ပြည်ပရောက်အမျိုးသားကျောင်းသားများအဖွဲ့ (
မြန်မာပြည် )
စာအမှတ်
။ ။ ပမကဖ ဗလ ၀၀၁၂
နေ့စွဲ ။
။ ၁၉. ၀၇. ၂၀၁၂
၁-ယနေ့ကျရောက်လာသည့်၂၀၁၂ခုနှစ်ဇူလိုင်၁၉ရက်နေ့သည်(၆၅)
နှစ်ပြည့်ဝမ်းနည်းကြေကွဲဖွယ်လွန်စွာ
မှ
ကောင်းသည့် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းနားနေ့ဖြစ်သည်။ ထိုနေ့သည်
မြန်မာနိုင်ငံအတွက်အကြီးမားဆုံးဆုံးရှူံးခဲ့သည့်အမျိုးသားခါင်းဆောင်အာဇာနည်သူရဲကောင်း
များ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည့်
သမိုင်းဝင်နေ့လည်းဖြစ်သည်။
၂-အာဇာနည်နေ့ရောက်တိုင်းတိုင်းယခင့်ယခင်ကဆိုတနိုင်ငံလုံးအတိုင်းတာအရနိုင်ငံတော်အလံကိုတဝက်
လွင့်ထူပြီး
ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အာဇာနည်ခေါင်းဆောင်များကျဆုံးခဲ့သည့်အချိန်တွင်
ဥသြဆွဲပြီး အမြို့မြို့အနယ်နယ်ရှိ
လွတ်လပ်ရေးကျောက်တိုင်များတွင်လွမ်းသူပန်းခွေများချပြီး
အာဇာနည်ခေါင်းးဆောင်ကြီးများအားဦးညွှတ်ဂါရဝပြုခြင်းဖြင့်အထိမ်းအမှတ်အခမ်းအနားများပြုလုပ်ကျင်းပ
ခဲ့ကြသည်။
၃-
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်သည့် ( နအဖ ) စစ်အာဏာရှင်လက်ထက်တွင်
အာဇာနည်နေ့အခမ်းအနား
များပြုလုပ်ကျင်းပခြင်းကို
ခွင့်မပြုတော့ပဲ၊ အာဇာနည်နေ့ အခမ်းအနားပြုလုပ်ကျင်းပသူများအား ဖမ်းဆီးနှိပ့်စက်
အပြစ်ပေးအရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့ပါသည်။
၎-
ကျွန်ူပ်တို့ ပြည်ပရောက်အမျိုးသားကျောင်းသားများမှ လက်ရှိအစိုးရနှင့်
စစ်တပ်ခေါင်းဆောင်များအားသိစေ
လိုသည်မှာ၊
ဇူလိုင်လ ( ၁၉ ) ရက်နေ့တွင်ကျရောက်မည့် ( ၆၅ ) နှစ်ပြည့် အာဇာနည်နေ့အခမ်းနားကို
ယ္ခုနှစ်
တွင်
တနိုင်ငံလုံးအတိုင်းတာအရ ခန်းခန်းနားနားပြုလုပ်ကျင်းပစေလိုပါသည်။
၅-
လွတ်လပ်ရေးမရမှီစပ်ကြား အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရသည့်နောက်ပိုင်း
မြန်မာနိုင်ငံ၏ အနာဂတ်သည်လည်း တဖြည်းဖြည်းနဲ့ မှေးမှိန်ပျောက်ကွယ်ကာ
မြန်မာတနိုင်ငံလုံး ကံဆိုးမိုးမှောင်ကျခဲ့ရသည်။
၆-
မြန်မာနိုင်ငံတွင် အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်ရည်မှန်းထားသည့်နိုင်ငံကို
ယနေ့ထိတိုင်တည်
ဆောက်နိုင်ခဲ့ခြင်း
အလျှင်း မရှိသေးချေ။ ထိုသို့ဖြစ်ခဲ့ရခြင်း၏ အကြောင်းတရားကား၊ နိုင်ငံရေးပဋိပက္ခကြီး
မားလာခြင်းနှင့်
စစ်ရေးပဋိပက္ခကြီးမားလာခြင်း၏ဆိုးကျိုးရလဒ်များကြောင့်သာဖြစ်သည်။
၇- အာဇာနည်ခေါင်းဆောင်ကြီးများလုပ်ကြံသတ်ဖြတ်ခြင်းခဲ့ရသည်မှာ
( ၆၅ ) နှစ်ပြည့်ခဲ့သော်ငြားလည်း၊ ပြည်တွင်းစစ်နှင့် နိုင်ငံရေးပဋိပက္ခကြီးများ
ယနေ့ထိတိုင်အဆုံးသတ်နိုင်ခဲ့ခြင်းမရှိသေးချေ။
၈-
ထို့ကြောင့် ယနေ့ကျေ၇ာက်လာမည့် ၂၀၁၂ ခုနှစ် အာဇာနည်နေ့အထိမ်းအမှတ်အခမ်းနားနေ့တွင် ကျွန်ူပ်တို့
ပြည်ပရောက်အမျိုးသားကျောင်းသားများမှ
တိုင်းရင်းသားပြည်သူများနှင့် မြန်မာနိုင်ငံသားများအားလုံးအား
အလေးအနက်ထား၍သိစေလိုသည်မှာ အာဇာနည်ခေါင်းဆောင်ကြီးများမျှော်ရည်မှန်းထားသည့်
နိုင်ငံတော်ကို ကျ
နော်တို့တတွေရဲ့
စွမ်းပကားများနဲ့ ညီညီညာညာပူးပေါင်းတည်ဆောက်ကြပါစို့တိုက်တွန်းရင်း ( ၆၅ )
နှစ်ပြည့် အာဇာနည်နေ့အတွက်
ကျွန်ူပ်တို့ပြည်ပရောက်အမျိုးသားကျောင်းသားများအဖွဲ့မှပူးတွဲသဘောထားထုတ်ပြန်
ကြေညာလိုက်သည်။
၁-
ပြည်ပရောက်အမျိုးသားကျောင်းသားများအဖွဲ့ ( မြန်မာပြည် ) ဗဟို ( ဒိန်းမတ်နိုင်ငံ )
၂-
ပြည်ပရောက်အမျိုးသားကျောင်းသားများအဖွဲ့ ( မြန်မာပြည် ) အဖွဲ့ခွဲ ( ထိုင်းနိုင်ငံ
)
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment