ကျောင်းသားသမဂ္ဂဖွဲ့စည်းခြင်းနှင့်ကျောင်းသားသမဂ္ဂအဆောက်အဦတည်ဆောက်ခြင်းသည်
အမျိုးသားရေးဖြစ်သည်၊လက်ရှိအစိုးရဆန့်ကျင်ရေးမဟုတ်သည်ကိုတော့ရှင်းရှင်းလင်းလင်း
ရှုမြင်နိုင်ဖို့လိုပါသည်။အဓိပ္ပါယ်မဲ့လူစုခွဲရန်ရည်ရွယ်ချက်သက်သက်ဖြင့်ဖွဲ့ထားသော
အရည်အချင်းမပြည့်မှီသည့် နယ်စွန်နယ်ဖျားရပ်ဝေးကောလိပ်များကိုပိတ်ပြီး တက္ကသိုလ်ကျောင်းသားများ၏လွတ်လပ်စွာဘာသာရပ်
အားလုံးကိုလေ့လာခွင့်၊ ဆွေးနွေးခွင့်၊ဝေဖန်ခွင့်တို့ကို ရဲရဲပေးရဲဖို့လိုပေသည်။
၁၉၆၂ခုနှစ်ဂျူလိုင်လ၇ရက်ဟာမြန်မာနိုင်ငံရဲ့ကံဆိုးမိုးမှောင်ကျတဲ့နေ့၊အနာဂါတ်ခေါင်းဆောင်
တိုင်းပြည်အညွန့်အဖူးများ အညွန့်ချိုးခံရသည့်နေ့၊ တိုင်းပြည်ချစ်ခေါင်းဆောင်များ ထွက်
ပေါ်ရာ ရေသောက် မြစ်ကြီးတူးထုတ်ဖြတ်တောက်ခံရတဲ့ နေ့ဆိုလျှင်မမှားနိုင်။
ကိုအောင်ဆန်း၊ ကိုနု၊ ကိုဗဟိန်း၊ ကိုဗဆွေ၊ ကိုကျော်ငြိမ်း၊
ကိုသိန်းဖေ၊ ကို ညိုမြ စသည့်မျိုးချစ် ကျောင်းသား ခေါင်းဆောင်များတကသဆောက်အဦကြီးထဲတွင်ဆွေးနွေးငြင်းခုံ
ရင်းတိုင်းပြည်ခေါင်း
ဆောင်များအဆင့်သို့ တက်လှမ်းရောက်ရှိလာခဲ့ကြသည်မှာတရားဝင်ကျောင်းသားသမဂ္ဂတည်ရှိနေ၍ ဖြစ်သည်။
အမှန်စဉ်စစ်ကျောင်းသားသမဂ္ဂသည်ကျောင်းသားထု၏မီးရှူးတန်ဆောင်ဖြစ်သလိုတိုင်းပြည်
ကိုချစ်
မြတ်နိုးသည့်နှလုံးရည်လက်ရုံးရည်ပြည့်ဝသည့်အနာဂါတ်ခေါင်းဆောင်များမွေးထုတ်ပေး
ရာဗဟိုချက်မ
ကြီးဖြစ်သည်။
စစ်အာဏာရှင်စံနစ်ကိုထူထောင်တော့မည်ကိုသိသိချင်းစတင်တော်လှန်ကြသူတို့မှာနိုင်ငံရေးအရ
အမြဲနိုးကြားမှု
ရှိနေသောကျောင်းသားများကပထမဆုံးဖြစ်သည်။ ထိုကြောင့်မြန်မာ့သမိုင်းတွင် အမဲစက် ကြီး
အဖြစ်စစ်တပ်မှ ကျောင်းသားများကိုဂျာမန်လုပ် ဂျီသရီး အော်တိုမစ်တစ် သေနတ်များဖြင့် ရက်
စက်စွာ ဂျူလိုင် လ ၇ ရက်နေ့တွင် သတ်ဖြတ်ခဲ့ပြီး၊ကျူပင်ခုတ်ကျူငုတ်မကျန် ဆိုသည့်အတွေးတိမ်
တိမ်ထားပြီး၊ နောက်တရက် ဂျူလိုင်၈ ရက်နေ့တွင်ကိုလိုနီစံနစ်ကိုတိုက်ပွဲဝင် ရာတွင်ရှေ့တန်းမှပါဝင်ခဲ့
သည့်ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို မိုက်ရိုင်းစွာ ဒိုင်းနမိုက်နှင့် ဖေါက်ခွဲဖျက်စီးပစ်ပြီးကျောင်း
သား များ၏ရပိုင်ခွင့်များကိုတင်းကြပ်စွာ ပိတ်ပင်တားဆီးလာခဲ့ သည်မှာ ယနေ့အခြေအနေရောက်သည့်
အထိပင်ဖြစ်သည်။
၁၉၆၂ခုနှစ်မှ ယနေ့အထိကျောင်းသားများစာသင်ခန်းများတွင်ကမ္ဘာအဆင့်မှီပညာရေးသင်ကြားခွင့်မရ
ခြင်း၊ ပြည်တွင်း
ပညာရေးစံနစ်ကြီးတခုလုံးခြစားပျက်စီးနေမှုကိုဆန့်ကျင်ပြောဆိုပေးမည့်ကျောင်:သား
သမဂ္ဂမရှိခြင်း၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီးတွင်မဟာဝိဇ္ဇာတန်းသာတက်ရောက်ခွင့်ပြုပြီး၊
ပထမ နှစ်မှနောက်ဆုံးနှစ်ကျောင်းသားများ ကို နယ်စွန်နယ်ဖျားတွင်သင်ကြားမှုပစ္စည်းမပြည့်စုံသော၊
အရည် အချင်းမမှီသောဆရာဆရာမများနှင့် သင်ကြားစေပြီး မြန်မြန်အောင် မြန်မြန်ကျောင်းကထွက်ရင်
ပြီးရော ဆိုသည် အလွန်သေးသိမ်သောအတွေးအခေါ်ဖြင့်ကျောင်းသားထု ကိုဖြိုခွဲထားရေး၊ အဆင့်
မြင့် ပညာ ရေးသည်အရေးမကြီး မိမိအာဏာတည်မြဲရေးသည်သာအရေးဖြစ်သည် ဟူသောမျိုးချစ်စိတ်ဓါတ်ကင်းမဲ့ပြီးအလွန်အောက်တန်းကျသည့်အတွေးအခေါ်ဖြင့်စစ်ခေါင်းဆောင်များ
ကကျောင်းသားထုကိုဖိ
နှိပ်ထားခဲ့သည်။ တဖက်မှာလည်းမိမိသားသမီးများကိုမူနိုင်ငံခြားတိုင်းပြည်များတွင်စေလွှတ်ပညာသင်
ကြားစေခြင်းဖြင့်တကိုယ်ကောင်းဆန်ခဲ့ကြသည်။
ထိုဆိုးဝါးလွန်းသည့်အခြေအနေကိုပြောင်းလဲရန်မှာကျောင်းသားထုအတွင်းဂျူလိုင်ဆဲဗင်းစိတ်ဓါတ်
ရှိရန်အထူးလိုအပ်သည်။
ယနေ့ဆိုလျှင် နှစ်၅၀ ပြည့်သိုပင်ရောက်ရှိလာခဲ့ပေပြီ၊ ကျောင်းသားထုကား မလွတ်လပ်သေး၊
အဖိနှိပ်ခံနေရစဲ၊တိုက်ပွဲဝင်နေရစဲဖြစ်သည်၊ မြန်မာနိုင်ငံကိုတိုးတက်ဖွံ့ဖြိုးသောနိုင်ငံဘဝသို့ရောက်စေလို
လျှင်ကျောင်းသားများ၏လွတ်လပ်ခွင့်၊ရပိုင်ခွင့်များကိုပေးရမည်။
တိုင်းပြည်တခုတိုးတက်ဖွံ့ဖြိုးရန်မှာ လူသားရင်းမြစ်သည်အဓိကဖြစ်သည်၊ သဘာဝရင်းမြစ်မဟုတ်။
သဘာဝရင်းမြစ်ကြွယ်ဝမှုသည်မဖွံ့ဖြိုးသေးသောနိုင်ငံများတွင်အာဏာရှင်စံနစ်ကိုပေါ်ပေါက်စေသည့်
ဆိုးကျိုးကိုပင်ဖြစ်ပေါ်စေသည်။
မြန်မာနိုင်ငံသည်သဘာဝရင်းမြစ်ကျိမ်စာသင့်နေသောမဖွံ့ဖြိုးသေးသည့်နိုင်
ငံများထဲမှတနိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံတွင်ရှိသည့် ကျွန်းသစ်တောများ၊ ကျောက်မျက်ရတနာများ၊
သဘာဝဓါတ်ငွေ့များ၊ သတ္ထုတွင်းများ၊
ဆည်ဆောက်ရန်အင်အားရှိသည့်မြစ်ကြီးများ၊ ပင်လယ်ရေထွက်ငါးပုဇွန်များ၊
စသည်တို့သည်၊ အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများကိုမျက်စိကျစရာဖြစ်စေခဲ့ပြီးစစ်ဗိုလ်ချုပ်များနှင့်လက်ဝါးရိုက်၍သဘာဝသံယံဇာတများ
ကိုဖေါ်ဖေါ်သီသီဝယ်ယူ၍ကိုယ်ကျိုးရှာအမြတ်ထုတ်ခဲ့ကြသည်၊ထိုနိုငံခြားလုပ်ငန်းရှင်များသည်လူ့အခွင့်
အရေး၊လူလူချင်းစာနာထောက်ထားမှု၊ပတ်ဝန်းကျင်ညစ်ညမ်းမှုစသည်တို့ကိုဂရုပြုအလေးထားခြင်းမရှိချေ၊
မိမိတို့အကျိုးအမြတ်အတွက်သာအလေးထားသဖြင့် ပြည်သူတို့နှင့်တိုင်းပြည်အတွက်အထူးနှစ်နာဆုံးရှုံး
မှုဖြစ်ခဲ့ရသည်မှာယနေ့တိုင်ပင်ဖြစ်သည်။
ထို့ကြောင့်လူသားအရင်းအမြစ်သည်သာမြန်မာနိုင်ငံ၏ထွက်ပေါက်ဖြစ်သည်၊ကမ္ဘာ့ထိပ်တန်းစက်မှုနိုင်ငံ
တခုဖြစ်သည့်ဂျပန်နိုင်ငံသည်သဘာဝရင်းမြစ်ချို့တဲ့သောနိုင်ငံဖြစ်သော်လည်းလူသားရင်းမြစ်အင်အား
ကောင်းသောပညာတတ်ပေါကြွယ်ဝသောနိုင်ငံဖြစ်သည်။
ထို့ကြောင့်ကမ္ဘာ့နှင့်ရင်ဘောင်တန်းနိုင် သောနိုင်ငံအဖြစ်ရပ်သည်လျက်ရှိသည်။
ထိုကဲ့သိုသောတိုးတက်ဖွံ့ဖြိုးသောနိုင်ငံဖြစ်ရန်မှာကျောင်းသားအခွင့်အရေးကိုကာကွယ်ပေးသောကျောင်း
သားသမဂ္ဂပေါ်ပေါက်လာရန်အလွန်အရေးကြီးသည်၊
ထို့ပြင်ဖေါက်ခွဲဖျက်စီးခံလိုက်ရသောကျောင်းသားသမဂ္ဂအဆောက်အဦကြီးပေါ်ပေါက်လာရန်မှာလည်းမရှိ
မဖြစ်လိုအပ်လှပေသည်။
ကျောင်းသားသမဂ္ဂသည်ကျောင်းသားလွှတ်တော်ပင်ဖြစ်သည်၊ ကျောင်းသား
များနိုင်ငံရေးမလုပ်ရဆို
သည်မှာမှားယွင်းသောစစ်အာဏားရူးများ၏ကိုယ်ကျိုးကြည့်အတွေးအခေါ်ဖြစ်သည်၊ လုံးဝမှားယွင်းပြီး
အရည်အချင်းရှိတိုင်းပြည်ခေါင်းဆောင်များမပေါ်ပေါက်စေရန်တလမ်းသွားအတွေးအခေါ်ဖြင့်ပိတ်ဆို့မှုသာ
ဖြစ်သည်။
အမေရိကန်နိုင်ငံတွင်ကျောင်းသားများလွတ်လပ်စွာသမဂ္ဂများတွင်ဝင်ရောက်ခွင့်ရှိပြီးမိမိတို့သင်ရိုးညွန်းတမ်း
များကိုကျောင်အာဏာပိုင်များနှင့်ဆွေးနွေးညှိနှိုင်းခွင့်ရှိသည်။တချို့ထူးချွန်သောကျောင်းသားများအတွက်
ကျောင်းသင်ရိုးညွှန်းတန်းတွင်မရှိသည့်အတွက်သီးသန့်
ဘာသာရပ်ကိုကျောင်းမှဖန်တီးပေးရ သည် လည်းရှိသည်။
ကျောင်းသားများနိုင်ငံရေးပါတီများကိုဝင်ရောက်ခွင့်၊မိမိပါဝင်သော
ပါတီကို ကျောင်းများတွင်မဲဆွယ်ခွင့်၊ စည်းရုံးခွင့်ရှိသည့်အပြင်၊ ဆီးနိတ်တာများ၊ ကွန်ဂရက်လွှတ်တော်
အမတ် များရုံးများတွင် အင်တမ်း (Intern) အဖြစ်လုပ်ကိုင်ပြီးအထက်လွှတ်တော်၊အောက်လွှတ်တော်တို့တွင်ရှိဆွေးနွေးပွဲများကိုတက်ရောက်နား
ထောင်
ခွင့်မှတ်တမ်းတင်နိုင်ခွင့်ရှိကြသဖြင့်နိုင်ငံရေးကိုထဲထဲဝင်ဝင်ရှိပြီးကျောင်းပြီးသည့်အခါအရည်အချင်းအလိုက်
အထက်လွှတ်တော်၊အောက်လွှတ်တော်တို့တွင်ဝင်ရောက်လုပ်ကိုင်ကြပြီး၊အတွေ့အကြုံရလာသည့်အခါ
လစ်
လပ်သွားသောနေရာများတွင်ဝင်ရောက်
ယှဉ်ပြိုင်ကြပြီးလွှတ်တော်အမတ်များဖြစ်လာကြသည်။ အမေရိကန်သမတအိုဘားမားသည် ဟားဘတ် တက္ကသိုလ်
ကျောင်းသား သမဂ္ဂဥက္ကဌဘဝမှလွှတ်တော်အမတ်ဖြစ်လာသူဖြစ်သည်။
ဆဲဗင်းဂျူလိုင်နှစ်၅၀ အထိမ်းအမှတ်ကိုကျင်းပရန်ဆောင်ရွက်နေကြသောဒီငြိမ်းလင်းနှင့်ကျော်ကိုကို
တို့အုပ်စုများအားအစိုးရမှယာယီထိန်းသိမ်းပြီးပြန်လွှတ်လိုက်ခြင်းသည်အစိုးရမှအစိုးရိမ်လွန်နေသည်ဟုမြင်
သည်၊
လူငယ်များ၏လွတ်လပ်ခွင့်ကိုရဲရဲတင်းတင်းပေးစေချင်သည်။ ၁၉၈၈ခုနှစ်ကယာယီ သမတဖြစ်ခဲ့ဘူးသောဦးမောင်မောင်က
“ ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကိုအတူတကွ လက်တွဲပြီး အုတ်မြစ်ချကြရအောင်”စကားဆိုခဲ့ဘူးသည်။
ဦးသိန်းစိန်အနေနှင့်လက်တွေ့ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကိုမတည်ဆောက်နိုင်အုံးတော့
ကျောင်း
သားသမဂ္ဂအဆောက်အဦကိုကိုယ်ထူကိုယ်ထစံနစ်ဖြင့်တည်ဆောက်ခွင့်ပေးလျှင်မြန်မာနိုင်ငံတွင်ခေါင်း
ဆောင်ပြတ်လပ်နေမှုကိုအကြာမှီအချိန်တိုအတွင်းဖြည့်ဆည်းနိုင်ပေလိမ့်မည်။
လက်ရှိကျောင်းတက်နေသောကျောင်းသားများအားလုံးတွင်ကျောင်းသားသမဂ္ဂတရားဝင်ပေါ်ပေါက် ရေးနှင့်
ကျောင်းသားသမဂ္ဂအဆောက်အဦဆောက်လုပ်ရေးသည်တာဝန်တရပ်ဖြစ်ကြောင်းအသိရှိကြဖို့
လိုပေသည်။ ကျွနုပ်တို့ပြည်ပရောက်ကျောင်းသားဟောင်းကြီးများကလဲကျောင်းသားသမဂ္ဂအဆောက်အဦဆောက်လုပ်
ကြမည်ဆိုလျှင်ရန်ပုံငွေကိုအားတက်သရောထည့်ဝင်ကြမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။
ကျောင်းသားသမဂ္ဂဖွဲ့စည်းခြင်းနှင့်ကျောင်းသားသမဂ္ဂအဆောက်အဦတည်ဆောက်ခြင်းသည်အမျိုးသားရေး
ဖြစ်သည်၊လက်ရှိအစိုးရဆန့်ကျင်ရေးမဟုတ်သည်ကိုတော့ရှင်းရှင်းလင်းလင်းရှုမြင်နိုင်ဖို့လိုပါသည်။အဓိပ္ပါယ်
မဲ့လူစု
ခွဲရန်ရည်ရွယ်ချက်သက်သက်ဖြင့်ဖွဲ့ထားသောအရည်အချင်းမပြည့်မှီသည့်နယ်စွန်နယ်ဖျားရပ်ဝေးကောလိပ်
များ
ကိုပိတ်ပြီးတက္ကသိုလ်ကျောင်းသားများ၏လွတ်လပ်စွာဘာသာရပ်
အားလုံးကိုလေ့လာခွင့်၊ ဆွေးနွေးခွင့်၊ဝေဖန်ခွင့်တို့ကိုရဲရဲပေးရဲဖို့လိုပေသည်။ ထိုကျောင်းသားလူငယ်များ၏စွမ်းအားကိုယုံကြည်ဖို့၊မြှင့်တင်အားပေးဖို့၊ရန်ကုန်တက္ကသိုလ်ကြီးတွင်
ယ္ခင်အတိုင်း လူသစ်တန်းများပြန်လည်သင်ကြားတက်ရောက်ခွင့်၊ တက္ကသိုလ်ကောလိပ်များ ပညာရေး
ဖလှယ်ပွဲများ၊ ကျောင်းသားအားကစားပွဲများကိုကျင်းပပေးခြင်းဖြင့်အစိုးရမှကျောင်းသားထုညီညွတ်ရေး
ကိုအားပေးရဲဖို့လိုပေသည်။ မြန်မာနိုင်ငံကမ္ဘာအဆင့်မှီတိုးတက်ဖွံ့ဖြိုးရေးအတွက်လူသားအရင်းအမြစ်
များဖြစ်
သောကျောင်းသား၏အရည်အသွေးစွမ်းရည်ကိုအထူးမြှင့်တင်ပေးရမည့်အသိအုပ်ချုပ်သူတို့ထံတွင်ဝင်
ရောက်
သွားလျှင်မြန်မာပြည်အမှန်တကယ်တိုးတက်တော့မည်ဖြစ်သည်။
လက်တစုပ်စာဗိုလ်သင်တန်းဆင်းအင်ဂျင်နီယာများ၊ဆရာဝန်များလောက်နှင့်တိုင်းပြည်ကိုရှေ့ဆောင်နေ
လျှင်
တဖြေးဖြေးလုံးပါးပါးဖို့သာရှိပေသည်။
မြန်မာပြည်တွင်ပြည်သူချစ်မြတ်နိုးသောအနာဂါတ်မျိုးချစ်ခေါင်းဆောင်များပေါ်ထွန်းရေးကိုရှေးရှုလျက်
ထွန်းအောင်ကျော်
ဂျူလိုင် ၇ ရက်၊ ၂၀၁၂
နံနက် ၇နာ၇ီ ၂၈မိနစ်
ခေတ္တ နယူးယောက်မြို့ ၊ အမေရိက
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment