အမေရိကန် နိုင်ငံ၏ ၂၁ ရာစုနှစ်အတွင်း အကြီးမားဆုံးသော ဒုံးပျံကိုလျှို့ဝှက် စစ်ဆင်ရေးဖြင့် အာကာသသို့ လွှတ်တင်


Friday, 30 August 2013

အမေရိကန်နိုင်ငံ၏ ၂၁ ရာစုနှစ်အ

တွင်း အကြီးမားဆုံးသော ဒုံးပျံတစ်စင်းကို အမေရိကန် အစိုးရ၏ အမျိုးသား စောင့်ကြည့် လေ့လာရေးရုံးမှ လျှို့ဝှက်စစ်ဆင်ရေး တစ်ရပ်အဖြစ် ကာလီဖိုးနီးယား ပြည်နယ် ဗန်ဒါဘာ့ခ်ျ လေတပ်အခြေစိုက် စခန်းမှ အာကာသ အတွင်းသို့ သြဂုတ် ၂၈ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ Delta IV ဒုံးပျံကြီးကို ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၃ မိနစ်က လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဒုံးပျံသည် အမေရိကန်နိုင်ငံ အနေဖြင့် လွှတ်တင်ခဲ့သော ယခင်ဒုံးပျံများထက် ပုံသဏ္ဌာန်အရ သို့မဟုတ် ပုံစံအရများစွာ ကြီးမားကြောင်း ဗန်ဒါဘာ့ခ်ျ လေတပ် အခြေစိုက်စခန်း အမှတ်(၄) အာကာသယာဉ် လွှတ်တင်ရေး တပ်ဖွဲ့မှ တပ်မှူးဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး ဂျင်မ်ဘော့ဒ်နာက ပြောကြားခဲ့သည်။ အဆိုပါဒုးံပျြံကီး သည် မိုင်ပေါင်းရာချီ ကွာဝေးသည့် နေရာမှနေ၍ မြေပြင်ရှိ ကားတစ်စီး၏ အသေးစိတ် အချက်အလက်များကို တိကျစွာ ပုံဖော်ရိုက်ကူးနိုင်သော အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိ ထောက်လှမ်းရေး ဂြိုဟ်တုကို သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

၎င်းဒုံးပျံကြီးတွင် ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ရည်နှင့် အောက်ဆီဂျင် ဓာတ်ငွေ့ရည်တို့ ပါဝင်သည့် အင်ဂျင်သုံးလုံး တပ်ဆင်ထားကြောင်း အဆိုပါဒုံးပျံကို တည်ဆောက်သည့် လော့ခ်ဟိဒ်မာတင်နှင့် ဘိုးအင်းကုမ္ပဏီတို့ ပါဝင်သော United Launch Alliance (ULA) မှပြောကြားခဲ့သည်။

No comments: