေးဖို့ ဒီနှစ်ချက်ကို ပြည်သူတွေကိုယ်စားတင်ပြနိုင်ခဲ့တယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကလည်း ဒီအခြေ    ခံနှစ်ချက်ကိုလုံးဝလက်ခံသဘောတူခဲ့ပါ တယ်။ အကောင်အထည်ဖော်ကြမယ်နေ ရာမှာ ကျွန်တော်တို့ အဓိကအနေနဲ့ လတ်တလောကိစ္စတွေအတွက်အပြန်အလှန်  သတင်းအချက်အလက်မျှဝေနိုင်ခဲ့တယ်၊ ဥပမာကျွန်တော်တို့ဘက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းရေးခရီးစဉ်တွေမှာရရှိခဲ့တဲ့ ပြည်သူ  တွေလိုအပ်နေတဲ့ အချက်တွေ၊ သဘော  ထားတွေကို မျှဝေနိုင်ခဲ့ပါတယ်။ အထင် ရှားဆုံးကတော့ လယ်ယာတွေ သိမ်းတဲ့ ကိစ္စတွေ၊ မြေသိမ်းတဲ့ကိစ္စတွေ၊ ကျွန်တော်  တို့အဲဒါတွေတင်ပြနိုင်ခဲ့တယ်။ လွှတ်တော်  ကဘာလုပ်ပေးနိုင်မလဲမေးခဲ့တယ် ပြည်သူ  တွေကိုယ်စားတင်ပြပြောဆိုနိုင်ခဲ့တယ်။  နောက်အရေးကြီးဆုံးအချက်က ကျွန်တော်တို့ထောင်ထဲမှာကျန်နေတဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေ အဲဒီ  ကိစ္စနဲ့ ပတ်သက်ပြီး စကားလုံးအရသာ  ကြာကြာဆွေးနွေးရင်ဆွေးနွေးရလိမ့်မယ် အဲဒီအထဲမှာရှိနေတဲ့ ပုဂ်္ဂိုလ်တွေဟာ တိုင်း  ပြည်အတွက် တည်ဆောက်ရေးမှာ အရေးကြီးတဲ့ အင်အားစုတွေဖြစ်မယ်ဆို ရင်ဒီလူတွေအပြင်လောကမှာရောက်နေ သင့်တယ်လို့ပြောတယ်၊ အဲဒီကိစ္စကို သူတို့သဘောတူခဲ့ကြတယ်၊ အဲဒီလို ကျွန်တော်တို့ ကြိုးစားပြီးတော့ ဒီလူတွေ  လွတ်မြောက်ရေးအတွက် တင်ပြနိုင်ခဲ့ တယ်၊ နောက်တစ်ခုကတော့ ဥပဒေတစ် ခုထွက်လာပြီဆိုရင် နောက်ကနေပြီး နည်းဥပဒေဆက်ပါမလာရင်လုပ်ထုံးလုပ် နည်းတွေဆက်ပါမလာရင်ဥပမာငြိမ်းချမ်း စွာဆန္ဒပြခွင့်တို့ အလုပ်သမားသမဂ္ဂဖွဲ့ စည်းခွင့်တို့ ဒီဟာတွေနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးယန္တရားမှလူတွေက နည်း ဥပဒေမရှိလို့တို့၊ လုပ်ထုံးလုပ်နည်းမရှိလို့ ပါတို့၊ ဆိုပြီးတော့ လက်သင့်မခံတာ ဆောင်ရွက်မပေးနိုင်တာတွေရှိနေတော့ အားလုံးဟာဥပဒေက အသက်မ၀င်သလို  ရှိနေတာပေါ့ဗျာ။ အဲဒီကိစ္စကို အလေး အနက်ပြောတယ် ကျွန်တော်တို့ဖြစ်စေ ချင်တာက အခုလာမယ့်လွှတ်တော်မှာ အဲဒီလိုဥပဒေတစ်ခုထွက်ပြီးရင် နောက် ကနေပြီးနည်းဥပဒေဟာ ဘယ်နှစ်ရက် အတွင်း ဘယ်လောက်ကာလအတွင်း အပြီးသတ်ဖို့ လိုက်ပြဋ္ဌာန်းပေးရမယ်ဆိုပြီး ဥပဒေတစ်ခုကိုထပ်ပြဋ္ဌာန်းပေးဖို့လိုကိုလို အပ်ပါတယ်လို့ လွှတ်တော်ကိုယ်စား လွှတ်တော်ဥက္ကဋ္ဌနှင့် ရေးရာကော်မတီ ဥက္ကဋ္ဌတွေကို ကျွန်တော်တို့ ပြည်သူ တွေကိုယ်စားကျွန်တော်တို့ဖြစ်စေချင်တာ တွေကို တင်ပြနိုင်ခဲ့တယ်။
နောက်ပြီးတော့ ပြည်တော်ပြန်တွေ ကိစ္စ နိုင်ငံတကာမှာ ရောက်နေတဲ့ နိုင်ငံ ရေးအင်အားစုတွေပေါ့ဗျာ ကျွန်တော်တို့  နိုင်ငံသားတွေ ပြည်တွင်းကိုပြန်လာဖို့ ဆိုတဲ့ နေရာမှာ ဟိုသံရုံးတွေမှာ အခု လုပ်ထုံးလုပ်နည်းအရ တစ်ယောက်ချင်း သွားနေရတဲ့ကိစ္စတွေမှာ ကျွန်တော်က အားလုံးကိုသာတူညီမျှပြန်လာနိုင်မယ်ဆို ရင်ပြန်လာလို့ရတယ်ဆိုတာသေချာစေချင်   တယ်၊ ဒါကို လွှတ်တော်က ဘာလုပ်ပေး နိုင်မလဲပေါ့ဗျာ၊ ကျွန်တော်တို့ဆွေးနွေး ခဲ့ကြတဲ့အကြောင်းအရာတွေတော်တော် များများပါတယ်။
 အဲဒီတော့ခင်ဗျားတို့ ဘာသိချင်ကြသေးလဲ ဘာများမေးချင် သေးလဲဟုမေးမြန်းခဲ့ရာ သတင်းမီဒီယာ မှ အခုတွေ့ဆုံတဲ့ကိစ္စကို သူတို့ဘက်က  တွေ့ချင်လို့ကမ်းလှမ်းတာလား ဒါမှမဟုတ်  ကိုမင်းကိုနိုင်တို့ဘက်ကတင်ပြတောင်းဆိုခဲ့တာလား။ဒါမှမဟုတ်တစ်ဦးတစ်ယောက်ကကြားဝင်အကျိုးဆောင်ခဲ့တာလားဟု မေးမြန်းခဲ့ရာကိုမင်းကိုနိုင်မှ
ကျွန်တော်တို့ ပြန်ပြီးထွက်လာခဲ့က တည်းက ပြောတာက ကျွန်တော်တို့နိုင်ငံ မှာ အပြောင်းအလဲကို တကယ်ဆန်္ဒရှိတယ်၊ တကယ်လုပ်မယ်ဆိုရင် ကျွန်တော်တို့က  အမြဲပဲပြောနေပါတယ်။ လွန်ဆွဲပွဲလိုဘက်  နှစ်ဘက်အားပြိုင်နေရတာဗျ အဟောင်း ကိုပြန်သွားမယ်ဆိုတဲ့ နောက်ကြောင်းပြန်  လှည့်မယ်ဆိုသူကတစ်ဘက်တကယ်ပြု ပြင်ပြောင်းလဲရေးကိုလုပ်ပြီး အကောင်  ဘက်ကိုသွားမယ်ဆိုသူတွေကတစ်ဖက် ဒီနှစ်ဘက်ဘဲရှိတယ်။ ဒီတော့ အကောင်း  ဘက်ကိုသွားမယ်ဆိုတဲ့ အင်အားစုမှန်ရင် နိုင်ငံတော်သမ္မတကအစ အဲလိုလွှတ်တော်  ဥက္ကဋ္ဌကအစဘယ်သူ့ကိုမဆို ကျွန်တော်  တို့လက်ဆွဲနှုတ်ဆက်ဖို့ဝန်မလေးပါဘူး။
လက်တွဲဆောင်ရွက်ဖို့လဲ ကျွန်တော်  တို့ ၀န်မလေးပါဘူး။ ကျွန်တော်တို့ ကြေညာပြီးသားဖြစ်တယ်၊ ဒါက ကျွန်တော်  တို့ရဲ့ မူဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ တည်ဆောက်ရေးမှာ အရေးပါနေတဲ့  ပုဂ်္ဂိုလ်မှန်သမျှ၊ အဖွဲ့အစည်းမှန်သမျှ၊ ကျွန်တော်တို့တွေတွေ့နေတယ်၊ နောက်  လည်းတွေ့ဖို့အစီအစဉ်ရှိတယ်၊ ဒီလို သဘောထားအခြေခံကနေပြီးတော့ကြားခံဆောင်ရွက်ပေးနေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက
 နေ စီစဉ်ပေးလို့တွေ့တာပါ၊ ထို့နောက် သတင်းမီဒီယာမှ ထပ်မံမေးမြန်းခဲ့ရာတွင်  အခုကိုမင်းကိုနိုင်တို့ထောင်ကထွက်လာ ပြီးနောက်မှာ ယခုလို ပထမဦးဆုံးမြန်မာ နိုင်ငံရဲ့အမြင့်ဆုံးလွှတ်တော်က တာဝန်  အရှိဆုံးပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ရေးရာကော်မတီဥက္ကဋ္ဌတွေကို တွေ့ဆုံခဲ့ တဲ့နေရာမှာ ၈၈ မျိုးဆက်အုပ်စုက ခံစား သိမြင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းရဲ့သဘောထားကိုဘယ်လို နားလည်သဘောပေါက်ခဲ့ပါသလဲဟုမေး မြန်းခဲ့ရာ ကိုမင်းကိုနိုင်မှ ပြန်လည်ဖြေကြား  ခဲ့ရာတွင် အေးဗျာ အရင်တုံးကစစ်အုပ် ချုပ်ရေးက ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် ယခုလွှတ်တော်ဥက္ကဋ္ဌကြီးဖြစ်နေတဲ့ အရပ်သားသူရဦးရွှေမန်းနဲ့တော့ မတူခြား နားချက်တွေရှိနေပြီလို့ ကျွန်တော်တို့ သုံးသပ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက လုပ်ခဲ့ကိုင်ခဲ့တယ်ဆိုတာတွေ က အမိန့်ပေးစနစ်အောက်မှာ လုပ်ကိုင်  နေရတာ အခုလုပ်နေရတာတွေက အများ ဆန္ဒတွေကိုဖော်ထုတ်ပြီးတော့ ပွင့်လင်း မြင်သာမှုတွေနဲ့ လုပ်နေရတာကို သူတို့ ကိုယ်တိုင်နားလည်ပါတယ်။ ကျွန်တော်တို့  စကားပြောကြည့်ကြတဲ့အခါမှာ ကျွန်တော် တို့လည်းဆက်ပြီးတော့ ပြည်သူတွေကိုယ် စားရွေးချယ်တင်မြောက်သူတွေရဲ့ စကား သံတွေ၊ သဘောဆန္ဒတွေကို နားထောင် ပြီးတော့ ပွင့်လင်းမူတွေနှင့်အလုပ်လုပ်ဖို့ရယ်အရေးကြီးဆုံးအချက်က နောက် ကြောင်းပြန်လှည့်လို့မရဘူးဆိုတဲ့အသိကို  သူတို့ကိုယ်ရော ပြည်သူတွေနဲ့ ကျွန်တော် တို့ပါ သဘောထားတူညီပြီး အဲဒီအခြေခံ   ပေါ်မှာ ပွင့်လင်းမှု၊ ရိုးသားမှုတွေနှင့် ဆက်အလုပ်လုပ်မယ်ဆိုရင်ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကို အချိန်ကာလသင့် တဲ့အချိန်မှာ ရောက်သွားမှာပါ၊ ဘာလို့ လဲဆိုတော့ မနေ့ကတွေ့ဆုံပွဲမှာ သူတို့ရဲ့  ရိုးသားပွင့်လင်းမှုတချို့ကို ပြခဲ့ပါတယ်။  ဒါကဘာလဲဆိုတော့ သူတို့လုပ်နေရတဲ့ အခက်အခဲအချို့ကို ပြောပြခဲ့ပါတယ်။ အရင်အတိုင်းတွေ့ကြုံရတဲ့အခက်အခဲကို ပြောပြခဲ့တာမျိုးပါ၊ ဒါကြောင့် ကျွန်တော် တို့ကို ဒီလိုရိုးသားစွာနဲ့ ပြည်သူတွေကို ကျွန်တော်တို့ကို ပြောပြခဲ့ရင် ပြည်သူတွေ  အနေနဲ့ ၀ိုင်းပြီးတော့ အခက်အခဲကို ဖြေရှင်းပေးဖို့ အနာသိမှဆေးရှိမယ်ဆို တာမျိုးပေါ့ဗျာ၊ ကျွန်တော်တို့က အရာရာ   ကိုအုံဖွဆိုပြီးချက်ခြင်းကြီးပြောင်းလဲရမယ် လို့မဆိုလိုပါဘူး။ ဒီလိုပွင့်လင်းစွာလုပ်နေ   ရတဲ့ အခက်အခဲတွေကိုပြောပြတာမျိုးပါ    မဖြစ်သေးရင်ဘာကြောင့်မဖြစ်သေးတာလဲ  ဆိုတဲ့ အခက်အခဲကို ကျွန်တော်တို့ကို ပြောပြရင် ကျွန်တော်တို့က ဆေးကိုဝိုင်း ပြီးတော့ စဉ်းစားကြတာမျိုးပါ၊ ဥပဒေ တစ်ခုပြဋ္ဌာန်းပြီးရင် နောက်ကနည်းဥပဒေ   ဆက်ပြီးမဖြစ်နိုင်တဲ့အခက်အခဲကို သူတို့  ကျွန်တော်တို့ကို ပွင့်ပွင့်လင်းလင်းရိုးသား   စွာ အရင်းအတိုင်းပြောပြခဲ့ကြပါတယ်။ ကျွန်တော်တို့ဒီရိုးသားပွင့်လင်းစွာပြောပြ  ခဲ့ကြတာတွေကို ကျွန်တော်တို့အသိအမှတ်  ပြုကြရမှာပါ၊ နောက်လာမယ့် လွှတ်တော် မှာ အသစ်တက်လာမယ့်၊ လွှတ်တော်ကိုယ် စားလှယ်အသစ်တွေနှင့်ပါ လက်တွဲ ဆောင်ရွက်နိုင်ကြဖို့ ကျွန်တော်တို့တင်ပြ ခဲ့ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်က သူ့ သဘောထားကိုပြောတာက ကျွန်တော် တို့အားလုံးရဲ့ တစ်ဦးနှင့်တစ်ဦးရော၊ ပြည်သူတွေနှင့် ကြားထဲမှာရော၊ သူ့တို့ ကိုယ်တိုင်ရော၊ အာဏာသုံးရပ် ကိုင်စွဲ နေကြတဲ့ ပုဂ်္ဂိုလ်တွေရော၊ အားလုံးဟန် ချက်ညီဖို့ဆိုရင် တစ်ယောက်နှင့် တစ်ယောက်ယုံကြည်မှုရှိဖို့လိုတယ်၊ နား လည်မှုရှိဖို့လိုတယ်၊ ရိုးသားကြဖို့လိုတယ်၊  အပြန်အလှန်လေးစားကြဖို့လိုတယ်လို့ လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်ကအလေး အနက်ထားပြောပါတယ်။ အားလုံးစဉ်းစား  ကြဖို့ပါနော်။
နောက်တစ်ခုက လူတွေရဲ့ စိတ်နေ  သဘာဝတွေပြင်ကြဖို့ပါ၊ ပြည်သူတွေရဲ့ စိတ်နေသဘာဝတွေပြင်ကြဖို့၊ ကျွန်တော် တို့ရဲ့စိတ်နေသဘာဝတွေပြင်ကြဖို့၊ လက်ရှိအစိုးရရဲ့ စိတ်နေသဘာဝတွေပြင် ကြဖို့၊ ကျွန်တော်တို့သဘာတူခဲ့ကြပါတယ်ဟု ကိုမင်းကိုနိုင်မှ စုံလင်စွာရှင်းလင်းပြောပြ ခဲ့ပါသည်။
ဥယျာဉ်မှူး (The Hot News)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

သင်သေသွားသော်






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ဆဲဗင်းဂျူလိုင် မမေ့နိုင်






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ငဘတ်ကြီးတွေအကြောင်း တစေ့တစောင်း


Di Ba
အဖြစ်ပျက်တွေနဲ့ နှခေါင်းသွေးထွက်ကြပြီ၊၊

ကျမကြားသိခဲ့ရတာကတော့ ဘားမားကန်ပိန်း(ယူကေ)က မမစုလွတ်ပြီးကထဲက အလှူငွေ ရရှိမှု နဲသွားတော့ အခု ဘင်္ဂလီအရေး၊ ကချင်အရေး ကိုင်ပြီး အရေခွံလဲပြီး အင်ဂျီအို အဖြစ်ဝင်ဖို့ ၂သန်း ဒီယူကေ အစိုးရဆီမှာ proposal တင်ထားတယ်တဲ့။ ဒါကြောင့် သူတို့က image အကြိုကို မမစုနဲ့ ဘားမားကန်ပိန်(ယူကေ)က ရန်ကုန်မှာသွားတွေ့ခဲ့တယ်။ အဆင်မပြေခဲ့ဖူး။ ဒါကြောင့် John Phol ဆိုတဲ့ နာမည်လိမ်ယူပြီး ရှမ်းယောင်ဆောင်ပြီး မမစုကို တချိန်လုံးဆဲနေတယ်။ ဇာဂနာလဲရောက်လာရော ဗစ်ကီဘိုးမန်းနဲ့ထိန်လင်းက သူတို့အိမ်မှာ အပိုင်စီးထားပြီး ဘင်္ဂလီအရေး၊ဘားမားကန်ပိန်းနဲ့ ပူးပေါင်း လုပ်နေကြတယ်တဲ့အကိုရေ။ ကျမယုံလိုက်တာကတော့ ဒီပွဲမှာ မမစု မျက်နှာ အပျက်ပျက်ထွက်ပြီး လက်တောင် နောက်ဆုံး ပရိတ်သတ်ဘက်ကိုတောင် လက်ပြတာတို့ မလုပ်တော့ပဲ မျက်နှာ တော်တော်ပျက်ပြီး ထွက်သွားတယ်။ ဆရာတော်ကြီး အပါး ၂၀ကျော်ကတော့ ပြောမနေနဲ့မျက်နှာ အပျက်ပျက်နဲ့ ပေါ့။ လူ့စိတ်ဆိုတာကလည်းပြောရခက်သားအကို။ မမစုက သာ ဖြေတာတွေစကားမှားသွားရင် ဒေါက်ပြုတ်အောင် ပိပိရိရိဖြုတ်တာပေါ့။ ကချင်အချို့ကိုခွန်နောင်နဲ့ အမေရိကန်မှာ မိန်းမကြီးရော၊ ကလေးတွေရောထားခဲ့ပြီး ဒီ ယူကေက နိုင်ငံခြားသူတယောက်ထပ်ယူပြီး ကလေးတယောက်ပါထပ်ရထားထဲ့ မောင်ဇာနည်က ဦးဆောင်ပြီး အဲဒီခန်းမ အပြင်မှာ ဘင်္ဂလီအချို့ အပါအဝင် ဆန္ဒလာပြနေကြတာ တွေ့ခဲ့ရတယ်။သတင်းစုံတယ်။ ဟိုးတပတ်ကလဲ ဘင်္ဂလီတွေ မြန်မာသံရုံးရှေ့မှာ ရခိုင်ပြည်နယ် မှာ ဘင်္ဂလီတွေအသတ်ခံ၊ အဖိနှိပ်ခံနေရပါတယ်ဆိုပြီး ရခိုင်လူမျိုးစစ်စစ် ကိုမသနား မစာနာပဲ တပြန်ကြီး ဆန္ဒပြတဲ့ပွဲမှာ ဘားမားကန်ပိန်း(ယူကေ)က ဒါရိုက်တာ မတ်က် နဲ့ အန်နာရောဘတ်တို့၊ မြန်မာမူဆလင်အသင်း(ယူကေ)က ဥက္ကဌ ကျော်စွာ၊ အကြမ်းဖက် နူရူးအစ်စလာမ် ဆိုသူတာဝန်ပေးလို့ ဘင်္ဂလီ(ဟူကေ) ခေါင်းဆောင်ဖြစ်လာတဲ့ ထွန်းခင်တို့ သူတို့တအုပ်လုံးဆန္ဒလာပြကြတယ်တဲ့။ အဲဒီမှာ ကောင်တာဆန္ဒလာပြတဲ့ကလေးမလေးတွေကို ဘားမားကမ်ပိန်း(ယူကေ)က မတ် နဲ့ အန်နာတို့က ကက်ကက် ကက်ကက်နဲ့ လိုက်တားမြစ်တယ်ဆိုပဲ။ ရဲကိုလဲ သွားတားခိုင်းတယ်တဲ့။ ရဲကတော့ အေးအေးဆေးဆေးပဲတဲ့။ ကျမတော့ သိပ်စိတ်မကောင်းဖူး။ မြင်ခဲ့ရကြားခဲ့ရတာတွေက တော်တော်ကို စိတ်မချမ်းမြေ့စရာတွေ ဖြစ်တယ်။ သူတို့ဘာသာ ဘားမားကန်ပိန်း(ယူကေ) က မတ် နဲ့ လက်မထပ်အတူနေတာက သူတို့အကြောင်းပါ။ ဒါပေမဲ့ ကိုယ့် အလုပ်က အခန်းအနားမှူး Master of Ceremony တက်လုပ်ကြပြီး ရိုင်းရိုင်းပြောရရင် (ခွေးဝမ်းသာအောင်လေလည်ပြပြီး) ကိုယ့်ရဲ့ ထေရဝါရ သက်ကြီးဝါကြီး သိက္ခာရဆရာတော်ဘုရားကြီးများကို အရှက်တကွဲ အကျိုးနဲဖြစ်အောင် လုပ်ချလိုက်တာကတော့ မမစုလဲ အလွန်မျက်နှာပျက်ရပြီး ကြွရောက်လာတဲ့ မင်းပရိသတ်အပေါင်း လည်း မျက်နှာပျက်တာပေါ့အကိုရယ်။ လုပ်ရက်ပလေပေါ့။ လူတွေက Absolute Power မပြောနဲ့ တဒင်္ဂ မက်ခွက်(Mic)ကလေး ကိုင်ခွင့်ရသွားတာနဲ့ ဆရာတော်ဘုရားကြီးတွေတောင် အရှက်ရအောင်လုပ်ရဲ တယ်ဆိုတော့ အာဏာလေးလက်ထဲ ခဏထည့်ပေးကြည့် ပါလား တိုင်းပြည်တပြည်လုံး လူမျိုးခြားလက်ထဲ ရောင်းစားတော့မှာပေါ့။ အခုလဲ ရောင်းစားနေကြတာပါပဲ

by
Yuzana Bottom of Form





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များနှင့်ပတ်သက်၍ ကျနော့်အမြင်သုံးသပ်ချက်


ထိုင်းနိုင်ငံကအစပြု၍ဒေါ်အောင်ဆန်းစုကြည်၏ပြည်ပခရီးစဉ်များသည်ဒေါ်အောင်ဆန်းစုကြည်ကိုလေးလေးစားစားတန်ဖိုးထားပြီးမြန်မာနိုင်ငံ
၏နိုင်ငံခေါင်းဆောင်တစ်ဦးအနေအဖြစ်သော်လည်းကောင်း၊ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအနေအဖြစ်သော်လည်းကောင်းဖိတ်ကြားထားသည့်အိမ်ရှင်နိုင်ငံတွေက နွေးထွေးစွာဖြင့်   ရင်းရင်းနှီးနှီးခရီးဦးကိုကြိုဆိုသမှုပြုကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များသည်နိုင်ငံတကာ၏  အာရုံစူးစိုက်မှုကိုခံခဲ့ရသည့်   ပြည်ပခရီးစဉ်ဖြစ်သည်။ ထို- သူမ၏ပြည်ပခရီးစဉ်တွင်နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ အလုပ်သမားအရေး၊ဒုက္ခသည်အရေးစတဲ့နိုင်ငံ့အရေးနဲ့ပတ်သက်ပြီးလုပ်ငန်းစဉ်များ
ကို တင်ပြဆွေးနွေးနိုင်ခဲ့ပြီး ရရှိရထိုက်တဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ ကျမ္မာရေး၊ ပညာရေး၊ လူမှုရေး စတဲ့အကျိုးအမြတ်တွေကိုလည်း ရရှိခဲ့သည့်အပြင်- သူမအားပေးသည့်ဆုများကိုလည်း သူမကိုယ်တိုင်လက်ခံရယူခဲ့ပြီး နိုင်ငံတကာခေါင်းဆောင်များနှင့် တွေ့ဆုံဆွေး
နွေးကာ မြန်မာအသိုင်းဝိုင်းများက ဝမ်းပမ်းတသာ လှိုက်လှိုက်လှဲလှဲဖြင့် လာရောက်ကြိုဆိုတွေ့ဆုံကြပြီး သတင်းထောက်များ၊ မြန်မာ့ အသိုင်းဝိုင်းများနှင့် အမေးအဖြေများလုပ်ကာ မိန့်ခွန်းများပြောကြားနိုင်ခဲ့သည်။ ဒါ့အပြင် တွေ့သင့်တွေ့ထိုက်သူနဲ့ တွေ့ ဆုံဆွေးနွေး မှုများပြုလုပ်ခဲ့သည်။ သူမ၏ဂုဏ်ရောင်သည် ရိုးစင်းပြီး ထွန်းပြောင်သည်။ လူ့ကျင့်ဝတ်အရ ကျနော်တို့သည် ချီးမွန်းထိုက် သူကိုချီးမွန်း၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။

ကျနော့်အမြင်လက်ရှိအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်နှင့်ပတ်သက်ပြီး
 နိုင်ငံရေးအရ ပြည်သူ့ထောက်ခံမှုများရရှိစေရန် နိုင်ငံရေးအကျိုးအမြတ်ထုတ်မတတ်သေး။ ဂုဏ်ပြုထိုက်သူကို ဂုဏ်မပြုတတ်သေး၊ ချီးမွန်းထိုက်သူကို မချီးမွန်းတတ်သေး
ပေ။ ဒေါ်အောင်ဆန်းစုကြည်ကို  ၎င်းတို့ရဲ့အသိုင်းအဝိုင်းလောက်ကသာ သာမန်အရပ်သားတစ်အနေနဲ့ အသိအမှတ်ပြုကြပေမယ့်၊ မြန်မာပြည်သူအများနှင့် နိုင်ငံတကာခေါင်းဆောင်အများက
 ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ၏ ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ်သော်လည်းကောင်း၊ စံပြုထိုက်သည့် ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအနေအဖြင့်သော်လည်းကောင်း အသိအမှတ်ပြုပြီးဖြစ်သည်။ အမှန်မှာ လက်ရှိအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များကို လေဒီယိုမှသော်လည်းကောင်း၊ သတင်းစာများမှသော်လည်းကောင်း မိမိ၏ မီဒီယာများမှတဆင့် သဘောထားကြီးကြီးထားကာ အသိအမှတ်ပြု ဖြန့်ချီထုတ်လွင့်ပေးလျှင်- နိုင်ငံတကာအသိုင်းဝိုင်းနှင့်  ပြည်သူလူထုအများရဲ့ ချီးမွန်းထောပနာပြုခြင်းနှင့် ယုံကြည်မှုကို အထိုက်အလျှောက်တော့ခံစားရရှိမည်ဖြစ်သည်။ ထို့အပြင်အခုလိုအသွင်ကူးပြောင်းစကာလမှာအစိုးရမီဒီယာများမှတဆင့်ထုတ်လွှင့်ရေးသားလျှင်နိုင်ငံတကာမီဒီယာများ၏ ထောက်ခံမှုများကိုလည်းရရှိမည်ဖြစ်သည်။ ထို့ကြောင့်လက်ရှိအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်ကိုထုတ်တတ်လျှင် မိမိအတွက်ကော၊ နိုင်ငံနှင့် လူမျိုးအတွက်ပါ  နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေး၊ ကျမ္မာရေး၊ လူမှုရေးစတဲ့လုပ်ငန်းတွေမှာအကျိုးအမြတ်ရရှိမည်ဖြစ်သည်။ မိမိ၏ မီဒီယာကနေ ထုတ်လွင့်ရေးသားမှုမပြုလည်း၊ အခြားမီဒီယာကနေ တဆင့် လူထုတွေသိရှိမှာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီစဉ်သည် ဖုံးဖိထား၍ ရသည့်အရာမဟုတ်ပေ။ ဒါကြောင့် မယောင်ရာဆနွင်းမလူးမိဖို့ လက်ရှိအစိုးရကိုအသိပေးလိုပြီး၊ ချီးမွန်းထိုက်သူကို ကောင်းချီးသြဘာများပေးပြီး ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုစေချင်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်သည် မြန်မာနိုင်ငံနှင့် လူမျိုးများအတွက် အမှန်တကယ်ဂုဏ်ရောင်ထွန်းပြောင်စေခဲ့ပြီး၊ စစ်အာဏာရှင်လက်ထက် သုံးလို့မရအောင်စုတ်ပြတ်သပ်ခဲ့သည့် မြန်မာနိင်ငံ၏ ဂုဏ်သိက္ခာကိုပြန်လည်မြှင့်တင် လိုက်ခြင်းဖြစ်သည်။ ဒါပေမယ့် ကျနော့်ရင်ထဲ စိတ်မကောင်းဖြစ်ရသည်မှာ ဒေါ်အောင်ဆန်းစုကြည်အိမ်အပြန်ခရီးတွင် ...လူတချို့က ရှစ်မိုင်လမ်းဆုံတွင်ကုလား
မယားစုကြည်အလိုမရှိဆိုတဲ့ဆိုလိုဂလန်ပိုစတာကိုင်ဆောင်ထားတဲ့လူတွေရဲ့လုပ်ရပ်ဖြစ်ပါတယ်။ အမှန်မှာ ဒီလိုအချိန်မှာဒါမျိုးမလုပ်သင့်တော့ပေ၊၊ ဒီလုပ်ရပ်ဟာ မနာလိုမရှူစိတ်ဖြစ်ပြီး အရမ်းကိုသေးတိမ်အာက်တန်းကျတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ သိစေလို သည်မှာ အဲဒီလိုမျိုးခိုင်းစေခြင်း သည် မိမိသိက္ခာကို မိမိပြန်ချတာနဲ့ ထပ်တူနေတယ်ဆိုတာ ခိုင်းစေသူတွေကို သိစေလိုပါတယ်။ ဒီလိုလုပ်ရပ်မျိုး ဘယ်သူတွေလုပ်သလဲဆိုတာ မပြောလဲသိကြပါတယ်။ ဒါဟာ အပြောင်းလဲတွေရှိနေပေမယ့် စိတ်မချရသေးသည့် မြန်မာ့နိုင်
ငံရေးကိုမီးမောင်းထိုးပြလိုက်သလို၊ ဒါဟာ ခေါင်းမာပြီးအပြောင်းအလဲကိုမလိုလားတဲ့ သဘောထားတင်းမာသူတွေရှိနေသေးတာကိုလည်းသတိပေးမီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။ ဒါကြောင့် အစစအရာရာ နိုင်ငံရေးသတိရှိရမည်- နိုင်ငံရေးသတိ ထားရဦးမည်။

လက်ရှိ- အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်ကိုကြည့်ကာ သူမရဲ့အရည်အချင်းကိုကြည့်ပြီး၊ နိုင်ငံနဲ့ လူမျိုးအတွက်နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေး၊ ကျမ္မာရေး စတဲ့လုပ်ငန်းဆောင်တာတွေမှာ အကျိုးရှိရှိ တိုင်းပြည်အတွက်အသုံးချတတ်ရမည်။
ဒေါ်အောင်ဆန်းစုကြည်၏ပြည်ပခရီးစဉ်မှရရှိခဲ့သည့်အခွင့်အရေးကိုလက်လွတ်မဆုံးရှူံးခံသင့်ပေ။ လက်ရှိမြန်မာ့နိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလည်းမှုသည် ငလျှင်လှုပ်သွားပြီး ပျိုပျက်ကျသွားသည့်အဆောက်ဦးကို အသစ်ပြန်လည်တည်ဆောက်နေခြင်းမျိုးမဟုတ်၊
ဒုတိယကမ္ဘာစစ်ကြီးအပြီး မိမနိုင်ငံကိုပြန်လည်တည်ထောင်တဲ့ ပုံစံမျိုးနဲ့မတူ၊ နှစ်ပေါင်းများစွာ အစစအရာရာယိုယွင်းပျက်ဆီးနေသည့်ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင် အပြင်- နိုင်ငံရေး၊ စီးပွါးရေး၊ ကျမ္မာရေး၊ ပညာရေး၊ လူမှုရေး၊ ကိုယ်ကျင့်
သိက္ခာနှင့် အကျင့်ပျက်ခြစားမှုတွေကို ပြုပြင်ပြောင်းလဲမှုတွေလုပ်နေရတဲ့အတွက် တိုင်းပြည်ပြန်လည်တည်ဆောက်ရာတွင် အခက်ခဲမျိုးစုံတို့ကို သတိကြီးကြီးထားကာ ရင်ဆိုင်ကျော်ဖြတ်သန်းရပေလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်တွင် သူမပြောကြားခဲ့သည်မှာ လက်ရှိမြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ စစ်တပ်ပါဝင်ပတ်သက်မှု အခန်းကဏ္ဍ သည် အရေးကြီးကြောင်း၊ စစ်တပ်မပါပဲ ဒီမိုကရေစီအသွင်ကူးပြောင်းရေးသည် အခက်ခဲရှိမည်ဖြစ်ကြောင်း အတိအလင်း သူမပြောကြားခဲ့ပါသည်။ ဒါကြောင့်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ  မြန်မာ့နိုင်ငံ၏ နိုင်ရေးတွင် စစ်တပ်ပါဝင်စွတ်ဖတ်မှုအခန်းကဏ္ဍသည် အချိန်တခုထိရှိနေဦး
မည်။ဒီနေရာမှာစစ်ခေါင်းဆောင်များအနေနဲ့မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ပြည်သူနဲ့အတူ ပူးပေါင်းပါ ဝင်ပြီး နိုင်ငံ့အကျိုးများကို ထမ်းရွက်စေလိုပါတယ်။ ငါတို့အလုပ်ငါတို့လုပ်မယ်ဆိုပြီး ဒို့- အရေးသုံးပါးကိုကိုင်စွဲထားပြီး၊ ၂၀၀၈ ဖွဲ့စည်ပုံ
ကိုကာကွယ်စောင့်ရှောက်မည့်စစ်တပ်ကို ပြည်သူများအလိုမရှိတော့ပြီကို စစ်ခေါင်းဆောင်များသိရှိပြီးဖြစ်ပါသည်။ ကနေ့ မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲမှုသည် အလုံးစုံပါဝင်ပူးပေါင်းပြီး အတင်းအဖျင်းတွေနဲ့ အချင်းမပွါးကြပဲ နိုင်ငံတာဝန်များကို မိမိတတ်နိုင်သည့်ဘက်ကနေ အုတ်တစ်ချပ် သဲတစ်ပွင့်တမ်းဆောင်ကြရမည့်အချိန်ဖြစ်သည်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်တွင်ယူတတ်
လျှင် နိုင်ငံအတွက်များစွာအကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း ကျနော့်အမြင်ကို သုံးသပ်ရေးသားလိုက်ပါသည်။

( ကိုဗလိုင် )




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

"ငှက်ကြီး"လို့ အမည်တွင်တဲ့ အဆိုတော်ထူးအိမ်သင် (၁၉၆၃-၂၀၀၄)ရဲ့ (၄၉)နှစ်မြောက်အမှတ်တရ



♫ ♪ ♫ ♪လူတွေဟာ လောကကြီးမှာ မွေးဖွားအသက်ရှင်ခဲ့
ပြန်လည်ကာ လောကကြီးကို ပေးဆပ်ဖို့လိုတယ်
ကမ္ဘာမြေကို မြတ်နိုးတဲ့ ရင်ခုန်သံ တို့သီချင်းပဲ
တာဝန် ကိုယ်စီ တို့ပခုံးထက် ရှိနေတယ်♫ ♪ ♫ ♪
ခိုလှုံရာ လောကကြီးကို ကျေးဇူး မကန်းပါနဲ့
ယုံကြည်စွာ ပေးဆပ်ဖို့ရာ ကြိုးစားအသက်ရှင်မယ်
ကမ္ဘာမြေရဲ့ မျှော်လင့်ချက် မိခင်တွေ ချစ်ခြင်းနဲ့
ရှင်သန်လည်ပတ်သွားမယ့် တို့ကမ္ဘာရယ်
ချစ်တဲ့ လောကကြီးက အားလုံးရဲ့ မိခင်
ချစ်တဲ့ လောကကြီးအား အားလုံး ကျေးဇူးတင်
ကလေးများရဲ့ ရိုးသားခြင်းနဲ့ ပန်းများပွင့်တဲ့ ကမ္ဘာ
အမြဲတမ်း လှပ ငြိမ်းချမ်းသွားမှာပါ
လူတွေရဲ့ နှလုံးသားတိုင်းမှာ ငြိမ်းချမ်းရေးပါပဲ
သာယာတဲ့ လောကကြီးမှာ စစ်မက်များ မလိုဘူး
နေထိုင်ရာ ဒေသနဲ့ အသားအရောင်တွေ မတူလည်းဘဲ
ရင်ခုန်နေတဲ့ နှလုံးသားက တစ်ရောင်တည်း♫ ♪ ♫ ♪
ထူးအိမ်သင်၏ ဇနီး မသွယ်သွယ်ထွေး(ပန်းရောင်နှင့်)
ဒီနေ့မြင်လိုက်ရတဲ့ သူ့အပြုံးဟာ ကျွန်တော်တို့ရင်ထဲက ငှက်(ထူးအိမ်သင်)အပြုံးအတိုင်းပါ။
၁၉၆၃ခုနှစ် ဇူလိုင်(၁)ရက်နေ့တွင်မွေးဖွားခဲ့ပြီး ၂၀၀၄ ခုနှစ် သြဂုတ်(၁၄)ရက်နေ့တွင်ကွယ်လွန်ခဲ့သည့် ဂီတအနုပညာရှင် အဆိုတော် ထူးအိမ်သင်အတွက် ရည်စူး၍ သူ၏မွေးနေ့ဖြစ်သော ဇူလိုင်(၁)ရက် နံနက်ပိုင်းတွင် ဂီတငှက် ရွှေရတုအကြို အထိမ်းအမှတ်ပွဲကို စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ ဓမ္မစေတီ ရွှေကျင်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုအမှတ်တရပွဲသို့ ထူးအိမ်သင်ကို ချစ်ခင်လေးစားခဲ့ကြသည့် ဂီတချစ်သူများနှင့် မိတ်ဆွေအပေါင်းအသင်းများ တက်ရောက်ခဲ့ကြပြီး၊ ထူးအိမ်သင် အမှတ်တရစာများရေးသားပေးခဲ့ကြသည်။
ရဲရဲ
Popular myanmar news journal မှတဲ့ကဲ 
ဒေါင်းမာန်ဟုန်မှတိုက်ရိုက်ယူပါတယ် ၊ ကျေးဇူးပါ၊




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ဆင်းရဲမွဲတေမှုရှိလျှင် ဘယ်နေရာမှာမဆို တည်ငြိမ်မှုရှိမှာမဟုတ်ဘူး


တောင်သူလယ်သမားတွေ အကူညီ တောင်းခံတဲ့ စာနယ်ဇင်း ရှင်းလင်းပွဲ

Published On: Sat, Jun 30th, 2012
တောင်သူလယ်သမားတွေ အကူညီ တောင်းခံတဲ့ စာနယ်ဇင်း ရှင်းလင်းပွဲ
တောင်သူလယ်သမားတွေရဲ့လယ်ယာမြေတွေ အဓမ္မ သိမ်းယူ ခံနေရတဲ့အပေါ် အကူညီ တောင်းခံတဲ့ စာနယ်ဇင်း ရှင်းလင်းပွဲကို ဇွန်လ ၂၉ ရက်နေ့က
ရန်ကုန်မြို့တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ တက်ရောက်လာတဲ့ တောင်သူလယ်သမားတွေက သူတို့ ကြုံတွေ့နေရတဲ့ လယ်ယာမြေ
သိမ်းခံရမှုတွေကို ရှင်းလင်း ပြောကြား ခဲ့ပါတယ်။ လယ်မြေတွေ သိမ်းခံရတဲ့ ပြဿနာတွေနဲ့ ပတ်သတ်ပြီး လယ်သိမ်းခံရစဉ်က လယ်သမားတွေဘက်မှ
ကြောက်ရွံ့မှုတွေ ရှိတဲ့အတွက် တားမြစ် ပိတ်ပင်မှုတွေ မပြုလုပ်နိုင်ခဲ့တဲ့ အကြောင်းတွေကိုလဲ ပြောပြ ခဲ့ကြပါတယ်။ ဒီစာနယ်ဇင်း ရှင်းလင်းပွဲမှာ ဥပဒေ
ရှုထောင့်၊ စီးပွားရေး ရှုထောင့်တွေကနေ ပြန်လှန် သုံးသပ် ခဲ့ကြပြီး နေ့လည် ၁ နာရီ ကနေ ညနေ ၄း၃၀ နာရီခွဲ အထိ တင်ပြ ဆွေးနွေးမှုတွေ ပြုလုပ်
ခဲ့တယ်လို့ သိရှိ ရပါတယ်။
 Burma VJ




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

လွတ်လပ်သောရွှေလုပ်သားများ အခြေခံအလုပ်သမားအဖွဲ့အစည်း ကြေငြာချက် အမှတ်(၄)အား ထုတ်ပြန်လိုက်သည်။

 
လွတ်လပ်သောရွှေလုပ်သားများ အခြေခံအလုပ်သမားအဖွဲ့အစည်း
ကြေငြာချက် အမှတ်(၄)အား ထုတ်ပြန်လိုက်သည်။

ရက်စွဲ။             ။၂၀၁၂ခု ၊ ဇွန်လ (၂၉)ရက်။

           ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသမှ ရွှေလုပ်သားများသည် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနှင့် (၁၄-၆-၂၀၁၂)ရက်နေ့တွင် လုပ်ငန်းများပြန်လည်လုပ်ကိုင်ရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ သို့သော် ယနေ့အချိန်ထိ စာချုပ်ပါအချက်များအတိုင်း လုပ်ကိုင်ခွင့်မရရှိသေးပါ။ ထို့ပြင် ရွှေလုပ်သားများနှင့် မိသားစုဝင် များအား နည်းမျိုးစုံဖြင့် ဖိအားပေးခြင်း ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထု အားကိုးယုံကြည်၍ ပြည်သူလူထုကရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ခေါင်းဆောင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် ကျွန်ုပ်တို့ရွှေလုပ်သားများ ကြုံတွေ့နေရသည့် အခြေအနေများကို အမြန်ဆုံးကူညီဖြေရှင်း ပေးရန် မေတ္တာရပ်ခံ အသနားခံအပ်ပါသည်။
          အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီအနေဖြင့် ရွှေလုပ်သားများ မိသားစုဝင်များ၏ အခက်အခဲများ ဒုက္ခများကို လစ်လျူရှု၍နေပါလျှင် ၎င်းကုမ္ပဏီမှာသာ တာဝန်ရှိပါမည်။ ကုမ္ပဏီအနေဖြင့် အလုပ်သမားများနှင့် ချုပ်ဆိုထားသည့် စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်ခြင်းကို ဇူလိုင်လ(၁၀)ရက်နေ့ နောက်ဆုံးထား၍ ဖြေရှင်းပေးပါရန်နှင့် ဖြေရှင်းပေးခြင်းမရှိပါက ဖြစ်ပေါ်လာသည့် ကိစ္စရပ်များ ၊ အထွေထွေပြဿနာများသည် ကုမ္ပဏီ၏တာဝန်သာလျှင်ဖြစ်ကြောင်း အသိပေးအကြောင်းကြားပါသည်။



ဦးသက်လွင်
         ရွှေလုပ်သားများခေါင်းဆောင်
                                                                                   မိုးထိမိုးမိ-ရွှေတူးဖော်ရေးလုပ်ငန်း
                                                                                  တူးကုန်းအုပ်စု ၊ ရမည်းသင်းမြို့နယ်
မန္တလေးတိုင်းဒေသကြီး။





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအ၀င် ရေးရာကော်မတီဥက္ကဋ္ဌများ ပါဝင်သောအဖွဲ့ ၈၈ မျိုးဆက်ကျောင်းသားမျာနှင့် ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် တွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအ၀င် ရေးရာကော်မတီဥက္ကဋ္ဌများ ပါဝင်သောအဖွဲ့နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ဗဟန်းမြို့နယ် ရွှေဂုံတိုင်မီးပွိုင့်အနီး ယုဇနတာဝါရှိ ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ရန်ကုန်(ရုံးခွဲ)၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် လက်ရှိ အသွင်းကူးပြောင်းရေးကာလနှင့် ပတ်သက်သော အကြောင်းအရာကိစ္စများကို ဆွေးနွေးခဲ့ကြပြီး ၈၈ မျိုးဆက် ကျောင်းသားများက ဥပဒေ၊ နည်းဥပဒေကိစ္စရပ်များ၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေးကိစ္စများနှင့် ပြည်ပရောက် နိုင်ငံရေးအင်အား စုများ ပြန်လာနိုင်ရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေမှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍ အရေးကြီးတဲ့အကြောင်း၊ လွှတ်တော်ကနေ ဥပဒေတွေပြဋ္ဌာန်းတာ၊ ပြင်ဆင်တာ၊ ဖြည့်စွက်တာ၊ ပြန်သုံးသပ်တာ အစရှိသဖြင့်ပေါ့။ အဲဒါတွေ တစ်ကယ်အသက်ဝင်လာဖို့၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ အစိုးရ အဖွဲ့အစည်းတွေအကြား အထွေထွေ သဟဇာတဖြစ်ဖို့ . . .

''ဒါ ပထမဆုံး စတွေ့တဲ့ပွဲဖြစ်ပြီး လက်ရှိကျွန်တော်တို့နိုင်ငံမှာ နေ့စဉ် ကြုံတွေ့နေရတဲ့ ပြဿနာတွေမှာ လွှတ်တော်ရဲ့အခန်းကဏ္ဍ အရေးကြီးတဲ့အကြောင်း၊ လွှတ်တော်ကနေ ဥပဒေတွေ ပြဋ္ဌာန်းတာ၊ ပြင်ဆင်တာ၊ ဖြည့်စွက်တာ၊ ပြန်သုံးသပ်တာ အစရှိသဖြင့်ပေါ့။ အဲဒါတွေ တစ်ကယ်အ သက်ဝင်လာဖို့၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ အစိုးရအဖွဲ့အစည်းတွေအကြား အထွေထွေ သဟဇာတဖြစ်ဖို့ အဲဒါတွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အကြောင်းကိစ္စတစ်ခုရှိရင် ဆက်သွယ်နိုင်ဖို့ ဆက်သွယ်နိုင်မယ့် လမ်းကြောင်းလေးတစ်ခု ထားသွားဖို့လည်း ဥက္ကဋ္ဌကြီးက အ လေးအနက် ပြောသွားပါတယ်''ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ စီးပွားကူးသန်းရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ အားကစား၊ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဌေးမြင့်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို၊ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းလင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် တို့ တက်ရောက်ခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော် စသူတို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။  Eleven Media Group



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။