ဆောင်းပါး (အခန်း)

000000000000000000000000000000000
 အာဏာရှင်ကြီး အကြောင်း လေ့လာကြည့်ခြင်း…..(အပိုင်း၎)
ဆိုးရွားလှသော ကွန်နရှင်ကြောင့် ကျန်ရှိနေသေးသော အပိုင်းကို ပေါင်းတင်လိုက်ရပါတယ် သီးခံ၍သာဖတ်ကြပါကုန်…..
ကမ္ဘာမှာ
နာမည်ကြီးအာဏာရှင်တွေ အများကြီးပေါ်ထွန်းခဲ့ပါတယ်။နာဇီအာဏာရှင်ကြီး ဟစ်တလာ၊ ချီလီက အာဏာရှင်ပီနိုချေး ယူဂိုဆလား ဗီးယားက မီလိုဆီးဗစ်၊ ယူဂန်ဒါနိုင်ငံက အီဒီအာမင်၊ ဆူဒန်နိုင်ငံက အိုမာ အယ်လ်-ဘာရှား၊အင်ဒိုနီးရှားနိုင်ငံက အာဏာရှင် ဆူဟာတို မြောက်ကိုရီးယား သမ္မတ ကင်မ်ဂျုံအီးလ် ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီ…အစရှိသဖြင့် မြောက်များစွာ ပေါ်ထွန်းခဲကြပါတယ်။

ကမ္ဘာပေါ်ရှိ အဆိုးရွားဆုံးသော နိုင်ငံခေါင်းဆောင် ၂၃ဦးအနက် မြန်မာပြည်က ဆိုးညစ်လှတဲ့ အာဏာရှင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ကတော့ ကမ္ဘာမှာ တတိယ ချိတ်ခဲ့တယ်လို့ဆိုပါတယ်။ ပထမ ကတော့ မြောက်ကိုရီးယား သမ္မတ ကင်မ်ဂျုံအီးလ် ဖြစ်ပြီး ဒုတိယ လိုက်တာကတော့ ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီ လို့ ဆိုပါတယ်။အဆိုးရွားဆုံး အာဏာရှင် များ စာရင်းမှာ ယူဂန်ဒါ၊ရဝမ်ဒါ၊ကျူးဘား၊တရုပ်၊အ
ီရန်၊ ဗင်နီဇွဲလား၊ဆူဒန်၊အီသီရိုးပီးယား၊ အီဂျစ် စသည့်နိုင်ငံများ ပါဝင်တယ်လို့ ဖေါ်ပြ ထားတာတွေ့ရပါတယ်။ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ က ၂ဝဝ၆ ခုနှစ် လူမျိုးတုန်း သတ်ဖြတ်မှုတွေ ဖြစ်နိုင်ခြေရှိ နေတဲ့နိုင်ငံတွေ အကြောင်း လေ့လာချက်မှာ အနီရောင် သတိ ပေးချက် ပြထားတဲ့ နိုင်ငံတခုဖြစ်သလို၊ ဘာသာရေး လွတ်လပ်ခွင့်၊ သတင်း မီဒီယာလွတ်လပ်ခွင့်၊ စီးပွားရေး လွတ်လပ်ခွင့်တွေမှာ အတော် အောက်တန်း နောက်တန်းကျနေတဲ့ နိုင်ငံတခု ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့သမိုင်းမှာ ဘယ်အာဏာရှင်မျိုးမှ အာဏာကို လွယ်လင့် တကူ စွန့်လွှတ်တယ်ဆိုတာ မရှိခဲ့ဖူးပါဘူး။ တစ်နည်းအားဖြင့် အာဏာရှင်သည် မည်သူ့ ကိုမျှ ဒီမိုကရေစီ အခွင့်အရေး မပေးခဲ့ပါဘူး။

မြန်မာနိုင်ငံရဲ့ ခောတ်အဆက်ဆက် ကိုပြန်ကြည့်မယ်ဆိုရင် အာဏာရှင်စနစ်ကိုစတင်ခဲ့တဲ့ စစ်အာဏာ ရှင် ဦးနေ၀င်းဟာ တစ်ဦးတည်းသော အကိုးကွယ်ခံ စစ်အာဏာရှင်ကြီး ဘ၀ရောက်အောင် ဘယ်လို ဥာဏ်နီ ဥာဏ်နက်တွေ သုံးပြီး စက်ပုန်း ခုတ်သွားတယ်၊ ဆိုရှယ်လစ် စနစ်ကို အမှန် ယုံကြည်မှု မရှိခဲ့ဘဲ ဦးနေဝင်းနှင့် အပေါင်းအပါတို့ရဲ့ အာဏာတည်မြဲရေးအတွက်သာ လုပ်ခဲ့ကြပုံ၊ ခွင့်လွှတ် နိုင်ဖွယ် မရှိသော အမှားကြီးများကို ဦးနေဝင်းဟာ အကြိမ်ကြိမ် ကျူးလွန်ခဲ့ပုံ တွေဟာ အာဏာရှင် တွေရဲ့လုပ်ရပ်တွေကို အထင်အရှားပြနေတာပဲဖြစ်ပါတယ်။ ၁၉၇ဝ ခုနှစ်များ ကာလတွေမှာ နိုင်ငံရေး မတည်ငြိမ်မှု ကလည်း အများအပြား ဖြစ်ခဲ့ပါတယ်။ ပြည်သူ ပိုင်သိမ်းရာကနေ စီးပွားရေးတွေ ကမောက်ကမဖြစ်၊ ပြည်သူတွေ ကျပ်တည်းဆင်းရဲလာရကနေ ၁၉၇၄ ခုနှစ်မှာ ကျောင်းသား၊ အလုပ်သမားဆန္ဒပြပွဲတွေ၊ မှိုင်းရာပြည့် အရေးအခင်း၊ ဦးသန့်ဈာပန ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့ရ ပါတယ်။ သွေးထွက်သံယို ဖြိုခွဲချေမှုန်းမှုတွေလည်း ရှိခဲ့ရပါတယ်။


အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်း
ရွှေဟာဆိုရင်လည်း နာဂစ်မုန်တိုင်းလို ကပ်ဘေးသင့်တဲ့ကာလ မျိုးမှာတောင် ကိုယ့်ပြည်သူတွေအပေါ် စာနာမှုကင်းမဲ့စွာ လျစ်လျူပြုနေနိုင်တဲ့ အုပ်ချုပ်သူ တဦး ဖြစ်သလို၊ လူ များစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာ သံဃာတော်တွေကိုလည်း အာဏာနဲ့ ပတ်သက်လာရင် ရက်ရက်စက်စက် သတ်ဖြတ်ရဲတဲ့ အုပ်ချုပ်သူ ဖြစ်ပါတယ်။ အဲဒါအပြင် တိုင်းရင်းသားတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်ပြစ်မှုတွေ အမြောက်အများ မှတ်တမ်းရှိထားတဲ့အပြင်၊ မြန်မာ့တပ်မတော်က မုဒိမ်းမှု ကျူးလွန်နေ တာကို မသိကျိုးကျွံ ဆက်လက်ခွင့်ပြုထားခဲ့သူ လည်းဖြစ် ပါတယ်။ လူအများငတ်မွတ် ခေါင်းပါး ဆင်းရဲနေရစဉ်မှာ"စိန်စီတဲ့ည" လို့ လူသိများပြီး၊ ဗိုလ်ချုပ်သန်းရွှေရဲ့သမီး မသန္ဒာရွှေ မင်္ဂလာဆောင်တော့ ခမ်းနားကြီးကျယ်စွာ ကျင်းပတာကို မြင်ရတော့ လူတိုင်းက အံ့သြ ဒေါသ ဖြစ်ခဲ့ကြရပါတယ်။ စစ်အစိုးရနဲ့ နီးစပ်သူ လူကုန်ထံတွေ၊ စီးပွားရေးသမားတွေ ကလည်း မျက်နှာလို မျက်နှာရ လက်ဖွဲ့ပစ္စည်း ဇိမ်ခံကားတွေ၊ အိမ်တွေ အပါအ၀င် အမေရိကန်ဒေါ်လာ သန်း ၅၀ ဖိုးလောက် လက်ခံရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ အာဏာရှင် တွေက အဲသလိုပဲ သူတို့ကိုယ်သူတို့ ပိုပြီး ကြီးကျယ်ခမ်းနားအောင် လုပ်လေ့ရှိပါတယ်။အာဏာရှင်နိုင်ငံတွေမှာ အာဏာရှင်တွေဟာ နောက်ဆုံးအချိန်ထိ တစ်ဦးတည်း အာဏာကို ဆုပ်ကိုင် သူနဲ့ တစ်ပါတီတည်းမှာပဲ ဦးဆောင်သူပြောင်းလဲသွားတဲ့ အာဏာရှင်ပုံစံမျိုး တွေဘဲ ရှိလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် နောက်တက် အာဏာရှင်လက်သစ်ဟာ အာဏာရှင်ဟောင်းကို ချမ်းသာပေး လေ့ မရှိ တာကြောင့်ပဲဖြစ်ပါတယ်။

မိမိအဏာတည်မြဲရေးအတွက် ဆိုရင် မလုပ်ရဲတဲ့အရာဆိုတာဘာမျှ မရှိပါဘူး။ ၁၉၈၈ လူထုအုံကြွမှုကြီး ဖြစ်လာတော့ အဲဒီအချိန်က ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်စောမောင်ပါ။ ဖြိုခွဲချေမှုန်းဖို့ စစ် ဆင်ရေးကိစ္စတွေကို တာဝန်ယူရတဲ့နေရာမှာ ဗိုလ်ချုပ်သန်းရွှေက အဓိကနေရာက ပါဝင်ခဲ့နိုင်ပါတယ်။ ဒီကိစ္စတွေအတွက် မီးပွားအဖြစ် အစပျိုးခဲ့တဲ့ မတ်လ ရန်ကုန်တက္ကသိုလ်ဆန္ဒပြပွဲတွေကို ချေမှုန်းတဲ့နေရာမှာ တံတားဖြူအနီးမှာ စစ်တပ်က ကျောင်းသားတွေကို ဖြိုခွဲချေမှုန်းခဲ့တဲ့ လုပ်ရပ်က အတော့်ကို ရက်စက်ကြမ်းကြုတ်လှပါတယ်။စစ်အာဏ
ာရှင်တွေဆိုတာ ပြည်သူလူထုထံက လုယူထားတဲ့ နိုင်ငံတော်အာဏာကိုလက်လွတ်သွားမှာစိုးလို့ မိမိပြည်သူနဲ့ ကမ္ဘာကို နည်းမျိုးစုံနဲ့ လိမ်ညာ လှည့်စားနေတာဖြစ်တယ်။သူတို့ဟာအာဏာ တည်မြဲဖို့ဆိုရင်လိမ်ညာရုံ မကကတိလဲဖျက်တယ်လက်နက်မဲ့ ပြည်သူကိုသာမက မြတ်ဗုဒ္ဓရဲ့ သားတော် များဖြစ်တဲ့ရဟန်းသံဃာ များကိုပါ အပြစ်ရှာ အမှုဆင်ပြီး ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တယ်။လူ့အခွင့်အရေးကိုစနစ်တကျချိုးဖောက်ခဲ့တာလဲဒီနေ့အထိပါဘဲ။

ဦးနေ၀င်း သေဆုံးတဲ့အခါမှာ အလောင်းကို မီးရှို့ပစ်ပြီး ရက်မဆိုင်းစေဘဲ ရေထဲကို မျှောချ ခိုင်းလိုက် တာကလည်း တရားကျစရာ ကောင်းလှပါ တော့တယ်။ ဦးနေ၀င်းရဲ့ အရိုးစွဲ တစ်ယူသန် လူကောင်း လူတော်ဝါဒဟာ ယနေ့ ဗိုလ်သန်းရွှေ လက်ထက်တိုင် ဆက်လက် ရှင်သန်ကျင့်သုံးနေပြီး တပ်မတော် ထိပ်ပိုင်း ရာထူးများတွင် စစ်ရေး စစ်ရာအရ ထူးချွန်သူများကို နေရာပေးခြင်း မခံရဘဲ ဖယ်ရှားခံခဲ့ရပါတယ်။ဗိုလ်သန်းရေ
ွှဟာဦးနေဝင်းရဲ့ သစ္စာရှိသူတွေကိုသာ နေရာပေးတဲ့ လုပ်ပုံကိုင်ပုံတွေ၊ အတိုက်အခံ ပြိုင်ဘက်ဆိုရင် အကြင်နာ ကင်းကင်းနဲ့ ချေမှုန်းဖြိုခွင်းပုံတွေ၊ အာဏာရဲ့ သဘောတွေကို သင်ခန်းစာယူပြီး၊ ကိုယ့်ရှင်သန်ရေးနဲ့ တိုးတက်ရေးကို ကြိုးပမ်းအားထုတ်ခဲ့တာကို တွေ့နိုင်ပါတယ်။ အရပ်သားပြည်သူတွေကို မထင်ရင် မထင်သလို သတ်ဖြတ်နေတာ၊ လူမဆန်စွာ ရက်စက်မှုတွေ ကျူးလွန်နေတာ၊ အမျိုးသမီးတွေ အပေါ်မှာလည်း မုဒိန်းမှု အပါအ၀င် လိင်ပိုင်းဆိုင်ရာ စော် ကားကျူးလွန်နေတာ၊ မြန်မာစစ်တပ်က ကလေး စစ်သားတွေ အတင်းအကျပ်နဲ့ အကျယ်အပြန့် စုဆောင်းနေတဲ့ကိစ္စတွေ အဓမ္မလုပ်အားခိုင်းစေမှုတွေ ဖြစ်ပေါ်နေတာလည်း တနိုင်ငံလုံး အနှံ့ပါပဲ။ ဒီလို လူ့အခွင့် အရေး ချိုးဖောက်နေတာဟာ နေရာဒေသ တခု၊ ၂ ခုထဲမှာ ကွက်ပြီး ဖြစ်ပေါ်နေတာ မဟုတ်ပါဘူး။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာ ကျေးရွာပေါင်း ၃,၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်။ အခုလို ကျူးလွန်တဲ့ စစ်သားတွေကိုလည်း အပြစ်ပေး အရေးယူ တာ မရှိဘဲ လွတ်လွတ်လပ်လပ်ပဲ လွှတ်ထားခဲ့ပါတယ်။ ကိုယ့်နိုင်ငံ တစ်ခုထဲသားတွေ ကိုယ့်ပြည်သူတွေ ဒါပေမယ့် သူပုန်ရွာဆိုပြီး ရှင်းပစ်လိုက်တာတွေ။ ရွာလုံးကျွတ် သတ်ပစ်တာတွေ။ လူမသိ သူမသိ ရင်ထုမနာ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ကလေးကအစ ကြီးရင်သူပုန်ဖြစ်လာမှာ ဒီတော့ ငယ်ငယ်ကလေးကတည်းက သတ်ပစ်လိုက်တယ် ဆိုတာတွေ။ ၁၉၉၆ ခုနှစ် စစ်ရုံးချုပ်မှာ လုပ်ခဲ့တဲ့ လေးလပတ်အစည်းဝေးမှာ ဒေသခံ တိုင်းမှူး၊ တပ်မမှူးတွေကို ညွှန်ကြားခဲ့တာပါ။ ရန်သူလှုပ်ရှားမှုရှိသော အညိုရောင်နယ်မြေတွေမှာရှိတဲ့ ကျေးရွာတွေကို စုစည်းဖို့ နေရာ ပြောင်းရွှေ့ခိုင်းတဲ့အခါ ရွာသူရွာသားများက မပြောင်းရွှေ့ပေးနိုင်ကြောင်း အာခံရာမှ ဒေါသထွက်ပြီး အစိတ်သားတောင်မချန်နဲ့၊ အမိန့်ကိုအာခံရင် ရွာတွေရော ရွာသားတွေရော အကုန်ရှင်းပစ်ဆိုသည့် ညွှန်ကြားချက်ရဲ့ နောက်ဆက်တွဲ ရလာဒ် အနေဖြင့် ပိတ်ဆို့ရေး ပထမ ၁၉၉၇ စီးပွါးရေး ပိတ်ဆို့ရေး ဆိုတာ ဖြစ်လာရတာပါဘဲ။ ၁၉၉၆၊ ၁၉၉၇ က စပြီး စစ်တပ်ဟာ တိုင်းရင်းသားနယ်မြေတွေမှာ လူသတ်၊ မုဒိန်းကျင့်မှုများ အပါအဝင် မတရားမှုများကို အမိန့်ရ လုပ်ပိုင်ခွင့် ရခဲ့သလို ဖြစ်လာခဲ့တာပါ။ ရေဗူးပေါက်တာမလိုချင် ရေပါတာဘဲလိုချင် ဆိုတဲ့ စကားလုံးကို လက်ကိုင်ထားပြီး အရပ်သားတွေအပေါ် လုပ်ချင်တာလုပ် အရေးယူမှု တစ်စုံတရာ မရှိတော့ပါ။ ရွာ တစ်ရွာတွေ့လို့ ရွာကိုပစ်ရှင်းရှင်းပြီး ကလေးကစ ခွေးအဆုံး ဗိုက်ကြီးသည်တွေပါ အကုန်သတ်ပစ်တယ်လို့ ဆိုပါတယ်။

ဒီပဲရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပစ်ဖို့ အမိန့်ပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက “ငါခိုင်းတာ” ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း ဒုတိယဥက္ကဌ ဒုဗိုလ်ချုပ်ကြီးစိုးဝင်း (သေဆုံး) နဲ့ ဦးအောင်သောင်းတို့ကို ညွှန်ကြားပြီး ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ရှင်းခိုင်းခဲ့ပါတယ်။ တိုင်းတပါး၏ ပရောဂ မပါဘဲ ပြည်တွင်းက မြန်မာလူမျိုး အာဏာရှင်ကြီးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် စီမံလမ်းညွှန်ခဲ့သည့် နိုင်ငံရေးလုပ်ကြံမှုကြီး ဖြစ်သည် ဆိုသည့် အချက်ပင် ဖြစ်ပါတယ်။သိပ်မကြာပါဘူး မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံသားများ ကုန်သွယ်မှု၊ ငွေပေးငွေယူ မလုပ်ရ၊ ဗိုလ်ချုပ်ကြီးများရဲ့ မိသားစုတွေ ပိုင်ဆိုင်မှု၊ ခရီးသွားလာမှု၊ ပိတ်ပင်မှု ဆိုတဲ့ ဒုတိယ ၂၀၀၃ ခုနှစ် ပိတ်ဆို့ရေး (Sanction) ထပ်ဖြစ်လာပြန်ပါတယ်။ဒီပဲရင်း လုပ်ကြံမှု နောက်ပိုင်းမှာ ဒေသခံအာဏာပိုင်တွေနဲ့ ကြံ့ဖွတ်တွေဟာ N.L.D ဆိုင်းဘုတ်တွေ လိုက်လံဖြုတ်ချတာ အတိုက်အခံ အဖွဲ့ဝင်တွေရဲ့နေအိမ်တွေကို ညသန်းခေါင်အချိန်တိုင်း ဧည့်သည်ရှိရှိမရှိရှိ ဧည့်စာရင်းဝင်စစ်တာ အစရှိတဲ့ နှောက်ယှက်မှုတွေ ပိုမိုလုပ်ဆောင်လာတာတွေ့ရပါတယ်။
၂၀၀၃ခုနှစ် မေ၃၀ ဒီပဲရင်းလုပ်ကြံမှု့ တိုက်ခိုက်မှုမှာ ကြံ့ဖွတ် အသင်းမှ တိုက်ရိုက်ပါတ်သက် နေရုံမျှမက ရွားသားများ ငွေကြေးထောက်ပံ့ခြင်း သင်တန်းများပေးခြင်း အခင်းဖြစ်ပွားပြီးနောက် ဆက်လက်စုံစမ်းရာ ကြိုတင်စီစဉ်ထားသည့် လုပ်ကြံမှု ဖြစ်ပြီး ပြည်သူစစ်များ စွမ်းအားရှင်တို့ကို ကိုင်ဆောင်အသုံးပြုသော လက်နက်များကို စနစ်တကျ ရွေးချယ်ခဲ့ခြင်း တိုက်ခိုက်မည့် နေရာ အချိန်ကာလ အားစနစ်တကျပြင်ဆင်ခဲ့ခြင်း လူအင်အား ငါးထောင်ခန့်အား တိုက်ခိုက်မှုကျူးလွန်ရန်အတွက် စနစ်တကျ စည်းရုံးထားခြင်း တိုက်ခိုက်ခြေမှုန်းသည့်နည်းစနစ်များ အမိန့်ပေးစနစ်များ ဒါဏ်ရာရရှိသူများနှင့် မျက်မြင်သက်သေများအား ဖမ်းဆီးထိန်းသိမ်းခြင်း တိုက်ခိုက်မှု ဖြစ်ပွားသည့်နေရာအား ချက်ခြင်းပြန်လည်ပြင်ဆင်၍ သက်သေအထောက်အထားများအား စနစ်တကျဖျက်ဆီးခဲ့ခြင်း တိုက်ခိုက်မှုများအား ပြန်လည်သုံးသပ်ကြည့်ပါက စနစ်တကျကြိုတင်စီစဉ်မှုမှာထင်ရှားလှပါတယ်။ထိုလူအင်အား ၅၀၀၀ ကို လေ့ကျင့်သည့် နေရာများမှာ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ရှိ မြိုနယ် ၈ မြို့နယ်နှင့် မုံရွာခရိုင်ရှိ မြို့နယ်များမှ လူစုဆောင်ပြီး စစ်ကိုင်းမြို့ အမှတ် ၂ အထက်တန်းကျောင်း မုံရွာမြို့ အမှတ် ၂ နှင့် အမှတ် ၃ အထက်တန်းကျောင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်ဝင်း ဒီပဲရင်းမြို့ အထက်တန်းကျောင်း စသည့်နေရာများတွင် ဦးခေါင်းနှင့် ခါးဆစ် အထက်ပိုင်းတို့ကို ရိုက်နှက်နည်းများ သင်ကြားပေးခဲ့ ကြပါတယ်။

၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုတုန်း
က အကြမ်းဖက်ချေမှုန်းတာတွေ မြင်ရတော့ အာဏာနဲ့ ပတ်သက်လာရင် သံဃာတွေ အပါအ၀င် ဘယ်သူမှ သည်းညည်းမခံနိုင်ဘူးဆိုတာ သဘောပေါက်ခဲ့ကြ ရပါ တယ်။ဘုရားသား ရဟန်းသံဃာတော်များဟာပြည်သူ လူထုရဲ့ ဆင်းရဲကြပ်တည်း ဒုက္ခရောက်မှုတွေကို စာနာ နားလည် ဂရုဏာသက်မိပြီး စစ်အာ ဏာရှင်တွေကို ရဲရဲဝံ့ဝံ့ ပြည်သူလူထု ရှေ့ကနေထွက်ပြီး သပိတ်မှောက် ကံဆောင် တောင်းဆိုမှု ပြုခဲ့ကြပါတယ်။ အဲဒီလို ငြိမ်းချမ်းစွာ အကြမ်းမဖက် မေတ္တာပို့ ဆုတောင်းခဲ့ကြတဲ့ ဘုရားသား ရဟန်း သံဃာတော်များကို စစ်ဘီလူးတွေက ရက်ရက်စက်စက် ပစ်ခတ်ဖမ်းဆီး ထောင်ချခဲ့ကြပါတယ်။ သံဃာတော်အရေးခင်းမှာ ကျန်တဲ့ ဗိုလ်ချုပ်ကြီး အများစုက ပခုက္ကူ သံဃာတော်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက သွားရောက်ရှစ်ခိုးတောင်ပန်ဖို့ တင်ပြနေတဲ့ကြားက ဦးအောင်သောင်းရဲ့ စကားကိုမှ နားထောင်ပြီး သံဃာတော်တွေကို သေနတ်နဲ့ ပစ်သတ်ခွင့် အမိန့်ပေးခဲ့တာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါ။ သံဃာတော်တွေကို သုတ်သင် ရှင်းလင်းခိုင်းတဲ့အတွက်ကြောင့် မြန်မာနိုင်ငံထွက် ကျောက်မျက်ရတနာတွေကို အမေရိကန် နိုင်ငံအတွင်း တင်သွင်းခွင့် ပိတ်ခဲ့ပြန်ပါတယ်။

စစ်အစိုးရဟာ နိုင်ငံတကာပိတ်ဆို့မှုတွေကြောင်
့ အကျပ်အတည်းတွေ့နေရတဲ့အချိန်မှာ ပိတ်ဆို့မှုများအတွက် ပြည်သူလုထုမှ ရှုတ်ချသည့် အသွင်သဏ္ဍန် ကြံ့ဖွတ် အင်အားစု တွေနဲ့ လူစုလူဝေးပွဲတွေ ကို မြန်မာပြည်နေရာအနှံ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ စစ်အစိုးရ ရဲ့ တဖက်သတ် ကျင်းပပြုလုပ်တဲ့ အမျိုးသားညီလာခံကိုလည်း ပြည်သူလူထုမှ ထောက်ခံသည့် အသွင်သဏ္ဍန် ပွဲများ မြန်မာနိုင်ငံ နေရာအနှံ့မှာလည်း ပြုလုပ်ဖန်တီးခဲ့ကြပါတယ်။ အတင်းအဓမ္မခေါ်ဆောင်မှုများ မှာ လယ်သမားများဆိုလျှင် စစ်အစိုးရအားဆန်ကျင် သည်ဟုစွပ်စွဲ၍ ထောင်ချမည်ဟု၎င်း လယ်မြေများ သိမ်းဆည်း မည်ဟု၎င်းး အလုပ်သမားများဆိုလျှင် အလုပ်ဖြုတ်မည် ကျောင်းသားများဆိုလျှင် စာမေးပွဲအောင်လက်မှတ်မရအောင် ပြုလုပ်မည် ကားသမားများဆိုလျှင်လည်း ကားမောင်းလိုင်စင် ရုပ်သိမ်းမည် အစရှီသဖြင့် ပြည်သူလူထုကိုလည်း ခြိမ်းခြောက်၍သော်၎င်း ငွေပေး၍သော်၎င်း နည်းအမျိုးမျိုးဖြင့် ကြံ့ဖွတ် အမာခံများမှနေပြီး အတုအယောင် ထောက်ခံပွဲများကို တက်ရောက်စေခဲ့ပါတယ်။၁၉၉၄ ခုနှစ်တွင် ပဲခူးတိုင်း ပြည်မြို့တွင် ကျင်းပသော လူစုလူဝေးပွဲ တစ်ခုတွင် လူထောင်ပေါင်းများစွာကို ပွဲမစခင်တရက်ကြိုတင်၍ ခြံဝင်းတစ်ခု တွင်စုရုံးစေခဲ့ပြီး အိမ်သာတက်ခွင့်ကို ပိတ်ပင်ထားသောကြာင့် အချို့မှာ အပြင်သို့ထွက်ရန် ကြိုးစားခဲ့ကြရာတွင် အစောင့်များ၏ ဝါးလုံးများ တုတ်များဖြင့် ရိုက်နှက်ခြင်းကို ခံခဲ့ကြရပါတယ်။ထိုသို့ ရုန်းရင်းဆန်ခတ် ဖြစ်မှု တွင် လူနှစ်ယောက်မှာ ခြေထောက်ဖြင့် နင်းခြေ သတ်ဖြတ်ခြင်းခံခဲ့ရပြီး အမျိုးသမီး နှစ်ဦးမှာ ကျောရိုးကျိုးသွားကာ လူအယောက် ၂၀ခန့် ဒါဏ်ရာရရှိခဲ့ကြပါတယ်။မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ် ဆို့မှုများကို ဆန့်ကျင်နေသော အစိုးရလက်ဝေခံ ကိုအေးလွင်ဦးဆောင်သော အဖွဲ့မှာ တစ်ဦးလျှင် ကျပ်ငွေ ၃၀၀၀ ပေး၍ စည်းရုံးခဲ့ခြင်းဖြစ်ပါတယ်။ မကွေးမြို့တွင်ပြုလုပ်ခဲ့တဲ့ ၂၀၀၇ အောက်တိုဘာလ အတွင်း အတုအယောင် စစ်အစိုးရထောက်ခံပွဲ သို့ တက်ရောက်ရန်အတွက် ပြည်သူအချို့ကို ခေါ်ဆောင်သွားသော ကားတစ်စီးမှာလည်း လမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တိမ်းမှောက်ခဲ့ရာ အချို့မှာဒါဏ်ရာ ပြင်းထန်စွာရပြီး အခြားပြည်သူများမှာ မိုးရေထဲတွင် ဆင်းဆင်းရဲရဲ နေကြရပါတယ်။၎င်းသတင်းကို မပေါက်ကြားစေရန် သတိပေးတား မြစ်ခဲ့ကြ ပါတယ်။ မွန်ပြည်နယ် မော်လမြိုင် ကျိုက်ထို နှင့် သထုံမြို့များတွင် လူစုဝေးပွဲများသို့ ခေါ်ဆောင်သွားရာတွင်လည်း ကားပေါ်မှပြုတ်ကျခြင်း အမောဆို့ခြင်း များကြောင့် လူ ၃ဦးသေဆုံးခဲ့ပါတယ်။

နိုင်ငံရဲ့ လူဦးရေအများစု အလုပ်လက်မဲ့ ဖြစ်ရခြင်း၊ ဆင်းရဲမွဲတေခြင်းရဲ့ ပြဿနာအရင်းခံမှာ လယ်ယာမြေတွေကို မတရားသဖြင့် သိမ်းယူခြင်း ကြောင့်ပင်ဖြစ်ပါတယ်။လယ်သမားတွေ
အားလုံးဟာ ဒီလယ်ယာမြေတွေကို သူတို့ကိုယ်တိုင် သူတို့သွေးတွေ၊ သူတို့ချွေးတွေနဲ့ မြေလွတ်မြေရိုင်းတွေကနေပြီးတော့ လယ်ချောဖြစ်အောင် ဖော်ဆောင်ခဲ့ ကြပြီး ဒီလယ်ယာမြေတွေ ချောတော့မှ သိမ်းဆည်းခဲ့ကြပြီး သိမ်းဆည်းရာမှာလည်း၊ လိုအပ်တာထက်ပိုပြီး သိမ်းဆည်းတာ လည်းရှိပါတယ်။တနိုင်ငံလုံး အတိုင်းအတာ အနေဖြင့် စစ်တပ် တခုတည်းတင် သိမ်းထား သည့် မြေဧက ၂၄၇၀၇၇ဧက ရှိပါတယ်။ ဒါတင်မက မြို့တော်ကို ပျဉ်းမနားကို ရွှေ့ နေပြည်တော်လို့ အမည် ပြောင်းခဲ့ချိန်ကစလို့ ဆောက်လုပ်ရေး လုပ်ငန်းတွေ အတွက်လည်း တိုင်းပြည်ဘဏ္ဍာကို စိတ်ထင်တိုင်း သုံးစွဲနေခဲ့ပါတယ်။ နန်းမြို့သစ်တည် မင်းတရားကြီးလို့ ထင်မှတ်နေပုံရပါတယ်။

တိုင်းပြည်ကို သူ့အမွေပိုင်လို့ ထင်မြင်နေပုံပါပဲ။ ဗိုလ်ချုပ် သန်းရွှေနဲ့ မိသားစု မေမြို့ (အခု ပြင်ဦးလွင်) ကို သွားလည်ရင်း ကုန်တိုက်တခုကို ရောက်တော့ ကြိုက်ရာပစ္စည်းတွေ လက်ညှိုးထိုးယူခဲ့ကြပါတယ်။ ငွေတကျပ်မပြားမှ မပေးခဲ့ပါဘူး။ သူတို့ပြန်တော့ မေမြို့ မှာရှိတဲ့ စစ်တက္ကသိုလ်က အဲဒီပစ္စည်းတွေ တန်ဖိုး ပြန်ပေးဖို့ လူထုတွေကို အတင်းအကျပ် အလှူထည့်ခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။ဗိုလ်ချုပ်ကြီးရဲ့ အချစ်ဆုံးမြေး ဖိုးလပြည့် နာမည်အရင်းက နေရွှေသွေးအောင်လို့ ခေါ်ပါတယ်။ ၂၀၀၇ ခုနှစ်၊ ဧပြီလ မေမြို့ကို သွားကြတဲ့ ခရီးစဉ်တခုမှာ သူ့မြေး နေရွှေသွေးအောင်အတွက် တပ်မတော်ရဟတ်ယာဉ်ကို ရန်ကုန်လွှတ်ပြီး ဘဲကင် အ၀ယ်ခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ ၂၀၀၈ ခုနှစ်က သတင်းတခုအရ မန္တလေး ၂၂-လမ်းက သမာဓိရွှေဆိုင်မှာ ဗိုလ်ချုပ်သန်းရွှေ သမီးတွေက သန်းကျပ် ၁၀၀ ဖိုးလောက် ရွှေတွေ တချိန်တည်း ၀ယ်ယူခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ တိုင်းပြည်ထဲက လူတဦး အတွက် ကျန်းမာရေးစရိတ်ကို ဒေါ်လာဆင့် ၄၀ လောက်ပဲ သုံးစွဲနေတဲ့အချိန်ပါ။ နောက်တခါ တရုတ်နိုင်ငံက တရုတ်- အာဆီယံစီးပွားရေး ဇုံဥယျာဉ်ထဲမှာ မြန်မာနိုင်ငံ အတွက်ရတဲ့ မြေကွက်ကို ဒုတိယသမီး မခင်ပြုံးရွှေက အမေရိကန်ဒေါ်လာ သန်း ၂၀၀ နဲ့ တရုတ်ကုမ္ပဏီ၂-ခုကို ပြန်ရောင်းချပေးခဲ့တယ်။ သူ့သားသမီးတွေအပါအ၀င် နီးစပ်တဲ့ ၀န်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေရဲ့ ခြစားမှု၊ အကျင့်ပျက် လာဘ်စားမှုတွေကို ဗိုလ်ချုပ်သန်းရွှေက မျက်ကွယ်ပြုထားခဲ့ပါ တယ်။

၁၉၉၈ ခုနှစ်မှာ မြန်မာနိုင်ငံတောင်ပိုင်း ဇာဒက်ကြီး ရေတပ်စခန်းအနီးမှာ အဲဒီအနီးက ကျွန်း တကျွန်းအပေါ်မှာ အပြစ်မဲ့အရပ်သား ပြည်သူ ၈၁ ယောက်ကို စစ်ဆင်ရေးကာလတခုအတွင်းမှာ သတ်ဖြတ် ပစ်ခဲ့တာပါ။ အဲဒီကာလ စစ်ဆင်ရေးကို ဦးဆောင်တဲ့ သူကတော့ အခုအချိန်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးတာဝန်ယူနေတဲ့၊ လျှပ်စစ်စွမ်းအား ၀န်ကြီးလည်း ဖြစ်တဲ့ ဗိုလ်မှူးကြီးဇော်မင်း ဖြစ်ပါတယ်။ မြိတ်ကျွန်းစုအတွင်းမှာ ရှိတဲ့ ခရစ္စတီးလို့ အမည်ရတဲ့ ကျွန်းအပေါ်မှာ စစ်အစိုးရဥပဒေတွေကို ဆန့်ကျင်ပြီး သစ်ခုတ်၊ ၀ါးခုတ်နေသူတွေကို စစ်တပ်က ဖမ်းဆီးရမိခဲ့ပါတယ်။ ရွာသားတွေကို ဖမ်းမိတဲ့စစ်တပ်တွေက ဘယ်လို ဆက်လက်လုပ်ဆောင်ရ မယ်ဆိုတာ အမိန့်တောင်းခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင်က "မိန်းမတွေ၊ ကလေးတွေအဆုံး ဘယ်သူမှ အသက်ရှင်ရက် မမြင်ချင်ဘူး" ဆိုတဲ့ ညွှန်ကြားချက်တွေလည်း ရှိခဲ့ပါတယ်။

၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲ တုန်းကလည်း နဝတ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစောမောင် အမြင်မှာ တ.ဆ.ည ပါတီ သာအနိုင်ရမည်ဟူသောအထင်ဖြင့် ရွေးကောက်ပွဲပြီးရင် စစ်တန်းလျှားပြန်မယ်ဟု နဝတ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစောမောင် ကအာချောင်ခဲ့ပါတယ်။ ဒါပေမဲ့စီစဉ်ထားသလို ဖြစ်မလာပဲ N.L.D ပါတီက အပြတ်အသတ် အနိုင်ရသွားသောအခါ သဘောထားတင်းမာသူ နဝတ ဗိုလ်ချုပ်တွေက လွှတ်တော်ခေါ်မပေးရေးနှင့် N.L.D ပါတီကို အာဏာလွှဲမပေးရးတို့အတွက်အပြင်း အထန် ကန့်ကွက်ကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဒီနေရာရအောင် ထောက်ခံစာရေးပေး၊ နဝတ ဒုဥက္ကဌ ဆိုတဲ့ နေရာကို ဖန်တီးပေးခဲ့တဲ့ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ခင်ညွန့်နဲ့ တဖွဲ့လုံး တနွယ်ငင် တစင်ပါဆိုသလို အရှင်းခံခဲ့ရတာလည်း နောက်တက် အာဏာရှင်လက်သစ်ဟာ အာဏာရှင်ဟောင်းကို ချမ်းသာပေးလေ့မရှိသလို မိမိနေရာ လုမဲ့သူကိုလဲ အပြတ်ရှင်းလေ့ရှိပါတယ်ဆို တာကို သက်သေပြုလို့နေပါတယ်။ အာဏာရှင်ဆိုတာ မည်သူ့ကိုမျှချမ်းသာပေးလေ့ မရှိပါဘူး မိမိအာဏာတည်မြဲရေးအတွက်သာ ဖြုတ် ထုတ် သတ် ရေးကိုသာ ကြိုးပမ်းလေ့ရှိကြပါတယ်။

အာဏာရှင်ပီပီ “အရပ်သားနိုင်ငံရေး ပျောက်သွားတော့ မကောင်းဘူးလား” ၊ တိုင်းရင်းသား နယ်မြေတွေမှာ ရွာတွေရွှေ့ခိုင်းတာ မရွှေ့တော့ “တစ်ယောက်မှ မမြင်ချင်ဘူး၊ ပြောမရရင်အကုန်ရှင်း၊ အစိတ်သား တောင်မချန်နဲ့”၊ စစ်တပ်ကို အင်အားချဲ့တော့ လူသစ်စုမရတဲ့ ပြဿနာပေါ်လာတာကို စစ်ရေးချုပ်က သတင်းပို့ရာ “၁၃၊ ၁၄ နှစ် ကလေးတွေခေါ်ပြီး သုံး လေး ငါးနှစ်လောက် ကလေးတွေကို လေ့ကျင့်ပေးလိုက်ရင် လူကြီးဖြစ်သွားတာပေါ့”၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စတွေမှာဆိုရင် “အမေရိကန်နဲ့ ယိုးဒယားတွေ သေတာဘဲကွာ သေပေ့စေလို့” ပြောတာတွေ၊ အာဆီယံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ကိစ္စ ပြောဖို့ အစီအစဉ်တင်လာခဲ့ရင် “မြန်မာနိုင်ငံ အာဆီယံကနေ ထွက်မယ်လို့ ပြောခိုင်းတာတွေ”၊ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO) မှာ ပြဿနာတက်လာတဲ့အခါ “ILO ကထွက်ပေါ့ကွာ” လို့ ပြောခဲ့တာတွေ၊ ဒီပဲရင်းကိစ္စမှာလဲ “ငါခိုင်းတာ၊ ပြဿနာဖြစ်ရင် မင်းတို့ကြည့်ရှင်းလိုက်”၊ ရေကြီး၊ မီးလောင်စသည့် သဘာဝဘေးဒဏ်တွေနဲ့ ပတ်သက်လာရင်လဲ “မင်းတို့ ငါ့ကို အနိဌာရုံတွေ လာမပြောနဲ့ မကြားချင်ဘူး”၊ သံဃာအရေးအခင်း ဖြစ်တဲ့အခါမှာလဲ “ဘုန်းကြီးအတုတွေ” လို့ ပြောခိုင်းခဲ့တာတွေ၊ အမေရိကန်နဲ့ ပတ်သက်လို့လဲ “စစ်ပြင်လာရင် ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက ကောင်တွေ အကုန်ဖမ်း” အစရှိတဲ့ မစဉ်းစား မဆင်ခြင်ဘဲ ပြောခဲ့တာတွေကို ကြည့်ချင်းအားဖြင့် အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုကို ပေါ်လွင်စေပါတယ်။

၂၀၀၃ ခုနှစ် မေလ (၃၀) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း နိုင်ငံရေး လုပ်ကြံမှုကြီးကို မှတ်မိကြဦးမှာပါ အဲဒီနောက်ပိုင်းမှာ စီးပွားရေး ဆန်ရှင်တွေ ဖြစ်ခဲ့တယ် နိုင်ငံတကာလိုက်ပြီးတော့ နိုင်ငံခြားရေး ဝန်ကြီး ဦးဝင်းအောင် (အကျဉ်းထောင်တွင်း ကွယ်လွန်)၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးခင်မောင်ဝင်း တို့ကနေပြီး ASEAN နိုင်ငံများနှင့် အာရှနိုင်ငံများသို့ လှည့်လည်ပြီး Photo Diplomacy အသုံးပြုကာ ထိုနိုင်ငံများက ကျေနပ်သည် အထိ လိမ်လည်ရှင်းပြခဲ့ကြတယ်။ပြည်တွ
င်းတွင်လည်း ပြည်သူများ ကျေနပ်စေရန် Road Map (၇) ချက်ကို ချပြပြီး မြန်မာနိုင်ငံ၏ ထွက်ပေါက် နိုင်ငံရေးလမ်းကြောင်းကို လိမ်လည် ချပြခဲ့ကြတယ်။ပြည်တွင်း - ပြည်ပက ကျေနပ်မှုရှိစေရန် ဗိုလ်ချုပ်ကြီးခင်ညွှန့်၏ အဓိက ဖြေရှင်းမှုဟာ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး အခန်းကဏ္ဍပင်ဖြစ်ပါတယ်။ ထိုစဉ်က ဖြေရှင်းမှုများမှာ မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေးတွင် တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် လက်တွဲ လုပ်ဆောင်သွားမည်ဆိုသော အချက်ပင် ဖြစ်ပါတယ်။အဲဒီ အချက်ကို ပြည်ပနိုင်ငံများက ထောက်ခံခဲ့ကြသကဲ့သို့ ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် နိုင်ငံရေး အင်အားစုများကလည်း ကောင်းချီး သြဘာ ပေးခဲ့ကြပါတယ်။ပြည်သူတရပ်လုံးက ဝမ်းသာအားရ ကြည်နူးခဲ့ရပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ညှိနှိုင်းဆွေးနွေးရာတွင် အဓိက ဖြေရှင်းခဲ့ရသည့် အချက်များမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကိစ္စ၊ ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသားများ ကိစ္စ၊ အမျိုးသားညီလာခံပါ အချက်အလက်အချို့ကို ပြန်လည်ဆွေးနွေးရေးကိစ္စ ဆိုသည့် NLD ၏ အဓိက အချက်များပါဝင်သကဲ့သို့ ဒီပဲယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်အတွက် ဖြစ်ပြီးခဲ့သမျှကို သင်ပုန်းချေရေး၊ တပ်မတော် အား မြန်မာနိုင်ငံရေးတွင် အချိန်ကာလတစ်ခုထိ ပါဝင်ခွင့်ပေးရေး တပ်မတော်၏ မြန်မာနိုင်ငံရေးတွင် အချိန် အတိုင်းအတာ တစ်ခုအထိ ပါဝင်ခွင့်ပေးရေးကိစ္စကိုမူ အမျိုးသားညီလာခံတွင် ဆက်လက်ဆွေးနွေးရန် စသည်ဖြင့်လည်း NLD က ပြန်လည်ဆွေးနွေးခဲ့ကြတယ်။သို့သေ
ာ်လည်း အမျိုးသားညီလာခံ ကျင်းပရန် ရက်ပိုင်းအလိုတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကိုခေါ်ယူပြီး ယခင် လမ်းညွန်ချက်များ အပေါ် ပြန်လည်ပြင်ဆင်ရန် ပြောကြားခဲ့ကြပါတယ်။ပြင်ဆင်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးကို လွှတ်မပေးနိုင်သေးကြောင်း၊ NLD က ဦးစွာ အမျိုးသားညီလာခံ ပြန်တက်ပေးရန်နှင့် အမျိုးသားညီလာခံတွင် NLD ၏ ဆွေးနွေးချက်အပေါ် မူတည်ပြီးမှသာ စေ့စပ်ညှိနှိုင်းရေး အဖွဲ့က တဆင့် ပြောကြားထားသည့် NLD ၏ တောင်းဆိုမှု များကို ပြန်လည် စဉ်စားပေးမည်ဟုသော ပြင်ဆင်ချက်ပင်ဖြစ်ပါတယ်။ပြင်ဆင်ညွှန်ကြားချက်ကို ဗိုလ်မှူးကြီး တင်လှိုင်၊ ဗိုလ်ချုပ် ကျော်ဝင်း၊ ဗိုလ်မှူးချုပ် သန်းထွန်းတို့မှ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်ပြောကြားရာ တွင် ဒေါ်အောင်ဆန်းစုကြည်မှ “ရှင်တို့ စစ်သားတွေ ယောင်္ကျားတွေဖြစ်နေပြီး ဂတိသစ္စာ မတည်တဲ့သူတွေ” ဟု မှတ်ချက်ပြုမှုကို ခံခဲ့ရ ပါတယ်။အခုလည်း ရွှေမန်းတို့ မျက်နှာချိုသွေးနေတာ အကောင်းမမှတ်ပါနှင့် သူတို့စစ်အုပ်စု ပိုင်ဆိုင်ထားတဲ့ ငွေကြေးတွေကို အရွှေ့အပြောင်းလုပ်နှိုင်ဘို့ ခုတုံးလုပ် နေတာ ဘဲဖြစ်ပါတယ်။

ပြောပြန်ရင်လဲလွန်ရာကျပါမယ်။ယနေ
့လွှတ်တော်မှာ တင်ပြနေတဲ့ အကြောင်းအရာတွေဟာ ပြည်သူလူထု အကျိုးစီးပွားအတွက် မဟုတ်ဘဲ စစ်အာဏာရှင်တွေရဲ့ အကျိုးစီးပွားကိုကာကွယ်နေသော အဆိုများကိုသာ ထောက်ခံနေကြပါတယ်။ ပြည်သူလူထု အကျိုး စီးပွား အတွက် တင်ပြချက်များကို အင်အားများရာနိုင်ကြေးဆိုသလိုစစ်ဗိုလ် တမတ်သားနဲ့ ရုပ်သေး ကြိုးဆွဲ အမတ်တွေက ကန်ကွက် နေကြပြီး အခုလွှတ်တော်မှာ သူတို့မပြီးဆုံးနိုင်သေးတဲ့ အချိန်တွေအတွက်သန်းရွှေနှင့် အငြိမ်းစားဗိုလ်ချုပ် တွေရဲ့အလုပ်သမားတွေ ထောက်ပံ့ဖို့ပြည်သူ့လွှတ်တော်ကြီးကကျပ်သန်3း50 ကျော်ဘတ်ဂျတ်ခွင့်ပြုမိန့်ချပေးလိုက်ပြီး ခံစားစေလိုက်ပါတယ်။ တိုင်းပြည်ကို ချောက်ထဲ မကျအောင်စွမ်းဆောင်ပေးခဲ့လို့ပါ(သူတို့အပြော)။ ပြည်သူတွေရဲ့ လက်တွေ့ခံစားမှုကတော့ တိုင်းပြည်ကိုချောက်ထဲကျ အောင် အားထုတ်လုပ်ဆောင်ခဲ့မှုအတွက် ဆက်ကြေးကခုထိပေးနေရတုန်းပါပဲ။

ဒေါ်အောင်ဆန်းစုကြည် နှင့် သူရဦးရွှေမန်း သတင်းသမားများနှင့် နေပြည်တော် ဇမ္ဗူသီရိခန်းမတွင် တွေ့ဆုံစဉ်မှာ “ကျမနဲ့ ယှဉ်ပြိုင်ဖို့ လွှတ်တော် ဥက္ကဌကြီးက ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတမှု ရှိအောင် ဆောင်ရွက်ပေးမယ်လို့ ယုံကြည်တယ်”လို့ ဒေါ်အောင်ဆန်းစုကြည်.ပြောတောာ့သူ
ရ ဦးရွှေမန်း က “အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါမယ်” ဆိုပြီး ။ -သတင်းသမားတွေရှေ့မှာတော့ ပြောသွားပြန်ပါပြီ။ ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရင်တောင် ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတ ရဲ့လုပ်ပိုင်ခွင့် အပြည့်အဝရရှိမှာ မဟုတ်ပါဘူး ။ မြန်မာနိုင်ငံသမိုင်းကြောင်းအစဉ်အဆက် နှစ်ပေါင်း ၅၀ လုံးလုံး စစ်အစိုးရဟာ ဘယ်သောအခါမျှ ပြည်သူလူထုအပေါ် မကောင်းခဲ့ပါ။ စစ်တပ် လူထွက်အစိုးရကို မယုံကြည်ကြပါဘူး။အခုလဲမယုံပါ။ နောင်လည်း ယုံကြည်လိမ့်မည်မဟုတ်ပါ။
ဘာ့ကြောင့်လဲဆိုတော့ ဦးနေဝင်းကို ပညာပေးခဲ့တဲ့ ဦးသန်းရွှေဟာ သူ့အလှည့်မှာလဲ ဒီလို ပုံတူမဖြစ်ရအောင် အစွမ်းကုန် ပြင်ဆင်ကာကွယ်ထားခဲ့တာပါ။ ဒါ့ကြောင့် သူစိတ်အချရဆုံးလူရဲ့လက်ထဲကို အရေးအကြီးဆုံးအာဏာအပ်နှင်းသွာြး
ပီး အဲ့ဒီတစ်ယောက်ကိုတောင် ရာနှုန်းပြည့်စိတ်မချလို့ ကာလုံကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် သူ့ကို ပြန်ပြီး ဒုက္ခပေးလို့မရအောင်ပေါ့။
(၁)ဦးသိန်းစိန်တစ်ဦးတည်းလက်ထဲ
သို့ အာဏာကို များစွာ မအပ်နှင်းထားခြင်း
(၂)အာဏာအဝန်းအဝိုင်းထဲမှာ အာဏာသည် Centralized ဖြစ်လွန်းမနေခြင်း
(၃)ဦးသိန်းစိန် အနေနှင့် စစ်တပ်ကို အပြည့်အ၀ ထိန်းချုပ်နိုင်မှု မရှိသေးခြင်း
(၄)စစ်ဘက်မှာ ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့စကားကိုသာ နားထောင်မည့်ပုံ ရှိနေခြင်း
(၅)ယခုဖြစ်ပေါ်နေသော ပြသနာအရပ်ရပ်တွေကို သွေးမြေမကျပဲ ငြိမ်းချမ်းစွာ ဖြေရှင်းနှိုင်မှူမရှိခြင်း
တို့ကိုကြည့်ခြင်းအားဖြင့် စစ်အုပ်စု လုံခြုံရေး နှင့် အကျိုးစီးပွားအတွက် အခုမြင်တွေ့နေရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ ရွေးကောက်ပွဲ (အတု)၊ အရပ်သား (အမည်ခံတဲ့) အစိုးရသစ်ဆိုတာတွေ ပေါ်လာခဲ့တယ်။ ဒီလို အတုအယောင် အပြောင်းအလဲတွေနဲ့ အသွင်ပြောင်းတဲ့ ဒီမိုကရေစီ ဖြစ်စဉ်တွေဟာ တရားဝင် အာဏာရှင်အစိုးရတွေ ပေါ်လာလေ့ရှိတတ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ အာဏာရှင်ဟာ နိဂုံးမချုပ်သွားသေးဘူး ဆိုတာကို ပြောခြင်တာပါပဲ။

ယခုမြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် -

(၁) တိုင်းရင်းသားများနှင့်လူမျိုးေ
ရးပြသနာ

(၂) စစ်ဗိုလ်ချုပ် မိသားစုများရဲ့ရာသက်ပန်အကျိုးစီ
းပွားအတွက် ဦးသူပိုင်စတမ်းဆိုပြီး တိုင်းပြည်၏စီးပွားရေးအသက်သွေးကြောတခုလုံးအား အာဏာဖြင့် လက်ဝါးကြီးအုပ်ခဲ့ တဲ့အရှုပ်အထွေးများ
(၃)စစ်တပ် ခရိုနီတွေရဲ့ လက်ဝါးကြီးအုပ် ပြီး တောင်သူလယ်သမားများဆီမှ လယ်ယာမြေများ သိမ်းဆည်းမှု
(၄)ဘာသာရေး လူမျိုးရေးပြဿနာ
အစရှိသဖြင့် နေရာအနှံ့ ပြဿနာတွေ ပွနေသည်သာမက နောင်လာလတ္တံ့သော ပြဿနာများကလည်း မနည်းပေါ်လာဦးမည် ပင်ဖြစ်ပါတယ်။

နောက်တချက်က တရားဥပဒေ စိုးမိုးမှုမရှိခြင်း ပါဘဲ လိမ်ညာလှည့်စားတာ၊ အပြောတမျိုး အလုပ်တမျိုး လုပ်တာ၊ကတိဖျက်တာ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို အကြောင်းရှာ အမှုဆင်ပြီးဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေကြောင့် ပြည်သူတွေလည်း ဆင်းရဲဒုက္ခရောက်ကုန်ကြရပါပြီ။ စစ်အစိုးရရဲ့ သတင်းမီဒီယာတွေနဲ့ သံအမတ်တွေကသူတို့အပေါ် နိုင်ငံတကာအမြင်ကို ပြောင်းလဲနိုင်အောင်ဆိုပြီး စစ်အစိုးရက သဘောထား ပြောင်းလဲ တော့ မယောင် သတင်းမှား တွေပေးပြီး အနောက်တိုင်းက ပညာရှင်တွေကို အမြဲတန်းလှည့်ဖျား အသုံးချခဲ့ကြပါတယ်။ ပြည်သူလူထုကိုလည်း ခြိမ်းခြောက် ထောက်ခံပွဲများပြုလုပ်ပြီး မြန်မာ့နိုင်ငံရေးမှာ အရပ်သားရဲ့ အခန်းကဏ္ဍ ပျောက်သွားစေရန် ၂၀၀၈ ဖွဲ့စည်းပုံအား မဖြစ်ဖြစ်အောင် ပုံဖေါ်ခဲ့ပြီးပါပြီ။ အဲဒီတုံးကတည်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အရပ်သားနိုင်ငံရေး ပျောက်သွားတော့ မကောင်းတော့ဘူးလား ဆိုတာ ပြန်ပြီး မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ ဒါကိုကြည့်ရင် သာမန်အရပ်သား ဒီမိုကရေစီနိုင်ငံရေးဆိုတာ ဝေးပါသေးတယ်။ ခြေတစ်လှမ်း လှမ်းဖို့နေနေသာသာ လှမ်းမယ့် ခြေထောက်တွေကို ရိုက်ချိုးထားပြီး ဖြစ်နေပါပြီ။

သူခိုးဆိုတာ လူသိ မှာကို ကြောက်ပါတယ်။ သူခိုးကို ကာကွယ်မယ့် လက်ကိုင် ပုဆိန်ရိုးတွေ ဖြစ်မလာဖို့ နောက်မျိုးဆက်များ အမြင်ကြည်အောင် အမြော်အမြင်ကြီးကြီးဖြင့် အာဏာရှင်တွေရဲ့ စရိုက်ကို သုံးသပ် နိုင်ကြပါစေ။

ဇော်ဝမ်းမောင်…..

 ၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
လှိုင်းကြက်ခွပ် 
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
မှုခင်းစုံစမ်းစစ်ဆေးခြင်း -

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

ကိုဖြိုးဝေအောင်ဆုံးပြီတဲ့ ။ အဲဒီသတင်းဆိုးကိုဖတ်မိလိုက်တာနဲ့ ကျနော်မျက်ရည်ကျတယ် ။ ဖြတ်သန်းခဲ့ပြီးတဲ့ တော်လှန်ရေးခရီး ၂၄နှစ်ကျော်ကာလအတွင်းမှာ ရဲဘော်ရဲဘက်တွေ သေဆုံး-ကျဆုံးကြတာ အကြိမ်ကြိမ်ကြုံဘူး ၊ ဒီ လိုပဲ မျက်ရည်အကြိမ်ကြိမ်ကျဘူးခဲ့ပြီဆိုပေမဲ့ စိတ်ခံစားမှုက မရင့်ကျက်နိုင်သေးဘူး ။ နာကျင်ကြေကွဲမှုတွေနဲ့ နာကျည်းဒေါသဖြစ်ရမှုတွေဟာ အချိန်ကာလကြောင့်အနည်ထိုင်မသွားပဲ ထပ်ထပ်ပဲတိုးလာနေရတယ် ။

တကယ်ဆိုရင် ပညာတတ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ ကိုဖြိုးဝေအောင်ရဲ့ ၃၃နှစ်ဆိုတဲ့ အသက်အရွယ်ဟာ လူ့ ဘဝမှာ အကျန်းမာဆုံး ၊ မိသားစုဘဝကို အတည်ဆောက်နိုင်ဆုံး ဖြစ်ရမဲ့ အရွယ်ကောင်းပါ ။ မိဘ ၊ သားသမီးနဲ့ဇနီး ၊ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ လူသားပီသစွာ ချမ်းမြေ့ပျော်ရွှင်နေနိုင်ရမဲ့ အရွယ်ကောင်းပါ ။ ခုလိုဝေဒနာဆိုးတွေခံ စားပြီး လူ့လောကကိုစွန့်ခွာသွားရမဲ့အချိန် မဟုတ်သေးပါဘူး ။ ခုတော့ သူ့အမေလည်း ငိုကြွေးနေရပြီ ။ သူ့ဇနီးလည်း ခိုကိုးရာမဲ့ပြီ ။ လူမမယ် သူ့သားနဲ့သမီးလေးနှစ်ယောက်လည်း အဖေခေါ်စရာမဲ့ခဲ့ရပြီ ။

ကိုဖြိုးဝေအောင်ကွယ်လွန်ခြင်းဟာ သာမန်သေဆုံးမှုမဟုတ်ဘူး ။ ဒီမိုကရေစီရေး ၊ လူ့အခွင့်အရေးနဲ့ ပြည်တွင်းငြိမ်း ချမ်းရေးတွေအတွက် စစ်အာဏာရှင်စနစ်ဆိုးတိုက်ဖျက်ရေးမှာ တစ်တပ်တစ်အားပါဝင်ရင်း တော်လှန်ရေးခရီးတစ်နေ ရာမှာ သူရဲကောင်းပီသစွာကျဆုံးခဲ့တာပဲဖြစ်တယ် ။

ဟုတ်တယ် ။ စစ်အာဏာရှင်တွေရဲ့စစ်ကြောရေးစခန်းက မတရားညှင်းပန်းနှိပ်စက်မှုမျိုးစုံတွေကြောင့်နဲ့ လူသားဖြစ် တည်မှုကိုတန်ဖိုးမထားတဲ့ အကျဉ်းထောင်ထဲကကျန်းမာရေးဥပေက္ခာပြုမှုတွေကြောင့် ကိုဖြိုးဝေအောင်ဟာ အချိန်မ တန်ခင်ကြွေလွင့်ခဲ့ရတာဖြစ်တယ် ။ ကိုဖြိုးဝေအောင်ကို စစ်အာဏာရှင်စနစ်က သတ်လိုက်တာပဲဖြစ်တယ် ။

ရန်ကုန်တိုင်းစစ်ဒေသမှုး ဗိုလ်မှုးကြီးအုန်းချို ၊ ဗိုလ်ကြီးသန့်စင်သိန်း ၊ ကြံ့ဖွတ်ဦးမောင်လေးတို့အပါအဝင် အာဏာပိုင် အသိုင်းအဝိုင်းတွေ သေဆုံးအထိအခိုက်များခဲ့တဲ့ ၂၀၁၀ခုနှစ် သင်္ကြန်မဏ္ဍပ်ဗုံးကွဲမှုမှာ ကိုယ်တိုင်ပါဝင်သူတစ်ယောက် ဖြစ်တယ်လို့ ၊ ရဲချုပ်ခင်ရီက သတင်းစာရှင်းပွဲမှာ ကမ္ဘာသိ တဘက်သတ်စွတ်စွဲပြောဆိုပြီး ခုခံချေပခွင့်မဲ့ မတရား သေဒါဏ်ချမှတ်ခံခဲ့ရတယ် ။ ထောင်ထဲမှာ တိုက်ပိတ်အကျဉ်းသားအဖြစ် တစ်ယောက်ထဲနေခဲ့ရတဲ့ ၂ နှစ်ကျော်ကာလ မှာ အသည်းရောဂါ ဖြစ်လာခဲ့တယ် ။ ထောင်ကို ဖိနှိပ်ရေးယန္တယားနဲ့ ၊ အနိုင်ကျင့်နှိပ်စက်ရေးဌာနအဖြစ်သာအသုံး ပြုတဲ့ စစ်အာဏာရှင်ခေတ်မှာ ထောင်ထဲမှာရောဂါဖြစ်ရင် ဘယ်အကျဉ်းသားမှ ဖြစ်လာတဲ့ရောဂါအတွက် လုံလောက် တဲ့ကျန်းမာရေးကုသမှု မရဘူး ။ အထူးသဖြင့် နိုင်ငံရေးသမားတွေကိုဆိုရင် နောင်ကျဉ်သွားအောင် ၊ မှတ်သွား အောင်ဆိုတာမျိုး ရည်ရွယ်ချက်ရှိရှိနဲ့ ဆေးကုသမှုမပေးပဲ ပစ်ထားတာမျိုးတွေ ပိုလုပ်တတ်တယ် ။ အဲဒီဒါဏ်ကို ကိုဖြိုးဝေအောင် အလူးအလဲခံခဲ့ရတယ် ။ သာမန် အသည်းရောဂါကနေ အသည်းကင်ဆာအဆင့်ဖြစ်လာခဲ့တယ် ။ နှိပ်စက်ခံထားရတာတွေ ၊ တိုက်ပိတ်ခံထားရတာတွေနဲ့ အသည်းကင်ဆာရောဂါတွေပေါင်းပြီး အောက်ပိုင်းသေဝေဒနာ သည်ဘဝကို ရောက်ခဲ့ရတယ် ။ ဆေးရုံတင်မကုရင် မဖြစ်တော့တဲ့အခြေအနေဆိုးကိုရောက်လို့ အင်းစိန်ဆေးရုံမှာ ဆေးကုသခွင့်ရပေမဲ့ အောက်ပိုင်းသေနေတဲ့လူတယောက်ရဲ့ခြေကို သံခြေကျင်းခတ်ပြီး ကုတင်တိုင်နဲ့သံကြိုးတွဲချည် နှောင်ထားတာမျိုး လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ခံခဲ့ရတယ် ။ မကျူးလွန်ခဲ့တဲ့အကြောင်းအရာအတွက် မတရား ချမှတ်ခံခဲ့ရတဲ့သေဒါဏ်အမိန့်ကို သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေးလိုက်တယ်ဆိုပေမဲ့ ၊ ကိုဖြိုးဝေအောင် ထောင်ကလွတ်မြောက်လာတဲ့အချိန်မှာ အသည်းကင်ဆာရောဂါက တားဆီးမရနိုင်တော့အောင်ကျွမ်းနေပြီဖြစ်တယ် ။ ဒါကြောင့် ကျွန်တော် ခိုင်ခိုင်မာမာပြောရဲတယ် ။ နာနာကျည်းကျည်းပြောမယ် ။ ကိုဖြိုးဝေအောင်ကို စစ်အာဏာရှင်တွေ သတ်တာ…။ ဒါ..အသေအချာပဲ ။

ကိုဖြိုးဝေအောင်ဟာ နိုင်ငံရေးနယ်ပယ်ထဲမှာ ထင်ရှားသူတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး ။ ဒါပေမဲ့သူဟာ စစ်အာ ဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတွေမှာ ပါဝင်ခဲ့တယ် ။ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်ပေမဲ့ ဗုဒ္ဓဘာသာဘုန်းကြီး တွေရဲ့ ရွှေဝါရောင်တော်လှန်ရေးကို ထောက်ခံအားပေးပြီး ကိုယ်တိုင်ပါဝင်ခဲ့တယ် ။ မတရားစွတ်စွဲပြီး အမှုဆင်ဖမ်းဆီး ခံရချိန်မှာလည်း ကြောက်ရွံ့မနေခဲ့ဘူး ။ စစ်အာဏာရှင်တွေရဲ့အနိုင်ကျင့်နှိပ်စက်မှုတွေကို ရဲရဲဝံ့ဝံ့ဖေါ်ထုတ်ပြောကြားခဲ့ တယ် ။ အာဏာပိုင်တွေအသင့်ရေးထားပေးတဲ့ ညွှန်ကြားချက်စာရွက်ကိုလာဖတ်ပြယုံပဲဆိုရင် ဘယ်လိုအမှန်တရား ဖြစ်မှာလည်းလို့ တရားသူကြီးတွေကိုပြန်ပြောလို့ တရားရုံးကိုမထေမဲ့မြင်ပြုမှုဆိုတာမျိုးအရေးယူခံခဲ့ရတယ် ။ ထောင် ထဲမှာ တိုက်ပိတ်ခံထားရပေမဲ့လည်း အာဏာပိုင်တွေရဲ့မတရားမှု ၊ အကျဉ်းသားတွေရဲ့လူ့အခွင့်အရေးချိုးဖေါက်ခံနေရ မှုတွေကို လေ့လာမှတ်သားပြီး တစ်ချိန်မှာစာတမ်းပြုစုမယ်ဆိုတာမျိုးထိ ရည်မှန်းထားခဲ့တယ် ။ အဲဒီအချက်တွေကို မစ္စတာကင်တားနားနဲ့တွေ့ခွင့်ရခဲ့တဲ့အချိန်မှာလည်း ဖေါ်ထုတ်ပြောပြခဲ့တယ် ။ သေဒါဏ်ကနေ လွတ်ငြိမ်းချမ်းသာ ခွင့်ရခဲ့ပေမဲ့လည်း မတရားအမှုဆင်ခံခဲ့ရတာဖြစ်တယ်ဆိုတာကို အယူခံတင်ဖို့နဲ့ သူုအဖမ်းခံရတာဟာ အာဏာ ရှင်စနစ်ဆိုးကြောင့်ဖြစ်တယ်ဆိုတာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ကြိုးစားခဲ့တယ် ။ ဆိုးရွားလွန်းနေတဲ့ ကျန်းမာရေး အခြေအနေကြောင့်သာ မလုပ်ဖြစ်ခဲ့တာဖြစ်ပါတယ် ။ အဲဒီတော့ မြင်တွေ့ခဲ့ရတဲ့သမိုင်းတွေအရ ကိုဖြိုးဝေအောင်ဟာ အညတရသူရဲကောင်းတစ်ယောက်ဖြစ်တယ်လို့ ကျွန်တော် ဂုဏ်ပြုသတ်မှတ်ပါတယ် ။

ဒီမိုကရေစီ တော်လှန်ရေးကြီးမှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ ၊ ပါဝင်ဆောင်ရွက်နေဆဲဖြစ်တဲ့ ၊ ရဲဘော်ရဲဘက်အားလုံး ကလည်း ကိုဖြိုးဝေအောင်ကို စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ အညတရသူရဲကောင်းတစ် ယောက်အဖြစ် အသိအမှတ်ပြုပေးကြဖို့ ၊ ပြည်တွင်းပြည်ပအင်အားစုအားလုံးအနေနဲ့ ကျန်ရစ်သူမိသားစုကို ကူညီပံပိုး အားပေးကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ် ။

ကိုဖြိုးဝေအောင်ဟာ သူ့အတွက်အမှန်တရားမရရှိခင် ၊ သူ့ပြည်သူတွေအတွက် အမှန်တရားမရရှိခင် ကျဆုံးခဲ့ရတာ ဖြစ်တယ် ။ ကိုဖြိုးဝေအောင်ကို သတင်းစာရှင်းပွဲကနေ မတရားစွတ်စွဲခဲ့တဲ့ ရဲချုပ်ဗိုလ်မှုးချုပ်ခင်ရီက စစ်တပ်ကနေရဲ ၊ ရဲကနေ ဝန်ကြီးဘဝပြောင်းနေတယ် ။ အဲဒီအချိန်မှာ အမိန့်တွေပေးခဲ့တဲ့ နအဖစစ်အာဏာရှင်တွေက စစ်ယူနီဖေါင်း တွေချွတ်ပြီး လွှတ်တော်ထဲမှာ နေရာအမျိုးမျိုးယူထားကြတယ် ။ စစ်အာဏာရှင်တွေရဲ့ လုပ်နည်းလုပ်ဟန်မပျက် မတရားဖမ်းဆီးထောင်ချမှုတွေ ၊ လက်ပန်းတောင်သံဃာတွေကို မီးလောင်ဗုံးပစ်နှိမ်နှင်းမှုမျိုး အကြမ်းဖက်အနိုင်ကျင့် မှုတွေ ၊ ကချင်တိုင်းရင်းသားတွေနဲ့ ပြည်တွင်းစစ်မှာ တိုက်လေယာဉ်တွေသုံးထိုးစစ်ဆင်တာမျိုးတွေ ကျူးလွန်နေကြ ဆဲပါပဲ ။ ဒါကြောင့် စစ်အာဏာရှင်စနစ်ရှိနေဆဲပဲဖြစ်တယ် ။ ကိုဖြိုးဝေအောင်လို မကြွေသင့်ပဲကြွေခဲ့ရတဲ့ ၊ စစ်အာဏာ ရှင်စနစ်ရဲ့ဒါဏ်ကိုခံကြရတဲ့သူတွေ ၊ ကိုဖြိုးဝေအောင်လို အညတရသူရဲကောင်းတွေ အများကြီးကြုံတွေ့ကြရဦးမှာ ဖြစ်တယ် ။ ဒီအတွက် အသက်မသေရှင်ကျန်ရစ်နေသေးတဲ့ ကျွန်တော်တို့တတွေအနေနဲ့လည်း စစ်အာဏာရှင်စနစ် တည်ရှိနေသေးသမျှ တစ်ထောင့်တစ်နေရာကနေ တပ်စွမ်းသမျှ တိုက်ပွဲဝင်နေကြရဦးမှာပဲဖြစ်တယ် ။

“ ငါတို့သည် တိုက်ပွဲဝင်ရဲဘော်များနှင့် ကျဆုံးခဲ့သောရဲဘော်များအပေါ် သစ္စာရှိပါမည်” ဆိုတဲ့ အဓိဌာန်ကို ခိုင်ခိုင်မာမာ ဆက်လက်ရွတ်ဆိုရင်း ကိုဖြိုးဝေအောင်ကို အလေးပြုဦးညွတ်လိုက်ပါတယ် ။ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲကာ လတစ်လျှောက် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် သေဆုံး-ကျဆုံးခဲ့ကြရသော တိုက်ပွဲဝင်သူရဲကောင်းအပေါင်းကိုလည်း ထပ်တူ အလေးပြုအပ်ပါတယ် ။

၀၀၀၀၀၀၀၀၀

 နိုင်ငံရေးဆိုရာဝယ်

၀၀၀၀၀၀၀၀၀

မရဏ (သို့ မဟုတ်) မချစ်သော်လည်း ပေါင်းရမဲ့နောက်ဆုံးအိမ်ထောင် - 

 ၀၀၀၀၀၀၀၀၀

ဂဠုန်စော 

  ၀၀၀၀၀၀၀၀၀

၆၅ နှစ်မြောက် အာဇာနည် နေ့  

000000000

ဘင်္ဂံလားဒေရှ်နိုင်ငံအခြေစိုက် အကြမ်းဖက်အဖွဲ့ အစည်းများ

၀၀၀၀၀၀၀၀၀

နိုဗဲလ်ဆုရှင် ဒို့ မိခင် 

၀၀၀၀၀၀၀၀၀

အီးဂဲလ် (သိမ်းနှက်/လင်းယုန်) ဘယ်လိုအစာရှာသလဲ?

၀၀၀၀၀၀၀၀၀

‘ကျရှုံးနိုင်ငံစာရင်း’ မြန်မာနိုင်ငံအဆင့် ၁၈ တွင်ရှိ - တဲ့ 

၀၀၀၀၀၀၀၀၀

Smuggling of Migrants အကြောင်း သိကောင်းစရာ(ကုတ်ပါ)

၀၀၀၀၀၀၀၀၀

 ဧရာဝတီ

၀၀၀၀၀၀၀၀၀

ဒီပဲရင်း သမိုင်းမှန် ပေါ်စေချင်သူ 

၀၀၀၀၀၀၀၀၀

ဗိဿနိုး 

000000000

သမတ အကြံပေးခေါင်းဆောင် ကိုကိုလှိုင် အကြောင်း 

၀၀၀၀၀၀၀၀၀

ကလိမ်စေ့ငြမ်းဆင် တပ်မတော်ရဲ့ တွက်ကွက် 

၀၀၀၀၀၀၀၀၀

တမ္မဒီပခေါ်ပုဂံ 

၀၀၀၀၀၀၀၀၀

ပြည်သူကိုဆော်ကားတဲ့ ဌေးဦး 

၀၀၀၀၀၀၀၀၀

သမိုင်းတကွေ့ မှ အငြိမ်းစားဗိုလ်ချုပ်ကြီး 

  ၀၀၀၀၀၀၀၀၀

မြန်မာနိုင်ငံသည် ကမ္ဘာထိပ်တန်းလက်နက်ဝယ်သည့်နိုင်ငံဖြစ်နေ 

000000000

လူတိုင်းရှောင်လို့ မရနိုင်တဲ့ နိုင်ငံ့အရေး 

၀၀၀၀၀၀၀၀၀

philadelphia စမ်းသပ်မှု အပိုင်း ၉ 

၀၀၀၀၀၀၀၀၀

ကောလဟာသ အပြင်းပြေ 

၀၀၀၀၀၀၀၀၀

ကျောင်းနံရံ ဒေါင်းအလံရောက်စေဖို့  ထောင်နံရံတွေမှာသွေးနဲ့ 

ရေး မှတ်တမ်း 

000000000

ပညာရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့နျရေး (ခင်မမမျိုး)

000000000

  ကျန်းမာရေး ပညာရေး နှင့် ဓနဥစ္စာ by Khin Ma Ma myo 

000000000

တမ္မဒီပ (ခေါ်) ပုဂံ 

၀၀၀၀၀၀၀၀၀

မြန်မာအစတကောင်းက (သမိုင်း-သုသေသန) 

000000000

ဖိုက်ဘာချိတ်ဆက်ခြင်း အခြေခံဗဟုသုတ - - - 

  ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ဝ

မုန်တိုင်းအလွန် - - - 

 ၀၀၀၀၀၀၀၀၀

အာစီယံနိုင်ငံတွေ ဘာကြောင့် လက်နက် နင်းကန် ၀ယ်နေသလဲ


လူဦးရေး ငါးသန်းသာသာရှိတဲ့ စင်္ကာပူကျွန်းနိုင်ငံလေးဟာ ဆိတ်ငြိမ်မှု၊ သန့်ရှင်းမှု၊ ဥပဒေလိုက်နာမှု၊ ပညာရေးကောင်းမှု၊ ရင်းနှီးမြှုပ်နှံမှု၊ ၀န်ဆောင်မှု၊ ဘဏ်လုပ်ငန်း၊ သင်္ဘောဆိပ်ကမ်း၊ ဂေါက်ကွင်း စတာတွေနဲ့ အာရှရဲ့ ကျားခြင်္သေ့ ဖြစ်တာမို့ အခြားနိုင်ငံတွေက လေးစားအားကျရစမြဲပါ။ ဒါပေမဲ့ ဒီရက်ပိုင်းတွေမှာတော့ စင်္ကာပူကိစ္စက ကမ္ဘာ့နိုင်ငံတွေကြား ဆူဆူညံညံ ဆွေးနွေးစရာ ဖြစ်လာပါတယ်။
ပြဿနာက လက်နက်တင်သွင်းမှုပါ။ မကြာခင်က ထုတ်ပြန်တဲ့ Stockholm International Peace Research Institute (SIPRI) ရဲ့ အစီရင်ခံစာအရ လက်နက်အများဆုံး ၀ယ်ယူတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့စာရင်းမှာ စင်္ကာပူ ပိစိကွေးက နံပါတ် (၅) ချိတ်နေပါတယ်။ သူ့ရှေ့မှာ အ၀ယ်များဆုံး လေးနိုင်ငံက တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ တောင်ကိုရီး ဟဲဗီးကြီးတွေ ဖြစ်ပါတယ်။
စင်္ကာပူရဲ့ လက်နက်အတွက် အသုံးစရိတ်က ကမ္ဘာ့နိုင်ငံအားလုံး လက်နက်ဝယ်ယူမှု အသုံးစရိတ်ရဲ့ ၄ ရာခိုင်နှုန်း ရှိပါတယ်။ ဒီနှစ် ကာကွယ်ရေး အသုံးစရိတ်က ၉.၇ ဘီလီယံ ဒေါ်လာ အထိရှိပြီး အမျိုးသားဘတ်ဂျက်ရဲ့ ၂၄ ရာခိုင်နှုန်း သုံးစွဲထားပါတယ်။ တိုင်းပြည်လူဦးရေနဲ့ တွက်ရင် တစ်ဦးချင်းအတွက် ကာကွယ်ရေးအသုံးစရိတ်က အမေရိကန်၊ အစ္စရေး၊ ကူဝိတ်တို့ထက် သာလွန် နေပါတယ်။ စင်္ကာပူလို ငြိမ်းချမ်းအေးဆေးတဲ့ နိုင်ငံက အဲဒီကိန်းဂဏန်းတွေနဲ့ လက်နက်ဝယ်နေတာ အံဩစရာကောင်းပါတယ်။
စင်္ကာပူလိုပဲ အရှေ့တောင်အာရှနိုင်ငံအားလုံးနီးပါးဟာ စစ်ရေး တည်ဆောက်မှု အပြိုင်လုပ်နေကြပြီး ကမ္ဘာမှာ ကာကွယ်ရေး အသုံးစရိတ် အများဆုံးနဲ့ အမြန်ဆုံး သုံးစွဲနေတဲ့ ဒေသကြီး ဖြစ်လာပါတယ်။ ၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ တိုင်းပြည်တွေရဲ့ ကာကွယ်ရေး အသုံးစရိတ်က ၂၄.၅ ရာခိုင်နှုန်းရှိပြီး၊ ကမ္ဘာ့နိုင်ငံအားလုံး အသုံးစရိတ်ရဲ့ ၁၃. ၅ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီနှုန်းဟာ ပုံမှန်တက်နေပြီး ၂၀၁၆ နှစ်ကျရင် အသုံးစရိတ် ၄၀ ဘီလီယံထိ ရှိမယ်လို့ SIPRI အဖွဲ့က ခန့်မှန်းပါတယ်။
၂၀၀၅ နဲ့ ၂၀၀၉ ခုနှစ်ကြား မလေးရှားရဲ့ လက်နက်ဝယ်ယူမှုက ယခင် ငါးနှစ်ကထက် ရှစ်ဆ ခုန်တက်သွားပါတယ်။ အဲဒီ ငါးနှစ်တာ ကာလအတွင်း အင်ဒိုနီးရှားရဲ့ လက်နက်အသုံးစရိတ်ကလည်း ၈၄ ရာခိုင်နှုန်း ကြီးထွားလာပါတယ်။
လန်ဒန်အခြေစိုက် think-tank အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Internatioanl Institute for Strategic Studies ရဲ့ ဖော်ပြချက်အရ ခေတ်သစ်သမိုင်းမှာ အာရှရဲ့ စစ်ရေးအသုံးစရိတ်ဟာ ဥရောပကို ကျော်လွန်သွားပြီလို့ ဆိုပါတယ်။ တရုတ်ဟာ ငါးနှစ်တိုင်းမှာ ကာကွယ်ရေး အသုံးစရိတ် နှစ်ဆခုန်တက်နေသလို၊ အိန္ဒိယကလည်း ဒီနှစ်မှာ စစ်လက်နက်အတွက် ဒေါ်လာ ၄၀ ဘီလီယံ ထိ အကုန်ခံခဲ့ပါတယ်။
မကြာခင်ကအထိတော့ အရှေ့တောင်အာရှနိုင်ငံတွေက သူတို့ ကာကွယ်ရေး အသုံးစရိတ် မြှင့်တင်သုံးစွဲရတာဟာ ပြည်တွင်း သောင်းကျန်းသူတွေကြောင့်လို့ အကြောင်းပြပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း အာစီယံနိုင်ငံတွေ အချင်းချင်း ပဋိပက္ခ ကြီးကြီး မရှိခဲ့ပါဘူး။ စင်္ကာပူက မြောက်ဘက်က မလေးရှားနဲ့ တောင်ဘက်က အင်ဒိုနီးရှားကို အမြဲစိုးရိမ်တတ်ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာတော့ ဘုရားကျောင်းလုရင်း ပစ်တာခတ်တာလောက်ပဲ ရှိခဲ့ပါတယ်။
တစ်ခုဖြစ်နိုင်တာက အာရှနိုင်ငံတွေဟာ စီးပွားရေးတိုးတက်လာတာနဲ့အမျှ သူတို့ရဲ့ သိမ်ငယ်စိတ်ကို လက်နက်တွေ ၀ယ်ယူပြီး အားတင်းချင်ဟန်ပါပဲ။ သူတို့ရဲ့ တိုက်လေယာဉ်တွေနဲ့ ရေယာဉ်တွေက ဒိတ်အောက်နေတာတွေမို့ စီးပွားရေးကောင်းပြီး ငွေယားလေး ရှိလာတာကြောင့် အသစ်လဲပစ်ချင်ကြပါတယ်။ ၁၉၉၇-၉၈ ခုနှစ် အာရှစီးပွားရေး အကျပ်အတည်းကာလမှာပဲ ကာကွယ်ရေး အသုံးစရိတ် လျော့ကျခဲ့ပြီး၊ နောက်ပိုင်း စီးပွားရေး ၆ ရာခိုင်နှုန်း ပုံမှန်တိုးတက်လာတာနဲ့ ခေတ်မှီလက်နက်တွေ အပြိုင် တည်ဆောက်ကြပါတယ်။
အာစီယံဒေသ အကြီးဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားကို ကြည့်ပါ။ ၂၀၀၄ ခုနှစ်မှာ ဆူနာမီကြောင့် ကမ်းခြေတွေနဲ့ ကျွန်းတွေ အတော်များများ ပျက်စီးခဲ့ပြီး၊ စစ်တပ်ရဲ့ အားနည်းညံ့ဖျင်းမှုတွေကြောင့် သိက္ခာကျစရာတွေ ဖြစ်ခဲ့ပါတယ်။ အမေရိကန်တပ်တွေနဲ့ ဩစတြေးလျတပ်တွေက ဆူနာမီဒဏ် အဆိုးဆုံးခံရတဲ့ အာချေးပြည်နယ်က ဒုက္ခရောက်နေသူတွေကို ကယ်တင်ဖို့ စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ အကူညီပေးခဲ့ရပါတယ်။ လက်ရှိ သမ္မတ ဆူတီလို ဘမ်ဘန် ယုဒ်ဟိုယိုနို က အဲဒီဖြစ်ရပ်ကို အရှက်ရစရာအဖြစ် မြင်ပါတယ်။
ဒါကြောင့် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ယုဒ်ဟိုယိုနိုက အခု စစ်တပ် ခေတ်မှီရေးကို ဦးစားပေး တည်ဆောက်လာပါတယ်။ လူဦးရေ သန်း ၂၄၀ ရှိတဲ့ အင်ဒိုနီးရှားဟာ ၂၀၀၆ ခုနှစ်မှာ ကာကွယ်ရေး အသုံးစရိတ် ၂.၆ ဘီလီယံ ဒေါ်လာ သုံးစွဲရာကနေ ဒီနှစ် ၈ ဘီလီယံ ဒေါ်လာ အထိ သုံးစွဲလာပါတယ်။ အမေရိကန်၊ ရုရှား၊ ဂျာမန်လုပ် စစ်လေယာဉ်တွေ၊ F-16 ဖိုက်တာဂျက်တွေ၊ ရေငုတ် သင်္ဘောတွေ မချိမဆန့် ၀ယ်ယူပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေ ကာကွယ်ရေးအသုံးစရိတ်မြင့်မားရတဲ့အကြောင်းတစ်ခုက နိုင်ငံရေးမှာ စစ်တပ်ရဲ့ ရှုပ်ရှုပ်ရှက်ရှက် ၀င်ရောက်ပတ်သက်မှုကြောင့်ပဲလို့ စင်္ကာပူအမျိုးသားတက္ကသိုလ်မှ ပါမောက္ခ Terence Lee က ပြောပါတယ်။ အရပ်ဖက် နိုင်ငံရေးသမားတွေက စစ်တပ်ကို ချော့ဖို့၊ စစ်တပ်ရဲ့ ထောက်ခံမှုရရှိဖို့ ကာကွယ်ရေးအသုံးစရိတ်ကို လိုက်လိုက်လျောလျော သုံးခွင့်ပေးရတာလို့ ဆိုပါတယ်။ ဥပမာကတော့ ထိုင်းနိုင်ငံ ပါပဲ။
စင်္ကာပူကတော့ အဲဒီပုံစံနဲ့ ခြားနားပါတယ်။ အာစီယံဒေသမှာ အဆင့်မြင့် နည်းပညာသုံး လက်နက်စက်ရုံ ကိုယ်ပိုင်ရှိတာ စင်္ကာပူ တစ်နိုင်ငံပဲ ရှိပါတယ်။ စင်္ကာပူက အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေကို လက်နက်ရောင်းချစားနေတာ ကြာလှပါပြီ။ ဘယ်လောက် အောင်မြင်သလဲဆိုရင် မကြာခင်က အနောက်နိုင်ငံစစ်တပ်တွေကတောင် စင်္ကာပူထုတ်တွေကို အော်ဒါမှာယူ လာပါတယ်။ အရှေ့တောင်အာရှမှာ အဆင့်မြင့်ဆုံး စင်္ကာပူ ST Engineering လက်နက်ကုမ္ပဏီက ဗြိတိသျှစစ်တပ်ကို အာဖဂန်နစ္စတန်မှာ အသုံးပြုဖို့ သံချပ်ကာကား အစီး ၁၀၀ ရောင်းချပေးခဲ့ပါတယ်။
ကာကွယ်ရေးအသုံးစရိတ်မြှင့်ကြတဲ့ အရေးကြီးဆုံးအချက်ကတော့ ပထ၀ီမဟာဗျူဟာအရေး စိုးရိမ်မှုပါ။ စင်္ကာပူအတွက် မာလကာ ရေလက်ကြားဟာ အသက်သွေးကြော ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း တရုတ်ရဲ့ ပင်လယ်ပြာစိုးမိုးရေး စီမံကိန်းက စင်္ကာပူအပါအ၀င် တောင်တရုတ်ပင်လယ်မှာ နယ်မြေအငြင်းပွားနေတဲ့ နိုင်ငံတိုင်းအတွက် စိုးရိမ်စရာဖြစ်စေခဲ့ပါတယ်။
တရုတ်ရဲ့ နယ်မြေရန်စမှုကြောင့် ဗီယက်နမ်ရဲ့ ကာကွယ်ရေး အသုံးစရိတ် ခုန်တက်သွားရပါတယ်။ ဗီယက်နက်ဟာ ရုရှားထံက အဆင့်မြင့် ရေငုတ်သင်္ဘော အများအပြား ၀ယ်ယူခဲ့ပါတယ်။ တရုတ်ကြောင့်ပဲ ဖိလစ်ပိုင်ရဲ့ ကာကွယ်ရေး အသုံးစရိတ်လည်း မနှစ်က နှစ်ဆတိုးပြီး ၂.၄ ဘီလီယံဒေါ်လာထိ ရှိခဲ့ပါတယ်။
ဝင့်ထန်း
ရည်ညွှန်း။ The Strait Times & The Economist

ကာလဝိဘက် ဂုဏ်ပုဒ်တက် 

000000000

EU ရဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပုံ - - - 

၀၀၀၀၀၀၀၀၀

ငဘက်ကြီးအောင်သောင်းအကြောင်းတစေ့တ

စောင်း 

၀၀၀၀၀၀၀၀၀

မာန် နှင့် ဇွဲ 

ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ 

သုံးသပ်သင့်သော ဆောင်းပါးတပုဒ် 

ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ဝ

PHILADEPHI စမ်းသပ်ချက် (အပိုင်း ၄) 

 ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ ဝ

သူခိုးကြီးအောင်သောင်းအကြောင်း 

ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ 

ဝါးလုံးချေးသုပ်မရမ်းနဲ့  - - - 

ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ၀ 

ဒေါ်ခင်မမမျိုးရဲ့အမြင် - - - 

0 0 0 0 0 0 0 0 0  

ဦးမိုးသီးဇွန် ဘာလုပ်မလဲ ? 

 0 0 0 0 0 0 0 0 0

ထောက်လှန်းရေးပါဆို - လုပ်တတ်တာပေါ့ - - - 

ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ဝ

စပါးခွံ ဒီမိုဧချင်း 

ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ဝ

ကြွေး 

ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ဝ

သမိုင်းတခေတ် အကောင်းအမှန်ပြောင်းရန် - - - - 

ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ဝ

တကယ်ရိုးသားရင် ဒီကိစ္စဖြစ်စရာမလို - - -

0 0 0 0 0 0 0 0 0

၆၂ စစ်အာဏာသိမ်း ရွှေရတုနှင့် ဗကပ အမြင်

(ကုတ်ပါ)

၀၀၀၀၀၀၀၀၀

လူကိုခွေးမကိုက်မိစေဖို့  - - - 

ooooooooo

သတိပြုကြပါ 

၀၀၀၀၀၀၀၀၀

လူယုတ်မာရဲ့ စီစဉ်မှု 

၀၀၀၀၀၀၀၀၀

လိမ်တဲ့မိဘ နဲ့ သူ့ သားသမ္မီး 

ဝ ၀ ၀ ၀ ၀ ၀ ၀ ၀ ဝ

ငမိုက်သား ကိုယ်ကျိုးသမားတို့ လုပ်ခဲ့သမျှ - - - - 

000000000

သူတို့ ရဲ့ တွက်ချက်

000000000

အကြွေစေ့နှစ်စေ့ရဲ့ ပုံပြင် (ဘရာဇီးသမိုင်းမှာ ပထမဦးဆုံး အလုပ်သမားကနေ သမ္မတဖြစ်လာသူ)ကုတ်ပါ

000000000000000000000

ချိုးကူသံလေးကြားရဖို့  

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု)

ဒီမှာ ကုတ်ပါ

ထထထထထထထထထထထထထထထ

ကမ္ဘာကြီး နေကောင်းရဲ့လား - - - 

ထထထထထထထထထထထထထ

ဗမာဘာလဲ မြန်မာဘယ်လဲ -- - 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆည်းပူးလေ့လာ၊ နိုင်ငံရေးပညာ (အခန်း ၁၊ အပိုင်း ၂) 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

နိုင်ငံရေးအကျဉ်းသားများ မိသားစု ကူညီစောင့်ရှောက်ကွန်ယက် မှ ထုပ်ပြန်ကြေညာချက် 

 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကာလဝိဘက် နောက်ပိုးတက်ဖို့ စောင့်နေတယ် - - - 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အနာဂတ်ရင်သွေးများနှင့် ပညာရေး (ကုတ်ပါ)

x x x x x x x x x x x x x x x x x x x x x x x x x

27 Nov 2009


Sharing: ရှေးကထင်ရှားတဲ့ ဘုရင်တွေလို ဖြစ်ချင်တာပေါ့

ဗြိတိန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Christian Solidarity Worldwide (CSW) ၏ ဒုတိယ ဥက္ကဌ Benedict Rogers ပြုစုရေးသားသော မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အတ္ထုပ္ပတ္တိ အကြောင်း Than Shwe: Unmasking Burma's Tyrant အမည်ရှိ စာအုပ်နှင့်ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ဇာနည်မာန်က Benedict Rogers အား ဆက်သွယ်မေးမြန်းထားသည်များကို တစ်ဆင့် ပြန်လည်မျှဝေလိုက်ပါတယ်။

မေး။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အတ္ထုပ္ပတ္တိ အကြောင်းကို ရေးဖြစ်တဲ့ အကြောင်းလေး သိပါရစေ။

ဖြေ။ ။ US Campaign for Burma က Jeremy Woodrum နဲ့အတူ ရေးတာပါ။ ကမ္ဘာတ၀န်းက အခြားသော အာဏာရှင် တွေဖြစ်တဲ့ ကင်မ်ဂျုံအီးလ်၊ ဆာဒန် ဟူစိန်၊ မူဂါဘီ စတဲ့သူတွေရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ တွေက ရှိပေမယ့် မြန်မာပြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်းကကျတော့ မရှိသေးတာနဲ့ ကျနော်တို့ နှစ်ယောက်က အဲ့ဒါကို ရေးဖို့ စိတ်ကူးရမိတာပါ။ အာဏာရှင်တွေရဲ့အကြောင်းကို ဖော်ပြတာဟာလည်း အဲ့ဒီသူတို့ အုပ်ချုပ်နေတဲ့ တိုင်းပြည်မှာ ဘယ် လိုတွေဖြစ်နေတယ် ဆိုတာကို ပြောပြတဲ့ နည်းလမ်းကောင်းတခုပဲလို့လည်း မြင်တယ်လေ။ အဲ့ဒါကြောင့် ကျနော်တို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အကြောင်းကိုတော့ဖြင့် ကမ္ဘာကို သိစေချင်တယ်၊ နောက်ပြီးတော့ သူအုပ်ချုပ်နေတဲ့ မြန်မာပြည်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကိုလည်း သိစေချင်တယ်လေ။

မေး။ ။ စာနယ်ဇင်း လွတ်လပ်ခွင့် မရှိတဲ့ အခြေအနေမှာ သူ့အကြောင်းကို ရေးတာဆိုတော့ အချက်အလက်တွေ ဘယ်လို ရယူ စုဆောင်းခဲ့ပါသလဲ။

ဖြေ။ ။ အခက်အခဲတွေတော့ တော်တော်များများတွေ့ရပါတယ်။ ပထမဆုံးကတော့ သူ့အကြောင်း တိကျတဲ့ အချက် အလက်တွေ စုစည်းတဲ့အခါမှာပေါ့။ သူနဲ့တိုက်ရိုက်ထိတွေ့ခွင့် မရနိုင်တဲ့အပြင် သူနဲ့ နီးစပ်တဲ့သူတွေနဲ့တောင် မေးမြန်း ထိတွေ့ဖို့ဆိုတာက ကျနော်တို့အဖို့ အတော်လေးကို ခဲယဉ်းပါတယ်။ နောက်တခုကတော့ ကျနော်ရော Jeremy ပါ မြန်မာလို မပြောတတ်တော့ မြန်မာလို ရေးထားတဲ့ ရှိနေတဲ့ အကြောင်းချက်လက်တွေကို လေ့လာဖို့မှာ အတော်အခက်ခဲ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ဗိုလ်ချုပ်သန်းရွှေအကြောင်းကို သိတဲ့သူပေါ့၊ သူနဲ့ ဆက်ဆံမှုရှိခဲ့ဖူးတဲ့၊ စစ်တပ်ကနေ ထွက်လာတဲ့ လူတယောက်ဆီကနေ အချက်အလက်တချို့ ရခဲ့ပါတယ်။ နောက်ပြီးတော့ သူနဲ့ ထိတွေ့ ဆက်ဆံဖူးတဲ့ သံတမန်တွေဆီကနေလည်း အချက်တချို့ရခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တိုက်ရိုကကြီးတော့ မထိတွေ့ရပေမယ့်၊ အခက်အခဲတွေရှိပေမယ့် ဒီလို သွယ်ဝိုက်တဲ့နည်းတွေနဲ့ လိုအပ်တဲ့ အချက်အလက်တွေ အတော် စုဆောင်းရခဲ့ပါတယ်။

မေး။ ။ အခုလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်းရေးတော့ အဲ့ဒီ စာအုပ်ဟာ မြန်မာ့အရေးကို ဘယ်လိုများ အထောက် အကူပြုမလဲ။

ဖြေ။ ။ အများကြီး အထောက်အကူဖြစ်လိမ့်မယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။ ဒီစာအုပ်ရဲ့ရည်ရွယ်ချက်ကတော့ လက်ရှိမြန်မာကို အုပ်ချုပ်နေသူတွေရဲ့ သဘောသဘာဝကို မီးမောင်းထိုးဖော်ပြပြီး အခုဖြစ်နေတဲ့ အခြေအနေကို ပြောပြတာပါပဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဘယ်လိုလူစားမျိုးဖြစ်တယ်၊ သူ့နဲ့အတူ စစ်ခေါင်းဆောင်တွေဟာ ဘယ်လိုပုံမျိုး တိုင်းပြည်ကို အုပ်ချုပ်တယ်ဆိုတာကို ပေါ်လွင်သွားပြီး ကမ္ဘာမှာ နိုင်ငံတကာမှာ သူ့အကြောင်းကို သိပြီး သတိချပ်စရာတွေ တွေ့လာမယ်။ ဒီလိုဆိုရင် ဒါဟာ မြန်မာ့ဒီမိုကရေစီရေးအပေါ် တနည်းတဖုံ အထောက်အကူဖြစ်ပါလိမ့်မယ်။

မေး။ ။ သူ့အကြောင်းကို အခုလိုရေးတဲ့အခါ ခင်များတွေ့လိုက်ရတဲ့ သူဟာ ဘယ်လိုလူစားမျိုးလို့ ပြောနိုင်မလဲ။

ဖြေ။ ။ ကျနော့်အမြင်ကတော့ သူဟာ သူများတွေထင်တာထက် အတော်လေးကို ဉာဏ်ထက်တဲ့သူပါပဲ။ သူဟာ အခုလို နေရာ၊ အထက်ကိုရောက်လာခဲ့တာကိုကြည့်ရင် သူဟာ အရည်အချင်းရှိတဲ့သူတယောက်လို့လည်း ပြောလို့ရပါတယ်။ စစ်တပ်ထဲမှာ သူ့လူတွေကို စီမံခန့်ခွဲတာ၊ နေရာချထားတာ၊ အာဏာခွဲဝေပေးတာတွေ၊ နောက်ပြီးတော့ သူ့ပြိုင်ဘက်၊ သူ့ကို အတိုက်အခံလုပ်တဲ့သူတွေအပေါ် တုံ့ပြန်တာ ဆက်ဆံတာတွေကိုကြည့်ရင်လည်း သူဟာ အတော်ကို အတွေ့အကြုံ ရင့်ကျက်ပြီး နည်းဗျူဟာ၊ ပရိယာယ်ဆင်တာတွေမှာ ကျွမ်းကျင်တာကိုတွေ့ရတယ်။ နောက်ပြီးတော့ စိတ်ဓာတ်ရေးရာ အပိုင်း၊ စိတ်ဓာတ်စစ်ဆင်ရေးမှာလည်းပဲ သူဟာ သေချာလေ့ကျင့်ထားခြင်းခံရသူတယောက်ဖြစ်တယ်။

အဲဒီစိတ်ဓာတ်ပိုင်းကိုလည်း သူက သေချာအသုံးချတာကို တွေ့ရတယ်။ ရှင်းလင်းမြင်သာတာကတော့ သူဟာ တချို့သော နေရာတွေမှာ ငြီးငွေ့စိတ်ကုန်စရာကောင်းတဲ့ သူတယောက်ပေါ့ဗျာ။ ဒါပေမယ့် သူ့ရဲ့ အဲ့ဒီလိုပုံစံဟာ တဘက်မှာလည်း သူဟာ လျို့ဝှက်တဲ့ သူတယောက်ဖြစ်စေတယ်ဗျ။ သူဟာ အခုလို နေရာ မရောက်လာခင်အထိ သူ့မှာ ဘယ်လိုအရည်အချင်း တွေရှိတယ်၊ ဘယ်လိုရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာမျိုးကို မဖော်ပြဘဲထားတတ်တာက သူအခုလို အောင်မြင်တဲ့သူ တယောက် ဖြစ်လာစေတဲ့ လျို့ဝှက်ချက်လို့ ပြောရမယ်ပေါ့ဗျာ။ သူ့အထက်က လူကြီးတွေက သူ့ကို သတိထားမိတာမျိုး၊ အထက်ကလူတွေအပေါ် အန္တရာယ်ရှိမယ့်ပုံမျိုး မပေါက်တော့ သူဟာ နေရာတွေရလာပြီး အထက်ပိုင်းကို ရောက်လာ တာပေါ့ဗျာ။

သူနဲ့နီးစပ်တဲ့ သူတော်တော်များများရဲ့ ပြောပြချက်အရ ဟိုးအရင်တုန်းကတော့ သူဟာ တကယ့်ကိုသာမန်နေထိုင်မှု စရိုက်နဲ့ပဲ ရှိခဲ့တယ်။ အခုလိုမျိုး အာဏာတပ်မက်မှုကြောင့် စာရိတ္တခြစားတဲ့ သူမဟုတ်ဘူးပေါ့။ ကျနော့်အမြင်ကတော့ အခုအချိန်မှာတော့ သူဟာ ရထားတဲ့ အာဏာကို တည်မြဲဖို့၊ သူ့မိသားစု၊ သူ့ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ပဲ လုပ်နေတဲ့သူ တယောက်ပေါ့။ နောက်တခုကလည်း ရှေးက ထင်ရှားခဲ့တဲ့ ဘုရင်တွေလို ဖြစ်ချင်တာပေါ့။ ဒါကြောင့်လည်း နေပြည်တော် ဆိုပြီးလုပ်တယ်။ ထင်ရှားတဲ့ ဘုရင်သုံးပါးရဲ့ ရုပ်တုကြီးတွေလုပ်ထားတယ်။ သူ့ရဲ့အနေအထားကတော့ စိတ်ဝင်စားစရာ ရောထွေးနေတာပေါ့လေ။ တဘက်မှာ ငြီးငွေ့ စိတ်ကုန်စရာကောင်းသလို တဘက်မှာကျတော့လည်း ရှေးဘုရင်စနစ်တွေ၊ ဗေဒင်လက္ခဏာတွေရဲ့စိတ်ဓာတ်ရေးရာအရ လွှမ်းမိုးမှုတွေ ရှိနေတာပေါ့လေ။

မေး။ ။ ဒီစာအုပ်ရေးရင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်း အချက်အလက်တွေစုဆောင်းရင်း တွေ့ကြုံရတဲ့ အမှတ်တရလေးတွေ ရှိရင် ပြောပြပေးပါလား။

ဖြေ။ ။ ရှိတယ်ဗျ။ ရယ်စရာလို့ပဲ ပြောရမလားတော့ မသိဘူးပေါ့။ ကျနော်တို့ သူ့အကြောင်း စုဆောင်းတုန်းမှာ သိရတာ တခုပေါ့ဗျာ။ ကျနော့်ကို တယောက်က ပြောပြတာပေါ့ဗျာ။ တနေ့ သူတို့ မိသားစု ဈေးဝယ်သွားတဲ့ အခါမှာ စတိုးဆိုင်တခု မှာ မီးစက်တခုကို သွားတွေ့တယ်ပေါ့။ အဲ့ဒီမီးစက်ကို သူက သဘောကျတော့ သူ့အိမ်ကို ပို့ခိုင်းတယ်ဆိုတာမျိုးပေါ့ဗျာ။ ကျနော့်အတွက်ကတော့ ဒီလုပ်ရပ်ဟာ အတော်လေးကို အဓိပ္ပာယ်မရှိဘူးပေါ့ဗျာ။ သူ့အနေနဲ့ ဒီမီးစက်ကို အလွယ်တကူ ၀ယ်လို့ရတယ် မဟုတ်လား။ သနားစရာ ဆိုင်ရှင်ကတော့ သူ့မီးစက်လေး ဆုံးရှုံးသွားရတာပေါ့ဗျာ။ အဲ့ဒီလိုမျိုး ဇာတ်လမ်းလေးတွေ အများကြီးဗျ။ နောက်တခုက သူမေမြို့မှာ ရှိနေတုန်းက သူစားချင်တဲ့ ကိတ်မုန့်ပေါ့ဗျာ။ အဲ့ဒါကို ညကြီး သူ့လူ တွေကို လိုက်ရှာခိုင်းတာမှာ မေမြို့မှာ သူ့လူတွေက ရှာမတွေ့ဘူးဗျ။ အဲ့ဒါနဲ့ မန္တလေးကိုဆင်းပြီး ဆိုင်ရှင်ကိုနှိုးပြီးတော့ အဲ့ဒီကိတ်ကို ချက်ခြင်းလုပ်ခိုင်း၊ ပြီးတော့ ညတွင်းချင်းကြီး မေမြို့ကို ပြန်သယ်သွားရတယ်ဆိုတာမျိုးလေးတွေပေါ့။ ဒါက ကျနော်တို့အတွက်က ရယ်စရာလေးဖြစ်နေတာပေါ့ဗျာ။

မေး။ ။ ဒီစာအုပ် ဘယ်တော့လောက် ထွက်မှာပါလဲ။

ဖြေ။ ။ အခုဆို ဒီစာအုပ်က ပုံနှိပ်နေတဲ့ အဆင့်ကို ရောက်သွားပါပြီ။ ဘယ်အချိန်လောက် ထုတ်မယ်ဆိုတာကတော့ ထုတ်ဝေသူပေါ်မူတည်တာပေါ့။ ၂၀၁၀ နှစ်ဦးပိုင်းလောက်တော့ ထွက်လာမယ်လို့ မျှော်လင့်ထားတယ်။ ကျနော်တို့ကတော့ ဒီစာအုပ်ကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ထုတ်ဖို့ပေါ့။ ၂၀၁၀ ရွေးကောက်ပွဲပြီးသွားရင် သူဟာ ဘယ်လိုအခြေအနေ ဖြစ်သွားမယ်ဆိုတာ မသိနိုင်ဘူးလေ။ တခုခုပြောင်းလဲသွားရင် လူတွေစိတ်ဝင်စားမှု နည်းသွားမယ်ပေါ့။ မဟုတ်ဘူးလား။ ကျနော်ကတော့ တတ်နိုင်သမျှ အမြန်ဆုံး ထွက်စေချင်ပြီ။

... ??? ...

ဒီအင်တာဗျူးမေးမြန်းချက်တွေကို ဖတ်ပြီးမှာတော့ ကျွန်တော့်စိတ်ထဲမှာဖြစ်နေတာက ... ဗိုလ်ချုပ်မှုးကြီး သန်းရွှေဟာ ရှေးကဘုရင်တွေလို ဖြစ်ချင်သလို အခုခေတ်လူတွေလည်း နိုင်ငံရေးနှင့်ပက်သက်ပြီး စီးပွားရေး အမြတ်ထုတ်မှု ကင်းရှင်းကြပါစေလို့ ဆုတောင်းနေမိပါတော့တယ်။

 

x x x x x x x x x x x x x x x x x x x x x x x x x x x x x x

စုန်းကိုက်ခံရတဲ့သစ်သီး (တာရာမင်းဝေ)

ကျွန်တော်သည် ဘာမှမရှိသောအိုးတစ်လုံးဖြစ်ချင်ပါသည်။ အထဲမှာ ဘာမှမထည့်ထားချင်ပါ။ထိုသို့ဖြင့် အများကြီးရှိနေချင်ပါတော့သည်။

ကျွန်တော်သည် ရေလို စီးခဲ့ပါသည်။ အကွေ့အကောက်များစွာဖြတ်သန်းခဲ့ပါသည်။ သို့သော်လည်း..........
ကျွန်တော့်ကျောပေါ်တွင် အမှိုက်သရိုက်တချို့ လည်း.... ပါလာနိုင်ပါသည်။

ခွက်လွတ်တစ်လုံး ကို ကျွန်တော် ကြည့်သည်။အထဲမှာဘာမှ မရှိသောကြောင့် သူခွက်လွတ် ဖြစ်နေသည်။
ထိုဘာမှမရှိသောနေရာကပင်အသုံးဝင်လှသည်။ကျွန်တော်လည်း"ဘာမှမရှိသောနေရာ"ဖြစ်သည်


ဘယ်ခွက်ထဲသို့ဝင်ရမည်နည်း။

ကျွန်တော်ဘာကိုမှ ဆုပ်ကိုင်မထားပါ။လက်ချောင်းတွေ ဒီအတိုင်းရှိပါသည်။ လက်ချောင်းအချင်းချင်း လည်းဆုပ်
ကိုင်မထားပါ။ လက်ချောင်းတွေဒီအတိုင်းရှိနေပါသည်။

ကျွန်တော်သည် ပညာရှင်ကြီးမဖြစ် ချင်ပါ။ အလွမ်းတွေထဲမှာ ပညာနှင့် ယှဉ်၍ဖြစ်ပေါ်လာ သော အလွမ်းသည်
အဆိုးဝါးဆုံး ဖြစ်ပါသည်။

ခြေဖျားထောက် ပြီးကျွန်တော် လမ်းလျှောက်ဖူးပါ သည်။ သတိနှင့် ထိန်း လျှောက်ခြင်းဖြစ်၍ မလဲပါ။ သို့သော်
သတိထားရခြင်းက ပင်ပန်းပါသည်။ထိန်း လျှောက်ရခြင်း ကြောင့်လည်း ညောင်းပါသည်။

ကျွန်တော် တိုးတိုးလေးနေချင်ပါသည်။ ကျယ်လောင်မှုကို မနှစ်သက်ပါ။ "တိုးတိုး" လေး "အော်" တတ် သူများ
ကိုလည်းတွေ့ဖူးပါသည်။သူတို့ ကို လဲ မနှစ်သက်ပါ။

အချို့လူများ သည် ကြိုးနှင့်ချည်နှောင်တတ်၏။ အချို့သူများက ကြိုးမပါဘဲ ချည်နှောင်တတ်သည်။
ကျွန်တောခံခဲ့ရဖူးသည်။

လိုအပ်လျှင်တော့ တိုက်ပွဲဝင်မည်။ သို့သော် မလိုအပ်အောင်ကြိုးစားမည်။

ကျွန်တော် သည် ကျောက်စိမ်း လို တစ်ချွင်ချွင်မြည် သူမဟုတ်။ ကျောက်ခဲလို တစ်ဝှီးဝှီး လှိမ့် ချင်သည်။
လမ်းဖယ်ပေးကြစေလိုသည်။

ကျွန်တော်မက်ခဲ့ဖူးသော အိမ်မက် တို့ များလှပြီ။ လူငယ်တစ်ယောက်အတွက် လုံလောက်ပါပြီ။ တော်ပါပြီ။
ကျွန်တော်ပြော သော်လည်း သူတို့မကြားကြ။ အိမ်မက်များစွာ လာမြဲလာသည်။

လိုချင်သောအခါ ကောက်ယူရ၏။ မလိုချင်တော့သောအခါ ပြန် လွှင့်ပစ်ရ၏။ အစကတည်းက မယူခဲ့လျှင်
အကောင်းသား။ ခုတော့ "အား" နှစ်ခါကုန်ရသည်။

ကျွန်တော့်ကို ဘယ်သူချည်နှေင်ခဲ့ သည် မသိ။ ဘယ် တုန်းက ချည်နှောင်ခဲ့ သည် မသိ။ ကျွန်တော့်မှာ ဖြည်လိုက် ရတာ။

အောင်မြင်ကြပါစေ။ သို့သော် အောင်မြင် ခြင်း သည် ငြိမ်းချမ်းခြင်း မဟုတ်။ ခွင့်လွှတ် ခြင်းကသာ ငြိမ်းချမ်းခြင်း
ဖြစ်သည်။ အဖော်မပါလည်း တစ် ယောက်ထဲရပ်တည်မည်။ ခွင့်လွှတ်ခြင်း ဖြင့် ငြိမ်းချမ်းမည်။

သူဋ္ဌေးကြီး လက် ထဲမှပြား စေ့သည်လည်း သူတောင်းစား လက်ထဲမှ ပြားစေ့ နှင် တန်ဖိုးညီသည်။

ဘ၀မှာ လေပြေ ကိုချည်း မျှော်လင့်စရာမလို ။ မုန်တိုင်းမှာလဲ အောက်ဆီဂျင်ပါလေသည်။

နိုးနိုးကြားကြားတော့ မအိပ်ချင်ပါ။ အိပ်မည့်အိပ်ပျော်အောင်ပဲအိပ် ပါ တော့မည်။

(တာရာမင်းဝေ)

 

ထထထထထထထထထထထထထထထထထ

ရလျှင်ရ မရလျှင်ချ


“မကွေး ပြည်သူ့ရဲဘော်ကတော့ တောင့်တင်းပါတယ်။ သေချာလည်း စည်းရုံးထားတယ်။ နောက်ပြီး ရွာတိုင်း၊ ရွာတိုင်းမှာလည်း ပြောက်ကျားတပ်ဖွဲ့တွေ တပ်စိတ်လိုက် ဖွဲ့စည်းထားပြီးပြီ။ လက်နက်တော့ မရှိကြသေးဘူးပေါ့။ လက်နက်မရှိပေမယ့် စိတ်ဓာတ်ကတော့ ရာခိုင်နှုန်းအပြည့်ပဲ” ဟု ဗိုလ်တင်ဦး(မကွေး)က တိုးတိုး၊ တိုးတိုးနှင့် ပြောပြနေသောစကားကို ကျနော်သည် တဲထရံကို မှီပြီး၊ ဒူးတဖက်ထောင်၊ လက်မောင်းအပေါ် မေးတင်ကာ သူ၏ မသဲမကွဲ မျက်နှာကို ကြည့်ပြီး နားထောင်နေ၏။

U_Lun_Tin
ဦးလွန်းတင် (ဓာတ်ပုံ - NLD)
၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလအတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့တို့ မြန်မာပြည် လွတ်လပ်ရေး အရေးဆိုရန်အတွက် ဘိလပ်သို့ ထွက်ခွာသွားနေသောအချိန် ဖြစ်ပါသည်။

ခေါင်းဆောင်က သွားရောက် တောင်းဆိုနေစဉ်၊ ကျန်နေသော တိုင်းသူပြည်သားများက “ရလျှင်ရ၊ မရလျှင်ချ” ဟူသောဆောင်ပုဒ်နှင့်  အခြေအနေဆိုးကိုရင်ဆိုင်ရေးအတွက် ပြင်ဆင်မှုပြုနေသော ကာလလည်း ဖြစ်ပါသည်။

ဤသို့တိုက်ခိုက်ရေးအတွက် ပြင်ဆင်ကြရာဝယ် ‘ဖဆပလ’၏ လက်ရုံးတပ်၊ ဗိုလ်ချုပ်အောင်ဆန်းကို အကြွင်းမဲ့ ထောက်ခံ ကြည်ညိုကြသော ပြည်သူ့ရဲဘော် တပ်ဖွဲ့သည် အတက်ကြွဆုံးနှင့် အလှုပ်ရှားဆုံးလည်း ဖြစ်နေ၏။ ခွဲထွက်သွားသော  ကွန်မြူနစ် လက်အောက်ခံ တပ်နီတို့မှာမူ ပါတီသြဇာခံသက်သက် ဖြစ်သွားပြီး၊ ပါတီအရေး အတွက်သာ စိတ်ဝင်စားနေကြ၏။

ဘ၀ခြားသွားသော ဘားမားအာမီ (Burma Army) သို့ ရောက်သွားသည့် ရဲဘော်အပေါင်းတို့မှာမူ အဖွဲ့အစည်းအနေနှင့် လုပ်ဆောင်ခွင့်၊ လှုပ်ရှားခွင့် မရသည့်အတွက် မိမိတို့ရောက်ရှိရာ ဒေသများတွင် အခြေအနေ ကြည့်ပြီး မီးစင်ကြည့်ကနေရ၏။   လွတ်လပ်ရေး တိုက်ပွဲအတွက် အလုပ်ရှိသေးသည်ကို လူတိုင်း၊ လူတိုင်းက လက်ခံထားကြသော အချိန်ကာလလည်း ဖြစ်ပါသည်။

ကျနော်သည် ဒုတိယကမ္ဘာစစ် ပြီးသည့်နောက် တပ်မတော်ကို ပြန်လည် ဖွဲ့စည်းရာတွင် ဘားမားအာမီခေါ် ဗမာ့တပ်မတော်တွင် ပြန်တမ်းဝင် အရာရှိအဖြစ်နှင့် ပျဉ်းမနားရှိ သေနတ်ကိုင် တပ်ရင်း(၅)သို့ ၀င်ရောက်အမှုထမ်းရ၏။ သေနတ်ကိုင်တပ်ရင်း(၅)သည် ပျဉ်းမနားမှ ပဲခူးသို့ ပြောင်းရွှေ့ပြီးနောက် ကျနော်သည် မကွေးရှိ သေနတ်ကိုင်တပ်ရင်း(၁)သို့ ပြောင်းရွှေ့ရန် အမိန့် ကျလာသည့်အတွက် မကွေးရှိတပ်သို့ ရောက်ရှိလာသည်မှာ တလမျှသာကြာသေး၏။

နယ်သစ်၊ တပ်သစ်သို့ရောက်ရှိလာချိန်တွင် လွတ်လပ်ရေး တောင်းဆိုတိုက်ပွဲ ပြင်းထန်ချိန်လည်း ဖြစ်၏။ ဗမာပြည်၏ ကံကြမ္မာ မည်သို့ဖြစ်ပျက်ဦးမည်လည်း မသိသေး၊ တိုင်းပြည်နှင့်အ၀န်း လှုပ်ရှားနေသော လွတ်လပ်ရေးတိုက်ပွဲ ပြင်ဆင်မှုကာလ၀ယ် ကျနော်တယောက်လည်း ဟိုမရောက် ဒီမရောက် ကြားကျန်နေမည်ကိုလည်း စိုးရိမ်၏။ မျိုးချစ် ပြည်ချစ် စစ်သားတယောက် အနေနှင့် သာယာမှုအောက်ဝယ် တာဝန်မကျေမည်ကိုလည်း စိုးရိမ်၏။ ထိုအတွက် မကွေးရှိ အဖွဲ့အစည်းများနှင့် ဆက်သွယ်ရာတွင် ဗိုလ်တင်ဦးနှင့် ချိတ်ဆက်မိခြင်း ဖြစ်ပါ၏။

ဗိုလ်တင်ဦးကို ဗမာ့ကာကွယ်ရေးတပ်မှ ရဲဘော်ရဲဘက်ဟောင်းတဦးအဖြစ်နှင့် သိကျွမ်းခဲ့ခြင်းကြောင့် ကျနော်တို့နှစ်ဦးမှာ တဦးကိုတဦး ယုံကြည်စိတ်ချကြ၏။ သူသည် ကျောင်းသားဘ၀ကပင် နိုင်ငံရေးစိတ် ထက်သန်ပြီး ရေနံမြေ အလုပ်သမားသပိတ်တွင် ငယ်ရွယ်လှသော ကျောင်းသားငယ်အဖြစ်နှင့် တက်တက်ကြွကြွ လုပ်ခဲ့သည်။ ဂျပန်ခေတ်တွင် တပ်ဗိုလ်အဖြစ်နှင့် ဗမာ့ ကာကွယ်ရေး တပ်မတော်တွင် ပါဝင်ခဲ့သည်။ တော်လှန်ရေး ပြီးသည့်နောက် နိုင်ငံရေးတွင် စိတ်ထက်သန်သည်နှင့်အညီ တပ်တွင်းသို့ မ၀င်တော့ဘဲ နိုင်ငံရေးကို ဆက်လုပ်ရင်းနှင့် မကွေး ပြည်သူ့ရဲဘော်တပ်ကို ဦးဆောင်နေသူ တဦးလည်း ဖြစ်ပါသည်။

တညတွင် သူနှင့်ကျနော် မကွေးမြို့၏ စုတ်ချာလှသော ရုပ်ရှင်ရုံနှင့်ကပ်လျက်ရှိ တဲအိမ်တအိမ်၌ လျှို့ဝှက် တွေ့ဆုံဆွေးနွေးနေခြင်း ဖြစ်ပါသည်။

မကွေးမြို့သည် စစ်ဒဏ်ကို ခံလိုက်ရသည့်အတွက် အိမ်ကြီးအိမ်ကောင်းများလည်း မရှိတော့ပါ။ တဲအိမ်များ အစီအရီနှင့် ပျဉ်ထောင်အိမ် အနည်းငယ်သာရှိ၏။ လမ်းမီးလည်း မပေးနိုင်သေး၊ တခုတည်းသော ဓာတ်မီးစက်သည် ရုပ်ရှင်ရုံသာဖြစ်၏။ မီးသံနှင့်လည်းကောင်း၊ ဆိုင်းဝိုင်းသံနှင့်လည်းကောင်း ဆူညံနေပြီး တမြို့လုံးကို သူတို့အသံတွေကသာ ဖုံးလွှမ်းနေပါ၏။

ကျနော်တို့နှစ်ဦး တွေ့ကြသော တဲအိမ်သည်ကား ဗိုလ်တင်ဦး စီစဉ်သောတဲအိမ် ဖြစ်၏။ သူစည်းရုံး ထားသော အိမ်လည်းဖြစ်ပါသည်။ လင်ကိုယ်မယား နှစ်ဦးတည်းသာ ရှိသည့်အတွက် သူတို့သည် ကျနော်တို့ လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ရေးအတွက် တဲအပြင်ဘက် မှောင်ရိပ်ဝယ် ထိုင်နေကြ၏။ တဲအတွင်း၌ ရေနံဆီမီးခွက် မှိတ်တုတ် မှိတ်တုတ်ကလေးသာ ကျနော်တို့အခန်းကို အလင်းရောင်ပေးနေ၏။

“ခင်ဗျားတို့ အစီအစဉ်တွေကို ဆက်ပြီး ပြောပြပါဦး” ဟု ကျနော်သည် ဗိုလ်တင်ဦးကိုကြည့်ရာမှ ဆက်၍ မေးလိုက်၏။

“ရန်ကုန် လောင်းဝစ်စခန်း ဗဟိုဌာနချုပ်က အခြေအနေအားလုံးကို ကြည့်ပြီး သုံးသပ်ပါလိမ့်မယ်၊ ကျနော်တို့ကတော့ ဗဟိုဌာနချုပ် အမိန့်အောက်မှာ လုပ်သွားဖို့ပါပဲ၊ အခုလောလောဆယ်မှာတော့ အချက်ပေးရင် ထချနိုင်ဖို့ ပြင်ဆင်မှုအပိုင်း၌သာ စီစဉ်ချမှတ်ထားပါတယ်”

“ဒါဖြင့်ရင် ချ၊ မချ ဆိုတာရယ်၊ ချရရင်လည်း အချက်ပေးဖို့ရယ်တွေကို ဗဟိုမှာထားရှိတယ် ဆိုပါတော့”

“ဟုတ်ပါတယ်”

“ထချ၊ မချနဲ့ ပတ်သက်ပြီး ဘယ်အပေါ်မှာကြည့်ပြီး ဆုံးဖြတ်သွားဖို့ ဗဟိုက စီစဉ်ထားသလဲ” ဟု ကျနော်က ဆက်၍ မေးလိုက်၏။

“ဒါကတော့ ဘိလပ်မှာ ဗိုလ်ချုပ်တောင်းဆိုတဲ့ လွပ်လပ်ရေး ရ၊ မရ ဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်”

ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ကျနော်တို့နှစ်ဦး၏ ဆွေးနွေးမှုသည် ညဥ့်နက်လာသည်နှင့် အမျှ လေးနက်မှုလည်း ရှိလာလေ၏။ ရုပ်ရှင်ရုံမှ လွမ်းခန်းဖော်သော တေးသံနှင့် တောဆိုင်းဝိုင်းသံတို့သည် ရုံမှထိုးဖောက်ပြီး ကျနော်တို့ ဆွေးနွေးရာတဲသို့ ရောက်လာနေ၏။

လွမ်းခန်းဖော်နေသည်ကို အကဲခတ်ခြင်းအားဖြင့် ဇာတ်လမ်းသည် တ၀က်သို့ရောက်လာပြီး ဖြစ်သည်ကို ကျနော်တို့သိလာ၏။ ဆွေးနွေးချိန် တနာရီမျှရသေး၏။

“ခင်ဗျားတို့ ပြည်သူ့ရဲဘော် တပ်ဖြန့်ထားပုံကို မြေပုံပေါ်မှာ ရှင်းပြပါဦး” ဟု ကျနော်က ဗိုလ်တင်ဦးအား လှမ်း၍မေးလိုက်၏။

“မြေပုံရော ရေးဆွဲထားတာ ရှိတယ် မဟုတ်လား”

“ရှိပါတယ်။ စက္ကူကြမ်း၊ လက်ဆွဲပေါ့” ဟု ဗိုလ်တင်ဦးက ပြောပြီး သူ့ရှမ်းလွယ်အိတ်မှ ပုံကြမ်းမြေပုံ တခုကို ထုတ်ပြီး၊ မီးခွက်ရှေ့တွင် ဖြန့်လိုက်၏။ ပြီးနောက် ရွာစဉ်နှင့် ခေါင်းဆောင်နာမည်၊ အင်အား တို့ကိုလည်း ရှင်းပြနေ၏။

ဗိုလ်တင်ဦး၏ ရှင်းပြချက်အရ ပြင်ဆင်မှုအပိုင်း စည်းရုံးရေးကဏ္ဍတွင် အတော်အရှိန်ရနေပြီကို ကျနော် သိလိုက်ပါ၏။

“လွတ်လပ်ရေးတိုက်ပွဲကို ကျနော်တို့ မပြတ် လုပ်ခဲ့ကြတယ်။ အခြေအနေအရ ကျနော်တို့ဟာ အင်္ဂလိပ် လက်အောက်တပ်မှာ ရောက်နေတယ်။ အင်္ဂလိပ်ပေးတဲ့ စစ်ဝတ်စုံကို ၀တ်ထားပေမယ့်လို့ ကျနော်တို့ အတွင်းစိတ်ထား ကတော့ ပြည်ချစ်စစ်သားပဲ၊ တပြည်လုံး အရေးဟာ ကျနော်တို့အရေးပါဘဲ၊ ကျနော်တို့ဟာ အချိန်က စကားပြော လာရင် ဗိုလ်ချုပ်နောက်မှာ၊ တိုင်းပြည်ဘက်မှ ရပ်တည်မှာပဲ ဆိုတာတော့ ကျနော်တို့ ရဲဘော်အချင်းချင်းမို့ ပြောစရာ မလိုဘူးလို့ ထင်ပါတယ်” ဟု ကျနော်က ပြောလိုက်၏။

“ယုံကြည်လို့သာ တွေ့ဆုံကြခြင်း မဟုတ်ပါလား၊ ကျနော်တို့အပိုင်းက ပြင်ဆင်မှု ပြုထားသလို၊ တပ်အပိုင်း ကလည်း ကျနော်တို့အတွက် ဘာအကူအညီရမလဲ ဆိုတာကိုပဲ သိချင်ပါတယ်” ဟု ဗိုလ်တင်ဦးက ဆိုလိုက်၏။

ကျနော့်မှာ ပြဿနာ မြောက်မြားစွာရှိ၏။ ပြီးစလွယ် ချက်ချင်းကိုတော့ သူ့အား အဖြေ မပေးနိုင်ပါချေ။

“တခုခုတော့ လုပ်ရမှာပေါ့၊ အခု လောလောဆယ်တော့ မပြောနိုင်သေးဘူး၊ လိုတဲ့အကူအညီတော့ ရအောင် လုပ်ပေးရမှာပေါ့” ဟု ကျနော်သည် သူ့အား စိတ်ချစေရန် အရိပ်အမြွက်တော့ ပြောလိုက်လေ၏။ ဗိုလ်တင်ဦးသည် ကျနော်၏ စကားကြောင့် စိတ်အားတက်လာပုံလည်း ပြလာ၏။

ရုပ်ရှင်ရုံမှ နောင်ဂျိန် ဆိုင်းဝိုင်းသံနှင့်အတူ လက်ခေါက်မှုတ်သံ၊ လက်ခုပ်တီးသံ၊ ကလေးများ အော်ဟစ်သံတို့သည် ဆူညံစွာ ထွက်လာ၏။

ရုပ်ရှင်သည် ပြီးဆုံးလုနီးပိုင်းသို့ ရောက်လာနေပြီ၊ ဇာတ်လိုက် တယောက်တည်းက လူဆိုး(၁၀)ယောက်ကို အလဲအကွဲ ထိုးပြီး ဇာတ်လိုက် မင်းသမီးကို ကယ်တင်နေပြီ၊ မကြာမီပင် ဇာတ်လိုက်မင်းသားနှင့် မင်းသမီးတို့သည် ဇာတ်ပေါင်းကြတော့မည်။ ဇာတ်လမ်းလည်း ဆုံးတော့မည်။

“ကျနော်တို့နှစ်ဦး ညတိုင်း ရုပ်ရှင်ပြချိန်၊ ည(၉)နာရီမှာ ဆက်ပြီး ဆွေးနွေးသွားရအောင်၊ အချိန်လည်း သိပ်မရှိ တော့ဘူး၊ ကျနော်လည်း အချိန်သိပ်မရဘူး၊ ပြသနာတွေကို တတ်နိုင်သမျှ ရှင်းသွားကြတာပေါ့” ဟု ကျနော်က အကြံပြုလိုက်၏။ ဗိုလ်တင်ဦးလည်း ဤအကြံကို သဘောတူ နှစ်ခြိုက်၏။

ရုပ်ရှင်လည်း ပြီးသွားလေပြီ၊ ပရိသတ်တို့လည်း ရုံတွင်းမှ အန်ထွက်လာလေပြီ။ ကျနော်လည်း ပြန်ချိန်ကျလာပြီကိုသိ၍ တဲမှောင်ရိပ်မှ ခိုထွက်ကာ ရုပ်ရှင် ပရိသတ်နှင့် ၀င်ရောက် ရောလိုက်လေ၏။ မြင်းလှည်းလည်း ငှား၍မရသည့် အတွက် မှောင်မည်းမည်းထဲတွင် ထောင်ဘေးရှိ တပ်စခန်းသို့ တယောက်တည်း အတွေးကြီးတွေးကာ ပြန်လာလေ၏။

ညသည် မှောင်မိုက်သလို မြို့တွင်းလမ်း တလျှောက်လည်း မှောင်ပိန်းနေ၏။ ရုပ်ရှင်ရုံနှင့် ဝေးလာသည်နှင့်အမျှ လူများလည်း တဖြည်းဖြည်း ရှဲလာနေ၏။ နောက်ဆုံး လမ်းမပေါ်တွင် ကျနော် တယောက်တည်းသာ ကျန်ရှိတော့၏။

လမ်းလျှောက်လာရင်းနှင့် ကျနော်သည် အတွေးနယ်ချဲ့လာ၏။ အရေးတော်ပုံသာ ဖြစ်ပွားခဲ့လျှင် နိုင်ငံရေးနှင့် ကင်းကွာနေသော စစ်တပ်အပိုင်း၏ ရပ်တည်မည့် အနေအထားကို သုံးသပ်လိုက်၏။ သေနတ်ကိုင်တပ်ရင်း ၃၊ ၄၊ ၅ မှာ မျိုးချစ် တပ်မတော်မှ ပုဂ္ဂိုလ်များက ဦးဆောင်ပြီး၊ တော်လှန်ရေးသမားတို့သာ စုပြုံဝင်ထားသည့်အတွက် သူတို့တတွေသည် ပြည်သူဘက်တွင်သာ ရပ်တည်မည်မှာ မလွဲပေ။ ကျန် သေနတ်ကိုင်တပ်ရင်း ၁ နှင့် ၂၊ တိုင်းရင်းသား အမျိုးသား တပ်ရင်းများနှင့်၊ အခြားတပ်ဖွဲ့တို့သည် အင်္ဂလိပ်နှင့် ကပြားများ ဦးဆောင်ပြီး၊ သူတို့အပေါ် သစ္စာရှိကြသော ကြေးစား စစ်သား(၀ါ) အင်္ဂလိပ် လက်အောက်ခံ တပ်များဖြစ်ကြ၍ ထိုတပ်များ၏ ရပ်တည်ကြမည့် အနေအထားကို ပူပန်မိ၏။ တော်လှန်ရေးမှ ပါဝင်ခဲ့သော မျိုးချစ်တပ်မတော်မှ ဗိုလ်အချို့တော့ အချို့တပ်ရင်းများတွင် ခွဲပို့ထားသည်တော့ ရှိ၏။ သို့သော် လူနည်းစုဖြစ်၍ မည်မျှအထိ တိုးနိုင်မည်ကိုလည်း စဉ်းစားစရာဖြစ်လာ၏။

တပ်အင်အားကား မကြီးထွားသေး၊ တိုင်းပြည်နှင့်စာသော် မဖြစ်စလောက်သာ ရှိသေး၏။ ဤကြားတွင် အင်္ဂလိပ်တပ်များနှင့် သူ့လက်အောက်ခံ ကုလားတပ်များလည်း ရှိသေးသည်။ သူတို့သည်လည်း စစ်ကြီးပြီးဆုံးသည့် အချိန်မှစ၍ အားကိုလျှော့လိုက်ကြပြီးဖြစ်၍ နေအိမ်၊ ရပ်ရွာ၊ တိုင်းပြည် ပြန်ရေးကိုသာ စိတ်စောနေကြ၏။ စစ်သားများပီပီ တိုင်းပြည်အရေးကို သူတို့စိတ်မ၀င်စား၊ အဆုံးတွင် မျိုးချစ်စစ်သားနှင့် ပြည်တွင်း ကြေးစားစစ်သားတို့သာ အိမ်ကြက်ချင်း ခွပ်ရမည်ကို မြင်ယောင်လာ၏။ ထို့အတူ ပုလိပ်များ နှင့်လည်း ရင်ဆိုင်ရပေဦးမည်။ ပုလိပ်တွင်လည်း အင်္ဂလိပ်တို့ကိုမှ အထင်ကြီးပြီး သစ္စာရှိသော ပုလိပ်အို ပုလိပ်ကြီးတို့ အပိုင်းနှင့် မျိုးချစ်စိတ်ရှိသော လူငယ်တို့အပိုင်း နှစ်ဂိုဏ်းကွဲနေ၏။ အင်္ဂလိပ်တို့က သူတို့အပေါ် သစ္စာရှိသော တိုင်းရင်းသားတို့နှင့် မျိုးချစ်များကို ငါးကြင်းဆီနှင့် ငါးကြင်းပြန်ကြော်မည့် အရေးကိုလည်း တွေးမိ၏။

လမ်းတလမ်းလုံးလည်း တိတ်ဆိတ်နေ၏။ ကျနော်၏ ခြေသံကိုသာ ကျနော် ကြားနေရ၏။ တမြို့လုံးလည်း အိမ်မောကျနေဟန် တူပါ၏။

ဗိုလ်မှူးကြီးဟောင်းလွန်းတင် (ဗိုလ်ဟင်္သာ)သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦး ဖြစ်သည်။ သူကြုံတွေ့ခဲ့ရသည့် ဗမာ့တပ်မတော်၏ ၁၉၄၇ ခုနှစ် အခြေအနေ တချို့ကို ရလျှင်ရ မရလျှင်ချ ခေါင်းစဉ်ဖြင့် အပိုင်း ၂ ပိုင်းခွဲပြီး တင်ဆက်သွားပါမည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တော်လှန်စစ်
နိဒါန်း
တော်လှန်စစ်တွေဟာ ပြည်တွင်းပဋိပက္ခတွေအပေါ်မှာ အဓိက အခြေခံပါတယ်။ လူမျိုးရေး တန်းတူညီမျှမှုမရှိတာတွေ၊ ၀ါဒကွဲပြားမှု ညှိနှိုင်းလို့ မရတာတွေနဲ့ အာဏာရှင်စနစ် ကျင့်သုံးမှုတွေကြောင့် တော်လှန်စစ်တွေ ဖြစ်ပွားလာရပါတယ်။ တော်လှန်ရေးတွေမှာ တူနီးရှား၊ အန်ဂိုလန်၊ ကွန်ဂို၊ ဗီယက်နမ်၊ အင်ဒိုနီးရှားဆိုပြီး၊ သက်ဆိုင်ရာ လူမျိုးအလိုက်၊ ၀ါဒအလိုက် ကွဲပြားမှုတွေရှိပေမယ့်၊ မပြောင်းလဲတဲ့ မဟာဗျူဟာအခြေခံအချက်ကတော့ တော်လှန်စစ်ဆိုတာ သက်ဆိုင်ရာ နိုင်ငံမှာရှိတဲ့ အုပ်ချုပ်ရေးအာဏာကို စိန်ခေါ်ခြင်း ဖြစ်ပါတယ်။ အုပ်ချုပ်သူတွေက စစ်တပ်၊ ရဲနဲ့ နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကို ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက် တော်လှန်စစ်မှာ စစ်တပ်နဲ့ ရဲအဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရတာတွေ ရှိသလို၊ စစ်တပ်နဲ့ ရဲအဖွဲ့ကို တော်လှန်ရေးသမားတွေနဲ့ ပူးပေါင်းလာအောင် စည်းရုံးလှုံ့ဆော်ရတာတွေလဲ ရှိပါတယ်။ အာဏာရှင်တွေ ကြိုးကိုင်ထားတဲ့ နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားကို ယိုင်လဲအောင် ပြုလုပ်ပြီး၊ တိုင်းပြည်အတွက် သင့်လျော်မယ့် အုပ်ချုပ်ရေးယန္တရားနဲ့ အစားထိုးနိုင်ရေးဟာ တော်လှန်စစ်ရဲ့ အဆုံးသတ်ပန်းတိုင်ပဲ ဖြစ်ပါတယ်။
တော်လှန်ရေး၊ အာဏာသိမ်းခြင်းနှင့် သူပုန်ထခြင်း
နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာကို ယာယီရည်မှန်းချက်ဖြင့်ဖြစ်စေ၊ ရေရှည်ရည်မှန်းချက်ဖြင့် ဖြစ်စေ ရယူရာမှာ နည်းလမ်းသုံးခုရှိပါတယ်။ ပထမတခုကတော့ တော်လှန်ရေး (Revolution) နည်းလမ်းနဲ့ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာက ပေါက်ကွဲမှု အရှိန်ပြင်းပြင်းနဲ့ အုပ်ချုပ်ရေးအာဏာကို ပြည်သူလူထုက စိန်ခေါ်ခြင်းဖြစ်ပါတယ်။ တခါတရံမှာ ရုတ်ခြည်းဖြစ်ပေါ်လာတတ်ပြီး အရှိန်အဟုန်လည်း ပြင်းထန်တတ်ပါတယ်။ တော်လှန်ရေးတိုင်းဟာ ကြိုတင်ပြင်ဆင်ပြီးမှ စီမံချက်နဲ့ ပေါ်ထွက်လာမယ်ဆိုတော့ မသတ်မှတ်နိုင်ပါဘူး။ တခါတရံမှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ အချိန်မှာလဲ ရုတ်ခြည်း ထဖြစ်သွားတတ်ပါတယ်။ တော်လှန်ရေး မပေါ်ပေါက်ခင်မှာ တော်လှန်ရေးပေါ်ပေါက်နိုင်သော အခြေအနေ (Revolutionary situation) ရှိနေတတ်ပေမယ့် တော်လှန်ရေးတရပ်ဟာ ဘယ်အချိန်မှာ၊ ဘယ်လိုအခြေအနေမျိုးနဲ့ ဖြစ်ပေါ်လာမယ် ဆိုတာကိုတော့ ဘယ်သူမှ သေချာတပ်အပ် မပြောနိုင်ကြပါဘူး။
၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေး၊ ၁၉၁၁ ခုနှစ် တရုတ်တော်လှန်ရေး၊ ၁၉၁၇ ခုနှစ် ရုရှားတော်လှန်ရေးနဲ့ ၁၉၅၆ ခုနှစ် ဟန်ဂေရီ တော်လှန်ရေးတွေဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ လူထုက စတင်လိုက်တဲ့ တော်လှန်ရေးတွေ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာကို ခေါင်းဆောင်က စတင်ရမယ်လို့ အချို့က ယူဆပြီး၊ ယခင်တော်လှန်ရေးအဆက်ဆက်က ခေါင်းဆောင်တွေကို တော်လှန်ရေးခေါ်ဖို့ တောင်းဆိုတတ်
ကြပါတယ်။ လူထုနဲ့ တော်လှန်ရေး တသားတည်း ဆက်တိုက်ဖြစ်နေချိန်တွေမှာသာ ဒီလို လုပ်ဆောင်လို့ ရနိုင်ပေမယ့်၊ လူထုနဲ့ တော်လှန်ရေး ရေချိန်မညီချိန်တွေမှာ ဒီလို တော်လှန်ရေး Timing ပေးမှုတွေ လုပ်ရင် တော်လှန်ရေး ကျွံသွားတတ်ပါတယ်။ နောက်ဆက်တွဲတော်လှန်ရေးတွေ ပြတ်တောက်သွားတတ်ပါတယ်။
တော်လှန်ရေးရဲ့ အခြေခံသဘောတရားအရ လူထုတော်လှန်ရေးတွေ စတင်လာချိန်မှာ တိုက်ပွဲထဲက ခေါင်းဆောင်တွေ ပေါ်ထွက်လာလေ့ရှိပါတယ်။ ဒီခေါင်းဆောင်တွေဟာ ရှေ့ပိုင်းတော်လှန်ရေး အဆက်ဆက်က ခေါင်းဆောင်တွေလဲ ဖြစ်နိုင်သလို၊ ခေါင်းဆောင်သစ်တွေလဲ ဖြစ်နိုင်ပါတယ်။ မန်ချူးမျိုးဆက်ကို တော်လှန်ရေးနဲ့ အဆုံးသတ်ခဲ့စဉ်တုန်းက ဒေါက်တာဆွန်ယက်ဆင်က အင်္ဂလန်မှာ ရှိနေခဲ့ပါတယ်။ Romanovs ကျရှုံးချိန်တုန်းက လီနင်က ဆွစ်ဇာလန်မှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ခေါင်းဆောင်မှုဆိုတာကို ပြည်တွင်းခေါင်းဆောင်၊ ပြည်ပရောက်ခေါင်းဆောင်၊ ၀ါရင့်ခေါင်းဆောင်၊ ၀ါနု ခေါင်းဆောင် စသဖြင့် ကြိုတင်ခွဲခြားသတ်မှတ်လို့ မရနိုင်ပါဘူး။ ရုတ်ခြည်းပေါ်ထွက်လာတဲ့ တော်လှန်ရေးတွေက ခေါင်းဆောင်တွေကို ရွေးချယ်သတ်မှတ်သွား
စမြဲပါ။
နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ရယူတဲ့ ဒုတိယနည်းလမ်းကတော့ အာဏာသိမ်းခြင်း (plot) ဖြစ်ပါတယ်။ နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ခေါင်းဆောင်များကိုပဲ ပစ်မှတ်ထားတာ ဖြစ်တဲ့အတွက် ဒီနည်းလမ်းမှာ အများပြည်သူ ပါဝင်မှု မလိုအပ်ပါဘူး။ ကြိုတင်ပြင်ဆင်မှုတွေအများအပြား လိုအပ်ပေမယ့်၊ လက်တွေ့လှုပ်ရှားမှုမှာတော့ မြန်ဆန်တိကျဖို့ လိုအပ်ပါတယ်။ အာဏာသိမ်းပွဲဟာ လောင်းကစားပွဲလို သဘောသဘာဝရှိတာကြောင့် အရှုံး၊ အနိုင်ကို တိတိကျကျ ခန့်မှန်းဖို့ ခဲယဉ်းပါတယ်။ အာဏာသိမ်းမှုမှာ အာဏာရှင်စနစ် ယန္တရားအတွင်းက ခေါင်းဆောင်အချင်းချင်း အာဏာသိမ်းမှု၊ လုပ်ကြံသတ်ဖြတ်မှုတွေ ရှိသလို၊ သူပုန်တွေက အစိုးရအဖွဲ့ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ပြီး အာဏာသိမ်းမှုတွေလဲ ရှိနိုင်ပါတယ်။
နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ရယူတဲ့ တတိယနည်းလမ်းကတော့ သူပုန်ထခြင်း (insurgency) ဖြစ်ပါတယ်။ မတရားတဲ့ အုပ်ချုပ်ရေးယန္တရားကို ဖြိုချနိုင်ဖို့ အဆုံးသတ်ပန်းတိုင် ချမှတ်ပြီး၊ ရည်မှန်းချက်အဆင့်ဆင့်နဲ့ လက်နက်ကိုင်ပြီး တော်လှန်ပုန်ကန်ရတာ ဖြစ်တဲ့အတွက် သူပုန်ထ တော်လှန်ခြင်းဟာ အချိန်အတိုင်းအတာ တခုအထိ ကြာတတ်ပါတယ်။ တရုတ်ပြည်မှာ (၁၉၂၇) ခုနှစ်ကနေ (၁၉၄၉) ခုနှစ်အထိ ၂၂ နှစ်ကြာခဲ့ပြီး၊ ဂရိ မှာ ငါးနှစ်၊ အင်ဒိုချိုင်နားမှာ ကိုးနှစ်၊ အယ်ဂျီးရီးယားမှာ ရှစ်နှစ်ခန့် ကြာခဲ့ပါတယ်။ သူပုန်ထခြင်းကတော့ တော်လှန်ရေးလို ရုတ်ခြည်း ပေါ်ထွက်လာတာ မဟုတ်ပါဘူး။ ကနဦး ခေါင်းဆောင်တွေ ပေါ်ထွက်လာပြီးမှ လူထုက လှုပ်ရှားလာတာ ဖြစ်ပါတယ်။ လူထုက လှုပ်ရှားပြီးမှ ခေါင်းဆောင် ပေါ်ထွက်လာတာ မဟုတ်ပါဘူး။ ဒါကြောင့် သူပုန်ထပြီး ပုန်ကန်တော်လှန်တဲ့အခါ ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။
အတွေးအခေါ်နှင့် ယုံကြည်ချက်
နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကို ဖြိုချဖယ်ရှားနိုင်ရေးကို ဦးတည်ပြီး၊ တော်လှန်စစ်ကို တော်လှန်ရေးသမားတွေက စတင်ရတာ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ဘယ်နေရာကနေ စတင်တော်လှန်မယ်ဆိုတာကို တော်လှန်ရေးသမားတွေက စီမံချက်တွေ ချမှတ်ပြီး၊ အကောင်အထည်ဖော်ဆောင်ကြပါတယ်။ တော်လှန်စစ် စတင်ချိန်မှာ အုပ်ချုပ်ရေးအာဏာကို တရားသောနည်းဖြင့် ဖြစ်စေ၊ မတရားသော နည်းဖြင့် ဖြစ်စေ ရယူထားတဲ့ အစိုးရတရပ်မှာ သံတမန်ရေးရာ အသိအမှတ်ပြုမှု၊ အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ် ရှိမှု၊ အုပ်ချုပ်ရေးယန္တရားများကို ထိန်းချုပ်ထားနိုင်မှု၊ စစ်တပ်နဲ့ ရဲကို အမိန့်ပေးစေခိုင်းနိုင်မှု၊ နိုင်ငံတော်ဘဏ္ဍာများကို ခွဲဝေအသုံးပြုနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်နိုင်မှု၊ ကုန်ထုတ်လုပ်ရေးကို အသုံးပြုနိုင်မှု၊ သတင်းနဲ့ စာနယ်ဇင်းကို ထိန်းကျောင်းအသုံးပြုနိုင်မှု စတဲ့ အားသာချက်တွေ ရှိနေတတ်ပါတယ်။ တော်လှန်ရေးသမားတွေဘက်မှာတော့ ဒီလို သိသာထင်ရှားတဲ့ အားသာချက်တွေ မရှိပါဘူး။
သို့ပေမယ့် တော်လှန်ရေးသမားတွေ ဘက်မှာတော့ ဒီလို သိသာထင်ရှားတဲ့ အားသာချက်တွေ မရှိပါဘူး။ တော်လှန်ရေးအတွေးအခေါ်နဲ့ တော်လှန်ရေး ယုံကြည်ချက်ဆိုတဲ့ အားသာချက် နှစ်ရပ်ကိုပဲ တော်လှန်ရေးသမားတွေဘက်က ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် တော်လှန်စစ်မှာ အတွေးအခေါ် တိုက်ပွဲက အလွန်ပဲ အရေးကြီးပါတယ်။ အတွေးအခေါ်တွေ ရှုပ်ထွေးေ၀၀ါးနေရင် တော်လှန်စစ် အောင်နိုင်ဖို့ ခဲယဉ်းတတ်ပါတယ်။ ဒါကို ရန်သူကလဲ တွေ့မြင်ပြီး အတွေးအခေါ် စစ်မျက်နှာကို ထိုးနှက်လေ့ရှိပါတယ်။ ဒါကြောင့် တော်လှန်ရေး ခေါင်းဆောင်တွေဟာ အတွေးအခေါ် ရှုပ်ထွေးတဲ့ ကာလတွေမှာ အင်အားပြိုလဲမှု မဖြစ်အောင် စနစ်တကျ စည်းရုံးထိန်းသိမ်းတတ်ဖို့ လိုအပ်ပါတယ်။
တော်လှန်စစ်မှာ ယုံကြည်ချက်ကလဲ အရေးကြီးပါတယ်။ တော်လှန်ရေး အခြေခံ ရည်မှန်းချက်တွေ အပေါ်မှာ စွဲစွဲမြဲမြဲ ယုံကြည်ချက်ရှိပါမှ၊ ရည်မှန်းချက် မပြည့်ခင် အချိန်အထိ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ လက်ဆုပ်လက်ကိုင် ထားနိုင်မှာ ဖြစ်ပါတယ်။ တော်လှန်ရေးသမားဆိုတိုင်း၊ တော်လှန်ရေးဖြတ်သန်းမှု ရှိတိုင်း ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားမည့်သူလို့ ဘယ်သူမှ တပ်အပ်သေချာ မပြောနိုင်ပါဘူး။ တော်လှန်ရေး ရထားကြီး ဖြတ်သန်းခဲ့တဲ့ ဘူတာစဉ်တလျှောက်မှာ ရထားပေါ်က ခုန်ချသွားသူတွေ ရှိသလို၊ ကြားဘူတာတွေကနေမှ တက်လာသူတွေလဲ ရှိနိုင်ပါတယ်။ အဓိကကတော့ ယုံကြည်ချက် ခိုင်မာဖို့ပါပဲ။ တုတ်၊ ဓား၊ သေနတ်တွေကို အားမတန်လို့ ချချင် ချထားရမယ်၊ လက်ခြေတွေကို တုပ်နှောင်ထားလို့ မလှုပ်နိုင်ပဲ ဖြစ်ချင်ဖြစ်မယ်၊ ရင်ထဲက ယုံကြည်ချက်ကို ဆုပ်ကိုင်ထားသရွေ့ ရန်သူကို မရှုံးသေးပါဘူး။ တော်လှန်စစ်မှာ တော်လှန်ရေးအတွေးအခေါ်နဲ့ ယုံကြည်ချက် ခိုင်မာပြတ်သားသူ ဆယ်ယောက်ဟာ တော်လှန်ရေးကို ပုဂ္ဂလိက အခွင့်အလမ်း၊ ခံစားချက်တွေနဲ့ လုပ်ဆောင်သူ အယောက် တထောင်ထက် ပိုပြီး တန်ဖိုးရှိပါတယ်။
ပြည်သူသာ အခရာ
တော်လှန်စစ်ရဲ့ အရှုံးအနိုင်ကို ပြည်သူလူထုက အဆုံးအဖြတ်ပေးမှာ ဖြစ်တဲ့အတွက် လူထုစည်းရုံးရေး လုပ်ငန်းစဉ်တွေကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ လူထုက တော်လှန်စစ်ကို ထောက်ခံမှသာ အောင်ပွဲရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအာဏာကို လက်တွေ့ကျကျ အသုံးချနိုင်ဖို့ လူထုထောက်ခံမှု ရှိဖို့ လိုအပ်ပါတယ်။ ပြည်သူ့အာဏာ မဖြစ်သရွေ့ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်တွေမှာ ပြည်သူလူထုနဲ့ အစိုးရ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို မြှင့်တင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံရေးအာဏာအတွက် တရားမျှတစွာ ယှဉ်ပြိုင်နိုင်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးမှာ အနှောင့်အယှက်အတားအဆီးဖြစ်တဲ့ အာဏာရှင်စနစ်နဲ့ ရွေးကောက်ပွဲအယောင်ပြ ရွှေရည်စိမ် ဒီမိုကရေစီ စနစ်တွေကို တော်လှန်စစ်နဲ့ တိုက်ဖျက်ကြတဲ့အခါမှာ လူထုထောက်ခံမှု ရရှိဖို့ လိုအပ်ပါတယ်။
လူထုစည်းရုံးရေး လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ဆောင်တဲ့အခါမှာ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ခြင်းဖြင့် လူထုနဲ့ တော်လှန်ရေး တသားတည်းဖြစ်အောင် ပြုလုပ်လေ့ရှိကြပါတယ်။ ဒါကို သိမြင်တဲ့ အာဏာရှင်အစိုးရတွေကလဲ သက်ဆိုင်ရာကဏ္ဍအလိုက် အရပ်ဘက်လူ့အဖွဲ့အစည်း အဖွဲ့တွေ (Civil Society Organizations) တွေ ဖွဲ့စည်းပြီး၊ အာဏာရှင်စနစ်ကို ထောက်ခံသူတွေ များပြားလာအောင် လုပ်ယူလေ့ရှိတတ်ပါတယ်။

ဒါကြောင့် စစ်ရေး၊ နိုင်ငံရေး လေ့လာသူများကတော့ အရပ်ဘက် လူ့အဖွဲ့အစည်း (Civil Society) ဆိုတာကို လူထုထောက်ခံမှု ရယူရေး စစ်မြေပြင် (battleground for population support) လို့ သတ်မှတ်ထားကြပါတယ်။ တော်လှန်စစ်ရဲ့ ရေခံမြေခံကို Civil Society စစ်မြေပြင်ကနေတဆင့် တည်ဆောက်ယူလို့ ရနိုင်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အာရပ်ကမ္ဘာရဲ့ တော်လှန်ရေးဖြစ်ပွားရာ မှာ နိုင်ငံတိုင်းမှာ Civil Society အားကောင်းခြင်းဆိုတဲ့ တော်လှန်စစ် ရေခံမြေခံ ရှိထားကြောင်း ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။
နိုင်ငံရေးစစ်
တော်လှန်စစ်ရဲ့ instrument of war က နိုင်ငံရေး ဖြစ်တဲ့အတွက် တော်လှန်စစ်တိုင်းဟာ နိုင်ငံရေးစစ် (political war) ပဲ ဖြစ်ပါတယ်။ တော်လှန်စစ်မှာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုပဲ ရှိလို့ မရနိုင်ပါဘူး။ ပါတီတခု (သို့မဟုတ်) ပါတီပေါင်းစုံ စုဖွဲ့ထားတဲ့ ညွန့်ပေါင်းအဖွဲ့အစည်း (သို့မဟုတ်) ညွန့်ပေါင်း အစိုးရ တရပ်ဆိုတဲ့ political establishment တရပ် ရှိဖို့ လိုအပ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေက အဆိုပါ political establishment ရဲ့ military wing (သို့မဟုတ်) တပ်ပေါင်းစုတွေ အနေနဲ့ တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ political establishment မရှိပဲ လက်နက်ကိုင်တော်လှန်ရေး အင်အားစုပဲ ရှိနေရင် (သို့မဟုတ်) political establishment နဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ အောင်ပွဲရဖို့ ခဲယဉ်းပါတယ်။
political establishment ဆိုရာမှာလဲ တရုတ်ပြည်မှာကဲ့သို့ တပါတီတည်းက ဦးဆောင်တိုက်ပွဲဝင်တာမျိုး မဟုတ်ပဲ၊ မဟာမိတ်တပ်ပေါင်းစုတွေ အနေနဲ့ စုစည်းမှု ရှိနေရင်၊ တိုက်ပွဲကာလ နိုင်ငံရေး ဘုံရည်မှန်းချက် ရှိမှသာ အင်အား ဖြစ်နိုင် ပါတယ်။ ရန်သူရဲ့ စေ့စပ်မှုကို ဘယ်လို အခြေခံ အကြောင်းတရားတွေ အောင်နိုင်ပြီးမှ လက်ခံမယ်ဆိုတဲ့ အချက်ကို ကြိုတင်သဘောတူ ညှိနှိုင်းထားနိုင်မှသာ တော်လှန်စစ်ကို အင်အားဖြစ်စေမယ့် မဟာမိတ်တပ်ပေါင်းစု ဖြစ်လာမှာပါ။ တဖွဲ့က တိုက်လိုက်၊ တဖွဲ့က စေ့စပ်ဆွေးနွေးဖို့ ကမ်းလှမ်းလိုက်၊ တဖွဲ့က လက်နက်ချလိုက် ဖြစ်နေတဲ့ တပ်ပေါင်းစု တော်လှန်စစ်ဟာ ဘယ်သောအခါမှ အောင်မြင်မှာ မဟုတ်ပါ။ တော်လှန်စစ်ဟာ နိုင်ငံရေးစစ် ဖြစ်တဲ့အတွက်၊ တိုက်ပွဲကာလ နိုင်ငံရေးဘုံရည်မှန်းချက်ကို ညှိနှိုင်းချမှတ်နိုင်မှသာ တပ်ပေါင်းစုတွေ ဦးဆောင်တဲ့ တော်လှန်စစ် အောင်မြင်မှာ ဖြစ်ပါတယ်။
တော်လှန်စစ် သဏ္ဍာန်
နိုင်ငံရေးအတွေးအခေါ်နဲ့ တော်လှန်ရေးသဘောတရားတွေပေါ်မှာ အခြေခံပြီး တော်လှန်စစ်ရဲ့ မဟာဗျူဟာ သဏ္ဍာန် (strategic pattern) တွေ ကွဲပြားခြားနားပါတယ်။ ကမ္ဘာတ၀ှမ်းက တော်လှန်ရေးအများစုမှာတော့ တော်လှန်စစ်သဏ္ဍာန်က ပါတီထောင်ခြင်းနဲ့ အစပြုပါတယ်။ နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး မြေပေါ် (သို့မဟုတ်) မြေအောက်ပါတီတရပ်ကို ခိုင်ခိုင်မာမာ စုဖွဲ့တည်ထောင်ဖို့ လိုအပ်ပါတယ်။ ဒီပါတီမှာ လူထုလူတန်းစား အလွှာပေါင်းစုံ ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်ဖို့ လိုအပ်ပါတယ်။ တတ်သိပညာရှင်များနဲ့ တက္ကသိုလ်ကျောင်းသားများဟာ ပါတီတရပ်ရဲ့ ardour လဲဖြစ်၊ brain လဲ ဖြစ်တဲ့အတွက် ပညာတတ်တွေ ပေါင်းစည်းပါဝင်လာအောင် ပါတီခေါင်းဆောင်များက ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
ကျစ်လျစ်ခိုင်မာတဲ့ ပါတီတရပ်က ပေါ်ပေါက်လာပြီးချိန်မှာ တပ်ပေါင်းစု (United Front) ပေါ်ထွက်လာရေးအတွက် မဟာမိတ်ဆက်ဆံရေး တည်ထောင်ဖို့ လိုပါတယ်။ တပ်ပေါင်းစုဆိုတာ ခေါင်မိုးချင်း ထိစပ်တာ ဖြစ်ပါတယ်။ ခိုင်ခိုင်မာမာ အုတ်မြစ်ချထားတဲ့ အကာအရံ ရှိတဲ့ အဆောက်အအုံတွေရဲ့ ခေါင်မိုးချင်း ထိစပ်မှသာ အကျိုးရှိပါတယ်။ အုတ်မြစ်မရှိ၊ အကာအရံမရှိပဲ ခေါင်းမိုးတွေပဲ လိုက်ထိစပ်နေလို့ကတော့ ခေါင်မိုးရောင်စုံ မြေမှာ ဖြန့်ခင်းထားသလိုပဲ ဖြစ်ပြီး၊ တော်လှန်စစ်အ
တွက် အကျိုးရှိမယ့် အင်အားကို ဖြစ်ထွန်းစေနိုင်မှာ မဟုတ်ပါဘူး။ တပ်ပေါင်းစု ပေါ်ထွက်လာရေးဟာ အရေးကြီးပေမယ့် တပ်ပေါင်းစု ပေါ်ထွက်ရုံနဲ့ အောင်ပွဲကို မဆောင်ကျဉ်းနိုင်ပါဘူး။ Minimum Common Programme ကို တပ်ပေါင်းစုအကြား ကြေလည်အောင် ချမှတ်နိုင်မှာသာ အောင်ပွဲရရေးအတွက် အထောက်အကူ ဖြစ်ပါတယ်။

တပ်ပေါင်းစုတွေ ရှိလာတဲ့အခါမှာတော့ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တော်လှန်ရေး၊ မြို့ပြပြောက်ကျား နဲ့ Movement Warfare တွေကို အဆုံးသတ်အောင်ပွဲ ရရှိချိန်အထိ အကောင်အထည် ဆက်လက်ဖော်ဆောင်ရမှာဖြစ်ပါတယ်။ တော်လှန်စစ်မှာ အဆုံးသတ်အောင်ပွဲရရှိဖို့အတွက် အရေးကြီးဆုံး နောက်ဆုံး အချက်ကတော့ psychological superiority ပဲ ဖြစ်ပါတယ်။ ပန်းတိုင်မရောက်ခင် တက်မ ထောင်တတ်တဲ့ ဓလေ့တွေကို ဖျောက်ဖျက်နိုင်ဖို့ လိုအပ်ပါတယ်။ အဆုံးသတ်အောင်ပွဲဟာ အာဏာရှင် (သို့မဟုတ်) အာဏာရှင်ကြိုးကိုင် အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို ဖြိုဖျက်ပြီး၊ သင့်လျော်မယ့် အုပ်ချုပ်ရေးယန္တရားကို ယာယီဖြစ်စေ အစားထိုးနိုင်မှ ရရှိမှာ ဖြစ်ပါတယ်။
အုပ်ချုပ်ရေးယန္တရား မပြိုခင်နဲ့ ပြိုကျပြီး အချိန်တွေမှာ အာဏာရှင်တွေဘက်က စေ့စပ်ဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေး ကမ်းလှမ်းမှု (negotiation and peace offers) တွေ ပေါ်ထွက်လာတတ်ပါတယ်။ တဘက်ရန်သူရဲ့ time buying မဖြစ်စေဖို့ ဂရုစိုက်ရန် အလွန်အရေးကြီးပါတယ်။ တူနဲ့ ရိုက်ခွဲရတဲ့ ရေခဲတုန်းတခုကို နေပူပူမှာ အချိန်အတိုင်းအတာတခုအထိ ချထားလိုက်ရင် ရိုက်ခွဲဖို့မလိုပဲ အလိုလို အရည်ပျော်ကျသွားတတ်ပါတယ်။ တော်လှန်စစ်မှာလဲ ရန်သူက time buying မလုပ်သွားအောင် သတိပြုဖို့ လိုပါတယ်။
နိဂုံး
နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်ရေးအာဏာ၊ တရားဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတွေ ရောထွေးပြီး (separation of powers) အားနည်းနေချိန် (သို့မဟုတ်) မတရားမှုဟာ ဥပဒေဖြစ်ချိန် (သို့မဟုတ်) လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတွေ မရှိချိန် (သို့မဟုတ်) လူမျိုးရေး တန်းတူညီမျှမှု မရှိချိန် (သို့မဟုတ်) ပြည်သူ့အာဏာကို မတရား ရယူခံထားရချိန်တွေမှာ တော်လှန်စစ်တွေ ပေါ်ထွက်လာတတ်ပါတယ်။ တော်လှန်ရေးရဲ့ အဆုံးသတ်ပန်းတိုင်က အုပ်ချုပ်ရေး ယန္တရားကို ဖြိုချပြီး၊ သင့်လျော်မယ့် ယန္တရားတခုကို ယာယီဖြစ်စေ၊ ရေရှည်ဖြစ်စေ အစားထိုးနိုင်ရေးဖြစ်ပြီး၊ တော်လှန်စစ် အောင်မြင်ရေးဟာ အတွေးအခေါ်နှင့် ယုံကြည်ချက် ခိုင်မာမှု၊ ပြည်သူလူထုကို စည်းရုံးနိုင်မှုနဲ့ political establishment တည်ရှိမှုတို့အပေါ်မှာ မူတည်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၂၊ ၅၊ ၂၀၁၁)


ဒီပဲယင်းလုပ်ကြံမှုနှင့်ပတ်သက်၍ တသီးပုဂ္ဂလ သဘောထားထုတ်ပြန်ကြေညာချက်
[By Ko Baloi]
စာအမှတ်။  ။ ပဂလ/ ၀၀၁/ ၀၁/ ၁၁
နေစွဲ      ။  ။ ၂၀. ၀၅.၂၀၁၁

(၁) မြန်မာ့သမိုင်းတွင် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားလုပ်ကြံခံရပြီး
နောက် အစုလိုက်အပြုံလိုက် ဒီပဲယင်းလုပ်ကြံမှုကြီးသည် မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံးနဲ့ အရက်စက်ဆုံးလုပ်ကြံမှုကြီးဖြစ်သည်။
(၂) ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင်ဖြစ်ပွါးခဲ့သည့် မြန်မာစစ်အုပ်စု၏ အစုလိုက်အပြုံလိုက်အကြမ်းဖက်လူသတ်မှုအပေါ် ၈ နှစ်ကြာမြင့်ခဲ့
သည့်တိုင် ယနေ့ထိ စုံစမ်း၊ စစ်ဆေး၊ အရေးယူ၊ အပြစ်ပေးဆောင်ရွက်ခြင်းမရှိသည့်အတွက် ပြစ်မှုကျူးလွန်ထားသူများအား အကာအကွယ်
ပေးထားသည်မှာ ထင်ရှား သိသာပေါ်လွင်နေသည်။
(၃) ဒီပဲယင်းအမှုမှန်ပေါ်လာစေရေးအတွက် ကုလသမဂ္ဂမှဦးဆောင်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းပေးရန် ပြည်တွင်း/ပ အ
တိုက်ခံများအားလုံး လက်မှတ်ရေးထိုးပြီး တောင်းဆိုမှုများပြုလုပ်ရန်အရေးကြီးသည်။
(၄) ၂၀၀၃ ခုနှစ် ဒီပဲယင်းကြည်ရွာအနီးတွင်ဖြစ်ပွါးခဲ့သည့် လူမဆန်သည့်လုပ်ကြံသတ်ဖြတ်မှုကြီးသည် ကမ္ဘာနှင့် မြန်မာကိုတုန်လှုပ်ခြောက်ခြား
စေခဲ့သည့် ဖျောက်ဖျက်၍မရသည့် သမိုင်းဝင်ဖြစ်ရပ်ဆိုးဖြစ်သည်။
(၅) ဤ-လုပ်ကြံမှုကြီးသည် (နအဖ) စစ်အုပ်စုမှ အာဏာတည်မြဲရေးအတွက် ရည်ရွယ်ချက်ရှိရှိ စီမံကိန်းရေးဆွဲပြီး လုပ်ကြံခဲ့သောသတ်ဖြတ်
ခဲ့သော လုပ်ကြံမှုကြီးဖြစ်သည်။
(၆) (နအဖ) အသွင်ပြောင်း လက်ရှိ-သိန်းစိန်အစိုးရအား ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးဖြစ်သည့် လုံခြုံရေးကောင်စီမှ အရေးယူဆောင်ရွက်
မှုမပြုလုပ်သ၍ မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် အလှမ်းဝေးနေဦးမည်ဖြစ်ပြီး  အလားတူဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုမျိုးများ ပေါ်ပေါက်လာဦး
မည့်အပြင် မတရားသောဖမ်းဆီး၊ ဖိနှိပ်၊ ညင်းပမ်း၊ ရက်စက်သတ်ဖြတ်မှုများနှင့် ကျေးရွာများကိုအတင်းအဓမ္မပြောင်းရွေ့စေခိုင်ခြင်း၊ ကျေးရွာများ
ကို မီးရွံ့ဖျက်ဆီးပစ်ခြင်း၊ အတင်းအဓမ္မစေခိုင်းခြင်း၊ အမျိုးသ္မီးများကို အတင်းအဓမ္မပြုကျင့်ခြင်း စသည့်လူ့အခွင့်ရေးချိုးဖောက်မှုများ ဆက်လက်
ရှိနေဦးမည်ဖြစ်သည်။
(၇) ထို့ကြောင့် အထက်ဖော်ပြပါ အဖြစ်ဆိုးများနှင့်မကြုံရလေအောင်  ပေးဆပ်မှုများပါဝင်သည့် ကျစ်လစ်ခိုင်မာတဲ့ပေါင်းစည်းညီညွတ်မှုအင်အား
တစ်ရပ် တည်ဆောက်ရန်အမှန်တကယ်လိုအပ်သည်။ ထို-ပေါင်းစည်းညီညွှတ်သည့်အင်အားနှင့်သာလျှင် ရန်သူကိုချေးမှုန်းတိုက်ဖျက်သွားနိုင်
မည်ဟု ကျနော့်အနေဖြင့်အလေးနက်ယုံကြည်သည်။
လေးစားစွာဖြင့်.....ကိုဗလိုင်။

ဘယ်က၊ ဘာကြောင့်၊ ဘယ်လိုနှင့် ဘယ်သို့
(From Where, Why, How and To Where)

MMSYမှာ ကုလားအခေါ်အဝေါ်နှင့် ပတ်သက်ပြီး ဆွေးနွေးနေကြတာ အင်မတန် စိတ်ဝင်စားစရာ ကောင်းပါတယ်။

ဘယ်ပြသနာကိုဘဲဖြစ်ဖြစ် ဖြေရှင်းဖို့ ချဉ်းကပ်တဲ့အခါ ဖြစ်စေချင်တာ၊ ဖြစ်သင့်တာတွေတင်သာမက ဘယ်ကစခဲ့သလဲ၊ ပြသနာရဲ့ အရင်းအမြစ်နှင့် အချိန်နှင့်အမျှ အဓိပ္ပါယ် ဖွင့်ဆိုပုံ၊ ခံစား တုန့်ပြန်ပုံ ပြောင်းလဲလာမှု၊ ဘာကြောင့် ဆက်လက် ဖြစ်နေရသလဲစတဲ့ အချက်အလက်တွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ထဲ့သွင်းစဉ်းစားနိုင်လေ ပိုကောင်းလေ ဖြစ်ပါတယ်။

အချက်အလက် (Facts)တွေ အကြောင်း အရင်ပြောကြည့်ချင်ပါတယ်။

၁။ကုလားဆိုတာ သမိုင်းဝင် ဝေါဟာရ၊ သမိုင်းအစဉ်အလာအရ သုံးစွဲခဲ့တဲ့ အသုံးအနှုံးဖြစ်တယ် ဆိုတာကို လက်ခံပေးရပါမယ်။ လူကို ခေါ်ရုံတင်မက နေ့စဉ် အသုံးအနှုံးတွေမှာလည်း ထဲထဲဝင်ဝင် ရှိနေပြီး ဖြစ်တယ်။ ဥပမာ ကလထိုင်(ကုလားထိုင်)၊ ကလအုတ်(ကုလားအုတ်)၊ ကလတက်(ကုလားတက်)၊ ပဲကလားဟင်း(ပဲကုလားဟင်း)၊ ကလအော်(ကုလားအော်) ငရုပ်သီး၊ ကလဖန်ထိုး(ကုလားဖန်ထိုး)၊ သရက်သီး ကလတည်(ကုလားတည်) စသဖြင့် ဖြစ်ပါတယ်။

၂။ မူလက ခွဲခြားနှိမ့်ချခြင်း သဘောနှင့် သုံးစွဲခဲ့ခြင်း မဟုတ်ရုံသာမက အထင်ကြီး လေးစားခြင်း သဘောပင် ရှိနေခဲ့တယ်။ (ဘာသာ၊ စကား၊ ဓလေ့မတူတဲ့ တစိမ်းတရံစာတွေကို ချက်ချင်းဘဲ ဆွေမျိုးရင်းချာလို သဘောထားတဲ့အတွက် ကုလလို့ ခေါ်ရာက ကုလားဖြစ်လာတယ် ဆိုတာကတော့ သိပ်ယုတ္တိကျမယ် မထင်ပါဘူး။ လှေ၊ သင်္ဘောကြီးတွေနှင့် ကူးလာတာမို့ ကူးလာက ကုလားဖြစ်လာတယ်ဆိုတာ ပိုသဘာဝ ကျပါလိမ့်မယ်။ ရှေးကာလက ကမ်းမမြင် လမ်းမမြင် လှိုင်းလေထန် အန္တရာယ်ကြီးမားတဲ့ ပင်လယ်ပြင်ကို သက်စွန့်ဆံဖျား လနှစ်ချီ၍ ကုန်သွယ် ကူးသန်းသူများသည် အားအင် ချိနဲ့သူ၊ သူရဲဘောကြောင်သူ၊ အသိပညာ၊ အတတ်ပညာမဲ့သူများ ဖြစ်မလား။ ရဲရင့်သူ၊ ကျန်းမာသန်စွမ်းသူ၊ ခက်ခဲကြမ်းတမ်းသော ခရီးအတွက် ဇွဲသတ္တိရှိသူ၊ တတ်သိ ကျွမ်းကြင်သူများဖြစ်မလားဆိုတာ ဆင်ခြင်နိုင်ကြပါတယ်။ ကြမ်းပြင်မှာ မထိုင်၊ ခုန်နဲ့ ထိုင်တတ်တဲ့အတွက် ကုလားထိုင်၊ နေနာရီ၊ ရေနာရီ၊ သဲနာရီတို့ထက် ပိုမိုတိကျတဲ့ စက်နာရီကို ကုလားနာရီလို့ ခေါ်ခြင်းများမှာလည်း နှိမ့်ချသော သဘော၊ အဓိပ္ပါယ် မတွေ့ရပါ။)

၃။ ယခုအခါမှာတော့ ခွဲခြားနှိမ့်ချခြင်းသဘောဖြင့် အထင်အရှား သုံးစွဲနေပြီ ဖြစ်တယ်။ လူလူချင်း၊ ကိုယ့်နိုင်ငံသားအချင်းချင်း၊ နင်းနှိမ့် ခွဲခြားကာ ကုလားဆိုလျှင် မိမိနှင့် တန်းတူ၊ အဆင့်တူ လူသားတစ်ဦးဟုပင် မသတ်မှတ်ချင်သူများ အများအပြား ရှိနေပါပြီ။

၎။ထို့ကြောင့် ကုလားဟု အမည်တပ် ခေါ်ဝေါ်သုံးစွဲခြင်းကို ကျနော်တို့ လုံးဝ လက်မခံနိုင်ပါ။

ဘယ်လို ခေါ်စေချင်သလဲ။

ကျနော်တို့ မခေါ်စေချင်တာကို မခေါ်ကြရအောင်၊ ခေါ်စေချင်သလို အများက ခေါ်လာအောင် ကြိုးစားတဲ့အခါ နည်းမှန် လမ်းမှန်ဖြစ်ဖို့ အင်မတန် အရေးကြီးပါတယ်။ သို့သော် ကုလားထိုင်ကို လူထိုင်၊ ကုလားအုတ်ကို သဲကန္တာရ သင်္ဘော၊ ပဲကုလားဟင်းကို ပဲပသီဟင်း၊ ကုလားတက်ကို မြန်မာမွတ်စလင်တက် စသဖြင့် ကုလားပါတဲ့ ဝေါဟာရတိုင်းကို အတင်းပြောင်းခိုင်းတာမျိုးတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဟိန္ဒူတွေ၊ အနောက်တိုင်းသားတွေ၊ အသားမဲသူတိုင်း၊ မွတ်စလင်တိုင်းတွေကိုလည်း ကုလားခေါ်တတ်တာကိုလည်း သတိမူဖို့ လိုပါတယ်။ အခေါ်ခံရသူတွေ တစ်ဦးနှင့် တစ်ဦး မတူသော်လည်း အားလုံးကို ခွဲခြားနင်းနှိမ့်ခြင်းသဘောနှင့် တပြေးညီ သုံးစွဲနေမှုကတော့ တူနေပါပြီ။ ထိုင်းတက္ကသိုလ်တစ်ခုမှာ စာသင်နေတဲ့ဆရာ ဥရောပသား လူဖြူတစ်ယောက် ဗလီတက်နေတာ ရုတ်တရက် တွေ့လိုက်တော့ မြန်မာကျောင်းသားတစ်ဦးက “ဟ ဒီဆရာက ကုလားဘဲ”လို့ ချက်ချင်း ကင်ပွန်းတပ်လိုက်တာမျိုးလည်း ကြားဖူးပါတယ်။ မိမိ အထင်ကြီး လေးစားတဲ့ တက္ကသိုလ်ကျောင်းဆရာ ဥရောပတိုက်သား လူဖြူကို မွတ်စလင်ဖြစ်တယ်ဆိုတာ သိလိုက်တာနှင့် တပြိုင်နက် လေးစားခဲ့မိတာ မှားလေခြင်းဆိုတဲ့ သဘောမျိုးဖြင့်  ချက်ချင်း အမြင်ပြောင်း အထင်သေးသွားသော လူလူချင်း ခွဲခြားတတ်တဲ့စိတ်(Racism)ကို အထင်အရှား သိမြင်နိုင်ပါတယ်။

ယခင်က ပြည်မအရပ်မှာ ထောင်ကဲဆိုတာ တရုပ်တွေကို ပျက်ရယ် နှိမ်ချ ခေါ်ဝေါ်တာဖြစ်ပေမဲ့ ထိုင်းနယ်စပ်မှာ သြဇာကြီးတဲ့ သူဌေးကို လေးစားအထင်ကြီးမှုနှင့် ခေါ်ကြောင်း သိရတော့ အံ့သြမိခဲ့ဘူးပါတယ်။ ငါဗမာကွလို့ မြန်မာပြည်မှာ ဂုဏ်ယူတတ်ကြပေမဲ့ ထိုင်းနိုင်ငံမှာ ဗမာ(ဖမား)လို့ လူသိ သိပ်မခံချင်ကြပါဘူး။ ဒုတိယကမ္ဘာစစ်ကာလ မတိုင်မီက ကမ္ဘာမှာ မိမိကိုယ်ကို ဂျူးပါဟု ဂုဏ်ယူပြောရဲသူ အင်မတန် ရှားပါလိမ့်မယ်။ ယနေ့ ကမ္ဘာ့နေရာ အတော်များများမှာ ဂျူးတွေ အင်မတန် မျက်နှာပန်း လှနေပါပြီ။

ထောင်ကဲချင်းအတူတူ ဒေသကွဲတာနှင့် အမြင်ကွဲတာ၊ ဂျူးချင်းအတူတူ ခေတ်ခြားတာနှင့် အမြင်ခြားတာ၊ လူချင်းအတူတူ ဘာသာမတူတာနှင့် အဆင့်တူ မထားတာတွေ ဘာကြောင့် ဖြစ်နေရပါသလဲ။ တစ်ကယ်တော့ ဒီဝေါဟာရ အသုံးအနှုံးတွေကို လူ့အဖွဲ့အစည်းတစ်ခုက ဘယ်လိုနားလည်ခံစားသလဲ၊ လက်ခံသုံးစွဲသလဲ ဆိုတာက အင်မတန် အဓိကကျပါတယ်။ ဒီအမြင်မျိုး(Stereotype)တွေကို ဥပဒေနှင့် တားမြစ်တိုင်းလည်း အလုပ်မဖြစ်တတ်တာကို ကမ္ဘာအနှံ့မှာ တွေ့မြင်နိုင်ပါတယ်။ အမေရိကန်မှာ နစ်ဂါ(Nigger)ဆိုတဲ့ အသုံးအနှုံးကို ဘယ်သူမှ တရားဝင် ခေါ်ဝေါ် မသုံးစွဲရဲကြပေမဲ့ အရပ်ထဲမှာ စိတ်အခန့် မသင့်ရင်၊ ဒေါသထွက်ရင် သုံးတတ်ကြဆဲပါ။ အကောင်းဆုံးနည်းက စည်းရုံးရှင်းပြခြင်းနှင့် တပြိုင်တည်းမှာဘဲ မိမိသည် အများနှင့် မကင်းကွာဘဲ မိမိနေထိုင်ရာ လူ့အဖွဲ့အစည်းတွင်းက အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းကို အကျိုးပြုနေသူဖြစ်ကြောင်းဖြင့် မိမိကိုယ်ကို တည်ဆောက် မြှင့်တင်ခြင်း ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံသားကောင်းတစ်ဦးရဲ့ တာဝန်လည်း ဖြစ်ပါတယ်။ အစ္စလာမ်ရဲ့ သင်ကြားချက်တွေနှင့်လည်း ကိုက်ညီပါတယ်။

ပသီလား။ ဇေတဘာဒီလား။ မြန်မာမွတ်စလင်လား။

ယနေ့မြန်မာပြည်က မွတ်စလင်တွေကို ပသီလူမျိုး၊ မြန်မာမွတ်စလင်လူမျိုး၊ ဇေဒဘာဒီလူမျိုးရယ်လို့ အင်္ဂလိပ်ခေတ်က သန်းကောင်စာရင်းဝင် တရားဝင် သတ်မှတ် ခေါ်ဝေါ်ထားတဲ့ အထောက်အထားတွေ အခိုင်အမာ ရှိနေပါတယ်။ ဒီအထောက်အထားတွေကို ဗိုလ်နေဝင်းနှင့် မဆလက စနစ်တကျ ဖျက်ဆီးနေခဲ့ပေမဲ့ သမိုင်းဆိုတာ ဖျောက်လို့ မရကောင်းပါဘူး။

ပသီဆိုတဲ့ ဝေါဟာရသည် ဖါရစီက ဆင်းသက်သည်ဟု ဆိုသလို၊ ပန်းသေးက ဆင်းသက်သည်ဟု ဆိုသူများလည်း ရှိပါတယ်။ မြန်မာမင်းများလက်ထက်ကတည်းက အခြေစိုက်နေထိုင်လာခဲ့သော မင်းမှုထမ်းများ၊ ကုန်သည်များမှ ဆင်းသက်လာသူများသည် မူလပထမ ပသီလူမျိုး ဖြစ်မည်ဟု ယူဆပါတယ်။ မည်သို့ပင်ဆိုစေကာမူ မြန်မာပြည်က မွတ်စလင်တွေ အားလုံးကို ပသီလို့ ခြုံပြီး ခေါ်ဖို့က လက်တွေ့မှာ အခက်အခဲရှိနိုင်ပါတယ်။ ကမန်၊ ပန်းသေး၊ ပသျှူး၊ ရိုဟင်ဂျာ စသူတွေက သူတို့ကို ပသီလို့ သတ်မှတ်တာကို လက်ခံနိုင်မယ် မထင်သလို မိမိကိုယ်ကို ပသီအစစ်ဖြစ်တယ်လို့ ခံယူထားသူတွေကလည်း အခြားသူတွေ ပသီအမည်ခံလာတာကို ကြိုက်နှစ်သက်ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။

ဇေတဘာဒီကို အကြမ်းအားဖြင့် ကပြားလို့ ယူကြပေမဲ့ ဖါရစီစကားဖြစ်တဲ့ ရွှေနိုင်ငံသား သို့မဟုတ် (အောက်လေ)မုတ်သုန်လေက ဆင်းသက်လာကြောင်း ဆရာဦးမောင်ကို ဂဖာရီက ရှင်းပြပါတယ်။

မြန်မာမွတ်စလင် လူမျိုးဆိုတာ သမိုင်းဝင် အသိအမှတ်ပြုခံ အသုံးအနှုံးဖြစ်ပေမဲ့ ဒီဝေါဟာရရဲ့ အကြီးဆုံး ချွတ်ယွင်းချက်က လူမျိုးအမည်နှင့် ဘာသာအမည်ကို တွဲထားခြင်း ဖြစ်ပါတယ်။ ကရင်၊ ဗမာ၊ ရှမ်း စတဲ့ လူမျိုးမှန်သမျှသည် မိမိနှစ်သက်ရာဘာသာကို ကိုးကွယ်နိုင်ကြသည်ချည်းဖြစ်ပါတယ်။ ကိုးကွယ်ရာ ဘာသာပြောင်းတာနှင့် လူမျိုးအမည်ကို လိုက်ပြောင်းပေးဖို့ မလိုပါဘူး။ မြန်မာမွတ်စလင် လူမျိုးဟု ကျနော်တို့ လက်ခံ သတ်မှတ်မယ် ဆိုပါစို့။ မြန်မာမွတ်စလင်လူမျိုး တစ်ဦးဦးက ခရစ်ယန်၊ ဗုဒ္ဓဘာသာသို့ ပြောင်းလဲကိုးကွယ်တဲ့အခါ လူမျိုးက မြန်မာမွတ်စလင်လူမျိုး၊ ကိုးကွယ်တာက ဗုဒ္ဓဘာသာ၊ ခရစ်ယန်ဘာသာ စသဖြင့် ဖေါ်ပြမယ်ဆိုရင် အင်အတန် ဂွကျပါလိမ့်မယ်။ မွတ်စလင်ဆိုတဲ့ စကားလုံးက အစ္စလာမ်ကို လက်မခံ ငြင်းပယ်လိုက်တာနှင့် ဘယ်လိုမှ ဆက်လက်ဒွန်တွဲထားလို့ မရနိုင်တာကို အားလုံးသိကြပါတယ်။ မွတ်စလင်ဆိုတာ အစ္စလာမ်ကို လက်ခံတဲ့ တရုပ်၊ မလေး၊ နာဂ၊ ဖိလစ်ပင်း၊ အဖြူ၊ အမဲ၊ အဝါ မရွေးကို သတ်မှတ်တာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း မြန်မာခရစ်ယန်လူမျိုး၊ မြန်မာဟိန္ဒူလူမျိုး စသဖြင့် အပြိုင်အဆိုင် ဖြစ်လာရင် ဘာသာရေးနှင့် လူမျိုးရှုပ်ထွေးပြီး လူ့အဖွဲ့အစည်းကို အသေအချာ အကျိုးယုတ်စေနိုင်ပါတယ်။

မြန်မာပြည်ကို ရှေးပဝေဏီက လူမျိုးနွယ်စုကြီး (၃)စုသာ ဝင်ရောက်လာပြီး အခုလူမျိုးပေါင်း ၁၃၅(ယခင်က ၁၄၄ရှိခဲ့ရာမှ ဗိုလ်ချုပ်နေဝင်းက မွတ်စလင်တိုင်းရင်းသား ပသျှူး၊ ပန်းသေး၊ မြေဒူး၊ ၃၇၀၀၊ ရိုဟင်ဂျာ စသည်တို့ကို ပယ်ဖျက်ခဲ့) ရှိနေပါပြီ။ နောင်တစ်ချိန်ချိန်မှာ ယနေ့မြန်မာမွတ်စလင် အပါအဝင် အခြားလူမျိုးသစ်တွေအတွက် လူမျိုးအမည်သစ်တွေ ထပ်တိုးကောင်း တိုးနိုင်ပါတယ်။ သို့သော် အခုအကြောင်းကို အခုပြောကြရအောင်ပါ။

မဂို၊ ပထန်၊ ကျိုလီယာ၊ စူရတီ၊ ဂူဂျရာတီ၊ ဘင်္ဂါလီ၊ ပသီ၊ ကမန်၊ မေမန်၊ ရိုဟင်ဂျာ၊ ပန်းသေး၊ ပသျှူး၊ မြေဒူး၊ ၃၇၀၀လူမျိုး စသဖြင့် မိမိကိုယ်ပိုင် လူမျိုးအမည်ကို ဆက်လက်ခံယူလိုသူတွေ ခံယူနိုင်ကြပါတယ်။ ဒီနေရာမှာ လူမျိုးပေါင်းစုံ တိုင်းရင်းသားတွေနှင့် သွေးချင်းဆက်နေကြကာ တစ်ဆက်တည်းမှာဘဲ အစ္စလာမ်ဘာသာကို မြတ်နိုး ယုံကြည် ကိုးကွယ်နေကြတဲ့ မြန်မာပြည်တလွှား အမြို့မြို့အနယ်နယ်က သန်းနှင့်ချီ ရှိနေသော မွတ်စလင်တွေ အကြောင်းကို အဓိကထားပြီး ဆွေးနွေးချင်ပါတယ်။ ဒီမွတ်စလင်တွေသည် မိမိတို့၏ ကံကြမ္မာ၊ ဘဝ၊ ပစ္စုပ္ပါန်၊ အနာဂတ် အစစ အရာရာကို အေးအတူ ပူအမျှ တိုင်းရင်းသားပေါင်းစုံ မြန်မာပြည်သူတွေနှင့် တသားတည်း ချိတ်ဆက် လက်တွဲထားကြသူများ ဖြစ်ပါတယ်။ ဘယ်ဘက်ကိုမှ မျက်စမပစ်၊ ဘယ်တခြားနိုင်ငံရဲ့ သစ္စာကိုမှ မခံ၊ သာသာ နာနာ၊ သေသေ ရှင်ရှင် မြန်မာနိုင်ငံသည်သာ တစ်ခုတည်းသော အမိနိုင်ငံအဖြစ် လက်ခံယုံကြည်သူများ၊ ရင်မြေကတုတ်လုပ် အသက်ပေးကာကွယ်သူများ ဖြစ်ပါတယ်။

ဒီမွတ်စလင်တွေကို မနေ့တနေ့က ဗီဇာယူပြီး တိုင်းတပါးက လာရောက် အခြေချလာသူတွေလို ခွဲခြား နှိမ့်ချ ဆက်ဆံနေတာမျိုးက တော်လောက်ပါပြီ။ ရပ်တန်းက ရပ်ကြဖို့ လိုပါတယ်။ ဒီမွတ်စလင်တွေသည် အနည်းဆုံး ဆယ်စုနှစ်ပေါင်းများစွာ၊ အများဆုံး ရာစုနှစ်ပေါင်းများစွာက လာရောက်အခြေချသူများနှင့် တိုင်းရင်းသားများ ပေါင်းစပ် ဓါးမဦးချ နေထိုင်ကြရာမှ အဆင့်ဆင့် ပေါက်ဖွား ဆင်းသက်လာသူများ ဖြစ်ပါတယ်။ ဒီမွတ်စလင်တွေမှာ မြန်မာတိုင်းရင်းသားသွေးတွေ ရှိနေသလို ဒီမွတ်စလင်တွေရဲ့ နောင်လာမဲ့ သားစဉ်မြေးဆက်တွေကလည်း မြန်မာတိုင်းရင်းသားတွေနှင့်သာ ပေါင်းဖက်ပြီး တိုင်းရင်းသားတွေ အဖြစ်သာ ပေါက်ဖွားကြမှာ ဖြစ်တယ်။ ပါကစ္စတန်၊ အိန္ဒိယ၊ အာရဗ်တွေနှင့် လက်ဆက်ကြမှာ မဟုတ်ပါဘူး။ ဒီမွတ်စလင်တွေသည် မြန်မာပြည်ရှိ အခြားမည်သည့် နိုင်ငံသား၊ တိုင်းရင်းသားများထက် အဆင့်နိမ့်သူများ မဟုတ်ပါဘူး။ သူတို့လိုဘဲ တိုင်းပြည်ကို ချစ်သူ၊ စောင့်ရှောက်သူ၊ တိုင်းပြည်ရဲ့ အနာဂတ်ကို ပိုင်ဆိုင်သူတွေဖြစ်တယ်။ သူတို့နှင့် အစစ အရာရာမှာ တန်းတူအခွင့်အရေးရှိသူ၊ တန်းတူ တာဝန်ရှိသူများ ဖြစ်ကြပါတယ်။

ဒီမွတ်စလင်တွေဖြစ်တဲ့ ကျုပ်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ကျုပ်တို့ မိဘ၊ ဘိုးဘွားတွေဖြစ်တဲ့ ဗမာ၊ ကရင်၊ ရှမ်းစတဲ့သွေးတွေ ရှိနေလို့ ကျုပ်တို့ကို ကျုပ်တို့ ဗမာ၊ ကရင်၊ ရှမ်းအဖြစ် ခံယူတာကို မည်သူထံတွင်မှ ကန့်ကွက်တားဆီးရန် အခွင့်အာဏာ မရှိ။ တားဆီး ကန့်ကွက်မှု မှန်သမျှကို လက်မခံ။ ကျုပ်တို့ရဲ့ မွေးရာပါ အခွင့်အရေးကို မည်သူက ပေးမှ၊ သနားမှ၊ ခွင့်ပြုမှ ရနိုင်သည်ဟု ကျုပ်တို့ မည်သည့်အခါမှ မယုံကြည်။ ကျုပ်တို့ရဲ့ အခွင့်အရေးကို ကျုပ်တို့ကိုယ်တိုင် ငြိမ်းချမ်းသော၊ တရားသော၊ ကျိုးကြောင်းဆီလျော် ညီညွတ်သော နည်းလမ်းများဖြင့် ကာကွယ် ထိမ်းသိမ်းသွားမှာ ဖြစ်ပါတယ်။ ပိတ်ဆို့ တားမြစ်ရင် တားမြစ်တဲ့သူကို ရှိတဲ့ ဥပဒေဘောင်တွင်းက နည်းမှန် လမ်းမှန် ရင်ဆိုင် ဆန့်ကျင်သွားမယ် ဖြစ်တယ်။ ကျုပ်တို့ကို အကာအကွယ်ပေးမဲ့၊ အသိအမှတ်ပြုတဲ့ ဥပဒေတွေ မရှိရင်၊ ရှိလာအောင် ကျုပ်တို့ လုပ်ဆောင်သွားမယ်။

၁၉၃၀ခု၊ မေလ (၃၀)ရက်နေ့မှာ ဒိှု့ဗမာအစည်းအရုံးက ပထမဆုံး တရားဝင် ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ “ဗမာကပြားများသို့” ဟူ၍ ခေါင်းစဉ်ငယ် သီးခြားတပ်ပြီး

“အို- ငါတို့နှင့် တမြေတည်းနေ၊ တရေတည်းသောက်၊ တနိုင်ငံဘွားဖြစ်သော ဗမာကပြားအပေါင်းတို့၊ အသင်တို့သည် ဗမာပြေဘွားများဖြစ်ကြသဖြင့် စင်စစ်မှာ ဗမာများပင် ဖြစ်ကြသည် မဟုတ်ပါလော။ သို့ဖြစ်ပါလျက်နှင့် အသင်တို့အမေ (သို့မဟုတ် အဖေ) အဘိုးအဖွား စသည်တို့မှာ ဗမာနိုင်ငံသား ဗမာပြည်ဘွား၊ ဗမာပြည်သားများပင် မဟုတ်ကြပါလော။ သို့ဖြစ်ပါလျက်နှင့် အသင်တို့သည် အဘယ်ကြောင့် ဗမာများ မဟုတ်သယောင်လုပ်၍ နိုင်ငံခြားသားများကဲ့သို့ အသင်တို့ ငါတို့ တိုင်းပြည်၏အရေးကို လျစ်လျူရှုကြကာ နေစိမ့်ကြပါသနည်း။ လောကတွင် မည်သူမဆို ကိုယ်မွေးဖွါးရာဌာနကို ချစ်ခင်စမြဲဓမ္မတာတည်း။ အသို့ဖြစ်လျက် အဘယ်ကြောင့် အသင်တို့သည် ဓမ္မတာနှင့် ဆန့်ကျင်၍ ကိုယ့်အမိနိုင်ငံ၊ ကိုယ့်အဖနိုင်ငံ၊ ကိုယ့်မွေးဖွါးရာ နိုင်ငံကြီးကို မချစ်ခင်ကြဘဲ နိုင်ငံခြားသား စိတ်ဝင်ပြီးလျှင် နိုင်ငံခြားသားကဲ့သို့ နေရက်ကြကုန်ပါသနည်း။ အသင်တို့သည် အသင်တို့ မွေးဖွားရာ ဗမာနိုင်ငံကို ကိုယ့်နိုင်ငံဟု သဘောမထားကြပါလျှင် မည်သူ့နိုင်ငံကို ကိုယ့်နိုင်ငံဟူ၍ မှတ်ယူကြပါမည်နည်း။ - - - -

- - - ကိုင်း၊ အသို့ဆိုမည်နည်း၊ ဗမာတိုင်းဖွား အသင်ကပြားတို့။ အသင်တို့သည် ရှေ့ရေးကို မြော်မြင်သောအားဖြင့် ကျွန်ုပ်တို့လဲ ဗမာပါဘဲဟု ယခုပင် ဆိုလှဲ့ကြပါကုန်လော့။ အသင်တို့လည်း ငါတို့နှင့်အတူ စည်းလုံး၍ ယိုင်းပင်းဝိုင်းဝန်းကြပါကုန်လော့။ အသင်တို့ကိုယ်ကို အသင်တို့ တို့ဗမာဘဲ သဘောထား၍ ဗမာနိုင်ငံကြီးနှင့်တကွ ဗမာအမျိုးသားအကုန် ကောင်းစားအောင် ကျင့်ဆောင်ကြမည် မဟုတ်ပါလော” ဟူ၍ မြန်မာမွတ်စလင်များကို တိုင်းရင်းသားများအဖြစ် အသိအမှတ်ပြုကာ လွတ်လပ်ရေးတိုက်ပွဲဝင် သခင်လှုပ်ယှားမှုကြီးအတွင်း ပူးပေါင်းပါဝင်လာကြဖို့ သမိုင်းဝင် ဖိတ်ခေါ် တပ်လှန့်ခဲ့ပါတယ်။

တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးနှင့် ထပ်တူခံစား လက်တွဲ၍ ရှေးမြန်မာမွတ်စလင်များ တိုင်းပြည် လွတ်လပ်ရေးအတွက် ရှေ့တန်းမှ အသက်စွန့် တိုက်ပွဲဝင်ခဲ့တဲ့ အထောက်အထားတွေ မြန်မာ့သမိုင်းမှာ ရေးမကုန်အောင် အထင်အရှားရှိနေပါတယ်။ တကသ၊ ဗကသဆိုတဲ့ ကျောင်းသားသမိုင်း၊ တို့ဗမာအစည်းအရုံးဆိုတဲ့ သခင်သမိုင်း၊ လွတ်လပ်ရေး တိုက်ပွဲဝင် အာဇာနည်သမိုင်းသာမက တိုင်းပြည်ထူထောင်ရေး၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ အားကစား စသဖြင့် ကြိုက်တဲ့သမိုင်းကို ရေးပါ။  မြန်မာမွတ်စလင်တွေ ရှေ့တန်းက ဦးဆောင်ပါဝင်မှု အခန်းကဏ္ဍကို ချန်လှပ်ပြီး ရေးလို့ ရကို မရပါဘူး။ ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် အသေခံ တိုက်ပွဲဝင်တုန်းကတော့ အတူတူပါဘဲလို့ ဆိုခဲ့ကြပြီး တိုင်းပြည်လွတ်လပ်ရေးရမှ အင်္ဂလိပ်နေရာ သခင်အဖြစ် အချောင် အစားဝင်ပြီး ကျုပ်တို့ကို ကျွန်သာသာ ဒုတိယ၊ တတိယတန်းစား နိုင်ငံသားလို ဆက်ဆံလာနေတာကို လုံးဝ လက်မခံနိုင်ပါဘူး။

ကျနော်တို့ ဖက်ကလည်း မိမိတို့၏ ဘဝတွေကို မြှုပ်နှံထားပြီးတဲ့ လူ့ဘောင်အဖွဲ့အစည်းတွင်းက လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုစတဲ့ ကဏ္ဍအသီးသီးမှာ တာဝန်သိတဲ့၊ အကျိုးပြုတဲ့ နိုင်ငံသားတွေ ဖြစ်ရပါမယ်။ သေသေချာချာ စဉ်းစားကြမယ်ဆိုရင် မိမိသွေးပါတဲ့ သက်ဆိုင်ရာ လူမျိုးအလိုက် ကရင်ယဉ်ကျေးမှု၊ ရှမ်းယဉ်ကျေးမှု၊ ဗမာယဉ်ကျေးမှု၊ မြန်မာ့လူ့ဘောင်ရဲ့ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးပိုက်ထွေးတာဟာ ရှက်စရာ မဟုတ်။ ဂုဏ်ယူစရာ ဖြစ်ပါတယ်။ တစ်ကယ်တော့ ငြင်းပယ်တာကသာ ရှက်စရာပါ။ မွတ်စလင်ဖြစ်သွားလို့ ဗမာက တိုက်ပုံ မဝတ်ရဘူး။ ကရင်က သင်တိုင်း မခြုံရဘူး။ အိန္ဒိယသူက ဆာရီမလွှမ်းရဘူး။ အနောက်နိုင်ငံသား/သူ က ဘောင်းဘီရှည်/ဂါဝန်စကတ် မသုံးရဘူးဆိုတာ မရှိပါဘူး။ လူမျိုးနွယ်တိုင်းကို တမန်တော်တွေ စေလွှတ်ခဲ့တယ် ဆိုတာကို ကုရ်အန်မှာ အတိအလင်း ဖေါ်ပြထားပါတယ်။ အစ္စလာမ်သည် အာရေဗျမှာ ပေါ်ထွန်းပေမဲ့ အာရဗ်တွေအတွက်သာ မဟုတ်။ ယဉ်ကျေးမှုပေါင်းစုံရှိသော လူသားတိုင်း၊ လူမျိုးတိုင်းအတွက် ဖြစ်ပါတယ်။ ဗုဒ္ဓသည်ပင်လျှင် တမန်တော်တစ်ပါးဖြစ်တဲ့အတွက် ရိုသေ လေးစားရမယ်လို့ အစ္စလာမ့် ပညာရှင်များ ဆိုကြပါတယ်။

မြန်မာမွတ်စလင်ကို ဘယ်လိုအဓိပ္ပါယ် ဖွင့်သင့်သလဲ။

မြန်မာမွတ်စလင်ဆိုတဲ့ စကားလုံးကို လူမျိုးတစ်ရပ်၏ အမည်အနေဖြင့် သုံးစွဲမည်ဆိုပါက အခက်အခဲများ ရှိနေကြောင်းကို အထက်မှာ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ သို့သော် မြန်မာမွတ်စလင်ဟူသော ဝေါဟာရကို လူမျိုးတစ်မျိုးအတွက် မဟုတ်ဘဲ မြန်မာနိုင်ငံရှိ လူမျိုးပေါင်းစုံ အစ္စလာမ်ဘာသာဝင်တိုင်းအတွက် ဘာသာတူရာ၊ ယဉ်ကျေးမှုတူရာ လူမှုအဝန်းအဝိုင်းကို အသိအမှတ်ပြု၊ စုစည်းသော သဘော(Common Noun)အဖြစ် သုံးစွဲသင့်ကြောင်း ဆက်လက် ဆွေးနွေးလိုပါတယ်။

လွတ်လပ်ရေး မရခင်ခေတ်က ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA- Young Men Buddhist Association)ဆိုပြီး YMCA(Young Men Christian Association)ကို တုပြီး တည်ထောင်ခဲ့ဘူးပါတယ်။ အမျိုးသမီးတွေအတွက် ဗုဒ္ဓဘာသာ ကလျာဏ ယုဝတီအသင်း (YWBA-Young Women Buddhist Association)လည်း ရှိခဲ့ပါတယ်။ မွန်၊ ဗမာ၊ ကရင်၊ ရခိုင်၊ ရှမ်း၊ ပအိုးဝ်မရွေး ဗုဒ္ဓဘာသာကို ကိုးကွယ်သော လူမျိုးပေါင်းစုံ၏ သာသနာရေး၊ ယဉ်ကျေးမှု၊ လူမှုရေးတွေအတွက် အားလုံးပါဝင် ဆောင်ရွက်နိုင်တဲ့ လူမှုအဖွဲ့အစည်းအမည် (Common Noun)အဖြစ် ဖွဲ့စည်း ရပ်တည်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ မေတ္တာရပ်ခံ တိုက်တွန်းချက်အရ အာဇာနည် ဆရာကြီး ဦးရာဇတ်က မြန်မာပြည်ရှိ လူမျိုးပေါင်းစုံ မွတ်စလင်တိုင်း ပါဝင်နိုင်တဲ့ ဗမာမွတ်စလင် ကွန်ဂရက် (ဗမက-Burmen Muslim Congress) ကို ၁၉၄၅ခုနှစ်က တည်ထောင်ခဲ့ပါတယ်။

မြန်မာမွတ်စလင်ဟူသော ဝေါဟာရသည် သမိုင်းဂုဏ်ပြောင်သည့် ဝေါဟာရဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲ၊ တိုင်းပြည်ထူထောင်ရေး အပါအဝင် ကဏ္ဍအသီးသီးမှာ အစဉ်တဆက် အမြတ်တနိုးထား သုံးစွဲခဲ့သည့် သမိုင်းအစဉ်အလာရှိသော အမည်ဖြစ်ပါတယ်။ မြန်မာမွတ်စလင်(Burmese Muslim)ဆိုသော အမည်နာမကို အစ္စလာမ်သာသနာ သက်ဝင်ယုံကြည်သော မြန်မာပြည်ရှိ လူမျိုးပေါင်းစုံ တိုင်းရင်းသားတိုင်း နိုင်ငံသားတိုင်းကို ကိုယ်စားပြုသော လူ့အဖွဲ့အစည်း၏ အမည်အဖြစ် ဆက်လက် သတ်မှတ် ထားရှိဖို့ လိုအပ်ပါတယ်။ မြန်မာမွတ်စလင်သည် အစ္စလာမ်ဘာသာကို ကိုးကွယ်ယုံကြည်သော ဗမာ၊ ကရင်၊ ရှမ်း၊ ကမန်၊ ပန်းသေး၊ ရိုဟင်ဂျာ စသဖြင့် မြန်မာနိုင်ငံသားတိုင်း မြန်မာတိုင်းရင်းသားတိုင်း၏ ဘာသာရေးဆိုင်ရာနှင့် ဘာသာရေးက သင်ကြားသော ယဉ်ကျေးမှုဆိုင်ရာ၊ လူမှုရေးဆိုင်ရာ တူညီမှုကို ထင်ဟပ်နေမှာ ဖြစ်ပါတယ်။

အမြင်ဆိုး (Negative stereotype) ပြောင်းလဲသွားအောင် ဘယ်လိုလုပ်ကြမလဲ။

တဖြည်းဖြည်း တစတစနှင့် အနယ်ထိုင်လာရာမှ အစိုင်အခဲကြီးတစ်ခုလို ဖြစ်ထွန်းလာတဲ့ အမြင်ဆိုးတစ်ခု အမြစ်စွဲလာအောင်က ဆယ်စုနှစ်၊ ရာစုနှစ်တွေနှင့် ချီပြီး ကြာတတ်ပါတယ်။ ဒီအတိုင်းဘဲ အမြင်ဆိုးတစ်ခု ပယ်ဖျက် ကွယ်ပျောက်သွားအောင်လည်း အနည်းဆုံး ဆယ်စုနှစ်တွေနှင့် ချီပြီး ထပ်ကြာနိုင်တာကို ကျနော်တို့ စိတ်ရှည်ရှည်နှင့် အသင့်ပြင်ထားဖို့ လိုပါတယ်။

ကုလားလို့ ခေါ်တာကို မကြိုက်နှစ်သက်မှန်း သိသိကြီးနှင့် တမင် ဖိဖိ နှိပ်နှိပ် သုံးစွဲ ခေါ်ဝေါ်နေသူများ ရှိသလို တစ်ဖက်သား နာသာခံခက်ဖြစ်တာကို အလေးအနက်မထားဘဲ သာမန်အားဖြင့် ပေါ့ပေါ့ဆဆ အလွယ် ခေါ်လိုက်ကြသူများလည်း ရှိနေတာကို နားလည်ပေးဖို့လည်း လိုပါတယ်။

ဒီလိုပြသနာမျိုးက အမိန့်ဒီဂရီနှင့် တားမြစ်တာမျိုး သို့မဟုတ် ထိပ်တိုက် ရင်ဆိုင်တွေ့တာမျိုးနှင့် ဖြေရှင်းပြီး အမြစ်ဖြတ်လို့ရတဲ့ ပြသနာမျိုး မဟုတ်ပါဘူး။ ဒါမျိုးက အကိုင်အတွယ် မတတ်ရင် Backlash ဖြစ်ပြီး ပိုလို့တောင် ဆိုးဝါးနက်ရှိုင်း သွားတတ်ပါတယ်။

ကျနော်တို့အားလုံး ရင်ထဲအသဲထဲမှာ စွဲထင်ထားဖို့ အခြေခံအချက်တစ်ခုက အခုဖြစ်နေတဲ့ ပြသနာသည် ညှိုးသူရန်ဘက်တွေ၊ တစိမ်းတရံဆန်တွေကြားမှာ ဖြစ်နေတဲ့ ပြသနာမဟုတ်။ တမြေတည်းနေ တရေတည်းသောက် ကံကြမ္မာချင်း စည်းနှောင်ထားတဲ့ မိသားစုကြားက အထင်အမြင် လွဲမှားမှု၊ မှန်မှန်ကန်ကန် မရှုမြင်နိုင်မှု ပြသနာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ဆိုးက မိမိအာဏာ အရှည်တည်တံ့ရေးအတွက် ပြည်သူလူထုကို အဆင့်ခွဲ၊ အချင်းချင်းရန်တိုက်၊ မညီမညွတ်ဖြစ်စေပြီး အားအင်ချိနဲ့နေအောင် တမင်ဖန်တီးပေးထားတဲ့ ပြသနာဖြစ်ပါတယ်။

ဒီပြသနာမျိုးကို တုတ်နှင့်ရိုက်၊ ဓါးနှင့်ခုတ်ပြီး ဖြေရှင်းမရ။ ဖြေရှင်းမသင့်။ မှန်ကန်သော ထိတွေ့ဆက်ဆံမှု (Tactful Engagement)ဖြင့်သာ ဖြတ်သန်း ကျော်လွှားသင့်ပါတယ်။

ကျနော်တို့ကို ဖယ်ကျဉ်ခွဲခြားလာတယ်လို့ ခံစားမိပြီး၊ ထိတွေ့မှု၊ ထိတွေ့လိုမှု လျော့နည်းလာတယ်။ ထိတွေ့မှု လျော့နည်းလာလေလေ ဖယ်ကျဉ်ခွဲခြားမှု ပိုနက်ရှိုင်းလာလေလေ ဖြစ်ပါတယ်။ တချို့နေရာမှာ ထိတွေ့မှုရှိသော်လည်း မှန်ကန်သော ထိတွေ့မှု မဟုတ်သဖြင့် အကျိုးမဖြစ်တာမျိုး၊ ပိုဆိုးသွားတတ်တာမျိုးလည်း ရှိနိုင်ပါတယ်။

ဥပမာ ညီငယ်တစ်ယောက်ရေးသလို လူငယ်ဘာဝ သောက်စားဖို့ လာခေါ်တဲ့ အပေါင်းအသင်းကို ငါ့ဘာသာတရားက တားမြစ်ထားလို့ မသောက်နိုင်ဘူးဆိုပြီး ဘာသာရေးကို ထည့်သွင်းပြောတာထက် အခြားပိုခံသာတဲ့ အကြောင်းပြချက်မျိုးက လူမှုဆက်ဆံရေး ချောမွေ့မှုကို ပိုအထောက်အကူပြုပါတယ် ဆိုတာမျိုးပါ။ ခင်ဗျားတို့ ကိုးကွယ်တဲ့ ဘုရားကလည်း ကုလားဘဲဆိုတာမျိုးက အချက်အလက်အရ မှန်သော်လည်း မပြောသင့်ပါဘူး။ ကိုယ့်ကို နာအောင် ပြောလာသူကို သူ့ကိုနာအောင် ပြန်ပြောမယ်ဆိုတာမျိုးက ပိုအကျိုးရှိလား။ ကိုယ့်ကို နာအောင်ပြောလာသူကို ယဉ်ယဉ်ကျေးကျေး ရှင်းလင်းတုန့်ပြန်တာက ပိုအကျိုးရှိလားဆိုတာကို မိမိဘာသာ ချင့်ချိန်နိုင်ကြပါတယ်။

တကဲ့ပြသနာက သိသိကြီးနှင့် တမင်နှိမ့်ချ ခေါ်ဝေါ်သူတွေပေါ်မှာ မတည်ပါဘူး။ သိသိနှင့် တမင် စော်ကားနေသူမျိုးတွေဟာ ဘာဆေးမှ မတိုးတတ်ပါဘူး။ တကဲ့ အာရုံစိုက်ရမဲ့နေရာက တစ်ဖက်သား နစ်နာမှုကို သိပ်အလေးမထားမိဘဲ သာမန် ပေါ့ပေါ့နှင့် အလွယ်သုံးနေတဲ့ လူများစုကြီး ဖြစ်ပါတယ်။ ၄င်းအုပ်စုကြီးကို တမင် လိုက်ရှာနေစရာ မလိုပါဘူး။ ကျနော်တို့ အသီးသီးနေထိုင်တဲ့ ပတ်ဝန်းကျင်ဘဲ ဖြစ်ပါတယ်။ မိမိပတ်ဝန်းကျင်ကို ထိတွေ့မယ်။ လိုအပ်ရင် စိတ်ရှည်ရှည်ထားပြီး အကျိုးအကြောင်းနှင့် ရှင်းပြနိုင်မယ်။ ဘာသာမတူသော်လည်း မိမိလူ့အဖွဲ့အစည်း၏ သာရေး၊ နာရေး၊ လူမှုရေးတွေမှာ ပါဝင်မယ်။ အကျိုးပြုမယ်ဆိုရင် မိမိပတ်ဝန်းကျင်က မိမိ၏ အခန်းကဏ္ဍကို တန်ဖိုးထားလာမယ်။ နွေးထွေးလာမယ်။ အဲဒီအခါ စိတ်ထားမမှန်နှင့် လူ့အဖွဲ့အစည်းကို ထိုးခွဲပြီး အမြတ်ထုတ်မဲ့သူတွေရဲ့ အခန်းကဏ္ဍကို သိသိသာသာ လျော့ချပစ်နိုင်မှာ ဖြစ်ပါတယ်။

ကျနော်တို့သည် မိမိနေထိုင်ရာ လူ့အဖွဲ့အစည်း၏ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ တိုးတက်ရေး၊ တရားမျှတရေး၊ ချစ်ကြည်ရေးစတဲ့ ကဏ္ဍစုံမှာ တာဝန်ကျေသည့် နိုင်ငံသားကောင်းဖြစ်ရန်လိုသလို မိမိ၏ မွေးရာပါ ရပိုင်ခွင့် အခွင့်အရေးတွေကိုလည်း မဆုတ်မနစ် ကာကွယ်နိုင်သူများ ဖြစ်ရပါမည်။


မင်းဘဒင်
မေလ ၁၁၊ ၂၀၁၀


ကျနော်တို့တတွေပေါင်းစည်းအားနဲ့ နိုင်ငံကိုပြုပြင်ပြောင်းလဲပစ်
ကြပါစို့"
[By Ko Baloi]
သိန်းစိန်အစိုးရအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပဲဖြစ်ဖြစ်-လွတ်ငြိမ်းသက်သာခွင့်ပဲဖြစ်ဖြစ်ပေးလိုက်ခြင်းသည် သူ့လိုလူနှင့် သူ့လိုအသိုင်းက
နှင့်တူသော ရာဇဝတ်မှုနှင့် အဖမ်းခံရထားသောသူများကို ရည်ရွယ်ပြီးအပြစ်ဒဏ်လျှော့ပေါ့ပေးလိုက်ခြင်းသာဖြစ်သည်။ သိန်းစိန်အစိုးရ
အနေနှင့် ဂုဏ်သိက္ခာရှိသောအစိုးရတစ်ရပ်အဖြစ် မြန်မာနှင့် ကမ္ဘာကိုပြသလိုလျှင်  အမှန်တကယ်ဥိးစွာလုပ်ရမည်မှာ- နိုင်ငံရေးအကျဉ်း
သားများကို ပထမလွှတ်ပေးရပါလိမ့်မည်။ ထိုမှတဆင့် ပြုပြင်ပြောင်းလဲမှုတွေကို တဆင့်ခြင်းတက်လှမ်းသွားပါက ဂုဏ်သိက္ခာအပြည့်အဝရှိသည့်အစိုးရမဟုတ်တောင်မှ အများကအသိအမှတ်ပြုခြင်းကိုခံရမည့် အစိုးရတစ်ရပ်ဖြစ်ပေါ်လာနိုင်သည်။
 ဤသို့မဟုတ်ပဲ နဂိုအရင်အတိုင်းပဲ ရှေ့ဆက်နေဦးမယ်ဆိုလျှင်...
မြန်မာပြည်သူများ၏ အဆဲအဆိုနှင့် အပြောအဆိုများကိုခံရမည့်အပြင်- နိုင်ငံတကာခေါင်းဆောင်များ၏ ကန့်ကွက်-ရှုတ်ချ အပြစ်တင်
ဝေဖန်ခြင်းကို ဆက်လက်ခံနေရဦးမည်ဖြစ်သည်။ အကြောက်လွန်၍ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားမရှိဘူးဟု ဘယ်လိုပင်-ဖင်
ပိတ်ပြီးငြင်းနေ-ငြင်းနေ ဆင်သေကို ဆိတ်သရေနဲ့ဖုံး၍မရပါ။ အများပြည်သူ၏ ခွင့်လွှတ်မှုနှင့် သနားကျင်နာမှုကိုခံလိုလျှင် မိုက်လုံးကြီး
ပြီး ဆက်မိုက်နေ၍မဖြစ်၊ အများပြည်သူ၏ ခွင့်လွှတ်မှုနှင့် သနားကျင်နာမှုကိုခံယူလိုလျှင် ကောင်းကွက်တွေကိုရှာကြံပြီး လက်တွေ့ကျ
သည့် နိုင်ငံရေးရှေ့လုပ်ငန်းစဉ်နှင့် လူမှုရေးလုပ်ငန်းဆောင်တာများကို လက်တွေ့ကျကျအကောင်ထည်ဖော်လုပ်ဆောင်သွားလျှင် သမ္မတ
သိန်းစိန်လိုချင်သည့် သန့်ရှင်း-စင်ကြယ်သောအစိုးရတစ်ရပ်ဖြစ်လာမည်ဖြစ်သည်။ လာဒ်ပေးလာဒ်ယူစနစ်ကို တိုက်ဖျက်မည်ဟုပြော
ဆိုယုံနဲ့သန့်ရှင်း-စင်ကြယ်သည့် အစိုးရတစ်ရပ်ဖြစ်ပေါ်မလာနိုင်။
ကျနော့်အနေနဲ့ သုံးသပ်မိသည်မှာ သိန်းစိန်အစိုးရကို ဘက်ပေါင်းစုံကနေ၍  ဖိအားခပ်ပြင်းပြင်းလေးပေးနိုင်မှသာ သိန်းစိန်အစိုးရမှ ပြု
ပြင်ပြောင်းလဲမှုတွေလုပ်လာနိုင်မည်။ ရွေးကောက်ခံပါတီဝင်တွေလိုမျိုး ပါးစပ်နှင့် လက်တွေ့မပါသည့်ဖိအားပေးမှုတွေပြုလုပ်နေသ၍
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေဟာ လိပ်သွားသကဲ့သို့သာ ပြုပြင်ပြောင်းလဲမှုတွေ အရမ်းကိုနှေးကွေးနေဦးမည်။ ထိပ်တိုက်ရင်ဆိုင်မှုကို
လည်း အမြဲတစေမဟုတ်သော်ငြားလည်း ရံဖန်ရံခါကျင့်သုံးသွားရမည်။ ထိပ်တိုက်ရင်ဆိုင်မှုကို ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်စရာ
မလိုပါ ၊ စစ်တုရင်ထိုးသလိမျိုး- ကျားကွက်ရွေ့သလိုမျိုး ထိုးကျွေးတတ်ရမည်အပြင်- ချကျွေးလည်းတတ်ရမည်။ကျနော်သည်လည်း
အထိုးကျွေးခံရဘူးသလို...ချကျွေးလည်းခံခဲ့ရဘူးပါသည်။ သည်အတွက် ကျနော်သည်ဝမ်းမနည်းပါ...ဘာကြောင့်လို့လည်းဆိုလျှင်
ကျနော်သည် နိုင်ငံရေးရဲ့ သားကောင်ဖြစ်နေသောကြောင့်တည်း။
နိုင်ငံရေးရဲ့သားကောင်ဖြစ်လျှင် ဤလောကကို ကာလတစ်ခုအထိ ကျော်ဖြစ်သန်းရဲရမည်။ အမှန်တကယ်တော့ လူတွေဟာ နိုင်ငံရေးရဲ့
သားကောင်စစ်စစ်တွေပါပဲ။ ဒါကြောင့်...ကျနော်တို့တတွေပေါင်းစည်းအားနဲ့ ကျနော်တို့နိုင်ငံကိုပြုပြင်ပြောင်းလဲကြပါစို့..။

သင့်ညာဏ်ကောင်းဖို့ (ကလစ်ပါ)

ဒီလိုလူတွေရှိလေ ထမီဝတ်အစိုးရတွေကြောက်လေဘဲ (ကလစ်ပါ)

အချောက်ဖြစ်ချင်စိတ်တောင်ကုန်သွားပြီ

ကိုယ်တိုင်စိုင်းရမည့် မြင်း

  • January 28, 2010 ၊ အချိန် 8:22am တွင် ေတဇာ မ ရေးသားသွားခဲ့သည်
  • ေတဇာ ရဲ့ Blog ရေးသားချက်များကို ကြည့်ရန်
Autodidactism ဟူသည်မှာ ကိုယ်တိုင် သင်ယူလေ့လာခြင်း သဘောကို ရည်ညွှန်းသည်။ ပုံစံကျ စာသင်ကျောင်းတက် ပညာရေးနှင့်၊ ဆရာဖြင့် သင်ကြားခြင်းတို့နှင့် ဖီလာဖြစ်နေသော သင်ယူနည်းတစ်ခု ဖြစ်ပါသည်။ လူတစ်ယောက် အနေဖြင့် ဘ၀တွင် ကိုယ်ထူကိုယ်ထ သင်ယူခြင်း အလုပ်ကို တစ်ချိန်မဟုတ် တစ်ချိန်တွင် တစ်နည်းမဟုတ် တစ်နည်း ပြုလုပ်ဖူးခဲ့ ပေလိမ့်မည်။ အထူးသဖြင့် ကျောင်းတွင် မသင်ရသည့် ပညာရပ် နယ်ပယ်များတွင်သော် ကိုယ်ထူကိုယ်ထ သင်ယူခြင်း စနစ်ကို ပိုမိုအားပြု ရပေမည်။

ကိုယ်တိုင်သင်ကြားခြင်း (သို့မဟုတ်) မိမိကိုယ်ကိုယ် အခြေပြု၍ သင်ယူလေ့လာခြင်း စနစ်သည် တစ်ကိုယ်တော် ဖြစ်နေရန် မလိုအပ်ပါ။ ကိုယ်တိုင်သင်ယူသူ တချို့သည် စာကြည့်တိုက်များ၊ ပညာရေးဆိုင်ရာ Website များတွင် အချိန်ပေးကြသည်။ အချို့လူများက မိမိတို့၏ သင်ယူမှု ပုံစံအတွက် မိသားစုဝင်များ၊ မိတ်ဆွေများနှင့် အသိအကျွမ်းများ၏ ညွှန်ကြားချက်များကို ကိုးစားအသုံးပြု ကြသည်။ မြင်ဆရာ၊ ကြားဆရာများဟု ခေါ်နိုင်ပါသည်။ သို့ရာတွင် ဤအခြေအနေတွင် ဆရာမရှိ၊ ကိုယ်တိုင်သင်ယူသည်ဟု မခေါ်နိုင်တော့ကြောင်း၊ အနည်းဆုံးအားဖြင့် မြင်ဆရာ၊ ကြားဆရာတော့ ရှိသည်ဟု အငြင်းပွားလာ နိုင်ပါသည်။ စင်စစ် အထွေထွေ သင်ရိုးတစ်ခုခုအား လေ့လာရာတွင် သီးသန့် ဆရာတစ်ယောက်၏ ပုံရိပ်ကင်းမဲ့နေခြင်း သဘောကို Autodidactism ဟု မှတ်ယူ နိုင်ပါသည်။ အစဉ်အလာ ပုံစံကျ သင်ယူနည်းစနစ် (ကျောင်းတက်) မှ ခွဲထွက်၍ ဆရာလွတ် ကိုယ်ထူကိုယ်ထ ပုံစံချ သင်ယူနည်း စနစ်တစ်ရပ်ပင် ဖြစ်ပါသည်။ မြင်ဆရာ၊ ကြားဆရာ စသည် ထည့်ပြောခြင်းသည် စကားကပ်ခြင်းသာ ဖြစ်လိမ့်မည်။


စွယ်စုံရပညာရှင် (Polymath)

ပုံပြင်များတွင် “ဒိသာပါမောက္ခ” ဟူသည့် ကိုယ်တိုင်သိ ပညာရှိကြီးများ တွေ့ရလေ့ ရှိပါသည်။ ပညာရပ် အမြောက်အများကို တစ်ဦးတည်း ဒိုင်ခံ သင်ကြားပေးသည်။ သူတို့ကိုမူ Autodidact ဟု ခေါ်ခြင်းထက် Polymath ဟု သုံးနှုန်းရန် ပိုမိုသင့်လျော်မည် ထင်သည်။ စွယ်စုံပညာရှင်၊ ဗဟုသုတ ဟင်းလေးအိုး စသည့် သဘောပင် ဖြစ်ပါသည်။ သက်ရှိထင်ရှားရှိခဲ့သည့် လူသားထဲမှ စွယ်စုံပညာရှင်တစ်ဦးကို ပြပါဆိုလျှင် “လီယိုနာဒို ဒါဗင်ချီ” ကိုပင် ပြရမည်။ ပန်းချီ၊ ပန်းပု၊ ဂီတ၊ ဗိသုကာ၊ သိပ္ပံ၊ သင်္ချာ၊ စာရေးဆရာ စသည်ဖြင့် နယ်ပယ်ပေါင်း မြောက်များစွာတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါသည်။ Autodidact များ အားလုံးကို Polymath ဟု သတ်မှတ်နိုင်မည် မဟုတ်သော်လည်း Polymath ဆိုသူ စွယ်စုံပညာရှင်များသည် Autodidact စာရင်းဝင်သည်ဟုတော့ ဆိုနိုင်ပါလိမ့်မည်။ ကိုယ်တိုင် လေ့လာသင်ယူ ချင်စိတ်မရှိဘဲ ပညာရပ်နယ်ပယ် အများအပြားတွင် မည်သို့မျှ နှံ့စပ်လာ နိုင်မည် မဟုတ်ခြင်းကြောင့် ဖြစ်ပါသည်။


ဆရာ,မရှိသော ဆရာများ

Autodidact များထဲတွင် ထင်ရှားကျော်ကြားသူများ မရေတွက်နိုင်အောင်ပင် အများအပြား ရှိနေပါသည်။ ဘီဂိတ် (Bill Gate) သည် ကောလိပ်ကျောင်းမှ ပညာတစ်ပိုင်းတစ်စနှင့် ထွက်ခဲ့သူဖြစ်သည်။ သမ္မတလင်ကွန်း (Abraham Licoln) သည် တစ်နှစ်ပြည့်အောင်ပင် ကျောင်းမနေခဲ့ဖူးဘဲ ကိုယ်တိုင်သင်ယူလေ့လာပြီး ရှေ့နေဖြစ်ခဲ့သူ ဖြစ်သည်။ ဂျက်လန်ဒန် (Jack London) ၊ ဒစ်ကင်း (Charles Dickens) နှင့် ဟဲမင်းဝေး (Ernest Hemingway) စသည့် စာရေးဆရာကြီးများသည် Autodidact များ ဖြစ်သည်။ ဒဿနပညာရှင်များတွင် ဆော့ခရိတ္တိမှ၊ ဒေးကား၊ နစ်ရှေးအဆုံး ဆရာလွတ်လေ့လာသူများသာ ဖြစ်ပါသည်။ အဆုံးစွန်ဆိုရလျှင် လျှပ်စစ်မီး တီထွင်ခဲ့သူ အက်ဒီဆင် (Thomas Edison) သည်ပင် ကျောင်းနေရန် ထုံထိုင်းလွန်းသည်ဟု ဆရာများက သတ်မှတ်ခံရသဖြင့် အိမ်တွင်ပင် မိခင်ဖြစ်သူမှ သင်ကြားပေးခဲ့ရသည်။ တကယ်တော့ Autodidact များအကြောင်း ရေးမည်ဆိုလျှင် ကုန်နိုင်ဖွယ်မရှိပါ။ ဤသည်တို့မှာ ကိုယ်တိုင်လေ့လာသင်ယူခြင်း နည်းလမ်းဖြင့် အလုပ်ဖြစ်နိုင်ကြောင်းကို ထင်ရှားစေလိုသဖြင့် အကျဉ်းမျှ ထုတ်ပြခြင်းသာ ဖြစ်ပါသည်။

ဤနေရာတွင် အဆိုပါ ပုဂ္ဂိုလ်များသည် ခြွင်းချက်မျှသာဖြစ်ပြီး တက္ကသိုလ်ကျောင်းထွက် ပညာရှင်များလည်း ပြောမကုန်အောင် ရှိနေကြောင်း ငြင်းချက်ထုတ်နိုင်ပါသည်။ စနစ်တကျ ပညာရေးဖြင့် ထူးချွန်ထင်ရှားသူများ အများအပြားရှိသည်ကို မည်သို့မျှ မငြင်းနိုင်ပါ။ သို့ရာတွင် Autodidact များသည် လက်တစ်ဆုပ်စာ ခြွင်းချက်မျှ ဟူ၍တော့ ယူဆနိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် တက္ကသိုလ်ဘွဲ့ရ ပညာတတ်တို့သည်လည်း အဆိုပါ နယ်ပယ်မှအပ အခြားဘာသာရပ် နယ်ပယ်များတွင် Autodidact ဖြစ်နေနိုင်သောကြောင့် ဖြစ်ပါသည်။ လိုရင်းမှာ Autodidact နှင့် စနစ်တကျ ပညာတတ် ခွဲခြား ပြိုင်ဆိုင်လိုခြင်း မဟုတ်ပါ။ Autodidactism ၏ အရေးပါမှုကိုသာ ထင်ရှားစေလိုခြင်း ဖြစ်ပါသည်။

ကိုယ်ထူကိုယ်ထ သင်ယူမှုစနစ်အကြောင်း အလေးထား ပြောကြားရသည့် အကြောင်းအရင်း ခိုင်ခိုင်မာမာ ရှိပါသည်။ အားလုံးသိကြသည့်အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံ၏ ပညာရေးစနစ်မှာ ကုန်းကောက်စရာ မရှိအောင် ချွတ်ခြုံကျနေသည်ဟု ဒဲ့ရေးသော်မှ လွန်မည်မထင်။ လိုကောင်းသာ လိုပါလိမ့်မည်။ ပြည်ပတွင် ကျောင်းသွားတက်နိုင်သူ အရေအတွက်သည် စုစုပေါင်းလူဦးရေ၏ အစွန်းထွက်ပင် မရှိ။ အမှန်တကယ် ပညာလိုလားသော လူငယ်များ အများအပြားသည် အဆင့်မီပညာရေးအား သင်ကြားခွင့် မရရှိကြပါ။ အဆင့်မီပညာရေး စနစ်မရှိ၊ အဆင့်မီ ဆရာများ အလုံအလောက် မရှိ။ အဆင့်မီ ကျောင်းသားမရှိ။ စသည့်သံသရာသည် စတင်လည်ပတ်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ ကွပ်လပ်များအား ဖြည့်နိုင်စွမ်း မရှိသေးသည့် လတ်တလော အခြေအနေတွင် ကိုယ်ထူကိုယ်ထ ပညာသင်ကြားခြင်းသည် အရေးကြီး လှသည်။ လိုရင်းမှာ “ဆရာကို အာခံ” ခိုင်းခြင်းမဟုတ်ဘဲ “ကိုယ်ထူကိုယ်ထ ပညာရှာခြင်း အလေ့ကို” (Autodidactism) ပုံကြီးချဲ့ ပြခြင်းသာ ဖြစ်ပါသည်။


စာဖတ်ရန်

ဤတွင် မည်သည့်နည်းလမ်းဖြင့် ကိုယ်ထူကိုယ်ထ လေ့လာရမည်နည်းဟူသော မေးခွန်းပေါ်လာသည်။ စာကြည့်တိုက်နှင့် အင်တာနက် Website များကိုချည်း ညွှန်းသော် ရယ်စရာ ပြောသလိုသာ ဖြစ်နေပေလိမ့်မည်။ ကျွန်တော့်အတွေ့အကြုံအရ တူတူတန်တန် စာကြည့်တိုက် တစ်ခုတလေမျှ မြန်မာနိုင်ငံတွင် မတွေ့ခဲ့ရဖူးပါ။ တက္ကသိုလ်တွင်လည်း စာကြည့်တိုက်အကြောင်း ပြောသည်ဆိုသည်ဟူ၍ တစ်ခါမျှ မကြားရစဖူး။ တက္ကသိုလ် စာကြည့်တိုက်လည်း မမြင်စဖူး။ British Council, American Centre စသည်တို့မှာလည်း သာမန် အရပ်ထဲမှ လူငယ်များနှင့် အလှမ်းဝေး နေပါသေးသည်။ ဖတ်စရာမှတ်စရာ မြန်မာဘာသာ Website တစ်ခုခုကို ညွှန်းရန်လည်း မည်သည်ကို ညွှန်းရမည်ပင် စဉ်းစားမရ။

ထို့ကြောင့် ယေဘုယျကျသည့် အချက်ဖြစ်သည့် “စာဖတ်ခြင်း” ကိုသာ ညွှန်းစရာ ကျန်ရှိတော့သည်။ လေ့လာသင်ယူစိတ်ဖြင့် စာဖတ်ခြင်း၊ စူးစမ်းဆင်ခြင်စိတ်ဖြင့် စာဖတ်ခြင်း စသည့်အချက်များကိုသာ အကြံပြုစရာ ရှိတော့သည်။ ဘယ်ပုံဘယ်နည်းဟု ထပ်မေးလာလျှင် “ကိုယ့်နည်းကိုယ့်ဟန်” ဟုသာ ပြန်ဖြေ ရတော့မည်။ လောလောဆယ်တွင် ကိုယ့်မြင်းကိုယ်စိုင်းခြင်းသည်သာ ခရီးပေါက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဟု ထင်ပါသည်။ အများစု ကိုယ့်မြင်းကိုယ်စိုင်းကြလျှင် အများစု ခရီးရောက်မည် ဖြစ်ပါသည်။ လူစုံမှသွားမယ် သဘောထားအားဖြင့် မည်သည့်ပန်းတိုင်သို့မျှ ရောက်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် အနည်းဆုံးအားဖြင့် လူတစ်ယောက်သည် စာဖတ်နေသည်ဆိုလျှင် မှန်ကန်သည့် လုပ်ရပ်တစ်ခုကို လုပ်နေခြင်း ဖြစ်ကြောင်း သတိရပါ။ စာဖတ်ခြင်း၊ စာဖတ်နိုင်ရန် အခွင့်အရေး ဖန်တီးပေးခြင်း၊ စာဖတ်ရန် အားပေးကူညီခြင်း၊ လမ်းညွှန်ခြင်းစသည့် အလေ့အထများသည် နိုင်ငံတည်ဆောက်နေခြင်း ဖြစ်ကြောင်း သတိရပါ။ ကျွန်တော်တို့အားလုံး အပြိုအပျက်များ အတွင်းမှ မွေးဖွားလာခဲ့ခြင်း ဖြစ်ကြောင်းနှင့် ရှင်သန်နေရဆဲသာ ဖြစ်ကြောင်း မမေ့သင့်ဟု ထင်ပါသည်။

"ကိုယ့်သမိုင်း ကိုရေးသည်"
[ By Ko Baloi ]
လူတို့သည် ကိုယ့်သမိုင်းကို ကိုယ်ကောင်းအောင်ရေးချင်ကြသည်။ အထူးသဖြင့် ခေါင်းဆောင်လုပ်နေကြသည့်သူများသည် မိမိ၏ သမိုင်း ကြောင်းကောင်းဘို့အတွက် ကိုယ်မသေခင်-မကြွေခင်စပ်ကြားမှာ နိုင်ငံနဲ့လူမျိုးအပေါ် အကောင်းဆုံးလုပ်ဆောင်မှုနဲ့ ဘဝကိုနိဂုန်းချုပ် အဆုံးသတ်သွားချင်ကြသည်။ ခေါင်းဆောင်တချို့မှာ ဤသို့မဟုတ်၊ နိုင်ငံနဲ့ လူမျိုးအပေါ် ကမ်းကုန်အောင်ရက်စက်ပြီး မိမိဘဝကိုဘယ်လိုမှ
သုံး၍မရအောင် ပြုလုပ်ပြီ ဘဝကိုအဆိုးနဲ့ အဆုံးသတ်နိဂုန်းချုပ်ခဲ့ကြရသည်။
လူသည် အသိဥာဏ်နှင့် ဆင်ခြင်တုံတရားရှိသည်၊ မိမိမကောင်းသာပြုလုပ်ခဲ့လျှင် မကောင်းသည့်အကျိုးကို အခုဘဝမှာရော-နောက်ဘဝ  မှာပါ မုချခံစားရမည်ဖြစ်သည်။ မိမိပြုခဲ့သည့်မကောင်းမှုကံအကျိုးကြောင့် လက်ရှိဘဝတွင် လူအများရဲ့ ကဲ့ယဲ့ရှုတ်ချခြင်းကိုခံရမည့်အပြင် ဥပဒေရဲ့   အပြစ်ပေးအရေးယူဆောင်ရွက်မှုကိုပါခံကြရမည်။ မိမိကောင်းသာပြုလုပ်ခဲ့လျှင် ကောင်းသည့်အကျိုးကို အခုဘဝမှာကော-
နောက်ဘဝမှာပါ မလွဲဧကန်ခံစားရမည်ဖြစ်သည်။ မိမိပြုခဲ့သည့်ကောင်းမှုကံအကျိုးကြောင့် နတ်လူသာဓုခေါ်နေမည်။
ဒါကြောင့်...ရတောင့်ရခဲ လူ့ဘဝတိုတိုလေးအတွင်းမှာ မကောင်းမှုကိုရှောင်-ကောင်းမှုကိုဆောင်ရန် လွန်စွာမှအရေးကြီးသည်။ မိမိ-မိသားစု
ချမ်းသာရေးနဲ့ မိမိရဲ့အသိုင်းဝိုင်းကောင်းစားရေးအတွက် တိုင်းသူပြည်သားများအပေါ် ရက်ရက်စက်စက် ဖိနှိပ်ချုပ်ချယ်ပြီးမအုပ်ချုပ်သင့်ပေ။
ဤသို့ပြုခြင်းဖြင့် ဘဝသံသရာတွင် သင်သည်ဘဝဆိုးနှင့် သံသရာလည်နေမည်ဖြစ်သည်။ ကျနော်ဆိုလိုသည်မှာ လက်ရှိ-သမ္မတ ဦးသိန်းစိန် နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ ဆိုးမွေများကို ဆက်လက်မကျင့်သုံးတော့ပဲ...မိမိ အာဏာရှိစဉ်ကာလတွင် တိုင်းပြည်နဲ့ လူမျိုးအပေါ် စိတ်ကောင်းစေတနာထားပြီး မိမိ၏ လူ့သမိုင်းကောင်းကျိုးအတွက် မိမိ၏သမိုင်းကို မိမိကောင်းအောင်ရေးသားသွားနိုင်ကြပါစေလို့...ဆန္ဒပြုရင်း...လူလူချင်း နှိပ်စက်ခြင်း ကင်းဝေးနိုင်ကြပါစေ။
"ကျနော့်အမြင် ကျနော့်အထင် နိုင်ငံရေးရှုထောင့်တစိတ်တဒေသ"
[By Ko Baloi]
လက်မှတ်ထိုးပြီးတောင်းဆိုယုံနဲ့ နိုင်ငံရေးအကျဉ်းသားများမလွတ်မြောက်နိုင်၊ လက်မှတ်ထိုးယုံနဲ့ လည်းမလုံလောက်။လက်ရှိ-(နအဖ)တဖြစ်လဲ စစ် ယူနီဖောင်းချွတ်-စစ်ယူနီဖောင်းဝတ်အစိုးရသည်(နအဖ)ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေမှလက်ရွေးစင်စိတ်ကြိုက်
ရွေးချယ်
ဖွဲ့စည်းတည်ထောင်ထားသည့်ဖါးတပိုင်းငါးတပိုင်းအစိုးရသစ်ဖြစ်နေသောကြောင့် နိုင်ငံရေးအ
ကျဉ်းသားများအား လက်မှတ်ရေးထိုးယုံနဲ့မလွတ်မြောက်နိုင်ဟုဆိုလိုသည်။ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံသူ-သားကိုယ်စား ကမ္ဘာ့နိုင်ငံခေါင်းဆောင်များမှနေ၍ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် နည်းလမ်းပေါင်းစုံအသုံးပြုပြီးချည်းကပ်ခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ခဲ့ခြင်းအလျှင်းမရှိပေ။ လက်ရှိဖါးတပိုင်းငါးတပိုင်းသိန်းစိန်အစိုးရပေါ်ပေါက်လာရေးအတွက်သန်းရွှေသည်(၁)၂၀၀၈ နိုင်
ငံတော်ဖွဲ့စည်းပုံအုပ်ချုပ်ပုံကို အတင်းအဓမ္မအတည်ပြုခဲ့ခြင်း၊ (၂)၂၀၁၀ ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံ ကလိမ်ကကျစ်ငြမ်းဆင်ပြီးအနိုင်ယူခဲ့ခြင်းသည်လည်းကောင်းတို့အသိုင်းဝိုင်းအာဏာဆက် လက်ချုပ်ကိုင်ရေးနဲ့လည်းကောင်းတို့အသိုင်ဝိုင်းဘဝလုံခြုံစိတ်ချရရေးကိုရှေးရှု၍ပြုလုပ်ခဲ့သည်မှာ ယုံမှားသံသယရှိစရာလိုမည်မထင်။သန်းရွှေအနေနဲ့လည်း၎င်းစိတ်ကြိုက်လက်ရွေးစင်ရွေးချယ်
ထားသည့်လူမျာကွယ်ကကြိုးဆွဲနေမည်မှာ ယုံမှားသံသယရှိစရာမလို။ ဖက်ဆစ်ကြံအင်းလက္ခာနဲ့ ပြည့်စုံနေတဲ့အစိုးရသစ်ကိုစတိတ်မန့်ထုတ်၍သော်လည်း ကောင်း၊ နိုင်
ငံတကာ သံရုံးတွေရှေ့ဆန္ဒပြ၍သော်လည်းကောင်း၊လက်မှတ်ရေးထိုးပြီး တောင်းဆို၍သော်လည်းကောင်း သိန်းစိန်အစိုးရသစ် အနေနဲ့ အသိမှတ်ပြုလက်ခံလိမ့်မည်မဟုတ်။
မိမိနိုင်ငံရေးလုပ်ဖော်ကိုင်ဘက်(သို့)နိုင်ငံနှင့်လူမျိုးအပေါ် စေတနာထားပြီးကိုယ်ကျိုးစွန့်အနစ်နာ
ခံတိုက်ပွဲဝင်နေကြသော နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးအတွက်...ကျနော်-ကျမတို့၏ဆန္ဒများကိုလမ်းပေါ်ထွက်၍ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုတိုက် ပွဲဝင်မှသာ နိုင်ငံရေးအကျဉ်းသားများအားလုံ ချွတ်ယွင်းချက်မရှိလွတ်မြောက်နိုင်မည်။
မှတ်ချက်။   ။နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးအတွက် မိမိ၏ ဆန္ဒများကို လမ်းပေါ်ထွက်၍ဆန္ဒပြခြင်းသည် လက်ရှိ- အစိုးရသစ်ကို အားစမ်းရာလည်းပြသရာရောက်သည်။ အချုပ်ဆိုရသော်ကျနော်တို့လွတ်မြောက်ရေးအတွက် ကျနော်တို့ကိုယ်တိုင်ကြိုး စားကြရမည်ဖြစ်သည်။
ကဲ....အားလုံးနားထောင်မယ် ( ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး )

 စူပါကွန်ပြူတာ Watson


သတင်း အချက်အလက်တွေကို အမြန်ဆုံး အသုံးပြုနိုင်အောင် စီစစ်ရွေးထုတ် ပေးနိုင်တဲ့၊  အမေး အဖြေ ပါလုပ်နိုင်တဲ့ အစွမ်းထက်တဲ့ စူပါကွန်ပြူတာ Watson ကို IBM ကွန်ပြူတာ ကုမဏီက တီထွင်နိုင်ခဲ့ပါပြီ။
အမေရိကန် ရုပ်သံအစီအစဉ်တွေထဲမှာ   လူကြိုက်များတဲ့ ဥာဏ်စွမ်းပြိုင်ပွဲ အစီအစဉ် တခုဖြစ်တဲ့ Jeopardy ကဏ္ဍမှာ ကွန်ပြူတာနဲ့ လူသား ပြိုင်ကြတဲ့  ပြိုင်ပွဲကို ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်ကနေ ၁၆ ရက်နေ့ အထိ ၃ရက် ဆက် ပြသခဲ့ပါတယ်။
IBM company ရဲ့ ကွန်ပြူတာနံမယ်က Watson ပါ။ သူနဲ့ ပြိုင်မယ့် သူက လူသား ၂ယောက် မို့ ပြိုင်ပွဲ အတွက် ကွန်ပြူတာကို ၃ယောက်ပွဲစဉ်တွေ ထည့်ပေးထားပါတယ်။  ပြိုင်ပွဲက အမေးအဖြေ လုပ်ရတာပါ။  မေးတာကို ပထမဆုံး သိတဲ့သူက မေးခွန်းရဲ့ အဖြေကို ပြောပြီး ဖြေနိုင်တဲ့ အပေါ်မှာ အမှတ် တွက်ပါတယ်။
ဖြေကြားမယ့် သူတွေအတွက် အဖြေရှာရာမှာ အထောက်အကူအဖြစ်နဲ့ ခြေရာကောက်နိုင်တဲ့ အချက်အလက် တွေကို ပေးသလို Watson အတွက်လည်း စက်ထဲကို ဒီအချက်အလက်တွေ ထည့်ပေးပါတယ်။ စက်ကလေး Watson က သုံးယောက် ယှဉ်ပြိုင်ကစား ရတဲ့ အခြေအနေကို နားလည်နိုင်စွမ်း ရှိကြောင်း ပြသခဲ့သလို အမေး အဖြေ ကစားတဲ့ ပုံစံ အတွက် စက်ကြောင်သွားတာမျိုးလည်း မရှိခဲ့ပါဘူး။
ဥာဏ်ရည်ပြိုင်ပွဲ ၂ပွဲ စလုံးမှာ  စူပါ ကွန်ပြူတာ Watson က Jeopardy ချံပီယံဟောင်း တွေဖြစ်တဲ့ သူနဲ့ ယှဉ်ပြိုင်ခဲ့သူ Ken Jennings နဲ့  Brad Rutter  တို့ကို အနိုင်ရခဲ့ ပါတယ်။
ပထမ ဆုငွေ အဖြစ်  Watson က ဒေါ်လာ တသန်းရခဲ့ ပြီး  ဒီဆုငွေ တွေကို  IBM က  World Vision နဲ့   World Community Grid  ကို ၅သိန်းစီ လှူဒါန်းခဲ့ ပါတယ် ။
ဒီပြိုင်ပွဲတွေမှာ သိပ္ပံဆိုင်ရာ အချက်အလက်တွေ၊ အနုပညာ၊ ယဉ်ကျေးမှု နဲ့  ပထ၀ီဝင်ဆိုင်ရာ အချက်အလက် တွေသာမက စကားလုံး အသုံးအနှုံးနဲ့ တခြား ကဏ္ဍမျိုးစုံ အတွက် မေးခွန်းတွေ ထုတ်ထားတာပါ။  Watson က အချက်အလက် ညွှန်ကြားချက်ပေါင်း (80 Trillion) သန်းပေါင်း သန်း၈၀ ထဲကအဖြေကို စက္ကန့်ပိုင်း အတွင်းမှာပဲ ရွေးထုတ်ပေးနိုင်ခဲ့ပါတယ်။
Watson ဆိုတဲ့နံမယ်ဟာ  IBM computer company ရဲ့ ပထမဆုံး ဥက္ကဌ ဖြစ်တဲ့   Thomas J. Watson ကို ဂုဏ်ပြုပြီး ပေးထားတဲ့ နံမယ်ပါ။   သူဟာ  Q&A လို့ အတိုကောက်ခေါ်တဲ့ အမေး အဖြေ အစီအစဉ် အတွက်  David Ferrucci ဦးဆောင်တဲ့ သိပ္ပံပညာရှင်တွေ တီထွင်ထားတဲ့  artificial intelligence software တခုဖြစ်ပါတယ်။
အခုလို အစွမ်း ပြနိုင်ခဲ့တဲ့ Watson ကို ဆေးလောကမှာ သုံးနိုင်ဖို့ စဉ်းစားခဲ့ကြပါတယ်။  Watson ကို မွေးထုတ် လိုက်တဲ့  IBM ကုမဏီက ကိုလံဘီယာ တက္ကသိုလ် ဆေးကျောင်းနဲ့ မေရီလန်းဆေးတက္ကသိုလ်တွေ နဲ့ စာချုပ်ချုပ် လိုက်ပါပြီ။  IBM က ဆရာဝန်တွေနဲ့ လူနာတွေ အတွက် ဆေးပညာဆိုင်ရာ လက်တွေ့ အသုံးချ နိုင်မယ့် ဒီဇိုင်းပုံစံတွေ ရေးဆွဲ တော့မှာပါ။
Maryland ဆေးကျောင်းက  Radiology လို့ခေါ်တဲ့ ဓါတ်မှန်ဌာနရဲ့ ဒုတိယ အကြီးအကဲ  Eliot Siegel ကတော့ စူပါကွန်ပြူတာ Watson ကနေ စက်စွမ်းအားနဲ့  အသိဥာဏ်ထုတ်နှုတ် သုံးစွဲ နိုင်တာ ကို ပြခဲ့တာမို့ ဒါဟာ ဆေးပညာလောကအတွက် အသုံးကျမယ့် အလားအလာတခု လို့ ဆိုပါတယ်။
"ကွန်ပြူတာကနေ  ဘာလုပ်ရမယ်ဆိုတာကို  နားလည်နေတာ ပြနေပါတယ်။  ကွန်ပြူတာသုံး ဘာသာစကား မဟုတ်တဲ့ natural language လို့ခေါ်တဲ့   အရေး အဖတ် အပြောလိုမျိုး ဆက်သွယ်တဲ့ သဘာဝကို ပုံဖေါ် နိုင်တာတွေ့ရပြီး ဖြစ်နိုင်ချေ ပေါင်းများစွာကို တွက်ချက်နိုင်တဲ့ အပြင်  အမြန်ဆုံး အဖြေထုတ်ပေးနိုင်တာ ပါ တွေ့ရပါတယ်
ဒါကြောင့်မို့  စက်နဲ့ မှတ်တမ်းတင်ထားတဲ့  ဆေးပညာဆိုင်ရာ အချက်အလက်တွေကို နှိုင်းယှဉ် စစ်ဆေး နိုင်စွမ်း  ရှိမှာဖြစ်ပြီး  ဘာရောဂါ ဖြစ်နေတယ် ဆိုတာကို  ရှာဖွေဖို့ပါ  အကူအညီရမှာပါ။ ဒါ့ပြင် ရောဂါကို ဘယ်လို  ကုသမယ်ဆိုပြီး   ပြင်ဆင်ဖို့ နဲ့ အကြမ်းဖျင်း ဆုံးဖြတ်ချက်တွေ ချရာမှာ အထောက်အကူ  ကောင်း ကောင်းကြီး ရနိုင်ပါတယ်"
ဒါတွေ အပြင် ဆေးပညာလောကမှာ ကမ္ဘာတလွှားက တွေ့ရှိချက်တွေကို မှတ်တမ်းတင် ထားတာ မရေမတွက် နိုင်အောင် ရှိတာမို့ ဆရာဝန်တွေ သူနာပြုတွေအနေနဲ့   ဒီတွေ့ရှိချက်တွေ ထဲက   အချက်အလက်တွေကို  စုစုစည်းစည်းနဲ့ နှိုင်းယှဉ် စစ်ဆေးရာမှာ  Watson ရဲ့ အစွမ်းအစကို အသုံးပြုနိုင်တယ်လို့ လည်း ဆိုပါတယ်။
"ရောဂါရှာဖွေတဲ့နေရာမှာ   ဒီအချက်အလက်တွေ အားလုံးကို   ကျေကျေလည်လည် သိသလို   သိတာ ကိုလည်း အစီစဉ်တကျ  တင်ပြနိုင်တဲ့ စံနစ်တခုကို ရတာမို့      ဒါဟာ တကယ့်ကို အထောက်အကူ ဖြစ်စေတာပါ။     ကျွန်တော့် အမြင်ပြောရရင်တော့  ကျွန်တော့် အတွေ့အကြုံနဲ့  အသိပညာ အရ ရောဂါ ရှာဖွေ ဆန်းစစ်တဲ့ နေရာမှာ   သူ့ကြောင့် ပိုပြီး အမြင်ကျယ်လာနိုင်မှာ ဖြစ်သလို    လူနာတွေ အတွက်  ပိုစိတ်ချရပြီး   ထိရောက်တဲ့ ကုသမှုမျိုးတွေ လုပ်ပေးနိုင်မှာပါ"
Dr. Siegel က အခုလို ချီးမွန်းလိုက်ပေမယ့်  Watson ဟာ စက်ဖြစ်တဲ့ အတွက် သူ့ကို သုံးနိုင်ဖို့  ပထမဆုံး software လို့ခေါ်တဲ့ ခိုင်းတာကို သိမယ့် အချက်အလက်တွေ စီစဉ်ပေးတဲ့ စံနစ်မျိုးကို ထည့်ပေးရမှာပါ။  အစီ အစဉ်တကျ စက်ကတင်ပြနိုင်လာစေဖို့ အရင်ဆုံး စလုပ်ပေးဖို့  လိုပါတယ်။  ဆေးပညာ ဆိုင်ရာ တွေ့ရှိချက် အမြောက်အများကို  စံနစ်တကျ အဆက်အစပ်လုပ်ပေး နိုင်ဖို့ အကျဉ်းချုံ့ထားတဲ့  အချက်အလက်တွေ အဖြစ်  စီစဉ်ပြီးမှ စက်ထဲ ထည့်သွင်းပေးရမှာပါ။
"Dr. Watson ဖြစ်လာစေမယ့်  အစီအစဉ်တခုကို   ကျွန်တော်တို့ ရဖို့ လိုပါတယ်။  ဒါကလည်း  Jeopardy ကစားတဲ့ Watson နဲ့ မတူ ပါဘူး။  Dr. Watson ဟာ ဘာရောဂါ ဖြစ်နေတယ်လို့ ကောက်ချက်ချ နိုင်တဲ့ သီအိုရီကို ပုံဖေါ်ပေး နိုင်စွမ်းရှိရပါမယ်။ ရောဂါလက္ခဏာ အချက်အလက်တွေ အများကြီးထဲကမှ   ဒါတွေ ဒါတွေကတော့ ဖြစ်နိုင်တယ်လို့  စစ်ထုတ်ပေးနိုင်စွမ်း ရှိရမှာ ဖြစ်သလို ဘာလက္ခဏာ ပြရင် ဘာရောဂါ ဖြစ်နိုင် တယ်ဆိုတာမျိုး  စံနစ်တကျ လည်း ပြနိုင်စွမ်းရှိရမှာပါ။  ဒါတွေက  Jeopardy ကစားတာထက် အများကြီး ရှုပ်ထွေးပါတယ်"
အခုလို ခက်ခဲ နက်နဲတဲ့ ပြဿနာတွေကို ထောက်ပြ ဖြေရှင်းပေးနိုင်တဲ့  Dr. Watson ကို ရဖို့ အတွက်တော့ လာမယ့် ၂နှစ်ကနေ ၅နှစ် အတွင်း ဖြစ်လာ နိုင်ချေရှိတယ်လို့  Dr. Siegel က ပြောပါတယ်။
ဆရာဝန်တွေနဲ့ လူနာတွေအတွက် တင်မကသေးပါဘူး အမေးတွေကို ဖြေဖို့ ဖန်တီးထားတဲ့ Watson ကို ခရီးသွား လုပ်ငန်းတွေ၊ စီးပွါးရေးဆိုင်ရာ နဲ့ ၀န်ဆောင်မှုအမျိုးမျိုး အတွက် ပါ သုံးနိုင်တော့ မှာဖြစ်ပါတယ်။

ယုန် ပုံပြင်

Sunday, October 31, 2010

တခါတုန်းက တောအုပ်လေးတခုမှာ ယုန် အသိုင်းအ၀ိုင်းလေး တခုရှိတယ်။ သူတို့တတွေက အေးအေးချမ်းချမ်းလေး နေပြီး တောအုပ်ထဲက တခြားတောကောင်တွေနဲ့လဲ မရောပဲ သီးခြားလေးနေလေ့ရှိတယ်။ ဒါပေမယ့် တောအုပ်ထဲမှာ ဖြစ်ပျက်နေတာတွေကို လုံးဝ မျက်ချေပြတ်နေတာတော့ မဟုတ်ဘူး။ ဟိုးနား၊ ဒီနားတောလည်သွားရင်း ကြားလာရတဲ့ သတင်းတွေကို ယုန်လေးတွေ အချင်းချင်း ပြန်မျှဝေတတ်ကြတယ်။ ယုန်လေးတွေ ပြောနေတာကို နားထောင်ပြီး၊ ယုန် ဖိုးဖိုး၊ ဖွားဖွားကြီးတွေက အကဲဖြတ် သုံးသပ်ချက်တွေ ပေးတတ်ကြတယ်။ ယုန်လေးတွေကလဲ ပညာရှိ ဖိုးဖိုး၊ ဖွားဖွားကြီးတွေရဲ့ စကားလုံးတွေကို တလေးတစားနဲ့ နားထောင်တတ်ကြတယ်။ ဒါပေမယ့် ယုန်လေးတကောင်ကတော့ ဒီလို မဟုတ်ဘူး။ ဖိုးဖိုးတို့ တွေးတာတွေက တကယ့်လက်တွေ့နဲ့ ကိုက်မှာ မဟုတ်ဘူးလို့ အမြဲသံသယ ရှိနေတတ်တယ်။ ပညာရှိများ တွေးကြည့်ရင်၊ ပြေးကြည့်တာထက် မှန်တယ် ဆိုတာကို ယုန်လေးက လုံးဝ လက်မခံဘူး။ ပြေးကြည့်မှ တကယ်သိမှာပေါ့လို့ အမြဲတွေးနေတတ်တယ်။

ဒီလိုနဲ့ တနေ့တော့ ယုန်အသိုင်းအ၀ိုင်းလေးကို စွန့်ခွာပြီး တောနက်ကြီးထဲကို ယုန်ကလေး ထွက်လာခဲ့တယ်။ တောနက်ထဲ ရောက်ပြီး မကြာခင်မှာပဲ တနေရာမှာ တောကောင်တွေ စုဝေးနေတာတွေ့လို့ အပြေးအလွှားသွားကြည့်လိုက်တယ်။ တောကောင်လေးတွေက ကြမ်းပိုးလေး တကောင်ကို လိပ်ပါဆိုပြီး တကောင်က အဆိုတင်သွင်းလိုက်၊ တကောင်က ထောက်ခံလိုက်နဲ့ လုပ်နေကြတယ်။ ဒါနဲ့ ယုန်ကလေးလဲ မနေနိုင်ပဲ သူတို့ထင်နေကြတဲ့ လိပ်ကလေးဟာ ကြမ်းပိုးလေး ဖြစ်ကြောင်း ပြောလိုက်မိတယ်။ မကြာပါဘူး။ သူတို့ကို ၀င်နှောင့်ယှက်တယ်ဆိုပြီး တောကောင်တွေက သွားဖြီးပြီး ၀ိုင်းလိုက်ကြလို့ ယုန်ကလေးခမျာ သုတ်ချေတင်ရပါလေရော။

ပြေးရင်းလွှားရင်းနဲ့ သစ်ပင်တပင်ကို တွေ့တာနဲ့ အမောပြေဆိုပြီး သစ်ပင်ကြီးရဲ့ အရိပ်မှာ ၀င်ခိုလိုက်ရတယ်။ မကြာပါဘူး။ သစ်ပင်ပေါ်က တောကြောတကောင်က ခုန်ဆင်းလာပါလေရော။ ဒီသစ်ပင်က သူပိုင်တဲ့ သစ်ပင်မို့ သစ်ပင်နားကို မကပ်နဲ့လို့ ယုန်ကလေးကို ပြောတယ်။ ယုန်ကလေးက မောလွန်းလို့ ခဏနားပါရစေဆိုတော့ သူ့ကို ရွှေကျားကြီးလို့ ခေါ်ရင် နေခွင့်ပေးမယ် ဆိုပဲ။ တောကြောင်ကြီးကို မြင်ရက်နဲ့ ရွှေကျားကြီးလို့ ခေါ်ဖို့ ဆိုတာကလဲ မလွယ်တာမို့ ယုန်ကလေးလဲ စိတ်ပျက်လက်ပျက်နဲ့ သစ်ပင်အောက်က ထွက်လာခဲ့တော့တယ်။

ဒီလိုနဲ့ မလှမ်းမကမ်းရောက်တော့ တီကောင်လေးတကောင်ကို တွေ့ပြန်ရော။ တီကောင်ကလေးက မြွေအဖွဲ့ဖွဲ့ဖို့ နှိုးဆော်နေတယ်ဆိုပဲ။ ယုန်ကလေးကိုလဲ မြွေအဖွဲ့ရဲ့ အတိုင်ပင်ခံ ယုန်ပညာရှိလေး လုပ်ဖို့ တီကောင်လေးက ကမ်းလှမ်းတယ်။ ယုန်ကလေးလဲ စိတ်ဝင်စားသွားပြီး တီကောင်လေး ခေါ်သွားတဲ့ မြွေအဖွဲ့ဝင်လောင်းတွေဆီကို လိုက်သွားမိတာပေါ့။ ဒါပေမယ့် မကြာပါဘူး။ ယုန်ကလေး စိတ်ပျက်လက်ပျက်နဲ့ ပြန်ထွက်လာခဲ့ရတယ်။ မြွေအဖွဲ့ဖွဲ့ချင်နေတာတွေက မြွေတွေ မဟုတ်ပဲ တီကောင်တွေပဲ ဖြစ်နေတာကိုး။

တီကောင်တွေဆီက ပြန်လာရင်း ယုန်ကလေး စိတ်ညစ်နေရတယ်။ ဘယ်လိုတောကြီးမှန်းလဲ မသိ။ တောကြောင်ကလဲ ရွှေကျားဖြစ်ချင်လိုဖြစ်၊ တီကောင်တွေကလဲ မြွေအဖွဲ့ ဖွဲ့ချင်တယ် ဆိုပါလား။ စိတ်ညစ်ညစ်နဲ့ တောနက်ထဲကနေ ထွက်လာလိုက်တာ စားကျက်မြေနား ရောက်သွားပြန်တယ်။ အဲဒီမှာ သိုးလေးတွေကို တွေ့လိုက်ရတာကြောင့် ယုန်ကလေး ပျော်သွားတယ်။ သိုးလေးတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ ခေါင်းဆောင်တင်မြှောက်ပွဲ ကျင်းပနေကြတယ်။ သိုးလေးတွေရဲ့ ခေါင်းဆောင်ကို ယုန်ကလေးက သေချာလိုက်ကြည့်နေမိတယ်။ ကြည့်နေရင်းနဲ့ လန့်သွားပြီး ထခုန်မိပါလေရော။ ခေါင်းဆောင်ဆိုတာက သိုးရေခြုံထားတဲ့ ၀ံပုလွေကြီးပါလား။ ဒါဆို သိပ်မကြာခင်မှာ ၀ံပုလွေကြီးက သိုးလေးတွေကို စားပစ်တော့မှာပဲ။ သိုးလေးတွေအတွက် စိုးရိမ်ပြီး ယုန်ကလေးက ခုန်ဆွဆွနဲ့ သတိပေးစကားတွေ လှမ်းပြောတယ်။ ဒါပေမယ့် ယုန်ကလေးစကားကို ဘယ်သိုးလေးကမှ နားမထောင်ကြဘူးလေ။ ဒါနဲ့ပဲ စိတ်ပျက်လက်ပျက်နဲ့ တောထဲ ပြန်ဝင်ခဲ့တော့တယ်။

မကြာပါဘူး။ ရေချောင်းလေး တခုနားကို ယုန်ကလေး ရောက်သွားပြန်ရော။ ရေချောင်းလေးမှာ ရွှေသမင်လေးတကောင်က ရေသောက်

ဆင်းနေလေရဲ့။ ရွှေသမင်လေးက သိပ်လှတာကြောင့် ယုန်ကလေးလဲ ငေးနေမိတာပေါ့။ အဲဒီအချိန်မှာ ရွှေသမင်လေးနားကို မုဆိုးကြီးတယောက် ရောက်လာတယ်။ မြားကြီးနဲ့လဲ ချိန်ထားလိုက်သေးတယ်။ ယုန်ကလေး လန့်သွားပြီး၊ ရွှေသမင်လေးကို အော်ဟစ်သတိပေးမိတယ်။ မုဆိုးကြီးလာနေပြီလို့။ ရွှေသမင်လေးက ဂရုမစိုက်ဖူး။ ငါ့ရဲ့ အဂါင်္အဆင်းကြောင့် မုဆိုးကြီးက တကယ် သတ်မှာ မဟုတ်ပါဘူး။ ကျီစားတာ နေမှာပါတဲ့။ ကိုယ့်ကိုကိုယ် အဟုတ်ကြီးထင်ပြီး၊ မြားနဲ့ချိန်ထားတဲ့ မုဆိုးကြီးကို အထင်သေးနေတဲ့ ရွှေသမင်လေးကို ကြည့်ရင်း ယုန်ကလေးက သနားနေမိတယ်။ မကြာခင်မှာ မြားတန်းလန်းနဲ့ အသက်ထွက်ရတော့မှာပါလား။ မကြည့်ရက်တာနဲ့ ယုန်ကလေး ပြေးထွက်လာခဲ့တယ်။

ခြေဦးတည့်ရာကို ပြေးထွက်လာတဲ့ ယုန်ကလေးဟာ တောနက်ထဲမှာ တရှူးရှူးတရှားရှား လုပ်နေတဲ့ တောဝက်ကြီးတကောင်နဲ့ သွားတိုးပါလေရော။ တောဝက်ကြီးက ဒေါသတွေ အရမ်းထွက်နေတယ်။ သူ့တောဝက် မိသားစုလေးကို ဖြိုခွဲသွားတဲ့ မုဆိုးကြီးကို လက်စားချေမလိုတဲ့။ ဒေါသနဲ့ တိုက်ပွဲဝင်ရင် ရှုံးတတ်တာကြောင့် ဒေါသတွေကိုလျှော့လို့ ယုန်ကလေးက ဖြောင့်ဖြရတာပေါ့။ ဒါပေမယ့် တောဝက်ကြီးက ယုန်ကလေးပြောတာကို နားမလည်ဘူး။ သူ့ဘက်က လိုက်ပြောတာကိုလဲ ပြောတယ်လို့ မတွေးတတ်ဘူး။ မုဆိုးဘက်ကို ဘက်လိုက်တယ်ဆိုပြီး ယုန်ကလေးကို ပြဿနာရှာပါလေရော။ ဒါနဲ့ ယုန်ကလေးလဲ တောဝက်ကြီးနားက ပြေးထွက်ခဲ့ရပြန်တယ်။

မကြာပါဘူး။ တောကောင်တွေ စုဝေးနေကြတာ တွေ့တော့ မနေနိုင်၊ မထိုင်နိုင်နဲ့ အနားကပ်သွားမိပြန်တယ်။ တောကောင်တွေ စုပြီး တောဘုရင် ရွေးပွဲ လုပ်နေကြတာပါကလား။ လည်ဆံဖွားဖွားနဲ့ ခြသေ့င်္ကြီးက ဟန်ရေးပြနေတယ်။ သူ့ပါးစပ်မှာလဲ တောကောင်တွေကို ကိုက်ဖြတ်ထားတဲ့ သွေးစတွေနဲ့။ တောကောင်လေးတွေလဲ ကြောက်ကြောက်လန့်လန့်နဲ့ သူ့ကိုပဲ တောဘုရင် တင်မြှောက်လိုက်ကြရတယ်။ အဲဒီအချိန်ထိလဲ ခြသေ့င်္ကြီးက ဟိန်းဟောက်နေတုန်းပဲ။ ခြသေ့င်္ကြီးကို ယုန်ကလေးက အရမ်းမုန်းသွားတယ်။ တောကောင်လေးတွေကိုလဲ သနားမိတယ်။ တောကောင်လေးတွေ ခြသေ့င်္ကြီးလက်က လွတ်ဖို့ ခြသေ့င်္ကြီးထက် အကောင်ကြီးတဲ့ ဆင်ကြီးကို သွားခေါ်မှ ဖြစ်မယ်လို့ တွေးလိုက်မိတယ်။

ဒါနဲ့ ဆင်ကြီးကို ရှာဖို့ ယုန်ကလေး ထွက်လာခဲ့တယ်။ ဆင်ကြီးကို တောအနှံ့လိုက်ရှာတာ မတွေ့ဘူး။ လယ်ကွင်းတွေဘက် ထွက်သွားတယ် ဆိုတာနဲ့ အပြေးအလွှား လိုက်ရပါလေရော။ ဒါပေမယ့် ဆင်ကြီးကို လယ်ပြင်မှာ တွေ့ရတော့ ဆင်ကြီးနားကို ယုန်ကလေး မကပ်ရဲတော့ဘူး။ လယ်ပြင်မှာက ဆင်ကြီးတကောင်ထဲမှ မဟုတ်တာပဲ။ ကျားကြီးလဲ ရှိသေးတယ်။ ဆင်ကြီးနဲ့ ကျားကြီးက လယ်ပြင်မှာ တွေ့ပြီး တကောင်နဲ့ တကောင် တိုက်ခိုက်နေကြတယ်။ ဘာလို့ တိုက်နေကြတာလဲလို့ အနီးအနားက တောကောင်လေးတွေကို ယုန်လေးက လိုက်မေးကြည့်တာပေါ့။ ဒါပေမယ့် အဖြေကိုကြားရတော့ ယုန်ကလေး ပက်လက်လန် လဲကျသွားတယ်။ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့နေရတဲ့ အကြောင်းက တောဘုရင်ရွေးပွဲမှာ ခြသေ့င်္ကို ဘယ်သူတိုက်ခိုက်မှာလဲဆိုတာကို ငြင်းခုန်ရင်း တိုက်နေကြတာတဲ့။ တောဘုရင်ရွေးပွဲကတော့ ပြီးသွားပြီ။ ခြသေ့င်္ကြီးကလဲ တောဘုရင် ဖြစ်နေပြီ။ ကျားနဲ့ဆင်က တိုက်လို့ ကောင်းနေကြတုန်း။

ပက်လက်လှန်ပြီး ယုန်ကလေး ငိုကြွေးနေမိတယ်။ တောဘုရင် ရွေးပွဲက ပြီးသွားပြီလို့ တတွတ်တွတ် ရွတ်ရင်းနဲ့ပေါ့။ ဒါပေမယ့် ယုန်ကလေးကို ဘယ်သူကမှလဲ ဂရုမစိုက်ကြပါဘူး။ အနီးအနားက တောကောင်တွေက ကျားကြီးနဲ့ ဆင်ကြီးကို ကြည့်ပြီး ဘယ်သူနိုင်မလဲလို့ ဟောကိန်း ထုတ်နေကြတုန်းပဲ။

ခင်မမမျိုး (၃၀၊ ၁၀၊ ၂၀၁၀)


တစစီ ပြန့်ကျဲလို့
ဝါး..............။
သားလေးရဲ့ စူးစူးဝါးဝါး အော်ငိုသံကြောင့်၊ သူဆော့ဖို့ လုပ်ထားပေးတဲ့ အခန်းလေးဆီ ကျွန်မ
အပြေးအလွှား သွားမိပါတယ်။ ကစားနေရင်း တခုခုလိုချင်လာရင် သူက ကျွန်မဆီ ပြေးလာနေကြ၊
တခါတလေကျတော့လဲ အမေကို သတိရလို့ဆိုပြီး လာနှုတ်ဆက်ပြီးမှ ပြန်သွားကစားတတ်သေးတာ။
ကစားရင်း ငိုတယ်ဆိုတော့ ကျွန်မတော်တော်လန့်သွားမိတယ်။
ဒီလိုနဲ့ သားကစားနေတဲ့ အခန်းထဲ ရောက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်မတော်တော်
စိတ်ညစ်သွားပါတယ်။ အခန်းထဲမှာ ခြေချစရာနေရာမရှိအောင် jigsaw အပိုင်းအစလေးတွေက
ပြန့်ကျဲလို့ နေပါတယ်။ jigsaw ကစားရင် ကလေးတွေရဲ့ ဆက်စပ်တွေးခေါ်မှုဥာဏ်ကို
တိုးမြှင့်ပေးနိုင်တာကြောင့် သားလေးအတွက် jigsaw ဘူးလေးတွေ ဆယ်ဘူးလောက်
ဝယ်ထားပေးပါတယ်။ တချို့ဘူးလေးတွေထဲက အပိုင်းအစလေးတွေက ဆက်လိုက်ရင် စက်ရုပ်ပုံ၊
တချို့က လေယာဉ်ပျံ၊ တချို့က မော်တော်ကား ပုံလေးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ပုံတမျိုးမျိုး
ထွက်လာဖို့ဆိုရင် သူ့ဘူးနဲ့ သူ့အပိုင်းအစလေးတွေကိုက်ညီမှ ဖြစ်နိုင်မှာပါ။
ဒါကြောင့်လဲ အပိုင်းအစ ၂၀၀ ကျော်၊ လေးရာကျော်စီရှိနေတတ်တဲ့ ဘူးလေးတွေကို ကျွန်မက သီးခြားစီ
ခွဲထားပေးပါတယ်။ ကစားရင်လဲ အမေနဲ့သား၊ တူတူကစားလေ့ရှိတာမို့ ဘူးလေးတွေထဲက
အပိုင်းအစလေးတွေ ထုတ်ပြီးရင်၊ ဆက်စပ်တဲ့ ပုံရိပ်တခုခုကတော့ ထွက်လာတာပါပဲ။ ဒါပေမယ့်
အခုတော့ သားပေါက်စလေးက ဘယ်လို ရွှေဥာဏ်တော် စူးရောက်တယ်မသိ။ ဘူးဆယ်ဘူးထဲက ရှိသမျှ
အပိုင်းအစလေးတွေအားလုံးကို သွန်ချရောနှောပြီးမှ ကစားဖို့ ကြိုးစားနေတာပါ။ ဒီလိုနဲ့ ဟိုနားမှာလဲ
အပိုင်းအစ လေးငါးခု၊ ဒီနားမှာလဲ ဆယ်ခုလောက်တွေကို သူလိုက်ဆက်ပြီး ပုံရိပ်ဖော်ဖို့ ကြိုးစားရင်း
မရတော့တာကြောင့် ဒေါသတကြီးနဲ့ ထငိုနေတာပါ။
ဒါနဲ့ သားလေးကို ဒီအပိုင်းအစလေးအားလုံးဟာ ပုံရိပ်တွေ အများကြီး ဖြစ်နိုင်စေပေမယ့်၊ ရောနှောပြီး
ပုံဖော်လို့ မရဘူးဆိုတာ သေချာ ရှင်းပြရပါတော့တယ်။ ဘယ်လိုပဲ ပြောပေမယ့် သားလေးကတော့
သူဆက်လို့ ရထားတဲ့ အပိုင်းအစလေးတချို့ကို ကိုင်ပြီး၊ ၀မ်းနည်းနေဆဲပါပဲ။
သားလေးကို ရှင်းပြရင်း ကျွန်မရဲ့ အတွေးတွေက political ideologies သင်တန်းတခုဆီကို
ပြန်ရောက်သွားခ့ပဲါတယ်။ ဒီတုန်းက communism, socialism, liberalism, conservatism, fascism
စတာတွေ ပါဝင်တဲ့ linear spectrum၊ Social Democracy, New Right, New Left, Anarchocapitalism
စတာတွေ ပါဝင်တဲ့ alternative spectrum၊ national communism, international
communism, national socialism, international socialism, social democratism, social
republicanism, capital democratism, capital republicanism, Progressive Neoliberalism,
Conservative Neoliberalism, Nationalism, Activism, Fundamentalism စတာတွေ ပါဝင်တဲ့ Moral
Matrix စတာတွေကို ပရော်ဖက်ဆာက သင်ကြားပို့ချပေးခဲ့ပါတယ်။
ပရော်ဖက်ဆာက နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာဖို့နဲ့ stable government
ဖြစ်ဖို့အတကွ် တူညီတဲ့ political ideologies တွေပေါ်မှာ အခြေတည်တဲ့ နိုင်ငံရေးပါတီတွေ
ပေါ်ထွက်လာဖို့ လိုအပ်ကြောင်း၊ ဒီလို နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး
၊ရွေးကောက်ပွဲအနိုင်ရ ပါတီက အစိုးရဖွဲ့တဲ့အခါ အဲဒီပါတီနဲ့ political ideologies မတူတဲ့ ပါတီတွေက
အတိုက်အခံ ပါတီတွေ ဖြစ်လာကြောင်း၊ မတူညီတဲ့ နိုင်ငံရေးဝါဒတွေပေါ် အခြေခံတဲ့ နိုင်ငံရေး၊ စီးပွားရေး၊
လူမှုရေး ပုံရိပ်တွေကို ပါလီမန်မှာ ဆွေးနွေးမှု၊ ငြင်းခုန်မှုတွေလုပ်ကြပြီး ပုံဖော်ကြကြောင်း၊ မိမိတို့
လိုချင်တဲ့ ပုံရိပ်ကို ဖော်ဆောင်ဖို့အတွက် အစိုးရဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို နားလည်ပြီး၊
အစိုးရဖြစ်ဖို့အတွက် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ လိုအပ်တယ်ဆိုတာကိုလဲ သိမြင်တဲ့အတွက်
ထိပ်တိုက်ရင်ဆိုင်တဲ့ နိုင်ငံရေးလျော့နည်းလာပြီး ရွေးကောက်ပွဲအနိုင်ရရေးကို ကြိုးပမ်းကြတာကြောင့်
နိုင်ငံရေးတည်ငြိမ်မှုလဲ ရှိလာကြောင်း စတာတွေကိုလဲ ရှင်းပြခဲ့ပါတယ်။
ပရော်ဖက်ဆာ သင်ကြားပို့ချပေးခ့တဲ့ဲ သင်ခန်းစာတွေက အများအပြားပါ။ ဒီအထဲမှာ ကျွန်မ
လုံးဝမမေ့နိုင်တာကတော့ political ideologies ကို အခြေတည်တဲ့ နိုင်ငံရေးပါတီတွေ အားနည်းမှုဟာ
နိုင်ငံရေးတည်ငြိမ်မှု (political stability) ကို ထိခိုက်စေနိုင်တယ် ဆိုတာပါပဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့
လွတ်မြောက်ရေးလှုပ်ရှားမှု၊ ဒီမိုကရေစီလှုပ်ရှားမှုစတဲ့ ခေါင်းစီးတွေအောက်မှာ အများပါဝင်နိုင်အောင်
နိုင်ငံရေးအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ တွေ စုဖွဲ့တည်ထောင်ကြပါတယ်။ အဲဒီမှာ အဖွဲ့အစည်းတခုတည်း
(သို့) ပါတီတခုတည်းမှာတင် political ideologies မတူသူတွေ သွားစုမိနေတတ်ကြပါတယ်။
အဲဒီမှာတင် သက်ဆိုင်ရာ ပါတီ (သို့မဟုတ်) နိုင်ငံရေးအဖွဲ့အစည်းတွေမှာ အကွဲအပြဲတွေ ဖြစ်ကြ၊
အိုင်ဒီရော်လော်ဂျီ တခုအပေါ်မှာ အခြေခံတဲ့ တိကျသော မူဝါဒတွေကို ပြတ်ပြတ်သားသား ပုံဖော်လို့
မရပဲ ညီညွတ်ရေးကွဲမှာစိုးလို့ ၀ိုးတ၀ါး ပုံဖော်ရတာတွေ ဖြစ်ကြ၊ တပါတီ (သို့) တဖွဲ့တည်းကနေ
လားရာမတူတဲ့ ပန်းတိုင်တေနွ့ဲ လမ်းစဉ်တွေကို တယောက်တပေါက်ပြောကြနဲ့ ဖြစ်လာတတ်ပါတယ်။
အဲဒီအခါမှာ contentious politics ဖြစ်တဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး လှုပ်ရှားမှုတွေမှာလဲ
အတွေးအမြင်တူညီဖို့ ကိုယ့်အဖွဲ့ထဲမှာတင် ပြန်ညှိနေကြရတာနဲ့တင် အချိန်ကုန်ပြီး တိကျတဲ့ မူဝါဒနဲ့
လမ်းစဉ်ကို ချမှတ်လို့မရပဲ လည်နေတတ်ပါတယ်။ conventional politics ဖြစ်တဲ့ လွှတ်တော်တွင်း
နိုင်ငံရေး လှုပ်ရှားမှုတွေမှာလဲ ပါတီတူအချင်းချင်း ပါလီမန်မှာ ပြန်ကန့်ကွက်တဲ့ အခြေအနေမျိုးထိကို
ဖြစ်သွားတတ်ပါတယ်။ ပါတီတခု၊ အဖွဲ့အစည်းတခုနဲ့ အလုပ်လုပ်တဲ့အခါ မိမိရဲ့ တဦးချင်းလွတ်လပ်ခွင့်
(individual freedom) ကို ပါတီ (သို့) အဖွဲ့အစည်းရဲ့ အကျိုးစီးပွားနဲ့ ညှိပြီး trade-off
လုပ်ရတယ်ဆိုတာကို နားလည်မှုတွေ အားနည်းပြီး၊ မုန်ယိုနေတဲ့ဆင်က ကိုယ့်တပ်ကိုယ်ပြန်နင်းသလို
လုပ်လာကြတာတွေလဲ ရှိတတ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ
လှုပ်ရှားမှုတွေ ကြန့်ကြာတတ်တာတွေ၊ လွတ်လပ်ပြီးနိုင်ငံတွေမှာလဲ နိုင်ငံရေးအဖွဲ့အစည်းတွေ၊
ပါတီတွေ ကွဲလိုက်ပြဲလိုက်နဲ့ ပြည်တွင်းစစ်ဖြစ်တတ်တာတွေဟာ တူညီသော political ideologies
တွေေ ပ်ါမှာ အခြေတည်တဲ့ ပါတီ၊ အဖွဲ့အစည်းတွေ တည်ထောင်ဖို့ အားနည်းချက် နဲ့
ညီညွတ်ရေးတစုံတရာကို အကြောင်းပြပြီး political ideologies မတူညီတဲ့ အစုအဖွဲ့တွေကို
မဟာမိတ်တပ်ပေါင်းစုအသငွ် စုစည်းလိုက်တဲ့ နိုင်ငံရေးသန္ဓေမမှန်မှု အချက်တွေကြောင့် ဖြစ်တယ်လို့
ပရော်ဖက်ဆာက ရှင်းလင်းပြောကြားခ့ပဲါတယ်။
သားလေးရဲ့ အခန်းထဲက jigsaw အပိုင်းအစလေးတွေကို ကြည့်ရင်း ကျွန်မရဲ့ အတွေးတွေက
တက္ကသိုလ်ထဲက lecture hall ဆီ ပြန်ရောက်သွားနေမိပါတယ်။ ဒီအပိုင်းအစလေးတွေထဲမှာ
တန်ဖိုးမရှိတဲ့ အပိုင်းအစလေးတွေ တခုမှ မရှိပါဘူး။ တချို့က လေယာဉ်ပျံပုံ၊ တချို့က စက်ရုပ်ပုံ၊
တချို့က မော်တော်ကားပုံ ဆိုပြီး၊ သက်ဆိုင်ရာ ပုံရိပ်တွေအတွက် သူ့နေရာနဲ့သူ အသုံးဝင်ကြတာတွေ
ချည်းပါပဲ။ ဒါပေမယ့် အားလုံးက ရောထွေးနေတော့ ဟိုနားတစု၊ ဒီနားတစုနဲ့ ဘာပုံရိပ်မှ ပေါ်လာတာ
မရှိတော့ပါဘူး။
သားက ဘာပုံလိုချင်တာလလဲို့ ငိုနေတဲ့ သားလေးကို မေးမိတယ်။ သားလေးက ကတ်ထူဘူးတခုပေါ်က
လေယာဉ်ပျံရုပ်လေးကို လက်ညှိုးထိုးပြတယ်။ ကျွန်မပြောလိုက်မိပါတယ်။
"လေယာဉ်ပျံရုပ်လေးဖြစ်လာဖို့က ရောထွေးနေတဲ့ အပိုင်းအစလေးတွေထဲက လေယာဉ်ပျံကို ပုံဖော်ပေးနိုင်တဲ့ အပိုင်းအစလေးတေကွို ပြန်စုရဦးမှာ သားရဲ့။ ချက်ချင်း လေယာဉ်ပျံရုပ်လေးကိုတော့ ဘယ်ရနိုင်ပါ့မလဲ။ အဲဒီအတွက် အချိန်တခုကိုတော့ သားစောင့်ဖို့ လိုလိမ့်မယ်" လို့ပါ။
သြော်- ကျွန်မမြင်ကွင်းထဲမှာတော့ ပုံရိပ်တခုချင်းစီအတွက် တန်ဖိုးရှိတဲ့ အပိုင်းအစလေးတွေကလေ ဟိုနားစုစု၊ ဒီနားစုစုနဲ့တစစီ ပြန့်ကျဲလို့.......................။
ခင်မမမျိုး (၈၊ ၅၊ ၂၀၁၁)

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

မြန်မာ ရေလုပ်သားများ နဲ့ ရေပန်းစားတဲ့ “အာဆီယံ”


ထိုင်းနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ မြန်မာငါးဖမ်း ရေလုပ်သားတွေကြားမှာ “အာဆီယံ” ဆိုတဲ့ စကားလုံးကတော့ အသက် မပြည့်သေးတဲ့ လူငယ်တွေသာမက လူလတ်ပိုင်းကနေ လူကြီးပိုင်းအထိ အတော်လေးကို ရေပန်းစားပါတယ်။

THO_SEA_IMG_8467
မြန်မာရေလုပ်သား အများအပြား အလုပ်လုပ်နေသည့် ရနောင်း ငါးဖမ်းဆိပ်ကမ်း (ဓာတ်ပုံ - သန်းထိုက်ဦး/ဧရာဝတီ)
အာဆီယံဆိုတာ နိုင်ငံရေးမှာ အရှေ့တောင်အာရှနိုင်ငံတွေ ပူးပေါင်းထားတဲ့ အသင်းကြီးလို့ အများက သိထားကြပေမယ့် ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်း၊ ချွန်ဖွန်နဲ့ ဖန်င ခရိုင်တွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ ငါးဖမ်းရေလုပ်သားတွေ အတွက်ကတော့ အဲဒီလို အဓိပ္ပာယ် မထွက်ပါဘူး။  

သူတို့အတွက် အဲဒီ အာဆီယံ ဆိုတဲ့ အရာကတော့ ဘိန်းဖြူနဲ့ တခြား မူးယစ်ဆေးဝါးလိုပဲ တရားမ၀င် ဆေးဝါးတမျိုး ဖြစ်ပါတယ်။ မြန်မာတွေက “ဘိန်းစာရွက်” လို့ ခေါ်ကြပြီး ထိုင်းဘာသာစကားနဲ့ “ကထော့” လို့ ခေါ်တဲ့ အရွက်ကို ရေနွေးပူနဲ့ ပြုတ်၊ အဲဒီကရတဲ့ အခါးရေကို ချောင်းဆိုးပျောက်ဆေး၊ ကော်ဖီမစ်၊ နို့ချဉ်တွေနဲ့ ရောစပ်ရပြီး သောက်ရတာကို မြန်
မာငါးဖမ်း ရေလုပ်သားတွေက အာဆီယံလို့ ခေါ်နေကြတာ ဖြစ်ပါတယ်။

အာဆီယံဟာ ခွန်အားကောင်းစေပြီး ပင်လယ်ထဲမှာ နေ့တိုင်း အလုပ်ကြမ်း လုပ်နိုင်တယ်လို့ မြန်မာ ငါးဖမ်းရေလုပ်သားတွေက ပြောပါတယ်။ အာဆီယံကို ဖော်စပ်ပြီး သောက်လာတာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အိန္ဒိယကနိုင်ငံကနေ ဝင်တဲ့ ဖင်စီဒိုင်း (ချောင်းဆိုးပျောက်ဆေး) အရည်တွေ ၀ယ်လို့မရတဲ့ အချိန်ကတည်းက စပြီး မြန်မာ ရေလုပ်သားတွေကြားမှာ ခေတ်စားလာတာဖြစ်ပါတယ်။

ဘိန်းစာရွက်ကို ဘတ်ငွေ ၂၀ ဖိုးလောက်ဆိုရင် လူ ၃၊ ၄ ယောက်စာ အာဆီယံ သောက်ဖို့ လုံလောက်တယ်လို့ သိရပြီး ငါးဖမ်း အလုပ်သမားတွေကတော့ တနေ့ကို ၃ ခါလောက် သောက်သုံးကြပါတယ်။ အလုပ်ပြီးတော့ ညနေပိုင်းမှာ လူက နုံးချိပြီး အရမ်းပင်ပန်းနေပြီဆိုရင် အာဆီယံကို ဖော်စပ် သောက်လိုက်တာနဲ့ မနားတမ်း ပြန်ပြီး အလုပ်လုပ်နိုင်တယ်လို့လည်း မြန်မာ ငါးဖမ်းလုပ်သားတွေက ဆိုပါတယ်။

၁၉၈၉ ခုနှစ်ကတည်းက ဖန်ငမြို့ကို ရောက်ရှိလာပြီး ငါးဖမ်းလုပ်ငန်းကို အဓိက လုပ်ကိုင်နေသူ ကိုကျော်နိုင်က “ဒီမှာရှိတဲ့ ငါးဖမ်းသမားတွေ အားလုံးက ဒီဟာကို သောက်ကြတယ်။ ထိုင်းလှေပိုင်ရှင်တွေက ဆီယံကို လုပ်သောက်လို့ရအောင် ဘိန်းစာရွက်တွေနဲ့ ရောစပ်ရမယ့် ပစ္စည်းတွေကို ပေးတယ်” လို့ ပြောပြပါတယ်။ 

ချွန်ဖွန်မြို့က မြန်မာ ငါးဖမ်းစက်လှေပိုင်ရှင် တဦးက “အာဆီယံကတော့ ငါးဖမ်းသမားတွေ ပင်ပန်းတဲ့အခါမှာ သူတို့အတွက် ခွန်အားတွေ ပေးတယ်။ ကျနော် တယောက်တည်း ကိုယ့်အလုပ်သမားတွေကို ပေးတာ မဟုတ်ဘူး။ တခြား ထိုင်းငါးဖမ်းစက်လှေ ပိုင်ရှင်တွေကလည်း သူတို့ အလုပ်သမားတွေကို ပင်လယ်ထဲ မသွားခင် ပေးကြပါတယ်” လို့ ပြောပါတယ်။ 

“ကျနော် ထမင်းမစားရရင် နေနိုင်တယ်။ ဒါပေမယ့် အာဆီယံ မရှိရင် ကျနော် မနေနိုင်ဘူး” လို့ အသက် ၂၆ နှစ်အရွယ် ငါးဖမ်း ရေလုပ်သား ကိုသန့်ဇော်က ဆိုပါတယ်။

ဒီအရွက်ကို သုံးစွဲနေကြပေမယ့် ကျန်းမာရေးကိုတော့ ထိခိုက်နိုင်တယ်လို့ ငါးဖမ်းရေလုပ်သားတွေက ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ မြန်မာပြည်သားတွေဟာ ရော်ဘာလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ရေလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေကြပြီး ရေလုပ်ငန်းတွေမှာ အဓိက လုပ်ကိုင်နေသူက ပိုများပါတယ်။ 

အာဆီယံ ဆေးဝါးကို ငါးဖမ်းရေလုပ်သားတွေသာမက ငါးဖမ်းရေလုပ်သားတွေရဲ့ အမျိုးသမီးတွေပါ သုံးစွဲနေကြတယ် လို့လည်း သိရပါတယ်။ ယခုဆိုရင် ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွေမှာ ဘိန်းစာရွက်တွေကို ရောင်းဝယ်ပြီး စီးပွားဖြစ် လုပ်စားလာကြပြီလို့ ရနောင်းမြို့က ငါးဖမ်းရေလုပ်သား ကိုမြင့်စိုးက ပြောပါတယ်။

ဘိန်းစာရွက် တကီလိုကို ဘတ်ငွေ ၆၅၀ (ကျပ်ငွေ ၁ သောင်း ၈ ထောင်ကျော်) ပေးရပြီး ရနောင်းမြို့ရဲ့ တဖက်ကမ်း တနင်္သာရီတိုင်း ကော့သောင်းမြို့ မှာတော့ တကီလိုကို ဘတ်ငွေ ၉၀၀ (ကျပ်ငွေ ၂ သောင်းခွဲကျော်) အထိ ပေးရတယ်လို့ သူက ဆိုပါတယ်။ ကိုမြင့်စိုးကတော့ အာဆီယံကို နှစ်နှစ်လောက် သုံးစွဲလာခဲ့ပြီး ယခုအခါ ကျန်းမာရေး ထိခိုက်လာလို့ မသုံးတော့ဘူးလို့ ပြောပြပါတယ်။  

“အာဆီယံ ဆေးက တက်တယ်၊ ဒါပေမယ့် သူက ၀မ်းချုပ် ဓာတ်ချုပ်တယ်။ ကျနော့် သူငယ်ချင်း ၃ ယောက်ဆိုရင် ၇ ရက် ၈ ရက်လောက် ၀မ်းချုပ်ပြီးတော့ ဆုံးသွားတယ်” လို့ ကိုမြင့်စိုးက ဆိုပါတယ်။

ဘိန်းစာရွက်အပင်ဟာ မာလကာပင်နဲ့ ဆင်တူပြီး ရော်ဘာခြံတွေမှာ အများဆုံး စိုက်ကြပါတယ်။ ဘိန်းစာရွက် ဆိုတဲ့ အရွက်ကတော့ မူယစ်ဆေးစေတဲ့ ဆေးရွက်တမျိုး ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံမှာ တရားမ၀င်အဖြစ် သတ်မှတ်ထားပါတယ်။ ဒီအရွက်တွေဟာ ပြီးခဲ့တဲ့ ၂ နှစ်လောက်က စပြီးတော့ ဈေးကောင်း ရလာတယ်လို့ ထိုင်းဒေသခံတဦးက ပြောပြပါတယ်။

အဲဒီထိုင်းနိုင်ငံသားရဲ့ အိမ်ခြံဝင်းထဲမှာလည်း ၁၀ ပေလောက် မြင့်တဲ့ ဘိန်းစာရွက်ပင်ကို စိုက်ပျိုးထားပြီး နယ်မြေခံ ရဲတွေက သူ့ကို အပင်အနည်းငယ်သာ စိုက်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ အဲဒီအပင်ကရတဲ့ အရွက်တွေကို အချိန်အတွယ်နဲ့ ဘတ် ၂၀၀ ဖိုးစီ မြန်မာရေလုပ်သားတွေကို ရောင်းတယ်လို့ ပြောပြပါတယ်။ 

သူကိုယ်တိုင်လည်း အဲဒီအရွက်ကို ၀ါးစားပေမယ့် အာဆီယံလို လုပ်မသောက်ဘူးလို့ ဆိုပါတယ်။

မြန်မာ ငါးဖမ်းရေလုပ်သားတွေ ပြောပြတာကတော့ ဘိန်းစာရွက်နဲ့ ပတ်သက်ပြီး တလကို အနည်းဆုံး ၂ ကြိမ်လောက် အဖမ်းအဆီးရှိပြီး နယ်မြေခံ ရဲတွေက သူတို့ကို ဘိန်းစာရွက်တရွက်မိရင် ဘတ်ငွေ ၅၀၀ ဒဏ်ဆောင်ခိုင်းတယ်လို့ ပြောပါတယ်။ 

ဒါပေမယ့် ဒီ ဘိန်းစာရွက် ခေါ် ကထော့အရွက်တွေကို ရောင်းချဖြန့်ဖြူးတဲ့သူ အများစုကတော့ ဒေသခံ အာဏာပိုင်တွေ ကိုယ်တိုင် ဖြစ်တယ်လို့ ငါးဖမ်းရေလုပ်သားတွေက ဆိုပါတယ်။

ဒီအာဆီယံကြောင့် မြန်မာနိုင်ငံသားတွေ အသက် ဘယ်လောက် ဆုံးရှုံးနေပြီးဆိုတာ မသိနိုင်ပေမယ့် မြန်မာ ငါးဖမ်းစက်လှေပိုင်ရှင်ကတော့ သူ့ငါးဖမ်းစက်လှေပေါ်မှာ အလုပ်လုပ်နေရင်း အာဆီယံဆေး အရှိန်တက်လာလို့ ပင်လယ်ထဲကို မြန်မာ ငါးဖမ်းရေလုပ်သား တယောက် ခုန်ချခဲ့ဖူးတယ်လို့ ဆိုပါတယ်။

အဲဒီ ငါးဖမ်းရေလုပ်သားက ပထမတကြိမ် ပင်လယ်ထဲ ခုန်ချတဲ့အချိန်မှာ တခြား ငါးဖမ်းသမားတွေက သူ့ကို ကယ်တင်နိုင်ခဲ့ပေမယ့် နောက်တခေါက် ထပ်ဖြစ်တော့ သူသေသွားတယ်လို့ သေဆုံးသွားတဲ့လူငယ်ရဲ့ဓာတ်ပုံကို ပြပြီး မြန်မာ ငါးဖမ်းစက်လှေပိုင်ရှင်က ပြောပြပါတယ်။