မြန်မာနိုင်ငံသားတွေ ဝင်ငွေသုံးဆ တိုးလာနိုင်တယ်လို့ အေဒီဘီ ခန့်မှန်း
2012-08-20
မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အခက်အခဲတွေကို ကျော်လွှား နိုင်မယ်ဆိုရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာပြီး လာမယ့် သက္ကရာဇ် ၂၀၃၀ ခုနှစ်လောက် အရောက်မှာ ၀င်ငွေအလယ် အလတ်တန်းစားလောက်ရှိမယ့် နိုင်ငံစာရင်းထဲကို ၀င်ရောက်နိုင်မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် အေဒီဘီက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ဘန်ကောက်မြို့မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ
အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ စီးပွားရေးပညာရှင် အကြီးအကဲတစ်ဦးဖြစ်တဲ့ Ms.
Cyn-Young Park က မြန်မာနိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အင်မတန်အလားအလာ ကောင်းတဲ့နိုင်ငံ ဖြစ်ပါတယ်လို့ ပြောဆို
ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုး ဂျီဒီပီဟာ လာမယ့် ၁၈ နှစ်အတွင်း နှစ်စဉ် ၇% ကနေ ၈% အထိ တိုးတက်နိုင်ပြီး လူတစ်ဦးချင်း တစ်နှစ်ဝင်ငွေဟာလည်း ၃ ဆလောက် ပိုများလာနိုင်တယ်လို့ အေဒီဘီက ခန့်မှန်းတွက်ချက် ပြောပါတယ်။
မြန်မာအစိုးရအနေနဲ့တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် အခြေခံအဆောက်အအုံတွေ၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဆိုင်ရာ စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်နေတယ်လို့ အေဒီဘီက ထောက်ပြပြောဆိုပါတယ်။
အဲဒီလိုဖြစ်လာဖို့အတွက် မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲ
မှုတွေကိုတစိုက်မတ်မတ် ဆောင်ရွက်ဖို့လိုအပ်ကြောင်း အေဒီဘီ
အဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌ Stephen Groff က တိုက်တွန်းလိုက်ပါတယ်။

ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment