ဇီးကုန်းအကြမ်းဖက်မှု သံသယရှိသူကို ဖမ်းဆီး

မတ္ထီလာမြို့လမ်းမတခုပေါ်မှာ လုံခြုံရေးစောင့်ကျပ်နေတဲ့ စစ်သားတချို့။ (မတ်လ ၂၃ ရက်၊ ၂၀၁၃)။
ကိုကျော်ကျော်သိန်း
ပဲခူးတိုင်းထဲက အဓိကရုဏ်းတွေ အပြင်းထန်ဆုံးဖြစ်ခဲ့တယ်လို့ဆိုကြတဲ့ ဇီးကုန်းမြို့ အကြမ်းဖက်မှုမှာ ပါဝင် တယ်လို့ သံသယရှိသူ ဆယ်ဦးကို ဖမ်းဆီးထားပြီး ပေါင်းတည်ထောင် အချုပ်မှာ ချုပ်နှောင်ထားတယ်လို့ ဇီးကုန်းမြို့ ရဲစခန်း တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကိုပြောပါ တယ်။ ဇီးကုန်းနဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာ ညမထွက်ရ သတ်မှတ်ချက်ကို လျှော့ပေးလိုက်ပြီး အခြေအနေတွေ တည်ငြိမ်လာနေပေမဲ့ ပုံမှန်အခြေအနေ ပြန်မရောက်သေးသလို အကြမ်းဖက်မှုတွေ စခဲ့တဲ့ မိတ္ထီလာ မြို့မှာလည်း အခြေအနေပုံမှန်ပြန်ဖြစ်ဖို့ အချိန်ယူရလိမ့်မယ်လို့ ပြောကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းက ဇီးကုန်းမြို့ဟာ မိတ္ထီလာအကြမ်းဖက်မှုတွေ ကူးစက်ဖြစ်ပွားခဲ့တဲ့ထဲက အဆိုးဆုံး ကြုံခဲ့ရတဲ့ မြို့နယ် တစ်ခုဖြစ်ပြီး ကြို့ပင်ကောက်၊ အုတ်ဖိုနဲ့ မင်းလှမြို့တွေနဲ့အတူ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့မြို့ဖြစ်ပါတယ်။ ဆူပူ အကြမ်းဖက်မှု တွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သံသယရှိသူ ဆယ်ဦးကို ဇီးကုန်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားစွဲဆိုထားတယ်လို့ ဇီးကုန်းရဲ တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။

“အခင်းဖြစ်တဲ့ထဲက ၁၀ ယောက်ဖမ်းထားတယ်။ ပေါင်းတည်ထောင် အချုပ်မှာ လောလောဆယ် ထားထားတယ်။ ပုဒ်မ ၄၅၂၊ ၄၂၇၊  နောက်ပြီးတော့ ၂၉၅ ပုဒ်မသုံးခုနဲ့ စွဲတယ်ခင်ဗျ။ အခုလက်ရှိကတော့ အဲဒီရုံးက ပြောရရင်တော့ ယမန်နဲ့ထားတယ်။ ရုံးကတော့ တင်ထားတယ်ခင်ဗျ။ တခါတော့စစ်ပြီးသွားပြီခင်ဗျ။”

ပုဒ်မ ၄၅၂ က နာကျင်စေမှုကိုဖြစ်စေ၊ လက်ရောက်မှုကိုဖြစ်စေ၊ မတရားတားဆီးမှုကိုဖြစ်စေ ကျူးလွန်ရန်ပြင်ဆင်၍ အိမ်ကျော်နင်းမှု၊ ပုဒ်မ ၄၂၇ က အကျိုးဖျက်ဆီးမှု၊ ပုဒ်မ ၂၉၅ က ကိုးကွယ်တဲ့ ဘာသာ သာသနာကို စော်ကားရန်အကြံဖြင့် ကိုးကွယ် ၀တ်ပြုသောနေရာကို ဖျက်ဆီးမှုတို့ဖြစ်ပါတယ်။

ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာကို တနင်္ဂနွေနေ့မှာ လျှော့ချလိုက်ပြီး ည ၈ နာရီ ကနေ မနက် ၄ နာရီ ကြား ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ ဒီလိုလျှော့ချလိုက်တာက အခြေအနေတွေ တိုးတက်လာတယ် ဆိုတာကို ပြနေတယ်လို့ ယေဘုယျအားဖြင့် ပြောနိုင်ပေမဲ့ မြို့ခံတွေကြားမှာ စိုးရိမ်စိတ်တွေ ရှိနေသေးပြီး နဂို ပုံမှန်အတိုင်းတော့ ပြန်မဖြစ်သေးဘူးလို့ ဇီးကုန်းမြို့ခံတစ်ဦးက ပြောပါတယ်။

“ဇီးကုန်းက အထိနာဆုံးပဲ။ တော်တော်လေး များများစားစားကို ပျက်စီးသွားတယ်ပေါ့နော်။ မူစလင်အိမ်တွေရော၊ ဗလီကျောင်းရောပေါ့။ အတော်လေးကို ပျက်စီးပါတယ်။ အိမ်တွေဘာတွေမှာလည်း တော်တော်လေး ရစရာမရှိအောင် ပစ္စည်းတွေ ဖျက်ပစ်တယ်။ အခြေအနေက ပုံမှန်မဖြစ်သေးဘူး။ ပုံမှန်မဖြစ်သေးဘူးဆိုတာက မူစလင်တွေက အခုမှပြန်လာနေတယ်။ သူတို့ရဲ့ မိသားစု၊ သူတို့အိမ်လေးတွေကိုပေါ့နော်၊ အိမ်ကလည်း အပျက်အစီးတွေနဲ့။ တချို့အိမ်တွေဆို ပစ္စည်း ဘာမှမရှိတော့ဘူး။”

ဇီးကုန်းနဲ့အလားတူ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကြို့ပင်ကောက်မြို့နယ်မှာလည်း အလားတူ အချိန် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒေသခံလူထု၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေက မြို့နယ် တည်ငြိမ်လုံခြုံရေးအတွက် ပူးပေါင်း လုပ်ဆောင်ချင်တာကို မြို့နယ်တာဝန်ရှိသူတွေက ခွင့်မပြုဘူးလို့ ကြို့ပင်ကောက် မြို့ခံ တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ရပ်ကွက်လူ့အဖွဲ့အစည်း၊ နိုင်ငံရေးပါတီတွေနဲ့ မြို့နယ် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရာတွင် သူတို့ဆီမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ လုံလောက်ပါတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ကျနော်တို့ကို ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်မပေးပါဘူး။ အဲဒါကတော့ ပြီးခဲ့တဲ့သုံးရက်လုံး ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ ကျနော်တို့ရဲ့လုပ်ငန်းစဉ်ပါ။ ကျနော်တို့ အကြိမ်ကြိမ် တောင်းဆို ပါတယ်။ အကြိမ်ကြိမ်တောင်းဆိုတဲ့နေရာမှာ သူတို့က လုံးဝလက်မခံပါဘူး။”

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီတစ်ရပ်ကို မတ်လ ၃၀ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့အကြောင်း သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးထားတဲ့ အမိန့်ကြော်ညာစာတစ်ခုကို တနင်္ဂနွေနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

လတ်တလောဖြစ်နေတဲ့ ဆူပူအကြမ်းဖက်ဖျက်ဆီးမှု အခြေအနေတွေကို ထိန်းသိမ်း ကိုင်တွယ် ဆောင်ရွက်ဖို့ အဲဒီကော်မတီကို ဖွဲ့စည်းလိုက်တယ်ဆိုပေမဲ့ ကော်မတီရဲ့ သက်တမ်းကိုတော့ အတိအကျ ပြောမထားပါဘူး။ ဒါ့အပြင် ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ပြည်သူကို ဗဟိုပြုတဲ့ ရဲလုပ်ငန်းစနစ်ကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေ ဖွဲ့စည်း ဆက်စပ် ဆောင်ရွက်ပေးသွားမယ်လို့လည်း ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေ ထဲမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက် အဓိကရုဏ်းတွေ စဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတာကို မရုပ်သိမ်းသေးသလို စစ်တပ်အင်အားတွေ ချထားဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း ကင်းလှည်စောင့်ကျပ်နေပါတယ်။ တည်ငြိမ်လာခါစ အခြေအနေမှာ ဖြစ်တတ်တဲ့သဘာဝ အတိုင်း ကောလာဟလတွေကလည်း ပြန့််နေတာမို့ ပုံမှန်ပြန်ဖြစ်ဖို့ အချိန်ယူရလိမ့်မယ်လို့ မိတ္ထီလာမြို့ခံ တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

“စိတ်အေးလက်အေး ရှင်းရှင်းလင်းလင်းတော့ မရှိဘူး။ လူတွေက အခြေတကျ မဖြစ်သေးတဲ့အတွက် စိတ်ပူတယ်ပေါ့နော်။ မူစလင်တွေလည်း တော်တော်များများ ထိခိုက်ထားတဲ့အခါမှာ မီးများပြန်ရှို့မလား၊ ဒီကြားထဲမှာတော့ ဓာတ်ဆီပုံးတွေနဲ့ တွေ့တယ် ဆိုတာမျိုးတွေလည်း ရဲတွေက သွားရှာတယ်။ ရဲတွေကို လှမ်းအကြောင်းကြားတယ်ဆိုတော့။ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက် ကလည်းဖြစ်တယ်။ အဲဒီတော့ ကောလာဟလလည်း ပျံ့နှံ့တာလည်းရှိတယ်။ ပုံမှန်လည်း ပြန်မဖြစ်သေးဘူးလို့ ပြောလို့ရတယ်။ ဆိုတော့ လုပ်ယူရဦးမှာပေါ့ ပုံမှန်ပြန်ဖြစ်ဖို့ဆိုလို့ရှိရင်တော့။”

ပြည်ထဲရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ပြစ်မှုကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးထားပြီး ဥပဒေ နဲ့အညီ အရေးယူ ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။(VOA)

စစ်ဖြစ်နေပြီလို့ မြောက်ကိုရီးယားကြေညာ


မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ စစ်ဖြစ်နေတဲ့အနေအထားမှာ ရောက်နေပြီ လို့ ပြောကြားလိုက်ပြီး တောင်ကိုရီးယားနဲ့ အမေရိကန်က ဘယ်လိုပုံစံနဲ့ပဲ ရန်စစ နျူကလီးယား စစ်ပွဲဖြစ်တဲ့အခြေအနေအထိ ရောက်သွားလိမ့်မယ်လို့ သတိပေးသွားပါတယ်။ ကိုရီးယားနှစ်နိုင်ငံကြား ကိစ္စရပ်တွေကို စစ်ပွဲကာလစည်းမျဉ်းစည်းကမ်းတွေအရ ကိုင်တွယ်သွားမယ်လို့ မြောက်ကိုရီးယားရဲ့ အစိုးရသတင်းဌာနဖြစ်တဲ့ KCNA မှာ ဖော်ပြတဲ့ စနေနေ့က ကြေညာချက်ထဲမှာ ပြောထားပါတယ်။ တောင်ကိုရီးယားကတော့ ဒါကိုတုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေရပ်တန့်ပစ်ပါလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းသွားပါတယ်။ မြောက်ကိုရီးယားဘက်က ရန်စလာရင်လည်း တောင်ကိုရီးယား တပ်ဖွဲ့တွေက အပြည့်အဝ လက်တုံ့ပြန်မယ်လို့ ပြောသွားပါတယ်။ အမေရိကန်အိမ်ဖြူတော်က ဒီကြေညာချက်ကို အလေးအနက်ထားကြောင်း ပြောပါ ယ်။ မြောက်ကိုရီးယားဟာ စစ်တိုက်မယ်လို့ ပြောခဲ့ဖူးတဲ့သာဓကတွေ ရှိပြီး စနေနေ့က ခြိမ်းခြောက်မှုကလည်း အဲဒီပုံစံတွေနဲ့ သွားတူတယ်လို့ အမေရိကန် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ Caitlin Hayden ကပြောပါတယ်။ စနေနေ့ကပဲ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ ပူးတွဲစက်မှုဇုံကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ တောင်ကိုရီးယားကသာ မြောက်ကိုရီးယားရဲ့ သိက္ခာကို ထိပါးအောင် ပြုမူမယ်ဆိုရင် နှစ်နိုင်ငံကို ခြားပေးထားတဲ့ စစ်မဲ့ဇုံမျဉ်းရဲ့ မြောက်ဘက်မှာတည်ရှိတဲ့ Kaesong စက်မှုဇုံကို ပိတ်ပစ်မယ်လို့ မြောက်ကိုရီးယားအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ က ပြောသွားပါတယ်။ (VOA)

သာဂရမြို့ ဟောင်း ထားဝယ်ရေနက်ဆိပ်ကမ်း

သာဂရမြို့သည် ပျူမြို့ဖြစ်ကြောင်း သက်သေပြနိုင်ပြီ

သာဂရမြို့သည် ပျူမြို့ဖြစ်ကြောင်း သက်သေပြနိုင်ပြီ

28/3/2013

သာဂရသည် ပျူမြို့ဖြစ်သည် သာဂရကို ပျူလို့ သတ်မှတ်နိုင်ပြီဗျ လို့ ၀မ်းသာလွန်းတဲ့လေသံနဲ့ ဆရာဦးနိုင်ဝင်းတစ်ယောက် အော်လေရဲ့။ ကျွန်တော်တို့ အားလုံး ဆရာကို အံသြစွာဝိုင်းကြည့်မိကြတယ်။

နွေနေရဲ့ပူပြင်းလှတဲ့ မွန်းတည့်နေရောင် အောက်မှာ ချွေးသံတရွဲရွဲ၊ အပြုံးမျက်နှာနဲ့ ဆရာဦးနိုင်ဝင်းက အောင်နိုင်သူစစ်သူကြီးတစ်ဦးက ဓါးတစ်စင်းကို ကိုင်ထားသလို စာရေးထားတဲ့ အုတ်ချပ်ကျိုးကို ကိုင်ဆောင်ထားလေတယ်။

ဟောဒီမှာလည်းတစ်လုံးဆရာ၊ ဒီဟာဟုတ်ရဲ့လားဆရာနဲ့ ကျွန်တော်တို့လည်း ပိုမိုတက်ကြွလာတယ်၊ အုတ်ပုံတွေ၊ အဆောက်အအုံဟောင်းတွေရဲ့ အုတ်တွေလှန်ကြ၊ပွတ်ကြ နဲ့အလုပ်ရှုတ်နေကြတာပါ။

အုတ်ပုံတွေရှိရာကိုရှာကြတယ်၊ ကံကောင်းချင်တော့ ရှင်ဇလွန်ဘုရာကြီးမွမ်းမံနေလို့ အုတ်ဟောင်းတွေအများ ကြီးရှိနေတယ်။

ကျွန်တော်က သာဂရကို ပျူလို့ယုံကြည်ပြီးသား၊သက်သေပြဖို့လိုတယ်၊ ပစ္စည်းသက်သေတွေက ဆရာတို့ပြောထားလို့ အားလုံးသိနေကြပြီ၊ ပိုမိုခိုင်အောင်လို့ စာပေအထောက်အထားရှာတာပါ၊
လို့ ထမင်းစားပြီး ဆေးပေါ့လိပ်ကို သောက်ရင်း အတွေးရင့်ရင့်နဲ့ ဆရာဦးနိုင်ဝင်းက ဆိုပါတယ်၊ ဆရာသိပ်မယုံဘူးဆိုတာသိပါတယ်လို့ ကျွန်တော်မျက်နှာကို ကြည့်ရင်းဆိုပါတယ်၊ ကျွန်တော်က ပြန်ပြုံးပြလိုက်မိတယ်။

သုတေသနဆိုတာပြောတော့အတော်လွယ်တယ်၊ လုပ်ရတော့အရမ်းခက်တယ်၊ တွေ့ပြန်တော့လည်း အများယုံအောင် ပြောဖို့လိုပြန်ကော၊ သမိုင်းသုတေသနကပိုခက်တယ်ဗျ။

အုတ်မှာရေးထားတဲ့ရှေး ဗြဟ္မီတို့၊ ပျူစာတွေကို သက်သေပြဖို့ ကျွန်တော်စာပါတဲ့ အုတ်(၄၀၀၀)ကျော်စုထားပြီးပြီး၊ အဓိက မွန်ပြည်နယ်ထဲမှာ၊ အခု တနင်္သာရီတိုင်းအတွင်းက သာဂရကို စရှာတာပါ လို့ ဆိုပြန်တယ်။

ဆရာရေ၊ တံဆိပ်ပါတဲ့အုတ်ချပ်တွေအများကြီး ကျွန်တော်တွေ့ဖူးပါတယ်၊ အချို့က လေးထောင့်ပုံ၊ အချို့က အင်္ဂလိပ်စာလုံးတွေ၊ အချို့က ဟိုခြစ်ဒီခြစ်ပါလို့ ကျွန်တော်က ပြောပါတယ်။ ဆရာက တပည့်တစ်ဦးကို ဆရာပီသတဲ့ အပြုံးနဲ့၊ ဆရာာတွေ့ဖူးတာတွေ က ရှေးစာတွေပါ လို့ ပြန်ပြောတယ်၊

ဟုတ်လို့လားဆရာလို့ ကျွန်တော်က အထွန့်တက်တဲ့အခါ ဒီမှာကြည့်ဆိုပြီး ဆရာကြီးဦးရွှေဇံအောင်ရေးတဲ့ စာအုပ်ထဲက ရှေးဗြဟ္မီ၊ ပျူစတဲ့ အက္ခရာတွေထုတ်ပြတယ်။

ကျွန်တော်တို့လည်း စာအုပ်ထဲက အက္ခရာတွေနဲ့ အုတ်ချပ်မှာပါတဲ့အမှတ်အသားတွေတိုက်ကြည်တဲ့အခါ အရမ်းကို တူညီနေတာတွေ့ရတယ်၊ အံ့လည်းအံ့သြ၊ ၀မ်းလည်းဝမ်းသာဗျာ၊ ဆရာယုံပြီလားလို့ပြောရင်း ဟောဒီလေးထောင့်က ဗ၊ ဟောဒီအစင်းက ရ၊ ဟောဒီကြက်ခြေခတ်လိုဟာက ကလို့ ဆက်ရှင်းပြပါတယ်။

ဆရာဦးနိုင်ဝင်းကို ကြည့်ရင်း ကိုယ်ကို ကိုယ့် ၀မ်းနည်းဒေါသဖြစ်လိုက်ရတာ၊ အမြဲလိုလို တွေ့နေရတဲ့ အင်မတန်အရေးပါတဲ့ စာပေအထောက်အထားတွေကို လွှင့်ပစ်ထားခဲ့မိတယ်။

ဆရာဦးနိုင်ဝင်းကို လည်းကျေးဇူးတင်လိုက်တာဗျာ၊ အောက်ခြေ လွတ်ဘ၀င်မြင့်နေတဲ့စိတ်တွေပျောက်သွား တယ်။ ပညာရှင်တွေကို လေးစားလိုက်တာဗျာ၊ ဆရာက ကျွန်တော်ကို နှစ်သိမ့် ပါတယ်၊ ဆရာအပြစ် မဟုတ်ပါဘူးဗျာ၊

သမိုင်းသီအိုရီတွေက ပြောင်းလဲနေတာဘဲ၊ ရှေးဆရာကြီးတွေလည်း ကြိုးစားခဲ့တာဘဲ၊ ဒါပေမယ့် ကိုယ်တိုင်လည်း ရှာဖို့လိုတယ်၊ ဒီနေရာမှာ အဖြစ်နိုင်ဆုံးအမှားတွေက ပထမအချက် အုတ်ဆိုရင် အရွယ်ကြီးလေရှေးကျလေဆိုတဲ့အချက်ပါ။

အခုစာပါတဲ့ အုတ်အများစုက ၈လက်မလောက်ဘဲကြီးတယ်၊ ဒုတိယအချက်က အက္ခရာသမိုင်းကို မသိကြတာ၊ စာကို မြင်လို့စာမှန်းမသိတာ၊ တတိယအချက်က ဘယ်သူမှမဖော်ထုတ်ဘူးသေးတော့ လေ့လာရမှန်း မသိသေးတာလို့ ရှင်းပြပါတယ်။

ဆရာဦးနိုင်ဝင်းက မော်လမြိုင်တက္ကသိုလ် သမိုင်းဌာနမှာတာ ၀န်ထမ်းဆောင်နေပါတယ်၊ စာမေးပွဲပြီးခွင့်ယူပြီး ထားဝယ်ကို လာတယ်၊ ပြီးတော့ သာဂရမြို့ဟောင်းကို လေ့လာတယ်၊ ဆရာရဲ့အထူးပြုလေ့လာတဲ့ သမိုင်းပညာရပ်က အုတ်ချပ်တွေမှာရေးထားတဲ့ စာကို လေ့လာမှတ်တမ်းတင်ဖော်ထုတ်တာဖြစ်ပါတယ်။

အခုဆရာဦးဆောင်ပြီး ထားဝယ်တက္ကသိုလ်ကဆရာတွေ၊ ရှေး သုက၀န်ထမ်းတွေ၊ သာဂရဒေသခံတွေစုပေါင်း လုပ်ဆောင်ကြတာပါ။

စာပါတဲ့အုတ်ချပ်တွေကို သာဂရမြို့ဟောင်းအတွင်း ရှင်ဇလွန်ဘုရား၊ ရဟန္တာသိမ်၊ မြေတိုက်ကျောင်း၊ မြို့ဟောင်းအပြင်က ပျူသချိုင်္င်း၊ မြင်ထင်တောင်တွေမှာတွေ့ရပါတယ်၊ သာဂရမြို့ဟောင်းအတွင်း အချိန်နည်းလို့ သေချာမရှာရသေးပါဘူး၊

ဒါ့အပြင် စခန်းကြီးကျေးရွာ၊ ရပ်ခံတောင်တွေမှာလည်း လေ့လာတဲ့အခါ ထပ်မံတွေ့ရှိရပါတယ်။ သုတေသနကာလ၄/၅ရက်လောက် ဆရာဦးနိုင်ဝင်းရှာတွေ့ခဲ့တဲ့ စာပါအုတ်ချပ်(၅၀)လောက်စုထားမိတယ်၊ မှတ်တမ်းတင်ထားနိုင်ခဲ့တယ်။ ဆရာတို့ဆက်လုပ်စေချင်တယ်၊ ဒီထက်မကရှိအုံးမှာလို့ ပြောပါတယ်။

ကျွန်တော်တို့အရေးတစ်ကြီးဆက်လုပ်ရမှာပါ။ ဗြဟ္မီအက္ခရာက မြတ်စွာဘုရားရှင်လက်ထက်နဲ့၊ အာသောကမင်းကြီးလက်ထက်တွေမှာသုံးတယ်၊ ပျူအက္ခရာက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀လောက်ကစသုံးပြီး ပုဂံခေတ်အစောပိုင်းအထိသုံးတယ်၊

ထင်ရှားတဲ့ ရာဇကုမာကျောက်စာဆိုတာရှိပါတယ်။ အခုကျွန်တော်တို့ ထားဝယ်သားတွေလည်း စာပေအထောက်အထားတွေရှိနေပြီ၊ ဆက်လက်သုတေသနလုပ် ရအုံး။ ဆရာဦးနိုင်ဝင်းကြွေးကြော်သလို သာဂရသည် ပျူဖြစ်တယ်ဗျို့လို့ ကျွန်တော်လည်း အော်တယ်ဗျာ။

ဆရာဦးနိုင်ဝင်းအား ရိုသေစွာရှစ်ခိုးကန်တော့ပါ၏။

Sayazaw Zawthura
သာဂရမြို့သည် ပျူမြို့ဖြစ်ကြောင်း သက်သေပြနိုင်ပြီ

28/3/2013

သာဂရသည် ပျူမြို့ဖြစ်သည် သာဂရကို ပျူလို့ သတ်မှတ်နိုင်ပြီဗျ လို့ ၀မ်းသာလွန်းတဲ့လေသံနဲ့ ဆရာဦးနိုင်ဝင်းတစ်ယောက် အော်လေရဲ့။ ကျွန်တော်တို့ အားလုံး ဆရာကို အံသြစွာဝိုင်းကြည့်မိကြတယ်။

နွေနေရဲ့ပူပြင်းလှတဲ့ မွန်းတည့်နေရောင် အောက်မှာ ချွေးသံတရွဲရွဲ၊ အပြုံးမျက်နှာနဲ့ ဆရာဦးနိုင်ဝင်းက အောင်နိုင်သူစစ်သူကြီးတစ်ဦးက ဓါးတစ်စင်းကို ကိုင်ထားသလို စာရေးထားတဲ့ အုတ်ချပ်ကျိုးကို ကိုင်ဆောင်ထားလေတယ်။

ဟောဒီမှာလည်းတစ်လုံးဆရာ၊ ဒီဟာဟုတ်ရဲ့လားဆရာနဲ့ ကျွန်တော်တို့လည်း ပိုမိုတက်ကြွလာတယ်၊ အုတ်ပုံတွေ၊ အဆောက်အအုံဟောင်းတွေရဲ့ အုတ်တွေလှန်ကြ၊ပွတ်ကြ နဲ့အလုပ်ရှုတ်နေကြတာပါ။

အုတ်ပုံတွေရှိရာကိုရှာကြတယ်၊ ကံကောင်းချင်တော့ ရှင်ဇလွန်ဘုရာကြီးမွမ်းမံနေလို့ အုတ်ဟောင်းတွေအများ ကြီးရှိနေတယ်။

ကျွန်တော်က သာဂရကို ပျူလို့ယုံကြည်ပြီးသား၊သက်သေပြဖို့လိုတယ်၊ ပစ္စည်းသက်သေတွေက ဆရာတို့ပြောထားလို့ အားလုံးသိနေကြပြီ၊ ပိုမိုခိုင်အောင်လို့ စာပေအထောက်အထားရှာတာပါ၊
လို့ ထမင်းစားပြီး ဆေးပေါ့လိပ်ကို သောက်ရင်း အတွေးရင့်ရင့်နဲ့ ဆရာဦးနိုင်ဝင်းက ဆိုပါတယ်၊ ဆရာသိပ်မယုံဘူးဆိုတာသိပါတယ်လို့ ကျွန်တော်မျက်နှာကို ကြည့်ရင်းဆိုပါတယ်၊ ကျွန်တော်က ပြန်ပြုံးပြလိုက်မိတယ်။

သုတေသနဆိုတာပြောတော့အတော်လွယ်တယ်၊ လုပ်ရတော့အရမ်းခက်တယ်၊ တွေ့ပြန်တော့လည်း အများယုံအောင် ပြောဖို့လိုပြန်ကော၊ သမိုင်းသုတေသနကပိုခက်တယ်ဗျ။

အုတ်မှာရေးထားတဲ့ရှေး ဗြဟ္မီတို့၊ ပျူစာတွေကို သက်သေပြဖို့ ကျွန်တော်စာပါတဲ့ အုတ်(၄၀၀၀)ကျော်စုထားပြီးပြီး၊ အဓိက မွန်ပြည်နယ်ထဲမှာ၊ အခု တနင်္သာရီတိုင်းအတွင်းက သာဂရကို စရှာတာပါ လို့ ဆိုပြန်တယ်။

ဆရာရေ၊ တံဆိပ်ပါတဲ့အုတ်ချပ်တွေအများကြီး ကျွန်တော်တွေ့ဖူးပါတယ်၊ အချို့က လေးထောင့်ပုံ၊ အချို့က အင်္ဂလိပ်စာလုံးတွေ၊ အချို့က ဟိုခြစ်ဒီခြစ်ပါလို့ ကျွန်တော်က ပြောပါတယ်။ ဆရာက တပည့်တစ်ဦးကို ဆရာပီသတဲ့ အပြုံးနဲ့၊ ဆရာာတွေ့ဖူးတာတွေ က ရှေးစာတွေပါ လို့ ပြန်ပြောတယ်၊

ဟုတ်လို့လားဆရာလို့ ကျွန်တော်က အထွန့်တက်တဲ့အခါ ဒီမှာကြည့်ဆိုပြီး ဆရာကြီးဦးရွှေဇံအောင်ရေးတဲ့ စာအုပ်ထဲက ရှေးဗြဟ္မီ၊ ပျူစတဲ့ အက္ခရာတွေထုတ်ပြတယ်။

ကျွန်တော်တို့လည်း စာအုပ်ထဲက အက္ခရာတွေနဲ့ အုတ်ချပ်မှာပါတဲ့အမှတ်အသားတွေတိုက်ကြည်တဲ့အခါ အရမ်းကို တူညီနေတာတွေ့ရတယ်၊ အံ့လည်းအံ့သြ၊ ၀မ်းလည်းဝမ်းသာဗျာ၊ ဆရာယုံပြီလားလို့ပြောရင်း ဟောဒီလေးထောင့်က ဗ၊ ဟောဒီအစင်းက ရ၊ ဟောဒီကြက်ခြေခတ်လိုဟာက ကလို့ ဆက်ရှင်းပြပါတယ်။

ဆရာဦးနိုင်ဝင်းကို ကြည့်ရင်း ကိုယ်ကို ကိုယ့် ၀မ်းနည်းဒေါသဖြစ်လိုက်ရတာ၊ အမြဲလိုလို တွေ့နေရတဲ့ အင်မတန်အရေးပါတဲ့ စာပေအထောက်အထားတွေကို လွှင့်ပစ်ထားခဲ့မိတယ်။

ဆရာဦးနိုင်ဝင်းကို လည်းကျေးဇူးတင်လိုက်တာဗျာ၊ အောက်ခြေ လွတ်ဘ၀င်မြင့်နေတဲ့စိတ်တွေပျောက်သွား တယ်။ ပညာရှင်တွေကို လေးစားလိုက်တာဗျာ၊ ဆရာက ကျွန်တော်ကို နှစ်သိမ့် ပါတယ်၊ ဆရာအပြစ် မဟုတ်ပါဘူးဗျာ၊

သမိုင်းသီအိုရီတွေက ပြောင်းလဲနေတာဘဲ၊ ရှေးဆရာကြီးတွေလည်း ကြိုးစားခဲ့တာဘဲ၊ ဒါပေမယ့် ကိုယ်တိုင်လည်း ရှာဖို့လိုတယ်၊ ဒီနေရာမှာ အဖြစ်နိုင်ဆုံးအမှားတွေက ပထမအချက် အုတ်ဆိုရင် အရွယ်ကြီးလေရှေးကျလေဆိုတဲ့အချက်ပါ။

အခုစာပါတဲ့ အုတ်အများစုက ၈လက်မလောက်ဘဲကြီးတယ်၊ ဒုတိယအချက်က အက္ခရာသမိုင်းကို မသိကြတာ၊ စာကို မြင်လို့စာမှန်းမသိတာ၊ တတိယအချက်က ဘယ်သူမှမဖော်ထုတ်ဘူးသေးတော့ လေ့လာရမှန်း မသိသေးတာလို့ ရှင်းပြပါတယ်။

ဆရာဦးနိုင်ဝင်းက မော်လမြိုင်တက္ကသိုလ် သမိုင်းဌာနမှာတာ ၀န်ထမ်းဆောင်နေပါတယ်၊ စာမေးပွဲပြီးခွင့်ယူပြီး ထားဝယ်ကို လာတယ်၊ ပြီးတော့ သာဂရမြို့ဟောင်းကို လေ့လာတယ်၊ ဆရာရဲ့အထူးပြုလေ့လာတဲ့ သမိုင်းပညာရပ်က အုတ်ချပ်တွေမှာရေးထားတဲ့ စာကို လေ့လာမှတ်တမ်းတင်ဖော်ထုတ်တာဖြစ်ပါတယ်။

အခုဆရာဦးဆောင်ပြီး ထားဝယ်တက္ကသိုလ်ကဆရာတွေ၊ ရှေး သုက၀န်ထမ်းတွေ၊ သာဂရဒေသခံတွေစုပေါင်း လုပ်ဆောင်ကြတာပါ။

စာပါတဲ့အုတ်ချပ်တွေကို သာဂရမြို့ဟောင်းအတွင်း ရှင်ဇလွန်ဘုရား၊ ရဟန္တာသိမ်၊ မြေတိုက်ကျောင်း၊ မြို့ဟောင်းအပြင်က ပျူသချိုင်္င်း၊ မြင်ထင်တောင်တွေမှာတွေ့ရပါတယ်၊ သာဂရမြို့ဟောင်းအတွင်း အချိန်နည်းလို့ သေချာမရှာရသေးပါဘူး၊

ဒါ့အပြင် စခန်းကြီးကျေးရွာ၊ ရပ်ခံတောင်တွေမှာလည်း လေ့လာတဲ့အခါ ထပ်မံတွေ့ရှိရပါတယ်။ သုတေသနကာလ၄/၅ရက်လောက် ဆရာဦးနိုင်ဝင်းရှာတွေ့ခဲ့တဲ့ စာပါအုတ်ချပ်(၅၀)လောက်စုထားမိတယ်၊ မှတ်တမ်းတင်ထားနိုင်ခဲ့တယ်။ ဆရာတို့ဆက်လုပ်စေချင်တယ်၊ ဒီထက်မကရှိအုံးမှာလို့ ပြောပါတယ်။

ကျွန်တော်တို့အရေးတစ်ကြီးဆက်လုပ်ရမှာပါ။ ဗြဟ္မီအက္ခရာက မြတ်စွာဘုရားရှင်လက်ထက်နဲ့၊ အာသောကမင်းကြီးလက်ထက်တွေမှာသုံးတယ်၊ ပျူအက္ခရာက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀လောက်ကစသုံးပြီး ပုဂံခေတ်အစောပိုင်းအထိသုံးတယ်၊

ထင်ရှားတဲ့ ရာဇကုမာကျောက်စာဆိုတာရှိပါတယ်။ အခုကျွန်တော်တို့ ထားဝယ်သားတွေလည်း စာပေအထောက်အထားတွေရှိနေပြီ၊ ဆက်လက်သုတေသနလုပ် ရအုံး။ ဆရာဦးနိုင်ဝင်းကြွေးကြော်သလို သာဂရသည် ပျူဖြစ်တယ်ဗျို့လို့ ကျွန်တော်လည်း အော်တယ်ဗျာ။

ဆရာဦးနိုင်ဝင်းအား ရိုသေစွာရှစ်ခိုးကန်တော့ပါ၏။

Sayazaw Zawthura

လက်ပန်တောင်းတောင်ဒေသအခြေအနေ


 လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းရေး၊တဖက်သတ်
ထုတ်ပြန်ထားတဲ့ပုဒ်မ(၁၄၄)ရုတ်သိမ်းပေးရေး၊မီးလောင်ဗုံးတရားခံများကိုအ
ရေးယူပေးရေး၊ဦးပိုင်ကုမ္ပဏီအလိုမရှိ၊မြန်မာဝမ်ဘောင်ကုမ္ပဏီအလိုမရှိစ
သည့်တောင်းဆိုချက်များကိုဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ပါသည်၊ဆန္ဒုပြမှုကို
မိုးကြိုးပြင်ရွာ၊တုံရွာတို့မှဦးဆောင်ခဲ့ကြပြီး၊သတ်မှတ်လူအင်အား(၅၀၀)ခန့်
ဖြင့်ယနေ့နေ့လည်(၁)နာရီတွင်တုံရွာရှေ့မှစတင်ချီတက်တောင်းဆိုခဲ့ပြီးညနေ
(၃)နာရီတွင်မုံရွာပုသိမ်လမ်းဆုံ၊ဦးပိုင်ကုမ္ပဏီရုံးရှေ့၌ပြီးဆုံးခဲ့ပါသည်၊အာဏာ
ပိုင်များအနေဖြင့်ဆန္ဒပြလမ်းတလျှောက်လိုက်လံစောင့်ကြည်ခဲ့ပြီးမှတ်တမ်း
တင်မှုများပြုလုပ်ခဲ့ပါသည်၊ယခုဆန္ဒဖော်ထုတ်မှုသည်ကျေးရွာအသီးသီးမှ
အလှည့်ကျတာဝန်ယူဆန္ဒဖော်ထုတ်မှု(၄)ကြိမ်မြောက်ဖြစ်သည်၊ကော်မရှင်
အစီရင်ခံစာထွက်ပေါ်ပြီးနောက်ပိုင်းကုမ္ပဏီဘက်မှကြေးနီစီမံကိန်းကိုတဖက်
သတ်ဆက်လက်လုပ်ကိုင်နေပြီးလျှော်ကြေးမယူထားသည့်လယ်သမားများ
ပိုင်မြေယာများကိုလဲမတရားသိမ်းယူမှုများကိုနေစဉ်ဆောင်ရွက်နေပြီးအာ
ဏာပိုင်များဘက်မှကုမ္ပဏီကိုအကာအကွယ်ပေးသည့်အနေဖြင့်ဒေသခံပြည်သူများကိုပုဒ်မ(၁၄၄)လဲထုတ်ပြန်ထားဆဲဖြစ်ပါသည်၊၊ဒေသခံများအနေဖြင့်
မိမိတို့မြေယာများကိုမှုလအတိုင်းလုပ်ကိုင်စားသောက်ခွင့်ရရှိရေးအတွက်
နေ့စဉ်လှုပ်ရှားတောင်းဆိုမှုများပြုလုပ်နေခြင်းဖြစ်သည်၊၊
၂၈-၃-၂၀၁၃
ညနေ(၃း၁၀)နာရီ


လက်ပန်တောင်းတောင်ဒေသပြည်သူ့အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးကော်မတီ
 



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

တပ်မတော်နေ့လော၊ တော်လှန်ရေးနေ့လော

မတ်လ (၂၇) ရက်နေ့။
 
ပြည်လုံးကျွတ် ဖက်ဆစ်တော်လှန်ရေးကြီးကို စတင်ဆင်နွှဲခဲ့တဲ့နေ့။

ဒီနေ့ကို နိုင်ငံတော်အစိုးရက တပ်မတော်နေ့အဖြစ် သတ်မှတ်ထားပါတယ်။ စာရေးသူကိုယ်တိုင်လဲ မြန်မာ့နိုင်ငံရေးသမိုင်းကို သမိုင်းနောက်ခံကားချပ်တွေနဲ့ ဆက်စပ်လေ့လာခြင်း မပြုလုပ်နိုင်ခင်ကာလက တပ်မတော်နေ့အဖြစ်သာ သတ်မှတ်လက်ခံထားခဲ့ပါတယ်။ မတ်လ (၂၇) ရက်နေ့၊ တပ်မတော်နေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ စတာတွေမှာလဲ အလယ်တန်း၊ အထက်တန်း ကျောင်းသူအနေနဲ့ ပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့ပါတယ်။

သို့ပေမယ့် အချိန်တန် အရွယ်ရောက်လာပြီး၊ ကျောင်းသုံးစာအုပ်တွေနဲ့ အစိုးရသတင်းစာတွေထဲက သမိုင်းတွေကိုသာမက သက်ရှိသမိုင်းအဘိဓာန်ကြီးများနဲ့ သမိုင်းသုတေသန စာအုပ်တွေကို ဖတ်မိလာ ချိန်မှာတော့ မတ်လ (၂၇) ရက်ကို တပ်မတော်နေ့အဖြစ် မဟုတ်ပဲ၊ တော်လှန်ရေးနေ့အဖြစ်သာ သတ်မှတ်လက်ခံလာမိပါတော့တယ်။ ဒီလိုသတ်မှတ်လာရခြင်းဟာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နိုင်ငံတော်အစိုးရ၊ နိုင်ငံရေးပါတီ စတာတွေ အပေါ်မှာ အခြေခံထားခြင်းမရှိပဲ၊ သမိုင်းဖြစ်ရပ်မှန် အချက်အလက်များအပေါ်မှာ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းနဲ့ လေ့လာဆန်းစစ်ပြီးမှ၊ သဘာဝကျကျ ရှုမြင်သုံးသပ်ထားချက်သာ ဖြစ်ပါတယ်။

(၁) မတ်လ (၂၇) ရက်နေ့မှာ ဖက်ဆစ်တော်လှန်ရေးကြီး ဆင်နွှဲဖို့ သတ်မှတ်ချက်ကို ဗမာ့တပ်မတော် တခုတည်းက ဦးဆောင်ပြုလုပ်ခဲ့ခြင်း မဟုတ်ပါ။

(၁၉၄၅) ခုနှစ်၊ မတ်လဆန်းမှာ ဗိုလ်ချုပ်အောင်ဆန်းအိမ်မှာ ဖက်ဆစ်တော်လှန်ရေးနဲ့ ပတ်သက်တဲ့ နောက်ဆုံးတွေ့ဆုံဆွေးနွေးဆုံးဖြတ်ပွဲကို သုံးရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ စစ်တိုင်းကြီး (၇) တိုင်း၊ ဒေသသုံးခု ခွဲဝေပြီး၊ သက်ဆိုင်ရာ တိုင်းအလိုက် နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်များ တာဝန်ချထားခဲ့ပါတယ်။ နိုင်ငံရေးခေါင်းဆောင်များကတော့ သခင်စိုး၊ သခင်ဗဟိန်း၊ သခင်ချစ်၊ သခင်ဗသိန်းတင်၊ သခင်တင်ထွန်း၊ သခင်တင်မြ၊ ကိုစံညွန့်တို့ဖြစ်ပြီး၊ ဗမာပြည်ကွန်မြူနစ်ပါတီက ဖြစ်ပါတယ်။ စစ်ရေးခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်နေ၀င်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်တင်ထွန်း၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးဗထူး၊ ဗိုလ်ခင်ညို တို့တွေက ဗမာ့တပ်မတော်က ဖြစ်ပါတယ်။ တပြည်လုံးရဲ့ နိုင်ငံရေးခေါင်းဆောင်က သခင်စိုး၊ စစ်ရေး ခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး၊ တပြည်လုံးရဲ့ နိုင်ငံခြားဆက်သွယ်ရေး တာဝန်ခံက သခင်သန်းထွန်း ဖြစ်ပါတယ်။

ဒီသမိုင်းကြောင်းအချက်အလက်တွေက ဖက်ဆစ်တော်လှန်ရေးကြီးရဲ့ သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးကို တပ်မတော် တခုတည်းနဲ့ဆိုင်တဲ့ တပ်မတော်နေ့အဖြစ် သတ်မှတ်ထားခြင်းဟာ သမိုင်းမှန်နဲ့ နီးစပ်မှု မရှိကြောင်းကို မီးမောင်းထိုးပြနေပါတယ်။

(၂) ဖက်ဆစ်တော်လှန်ရေးကြီးကို ဗမာ့တပ်မတော် တခုတည်းက ဦးဆောင်ဆင်နွှဲခဲ့ခြင်း မဟုတ်ပါ။ ဖတပလ အဖွဲ့ချုပ်ကြီးက အမျိုးသားတပ်ပေါင်းစု အဖွဲ့ချုပ်ကြီးအဖြစ် အခိုင်အမာ တည်ဆောက်ပြီး၊ ဦးဆောင်ဆင်နွှဲခဲ့ခြင်းသာ ဖြစ်ပါတယ်။

(၁၉၄၄) ခုနှစ်၊ သြဂုတ်လမှာ ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေး (ဖတပလ) အဖွဲ့ကြီးကို ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနဲ့ ဗမာ့တပ်မတော်ဆိုတဲ့ အဓိကအင်အားစု (၃) စု အပေါ်မှာ အခြေခံ ဖွဲ့စည်းခဲ့ပါတယ်။ ဖတပလရဲ့ ဗဟိုဦးစီး အဖွဲ့ဝင် ကိုးဦးကတော့ ဗမာ့တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်နေ၀င်း၊ ပြည်သူ့အရေးတော်ပုံပါတီမှ သခင်ချစ်၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီမှ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းတို့ ဖြစ်ပါတယ်။ စစ်ရေးခေါင်းဆောင်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ နိုင်ငံရေးခေါင်းဆောင်အနေနဲ့ သခင်စိုးတို့က တာဝန်ယူခဲ့ပြီး၊ အထွေထွေအတွင်းရေးမှူးတာဝန်ကို ဗမာပြည်ကွန်မြူနစ်ပါတီမှ သခင်သန်းထွန်းက တာဝန်ယူခဲ့ပါတယ်။

(၁၉၄၄) ခုနှစ်၊ အောက်တိုဘာလမှာ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ သခင်ချစ်၊ ရန်ကုန်ဘဆွေ၊ သခင်စိုးတို့ လျှို့ဝှက်တွေ့ဆုံပြီး၊ ဖွဲ့စည်းခဲ့တဲ့ "တော်လှန်ရေးတပ်ဦး" ကလဲ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနဲ့ တပ်မတော်တို့ကို တပါတီတည်းအဖြစ် ပူးပေါင်းဖွဲ့စည်းထားခဲ့ခြင်းသာ ဖြစ်ပါတယ်။

ဒီသမိုင်းကြောင်းအထောက်အထားတွေအရ တဖွဲ့တပါတီတည်းကပဲ ပြုလုပ်ထားခဲ့ခြင်း မဟုတ်တဲ့ ဖက်ဆစ်တော်လှန်ရေး သမိုင်းဝင်နေ့ကို၊ တပ်မတော်တခုတည်းနဲ့သာ ဆိုင်သည့်သဖွယ်၊ တပ်မတော်နေ့အဖြစ် သတ်မှတ်ထားခြင်းဟာ သမိုင်းမှန်နဲ့ ဝေးကွာနေကြောင်း တွေ့ရှိရပါတယ်။

(၃) ဖက်ဆစ်တော်လှန်ရေး လက်တွေ့စစ်မြေပြင်မှာ တော်လှန်ရေးအင်အားစုများစွာ ပါဝင်ခဲ့ပါတယ်။

(၁၉၄၂) ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့မှာ ဂျပန်စစ်အုပ်ချုပ်ရေး လက်အောက်ခံ ဗမာအစိုးရအဖွဲ့ကို ဂျပန်က ဖွဲ့စည်းပေးခဲ့ပြီး၊ စစ်အုပ်ချုပ်ရေး ထူထောင်ထားစဉ်ကာလမှကတည်းက သခင်စိုးက ဗမာပြည်ကွန်မြူနစ်ပါတီကို ကိုယ်စားပြုပြီး၊ ဂျပန်ဆန့်ကျင်ရေး မြေအောက်တော်လှန်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ သခင်သန်းထွန်းကလဲ အစိုးရအဖွဲ့ ၀န်ကြီးအဖြစ် ရုပ်ပြလုပ်ဆောင်ရင်း၊ တော်လှန်ရေး အင်အားစုတွေကို နိုင်ငံအနှံ့၊ နယ်အနှံ့မှာ စုစည်းနေခဲ့ပါတယ်။

ဖတပလ ဖွဲ့ပြီးချိန်မှာလဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်သန်းထွန်းတို့ ညှိနှိုင်းပြီး၊ ဗမာ့တပ်မတော်ထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီက နိုင်ငံရေးကေဒါတွေ လျှို့ဝှက်သွင်းခဲ့ပါတယ်။ တပ်ကို နိုင်ငံရေးနဲ့ တော်လှန်ရေး ပညာတွေ ပေးဖို့ ဖြစ်ပါတယ်။

ဂျပန်တွေ မြန်မာပြည်စ၀င်စဉ်ကတည်းက ကွန်မြူနစ်ခေါင်းဆောင်တဦးဖြစ်တဲ့ သခင်သိန်းဖေကို အိန္ဒိယသွားပြီး၊ မဟာမိတ်များနဲက အဆက်အသွယ် ရယူရေးကြိုးပမ်းမို့ သခင်သန်းထွန်းက တိုက်တွန်းထားခဲ့ပါတယ်။ (၁၉၄၄) ခုနှစ်မှာတော့ အိန္ဒိယရောက် သခင်သိန်းဖေနဲ့ သခင်သန်းထွန်းတို့ ပြန်လည်ဆက်စပ်မိလာပါတယ်။ ဖတပလ ဖွဲ့စည်းပြီးချိန်မှာတော့ နိုင်ငံခြားဆက်သွယ်ရေး တာဝန်ခံဖြစ်လာတဲ့ သခင်သန်းထွန်းက ငခင်သိန်းဖေမှတဆင့် အင်္ဂလိပ်စစ်တပ် Force 136 ကို အဆက်အသွယ် ရယူနိုင်လာခဲ့ပါတယ်။

ရခိုင်ဘက်မှာလဲ (၁၉၄၂) ခုနှစ်ကတည်းက သခင်စိုးတို့သွားပြီး၊ စည်းရုံးပြင်ဆင်မှုတွေ လုပ်ဆောင်ထားခဲ့ပါတယ်။ (၁၉၄၄) ခုနှစ်၊ ဒီဇင်ဘာလမှာ ရခိုင်တိုင်း ဂျပန်တော်လှန်ရေး တိုက်ပွဲတွေ စတင်ဖြစ်ပွားချိန်မှာ ဦးဆောင်ခဲ့တဲ့ ရခိုင်တော်လှန်ရေးခေါင်းဆောင်တွေဟာ ဖဆပလနဲ့ အဆက်အသွယ် ရှိထားပြီးသား ဖြစ်ပါတယ်။

စစ်ကိုင်းနယ်မှာလဲ ရဲဘော်လှိုင်၊ ရဲဘော်မြင့်ဆွေ၊ ဗိုလ်သိမ်းဦး၊ ဗိုလက်ကျင်မောင်တို့ ဦးဆောင်တဲ့ ပါတီတပ်ကို ပြောက်ကျားတပ်အဖြစ် ဖွဲ့စည်းထားခဲ့ပါတယ်။ အိန္ဒိယကို သခင်သန်းထွန်း စီစဉ်စေလွှတ် ထားခဲ့တဲ့ လေထီးရဲဘော်များကလဲ တော်လှန်ရေးကာလမှာ မဟာမိတ်တပ်တွေနဲ့ အတူ တိုက်ပ ၀င်ခဲ့ကြပါတယ်။ ဖြူး၊ တောင်ငူ၊ ရိုးမတကြောက ရဲခေါင်ပြောက်ကျားများကိုလဲ သခင်သန်းထွန်းနဲ့ သခင်ဗဟိန်းတို့ ဦးစီးပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။

မြေအောက်လျှို့ဝှက် ဖွဲ့စည်းထားတဲ့ ပြောက်ကျားတပ်ဖွဲ့များကလဲ အနယ်နယ် အရပ်ရပ်မှာ တိုက်ပွဲဝင်ခဲ့ကြရုံမက အချို့တော်လှန်ရေးဒေသတွေမှာ ဆယ်နှစ်၊ ဆယ့်နှစ်နှစ်အရွယ် ကလေးသူငယ် များကပါ ဆက်သားတာဝန်ယူခဲ့ကြပါတယ်။ ဖက်ဆစ်တော်လှန်ရေး စိတ်ဓာတ်တွေ ရှင်သန်နေတဲ့ ပြည်သူလူထုကလဲ ဘက်ပေါင်းစုံကနေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဒီသမိုင်းအချက်အလက်များက ဖက်ဆစ်တော်လှန်ရေးရဲ့ လက်တွေ့စစ်မြေပြင်မှာ ဗမာ့တပ်မတော် တရပ်တည်းက ဦးဆောင်တိုက်ပွဲဝင်ခဲ့တာ မဟုတ်ကြောင်း ညွှန်ပြနေပါတယ်။ တော်လှန်ရေး မတိုင်မီ နှစ်ကာလများစွာကတည်းက သခင်စိုး၊ သခင်သန်းထွန်းတို့က လူထုစည်းရုံးရေး၊ ပြင်ဆင် တည်ဆောက်ရေး၊ ပြောက်ကျားတပ်များ ဖွဲ့စည်းရေး၊ မဟာမိတ်အဆက်အသွယ် ရယူရေး၊ တော်လှန်ရေးအခြေခံဒေသ ဖော်ဆောင်ရေးများကို လုပ်ဆောင်ထားခဲ့ပြီး၊ လက်တွေ့စစ်မြေပြင်မှာလဲ တပ်မတော်တခုတည်း မဟုတ်ပဲ တော်လှန်ရေးအင်အားစုများစွာ ပေါင်းစပ်ပါဝင်ခဲ့ကြောင်း သိသာထင်ရှားလှပါတယ်။

နိဂုံး

မတ်လ (၂၇) ရက်နေ့ဟာ လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် ဖက်ဆစ်တော်လှန်ရေး အောင်လံတော်အောက်မှာ သွေးစည်းညီညွတ်ခဲ့ကြတဲ့ ဂုဏ်ရောင်ပြောင်သော တော်လှန်ရေး နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါတယ်။ ဒီတော်လှန်ရေးကြီးထဲမှာ စစ်ခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့တဲ့ ဗိုလ်နေ၀င်းက နိုင်ငံတော်အာဏာ ရယူပြီးနောက်ပိုင်းမှာ မတ်လ (၂၇) နေ့ကို တော်လှန်ရေးနေ့ကနေ တပ်မတော်နေ့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ သို့ပေမယ့်လဲ သမိုင်းကြောင်း အထောက်အထား များနဲ့ သမိုင်းနောက်ခံ ကားချပ်များကတော့ တော်လှန်ရေးနေ့ ဆိုတဲ့ သမိုင်းမှန်ကိုသာ ညွှန်းဆိုပြသနေပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၇၊ ၃၊ ၂၀၁၃)



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ဇာဂနာတို့  ပါးစပ်မကျသေးဘူး

စာရေးကောင်းတဲ့လူ နှစ်ကာလကြာသည်အထိ
 ကောင်းကောင်းရေးနိုင်သေးလျှင် လက်မကျသေးဘူးလို့ ပြောကြတယ် ။ 
ဇာဂနာကြတော့ ပါးစပ်မကျသေးဘူး ။
နားထောင်ပြီး ရီရလွန်းလို့  အူနှိပ်နေရတယ် ။

Political Liberalization ဆိုသည်မှာ အာဏာရှင်တို့ဘက်မှ civil liberties များ ဖန်တီးပေးခြင်းနှင့် ဖိနှိပ်မှုများ လျှော့ချခြင်း




နိဒါန်း
Political Liberalization ဆိုသည်မှာ အာဏာရှင်တို့ဘက်မှ civil liberties များ ဖန်တီးပေးခြင်းနှင့် ဖိနှိပ်မှုများ လျှော့ချခြင်း (ease of repression) လုပ်ခြင်းများကို ဆိုလိုပါသည်။ အဆိုပါ အတွေး အခေါ်အား အာဏာရှင်တို့ဘက်က ကျင့်သုံးလာချိန်တွင် အာဏာရှင်ရွေးကောက်ပွဲများ (authoritarian elections) ပေါ်ထွက်လာလေ့ရှိပါသည်။ Initial Transition ဆိုသည်ကား ဒီမိုကရေစီအတိုက်အခံများမှ ဦးဆောင်၍ ဖြစ်စေ၊ နိုင်ငံတကာအစိုးရနှင့် အဖွဲ့အစည်းများမှ ဦးဆောင်၍ ဖြစ်စေ၊ ဒီမိုကရေစီ အတိုက်အခံများနှင့် အာဏာရှင်များ ပူးပေါင်း၍ ဖြစ်စေ၊ ကြားဖြတ်အစိုးရ (interim government) များ ဖွဲ့စည်း၍ democratic consolidation ပန်းတိုင်ကို အရောက်သွားစေမည့် အသွင်ကူးပြောင်းမှုများကို ပြုလုပ်ခြင်းဖြစ်ပါသည်။ Initial Transition မှာ အာဏာရှင်စနစ်အား ဖြိုချခြင်း (authoritarian breakdown) အတွေးအခေါ်တွင် အခြေခံထားပါသည်။
အဆိုပါ Initial Transition ကို အတိုက်အခံများမှ ဦးဆောင်ပြီး အကောင်အထည်ဖော်ဆောင်နိုင်ခြင်း မရှိသည့်အခါ (သို့မဟုတ်) နိုင်ငံတကာမှ ၀င်ရောက်ကျူးကျော်ပြီး အာဏာရှင်အစိုးရများကို ဖယ်ရှားခြင်း ပြုလုပ်ရေးတွင်လဲ နိုင်ငံတကာရေးရာ အခက်အခဲများ ရှိသည့်အခါ (သို့မဟုတ်) အာဏာရှင်များနှင့် ဒီမိုကရေစီ အတိုက်အခံများ အကြားတွင် စစ်မှန်သော တန်းတူညီမျှ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်များ ပေါ်ပေါက်လာနိုင်သည့် အခြေအနေများ မရှိတော့သည့်အခါများတွင် political liberalization မှတဆင့် democratic consolidation သို့ အသွင်ကူးပြောင်းမှုဖြစ်စဉ်အား အကောင်အထည်ဖော်ဆောင်ရန် အာဏာရှင်အစိုးရများအား နိုင်ငံတကာမှ ကူညီထောက်ခံအားပေးလေ့ရှိပါသည်။ ယင်းသို့ ထောက်ခံ အားပေးလာရာတွင် အာဏာရှင်များဘက်မှ မဟာဗျူဟာ တွက်ချက်မှုများအရ political liberalization မှတဆင့် democratic consolidation သို့ အသွင်ကူးပြောင်းမှု လမ်းကြောင်းသည် အာဏာရှင်တို့ လက်ထဲတွင် ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားနိုင်သည့် လမ်းကြောင်း လင်ယောက်ျားဖြစ်သူအပေါ် မှီခိုအားကိုးနေရတဲ့ သာမန်အိမ်ရှင်မတွေ မဟုတ်ကြတော့ပါဘူး။ထွန်းတောက်လာသော ဘ၀များစွာလဲ ရှိခဲ့သည်။ အဆိုပါ အတွေးအခေါ်များနှင့် ပတ်သက်၍ အမှန်၊ အမှားများကိုလဲ ယနေ့အချိန်ထိ ငြင်းခုန်နေကြဆဲ။ ငြင်းခုန်မှုများအကြားတွင် ယနေ့ခေတ်ကာလ၌ မှန်ကန်နေသော အချက်နှစ်ခုကတော့ ရှိသည်။ တခုကား ကမ္ဘာပေါ်ရှိ နိုင်ငံရေးအဆောက်အအုံ အများအပြားသည် မိမိတို့ကိုယ်ကို ဒီမိုကရေစီ အသွင်သဏ္ဍာန် တမျိုးမျိုး၏ အဆောက်အအုံတခုဟု သတ်မှတ်ပြောဆိုလေ့ရှိကြပြီး၊ နိုင်ငံရေးသမားအများစုသည် မိမိတို့ကိုယ်ကို democrat ဟု သတ်မှတ် ထားကြခြင်းဖြစ်သည်။ အခြားတခုမှာကား မည်သို့သော အတွေးအခေါ် မူကွဲများဖြင့် တည်ဆောက်သည့် ဒီမိုကရေစနစ်ပင်ဖြစ်စေ၊ နေ့ချင်းညချင်း ပေါ်ထွက်လာသည် မဟုတ်ပဲ တည်ဆောက်မှု ဖြစ်စဉ်တရပ် ရှိနေခြင်းပင်ဖြစ်သည်။
၂၀ ရာစုနှောင်းပိုင်းတွင် ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ် (၀ါ) အသွင်ကူးပြောင်းမှု ဖြစ်စဉ် (democratization) ဆိုသော အတွေးအခေါ်တရပ်က ကမ္ဘာကို စိုးမိုးလာခဲ့သည်။ (၁၉၇၅) ခုနှစ်တွင် ကမ္ဘာ့နိုင်ငံအများစုတွင် ကျင့်သုံးသော နိုင်ငံရေးစနစ်များ၏ ခြောက်ဆယ့်ရှစ်ရာခိုင်နှုန်းမှာ အာဏာရှင် စနစ် ဖြစ်ခဲ့ရာမှ၊ နောင်အနှစ်နှစ်ဆယ်ကြာ (၁၉၉၅) ခုနှစ်တွင်ကား အာဏာရှင်စနစ် ကျင့်သုံးသော နိုင်ငံ ၂၆ ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။ ထိုမှတဆင့် တဖြည်းဖြည်း လျော့ကျသွားခဲ့ရာ နှစ်ဆယ့်တစ် ရာစုကာလတွင် အာဏာရှင်စနစ်ကျင့်သုံးသော နိုင်ငံအရေအတွက်မှာ လက်ချိုးရေတွက်လို့ ရလာသည့် အနေအထားသို့ ရောက်ရှိသွားခဲ့ပါသည်။ အဆိုပါ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်၏ နောက်ဆုံးပန်းတိုင်မှာ ဒီမိုကရေစီစနစ် အမြစ်တွယ် ရှင်သန်ခိုင်မာမှု (democratic consolidation) ဖြစ်ပါသည်။
Political Liberalization နှင့် Initial transition တို့အကြားမှ ကွဲပြားမှုများ
ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်၏ နောက်ဆုံးပန်းတိုင်ဖြစ်သော democratic consolidation ကို ဖော်ဆောင်ပေးနိုင်သည့် လမ်းကြောင်းများ ဖြစ်သော်လည်း political liberalization နှင့် initial ရေးသား ဖော်ပြခဲ့ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပေါ်နေတတ်သည့် နိုင်ငံရေးမတည်ငြိမ်မှုများ၊ စစ်ပွဲများ၊ စီးပွားရေး၊ လူမှုရေး ပြဿနာများကို political liberalization ဖြင့် ဖြေရှင်းပါက ညင်သာသော ပြောင်းလဲတိုးတက်မှုများ ရှိနိုင်ကြောင်းနှင့် အဆိုပါနိုင်ငံများရှိ လူ့အဖွဲ့အစည်းများကို ဒီမိုကရေစီ စနစ်အတွက် ကြိုတင်မိတ်ဆက်ပြင်ဆင်ပေးရာ ရောက်ကြောင်း Monshipouri က ဆိုထားခဲ့ပါသည်။
Political Liberalization နှင့် ကနဦးဒီမိုကရေစီ အသွင်ကူးပြောင်းမှုတို့သည် ဤသို့ ကွဲပြားခြားနား နေသော်ငြား political liberalization သည် civil liberties အချို့ကို အကာအကွယ် ပေးနိုင်လာသဖြင့် expansion of public space ဖြစ်ကြောင်းကိုကား ပညာရှင်အများစုက တညီတညွတ်တည်း လက်ခံထားခြဲ့ကပါသည်။ ခြုံငုံကြည့်ပါက political liberalization ဆိုသည်မှာ အာဏာရှင်တို့မှ ပိတ်ဆို့ထားသည့် တံခါးအား အနည်းငယ် ဟပေးခြင်းဖြင့် လူတဦးချင်း၏ အတွေးအမြင် ဖော်ပြချက်၊ လူ့အဖွဲ့အစည်းအတွင်း လှုပ်ရှားမှုနှင့် နိုင်ငံရေးပါဝင်ပတ်သက်မှုတို့ကို အကန့်အသတ်ဖြင့် ခွင့်ပေးခြင်း ဖြစ်ပေသည်။
သို့ရာတွင် အာဏာရှင်တို့ ဖွင့်ပေးသော အပေါက်မှ အာဏာရှင်တို့ ချုပ်ကိုင်ထားသော အိမ်အတွင်းသို့ ၀င်ရောက်နေထိုင်ရမည်ဖြစ်ရာ ဧည့်သည်တို့၏ ထုံးစံအတိုင်း အိမ်ရှင်များ ချမှတ်ထားသော စည်းကမ်းကိုတော့ လိုက်နာရန် လိုအပ်လာပြီး၊ ဧည့်သည်များမှ စည်းကမ်းကို မလိုက်နာလျှင်ကား အိမ်ပေါ်မှ နှင်ချ၍ ဖွင့်ထားသော တံခါးကို အာဏာရှင်တို့ဘက်မှ အချိန်မရွေး ပြန်လည် ပိတ်ပိုင်ခွင့်လည်း ရှိနေပြန်သည်။ ယင်းမှာ political liberalization ၏ အခြေခံ သဘောတရား ဖြစ်လေသည်။ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ခွင့်များကို အာဏာရှင်တို့ကသာ ဆုပ်ကိုင်ထားလေ့ရှိပါသည်။
အခြားအယူအဆတခုမှာကား အာဏာရှင်တို့တွင် အာဏာရှင်စနစ်ကို ထိန်းသိမ်းထားလိုသောအုပ်စုနှင့်
အာဏာရှင်စနစ်ကို ဆက်လက်ကျင့်သုံး၍ မဖြစ်နိုင်ဟု ယူဆသော အုပ်စုနှစ်စု ကွဲပြားသွားသဖြင့် အာဏာရှင်တို့အကြား အကွဲအပြဲ (intra-regime factionalism) နှင့် စစ်တပ်မှ ခေါင်းဆောင် အချို့ခွဲထွက်ပြီး အတိုက်အခံတို့နှင့် ပေါင်းသွားသည့်အခါ ဖြစ်လာလေ့ရှိသော intramilitary factionalism များ၊ degradation of military institution ဖြစ်ခြင်းများကို ထိန်းချုပ်ရန် political liberalization ကို အာဏာရှင်ခေါင်းဆောင်များက အကောင်အထည်ဖော်လာသည်ဆိုသော အယူအဆ ဖြစ်လေသည်။ ဤအယူအဆအရ political liberalization ကို အကောင်အထည်ဖော်ရာတွင် အာဏာရှင်တို့ဘက်မှ paradox of success ကို သေချာစေရန် ဆောင်ရွက်လေ့ရှိသည်။
ရွေးကောက်ပွဲများတွင် အာဏာရှင်တို့ ကြိုးကိုင်နိုင်သည့် ပါတီများ ဖွဲ့စည်းခြင်း၊ အာဏာရှင်တို့၏ ရပ်တည်မှုကို မထိပါးစေသော ဥပဒေများ ပြဌာန်းသတ်မှတ်ခြင်း၊ ကြိုးကိုင်နိုင်သည့် ပါတီများသာ အနိုင်ရနိုင်မည့် ရွေးကောက်ပွဲဥပဒေများ ပြဌာန်းခြင်း စသည်တို့မှာ political liberalization ၏ လိုအပ်ချက်တရပ်ဖြစ်သော အဆိုပါ paradox of success စည်းမျဉ်းကို ဖော်ဆောင်ခြင်း ဖြစ်လေသည်။ paradox of success မသေချာပဲနှင့် political liberalization ကို မည်သည့် အာဏာရှင်ကမှ ဖော်ဆောင်ခြင်း မရှိပါ။
အထက်ဖော်ပြပါ အယူအဆနှစ်မျိုးအနက် ပထမအယူအဆမှ ကြည့်လျှင် political liberalization သည်
ဒီမိုကရေစီ ပန်းတိုင်အရောက်လှမ်းရေးကို ဦးတည်သည့် အတွေးအခေါ် ဖြစ်ပြီး၊ ဒုတိယအယူအဆမှ ကြည့်လျှင်ကား political liberalization သည် အာဏာရှင်စနစ်ကို ပုံစံတမျိုးဖြင့် ရေရှည် ရှင်သန်နေစေနိုင်သည့် dead end ဖြစ်နေသော အတွေးအခေါ် ဖြစ်လေသည်။ လက်တင်အမေရိက ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်များအရ ပထမအယူအဆက မှန်ကန်ပြီး၊ အရှေ့အလယ်ပိုင်း ဒေသနှင့် အာရှတိုက် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်များအရ ဒုတိယအယူအဆက သို့မှသာ နိုင်ငံတော်၏ ပါဝါချိန်ခွင်လျှာကို တဘက်တလမ်းမှ ထိန်းကျောင်းနိုင်မည်ဖြစ်ပြီး၊ လူ့အဖွဲ့အစည်းအား နိုင်ငံတော်မှ ထိန်းချုပ်ထားမှုကို အားပျော့စေမည် ဖြစ်သည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (အန်ဂျီအို) များသည် state နှင့် society တို့ အကြားတွင် buffer zone အဖြစ် ရပ်တည်ကြရမည်ဖြစ်သည်။
political liberalization ကို အကောင်အထည်ဖော်ခဲ့သည့် နိုင်ငံအများစုတွင် civil society အဖွဲ့ အများစုကို အာဏာရှင်တို့က ကြိုတင်ဖွဲ့စည်း ထိန်းချုပ်ထားသည်။ လူ့အဖွဲ့အစည်းအတွင်းတွင် civil society အားကောင်းလာစေရန် ပညာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများမှ ထိုးဖောက်နေသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား ပုံမှန် စောင့်ကြည့်လေ့ရှိပြီး၊ အဆိုပါ အဖွဲ့များနှင့် လူပုဂ္ဂိုလ်များသည် အာဏာရှင်တို့နှင့် ကြိုးကိုင်အဖွဲ့များအား ထိပ်တိုက်ရင်ဆိုင်လာမည့် အခြေအနေ ရှိမရှိကို အကဲဖြတ်လေ့ရှိသည်။ အာဏာရှင်ရွေးကောက်ပွဲများ ကျင်းပ၍ နိုင်ငံတကာ ရေးရာတွင် international legitimacy ရစေရန် ကြိုးပမ်းထားသော ကြိုးကိုင်အစိုးရများ၏ ရပ်တည်မှုကို ထိခိုက်လာနိုင်သည်ဟု ယူဆပါက public space ကို ပြန်လည်ကန့်သတ်လေ့ရှိသည်။
လိုအပ်လာပါက အမျိုးသားလုံခြုံရေး (national security concerns) ကို အကြောင်းပြ၍ civil society ကို ဖိနှိပ်ရန်နှင့် အာဏာပြန်သိမ်းနိုင်ရန် ဥပဒေများ သတ်မှတ်ပြဌာန်းလေ့ရှိသည်ဖြစ်ရာ အာဏာရှင်တို့၏ political liberalization ကို အခွင့်အရေးဟု သတ်မှတ်၍ ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်သွားရန် ကြိုးပမ်းမှုများတွင် အဆိုပါ obstacles များကို မည်သို့ ကျော်လွှားမည်နည်း ဟူသော လမ်းစဉ်များကို ချမှတ်အသုံးပြုရန်လိုအပ်သည်။
(၂) နိုင်ငံရေးယဉ်ကျေးမှုဆိုင်ရာ အခက်အခဲများ
နိုင်ငံတနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင်စနစ် တည်တံ့ခိုင်မြဲနေရခြင်း အကြောင်းတရား များတွင် နိုင်ငံရေးယဉ်ကျေးမှုဆိုင်ရာ အကြောင်းအချက်များလည်း ပါဝင်လေ့ရှိသည်။ နိုင်ငံတနိုင်ငံ၏ “patrimonialism” သဘောတရား လွှမ်းမိုးခံရသည့် လူ့အဖွဲ့အစည်းတွင် နိုင်ငံရေးအခွင့်အလမ်းနှင့် စီးပွားရေး အခွင့်အလမ်းမှာ ယှဉ်တွဲနေတတ်သည်။ လူ့အဖွဲ့အစည်းမှာလည်း ကိုယ်ပိုင်အရည်အချင်းနှင့် တက်လမ်းရှာဖွေခြင်းကို အားပေးလေ့မရှိ။ နိုင်ငံရေးအရ အခွင့်အလမ်း ရှိနေသော အုပ်ချုပ်သူများ၏ အသိုင်းအ၀ိုင်းများအား မှီခိုမှုများကို အားပေးလေ့ရှိသည်။ ဥပမာ- စစ်အာဏာရှင်စနစ် ဖြစ်လျှင် နိုင်ငံရေးအခွင့်အာဏာရှိနေသော စစ်တပ်တွင်း၌ အရေးပါသော ရာထူးများ ရရှိစေရန် အားပေးချီးမြှောက်သည့် လူအများ ပေါ်ထွက်လာမည်။ ဒီမိုကရေစီ ဘက်တော်သားများက နိုင်ငံရေးအာဏာ ရပြန်လျှင်လည်း အဆိုပါ လူအများသည်ပင် ဒီမိုကရေစီ ခေါင်းဆောင်များအား ထောက်ခံအားပေးကြမည်ဖြစ်သည်။
patrimonialism” သဘောတရား လွှမ်းမိုးခံရသော လူ့အဖွဲ့အစည်းတွင် ယင်းသို့သော လူများ အများအပြား ပါဝင်လေ့ရှိသည်။ အဆိုပါ သဘောတရားသည် နိုင်ငံရေးအာဏာကို မှီတွယ်ခြင်း စိတ်သဘောနှင့် ဆက်စပ်နေလေရာ နိုင်ငံရေးအာဏာကို ပြန်လည် ထိန်းညှိမည့် inherent logic of strong civil society ကို ထောက်ခံ အားပေးခြင်း မရှိ။ သို့ဖြစ်ရာ civil society အဖွဲ့အစည်းများ အများအပြား လိုအပ်သည့် political liberalization ကို နှောင့်နှေး ကြန့်ကြာစေမှုများ ဖြစ်လာစေနိုင်သည်။ အဆိုပါ သဘောတရား၏ လွှမ်းမိုးမှု လျော့နည်းလာသော လူ့ဘောင်သစ်ကို တည်ဆောက်နိုင်မှသာ political liberalization အတွေးအခေါ်ဖြင့် ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်သွားနိုင်မည်ဖြစ်သည်။
(၃) စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အခက်အခဲများ
အာဏာရှင်များဘက်မှ ရွေးကောက်ပွဲများ ကျင်းပပေးခြင်း၊ နိုင်ငံရေး ပါဝင်ပတ်သက်ခွင့် အနည်းငယ် ပေးလာခြင်း စသည်တို့တွင် နိုင်ငံစီးပွားရေး အခြေအနေနှင့် ပတ်သက်သော အခြေအနေများ ပါဝင်လေ့ရှိသည်။ နိုင်ငံတနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းများပြီး၊ အလုပ်လက်မဲ့ရာခိုင်နှုန်း စိတ်ပညာသဘောအရ လူတယောက်၏ စိတ်ထဲတွင် ပိတ်လှောင်မွန်းကြပ်နေမှုကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် ပေးလိုက်သည့်အခါ ထိုလူ၏ စိတ်ထဲတွင် ပေါ့ပါးသွားလေ့ရှိရာ အာဏာရှင်အစိုးရသို့ စုပြုံလာသော မကျေနပ်မှုများကို ဖော်ထုတ်ခွင့်ပြု လိုက်ခြင်းဖြင့် မကျေနပ်မှုများ ပေါက်ကွဲထွက်သွားပြီး ဆန့်ကျင်သည့် အဆင့်သို့ မတက်လှမ်းတော့ပဲ ပြီးသွားတတ်သည်။ အီဂျစ်နိုင်ငံအပါအ၀င် အရှေ့အလယ်ပိုင်း နိုင်ငံအများစုတွင် တတိယလှိုင်း ဒီမိုကရေစီ လှိုင်းလုံးကြီးနှင့် မျောမပါပဲ အာဏာရှင်အစိုးရများ ရပ်တည်နေနိုင်သည့် အကြောင်းအချက်များတွင် ဤအချက်ကလဲ တချက် အပါအ၀င်ပင်ဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံများတွင် political liberalization အတွေးအခေါ် လွှမ်းမိုးခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပြီး၊ ဒီမိုကရေစီ ပန်းတိုင်သို့ တက်လှမ်းခြင်း မရှိပဲ ရပ်တန့်နေခဲ့သည်မှာလဲ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်သည်။ မည်သို့ဆိုစေ political liberalization အတွေးအခေါ်သည် အာဏာရှင် အစိုးရများမှ အာဏာကို အသွင်သဏ္ဍာန်တမျိုးဖြင့် ဆက်လက်ချုပ်ကိုင်ထားနိုင်စေရေး အတွက် ဆေးကောင်းတခွက်ပင် ဖြစ်သည်။ စီးပွားရေး အကျပ်အတည်း ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် အာရုံပြောင်းပေးနိုင်သည့် မျက်လှည့် ဆရာ တပါး ဟုလည်း ဆိုနိုင်မည်ဖြစ်သည်။
သို့ရာတွင် political liberalization နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့သည် လုံးဝ ဆက်စပ်ခြင်း မရှိသည်ကား မဟုတ်။ political liberalization လုပ်ချိန်နှင့် တပြိုင်နက်တည်းတွင် economic liberalization ကိုပါ ပူးတွဲလုပ်ဆောင်ရန် လိုအပ်သည်။ အသွင်ပြောင်းကာလ စီးပွားရေး အခြေအနေကို
မှန်ကန်သော မူဝါဒများ ချမှတ်၍ ရလဒ်ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ရွက်ရန် လိုအပ်သည်။ Transition-induced contraction ကြောင့် ဖြစ်လာနိုင်သော ထုတ်လုပ်မှုနှုန်း ကျဆင်းခြင်းကို ကြိုတင်ကာကွယ်ထားနိုင်မည့် မူများ ချရမည်ဖြစ်ပြီး၊ supplier-buyer relationship ကို ဖရိုမရဲ မဖြစ်စေရန် ထိန်းကျောင်းပေးရန် လိုအပ်သည်။
ဆောင်ကျဉ်းပေးနိုင်မည့် မူဝါဒများကို ရှောင်ကြဉ်၍ ရေတိုအကျိုးစီးပွားကိုသာ ကြည့်တတ်ကြလေရာ ဒီမိုကရေစီ အခြေခံသဘောတရားဖြစ်သည့် ရွေးကောက်ပွဲပြုလုပ်ခြင်းကပင်လျှင် ရေရှည်စီးပွားရေး တိုးတက်မှုကို ပြန်လည် ထိခိုက်လာသည်များလည်း ရှိတတ်ပါသည်။
အထက်ပါ အချက်များအပြင် political liberalization ဖြင့် ဒီမိုကရေစီ ပန်းတိုင်သို့ အရောက် သွားရေးတွင် အခက်အခဲဖြစ်စေနိုင်မည့် ပထ၀ီဝင် နိုင်ငံရေး အခြေအနေများ၊ နိုင်ငံတကာ ကုန်သွယ်ရေး၊ နိုင်ငံခြားရေး အခြေအနေများနှင့် လူမှုရေး အခြေအနေများစွာလဲ ရှိပါသည်။
နိဂုံး
Political liberalization လမ်းကြောင်းသည် တပိုင်းတစ ဒီမိုကရေစီ (partial democracy) နှင့် အာဏာရှင်စနစ် (authoritarianism) တို့ အကြားတွင် တည်ရှိပါသည်။ ဖိနှိပ်မှု ဖြေလျှော့ခြင်း (ease of repression) မှာ အာဏာရှင်တို့ မှ စတင် ပြုလုပ်ရခြင်းဖြစ်ပြီး၊ ဒီမိုကရေစီ အမြစ်တွယ် ရှင်သန်ခိုင်မာမှု (democratic consolidation) ပန်းတိုင်သို့ ဦးတည်သွားရာတွင်လည်း အာဏာရှင်တို့၏ ဦးဆောင်မှု အခန်းကဏ္ဍက မရှိမဖြစ် ပါဝင်နေတတ်ပါသည်။ မည်သို့ပင်ဖြစ်စေ political liberalization ကို စတင်သည်နှင့်တပြိုင်နက် political space ကို အနည်းငယ် ဟပေးရစမြဲဖြစ်ရာ၊ အဆိုပါ ဟပေးသည့် အပေါက်ငယ်လေးမှတဆင့် တစတစ ချဲ့ထွင်ယူ၍ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်၏ ပန်းတိုင်ဖြစ်သော ဒီမိုကရေစီစနစ် အမြစ်တွယ် ရှင်သန်ခိုင်မာမှု (Democratic Consolidation) ကို အရောက်သွားရန် ကြိုးပမ်းမှုများ အရှိန်မြှင့် ပြုလုပ်ရန် လိုအပ်သကဲ့သို့၊ လမ်းကြောင်းပေါ်တွင် ကြုံတွေ့ရနိုင်သည့် အတားအဆီးများအား ကျော်လွှားနိုင်ရေး၊ မတော်တဆ နောက်ကြောင်းပြန်ပြီး political deliberalization ပြန်ဖြစ်သွားပါက ချက်ချင်းလက်ငင်း တုန့်ပြန် ဆောင်ရွက်နိုင်သော လမ်းစဉ်များ ပြင်ဆင်တည်ဆောက်ထားရေး စသည်တို့မှာလည်း အလွန်ပင် အရေးပါလှပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
Finer, Samuel. (1962). The Man on Horseback: The Role of the Military in Politics . New
York, NY: Penguin Books.
Fitch, J. Samuel. (1998). The Armed Forces and Democracy in Latin America . Baltimore:
Johns Hopkins University Press.
Gala, Amin A. (1995): Egypt’s Economic Predicament: A Study in the Interaction of External Pressure, Political Folly and Social Tension in Egypt. 1960-1990. New York, E. J.
Brill.
Heybey, Berta, and Peter Murrel (1999), “The Relationship between Economic Growth and
the Speed of Liberalization During Transition,” Journal of Policy Reform 3 (2), 121-137.
Halpern, Manfred. 1963. The Politics of Social Change in the Middle East and North Africa.
Princeton: Princeton University Press.
Kramer, Gudrun (1996): “The Integration of the Integrists,” Ghassan Salame (ed.), Democracy without Democrats, London, New York, I.B. Tauris.
Linz, Juan J. ve STEPAN, Alfred (1996): Problems of Democratic Transition and Consolidation, Southern Europe, South America, and Post-Communist Europe, Baltimore, The Johns Hopkins University Press.
Lipset, S.M. (1959), “Some Social Requisites of Democracy: Economic Development and Political Legitimacy,” American Political Science Review 53, 69-105.
Monshipouri, Mahmood. (1995) Democratization, Liberalization and Human Rights in the Third World. London: Lynne Rienner Publishers
Parry, Geraint and Moran, Micheal, eds. (1994) Democracy and Democratization. New York: Routledge
Przeworski, Adam, and Fernando Limongi (1993), “Political Regimes and Economic Growth,” Journal of Economic Perspectives 7 (3), 51-69.
Rodrik, Dani (1995), “The Dynamics of Political Support for Reforms in Economies in Transition,” Journal of the Japanese and International Economies 9 (4), 403-425.
Shleifer, Andrei (1998), “Government in Transition,” European Economic Review 41 (3-5),
385-410.
Wolff, Holger C. (1999), Transition Strategies: Choices and Outcomes , Princeton Studies in International Finance No. 85 (June), Department of Economics, Princeton University, Princeton, NJ.



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

လက်နက်ကိုင် ဝ,အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆို

 မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ မတ်လ ၂၅ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၂၉ မိနစ်
ဝ,ပြည် သွေးစည်းညီညွတ်ရေး ပါတီ/တပ်မတော် (UWSP/UWSA)မှ ကိုယ်စားလှယ် တဦးက ဝ,ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆိုကြောင်း  Shan Herald Agency for News (SHAN) သတင်းတရပ်တွင်
ဖေါ်ပြထားသည်။

ဒုက္ခသည် နေရာချရေးကိစ္စ တောင်ကုတ်တွင် လူ ၃၀၀ ဆန္ဒပြ၊ သုံးဦး အရေးယူခံရ

စနေနေ့၊ မတ်လ ၂၃ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၀၂ မိနစ်
 စစ်တွေ (မဇ္ဈိမ)။   ။ တောင်ကုတ်မြို့တွင် ရခိုင် အရေးအခင်းလွန် နောက်ပိုင်း အစိုးရ၏ ဒုက္ခသည်များ ပြန်လည်
နေရာချထားခြင်း အစီအစဉ်များအပေါ် မကျေနပ်၍ မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက လူ ၃၀၀ ခန့်က လမ်းလျှောက် ဆန္ဒပြရာ ခွင့်ပြုချက် မရှိဘဲ လုပ်ဆောင်ခဲ့ကြ၍ ဦးဆောင်ပါဝင်သူ သုံးဦးအား ဒေသဆိုင်ရာ အာဏာပိုင်တို့က အရေးယူထားကြောင်း တောင်ကုတ်မြို့ ရခိုင် လူမှုကွန်ယက် တာဝန်ရှိသူများက ပြောသည်။
 Rakhine-Toung-Goke
ဒုက္ခသည်များ ပြန်လည်နေရာချထားရေးတွင် နိုင်ငံသားစိစစ်ခြင်းမရှိဘဲ လုံးခြင်းအိမ်များ ချပေးမည့်အပေါ် တောင်ကုတ်မြို့ရှိ ရခိုင်လူမှုကွန်ယက် ဦးဆောင်၍ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က ဆန္ဒပြကြစဉ်။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ)

မနက် ၉း၄၀ နာရီမှ ၁၀း၁၅ နာရီထိ တောင်ကုတ်မြို့ လမ်းများပေါ်တွင် စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြခြင်း
ဖြစ်သည်။

“ယာယီဒုက္ခသည် စခန်းက လူတွေကို အိမ်တွေ ဆောက်လုပ်နေရာချထား ပေးမယ်ဆိုရင် ပထမဆုံး သူတို့တွေကို
နိုင်ငံသား ဟုတ်မဟုတ် စီစစ်ဖို့လိုတယ်။ ဒီလို ဥပဒေနဲ့အညီ မဟုတ်ဘဲ တဖက်သတ် ဆုံးဖြတ်လုပ်ကိုင်နေတာ
ကြောင့် ကျနော်တို့ ဆန္ဒ ဖော်ထုတ်ရခြင်း ဖြစ်တယ်” ဟု ရခိုင်လူမှုကွန်ယက်အဖွဲ့ဝင် ကိုဇေယျကျော် က ဆိုသည်။

ဒုက္ခသည်များအတွက် ဆောက်လုပ်ပေးမည့် အိမ်များမှာ လုံးချင်းအိမ်များဖြစ်ကာ တူရကီနိုင်ငံမှ လှူဒါန်းထားပြီး ပဋိပက္ခဖြစ်ပွားရာ မြို့နယ်များတွင် ဆောက်လုပ်သွားမည်ဟု သိရှိထားရကြောင်း ကွန်ယက် ခေါင်းဆောင်များက ပြောသည်။

ခွင့်ပြုချက်မရဘဲ ဆန္ဒပြသည့်အတွက် ရခိုင် လူမှုကွန်ယက်မှ ခေါင်းဆောင် သုံးဦးဖြစ်သော ဦးစိုးဝင်း၊ ဦးသန်းလွင်စိုး
နှင့် ဦးမင်းထွန်းတို့အား သက်ဆိုင်ရာမှ အရေးယူထားသည်။

“ညနေ ၃ နာရီလောက်မှာ ကျနော်တို့အားလုံး ရုံးကို ရောက်တယ်။ မြို့နယ် ရဲတပ်ဖွဲ့မှူးက ဥပဒေအရ အရေးယူရတာလို့ ပြောတယ်။ ကျနော်တို့ သုံးယောက်ကို အာမခံ နှစ်ယောက်စီနဲ့ ခံဝန်လုပ်ပြီးတော့ ညနေ ၄ နာရီကျော်လောက်မှာ ပြန်လွှတ်ပေးလိုက်တယ်” ဟု ဦးစိုးဝင်း က မဇ္ဈိမကို ပြောသည်။

“ကျနော်တို့က ဥပဒေနဲ့အညီ လုပ်ချင်ခဲ့တာပါ။ ဒါကြောင့်လည်း ခွင့်ပြုချက် ရဖို့အတွက် အဆင့်ဆင့်တင်ပြခဲ့တယ်။ ဒါပေမယ့် သက်ဆိုင်ရာက အားလုံး ပယ်ချခဲ့တယ်။ ကျနော်တို့တွေ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ နောက်ဆုံးမှ ဒီလမ်းကို ရွေးခဲ့တာပါ။ ဥပဒေအရ အရေးယူထားတယ် ဆိုရင်လည်း ဥပဒေအရ ရင်ဆိုင်ရုံပဲပေါ့ဗျာ” ဟု ၎င်းက ဆက်ပြောသည်။

ဆန္ဒပြခွင့်ကို မတ်လ ၁၅ ရက်နေ့တွင် မြို့နယ်ကို တင်ပြခဲ့ရာ မတ်လ ၁၇ ရက်နေ့တွင် မြို့နယ်က ပလပ်ခဲ့သည်။ မတ်လ ၁၈ ရက်နေ့တွင် ပြည်နယ်သို့ အယူခံရာတွင်လည်း မတ်လ ၂၁ ရက်နေ့တွင် ပြည်နယ်ရဲမှူး ကိုယ်စား ဒု-ရဲမှူးကြီး အောင်ကျော်ဦး လက်မှတ်ရေးထိုး၍ ပလပ်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မတ်လ ၇ ရက်နေ့မှစ၍ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင် မြို့နယ်များတွင်လည်း ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပခဲ့ရာ ဥပဒေနှင့်အညီ သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်အရ ပြုလုပ်ခြင်း မဟုတ်၍ ဆန္ဒပြပွဲများ၌ ဦးဆောင်ပါဝင်သူ အနည်းဆုံး ၆ ဦးကို သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးများက အရေးယူထာရှိပြီး ၎င်းတို့အား မခံဖြင့်ပြန် လွှတ်ပေးထားကြောင်း သိရသည်။

စစ်တွေဆန္ဒပြပွဲကို စီစဉ်မှုဖြင့် ယာယီထိန်းသိမ်းခံရရာမှ အာမခံဖြင့် ပြန်လွတ်လာသူ စစ်တွေလူမှုကွန်ယက်
ခေါင်းဆောင် ဒေါ်ညိုအေးက “ဒီနေ့အထိတော့ အာမခံနှင့် လွှတ်ပေးထားတဲ့ ဆန္ဒပြခေါင်းဆောင်တွေကို အာဏာပိုင်ဘက်က တယောက်မှ နောက်ထပ် ဆက်သွယ်တာမျိုး မရှိသေးဘူး” ဟု ပြောပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တောင်ကုတ်မြို့နယ် အတွင်းရေးမှူး ဦးမင်းအောင် ကလည်း ဆန္ဒဖော်ထုတ်ခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားတိုင်းရပိုင်ခွင့်ရှိပြီး အစိုးရအနေနှင့် ပွင့်လင်းမြင်သာမှု မရှိ၍ ယခုလို ဆန္ဒပြမှုများနှင့်ရင်ဆိုင်နေရကြောင်း ပြစ်တင်ဝေဖန်လိုက်သည်။

“ရခိုင်မှာ ဆန္ဒဖော်ထုတ်မှုတွေကို ကြည့်ရင် အစိုးရရဲ့ ပွင့်လင်းမြင်သာမှုနဲ့ အများကြီး သက်ဆိုင်နေတယ်။ သမ္မတ ဦးသိန်းစိန် က နိုင်ငံသားဖြစ်မှု ဥပဒေနဲ့အညီ ဆောင်ရွက်မယ် ပြောတယ်။ လက်တွေ့ ဆောင်ရွက်တဲ့အခါ ပွင့်လင်း
မြင်သာမှု မရှိဘူး။ ဒီကြားထဲ အခု စစ်တွေမှာ လုံးချင်းအိမ် ၅၀၀၀ဆောက်မယ်ဆိုတာကို ဒေသခံ ရခိုင်လူမျိုးတွေဟာ သတင်းအရပဲ သိလာရတယ်။ အစိုးရဆီက ဒီကနေ့ထိ မသိရသေးဘူး။ ဒါဟာ ပွင့်လင်းမြင်သာမှု မရှိတာကို
ပြနေတာ။ ဒီလိုပွင့်လင်းမှုမရှိလို့ ဆန္ဒပြပွဲတွေ ဖြစ်လာရတာပဲ”ဟု ဦးမင်းအောင် က ဆိုသည်။

ဆန္ဒပြခွင့်နှင့်ပတ်သက်၍ ပြည်နယ်နှင့် တိုင်းအလိုက်၊ တနေရာနှင့်တနေရာ ကျင့်သုံးပုံချင်း မတူကြသလို၊ ခွင့်ပြုချက် ပေးခြင်း မပေးခြင်းမှာလည်း ဥပဒေအပေါ် မူမတည်ဘဲ အာဏာပိုင်များ အပေါ်၌သာ တည်နေသည်ဟု ၎င်းက ဝေဖန်ထောက်ပြသည်။

ထို့အပြင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် ကလည်း “နိုင်ငံသား ဟုတ် မဟုတ်တောင် ကွဲကွဲပြားပြား မသိဘဲ ဘယ်လို လုပ်နေရာချမလဲဗျာ။ ဒီကိစ္စ ALD က နဂိုကထဲက ပြောပြီးသား။ ဥပဒေနဲ့အညီ အမြန်စီစစ်ပါ။ နိုင်ငံသား ဖြစ်သင့်တဲ့လူ ဖြစ်ရမယ်။ နိုင်ငံသား လက်မှတ် ရှိပြီးသား ဖြစ်ပေမယ့် မှန်မှန်ကန်ကန် ရထားတာ ဟုတ်မဟုတ် စီစစ်ဖို့ လိုမယ်။ တကယ်လို့ မတော်မတရားနည်းနဲ့ နိုင်ငံသားလက်မှတ် ရထားတဲ့သူတွေရှိရင် သူတို့တွေကို နိုင်ငံသား မဟုတ်သူတွေနဲ့အတူ Camp (ဒုက္ခသည်စခန်း) မှာ ထားဖို့
ပြောခဲ့တယ်။ ဒါဟာ ALD ရဲ့ မူပဲ” ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ယမန်နှစ် ဇွန်လမှ စတင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် အသက် အိုးအိမ် ဆုံးရှုံးပျက်စီး
ခဲ့ရပြီး အောက်တိုဘာနှင့် နိုဝင်ဘာလများက ကမ္ဘာ့အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) ရုံး မြန်မာနိုင်ငံ တွင် လာဖွင့်မှုအား ဆန့်ကျင်သည့် ဆန္ဒပြမှုများမှာ ရခိုင်ပြည်နယ်မှသည် အခြားမြို့များသို့ ပြန့်နှံ့သွားခဲ့ရပြီးနောက် ယခုဆန္ဒပြမှုများမှာ ရခိုင်ဒေသ၏ တကျော့ပြန် ဆန္ဒပြမှုများ ဖြစ်သည်။

တပ်ကုန်းနဲ့အုတ်ဖိုမှာ အမည်မသိလူအုပ်စုတွေ ဝင်ရောက်မီးရှို့"

မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ မတ်လ ၂၄ ရက်နေ့ ညပိုင်းက နေအိမ်မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။

မန္တလေးတိုင်း တပ်ကုန်းမြို့နယ် ရွာသစ်ကြီးကျေးရွာ(အနော်ရထာ)ရပ်
ကွက် မှာ ပလီတစ်ခုအပါအဝင် အိမ်ငါးလုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ အဲဒီနေရာကို ရောက်ရှိနေတဲ့ ရဲအရာရှိတစ်ဦးက RFA ကို အတည်ပြုပြောကြားပါတယ်။

မနေ့ညမှာတော့ တပ်ကုန်းမြို့နယ်အတွင်းကို အမည်မသိ လူအုပ်စုတွေ ဝင်လာပြီး ရွာသစ်ကြီးကျေးရွာ(အနော်ရထာ ရပ်ကွက်)၊ဓညဝတီ ရပ်ကွက်နဲ့ဗိုလ်မင်းရောင် ရပ်ကွက်တွေမှာ ဆူပူမှုတွေ ဖြစ်ပွားအောင် လှုံဆော်သွားတယ်လို့ တပ်ကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့က အရာရှိတစ်ဦးက ပြောပါတယ်။

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အိုးသဲကုန်းကျေးရွာမှာလည်း အမည်မသိ လူအုပ်စုတွေ ဝင်ရောက်လာပြီး ရုန်းရင်း ဆန်ခတ်ဖြစ်အောင် လုပ်ဆောင်နေတာ ရှိတဲ့အတွက် နယ်မြေခံ စစ်တပ်အကူအညီနဲ့ သွားရောက်ထိန်းသိမ်းနေတယ်လို့ သာယာဝတီခရိုင်ရဲတပ်ဖွဲ့က RFA ကိုပြောပါတယ်။

ဗန်းမော်ခရိုင် မန်စီမြို့နယ် နန့်ဟန်ကျေးရွာတွင်သစ်ကားစီးရေ (၇၀၀) ခန့်ေ ရာက် ရှိနေ

 ဗန်းမော်ခရိုင် မန်စီမြို့နယ် နန့်ဟန်ကျေးရွာတွင်သစ်ကားစီးရေ (၇၀၀) ခန့်ေ ရာက် ရှိနေ
===============================================
ဗန်းမော် မတ်လ ၂၃ ရက်

၁။ ၂၀၁၃ခုနှစ် ဇန်န၀ါရီလမှ စတင်ကာ မန်စီမြို့နယ် နန့်ဟန်ကျေး ရွာနှင့် ရှမ်းပြည်မြောက် ပိုင်းကျောက်မဲ ခရိုင် မဘိန်းမြို့နယ် တ၀ိုက်တွင် တရုတ်နိုင် ငံနောင်တောင်းမြို့ အခြေစိုက် BDY အမည်ရှိ သစ်ကုမ္မဏီ အမည်ခံ သစ်ခိုးဂိုဏ်း ကြီးရောက် ရှိလာပါသည်။ ယင်းနှင့် အတူ လမ်းဖေါက်လုပ်ရေးစက် ယန္တယား များ၊ဘက် ဖိုးယာဉ် များ၊မြေးတူးမြေကော် စက်များ၊ချိန်းဆောများ၊ တရုတ်နိုင်ငံသား ကျွမ်းကျင် ပညာရှင်များ၊ တရုတ် လုပ်သား များ၊ စုစုပေါင်း အင်အား (၅၀၀)ခန့် တပါတည်း လိုက်ပါ လာပါသည်။

၂။ BDY ကုမ္မဏီ ကအောက်ပါ သစ်ခိုးလမ်းကြောင်းများကို တစ်လအ တွင်း အပြီးဖေါက်လုပ်ကာ တရုတ်နိုင် ငံနောင်ေ တာင်းမြို့ ဖက်မှ ယန်းဖေါင်၊ အယ်စူဝူးစသည့် (၁၀)ဘီးသစ်တင် ယဉ်ကြီး စီးရေ (၇၀၀)ခန့်ကို အသု တ်လိုက် တင်သွင်းခဲ့ပါသည်-
(က)နန့်ဟန်-စကရွာ-ပကာကောက်-နှစ်မွှာ-ပါဖန်-ပန်ဂျပ်-လွယ်ခန်း-ပန်ထန်-ဘုံချောင်း-
လူးလူးယန်-ကောင်ဗွေယန်-မန်ဝိန်းကြီး-တရုတ်နိုင်ငံနောင်တောင်းမြို့
(ခ)ပန်ထန်-မိုင်၃၀-ခပ်ပရာ-တိန်ဆင်းပါ-အင်ဘာပါ- တရုတ်နိုင်ငံနောင်တောင်းမြို့
(ဂ)မန်စီမြို့ဘုရားကုန်း-ဂျာမိုင်- ခပ်ပရာ-တိန်ဆင်းပါ-အင်ဘာပါ- တရုတ်နိုင်ငံနောင်တောင်းမြို့
(ဃ)ကြိုးစွန်တောင်သစ်တောကြိုးဝိုင်း-နန့်အူကြီး-၇မိုင်-စီမွန်း-မန်သာ-မိုင်းခေါင်-မဒန်ယန်- ၁၇မိုင်- ခပ်ပရာ-တိန်ဆင်းပါ-အင်ဘာပါ- တရုတ်နိုင်ငံနောင်တောင်းမြို့
(င)မိုင်းခေါင်-ဂျေစွမ်း-မကျီကုန်-ဘော်နွယ်- တရုတ်နိုင်ငံနောင်တောင်းမြို့

၃။ ကျွန်းသစ်နှင့်တမလန်းသစ်များထွက်ရှိရာပင်ရင်းဒေသမှာ ကျောက်မဲခရိုင်မဘိန်းမြို့နယ်ဖြစ်ပြီး ယင်းမှ တစ်ဆင့် ကွန်းချောင်း -ခေါလော -ယန်းဘို-မအူကုန်း မဲဇလီ-ပင်ကြိမ်း-လ၀ါ လမ်းကြောင်း အတိုင်း မန်စီမြို့ နယ် နန့်ဟန်ကျေးရွာကျေးရွာ တွင်သယ်ယူ စုပုံခြင်းဖြစ်ပါသည်။
မန်စီမြို့နယ် အတွင်း တရုတ်နိုင်ငံနောင်တောင်းမြို့ အခြေစိုက် BDY အမည်ရှိ သစ်ကုမ္မဏီ အမည်ခံ သစ် ခိုး ဂိုဏ်းကြီးက သယ်ဆောင်ခိုးထုတ်နေသော ကျွှန်းသစ်နှင့်တမလန်းသစ်များ စုပုံ တည်ရှိရာ ဒေသများ မှာေ အာက် ပါ အတိုင်း ဖြစ်ပါသည်။
(က)နန့်ဟန်ရွာ
(ခ) ဂျာမိုင်ရွာ
(ဂ) မိုင်းစိမ်း၊မိုင်းဟိန်းရွာ
(ဃ)အင်ဂျီရွာ
(င) မိုင်းခေါင်ရွာ
(စ)ကြိုးစွန်တောင်သစ်တောကြိုးဝိုင်း
(ဆ)သံတံတားရွာ
(ဇ)အောက်ချောင်းရွာ

၎။ တရုတ်နိုင်ငံနောင်တောင်းမြို့အခြေစိုက် BDY အမည်ရှိ သစ်ကုမ္မဏီ အမည်ခံ သစ်ခိုး ဂိုဏ်းကြီးသည် ၂၀၁၃ခုနှစ် ဇန်န၀ါရီလ ကုန်ခန့်မှ စတင်ကာစု ရပ်ဖြစ်သော မန်စီမြို့နယ် နန့်ဟန်ကျေးရွာနှင့် မိုင်းခေါင်ေ ကျး ရွာ တို့မှ အပိုဒ်(၂)ပါ သစ်ခိုးလမ်းကြောင်း (၅)ကြောင်း အတိုင်း တရုတ်နိုင်ငံနောင်ေ တာင်း မြို့သို့ သယ်ေ ဆာင် ခိုးထုတ်ခဲ့ရာ ယနေ့တိုင်ဖြစ်ပါသည်။ သစ်တင်ယဉ် တစ်စီးလျှင် တန် (၂၀) ခန့် တင်ဆောင် ပြီးနေ့ စဉ်စီးရေ (၁၀၀) ခန့် နယ်စပ်သို့ သယ်ဆောင် ခိုးထုတ်နေပါသည်။ ကျွန်းသစ်လုံးများပေါ်တွင် အဆို ပါ ဂိုဏ်း၏ markerတံဆိပ် BDY-1,BDY-2 စာတမ်း ရိုက်နှိပ်ထားပါ သည်။ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇန်န၀ါ ရီ လ ၂၈ ရက်နေ့ထုတ် The Voice Weekly ဂျာနယ်ကလည်း သတင်းရေးသား ဖေါ်ပြခဲ့ဖူး ပါသည်။

၅။ တရုတ်နိုင်ငံနောင်တောင်းမြို့အခြေစိုက် BDY အမည်ရှိ သစ်ကုမ္မဏီ အမည်ခံသစ်ခိုးဂိုဏ်းကြီး ၏ ဂိုဏ်းေ ခါင်းေ ဆာင် (၃)ဦးမှာအောက်ပါ အတိုင်းဖြစ်ပါသည်-
(က) B=ဘရန်နူး၊ကချင်လူမျိုး
(ခ ) D=ဒွန်ဖေါ့တန်ဂွန်း၊ကချင်လူမျိုး (ဂ) y=မော်ရုံး(ခ)လီးမော်ရုံး၊တရုတ်လူမျိုး

၆။ တရုတ်နိုင်ငံနောင်တောင်းမြို့အခြေစိုက် BDY အမည်ရှိ သစ်ကုမ္မဏီအမည်ခံသစ်ခိုးဂိုဏ်းကြီး တွင် အဖွဲ့ ၀င် သစ်လောပန်း (၂၀)ဦး ရှိပြီးကနဦး မတည် ထည့်ဝင်ငွေ တရုတ်ယွမ်သိန်း (၅၀)စီဖြင့် စု စုပေါင်း ယွမ် သိန်း (၁၀၀၀) (မြန်မာငွေကျပ် သန်းပေါင်း ၁၄၀၀၀ ခန့်) ကိုအပိုဒ် ၅ ပါသုံးဦးထံသို့ ထည့်ဝင်ရ ပါ သည်။ ယင်းငွေများ အနက် ယွမ်သိန်း ၆၀၀ ကို KIA အဖွဲ့ထံသို့ စစ်အသုံးစရိတ် ရန်ပုံငွေပေးချေ ရပါ သည်။ KIA အဖွဲ့ သည် ယင်းငွေယွမ်သိန်း ၆၀၀ဖြင့် တရုတ်လုပ် လက်နက်မျိုးစုံကို ၀ယ်ယူစုဆောင်းနိုင်ခဲ့ သည်။ BDY သစ်ကုမ္မဏီ သည် ကျန်တရုတ်ယွမ်ငွေ သိန်း(၄၀၀) (မြန်မာငွေကျပ် သိန်းပေါင်း ငါးသောင်းေ ကျာ် ခန့်) ကိုေ နာင်တောင်းမြို့ရှိ တရုတ် အာဏာပိုင်များနှင့် ကချင်ပြည် နယ်နှင့်ရှမ်းပြည်နယ် ရှိမြန်မာ အာဏာ ပိုင် များ အားလာဘ်ငွေများပေးကာ ၄င်း၏ယန္တယားကို လည်ပတ်ခဲ့ပါသည်။

၇။ ယင်းသို့လည်ပတ်ရာတွင် သစ်ခိုး လမ်းကြောင်းပေါ်ရှိ အရေးကြီး check point များတွင်အောက်ပါ လမ်းေ ကြာင်း ထိန်းများကို ခန့်အပ် တာဝန်ပေးပြီး ကင်းထောက်စေ ပါသည်၊ ၄င်း၏ တာဝန် သည်သစ်ကား များ အ ဖမ်း မခံ ရရေးအတွက် ဖမ်းဆီးရေး စစ်ကြောင်း အားကြိုတင် စနည်းနာခြင်း၊ လိုအပ်လျှင် လာဘ်ငွေ အမြောက် အမြားပေးခြင်း တို့ လုပ်ဆောင် ရပါသည်။ လမ်းကြောင်းထိန်း တစ်ဦး လျှင် pajero တစ်စီး၊ ကျပ်သိန်း ၃၀၀ ၊တရုတ်ဖုန်း၊ cdma ဖုန်း၊ လမ်းလျှောက် စကားပြောစက် တို့ေ ထာက်ပံ့ တပ်ဆင်ပေး ထားပါ သည်-
(က)မန်စီမြို့နယ် မန်ဝိန်းကြီးရွာ တွင် ကိုဘောက်လာ
(ခ).....။……….. နန့်ဟန်ရွာ …… ကိုမာဘရန်
(ဂ)မန်စီမြို့ပေါ် ကိုဖိုးသား
(ဃ)မန်စီမြို့နယ် ကိုက်ထိပ် စခန်း ကိုမိုက်ကယ်
(င)….။……….. မိုင်းခေါင်ရွာ ကိုဘယ်ကြီး

ဂ။ မန်စီမြို့နယ် နန့်ဟန်ကျေးရွာမှောင်ခို သစ်ကွင်းတွင် သစ်တင် လုပ်သား၊ယာဉ်မောင်း တရုတ်လူမျိုး (၅၀၀) ခန့်၊ဒေ သခံ တိုင်းရင်း သား (၅၀၀၀)ခန့်နှင့် သစ်ကား စီးရေ (၇၀၀)ခန့် မှနေ့စဉ် တရုတ် နယ်စပ် သို့ သစ် များခိုးထုတ်နေပါသည်။ မန်စီမြို့နယ် နန့်ဟန်ကျေးရွာသစ် ကွင်းတွင်လေးကောင် ၊ခြောက်ေ ကာ င်ေ လာင်း ကစားဝိုင်း (၅၀)ခန့်၊ အနှိပ်ခန်း(၃၀)ခန့်၊ပြည့်တန်ဆာခန်း(၂၀)ခန့်၊ ဘိန်းနှင့်ရာမ စိတ်ကြွဆေး ဆိုင် (၁၀)ဆိုင်ခန့်ရောင်းချလျှက်ရှိနေပါသည်။

၉။ တရုတ်နိုင်ငံနောင်တောင်းမြို့ အခြေစိုက် BDY သစ်ကုမ္မဏီ အမည်ခံ သစ်ခိုးဂိုဏ်း ကြီးသည် ဗန်းမော်ြ မို့ (၃)မိုင် ကွက်သစ်တွင် ရွှေမိုးသွန်းအောင် ကုမ္မဏီ အမည်ဖြင့်ရုံးခန်း ဖွင့်လှစ်ထားပြီး ဗန်းမော်-နမ့်ခမ်း ကား လမ်း ကို BOT စနစ်ဖြင့် ငှားရမ်းဖေါက်လုပ် ကာဒေသ ဖွံ့ဖြိုးရေးကိုFOR SHOW လုပ်ကိုင်လျှက်ရှိပါ သည်။

၁၀။ BDY သစ်ခိုးဂိုဏ်းကြီး အခြေပြုရာ မန်စီမြို့နယ် နန့်ဟန်ကျေး ရွာနှင့်မိုင်းခေါင်ကျေး ရွာ၊ကျောက်မဲ ခ ရိုင် မ ဘိန်းမြို့နယ် တ၀ိုက် သည် ၂၀၁၁ခုနှစ် မတိုင်မီက မိမိ အမာခံ နယ်မြေများဖြစ်ေ သ်ာလည်း ယခု အခါ KIA အဖွဲ့ အစည်း ၀င် များဆက်ကြေးကောက် သွားလာ လှုပ်ရှားရာ နယ်မြေ များဖြစ်လာ ခဲ့ပါသည် ။ရဲ၊ သစ်တော စသ ည့် နယ်ဖ က် ဌာနဆိုင်ရာများ သွားလာ မရသည့် အညိုရောင် နယ်မြေများဖြစ်ပါသည်။

BDY သစ်ခိုးဂိုဏ်းကြီးနှင့်KIA တို့ပေါင်းကာ သစ်တော ၀န်ထမ်းများ ကို သတ်ဖြတ်ခဲ့ရာ ၁ ဦးသေဆုံး ၃ဦး ဒါဏ် ရာ ရှိခဲ့ပါသည် ။ BDY သစ်ခိုးဂိုဏ်းကြီး သည်နယ်မြေ မအေး ချမ်းမှုကို အခွင့်ကောင်းယူကာ စိတ် တိုင်း ကျ သစ်မှောင်ခို ခိုးထုတ်ခွင့် ရရှိခဲ့သည်။

၁၁။ အဆိုပါ နယ်မြေအတွင်း တပ်မ ၉၉၊ စကခ ၁၆၊ စကခ ၂၁၊ မပခ မိုးမိတ် စစ်ဗျုဟာ စသည့် တပ် မတော် စစ်ကြောင်း များ တာဝန် ထမ်းဆောင်နေ ပါသည်။

ကချင်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကွန်ယက်




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

မိတ္ထီလာမြို့အကြမ်းဖက်မှု့အား မြို့ခံ အစ္စလာမ်ဘာသာဝင်များ၊ ဗုဒ္ဓဘာသာဝင်များ၏ ရင်နှင့်ဖွယ် ခံစားချက် အမြင်



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

တောင်သာ တပ်မတော် ဟု ဟု လျှို့ ဝှက် အမည် ပေးထား သည့် အုပ်စု က မတ္ထီလာ မြို့  တွင် မတ် လ ၂၀ ရက်နေ့ မှ စတင်ခဲ့သည့် ၃ ရက် ကြာ မငြိမ် သက် မှု တွင် ထဲ ထဲ ၀င်ဝင် ပါ ၀င်ခဲ့ ကြောင်း

 by FNG on March 23, 2013
တောင်သာ တပ်မတော် ဟု ဟု လျှို့ ဝှက် အမည် ပေးထား သည့် အုပ်စု က မတ္ထီလာ
မြို့  တွင် မတ် လ ၂၀ ရက်နေ့ မှ စတင်ခဲ့သည့် ၃ ရက် ကြာ မငြိမ် သက် မှု တွင် ထဲ
ထဲ ၀င်ဝင် ပါ ၀င်ခဲ့ ကြောင်း FNG မှ စုံစမ်း သိရှိရသည်။
ဓားလွတ် ကို သံဃာဝတ်များ က အရေး ပေါ် အခြေ အနေ မကြေငြာခင်
မိနစ် ပိုင် အလို ထိ သတင်းထောက် များ ကို ခြိမ်ူခြောက် ခြင်း ၊ မွတ်ဆလင်
ဘာသာ ၀င် များ ကို သတ်ဖြတ် ခြင်း များ ပြု လုပ် ခဲ့ ကြ ပြီး အိမ် ၂၀၀ ထက်
မနည်း ကို အဆို ပါ သင်္ကန်း ၀တ် များ က မီး တင် ရှို့  ခဲ့ ကြသည်။
စစ်အုပ်ချုပ် ရေး စတင် ပြီး နောက် မိတ္ထီလာ မြို့  မှာ ငြိမ်သက် သွား သော်
လည်း မူလ အခြေ အနေ ပြန်လည် ရရှိ ရန် မှာ ခက်ယဉ်း နေသေကြောင်း
သိရှိ ရသည်။
ညနေ ခြောက် နာရီ က နေ မနက် ခြောက် နာရီ အထိ လမ်း မထွက် ရ ဘူး၊
ဒါပေမယ့် မီးကွင်း ပြစ် တယ် တို့  ဘုန်းကြီး တွေ ၀င်လာ ပြီ ဆို တဲ့ အသံ
ကြား ရင် လွတ် မယ် ထင် တဲ့ နေရာ ကို ထွက် ပြေး ဖို့  အသင့် ပြင်ထား ရတာ
ပါ ပဲ လို့  မိတ္ထီလာ မြို့  မှ မွတ်ဆလင် မြန်မာ တစ်ဦး က FNG ကို
ပြောသည်။
စစ်အုပ်ချုပ် ရေး ကြေငြာ ပြီး နောက် ၎င်းတို့  အချင်း ချင်း ဆက် သွယ်ရာ
တွင် မိုဘိုင်းဖုန်းများ ၊ မော်တော် ရိုလာ လမ်းလျှောက် စကား ပြောစက် များ
ကို အသုံး ပြု ကြ ပြီး ၊ ၎င်း တို့  သည် ကောင်းစွာ လေ့ ကျင့် ထား ပုံ ရ ကြောင်း
ချမ်းအေး ရပ် ကွက် သား တစ်ဦး က ပြောသည်။
စည်သူ ၊     ၊ တောင် သာ မြို့  တစ်ဝိုက် ရှိ တောနယ် များ တွင် အခြေစိုက်သဖြင့်
တောင်သာ တပ်မတော် ဟု ခေါ်သည့် အဖွဲ့  တွင် မိတ္ထီလာ မြို့  မငြိမ်သက်
မှု တွင် အဓိက နေ ရာ မှ ပါရှိ ခဲ့ သည် ဟု မြို့ ခံ များ က ဆို ကြသည်။
သင်္ကန်းဝတ် ပုဂ္ဂိုလ် များ နှင့် အတူ ပါလာသူများ သည် တောင်သာ တပ်
မတော် မှ ဖြစ် နိုင် သော် လည်း တောင်သာ တပ် မတော် နှင့် ဓား လွတ်
ကိုင် ကိုယ်တော် များ မည် သို့  ဆက် သွယ် မှု ရှိ သည် ကို မူ မသိကြောင်း
မိတ္ထီလာ မြို့  ကန်ဦး ကျောင်း တိုက် မှ သံဃာတော် တစ်ပါး က မိန့် သည်။
အရေး ပေါ် အခြေ အနေ ကြေငြာ ပြီး နောက်တပ် များ ၀င်ရောက် လာရာ
တောင်သာ တပ်မတော် နှင့် အခြား အဖွဲ့  များ သည် မလှိုင် မြို့  သို့  သွားရာ
ကားလမ် မ အထွက် တွင် ရပ် ထား သည့် ၎င်း တို့  ၏ မော်တော် ကား
များ ပေါ် သို့  အလျှို လျှို ပင် ပြန် လည် ထွက် ခွာ သွားကြသည်။
တောင်သာ တပ်မတော် ကို တောင် သာ ဗုဒ္ဓဘာသာ စစ်သွေးကြွ အဖွဲ့  ဟု
လည်း ခေါ် ပြီး မည် သူ က ဦးဆောင် ဖွဲ့  စည်းထား မှန်း မသိရ ကြောင်း
တပ်မတော် အရာ ရှိ ငယ် တစ်ဦး က FNG ကို ပြောသည်။

Armed Buddhist Monk, Meikhtilar


ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

သားကောင်သစ်မိတ္ထီလာ

 Written by  The Voice Weekly သတင်းအဖွဲ့ Saturday, 23 March 2013 07:49
 “နာရီစင်ရပ်ကွက်မီးရှို့နေတာ ဗမာအိမ်ရော၊ မွတ်ဆလင်အိမ်ရော အကုန်လောင်တယ်" ဆိုသည်ကား မိတ္ထီလာ စည်ပင်သာယာဈေးအနီးတွင် နေထိုင်သူတစ်ဦး၏ အထိတ်တလန့် ပြောကြားမှုဖြစ်သည်။
 မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်နှင့် မိုင် ၈၀ ခန့်အကွာ မိတ္ထီလာမြို့တွင် ဘာသာမတူသူလေးဦး ခိုက်ရန်ဖြစ်ပွားမှုသည် လူထောင်ချီ ပါဝင်သော ပဋိပက္ခကြီး ဖြစ်လာသည်။ လူ ၁၀ ဦး ထက်မနည်း သေဆုံး သည်ဆိုသော သတင်းများ ထွက်ပေါ်နေသည့် ယင်းပဋိပက္ခမှာ မတ်လ ၂၁ ရက်ညနေ ၇ နာရီထိ ပြီးဆုံးခြင်း မရှိသေးပေ။ တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသော လူစုများရှိနေဆဲ ဖြစ်သည်။
 ယင်းပဋိပက္ခသည် မတ်လ၂၀ရက် နေ့နံနက် ၉ နာရီအချိန်၌ အစ္စလာမ် ဘာသာဝင်ပိုင် နယူးဝိန့်စိန် ရွှေဆိုင်တွင် ရွှေရောင်းချရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး နာရီပိုင်းအတွင်း ရာချီသောလူအုပ်ကြီး က ရွှေဆိုင်ကို ဖျက်ဆီးသည်အထိ ဖြစ်လာသည်။
"မွန်းလွဲ ၂နာရီလောက် ရွှေရောင်း ချတဲ့ဆိုင်ခန်း ရှစ်ခန်းလောက် ကိုဖျက်ဆီးလိုက်ပြီ"ဟုအခင်းဖြစ်ပွား ရာ အနီးရှိ အထည်ဆိုင်ဖွင့်ထားသူ အသက် ၄၀ အရွယ် အမျိုးသမီးက ဆိုသည်။

ယင်းပဋိပက္ခမှာ ရှုပ်ထွေးသည်ထက် ပိုမိုရှုပ်ထွေးလာနေပြီး မတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော်လည်း မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီအထိ ဆက်လက် ဖြစ်ပွားနေကာ ဒဏ်ရာရနှင့် သေဆုံးသူ ဦးရေလည်း ပိုများလာနေသည်။
"ရဲလုံခြုံရေးတွေ ရှေ့မှာကို တုတ်ဆွဲ၊ ဓားဆွဲနဲ့ မီးရှို့နေကြတယ်" ဟု မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ယင်းကြောင့် အခြေအနေများကို အချိန်တိုအတွင်း ထိန်းသိမ်းနိုင်ရေး မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့က မတ်လ ၂၀ ရက်ရက်စွဲဖြင့်ထုတ် ပြန်လိုက်ပြီး ဖြစ်စဉ်အမှန် အသေးစိတ် ကို စုံစမ်းစစ်ဆေး၍ အစီရင်ခံစာကို ရက်သတ္တတစ်ပတ်အတွင်း တင်ပြရ မည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

အစိုးရအဖွဲ့၏ လုပ်ဆောင်နေမှု များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခအခြေ အနေများကို ထိန်းသိမ်းရန် လုံခြုံရေး အင်အား တိုးမြှင့်ထားပြီး သံဃာတော်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ဝိုင်းဝန်း လုပ်ဆောင်နေကြောင်း ပြောကြားသည်။
"ဒီလို ပဋိပက္ခဖြစ်နိုင်ခြေရှိတဲ့ နေရာတွေကို အကြမ်းဖက်မှုတွေ မကူးစက်ဖို့ သက်ဆိုင်ရာ တိုင်း ဒေသကြီး အစိုးရတွေကို စောင့်ကြည့်ခိုင်း ထားပါတယ်။ လုံခြုံရေးတွေလည်း တိုးခိုင်းထားတယ်" ဟု ၄င်းက ရှင်းပြသည်။
အဆိုပါပဋိပက္ခသည် အစိုးရသစ် သက်တမ်း ၂ နှစ်တာ ကာလအတွင်း လေးကြိမ်မြောက် ဖြစ်ပွားသည့် ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခဖြစ်သည်။
၂၀၁၂ ဇွန်လအတွင်းက ရခိုင် ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွှာ အုပ်စု တွင် စတင်ဖြစ်ပွားခဲ့သည့် ပစ္စည်းလု၊ မုဒိမ်းကျင့် လူသတ်မှုမှာ ဘာသာရေး ပဋိပက္ခ အသွင်သို့ ကူးပြောင်းသွားပြီး မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင်တို့ကို ကူးစက်ခဲ့ပြီး သေဆုံးသူ ၁၆၇ ဦး၊ ဒဏ်ရာရသူ ၂၂၃ ဦး၊ အိမ်ထောင်စုပေါင်း ၁၆၉၈၀၊ လူဦးရေ ၁၁၁,၀၀၀ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ပြီး အိုးအိမ်နှင့် အဆောက်အအုံ ၁၀၁၀၀ လုံး ပျက်စီးခဲ့ရသည်။
ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါး ဖြစ်ပွားသဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရသည် အထိ နှစ်ကြိမ်ခန့်ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ရခိုင်ပြည်နယ် ပဋိပက္ခများ ပြန်လည်တည်ငြိမ်စ ပြုလာချိန်တွင် ၂၀၁၃ ဖေဖော်ဝါရီ ၁၈ ရက်နေ့က သကေတမြို့နယ် အမှတ် (၃) ရပ်ကွက် မာန်ပြေ ၁၈ လမ်းနှင့် ၁၉ လမ်း အနောက်ဘက်ခြမ်းရှိ အစ္စလာမ်ဘာသာ ရေး စာသင်ကျောင်း ပြန်လည်ပြင်ဆင်မှု မှ ဘာသာရေးအသွင်ဆောင် ပဋိပက္ခ အဖြစ်သို့ ဦးတည်လာသော်လည်း ပြန် လည် ထိန်းသိမ်းလိုက်နိုင်သဖြင့် ပြင်းထန်သည့် ပဋိပက္ခဖြစ်ပွားသည့် အဆင့်သို့ မရောက်ခဲ့ပေ။

သို့သော် သာကေတပဋိပက္ခ အပြီး တစ်ပတ်ခန့်အကြာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် လှိုင်သာယာမြို့နယ် အမှတ် ၁ ရပ်ကွက် ဦးဥတ္တမလမ်းတွင် တရားခွေ ဖွင့်ရာမှ အစပြုကာ အစ္စလာမ်ဘာသာဝင် များနှင့်ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရာချီသောလူအုပ်ကြီးသည် တုတ်၊ ဓား လက်နက်များကိုင်ဆောင်ကာ နေအိမ် အဆောက်အအုံများ ဖျက်ဆီးခဲ့သည့် အတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန က ပုဒ်မ၁၄၄ ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ပြီး ယခုအချိန်ထိ ပြန်လည်ရုပ်သိမ်းနိုင်ခြင်း မရှိသေးပေ။

တငွေ့ငွေ့တောက်လောင် နေဆဲ ဖြစ်သည့် လှိုင်သာယာပဋိပက္ခနှင့် ရက်ပေါင်း ၂၀ ခန့်အကြာတွင် ယခု မိတ္ထီလာပဋိပက္ခမှာ လေးကြိမ်မြောက် ဖြစ်ပွားသည့် ဘာသာရေးအသွင်ဆောင် သော ပဋိပက္ခဖြစ်သည်။သို့ကြောင့် ဘာသာရေးအဓိကရုဏ်း တစ်ရပ် ဖြစ်ပေါ်လာစေရန် ဖန်တီးနေခြင်း လောဟု မေးခွန်းထုတ်မှုများ လူထုအကြား ထွက်ပေါ်လာတော့သည်။
"အကြမ်းဖက်မှုများသည် သမားရိုးကျ ဖြစ်ရပ်များမဟုတ်ဘဲ ကြားလူတစ်စုက အမြတ်ထုတ်ရန် ပြုလုပ်နေသည်ဟု ယူဆရပြီး အစိုးရက တားမြစ်နိုင်သည့် ကိစ္စများတွင် နှောင့်နှေးနေမှုကြောင့် ..."
ယခုဖြစ်ပေါ်လျက်ရှိသော မတည် ငြိမ်မှု များသည် နိုင်ငံမတည်ငြိမ်ရန် အတွက် ဆူပူလှုံ့ဆော်မှုများ ပြုလုပ်ကာ အစိုးရကို အကျပ်တွေ့စေပြီး ဘာသာရေး ကို ခုတုံးလုပ်ခြင်း ဖြစ်ကြောင်း ဘာသာရေး ခေါင်းဆောင်များက သုံးသပ်ပြောဆို ကြသလို နိုင်ငံရေးသမား များကလည်း အလားတူ သုံးသပ်ကြသည်။

လူမျိုးရေး၊ ဘာသာရေးကို ခုတုံး လုပ်သော ပဋိပက္ခအသွင် ဆောင်အောင် ပြုလုပ်နေခြင်းသည် အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်နိုင်သည့်အတွက် မည်သည့်အကြမ်းဖက်၊ အဖျက်လုပ်ငန်း များတွင်မျှ မပါဝင်ရန် မတ်လ ၂၁ရက် နေ့စွဲဖြင့် ရွှေဝါရောင်သံဃာများ ကွန်ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်မှု မတိုင်မီ မတ်လ ၂၀ ရက်နေ့ ည ၁၀ နာရီ ခန့်က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က လူမျိုးရေး၊ ဘာသာရေး ခေါင်းစဉ် ပြောင်းတပ်ကာ လူ့အဖွဲ့အစည်းနှစ်ခု အကြမ်းဖက်မည့် ပုံသဏ္ဌာန်ဖြင့် တိုက်ခိုက်နေမှုကို ဒေသဆိုင်ရာ အုပ် ချုပ်ရေးယန္တရား၏ တုံ့ပြန်မှုမှာ သံသယ ဖြစ်ဖွယ် ကောင်းကြောင်း ဝေဖန်လိုက်သည်။
"စစ်အုပ်ချုပ်ရေးကို လက်ယပ် ခေါ်တဲ့ အပြုအမှုမျိုးတော့ လုံးဝခွင့်မပြုနိုင်ဘူး" ဟု ၄င်းက ဆိုသည်။
မိတ္ထီလာတွင် လုံခြုံရေးများသည် ပဋိပက္ခဖြစ်စဉ်တွင် ရပ်ကြည့်ရုံသာ ရပ်ကြည့်နေပြီး ထိန်းသိမ်းမှုမရှိသဖြင့် အကြမ်းဖက်သူများသည် လုံခြုံရေးများ ကြားက တွန်းတိုက်ဝင်ကာ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ကြောင်း မိတ္ထီလာရှိ ၈၈ မျိုးဆက် ကျောင်းသားက တစ်နှစ်ပတ်လုံး ဖွဲ့စည်းထားသော ကွန်ရက်များ ၏ မှတ်တမ်းမှတ်ရာများကို ကိုးကား ကာ ဦးမင်းကိုနိုင်က မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မီဒီယာများကို ရှင်းပြသည်။
"ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာ မဟုတ်ဘူး။ အဲဒါကြောင့် အကြမ်းဖက်မယ့် အုပ်စုတွေကို တားရမယ်" ဟု ၄င်းက ဆိုသည်။
လူမှုကွန်ရက် စာမျက်နှာများတွင် သံဃာတော်သေဆုံးသည့် ဓာတ်ပုံများနှင့် သတင်း ဖြန့်ကြသကဲ့သို့ အစ္စလာမ် ဘာသာဝင်ဟု ယူဆရသူများကလည်း ၄င်းတို့လူမျိုးများကို နှိပ်စက်နေကြသည် ဟူသော သတင်းများ အွန်လိုင်းပေါ်တွင် ဖော်ပြထားကြသည်။
အိုလမာ သာသနာ့ပညာရှင်များအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဦးသိန်းမြင့်က "ကျွန်တော်တို့အဖွဲ့က ဆူပူအောင် လှုံ့ဆော်တဲ့ အထဲမှာ ပါဝင်ပတ်သက်တာ မရှိဘူး။ ကလေကချေတွေ လုပ်တဲ့ အလုပ်၊ မိုက်ရိုင်းတဲ့ အလုပ်မျိုးတွေကို ကျွန်တော်တို့ မနှစ်သက်ဘူး" ဟု ဆိုသည်။

အကြမ်းဖက်မှုများသည် သမားရိုးကျ ဖြစ်ရပ်များမဟုတ်ဘဲ ကြားလူတစ်စုက အမြတ်ထုတ်ရန် ပြုလုပ်နေသည်ဟု ယူဆရပြီး အစိုးရက တားမြစ်နိုင်သည့်ကိစ္စများတွင် နှောင့်နှေးနေမှုကြောင့် အစ္စလာမ်ဘာသာဝင် များက လူမျိုးရေး၊ ဘာသာရေးအရ နှိပ်ကွပ်သည်ဟု ထင်မြင်ယူဆမှုများ ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီဌာနချုပ် (ရန်ကုန်မြို့) အထွေထွေ အတွင်းရေးမှူးချုပ် အမ်အေဦးကျော်စိုး က မှတ်ချက်ပေးသည်။
"အပြန်အလှန် မေတ္တာတရားနဲ့ပဲ ဖြေရှင်းနိုင်မယ်လို့ ထင်တယ်။ ဒီကိစ္စတွေ တစ်နိုင်ငံလုံး ပြန့်သွားမှာကို အရမ်း ကြောက်ရွံ့တုန်လှုပ်နေပါပြီ" ဟု ၄င်းက ဆိုသည်။

သွေးထိုးလှုံဆော်မှုများကို အခြေခံ၍ ဖြစ်ပွားသော ရာဇဝတ်မှုဖြစ်သော်လည်း ရာဇဝတ်မှုကို ရာဇဝတ်မှုအတိုင်းသာ ရှုမြင်ပြီး တရားဥပဒေ စိုးမိုးရေးကို ဝိုင်းဝန်းကူညီရန် လိုအပ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရာတွင် တာဝန် ရှိသောပုဂ္ဂိုလ်များ အနေနှင့် ရှင်းရှင်းလင်းလင်း၊ ရဲရဲတင်းတင်း ကိုင်တွယ်ရန် လိုအပ်ကြောင်း မင်းကိုနိုင်က အကြံပေး သည်။

ရခိုင်ပြည်နယ်မှသည် ရန်ကုန်မြို့တော်၊ ယင်းမှသည် မန္တလေးတိုင်း အတွင်း အကြီးဆုံးခရိုင်မြို့ဖြစ်သော မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ဘာသာရေးအသွင်ဆောင် ပဋိပက္ခမှာ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းဆဲ မြန်မာနိုင်ငံအတွက် စိုးရိမ်ရသည့်အနေအထား ဖြစ်လာပြီး ဘာသာရေးအဖွဲ့အစည်း များသာမက နိုင်ငံရေးအင်အားစုများ အကြားတွင် သံသယစိတ်များ ကိန်းအောင်းလာသည်အထိ အရှိန် မြင့်လာနေသည်။
"လူ့အဖွဲ့အစည်းအတွင်းမှာ ဒဏ်ရာတွေ များလွန်းလို့ အနာကျက်အောင် အသည်းအသန် ကြိုးပမ်းနေရတဲ့ မြန်မာ့လူ့အဖွဲ့အစည်း အတွင်းမှာ နောက်ထပ် ဒဏ်ရာတွေ ထပ်များလာ အောင် ဘာဖြစ်လို့လုပ်နေကြပါလိမ့်။ တရားဥပဒေအရ ဖြေရှင်းလို့ရတဲ့ကိစ္စ မျိုးကို လူအုပ်စုနဲ့ အင်အားသုံးပြီး အကြမ်းဖက်တာမျိုး လုပ်တာဟာ ဒီမိုကရေစီ အခွင့်အရေးမဟုတ်ဘူး ဆိုတာ နားလည် ကြစေချင်ပါတယ်" နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်၏ မှတ်ချက်မှာ မြန်မာ့ သမိုင်း၏ နာကြည်းဖွယ်ဖြစ်ရပ်များကို ပြန်ပြောင်း သတိရစေသည်။
ပြည်သူအများစု၏ စိုးရိမ်မှုမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နုနုမှာ မုန်တိုင်းထန်ထန်အောက်တွင် စတေးမခံရရေး ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး၏ အကြီးဆုံးခရိုင်မြို့ မိတ္ထီလာ ကိုလည်း နောက်ကြောင်းပြန်လိုသူ များ၏ သားကောင်မဖြစ်ရေး များစွာ အရေးကြီးသည်ဟု နိုင်ငံရေးလေ့လာသူ များကဆိုသည်။

ယင်းအပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ မင်းကိုနိုင် လေးလေးနက်နက် ပြောဆိုလိုက်သည်က "သက်တမ်း နုနယ်လှတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးနေတဲ့ ပဋိပက္ခတွေရဲ့ ချောက်ကမ်းပါးထဲကို အရောက်ခံလို့ မရပါဘူး" ဟူ၏။

(The Voice Weekly သတင်းအဖွဲ့)

ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ဖတ်ယုံနဲ့ မပြီး ဆွေးနွေးကြမှ အနှစ်ကိုရှာနိုင်မဲ့ "တော်လှန်စစ်"



နိဒါန်း

တော်လှန်စစ်တွေဟာ ပြည်တွင်းပဋိပက္ခတွေ အပေါ်မှာ အဓိက အခြေခံပါတယ်။ လူမျိုးရေး တန်းတူညီမျှမှု မရှိတာတွေ၊ ၀ါဒကွဲပြားမှု ညှိနှိုင်းလို့ မရတာတွေနဲ့ အာဏာရှင်စနစ်ကျင့်သုံးမှုတွေကြောင့် တော်လှန်စစ်တွေ ဖြစ်ပွားလာရပါတယ်။ တော်လှန်ရေးတွေမှာ တူနီးရှား၊ အန်ဂိုလာ၊ ကွန်ဂို၊ ဗီယက်နမ်၊ အင်ဒိုနီးရှားဆိုပြီး၊ သက်ဆိုင်ရာ လူမျိုးအလိုက်၊ ၀ါဒ အလိုက် ကွဲပြားမှုတွေရှိပေမယ့်၊ မပြောင်းလဲတဲ့ မဟာဗျူဟာ အခြေခံအချက်ကတော့ တော်လှန်စစ်ဆိုတာ သက်ဆိုင်ရာ နိုင်ငံမှာရှိတဲ့ အုပ်ချုပ်ရေး အာဏာကို စိန်ခေါ်ခြင်း ဖြစ်ပါတယ်။
အုပ်ချုပ်သူတွေက စစ်တပ်၊ ရဲနဲ့ နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားကို ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက် တော်လှန်စစ်မှာ စစ်တပ်နဲ့ ရဲအဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရတာတွေ ရှိသလို၊ စစ်တပ်နဲ့ ရဲအဖွဲ့ကို တော်လှန်ရေးသမားတွေနဲ့ ပူးပေါင်းလာအောင် စည်းရုံးလှုံ့ဆော်ရတာတွေလဲ ရှိပါတယ်။ အာဏာရှင်တွေ ကြိုးကိုင်ထားတဲ့ နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားကို ယိုင်လဲအောင် ပြုလုပ်ပြီး၊ တိုင်းပြည်အတွက် သင့်လျော်မယ့် အုပ်ချုပ်ရေးယန္တရားနဲ့ အစားထိုးနိုင်ရေးဟာ တော်လှန်စစ်ရဲ့ အဆုံးသတ်ပန်းတိုင်ပဲ ဖြစ်ပါတယ်။

တော်လှန်ရေး၊ အာဏာသိမ်းခြင်းနှင့် သူပုန်ထခြင်း

နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာကို ယာယီရည်မှန်းချက်ဖြင့်ဖြစ်စေ၊ ရေရှည်ရည်မှန်းချက်ဖြင့် ဖြစ်စေ ရယူရာမှာ နည်းလမ်းသုံးခုရှိပါတယ်။ ပထမတခုကတော့ တော်လှန်ရေး (Revolution) နည်းလမ်းနဲ့ ဖြစ်ပါတယ်။ တော်လှန်ရေး ဆိုတာက ပေါက်ကွဲမှု အရှိန်ပြင်းပြင်းနဲ့ အုပ်ချုပ်ရေးအာဏာကို ပြည်သူ လူထုက စိန်ခေါ်ခြင်းဖြစ်ပါတယ်။ တခါတရံမှာ ရုတ်ခြည်းဖြစ်ပေါ်လာတတ်ပြီး အရှိန်အဟုန်လည်း ပြင်းထန်တတ်ပါတယ်။
တော်လှန်ရေးတိုင်းဟာ ကြိုတင်ပြင်ဆင်ပြီးမှ စီမံချက်နဲ့ ပေါ်ထွက်လာမယ်လို့ မသတ်မှတ်နိုင်ပါဘူး။ တခါတရံမှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ အချိန်မှာလဲ ရုတ်ခြည်း ထဖြစ်သွားတတ်ပါတယ်။ တော်လှန်ရေး မပေါ်ပေါက်ခင်မှာ တော်လှန်ရေး ပေါ်ပေါက်နိုင်သော အခြေအနေ (Revolutionary situation) ရှိနေတတ်ပေမယ့် တော်လှန်ရေးတရပ်ဟာ ဘယ်အချိန်မှာ၊ ဘယ်လိုအခြေအနေမျိုးနဲ့ ဖြစ်ပေါ်လာမယ် ဆိုတာကိုတော့ ဘယ်သူမှ သေချာတပ်အပ် မပြောနိုင်ကြပါဘူး။
(၁၇၈၉) ခုနှစ် ပြင်သစ်တော်လှန်ရေး၊ (၁၉၁၁) ခုနှစ် တရုတ်တော်လှန်ရေး၊ (၁၉၁၇) ခုနှစ် ရုရှားတော်လှန်ရေးနဲ့ (၁၉၅၆) ခုနှစ် ဟန်ဂေရီ တော်လှန်ရေးတွေဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ လူထုက စတင်လိုက်တဲ့ တော်လှန်ရေးတွေ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာကို ခေါင်းဆောင်က စတင်ရမယ်လို့ အချို့က ယူဆပြီး၊ ယခင်တော်လှန်ရေး အဆက်ဆက်က ခေါင်းဆောင်တွေကို တော်လှန်ရေးခေါ်ဖို့ တောင်းဆို တတ်ကြပါတယ်။ လူထုနဲ့ တော်လှန်ရေး တသားတည်း ဆက်တိုက်ဖြစ်နေချိန်တွေမှာသာ ဒီလို လုပ်ဆောင်လို့ ရနိုင်ပေမယ့်၊ လူထုနဲ့ တော်လှန်ရေး ရေချိန်မညီချိန်တွေမှာ ဒီလို တော်လှန်ရေး Timing ပေးမှုတွေ လုပ်ရင် တော်လှန်ရေး ကျွံသွားတတ်ပါတယ်။ နောက်ဆက်တွဲ တော်လှန်ရေးတွေ ပြတ်တောက်သွားတတ်ပါတယ်။
တော်လှန်ရေးရဲ့ အခြေခံသဘောတရားအရ လူထုတော်လှန်ရေးတွေ စတင်လာချိန်မှာ တိုက်ပွဲထဲက ခေါင်းဆောင်တွေ ပေါ်ထွက်လာလေ့ရှိပါတယ်။ ဒီခေါင်းဆောင်တွေဟာ ရှေ့ပိုင်းတော်လှန်ရေး အဆက်ဆက်က ခေါင်းဆောင်တွေလဲ ဖြစ်နိုင်သလို၊ ခေါင်းဆောင်သစ်တွေလဲ ဖြစ်နိုင်ပါတယ်။ မန်ချူးမျိုးဆက်ကို တော်လှန်ရေးနဲ့ အဆုံးသတ်ခဲ့စဉ်တုန်းက ဒေါက်တာဆွန်ယက်ဆင်က အင်္ဂလန်မှာ ရှိနေခဲ့ပါတယ်။ Romanovs ကျရှုံးချိန်တုန်းက လီနင်က ဆွစ်ဇာလန်မှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ခေါင်းဆောင်မှုဆိုတာကို ပြည်တွင်းခေါင်းဆောင်၊ ပြည်ပရောက်ခေါင်းဆောင်၊ ၀ါရင့်ခေါင်းဆောင်၊ ၀ါနု ခေါင်းဆောင် စသဖြင့် ကြိုတင်ခွဲခြားသတ်မှတ်လို့ မရနိုင်ပါဘူး။ ရုတ်ခြည်းပေါ်ထွက်လာတဲ့ တော်လှန် ရေးတွေက ခေါင်းဆောင်တွေကို ရွေးချယ်သတ်မှတ်သွားစမြဲပါ။
နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ရယူတဲ့ ဒုတိယနည်းလမ်းကတော့ အာဏာသိမ်းခြင်း (plot) ဖြစ်ပါတယ်။ နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ခေါင်းဆောင်များကိုပဲ ပစ်မှတ်ထားတာ ဖြစ်တဲ့အတွက် ဒီနည်းလမ်းမှာ အများပြည်သူ ပါဝင်မှု မလိုအပ်ပါဘူး။ ကြိုတင်ပြင်ဆင်မှုတွေအများအပြား လိုအပ်ပေမယ့်၊ လက်တွေ့လှုပ်ရှားမှုမှာတော့ မြန်ဆန်တိကျဖို့ လိုအပ်ပါတယ်။
အာဏာသိမ်းပွဲဟာ လောင်းကစားပွဲလို သဘောသဘာဝရှိတာကြောင့် အရှုံး၊ အနိုင်ကို တိတိကျကျ ခန့်မှန်းဖို့ ခဲယဉ်းပါတယ်။ အာဏာသိမ်းမှုမှာ အာဏာရှင်စနစ် ယန္တရားအတွင်းက ခေါင်းဆောင်အချင်းချင်း အာဏာ သိမ်းမှု၊ လုပ်ကြံသတ်ဖြတ်မှုတွေ ရှိသလို၊ သူပုန်တွေက အစိုးရအဖွဲ့ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ပြီး အာဏာ သိမ်းမှုတွေလဲ ရှိနိုင်ပါတယ်။
နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ရယူတဲ့ တတိယနည်းလမ်းကတော့ သူပုန်ထခြင်း (insurgency) ဖြစ်ပါတယ်။ မတရားတဲ့ အုပ်ချုပ်ရေးယန္တရားကို ဖြိုချနိုင်ဖို့ အဆုံးသတ်ပန်းတိုင် ချမှတ်ပြီး၊ ရည်မှန်းချက်အဆင့်ဆင့်နဲ့ လက်နက်ကိုင်ပြီး တော်လှန်ပုန်ကန်ရတာ ဖြစ်တဲ့အတွက် သူပုန်ထ တော်လှန်ခြင်းဟာ အချိန်အတိုင်းအတာ တခုအထိ ကြာတတ်ပါတယ်။ တရုတ်ပြည်မှာ (၁၉၂၇) ခုနှစ် ကနေ (၁၉၄၉) ခုနှစ်အထိ ၂၂ နှစ်ကြာခဲ့ပြီး၊ ဂရိ မှာ ငါးနှစ်၊ အင်ဒိုချိုင်နား မှာ ကိုးနှစ်၊ အယ်ဂျီးရီးယားမှာ ရှစ်နှစ်ခန့် ကြာခဲ့ပါတယ်။
သူပုန်ထခြင်းကတော့ တော်လှန်ရေးလို ရုတ်ခြည်းပေါ်ထွက်လာတာ မဟုတ်ပါဘူး။ ကနဦး ခေါင်းဆောင်တွေ ပေါ်ထွက်လာပြီးမှ လူထုက လှုပ်ရှားလာတာ ဖြစ်ပါတယ်။ လူထုက လှုပ်ရှားပြီးမှ ခေါင်းဆောင် ပေါ်ထွက်လာတာ မဟုတ်ပါဘူး။ ဒါကြောင့် သူပုန်ထပြီး ပုန်ကန်တော်လှန်တဲ့အခါ ခေါင်း ဆောင်တွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။

အတွေးအခေါ်နှင့် ယုံကြည်ချက်

နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကို ဖြိုချဖယ်ရှားနိုင်ရေးကို ဦးတည်ပြီး၊ တော်လှန်စစ်ကို တော်လှန်ရေး သမားတွေက စတင်ရတာ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ဘယ်နေရာကနေ စတင်တော်လှန်မယ်ဆိုတာကို တော်လှန်ရေးသမားတွေက စီမံချက်တွေ ချမှတ်ပြီး၊ အကောင်အထည် ဖော်ဆောင်ကြပါတယ်။ တော်လှန်စစ် စတင်ချိန်မှာ အုပ်ချုပ်ရေးအာဏာကို တရားသောနည်းဖြင့် ဖြစ်စေ၊ မတရားသောနည်းဖြင့် ဖြစ်စေ ရယူထားတဲ့ အစိုးရတရပ်မှာ သံတမန်ရေးရာ အသိအမှတ်ပြုမှု၊ အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ် ရှိမှု၊ အုပ်ချုပ်ရေးယန္တရားများကို ထိန်းချုပ်ထားနိုင်မှု၊ စစ်တပ်နဲ့ ရဲကို အမိန့်ပေးစေခိုင်းနိုင်မှု၊ နိုင်ငံတော်ဘဏ္ဍာများကို ခွဲဝေအသုံးပြုနိုင်မှု၊ လမ်းပန်း ဆက်သွယ်ရေးကို ထိန်းချုပ်နိုင်မှု၊ ကုန်ထုတ်လုပ်ရေးကို အသုံးပြုနိုင်မှု၊ သတင်းနဲ့ စာနယ်ဇင်းကို ထိန်းကျောင်းအသုံးပြုနိုင်မှု စတဲ့ အားသာချက်တွေ ရှိနေတတ်ပါတယ်။
သို့ပေမယ့် တော်လှန်ရေးသမားတွေ ဘက်မှာတော့ ဒီလို သိသာထင်ရှားတဲ့ အားသာချက်တွေ မရှိပါဘူး။ တော်လှန်ရေးအတွေးအခေါ်နဲ့ တော်လှန်ရေးယုံကြည်ချက် ဆိုတဲ့ အားသာချက်နှစ်ရပ်ကိုပဲ တော်လှန်ရေး သမားတွေဘက်က ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် တော်လှန်စစ်မှာ အတွေးအခေါ် တိုက်ပွဲက အလွန်ပဲ အရေးကြီးပါတယ်။ အတွေးအခေါ်တွေ ရှုပ်ထွေးေ၀၀ါးနေရင် တော်လှန်စစ် အောင်နိုင်ဖို့ ခဲယဉ်းတတ် ပါတယ်။ ဒါကို ရန်သူကလဲ တွေ့မြင်ပြီး အတွေးအခေါ် စစ်မျက်နှာကို ထိုးနှက်လေ့ရှိပါတယ်။ ဒါကြောင့် တော်လှန်ရေး ခေါင်းဆောင်တွေဟာ အတွေးအခေါ် ရှုပ်ထွေးတဲ့ ကာလတွေမှာ အင်အားပြိုလဲမှု မဖြစ်အောင် စနစ်တကျ စည်းရုံးထိန်းသိမ်းတတ်ဖို့ လိုအပ်ပါတယ်။
တော်လှန်စစ်မှာ ယုံကြည်ချက်ကလဲ အရေးကြီးပါတယ်။ တော်လှန်ရေး အခြေခံ ရည်မှန်းချက်တွေ အပေါ်မှာ စွဲစွဲမြဲမြဲ ယုံကြည်ချက်ရှိပါမှ၊ ရည်မှန်းချက် မပြည့်ခင် အချိန်အထိ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာလက်ဆုပ်လက်ကိုင် ထားနိုင်မှာ ဖြစ်ပါတယ်။ တော်လှန်ရေးသမားဆိုတိုင်း၊ တော်လှန်ရေးဖြတ်သန်းမှု ရှိတိုင်း ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားမည့်သူလို့ ဘယ်သူမှ တပ်အပ်သေချာ မပြောနိုင် ပါဘူး။ တော်လှန်ရေး ရထားကြီး ဖြတ်သန်းခဲ့တဲ့ ဘူတာစဉ် တလျှောက်မှာ ရထားပေါ်က ခုန်ချ သွားသူတွေ ရှိသလို၊ ကြားဘူတာတွေကနေမှ တက်လာသူတွေလဲ ရှိနိုင်ပါတယ်။ အဓိကကတော့ ယုံကြည်ချက် ခိုင်မာဖို့ပါပဲ။
တုတ်၊ ဓား၊ သေနတ်တွေကို အားမတန်လို့ ချချင် ချထားရမယ်၊ လက်ခြေတွေကို တုပ်နှောင်ထားလို့ မလှုပ်နိုင်ပဲ ဖြစ်ချင်ဖြစ်မယ်၊ ရင်ထဲက ယုံကြည်ချက်ကို ဆုပ်ကိုင်ထားသရွေ့ ရန်သူကို မရှုံးသေးပါဘူး။ တော်လှန်စစ်မှာ တော်လှန်ရေးအတွေးအခေါ်နဲ့ ယုံကြည်ချက် ခိုင်မာပြတ်သားသူ ဆယ်ယောက်ဟာ တော်လှန်ရေးကို ပုဂ္ဂလိက အခွင့်အလမ်း၊ ခံစားချက်တွေနဲ့ လုပ်ဆောင်သူ အယောက် တထောင်ထက် ပိုပြီး တန်ဖိုး ရှိပါတယ်။

ပြည်သူသာ အခရာ

တော်လှန်စစ်ရဲ့ အရှုံးအနိုင်ကို ပြည်သူလူထုက အဆုံးအဖြတ်ပေးမှာ ဖြစ်တဲ့အတွက် လူထုစည်းရုံးရေး လုပ်ငန်းစဉ်တွေကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ လူထုက တော်လှန်စစ်ကို ထောက်ခံမှသာ အောင်ပွဲရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအာဏာကို လက်တွေ့ကျကျ အသုံးချနိုင်ဖို့ လူထုထောက်ခံမှု ရှိဖို့ လိုအပ်ပါတယ်။ ပြည်သူ့အာဏာ မဖြစ်သရွေ့ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်တွေမှာ ပြည်သူလူထုနဲ့ အစိုးရ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို မြှင့်တင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံရေးအာဏာအတွက် တရားမျှတစွာ ယှဉ်ပြိုင်နိုင်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးမှာ အနှောင့်အယှက်အတားအဆီးဖြစ်တဲ့ အာ ဏာရှင်စနစ်နဲ့ ရွေးကောက်ပွဲအယောင်ပြ ရွှေရည်စိမ် ဒီမိုကရေစီ စနစ်တွေကို တော်လှန်စစ်နဲ့ တိုက်ဖျက်ကြတဲ့အခါမှာ လူထုထောက်ခံမှု ရရှိဖို့ လိုအပ်ပါတယ်။
လူထုစည်းရုံးရေး လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ဆောင်တဲ့အခါမှာ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ခြင်းဖြင့် လူထုနဲ့ တော်လှန်ရေး တသားတည်းဖြစ်အောင် ပြုလုပ်လေ့ရှိကြပါတယ်။ ဒါကို သိမြင်တဲ့ အာဏာရှင်အစိုးရတွေကလဲ သက်ဆိုင်ရာကဏ္ဍအလိုက် အရပ်ဘက်လူ့အဖွဲ့အစည်း အဖွဲ့တွေ (Civil Society Organizations) တွေ ဖွဲ့စည်းပြီး၊ အာဏာရှင်စနစ်ကို ထောက်ခံသူတွေ များပြားလာအောင် လုပ်ယူလေ့ရှိ တတ်ပါတယ်။
ဒါကြောင့် စစ်ရေး၊ နိုင်ငံရေး လေ့လာသူများကတော့ အရပ်ဘက် လူ့အဖွဲ့အစည်း (Civil Society) ဆိုတာကို လူထု ထောက်ခံမှု ရယူရေး စစ်မြေပြင် (battleground for population support) လို့ သတ်မှတ်ထားကြပါတယ်။ တော်လှန်စစ်ရဲ့ ရေခံမြေခံကို Civil Society စစ်မြေပြင်ကနေတဆင့် တည်ဆောက်ယူလို့ ရနိုင်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အာရပ်ကမ္ဘာရဲ့ တော်လှန်ရေးဖြစ်ပွားရာမှာ နိုင်ငံတိုင်းမှာ Civil Society အားကောင်းခြင်းဆိုတဲ့ တော်လှန်စစ် ရေခံမြေခံ ရှိထားကြောင်း ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။

နိုင်ငံရေးစစ်

တော်လှန်စစ်ရဲ့ instrument of war က နိုင်ငံရေး ဖြစ်တဲ့အတွက် တော်လှန်စစ်တိုင်းဟာ နိုင်ငံရေးစစ် (political war) ပဲ ဖြစ်ပါတယ်။ တော်လှန်စစ်မှာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုပဲ ရှိလို့ မရနိုင်ပါဘူး။ ပါတီတခု (သို့မဟုတ်) ပါတီပေါင်းစုံ စုဖွဲ့ထားတဲ့ ညွန့်ပေါင်းအဖွဲ့အစည်း (သို့မဟုတ်) ညွန့်ပေါင်း အစိုးရ တရပ်ဆိုတဲ့ နိုင်ငံရေးဦးဆောင် အစုအဖွဲ့ တရပ် ရှိဖို့ လိုအပ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေက နိုင်ငံရေးဦးဆောင် အစုအဖွဲ့ရဲ့ military wing (သို့မဟုတ်) တပ်ပေါင်းစုတွေ အနေနဲ့ တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ နိုင်ငံရေးဦးဆောင် အစုအဖွဲ့ မရှိပဲ လက်နက်ကိုင် တော်လှန်ရေး အင်အားစုပဲ ရှိနေရင် (သို့မဟုတ်) နိုင်ငံရေးဦးဆောင် အစုအဖွဲ့နဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ အောင်ပွဲရဖို့ ခဲယဉ်းပါတယ်။
နိုင်ငံရေးဦးဆောင်အစုအဖွဲ့ ဆိုရာမှာလဲ တရုတ်ပြည်မှာလို တပါတီတည်းက ဦးဆောင်တိုက်ပွဲဝင်တာမျိုး မဟုတ်ပဲ၊ မဟာမိတ်တပ်ပေါင်းစုတွေ အနေနဲ့ စုစည်းမှု ရှိနေရင်၊ တိုက်ပွဲကာလ နိုင်ငံရေး ဘုံရည်မှန်းချက် ရှိမှသာ အင်အားဖြစ်နိုင်ပါတယ်။ ရန်သူရဲ့ စေ့စပ်မှုကို ဘယ်လို အခြေခံ အကြောင်းတရားတွေ အောင်နိုင်ပြီးမှ လက်ခံမယ်ဆိုတဲ့ အချက်ကို ကြိုတင် သဘောတူညှိနှိုင်းထားနိုင်မှသာ တော်လှန်စစ်ကို အင်အားဖြစ်စေမယ့် မဟာမိတ်တပ်ပေါင်းစု ဖြစ်လာမှာပါ။
တဖွဲ့က တိုက်လိုက်၊ တဖွဲ့က စေ့စပ်ဆွေးနွေးဖို့ ကမ်းလှမ်းလိုက်၊ တဖွဲ့က လက်နက်ချလိုက် ဖြစ်နေတဲ့ တပ်ပေါင်းစု တော်လှန်စစ်ဟာ ဘယ်သောအခါမှ အောင်မြင်မှာ မဟုတ်ပါဘူး။ တော်လှန်စစ်ဟာ နိုင်ငံရေးစစ် ဖြစ်တဲ့အတွက်၊ တိုက်ပွဲကာလ နိုင်ငံရေး ဘုံရည်မှန်းချက်ကို ညှိနှိုင်းချမှတ်နိုင်မှသာ တပ်ပေါင်းစုတွေ ဦးဆောင်တဲ့ တော်လှန်စစ် အောင်မြင်မှာ ဖြစ်ပါတယ်။

တော်လှန်စစ် မဟာဗျူဟာသဏ္ဍာန်

နိုင်ငံရေးအတွေးအခေါ်နဲ့ တော်လှန်ရေးသဘောတရားတွေပေါ်မှာ အခြေခံပြီး တော်လှန်စစ်ရဲ့ မဟာဗျူဟာ သဏ္ဌာန် (strategic pattern) တွေ ကွဲပြားခြားနားပါတယ်။ ကမ္ဘာတ၀ှမ်းက တော်လှန်ရေး အများစုမှာတော့ တော်လှန်စစ် သဏ္ဍာန်ကို ပါတီထောင်ခြင်းနဲ့ အစပြုပါတယ်။ နိုင်ငံရေးအခြေအနေပေါ် မူတည်ပြီး မြေပေါ် (သို့မဟုတ်) မြေအောက် ပါတီ တရပ်ကို ခိုင်ခိုင်မာမာ စုဖွဲ့တည်ထောင်ဖို့ လိုအပ်ပါတယ်။ ဒီပါတီမှာ လူထုလူတန်းစား အလွှာပေါင်းစုံ ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်ဖို့ လိုအပ်ပါတယ်။ တတ်သိပညာရှင်များနဲ့ တက္ကသိုလ်ကျောင်းသားများဟာ ပါတီတရပ်ရဲ့ ardour လဲဖြစ်၊ brain လဲ ဖြစ်တဲ့အတွက် ပညာတတ်တွေ ပေါင်းစည်းပါဝင်လာအောင် ပါတီခေါင်းဆောင်များက ကြိုးပမ်း ကြရမှာ ဖြစ်ပါတယ်။
ကျစ်လျစ်ခိုင်မာတဲ့ ပါတီတရပ်က ပေါ်ပေါက်လာပြီးချိန်မှာ တပ်ပေါင်းစု (United Front) ပေါ်ထွက် လာရေးအတွက် မဟာမိတ်ဆက်ဆံရေး တည်ထောင်ဖို့ လိုပါတယ်။ တပ်ပေါင်းစုဆိုတာ ခေါင်မိုးချင်း ထိစပ်တာ ဖြစ်ပါတယ်။ ခိုင်ခိုင်မာမာ အုတ်မြစ်ချထားတဲ့ အကာအရံရှိတဲ့ အဆောက်အအုံတွေရဲ့ ခေါင်မိုးချင်း ထိစပ်မှသာ အကျိုးရှိပါတယ်။ အုတ်မြစ်မရှိ၊ အကာအရံမရှိဘဲ ခေါင်းမိုးတွေပဲ လိုက်ထိစပ်နေလို့ကတော့ ခေါင်မိုးရောင်စုံ မြေမှာ ဖြန့်ခင်းထားသလိုပဲ ဖြစ်ပြီး၊ တော်လှန်စစ်အတွက် အကျိုးရှိမယ့် အင်အားကို ဖြစ်ထွန်းစေနိုင်မှာ မဟုတ်ပါဘူး။ တပ်ပေါင်းစု ပေါ်ထွက်လာရေးဟာ အရေးကြီးပေမယ့် တပ်ပေါင်းစု ပေါ်ထွက်ရုံနဲ့ အောင်ပွဲကို မဆောင်ကျဉ်းနိုင်ပါဘူး။ Minimum Common Programme ကို တပ်ပေါင်းစုအကြား ကြေလည်အောင် ချမှတ်နိုင်မှာသာ အောင်ပွဲရရေးအတွက် အထောက်အကူ ဖြစ်ပါတယ်။
တပ်ပေါင်းစုတွေ ရှိလာတဲ့အခါမှာတော့ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တော်လှန်ရေး၊ မြို့ပြပြောက်ကျား နဲ့ လှုပ်ရှားစစ်တွေကို အဆုံးသတ်အောင်ပွဲ ရရှိချိန်အထိ အကောင်အထည် ဆက်လက်ဖော်ဆောင် ရမှာဖြစ်ပါတယ်။ တော်လှန်စစ်မှာ အဆုံးသတ်အောင်ပွဲ ရရှိဖို့အတွက် အရေးကြီးဆုံး နောက်ဆုံး အချက်ကတော့ psychological superiority ပဲ ဖြစ်ပါတယ်။ ပန်းတိုင်မရောက်ခင် တက်မ ထောင်တတ်တဲ့ ဓလေ့တွေကို ဖျောက်ဖျက်နိုင်ဖို့ လိုအပ်ပါတယ်။ အဆုံးသတ်အောင်ပွဲဟာ အာဏာရှင် (သို့မဟုတ်) အာဏာရှင်ကြိုးကိုင် အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို ဖြိုဖျက်ပြီး၊ သင့်လျော်မယ့် အုပ်ချုပ်ရေးယန္တရားကို ယာယီဖြစ်စေ အစားထိုးနိုင်မှ ရရှိမှာ ဖြစ်ပါတယ်။
အုပ်ချုပ်ရေးယန္တရား မပြိုခင်နဲ့ ပြိုကျပြီး အချိန်တွေမှာ အာဏာရှင်တွေဘက်က စေ့စပ်ဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေး ကမ်းလှမ်းမှု (negotiation and peace offers) တွေ ပေါ်ထွက်လာတတ်ပါတယ်။ တဘက်ရန်သူရဲ့ time buying မဖြစ်စေဖို့ ဂရုစိုက်ရန် အလွန်အရေးကြီးပါတယ်။ တူနဲ့ ရိုက်ခွဲရတဲ့ ရေခဲတုန်းတခုကို နေပူပူမှာ အချိန်အတိုင်းအတာ တခုအထိ ချထားလိုက်ရင် ရိုက်ခွဲဖို့မလိုပဲ အလိုလိုအရည်ပျော်ကျသွားတတ်ပါတယ်။ တော်လှန်စစ်မှာလဲ ရန်သူက time buying မလုပ်သွားအောင် သတိပြုဖို့ လိုပါတယ်။

တော်လှန်စစ်နှင့် မဟာဗျူဟာ အပြန်အလှန်တုန့်ပြန်မှု (strategic interaction)

စစ်ရေး၊ နိုင်ငံရေး လေ့လာသူများက ၁၉ရာစု နှောင်းပိုင်း လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုများ၊ မြေပေါ်မြေအောက် လှုပ်ရှားမှုများနဲ့ အကြမ်းမဖက်လှုပ်ရှားမှုများကို လေ့လာကြည့်ကြရာမှာ အင်အား ကြီးသူများနဲ့ အင်အားနည်းသူများအကြားက မဟာဗျူဟာ အပြန်အလှန်တုန့်ပြန်မှု (Strategic Interaction) များကို ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ လက်နက်ကိုင်တိုက်ပွဲဖြစ်စေ၊ လူထုတိုက်ပွဲဖြစ်စေ၊ ဘယ်သဏ္ဍာန်ကိုမဆို အသွင်ဆောင်ထားတဲ့ တော်လှန်စစ်များရဲ့ အရေးပါတဲ့ သော့ချက်ဟာ ချမှတ်ထားသော မဟာဗျူဟာမှန်ကန်မှုဖြစ်ပါတယ်။ မဟာဗျူဟာများမှာ တိုက်ရိုက်မဟာဗျူဟာများနဲ့ သွယ်ဝိုက်မဟာဗျူဟာများ ပါဝင်ပါတယ်။
အင်အားကြီးမားသော အာဏာရှင်များနဲ့ ကျူးကျော်သူများဖြစ်တဲ့ strong actors များကို တော်လှန်ရာမှာ တော်လှန်ရေးသမားများက weak actors များဖြစ်ပါတယ်။ ဒီလို တော်လှန်ရေး သဘောသဘာဝကို ပဏာမ လက်မခံပဲ ထိရောက်သော တော်လှန်ရေးဗျူဟာများ ချမှတ်လို့ မရနိုင်ပါဘူး။ ဒါမှမဟုတ်ရင် ရန်သူကို လျှော့တွက်ပြီး မိမိကိုယ်ကို အဟုတ်ကြီးထင်နေတတ်တဲ့ စိတ်ကူးယဉ်တော်လှန်ရေးကို ဦးတည်သွားတတ်ပါတယ်။ ဖရိုဖရဲနှင့် မိုက်ရူးရဲ လုပ်ဆောင်မှုများသာ ပေါ်ထွက်နေတတ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးသဘောသဘာဝကို မှန်မှန်ကန်ကန် လက်ခံနိုင်ရန် လိုအပ်လှပါတယ်။ အင်အားကြီးသူနဲ့ အင်အားနည်းသူအကြား ယှဉ်ပြိုင်ကြရာမှာ ပေါ်ထွက်လာနိုင်တဲ့ Strategic Interaction လေးမျိုးရှိတတ်ပါတယ်။

(၁) တိုက်ရိုက်ထိုးစစ်နှင့် တိုက်ရိုက်ခံစစ်

အာဏာရှင်တွေဘက်က တော်လှန်ရေးကို ချေမှုန်းရာမှာ တိုက်ရိုက်ထိုးစစ်ကို အသုံးပြုတတ်လေ့ရှိပြီး၊ တော်လှန်ရေးသမားများဘက်မှ တိုက်ရိုက်ခံစစ်ကို အသုံးပြုလေ့ရှိပါတယ်။ လက်နက်ကိုင် အဖွဲ့ ဖွဲ့စည်းပြီး ဆင်နွှဲတဲ့ တော်လှန်ရေးတိုင်းမှာ နှစ်ဘက်စလုံး အကျအရှုံးများပါတယ်။ တော်လှန်ရေး သမားတွေဘက်က ခြေကုပ်ယူ စခန်းများ တခုပြီးတခု ကျဆုံးတတ်ပါတယ်။ ကျေးလက်မြို့ပြများမှာ နိုင်ငံရေးပါတီများ၊ အဖွဲ့များဖွဲ့စည်းပြီး ထိပ်တိုက်ရင်ဆိုင်တဲ့ တော်လှန်ရေးမှာ တတိတိနှင့် အတိုက်အခံ အဖွဲ့အစည်း အဖွဲ့ဝင်များ အမှည့်ချွေခံရတတ်လေ့ရှိပါတယ်။ လူဖမ်းပွဲများ ထွက်ပေါ်လာတတ်ပြီး၊ အောင်ပွဲရဲ့ အဆုံးအဖြတ်ဟာ လူထုတော်လှန်ရေး ရေချိန်အပေါ်မှာ မူတည်ပါတယ်။ တော်လှန်ရေး သမားများ အနေနဲ့ လူထုနဲ့ တသားတည်း မဖြစ်သေးပဲ ဒီ strategic interaction ကို ရွေးချယ်လို့ မရပါဘူး။ ရွေးချယ်ခဲ့မယ်ဆိုရင် တော်လှန်ရေးအရှိန် ပြုတ်ကျပြီး အချိန်အတော်ကြာအောင် ပြန်လည် တည်ဆောက်ယူရတတ်ပါတယ်။ ရလဒ်ကတော့ အင်အားကြီးမားသူကသာ အနိုင်ရခြင်း (သို့မဟုတ်) တော်လှန်ရေး ကြန့်ကြာနေခြင်းများ ဖြစ်တတ်ပါတယ်။

(၂) တိုက်ရိုက်ထိုးစစ်နှင့် သွယ်ဝိုက်ခံစစ်

အင်အားကြီးတဲ့ဘက်က တိုက်ရိုက်ထိုးစစ်ကို အသုံးပြုချိန်မှာ အင်အားနည်းသူဘက်က သွယ်ဝိုက် ခံစစ်ကိုလဲ ပြန်လည်အသုံးပြုနိုင်ပါတယ်။ သွယ်ဝိုက်ခံစစ်ဆိုတာက မြေအောက်လှုပ်ရှားမှု အသွင်သဏ္ဍာန် ဆောင်ပါတယ်။ မြေအောက်လှုပ်ရှားမှု (UG) ဆိုတာကို အချို့က လက်နက်ကိုင် တော်လှန်ရေး A/S နှင့် ရောထွေးပြောတတ်ကြပါတယ်။ မြေအောက်ဆိုတာက လျှို့ဝှက်မှု အသွင်ဆောင်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ သေးငယ်တဲ့ အစုအဖွဲ့ လေးများအပေါ်မှာ အခြေခံပြီး ပြောက်ကျားလှုပ်ရှားမှုဖြစ်ပါတယ်။ မြေအောက်လှုပ်ရှားမှုမှာ လူထု လျှို့ဝှက်စည်းရုံးရေး၊ ၀ါဒဖြန့်ချိရေး၊ သတင်း အချက်အလက်များ စုဆောင်းရေး၊ ပြောက်ကျားလူထု တိုက်ပွဲများ အကောင်အထည်ဖော်ရေး စသည်များ ပါဝင်ပါတယ်။
လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတိုက်ပွဲပေါင်းစပ်ရေးကို အခြေခံထားပါက လက်နက်ကိုင်တွယ်နည်း သင်တန်းပေးခြင်း၊ လက်နက်များ သယ်ဆောင်ပံ့ပိုးရေး၊ ရန်သူအားချေမှုန်းရေး စတဲ့ လုပ်ငန်းဆောင်တာများလဲ ပါဝင်မှာ ဖြစ်ပါတယ်။ Non-violent resistance ဖြစ်ရင်တော့ လက်နက်ကိုင်တွယ်မှုဆိုင်ရာ လုပ်ငန်းများ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မြေအောက်ဆိုတာကို လက်နက်ကိုင်တော်လှန်ရေးနှင့် မရောထွေးမိဖို့ အလွန်အရေးကြီးပါတယ်။
သွယ်ဝိုက်ခံစစ်ဟာ လူထုထဲမှာ အခြေခံပြီး တပ်ဖျောက်ထားခြင်း ဖြစ်တဲ့အတွက် အထိအရှ အဖမ်းအဆီးကြုံရမှု နည်းပါတတ်ပါတယ်။။ လူထုနှင့် ထိတွေ့မှု ပိုများနိုင်ပါတယ်။ လိုအပ်တဲ့ ၀ပ်ကျင်းတွေနဲ့ လူမှုရေးရာ ထောက်ခံမှုတွေကိုသာ ရရှိနိုင်မယ်ဆိုရင် လူထုတိုက်ပွဲများ ဖော်ဆောင် နိုင်ရေးအတွက် အသင့်တော်ဆုံး မဟာဗျူဟာဖြစ်ပါတယ်။ အင်အားကြီးသူက အင်အားနည်းသူကို တိုက်ရိုက်ထိုးစစ်နဲ့ တိုက်ခိုက်တဲ့အခါမှာ အင်အားနည်းသူက လူထုထဲမှာ တပ်ဖျောက်ပြီး မြေအောက် လှုပ်ရှားမှုအသွင်နဲ့ သွယ်ဝိုက်ခံစစ် ပြုလုပ်နိုင်ပြီး၊ လူထုကလဲ ထောက်ခံမယ်ဆိုလျှင် အင်အားနည်း သူများဘက်မှ အနိုင်ရနိုင်ပါတယ်။ ဒါကြောင့်လဲ အာဏာရှင်အစိုးရများက မြေအောက်အဖွဲ့အစည်းများကို မြေပေါ်အဖွဲ့များထက် ပိုပြီး ကြောက်လေ့ရှိကြပါတယ်။

(၃) သွယ်ဝိုက်ထိုးစစ်နှင့် တိုက်ရိုက်ခံစစ်

အင်အားကြီးသူဘက်မှ သွယ်ဝိုက်ထိုးစစ်အသုံးပြုပြီး၊ အင်အားနည်းသူဘက်မှ တိုက်ရိုက်ခံစစ် အသုံးပြုတဲ့ မဟာဗျူဟာ အပြန်အလှန် တုန့်ပြန်မှု သဏ္ဍာန်လဲ ရှိပါတယ်။ အင်အားနည်းသူများကို တိုက်ရိုက် တိုက်ခိုက်ခြင်း မပြုပဲ သပ်လျှိုဖြိုခွဲခြင်း၊ လူထုနှင့် တသားတည်းမဖြစ်အောင် ပြုလုပ်ခြင်း စတာတွေ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ရာမှာ ၀ါဒဖြန့်ချိရေးက အသက်သွေးကြောဖြစ်ပါတယ်။ အင်အားနည်းသူများ ဘက်က ဒီလိုဝါဒ ဖြန့်ချိမှုများကို တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အားနည်းသူများဘက်မှ တိုက်ရိုက် ခံစစ်သုံးနေချိန်မှာ အားကြီးသူများအတွက် အခါကောင်းအခွင့်ကောင်း အချိန်ဖြစ်သွားတတ်ပါတယ်။ ဒီလို အခြေအနေမှာ တိုက်ရိုက်ထိုးစစ်မလုပ်ပဲ သွယ်ဝိုက်ထိုးစစ်များနှင့်သာအချိန်ဖြုန်းနေခဲ့မယ်ဆိုရင်တော့ အားကြီးသူများ ဘက်က ရှုံးတတ်လေ့ရှိပါတယ်။

(၄) သွယ်ဝိုက်ထိုးစစ်နှင့် သွယ်ဝိုက်ခံစစ်

နှစ်ဘက်စလုံးမှ ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုပဲ သွယ်ဝိုက်တိုက်ခိုက်ကြတာတွေလဲ ရှိပါတယ်။ ဒီမဟာဗျူဟာ တုန့်ပြန်မှုမှာတော့ အားကြီးသူများဘက်မှာ လူအင်အား၊ ငွေအင်အား၊ နည်းပညာ အားများ အစစအရာရာ သာလွန်လေ့ရှိတာကြောင့်၊ ရေရှည်မှာ အားကြီးသူများဘက်ကသာ အနိုင်ရ သွားလေ့ရှိပါတယ်။
ဘယ်လို ပဋိပက္ခတွေမှာမဆို နှစ်ဘက်စလုံးမှာ စီမံချက်များ၊ လူအင်အား၊ ငွေအင်အား၊ နိုင်ငံတကာ ထောက်ခံမှု ဆိုင်ရာ မျှော်မှန်းချက်များ ရှိလေ့ရှိပါတယ်။ အင်အားကြီးသူနဲ့ အင်အားနည်းသူတို့ အကြားက ယှဉ်ပြိုင်မှုများမှာ လူအင်အား၊ ငွေအင်အား သာလွန်သည့်ဘက်က အနိုင်ရမည်ဟု ယူဆတတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် တော်လှန်စစ်ရဲ့ အနိုင်အရှုံးမှာ နှစ်ဘက်စလုံးက ချမှတ်တဲ့ မဟာဗျူဟာများရဲ့ မဟာဗျူဟာတုန့်ပြန်မှု များအပေါ်မှာသာ မူတည်နေပါတယ်။

နိဂုံး

နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေး အာဏာတွေ ရောထွေးပြီး အာဏာခွဲခြားသတ်မှတ်မှု (separation of powers) အားနည်းနေချိန် (သို့မဟုတ်) မတရားမှုတွေဟာ ဥပဒေဖြစ်ချိန် (သို့မဟုတ်) လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတွေ မရှိချိန် (သို့မဟုတ်) လူမျိုးရေး တန်းတူညီမျှမှု မရှိချိန် (သို့မဟုတ်) ပြည်သူ့အာဏာကို မတရား ရယူခံထားရချိန်တွေမှာ တော်လှန်စစ်တွေ ပေါ်ထွက်လာတတ်ပါတယ်။ တော်လှန်ရေးရဲ့ အဆုံးသတ် ပန်းတိုင်က အုပ်ချုပ်ရေး ယန္တရားကို ဖြိုချပြီး၊ သင့်လျော်မယ့် ယန္တရားတခုကို ယာယီဖြစ်စေ၊ ရေရှည်ဖြစ်စေ အစားထိုးနိုင်ရေး ဖြစ်ပြီး၊ တော်လှန်စစ် အောင်မြင်ရေးဟာ အတွေးအခေါ်နဲ့ ယုံကြည်ချက် ခိုင်မာမှု၊ ပြည်သူလူထုကိုစည်းရုံးနိုင်မှု၊ နိုင်ငံရေးဦးဆောင် အစုအဖွဲ့ တည်ရှိမှုနဲ့ မဟာဗျူဟာ တုန့်ပြန်မှုတို့ အပေါ်မှာ မူတည်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ရည်ညွှန်းကိုးကား

Applegate, Melissa (2002) Preparing for Asymmetry: As Seen Through the Lens of Joint Vision 2020. Carlisle, PA: Strategic Studies Institute.
Bell, J. B. (1989) 'Aspects of the Dragonworld: Covert Communications and the Rebel Ecosystem', International Journal of Intelligence and Counterintelligence, 3 (1)
Goldstone, J. (1991) Ideology, Cultural Frameworks and the Process of Revolution, Theory and Society, Vol.20, pp. 405-53
Klandermans, B. (1904) 'Mobilization and Participation: Social-Psychological Expansions of Resource Mobilization Theory, American Sociological Review, Vol. 49, pp. 583-600
Kuran, T. (1989) 'Sparks and Prairie Fires: A Theory of Unanticipated Political Revolution', Public Choice, Vol. 61, pp. 41-74
Marwell, G. & Pamela, O. (1993) The Critical Mass in Collective Action: A Micro-social theory, Cambridge, UK: Cambridge University Press.
McAdam, D. (1982) Political Process and the Development of Black Insurgency, 1980-1970, Chicago, IL: University of Chicago Press.
Nkrumah, K. (1968) Handbook of Revolutionary Warfare: A Guide to the Armed Phase of the African Revolution, New York: International Publishers.
Tarrow, S. (1994) Power in Movement: Social Movements, Collective Action and Politics, Cambridge, UK: Cambridge University Press.
Tilly, C. (1978) From Mobilization to Revolution, New York, McGraw Hill.
Tse-Tung, Mao. (1961) On Guerilla Warfare. New York, NY: Fredrick A. Praeger Inc.


ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။