လွတ်လပ်သောရွှေလုပ်သားများ အခြေခံအလုပ်သမားအဖွဲ့အစည်း ကြေငြာချက် အမှတ်(၄)အား ထုတ်ပြန်လိုက်သည်။

 
လွတ်လပ်သောရွှေလုပ်သားများ အခြေခံအလုပ်သမားအဖွဲ့အစည်း
ကြေငြာချက် အမှတ်(၄)အား ထုတ်ပြန်လိုက်သည်။

ရက်စွဲ။             ။၂၀၁၂ခု ၊ ဇွန်လ (၂၉)ရက်။

           ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသမှ ရွှေလုပ်သားများသည် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနှင့် (၁၄-၆-၂၀၁၂)ရက်နေ့တွင် လုပ်ငန်းများပြန်လည်လုပ်ကိုင်ရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ သို့သော် ယနေ့အချိန်ထိ စာချုပ်ပါအချက်များအတိုင်း လုပ်ကိုင်ခွင့်မရရှိသေးပါ။ ထို့ပြင် ရွှေလုပ်သားများနှင့် မိသားစုဝင် များအား နည်းမျိုးစုံဖြင့် ဖိအားပေးခြင်း ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထု အားကိုးယုံကြည်၍ ပြည်သူလူထုကရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ခေါင်းဆောင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် ကျွန်ုပ်တို့ရွှေလုပ်သားများ ကြုံတွေ့နေရသည့် အခြေအနေများကို အမြန်ဆုံးကူညီဖြေရှင်း ပေးရန် မေတ္တာရပ်ခံ အသနားခံအပ်ပါသည်။
          အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီအနေဖြင့် ရွှေလုပ်သားများ မိသားစုဝင်များ၏ အခက်အခဲများ ဒုက္ခများကို လစ်လျူရှု၍နေပါလျှင် ၎င်းကုမ္ပဏီမှာသာ တာဝန်ရှိပါမည်။ ကုမ္ပဏီအနေဖြင့် အလုပ်သမားများနှင့် ချုပ်ဆိုထားသည့် စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်ခြင်းကို ဇူလိုင်လ(၁၀)ရက်နေ့ နောက်ဆုံးထား၍ ဖြေရှင်းပေးပါရန်နှင့် ဖြေရှင်းပေးခြင်းမရှိပါက ဖြစ်ပေါ်လာသည့် ကိစ္စရပ်များ ၊ အထွေထွေပြဿနာများသည် ကုမ္ပဏီ၏တာဝန်သာလျှင်ဖြစ်ကြောင်း အသိပေးအကြောင်းကြားပါသည်။



ဦးသက်လွင်
         ရွှေလုပ်သားများခေါင်းဆောင်
                                                                                   မိုးထိမိုးမိ-ရွှေတူးဖော်ရေးလုပ်ငန်း
                                                                                  တူးကုန်းအုပ်စု ၊ ရမည်းသင်းမြို့နယ်
မန္တလေးတိုင်းဒေသကြီး။





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: