ရွှေဂုံတိုင်မူနှင့် မှတ်ပုံတင်ရေး/ မတင်ရေး

ကိုပေါက် | တနင်္လာနေ့၊ အောက်တိုဘာလ ၃၁ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၀ မိနစ်

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Posner မြန်မာနိုင်ငံခရီးစဉ်စတင်

တနင်္လာ, 31 အောက်တိုဘာ 2011

ကြောင်လိုလို ကြွက်လိုလို လုပ်မနေနဲ့ (မောင်ဝံသ)

  October 31, 2011

မြန်မာ့ဒီမိုကရေစီအောက်မှ ပြည်သူတို့ ဘဝ

ဖမ်းထားသည့် မြန်မာအလုပ်သမားများကို အစာရေစာ မပေး

ကျန်းမာရေး

သွေးတိုးအတွက် လူလည်း ကျန်းမာ, ငွေလည်း သက်သာ

သူ့ အမြင်

သမ္မတ- ဦးသိန်းစိန်နှင့် အစိုးရတာဝန်ရှိသူများထံ ကျနော့်အမြင်- ကျနော့်အထင် နိုင်ငံရေးရှုထောင့် တစိတ်တဒေသအား တင်ပြဆွေးနွေးခြင်း..။

အဲဒီလို မလုပ်ရ

ဒုက္ခပေးသူ

အရက်မူးလာသော လူတစ်ယောက် လမ်းမပေါ်မှနေပြီး တစ်ရပ်ကွပ်လုံးကြားအောင် အော်ပြောနေသည် ။
" အရပ်ကတို့ရေ.. အရပ်ကတို့....."
တိုက်ခန်းများတွင် မီးများလင်းလာသည် ။ ပြတင်းတံခါးများဖွင့်လာသည် ။ ဘာများဖြစ်လဲဟု စိုးရိမ်ပူပန်သော မျက်နှာများ ပေါ်လာသည် ။

ထိုလူက ထပ်အော်သည် ။
" မျက်နှာလွဲထားကြပါ ။ ကျနော် ရူးရူးပေါက်မလို. ... "

NLD ဆိုရင် အနှောက်အယှက်ပေးနေတယ် ။

ယင်းမာပင်မြို့နယ် ဆားလင်းကြီး အနောက် မြိုင်နယ်စပ်က တောင်ယမားနဲ့ မြောက် ယမားဆည်တွေကို သက်ဆိုင်ရာက အောက်တိုဘာလ ၁၉ ရက်နေ့ညက ရေဖောက်ချခဲ့ရာမှာရေဘေးဒုက္ခရောက် ပြည်သူများကိုကူညီရန်သွားသော မုံရွေး NLD လူငယ်အဖွဲ့ ကို သက်ဆိုင်ရာတို့ က အနှောက်အယှက်ပေးခဲ့ကြပါတယ် ။ NLD မှဆန်နှင့် အခြေခံစားသောက်ကုန်အပါအဝင် ကျပ်ငွေ သိန်းလေးဆယ်ကျော်ဖိုး လှုဒါန်းခဲ့ပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်နှင့်ဆွေးနွေးမှုလုတ်တိုင်းမှာ ဒီလိုမျိုးအနှောက်အယှက်တွေ ရှိနေပါတယ်

တနင်္လာနေ့၊ အောက်တိုဘာလ ၃၁၊ ၂၀၁၁


ရန်ကုန်မြို့ တော်ခန်းမတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ထပ်မံ တွေ့ဆုံ

တနင်္ဂနွေ, 30 အောက်တိုဘာ 2011

မနိုင်ရင်ဖဲခိုးဦးမှာလား သိန်းသိန်းရေ ?

ဖုန်းကြီးတွေကို ထောင်ထဲမှာ နှိတ်စက်

ထောင်တွင်းမှာ နှိပ်စက်ခံရလို့ ဆရာတော် ပြော

၂၀၀၇ သံဃာ့ အရေးအခင်းတုန်းက တောင်ဥက္ကလာ၊ ငွေကြာယံ ကျောင်းတိုက် ထဲကနေ အဖမ်းခံရပြီးနောက် ထောင်ဒဏ် လေးနှစ်ကျော် ကျခဲ့တဲ့ ဆရာတော် ဘဒ္ဒန္တကောဝိဒဟာ မကြာခင်ကပဲ သရက်ထောင်က လွတ်လာပါတယ်။
အဖမ်းခံရတဲ့အချိန်ကစလို့ ထောင်ထဲမှာ ရိုက်နှိက်တာတွေ၊ ရမ်းရမ်း ကားကား ပြောဆိုတာတွေ ခံခဲ့ရကြောင်း ဆရာတော်က ဘီဘီစီကို မိန့်ပါတယ်။
ဆရာတော်ကို ထောင်ထဲမှာ စိတ်ဝေဒနာရှင်တွေနဲ့ အတူထားပြီး သူတို့ ကလည်း ဆရာတော်ကို ရိုက်နှက်တာတွေ လုပ်တယ်လို့ ဆိုပါတယ်။
ဆရာတော် အရှင် ကောဝိဒဟာ ရခိုင်ပြည်နယ် ပေါက်တာမြို့ဇာတိဖြစ်ပြီး ရန်ကုန် ဒဂုံမြို့သစ် အရှေ့ပိုင်း၊ တက္ကသီလာ မဟာဇေယျ သိဒ္ဓိ ပဌာန်း ကျောင်းတိုက်ရဲ့ ဦးစီး ပဓာန နယက ဆရာတော် ဖြစ်ပါတယ်။
သက်တော် ၅၉ နှစ်ရှိ ဆရာတော်ဟာ လွတ်ရက်စေ့ဖို့ ရက်ပိုင်းအလိုမှာ လွတ်လာတာလို့လည်း သိရပါတယ်။

ကချင်ရွာထဲမှာ အစိုးရစစ်တပ် လူသတ်မှု

ကချင် ရွာ ထဲ က အစိုးရ စစ်တပ် ရဲ့ လူသတ်မှု

ဒုက္ခသည်စခန်းကနေ အပြန်မှာ ရွာသားနှစ်ဦး ပစ်သတ်ခံ လိုက်ရတာ ဖြစ်ပါတယ်
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဘက်မှာ အစိုးရစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများအပြားရှိနေတယ် လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂ ပတ်လောက်က မိုးမောက်မြို့နယ် နန်ဆန်ရွာထဲမှာ ရွာသားနှစ်ဦး အစိုးရစစ်တပ်ရဲ့ ပစ်သတ်တာကို ခံလိုက်ရတယ်လို့ တခြား ရွာသား တဦးက ဘီဘီစီကို ပြောပြပါတယ်။
အသက် ၄၀ အရွယ် ရီလူး ဆိုသူနဲ့ အသက် ၃၀ အရွယ် ဆန်တား တို့နှစ်ဦးဟာ တိုက်ပွဲတွေကြောင့် ကြောက်လန့်ပြီး ဒုက္ခသည်စခန်းကို ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ကြောင်း နဲ့ တပတ်အကြာမှာတော့ ရွာမှာရှိတဲ့ သူတို့ရဲ့ ကျွဲ နွားတွေနဲ့ လယ်ယာတွေကို စိတ်မချလို့ ပြန်လာကြည့်ရာ မှာ ရွာ ထဲမှာ တင် သူတို့ ပစ်သတ်ခံလိုက်ရ တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို အစိုးရစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ တရားလက်လွတ် လုပ်နေ တာတွေဟာ ပုံစံမျိုးစုံရှိနေတယ်လို့ ဘီဘီစီ သတင်းထောက် ဦးမျိုးသစ်က ပြောပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့က ဒေါ့ဖုန်းယန်မြို့နယ်ခွဲ နန်ဆန်ယန်ရွာက ကိုဌေးမောင်နဲ့ ကိုတင်ဝင်း ဆိုသူ ၂ ဦး လည်း အသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
ကက်သလစ် တရားဟောဆရာ အောင်လီဟာ ဘုရားကျောင်းထဲမှာ ပုန်းနေစဉ် အစိုးရ စစ်တပ်က ဆွဲထုတ်ပြီး နောက်ကျောကို သေနတ်နဲ့ ပစ်ခဲ့ တာတွေ၊ နောက်တခါ စခန်းတပ် ရွာက လူတဦးလည်း အရိုက်ခံရလို့ ဆေးရုံတင် လိုက်ရတာတွေ ရှိကြောင်း ဦးမျိုးသစ် က ပြောပါတယ်။
လက်နက်ကြီး ကျည်တွေ ကျလို့ အများပြည်သူ ထိခိုက် သေဆုံးရတာ တွေလည်း ရှိခဲ့ပါတယ်။
ကွတ်ခိုင်မြို့နယ် လွယ်ကန်ဘက်မှာ ရွာသား ၁၀ ယောက်ကျော်ကို မသင်္ကာလို့ ဆိုကာ အစိုးရ စစ်တပ်က ဖမ်းခေါ်သွားပြီး ကွတ်ခိုင် ဗျူဟာရုံးထဲမှာ ဖမ်းထားကြောင်း၊ ဆွေမျိုးတွေက သွားရောက်ပြီး တွေ့ခွင့်တောင်းတော့လည်း သူတို့ဟာ KIA နဲ့ အဆက်အသွယ်ရှိတဲ့ လူတွေ ဖြစ်လို့ ထောင်ချမှာ ဖြစ်ကြောင်း ပြောလွှတ်လိုက်တယ်လို့ ဆိုပါတယ်။
အစိုးရစစ်တပ်က ပေါ်တာ ဆွဲတဲ့နေရာမှာလည်း ကလေးမိခင်တွေကိုပါ ပေါ်တာဆွဲနေတယ် လို့ သိရပါတယ်။

ကျောင်းသားတပ်မတော်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး တည်ထောင်ခြင်း ၂၃ နှစ်မြောက် ထုတ်ပြန်ကြေညာချက်

ဗန်းမော်ခရိုင် ၂ နေရာတိုက်ပွဲတွင် သန်းရွှေမျောက် ၇ ကောင်သေ

Published on Friday, 28 October 2011 08:17

ယင်းမာပင်မြို့နယ် ယမားဆည် ဖောက်ချမှုကြောင့် ကျေးရွာတွေ ရေလွှမ်းမိုး

2011-10-29

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မိုးများပြီး ဆည်ရေ လျှံက မှုကြောင့် ယင်းမာပင်မြို့နယ် ဆားလင်းကြီး အနောက် မြိုင်နယ်စပ်က တောင်ယမားနဲ့ မြောက် ယမားဆည်တွေကို သက်ဆိုင်ရာက အောက်တိုဘာလ ၁၉ ရက်နေ့ညက ရေဖောက်ချခဲ့ရာမှာ ဆည် အောက်ပိုင်း ဒေသက ကျေးရွာတွေမှာ မွေးမြူရေး တိရိစ္ဆာန်တွေ အပါအဝင် လူသေဆုံးမှုတွေ ရှိပြီး စိုက်ခင်းတွေ ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
မြောက်ယမားဆည် ဖောက်ချရာမှာ သဲတော၊ ရေကြည်ပင်၊ မြရိပ်၊ မြစိမ်း စတဲ့ ကျေးရွာတွေ ရေလွှမ်းမိုးခဲ့ပြီး ဆိတ်အကောင် ၇ဝ၊ နွား ၁၆ ကောင် သေဆုံးပြီး ဘုန်းကြီးကျောင်း ၁ ကျောင်း အပါအဝင် အိမ် ၁၇ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နတ်ထောက်ရွာမှာ အသေအပျောက်မရှိပေမယ့် ၂ ထပ်အိမ်အောက်ထပ် အထိ သဲမြုပ်ခဲ့ပါတယ်။ တောင်ယမားဆည် အောက်မှာရှိတဲ့ ရွာတွေထဲမှာ ချောင်းနားက ၁ ဦး၊ ဝက်ကုန်းရွာက ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရေဘေးဒုက္ခ ကြုံနေတဲ့ ရွာတွေကို ဗုဒ္ဓသာသနာ့ အကျိုးဆောင်အဖွဲ့၊ ဒေဝကတိ၊ မြတ်ဒါနနဲ့ ရွှေနှလုံးသား လူမှုရေးအဖွဲ့တွေက ရေမြုပ်ရွာတွေဆီကို သွားရောက်ပြီး အကူအညီတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ယင်းမာပင်မြို့နယ် ရေဘေးအတွက် အကူအညီ မပေးရသေးဘူးလို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။ သက်ဆိုင်ရာ အစိုးရဌာနတွေက ရေဘေးသင့် ရွာတွေကို သွားရောက် ကြည့်ရှုခဲ့ပေမယ့် အကူအညီ တစုံတရာ ပေးတာ မရှိသေးဘူးလို့ သိရပါတယ်။
ကဗျာဆရာ လှသန်း
(၁၉၆၃ - ၂၀၁၁)
ရန်ကုန်မြို့မွေးဖွား
၂၂ ရက်၊ အောက်တိုဘာလ၊ ၂၀၁၁ ခု
ည ၉ နာရီ၊ ၂၀ မိနစ်တွင်
ရန်ကုန်ဆေးရုံကြီး၌
ကွယ်လွန်သည်။

သမိုင်းဝင် ဝန်ကြီးများရုံးကို ဟိုတယ် မလုပ်ဟု ဝန်ကြီးပြော

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Posner မြန်မာပြည်သွားမည်

မြန်မာ အမြောက်တပ် ဘင်္ဂလာ ငါးဖမ်းစက်လှေကို ပြန်ပေးဆွဲပြီး ကျပ် ၂၅ သိန်းနှင့် ပြန်လွှတ်ပေး

Friday, October 28, 2011

နိရဉ္စရာ

အစာငတ်ခံ ဆန္ဒပြတဲ့ အကျဉ်းသားများ ထောင်ဝင်စာ အပိတ်ခံရ

2011-10-28

အင်းစိန်ထောင်မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မနေ့က စပြီး ရေဖြတ်လိုက်သလို ဒီကနေ့ ထောင်ဝင်စာ တွေလည်း ပိတ်လိုက်တယ်လို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။

ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ခြင်းသည် အဓိကသော့ချက်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

စနေနေ့၊ အောက်တိုဘာလ ၂၉၊ ၂၀၁၁


(25 Oct 2011 ရက်စွဲပါ The Washington Post မှ AP ၏ Myanmar pro- democracy activist, Nobel Peace Laureate says freedom from fear is ‘ Master Key’ ကို yangonchronicle ဘာသာပြန်သည်)

ယဉ်ကျေးတဲ့လူလိုပြောတယ် လူလိုတောင်းဆိုတယ်

တိုင်း​ရင်း​သား​အဖွဲ့​များ​က အပစ်ရပ်သ​ဘောတူချက်ကို တပ်​ပေါင်း​စုအဖြစ်သာ ​ဆွေး​နွေး​မည်

Published on October 27, 2011 by ဒီဗွီဘီ

ယူအန်အက်ဖ်စီ (ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ) အဖွဲ့​ဝင် တိုင်း​ရင်း​သား​အဖွဲ့​ဝင်​တွေနဲ့​ အစိုး​ရဘက်က ပြည်နယ်အစိုး​ရ ကိုယ်စား​လှယ်​တွေနဲ့​ ပဏာမ စတင်​တွေ့​ဆုံမှု​တွေ ရှိ​နေပြီး​ တဖွဲ့​ချင်း​က အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ အပစ်အခတ်ရပ်စဲ​ရေး​ ​ဆွေး​နွေး​မှုကို​တော့​ ယူအန်အက်ဖ်စီ တပ်​ပေါင်း​စု တခုလုံး​အ​နေနဲ့​ပဲ ​ဆွေး​နွေး​မှာပါလို့​ ယူအန်အက်ဖ်စီက ​ပြောပါတယ်။

ဒုတိယ ပင်လုံညီလာခံဟာ ပြည်ထောင်စုရဲ့လိုအပ်ချက်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

2011-10-27

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက်ရေးဟာ မုချမသွေ ဆက်လက် ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ RFA ကိုဒီကနေ့ ပြောဆိုလိုက် ပါတယ်။
(Photo: AFP)
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် ပြည်သူများအား မိန့်ခွန်းပြောကြားစဉ်။ (Photo: AFP)
“ဒုတိယ ပင်လုံဆိုတာ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စု လိုအပ်ချက် တစ်ခုလို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် တခြား ဘယ်လို ကိစ္စတွေပဲ ရှိနေရှိနေ ဒီလိုအပ်ချက်ကို လက်လွှတ်စရာ မရှိပါဘူး။ လက်တွေ့ကျကျ လုပ်ပုံလုပ်နည်းတွေနဲ့ ပတ်သက်လို့ စဉ်းစားစရာတွေက အတော်များတာကြောင့်မို့လို့ နှောင့်နှေးနေတာ ဖြစ်ပါတယ်” RFA က အပတ်စဉ် တင်ဆက်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် ကဏ္ဍအတွက် သောတရှင်တစ်ဦးရဲ့ မေးခွန်းကို ခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကျင်းပတဲ့ ဇိုမီး အမျိုးသား ကွန်ဂရက် ၂၂ နှစ် မြောက် အခမ်းအနားမှာ ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရေး ကြိုးပမ်းဖို့ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေး အင်အားစု ခေါင်းဆောင်တွေ အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပြီး ကလေးမြို့ ကြေညာစာတမ်းကို ထုတ်ပြန် ခဲ့တာပါ။

ငါတို့ လယ်ယာ ပြန်ပေးပါ

ရန်ကုန် မှာ လယ်သမားတွေ ဆန္ဒပြ

တိုင်းပြည်ခေါင်းဆောင်ဖြစ်ချင်သူများ သေအောင်မှတ်

ဗုဒ္ဓဟူး, 26 အောက်တိုဘာ 2011

ဖွံဖြိုးရေးအတွက် အခြေခံလွတ်လပ်ခွင့်တွေ လိုအပ်

မနာလိုမရှိနဲ့  ထိုက်တန်လို့ ရတာ - -

ဗုဒ္ဓဟူး, 26 အောက်တိုဘာ 2011
ဖရီးဒမ်းဟောက်စ် ဆု ဒေါ်စုရရှိ

မန်မော်-လွယ်ဂျေ စစ်ပွဲတွင် သန်းရွှေမျောက် ၄ ကောင် ကျ

Published on Wednesday, 26 October 2011 09:48

ပြန်ပေတော့ မစဉ်းစားနဲ့ 

 ဗုဒ္ဓဟူး, 26 အောက်တိုဘာ 2011

တရုတ်လုပ်သားတွေ မြစ်ဆုံက ထွက်ခွာ

အရှင်ဂမ္ဘီရ ကျန်းမာရေးအခြေအနေမကောင်း

အရှင် ဂမ္ဘီရ ကျန်းမာရေး အခြေအနေ ဆိုးနေ

အကြင်နာတရားကင်းမဲ့ တဲ့ လူမျိုးများ

စိတ်ယဉ်ကျေးမှု ချွတ်ခြုံကျ ဆင်းရဲနေသော စီးပွားဖွံ့ဖြိုးသည့် တိုင်းပြည်


တရုတ်အစိုးရ အပါအ၀င် တရုတ် အရင်းရှင် ကုမ္ပဏီတွေနဲ့ အဓိက ဆက်ဆံနေရတဲ့ မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အတွက်တော့ (moral collapse) စိတ်ယဉ်ကျေးမှု ချွတ်ခြုံကျ ဆင်းရဲနေတဲ့ တရုတ်နဂါးကြီးကို အထူး သတိထားစရာလို့ တွေးမိပါတယ်။

အင်းစိန်အကျဉ်းထောင်တွင်းရှိနိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံဆန္ဒပြမှုသတင်းထုတ်ပြန်ချက်

Hunger Strike 15 poiltical prisoners in Insein Prison

သက်ဆိုင်သူကို ဖေါ်ထုတ်အရေးယူပေးပါ

ဆည်တွေ ဖောက်ချတာ ကြောင့် ပခုက္ကူ ရေဘေး မှာ သေဆုံးသူ များ

အမေရိကန် အထူးသံတမန် ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံ

တရုတ်ဆိုဒါ - - -

ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၂၆၊ ၂၀၁၁

ကား ၂ ကြိမ်တိတိအကြိတ်ခံရသော တရုတ်မှ ခလေးလေး သေဆုံးပြီ ( တရုတ်ပြည်မှာ လူ့ ယဉ်ကျေးမှု ထွန်းကားရဲ့လား )

မတတ်နိုင်ဘူး ရှင်းရှင်း ပြောရတော့မယ်

စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရန် စောသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

အစုံဘဲလေ ဘိန်းရောင်းသူလဲပါတယ်

မယှဉ်နိုင်ပေမဲ့ လည်း - - -

လူဆိုသည်မို့ 

အမေရိကန်အထူးသံ ဒေါ်စုနဲ့တွေ့

အင်္ဂါ, 25 အောက်တိုဘာ 2011

မကြုံဘူးလို့  ဝမ်းသာလုံးဆို့  သတိပါလစ်တယ် ဆိုဘဲ

ပခုက္ကူ ရေဘေး အတွက် ဒေါ်အောင်ဆန်းစုကြည် လှုဒါန်းမှု ပြု

အာရပ်​နွေဦး​နှင့်​ မြန်မာပြည်

Published on October 21, 2011 by နေသွင်( ​ဆောင်း​ပါး​ရှင် David I Steinberg သည် ​ဂျော့​တောင်း​တက္ကသိုလ်၊​ အာရှ ​လေ့​လာ ​ရေး​ဌာနက ပါ​မောက္ခဖြစ်ပြီး​၊​ မြန်မာနှင့်​ ​မြောက်ကိုရီး​ယား​အ​ရေး​ ကျွမ်း​ကျင်သူအဖြစ် လူသိများ​သည်) DVB မှယူသည်

မပါတ်သက်လေကောင်းလေ နှစ်ဦးနှစ်ဖက်အကျိုးရှိ

Saturday, October 22, 2011

တရုတ် က မြန်မာ အရာရှိ လောင်း တွေ ကို နှင်ထုတ်ပြီ

ကလေးကိုတောင် မသနားတက်တဲ့ တိုင်းပြည်

၂ နှစ်အရွယ် ကလေးငယ်လေးမှာ လူသားတို့ ၏ မေတ္တာကို မရရှာဘဲ ကွယ်လွန်သွားရှာပါတယ် ။ ဤဗီဒီယိုမှတ်တန်းအရ အမှိုက်ကောက်သူတယောက်လောက်မှပင် အကြင်နာတရားမရှိသော ထိုထိုလူမျိုးတို့ နှင့် ပါတ်သက်မိပါ က ကြီးစွာသော မဟာနောင်တအမှား ရရှိရမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည် ။

၂ နှစ်အရွယ် ကလေးကို ကား၂စီး ဖြင့် ကြိတ်နင်းသည်ကို မမြင်ဟန်ဆောင်နေကြသည့် ကမ္ဘာ့ အဆိုးဆုံးအတ္တသမားများ(ဒီမှာကုတ်ကြည့် သနားဖွယ်ရာ အတိပါ)

ဗိုလ်ချုပ်အောင်ဆန်းပုံကို ရုံးတွေမှာ ချိတ်လို့ မရ

Bogyoke Aung San
ဗိုလ်ချုပ်အောင်ဆန်း
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ် အောင်ဆBန်းရဲ့ပုံကို အစိုးရရုံးတွေမှာ ချိတ်ဆွဲခွင့် ရှိမရှိဆိုတာကို လွှတ်တော်အမတ် တစ်ဦးက အစိုးရကို မေးမြန်းရာမှာ သမ္မတရုံး ဝန်ကြီးက လက်ရှိ နိုင်ငံတော်အကြီးအကဲပုံသာ ချိတ်ဆွဲခွင့် ပြုတယ်လို့ ပြန်ဖြေပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က မိုင်းပန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်ဦးက သောကြာ နေ့က ပြည်သူ့လွှတ်တော်အတွင်းမှာ အစိုးရကို မေးမြန်းခဲ့တာပါ။
သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်ကတော့ လက်ရှိ နိုင်ငံတော်အကြီးအကဲပုံသာ ခွင့်ပြုထားပြီး အရင်ခေါင်းဆောင်တွေပုံကို ခွင့်ပြုမထားဘူးလို့ ပြန်ဖြေတာ ကြားခဲ့ရကြောင်း လွှတ်တော်တက်ခဲ့သူ တခြား ပြည်သူ့လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ ဦးသိန်းညွန့်က ဘီဘီစီကို ပြန်ပြောပြပါတယ်။
မေးမြန်းသူ ဦးထွန်းမြင့်ဦးဟာ အရင်က အထွေထွေ အုပ်ချုပ်ရေးက အစိုးရ ဝန်ထမ်းတစ်ဦး ဖြစ်ပြီး ၁၉၉၇ ခုနှစ် လောက်ထိ သူတို့ရုံးမှာ ဗိုလ်ချုပ်ပုံကို ချိတ်ခဲ့တယ်လို့ ပြောကြောင်း သိရပါတယ်။

အိန္ဒိယမှာ ရုတ်တရက် အရောင်းရဆုံး စာအုပ်


ကောင်းတာ တပဲ ဆိုးတာ တပိဿာ

ဆိုးတဲ့ အချက်ကို ကောင်းအောင်လုပ်ဖို့ ပြောမယ် 

ကင်တားနားကို ယူကေ အစိုးရ ချီးကျူး
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ် စုံစမ်း စစ်ဆေးပြီး ကုလသမဂ္ဂမှာ တင်ပြခဲ့တဲ့

ဒီလိုအကောင်မျိုး အကြိမ် တထောင်သတ်တောင် မကြေသေးဘူး (စုစီးတင်ပြထားတယ်)

ကလေးမြို့ ကြေညာစာတမ်း ဆက်လက် ရပ်တည်သွားမည်

ကိုပေါက် | သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၄ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ညီလာခံ တခု ထပ်မံ ခေါ်ယူလိုသည့် တနှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သော ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းပါ မူများအတိုင်း ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။

မြန်မာပြည်တွင်းစစ်အခြေအနေ

ဆောင်းဝင်လာပြီး ရာသီဥတု အေးလာသဖြင့် တရုတ်မြန် မာနယ်စပ်ရောက် ကချင် စစ်ပြေး ဒုက္ခသည်များအတွက်  အ၀တ်အထည် အသုံးအဆောင်များလိုအပ်နေကြောင်း ကချင်သတင်းရပ်ကွက်များထံမှ သိရသည်။

ပြည်သူကိုပေးထားတဲ့ ကတိထက် ဘာကပိုအရေးကြီးမှာလဲ

 သောကြာ, 21 အောက်တိုဘာ 2011

ယုံကြည်ချက် ခိုင်မာဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

2011-10-21

ဝါရင့် နိုင်ငံရေးသမားကြီးတွေနဲ့ အကျဉ်းထောင်အသီးသီးက ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး သမားတွေကို ဂုဏ်ပြုကြိုဆိုတဲ့ အခမ်းအနား တစ်ရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

သနားစရာရောလိုသေးလား

မိမိပြည်သူကို မစ်ဇိုင်းနဲ့ ပစ် လေယဉ်နဲ့ ဗုံးကြဲ သတ်ဖြတ်ခဲ့တဲ့ အာဏာရှင်သောက်ရူး ကိုယ့်အလှည့်ကြ ဟိုပြေးဒီပြေး ပုန်းအောင်းနေ မိပြန်တော့လဲ ခွေးလိုဝက်လိုအော် သနားဖို့ ရောလိုသေးလား ?

ကဒါဖီ သေဆုံးပြီ

ဗိုလ်မှူးကြီး ကဒါဖီ သေဆုံး သွားပြီ လို့ လစ်ဗျား နိုင်ငံ အသွင် ကူးပြောင်းရေး ကောင်စီ က ပြောပါတယ်။
ကဒါဖီ ကို ဖမ်းဆီး ထားမိပြီ လို့ လည်း အစောပိုင်း တုန်း က အဲဒီ အဖွဲ့ ပြောခဲ့ပြီး ကဒါဖီ ဒဏ်ရာ ရ ထားတယ် ဆိုတဲ့ သတင်း လည်း ထွက်ခဲ့သလို သူ သေဆုံး သွားပြီ ဆိုတဲ့ သတင်း လည်း ထွက် လာခဲ့ပါတယ်။
အခု နောက်ဆုံးရ တဲ့ သတင်း က တော့ ကဒါဖီ ကို ဖမ်းဆီးစဉ် ပစ်ခတ်မှု ကြောင့် သေဆုံးခဲ့တာ ပါ။
လစ်ဗျား ကြားဖြတ် အစိုးရ အဖွဲ့ရဲ့ တိုက်ခိုက်ရေး စစ်သား တဦး က ဆာတ့်မြို့ ထဲ က လှိုင်ခေါင်းပေါက် တခု မှာ ကဒါဖီ ပုန်းနေတာ ကို သူ တွေ့ကြောင်း နဲ့ ကဒါဖီ က သူ့ကို မပစ်ဖို့ တောင်းပန် တဲ့ အကြောင်း တွေ ကို ဘီဘီစီ ကို ပြောပြပါတယ်။
ဗိုလ်မှူးကြီး ကဒါဖီ ရဲ့ ရွှေ သေနတ် ကိုလည်း သူ ရခဲ့ ကြောင်း ပြောပြီး အဲဒီ ပစ္စတို သေနတ် ကို လေထဲကို မြှောက်ပြ ကာ ဝှေ့ယမ်းပြ နေပါတယ်
ကဒါဖီ ရဲ့ ပုံ ဆိုပြီး ခေါင်းမှာ သွေးစွန်းနေတဲ့ လူတဦးရဲ့ ပုံ လည်း အင်တာနက် မှာ ပျံ့နှံ့နေ ပါတယ်။ ဒီပုံ ဟာ ကဒါဖီ နဲ့ ဆင်တူပြီး ကဒါဖီ ရဲ့ ပုံ ဟုတ်မဟုတ် ဘီဘီစီ အနေ နဲ့ အတည် မပြု နိုင်သေးပါဘူး။
ကဒါဖီ ကို ဖမ်းဆီး ရပြီ ဆိုတဲ့ သတင်း ကြောင့် လစ်ဗျား အသွင် ကူးပြောင်းရေး တပ်ဖွဲ့ ဝင်တွေလည်း အခုလို အောင်ပွဲ ခံ ဟစ်ကြွေး နေကြ သလို လစ်ဗျား ပြည်သူ အများ အပြား လည်း အောင်ပွဲ ခံ နေကြ ပါတယ်။

ပေါ်တင်ကြီးတွေဖြစ်ကုန်ပြီ လွှတ်စရာရှိတာ လွှတ် တော့

ကာသပတေး, 20 အောက်တိုဘာ 2011

နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံမလုပ်ဖို့ ကင်တားနား တိုက်တွန်း

မြန်မာတွေကို နာကျင်စေမည့် တရုတ်၏ ပိုက်လိုင်းသွယ်တန်းမှု...

ကိုယ့်ပြည်သူများ အသုံးပြုရန် မဟုတ်သည့် အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ၍ တန်ဖိုးရှိသည့် ကိုယ်ပိုင် အရင်းအမြစ်များစွာ ကြွယ်ဝသည့် မြန်မာနိုင်ငံ၏ မြေပုံအလယ်ပိုင်းမှ ဖြတ်၍သွယ်တန်းထားသည့် အငြင်းပွားဖွယ်ရာ လောင်စာဆီနှင့် ဓါတ်ငွေ့ပိုက်လိုင်းသည် ရန်မီးစ ပွားနေသည့်

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးနိုင်ခြေ ရှိသေးကြောင်း အကြံပေးပုဂ္ဂိုလ် ပြောဆို

မြန်မာပြည်တွင် လွန်ခဲ့သည့်အပတ်က နိုင်ငံရေးအကျဉ်းသား ၂၀ဝ ခန့် လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ပြီး မကြာမီတွင်လည်း နိုင်ငံရေးအကျဉ်းသား ရာဂဏန်းခန့် ထပ်မံလွတ်ငြိမ်းခွင့်ရဖွယ်ရှိကြောင်း အစိုးရအဆင့်မြင့်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့ကြောင်း သိရသည်။

မောနိုင်ဘူးကွယ် ပြောရမှာဘဲ

ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဖို့ ကင်တားနား တောင်းဆို

ကဒါဖီညောင်း

ကြာသပတေး, 20 အောက်တိုဘာ 2011

ကြောင်စုံး ဝတ္ထု

ဒီမယ်၊ဒီမယ်၊ ခင်ဗျားကိုကြည့်ရတာ ဗမာထင်ပါရဲ့။ အတော်ပဲဗျာ၊ ကျုပ်လည်း စကားပြောဖော်မရှိတာနဲ့ ခုတလော ကျုပ်စိတ်ထဲမှာ တကြောင့်ကျကျဖြစ်နေရတဲ့ကိစ္စလေးတခုပြောချင်လို့ပါဗျာ

မြန်မာပြည်တွင်းစစ်အခြေအနေ

ကချင်ပြည်နယ်အတွင်း အစိုးရတပ်က အိမ်ခြေ (၂၀) ကျော် မီးရှို့

ကောက်ပင်ဘာကြောင့် ကိုင်းရတယ်

စပါးပင် ဘာကြောင့် ကိုင်းညွတ်တယ်

"လယ်ကွင်းထဲတွင် အသီးအနှံမအောင်သောစပါးတို့သည် ခြောက်စထောင်လျက်ရှိသည်။ အသီးအနှံအောင်၍ ပြည့်ပြည့်၀၀ရှိသော စပါးပင်တို့မှာကား၊ လယ်ကန်သင်းဘေးတွင်
ကိုင်းညွတ်၍ နေလေသည်။ လူ့လောက၌လည်း မပြည့်သူတို့မှာ ခြောက်စထောင်မြဲတည်း။ ပြည့်ဝသူတို့ကား ကိုင်းညွတ်လျက်ရှိတတ်သည်။"

(မောင်ထင်၏ ဗမာ့နိုင်ငံရေးသုခမိန် စာအုပ်မှ)

သင် စိတ်ဓာတ် ကျခြင်း ခံစားနေရ ပါသလား။

သင် စိတ်ဓာတ် ကျခြင်း ခံစားနေရ ပါသလား။ အိုမီဂါ-၃ အဆီအက်စစ်များ (Omega-3 Fatty Acids) က သင် ခံစားနေရတဲ့ မပြင်း ထန်သော စိတ်ဓာတ် ညှိုးငယ်မှု တွေကို မောင်းထုတ် ပေးနိုင် ပါလိမ့်မယ်။

ဆုပေါင်း တရာ ပြည့်ပြီ

ဒေါ်အောင်ဆန်းစုကြည် ကို Battle of Crete ဂုဏ်ပြုဆု အပ်နှင်း

တိဘက်အားပေးတရုတ် အဖမ်းခံရ

မြန်မာဘက်က တိဘက်ကို လက်နက်မှောင်ခို တင်သွင်းသူ တရုတ် ဖမ်းဆီး

ကိုနေမျိုးဇင် ကျန်းမာရေး ဆိုးသကဲ့သို့  ကချင်မှာလဲ လူ့ အခွင့်အရေးချိုး

အင်္ဂါ, 18 အောက်တိုဘာ 2011 (VOA)

မြန်မာပြည်တွင်းစစ်အခြေအနေ

အင်္ဂါ, 18 အောက်တိုဘာ 2011

အစိုးရစစ်တပ် ကေအိုင်အေဌာနချုပ်နဲ့ ၁၀ မိုင်အကွာ ရောက်ရှိ

လူထဲက လူတို့  လေးစားရတဲ့ လူ

အင်္ဂါ, 18 အောက်တိုဘာ 2011

မင်းကိုနိုင်အကြောင်း တစေ့တစောင်း

၈၈ စံပြသားကောင်း ကိုမင်းကိုနိုင် မွေးနေ့ 

မင်းကိုနိုင် ၄၉ နှစ်မြောက် မွေးနေ့

ဒုံရင်းမို့ လို့  ဒင်းကိုမယုံ

မြန်မာအစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး ဘယ်ကို ဦးတည်နေသလဲ

တရုတ္ဆိုတာ - - - ဒါ

ကားတိုက်ခံရတဲ့ တရုတ်ကလေးကို ဥပေက္ခာပြု

သူတို့ နှစ်ဦး တွေ့ ပြီးပြီ

နိုင်ငံကျော် ဟာသပညာရှင် ဇာဂနာနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ

တပ်တွင်း မတရားအနိုင်ကြင့်မှု

တပ်တွင်း အရာရှိနှစ်ဦး ထိုးကြိတ်မှု စစ်ခုံရုံးဖွဲ့စစ်ဆေး

ချင်းမိုင် (မဇ္ဈိမ) ။      ။ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံ ( ၁၇) ၌ အရာရှိငယ်နှစ်ဦးက တပ်သား တဦးကို ပြင်းထန်စွာ ကိုယ်ထိလက်ရောက်ကျူးလွန်သည်ဟု စွပ်စွဲထားသည့် အမှုနှင့် ပတ်သက်၍ ပင်မ စစ်လက်နက် ပစ္စည်းတပ် နတ်မောက် (ပပန) မှ ဗိုလ်မှူးချုပ် ဗိုလ်လွင် က ဦးဆောင်ကာ ခုံရုံးဖွဲ့ စစ်ဆေး လျက်ရှိသည်။

နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏

   Bitter Gourd (ကြက်ဟင်းခါး)

***ပေးဆပ်သူရဲ့ နှလုံးသား***

တိုးမပွါးချင်နေ
ရိုးသားကြိုးစားရမှာက ငါ့တာဝန်....လို့
ခံယူထားတဲ့ မြင့်မြတ်သူတို့ရဲ့ နှလုံးသား
ပေါ်ဦးဆီမှာ ရှိတယ်။
ကိုယ်ကျိုးမပါ  အတ္တဗလာနဲ့
ဘဝကိုပေးဆပ်
ရဲရဲတောက် သံမဏိစိတ်ဓါတ်ပိုင်ရှင်
မင်းကိုနိုင်.....
ကျောင်းပုရဝိုက်မှာ ဒေါင်းအလံစိုက်မယ်....ဆိုတဲ့
ရဲရဲတောက် သူ့ရဲ့ကဗျာ၊
သမိုင်းတခေတ် အကောင်းအမှန်ပြောင်းဖို့
သမိုင်းရေးနေတဲ့ သူ့လက်များ၊
အမှန်တရားကို ချစ်မြတ်နိုးတဲ့ သူ့ရဲ့စိတ်ဓါတ်၊
ကိုယ်ကျင့်တရားတွေကို
အသက်ထက်တန်ဖိုးထားတဲ့ မြင့်မြတ်တဲ့ သူ့ရဲ့နှလုံးသား၊
မကြောက်တရားကို ကျောပိုးထားတဲ့ သူ့ရဲ့ ခံယူချက်၊
ယုံကြည်ချက်ကို မြဲမြဲဆုတ်ကိုင်ထားတဲ့ သံမဏိလူသား၊
ရည်ရွယ်ရာခရီးကို
မရောက်အရောက်လှမ်းမယ့် သူ့ရဲ့ဦးတည်ချက်၊
ကမ္ဘာကုန်တည်သ၍ တည်စေမယ့်
သမိုင်းတွင်ရစ်ကျန်မယ့် သူ့ရဲ့လုပ်ရပ်၊
ဒါတွေအကုန်လုံးဟာ....ပေးဆပ်သူ မင်းကိုနိုင်(ခေါ်)ကိုပေါ်ဦးရဲ့
မြင့်မြတ်တဲ့ နှသား အစစ်အမှန်ဆိုတာတွေပဲမဟုတ်ပါ....တကား။
( အမေ့သား) ဒိန်းမတ်
၄၉ နှစ်ပြည့်- ကိုမင်းကိုနိုင်မွေးနေ့အား ဤ- ကဗျာဖြင့် ဂုဏ်ပြုအပ်ပါသည်။

တရုတ်နိုင်ငံ EU ရဲ့ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်လာ

တနင်္လာ, 17 အောက်တိုဘာ 2011

မြန်မာပြည်တွင်းစစ်အခြေအနေ

ကချင်ပြည်နယ်မှာ ပြည်တွင်းစစ်မီး ဆက်တောက်

မင်းကိုနိုင်မွေးနေ့ အကြိုဂုဏ်ပြုပွဲ ထင်ရှားတဲ့ အဆိုတော်တွေ တက်ရောက်

2011-10-17

အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကျရောက်မယ့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ အကြို ဂုဏ်ပြုပွဲကို BG သွေးကူညီရေးအဖွဲ့က ဦးဆောင်ပြီး ဒဂုံမြို့သစ် တောင်ပိုင်းမှာ ရှိတဲ့ မြင်းခြံ ပိဋကတ်သုံးပုံ နိကာယ် ပရိယတ္တိ စာသင်တိုက်မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။

အာလူးပူရီ မစားပါနဲ့ သမ္မတကြီး

မျိုးသိဏ်း | စနေနေ့၊ အောက်တိုဘာလ ၁၅ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၂၅ မိနစ်

(ဇာဂနာနှင့် အင်တာဗျူး)

တောင်အာဖရိက စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် (အပိုင်း-၅) (နိဂုံးပိုင်း)

အောင်ပွဲဆီသို့
ကြားဖြတ်အစိုးရဖွဲ့စည်းရေးအတွက် ဆွေးနွေးကြရာမှာ အစိုးရအဖွဲ့သစ်ကို ရွေးကောက်ပွဲပြုလုပ်ပြီး ရွေးချယ်ရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အစိုးရအဖွဲ့သစ်က တာဝန်ခံရေးဆွဲရေး ကိစ္စတွေကို သဘောတူညီမှု ရခဲ့ကြပါတယ်။ ဒီလို ရွေးကောက်ပွဲပြုလုပ်ရာမှာလဲ အုပ်ချုပ်နေဆဲအစိုးရက ၀င်ရောက်စွက်ဖက်ထိန်းချုပ်မှုတွေ လျော့နည်းဖို့ သဘောတူညီခဲ့ကြပါတယ်။ ဒီသဘောတူညီ ချက်တွေ ပေါ်ထွက်လာဖို့အတွက် အုပ်ချုပ်နေဆဲအစိုးရက သူတို့ရဲ့ ရပ်တည်မှုကို အလျှော့ပေးခဲ့ကြရပါတယ်။ မင်ဒဲလားတို့ဘက်ကလဲ ကြားဖြတ်အစိုးရအုပ်ချုပ်နေဆဲကာလမှာ အမျိုးသားညွှန့်ပေါင်းအစိုးရ အသွင်နဲ့ အုပ်ချုပ်ရေး၊ ရွေးကောက်ပွဲအနိုင်ရခဲ့ရင် အစိုးရ၀န်ကြီးနေရာအချို့ကို အခြားပါတီများမှ ပါဝင်ခွင့် ပေး၍ ညွှန့်ပေါင်းအစိုးရဖွဲ့စည်းရေး စတာတွေကို သဘောတူညီပေးခဲ့ရပါတယ်။ နှစ်ဘက်စလုံးက သူတို့ရပ်တည်နေတဲ့ ရပ်တည်ချက်ကနေ အလျှော့ပေးခဲ့ကြပါတယ်။ ပမာဆိုရရင် မြစ်ကမ်းတဘက် တချက်မှာ မျဉ်းပြိုင်လျှောက်နေကြရာက လမ်းလျှောက်ခြင်းကို ရပ်တံ့ပြီး ပေါင်းကူးတံတားခင်းဖို့အတွက် နှစ်ဘက်စလုံးက ကြိုးပမ်းကြတာမျိုး ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများနဲ့ ပတ်သက်ပြီးတော့လဲ အစိုးရနဲ့ အေအင်စီတို့ နှစ်ဘက်စလုံးက အပေးအယူတွေ လုပ်ခဲ့ကြပါတယ်။ De Klerk က ပါတီများနဲ့ အဖွဲ့အစည်းများရဲ့ ငြိမ်းချမ်းစွာဆန္ဒပြခွင့်ကို အသိအမှတ်ပြုပေးပြီး၊ ဆန္ဒပြသူများနဲ့ စုရုံးလာသော လူထုများကို အစိုးရက ကာကွယ်စောင့်ရှောက်ပေးဖို့ သဘောတူညီခဲ့ပါတယ်။ မင်ဒဲလားတို့ဘက်ကလဲ အဓိကရုဏ်းတွေ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားစေနိုင်တဲ့ ဒေသတွေမှာ ဆန္ဒပြခြင်းများကို ရှောင်ရှားနိုင်အောင် ကြိုးပမ်းဖို့ သဘောတူညီခဲ့ကြပါတယ်။ နှစ်ဘက်စလုံးက တောင်အာဖရိကရဲ့ common identity ကို ထောက်ခံပြီး ဆန္ဒပြခွင့်ကို အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒီနည်းလမ်းနဲ့ မင်ဒဲလားဟာ De Klerk အစိုးရရဲ့ တရားဥပဒေစိုးမိုးရေးဆောင်ရွက်မှုများနဲ့ credibility. ရှိလာစေရေးကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။

ဒီလို တဘက်နဲ့ တဘက် ကူညီပံ့ပိုးပြီး ဘုံအကျိုးစီးပွားအတွက် အစည်းအဝေးများ ကျင်းပနေဆဲမှာပဲ၊ ညစာစားပွဲများ၊ ပါတီများကိုလဲ နှစ်ဘက်ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ပညာရှင်များက ကျင်းပခဲ့ကြပါတယ်။ ဒီလိုကျင်းပပေးပြီး ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ဘက်နှစ်ဘက်က ခေါင်းဆောင်များကို တွေ့ဆုံစေခြင်းဖြင့် လူသားချင်း ခင်မင်ရင်းနှီးမှု၊ အပြန်အလှန် နားလည်မှု၊ အတူတကွ တိုင်ပင်ဆွေးနွေးမှု စတဲ့ အကျိုးကျေးဇူးတွေ ရရှိလာခဲ့ပါတယ်။ နှစ်ဘက်စလုံးက စေ့စပ်ဆွေးနွေးမှု တွေဟာ တိုးတက်မှုတစုံတရာ ရှိလာစေတယ်ဆိုတာကို အသိအမှတ်ပြုထားခဲ့ကြပြီး၊ နောက်ပြန်ဆုတ်ပြီး အပြန်အလှန်ဆန့်ကျင်နေကြတဲ့ အနေထားကို ပြန်မရောက်သွားအောင် အလေးအနက် သတိထား ခဲ့ကြပါတယ်။

စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်လဲ နှစ်ဘက်စလုံးမှာ ကြိမ်ဖန်များစွာ တွေ့ဆုံဆွေးနွေးနေလို့ အကျိုးမရှိနိုင်တာကြောင့် ထိပ်တိုက်ပြန်လည် ရင်ဆိုင်မယ်လို့ တွေးခဲ့သူတွေ အများအပြားပါပဲ။ တခါတရံမှာ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်က ထင်သာမြင်သာတဲ့ ပြောင်းလဲမှုတွေ မဖြစ်ပဲ နှောင့်နှေးကြန့် လာနေသလိုတွေ ဖြစ်နေတတ်ပါသေးတယ်။ ဒီအချိန်တွေပဲ နှစ်ဘက်စလုံးက ခေါင်းဆောင်များကို နှစ်ဘက်စလုံးက အားမလို၊ အားမရတွေဖြစ်ပြီး၊ စားပွဲဝိုင်းပြင်ပ နိုင်ငံရေးလုပ်ငန်းဆောင်တာတွေဆီ ပြန်လည်ဆွဲခေါ်ဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။ သို့ပေမယ့် ခေါင်းဆောင်တွေဟာ လူချင်းတွေ့ဆုံမှုတွေ၊ သတင်းစကားပါးမှုတွေ ပြုလုပ်ပြီး၊ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်အောင်မြင်စေနိုင်ရေးကိုသာ ကြိုးပမ်းခဲ့ကြပါတယ်။

ဒီလိုကြိုးပမ်းမှုတွေ ရှိနေဆဲမှာပဲ နိုင်ငံရေးအကြမ်းဖက်မှုတွေကတော့ ပေါ်ထွက်နေကြဆဲပါပဲ။ နှစ်ဘက်စလုံးမှာရှိတဲ့ နိုင်ငံရေးအစွန်းရောက်သူတွေက စေ့စပ်ဆွေးနွေးမှုကို လက်မခံပဲ ပျက်ပြားအောင် နည်းမျိုးစုံနဲ့ ဆန့်ကျင်လာကြပါတယ်။ (၁၉၉၂) ခုနှစ် အဆုံးပိုင်းကာလတွေမှာ လူမည်းစစ်သွေးကြွတွေ က လူဖြူတွေကို စစ်ကြေငြာတိုက်ခိုက်မှုတွေ လုပ်လာကြပါတယ်။ (၁၉၉၃) ခုနှစ်ထဲမှာတော့ လူဖြူအစွန်းရောက်တွေက စေ့စပ်ဆွေးနွေးပွဲကျင်းပနေတဲ့ နေရာကို ၀င်ရောက်စီးနင်းပြီး၊ စေ့စပ်ဆွေးနွေး နေသူတွေကို ၀ိုင်းဝန်းတိုက်ခိုက်ခဲ့တာကြောင့် လူအများအပြား ဒဏ်ရာရခဲ့ကြပါတယ်။

(၁၉၉၃) ခုနှစ်၊ အေပြီလ (၁၀) ရက်နေ့မှာတော့ အေအင်စီခေါင်းဆောင် Chris Hani ကို လူဖြူအစွန်းရောက် တဦးက လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ ဒီအရေးနဲ့ပတ်သက်ပြီး လူမည်းတွေက မကျေနပ်တာကြောင့် Southern Cape ကို စုဝေးချီတက်ပြီး၊ စက်ရုံနှစ်ရုံကို မီးရှို့ပစ်လိုက်ပါတယ်။ ဒီအခြေအနေတွေကနေ တဘက်နဲ့တဘက် တင်းမာမှုတွေ ပြန်ဖြစ်လာနိုင်တာကြောင့် ကမ္ဘာ့ကုလသမဂ္ဂ ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ ငြိမ်းချမ်းရေးကော်မတီ၊ လူမည်း community leaders တွေ စုဝေးပြီး၊ ယာယီငြိမ်းချမ်းရေးကော်မတီ တရပ်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြတာကြောင့် လေးပတ်ခန့်အတွင်းမှာတင် အဲဒီနယ်မှာ တည်ငြိမ်အေးချမ်းမှု ပြန်ရသွားခဲ့ပါတယ်။

မင်ဒဲလားကလဲ တတိုင်းပြည်လုံးက လူမည်းတွေကို အေးဆေးတည်ငြိမ်စွာ နေကြဖို့ မိန့်ခွန်းမြွက်ကြား ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအစွန်းရောက်သူတွေရဲ့ လှုပ်ရှားမှုတွေကတော့ မရပ်တန့်သွားသေးပါဘူး။ (၁၉၉၃) ခုနှစ်၊ ဇူလိုင်လနဲ့ သြဂုတ်လတွေမှာ နိုင်ငံရေးအကြမ်းဖက်မှုကြောင့် သေဆုံးသူ (၁၀၀၀) ကျော်ရှိခဲ့ပါတယ်။ (၁၉၉၄) ခုနှစ်မှာတော့ စေ့စပ်ဆွေးနွေးရေးကာလအတွင်း နိုင်ငံရေးအရ သေဆုံးသူစုစုပေါင်း တသောင်းသုံးထောင်ကျော် ရှိနေခဲ့ပါတယ်။

ဒီလိုတင်းမာမှုတွေ၊ ခြိမ်းချောက်မှုတွေ၊ ကြောက်ရွံ့မှုတွေ၊ သတ်ဖြတ်မှုတွေအကြားမှာပဲ နှစ်ဘက်စလုံးက ခေါင်းဆောင်တွေဟာ ဘုံအကျိုးစီးပွားရရှိရေးအတွက် မဆုတ်မနစ် ကြိုးပမ်းခဲ့ကြ ပါတယ်။ ကြားဖြတ်အစိုးရအုပ်ချုပ်ရေးကာလမှာ ကျင့်သုံးဖို့အတွက် Interim Constitution တရပ်ကို ရေးဆွဲနိုင်ခဲ့ကြပြီး၊ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးဆိုင်ရာ သဘောတူညီချက်များကိုလဲ ချမှတ်နိုင်ခဲ့ကြ ပါတယ်။ ဒီသဘောတူညီချက်တွေအရ ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်ထားတဲ့ Constituent Assembly ဟာ ကြားဖြတ်ပါလီမန်အဖြစ် တာဝန်ယူပြီး၊ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အဓိကကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲရမှာ ဖြစ်ပါတယ်။ ဒီလိုရေးဆွဲရာမှာ Constitutional Court က ကြီးကြပ်ဆောင်ရွက်ရမှာဖြစ်ပါတယ်

Executive power မှာတော့ electoral strength ပေါ်မှာ မူတည်ပြီး ရွေးချယ်ထားတဲ့ ကက်ဘိနက်ဝန်ကြီးများပါဝင်သော အမျိုးသားညီညွတ်ရေးညွန့်ပေါင်း အစိုးရက အာဏာကျင့်သုံးပြီး၊ အစိုးရအဖွဲ့အကြီးအကဲဖြစ်တဲ့ တိုင်းပြည်ရဲ့ သမ္မတကိုတော့ ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်ထားတဲ့ Constituent Assembly က ရွေးချယ်ခန့်ထားရမှာ ဖြစ်ပါတယ်။

စီးပွားရေးမူဝါဒအရလဲ ဈေးကွက်စီးပွားရေးစနစ်နဲ့အတူ ဆင်းရဲနွမ်းပါးသူများကို ကူညီပံ့ပိုးမှုများ ပူးတွဲဆောင်ရွက်တဲ့ mixed economic system ကို အသုံးပြုဖို့ သဘောတူညီခဲ့ကြပါတယ်။ မြို့နယ်တွေအလိုက် အစိုးရ အသုံးစရိတ်များ တိုးမြှင့်ဆောင်ရွက်ပေးရေး၊ လူဖြူများရဲ့ စီးပွားရေးလုပ်ငန်း များအား အနှောင့်အယှက် မဖြစ်စေရေး စတာတွေကိုလဲ သဘောတူခဲ့ကြပါတယ်။ နှစ်ဘက်စလုံးဟာ တဘက်နဲ့တဘက်ရဲ့ အခြေခံအကျိုးစီးပွားတွေ၊ လိုအပ်ချက်တွေကို အပြန်အလှန် အသိအမှတ် ပြုလာကြပါတယ်။

ဒီလိုတိုးတက်မှုတွေ ရှိနေဆဲမှာပဲ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ကို တလျှောက်လုံး ဆန့်ကျင်လာခဲ့တဲ့ Buthelezi ဦးဆောင်တဲ့ အဖွဲ့ကိုလဲ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ထဲမှာ ပါဝင်ဖို့ ကြိုးပမ်းမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ သို့ပေမယ့်လဲ High-level delegations တွေဖြစ်တဲ့ U.S. envoy Henry Kissinger နဲ့ British envoy Lord Carrington တို့က ကြိုးပမ်းဆောင်ရွက်ချိန်အထိတောင် ထူးခြားမှု မရှိခဲ့ပါဘူး။ နောက်ဆုံးမှာတော့ Kenyan envoy Washington Okumu က ဖြစ်ပွားနေတဲ့ နိုင်ငံရေး ပကတိအခြေအနေမှန်ကို သိမြင်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှာ မပါဝင်ခဲ့ရင် နိုင်ငံရေးအရ ဘေးရောက်မှုပဲ အဖြေထွက် လာမှာဖြစ်ကြောင်းနဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ မအောင်မြင်သော လက်နက်ကိုင်တော်လှန်ရေး အဖြစ် နိဂုံးချုပ်ရလိမ့်မည်ဖြစ်ကြောင်း သတိပေး ပြောကြားခဲ့တဲ့အခါမှသာ Buthelezi ဦးဆောင်တဲ့အဖွဲ့ဟာ ရွေးကောက်ပွဲ ကျင်းပဖို့ ရှစ်ရက် အလိုကျမှသာ စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ်အတွင်းကို ရောက်ရှိသွားခဲ့ပါတယ်။

ရွေးကောက်ပွဲမကျင်းပခင်နေ့အထိ ဗုံးခွဲတိုက်ခိုက်မှုတွေကတော့ ပေါ်ထွက်နေဆဲပါပဲ။ သို့ပေမယ့်လဲ (၁၉၉၄) ခုနှစ်၊ အေပြီလ (၂၇) ရက်နေ့မှာတော့ တောင်အာဖရိကနိုင်ငံရဲ့ သမိုင်းသစ်ကို ဖန်ဆင်းပေးတဲ့ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ မေလ (၂) ရက်နေ့မှာ de Klerk က သူ့ရဲ့ ရွေးကောက်ပွဲအရှုံးကို အသိအမှတ်ပြုပြီး၊ မင်ဒဲလားကို ၀မ်းမြောက်ဂုဏ်ယူပါကြောင်း သတင်းစကား ပေးပို့ခဲ့ပါတယ်။ မင်ဒဲလားကလဲ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး၊ တောင်အာဖရိက တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအနေနဲ့ လူမျိုးရေး၊ ဘာသာရေး ဘယ်လိုကွဲပြားမှုတွေ ရှိနေပေမယ့် လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ နိုင်ငံတော်သစ်ကြီးကို အတူတကွ ၀ိုင်းဝန်းထူထောင်ကြဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

ဒီလို ခေါင်းဆောင်တွေအကြား၊ နှစ်ဘက်နိုင်ငံရေးအဖွဲ့အစည်းတွေအကြား ငြိမ်းချမ်းရေး တည်ဆောက်နိုင် မှုဟာ on the ground မှာ ငြိမ်းချမ်းရေးရှိလာဖို့အတွက် မပြီးပြည့်စုံသေးပါဘူး။ ဒါကြောင့် ပဋိပက္ခပြီးဆုံးပြီး နှောင်းပိုင်းကာလမှာ ပဋိပက္ခကာလတွေတုန်းက ရှိခဲ့တဲ့ trauma တွေကို ကုစားဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ မင်ဒဲလားဦးဆောင်တဲ့ အစိုးရသစ်ဟာ ဘုန်းတော်ကြီး Desmond Tutu ဦးဆောင်တဲ့ Truth and Reconciliation Commission (TRC) ကို တည်ထောင်ခဲ့ပါတယ်။ ဒီကော်မရှင်ကနေ ပဋိပက္ခမှာ သားကောင်ဖြစ်ခဲ့တဲ့ မည်သူမဆို ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို ပြန်လည်ပြောပြရေး၊ နားထောင်ပေးရေးနဲ့ နိုင်ငံရေးအရ အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့တဲ့ မည်သူမဆို (လူဖြူအစိုးရဘက်မှဖြစ်စေ၊ လူမည်းတော်လှန်ရေးသမားများဘက်မှဖြစ်စေ) ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရှိရေး စတာတွေကို ထောက်ကူပေးတဲ့ forum တွေကို ကျင်းပပေးခဲ့ပါတယ်။ ရင်ကြားစေ့ရေး (၀ါ) ပြန်လည်သင့်မြတ်ရေးဖြစ်စဉ် (Reconciliation process) အတွက် ကော်မရှင်က ဦးဆောင်ကြိုးပမ်းခဲ့ပါတယ်။
နိဂုံး

နိဂုံးချုပ်ဆိုရရင် တောင်အာဖရိက စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် အောင်မြင်ခဲ့ရတာဟာ တဘက်နှင့်တဘက် အနိုင်မတိုက်နိုင်သော ပကတိနိုင်ငံရေးအခြေအနေမှန်ကို နှစ်ဘက်ခေါင်းဆောင်များက သိမြင်မှု၊ စေ့စပ်ဆွေးနွေးပွဲဖြစ်စဉ်ကြီး စတင်လာစေရန် ခြေလှမ်းသစ်များ လှမ်းရဲမှု၊ ပါတီစုံစေ့စပ်ဆွေးနွေးရေးဖိုရမ် (multi-party negotiation forum) တခု ပေါ်ပေါက်လာစေရန် ကြိုးပမ်းဆောင်ရွက်မှု၊ ငြိမ်းချမ်းရေးကော်မရှင်များ တည်ထောင်နိုင်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ စည်းမျဉ်းများကို ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲပြင်ဆင်ပြဌာန်းရန်၊ ညင်သာသော ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်ပေါ်လာရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်ရန်နှင့် တိုင်းပြည်၏ ပထမဦးဆုံးသော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရေးအတွက် ပြင်ဆင်ရန်စသော ရည်မှန်းချက်များ ပြည့်မှီလာစေရန် ၀ိုင်းဝန်းကြိုးပမ်း ဖော်ဆောင်မှု၊ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်တွင် ပါဝင်နေသူများနှင့် ထောက်ခံသူများအား နိုင်ငံရေး အစွန်းရောက်များမှ ဝေဖန်တိုက်ခိုက်မှုများ၊ ခြိမ်းချောက်မှုများ၊ သတ်ဖြတ်မှုများ ပြုလုပ်လာသော်လည်း မဆုတ်မနစ်သော ဇွဲဖြင့် စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် အောင်မြင်ရေးကို အာရုံစိုက်မှု၊ လိုလားချက်များနှင့် တောင်းဆိုချက်များကို တရားသေ ဆုပ်ကိုင်ထားခြင်း မရှိပဲ အပေးအယူ၊ အလျှော့အတင်းများ ပြုလုပ်နိုင်မှု၊ သဘောထားကြီးမှု၊ ခွင့်လွှတ်မှုများဖြင့် ရင်ကြားစေ့ရေး (၀ါ) ပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ကို ကြိုးပမ်းအကောင်အထည်ဖော်မှု စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ လေ့လာချက်များမှာ တောင်အာဖရိက စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ဟာ ငြိမ်းချမ်းရေး လိုလားသော ကမ္ဘာ့ပြည်သူများအတွက် စံနမူနာယူစရာ ဖြစ်စဉ်တခုအဖြစ် သမိုင်းတွင်ကျန်ရစ်လာခဲ့ခြင်း ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

အပိုင်း (၄) အပိုင်း ၃ - ၁ နှင့် ၂  (ကုတ်ပါ)

ခင်မမမျိုး (၁၆၊ ၁၀၊ ၂၀၁၁)
ရည်ညွှန်းကိုးကား
Deegan, H. (1999) South Africa Reborn: Building a New Democracy, Padstow: University College London
Bouckaert, P. (1997) The Negotiated Revolution: South Africa's Transition to a Multiracial Democracy, Stanford, California: Stanford Center on Conflict and Negotiation
Du Toit, P. (1995) State Building and Democracy in Southern Africa: Botswana, Zimbabwe, and South Africa, Washington, DC: United States Institute of Peace
Ebrahim, H. (1998) The Soul of a Nation: Constitution-Making in South Africa, Cape Town: Oxford University Press
Gastrow, P. (1994) Bargaining for Peace: South Africa and the National Peace Accord, Washington, DC: United States Institute of Peace Press
Lyman, P. (2002) Partner to History: The U.S. Role in South Africa's Transition to Democracy, Washington, DC: United States Institute of Peace Press

Mandela, N (2006) Long Walk to Freedom: The Autobiography of Nelson Mandela, London: Little, Brown
Marks, S. (2000) Watching the Wind: Conflict Resolution during South Africa’s Transition to Democracy, Washington, DC: United States Institute of Peace

တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပေါ်လာတာကို မင်းကိုနိုင် ကြိုဆို

Published on October 15, 2011 by နော်နိုရင်း 

ကျိုင်းတုံထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က သူတို့အားလုံး အစဉ်တစိုက် တောင်းဆိုလာတဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစိုးရတို့ တွေ့ဆုံဆွေးနွေးမှုကို ကြိုဆို ထောက်ခံတယ်လို့ ထောင်ဝင်စာသွားတွေ့တဲ့ အမဖြစ်သူကနေ တဆင့် ပြောဆိုလိုက်ပါတယ်။

ABSDF ထုတ်ပြန်ချက်

မကဒတ (ABSDF) သတင်းထုတ်ပြန်ချက် (ကုတ်ပါ) 

ထောင်မှလွတ်လာသော စုစုနွေး ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိ

တနင်္လာနေ့၊ အောက်တိုဘာလ ၁၇၊ ၂၀၁၁

(ဓာတ်ပုံ – Reuters)
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသော အသက် ၃၉ နှစ်အရွယ် မစုစုနွေးသည် ယနေ့ ညနေပိုင်းက ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည်။ မစုစုနွေးသည် ၂၀၀၇ ခုနှစ်က ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရသူဖြစ်သည်။
မစုစုနွေးသည် ယခင်ကလည်း လုပ်အားပေး ခိုင်းစေသူ ဒေသခံအာဏာပိုင်တို့ကို တရားစွဲအပြီး ထောင် ၂ ကြိမ် ကျခဲ့ဖူးသည်။ အကျဉ်းကျခံရစဉ် John Humphrey Freedom Award ဆု ရရှိခဲ့သည်။

(ဓာတ်ပုံ – Reuters)

လူထုနဲ့ နိင်ငံတကာထောက်ခံမှုကိုလိုချင်ရင်

ဦးသိန်းစိန်အစိုးရကလူထုရဲ့ယုံကြည်မှုကိုလိုချင်နေတယ်။နိင်ငံတကာရဲ့ယုံကြည်မှုကိုလိုချင်နေတယ်။
လူထုကသူ့ အစိုးရကိုယုံကြည်စေချင်ရင် လူထုယုံကြည်နေတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေကိုလွှတ်ပေးသင့်တယ်။ လူထုက ယုံကြည်တဲ့သူတွေနဲ့ လက်တွဲပါ။ လူထုက မယုံကြည်တဲ့ ဦးသန်းရွှေနဲ့ မိသားစုကိုအရေးယူပေးပါ။ဦးအောင်သောင်းနဲ့သူသားနေအောင်တို့စီးပွားရေးသောင်းကျန်းနေတာတွေကို အရေးယူပေးပါ။ နိင်ငံတကာကယုံကြည်မှုကိုလိုချင်ရင်နိင်ငံတကာမကြိုက်တဲ့လူအခွင့်အရေးချိုးဖေါက်မှုတွေကိုရပ်ဆိုင်းပါ။ လူအခွင့်အရေးချိုးဖေါက်ထားတဲ့ ဦးသန်းရွှေနဲ့ အပေါင်းအပါ တချို့ကိုအရေးယူပါ။ အီဂျစ်သမတဟောင်းမူဘာရပ်ကို အရေးယူသလို အရေးယူပါ။ 
WE FIGHT WE WIN မှ

ပြန်ကြားရေးနဲ့ လူမှုဆက်ဆံရေးဌါန ညွန်ကြားရေးမှူးချူပ် ဦးရဲထွဋ်၏ ပြောကြားချက်အပေါ် အနည်းငယ်ပြန်လည်တင်ပြဆွေးနွေးခြင်း။

by Ko Baloi on Friday, October 14, 2011 at 4:45pm

ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှု တကယ်ရှိလျှင် ဟန့်တားမည်

သောကြာ, 14 အောက်တိုဘာ 2011

ဒီပဲယင်း လူသတ်မှုကို ဖွင့်ချခဲ့လို့

ဖနိဒါ | သောကြာနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၅၈ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။      ။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော ကလေးစစ်သားအရေး၊ အဓမ္မ လုပ်အားပေးမှုများ၊ ဒီပဲယင်းအရေးအခင်းကို ဖေါ်ထုတ်ခဲ့၍ ဖမ်းဆီးခံခဲ့ရသူ စာရေးဆရာ ဦလှစိုး  ဗုဒ္ဓဟူးနေ့က လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာခဲ့သည်။

နိုင်ငံရေးအကျဉ်းသား တစ်ဦး ပေါ်တာအထမ်းသမားအဖြစ် ရှေ့တန်း အပို့ခံခဲ့ရပြီး ရှေ့တန်းမှာ မိုင်းထိမှန်ကာ ခြေတစ်ဘက် ပြတ်သွားပါတယ်။

ပြောနေရရောအခါခါ အလီလီ အကြိမ်ကြိမ်

ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ဘန်ကီးမွန်း တိုက်တွန်း

Why We're talking about a revolution (tracy chapman)

“စိတ်ပျက်တာမဟုတ်ဘူး၊ မကျေနပ်တာဟု” ဦးဝင်းတင်ပြော

ထောင်ကျ အမျိုးသမီးများဘဝ ကြမ်းတမ်းခက်ခဲ

“ထောင်က လွတ်လွတ်ချင်း ပထမဆုံး ခံစားချက်ကတော့ ၀မ်းမသာဘူး လို့ပြောရမှာပဲ။

ထောင်မကြောက်နဲ့  ဇာဂနာ ရှိတယ်

ထောင်တကာလှည့်​ပြီး​ နိုင်ငံ​ရေး​အကျဉ်း​သား​ အား​ပေး​မည့်​အလုပ် ဒီ​နေ့​စလုပ်ပြီဟု ဇာဂနာ​ပြော

မျက်လုံးဒေါက်ထောက်ကြည့်ဦးမယ်

ကြာသပတေး, 13 အောက်တိုဘာ 2011

ရှင်းရှင်းလဲပြောတတ်တယ် ပြတ်ပြတ်သားသားလဲရပ်တည်တယ်

ကိုဇာဂနာသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်နေစဉ် ဇွန် လဆန်းပိုင်း၌စမ်းချောင်း မြို့နယ်ရှိ နေအိမ်တွင် အဖမ်းခံခဲ့ရသည်။

စဉ်း စား ကာ နေ ရ ဦး မယ်

ကြာသပတေး, 13 အောက်တိုဘာ 2011

သေဒဏ်ကျခံခဲ့ရသူ ABSDF အဖွဲ့ဝင်နှင့် အင်တာဗျူး

ကိုဝိုင်း | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၉ မိနစ်

ထပ်လွှတ်ပါ

နိုင်ငံရေး အကျဉ်းသားတွေ ထပ်လွှတ်ဖို့ NLD တောင်းဆို

ထောင်ပြန်သွားမယ့် ဇာဂနာ

ဇာဂနာ ထောင်ဝင်စာ လိုက်တွေ့မည်

ပြောဘဲနေရရောဟယ်

ဦးသိန်းစိန် အစိုးရ အပြောနဲ့အလုပ် မညီကြောင်း မစုစုနွေး ဝေဖန

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့အမှာစကား

သောကြာနေ့၊ အောက်တိုဘာလ ၁၄၊ ၂၀၁၁


ကိုမင်းကိုနိုင်အကျဉ်းကျခံနေရသောကျိုင်းတုံအကျဉ်းထောင် (messenger ဂျာနယ်)

ကျိုင်းတုံအကျဉ်းထောင်တွင်ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသော ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင် က သူ့အနေဖြင့်ဒေါ်အောင်ဆန်းစုကြည်ပြောသည့် တိုင်းပြည်ကောင်းစားရေး အတွက် မည်သူနှင့် မဆိုပူးပေါင်းဆောင်ရွက်မည်ဆိုသည့်သဘောထားကိုအလေးအနက်အပြည့်အ၀ထောက် ခံကြောင်း၊ NLD ပါတီတရားဝင်မှတ်ပုံတင်ပြီးရွေးကောက်ပွဲ ၀င်မည်ဆိုလျှင် လည်းထောက် ခံကြောင်းနှင့်ဒေါ်အောင်ဆန်းစုကြည် ယခုသွားနေသော လမ်းကြောင်းကိုထောက်ခံကြောင်း ကိုမင်းကိုနိုင်နှင် အတူကျိုင်းတုံအကျဉ်းထောင်တွင် အတူအကျဉ်းကျခံခဲ့ရပြီး ယမန်နေ့နံနက်ကပြန်လွတ် လာသူနိုင်ငံရေးသမားတစ်ဦးက The Messenger ဂျာနယ်မှသတင်းထောက်ကို ၁၂.၁၀.၂၀၁၁ နေ့ ည ဒေသစံတော်ချိန် ၈း ၂၀ နာရီခန့်တွင် တရားဝင်တွေ့ဆုံပြောကြားခဲ့သည်။

The Messenger ဂျာနယ်

စိတ်ပျက်တယ် သိန်းသိန်း စိန်လေး ရယ် - - -

ဗုဒ္ဓဟူး, 12 အောက်တိုဘာ 2011

နိုင်ငံရေးအကျဉ်းသားအားလုံး မလွတ်သေးတဲ့အတွက် HRW စိတ်ပျက်

တကျပ်ဖိုးလုပ်ပြီး တဆယ်ဖိုးတော့မလိုချင်နဲ့  ဆက်လုပ်ပြ - - -

နိုင်ငံရေး အကျဉ်းသား လွှတ်ပေးမှု ဝိုင်းဝန်း ကြိုဆို

လွတ်မြောက်သူတွေထဲ နိုင်ငံရေးအကျဉ်းသားတချို့ ပါဝင်

ဗုဒ္ဓဟူး, 12 အောက်တိုဘာ 2011

ဟောဒါ ပြည်သူ့ ဇာဂနာ

လွှတ်တော်ထဲမှာနိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ရင်တိုင်းပြည်တည်ငြိမ်မှုအတွက်ဘယ်သူကအာမခံမလဲဆိုပြီးမေးတဲ့မေးခွန်းကို
"ကိုဇာဂနာ"ကအခုလိုဝေဖန်လိုက်ပါတယ်
သမ္မတဦးသိန်းစိန်ဆီမှာကျနော့်အသက်ကိုအပေါင်ထားပါ့မယ် အဲ့ဒီလူတွေလွှတ်လိုက်လို့ တိုင်းပြည်ဆူပူမှုဖြစ်ရင်ကျနော့်ကိုအရင်သတ်လိုက်ပါ။
ကျနော့်ဘက်ကပြန်စိန်ခေါ်တာပဲ။ကြေးထပ်မယ်ဆိုရင်
အပြတ်ထပ်၊အသက်ကိုထပ်တယ်တဲ့ဗျာဒီထက်ရှင်းတာတောင်ဒီလောက်ရှင်းမယ်မထင်ပါဘူး။

ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ဇာဂနာဝေဖန်

2011-10-12

ဒီကနေ့မနက် အစောပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနား ထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာက သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး အခုလို ဝေဖန်လိုက် ပါတယ်။

နိုင်ငံ ရေး အကျဉ်းသား ၁၅၅ ဦးကို သာ လွှတ်ပေး

We Posted on BST Time 2:30 PM

ယနေ့  လွတ် မြောက် လာသည့် အကျဉ်း သား များ တွင် နိုင်ငံ ရေး အကျဉ်းသား အနည်း
ငယ် သာ ပါဝင် သည်။ အကျဉ်းသား ၂၀၀၀ ကျော် ကျန် ရှိ နေသေး သည့် အတွက် လက်
ရှိ မြန်မာ စစ်အစိုးရ ၏ လုပ်ဆောင် မှု များ မှာ အပြု သဘော မဟုတ် သည့် ပြင် အားရ
ကျေနပ် စရာ မရှိ ဟု တက်ကြွ လှုပ်ရှား သူ များ က ပြော

ဝမ်းနည်းရမှာလား- ဝမ်းသာရမလား- မောင်သိန်းစိန်

ကြာသာပတေးနေ့၊ အောက်တိုဘာလ ၁၃၊ ၂၀၁၁


ကနေ့- သီတင်းကျွတ်လပြည့်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အတွက် ဘာသာရေးရှုထောင့်ကနေကြည့်ရင် အရမ်းကို သင့်တော်ဆီလျှော်မှန်ကန်ပါတယ်၊။ ဒါပေမယ့်- လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲမှာ ယုံကြည်ချက်-ခံယူချက်ကြောင့် အကျဉ်းကျနေတဲ့ လူတွေကိုလွှတ်ပေးတာ အားရကျေနပ်မှုမရှိခဲ့ပါဘူး။ ဒါကြောင့်- လူတွေတော်တော်များများ သီတင်းကျွတ်လပြည့်နေ့မှာပဲ စိတ်ထဲမှာ ကသိကအောင့်ဖြစ်နေကြရပါတယ်၊။ အကယ်၍-အားလုံးကိုလွှတ်ပေးရင် ကျေးဇူးအတင်ခံရမှာစိုးလို့လား ( ဒါမှမဟုတ် ) နတ်လူသာဓု အခေါ်ခံရမှာစိုးလို့လား...လို့ ကသိကအောင့်ဖြစ်နေတဲ့စိတ်က မေးချင်ပါသည်။ ကနေ့-နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခြင်းအပေါ်....ဝမ်းနည်းရမှာလား- ဝမ်းသာရမလား- မောင်သိန်းစိန် လို့ လည်း ဆက်ပြီးမေးချင်ပါသေးသည်။
အမှန်တကယ်တော့ နိုင်ငံရေးအကျဉ်သားတွေဟာ သူတို့ဘဝမှာ နိုင်ငံနဲ့လူမျိုးအတွက် ပေးဆပ်ယုံသက်သက်နဲ့ စွန့်လွှတ်နေခြင်းသာဖြစ်ပါတယ်၊ သူတို့မှာ ရယူလိုမှု ကလဲ့စားချေ- မုန်းတီးတဲ့စိတ်တွေ စိုးစဉ်းမျှ မရှိရိုးအမှန်ပါ၊
အခု- လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ သမ္မတ- ဦးသိန်းစိန်ရဲ့ ဧရာဝတီမြစ်ဆုံရပ်တံ့ လိုက်တာနဲ့ ပတ်သက်ပြီး ကျေးဇူးတင်တာ ပြောဆိုနေခြင်းဟာ ရန်လိုစိတ်မရှိတဲ့ သူတို့တတွေရဲ့ ပကတိရိုးသားတဲ့စိတ်အစဉ်ကို မီးမောင်းထိုးဖော်ကြူးနေတာ လက်တွေ့ပြသလိုက်တာပါပဲ။ သူတို့တတွေဟာ နိုင်ငံကို ဖျက်လိုဖျက်ဆီး နှောက်ယှက်သူများမဟုတ်သလို....အပြစ်ကျူးလွန်သူတွေအပေါ်လည်း အာဃသ ရှိမနေဘူးဆိုတာယုံကြည်ပါတယ်။
ဒီနေရာမှာ- ကျနော့်ရဲ့ တော်လှန်ရေး- နိုင်ငံရေး လောကမှာ ကြုံဆုံခဲ့ရတဲ့ သူငယ်ချင်း လှိုင်ဘွားရေးထားတဲ့ ကဗျာတပုဒ်ကို အလျှင်းသင့်၍ဖော်ပြချင်ပါသည်။ ကဗျာရဲ့ ခေါင်းစဉ်က-
သို့....ဦးသိန်းစိန်
သွင်းလိုက် ထုတ်လိုက်
ပြန်သွင်းလိုက် ပြန်ထုတ်လိုက်
အားလုံး ဖုတ်လိုက် ဖုတ်လိုက်နဲ့
အလ္လမယ်ဆရာရဲ့
ပချုပ်ထဲကမြွေတွေလို...
အနှစ် ၂၀ တစ်လလျှော့
၆၅ နှစ်- တစ်နှစ်လျော့
လွတ်ရက်စေ့တော့လည်း လွှတ်ပေး
အိမ်မရောက်သေးခင် ပြန်သွင်း
သည်- ထူးမခြားနားသီချင်းကြီး
အခြားတီးလုံး ပြောင်းတီးပါတော့။
ကြံဖန်ကျေးဇူးတင်တတ်သော လူမျိုး
အလွန်တရာခွင့်လွှတ်တတ်သော လူမျိုး
အမှတ်သဲခြေမထားတဲ့ လူမျိုး
အငြိုးအတေးမပွါးတဲ့ လူမျိုး
တင်းတိမ်ရောက်ရဲဆုံး လူမျိုး
သွေးဆူလွယ် မေ့ပျောက်လွယ်တဲ့ လူမျိုး
ကောင်းတကွက်ကြောင့် ဆိုးကွက်တစ်ရာကို မေ့နိုင်ပါသော လူမျိုး
သည်လူမျိုးကို
ပုဆိန်ရိုးတစ်စုလက်က ကယ်မယ်ဆိုရင်
လူကြီးမင်းကို-
ကလပ်ပေါ်တင် သ္ခင်လိုထား
အရိုးသားဆုံနည်းနဲ့
သတိယတိုင်း ရှစ်ကြီးခိုးပါ့မယ်....လို့
လှိုင်ဘွားက ဖြစ်ရပ်မှန်ကို ရေးသားထားတာပါ။
ဒီနေရာမှာ...လက်ရှိအစိုးရအနေနဲ့ တိုင်းပြည်ပြန်လည်ထူထောင်စဲကာလမှာ အသုံးတတ်မယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အားတွေကို ရယူအသုံးပြုသွားရပါ့မယ်၊ နိုင်ငံရေးအကျဉ်းသားတွေကို တကယ့်ရန်သူကြီးသဖွယ် ဆက်ဆံနေစရာ ဘာအကြောင်းမရှိပါ။ ဒါကြောင့်- ကျနော့်အနေနဲ့ သမ္မတ- ဦးသိန်းစိန် ကိုမေးချင်တာက...အခုလို မစို့မပို့လွှတ်ပေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ်....ကျနော်တို့တတွေ ဝမ်းနည်းရမှာလား- ဝမ်းသာရမလား- မောင်သိန်းစိန်..။
Ko Baloi Facebook

လာဘ်ထိုးတာလား ဖားတာလား ?

ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၂၊ ၂၀၁၁

 အငြင်းပွားမှုအကြားက တရုတ်၏ ပညာရေး ဟန်ပြအလှူ

သီးလေးသီးရဲ့ အတွင်းသရုပ်။

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ၂၉ရက်နေ့မှ လွတ်မည်။

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ၂၉ရက်နေ့မှ လွတ်မည်။ကိုဇာဂနာ မနက်ဖြန်လွတ်မည်။

လွတ်မြောက်မည့်စာရင်းတွင် ရွှေဝါရောင်ခေါင်းဆောင် အရှင်ဂမ္ဘီရပါ မပါမသေချာ

Wednesday, October 12, 2011

လွတ်မြောက်မည့်စာရင်းတွင် ရွှေဝါရောင်ခေါင်းဆောင် အရှင်ဂမ္ဘီရပါ မပါမသေချာသေးကြောင်း ကလေးထောင်အာဏာပိုင်မှ ဖြေကြား။

လူထုနှင့် ကျမ္မာရေး [By Ko Baloi ]

လူသားတို့တွင် မွေးဖွားရာကအစ- သေဆုံးသည့်အထိ ကျမ္မာရေးကောင်းမွန်ဖို့သည် အဓိကအရေးဖြစ်သည်။

မင်းကိုနိုင်ကျန်မယ်

ဇာဂနာ လွတ်ပြီး မင်းကိုနိုင်ကျန်မယ် လို့ နေပြည်တော်က ပြော

2011-10-11
မနက်ဖြန် သီတင်းကျွတ် လပြည့်နေ့ကစပြီး အကျဉ်းသား ၆၃၅၉ ဦးလွတ်ငြိမ်း ချမ်းသာခွင့်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီနေ့ ကြေညာ လိုက်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ဘယ်နှစ်ဦး ပါဝင်မယ် ဆိုတာတော့ မသိရသေးပါဘူး။
(Photo: AFP)
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် (ဝဲ) နှင့် ကိုကိုကြီး (ယာ) တို့ ယခင် ပထမတကြိမ် ထောင်က လွတ်လာခါစ ၂၀၀၅ ခုနှစ် မတ်လ ၁၈ ရက်နေ့က မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနကို RFA က ဆက်သွယ်ပြီး အခုလွတ်မြောက်မယ့် သူတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်လောက် ပါဝင်ပါသလဲလို့ မေးမြန်းခဲ့ရာမှာ တာဝန်ကျ အရာရှိ တစ်ဦးကတော့- “ကိုးယောက်တော့ ကိုးယောက်ပဲခင်ဗျ၊ ဇာဂနာတော့ ပါတယ်” အဲဒီအရာရှိက အခုလွတ်မယ့် သူတွေထဲမှာ ကိုမင်းကိုနိုင်တော့ ပါဝင်ခြင်း မရှိဘူးလို့ ပြောပါတယ်။ ကိုမင်းကိုနိုင်ရဲ့ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က RFA ကို အခုလိုပြောပါတယ်။ “ကြိုပြောလေ့ မရှိဘူးရှင့်၊ စစ်တွေက လွတ်တုန်းကလည်း လေယာဉ်ကွင်း သွားကြိုကာနီးမှ အိမ်က မိသားစု နှစ်ယောက် လိုက်ပါဆိုပြီးတော့ ခေါ်တာ၊ ၁၃ သွား ၁၅ ပြန်မယ်ဆိုပြီးတော့ လက်မှတ်ဝယ်ထားတာ၊ မွေးနေ့မှာ သူ့လည်း နည်းနည်းပါးပါး လှူရအောင်ပေါ့နော် ရန်ကုန်လည်း မွေးနေ့အမီ ပြန်မယ်ဆိုပြီး အခုဘာလုပ်ရမှန်း မသိဖြစ်နေတယ်” လာမယ့် အောက်တိုဘာလ (၁၃) ရက် မှာတော့ ကိုမင်းကိုနိုင် ရှိနေတဲ့ ကျိုင်းတုံထောင်ကို မိသားစုတွေ ထောင်ဝင်စာ တွေ့ဖို့ စီစဉ် ထားတယ်လို့ ပြောပါတယ်။ တခြား အတည်ပြုချက် မရသေးတဲ့ သတင်းရပ်ကွက် တစ်ခု အဆိုအရဆိုရင် လွတ်မြောက်မယ့် သူတွေထဲမှာ ၈၈ ကျောင်းသား ကိုဌေးကြွယ်နဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင် တို့ ပါဝင်ကြောင်း သိရပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ကြေညာချက်မှာ ထိုင်သင့်တဲ့ ပြစ်ဒဏ် ကျခံထားပြီး အကျင့်စာရိတ္တ ကောင်းလာတဲ့ အကျဉ်းသားတွေကို လူသားချင်း စာနာမှု၊ သူတို့မိသားစုတွေကို ငဲ့ညှာမှုနဲ့ နိုင်ငံ့အကျိုးအတွက် တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ ကျန်နေတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်သည်လို့ ဖော်ပြ ထားပါတယ်။ ခုချိန်ထိတော့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင် တစ်စုံတစ်ယောက်ကိုမှ သက်ဆိုင်ရာက အသိပေးတာ မရှိသေးပါဘူး။ ဒီအတောအတွင်း လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကျရောက်မယ့် ကိုမင်းကိုနိုင်ရဲ့၄၉ နှစ်မြောက် မွေးနေ့ကို ရန်ကုန်မြို့ မရန်းကုန်းမြို့နယ် ၂ ရပ်ကွက် ဘူတာရုံလမ်းမှာရှိတဲ့ သမိုင်းမြို့မ ပရိယတ္တိ စာသင်တိုက်မှာ မနက် ၈ နာရီကနေ ၁၀ နာရီထိ မွေးနေ့ အလှူကျင်းပဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေက စီစဉ်နေကြပါတယ်။

ယနေ့ အကျဉ်းသား ၆၃၅၉ ဦး ကိုလွှတ်ပေးမည်

အင်္ဂါနေ့၊ အောက်တိုဘာလ ၁၁၊ ၂၀၁၁

ယနေ့ အကျဉ်းသား ၆၃၅၉ ဦး ကိုလွှတ်ပေးမည်ဟု အမ်အာတီဗီဖိုး ရုပ်သံမှ ကြေငြာ
Photo..AP
ယနေ့ အကျဉ်းသား ၆၃၅၉ ဦး ကိုလွှတ်ပေးမည်ဟု အမ်အာတီဗီဖိုး ရုပ်သံမှ နေ့ခင်း ၁ နာရီတွင် ကြေညာသွားခဲ့သည်။ နိုင်ငံရေး အကျဉ်းသားမည်မျှ ပါဝင်သည်ကိုမူ မသိရှိရသေးပါ။

ယနေ့ နေ့ခင်း ၁ နာရီ ကြေညာချက်အရ “နိုင်ငံတော် အစိုးရသည် ပြစ်ဒဏ်ကျခံနေရသော အသက်အရွယ် ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများနှင့် ကိုယ်လက်အင်္ဂါ ချွတ်ယွင်းသည့် အကျဉ်းသားအားလုံးအနက်မှ ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသည့် အကျဉ်းသား ၆၃၅၉ ဦးအား အောက်တိုဘာလ ၁၂ ရက် နေ့မှ ပြစ်ဒဏ်မှ အသီးသီး လွတ်ငြိမ်းခွင့်ပြုလိုက်သည်” ။ အဓိပ္ပါယ်မှာ မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့မှ စလွှတ်ပေးမည့် သဘောဖြစ်သည်။
အရပ်သား အစိုးရသစ် လက်ထက်တွင် ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါ အမိန့်အရ အကျဉ်းသား ၁၄၆၀၀ ကျော်ကို လွှတ်ပေးလိုက်ပြီး သေဒဏ်ကျ အကျဉ်းသား ၃၄၈ ဦး၏ ပြစ်ဒဏ်များကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ ပြောင်းလဲ သက်သာခွင့် ပေးခဲ့သည်။
..........................
နိုင်ငံတော်သမ္မတရုံးသည် အမိန့်အမှတ် ၄၉/၂၀၁၁ ကို ၁၃၇၃ခုနှစ် သီတင်းကျွတ်လဆန်း ၁၄ရက်၊ ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၁ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ပါသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း

၁။ နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင်ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ် ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါသည်။

၂။ ဤသို့ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် နိုင်ငံတော်သည် တည်ဆဲဥပဒေများကိုကျူးလွန်ဖောက်ဖျက်ခဲ့သူများအား တရားဥပဒေနှင့်အညီ ပြစ်ဒဏ်များ စီရင်ချမှတ်ခဲ့ရပါသည်။ ဤသို့ ပြစ်ဒဏ်စီရင်ခြင်းခံရသည့် အသက်အရွယ်ကြီးရင့်သူများ၊
ကျန်းမာရေးမကောင်းသူများ၊ ကိုယ်လက်အဂါင်္ချို့တဲ့သူများ အပါအ၀င် အကျဉ်းသားများအားလုံးထဲမှ ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့်အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများအား နိုင်ငံတော်အစိုးရသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) ပါ ပြဌာန်းချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ပြုပြင်ပြောင်းလဲပေးနိုင်ရန် အစီအမံများ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလိုပါသည်။

၃။ သို့ဖြစ်ရာ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့် စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန် လာသော အကျင်းသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် သနားချစ်ခင်မှုတို့ကို အလေးထားသည့် အနေဖြင့်လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညာသော အနေဖြင့် လည်းကောင်း၊
ယင်းတို့သည် နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် အများပြည်သူနှင်အတူ တာဝန်ထမ်းဆောင်နိုင်စေရန်အတွက် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှ ပူးတွဲအမည်စာရင်းပါ အကျဉ်းသား ၆၃၅၉ ဦးတို့အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ ယင်းတို့ကျခံရန် ကျန်ရှိသော အပြစ်ဒဏ်များအပေါ် ၁၃၇၃ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ခရစ်သက္ကရာဇ် ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၂ရက်မှ စ၍ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။

ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ

မဟန်တော့ မာန်လျှော့ ပြန်ပေတော့ တရုတ်ရေ

မြစ်ဆုံစီမံကိန်း အပြီးရပ်တန့်ရေး လက်မှတ် ၁ သန်း တရုတ်အစိုးရထံပို့ဖို့ စီစဉ်။
0 Comments - 10 Oct 2011
မန္တလေး မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်၊ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ “မပြီးဆုံးသေးသော မြစ်ဆုံ” အမည်နဲ့ ဧရာဝတီနဲ့ သဘာဝ ပတ်ဝန်းကျင်ရေးရာများ ဟောပြောပွဲတရပ်ကို ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ဒီဟောပြောပွဲမှာ ဆရာဦးဝင်းမျိုးသူနဲ့ စာရေးဆရာ ကိုတာ တို့ ဟောပြောကြပြီး စိတ်ပါဝင်စားသူ လူ ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ဟောပြောပွဲမှာ ဆရာဦးဝင်းမျိုးသူက ကောက်ခံရရှိတဲ့ လက်မှတ်တွေနဲ့အတူ တရုပ်အစိုးရနဲ့ CPI ကုမ္ပဏီကို သွားရောက် ဆွေးနွေးပြီး မြန်မာပြည်သားတွေရဲ့ သေ...

More Link
တနင်္လာနေ့၊ အောက်တိုဘာလ ၁၀၊ ၂၀၁၁
China, Myanmar agree to cooperate on suspended joint hydropower project

နှစ်ခြိုက်စွာ အိပ်ပျော် စေနိုင်သော နည်း(၅) နည်း

နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏


Item Name : Barbodos Aloes (ရှားစောင်းလက်ပပ်)

မြန်မာ့ ဒီမိုကရေစီအောက်မှ ပြည်သူတို့ ဘဝ

လူ့အခွင့်အရေးတိုင်ကြားမှု အများအပြား လက်ခံ ရထားကြောင်း ကော်မရှင် အကြီးအကဲ ပြောကြ

ဆုတွေနဲ့  စု

rSwfyHkwifjcif;r&Sdaom trsKd; om;'Drdkua&pDtzGJUcsKyf (NLD)taxGaxGtwGif;a&;rSL; a':atmifqef;pkMunftm; EkdifiHwumtoD;oD;rS 'Drdkua&pDacgif;aqmif wpfOD;taejzihf *kPfxl;aqmifqkrsm;ESihf bJGUwHqdyfrsm; csD;jr§ihfcJhMu\/
xkdqkrsm;ESihf bJGUwHqdyfrsm; rSm...

နိုင်ငံရေးအကျဥ်းသားလွှတ်မြောက်ရေးလက်မှတ်ရေး

နိုင်ငံရေးအကျဥ်းသားလွှတ်မြောက်ရေးလက်မှတ်ရေးထိုးလှူပ်ရှားသူများကွန်ယက်၏ ထုတ်ပြန်ကြေငြာချက်

နိုင်ငံရေးအကျဥ်းသားလွတ်မြောက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားသူများကဦးဆောင်၍

သင်ကောင်းလျှင် ငါ မဆိုးပါ

 တနင်္လာ, 10 အောက်တိုဘာ 2011

မြန်မာအစိုးရ ပြုပြင် ပြောင်းလဲရေးလုပ်သမျှ အမေရိကန် တုံ့ပြန်သွားမည်

တိုင်းရင်းသားအရေး ဒို့ အရေး

ကချင်များ တရုတ်အစိုးရ ကန့်ကွက်ဆန္ဒပြပွဲ ၃ နေရာတွင် ပြုလုပ်

နောက်မှာပြည်သူ ရှေ့ မှာတရုတ်

တရုတ်ကို ပထမဆုံး အကြိမ် ငြင်းဆန်ကြောင်း မြန်မာ မောင်း ခတ်ကြေညာ

(မြစ်ဆုံတမံ ရပ်ဆိုင်းမှုနှင့် ပတ်သက်၍ လူသိများ ဘာတစ်လ်လင်တနာ၏ မူကွဲ သုံးသပ်ချက် ဆောင်းပါးတပုဒ်ဖြစ်သည်။)

အမျိုးသမီးနှင့် နိုင်ငံတော်တည်ဆောက်ရေး


ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နိုင်ငံတိုင်းမှာ စစ်ရေးနည်းနဲ့ပဲဖြစ်ဖြစ်၊ တော်လှန်ရေးနည်းလမ်းနဲ့ပဲဖြစ်ဖြစ်၊ ပြည်ပကူညီဝင်ရောက် ဖြေရှင်းပေးမှုကြောင့်ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာမှု ကြောင့်ပဲဖြစ်ဖြစ် ပဋိပက္ခတွေ ပြေလည်ပြီးတဲ့အခါ နိုင်ငံတော်ပြုပြင် တည်ဆောက်ရေးကို ပြုလုပ်ရပါတယ်။

ကြောက်ပြန်ကန် တရုတ်သတင်း

မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများကို တရုတ်သတင်းစာ အကာအကွယ်ပေးရေးသား

(8 Oct 2011 ရက်စွဲပါ Reuters သတင်းဌာန၏ China paper defends Myanmar Investment ကို yangonchronicle ဘာသာ ပြန်ဆိုသည်)