ခေတ်မှီတိုးတက်တဲ့ဒို့ ကမ္ဘာ


 တခါက အလွန်ခေတ်မှီသောဂြိုလ်တခုမှ ဂြိုလ်သားတစ်စု မြေကမ္ဘာသို့ရောက်လာပြီး လူသားတွေရဲ့  တိုးတက်မှုကို လေ့လာစမ်းသပ်ကြတယ်။ ပထမ အမေရိကန်အစိုးရအဖွဲ့  အစည်းအဝေးထိုင်နေတဲ့ အခန်း ထဲကို အမျိုးမတူထူးခြားတဲ့ သတ္ထုလုံးနှစ်လုံးကိုပြစ်ထဲ့ထားပြီး တံခါးပိတ်ထားတယ်။ တပတ်ကြာတော့ တံခါးဖွင့်လိုက်တဲ့အခါ စင်္ကြာဝဋာတခုလုံးကိုဆက်သွယ်နိုင်မဲ့  ကွန်ပြူတာတွေထွက်လာတယ်။  ဂြိုလ်သားတွေဟာ ဝမ်းသာကျေနပ်သွားပြီး  “ဒီလူတွေ တော်တယ် တချိန်မှာ ငါတို့လို စင်္ကြာဝဋာ ကို ဦးဆောင်လိပ့်မယ်”။  နောက်တစ်ခါ တရုပ်အစိုးရအဖွဲ့  အစည်းအဝေး ထိုင်နေတုန်း အဲဒီ သတ္ထုလုံးနှစ်လုံးကိုပြစ်ထဲ့ထားပြန်တယ်။ တစ်ပတ်ကြာတော့ တံခါးဖွင့်လိုက်တဲ့အခါ ရွှေတွေ ငွေတွေ အပြုံလိုက်ထွက်လာ ပြန်တယ်။ ဂြိုလ်သားတွေ လဲဝမ်းသာကျေနပ်သွားပြီး     “ဒီလူတွေလဲ တော်တယ် နောင်တချိန်မှာ စင်္ကြာဝဋာ ကြီးရဲ့ စီးပွားရေး ကိုချုတ်ကိုင်လိမ့်မယ်”။ ဒီလိုနဲ့  ဗိုလ်ပြုတ်သိန်းစိန်ရဲ့ မြန်မာအစိုးရအဖွဲ့  အစည်းအဝေး ထိုင်နေတုန်း အဲဒီလို ဘဲ စမ်းသပ်ပြန်တယ်။ ဒီတခါတော့ ဂြိုလ်သားတွေ ချက်ချင်းဘဲ သူတို့  ဂြိုလ် ကို အမြန်ဆုံး ပြန်ပြေး ကြပါတော့ တယ်။ ဘာကြောင်လဲ ဆို တော့ အစုလိုက် အပြုံလိုက် ထွက်ပြေးလာတဲ့ ဒုက္ခသယ်တွေကို သူတို့  ဂြိုလ်ကိုခေါ်မသွားနိုင်လို့ ပါ။

No comments: