ပြည်သူ့အကျိုးဆောင်ကွန်ရက်


သတင်းထုတ်ပြန်ချက်
၁၃၇၄ ခုနှစ်၊ ပထမ၀ါဆိုလပြည့် (၁၅)ရက်
(၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)

(၃.၇.၂၀၁၂)

            ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်းရှိအပြင်ကဒံအုပ်စုနှင့်အတွင်းပဒံအုပ်စုတွင်ဝါ၀ါဝင်းကုမ္ပဏီနှင့်မာလာဝင်းကုမ္ပဏီ
နှစ်ခုမှ သိမ်းယူခြင်းခံထားရသော လယ်သမားများသည် ယနေ့(၂.၇.၂၀၁၂)ရက်နေ့(၁၀း၃၀)တွင် အနော်ရထာလမ်းပေါ်ရှိ အိုးအိမ်ဦးစီးရှေ့တွင် ဆန္ဒဖော်ထုတ်၍ မိမိတို့လယ်မြေများပြန်လည်ရရှိရန်တောင်းဆိုခဲ့ကြသည်။ဆန္ဒဖော်ထုတ်တောင်းဆိုသူ(၆၀) ခန့်ရှိပြီး ရန်ကုန်မြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်မှအဖွဲ့ဝင်(၁၀)ဦး၊ လယ်သမားအကျိုးဆောင်ရွက်နေသူဦးဝင်းချို ၊နိုင်ငံရေးအကျဉ်းမိသားစုများအကျိုးဆောင်ကွန်ယက်မှ ကိုဟန်ဝင်းအောင်နှင့်အဖွဲ့ဝင်များက လယ်ယာမြေများဆုံးရှုံးနစ်နာနေသော လယ်သမားများဘက်မှ ရပ်တည်ညှိနှိုင်းမှုပြုလုပ်ပေးခဲ့သည်။မြို့နယ်ရဲမှူးက (၂၁း၃၀)နာရီ အချိန်ခန့်တွင် အိုးအိမ်တာဝန်ရှိသူများထံ အကြောင်းကြားပေးပါမည်ဟု ပြောပြီး ဆန္ဒဖော်ထုတ်တောင်းဆိုနေသောလယ်သမားများကို အိမ်သို့ပြန်ရန်ပြောခဲ့သည်။ဆန္ဒဖော် ထုတ်တောင်းဆိုသူများမှလည်း ပြည်သူ့ရဲဝန်ထမ်းများ၏ ကမ်းလှမ်းမှုကိုလက်ခံပြီး လှိုင်သာယာသို့ပြန်လည်ထွက်ခွါခဲ့သည်။သို့ပေ မယ်(၃.၇.၂၀၁၂)နေ့တွင်လည်း လယ်သမ်းများက ယနေ့ဆန္ဒဖော်ထုတ်ခဲ့သည့် အိုးအိမ်ရုံးရှေ့တွင်ဆက်လက်၍ တောင်းဆိုမှုလုပ်သွားမည်ဖြစ်သည်။

ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
                                                                               (၃.၇.၂၀၁၂)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: