ပြည်ပတွင်
ခွဲစိတ်အထူးကုဆရာဝန်ကြီး ဖြစ်နေသည့် ABSDF မှ ဒေါက်တာအေးမင်း ယနေ့
မြန်မာပြည်သို့ ပြန်ခဲ့သည် ။ ABSDF အမှတ်တံဆိပ်ပါ လွယ်အိပ်ကိုစလွယ်သိုင်း၍
လေယာဉ်ပေါ်မှ ဆင်းလာသည့် ဒေါက်တာအေးမင်းမှာ ၈၈၈၈ တွင် နောက်ဆုံးနှစ်
ဆေးကျောင်းသားဖြစ်သည်။ စစ်အာဏာရှင်ကို တော်လှန်ရင်း လက်နက်ကိုင်
တိုက်ပွဲဝင်ရန်ယုံကြည်ချက်ြ ဖင့် တောခိုခဲ့သည်။ လက်နက်ကိုင် တိုက်ပွဲတွင်လည်းကောင်း ဆရာဝန်ပညာဖြင့် စစ်သည်ကျောင်းသားများကို ပြုစုစော
င့်ရှောက်ရာတွင်
လည်းကောင်း လူအလေးအစားအကြည်ညိုခံရသော် ABSDF မှ စစ်သည်ကောင်းဖြစ်သည်။
ယနေ့ထိ သူ တက်မြောက်ထားသော ဆရာဝန်ပညာဖြင့် ရရှိခဲ့သည့် လုပ်ခလစာကို
တော်လှန်ရေး ရဲဘော်ရဲမေများကို ထောက်ပံ့ ကူညီနေသူဖြစ်သည့်
အေးဆေးရိုးရှင်းစွာ နေထိုင်တက်ပြီး လူအသိခံချင်သူမဟုတ်ပဲ ယုံကြည်ချက်
ခိုင်မာပြတ်သားသူဖြစ်သဖြင့် အများကြည်ညိုလေးစားခံရသူဖြစ်ပါသည်။
ဓါတ်ပုံ နှင့် စာသား - မမေ ဆီမှ
ဓါတ်ပုံ နှင့် စာသား - မမေ ဆီမှ
ဖေ့ဗုတ်မှ
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment