အတွေးအခေါ်နှင့် လမ်းစဉ်
 
  အပိုင်း ၁ မှ အပိုင်း ၆ နိဂုံး အထိတင်ပြထားပါတယ်
အိမ်ကို ဖြိုချပြီး ပြန်ဆောက်ရမည်လား၊ ဖြိုမချပဲ ဆေးသုတ်ပြင်ဆင်မှု လုပ်ရမည်လား ဆိုသည်ကို ရွေးချယ်ဆုံးဖြတ်ကြရာတွင် တခုတည်းကိုပဲ ရွေးချယ်ရမည် ဖြစ်ပါသည်။ ဖြိုချပြီး ပြန်ဆောက်ရမည် ဆိုလျှင် ဆေးသုတ်ပြင်ဆင်ခြင်းသည် အချိန်ကုန်၊ လူပမ်းပြီး အကျိုး မရှိသည့်လုပ်ရပ်များ ဖြစ်သကဲ့သို့၊ ဆေးသုတ်ပြင်ဆင်မည်ဆိုလျှင်လဲ ဖြိုချရန် အားထုတ်ခြင်းသည် အချိန်ကုန်၊ လူပမ်းပြီး အကျိုး မရှိသည့်လုပ်ရပ်များသာ ဖြစ်သည်။ ဆောက်လုပ်ရေးပရောဂျက်တခုတွင် ခေါင်းဆောင် တယောက်က ဖြိုချရမည် ပြောလိုက်၊ နောက်ခေါင်းဆောင်တယောက်က ပြင်ဆင်ရမည် ပြောလိုက် လုပ်နေကြလျှင် နောက်မှ အလုပ်သမားများက ဘယ်လို ကိရိယာတန်ဆာပလာကို ကောက်ကိုင်ကြရမည်နည်း  - -- - - - - - -

No comments: