ကျန်းမာရေး

000000000000000000000

  ၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
ပဲပင်ပေါက်ဖောက်ကြမယ်
------------------------------

----------------------------------
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
ပဲပင်ပေါက်တွေကို ကျွန်တော်တို့ဈေးကနေဝယ်ကြပါတယ်... အဲ့ဒီပဲပင်ပေါက်တွေကိုချက်ပြုတ်စားသောက်နေပေမဲ့ ဒီပဲပင်ပေါက်တွေဟာ သန့်ရှင်းမှုရှိရဲ့လား ကျန်းမာရေးနဲ့ကိုက်ညီအောင် ပြုလုပ်ထားရဲ့လား... ဓာတုဆေးဝါးတွေအသုံးပြုထားသလားဆိုတာကိုမသိနိုင်ပါဘူး... အဲ့ဒီလို သံသယတွေဝင်စရာမလိုဘဲ စိတ်သန့်သန့်နဲ့စားချင်တယ်ဆိုရင်တော့ ကိုယ့်ဘာသာပဲပင်ပေါက်ဖောက်ဖို့လိုပါလိမ့်မယ်...

ဒီအတွက်သင်လိုအပ်မှာက ပဲစေ့တချို့.. အတော်အသင့်ကြီးမားပြီးသန့်ရှင်းစင်ကြယ်တဲ့ ကရားတစ်လုံးနဲ့ စည်းဖို့ကြိုးပါတဲ့ ဖိုက်ဘာပိုက်ကွန်နည်းနည်းတို့ပဲဖြစ်ပါတယ်... ပထမဆုံး ရေသေချာဆေးထားတဲ့ ပဲစေ့တွေကို အေးမြသန့်စင်တဲ့ရေထဲမှာ ၂၄ နာရီစိမ်ထားရပါမယ်... ရေကိုမကြာခဏလှယ်ပြီး အသစ်ထပ်ထည့်ပေးရပါမယ်... ပြီးရင် တစ်နေ့ကိုနှစ်ကြိမ် ကြည်လင်သန့်စင်တဲ့ရေနဲ့ ဆေးပေးရမယ်... ပြီးရင်တော့ သင့်ရဲ့ ပဲပင်ပေါက်လေးတွေကို နေရောင်မှာထားလိုက်ရင် တစ်ပတ်အတွင်း စားနိုင်တဲ့အခြေအနေကိုရောက်လာမှာဖြစ်ပါတယ်....

ပဲပင်ပေါက်၏အကျိုးထူးများ
----------------------------------------------------------------
၁) အသားဓာတ်ကြွယ်ဝခြင်း
၂) ဗီတာမင် အေ၊ ဘီ၊ စီနှင့် အီးတို့ ကြွယ်ဝခြင်း
၃) antioxidant များ ကြွယ်ဝခြင်း
၎) ဓာတ်သတ္တုများကြွယ်ဝခြင်း
၅) အမျှင်ဓာတ်ပါခြင်း
၆) chlorophyll (ကလိုရိုဖီးလ်) ဓာတ်ပါခြင်း
၇) အခြေခံလိုအပ်သော fatty acid များပါဝင်ခြင်း
၈) အာဟာရဓာတ်များ ချေချက်ရန်လွယ်ကူခြင်း
၉) ခန္ဓာကိုယ်မှ အက်ဆစ်ဓာတ်လျှော့ချပေးခြင်း
----------------------------------------------------------------
Ref: General knowledge

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
ခေါင်းအုံးနှင့်ကျန်းမာရေး

မည်သူမဆို အိပ်ရာဝင်သည့်အခါ ခေါင်းအုံးနှင့် အိပ်စက်ကြသည်။ လူ့ခန္ဓာကိုယ် အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများ သည် ခေါင်းအုံးအတွင်းပိုင်းသို့ စိမ့်ဝင်သွားတတ်သည်။ ဦးခေါင်းမှ စိမ့်ထွက် သော ချွေးစေးနှင့် အဆီများသည်လည်း ခေါင်းအုံးကို ညစ်ညမ်းစေနိုင်သည်။

အချိန်ကြာလျှင် ခေါင်းအုံးသည် အညစ်အကြေးစု၍ နေသောနေရာ ဖြစ်တတ် သည်။ ခေါင်းအုံးထဲသွတ်ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို စုပ်ယူတတ်သဖြင့် ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ပေါက်ဖွားလာတတ်သည်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းရောဂါရှိသူ၊ အစာခြေလမ်းကြောင်း ရောဂါရှိသူ၊ အရေပြားရောဂါရှိသူနှင့် ကူးစက်ရောဂါရှိသူ သုံးစွဲခဲ့သော ခေါင်းအုံး ထဲ၌ ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများရှိသဖြင့် အနာရောဂါ ကူးစက်တတ် သည်။

ထို့ကြောင့် ခေါင်းအုံးကို သန့်စင်အောင် ခေါင်းအုံးစွပ်၊ ခေါင်းအုံးဖုံးပဝါကို မကြာခဏ လျှော်ဖွပ်ပေးရမည့်အပြင် ခေါင်းအုံးစွပ်ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်း ပေးရပါမည်။ အထူးသဖြင့် အအေးမိရောဂါနှင့် အခြား ကူးစက် တတ်သည့် ရောဂါများ ဖြစ်နေသည့်အချိန် ခေါင်းအုံးစွပ်ကို သန့်စင် အောင် လျှော်ဖွပ် ပေးရပါမည်။ ခေါင်းအုံးကို နေပူလှန်းပေးရပါမည်။ သို့မှသာ ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ကင်းစင်သွားပြီး ရောဂါဘယ ကင်းဝေးကြမည် ဖြစ်ပါ သည်။

Ref: Good Health


0000000000000000000

 ပင်စိမ်းပင်

000000000000000000000

ကင်ဆာရောဂါ ကာကွယ်နိုင်အောင် ဂေါ်ဖီထုပ်စားပါ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီ(အစိမ်းရောင်ပန်းဂေါ်ဖီ)လိုမျိုး Cruciferous အမျိုးအစားဝင် ဟင်းသီးဟင်းရွက်တွေကို အနည်းဆုံး တစ်ပတ်တစ်ကြိမ်စားတာကြောင့် ကင်ဆာဖြစ်နိုင်ခြေကို ဖြတ်တောက်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။ ယခင်လေ့လာမှုအရလည်း ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ဂေါ်ဖီလုံး၊ ကန်စွန်းရွက်နဲ့ မုန်လာဥလိုမျိုး Cruciferousအမျိုးအစား ဟင်းသီးဟင်းရွက်တွေ စားတာကြောင့် ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်ပြီး ဆေးဝါး အသစ်တွေထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အထူးသဖြင့် ဘရိုကိုလီမှာပါဝင်တဲ့ ဆာဖိုရက်ဖိန်းဟာ ဆီးကျိတ်ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ယခုလေ့လာမှုအရ Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်ကို အနည်းဆုံးတစ်ပတ်တစ်ကြိမ် စားသူတွေဟာ မစားသူတွေထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ၁၇ရာခိုင်နှုန်း၊ အစာမျြွိုပန်ကင်ဆာဖြစ်နိုင်ခြေ ၂၈ရာခိုင်နှုန်း၊ အူမကြီးနဲ့ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၁၇ရာခိုင်နှုန်းနဲ့ ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၂ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
000000000
လေဖြတ်မည့် လက္ခဏာ ၁၀ ချက် 
000000000
ခါးမနာအောင် ဆောင်ရန် ရှောင်ရန် - 
၀၀၀၀၀၀၀၀၀
ဒို့ ဦးနှောက်ကို ကာကွယ်စို့  
000000000
ပျို့အန်ခြင်းနှင့် ခေါင်းကိုက်ခြင်းကို ပျောက်စေသောနှိပ်ကွက်
လက်ကောက်ဝတ်အတွင်းဘက် (လက်ဖဝါးဘက်)တွင် ပျို့အန်ခြင်း၊ အော့အန်ခြင်းကို သက်သာပျောက်ကင်းစေသော နှိပ်ကွက်ကလေးရှိပါသည်။
လက်ကောက်ဝတ်အလယ်တွင် စမ်းကြည့်လိုက်ပါ။ အရွက်ကြောကြီးနှစ်ခုနှင့် ၎င်းတို့အကြားရှိ မြောင်းကို စမ်းမိပါမည်။
လက်ကောက်ဝတ်အောက်ဆုံးရစ်မှ နှစ်လက်မခန့်နေရာ၊ မြောင်းထဲသို့ မိမိလက်မနှင့် ဖိကာဖိကာနှိပ်ပေးပါ။
သာမန်ပျို့ခြင်း၊ အန်ချင်ခြင်းကို ချက်ချင်းပျောက်စေပါသည်။ ဆေးမလိုပါ။
ပြင်းထန်သော ပျို့အန်ခြင်း အတွက်မူ မိနစ်၂၀ခန့်ကြာအောင် အကြိမ်ကြိမ် နှိပ်ပေးရန် လိုပါသည်။
လက်ညှိုးနှင့် လက်မခွကြားတွင် တြိဂံပုံနေရာလေးတစ်ခုရှိပါသည်။ အရေပြားနှုတ်ခမ်းအစပ်မှ အထက်တစ်လက်မခန့်အကွာတွင် နှိပ်ကွက်ကလေး ရှိပါသည်။
ထိုနေရာလေးကို ကျန်လက်တစ်ဖက်မှ လက်ညှိုး၊ လက်မတို့ကို အသုံးပြု၍ ညှပ်နှိပ်ပေးလျှင် အနည်းငယ်အောင့်ပါသည်။
သုတေသနပြုချက်များအရ ထိုသို့ နှိပ်ပေးလျှင် ဦးနှောက်မှ အင်ဒိုဖင်ဓာတ်(Endorphins)များ ထွက်စေသဖြင့်ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း ဝေဒနာများကို ပျောက်စေကြောင်း တွေ့ရပါသည်။
ထို့ကြောင့် ခေါင်းကိုက်ခြင်း၊ မိုင်ဂရိမ်းခေါင်းတစ်ခြမ်းကိုက်ခြင်း(Migra)နှင့် ဇက်ကြောတက်ခြင်း ဖြစ်လျှင် လက်ညှိုး၊ လက်မ ခွကြားမှ နှိပ်ကွက်ကလေးကို ဘယ်၊ ညာတစ်လှည့်စီ နှိပ်ပေးနိုင်ပါသည်။Mg Mandalay (Facebook မှ)
AN
000000000
ထမင်းစားပြီး ရေနွေးသောက် ပါ 
၀၀၀၀၀၀၀၀၀
အထိုင်များသောအလုပ်ကြောင့် စောစောစီးစီး သေဆုံးနိုင်
၀၀၀၀၀၀၀၀၀
ထိပ်ပြောင်ကြီးတို့  အားမငယ်စရာ - -
၀၀၀၀၀၀၀၀၀
 အညိုရောင်ချောကလက်ကို နေ့စဉ်စားသုံးခြင်းဖြင့်နှလုံးရောဂါရှိသူများ ရောဂါသက်သာ လာကြောင်း တွေ့ရှိ
**Public Health**

 နှလုံးရောဂါရှိသူများသည် အညိုရောင်ချောကလက်ကို နေ့စဉ် စားသုံးခြင်းဖြင့် ရုတ်တရက်နှလုံးဖောက်ပြန်မှုနှင့် လေသင်တုန်းဖြတ်ခြင်း များကို ကာကွယ်နိုင်ကြောင်း လေ့လာဆန်းစစ်မှုတစ်ရပ်၌ တွေ့ရှိခဲ့ သည်ဟု သုတေသီများက ထုတ်ဖော်ပြောကြားသည်။ သြစတြေးလျနိုင်ငံမှ သုတေသီများသည် အညိုရောင် ချောကလက်ကို ရေရှည်စားသုံးခြင်းဖြင့် ကျန်းမာရေးအပေါ် မည်သို့ အကျိုးသက်ရောက်မှုရှိသည်ကို သိရှိရန် နှလုံးရောဂါရှိသူ ၂ဝ၁၃ ဦးအား ၁ဝ နှစ်ကာလအတွင်း စောင့်ကြည့်လေ့လာခဲ့သည်။ လေ့လာတွေ့ရှိ ချက်အရ အညိုရောင်ချောကလက် နေ့စဉ်စားသုံးသူနှလုံးရောဂါရှင် ၁ဝဝဝဝ ရှိလျှင် ၇ဝ အထိ ရုတ်တရက်နှလုံးဖောက်ပြန်မှုမှ ကာကွယ် နိုင်ပြီး ၁၅ ဦးမှာ လေသင်တုန်းဖြတ်ခြင်းမှ ကာကွယ်နိုင်ကြောင်း၊ တစ်ဦးချင်း ကုန်ကျစရိတ်အနေဖြင့် လည်း တစ်နှစ်အတွင်း ဒေါ်လာ ၄ဝ သာ ကုန်ကျကြောင်း၊ လေ့လာဆန်းစစ်ချက်တွင် ပါသော အညိုရောင်ချောကလက်သည် နို့(သို့မဟုတ်) အဖြူရောင်ချောကလက်နှင့် ဆက်စပ်ပတ်သက်မှုမရှိဘဲ ကိုကိုးမှုန့် ၆ဝ မှ ၇ဝ ရာခိုင်နှုန်းပါဝင်သော အညိုရောင် ချောကလက်တစ်မျိုးကိုသာ ညွှန်းဆိုခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းလေ့လာဆန်းစစ်မှုကို ဦးဆောင်ဦးရွက်ပြုသူ မဲလ်ဘုန်းမိုနက်(ရှ်)တက္ကသိုလ်မှ ခရစ္စတိုဖာရေးဇ်က တွေ့ရှိ ချက်များအပေါ် ခြုံငုံသုံးသပ်ရလျှင် နှလုံးရောဂါရှိသူများ အညိုရောင်ချောကလက်ကို နေ့စဉ် ဆယ်စုနှစ်တစ်ခုအထိ စားသုံးသွားမည်ဆိုပါက နှလုံးရောဂါအပြင် ၄င်းနှင့် ဆက်နွှယ်နေသော ရောဂါများ သိသိသာသာ ကျဆင်းသွား နိုင်မည်ဟု ကောက်ချက်ချနိုင်ကြောင်းပြောကြားသည်။ (အင်တာနက်)


** ဒေါက်တာသာစိန်**
၀၀၀၀၀၀၀၀၀
ဂေါက်ရောဂါသည်များအတွက် 
၀၀၀၀၀၀၀၀၀
ကျန်းမာစေရာ မြန်မာ့ အစားအစာ 
၀၀၀၀၀၀၀၀
မတ်မတ်သွား မတ်မတ်ထိုင်
၀၀၀၀၀၀၀၀၀
၀၀၀၀၀၀၀၀၀
လမ်းလျှောက်လိုက်ပါ

လမ်းလျှောက် တာက အလွယ်ကူ ဆုံးနဲ့ ငွေကုန်ကြေး ကျ အနည်းဆုံး လေ့ ကျင့်ခန်း တစ်ခုပါ။ ဘယ်နေရာမှာမဆို၊ ဘယ်အချိန်မှာ မဆို လွယ်လင့်တကူ ပြု လုပ်နိုင်ပြီး ရရှိတဲ့ အကျိုးကျေးဇူးတွေက လည်း များလှပါတယ်။ ဒီအထဲကမှ သု တေသနလေ့လာမှုတွေက အခိုင်အမာ ဖော်ပြထားတဲ့ အကျိုးကျေးဇူးတွေကို သိ ရှိပြီး လက်တွေ့အကောင်အထည်ဖော် ကာ ကောင်းကျိုးတွေကို ရယူသင့်ပါတယ်။
စိတ်ဓာတ်ကျနေသလား၊ လမ်းလျှောက်လိုက်ပါ လမ်းလျှောက်တာက စိတ်ကျရော ဂါလက္ခဏာတွေကို သက်သာလျော့ပါး စေတယ်လို့ လေ့လာမှုအသစ်တွေအရ သိရပါတယ်။
လမ်းလျှောက်တာက တချို့ လူတွေမှာ စိတ်ဓာတ်ကျတဲ့ ဝေဒနာတွေ ကို သိသိသာသာ သက်သာလျော့ပါးစေ တယ်ဆိုတဲ့ လေ့လာမှုရလဒ်ကို စိတ်ကျန်း မာရေးဂျာနယ်မှာ ဖော်ပြထားပါတယ်။
လမ်းလျှောက်တာကြောင့် ဦးနှောက်ထဲ မှာ ပျော်ရွှင်မှုနဲ့ ဆက်စပ်နေတဲ့ ဓာတ်တွေ အထွက်တိုးလာပြီး ခန္ဓာကိုယ်အပူချိန်မြင့် တက်ကာ ခန္ဓာကိုယ်တစ်ခုလုံး တည်ငြိမ် သွားစေပါတယ်။
ဒါ့အပြင် လူမှုဆက်ဆံ ရေးမှာ သွက်လက်လာပြီး ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုတိုးလာစေပါတယ်။
ဒါ ကြောင့် စိတ်ဓာတ်ကျနေရင် အရက် သောက်မယ့်အစား ခပ်သွက်သွက် လမ်း လျှောက်လိုက်ပါ။
စိတ်ဓာတ်ကျဝေဒနာ သက်သာသွားပါလိမ့်မယ်။
အဝလွန်နေသလား
လမ်းလျှောက်လိုက်ပါ
သင်ဟာ အဝလွန်နိုင်ခြေ များနေ ရင် တစ်နေ့ တစ်နာရီလောက် ခပ်သွက် သွက်လမ်းလျှောက်ပေးရုံနဲ့ မျိုးရိုးဗီဇအ ရ အဝလွန်ဖြစ်နိုင်တဲ့ ရာခိုင်နှုန်းကို ထက် ဝက်ခန့် လျော့ကျသွားစေနိုင်ပါတယ်။
ဒီ လေ့လာမှုကို ဟားဗတ်ကျောင်းရှိ ပြည် သူ့ကျန်းမာရေးဘာသာရပ် လေ့လာမှုအ ရ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ]]
လေ့လာမှု အရ တစ်နေ့ တစ်နာရီလောက် ခပ်သွက် သွက်လမ်းလျှောက်ပေးရင် အဝလွန်နိုင် ခြေများတဲ့ မျိုးရိုးဗီဇလွှမ်းမိုးမှုကို ထက် ဝက်နီးပါးလျော့ကျစေနိုင်တယ်"လို့ လေ့ လာသူ ကွီဘင်က ဆိုပါတယ်။
" နောက် တစ်ချက်အနေနဲ့ ပြောရရင် တစ်နေ့ လေး နာရီလောက် တီဗီကြည့်ပြီး အထိုင်များ တာက အဝလွန်တဲ့ မျိုးရိုးဗီဇလွှမ်းမိုး နိုင်ခြေကို ၅၀ ရာခိုင်နှုန်း ပိုတိုးမြင့်စေ ပါတယ်" လို့ ထပ်မံရှင်းပြပါတယ်။
သွေး တွင်း မကောင်းတဲ့ ကို လက်စထရောများပြီး ကောင်းတဲ့ ကိုလက်စထရော လျော့နည်း နေသလား၊
လမ်းလျှောက်လိုက်ပါ
ရိုးစင်းလွယ်ကူတဲ့ လမ်းလျှောက် လေ့ကျင့်ခန်းကတောင် မကောင်းတဲ့ ကို လက်စထရောကို လျော့ကျစေနိုင်ပါ တယ်လို့ လေ့လာမှုအရ သိရပါတယ်။
သွေးထဲမှာ မကောင်းတဲ့ ကိုလက်စထ ရောအဆင့်မြင့်မားနေတာက နှလုံးရော ဂါဖြစ်နိုင်ခြေ များပြီး ကောင်းတဲ့ ကိုလက် စထရောအဆင့် များနေတာက နှလုံး ကျန်းမာရေးကို ကောင်းစေပါတယ်။
လေ့လာမှုအရ သက်လတ်ပိုင်းအ မျိုးသားတွေအနေနဲ့ မိနစ် ၃၀ လောက် လမ်းလျှောက်ပေးတာက တစ်နေ့မှာ ကယ်လိုရီ ၃၀ဝ လောက် လောင်ကျွမ်းပြီး နှလုံးသွေးကြောတွေရဲ့ လုပ်ငန်းဆောင် တာကို ကောင်းစေတယ်လို့ သိရပါတယ်။
လမ်းလျှောက်တာက နှလုံးသွေးကြော တွေကို ထိခိုက်စေတဲ့ ထရိုင်ဂလစ်စရိုက် အဆီကို လျော့ကျစေပါတယ်။
ခန္ဓာကိုယ်မှာ အဆီပိုတွေ များနေသလား၊
လမ်းလျှောက်လိုက်ပါ
အဝလွန်တာမျိုး မဟုတ်ပေမယ့် ခန္ဓာကိုယ်ရဲ့ မလိုလားအပ်တဲ့ အစိတ်အ ပိုင်းတွေ၊ အထူးသဖြင့် ဝမ်းဗိုက်မှာ အဆီ ပိုတွေ များနေရင် လမ်းလျှောက်ပေးသင့် ပါတယ်။
တစ်နေ့မှာ အနည်းဆုံး ခြေလှမ်း တစ်သောင်းလျှောက်ပေးတာက ခန္ဓာ ကိုယ်အဆီကို လျော့ကျစေပြီး ကိုယ်အ လေးချိန်ကိုလည်း လျော့ကျစေတယ်လို့ အသက် ၅၀နဲ့ ၇၀ကြားအမျိုးသမီးတွေ ကို လေ့လာတဲ့ ကနေဒါလေ့လာမှုတစ် ရပ်အရ သိရပါတယ်။
ကိုယ်အလေးချိန် ပုံမှန် ရှိသူတွေအနေနဲ့ တစ်နေ့ ခြေလှမ်း ၇၅၀ဝ လျှောက်သင့်ပါတယ်။
ကိုယ်အ လေးချိန်များသူတွေကတော့ ခြေလှမ်း ၇၅၀ဝနဲ့ တစ်သောင်းကြား လှမ်းဖို့ လိုပါ တယ်။
ညောင်းညာကိုက်ခဲနေသ လား၊
လမ်းလျှောက်လိုက်ပါ
အထိုင်များတဲ့ ဘဝနေထိုင်စား သောက်မှုပုံစံကြောင့် ညောင်းညာကိုက် ခဲနေတဲ့သူတွေဟာ လမ်းလျှောက်လေ့ ကျင့်ခန်းလုပ်ဆောင်ပြီးချိန်မှာ ၂၀ ရာခိုင် နှုန်းခန့် စွမ်းအင်တိုးတက်လာပြီး ညောင်း ညာကိုက်ခဲမှုက ၆၅ ရာခိုင်နှုန်းလျော့ကျ သွားတာကို လေ့လာမှုတွေအရ သိရပါ တယ်။
နာတာရှည်ဖျားနာဝေဒနာ ခံစားနေ ရသူတွေ လမ်းလျှောက်ပေးရင် ညောင်း ညာကိုက်ခဲမှု သိသိသာသာ လျော့ကျ သွားတတ်ပါတယ်။ စိတ်ဓာတ်ခွန်အားတိုးမြှင့် ဖို့ လိုအပ်နေသလား၊
လမ်းလျှောက်လိုက်ပါ
တစ်နေ့ မိနစ် ၃၀ လောက် လမ်း လျှောက်တာကြောင့် စိတ်ဓာတ်ကျနေတဲ့ လူနာတွေမှာ စိတ်ဓာတ်ခွန်အား တိုးမြင့် လာစေကြောင်း လေ့လာမှုအရ သိရပါ တယ်။ အကြောင်းကတော့ လမ်းလျှောက် နေစဉ်အတွင်း စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းအထွက်နှုန်း တိုး လာတဲ့အတွက် စိတ်ကျကုသဆေးထက် ပိုပြီး မြန်မြန်ဆန်ဆန် အာနိသင်ရရှိစေ တာကြောင့်ပါ။

-ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) လင်းလက်ကြယ်စင်မှ -

၀၀၀၀၀၀၀၀၀
အချိုရည်ရဲ့ အန္တရယ် 
၀၀၀၀၀၀၀၀၀

အစားအစာများတွင် ပါဝင်သော အာဟာရဓာတ်များမဆုံးရှုံးစေရန်

(Click Here)
o o o o o o o o o
ကိုယ်အလေးချိန်လျှော လိုသူများ- - - စားသင့်တဲ့ အစားအစာများ 
၀၀၀၀၀၀၀၀၀
သွေးချိုရောဂါဝေဒနာရှင်များ 
၀၀၀၀၀၀၀၀၀
စပျစ်သီးဖျော်ရည် သောက်ကြဟေ - - - - 
 0 0 0 0 0 0 0 0 0
နှလုံးကြောင့်တော့ မသေစေချင် - - - 
ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ 
ခြေဖဝါးရိုက်ပြီး ကျန်းမာအောင်လုပ်မယ် - - - 
ဝဝဝဝဝဝဝဝဝ
အက်စပရင်ရဲ့ အစွမ်း 
၀၀၀၀၀၀၀၀၀
ပျားရည်စစ်စစ်ရဲ့ အာနိသင် 
ဝဝဝဝဝဝဝဝဝ
ကိုကာ ဆိုဒါရှောင် ကြင်ပါ - - - 
ဝဝဝဝဝဝဝဝဝ
သွားတိုက်တာ မှန်ဖို့ လို - 
ဝဝဝဝဝဝဝဝဝ

ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ ဝ


x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x


x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x

x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x

x x x x x x x x x x x x x x x xx x x x x x x x x x x x x x x x x x 


x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x 
အသက်ကြီးသူများ အဆီများများပါတဲ့ ငါးကို ပိုစားသင့် - 
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
ကန်ဇွန်းရွက် - ဘာကောင်းသလဲ သိလား - 
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
ကင်းပုံနွယ် 
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
ကြက်ဟင်းခါးBittermalon 
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
ရှားစောင်းလက်ပါတ် 
00000000000000000000
နှစ်ချိုက်စွာအိပ်ပျော်စေသောနည်း - - - 
၀၀၀၀၀၀၀၀၀၀၀၀၀၀၀
မြင်းခွာရွက် 
၀၀၀၀၀၀၀၀၀၀၀၀၀
ကင်ဆာရောဂါအတွက် သဘေ`်ာရွက် - - -