ရီစရာမဟုတ် လက်တွေ့ 

 

 

လွတ်လပ်မှု ကို ရယူခြင်း ဒေါ် အောင်ဆန်းစုကြည် ပို့ချချက် (၁) ကလစ်ပါ

 

မြန်မာပြည်သူလူထု တရပ်လုံး ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီသို့ မကြာမီ ရောက်ရှိတော့မည် ဟုမျှာ်လင့်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

 (အပေါ်မှာကလစ်ပါ)

 

  မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံတခု ဖြစ်တာကြောင့် မိမိတို့အားလုံး တညီတညွတ်တည်း ရှိစေဖို့ လူ့အခွင့်အရေးဟာ ကြီးမားတဲ့ ညီညွတ်ရေး အကြောင်းတရားတခု ဖြစ်ပါတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။(ကလစ်ပါ)

 

 

 

လမ်းပေါ်က အမှတ်တရများ

 

 အမှောင်နဲ့ အန္တရာယ်တွေကနေ ကိုယ်က လွတ်မြောက်နေပေမယ့် အမှောင်ထဲမှာ ကျန်နေခဲ့သူတွေ ရှိနေသေးတယ်။ ဒီအတွေးတွေက ကျွန်မရဲ့ အိပ်စက်ချိန်တွေကို လုယူထားဆဲ . . . .(ဆောင်းပါး ကလစ်ပါ) ခင်မမမျိုး 

 

လိုင်ဇာမြို့ကို တိုက်တော့မယ် ဆိုရင် -

လက်နက်ဆိုလို့အပ်တိုတချောင်းတောင်မရှိတဲ့ သခင်တွေက အင်္ဂလိပ်ကို လက်နက်ကိုင်တိုက်မယ်လို့ အဆိုတင်သွင်းလိုက်တာဟာ ဘယ်က လက်နက်ရမှာလဲ လို့ ပြန်မေးစရာဖြစ်ခဲ့ပါတယ်။ ဒီတော့ သခင်အောင်ဆန်းက“သူခိုးဓါးပြတောင် ကိုယ့်လက်နက်ကို ဖန်တီးနိုင်သေးရင် ခင်ဗျားတို့ ကျုပ်တို့ တိုင်းပြည်လွတ်လပ်ရေးအတွက် အလုပ်လုပ်မယ့် သူတွေက ဘာလို့ မရှာနိုင်ရမှာလဲ”  ဆက်ဖတ်ပါ


ပုဂံဘု၇ားဖူးသွားမယ် (ကလစ်ပါ)




(၁၉၇၆) ခုနှစ်ဇနဝါရီလ ( ၂၆) ရက် နေ့  တွင်တိတ်တဆိတ်ကြိုးပေး သတ်ဖြတ်ခံရသော ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦ: Read More

 စာအမှတ်။ ။မလအ/ အဖဝ/ ၁၉/ ၀၀၁/ ၁၆
နေ့စွဲ ။ ။၂၇. ၆. ၂၀၁၁
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် ပတ်သက်၍ ထုတ်ပြန်ကြေငြာချက်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရှစ်လေးလုံးပြည်သူ့အရေးအတော်ပုံကြီးမှ မွေးဖွားပေးခဲ့သော လူထုခေါင်းဆောင်တဦး ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးနှင့် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ပေါ်တွင် အခြေခံသော ပြည်ထောင်စုစနစ်
ပေါ်ထွန်းလာရေး တို့အတွက် အရေးပါသော အသိဥာဏ်ပညာ၊ အတတ်ပညာ၊ တွေးခေါ်မြော်မြင်နိုင်စွမ်းတို့ ပြည့်ဝသည့် ခေါင်းဆောင်တဦးဖြစ်ပါသည်။

(၂၀၁၀) ခုနှစ်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်ပိုင်း လအနည်းငယ်အတွင်းတွင်ပင် သဘာဝဘေး အန္တရာယ် ကြုံခ့ရဲ သော ပြည်သူများအား ကူညီစောင့်ရှော က်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို
တစိုက်မတ်မတ် အကောင်အထည် ဖော်ဆောင်ပြီး၊ တိုင်းပြည်ဖံွ့ ဖြိုးတိုးတက်ရေးနှင့် ဆင်းရနဲ မွ်းပါးမှု လျှော့ချရေး တို့အတွက် အရေးပါသော အရပ်ဘက် လူ့အဖွဲ့အစည်း (Civil Society) အင်အားကောင်းစေမည့် လူမှုကွန်ယက် များကို ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာစေရန် စွမ်းဆောင်နိုင်စွမ်းရှိသော ခေါင်းဆောင်ကောင်း တဦးဖြစ်သည်။

ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စည်းရုံးရေး စွမ်းရည်များကို မနာလို၊ မရှုစိမ့်နိုင်သော စစ်အာဏာရှင်တို့သည် ငြိမ်းချမ်းသာယာသော တိုင်းပြည်အနာဂတ်ကို ဖန်တီးပေးမည့် တွေ့ဆုံ ဆွေးနွေးရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်သို့ တက်ရောက်လာခြင်း မရှိပဲ၊ လူထုခေါင်းဆောင်အား အကြိမ်ကြိမ် နေအိမ် အကျယ်ချုပ်ချထားခြင်း၊ တရားစွဲဆိုခြင်း၊ အသရေဖျက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခြင်း စသည်တို့ကို ပြုလုပ်ခဲ့ပါသည်။

(၂၀၀၃) ခုနှစ်၊ လူထုခေါင်းဆောင်၏ စည်းရုံးရေးခရီးစဉ်များတငွ် လက်ကိုင်ဒုတ် ကြံ့ဖံွ့ ပါတီဝင်များ၊
စမွ်းအားရှင်များကို အသုံးပြု၍ ခြိမ်းချောက်ခြင်း၊ နှောင့်ယှက်ခြင်းများကို အကြိမ်ကြိမ် ပြုလုပ်ခ့ရဲုံမက၊
ကမ္ဘာတ၀ှမ်းကို တုန်လှုပ်စေခ့သဲ ည့် ဒီပယဲ င်း ရာဇ၀တ်မှုကြီးကိုလဲ ကျူးလန်ွခဲ့လေသည်။ လက်နက်မဲ့ ငြိမ်းချမ်းစွာ သွားလာနေသော ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ပြီး၊ အကာအကွယ်မဲ့နေသော ပြည်သူများအား လူမဆန်စွာ ရိုက်နှက်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်။

ဒီပဲယင်း ရာဇ၀တ်မှုကြီးတငွ် ပြစ်မှုကျူးလန်ွသော ကြံ့ဖံွ့ ပါတီဝင်များ၊ စွမ်းအားရှင်များကို အရေးယူခြင်း မပြုပဲ၊ ပြစ်မှု ကျူးလန်ွခံခ့ရဲ ပြီး အခင်း ဖြစ်ပွားရာနေရာမှ လတ်ွမြောက်လာသူများအား ဖမ်းဆီး ထောင်ချမှုများကို နိုင်ငံတော်မှ ဦးဆောင်ပြုလုပ်ခ့သဲ ည်။ သို့ဖြစ်ရာ ဒီပယဲ င်းအကြမ်းဖက်မှု ရာဇ၀တ်မှုကြီးသည် နိုင်ငံတော်မှ ပြည်သူလူထုအား အကြမ်းဖက်မှု ပင်ဖြစ်သည်။

ယင်းသို့ နိုင်ငံတော်အကြမ်းဖက်မှုကြီးတငွ် ပါဝင်ခ့ေဲ သာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းသည် ၂၀၁၀ ခုနှစ်တငွ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖံွ့ ဖြိုးရေးပါတီ အဖြစ်သို့ အသင်ွပြောင်း၍ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကာ မဲခိုးမဲလိမ်မှုများ၊ ရွေးကောက်ပွဲ မသမာမှုများဖြင့် အနိုင်ရရှိခဲ့သည်။

နိုင်ငံတော်အကြမ်းဖက်မှုကြီးအား စီစဉ်ညွှန်ကြားခ့ေဲ သာ စစ်အုပ်စုမှ ဗိုလ်ချုပ်များသည်လည်း စစ်ယူနီဖောင်း များ ချွတ်ကာ ကြံ့ဖံွ့ ပါတီကိုဦးဆောင်ပြီး၊ အရပ်သားအစိးု ရဟု အမည်ခံသော ရုပ်သေးအစိုးရကို ဖွဲ့စည်းခဲ့ကြသည်။
အရပ်သားအစိုးရအဖြစ် အမည်ခံထားသော ရုပ်သေးအစိုးရသည် အစိုးရဖွဲ့ပြီး မကြာမီမှာပင် တိုင်းရင်းသား လူမျိုးစုများ နေထိုင်ရာ ပြည်နယ်များတွင် ထိုးစစ်များ ဆင်နွှဲ၍၊ အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့ များကို တိုက်ခိုက်မှုများ ပြုလုပ်ခြဲ့ကသည်။ 

တရားဥပဒေမဲ့ ရမ်းကားပြီး၊ တိုင်းရင်းသား ပြည်သူများကို သတ်ဖြတ်မှုများ၊ ပေါ်တာဆွဲမှုများ၊ ကျေးရွာများကို ဖျက်ဆီးမှုများနှင့် တိုင်းရင်းသူများကို အဓမ္မပြုကျင့်ခြင်းများ လုပ်ဆောင်ခြဲ့ကသည်မှာ ယင်းသို့ နိုင်ငံရေးပြဿနာများအား စစ်ရေးဖြင့် ဖြေရှင်းမှုများမှာ စစ်အုပ်စုတို့၏ ဇာတိသရုပ်မှန် ပေါ်လာခြင်းပင် ဖြစ်သည်။ စစ်အုပ်စု အစဉ်အဆက်တို့ ကျင့်သုံးခ့ေဲ သာ လူ့အခငွ့်အရေး ချိုးဖောက်မှုများသည် ယနေ့အချိန်ထိ မြန်မာပြည်အနှံ့တွင် ဖြစ်ပွားနေဆဲ ဖြစ်ပါသည်။

ဦးသိန်းစိန်အစိုးရ၏ ပြည်တွင်းစစ်မီးမွှေးမှုများ၊ ဖိနှိပ်မှုများ၊ နိုင်ငံရေးပြဿနာများကို မှန်ကန်ရှင်းလင်းစွာ ကိုင်တွယ်ရန် အားနည်းမှုများ၊ တရားမျှတမှု မရှိသော အစီအမံများကြောင့် နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေပြီး၊ ဗုံးပေါက်ကွဲမှုများ နေရာအနှံ့ ဖြစ်ပွားကာ အစိုးရ၏ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်မှု အရည်အသွေးများ ကျဆင်းလျက်ရှိနေပေသည်။

(၁၉၄၇) ခုနှစ်တွင် တိုင်းပြည်၏ အနာဂတ် ကံကြမ္မာကို ဖန်တီးပေးနိုင်သော ခေါင်းဆောင်ကောင်း ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းသည် မသမာသူ လူတစု၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ခြင်းကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အနာဂတ် ကံကြမ္မာများ မလှမပ ဖြစ်ခဲ့ရသည်။ ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်တိုင်းရင်းသားစည်းလုံးရေးအတွက် မျှော်လင့်ချက် ရောင်ခြည် ဖြစ်ခ့သဲ က့သဲို့ပင်ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်သည်လည်း မြန်မာ့ဒီမိုကရေစီအရေး၊တိုင်းရင်းသားစည်းရုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တို့အတွက် မြန်မာတမျိုးသားလုံး၏ မျှော်လင့်ချက်ရောင်ခြည် ဖြစ်ပါသည်။

သို့ဖြစ်ရာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြည်တွင်း ခရီးစဉ်များအတွင်း ပြည်သူလူထုအရေခြုံ စစ်အုပ်စု လက်ကိုင်ဒုတ်များမှ လုပ်ကြံသတ်ဖြတ်ရန် အားထုတ်မှုများ၊ နှောင့်ယှက်မှုများ ဖြစ်ပွားလာမည်ကို ကျွန်ုပ်တို့ မြန်မာနိုင်ငံလူထုလှုပ်ရှားမှု အင်အားစုများ (မလအ) မှ အထူးပင် စိုးရိမ်မကင်း ဖြစ်မိပါကြောင်းနှင့် တိုင်းပြည်အနာဂတ် ကံကြမ္မာအတွက် အရေးပါလှသော လူထုခေါင်းဆောင်၏ လုံခြုံရေးအတွက် ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

မြန်မာနိုင်ငံလူထုလှုပ်ရှားမှုအင်အားစုများ (မလအ)
၁-ဒိန်းမတ်၊ ၂-နော်ဝေး၊ ၃-နယ်သာလန်၊ ၄-အင်္ဂလန်၊ ၅-ကနေဒါ၊ ၆-အမေရိကန်၊__


ကြိုးစင်ပေါ်မှ စကားများ 
ကိုးစင်ပေါ်သို့ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းရဲသော ခြေလှမ်းများ၊ သေခြင်းတရားကို မတုပ်မလှုပ် ရင်ဆိုင်ရဲသော တည်ကြည်ခိုင်မာမှုများနှင့် စစ်ဖိနပ်အောက်မှာ ဒူးမထောက်သော စိတ်ဓာတ်များ၏ အရှိန်အဟုန်များ ပေါင်းဆုံသွားသော တနေ့မှာ ….ဆက်ဖတ်ပါ

ခင်မမမျိုး (၂၆၊ ၆၊ ၂၀၁၁)  
သြော် – နွားတွေ နွားတွေ၊ နွားတို့သည်ကား အဟိတ်တိရစ္ဆာန်များသာ ဖြစ်ကြသည်ကိုး။ ဒီမိုကရေစီလည်းမသိ။ သပိတ်လည်း နားမလည်။ တရားသောစကားလည်း နားမဝင်။ ၎င်းတို့၏ဝါဒနှင့် လုပ်ငန်းကား သံသရာတလျှောက်လုံး မြက်စား၍ နောက်ချေးယိုပြီးလျှင် နွားမနောက်လိုက်ကြရန်သာ တတ်ကြလေတော့သတည်း ……..။   ဆက်ဖတ်ပါ

ကြိုးတိုက်ထဲက မှတ်တမ်းမှတ်ရာ (ကဗျာ) ကလစ်ပါ

ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်ဆောက်ရန် ကျပ်ငွေ ၁ဝ သိန်း လှူဒါန်း (ကလစ်ပါ)

 

လိုင်ဇာမြို့အနီး တိုက်ပွဲဖြစ်ပွား (ကလစ်ပါ)


jrefrmppftpdk;&.wdkif;&if;om;vlrsdK;pkrsm;tay:xdk;ppfqifaerESifhygwfoufjyD; tdkifpDpD
ac:EdkifiHwum&mZ0wfrw&m;&kH;odk hwifjyawmif;qdkcsuf// (uvpfyg)

အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန်  (အခန်းဆက်အလိုက်တင်ပြပါမည်)   (ဆောင်းပါး - အပိုင် ၁- ၂ ကလစ်ပါ)
(အပိုင်း ၃)
By Khin Ma Ma Myo

A B S D F  သတင်းသုံးသပ်ချက်

 ကိုကျော်သီး ကျန်းမာပါစေ

 ကချင်ပြည်နယ်အတွင်း စစ်အစိုးရ၏မတရားပြုကျင့်မှုများ (ကလစ်ပါ)

အမေရိကန် လွှတ်တော်ကို ဒေါ်စု စကားပြောRead More

ကတိမတည်သော အစိုးရ၊ KIA နှင့် ငြိမ်းချမ်းရေး Read More

ကချင်အမျိုးသမီးများ မတရားကျင့်ခံရ  ဆက်ဖက်ပါ

ရှမ်း​ြပည်တပ်မ​ေတာ် ဝမ်ဟိုင်း​ဌာနချုပ်ကို ထိုး​စစ်ြကီး​ဆင်ရန်ြပင်ဖတ္ပါ

ကျွန်မအခု ပြောချင်တာက စိတ်ဓာတ်မကျပါနဲ့။ ဆက်ဖတ်ပါ
 အမေ့မွေးနေ့အတွက် သားပြန်လာပြီ ဆက်ဖတ်ပါ

EU ကိုယ်စားလှယ်အဖွဲ့ ဒေါ်စုနဲ့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ဆက်ဖတ်

နယ်မြေအငြင်းပွားမှု စစ်အင်အားသုံးမယ်လို့ တရုတ် သတိပေး ကလစ်ပါ

ဂွဒ် ဂါးဗားမန့် ဖြစ်ဖို့ (အစိုးရကောင်းတရပ်ဖြစ်စေဖို့ ) ဆောင်းပါး- ကလစ်ပါ



အဆုံးသတ်မှာ 
(၀တ္ထုတို) [ရဲရဲတွေးပြီးရဲရဲရေးထားပါတယ်]   ဆက်ဖတ်ရန် ကလစ်ပါ


မြန်မာနိုင်ငံ အမျိုးသမီးများနေ့  အပိုင်း (၁)

 မြန်မာနိုင်ငံ အမျိုးသမီးများနေ့  အပိုင်း (၂)    ပြီး၏


မြန်မာဒုက္ခသည် ကမ္ဘာပေါ်မှာ အများဆုံးတဲ့ ဘယ်သူ့ ကြောင့်လို့ မင်းထင်သလဲ


ဒါကတော့ အမေ့ဆန္ဓ (ကလစ်ပါ)


 မြန်မာ့အမျိုးသမီးများနေ့  ( ပထမပိုင်း က)

 မြန်မာ့အမျိုးသမီးများနေ့  (အဆက် ခ)


 ဒေါ်အောင်ဆန်းစုကြည်၏ ၆၆နှစ်ပြည့်မွေးနေ့ 





လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏
၆၆ နှစ်ပြည့်
မွေးနေ့မင်္ဂလာ
အထိမ်းအမှတ်
အမှတ်တရ စာစုများ
မွေးနေ့သ၀ဏ်လွှာ






၆၆ နှစ်ပြည့်
မွေးနေ့မင်္ဂလာ ရက်မြတ်မှသည်
သက်တော်ရာကျော် ရှည်၍
ပြည်ရွာအကျိုး
သယ်ပိုးနိုင်ပါစေကြောင်း
မြန်မာနိုင်ငံ လူထုလှုပ်ရှားမှု အင်အားစုများ (မလအ) မှ
ဆုမွန်ကောင်း ပို့သပါသည်။

အမေ့အိမ် (သို့) ငါတို့ အားလုံးရဲ့အမေ


လောကဓံနဲ့ အာဏာရှင်စနစ်ဆိုးဆိုးရဲ့
ထိုးနှက်-ရိုက်ပုတ်တဲ့ဒဏ်တွေကို
မတုန်မလှုပ် ခံနိုင်စွမ်းတဲ့
ငါတို့ အားလုံးရဲ့…အမေ ။

သူမ- ဆီမှာ
မြင့်မြတ်သူတို့ရဲ့ နှလုံးသား
ခွင့်လွှတ်ခြင်းနဲ့ အာဃာတ မထား
သဘောထားကြီးတဲ့  နှူးညံ့-စိတ်ထား 
အကောင်းမြင်ဝါဒနဲ့ ခန္ဓီပါရမီ
 ပြည်ချစ်စိတ်နဲ့ မကြောက်တရား
အဲဒါတွေ အကုန်လုံး
သူမရင်ထဲ အပြည့်ရှိတယ် ။

တက္ကသိုလ်ရိပ့်သာရဲ့
ခြံအမှတ် ၅၄
ငါတို့ မနေတဲ့ အမေ့ရဲ့ အိမ်
အဲဒီ အိမ်ကိုလေ တခါးမရှိ  ဓါးမရှိ
ဗီဇာမလို  ခွင့်မဆိုပဲ
ဝင်ချင် ထွက်ချင်စမ်းပါဘိ…အို-မိခင် ။

သဘောထားကြီးပြီး
မေတ္တာတရား လွှမ်းရစ်ခြုံသိုင်းထားတဲ့ 
ငါတို့အားလုံးရဲ့…အမေ၊

လောကဓံကို ခံနိုင်စွမ်းတဲ့
ငါတို့အားလုံးရဲ့…အမေ၊
အာဏာရှင်ကို တွန်းလှန်ဖြိုဖျက်နေတဲ့ 
ငါတို့အားလုံးရဲ့…အမေ၊
ဇရာရွယ်လွန်ပေမယ့် ကျနော်တို့ အတွက်ကတော့
တည်ကြည်ခန့်ညား အမေ့ရုပ်ရည် ဟာ
ဗေဒါပျံ အံကိုခဲ
ပန်းပန်လျှက်မြဲပါ…အို-မိခင်။

မတွေ့တာကြာတော့လည်း
သားကိုတွေ့ချင်တဲ့ အမေတွေ
အမေကိုတွေ့ချင်နေတဲ့ သားတွေ
ဒီနှစ်ခုရဲ့ ကြားမှာ
အဖြေညှိလို့မရတဲ့
ပဟေဠိပုစ္ဆာတော့ရှိနေမယ်။

အမေနဲ့ သား
ခိုင်မြဲတဲ့ မေတ္တာပေါင်းကူးတံတားကြားမှာ
မသွားရဘူး မလာရဘူး မဖြတ်ရဘူး
ဘယ်သူတားတား ရရိုးတဲ့…လား ။


ကဲ…ဒီ-မနက်ခင်းလေးထဲမှာပဲ
ငါတို့ သွားကြပါစို့ လား
ငါတို့ မနေတဲ့ အမေ့ရဲ့ အိမ်
ခြံ-အမှတ် ၅၄
တက္ကသိုလ် ရိပ့်သာရဲ့
အမေနေတဲ့ အမေ့ရဲ့ အိမ်ကိုလေ ။
                                                                        အမေ့သား (ဒိန်းမတ်)

အမေ့စကား၊ ရင်မှာထားလို့

"နိုင်ငံရေးဆိုတာ
လူတိုင်းလူတိုင်းနဲ့ ဆိုင်တယ်၊
စီးပွားရေးဟာလဲ
နိုင်ငံရေးပါပဲ" လို့ 
မိန့် ကြားခဲ့တဲ့ အမေရယ်၊
ချွတ်ခြုံကျနေတဲ့
အာဏာရှင်စီးပွားရေးစနစ်အောက်က
ပြည်သူတွေဘ၀အတွက်
ရတက်မအေးများ
ဖြစ်နေရှာရော့သလား။

"ကိုယ်နေချင်တဲ့အိမ်ကို
ကိုယ်ဆောက်ရမှာဖြစ်တယ်၊
ကိုယ်နေချင်တဲ့အိမ်
ကိုယ်ဆောက်ရလို့ 
ပင်ပန်းတယ်၊ မောတယ်လို့ 
မထင်ပါနဲ့ " လို့ 
မှာကြားခဲ့တဲ့ အမေရယ်၊
မပြီးပြတ်သေးတဲ့
ဒီမိုကရေစီအိမ်လေး
တည်ဆောက်ရေးအတွက်
အားပေးစကားများ
ပြောနေလေရော့သလား။
 
"လှေတစ်စင်းကိုလှော်ရင်
လှော်တဲ့လူက နှစ်ယောက်၊
စီးတဲ့လူက
တစ်ရာ့ကိုးဆယ့်ရှစ်ယောက်၊
ဆိုရင်တော့
မြန်မြန်ရောက်ဖို့ မလွယ်ဘူး။
အရှူံးမပေးတဲ့စိတ်
အနိုင်မခံ၊ အရှုံးမပေးတဲ့စိတ်မျိုး
မွေးမြူကြပါ" ရယ်လို့ 
မြွက်ကြားခဲ့တဲ့အမေရယ်။
လမ်းဆုံးအောင် လျှောက်နိုင်ဖို့ 
တွန်းအားလေးတွေများ
ပေးနေလေရော့သလား၊
 
"နိုင်ငံအပေါ်မှာတကယ်ပဲ
စေတနာရှိတဲ့သူများဟာ
နိုင်ငံအတွက်တကယ်
အကျိုးရှိမယ့်
လုပ်ရပ်တွေကို
စပြီးဆောင်ရွက်ကြပါ လို့ 
ကျွန်မမေတ္တာရပ်ခံချင်ပါတယ်" တဲ့၊
အမေ့ရဲ့ မှာစကား
ရင်မှာထာဝစဉ်ထားလို့ 
နိုင်ငံတော်ကောင်းစားစေမယ့်
ဒီမိုကရေစီအရေး
လူ့ အခွင့်အရေး၊
တန်းတူညီမျှရေး
ဖွံ့ ဖြိုးတိုးတက်ရေးတွေအတွက်
တိုက်ပွဲဝင်နေဆဲပဲ အမေ။

                                                        ခင်မမမျိုး

From the Words of Aung San Suu Kyi










The words of the leaders are always powerful. Aung San Suu Kyi, Burmese democratic leader, represents the power of powerless. Powerful and Valuable words can be found in her writings, i.e. Freedom from Fear (1991, 1995), Letters from Burma (1997). On the anniversary of her Birthday, I would like to recall her key valuable words.

(1) ‘It is natural that a people who have suffered much from the consequences of bad government should be preoccupied with theories of good government’ (Aung San Suu Kyi, 1995:168)

Throughout the history, good government has served three main purposes such as maintaining order (Preserving life and protecting property), providing public goods and promoting equality with the welfare state concept.

According to the national development stream, the World Bank (1992) defined good governance as the means in which power is exercised in the management of a country’s economic and social resource for development. Regarding good governance, Leftwich identifies three stands as
-systematic (involves the distribution of both internal and external political and economic power)
-political (a state enjoying both legitimacy and authority, derived from a democratic mandate)
-administrative ( involves an efficient, open, accountable and audited public service which has the bureaucratic competence to help design and implement appropriate policies and manage whatever public sector there is). (Leftwich, 1993:610-611)

Furthermore, the UK’s Overseas Development Administration identified 4 components as
·         The legitimacy of government, which depends on the existence of participatory processes and the consent of those who are governed;
·         The accountability of both the political and official elements of government for their actions, depending on the availability of information, freedom of the media, transparency of decision-making and the existence of mechanisms to call individuals and institutions to account;
·         The competence of government to formulate appropriate policies, make timely decisions, implement them effectively and deliver services;
·         Respect for human rights and rule of law to guarantee individual and group rights and security to provide a framework for economic and social activity and to allow and encourage all individuals to participate. (Summarized in Truner & Hulme, 1997:231)

Thus, it is obvious that the words of Aung San Suu Kyi represent not only for the development of Burma, but also for the global agenda.

(2) ‘The people of Burma want not just a change of government but a change in political values. The unhappy legacies of authoritarianism can be removed only if the concept of absolute power as the basis of government is replaced by the confidence of the people in their right and ability to decide the destiny of their nation, mutual confidence between the people and their leaders and most importance of all, confidence in the principles of justice, liberty and human rights’ (Aung San Suu Kyi, 1995: 178)

People should have the rights to participate in the government decision making process by different means for the destiny of their nation. According to the procedural democratic theory, three main principles are important.
-Universal participation (everyone within the boundaries of political community should be allowed to vote)
-Political equality (all votes should be counted equally)
-Majority rule (A group should decide to do what the majority of its participants wants to do) (Goldman, 2005:35)

For a small and simple society, these principles must be met with a direct or participatory democracy (a system of government where rank-and-file citizens rule themselves rather than electing representatives to govern on their behalf). For a large society, representative democracy (a system of government where citizens elect public officials to govern on their behalf) is desirable. In this system, elected representatives should respond to public opinion so that ‘responsiveness’ has become the fourth principle of the procedural democratic theory.

Moreover, Aung San Suu Kyi mentioned to be confident in the principles of justice, liberty and human rights. Justice refers to fair and morally defensible treatment for individuals in the light of human rights standards or standards of economic or social well-being. (Taylor & Curtis, 2005:420) The rights to liberty set conditions on the way in which individuals interact. To implement the liberty rights of individuals, governments must protect them against incursions by other individuals. (Kelly, 1998:258)

The basic elements of human rights are not a simply matter of fundamental ideologies, norms-rules, standards and principles. In contrast, these are embedded in institutions. The core of the universal system consists of the United Nations Charter and related instruments such as the International Bill of Rights, the Universal Declaration of Human Rights of 1948, the International Covenant on Civil and Political Rights and the International Covenant on Economic, Social and Cultural Rights. Basically, human life is safer, pleasanter, and more dignified when rights are acknowledged than when they are not. (Brown, 2005:701)

(3) It is not enough merely to call for freedom, democracy and human rights. … A people who would build a nation in which strong, democratic institutions are firmly established as a guarantee against state-induced power must first learn to liberate their own minds from apathy and fear. (Aung San Suu Kyi, 1995:183)

Aung San Suu Kyi focused on the concept of freedom from fear. Freedom (eleutheria) is the fundamental democratic ideal. Freedom can be used in two main senses: freedom of and freedom from. Freedom of refers to the absence of constraints on behavior; for example, Freedom of Worship and Freedom of Speech. Freedom from refers to immunity from. It also symbolizes the fight against exploitation and oppression in the modern political context (Berry, 2005:13). The examples include Freedom from want and Freedom from fear. As the Burmese Democratic Movement is the fight against the oppression by the military regime, she encouraged the people to be fearlessness.

In conclusion, it is obvious that Aung San Suu Kyi have used the rightful principles and valuable words for the democratic struggle of Burma with her knowledge, skills and commitment to the struggle. May I conclude this essay with the most valuable words by Aung San Suu Kyi?

If you ask whether we shall achieve democracy, whether there will be general elections, Here is what I shall say. Don’t think about whether or not these things will happen. Just continue to do what you believe is right. One’s responsibility is to do the right thing.” (Aung San Suu Kyi, 1995:212)

                                                                                                                                  Khin Ma Ma Myo

References
Aung San Suu Kyi. (1995) Freedom from Fear, revised edition, Penguin Books, London
Brown, C. (2005) Human Rights in Baylis & Smith (eds.) (2005) Globalization, 3rd edition, Oxford University Press, Oxford
Crick, B. (2002) Democracy: A very short introduction, Oxford University Press, University of Oxford
Ferns & Watkins (1985) What Politics is About, The Sherwood Press, London
Kelly, D. (1998) A Life of one’s own: individual rights and the welfare state, in Steiner & Alston (eds.) (2000) International Human Rights in Context: Law, Politics & Morals, Oxford University Press, Oxford
Goldman, Berry & Janda (2005) The Challenge of Democracy, 8th edition, Houghton Mifflin Company, New York
Victor, B. (1998) The Lady: Aung San Suu Kyi, Nobel Laureate and Burma’s prisoner, Faber & Faber INC, New York
                     
မြန်မာနိုင်ငံ အမျိုးသမီးများ၏  နိုင်ငံရေးပါဝင်မှု အခန်းကဏ္ဍ                                





မြန်မာနိုင်ငံရဲ့ ခေတ်သမိုင်းအဆက်ဆက်ကို ပြန်လည်သုံးသပ်ပြီး အမျိုးသမီးများရဲ့ စွမ်းဆောင်နိုင်မှုတို့ အပေါ်မှာ လေ့လာခြင်းအားနဲ့ တသွယ်၊  ခေတ်အခါအခြေအနေနဲ့ နိုင်ငံရေး သမိုင်းကြောင်းတို့ အပေါ် ထောက်ရှုခြင်းအားဖြင့် တဖုံ လေ့လာခြင်းဖြင့် မြန်မာနိုင်ငံအမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်မှု အခြေအနေမှန်ကို သိရှိနိုင်ပါတယ်။ လွန်ခဲ့ပြီးသော နှစ်ပေါင်းတရာကျော်လောက်ကဆိုရင် ဖွံ့ဖြိုးတိုးတက်ခေတ်မီပါတယ်ဆိုတဲ့ နိုင်ငံကြီးများမှာတောင် အမျိုးသမီးတွေမှာ မဲပေးခွင့် မရခဲ့ကြပါဘူး။ အကြောင်းကတော့ အမျိုးသမီးထုကို လူအဆင့်ထက်လျော့ပြီး အနိမ့်ဆင့်မှာထားတဲ့ အတွေးအခေါ် သတ်မှတ်ချက်တွေကို ကြာရှည်ကျင့်သုံးရာက ကြာလာတော့ လောကနိယာမ အမှန်အဖြစ် လက်ခံသတ်မှတ် ကျင့်သုံးခဲ့ကြလို့ဖြစ်ပါတယ်။ လူမှုအဖွဲ့အစည်းများရဲ့ အချို့ဓလေ့ထုံးတမ်းတွေနဲ့ ဘာသာ အယူ ၀ါဒတွေ အရလဲ အမျိုးသားနဲ့ အမျိုးသမီးတို့အကြား တန်းတူတဲ့ အခွင့်အရေး ရပိုင်ခွင့်တွေမရှိဘဲ အမျိုး သမီးထုရဲ့ ဘ၀များကို ကျားနှင့်မအကြား အဆင့်အတန်းကွာဟမှုတွေ ရှိနေခဲ့ကြတာ ဖိုဝါဒတွေ ကြီးစိုးခဲ့တဲ့ ကလတလျှာက်လို့ဆိုရင်တောင် ဘယ်သူတဦးတယောက်ကမှ ငြင်းကြမှာ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့နှစ်ပေါင်း တရာကျော် အချိန်က တကမ္ဘာလုံးမှာ အမျိုးသမီးတို့ရဲ့ အစွမ်းအစနဲ့ အရည်အချင်းကို ထုတ်ဖေါ်ပြသခွင့် အခြေအနေ အလွန်ရှားပါးခဲ့ပါတယ်။ ဒီအချိန်တွေတုန်းက မြန်မာနိုင်ငံက အမျိုးသမီးများရဲ့ လူနေမှုဘ၀အဆင့်အတန်း အခြေအနေက တခြားနိုင်ငံက အမျိုးသမီးများနဲ့ သိပ်ကွာခြားမှုတွေ မရှိခဲ့ပါဘူး။ ရှေးယခင်က မြန်မာနိုင်ငံ အမျိုးသမီးများမှာ ပညာသင်ကြားခွင့်အခြေအနေက သိပ်များများမရှိခဲ့ကြပါဘူး။ နိုင်ငံရေး မတည်ငြိမ်မှုများ ကြားမှာ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်တို့နဲ့ ကိုလိုနီစနစ်နှင့် ဖက်ဆစ်စနစ် ဆန့်ကျင် တော်လှန်ရေး တို့မှာ အစွမ်းကုန် ကြိုးပမ်းလှုပ်ရှား ဆောင်ရွက်ခဲ့ကြပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုများထဲမှာ အမျိုးသမီးးများ ပါဝင်ခဲ့ကြပေမယ့် စီမံကွပ်ကဲ ဆုံးဖြတ်ချက်ချတဲ့ နေရာမျိုးတွေမှာတော့ အမျိုးသမီးများအတွက် အခွင့်အလမ်းရရှိမှု အလွန် နည်းပါးခဲ့ပါတယ်။
နိုင်ငံရေးအခြေအနေမကောင်းတဲ့ အချိန်အခါတိုင်း အမျိုးသမီးများက လိုအပ်တဲ့ ကွက်လပ်ကိုဖြည့်နိုင်စွမ်း အပြည့်ဖြည့် စည်းခဲ့ရပေမယ့်၊ ခေတ်ကာလတည်ငြိမ်ချိန်တွေမှာတော့ အမျိုးသမီးတို့ရဲ့ အစွမ်းအစကို အသိအမှတ်ပြုပြီး နိုင်ငံ ထူထောင်ရေးလုပ်ငန်းများမှာ ပါဝင်ဖို့အတွက် စဉ်းစားမှုအား နည်းပါးခဲ့ပါတယ်။ (၁၈)ရာစုမှာ မြန်မာတို့ ထီးနန်းပျောက်ခဲ့ရပြီး ဗြိတိသျှ ကိုလိုနီအစိုးရက မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကိုပေါင်းကာနှစ်ပေါင်းတရာကျော် အုပ်ချုပ်တာကို ခံခဲ့ရတယ်။  ဒါကြောင့် မြန်မာ့အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်မှု အခန်းကဏ္ဍကို  

() ဗြိတိသျှကိုလိုနီခေတ် မြန်မာနိုင်ငံ အမျိုးသမီးများရဲ့ ဘ၀အခြေအနေများနှင့် နိုင်ငံရေးပါဝင်မှု
() ဂျပန်ဖက်ဆစ်ဆန့်ကျင်တော်လှန်ရေးနှင့် အမျိုးသမီးများ ပါဝင်မှုအနေအထား
() မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်မှုအခြေအနေနှင့်
() (၁၉၆၂) မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးချိန်မှ ယနေ့တိုင် အမျိုးသမီးများရဲ့ နိုင်ငံရေးတွင် ပါဝင်ခွင့် အနေအထားများ

ဆိုပြီး အပိုင်း () ပိုင်းခွဲပြီး တင်ပြလိုပါတယ်။

          ()ဗြိတိသျှကိုလိုနီခေတ် မြန်မာနိုင်ငံအမျိုးသမီးများရဲ့ ဘ၀အခြေအနေများနှင့် နိုင်ငံရေးပါဝင်မှု                  

(၁၉၁၉)ခုနှစ်မှာ မြန်မာအမျိုးသမီးတို့ရဲ့ အခွင့်အရေးအတွက် အစဦးဆုံးရန်ကုန်မြို့တွင် မြန်မာမိန်းမများအသင်းကို တည်ထောင်ခဲ့ပါတယ်။ အသင်းဥက္ကဌအဖြစ် ဒေါ်ဒေါ်စုကဆောင်ရွက်ခဲ့ပြီး၊ ၁၉၂၀ခုနှစ် သပိတ်မှောက် ကျောင်းသားများ စားသောက်စရိတ် အဖြစ် သပိတ်မှောက် ကျောင်း()ကျောင်း ကိုထောက်ပံ့ပေးခဲ့ပါတယ်။ ရထားခနှုံးလျှော့ချရေး၊ အမျိုးသမီးအသင်းသူများဟာ ဘားမားဒေးဈေးရောင်းပွဲများမှာ ဈေးရောင်းပြီး ရံပုံငွေရှာခဲ့ကြပါတယ်။ တစထက်တစ ၀ံသာနုအမျိုးသမီးများဖြစ်တဲ့ ဒေါ်ကြင်အိမ်က (၁၉၁၉)ခုနှစ်မှာ ဒါနသုခ   အမျိုးသမီးများအသင်းမှာ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပါတယ်။  ဒေါ်ကြင်အိမ်ဟာ ကလျာဏယုဝတီအသင်းမှာလည်း ပထမဦးဆုံးဥက္ကဌဖြစ်ခဲ့ပါတယ်။ မျိုးချစ် စာရင်းဝင် အမျိုးသမီးများဟာ ပင်နီနဲ့ယောထဘီကိုဝတ်ပြီး၊ လိပ်ခွန်ဘီးများကို အင်္ဂလိပ်မုန်းသည့်အနေနဲ့ ချိုးဖဲ့မီးရှို့ ပစ်ကြပါတယ်။

နိုင်ငံရေးအမျိုးသမီးကြီး ဒေါ်ကြင်မြိုင်က (ကုန်းလိပ်၊ ကန်လိပ်၊ အင်္ဂလိပ်၊ ဘယ်လိပ်နဲ့မှ မဆက်ဆံဘူး)လို့ ကြွေးကျော်ခဲ့ပါတယ်။ အခွန်တော်မပေးဆောင်ရေး၊ မြန်မာအမျိုးသားဝန်ကြီးဘုရင်ခံများကို အင်္ဂလိပ်အစိုးရ အလိုတော်ရိ မဖြစ်စေရန် ဟောပြောပွဲများ ပြုလုပ်တာတွေ၊ ကာတွန်းရုပ်ပြောင်များနဲ့ ထိုးနှက်တာတွေ လုပ်ခဲ့ကြပါတယ်။ ကိုလိုနီအစိုးရကို ထောင်မကြောက်၊ တန်းမကြောက် ဆန့်ကျင်ကန့်ကွက်မှုအမျိုးမျိုးပြုပြီး တယောက်ကို ဖမ်းရင် အများကလိုက်ကန့်ကွက်ကြပါတယ်။ ထောင်ထဲဝင်ရမှာ မကြောက်ခဲ့ကြပါဘူး။ သခင်မကြီး ဒေါ်ဆယ်ဦးဆောင်တဲ့ သခင်မအမျိုးသမီးများကလည်း (၁၃၀၀)ပြည့်ရေနံမြေသပိတ် အရေးတော်ပုံမှာ သပိတ်တားများအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။ (သခင်မ )မသန်း၊ မမြခင်၊ မဂျမ်း၊ မညို၊ မပု၊ မထွေး၊ မစောစော၊ မစိန်ခင် မသိန်းနွဲ့၊မငွေခင်၊မစု၊မချစ်၊ စတဲ့ ထောင်နန်းစံသခင်မများရဲ့ ဆန့်ကျင်ဟန့်တားမှုတို့က ထိရောက်လှပါတယ်။ ၁၉၂၉ခုနှစ်မှာ မြန်မာနိုင်ငံ ဥပဒေပြုကောင်စီမှာ အမျိုးသမီးများ အမတ်ရွေးနိုင်ခွင့်ရရှိလာသည့်အခါ ဒေါ်နှင်းမြ(မော်လမြိုင်)က တွဲရေး အမတ်လောင်းအဖြစ် အရွေးခံရပါတယ်။ (၉၁)ဌာနအုပ်ချုပ်ရေးမှာ မဲပေးနိုင်သူ အမျိုးသမီး()သိန်းအနက် ()ဦးသာ မဲပေးပိုင်ခွင့်ရှိခဲ့ပါတယ်။ အသက်(၁၈)နှစ်ပြည့်တဲ့ အမျိုးသမီးတိုင်းမဲပေး ပိုင်ခွင့်ရရန်နဲ့ မြန်မာအမျိုးသမီးတို့ လူမျိုးခြားနဲ့ လက်ထပ်ပါက အမွေဆက်ခံခွင့်ရရှိစေရေး စတဲ့ ဥပဒေတို့ကို အဆိုတင်သွင်းခဲ့သည်။ (၁၉၄၇)ခုနှစ်မှာ ပြည်လုံးကျွတ် ဖဆပလအဖွဲံ့ချုပ်ညီလာခံက အဖွဲ့ချုပ်အမှုဆောင်အဖြစ် ဒေါ်ခင်လှရွေးချယ်ခံခဲ့ရပါတယ်။
                                                          
() ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့် အမျိုးသမီးများပါဝင်မှု

(၁၉၄၄)ခုနှစ်မှာ ဖက်ဆစ်ဂျပန်တွေက မြန်မာပြည်သူတို့အပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ အလွန်ဆိုးဝါးစွာ ခံစားခဲ့ကြရပါတယ်။ ဂျပန်များရန်ကြောင့် သခင်မျိုးချစ်ပုဂ္ဂိုလ်ကြီးများ ပုန်းလျှိုးနေခဲ့အခါများမှာ သခင်မများဖြစ်ကြတဲ့ ဒ်ါခင်လှ၊ ဒေါ်ဆယ်၊ ဒေါ်ကြာဇံ၊ ဒေါ်မညွန့်စတဲ့ အမျိုးသမီးများကလည်း စားရေရိက္ခာ သယ်ဆောင်ပေးခြင်း ဆက်သားအဖြစ် ဗမာ့တပ်မတော်နှင့်ဆက်သွယ်ပေးခြင်း၊ အာရှလူငယ်များနှင့်လည်း ဆက်စပ်ကာ လှို့ဝှက်သွေး စည်းရေးလုပ်ငန်းများ လုပ်ဆောင်ကြပါတယ်။ အမျိုးသမီးများက နည်းပရိယာယ်များသုံးကာ ဂျပန်စစ်သားများကို ဖျောက်ဖျက်ပစ်ခဲ့ပါတယ။ လက်နက်များကို လျှို့ဝှက်သယ်ဆောင်ခြင်း၊ ရံပုံငွေအတွက် စည်းရုံးလှုပ်ဆော်ပေးသည့် လုပ်ငန်းများလည်း ဆောင်ရွက်ခဲ့ကြပါတယ်။ ၊ဒေါ်ကြာဇံဟာ ရခိုင်အမျိုးသမီး၊ စစ်တွေမြို့သူ ဖြစ်ပါတယ်။ ဖက်ဆစ်တော်လှန်ရေး အတွက် လက်နက်စုဆောင်းရေးလုပ်ငန်းများကို ဖခင်နှင့် အမျိုးသမီးတို့အတူ စွန့်စွန့်စားစား ဆောင်ရွက်ခဲ့ကြပါတယ်။

 ()လွတ်လပ်ရေးရပြီးနောက် မြန်မာအမျိုးသမီးများ နိုင်ငံရေးပါဝင်မှု                  

မြန်မာနိုင်ငံရဲ့ (၁၉၄၇)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးမှာလည်း အမျိုးသမီးများရဲ့ ဆန္ဒသဘောထား ပါဝင်စေမှုအပေါ် အလေးထားမှု အားနည်းခဲ့ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် တိုင်းရင်းသားများ ညီညွတ်ရေးကို အလေးထားနေရမှုအပိုင်းကို ဦးစားပေးခဲ့ရတဲ့အတွက်လို့ ဆိုမယ်ဆိုရင်လဲ အမှန်အဖြစ်က အနစ်နာခံစရာရှိရင် အနစ်နာခံကာ နိုင်ငံရေးမှာ ပါဝင်ခဲ့ကြပြီး၊တိုင်းပြည်ပြန်လည်ထူထောင်ရေး အချိန်အခါမှာ အသိအမှတ်ပြု မခံရတာကတော့ အမှန်လိုဖြစ်ခဲ့ရပါတယ်။

ဒေါ်စောရွှေဟာ လူမျိုးစုလွှတ်တော်မှာ (၁၉၄၂) မှ (၁၉၅၆) အထိ တကြိမ်နဲ့ (၁၉၅၆) မှ (၁၉၆၀) အထိတကြိမ်၊ နှစ်ကြိမ်ဆက်တိုက် ရမည်းသင်း တောင်ပိုင်းအမတ်အဖြစ် အရွေးခံရပါတယ်။ (၁၉၄၆)ခုနှစ်မှာ မြန်မာမူဆလင် ကွန်ကရက်ရဲ့ ဥက္ကဌဖြစ်ခဲ့ပြီး မြန်မာမူဆလင်များကို မြန်မာလို့ အသိအမှတ်ပြုလာစေဖို့ ကြိုးပမ်းခဲ့ပါတယ်။ (၁၉၄၆-၁၉၆၀) ခုနှစ်များမှာလဲ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးးအသင်းဥက္ကအဖြစ် ဆောင်ရွက်ခဲ့ပြီး အသင်းအဖွဲ့များစွာမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။

၁၉၄၇ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက်  ဗိုလ်ချုပ်ရဲ့ မဲဆန္ဒနေရာမှာ (၁၉၄၇-၁၉၅၂) ဇနီးဒေါ်ခင်ကြည်က ရွေးချယ်တင်မြောက်ခံခဲ့ရပေမယ့် နိုင်ငံရပ်ခြားမှာ သံအမတ်တာဝန်ပေးအပ်ခံခဲ့ရပြီး နိုင်ငံရေးမှ အဝေးနေရာသို့ ပို့ထားခဲ့တာကို ခံခဲ့ရပါတယ်။    မစ္စစ်ဘမောင်ချိန်ဆိုတဲ့ ကရင်ကျောင်းဆရာမကြီးက (၁၉၅၂)ခုနှစ်မှာ ဟံသာဝတီ ခရိုင်မင်းတိုင်ပင် အောက်လွှတ်တော်အမတ်ဖြစ်လာပါတယ်။ပြည်နယ်များဖွဲ့သည့်အခါမှာလဲ ပြည်နယ်ဝန်ကြီးအဖြစ် ရွေးချယ်ခြင်းခံရပါတယ်။ ဒေါ်ခင်ချစ်၊ဒေါ်နှင်းလှနဲ့ ဒေါ်စိန်ပု၊တို့ကလဲ နိုင်ငံရေးလုပ်ငန်းစဉ်များမှာ ဦးဆောင်ဦးရွက်ြပုပြီး လှုပ်ရှားဆောင်ရွက်ခဲ့ကြပါတယ်။

() ၁၉၆၂ခုနှစ်စစ်အာဏာသိမ်းပြီှးချိန်မှ ၂၀၁၁ခုနှစ်အတွင်း အမျိုးသမီးများနိုင်ငံရေးတွင် ပါဝင်နိုင်မှု  

၁၉၆၂ခုနှစ်မှာ မြန်မာနိုင်ငံကို စစ်အာဏာသိမ်းသည့်အခါမှစပြီး မြန်မာပြည်သူများ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများ ဆိတ်သုန်းပျောက်ကွယ်ခဲ့ရပါတယ်။ စစ်အာဏာရှင် အကာအကွယ်ပေး ဥပဒေများထုတ်ပြီး နိုင်ငံရေး နိုးကြား တက်ကြွသူများကို အကြောင်းမျိုးမျိုးပြကာ  ဖမ်းဆီးထောင်ချ၊ ရက်စက်ကြမ်းကြုတ်သည့် လူမဆန်သည့် အပြုအမူများ ကျင့်သုံးပြီး အုပ်ချုပ်ခဲ့ပါတယ်။ ဒါကြောင့် မိဘများက သားသမီးများနိုင်ငံရေးကို စိတ်ပါဝင်စားမှာ စိုးရိမ်စွာနဲ့ တားမြစ်ကြပါတယ်။ အမျိုးသမီးများအဖို့မိဘများရဲ့ စိတ်ချမ်းသာမှုကို မထိခိုက်စေချင်တာက တဘက်မှာ စစ်ဗျူဟာသွတ်သွင်းခံရမှုကြောင့်လဲ အလိုအလျောက် အမျိုးသမီးများကိုနိုင်ငံရေးမှ ဖယ်ကျဉ်ခြင်း အနေအထား ရောက်ခဲ့တာ နှစ်ပေါင်းငါးဆယ်ပြည့်တော့မှာပါ။

၁၉၇၄ခုနှစ်မှာ ဖွဲ့စည်းပုံတခုပေါ်လာခဲ့ပေမယ့်လဲ အမျိုးသမီးများရဲ့ ဆန္ဒသဘောထားများ ပါဝင်စေရန် အမျိုးသမီးများကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်များ ပါဝင်ရေးဆွဲခဲ့ရခြင်းမရှိသလို အမျိုးသမီးများ အခွင့်အရေးကို အလေးထားမှုမပါဘဲ၊ရေဘုယျခြုံငုံသည့်အချက်များသာတွေ့ရပါတယ်။ စစ်အာဏရှင်များကို ဆန့်ကျင်ကန့်ကွက်မှု ပြုသူများထဲမှာ ကျောင်သားများ ထိပ်ဆုံးမှပါဝင်ခဲ့ကြပါတယ်။ ဒီအထဲမှာ အမျိုးသမီးကျောင်းသူများ ပါဝင်သလို။နိုင်ငံရေးစိတ်ဝင်စားတဲ့ အမျိုးသမီးများစွာ ရှိပါတယ်။ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ် ပေါက်လာရေးမှာလဲ အမျိုးသမီးတို့ရဲ့ ဆန္ဒသဘောထားများနဲ့ စွမ်းဆောင်နိုင်တဲ့ အမျိုးသမီးများ ပါဝင်ခွင့်မရခဲ့သလို၊စစ်အာရှင်များကို အကာအကွယ်ပေးတဲ့ အချက်များကိုပဲ အဓိကထားရေးဆွဲခဲ့ပါတယ်။

လူဦးရေရဲ့ ထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးများ အရေးအတွက်၊ အမျိုးသမီးများကိုယ်တိုင် ထိထိရောက်ရောက် မဆောင်ရွက်နိုင်သရွေ့၊ အမျိုးသမီးအခွင့်အရေးတွေနဲ့ အလှမ်းဝေးနေဦးမှာဖြစ်ပါတယ်။  (၂၀၁၁)ခုနှစ် အစပိုင်းမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးနိုးကြားတက်ကြွတဲ့ အပြင် ကိုယ်ကျိုးစွန့်အနစ်နာခံ၊ နိုင်ငံရေးလှုပ်ရှားခဲ့ကြတဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားလေးရာကျော်ရှိနေရဆဲပါ။ နိုင်ငံရေးမှုနဲ့ ထောင်ကျသွားသူတွေကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ပြီး ဝေးလံတဲ့ ထောင်များကို ပြောင်း ရွေ့ထားခြင်းတွေကြောင့် သက်ဆိုင်ရာမိသားစုများ ထောင်ဝင်စာ သွားရောက်တွေ့နိုင်ရန် အခက်အခဲများစွာ တွေ့ကြရပါတယ်။ အိမ်တွင်ကျန်နေတဲ့ အမျိုးသမီးများကအိမ်တာဝန်၊သားသမီးတာဝန်အပြင် ထောင်ဝင်စာအတွက် ကြိုးပမ်းရပါတယ်။ ပြင်ပမှာ နိုငံရေးလုပ်နေစဉ်မှာလဲ နောက်ကွယ်က အားပေးကူညီမှုတွေကြောင့် နိုင်ငံရေးလုပ်ငန်းတွေ လုပ်နိုင်ခြင်းဖြစ်တာတွေ ရှိတာကြောင့် ဒီလို အမျိုးသမီးများ မြန်မာနိုင်ငံအိမ်တိုင်းမှာ ရှိနေမည်ဟုယူဆရင် မှားမှာမဟုတ်ပါ။ အမျိုးသမီးများနိုင်ငံရေးမှာ ပါဝင်မှုများပေမယ့် ဆုံဖြတ်ချက်ချရတဲ့ ထိပ်ပိုင်းဆိုင်ရာတို့မှာ မရှိခြင်းမှာအမျိုးသမီးများ အရည်အချင်းမရှိ၍ မဟုတ်ပါ။

မြန်မာနိုင်ငံမှာ  အမျိုးသမီးတွေဟာ အသက်မွေးဝမ်းကြောင်း နည်းပညာများနဲ့ စီးပွား ရေးဆိုင်ရာ လုပ်ငန်းများမှာ ကျွမ်းကျင်ကြပါတယ်။ ဆေးပညာ၊ ဥပဒေဆိုင်ရာပညာ၊ ဌာနဆိုင်ရာ အသီးသီးမှာ ရာထူးအလိုက် တာဝန်များ ထမ်းဆောင်နေသူများလည်းရှိပါတယ်။ သုခုမဂီတအနုညာရုပ်ရှင်စတဲ့ နယ်ပယ်များမှာလဲ  အမျိုးသမီးများ ထူးချွန်စွာ ဆောင်ရွက်နိုင်ကြပါတယ်။ အလုပ်ရုံစက်ရုံနဲ့ လယ်ယာ လုပ်ငန်းများမှာလည်း ၀င်ရောက်လုပ်ကိုင်နိုင်ကြပါတယ်။ အမျိုးသမီးများရဲ့ စွမ်းဆောင်နိုင်မှုက မိခင်တာဝန်နဲ့ တပြိုင်ထဲ အိမ်ထောင်ရပ်တည်ရေးတာဝန်များ စီမံ ဆောင်ရွက်နိုင်တဲ့ အရည်းအချင်းကို အသိအမှတ်မပြုလို့ မရတဲ့အချက်ဖြစ်ပါတယ်။

အစိုးရသစ်အမည်ခံ အစိုးရသစ်မှာ အမျိုးသမိးဝန်ကြီး တယောက်မှ မပါတာကတော့ အထက်ကပြောခဲ့တဲ့ အချက်တွေရဲ့သက်သေအထောက်အထားဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသူ လေးရာကျော်ရဲ့အစွမ်းက အာဏာရှင် နိုင်ငံရေးကို ကိုင်လှုပ်နိုင်တာမို့ အကျဉ်းချထားကြပါတယ်။ အပြင်မှာရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေနဲ့ ဆုံတွေ့မှာ စိုးကြောက်နေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင့်တည်ကြည်တဲ့ စိတ်ဓါတ်။ မြင့်မြတ်တဲ့ စိတ်စေတနာနဲ့ စွန့်လွှတ်ပေးဆပ်မှုတွေကို အသိအမှတ်ပြုနေတဲ့ ပြည်သူရဲ့အား စုစည်းမိမှာကြောက်နေရတယ်။ပြည်သူ့ခေါင်းဆောင်ကို အမျိုးသမီးထုက ညီညီညွတ်ညွတ် ၀န်းရံနိုင်ရင် အမျိုးသမီးများရဲ့ နိုင်ငံရေးစွမ်းဆောင်မှု အောင်မြင်မည်လို့ အလေးအနက် ယုံကြည်ပါတယ်။ ဒါကြောင့် ၆၆ နှစ်မြောက် မွေးနေ့မင်္ဂလာရက်မြတ်မှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရွှင်လန်းပါစေကြောင်းနဲ့ အမျိုးသမီးနိုင်ငံရေး အကျဉ်းသူများနှင့်အတူ နိုင်ငံရေး အကျဉ်းသားအားလုံး ကျန်းမာရွှင်လန်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
                                                                                                                      ဒေါ်မော်လီ


အမျိုးသမီးများနှင့် နိုင်ငံရေးပါဝင်ပတ်သက်မှု




အစဉ်အလာ ဓလေ့ထုံးစံတွေက အမျိုးသမီးတွေကို အားနည်းသူများလို့ သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါကြောင့်လဲ အမျိုးသမီးတွေဟာ မိသားစုတွင်းမှာရော၊ ပြင်ပမှာပါ အမျိုးသားများအပေါ်မှာ မှီခိုနေရသူများ အဖြစ် ခွဲခြားဆက်ဆံခံခဲ့ကြရပါတယ်။ အမျိုးသမီးတွေကို မျိုးဆက်သစ်ပြန့်ပွားရေး၊ အိမ်မှုကိစ္စပြုလုပ်ရေး လုပ်ငန်းဆောင်တာများ လုပ်ကိုင်ဖို့အတွက်သာ သတ်မှတ်ထားခဲ့ကြပြီး၊ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင် ပတ်သက်မှုကဏ္ဍကို လျစ်လျူရှုခံခဲ့ ရပါတယ်။ အမျိုးသမီးတွေဟာ နိုင်ငံရေးရာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု နည်းပါးတယ်လို့ ယူဆခဲ့ကြပါတယ်။ အခုလို မြန်မာအမျိုးသမီးနေ့ ဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့အခါသမယမှာ အမျိုးသမီးနဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုအကြောင်းကို တင်ပြလိုပါတယ်။

နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုတာ လူပုဂ္ဂိုလ်တဦးချင်းကပဲဖြစ်ဖြစ်၊ အုပ်စုဖွဲ့ပြီးဖြစ်ဖြစ် သူတို့ရဲ့ ဘ၀တွေ အပေါ်မှာ သက်ရောက်မှုရှိစေမယ့် အစိုးရလုပ်ငန်းဆောင်တာတွေ အပေါ်မှာ တက်ကြွစွာ ပါဝင်ပတ်သက်မှု ဖြစ်ပါတယ်။ ဒီလိုပါဝင်ပတ်သက်ရာမှာ ဆုံးဖြတ်ချက်ချမှတ်တဲ့ ကိစ္စရပ်တွေမှာ ပါဝင်ရတာ ရှိသလို အတိုက်အခံအဖြစ် ပါဝင်ပတ်သက်မှုတွေလဲ ရှိမှာ ဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်များက နိုင်ငံရေးပါဝင် ပတ်သက်မှုဆိုတာကို ပုံသဏ္ဍာန်နှစ်မျိုး ခွဲခြားသတ်မှတ် ထားကြပါတယ်။ ပထမတမျိုးကတော့ ထုံးတမ်းစဉ်လာ နိုင်ငံရေးလုပ်ငန်းဆောင်တာဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်း တွေမှာ ပါဝင်ဆောင်ရွက်တဲ့  သဏ္ဍာန်ဖြစ်ပါတယ်။ နောက်တမျိုးကတော့ အဲဒီလို ထုံးတမ်းစဉ်လာနိုင်ငံရေးမှာ ပါဝင်ပတ်သက်တာမဟုတ်ပဲ ချီတက်ပွဲတွေ၊ ဆန္ဒပြပွဲတွေ၊ တော်လှန်ရေးဆင်နွှဲမှုတွေအနေနဲ့ ပါဝင်တာဖြစ်ပါတယ်။

နှစ်ဆယ်ရာစုကာလ မတိုင်ခင်အထိ ဒီအသွင်သဏ္ဍာန်နှစ်မျိုးလုံးမှာ အမျိုးသမီးတွေ ပါဝင်ပတ်သက်မှုအပေါ် ကန့်သတ်ချက်တွေ အများအပြား ရှိခဲ့ပါတယ်။ နှစ်ဆယ်ရာစုနှောင်းပိုင်း ကာလရောက်တော့ လူ့အဖွဲ့အစည်းတွေရဲ့ အတွေးအခေါ်တွေ၊ စိတ်နေစိတ်ထားတွေ တိုးတက်မြင့်မားလာတာနဲ့အမျှ အမျိုးသမီးတွေရဲ့ တက်ကြွလှုပ်ရှားနိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုနှုန်းဟာ သိသိသာသာ မြင့်တက်လာသလို၊ ထုံးတမ်းစဉ်လာနိုင်ငံရေးမှာ ပါဝင်ပတ်သက်လာကြတဲ့ အမျိုးသမီးပါလီမန်အမတ်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ နိုင်ငံတော်အကြီးအကဲတွေလဲ ပေါ်ထွက်လာပါတယ်။ ဒါပေမယ့် တချို့သော ခေတ်နောက်ပြန်ဆွဲ အတွေးအခေါ်တွေရှိနေတဲ့ လူ့အဖွဲ့အစည်းတွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက် ခေတ်မှီမှု နောက်ကျနှေးကွေးတဲ့ အမျိုးသားတစုကသာ အာဏာရနေတဲ့ နိုင်ငံတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေမှာကျတော့ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုတွေကို နည်းမျိုးစုံနဲ့ ကန့်သတ်ထိန်းချုပ် ထားတတ်ကြပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံအပါအ၀င် တချို့သောနိုင်ငံတွေမှာဆိုရင် ဓလေ့ထုံးစံတွေ၊ အဆိုအမိန့်တွေ၊ ဘာသာစကားတွေ၊ ပညာရေးစာအုပ်စာတမ်းတွေ၊ အလုပ်ခွဲဝေ သတ်မှတ်မှုတွေ၊ ဘာသာတရား အဆိုအမိန့်တွေကို အသုံးပြုပြီး၊ အမျိုးသားတွေက အမျိုးသမီးတွေကို ဘယ်ကဏ္ဍမှာ ပါရမယ်၊ မပါရဘူး ဆိုတာမျိုးတွေနဲ့ လွှမ်းမိုးချုပ်ကိုင်တဲ့ လူမှုရေး၊ ၀ါဒဖြန့်ချိရေး၊ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်တွေ ပျံ့နှံ့နေဆဲပဲ ဖြစ်ပါတယ်။ ဒီလို အတွေးအခေါ်တွေဟာ အမျိုးသမီးတွေကို အိမ်တွင်းဝန်းကျင်မှာသာ မိခင်၊ ဇနီးအနေနဲ့ နေထိုင်ကျင်လည်စေပြီး၊ အမျိုးသားတွေကိုသာ ပြင်ပ၀န်းကျင်မှာ ပါဝင်ပတ်သက်စေတာတွေ ရှိနေစေခဲ့ပါတယ်။

နိုင်ငံရေးရာတွေဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးယဉ်ကျေးမှုတွေမှာ အမျိုးသားများကသာ လွှမ်းမိုးချုပ်ကိုင်မှုဟာလဲ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို ကန့်သတ်ထားပါတယ်။ နိုင်ငံရေးပါတီ ခေါင်းဆောင် တွေမှာ၊ အစိုးရထဲမှာ အမျိုးသားတွေပဲ ပါဝင်နေခဲ့ရင် နိုင်ငံရေးရာ ကိစ္စရပ်တွေကို အမျိုးသားအမြင်နဲ့သာ ကြည့်ရှုဆုံးဖြတ် တတ်ကြတာကြောင့်၊ လူဦးရေ တ၀က်ကျော်ရှိတဲ့ အမျိုးသမီးတွေကို လျစ်လျူရှုထားတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ဒီလို နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရတွေကို လူထုအားလုံးကို ကိုယ်စားပြုတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ အစဉ်အလာတွေ အရ အမျိုးသားတွေဟာ အမျိုးသမီးတွေကို နိုင်ငံရေးနဲ့ ဆက်နွယ်လာရင်တောင် ဇနီး၊ မိခင်တွေအနေနဲ့သာ ခေါ်ဆောင်လာတတ်ကြပါတယ်။ ဒါကို နိုင်ငံရေးရာတွေမှာ အမျိုးသမီးတွေ ပါဝင်လာတယ်လို့ မသတ်မှတ်နိုင်ပါဘူး။

ဒီလိုအတွေးအခေါ်တွေ၊ လုပ်ဆောင်မှုတွေကြောင့် ကိုယ့်ဘ၀အပေါ်မှာပါ သက်ရောက်မှုရှိနေတဲ့ နိုင်ငံရေးရာတွေမှာ အမျိုးသမီးရဲ့ ပါဝင်ဆောင်ရွက်ခွင့်တွေ အားနည်းခဲ့ကြတာပါ။ တကယ်တော့ ဒီလိုအတွေးခေါ်တွေ၊ လုပ်ဆောင်မှုတွေဟာ တိုးတက်ခေတ်မှီတဲ့နိုင်ငံကြီးတွေမှာလဲ ရှိခဲ့ဖူးတာပါပဲ။ ဒီနိုင်ငံကြီးတွေမှာလဲ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေနဲ့ တိုးတက်တဲ့ အမြင်ရှိတဲ့ အမျိုးသား အချို့ကြောင့်သာ နောက်ပိုင်းမှာမှ တစတစ အမျိုးသမီးတွေရဲ့ မဲပေးပိုင်ခွင့်၊ ပါလီမန်အမတ်ရွေးချယ်ခံခွင့်၊ ဆန္ဒပြပွဲများမှာ ဦးဆောင်ပါဝင်ခွင့် စတဲ့ အခွင့်အရေးတွေ ရရှိလာခဲ့ကြတာပါ။

ကျွန်မတို့တိုင်းပြည်မှာကျတော့ ဒီလိုအတွေးအခေါ်တွေ၊ အယူအဆတွေရဲ့ လွှမ်းမိုးမှုတွေတင်သာမက အုပ်ချုပ်သူ စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကပါ အပိုထပ်ဆောင်းလာပါတယ်။ အမျိုးသားများသာ ပါဝင်တဲ့ စစ်တပ်ကသာ တိုင်းပြည်အာဏာကို သိမ်းယူထားတာကြောင့် အမျိုးသမီးများရဲ့ အစိုးရအဖွဲ့ဝင်အဖြစ် နိုင်ငံရေးပါဝင်ပတ်သက်နိုင်မှုအခွင့်အရေးဟာ ဆုံးရှုံးသွားပါတယ်။ တခါ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေကိုလဲ ဖိနှိပ်ချုပ်ချယ်ထားတာကြောင့် အမျိုးသမီးများရဲ့ ထုံးတမ်းစဉ်လာနိုင်ငံရေး ပါဝင် ပတ်သက်ခွင့်ဟာလဲ လျော့နည်းသွားပြန်ပါတယ်။ ချီတက်ဆန္ဒပြပွဲတွေ၊ လူထုစုဝေးပွဲတွေကို ပိတ်ပင်ထားတာကြောင့် တက်ကြွစွာလှုပ်ရှားရတဲ့ နိုင်ငံရေးလုပ်ငန်း ဆောင်တာတွေမှာလဲ အမျိုးသမီးတွေ ပါဝင်ခွင့် မရတော့ပြန်ပါဘူး။ စစ်အုပ်စုဟာ ခေတ်ဆွေးနေတဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေကို အသုံးပြုပြီး အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု အခွင့်အရေးကို ပိတ်ပင်ထားပါတယ်။ နိုင်ငံရဲ့ လူဦးရေတ၀က်ကျော်ဟာ အမျိုးသမီးများဖြစ်တာကြောင့် အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု အခွင့်အရေးကို ပိတ်ပင်ထားခြင်းဟာ စစ်အုပ်စုအာဏာတည်မြဲရေးရဲ့ လက်နက်ကြီးတခုသဖွယ် ဖြစ်နေပါတယ်။

တကယ်တော့ လူ့အဖွဲ့အစည်းဆိုတာဟာ အမျိုးသားနဲ့ အမျိုးသမီး နှစ်မျိုးလုံးနဲ့ ပေါင်းစပ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လူဦးရေ တ၀က်ကျော်ရဲ့ တိုးတက်မှု အခွင့်အလမ်းတွေ၊ နိုင်ငံရေးရာ ပါဝင်ပတ်သက်မှုတွေကို ကန့်သတ်ချုပ်ချယ်တာဟာ လူ့အဖွဲ့အစည်းတခုလုံးကို ဆုတ်ယုတ်ပျက်စီးအောင်၊ တိုးတက်မှု နှောင့်နှေးအောင် ပြုလုပ်တာနဲ့ အတူတူပါပဲ။ ရေမြင့်မှ ကြာတင့်မှာ ဖြစ်ပါတယ်။ အမျိုးသမီးများ နိုင်ငံရေးပါဝင်ပတ်သက်မှု လျော့နည်းတာဟာ ရေနည်းနေတာနဲ့ အတူတူပါပဲ။ လူ့အဖွဲ့အစည်း တိုးတက်မြင့်မားမှုဆိုတဲ့ ကြာပန်း တင့်တင့်တယ်တယ်ပွင့်လာဖို့က အမျိုးသမီး တွေအပေါ်မှာလဲ အများကြီး မူတည်လှပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို လျော့ကျစေနိုင်တဲ့ အကြောင်းရင်းများကို ၀ိုင်းဝန်းဖယ်ရှားကြရင်း မြန်မာ့လူ့အဖွဲ့အစည်းတိုးတက်မှုကနေ ကမ္ဘာတ၀ှမ်းက လူ့အဖွဲ့အစည်းအားလုံး တိုးတက်မြင့်မားဖို့ ၀ိုင်းဝန်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

                                                                                                                                    ခင်မမမျိုး