ရုပ်၊ သံ တေးဂီတ ကဗျာ

ခံစားကြည့်စမ်း 
00000000000000000000000000000000
ကိုယ့်ရပ်ဌာနေ
0000000000000000000000000 HAY YOU!

 000000000
အားလုံးကိုကျော်ဖြတ်ရမယ်
000000000 ကလေးတွေ ကစားဖို့  စစ်ပွဲတွေရပ်ပါ

၀၀၀၀၀၀၀၀၀
ကိုမွန်းအောင် - ငြိမ်သက်ခြင်း


000000000
နက္ခတ်ပွဲသဘင်
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
လူဆိုသည်မို့  (ကိုခင်မောင်တိုး)
000000000
DON'T STOP
000000000
လောကကြီးရဲ့ မောင်းနှင်အား
000000000
သပိတ်မှောက်အလုပ်သမားများအား ကိုနေမျိုးဇင်ကူညီုရုပ်သံ
000000000 
ဒီလိုမျိုးမလုပ်ရဘူးနော - -

၀၀၀၀၀၀၀၀၀
ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်
၀၀၀၀၀၀၀၀၀

မာရီယာနာသို့ တိုင်တည်ခြင်း
ပထဝီဆရာ အကြောင်းမကြား
ဘူမိသမားကို လှည့်စား
ညာဏ်များလှတယ် မာရီယာနာ
သံတောင်နဲ့ ဒို့ စခမ်းကြား
မင်းလမ်းမှားလို့ ရောက်လာသလား ။   ။
မှင်တက်မိစရာ
ရင်ကိုကော့ ခေါင်းကိုမော့
အရပ်ကလည်းရှည်တော့
သံတောင် ဟာ မင်းအတွက်
သက်တော်စောင့်တပ်မှုးပေါ့ ။    ။
မင်းရင်ခွင်ထဲမှာ
နဂါးတွေပြည်ဆောက်
အခိုးအငွေ့ ဟောက်တော့
မာရီယာနာ ရယ်
ကိုယ်ဖျောက်ဖို့ ကျိုးစားပြန်ပြီပေါ့ ။     ။
တခါတခါ လေတွေနဲ့  အငြင်းပွား
အတင်းစကားလား
သတင်းစကားလား
ငါနားကြားမတတ်
မင်းရယ်တယ်မှတ်တယ် ။        ။
ငါ့ဝန်းကျင်မှာတော့
ကလေးပန်းချီထဲက တောင်ကုန်းများ
လက်ချင်းချိတ်ပါတ်လည်ဝိုင်း
တံတိုင်းကြီးတွေလိုပါပဲ ။  ။
လူမဆက် သူဖျက်
တောသတ္တဝါကျက်စားတဲ့မြေမှာ
ငါတို့ နေတာ မင်းအံသြောမယ်မှတ်တယ် ။    ။
တောထွက်တဲ့ သိဒ္ဓထ္ထ
ငါတို့ ဘဝနဲ့ မနှိုင်းချင်ပါနဲ့ ကွာ
ရဟန္တာ မလုပ်တဲ့ငါတို့ 
ခန္တီစကိုမေ့
ဝစီကံ ပါဏာတိပါတကံ မှာမွေ့ တာ
မင်းတွေ့ မှာပါ ။     ။
(ခ)
အံသြောလိုက်ပါ မာရီယာနာ
ဖန်တီးလိုက်တဲ့ အာမေဋိတ်တခုကို
ပဿာဒရှိအောင်
ရေဆေးတို့ လိုက်
သံမဏိတုံးကြီးကို
ဖယောင်းတိုင်မီးနဲ့  အရည်ဖျော်မယ်လေ ။    ။
မညီတဲ့လက်ချောင်းတွေ
ခလုပ်တိုက် ခြေမျက်စိထဲ ဖုံဝင်
ချော်လဲတာ ဘယ်သူ့ အပြစ်လဲဟင် ။  ။
ရယ်လိုက်ပါ မာရီယာနာ
ငါထုတ်တဲ့ပြက်လုံး
မင်းတသက်လုံးမမေ့ပါဘူး ။      ။
မနေ့ ကလမ်းလျှောက်တာ
ဒီကနေ့ ထိမောနေတဲ့သူ
ငါကြည်ဖြူနိုင်ရဦးမှာလား
ဒါပေမဲ့ ရေဆေးပန်းချီကား
သူ့ နားနဲ့ မြင်မလားလို့ 
ငါပြခဲ့ပါသေးရဲ့
ဒီလိုနဲ့  ရေအိုးထဲကရေတစက်
စင်ထွက်ခဲ့ပေါ့ ။     ။
(ဂ)
မနေ့ ကတော့ ခြေလှန်းကျဲ
ဒီနေ့ မတော့ ခြေလှန်းစိပ်
အိုက်လိုက်တဲ့စိတ်
မင်းယပ်ခပ်လို့ ဖြေသိပ့်ပေးပါ
မာရီယာနာ ။                ။
မလိုတဲ့လက်သည်းရှည်
ဖြတ်လိုက်တယ်လေ
ဟိုခြစ်သည်ကုတ်
အနာထဲ ပိုးဝင်မှ ရှုပ်နေဦးမယ် ။ ။
ရဲနေပါတယ် မာရီယာနာ
ဒါပေမဲ့ သင်္ဘောံဆေးမဟုတ်တော့
ငါ ခတ်ကုပ်ကုပ်ပဲ နေခဲ့ရသပေါ့ ။       ။
ကြည့်ပါဦး
ဒါးထမ်းလာသူ လွှကိုင်လာသူ
ပိုက်(ကွန်) ပါလာသူ ကိုယ်ရတာကိုယ်ယူ
ကိုယ်ဆိုင်တာ ကိုယ်ယူမတဲ့
ပဲလှော်ဝါးတဲ့ပါးစပ်နဲ့ 
ပင့်ကူကြိုးနဲ့  ထင်းစည်းချီ
ငါရယ်ချင်တယ် မာရီယာနာ
ကြက်တူရွေးဆီက စာအံယူ
မကြည်ဖြူပေမဲ့
သူကကိုယ့်ထက်ပြောနေသကိုး ။       ။
(ဃ)
ဦးထုပ်လား ဖိနပ်လား
ဝိုးတဝါးပဲ
ပြေးကြ ဦးကြ
ရွှေဒါးလွယ်ဆု ချမယ်ဆိုပဲ
ခွင့်လွှတ်ပါမာရီယာနာ
ဒို့ တတွေ ရဟန္တာလုပ်ဖို့ 
ထွက်လာတာမဟုတ်ပါ
တောကြောင်လက်ခမောင်းခပ်တာ
စောင်းသံမှတ်လောက်အောင်
ဒို့ မညံသေးပါဘူးကွာ ။    ။
အပြေးသန်သူ
ခြေထိုးခံသူ
လက်တံရှည်သူ
ခြေဖျားထောက်သူ
အူတူတူလိုလိုနဲ့ 
သေချာကြည့်မှ
အပိုအိတ်ကပ်တွေနဲ့ ပါလားဟ ။ ။
(င)
နေခြေလှမ်းတွေသွက်
ဒါးထမ်းသူမျက်ထောက်နီ
တချို့ လဲ ပါသွားပြီလေ -
အိမ်ထဲကခွေးတွေ ဟောင်ကောင်းပေါ့
ဒါကိုပဲ နိယာမထဲ ထည့်လိုက်ပါ
မာနီယာနာ - တကယ်ဖြစ်ခဲ့တာကိုး ။   ။
(စ)
ခြင်းထဲကကြက်တွေ ဆိတ်နေတာ
တရားခံ ကုလားဖြစ်ရော့လား
နောက်ဆုံးတော့
ကဝိကြီးကို ချစ်တီးသိမ်းပိုက်
တချို့ လဲ ခေါင်းစိုက်ကုန်ပေါ့
အဲဒီအချိန်မှာ ငါ
သေစာရှင်စာ ကပျာကရာကျက်
အက်စ် အို အက်စ် (SOS) ဆိုတာ
ဘုတ်အုပ်ထဲမှာ ရှာရဦးမယ် ။    ။
(ဆ)
ဒီမှာကြည့်စမ်း မာရီယာနာ
ဝရဇိန်မဟုတ်ပေမဲ့
ဒုတ်ထက်တော့ အစွမ်းထက်
ကန့်် လန့် ကာရှေ့ ထွက်ခဲ့တဲ့ရည်ရွယ်ချက်
တဝက်တော့ပြည့်ပြီလေ -
မငိုတော့ဘူး မာရီယာနာ
မုံ့ ရတဲ့ကလေး ပြုံးပြုံးလေးပေါ့ -
တခါတခါ ချိုလိမ်များလား
ငုံ့ ကြည့်မိရဲ့ -
သူ့ ကိုတော့ အားကိုးရဲ့
မုံပဲဆိုဆို ချိုလိမ်ပဲပြောပြော
လမ်းလျှောက်ရကျိုးနပ်ရဲ့လေ -
တခါတလေတော့လည်း
သူငယ်ချင်းတယောက်
လမ်းပေါ်မှာ ပျောက်လို့ 
ငါ့ရဲ့ ခတ်မဲ့မဲ့ ပုံဟာ
မင်းနားလည်တတ်မှာ
မဟုတ်ပါဘူး မာရီယာနာ ။       ။
(ဇ)
ရည်ရွယ်ရာအတွက်
ထန်ပြင်းမှုကို ဆန်ရင်းရှူ့ နေရပေါ့
ဘာမှန်းမသိတဲ့ ရည်ရွယ်ချက်ကြီးမားသူ
တော်လှန်ရေးအတုပေါ်တဲ့အခါ
ဝေလေလေဘဝ အားမရလို့ 
ဇွတ်တိုးအထွက် မှောက်လျှက်လဲတဲ့အခါ
မှန်တယ်ဆိုပြောရဲ
ပိဿာလေးခဲ ထုတတ်တဲ့အခါ
အခါ - - အခါ - -
အခါပေါင်းများစွာ - -
အဲဒီ့လူအခြေပျက်
မင်းရင်ခွင်ထက်မှာ စုံဖက်ပေါ့
ခြေခေါက် လက်မျက်
ခေါင်းထက်မှာ ဒါဏ်ရာချက်တွေနဲ့ 
ဇီးရွက်မျက်နှာ မျောက်မျက်နှာ
အိပ်ရာဝင်တော့
တစ္ဆေတွေဖြစ်ကုန်ပေါ့ မာရီယာနာ ။    ။
(စ်)
လူတွေအလည်မှာ
လက်ညှိုးနဲ့ လွှဲချင်ခဲ့ မာနီယာနာ
တခါတခါ တယောက်ထဲ
မဲ့လိုက် ပြုံးလိုက် စကားပြောလိုက်
အရှိုက်ထဲကဆူး အဆိပ်လူးပြီပေါ့ -
ဥမ္မတက ပေါ့ မာရီယာနာ
ခန္တီစတွေပွား ညာဏ်မှီသမျှစေစား
ငါများစွာညီမျှခြင်းထိပ်
ကြိတ်မှိတ်လို့ အူနှိပ်ရယ်တော့
ဒါတွေဟာ သင်္ခါံရပါပေါ့လေ ။    ။
(ည)
နားထောင်ကြည့်စမ်း
ကြောပိုးအိပ်စခန်းဆိုလား
ဟိုသွား ဒီသွား
တော်လှန်ရေးသမား
သေ့ဘောဘိုး
ဘုရားသုံးဆူ
ကရိန်ကန်
နတ်အိမ်ထောင်
အခုထိတော့ မှောင်တဝက်စဲပဲ မာနီယာနာ ။  ။
စမ်းချောင်းအနီး
တောင်အနီး
ရွာနားတလှည့်
တောတလှည့်
ခတ်ရဲ့ရဲ့ကျန်မယ်ထင်သလား -
အပျိုမနှုတ်ခမ်း
လရောင်ဖျန်း
အခုတော့ခြေလှမ်းမှန် (ပြီထင်ရဲ့)
လေဆန်ဆန် ရေထန်ထန်
သားကောင်ရမှပြန်မယ်
ကြောင်လိန်ပေါ်တပါတ်တက်ယူ
အရေခွံထူပေါ့ မာရီယာနာ ။      ။
(ဋ)
ဟော စိတ်ရှုပ်သွားပြီလား
မာရီယာနာ -
ပုဝါဖြူခြုံ လုံအောင်မင်းနေ
လေတွေကစစ်ထိုး
မိုးစက်ခေါင်းကျိုးကျ
မှောင်ပျပျဖြစ်တော့ -
ပြန်ချိန်ရောက်ပေါ့ မာရီယာနာ
ငါနေတဲ့ တဲ ခုချိန်ဆို ဆီမီးလင်းတဝက်
အာကာတက်မဲ့ ကြယ်တသင်း
မာန်တင်းလို့ အားယူ
မျှော်သူတွေ မောရော့မယ် ။      ။
ခါးတမာ
(၁၉၉၁ နတ်အိမ်ထောင် ဘိုမတောင်ကုန်းအမှတ်တရ စာဟောင်းတပုဒ်)
(မာရီယာနာ (Marianas) ချောက် ကမ္ဘာ့အနက်ဆုံးချောက်ကြီး)

000000000
ဟိုဘက်ကမ်းကမီးထိန်ထိန် တရုပ်ကြီးတို့ အိမ် - - - - 
 000000000
၀၀၀၀၀၀၀၀၀
သူတို့ ခေါ်တဲ့မြန်မာပြည်
000000000
စနစ်မမှန်လို့  လျှပ်စစ်မီးမှန်မှန်မရတာ နိုင်ငံရေးအရ စနစ်ကို မှန်အောင်ပြင်မှ လူမှုဒုက္ခပြဿနာတွေကို မှန်မှန်ကန်ကန်ဖြေရှင်းနိုင်မယ်။

 

000000000

အထွေထွေအကြပ်တည်း အောင်ပါစေကြောင်း အောင်စေကြောင်း

ရေကြည်တပေါက်ရဖို့ ကျနော့်ကြည့်ပါ
သြော်....ခလေးရယ် မင်းရဲ့ဆုတောင်းပြည့်ပါစေ
မိုး- မိုးရွာပါစေ....တဲ့။
မန္တလေးမြို့က လာတလှည့် မကြာမကြာပျက်တဲ့
မန္တလေးမြို့သူ/သားတွေရဲ့ စကား ငါ့နားနဲ့ကြား
ဟော....အခု တစ်နိုင်ငံလုံးကိုကူးစက်သွားပြီ

မီး- မီးလာပါစေ....ဗျာ။
အဲဒီလိုပဲ
မဟာရန်ကုန်မြို့ရဲ့ အလုပ်စက်ရုံတွေမှာ
ဝမ်းတထွာအရေး အခက်ပွေနေတဲ့
အလုပ်သမားတွေက
လုပ်အားခတိုးမြှင့်ရေး....ဒို့- အရေး...တဲ့။
ဟော....ဒီမှာ
ထွန်တုံးနဲ့နွား အိမ်နဘေးမှာထားပြီး
လယ်ယာမြေအသိမ်းခံရတဲ့ တောင်သူဦးကြီးတွေက
အသိမ်းခံလယ်ယာမြေပြန်ရရှိရေး...
.ဒို့- အရေး။
ဟော....ဟိုမှာ
မိုးပေါ်ကိုခုန်တက်နေတဲ့ ကုန်န်ဈေးနှုန်း
ပြန်မကျလို့ ဒေါပွ အိမ်ရှင်မတွေ....ကဲ
ကုန်ဈေးနှုန်းကျဆင်းရေး....ဒို့
- အရေး။
ဟောဒီမှာ....ဗျို့
ဒုက္ခတွေလှိုင်လှိုင်ဝေတဲ့
နယ်စပ်စစ်ပြေးဒုက္ခသည်တွေ ကျေးရွာတွေကိုစွန့်ခွါ
ဘေးကွာဖို့အရေး
ပြည်တွင်းစစ်ရပ်စဲရေး....ဒို့- အရေး။
ဟိုအရေး ဒီအရေး ငါတွေးတွေးပြီး အိပ့်လို့မပျော်
ကဲ...အခုဘယ်လိုလုပ်မလဲ
အရေးတော်ပုံ အထွေထွေအကြပ်အတည်း
အောင်ပါစေကြောင်း....အောင်စြေေ
ကာင်း
ကျနော် အခါခါဆုတောင်းပေးလိုက်မယ်။
( ကိုဗလိုင် )

000000000
 မျှော်လင့်ခြင်း ဥတုဗေဒ
မျှော်လင့်ခြင်း ဥတုဗေဒ
တဖြတ်ဖြတ်လှုပ်ခပ်
လေပြေညှင်းလဲဖြစ်နိုင်သလို
နာဂစ်လိုလဲ လာတတ်တယ် ။     ။
နေသာသလို နေဆာလို့  အပူလှိုင်းကြွ
မီးများလဲ လောင်တတ်တယ် ။    ။
မိုးဖွဲလို့ အေးမြ ပျော်ချိန်မှမရ
ခဏအတွင်းမှာ လမ်းပျက်အိမ်လျွှမ်း
ထစ်ချုန်းမိုးလို ခြောက်လိမ့်မယ် ။ ။
ကဲပါ
မျှော်လင့်ခြင်းဥတုဗေဒ
လှုပ်ခပ်နေတဲ့ မှင်ရုပ်ထိုး
မနေ့ က အကြောင်းများ
ဆူနာမီလို မလာခင်
ကြိုတင်အချက်တွေပြ
ကိုယ်ခံအားကောင်းဖို့ တော့ လိုတယ်လေ ။        ။
ခါးတမာ

000000000
၀၀၀၀၀၀၀၀၀
၀၀၀၀၀၀၀၀၀
၀၀၀၀၀၀၀၀၀
၀၀၀၀၀၀၀၀၀

 

၀၀၀၀၀၀၀၀၀

အခုတော့လျှောသွားပြီ 

  ၀၀၀၀၀၀၀၀၀

war-peace 

0 0 0 0 0 0 0 0 0

wonderful-world 

0 0 0 0 0 0 0 0 0 

NarGid

0 0 0 0 0 0 0 0 0

၁၃၇၄ နှစ်သစ်စကား  (ကဗျာ)

0 0 0 0 0 0 0 0 0

မစင်တွင်းမှ အိုင်ပျက်ငါးများ (ကဗျာရှင် နေရဲနီ..)


မစင်တွင်းမှ အိုင်ပျက်ငါးများ
(ကဗျာရှင် နေရဲနီ)

ကျွန်တော်တို့ရွာ
မိုးအခါရေမြုပ်တယ်
လှေမရှိရင် ခြေကျိုးနေတာနဲ့ အတူတူဘဲ။

တရွာလုံးရေမြုပ်တယ်ဆိုတော့
တွင်းအိုင်မှန်သမျှ ရေအပြည့်နဲ့
အဲဒီထဲမှာ မစင်တွင်းလို့ခေါ်တဲ့
အိမ်သာတွင်းတွေလည်းပါတယ်
ရေကျသွားတဲ့အခါ
တွင်းတွေထဲမှာ ငါးတွေကျန်နေခဲ့တယ်။
မိုးအခါ မစင်တွေစားရင်း
တသက်လုံး စားနေရမယ်အထင်နဲ့ ပျော်နေကြတာ
ရေကျတာကို မသိလိုက်ကြဘူး။

ရေများချိန်မှာ
စားကြသောက်ကြ ပျော်ကြရွှင်ကြ
ကကြခုန်ကြ ကူးကြလူးကြနဲ့
လောကကြီးကို မေ့နေကြတာ
မစင်တွင်းကြီးဟာ သူတို့အတွက်
တသက်တာပျော်ရွှင်ဖွယ်ရာ ထာဝရကမ္ဘာပေါ့။

မစင်အိုင်မှာ အပျော်ကြူးနေကြတဲ့ငါးတွေ
သူတို့တွေရဲ့ဘဝအစ မေ့နေကြတာ
ချောင်းကြိုချောင်းကြား မြောင်းကြိုမြောင်းကြား
ဗေဒါပင်နဲ့ ရေညှိရေမှော်ပင်တွေရဲ့အကြောင်း
ယောင်လို့တောင်မှ ပါးစပ်မဟကြ။
မစင်တွင်းမှာ ဆုံမိကြတဲ့ငါးတွေ
တသက်မခွဲကြေး
ခမည်းခမက်လည်းတော်
သွေးသောက် ညီအကိုတွေဖွဲ့ပြီး
ရာသက်ပန်မိတ်ဆွေတွေ။

မစင်အိုင်မှာပျော်နေကြတဲ့ငါးတွေ
မိုးလလွန်လို့ ဆောင်းလအဝင်
တဖြည်းဖြည်း ရေခန်းလာတာကို သတိထားမိတဲ့အချိန်မှာ
သူတို့အတွက် ပြန်လမ်းဆိုတာ မရှိတော့ဘူး။

မစင်အိုင်ပျက်မှာ
အစားအသောက်မက်ပြီး
ပိတ်မိနေတဲ့ ငါးတွေ
အသက်ဘေးအတွက် လွတ်လမ်းကိုရှာရင်း
တကောင်နဲ့တကောင်တိုးဝှေ့နေကြတာ
ကမ္ဘာပျက်နေသလားထင်ရတယ်။
အဲဒီအချိန်မှာ သူတို့တွေဟာ
ကိုယ်လွတ်ရုန်းဘို့အတွက်
ဇာတ်တူသားစားဘို့လည်း ဝန်မလေးကြတော့ဘူး။
ရာသက်ပန် မိတ်ဆွေဖွဲ့ခဲ့ကြတဲ့ သွေးသောက်ညီအကိုတွေအပေါ်
သစ္စာဖောက်ဖို့လည်း ဝန်မလေးကြတော့ဘူး။

သူတပါးအသက်
သနားတတ်တဲ့ သူတွေ
ကယ်ချင်ပေမဲ့ မစင်တွင်းဆိုတော့
ဘယ်သူမှ မဆင်းချင်ကြတော့ဘူး။
ဘယ်သူမှလည်း အရေးမလုပ်ကြတော့ဘူး။
အနားရောက်လာသူ မှန်သမျှ
နှာခေါင်းပိတ်ပြီး လှည့်ပြန်သွားကြတယ်။
နောက်ဆုံးမှာ အဲဒီငါးတွေ
မစင်တွင်းထဲမှာဘဲ နိဂုံးချုပ်သွားကြရရှာတယ်။

ကာလဟူသည် ထာဝရမတည်
လကွယ်ည၏ သန်းခေါင်ယံအမှောင်ထုသည်လည်း
တဖြည်းဖြည်းနှင့် ရောင်နီပျို့ခဲ့လေပြီ။

အာဏာရှင်ခေတ်
ခေတ်ပျက်ချိန် အမှောင်ထု၌
ရာဇပလ္လင်သည်
ငါ၏တင်ပါး၌ သံသရာအဆက်ဆက်
သာစဉ်မြေးဆက် မြဲပေလိမ့်မည်ဟု
အထင်ရောက်ကာ
မစင်ဘင်ပုပ် အပင်းအဆို့
အဆိပ်နှင့်တူသော ပြည်သူ့ဘဏ္ဍာကို
မတော်မတရား စားထားသောသူတို့


ဒီမိုကရေစီရောင်နီပျို့ချိန်၌
မစင်အိုင်ပျက်မှ ရေနည်းငါးများပမာ
ဆောက်တည်ရာမရ ဖြစ်ကြကုန်လျှက်
သူ့ငါလက်ညှိုးထိုး ငါ့သူလက်ညှိုးထိုးနှင့်
အစားလွန်၍ အံဖက်ဆို့ကြကာ
တစတစနှင့် ဆူဆူညံညံကြားရလေတော့သတည်း။

0 0 0 0 0 0 0 0 0
ဒီတိုက်ပွဲ



၀၀၀၀၀၀၀၀၀

000000000

အောင်ဆန်းသွေးသစ် မြန်မာ့တပ်မတော်
သီဆိုသူ - ဗိုလ်ကြီးဟောင်း နေမျိုးဇင်
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

၀၀၀၀၀၀၀
တောက် - ရင်နာလွန်းလို့ 


000000000

မျိုးချစ် တပ်မတော် အရာရှိဟောင်းတဦး ဖြစ်သူ ဗိုလ်ကြီးဟောင်း နေမျိုးဇင် က သီဆိုထားပြီး ရေးစပ်သူက ကိုသားဖေထင်၊ အသံသွင်း တီးခတ်သူ ကိုဝင်းကျော် ဖြစ်ပါတယ်။ ပြည်သူသာ အမိ ပြည်သူသာ အဖ ဆိုတဲ့ မွန်မြတ်သော ခံယူချက်ကို ပြည်သူ့ဝန်ထမ်းအားလုံး အလေးအနက် ခံယူကျင့်သုံး လိုက်နာလာကြပါစေရန် ရည်ရွယ်ပါသည်။

ပြည်သူသာ အမိ ပြည်သူသာ အဖ။ တပ်မတော်ရဲ့ မိဘသည် ပြည်သူ လူထုသာ ဖြစ်ပါတယ်။ ပြည်သူလူထု တိုင်းရင်းသားထု တရပ်လုံးရဲ့ အကျိုးစီးပွား ၊ အသက်အိုးအိမ်စည်းစိမ်ကိုသာ ကာကွယ်စောင့်ရှောက်မြင့်တင်ပေးရန် တပ်မတော်မှာ တာဝန်ရှိပါတယ်။ လူတစု အာဏာရှင် တစုကိုသာ ကာကွယ်စောင့်ရှောက်ပေးခဲ့ရတဲ့ တပ်မတော်ကနေ ပြည်ထောင်စု တပ်မတော်ပြည်သူ့ တပ်မတော် စစ်စစ်ဖြစ်လာဖို့ ရည်ရွယ်တိုက်တွန်းရင်း ဒီသီချင်းကို ခံစားချက် ပြင်းပြင်းနဲ့ ဆိုမိပါတယ်။

နောက်သီချင်းတပုဒ်ဖြစ်တဲ့ သူငယ်ချင်း ရေ သီချင်းလည်းဆက်လက်နားထောင်နိုင်ပါတယ်..


အမှန်တော့ ပြည်ထောင်စုသား ညီအကိုအားလုံးဟာ သွေးရင်းညီအကိုတွေပါ။ မာန်မာနတွေ အာဃာတတွေကြောင့် စနစ်ဆိုး တခုအောက်မှာ တနိုင်ငံလုံး ဆင်းရဲတွင်း နစ်ခဲ့ကြတာပါ။ ဒီတော့ နစ်နေတာကနေ ဆွဲထုတ်တင်ဖို့ မှီတင်းနေထိုင်သူတွေ အားလုံးညီညွတ်မှ ရမယ်။ ဒါကြောင့် သူငယ်ချင်းများသို့ ရည်၇ွယ်ပြီး ကိုသားဖေထင်က ရေးစပ်ကာ NLD _ BG လူငယ်တွေက တပ်မတော် ၀န်ထမ်းအဖွဲ့စည်း အသီးသီးက မိတ်ဆွေသူငယ်ချင်းသားချင်းများကို ဒီသီချင်းနဲ့ ဖိတ်ခေါ်ပါတယ်။ အာဏာရှင် စနစ် လုံးဝ ချုပ်ငြိမ်းအောင် အာဃာတတွေ ဖျောက်ကြစို့။ မာန်မာနတွေ ဖျောက်ကြစို့ အတူလက်တွဲကြပါစို့

ပေးပို့သောဗိုလ်ကြီးဟောင်း နေမျိုးဇင် အားကျေးဇူးတင်ရှိပါသည်.


 ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ဝ

မလျှော့သော ဇွဲလုံးလဝိရိယတို့ဖြင့် အနာဂတ်နေ့သစ်တွေဆီ လျှောက်လှမ်းကြပါစို့


                           ( ၂၄ နှစ်ပြည့် မတ်လ ၁၃ ရက်နေ့ အမှတ်တရကဗျာ )

တရားမျှတမှုနဲ့ အမှန်တရားအတွက်
စုံစမ်းစစ်ဆေးပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ကျောင်းသားတွေကို
၈၈ ရဲ့မတ်လမှာ အငြိုးအတေးတွေနဲ့ အမြဲတစေ ရန်လိုနေတဲ့
တပါတီအာဏာရှင်နေဝင်းရဲ့ လူမဆန်တဲ့ နှိမ်နင်းဖြိုခွင်းမှုကြောင့်
ကိုဘုန်းမော်နဲ့အတူ စက်မှုတက္ကသိုလ်ကျောင်းသားများ ကျဆုံးခဲ့ရပေမယ့်
အဲဒီကလာတဲ့ အားတွေနဲ့ပဲ
၈၈၈၈ ရှစ်လေးလုံး ဒီမိုကရေစီပြည်သူ့အရေးတော်ပြုံ
ကီးကို
အောင်အောင်မြင်မြင် ငါတို့တတွေ မွေးဖွါးသန့်စင်ပေးနိုင်ခဲ့တယ်။
သွေးလိမ်းပေကျံခဲ့တဲ့ လမ်းတံတားဖြူနဲ့
သွေးမြေကျခဲ့တဲ့ လမ်းမထက်ပေါ်
လူ့အခွင့်အရေးအသီးအပွင့်တွေ စိမ်းစိမ်းလန်းလန်း ပွင့်ဖူးလာဖို့
ငါတို့ရဲ့ချွေး  ငါတို့ရဲ့သွေးတွေ ပေးဆပ်ရဦးမယ်။
လူ့အခွင့်အရေးတွေ ဆုံးရှူံးငတ်မွှတ်နေတဲ့ တို့ပြည်သူတွေ
ဒီမိုကရေစီဆိတ်သုန်းနေတဲ့ တို့ရဲ့တိုင်းပြည်အတွက်
လက်ချင်းခိုင်ခိုင်ဆက်ပြီး နေ့သစ်တွေဆီလျှောက်လှမ်းရမယ်။
ငါတို့တတွေ ဒီနေ့ ဒီရက် ၈၈ ရဲ့မတ်လ ၁၃ ရက်နေ့မှာ
ကိုဖုန်းမော်နဲ့အတူ ကျဆုံးသွားတဲ့သူရဲကောင်းများအား
အလေးအနက် ဦးညွှတ်ဂုဏ်ပြုရင်းနဲ့
ပြီးမဆုံးသေးတဲ့ သမိုင်းကပေးတဲ့ လက်ပုခုံးပြောင်းတာဝန်တွေကို
ဦးလည်မသုန်ထမ်းဆောင်ရင်းနဲ့
တို့ရဲ့ပြည်မြန်မာ လူ့အခွင့်အရေးထွန်းကားရေးတွက်
တို့ရဲ့နိုင်ငံ ဒီမိုကရေစီရရှိရေးအတွက်
ငါတို့ရဲ့ မလျှော့သော ဇွဲလုံးလဝိရိယတို့နဲ့
အနာဂတ်နေ့သစ်တွေဆီ ရဲရဲတောက်ခြေလှမ်းများဖြင့်
သစ္စာအဓိဌါန်ပြုကာ လျှောက်လှမ်းကြပါစို့။
( ကိုဗလိုင် )
စက်မှုတက္ကသိုလ်ကျောင်းသား အာဇာနည်သူရဲကောင်း ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့
ကျဆုံးခဲ့သည့် မတ်လ ၁၃ ရက်နေ့ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့
အား ဤကဗျာဖြင့် ဂုဏ်ပြုအပ်ပါသည်။
 ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ဝ
၂၄ နှစ်မြောက် မြန်မာနိုင်ငံ လူ့ အခွင့်အရေးနေ့  အတွက် ကိုမင်းကိုနိုင် ရဲ့အသံဖိုင်
ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ဝ
သွေးစွန်းကံကော် (ရဲနီ) 
ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ 
အနာရွတ်ဆိုတာပြောက်ရိုးမရှိ


ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ 
ညီလေးရေ
ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ဝ
ခွပ်ဒေါင်းမော်ကွန်း
၀၀၀၀၀၀၀၀၀
NLD လာပြီ
၀၀၀၀၀၀၀၀၀

ထထထထထထထထထထထထထထထထ

၆၅ နှစ်ပြည့် ပြည်ထောင်စုနေ့ ကဗျာ

အမိုးရဲ့စကား 

ကညာရွယ်ပျိုလွန်ပြီး  ဆံဖြူသွားကျိုး

တို့- ပြည်ထောင်စုရဲ့လွတ်လပ်ရေးတောင် ၆၅ နှစ်ထဲရောက်
တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ တို့ ပြည်တွင်းစစ်မီးကြီးက
ပျိုကညာရွယ်လို အားကောင်းလို့မောင်းသန်နေဆဲ....
ဖိုးခွါးရေ။ ( လူလေးရေ )
စိတ်မချရတဲ့အနာဂတ်မှာ
အမိုးတို့ဘဝ အိပ့်မရတာလည်း ကြာခဲ့ပြီပေါ့။
အမိုးအကာအစုတ်နဲ့ စစ်ပုန်းစစ်ရှောင်
အမိုးတို့ရဲ့ဒုက္ခ စဉ်းစားသာတွေးကြည့်ပေတော့....ဖိ
ုးခွါးရေ။ ( လူလေးရေ )
အမိုးမလိမ်ဘူး  ကျိန်ဆိုရင် ကျိန်ပြပါ့မယ်
ငါးပိတစ်အိုးနဲ့ စစ်မဲ့ဇုန်ဘဝမှာနေရရင်
အမိုးသေပျော်ပါပြီ....ဖိုးခွါးေ
ရ။ ( လူလေးရေ )
အမိုးရဲ့မြေး အမိုးရဲ့ခွေး
စစ်မီးဟုန်းဟုန်းတောက်လောင်နေဆဲ
မှာ
ငတ်တလှည့် ပြတ်တလှည့်နဲ့ ပြေးရင်းလွှားရင်း
ထမင်းငတ်ခဲ့တဲ့ရက်တွေလည်း ကြုံခဲ့တယ်....ဖိုးခွါးရေ။ ( လူလေးရေ )
ဖိုးခွါးရေ ( လူလေးရေ ) သတင်းမကြားရရင်နေပါစေ
အစာအိမ်ရောဂါရှိတဲ့ အမိုး
ထမင်းမစားရင် ပြဿနာတော့ရှိတယ်....ဖိုးခွါး။ ( လူလေး )
ကျိန်စာသင့်ထားသလို ပြည်တွင်းစစ်ရဲ့မီး
နှစ်ပေါင်းကြာရှည်  အလျှံညီးညီးတောက်လောင်နေတော့
အမိုးတို့ရွာအကြောင်း တွေးမိလေတိုင်း မျက်ရည်ဝိုင်းခဲ့ရတယ်....ဖိုးခွ
ွါးရေ။ ( လူလေးရေ )
အမိုးရဲ့နောက်ဆုံးစကား ဖိုးခွါးတို့ကို (လူလေးတို့ကို) ပြောခဲ့ပါရစေ...
ဒါ- တို့ပြည် ဒါ- တို့မြေ တို့တတွေပိုင်တဲ့မြေထဲ
လူမဆန်တဲ့ အာဏာရှင်အမျိုးယုတ်တွေကို
ကျူပင်ခုတ် ကျူငုတ်မကျန် အမြစ်ပါဖြိုလှဲ
ပြည်ထောင်စုကိုအသက်ပေးလို့
တို့တတွေရဲ့ ညီညွှတ်အားနဲ့ စုပေါင်းကာကွယ်ကြပါ....စို့။
( အမေ့သား ) ကိုဗလိုင် ( ဒိန်းမတ် )

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX



XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ဟာသပညာရှင် ကိုသူရ ခေါ် ဇာဂနာရဲ့ ပထမဆုံး အမေရိကန်နိုင်ငံ ခရီးစဉ်


ထထထထထထထထထထထထထထထထထထထထထထထ

မအာကြပါနဲ့  ရှက်စရာကောင်းလို့ ပါ


x x x x x x x x x x x x x x x x x x x x x x x x x x x x
ဖြေသိမ့်လိုက်


x x x x x x x x x x x x x x x x x x x x x x x x x x x x
ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ်ရောက် မိန့် ခွန်း


x x x x x x x x x x x x x x x x x x x x x x x

THE LADY မှ ဇာတ်ဝင်ခန်းတခု


x x x x x x x x x x x x x x xx x x

WE ARE THE WORLD

x x x x x x x x x x x x x x x x x x
 
 ပြန်လာပြီ ပန်ထွာဧကရီ

ဧရာဝတီ

ဒီပဲရင်း ၈နှစ်ပြည့် ဆုတောင်းကုသိုလ်ပြုပွဲ ( ကလစ်ပါ )

စစ်မှုထမ်းဟောင်းတစ်ဦး၏မေတ္တာရပ်ခံချက် (ကလစ်ပါ)

မြန့် မာ့ရင်သွေးတို့ ရှေ့ ရေး (ကလစ်ပါ)

(စစ်ကျွန်အောက်မှဘဝများ) ကလစ်ပါ
မြန်မာပြည်သားဟေ့ မြန်မာပြည်သား ဟာ အာ အာ အာ

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပစ်ဦးမှာလား
ဒေါင်းတမန်

အင်္ဂလိပ်လက်ထက်တုန်းက ...
ဗိုလ်သင်တန်းတခုမှာ
ဆန္ဒပြလူအုပ်ကို ဖြိုခွင်းပုံ သင်ခန်းစာကို သင်ရတော့
သင်တန်းသား ဗမာစစ်ဗိုလ်လေးတွေကို
သင်တန်းဆရာ အင်္ဂလိပ်ဗိုလ်က မေးသတဲ့ ...

“ဟောဟိုလမ်းမကြီးပေါ်မှာ
လူထုကြီး အလံတွေ ကိုင်လို့
ပါးစပ်ထဲကလည်း
အစိုးရကို ဆန့်ကျင်တဲ့စကားတွေ အော်လို့
ဟစ်လို့ ချီတက်လာနေကြတယ်
ခင်ဗျားတို့ ဘာလုပ်မလဲ”

ဗမာစစ်ဗိုလ်လေးတွေဟာ
တွေဝေသွားကြလို့
တော်တော်နဲ့ ပြန်မဖြေနိုင် ...

သူတို့မျက်လုံးထဲ မြင်ယောင်နေတာက
အနီခံကြယ်ဖြူပွင့်အလံကြီးအောက်က
ဖဆပလအဖွဲ့သားများ၊
သူတို့နားထဲ ကြားနေရတာက
“လွတ်လပ်ရေး ချက်ချင်းပေး”
“သူပုန် သူပုန် ထ ထ”
သားချင်းတွေရဲ့ အသံများ။

ပြတ်သားစေလိုတဲ့ အင်္ဂလိပ်ဗိုလ်က
တခွန်းထပ်မေးသတဲ့။

“ကဲကွာ ...
ရှေ့ဆုံးက ချီတက်လာတာက
ဦးအောင်ဆန်း တဲ့
ခင်ဗျားတို့ မပစ်ဘူးလား”

ဗမာစစ်ဗိုလ်လေးတွေဟာ
မတိုင်ပင်ထားပါဘဲ
တပြိုင်တည်း အသံကုန်ဟစ်လိုက်ကြ
“မပစ်ဘူး” တဲ့။

အဲဒီ
“မပစ်ဘူး”
“မပစ်ဘူး”
“မပစ်ဘူး” ဆိုတဲ့
အမှန်တရားနဲ့
သစ္စာတရားနဲ့
လေးနက်နေတဲ့ အော်သံဟာ
ဒီနေ့တိုင်ပဲ
ကျနော့်ရင်ထဲ ပဲ့တင်ထပ်နေလေရဲ့။

မိတ်ဆွေရေ ...
မနာခံသင့်တဲ့ အမိန့်ဆိုတာ
ဖီဆန်ကြရမှာပါပဲ
‘တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်’ ၀တ္ထုထဲက
အဲဒီဇာတ်ဝင်ခန်းလေးဟာ
ကျနော့်ကို ကြည်နူးစွာ မျက်ရည်ဝဲစေခဲ့မြဲပေါ့။

ကဲ ... ကျနော်လည်း ထပ်မေးပါရစေ
၈၈ အရေးတော်ပုံမှာ ပြည်သူတွေကို ပစ်ခဲ့ကြတဲ့ စစ်သားများ
ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းတွေကို ပစ်ခဲ့ကြတဲ့ စစ်သားများနဲ့
မတရားအခိုင်းခံဖြစ်ခဲ့ကြသူအပေါင်းတို့ ...
နောက်တခါ လူအုပ်ကြီး ချီတက်လာတယ် ဆိုပါစို့
ဦးဆောင်လာတာကလည်း ဒေါ်အောင်ဆန်းစုကြည် ဆိုပါစို့
လူအုပ်ကြီးထဲမှာ ခင်ဗျားတို့ ကျနော်တို့ ဆွေမျိုးသားချင်းတွေ ပါတယ်
ဘယ်လိုဆုံးဖြတ်မှာလဲ။ ။

ဒေါင်းတမန်


BigBrother Myanmar oprettede dokumentet: "Ko Baloi ကဗျာများ"
[နွေချစ်သူ]

ညိုမြ...နွေအလှကို
ကြွေရွက်ဝါတွေနဲ့ အတူ
နွေအခါရောက်တိုင်း ရောက်တိုင်း
မကြာ-မကြာ
အကို...ညိုမြကိုပြောဘူးတယ်နော် ။
လေရှူးလေးအဝှေ့မှာ...
ပင်ယံထက်ဆီက ရွှေဥသြ
နွေအလှကို တေးသီရင်
ဖော်မစုံသူတွေဟာ ကိုနွေဥသြလိုပါပဲ
အကိုကတော့ ညိုမြကိုလွမ်းလျှက်ပါ...ကွယ် ။
အပွင့်ရယ်ဝါ
ကိုင်းဖျားထက်ဆီက ကိုရွှေပိတောက်
နွေသင်္ကြန်ဆို သူအရောက်လာတယ်၊
အကိုကလည်း နွေပိတောက်လိုပဲ
နွေအခါရောက်ရင် ညိုမြဆီအရောက်လာပါ့...မယ် ။

[မိုးချစ်သူ]

ဟိုး....တောင်ရိုးတန်းတွေဆီ က
မိုးလေးညိုလာရင် မိုးပြေးလေးတွေရွာလာရင်
ဝေဒနာကိုတူး ဆွ
အတိတ်ကပုံရိပ်လေးတွေ ဟာ
ထစ်ချုန်းမိုးရွာ သလို
ရင်ထဲမှာ သွန်းဖြိုးလို့ ရွာနေဆဲပါ...မိုး ။
သူယောင်မယ် အလား
ဟို-တချိန် အရင်က
မိုးရွာထဲက မိုးရဲ့အလှ
အကို-ကြည့်လို့မဝဘူး...မိုး ။
ဟောဟို....တောင်တန်းရိုးတွေဆီ က
မိုးလေးညိုလာရင် မိုးပြေးလေးတွေရွာလာရင်
ပျိုရွယ်ဘဝကို တမ်းတ
မရမှန်းတော့ သိပါလေရဲ့
ဟို-အရင် တချိန်တုန်းကလိုပဲ
ဟိုး...တောင်တန်းရိုးတွေ ဆီက
မိုးလေးညိုလာရင် မိုးပြေးရွာလာရင်
တမ်းတမ်းသသနဲ့ လွမ်းရလို့နေမြဲပါ...မိုး ။

[ဆောင်းချစ်သူ]

လေရှူးသုန်သုန် နှင်းမှုန်မှုန်ကြား
ဆောင်းလေအသွေးမှာ
ကျနော်-ဆောင်းကဗျာတစ်ပုဒ်
ရေးသီနေမိတယ်...ဆောင်း ။
မိုးအကုန် ဆောင်းအကူးမှာ
မောင်ခူးတဲ့ပန်း
ဆောင်းပန်ပါလား
ဆောင်းပန်မှာလား...ဆောင်း ။
ဘာလို့လည်းမသိဘူး
တဆောင်းသစ်ပြီး နှင်းတွေဝေရင်
ရင်ထဲမှာပျော်နေမိတယ်...ဆောင်း ။
ဒီတခါ...
မိုးကုန်လို့ တဆောင်းသစ်ရင်
ကို-လာရင် ဆီးကြိုမှာလား
ကို-လာရင် ပြေးကြိုပါလား...ဆောင်း ။
လေရှူးသုန်သုန် နှင်းမှုန်မှုန်ကြား
ဆောင်းလေအသွေးမှာ
ကျနော်-ဆောင်းကဗျာတွေ
ရေးသီနေမြဲပါ...ဆောင်း ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မြစ်- ဧရာသို့တင်ပြခြင်း

နဒီ- ဧရာ
ငါတို့နေတဲ့ ပြည်မြန်မာဟာ
၄၇ ဇူလိုင် ၁၉ တုန်းကလည်း
မိုးမှောင်ကျလို့ ကံဆိုး
ကြမ္မာဆိုးနဲ့ တိုးခဲ့ရတယ် ။
နဒီ- ဧရာ
နောက်တခါ ဒီတလုံး
မေ ၃၀ ဒီပဲယင်းဟာ
ကံမဆိုးပဲ မိုးမှောင်
ကြမ္မာဆိုးနဲ့ ထပ်တိုးခဲ့ပြန်သေးတယ် ။
နဒီ- ဧရာ
တချက်လောက်ဖြစ်ဖြစ်
ရာဇဝင်သမိုင်းကို တူးဖေါ်ခွင့်ပြုပါ ၊
အတ္တကြူးတဲ့ စစ်ဘလူးတွေဟာ
မဟုတ်တရုတ်နဲ့ ပေါင်းပြီ
သူတို့ အသိုင်းဝိုင်းကောင်းစားရေးနဲ့
အာဏာတည်မြဲဖို့ ဆိုရင်
သန်း ၅၀ ကျော်တဲ့ ပြည်သူတွေကိုစတေးခံ
တိုင်းပြည်ကိုလည်း
တရုတ်အပေါင်ဆိုင်ထဲ
ထိုးအပ်ချင်သလို ထိုးအပ်
ကျုပ်တို့နိုင်ငံမှာ
နိုင်ငံရေးအကျဉ်းသားတွေမရှိဘူးဟု ဆိုကာ
မကြာခဏ
တမ္ဘာနဲ့ အာစီယံကို
ဓါတ်ပြားဟောင်းတွေဖွင့်ပြနေပြီး
အတိုးအရင်းမပေးရတဲ့
အန္ဒိယ-ကုလားကိုလည်း
တကျော်ကျော်နဲ့
အိပ့်မက်ထဲမှာ *ပါပါ* ခေါ်နေတယ်…ဧရာဝတီ ။
နဒီ- ဧရာ
ငါ့ကို ငါ အဟုတ်ထင်နေကြတဲ့
အာဏာရှူး ယူနီဖောင်းဝတ်-ယူနီဖောင်းချွတ်
စစ်ဘလူးတွေဟာ
ကျနော့်-အထင် ဒီပဲယင်းမပြောနဲ့
ဒီ-ပဲဟင်းစားတဲ့ သူ့လိုလူ
ဇတ်တူသားလည်း စားရဲတယ် ။
*အမေ့သား*
ဒီပဲယင်းတွင် ကျဆုံးသွားသည့် ဒီမိုကရေစီတိုက်ပွဲဝင်သူရဲကောင်းအာဇာနည်များအား
ဤ-ကဗျာဖြင့်ဂုဏ်ပြုအပ်ပါသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


ကြိုးတုပ်ခံထားရတဲ့အလင်းရောင်နဲ့မိ�
ကြိုးတုပ်ခံထားရတဲ့အလင်းရောင်နဲ့မိုးချုပ်နေဆဲအမှောင်ဘဝများ စစ်ဒဏ်ရာတွေနဲ့ ခြေအတုတပ်ထားတဲ့ အမှန်တရားဟာ အဓ္ဓမ လုပ်အားပေးခံထားရမဲ့ ဘဝလမ်းများပေါ် လေးလေးပင်ပင် နှေးကွေးစွာ လှမ်းလျှောက်နေချိန် ယမ်းငွေ့တွေကြားက သစ္စာတရားဟာ မေတ္တာရေခမ်းနေတဲ့စမ်းချောင်းလို လောကတောထဲ မဖြောင့်မတန်း မြွေလိမ်မြွေကောက်စီးဆင်းနေတယ်။ မျှော်လင့်ခြင်းများရဖို့ တန်းစီတိုးစားခဲ့ရ၊ အလင်းရောင်ကိုကြိုးတုပ်လို့ ဘဝတွေမိုးချုပ်ခဲ့ လောကဓံမြှားချက်နဲ့ ခေတ်ခါးသက်သက်မှာ ဒဏ်ရာတွေကို စနစ်ဒါးထက်ထက်နဲ့ ခွဲစိတ်ခံနေရ သမိုင်းဝင်အမာရွတ်တွေများနေပြီ။ စစ်လက်နက်ကြီးဒဏ်ကြောင့် ပုန်းခိုလဲလျောင်းနေတဲ့ တောင်တန်းများက သစ်ပင်သစ်ရိပ်တွေကို သံချပ်ကာအင်္ကျီလိုဝတ်ဆင်ရင်း ဦးထုပ်ကဲ့သို့လုပ်ဆောင်ထားကြ၊ စစ်သစ်ခုတ်သမားများကြောင့် ငြိမ်းချမ်းရေးတောတောင်တွေဟာမစိမ်းလန်း ယမ်းအဆိပ်ငွေ့သင့် တောင်ကတုံးအသွင်ဆောင်နေတယ်။ လောကကြီး အဆီအငေါ် မတည့်ပုံက ကြိုးစားလျက်မွဲတေ ရိုးသားစွာ ပျက်စီးလို့ပျက်စီးမှန်းမသိအောင် ပျက်စီးနေကြ၊ လူယဉ်ကျေးတွေ ဧည့်ဝတ်ကျေပုံများပြောပါတယ်၊ လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုများ ဆာလောင်မွတ်သိပ်နေသူများကို သေနတ်ကျည်ဆံများနဲ့ ဧည့်ခံခဲ့ကြ။ စိတ်ကြိုက်ရာသီကို ခေါင်းခေါက်ရွေးချယ်ပိုင်ခွင့်မရှိသလို သော့ခတ်ခံထားရဆဲ ပါတီတွေဟာ နာရီလက်တံများလို မလှုပ်မရှားရပ်တန့်နေကြ၊ ထပ်ဆုံးရှုံးစရာ မရှိအောင် လွတ်လပ်ရေးကိုဆုံးရှုံးနေရ၊ လောကကြီးကထွက်ခွာရင် အရာရာကိုစွန့်လွှတ်ရမယ်မှန်းသိရက် ဘာတွေကိုတပ်မက်နေရသေးတာလဲ။ အကြိမ်ကြိမ် အလိမ်ခံရပါများတော့ လိမ်တဲ့သူ အပြစ်မဟုတ်ပဲ လိမ်လည်ခွင့်ပေးတဲ့ အလိမ်ခံရသူတွေ အပြစ်ဖြစ်တော့မယ်။ စစ်သူယောင်မယ် စစ်စစ်တွေက ဆေးဆိုးပန်းရိုက် ငြိမ်းချမ်းရေး အလှအတုတွေနဲ့ အနာဂတ်ကို သွေးဆောင်ဖျားယောင်းနေတယ်။ သွေး မျက်ရည်များနဲ့ နှလုံးသားပက်ကြားအက်မြေထက် ဘဝတိုက်ပွဲမှာ အတ္တကတုတ်ကျင်းထဲက ရုန်းထွက်ကြ၊ အလင်းသေနဲ့ တွေဝေစဲ အတွေးတွေဆုပ်ကိုင်ရင်း ဇာတ်ခုံပေါ်မှာသာတဲ့ ငြိမ်းချမ်းခြင်း လမင်းအလင်းတုနဲ့ကျေနပ်မနေကြနဲ့။
အောင်ခိုင်မြင့်


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

နောက်ဆုံးထွက်သက်

ဝင်သူဝင်
ထွက်သူထွက်၊
ထိုင်သူထိုင်
ငိုင်သူငိုင်နဲ့
ဒီမိုကရေစီတော်လှန်ရေး
ခရီးရှည်ထဲမှာ
နောက်ဆုံးထွက်သက်အထိ
ယုံကြည်ချက်အလံကို
ကိုင်စွဲရင်း
အလံမလှဲစတမ်း
ရင်မှာစိုက်ထူထားခ့သဲူ။
ကိုးဆယ့်ရှစ်ခုရဲ့
တစ်ခုသော
နွေကာလဆီမှာ
‘အကျဉ်းသားထု
အခွင့်အရေး
အပြည့်အ၀ရရှိရေး၊
‘အကျဉ်းသားထု
အခွင့်အရေး
ကာကွယ်ရေး’
တောင်းဆိုချက်တွေနဲ့
အစာငတ်ခံ
တိုက်ပွဲဝင်ရင်း၊
ရန်သူ့အစာသွင်းပိုက်
ဆေးထိုးပိုက်တွေကို
နောက်ဆုံးကျန်
ခွန်အားတို့နဲ့
ဆျဲြဖဳတ္ပစ္ခ့သဲ ူ။
‘အစာစားမလား၊
အေသခံမလား’တ့၊ဲ
လူမဆန္စြာ
ခြိမ်းခြောက်တ့စဲ ကားကို
ယုံကြည်ချက်
သစ္စာတရားတို့နဲ့
ခေါင်းခါယမ်းတုံ့ပြန်ခ့သဲူ။
သူဆိုသည်ကား-
ရဲဘော်အောင်ကျော်မိုး
(သို့မဟုတ်)
နောက်ဆုံးထွက်သက်အထိ
ယုံကြည်ချက်အလံကို
လငွ့်ထူခ့တဲ့ သဲူရေဲ ကာင်း။
ဒီမိုကရေစီ
တော်လှန်ရေးဆိုတာ
သူရေဲ ကာင်းတေရွ့ဲ
နှလုံးသေွး စက်တေနွ့ဲ
တည်ဆောက်ထားတ့အဲ ရာ၊
လထူုထကဲ လာတဲ့
ပြည်သူ့နှလုံးသည်းပွတ်။
ဘာမဟတ်ုတဲ့
အပေါ်ယံ
အခွင့်အရေးတွေအတွက်
လူ့သိက္ခာကို
ရောင်းစားတတ်သူတို့
ဆွမ်းဆန်ထဲ
ကြွက်ချေးရောကာ
ရှိနေတတ်ပေမယ့်၊
နောက်ဆုံးထွက်သက်အထိ
ဒူးမထောက်၊ အညံ့မခံ
ယုံကြည်ချက်အလံကို
စွကဲိုင်ထားခ့တဲ့ဲ
ရဲဘော်အောင်ကျော်မိုးတို့လို
သူရဲကောင်းတွေလဲ
ရှိခ့ဖဲူးပါရဲ့ ။
သူရဲကောင်းတွေရဲ့
တော်လှန်ရေး
ကျဆုံးရိုး
ထုံးစံမရှိ။
တစ်နေ့သော
ကာလဆီမှာတော့
ပန်းတိုင်သို့
ရောက်ရမည်မလွဲ။
ခင်မမမျိုး (၂၀၀၇)
(၁၉၉၈ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် အစာငတ်ခံ တိုက်ပွဲဝင်ရင်း
ကျဆုးံသွားခ့ေဲ သာ၊ ပြည်သူ့ ဒီမိုကရေစီ တောလှ်န်ရေး သူရေဲ ကာင်း
ရဲဘော်အောင်ကျော်မိုးအား ဤကဗျာဖြင့် ဦးညွတ်ပါ၏)
ရဲဘော်အောင်ကျော်မိုး ရွတ်ဆိုသော ကဗျာ
မပြီးသေးတဲ့
တော်လှန်ရေးခရီး
ပညာတတ်တို့
ပါဝင်ပေါင်းစည်း၊
အချည်းနှီးမဟုတ်
ပစ္စည်းမဲ့တို့ရဲ့
ပခုံးရိုးကို ပုတ်လို့
လှုပ်နှိုးထားခဲ့လိမ့်မယ်။
(လီနင်)


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


တမ်းတနေမိတဲ့ ရင်တွင်းအလွမ်း

လွမ်းကဗျာလေးတွေ

သီအဖြစ်တာကြာခဲ့ ပေမယ့်

ရှစ်ခွင်တိုင်း မှောင်ရီညို့မှိုင်းလာရင်ဖြင့်

ရင်တွင်းမှာ...လွမ်းကဗျာထက်

လွမ်းအားတွေပိုလို့ နေရပါတယ်

အို....မိခင်။

ကလောင်ကိုင်တဲ့ လက်

ဘာ့....အတွက် စစ်လက်နက်ပုခုံးထမ်းနေ

ဒါတွေကို

သားထက်မေမေအသိဆုံးပါ။

တခါတလေ မေမေနဲ့ သား

ပြန်ဆုံနိုင်ပါ့မလား...လို့

လွန့်လူးနေတဲ့ အတွေးကွန်ချာထဲ

စိုးရိမ်ကဲနေမိတယ်။

လုပ်ကျွေးသမှု မပြုလိုတဲ့သား

ဘယ်သောအခါမှ မဖြစ်ပါရစေနဲ့

အို....ရှင်တော်မြတ်ဘုရား။

တခါတလေ

မရေရာတဲ့ အတွေးက

ပိုသေချာနေ...သလို

ရင်တွင်းခံစားမိတဲ့ အချိန်တွေဆိုလေ

စိတ္တဇဆန်တဲ့ နေ့သစ်တွေဆီ

လျှောက်လှမ်းနေမယ့် အစား

ခဏလောက်ဖြစ်ဖြစ် အမေ့ရင်ခွင်ထဲ

နားယူအိပ့်စက်ခွင့်ပြုပါ...လို့

ယမ်းငွေ့တွေကြား ပြေးလွှားရင်း

ရင်တွင်း တမ်းတနေမိတယ်။
အမေ့သား(ဒိန်းမတ်)
နိုင်ငံတကာ....
အမေများနေ့အား ဤကဗျာဖြင့်ဂုဏ်ပြုအပ်ပါသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx



ငါ၏ အလုပ်


ဘဝမုန်တိုင်း ကဆုန်စိုင်းလည်း
ငါသည်နည်းနည်းမှ မတုန်လှုပ်။
ကြမ္မာဆိုး
ရန်ငြိုးဖွဲ့ထိုးနှက်လည်း
ငါသည်မကြောက်မရွံ့ နောက်မတွန့်။
ငါသည်...ငါ၏ အရိုးခံစိတ်နဲ့
ယုံကြည်ချက်ကို ကျောပိုး
ခံယူချက်ကို ဦးထိပ်ဆင်ကာ
ပြည်ကောင်းကျိုးကို ရှေးရှု၍
ရည်ရွယ်ရာခရီးကို မရောက်အရောက်နှင်နေမည်။
အမေ့သား(ဒိန်းမတ်)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကျွန်ူပ်တို့အားလုံး ထင်ထင်ရှားရှား သရုပ်ဆောင်ကောင်းတွေဖြစ်ကြပါစေ

ကျွန်ူပ်တို့သည်...
နေ့အချိန်ဖြစ်စေ ညအခါဖြစ်ပစေ
ရာသီဆိုးလည်း ချိန်ခါမရွေး
ဆီမီးအပြည့် ထွန်းလင်းစွာဖြင့်
ပြည်သူ့အပေါ် ရင်းနှီးပျူဌါ
လှိုက်လှဲစွာဖြင့် ခရီးဦးကိုကြိုဆိုရမည်။
ကျွန်ူတို့သည်...
ယုံကြည်ရာတွက် ခရီးဆက်သည့်ခါ
တကိုယ်ကောင်းဆန်မည့် ဆိုးကျင့်များကို ဖျောက်ပစ်ရမည်။
ကျွန်ူပ်တို့သည်...
ကြီးငယ်မရွေး တာဝန်ဟူသမျှ
ထမ်းရွက်သည့်ခါ ပြည်ကျိုးတွက်ဆို
စောင့်သိသစ္စာ ထိန်းကြရမည်။
ကျွန်ူတို့သည်...
အနာဂတ်အတွက် ခေါင်းဆောင်ကောင်းတွေ
ဖြစ်လာစေရန် နောက်လိုက်ကောင်းတွေ ဖြစ်ကြရမည်။
ကျွန်ူပ်တို့သည်...
အထက်ကလာသည့် အမိန့်များကို
ဖီလာမဆန့်ကျင် ကောင်းဆိုးမဝေဖန်
ခေါင်းညိတ် ခေါင်းမခါတတ်သည့်
ဆိုးမွေများကို သဂြိင်္ုလ်စက်ထဲပို့ပစ်ရမည်။
ကျွန်ုပ်တို့သည်...
ကောင်းခြင်းအတုကိုဘေးပယ်
ဖြောင့်မတ်သူကိုမုန်းတီး
အသစ်တဖန်မွေးဖွါးခြင်းကိုဆန့်ကျင်
ကွဲပြားခြားနားခြင်းကို ကျောခိုင်း
လမ်းလွဲလျှောက်မည့်
ခေတ်နောက်ပြန်ဆွဲ သူများအား
လမ်းမှန်သို့ တွန်းပို့ပေးရမည်။
ကျွန်ူပ်တို့သည်...
တမြေထဲတွင် စစ်မက်ခင်းကျင်း
သဘောတရားခြင်း ကွဲလွဲ
လူမျိုးပြုန်းတဲ့ သွေးချောင်းစီးဆင်းမှုကို
သူသူ ငါငါ
ရပ်တန်းက ရပ်ပစ်ကြရမည်။
ကျွန်ူပ်တို့သည်...
အကျိုးမဲ့သည့် သွေးခွဲမှုကိုဆန့်ကျင်
သဘောတရား ကွဲပြားမှုတွေစွန့်ပစ်
ညီညွှတ်ခြင်းကိုစုံမက်
အချင်းချင်းခိုက်ရန်မပွါးတဲ့
ချစ်ခင်ခြင်းအပေါ်
မြတ်နိုးသွယ်တာတတ်ရမည်။
ကျွန်ူပ်တို့သည်...
ရန်ဘက်မရှိ ပြိုင်ဘက်ကင်းသည့်
အရိုးခံစိတ်နှင့် ရိုးသားစွာဖြင့်
နေရာခပ်သိမ်းတို့တွင်
ကျင့်ကြံနေထိုင်အားထုတ်တတ်ရမည်။
ကျွန်ုပ်တို့သည်...
ပြုသူအပေါ် ရန်ငြိုးမထား
မုန်းမာန်မပွါး...တဲ့
မလိုတမာကင်းသည့်
ဖြူစင်စိတ်ထား မွေးကြရမည်။
ကျွန်ူပ်တို့သည်...
အမှောင်လွှမ်းမယ့် စိုးရိမ်ကြောက်စိတ် ရှိခဲ့ပါမူ ဘဝလမ်းတွင်ထားခဲ့ရမည်။
ကျွန်ူတို့သည်...
အေးတူပူအမျှ ခံစားမျှဝေ
စိတ်နှလုံးထားကာ လူသားများရဲ့
လောကကြီးကို အမြင်သစ်နဲ့
ဆန်းသစ်လာအောင် ကြည့်တတ်ကြရမည်။
ကျွန်ူပ်တို့သည်...
ပြည်ကျိုးအတွက် ကောင်းကျိုးတွေကို
ထမ်းရွက်သည့်အခါ ထင်ထင်ရှားရှား
သရုပ်ဆောင်ကောင်းသူတွေ ဖြစ်ကြပါစေ။
အမေ့သား(ဒိန်းမတ်)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အကျင့်ဆိုး သီချင်း

ရေး- ရွှေတိုင်ညွှန့်
ဆို- သန်းမြတ်စိုး

အလုပ်လုပ်ရာဝယ် အစက သာရယ်
အဆုံးထိအောင်ပင် မကြံချင်တယ်
အာလျှော့တာရယ် ပေါ့ရော့တာရယ်
အဲ့ဒါ အကျင့်ဆိုးတဲ့။

တစ်ယောက်က ဒီလို၊ တစ်ယောက်က ဟိုလို
အမျိုးမျိုးအဖုံဖုံ ဂုဏ်ပြိုင်တယ်
နည်းလမ်းအပိုတွေ စည်းကမ်းမရိုသေ၊ ရက်တွေ ကုန်ခဲ့တယ်
ဒီလိုအကျင့်ဆိုး စိတ်မျိုးထားလို့ ၊သံသရာ ရှည်လာတယ်
မြန်မာပြည်မှာကွယ် ကောင်းအောင်အထူး မနောကရွယ်
ခေါင်းဆောင်တစ်ဦးတည်း ပြောသမျှ နာခံတယ်

Cho:
(ငယ်သူဟာ နည်းလမ်းမှားကာ၊ အကြီးအကဲများကို မရိုသေတယ်
ရွယ်တူရင် အသင်းအပင်းဖွဲ့ နှောင်၊ အချင်းချင်းတည့်အောင် မပေါင်းကြတယ်
သေချာစွာ နောက်တစ်ထစ်မှတ်ဖွယ်၊ ကောက်ကျစ်တတ်တဲ့ ၀ါသနာရယ်
ဂုဏ်ပါဝါမိုးလောက်မကရင်၊ ကိုယ့်အောက်ကလူ နှိပ်စက်တယ်

သူလုပ်တော့ အရာရာမတွင်ကျယ်၊ အများတကာလုပ်တော့ ရှုပ်ဖို့ ကြံတတ်တယ်
အာကျယ်တာတွေရယ်၊ စည်ပင်တိုးစေ အမျိုးမတိမ်ဖွယ်
ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ဖျောက် ကွယ် )

အလိုက်မသိတာတွေရယ်
ကိုယ်အဖို့ တော့ ကိုယ်သိတယ်၊ နောက်လူတော့ မသိပါရယ်
ဒီဥာဉ်မျိုး အလွန်ဆိုးတယ်
ရှေးစကားတွေကိုပယ်၊ ခေတ်အလိုက်တော့ သူနားမလည်
ဆရာ့ကိုလည်း ပစ်ခါပယ်၊
ဒီဥာဉ်မျိုး အလွန်ဆိုးတယ်။

ကမ္ဘာမှာလည်း ခေတ်မှီဖွယ်၊ ကမ္ဘာမှာလည်း ခေတ်မှီဖွယ်၊
မြန်မာနိုင်ငံကြီးကို တကယ်၊
ဒီသီချင်းတေးဟာ ပြည်တွင်းရေးပါ
ဒီသီချင်းတေးနဲ့  မနှေးပဲ ပြုပြင်မယ်။

Cho:

သီချင်းနားထောင်ရန်-

http://soundcloud.com/komyoe/ah-kyint-sho-than-myat-soe
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အရူးရင့်ချိန်
အရူးရင့်ချိန်

ပန်းတွေ ကြွေလှချည့်၊

အပင်မှာ ပန်းမှ ရှိသေးရဲ့လား။
နက်ဖြန်ဆို ပန်းတွေ ထပ်ပွင့်မှာပေါ့၊
တော်လှန်ရေးကတော့ နေမြင့်ခဲ့ပြီ။

(မင်းဒင်)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဟော- ဟိုမှာ
ဟော- ဟိုမှာ
ကလေးငယ်လေးတစ်ယောက်၊
မန္တလေးမြစ်ဆိပ်က
ကျူးကျော်ရပ်ကွက်လေးမှာ
သူနေတယ်။
သူ့အလုပ်က
"ညဘက်ဆိုရင်
ကုန်စိမ်းဒိုင်ကိုလာတဲ့
ကုန်ကားတွေပေါ်က
ဂေါ်ဖီထုပ်တွေ၊ ပန်းမုန်လာတွေကို
အလစ်သွားသုပ်တယ်၊
နံနက်ဘက်ကျတော့
အမှိုက်ကောက်တယ်၊
နေ့လည်ကျတော့
တောင်းစားတယ်" တဲ့လေ။
ပညာသင်ပေးချင်တဲ့
စေတနာဆရာမလေးကို
သူပြောလိုက်တဲ့စကားက
"စားဖို့တောင်အနိုင်နိုင်
စာဘယ်လိုသင်နိုင်မှာလဲ
အစ်မရယ်" တဲ့။
ဘ၀အမောတွေနဲ့
နွမ်းလျနေတဲ့
ဒီကလေးငယ်လေးကို
အချိုရည်လေး တခွက်နဲ့
အမောဖြေစေတော့
"အဖွားကို တိုက်ချင်လို့
အိတ်နဲ့ထည့်ပေးလို့ရလား" တဲ့။
သြော်- ခေတ်စနစ်ဆိုးရဲံ
အရိပ်မည်းတွေအောက်မှာ
ကလေးငယ်လေးတွေရဲ့
အနာဂတ်တွေလဲ
ပျောက်ဆုံးလို့။
ခင်မမမျိုး (၂၊ ၅၊ ၂၀၁၁)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

“ငါမင်းကိုမေးမယ် နာဂစ်”

ဒီကျွန်းစုငယ်နဲ့ ဟိုဘက်ရွာအိမ်စုကလူတွေ
ဘယ်သူ မျှော်လင့်ထားကြမလဲ
လူတွေအိပ့်ချိန်မှာ တရွာလုံးကိုမွှေနှောက်
မင်း...ရက်စက်ရာမရောက်ဘူးလား...နာဂစ်။

ငါ...တုန်လှုပ်ခြောက်ခြားသွားခဲ့တယ်
မိုးလင်းတော့ တရွာလုံးဟာတိတ်ဆိတ်
ငါ့ရွာကိုတောင် ငါမမှတ်မိတော့ဘူး....နာဂစ်။

ပုံပြင်မဆန်တဲ့ အဲဒီနေ့ အဲဒီညမှာ
ငါ့...သူငယ်ချင်းတွေကို မင်းခေါ်သွားခဲ့တယ်၊
ငါ့...အမေ ငါ့ အဖေ ငါ့ အဒေါ် ငါ့ ဦးလေး
ငါ့ တူ- ငါ့ သား- ငါ့ နွား- ငါ့ ခွေး- ငါ့ ဝက်- ငါ့ ကြက်
ငါ့ ဆိတ်- ငါ့ ဘဲ-
ငါ့ ညီ ငါ့ အကို ငါ့ မောင်နှမတွေအကုန်လုံးနဲ့
မိခင်ဗိုက်ထဲကခလေး အူဝဲလို့မအော်ခင်မှာ
မပြန်လမ်းကို မင်းခေါ်သွားခဲ့တယ်....နာဂစ်။

ငါ့တို့ရွာငယ် ကျွန်းစုကလူတွေဟာ
တပါးသူတွေအပေါ်...
မနာလိုစိတ်နဲ့ ရန်မလိုတတ်ဘူး
တစ်ဝမ်းတစ်ခါးလှရင် ကျေနပ်နေသူတွေပါ...နာဂစ်၊
လောဘနဲ့ မောဟ ဒေါသတရားတွေပါကင်းစင်ပြီး
အရိုးခံစိတ်နဲ့ မေတ္တာတရားတွေရောယှက်ကာ
ပေါင်းစည်းတည်ဆောက်ထားတဲ့ ရွာငယ်ကျွန်းစုတွေပါ...နာဂစ်၊
ကံကြမ္မာကို ရိုးမယ်မဖွဲ့တတ်တဲ့ ငါတို့ရွာ
ဖြုစင်စိတ်ထားရှိတဲ့ အဲဒီ ငါတို့တရွာလုံးကို
ဘယ်အငြိုးနဲ့များ ရက်ရက်စက်စက်
မင်း...အလဲထိုးသွားခဲ့သလဲ....နာဂစ်။
အမေ့သား(ဒိန်းမတ်)