မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်


မန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် 
သတင်းထုတ်ပြန်ကြေငြာချက်
                                      ၁၃၇၄ ခုနှစ်၊ ပထမ ၀ါဆို လဆန်း ၁၄ ရက်နေ့
                                             ( ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၂) ရက် )
(၂.၇.၂၀၁၂)
       ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်၊မယ်ဇလီကျေးရွာအုပ်စု ချောင်းကြီးညောင်ဇောက်ကျေးရွာရှိ လယ်ယာမြေများဖြစ်သော ကွင်းအမှတ်(၃၇၁/က) (၃၇၁/ဂ) ဦးပိုင်အမှတ်-(၂၆/၂ ၊၉/၄ ၊၂၅/၂ ၊၁၄/၂)လယ်ကွက်များကို လွန်ခဲ့သော(၁၉၈၅)ခုနှစ်မှစတင်၍ မြေရိုင်းတောများခုတ်ထွင်ရှင်းလင်းပြီး စပါးစိုက်ပျိုးခဲ့ကြသည်။စိုက်ပျိုးလုပ်ကိုင်နေသော လယ်ယာမြေများအတွက် နိုင်ငံတော်အား အခွန်အခများနှစ်စဉ်ပေးဆောင်ခဲ့ရသည်။(၁၉၉၅-၉၆)ခုနှစ်ဝန်းကျင်တွင် နိုင်ငံတော်မှ လယ်သမားများစိုက်ပျိုးမှုအဆင်ပြေစေရန်အတွက် ရေထိန်တံခါးနှင့်ရေမြောင်းများဖောက်လုပ်ပေးပြီးနောက်ပိုင်းတွင် တိုင်းမှူးမှ သိမ်းသည်ဟု အရာခံဗိုလ် မင်းဆွေ မှပြောပြီး၊ လယ်သမားများ၏ လယ်မြေဧကများကို ယခုနောက်ပိုင်းတွင် မင်းမင်းစိုးကုမ္ပဏီမှသိမ်းယူထားသည်။မင်းမင်းစိုးကုမ္ပဏီမှသိမ်းယူထားသော လယ်ဧကမှာ(၁၂၀)ခန့်ရှိပြီး လယ်မြေဆုံးသွားသော လယ်သမားဦးရေမှာ(၁၁)ရှိသည်။မိမိတို့၏လယ်မြေများပြန်လည်ရရှိရန် လယ်သမားများက လွှတ်တော်အသီးသီးနှင်သက်ဆိုင်ရာ ဌါနများသို့ နှစ်ကြိမ်တိုင်တိုင်စာဖြင့်တင်ပြခဲ့သည်။မင်းမင်းစိုးကုမ္ပဏီမှတာဝန်ခံဦးမင်းဆွေ(အရာခံဗိုလ်-ငြိမ်း)က လယ်မြေသိမ်းယူ စဉ် ငါ့မှာအမိန့် နဲ့ သေနပ်ပါသည်ဆိုပြီး ယူနီဖောင်းဝတ်ရဲဘော်(၃)ဦးနှင့်အတူလာ၍ လယ်သမားများကို ပျိုးကြဲခြင်း၊ဂိုက်ဆွဲခြင်း၊စ ပါးရိတ်သိမ်းခြင်းများကို အဓမ္မစေခိုင်းခဲ့သည်။ ထို့ကြောင့်ရိုးသားသောလယ်သမားများကို အာဏာနှင့်ဖိနှိပ်ခြင်း၊အတင်းအဓမ္မစေ ခိုင်းခြင်း နှင့် လယ်မြေများကိုမတရားသိမ်းပိုက်ခြင်းတို့ကြောင့် လယ်သမားများကမိမိတို့၏ဆုံးရှံးနစ်နာနေမှုကို ဆန္ဒဖော်ထုတ်၍ တောင်းဆိုသွားမည်ဖြစ်သည်။

မှတ်ချက်။ ။နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်မှ အဖွဲ့ဝင်များနှင့် ပြည်သူလူထုကြီးထံမှ ပေးပို့လာသောသတင်းများကိုတစ်ဆင့်ပြန်လည်ဖြန့်ဝေလိုက်ပါသည်။

မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုအကျိုးဆောင်ကွန်ယက် 
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၂.၇.၂၀၁၂)



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: