၁။ အဓိက ပြဿနာမှာ – အကုသိုလ် ကို ကုသိုလ်
သို့ ပြောင်းလဲ နိုင်ရန် မဟုတ်။ ဒုက္ခ မှ သုခ သို့ ကူးပြောင်းရန် မဟုတ်။
နာကျင်မှုကို ချမ်းမြေ့မှု အဖြစ် ပြောင်းလဲ ပစ်ရန် မဟုတ်ပေ။
၂။ စင်စစ် အဓိက ပြဿနာမှာ – မသိမှုကို – သိမှု
(အသိ သက်သက်) သို့ ပြောင်းလဲနိုင် ရန်သာ ဖြစ်သည်။ အိပ်ပျော်နေ သည့်
အဖြစ်မှ နိုးထ လာရန် သာ ဖြစ် သည်။ ပြင်ပ ဗဟိဒ္ဓနှင့် ရှင်သန် နေသည့် အဖြစ်မှ
– အတွင်း အဇ္ဈတ္တ သို့ လျှိုးဝင် ရှင်သန် နိုင်ရန် ဖြစ်သည်။ ရှေ့အလိုဆန္ဒ
တို့၏ အဟုန်ဖြင့် ပြေးလွှားနေသည့် အဖြစ်မှ – အလိုဆန္ဒတို့ ပျက်သုဉ်း ငြိမ်ဝပ်
သွားသည့် အဖြစ်သို့ ကူးပြောင်း ရန်သည်သာ စင်စစ် အရေးပါ၏။
၃။ လက်ရှိ
သာမန် ရှင်သန်နေသော လမ်းသည် – အိပ်မက်ကို ပဓာန ပြုသော လမ်း ဖြစ်သည်။
ထို့ကြောင့် အိပ်မက် သည် အတုအယောင် အချည်းနှီး ဖြစ်သကဲ့သို့ –
ရှင်သန်နေထိုင်မှုသည်လည်း အတုအယောင် အချည်းနှီး သာ ဖြစ်လာရ ၏။
၎။ ဗုဒ္ဓ၊ တထာဂတ တို့၏ လမ်းသည် – ဉာဏ ကို
ပဓာန ပြုသော လမ်း ဖြစ် ၏။ ရှင်သန်မှု ဘဝ ၌ အိပ်မက် မရှိ။ ရှင်သန်မှု
နိုးကြားမှု စင်စစ် သာ ရှိ၏။ ထို့ကြောင့် အတုအယောင် အချည်းနှီး မဖြစ်ဘဲ၊
ခဏတိုင်း ၌ ပြည့်ဝလျက် ရှိသည်။
၅။ တထာဂတ တို့ မိန့်ဆိုသည့် စကားမှာ -
“လောက၌ မည်သည့် အရာသည် သေချာ ရောရာ ရှိပါသနည်း။ အဘယ် ဓမ္မ၊ သင်္ခါရတရား သည် မည်သို့ အခြေတည် ခိုင်မြဲ နေပါသနည်း။ အရာအားလုံး ကုန်ဆုံး ပျက် သုဉ်း ရစမြဲ ဖြစ်ကြောင်း သိအပ်၏။ အဖန်တလဲလဲ ဖြစ်ပျက် ပြောင်းလဲ နေမြဲ ဖြစ်ကြောင်း – အရာရာတို့၌ ရှုမြင်လွယ်၏။“ခိုင်မြဲသော မဖောက်ပြန်သော အရာ ရှိတန်ရာသလော ဟု ရှာဖွေလျှင် – ဤလောက၌ “သေခြင်းတရား” မှ တစ်ပါး အခြားမရှိ။ အရာရာ တို့၏ ဖြစ်ပျက် ပြောင်းလဲမှု သဘော၌ မသေချာမှုများဖြင့် ဖွဲ့တည် ထားသော်လည်း၊ “သေခြင်းတရား” သည်ကား မလွဲမသွေ ရောက်လာ ရပေလိမ့်မည်” ~ ဟူ၏။
၆။ ယင်းသို့ – “မခိုင်မြဲ သည့် သဘာဝ” အား
အစဉ်ထာဝရ ခိုင်မြဲနေလိုခြင်း အဖြစ် ကိုပင် “မသိမှု (အဝိဇ္ဇာ)” ဟု လည်းကောင်း၊
အမြင် မှောက်မှားမှု (မာယာ) ဟူ၍ လည်းကောင်း ခေါ်ဆို၍ – ၎င်းတို့ ဦးတည်ရာ သည် –
သောက၊ ပရိဒေဝ၊ ဇရာ၊ မရဏ တို့ထံသာ ဖြစ်၏။
http://zayya.wordpress.com မှယူတင်ပြပါတယ်
No comments:
Post a Comment