စာအမှတ်။ ။မလအ/ အဖဝ/ ၁၉/ ၀၀၁၈/ ၁၁
နေ့စွဲ ။ ။ ၁၉. ၇.၂၀၁၁
(၆၄) နှစ်မြောက် အာဇာနည်နေ့ ထုတ်ပြန်ကြေငြာချက်
(၂၀၁၁)ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့သည် (၆၄) နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါသည်။ မြန်မာပြည်လွတ်လပ်ရေး
တိုက်ပွဲတွင် နယ်ချဲ့လက်ပါးစေတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုသောအားဖြင့်
ခေါင်းဆောင်ကြီးများ ကျဆုံးခ့ေဲ သာ ဇူလိုင်လ (၁၉) ရက်နေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ခေါ်တွင်ခဲ့ကြသည်။
အာဇာနည်နေ့ဟူသည် မတရားမှုများမှ လွတ်မြောက်ရေးအတွက် တော်လှန်ခဲ့ကြသည့် အာဇာနည်သွေး၊ အာဇာနည်စိတ်၊
အာဇာနည်နှလုံးသားများ၏ ပြယုဂ်ပင် ဖြစ်သည်။
မြန်မာ့မြေပေါ်တွင် ဖြစပ်ွားခ့ေဲ သာ နယ်ချဲ့ ဆန့်ကျင်ရေးတိုက်ပွဲ၊ ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲ၊ အရင်းရှင်၊ မြေရှင်ပဒေသရာဇ်
တော်လှန်ရေးတိုက်ပွဲ၊ စစ်အာဏာရှင်စနစ် ဖြုတ်ချရေး တိုက်ပွဲများစွာတို့တွင် မြန်မာအာဇာနည်များစွာတို့၏ အသက်
သေွး ချွေးများ ပေးဆပ်ခ့ရဲ သည်ဖြစ်ရာ အဆိုပါ အာဇာနည်သွေး၊ အာဇာနည်စိတ်၊ အာဇာနည် နှလုံးသားများ၏ ပြယုဂ်ကို
စစ်အာဏာရှင်နှင့် စစ်အုပ်စုကြိုးဆွဲ ရွေးကောက်ခံ အာဏာရှင် အစိုးရများက ထိတ်လန့်ကြောက်ရွံ့ကြလေသည်။
ယင်းသို့ န၀တ၊ နအဖ၊ ကြံ့ဖွံ့ အာဏာရှင်တို့သည် မတရားသော အမိန့်အာဏာမှန်သမျှကို တာဝနအ် ရ ဖီဆန်ကြမည့်
အာဇာနည် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများကို ကြောက်လန့်ကြသည်ဖြစ်ရာ အာဇာနည်နေ့ဆိုသည်ကို
သမိုင်းတွင် မှေးမှိန်သွားစေရန် ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့ကြပါသည်။ အာဇာနည်စိတ်ဓါတ်များ ရှင်သန်တက်ကြွနေသော
ရဟန်းရှင်လူ ပြည်သူတို့၏ အာဇာနည်ခေါင်းဆောင်ကြီးများကို ချီတက်အလေးပြုပွဲများကို ပိတ်ပင်တားဆီး၍ ခေါင်းဆောင်
ကြီးများ၏ မိသားစုဝင်များ၊ စစ်အုပ်စု ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်များကိုသာ တိုးတိုးတိတ်တိတ်
လိုက်လံ ဖိတ်ကြားကာ အာဇာနည်နေ့ကို မထင်မရှား၊ မှေးမှိန်စွာဖြင့် ကျင်းပလေ့ရှိကြလေသည်။
မည်သို့ဆိုစေ ပြည်သူ့အာဏာသည် ပြည်သူဆီမှသာ သက်ဆင်းရမည်ဖြစ်သည်။ လူထုလူတန်းစားအားလုံးကို ကိုယ်စား
မပြုသော မတရားအစိုးရများ ရှိနေသရွေ့ ပြည်သူလူထု၏ အာဇာနည်စိတ်ဓါတ်များ ပျောက်ပျက်သွားလိမ့်မည် မဟုတ်ပဲ
ကျောင်းသားအာဇာနည်၊ ရဟန်းအာဇာနည်၊ လူထုအာဇာနည်၊ ပြည်သူ့ဘက်မှ ရပ်တည်သည့် စစ်သားအာဇာနည် များစွာ
တို့၏ အာဇာနည် နှလုံးသွေးစက်များကား ရဲရဲနီနေဆဲပင်ဖြစ်သည်ဟု ကျွန်ုပ်တို့ မြန်မာနိုင်ငံ လူထုလှုပ်ရှားမှု အင်အားစုများ
(မလအ) မှ အလေးအနက် ယုံကြည်သည်။
(၁၉၄၇) ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ရန်ကုန်မြို့
အတွင်းဝန်ရုံး၏ ကက်ဘိနက်အစည်းအဝေးတွင် နယ်ချဲ့လက်ပါးစေ မသမာသူတစုမှ လုပ်ကြံသတ်ဖြတ်ခဲ့ကြပါသည်။
ဘာသာပေါင်းစုံ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ အာဇာနည်တို့၏ ကိုယ်ခန္ဓာမှ ထွက်ကျလာသော သွေးစက်များမှာ ကက်ဘိနက်
အစည်းအဝေး ကျင်းပရာ ခန်းမဆောင်၏ ကြမ်းပြင်ပေါ်သို့ ကျရောက်ပေါင်းစည်းပြီး သွေးအိုင် ဖြစ်ထွန်းသွားခဲ့ရပါသည်။
အဆိုပါ သွေးအိုင်သည် မြန်မာပြည်လွတ်မြောက်ရေးတိုက်ပွဲအတွက် ဘာသာပေါင်းစုံ၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ အာဇာနည်
များမှ အတူတကွ ပေးဆပ်ခ့ရဲ သော သေွး စည်းညီညတ်ွခြင်း ပြသရာ သက်သေပင် ဖြစ်ပါသည။်
သို့ဖြစ်ရာ စစ်မှန်သော လွတ်လပ်ရေးတိုက်ပွဲအတွက် ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့သည့် ရရင်ရ၊ မရရင်ချ ဟူသော
လမ်းစဉ်ကို ကိုင်စွဲ၍ စစ်အာဏာရှင်စနစ်၊ ရုပ်သေးကြိုးဆွဲ ရွေးကောက်ခံအာဏာရှင်စနစ်တို့မှ လွတ်မြောက်ရေးအတွက်
ပြည်သူ့အာဏာကို မတရားရယူကာ အုပ်ချုပ်နေသူများကို တွန်းလှန်တိုက်ခိုက်ကြရမည် ဖြစ်ရာ "ကျွန်ုပ်တို့၏ နှလုံးရည်၊
လက်ရုံး ရည် တော်လှန်ရေး သည် မတရားမှု ကို တွန်းလှန်သော တော်လှန်ရေး တရပ်ဖြစ်သည်" ကို နှလုံးသွင်း၍ တရားသော
တော်လှန်ရေးတရပ်ကို အင်တိုက်အားတိုက် ပါဝင်ဆင်နွှဲကြပါရန် မြန်မာနိုင်ငံလူထုလှုပ်ရှားမှု အင်အားစုများ (မလအ) မှ
လေးနက်ပြတ်သားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
မြန်မာနိုင်ငံလူထုလှုပ်ရှားမှု အင်အားစုများ (မလအ)
၁-ဒိန်းမတ်၊ ၂-နော်ဝေး၊ ၃-နယ်သာလန်၊ ၄-အင်္ဂလန်၊ ၅-ကနေဒါ၊ ၆-အမေရိကန်

No comments: