လူဟာ မွေးကတည်းက ပန်းတစ်ပွင့်
အဖြစ်မွေးဖွား လာတဲ့သူ မဟုတ်ဘူး။ မျိုးစေ့ အဖြစ် မွေးဖွား လာတဲ့ သူသာ
ဖြစ်ပါတယ်။ ပန်း အဖြစ် ပွင့်လန်း လာနိုင် ဖို့ က မိမိကိုယ်တိုင်ရဲ့
ကြိုးပမ်း အားထုတ် မှု ရှိမှ ရတယ်။ လူ အဖြစ် ကို ရောက် လာတာ တစ်ခု တည်းနဲ့ –
နောင် တစ် ချိန် – ငါဟာ ပန်း တစ်ပွင့် ဖြစ် လာ လိမ့်မယ် လို့ ဘယ်သူမှ ကံသေ
ကံမ မပြောနိုင်ဘူးရယ်။
ဒီ လူ့လောက ကို စတင် ရောက်ရှိလာတာ၊
ဖွားမြင်လာ တာဟာ ဘဝ ရှင်သန်ဖို့ အခွင့်အလန်း တစ်ရပ် ပေးထားတာ သာ ဖြစ် တယ်။
တစ်ခါတည်းနဲ့ ဘဝ ပြီးပြည့်စုံ သွား၊ ပြီးသွား တာ မဟုတ် ဘူး။ ဒါ့ကြောင့်
ခင်ဗျား ဘဝ စတင် လာတဲ့နောက်ပိုင်း – ဘဝ ရှင်သန်ဖို့ လွဲချော် နိုင်နေ
သေးတယ်။ လွဲချော်နိုင် တဲ့ အကြောင်းတွေ ရှိနေ သေးတယ်။ လူသန်းပေါင်း များစွာ
လည်း ဒါကို လျစ်လျူ ရှု ထားကြ ပြီးသားရယ်။ ဘာလို့ လျစ်လျူရှု ထားမိ သလဲ
လို့ မေး ရင် – ရိုးရှင်း တဲ့ အကြောင်းက – လူတိုင်း နီးပါး ဟာ – ဒီဘဝ
မွေးဖွားလာပြီ ဆိုကတည်းက – ဘဝ ရှင်သန် ဖို့ လုံလောက်ပြီ ပြည့်စုံပြီ လို့
ယူဆကြလို့ ဖြစ်ပါတယ်။
ဒါပေမယ့် တကယ်တမ်း အမိဝမ်းက ကျွတ်လာရခြင်း
တစ်ခု တည်း နဲ့ ဘဝ မဖြစ် ဘူး။ ဘဝ မပြည့်စုံသေးဘူး။ အမိ ဝမ်း က ထွက်ရှိ
လာတာဟာ ဘဝ မဟုတ်ဘူး – ဘဝ ရှင်သန်ဖို့ လိုအပ်ချက် သာ ဖြစ် တယ်။ ဒီဘဝကို
မရောက် လာဘဲ ဘဝ မရှင်သန် နိုင်ဘူး – ရှင်းပါ တယ်။ ဒါပေမယ့် ဒီဘဝ ကို
ရောက်လာ ရုံ လေးဟာ ဘဝ တစ်ခုလုံး နဲ့ ထပ်တူ မကျဘူး။ ဒုတိယ အကြိမ် ထပ်မံ မွေး
ဖွား နိုင်ဖို့ လိုအပ် သလို၊ ခင်ဗျား အားစိုက် ထုတ် – ကြိုးပမ်း ဖို့
လိုအပ်နေ ပါသေး တယ်။
ယေရှု ခရစ်က – “ခင်ဗျား – ကလေးသူငယ် တစ်ဦး
ပြန် မဖြစ်သေး သရွေ့ ဘုရား သခင်ရဲ့ ကောင်းကင်နိုင်ငံတော်ကို မဝင်နိုင်ဘူး”
လို့ ဆိုတယ်။ လိုရင်း က – ဒုတိယ အကြိမ် ပြန်လည် မမွေးဖွားနိုင် ဘဲ ဘဝ
စင်စစ် မရှင်သန်ဘူးလို့ အဓိပ္ပာယ် ယူပါတယ်။
The ordinary birth is the birth of the bodymind mechanism, but your spirit is only a potential.
သမား ရိုးကျ မွေးဖွာလာသမျှဟာ ဒီရုပ်နာမ်
ဒီခန္ဓာ ရဲ့ မွေးဖွားမှု သာ ဖြစ်ပြီး၊ ခင်ဗျား စိတ်နှလုံး၊ အသိဉာဏ် အတွက်က
မျိုးစေ့ အဖြစ် ငုံ့လျိုးနေဆဲ ရှိပါ တယ်။ ဒီမျိုးစေ့ ကို ပြုစု ပျိုးထောင်
ပေး၊ မြေတောင်မြှောက် ပေးနိုင်ဖို့ လိုပါ တယ်။ ဒီဖြစ်စဉ် ကို Abraham
Maslow က – မိမိ ကိုယ်ကိုယ် သိမြင်ခြင်း၊ အတ္တမ ကို သိမြင်ခြင်း
Self-actualization လို့ ခေါ်ဆိုတယ်။ ဒါပေမယ့် ဗုဒ္ဓဂေါတမ က သူနဲ့
ဆန့်ကျင်ဘက်ပဲ။ ဒီဖြစ်စဉ်ကို “No- self Actualization” အနတ္တကို သိမြင်ခြင်း
လို့ ခေါ်ပါ တယ်။
အတ္တမနဲ့ အနတ္တ ဘာလို့ ကွဲပြားသွားသလဲ မေးရင်
– Abraham Maslow ရဲ့ အခေါ်ဟာ – စိတ်ကူးနဲ့ ကြံစည် ရင်း၊ တွေးခေါ် ရင်း
ခေါ်ဆို တာ ဖြစ်ကြောင်း မြင်သာ ပါတယ်။ အကြံအစည်၊ အတွေးအတွင်း အဖြေ ရှာနေတဲ့
အတွေ့အကြုံ ဟာ – အန္တိမ အဖြစ်ကို မမြင်ဘူး ရယ်။ ဒါ့ကြောင့် – သူ့အမြင် ဟာ
-သူ့စိတ်အတွေးအကြံရဲ့ ပြင်ပကို မရောက်ဘူး။ ဒါ့ကြောင့် စိတ်အတွင်း သာ
လည်ပတ်နေရတဲ့ သူ့အတွက် အတွင်း သန္တာန် မှာ အတ္တမ ပဲ ရှိတယ်။ ဒါ့ကြောင့်
အတ္တမကို သိမြင်ခြင်း လို့ အမည် တပ်ခေါ်ဆို တာ ဖြစ်ပါတယ်။ စင်စစ် စိန္တာမယ
ဉာဏ် (ဝါ) စိတ်ကူး စိတ်သန်း အားဖြင့် တွေးခေါ်ပြီး သိရုံ မျှ ဟာ-
မျက်မမြင်တစ်ယောက် အလင်းကို စဉ်းစားနေပုံမျိုး – သကြားကို မစားကြည့် ဘဲ
တွေးကြည့် သလိုမျိုး – ကိုယ်တွေ့ ထိုးထွင်း မမြင်ရခြင်း အကြောင်းကြောင့်
သက်သက်။
မိမိ စိတ်နှလုံး ရဲ့ အတွင်း အနှစ် ဆီထိ
ငုပ်လျိုး တိုးဝင် ကြည့်ပါ။ ပထမဦးဆုံး ကိုယ်တိုင် တွေ့ကြုံ ရမယ့် အဖြစ်ဟာ –
မိမိ အတ္တမ ရဲ့ ပျောက်ဆုံးမှု သာ ဖြစ်ပါ တယ်။ တကယ်တမ်း – ခင်ဗျား ကို ပန်း
တစ်ပွင့် အဖြစ် ဖူးပွင့် မလာနိုင်အောင် ပိတ်ပင် ထား တဲ့ အတား အဆီး ဟာလည်း
အဲ့ဒီ အတ္တ တစ်ခု တည်း။ အများစု က မိမိ အတ္တကို တံတားတစ်ခု အဖြစ် မြင်ပါ တယ်။
နို့ပေမယ့် တကယ် ဖြစ် ရှိနေ တာ က – အတ္တဟာ တံတား တစ်ခု မဟုတ်ဘူး။ မိမိရဲ့
ပတ်ပတ်လည်မှာ ပိတ်ဆို့ထားနေတဲ့ ထုလိုက် ထည် လိုက် ကျောက်သားနံရံကြီး ပဲ။
သူ့ကြောင့် ခင်ဗျား ဘာ အကူအညီမှ မရဘဲ၊ သူ့ကြောင့် လေးပင် နေဖို့သာ
ရှိပါတယ်။
အဲ့ဒီ “အတ္တမ၊ ကျောက်သားနံရံကို
ထိုးခွင်းထွက်လာခြင်း ဟာ ဒုတိယ အကြိမ် မွေးဖွားခြင်း ဖြစ်ပြီး၊ စစ်မှန် တဲ့
မွေးဖွားခြင်း ဖြစ် တယ်။ မျိုးစေ့ အဖြစ် ကနေ – ပန်း တစ်ပွင့် အဖြစ်
ခင်ဗျား – ဖူးပွင့် လာ တာ ဖြစ် တယ်” လို့ ဆရာ အများက ဆိုပါ တယ်။
ZAYYA မှ -
ကျေးဇူးတင်ပါတယ်
No comments:
Post a Comment