မြန်မြန်သာ သေပါတော့ ပိုင် ပိုင် ရယ်




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ၈၈ မျိုးဆက်တွေ တောင်းဆို

 2012-12-31
ကချင်ပြည်နယ်မှာ အခုရက်ပိုင်းတွေအတွင်း ကေအိုင်အေ နဲ့ မြန်မာအစိုးရ တပ်တွေအကြား တိုက်ပွဲတွေ အရှိန်ပြင်းထန် လာတဲ့အတွက် နှစ်ဖက်တပ်တွေအကြား တိုက်ခိုက်မှုတွေရပ်စဲပေးဖို့ ၊ ငြိမ်းချမ်းရေးအတွက် ညှိနှုင်းဆွေးနွေးဖို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ဒီဇင်ဘာလ ၃၁ရက်နေ့ ဒီကနေ့မှာ သတင်းစာရှင်း လင်းပွဲ တစ်ရပ်ပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။

လျှောက်လှမ်းပုံမတူညီပေမယ့် ခရီးဆုံးဖို့လျှောက်ရဦးမယ်



နှစ်ထောင့်တဆယ်ကိုငြင်းဆန်ရင်းနဲ့
လူတချို့ နှစ်ထောင့်ရှစ်ဖွဲ့စည်းပုံအောက်
ဒူးထောက်ပြီးရောက်ခဲ့ကြသလို....
လူတချို့ မရောက်ချင်ပဲနဲ့ ရောက်သွားကြတယ်၊
ဒီလိုပဲ လူတချို့ဟာ
သူဆင်တဲ့ဂွင်ထဲရောက်သွားမှာကို စိုးကြောက်လို့နေစဲ။
ဘယ်လိုပဲရောက်ရောက် ဘယ်လိုပဲကြောက်ကြောက်
နှစ်ထောင့်ဆယ့်နှစ်ဟာ ခရီးတထောက်တော့ပေါက်ခဲ့တယ်။
မြစ်ဆုံကိုရပ်ဆိုင်းတယ် ဘုန်းကြီးတွေမီးရှို့ပြီးတောင်းပန်တယ်
အထူးဧည့်သည်တွေအလည်လာတဲ့အခါ
အမှတ်ကောင်းယူပြီး ပြန်ပေးသဘောလိုဆွဲထားတဲ့
နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတယ်၊
လွတ်လပ်ခွင့်တွေ အထိုက်အလျှောက်ရရှိခဲ့ပေမယ့်
အကြောင်းပြချက်မခိုင်လုံပဲ သမဂ္ဂတည်ဆောက်ခွင့်တွေမရသေး၊
လယ်မြေတွေသိမ်းတယ် အလုပ်သမားအရေးမတည်ငြိမ်သေး၊
ငြိမ်းချမ်းရေးကမ်းလှမ်းတယ် ကချင်မှာ တိုက်လေယာဉ်တွေနဲ့
စစ်ရဟတ်ယာဉ်တွေသုံးပြီး စစ်ပွဲတွေက ခပ်ကြမ်းကြမ်းခပ်ရမ်းရမ်း၊
ဘာပဲပြောပြော အရင်နှစ်တွေနဲ့မတူပဲ
နှစ်ထောင့်ဆယ့်နှစ်ဟာ အဆိုးတွေနဲ့ ကြုံခဲ့ရသလို
အကောင်းတွေနဲ့လည်း ဆုံခဲ့ရပါတယ်၊
လျှောက်လှမ်းပုံမတူပေမယ့်
ဘာပဲဖြစ်ဖြစ် ခရီးဆုံးရောက်ဖို့လျှောက်ရဦးမယ်။

( ကိုဗလိုင် )
နှစ်ထောင့်ဆယ့်နှစ်အကုန် ဆယ်သုံးအကူးမှာ မှတ်ချက်အနေနဲ့  သမ္မတကို
ပြောချင်တာက    သြော်....ငါက တလသိန်း ၅၀ ဆယ်ယူထားပြီး၊ ငါ့ပြည်သူ
ပြည်သားတွေကို အနည်းဆုံးလုပ်အားခ တလ ၂ သိန်းလောက်တော့ပေးသင့်
တယ်ဆိုတဲ့အတွေး၊ အချိန်ရရင် တချက်လောက်ဖြင့်ဖြင့် တွေးကြည့်လိုက်ပါ
လို့ မှတ်ချက်အနေနဲ့ ရေးလိုက်ပါရစေ...။

( ခရစ်နှစ်သစ်မှာ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျမ္မာခြင်းသုခနဲ့ ပြည့်
ဝစေပြီး  ဒုက္ခဘေးဆိုးတွေမှ ကင်းဝေးကြပါစေ..။ )




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။