ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် တွေ့ ဆုံခဲ့သောကိုမင်းကိုနိုင်နှင့်တွေ့ ဆုံမေးမြန်း

 ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီ ၌ ရန်ကုန်မြို့ရွှေဂုံတိုင်တာဝါတွင် ပြည်သူ့  လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အဖွဲ့၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကို နိုင်ခေါင်းဆောင်သောအဖွဲ့တွေ့ဆုံခဲ့ကြ ခြင်းအပေါ်သ
တင်းမီဒီယာမှ ကိုမင်းကိုနိုင် ကို တွေ့ဆုံမေးမြန်းခဲ့ရာ ကိုမင်းကိုနိုင်မှ ကျွန်တော်တို့တွေ့ဆုံခဲ့တဲ့ ကိစ္စက အားလုံး ခြုံပြောရရင် လွှတ်တော်ဆိုတာဘာလုပ် ဖို့လဲ တရားဥပဒေစိုးမိုးဖို့တွက် ဥပဒေပြဋ္ဌာန်း   မယ် တကယ်တော့ နိုင်ငံတော်မှာ အာဏာအရအမြင့် ဆုံးအဖွဲ့အစည်းပဲ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်မှာ အရေးအကြီးဆုံနိုင်ငံတော်သမ္မတကိုတောင်  ဒီလွှတ်တော်ကပဲရွေးချယ်ပေးရတာကိုး  ဒီလွှတ်တော်အနေနဲ့ တိုင်းပြည်အပေါ်  ဘာတွေလုပ်ပေးနိုင်သလဲဆိုတဲ့ အခါမှာ  ကျွန်တော်တို့ ပြည်သူ့တွေအတွက် ပြည်သူ   တွေအပေါ်မှာ ကာကွယ်စောင့်ရှောက်နိုင်  တဲ့ ဥပဒေတွေပြဋ္ဌာန်းနိုင်ဖို့ ပြည်သူ့တွေ ၀န်ထုပ်ဝန်ပိုးဖြစ်နေတဲ့ မလိုလားအပ်တဲ့  ဥပဒေတွေ ပယ်ဖျက်ပေးဖို့ ဒီနှစ်ချက်ကို ပြည်သူတွေကိုယ်စားတင်ပြနိုင်ခဲ့တယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကလည်း ဒီအခြေ    ခံနှစ်ချက်ကိုလုံးဝလက်ခံသဘောတူခဲ့ပါ တယ်။ အကောင်အထည်ဖော်ကြမယ်နေ ရာမှာ ကျွန်တော်တို့ အဓိကအနေနဲ့ လတ်တလောကိစ္စတွေအတွက်အပြန်အလှန်  သတင်းအချက်အလက်မျှဝေနိုင်ခဲ့တယ်၊ ဥပမာကျွန်တော်တို့ဘက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းရေးခရီးစဉ်တွေမှာရရှိခဲ့တဲ့ ပြည်သူ  တွေလိုအပ်နေတဲ့ အချက်တွေ၊ သဘော  ထားတွေကို မျှဝေနိုင်ခဲ့ပါတယ်။ အထင် ရှားဆုံးကတော့ လယ်ယာတွေ သိမ်းတဲ့ ကိစ္စတွေ၊ မြေသိမ်းတဲ့ကိစ္စတွေ၊ ကျွန်တော်  တို့အဲဒါတွေတင်ပြနိုင်ခဲ့တယ်။ လွှတ်တော်  ကဘာလုပ်ပေးနိုင်မလဲမေးခဲ့တယ် ပြည်သူ  တွေကိုယ်စားတင်ပြပြောဆိုနိုင်ခဲ့တယ်။  နောက်အရေးကြီးဆုံးအချက်က ကျွန်တော်တို့ထောင်ထဲမှာကျန်နေတဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေ အဲဒီ  ကိစ္စနဲ့ ပတ်သက်ပြီး စကားလုံးအရသာ  ကြာကြာဆွေးနွေးရင်ဆွေးနွေးရလိမ့်မယ် အဲဒီအထဲမှာရှိနေတဲ့ ပုဂ်္ဂိုလ်တွေဟာ တိုင်း  ပြည်အတွက် တည်ဆောက်ရေးမှာ အရေးကြီးတဲ့ အင်အားစုတွေဖြစ်မယ်ဆို ရင်ဒီလူတွေအပြင်လောကမှာရောက်နေ သင့်တယ်လို့ပြောတယ်၊ အဲဒီကိစ္စကို သူတို့သဘောတူခဲ့ကြတယ်၊ အဲဒီလို ကျွန်တော်တို့ ကြိုးစားပြီးတော့ ဒီလူတွေ  လွတ်မြောက်ရေးအတွက် တင်ပြနိုင်ခဲ့ တယ်၊ နောက်တစ်ခုကတော့ ဥပဒေတစ် ခုထွက်လာပြီဆိုရင် နောက်ကနေပြီး နည်းဥပဒေဆက်ပါမလာရင်လုပ်ထုံးလုပ် နည်းတွေဆက်ပါမလာရင်ဥပမာငြိမ်းချမ်း စွာဆန္ဒပြခွင့်တို့ အလုပ်သမားသမဂ္ဂဖွဲ့ စည်းခွင့်တို့ ဒီဟာတွေနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးယန္တရားမှလူတွေက နည်း ဥပဒေမရှိလို့တို့၊ လုပ်ထုံးလုပ်နည်းမရှိလို့ ပါတို့၊ ဆိုပြီးတော့ လက်သင့်မခံတာ ဆောင်ရွက်မပေးနိုင်တာတွေရှိနေတော့ အားလုံးဟာဥပဒေက အသက်မ၀င်သလို  ရှိနေတာပေါ့ဗျာ။ အဲဒီကိစ္စကို အလေး အနက်ပြောတယ် ကျွန်တော်တို့ဖြစ်စေ ချင်တာက အခုလာမယ့်လွှတ်တော်မှာ အဲဒီလိုဥပဒေတစ်ခုထွက်ပြီးရင် နောက် ကနေပြီးနည်းဥပဒေဟာ ဘယ်နှစ်ရက် အတွင်း ဘယ်လောက်ကာလအတွင်း အပြီးသတ်ဖို့ လိုက်ပြဋ္ဌာန်းပေးရမယ်ဆိုပြီး ဥပဒေတစ်ခုကိုထပ်ပြဋ္ဌာန်းပေးဖို့လိုကိုလို အပ်ပါတယ်လို့ လွှတ်တော်ကိုယ်စား လွှတ်တော်ဥက္ကဋ္ဌနှင့် ရေးရာကော်မတီ ဥက္ကဋ္ဌတွေကို ကျွန်တော်တို့ ပြည်သူ တွေကိုယ်စားကျွန်တော်တို့ဖြစ်စေချင်တာ တွေကို တင်ပြနိုင်ခဲ့တယ်။
နောက်ပြီးတော့ ပြည်တော်ပြန်တွေ ကိစ္စ နိုင်ငံတကာမှာ ရောက်နေတဲ့ နိုင်ငံ ရေးအင်အားစုတွေပေါ့ဗျာ ကျွန်တော်တို့  နိုင်ငံသားတွေ ပြည်တွင်းကိုပြန်လာဖို့ ဆိုတဲ့ နေရာမှာ ဟိုသံရုံးတွေမှာ အခု လုပ်ထုံးလုပ်နည်းအရ တစ်ယောက်ချင်း သွားနေရတဲ့ကိစ္စတွေမှာ ကျွန်တော်က အားလုံးကိုသာတူညီမျှပြန်လာနိုင်မယ်ဆို ရင်ပြန်လာလို့ရတယ်ဆိုတာသေချာစေချင်   တယ်၊ ဒါကို လွှတ်တော်က ဘာလုပ်ပေး နိုင်မလဲပေါ့ဗျာ၊ ကျွန်တော်တို့ဆွေးနွေး ခဲ့ကြတဲ့အကြောင်းအရာတွေတော်တော် များများပါတယ်။
 အဲဒီတော့ခင်ဗျားတို့ ဘာသိချင်ကြသေးလဲ ဘာများမေးချင် သေးလဲဟုမေးမြန်းခဲ့ရာ သတင်းမီဒီယာ မှ အခုတွေ့ဆုံတဲ့ကိစ္စကို သူတို့ဘက်က  တွေ့ချင်လို့ကမ်းလှမ်းတာလား ဒါမှမဟုတ်  ကိုမင်းကိုနိုင်တို့ဘက်ကတင်ပြတောင်းဆိုခဲ့တာလား။ဒါမှမဟုတ်တစ်ဦးတစ်ယောက်ကကြားဝင်အကျိုးဆောင်ခဲ့တာလားဟု မေးမြန်းခဲ့ရာကိုမင်းကိုနိုင်မှ
ကျွန်တော်တို့ ပြန်ပြီးထွက်လာခဲ့က တည်းက ပြောတာက ကျွန်တော်တို့နိုင်ငံ မှာ အပြောင်းအလဲကို တကယ်ဆန်္ဒရှိတယ်၊ တကယ်လုပ်မယ်ဆိုရင် ကျွန်တော်တို့က  အမြဲပဲပြောနေပါတယ်။ လွန်ဆွဲပွဲလိုဘက်  နှစ်ဘက်အားပြိုင်နေရတာဗျ အဟောင်း ကိုပြန်သွားမယ်ဆိုတဲ့ နောက်ကြောင်းပြန်  လှည့်မယ်ဆိုသူကတစ်ဘက်တကယ်ပြု ပြင်ပြောင်းလဲရေးကိုလုပ်ပြီး အကောင်  ဘက်ကိုသွားမယ်ဆိုသူတွေကတစ်ဖက် ဒီနှစ်ဘက်ဘဲရှိတယ်။ ဒီတော့ အကောင်း  ဘက်ကိုသွားမယ်ဆိုတဲ့ အင်အားစုမှန်ရင် နိုင်ငံတော်သမ္မတကအစ အဲလိုလွှတ်တော်  ဥက္ကဋ္ဌကအစဘယ်သူ့ကိုမဆို ကျွန်တော်  တို့လက်ဆွဲနှုတ်ဆက်ဖို့ဝန်မလေးပါဘူး။
လက်တွဲဆောင်ရွက်ဖို့လဲ ကျွန်တော်  တို့ ၀န်မလေးပါဘူး။ ကျွန်တော်တို့ ကြေညာပြီးသားဖြစ်တယ်၊ ဒါက ကျွန်တော်  တို့ရဲ့ မူဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ တည်ဆောက်ရေးမှာ အရေးပါနေတဲ့  ပုဂ်္ဂိုလ်မှန်သမျှ၊ အဖွဲ့အစည်းမှန်သမျှ၊ ကျွန်တော်တို့တွေတွေ့နေတယ်၊ နောက်  လည်းတွေ့ဖို့အစီအစဉ်ရှိတယ်၊ ဒီလို သဘောထားအခြေခံကနေပြီးတော့ကြားခံဆောင်ရွက်ပေးနေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက
 နေ စီစဉ်ပေးလို့တွေ့တာပါ၊ ထို့နောက် သတင်းမီဒီယာမှ ထပ်မံမေးမြန်းခဲ့ရာတွင်  အခုကိုမင်းကိုနိုင်တို့ထောင်ကထွက်လာ ပြီးနောက်မှာ ယခုလို ပထမဦးဆုံးမြန်မာ နိုင်ငံရဲ့အမြင့်ဆုံးလွှတ်တော်က တာဝန်  အရှိဆုံးပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ရေးရာကော်မတီဥက္ကဋ္ဌတွေကို တွေ့ဆုံခဲ့ တဲ့နေရာမှာ ၈၈ မျိုးဆက်အုပ်စုက ခံစား သိမြင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းရဲ့သဘောထားကိုဘယ်လို နားလည်သဘောပေါက်ခဲ့ပါသလဲဟုမေး မြန်းခဲ့ရာ ကိုမင်းကိုနိုင်မှ ပြန်လည်ဖြေကြား  ခဲ့ရာတွင် အေးဗျာ အရင်တုံးကစစ်အုပ် ချုပ်ရေးက ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် ယခုလွှတ်တော်ဥက္ကဋ္ဌကြီးဖြစ်နေတဲ့ အရပ်သားသူရဦးရွှေမန်းနဲ့တော့ မတူခြား နားချက်တွေရှိနေပြီလို့ ကျွန်တော်တို့ သုံးသပ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက လုပ်ခဲ့ကိုင်ခဲ့တယ်ဆိုတာတွေ က အမိန့်ပေးစနစ်အောက်မှာ လုပ်ကိုင်  နေရတာ အခုလုပ်နေရတာတွေက အများ ဆန္ဒတွေကိုဖော်ထုတ်ပြီးတော့ ပွင့်လင်း မြင်သာမှုတွေနဲ့ လုပ်နေရတာကို သူတို့ ကိုယ်တိုင်နားလည်ပါတယ်။ ကျွန်တော်တို့  စကားပြောကြည့်ကြတဲ့အခါမှာ ကျွန်တော် တို့လည်းဆက်ပြီးတော့ ပြည်သူတွေကိုယ် စားရွေးချယ်တင်မြောက်သူတွေရဲ့ စကား သံတွေ၊ သဘောဆန္ဒတွေကို နားထောင် ပြီးတော့ ပွင့်လင်းမူတွေနှင့်အလုပ်လုပ်ဖို့ရယ်အရေးကြီးဆုံးအချက်က နောက် ကြောင်းပြန်လှည့်လို့မရဘူးဆိုတဲ့အသိကို  သူတို့ကိုယ်ရော ပြည်သူတွေနဲ့ ကျွန်တော် တို့ပါ သဘောထားတူညီပြီး အဲဒီအခြေခံ   ပေါ်မှာ ပွင့်လင်းမှု၊ ရိုးသားမှုတွေနှင့် ဆက်အလုပ်လုပ်မယ်ဆိုရင်ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကို အချိန်ကာလသင့် တဲ့အချိန်မှာ ရောက်သွားမှာပါ၊ ဘာလို့ လဲဆိုတော့ မနေ့ကတွေ့ဆုံပွဲမှာ သူတို့ရဲ့  ရိုးသားပွင့်လင်းမှုတချို့ကို ပြခဲ့ပါတယ်။  ဒါကဘာလဲဆိုတော့ သူတို့လုပ်နေရတဲ့ အခက်အခဲအချို့ကို ပြောပြခဲ့ပါတယ်။ အရင်အတိုင်းတွေ့ကြုံရတဲ့အခက်အခဲကို ပြောပြခဲ့တာမျိုးပါ၊ ဒါကြောင့် ကျွန်တော် တို့ကို ဒီလိုရိုးသားစွာနဲ့ ပြည်သူတွေကို ကျွန်တော်တို့ကို ပြောပြခဲ့ရင် ပြည်သူတွေ  အနေနဲ့ ၀ိုင်းပြီးတော့ အခက်အခဲကို ဖြေရှင်းပေးဖို့ အနာသိမှဆေးရှိမယ်ဆို တာမျိုးပေါ့ဗျာ၊ ကျွန်တော်တို့က အရာရာ   ကိုအုံဖွဆိုပြီးချက်ခြင်းကြီးပြောင်းလဲရမယ် လို့မဆိုလိုပါဘူး။ ဒီလိုပွင့်လင်းစွာလုပ်နေ   ရတဲ့ အခက်အခဲတွေကိုပြောပြတာမျိုးပါ    မဖြစ်သေးရင်ဘာကြောင့်မဖြစ်သေးတာလဲ  ဆိုတဲ့ အခက်အခဲကို ကျွန်တော်တို့ကို ပြောပြရင် ကျွန်တော်တို့က ဆေးကိုဝိုင်း ပြီးတော့ စဉ်းစားကြတာမျိုးပါ၊ ဥပဒေ တစ်ခုပြဋ္ဌာန်းပြီးရင် နောက်ကနည်းဥပဒေ   ဆက်ပြီးမဖြစ်နိုင်တဲ့အခက်အခဲကို သူတို့  ကျွန်တော်တို့ကို ပွင့်ပွင့်လင်းလင်းရိုးသား   စွာ အရင်းအတိုင်းပြောပြခဲ့ကြပါတယ်။ ကျွန်တော်တို့ဒီရိုးသားပွင့်လင်းစွာပြောပြ  ခဲ့ကြတာတွေကို ကျွန်တော်တို့အသိအမှတ်  ပြုကြရမှာပါ၊ နောက်လာမယ့် လွှတ်တော် မှာ အသစ်တက်လာမယ့်၊ လွှတ်တော်ကိုယ် စားလှယ်အသစ်တွေနှင့်ပါ လက်တွဲ ဆောင်ရွက်နိုင်ကြဖို့ ကျွန်တော်တို့တင်ပြ ခဲ့ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်က သူ့ သဘောထားကိုပြောတာက ကျွန်တော် တို့အားလုံးရဲ့ တစ်ဦးနှင့်တစ်ဦးရော၊ ပြည်သူတွေနှင့် ကြားထဲမှာရော၊ သူ့တို့ ကိုယ်တိုင်ရော၊ အာဏာသုံးရပ် ကိုင်စွဲ နေကြတဲ့ ပုဂ်္ဂိုလ်တွေရော၊ အားလုံးဟန် ချက်ညီဖို့ဆိုရင် တစ်ယောက်နှင့် တစ်ယောက်ယုံကြည်မှုရှိဖို့လိုတယ်၊ နား လည်မှုရှိဖို့လိုတယ်၊ ရိုးသားကြဖို့လိုတယ်၊  အပြန်အလှန်လေးစားကြဖို့လိုတယ်လို့ လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်ကအလေး အနက်ထားပြောပါတယ်။ အားလုံးစဉ်းစား  ကြဖို့ပါနော်။
နောက်တစ်ခုက လူတွေရဲ့ စိတ်နေ  သဘာဝတွေပြင်ကြဖို့ပါ၊ ပြည်သူတွေရဲ့ စိတ်နေသဘာဝတွေပြင်ကြဖို့၊ ကျွန်တော် တို့ရဲ့စိတ်နေသဘာဝတွေပြင်ကြဖို့၊ လက်ရှိအစိုးရရဲ့ စိတ်နေသဘာဝတွေပြင် ကြဖို့၊ ကျွန်တော်တို့သဘာတူခဲ့ကြပါတယ်ဟု ကိုမင်းကိုနိုင်မှ စုံလင်စွာရှင်းလင်းပြောပြ ခဲ့ပါသည်။
ဥယျာဉ်မှူး (The Hot News)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: