ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များနှင့်ပတ်သက်၍ ကျနော့်အမြင်သုံးသပ်ချက်


ထိုင်းနိုင်ငံကအစပြု၍ဒေါ်အောင်ဆန်းစုကြည်၏ပြည်ပခရီးစဉ်များသည်ဒေါ်အောင်ဆန်းစုကြည်ကိုလေးလေးစားစားတန်ဖိုးထားပြီးမြန်မာနိုင်ငံ
၏နိုင်ငံခေါင်းဆောင်တစ်ဦးအနေအဖြစ်သော်လည်းကောင်း၊ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအနေအဖြစ်သော်လည်းကောင်းဖိတ်ကြားထားသည့်အိမ်ရှင်နိုင်ငံတွေက နွေးထွေးစွာဖြင့်   ရင်းရင်းနှီးနှီးခရီးဦးကိုကြိုဆိုသမှုပြုကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များသည်နိုင်ငံတကာ၏  အာရုံစူးစိုက်မှုကိုခံခဲ့ရသည့်   ပြည်ပခရီးစဉ်ဖြစ်သည်။ ထို- သူမ၏ပြည်ပခရီးစဉ်တွင်နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ အလုပ်သမားအရေး၊ဒုက္ခသည်အရေးစတဲ့နိုင်ငံ့အရေးနဲ့ပတ်သက်ပြီးလုပ်ငန်းစဉ်များ
ကို တင်ပြဆွေးနွေးနိုင်ခဲ့ပြီး ရရှိရထိုက်တဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ ကျမ္မာရေး၊ ပညာရေး၊ လူမှုရေး စတဲ့အကျိုးအမြတ်တွေကိုလည်း ရရှိခဲ့သည့်အပြင်- သူမအားပေးသည့်ဆုများကိုလည်း သူမကိုယ်တိုင်လက်ခံရယူခဲ့ပြီး နိုင်ငံတကာခေါင်းဆောင်များနှင့် တွေ့ဆုံဆွေး
နွေးကာ မြန်မာအသိုင်းဝိုင်းများက ဝမ်းပမ်းတသာ လှိုက်လှိုက်လှဲလှဲဖြင့် လာရောက်ကြိုဆိုတွေ့ဆုံကြပြီး သတင်းထောက်များ၊ မြန်မာ့ အသိုင်းဝိုင်းများနှင့် အမေးအဖြေများလုပ်ကာ မိန့်ခွန်းများပြောကြားနိုင်ခဲ့သည်။ ဒါ့အပြင် တွေ့သင့်တွေ့ထိုက်သူနဲ့ တွေ့ ဆုံဆွေးနွေး မှုများပြုလုပ်ခဲ့သည်။ သူမ၏ဂုဏ်ရောင်သည် ရိုးစင်းပြီး ထွန်းပြောင်သည်။ လူ့ကျင့်ဝတ်အရ ကျနော်တို့သည် ချီးမွန်းထိုက် သူကိုချီးမွန်း၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။

ကျနော့်အမြင်လက်ရှိအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်နှင့်ပတ်သက်ပြီး
 နိုင်ငံရေးအရ ပြည်သူ့ထောက်ခံမှုများရရှိစေရန် နိုင်ငံရေးအကျိုးအမြတ်ထုတ်မတတ်သေး။ ဂုဏ်ပြုထိုက်သူကို ဂုဏ်မပြုတတ်သေး၊ ချီးမွန်းထိုက်သူကို မချီးမွန်းတတ်သေး
ပေ။ ဒေါ်အောင်ဆန်းစုကြည်ကို  ၎င်းတို့ရဲ့အသိုင်းအဝိုင်းလောက်ကသာ သာမန်အရပ်သားတစ်အနေနဲ့ အသိအမှတ်ပြုကြပေမယ့်၊ မြန်မာပြည်သူအများနှင့် နိုင်ငံတကာခေါင်းဆောင်အများက
 ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ၏ ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ်သော်လည်းကောင်း၊ စံပြုထိုက်သည့် ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအနေအဖြင့်သော်လည်းကောင်း အသိအမှတ်ပြုပြီးဖြစ်သည်။ အမှန်မှာ လက်ရှိအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များကို လေဒီယိုမှသော်လည်းကောင်း၊ သတင်းစာများမှသော်လည်းကောင်း မိမိ၏ မီဒီယာများမှတဆင့် သဘောထားကြီးကြီးထားကာ အသိအမှတ်ပြု ဖြန့်ချီထုတ်လွင့်ပေးလျှင်- နိုင်ငံတကာအသိုင်းဝိုင်းနှင့်  ပြည်သူလူထုအများရဲ့ ချီးမွန်းထောပနာပြုခြင်းနှင့် ယုံကြည်မှုကို အထိုက်အလျှောက်တော့ခံစားရရှိမည်ဖြစ်သည်။ ထို့အပြင်အခုလိုအသွင်ကူးပြောင်းစကာလမှာအစိုးရမီဒီယာများမှတဆင့်ထုတ်လွှင့်ရေးသားလျှင်နိုင်ငံတကာမီဒီယာများ၏ ထောက်ခံမှုများကိုလည်းရရှိမည်ဖြစ်သည်။ ထို့ကြောင့်လက်ရှိအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်ကိုထုတ်တတ်လျှင် မိမိအတွက်ကော၊ နိုင်ငံနှင့် လူမျိုးအတွက်ပါ  နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေး၊ ကျမ္မာရေး၊ လူမှုရေးစတဲ့လုပ်ငန်းတွေမှာအကျိုးအမြတ်ရရှိမည်ဖြစ်သည်။ မိမိ၏ မီဒီယာကနေ ထုတ်လွင့်ရေးသားမှုမပြုလည်း၊ အခြားမီဒီယာကနေ တဆင့် လူထုတွေသိရှိမှာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီစဉ်သည် ဖုံးဖိထား၍ ရသည့်အရာမဟုတ်ပေ။ ဒါကြောင့် မယောင်ရာဆနွင်းမလူးမိဖို့ လက်ရှိအစိုးရကိုအသိပေးလိုပြီး၊ ချီးမွန်းထိုက်သူကို ကောင်းချီးသြဘာများပေးပြီး ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုစေချင်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်သည် မြန်မာနိုင်ငံနှင့် လူမျိုးများအတွက် အမှန်တကယ်ဂုဏ်ရောင်ထွန်းပြောင်စေခဲ့ပြီး၊ စစ်အာဏာရှင်လက်ထက် သုံးလို့မရအောင်စုတ်ပြတ်သပ်ခဲ့သည့် မြန်မာနိင်ငံ၏ ဂုဏ်သိက္ခာကိုပြန်လည်မြှင့်တင် လိုက်ခြင်းဖြစ်သည်။ ဒါပေမယ့် ကျနော့်ရင်ထဲ စိတ်မကောင်းဖြစ်ရသည်မှာ ဒေါ်အောင်ဆန်းစုကြည်အိမ်အပြန်ခရီးတွင် ...လူတချို့က ရှစ်မိုင်လမ်းဆုံတွင်ကုလား
မယားစုကြည်အလိုမရှိဆိုတဲ့ဆိုလိုဂလန်ပိုစတာကိုင်ဆောင်ထားတဲ့လူတွေရဲ့လုပ်ရပ်ဖြစ်ပါတယ်။ အမှန်မှာ ဒီလိုအချိန်မှာဒါမျိုးမလုပ်သင့်တော့ပေ၊၊ ဒီလုပ်ရပ်ဟာ မနာလိုမရှူစိတ်ဖြစ်ပြီး အရမ်းကိုသေးတိမ်အာက်တန်းကျတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ သိစေလို သည်မှာ အဲဒီလိုမျိုးခိုင်းစေခြင်း သည် မိမိသိက္ခာကို မိမိပြန်ချတာနဲ့ ထပ်တူနေတယ်ဆိုတာ ခိုင်းစေသူတွေကို သိစေလိုပါတယ်။ ဒီလိုလုပ်ရပ်မျိုး ဘယ်သူတွေလုပ်သလဲဆိုတာ မပြောလဲသိကြပါတယ်။ ဒါဟာ အပြောင်းလဲတွေရှိနေပေမယ့် စိတ်မချရသေးသည့် မြန်မာ့နိုင်
ငံရေးကိုမီးမောင်းထိုးပြလိုက်သလို၊ ဒါဟာ ခေါင်းမာပြီးအပြောင်းအလဲကိုမလိုလားတဲ့ သဘောထားတင်းမာသူတွေရှိနေသေးတာကိုလည်းသတိပေးမီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။ ဒါကြောင့် အစစအရာရာ နိုင်ငံရေးသတိရှိရမည်- နိုင်ငံရေးသတိ ထားရဦးမည်။

လက်ရှိ- အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်ကိုကြည့်ကာ သူမရဲ့အရည်အချင်းကိုကြည့်ပြီး၊ နိုင်ငံနဲ့ လူမျိုးအတွက်နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေး၊ ကျမ္မာရေး စတဲ့လုပ်ငန်းဆောင်တာတွေမှာ အကျိုးရှိရှိ တိုင်းပြည်အတွက်အသုံးချတတ်ရမည်။
ဒေါ်အောင်ဆန်းစုကြည်၏ပြည်ပခရီးစဉ်မှရရှိခဲ့သည့်အခွင့်အရေးကိုလက်လွတ်မဆုံးရှူံးခံသင့်ပေ။ လက်ရှိမြန်မာ့နိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလည်းမှုသည် ငလျှင်လှုပ်သွားပြီး ပျိုပျက်ကျသွားသည့်အဆောက်ဦးကို အသစ်ပြန်လည်တည်ဆောက်နေခြင်းမျိုးမဟုတ်၊
ဒုတိယကမ္ဘာစစ်ကြီးအပြီး မိမနိုင်ငံကိုပြန်လည်တည်ထောင်တဲ့ ပုံစံမျိုးနဲ့မတူ၊ နှစ်ပေါင်းများစွာ အစစအရာရာယိုယွင်းပျက်ဆီးနေသည့်ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင် အပြင်- နိုင်ငံရေး၊ စီးပွါးရေး၊ ကျမ္မာရေး၊ ပညာရေး၊ လူမှုရေး၊ ကိုယ်ကျင့်
သိက္ခာနှင့် အကျင့်ပျက်ခြစားမှုတွေကို ပြုပြင်ပြောင်းလဲမှုတွေလုပ်နေရတဲ့အတွက် တိုင်းပြည်ပြန်လည်တည်ဆောက်ရာတွင် အခက်ခဲမျိုးစုံတို့ကို သတိကြီးကြီးထားကာ ရင်ဆိုင်ကျော်ဖြတ်သန်းရပေလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်တွင် သူမပြောကြားခဲ့သည်မှာ လက်ရှိမြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ စစ်တပ်ပါဝင်ပတ်သက်မှု အခန်းကဏ္ဍ သည် အရေးကြီးကြောင်း၊ စစ်တပ်မပါပဲ ဒီမိုကရေစီအသွင်ကူးပြောင်းရေးသည် အခက်ခဲရှိမည်ဖြစ်ကြောင်း အတိအလင်း သူမပြောကြားခဲ့ပါသည်။ ဒါကြောင့်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ  မြန်မာ့နိုင်ငံ၏ နိုင်ရေးတွင် စစ်တပ်ပါဝင်စွတ်ဖတ်မှုအခန်းကဏ္ဍသည် အချိန်တခုထိရှိနေဦး
မည်။ဒီနေရာမှာစစ်ခေါင်းဆောင်များအနေနဲ့မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ပြည်သူနဲ့အတူ ပူးပေါင်းပါ ဝင်ပြီး နိုင်ငံ့အကျိုးများကို ထမ်းရွက်စေလိုပါတယ်။ ငါတို့အလုပ်ငါတို့လုပ်မယ်ဆိုပြီး ဒို့- အရေးသုံးပါးကိုကိုင်စွဲထားပြီး၊ ၂၀၀၈ ဖွဲ့စည်ပုံ
ကိုကာကွယ်စောင့်ရှောက်မည့်စစ်တပ်ကို ပြည်သူများအလိုမရှိတော့ပြီကို စစ်ခေါင်းဆောင်များသိရှိပြီးဖြစ်ပါသည်။ ကနေ့ မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲမှုသည် အလုံးစုံပါဝင်ပူးပေါင်းပြီး အတင်းအဖျင်းတွေနဲ့ အချင်းမပွါးကြပဲ နိုင်ငံတာဝန်များကို မိမိတတ်နိုင်သည့်ဘက်ကနေ အုတ်တစ်ချပ် သဲတစ်ပွင့်တမ်းဆောင်ကြရမည့်အချိန်ဖြစ်သည်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်တွင်ယူတတ်
လျှင် နိုင်ငံအတွက်များစွာအကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း ကျနော့်အမြင်ကို သုံးသပ်ရေးသားလိုက်ပါသည်။

( ကိုဗလိုင် )




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: