ဘင်လဒင်ကသေတာ ပျောက်သွားတာ။ သန်းရွှေက သေတာမဟုတ်ဘူး ဖျောက်သွားတာ သတိရှိကြ!

မူဆလင်နိုင်ငံများတွင် ဘင်လာဒင် အပေါ် ထောက်ခံမှု ကျဆင်း

Wednesday, 04 May 2011 02:39 မောက္ခ နိုင်ငံတကာသတင်း(ပေးပို့ သူ-ဗမာသွေး)
အမေရိကန် အထူးတပ်ဖွဲ့က အိုစမာ ဘင်လာဒင်ကို ပါကစ္စတန်မှာ သတ်ပစ်နိုင်ခဲ့မှုအပေါ် အမေရိကန်များ ဂုဏ်ယူ ၀မ်းသာမဆုံး ဖြစ်နေချိန်တွင် ပါလက်စတိုင်း ဒေသနဲ့ ကာတာနိုင်ငံတို့မှာ ဘင်လာဒင်သတ်ဖြတ်မှုအပေါ် ဆန့်ကျင် ဆန္ဒမှုများ ရှိခဲ့သည်။

သို့သော် အမေရိကန်တို့ အမုန်းဆုံး အလိုရှိဆုံး၊ ကမ္ဘာ့အဆိုးရွားဆုံး အစွန်းရောက် အစ္စလာမ် အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကို မူဆလင်နိုင်ငံများတွင်ပင် လူကြိုက်များမှု ကျဆင်းနေသည်ဟု စစ်တမ်းတစ်ခုက ဖော်ပြသည်။
ဝါရှင်တန်အခြေစိုက် လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Pew Research Center ရဲ့ အိုစမာ မသေခင် နောက်ဆုံး ပြုလုပ်တဲ့ စစ်တမ်းအရ ‘အယ်လ်ကိုင်ဒါ ခေါင်းဆောင်ဟာ ကမ္ဘာ့အရေး အတွက် မှန်ကန်တဲ့ အရာတွေ လုပ်ဆောင်နေတယ်လို့ သင်ယုံကြည်ပါသလား’ ဆိုတဲ့ မေးခွန်းအပေါ် ပါလက်စတိုင်းတွေရဲ့ တုံ့ပြန်ချက်မှာ သုံးပုံတစ်ပုံကသာ ယုံကြည်ထောက်ခံ သည်ဟု ဖြေကြသည်။ ၂၀၀၃ ခုနှစ်တွင် ၄င်းမေးခွန်းအပေါ် ပါလက်စတိုင်း ၇၀ ရာခိုင်နှုန်းအထိ ထောက်ခံခဲ့ကြပြီး၊ ယခု အများကြီး ကျဆင်းသွားခဲ့သည်။



အလားတူ နိုက်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ အီဂျစ်၊ ပါကစ္စတန်၊ ဂျော်ဒန်၊ တူရကီ၊ လက်ဘနွန် မူဆလင်နိုင်ငံများတွင်လည်း အိုစမာ ဘင်လာဒင် အပေါ် ထောက်ခံမှု ကျဆင်းသွားခဲ့သည်။ ထိုသို့ လူထု သဘောထားအမြင် ပြောင်းလဲသွားရခြင်း အဓိက အကြောင်းမှာ ဘာလီကျွန်း၊ ဂျော်ဒန်၊ အီရတ် စတဲ့ နေရာများတွင် အယ်လ်ကိုင်ဒါများရဲ့ ဆိုးရွားတဲ့ ဖောက်ခွဲမှုများ၊ အကြမ်းဖက်မှုများကြောင့် ဖြစ်သည်ဟု ဖော်ပြသည်။

၂၀၁၁ အတွက် စစ်တမ်းကို Pew Research Center က ဆက်လက် ကောက်ခံလျက် ရှိပြီး ဘင်လာဒင် အပေါ် လူကြိုက်များမှု ကျဆင်းဖို့ ရှိနေသည်ဟု ဆိုသည်။

No comments: