ရှေ့နေမငှားနိုင်သူများအတွက် အခမဲ့ ရှေ့နေလိုက်ပေးနေပြီ



Posted by: Ngu War August 21, 2013 (BELL PAGAN မှ)
ရန်ကုန် အနောက်ပိုင်းခရိုင်အတွင်းရှိ တရားရုံးများတွင် အမှုရင်ဆိုင်နေရပြီး ရှေ့နေမငှားနိုင်သည့် အမှုသည်များ အတွက် ရန်ကုန် တရားမျှတမှုစင်တာဟု အမည်ပေးထားသည့် အဖွဲ့အစည်းက အခမဲ့ ရှေ့နေ လိုက်ပြီး ကူညီပေးနေပြီဟု ယင်းအဖွဲ့မှ စီမံကိန်းဒါရိုက်တာ ဦးကျော်မြင့်က မဇ္ဈိမကို ပြောသည်။
ရန်ကုန် တရားမျှတမှုစင်တာက လိုက်ပါကူညီပေးမည့် တရားရုံးများမှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရား ရုံးအပါအ၀င် ယင်းခရိုင်အတွင်းရှိ တရားရုံးများဖြစ်သည့် ပန်းဘဲတန်းမြို့နယ်တရားရုံး၊ ကျောက်တံတား မြို့နယ်တရားရုံး၊ လမ်းမတော်မြို့နယ်တရားရုံး၊ လသာမြို့နယ်တရားရုံး၊ ဒဂုံမြို့နယ်တရားရုံး၊ ဆိပ်ကမ်း မြို့နယ်တရားရုံး၊ စမ်းချောင်းမြို့နယ်တရားရုံး၊ အလုံမြို့နယ်တရားရုံး၊ ဗဟန်းမြို့နယ်တရားရုံး၊ ကမာရွတ် မြို့နယ်တရားရုံး၊ ကြည့်မြင်တိုင်မြို့နယ်တရားရုံး၊ မရမ်းကုန်းမြို့နယ်တရားရုံးနှင့် လှိုင်မြို့နယ် တရားရုံး စသည့် တရားရုံး ၁၃ ခုဖြစ်သည်။
ရန်ကုန် တရားမျှတမှုစင်တာသို့ ဆက်သွယ်လိုလျှင် ရုံးခန်းသည် အမှတ် ၉၃၊ ပထမထပ်၊ ဆိပ်ကမ်းသာလမ်း၊
ကျောက်တံတားမြို့နယ်တွင် တည်ရှိပြီး တယ်လီဖုန်းဖြင့်လည်း ဖုန်းနံပါတ် ၀၉၃၁၀၃၄၆၇၉ သို့ ဆက်သွယ် အကူအညီတောင်းနိုင်သည်။

ယင်းအဖွဲ့အစည်းသည် လက်ရှိတွင် တရားလွှတ်တော်ရှေ့နေနှစ်ဦး၊ အထက်တန်းရှေ့နေသုံးဦး၊ အလုပ်သင်ရှေ့နေသုံးဦးတို့ဖြင့် အမှုလိုက်ပေးနေပြီး ကူညီပေးလိုသည့် စေတနာ့ဝန်ထမ်း ရှေ့နေများကို လည်း ထိုအဖွဲ့အစည်းက လက်ခံကြောင်း စီမံကိန်းဒါရိုက်တာ ဦးကျော်မြင့်က မဇ္ဈိမကို ပြောသည်။
ထိုစင်တာကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စတင် ဖွင့်လှစ်ခဲ့သည်။

No comments: